Part.5

985 82 0
                                    

Zawgyi

" အခုတ​လော ငါဘာဖြစ်​​နေလဲသိလား ​ဟောက်​ရွမ်း "

ကျောင်းပိတ်​ရက်​မှာ ဂိမ်းဆိုင်​သွားမယ်​ဆိုပြီး ရိ​ပေါ်ကိုအ​ဖော်​​ခေါ်မိ​တော့ ​ခြေလျင်​ပဲ​လျှောက်​မယ်​ဆိုပြီး ထပ်​​ပြောလာ​တဲ့အတွက်​​ဟောက်​ရွမ်းတစ်​​ယောက်​ ဆူပုတ်​ပုတ်​ဖြစ်​လို့​နေတယ်​။
ဘာဖြစ်​​နေလဲက စပြီး မပြီးနိုင်​မစီးနိုင်​ စကားလုံးအရှည်​ကြီး​တွေကို
နားထဲအဝင်​မခံချင်​တာ​ကြောင့်​ လည်​ပင်းမှာချိတ်​ထားတဲ့နားကြပ်​ကို နားနှစ်​ဖက်​လုံးမှာ ​ကောက်​တပ်​လိုက်​တယ်​။

မေးတုန်းက မ​ဖြေဘဲအခုမှ ထ​ဖောက်​လာပုံအရ ​သေချာ​ပေါက်​ သူနားပူခံရ​တော့မှာ

" ပထမတစ်​​ခေါက်​ ကြားတုန်းကဆို ထင်​​ယောင်​ထင်​မှား
ဖြစ်​တာလို့​တောင်​ ငါထင်​ခဲ့တာ "

"...."

" ​နောက်​​တော့မှ တကယ်​မှန်းသိသွားတာ "

"....."

" ပြီး​တော့ ကျန့်ေ​ကာက ချစ်​စရာ​လေးကွ "

"...."

" ငါတကယ်​ကြီး ကျန့်​​ကောကို ချစ်​မိ​နေပြီနဲ့တူတယ်​ "

"...."

"​ ​ဟောက်​ရွမ်း "

အသံမကြား​တော့လို့ စိတ်​ဝင်​တစား နား​ထောင်​​ပေး​နေတယ်​ထင်​လိုက်​မိတာ။
ဘယ်​ဟုတ်​မလဲ သ​ကောင့်​သားက ​ဘောင်းဘီအိတ်​ထဲလက်​နှစ်​ဖက်​ထည့်​လို့ ​ခေါင်းတငြိမ့်​ငြိမ့်​နဲ့ သီချင်းပါညည်း​နေလိုက်​​သေး။

" ဝမ်​​ဟောက်​ရွမ်း!! "

" မင်းကလဲဖြည်းဖြည်း​အော်​ပါ ဒီ​​လောက်​ထိ​တော့ ငါ
ကြားပါ​သေးတယ်​ "

"...."

" ဒါနဲ့ ခုနက ဘာ​တွေ​ပြောလိုက်​တာလဲ "

အခုမှ မသိသလိုလုပ်​​နေတဲ့​ဟောက်​ရွမ်းကို မှတ်​​လောက်​သား​လောက်​ဖြစ်​​အောင်​ ပုံခုံးကိုနှစ်​ချက်​​လောက်​ ခပ်​ကြမ်းကြမ်း ရိုက်​ပစ်​လိုက်​တယ်​။
ကြည့်​ရတာ ​ဟောက်​ရွမ်းကသူ​ပြောတာ တစ်​ခုမှ မကြားလိုက်​ရဘူးထင်​တယ်​။
ဒါလဲ တစ်​မျိုး​ကောင်းပါတယ်​​လေ ဒီ​ကောင်​က အချစ်​နဲ့ပတ်​သက်​ရင်​ ဘာမှစိတ်​ဝင်​စားတာမဟုတ်​ဘူး။

Creation With You(season 1)(Completed)Where stories live. Discover now