Part.26( Unicode)

512 32 0
                                    




" ကျန့်​ကျန့်​ဟို​ရောက်​ရင်​ဂရူစိုက်​နော်​သတိရရင်​ကျဲကိုဖုန်းဆက်​လိုက်​ဟုတ်​ပြီလား "

" အင်း "

" ရိ​ပေါ်လည်းပါမှာဆို​တော့ ကျဲသိပ်​တော့စိတ်​မပူပါဘူး "

ထိုအခါ luggageကို လက်​တစ်​ဖက်​နဲ့ကိုင်​ထားတဲ့ရိ​ပေါ်က လူပ်​လူပ်​ရှားရှား ဖြစ်​လာတယ်​။
ထုံးစံအတိုင်း ဂျွန်​ကမျက်​နှာရိပ်​ကဲပြပြီး​ရှောင်​ကျန့်​အနားမသွားဖို့ တားမြစ်​တယ်​။

ဘာလို့ တား​နေရတာလဲ ?
အခုသူ့နာမည်​ကြားတာ​တောင်​ရှောင်​ကျန့်​ကဘတည်​ငြိမ်​နေပြီပဲ မဟုတ်​လား။

" ကျွန်​တော်​ဘာမှမဖြစ်​တော့ပါဘူး "

" .... "

" ဒါ​ပေမဲ့ ဂျွန်​ပြောပြထားတဲ့ အန်းနှင့်​မီနာတို့ဆီ​တော့ သွားချင်​သေးတယ်​...ပြီးရင်​တော့ဒီအ​ခြေအ​နေထက်​ပို​ကောင်းလာမှာပါ "

အ​ကြောင်းပြချက်​မရှိ ရင်​ဘတ်​ထဲက ဆတ်​ခနဲဖြစ်​တယ်​။
ဒီခရီးကို ရိ​ပေါ်လိုက်​ခွင့်​ရ​ပေမယ့်​ကြာကြာမ​နေရဘူးဆိုတဲ့အသိက တစ်​ဖြည်းဖြည်းနဲ့ သတ်​နေသလိုပဲ။
လွန်​ခဲ့တဲ့ ရက်​ကမှ chinaကိုပြန်​ရောက်​လာတဲ့ အန်းနှင့်​မီနာတို့ ချစ်​သူစုံတွဲ။

နိုင်​ငံခြားမှာ​နေ​ပေမယ့်​ဂျွန်​ရဲ့ဆက်​သွယ်​မှူ​ကြောင့်​မွေးရပ်​မြေကိုပြန်​ရောက်​လာတဲ့ သူတို့နှစ်​ယောက်​က​ရှောင်​ကျန့်​နဲ့သူ့လိုပဲ စိတ်​ချင်းဆက်​သွယ်​ပြီး စကား​ပြောလို့ရတယ်​တဲ့ ။
တစ်​ခြားသူ​တွေအ​ကြောင်း သိပ်​ပြီးဂရူမစိုက်​ချင်​တော့ အ​ကြောင်းအရာအ​သေးစိတ်​ကိုလည်း ရိ​ပေါ်က​ရေ​ရေရာရာ မသိပါဘူး။

"​ကောအဆင်​သင့်​ဖြစ်​ပြီ သွားရ​အောင်​ဂျွန်​"

" ကျန့်​ကော "

​ဘေးနားကပ်​ပြီး ဖြတ်​လျောက်​လာတဲ့အခါ ကြားရုံ​လောက်​လေး​ခေါ်မိတယ်​။
ဒီထက်​နည်းနည်း​လေး အသံကျယ်​သွားမှာကို ရိ​ပေါ်ကသတိထား​နေရတယ်​။
ပင်​ပန်း​ပေမယ့်​ခင်​ဗျားအတွက်​မို့...ဝမ်​ရိ​ပေါ်ချစ်​တဲ့ခင်​ဗျားဖြစ်​နေခဲ့တာမို့ ။

Creation With You(season 1)(Completed)Where stories live. Discover now