Part.9

783 66 2
                                    

Zawgyi

"ဒါက ဘယ်​လဲ "

စော​စောစီးစီး အခန်း​ရှေ့မှာတင်​ လာရပ်​​နေတဲပါးပါးကိုမြင်​တာနဲ့ မ​နေ့ညက ပြသာနာဖြစ်​ခဲ့အသိက ​ခေါင်းထဲ
အစီအရီပြန်​​ပေါ်လာတယ်။
ကျောင်းပိတ်​ရင်​လဲ တစ်​ရက်​မှအလွတ်​မ​ပေးဘဲ ကုမ္ပဏီကိုသွားခိုင်းဦးမယ်​ထင်​တယ်​။

အခန်းထဲကိုပြန်​လှည့်​ကြည့်​မိ​တော သူ​သောင်းကြမ်းထားတဲ့ပစ္စည်း​တွေက ညတုန်းကအတိုင်း ပုံမပျက်​ရှိ​နေတုန်း။
ကျောပိုးအိတ်​တစ်​လုံးနဲ့ အပြင်​သွားမဲ့သူ့ပုံစံကို ပါးပါးကသ​ဘောမကျဘူးထင်​တယ်​။

" အခန်းထဲပြန်​ဝင်​ပြီး အဝတ်​အစားသွားလဲ ..ဒီ​နေ့အ​ရေးကြီး meeting ရှိတယ်​ "

" ဒီတစ်​ရက်​​တော့ နားချင်​​တယ်​ "

" ဝမ်​ရိ​ပေါ် အခုချက်​ချင်းပြန်​လာခဲ့!! "

အခန်းတံခါးကို ခပ်​ကြမ်းကြမ်း​ဆောင့်​ပိတ်​ခဲ့ပြီး ​ခေါသထွက်​​နေတဲ့ ပါးပါးကိုလဲ ဂရူမစိုက်​ဘဲ ပစ်​ထားခဲ့လိုက်​တယ်​။
တစ်​ခြားသူ​တွေ​ရှေ့​ရောက်​ရင်​​တော့ သူ့အ​ပေါ်နူးနူးညံ့ညံ့​လေး ဆက်​ဆံပြမယ်​၊
နောက်​ကွယ်​မှာက အမှား​လေးတစ်​ခုလုပ်​မိတာနဲ့ ​ဒေါသတကြီး ​အော်​ဖို့ပဲ သိတယ်​။

ဒါ​တွေကိုပဲ ပါးပါးက​ရှေးရိုးစွဲအကျင့်​တစ်​ခုလို လုပ်​​နေခဲ့တာ..
အ​ရေးမပါတဲ့ခံစားချက်​​တွေဆိုပြီး သူဖြစ်​ချင်​တဲ့ဆန္ဒ​တွေကို​တော့ ဂရူမစိုက်​ချင်​ဘူး။
အားရီက​တော့ အဖြစ်​အပျက်​အားလုံးကိုလိုက်​ကြည့်​​နေ​ပေမဲ့ မ​ဖြေရှင်း​ပေးနိုင်​မှန်း သိလို့ထင်​တယ်​ စိတ်​မ​ကောင်းတဲ့အကြည့်​နဲ့ပဲ ​ဘေးမှာရပ်​ရင်းရှိ​နေတယ်​။

" ​ဟောက်​ရွမ်း မင်း​ရောက်​​နေပြီလား "

" ​အေး ကားထဲ​တောင်​​ရောက်​​နေပြီ မင်းလဲမြန်​မြန်​လာ​တော့
ဒီမှာလူစုံ​နေပြီ "

" အင်း "

တစ်​ခါမှလိုက်​​လေ့မရှိတဲ့ ​ကျောင်းသား​တွေအတွက်​ ပြင်​ဆင်​​ပေးထားတဲ့ အပန်း​ဖြေခရီးက ​ဟောက်​ရွမ်းရဲ့အတင်းဆွဲ​ခေါ်မှူ
ကြောင့်​ထက်​ သူကိုယ်​တိုင်​လဲ ပြသာနာ​တွေကို ခဏ​လောက်
ရှောင်​​ပြေးချင်​​နေလို့ဖြစ်​တယ်​။
ကားထဲ​ရောက်​​တော့ လူ​တော်​​တော်​များများလဲ စုံ​နေကြပြီ
ဟောက်​ရွမ်းက​တော့ ဖုန်းထဲမှာ​ခေါင်းနှစ်​​နေတုန်း။

Creation With You(season 1)(Completed)Where stories live. Discover now