Saw Nay Say's Travel Blogger...

By moewathane

1.6M 142K 14.8K

#စောနေစေးရဲ့ခရီးသွားဘလော့ဂါလေး #June - 19 - 2020 #Moewathan #Artist by Melon mist 🌠 ယခုဇာတ်လမ်းတွင်ပါဝင်သော... More

Author Note 📌
Description
အပိုင်း { ၁ }
အပိုင်း { ၃ }
အပိုင်း { ၄ }
အပိုင်း { ၅ }
အပိုင်း { ၆ }
အပိုင်း { ၇ }
အပိုင်း { ၈ }
အပိုင်း { ၉ }
အပိုင်း { ၁၀ }
အပိုင်း { ၁၁ }
အပိုင်း { ၁၂ }
အပိုင်း { ၁၃ }
အပိုင်း { ၁၄ }
အပိုင်း { ၁၅ }
အပိုင်း { ၁၆ }
အပိုင်း { ၁၇ }
အပိုင်း { ၁၈ } 🌚🚫
အပိုင်း { ၁၉ }
အပိုင်း { ၂၀ }
အပိုင်း { ၂၁ }
အပိုင်း { ၂၂ } 🔞🚫
အပိုင်း { ၂၃ }
အပိုင်း { ၂၄ }
အပိုင်း { ၂၅ }
အပိုင်း { ၂၆ }
အပိုင်း { ၂၇ }
အပိုင်း { ၂၈ }
အပိုင်း { ၂၉ }
အပိုင်း { ၃၀ }
အပိုင်း { ၃၁ }
အပိုင်း { ၃၂ }
အပိုင်း { ၃၃ }
အပိုင်း { ၃၄ }
အပိုင်း { ၃၅ }
အပိုင်း { ၃၆ }
အပိုင်း { ၃၇ }
အပိုင်း { ၃၈ }
အပိုင်း { ၃၉ }
{ အပိုင်း ၄၀ } ဇာတ်သိမ်းပိုင်း
ကျေးဇူးတင်လွှာ💓
စာအုပ်ထပ်တိုးထုတ်ဝေခြင်း

အပိုင်း { ၂ }

39.2K 4K 214
By moewathane

               >>>>> [ Unicode ] <<<<<

ညရောက်သော် ။

ခွန်စိုင်းသည် ထိုခရီးစဉ်သွားရဖို့အရေး မိခင်ဖြစ်သူကိုဘယ်လိုအကြောင်းပြချက်ပေးကာ ခွင့်တောင်းရမလဲတွေးနေသည်။ သူ့ကိုဆိုစိတ်ပူတတ်တဲ့ မေမေဟာ သူဝါသနာပါတဲ့ ဒီအလုပ်ကိုလုပ်ဖို့အတွက်ခွင့်ပြုထားပေမယ့်လည်း ဒီလောက်ဝေးတဲ့ခရီးစဉ်ကို သွားခွင့်ပြုမည်မဟုတ်ပေ ။ ဒါ့အပြင်ထိုဒေသဟာ နယ်မြေကြမ်းမို့ ပို၍ပင် ခွင့်ပြုမှာမဟုတ် ။

ဒါကိုသိထားတဲ့ ခွန်စိုင်းသည် တစ်ခါမှမလိမ်သဖူး လွင်မိုးနဲ့ပေါင်းကြံကာလိမ်ရတော့မည် ။

ဒေါက် ဒေါက်!!

" မေမေ သားပါ "

" ဝင်ခဲ့လေ သားလေး "

ခွန်စိုင်း ဝင်သွားတော့ မေမေသည်ကုတင်ဘေးကစားပွဲရှည်မှာထိုင်ပြီး ပါဝါမျက်မှန်တပ်ကာ စိုက်ခင်းထဲကစရင်းစာအုပ်တွေကိုစစ်ဆေးနေသည် ။

" သား မအိပ်သေးဘူးလား "

" ဟုတ် မေမေ၊ သား မေမေ့ကိုခွင့်တောင်းစရာရှိလို့ "

အိန္ဒြေရှိလှတဲ့မေမေသည် ခွန်စိုင်းပြောလိုက်သည်နှင့် နူးညံ့တဲ့အပြုံးတွေနဲ့ပြုံးကာ မျက်မှန်ကို ခေါင်းပေါ်ပင့်တင်လိုက်သည် ။

" ဘာများလဲ သား ၊ပြောလေ "

"လွင်မိုး သူ့ဦးလေးတွေနယ်ဘက်ကိုအလည်သွားမလို့ပြောတယ် အဲ့ဒါသားအဖော်လိုက်သွားချင်လို့ ၊ နောက်ပြီး သူတို့ဒေသဘက်ကိုလိုက်လည်ရင်း အလုပ်အတွက်ကုန်ကြမ်းလေးလဲရတာပေါ့၊ အဲ့ဒါ သားမေမေ့ဆီအရင်ခွင့်တောင်းတာပါ "

ဒေါ်နန်းယဥ်လှ သည် ခွန်စိုင်း ပြောတာကိုဘာသံသယမှမရှိ ခေါင်းညှိမ့်ကာ ၊

" သား သွားချင်တယ်ဆိုလိုက်သွားလေ၊ ဘယ်နှရက်ကြာမှာလဲ သား၊ ဒီလိုခွင့်တောင်းပုံကြရင် သား သွားမှာ ရက်ကြာမယ်ထင်တယ် "

" ဟုတ်တယ်မေမေ ဒီတစ်ခေါက်က ခါတိုင်းလို့ ၂ ရက် ၃ ရက်ထက်ပိုကြာမှာ၊ ပြီးတော့ သူတို့ဦးလေးနယ်ဘက်က နည်းနည်းခေါင်တော့ ဆက်သွယ်ရေးက နည်းနည်းခက်မယ်ထင်တယ် "

" ဟုတ်လား ဘယ်ဘက်ထိသွားရမှာလဲ "

" တောင်ကြီး ဟိုပုန်းဘက်ပါ၊ မြို့ထဲမဟုတ်ပဲ တောဘက်ဆက်သွားရမှာဆိုတော့ လမ်းပန်းဆက်သွယ်ရေးကထင်သလောက်မကောင်းဘူး "

" အင်း ကောင်းပြီလေ၊ ငါ့သားလဲအရွယ်ရောက်နေပြီဆိုတော့ မေမေအများကြီးမမှာတော့ပါဘူး ၊အဓိက ကိုယ့်အန္တာရယ်ကိုယ်ကြည့်ရှောင်တတ်ရမယ်၊ ယောက်ကျားတစ်ယောက်ဖြစ်တဲ့အတွက် တာဝန်ယူမှု့ဆိုတာရှိရမယ်၊ မေမေအဲ့တာပဲမှာချင်တယ် "

" သားနားလည်ပါတယ်မေမေ "

မေမေသည် သားယောက်ကျားလေးမွေးထားသော်ငြားစိုးရိမ်တတ်ခြင်းမှာ ဘာလဲဆိုတာ ခွန်စိုင်းသိပါသည်။ ခရီးတွေထွက်ရတဲ့တစ်လျှောက် ရှုတ်ရှုတ်ရှက်ရှက်တွေမဖြစ်ဘူးလို့ သူမသားဖြစ်သူကိုယုံကြည်သော်လည်း၊ မတော်လို့ ဖြစ်ခဲ့သော်ရှိရင် သူမသားကိုယောက်ကျားကောင်းဖြစ်စေချင်ခြင်းဖြစ်သည်။

" အမေ့သားလေးက တစ်ချိန်လုံးအလုပ်ခရီးတွေချည်းပဲသွားနေတယ်၊ ပြောပါဦး ဘယ်အချိန်မှ အမေ့ချွေးမကိုအိမ်ခေါ်လာမှာလဲ သားအသက်မငယ်တော့ဘူးနော် "

ပြုံးတုံ့တုံ့နဲ့ကြည့်ကာ စနောက်နေတဲ့မေမေဟာ တကယ်ပါ အသက် ၄၅ နှစ်အရွယ်လိုတောင်မပြောရက်စရာပင် ၊ ​ကျက်သရေရှိလွန်းလှသည်။

" သား အခုလောလောဆယ်မှာ အဲ့တာတွေမစဥ်းစားသေးပါဘူးမေမေရယ် "

" အဟင်း ကောင်းပါပြီတော်..ဒါနဲ့ သား ဘယ်ရက်သွားမှာလဲ "

" သဘက်ခါ မေမေ "

" သဘက်ခါဆိုတော့ မနက်ဖြန်ညကတည်းက ခရီးအတွက် လိုအပ်တဲ့ပစ္စည်းတွေအကုန်သေချာစစ်ဆေးဦးနော် "

" ဟုတ်ကဲ့မေမေ ၊ အဲ့တာဆို မေမေအနားယူတော့လေ "

ခွင့်မပြုလောက်ဘူးထင်ထားပေမယ့် တကယ်တမ်း အမေဖြစ်သူကခွင့်ပြုလိုက်တာကြောင့် ခွန်စိုင်း ကြိတ်ပြီးဝမ်းသာသွားမိသည်။ မေမေဆိုတာ အဲ့လိုပဲ ခွန်စိုင်း နဲ့ပက်သတ်ရင် ဘယ်အရာမှချုပ်ချယ်တယ်ဆိုတာမရှိ ၊မတတ်သာလို့သာလိမ်လိုက်ရတယ် ခွန်စိုင်း မှာမလိမ်ချင်ပေ။ မေမေ့ကိုအမှန်အတိုင်းပြောပြီးသွားလို့ရပေမယ့် အိမ်မှာကျန်ခဲ့တဲ့မေမေက အမြဲရင်တထိပ်ထိပ်နဲ့စိတ်ပူနေမှာစိုးသည်။

____________>>> Time skin <<<___________

နောက်နှစ်ရက်အကြာ။

ခရီးသွားကားအဝင်အထွက်တွေနှင့်ရှုတ်ထွေးဆူညံသလို စျေးရောင်းသူနှင့် ဝယ်သူတွေမှာလည်း အများအပြားရှိနေပြီး ကားပေါ်မှာလိုက်ပါမယ့်ခရီးသည်တွေဟာလည်း သူတို့ကားထွက်မယ့်အချိန်ကိုစောင့်မျှော်နေရသည်။ ထိုထဲတွင် ခွန်းစိုင်းနဲ့ လွင်မိုး တို့အပါအဝင်ဖြစ်သည် ။

ခွန်စိုင်း နဲ့ လွင်မိုး သည် Box အိတ်အ​သေးတစ်ယောက်တစ်လုံးနှင့် ရန်ကုန်အဝေးပြေးကားကွင်းဆီမှာ ကားစောင့်နေသည် ။

( ရွှေကယားကားလက်မှတ် )

ခွန်စိုင်း နဲ့ လွင်မိုး သည် ကယားပြည်နယ်လွိုင်ကော် နဲ့ ရန်ကုန်ပြေးတဲ့ကားသီးသန့်ဖြစ်တဲ့ ရွှေကယားကားလက်မှတ်ဖြတ်ကာ ကားထွက်ချိန်ရောက်တဲ့အခါ BOX အပ်၍ Express ကားအ​သေးနှင့်လိုက်ပါလာတော့သည် ။

ခွန်စိုင်းအတွက်တော့ အရင်က Express နဲ့ခရီးထွက်နေကြဆိုတော့ ဒီတစ်ခေါက်လဲအရင်ကလိုမျိုးထင်ခဲ့သည်။ ကယားပြည်နယ်ကိုတစ်ခါမှမရောက်ဖူးသူမို့ ဟိုကိုဘယ်အချိန်ရောက်မှာလဲလို့မေးချင်သော်လည်း အဲ့လိုစကားက မမေးကောင်းတာမျိုးမို့ မမေးတော့ပါ ။

ကိုစိုးသန့် ပြောလိုက်တာကတော့ ရန်ကုန် နဲ့ လွိုင်ကော် ဆိုရင် လမ်းမှာတစ်ညအိပ်ပြီး နောက်တစ်နေ့မနက်အစောကြီး လွိုင်ကော်ကိုရောက်မယ်ပြောသည်။ လွင်မိုးပြောတာကတော့ သူ့ဦးလေးတို့ရွာဘက်ရောက်ဖို့အတွက် ကားကိုတစ်ဆင့်ပြန်စီးရမှာလို့ပြောတာကြောင့် ဒီခရီးက ကားပေါ်မှာတင် မတတ်သာလှပါ ။ သို့သော် သွားချင်စိတ်လောနေတဲ့ ခွန်စိုင်းတစ်ယောက် ကားစီးရမယ့်အချိန်ကိုသိပ်ဂရုမစိုက်ခဲ့ပါ ၊ တရွှေ့ရွှေ့နဲ့ Express ကားကြီးသည် ရန်ကုန်မြို့မှထွက်ခွာကာသူ့လမ်းကြောင်းအတိုင်းမောင်းနှင်နေလေပြီ ။ ခွန်စိုင်း နဲ့ လွင်မိုးထွေး သည်လည်း စကားတပြောပြောနဲ့လိုက်ပါလာခဲ့တော့သည် ။

ထမင်းစားနားသည့်အချိန်မှာ ည ၇ နာရီပင်ခွဲနေပြီ၊ ခွန်စိုင်းတို့လဲတခြားခရီးသည်တွေနဲ့နည်းတူ ထမင်းစားနားကြသည် ။ စား​သောက်​ပြီးသည်နှင့်စားစရာတစ်ချို့ဝယ်ပြီး ကားပေါ်ပြန်တတ်ခဲ့ကြသည် ။

ဒုတိယတစ်ခေါက်ထမင်းစားနားတဲ့အချိန်မှာ ၁၂ ကျော်နေပြီ၊ မိုးအတော်ချုပ်နေပြီ၊ ဒါ့အပြင် ကားပေါ်ကအဲကွန်းထပ်အပြင်က ရာသီဥတုကပိုအေးနေတာကြောင့် ခွန်စိုင်းသည် ကျောပိုးလွယ်အိတ်ထဲမှာပါလာတဲ့အနွေးထည်အထူနဲ့မာဖလာအပြာကိုထုတ်ဝတ်လိုက်သည်။ ခွန်စိုင်းတစ်ယောက်တည်းဆိုရင် ဒီအနွေးထည်အထူကြီးတွေထည့်လာမိမှာမဟုတ်၊ သို့သော် အေးတဲ့ဒေသကိုသွားမှာမို့ မေမေကိုယ်တိုင်ထည့်ပေးလိုက်ခြင်းမို့အခုနေမှာ မွေးမိခင်ကိုသာကျေးဇူးအထပ်ထပ်တင်လျှက် ။

ဒုတိယတစ်ခေါက်ထမင်းစားနားပြီးသည်နှင့် တတိယတစ်ခေါက်မှာမူ မိုးလင်းစပြုနေပြီမို့ ကားဆရာများက တစ်ခါသုံးသွားတိုက်တံနှင့်သွားတိုက်ဆေး ၊ မျက်နှာသုတ်တာဝါပေးလာသည်။ ခွန်စိုင်းတို့မျက်နှာသစ်ပြီးတာနဲ့ မနက်စာစားသည်။ ပြီးနောက် ကား ကတော့ လွိုင်ကော်ကိုတိုက်ရိုက်မောင်းနှင်လေနေပြီ ။

ခွန်စိုင်းသည် ကားပြတင်းပေါက်ကနေအပြင်ဘက်ဆီကိုကြည့်မိသည်။ နှင်းမြူတွေရစ်မှိုင်းပြီး အေးချမ်းလွန်းတဲ့ဒေသလေး ၊ တောင်တွေအထပ်ထပ်မို့မောက်နေတဲ့အထဲမှ ချိုင့်ဝှိမ်းအောက်ခြေမှာတည်ရှိနေတဲ့ ပြည်နယ်လေး ၊ ဒီဒေသလေးကိုကြည့်ရင်း မွေးရပ်မြေရှမ်းပြည်ကိုသတိရရင် ခွန်စိုင်း သိပ်သဘောကျလို့နေတော့သည်။ နံဘေးက လွင်မိုးတစ်ယောက်ကတော့ တစ်လမ်းလုံးအိပ်နေလိုက်တာ အခုထိပင် ။ လမ််းတလျှောက်တွင် တောင်တွေတစ်တောင်ပြီး တတောင်ကျော်ဖြတ်ကာ အကွေ့အကောက်များစွာနဲ့မောင်းနှင်ရသည်။ကယားပြည်နယ်ဟာ တောင်တွေဝန်းရံပြီးအောက်ခြေချိုင့်ဝှမ်းအတွင်းမြို့ဖြစ်တည်နေတာကြောင့် သူ့အအေးဓာတ်ကြောင့် သုံးရာသီလုံး ပူလောင်နေတယ်ဆိုတာမျိုးမရှိ၊ အေးမြပြီးနေလို့အတော်ကောင်းတဲ့နေရာလေးဖြစ်သည် ။ တစ်ခုပဲ အလုံးစုံမငြိမ်းချမ်းသေးတာပဲလေးပေါ့ ။

ခွန်စိုင်းရဲ့အတွေးထဲမှာ အခြေအနေတွေမတည်ငြိမ်သေးရင်တောင်အဆိုးဝါးကြီး မဖြစ်နိုင်လောက်ပါဘူးလို့တွေးနေခြင်းပင် ၊ သို့သော် ခွန်စိုင်း မသိသေးတာက အခု ခွန်စိုင်းနဲ့လွင်မိုးတို့သွားမယ့်နေရာဟာ  တကယ့်နေရာဖြစ်နေသည်ကိုပင်၊ ခွန်စိုင်း မသိသလို လွင်မိုးထွေးကိုယ်တိုင်လဲမသိ ။ လွင်မိုးထွေးသည် ကယားမှာရှိတဲ့ပထမဦးလေးဖြစ်သူနဲ့ အဆက်သွယ်ရှိနေသော်လည်း ကယားပြည်ကိုတော့ တစ်ခါမှမရောက်ခဲ့ဖူးပါ ။ ဒါ့ကြောင့် ဒီပြည်နယ်ဒေသရဲ့ကျော ကိုမသိတာမစမ်းပေ ။

မနက် ၅ ခွဲ ။

'လွိုင်ကော်ခရီးသည်များ ဂိတ်ဆုံးပါပြီ၊ ကိုယ့်ရဲ့ပစ္စည်းတွေကျန်၊မကျန်စစ်ဆေးပြီးမှဆင်းပါ'

'လွိုင်ကော်ခရီးသည်များ ဂိတ်ဆုံးပါပြီ၊ကိုယ့်ရဲ့ပစ္စည်းတွေကျန် မကျန်စစ်ဆေးပြီးမှဆင်းပါ'

ကားဆရာရဲ့အော်သံအဆုံး ကားပေါ်ကခရီးသည်တွေသည်အလုအယက်ပေမယ့် ဖြေးညှင်းစွာထပြီး သူတို့အထုတ်ကိုယ်တိုင်ယူကာအောက်ကိုဆင်းနေတော့သည်။ ခွန်စိုင်း ဟာ အိမ်မှာသာ ကိုယ့်စိတ်ကြိုက်ပုတ်သိုးနေအောင်အိပ်တတ်ပေမယ့် အခုလိုခရီးသွားချိန်တွေဆိုရင် အအိပ်ဆတ်သည်။ ဒါ့ကြောင့် နံဘေးမှာ အိပ်ပျော်နေဆဲ လွင်မိုးကိုနှိုးလိုက်သည်။

" လွင်မိုး.. လွင်မိုး၊ ထ ထ​တော့ ၊ငါတို့လွိုင်ကော်ရောက်ပြီတဲ့ ၊ဟူး အေးလိုက်တာကွာ "

" ဝါးး..အင်း ရောက်ပြီလား "

" အခုမှရောက်ပြီလားမမေးနဲ့ ကားပေါ်မှာလူတောင်မကျန်တော့ဘူး ဆင်းမယ် လာ၊ ငါတို့ဟိုဘက်ကိုကားတဆင့်ထပ်စီးရဦးမယ်မလား "

" အင်း ဟုတ်တယ် "

ခွန်စိုင်း နဲ့ လွင်မိုးထွေး တို့ပြောပြီးသည်နှင့် ကျော်ပိုးလွယ်အိတ်ကိုယ်စီလွယ်ကာအောက်ကိုဆင်းလာခဲ့သည် ။

' အကိုတို့သုံးဘီးငှါးဦးမလားဗျ '

' ငါ့ညီတို့သုံးဘီးငှါးဦးမလား '

ရန်ကုန်သားပီပီ ခွန်စိုင်း နဲ့ လွင်မိုးထွေး ဟာ ကားကွင်းကြီးမှာကြုံနေကြအတိုင်း ကားဂိတ်ဆိုက်တာနဲ့ ခရီးသည်ကိုအတင်းဆွဲပြီးတွန်းအားပေးကာ ကားအငှားလိုက်ခိုင်းမည်စိုး၍သူတို့ကျောပိုးလွယ်အိတ်ကိုတင်းတင်းဆုတ်ကိုင်ထားပေမယ့် သူတို့ထင်တာမှားသွားခဲ့သည်။ ကားအောက်ဘက်မှာရပ်ကာစောင့်နေတဲ့ သုံးဘီးမောင်းသူတွေသည် သူတို့ပါးစပ်ကလဲယဉ်ကျေးစွာမေးနေသည့်အပြင် ကိုယ်ထိလက်ရောက်ဆွဲရမ်းကာ ခရီးပို့ဆောင်ရန်အတင်းလုပ်နေတာမျိုးလဲ မတွေ့ရပဲတကယ်ယဉ်ကျေးပါသည် ။

ခွန်စိုင်း က အားနာတတ်တဲ့လူမျိုးမို့ လွင်မိုး ကပဲ သူတို့ခေါ်သည်ကိုငြင်းဖယ်ကာ အနားမှာရှိတဲ့သုံးဘီးကားဆရာတစ်ဦးကို ဒီမောဆို့သွားမယ့်ကား ဆီမေးလိုက်သည် ။

" အကို ဒီကားက ဘယ်ကနေထွက်မှာလဲဗျ "

" အာ ညီလေးတို့က ဒီကိုပထမဦးဆုံးလာလည်ဖူးတာထင်တယ်၊ ဒီမောဆို့ကားက ရှေ့ကအံစာလုံးကားလေးပဲ သူတို့ခဏနေရင်ထွက်တော့မှာနဲ့တူတယ် "

" အော် ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်ဗျ "

" ရပါတယ်ကွာ၊ တို့ဆီလာလည်တဲ့ဧည့်သည်တွေပဲ၊ ကဲ သွားသွား ဟိုမှာပစ္စည်းတွေတောင်တင်နေပြီ အကိုလိုက်သယ်ပေးရမလား "

" အာ မဟုတ်တာ၊ ကျေးဇူးတင်ပါတယ်ဗျာ သွားလိုက်ပါဦးမယ် "

" အေးအေး "

လွင်မိုး ကျေးဇူးတင်စကားပြောပြီးသည်နှင့် ခွန်စိုင်းနဲ့အတူ ဒီမောဆို့ထွက်မယ့်ကားဆီသွားပြီး လက်မှတ်ပေးကာ ကားထဲဝင်ထိုင်နေလိုက်သည်။

" တော်သေးတာပေါ့ကွာ၊ ငါ့မှာမင်းပါ​နေလို့ မဟုတ်ရင် ဘယ်ဟာအရင်လုပ်ရမလဲဆိုပြီး လည်နေမှာ "

" အော် ဒါတော့သိသေးတယ်ပေါ့၊ ဒီခရီးကိုတားခဲ့တုန်းကကျအမြှီးနှံ့နေပြီး ခုမှ "

" အေးပါကွာ မင်းမလဲ အားကိုးပါတယ်ဆိုမှ ဂျိုကြွနေတယ်၊ ဂျိုရိုက်ချိုးလိုက်လို့ မမ အနားကပ်မရပဲနေမယ် "

" မင်းပြောထား..မင်းအလှည့်မှတွေ့မယ် "

'ခရီးသည်များလူစုံပြီးဆို ကျွန်တော်တို့ကားထွက်ပါတော့မယ်´ (ကားဆရာ)

ကားဆရာရဲ့သတိပေးသံကြောင့် ခွန်စိုင်းတို့စကားနိုင်လုပွဲလည်းပြန်ငြိမ်သွားသည် ။ ပြောမနာ ဆိုမနာတွေဆိုတော့လဲ လွင်မိုးတို့အတွက်က ဘယ်လောက်ပြောပြောစိတ်ဆိုးစရာမရှိပေ ။ ခွန်စိုင်း တို့ကရန်ကုန်ကနေ ညနေ ၃ ခွဲ လောက်ထွက်လာတာမို့ လွိုင်ကော်ကိုရောက်တော့ မနက် ၅ ခွဲနေပြီ ။ အဲ့ကနေမှတစ်ခါ ၆ နာရီကားနဲ့ ဒီမောဆို့ဘက်သွားတဲ့ကားတစ်ဆင့်ထပ်စီးရသည် ။

ဒီမော့ဆို့ သွားသည့်တစ်လျှောက်လုံး ခွန်စိုင်း နဲ့ လွင်မိုးတို့ နှစ်ယောက်သားနေရောင်အလင်းထွက်နေပြီဖြစ်တဲ့အပြင်ဘက်က မနက်ခင်းအလှကို တမေ့တမောကြည့်ကာ ခံစားနေသည် ။ လမ်းတစ်လျှောက်လုံးမှာ နှင်းမြူတွေပိတ်ပိုင်းပြီး ဘာမှသည်းကွဲစွာမမြင်ရပေမယ့်လည်းတဖြည်းဖြည်းနဲ့ နေရောင်ခြည်ထွက်လာပြီမို့ နှင်းမြူကွဲကာ မနက်ခင်းကအရမ်းလှပနေသည် ။
အပြင်ဘက်က အလှတရားတွေကိုတအံတသြကြည့်နေသည့် ခွန်စိုင်းတို့နှစ်ယောက်ကို ကားပေါ်ကပါလာတဲ့ ဒေသခံကယားလူမျိုးစုတစ်ချို့က အထူးအဆန်းသဖွယ်ကြည့်​ပြီး ပြုံးနေကြတာကို ခွန်စိုင်း တို့ကတော့မသိပေ ။

ဒီမော့ဆို့ကားသည် လွင်မိုးပြောထားတဲ့နေရာမရောက်ခင် ကတ္တရာလမ်းတစ်ခုတွင်ကားရပ်ပေးသည်။ ကားဆရာပြောတာကတော့ လွင်မိုးပြောတဲ့နေရာကို သူတို့ကား ဝင်ခွင့်မရှိတာကြောင့်ဖြစ်သည်။ ထို့ကြောင့် နှစ်ယောက်သား ကားပေါ်ကဆင်းပြီး Box တစ်လုံးစီဆွဲကိုင်ကာအငှါးယာဉ်ရှိနိုင်မယ့်နေရာအထိလမ်းလျှောက်လာခဲ့ရတော့သည် ။ လမ်းတစ်လျှောက်မှာလဲ ဖြတ်သွားဖြတ်လာဆိုလို့ လူမပြောနှင့် ခွေးတစ်ကောင်တောင်မရှိပေ ။

"လွင်မိုးရေ မင်းဦးလေး လိပ်စာကမှန်ရဲ့လားကွာ၊ ဒီ့ထက်လျှောက်ရင် ငါတို့အေးခဲသွားလိမ့်မယ်နော် "

" အေးပါကွာ ငါလဲအေးတာပဲ မင်းကလဲ၊ ငါ့အမေကဘာလို့မှန်းမသိဘူး ငါ့ပထမဦးလေးဆီသွားလည်မယ်ပြောတိုင်းစိတ်ဆိုးလို့ ငါလဲတစ်ခါမှမရောက်ဖူးဘူးဟ၊ အခုတောင် ငါအဒေါ်ကတိတ်တိတ်လေးဖုန်းနံပတ်ခိုးပေးလို့အဆက်သွယ်ရတာ၊ "

" ဟုတ်ပါပြီမျောက်လောင်းရယ် ငါလဲမမေးမိပါဘူး၊ လျှောက်ပါဟ ငါတကယ်အေးခဲနေပြီ၊ မင်းလက်ထဲကစာရွက်ပြစမ်းပါ လိပ်စာတကယ်မှန်ရဲ့လား "

" ရော့ ဦးလေးပြောတဲ့လိပ်စာကတော့မှန်လောက်တယ်၊ ကားဆရာက ငါတို့ကိုဒီမှာထားခဲ့တော့ လမ်းနည်းနည်းလျှောက်ရမှာပေါ့ "

ခွန်စိုင်းကရှမ်းပြည်ဇာတိမို့ အအေးဓာတ်ခံနိုင်လောက််ထင်ရင်မှားသွားမယ်နော်၊ ရန်ကုန်ဇာတိကောင် လွင်မိုးထပ်တောင် အအေးကြောက်တတ်သေးတယ်၊ အခုရောက်နေတဲ့နေရာရဲ့အအေးဓာတ်ကတော့ ပြောမနေပါနဲ့တော့ လူတောင် တောင့်တင်းပြီးခဲချင်နေပြီ ။ ခွန်စိုင်း တို့ လမ်းလျှောက်ရင်းအရှေ့နေရာတစ်ခုတွင် သစ်သားချောင်းတွေနဲ့ခတ်ကာ ပိတ်ထားတဲ့လမ်းတစ်ခုကိုတွေ့သည် ။

" ငစိုင်း ဟိုမှာတွေ့ပြီကွ "

" ဟမ် ဘာတွေ့တာလဲ လွင်မိုး "

" ဟိုမှာလေ ငါ့ဦးလေးကပြောထားတယ်၊အဲ့ပိတ်ထားတဲ့နေရာက အငှါးယာဉ်ကိုသူ့အိမ်ပြောလိုက်ရင် လိုက်ပို့လိမ့်မယ်တဲ့ "

" ဟုတ်လား တော်သေးတာပေါ့ကွာ၊ အဲ့တာဆို သွားတော့လေ "

ရှာဖွေနေတဲ့ နေရာတွေ့ရပြီမို့ ခွန်စိုင်း တို့နှစ်ယောက် ဝမ်းသာအားရနှင့် ထိုနေရာကို သွားလိုက်သည် ။ ထိုနေရာရောက်တော့ ကင်းတဲပုံစံရှိတဲ့ တဲထဲမှာ ဗလတောင့်တောင့်အသားမည်းမည်းနှင့် နှုတ်ခမ်းမွေးတွေနဲ့လူထွားကြီးနှစ်ယောက်က ခွန်စိုင်းတို့ကိုတွေ့တော့ မျက်မှောင်ကျုံ့ကာကြောက်လန့်စရာမျက်နှာတွေနဲ့ထွက်လာကြသည်။

" ဟေ့ နေဦး! မင်းတို့က ဘယ်သူတွေလဲ? ဘယ်ကလဲ?"

စကားသံဝဲဝဲ နဲ့ ငေါက်လိုက်တဲ့ ထိုလူတွေကြောင့် ခွန်စိုင်း နဲ့ လွင်မိုး ကြောက်လန့်ကာတံထွေးမြိုချမိလိုက်သည်။ ဒီလောက်အေးတဲ့ရာသီမှာ ရိုးရာအကျီလိုလက်တိုတစ်ထည်သာဝတ်ထားပြီး လက်မောင်းမှာလဲအမာရွတ်တွေနဲ့မို့ နှစ်ယောက်သားလန့်နေကြသည်။

" ကျွန် ကျွန်တော်တို့က ဦး​ကြီးဒဲကူးရယ် အိမ်ကိုသွားချင်လို့ပါဗျ "

" ကူးရယ် အိမ်ကိုလား ? "

" ဗျာ ဟုတ်ကဲ့ "

လွင်မိုး ပြောတာကို ထိုလူနှစ်ယောက်ကတကိုယ်လုံးကိုအပေါ်အောက်ကြည့်ကာ မယုံသကာဖြစ်နေသည် ။

" မင်းတို့ကဘယ်သူတွေလဲ ကူးရယ်နဲ့ ဘာတော်သလဲ "

ထိုလူက သူ့ဦးလေးကိုသိတယ်ပြောလာတာကြောင့် လွင်မိုးလဲအားကြိုးမာန်တတ်နဲ့ပြောသည်။

" ကျွန်တော်ကမြို့က ဦး​ကြီးကူးရယ် တူအရင်းပါ ဒါက ကျွန်တော်သူငယ်ချင်း၊ ဦးကြီးကူးရယ် က ဒီကိုရောက်ရင် သူ့လိပ်စာပြောပြီးပို့ခိုင်းလို့ရတယ်ပြောတယ် "

" ခဏစောင့် "

ပြောပြီး ထိုလူနှစ်ယောက်သည် တဲထဲ က တစ်စုံတစ်ယောက်ကိုသွားထပ်နှိုးနေသည်၊ ထိုအဲ့ခါမှ ခွန်စိုင်းနဲ့လွင်မိုးလည်းသက်ပြင်းချသွားသည် ။

"လွင်မိုး အဲ့လူကြီးတွေက ကြောက်စရာကြီးကွာ၊ ခန္ဓာကိုယ်ကြီးတွေက အကြီးကြီးတွေပဲ လူမှဟုတ်ရဲ့လားပဲ "

" ဟုတ်ပါ့ကွာ၊ အခုနေသာ ငါတို့ကိုကိုင်ပေါက်လိုက်ရင် တစ်ကိုင်စာလောက်ရှိရဲ့လားမသိဘူး "

" အာ မင်းကလဲကွာ..ကြောက်နေရကြားထဲ "

ခွန်စိုင်းတို့ စကားဝိုင်းသည် ထိုလူတွေပြန်​ရောက်လာတာမို့​ပြတ်သွားရသည် ။ ထိုလူရဲ့နောက်မှာ သူတို့နဲ့ခန္တကိုယ်ဆိုဒ်တူတစ်ယောက်ပါ ပါလာသည် ။

" လာ ဝင်ခဲ့၊ သူက မင်းတို့ကိုကူးရယ်အိမ်လိုက်ပို့လိမ့်မယ် "

" ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် "

ထိုလူတွေရဲ့ စကားသံဝဲဝဲက ခွန်စိုင်းနဲ့လွင်မိုးအတွက် မနည်းပင်လိုက်နားထောင်နေရသည်။ လူထွားကြီးနှစ်ယောက်ညွန်ပြတဲ့ လူဟာဘီးသုံးခုနဲ့ဆိုင်ကယ်ပုံသဏ္ဍန်ရှိတဲ့ ယာဉ်တစ်စီးကိုမောင်းလာတော့ ကျန်နှစ်ယောက်က ခွန်စိုင်းတို့ရဲ့ အဝတ်စားအိတ်တွေကိုကောက်တင်ပေးလိုက်သည် ။

" ကျေးဇူးတင်ပါတယ် "

ခွန်စိုင်းကသူတို့ကိုကျေးဇူးတင်စကားပြောပေမယ့် သူတို့ရုပ်ကြီးတွေကမျက်နှာသေတွေနဲ့မို့ ခွန်စိုင်းမှာလန့်နေရသည်။ ငါဒီမှာ ရက်အတော်ကြာနေရမှာ အဆင်ပြေပါ့မလားကွာ၊

သုံးဘီးဆိုင်ကယ်နဲ့ နာရီဝက်လောက်စီးလာပြီးတာနှင့် ရွာတစ်ရွာထဲကို ထိုယာဥ်နဲ့ဝင်သွားလိုက်သည်။ ခွန်စိုင်းတို့ လာတုန်းက ရွာလမ်းတစ်ယောက် လူတစ်ယောက်တောင်မတွေ့ရသော်လည်း ထိုရွာထဲဝင်သွားချိန်မှာတော့ ဆော့ကစားနေတဲ့ကလေးတွေနဲ့ စည်ပင်ဝပြောတဲ့ရွာထိပ်ကိုတွေ့လိုက်ရသည်။ ထိုရွာရဲ့ ဒေသခံလူတွေသည် ခွန်စိုင်း နဲ့ လွင်မိုး ကို လူထူးဆန်းတွေလိုလိုက်ကြည့်နေကြပြီး ရွာထဲမှာ ရှိနေတဲ့အမျိုးသားတစ်ချို့ရဲ့လက်ထဲမှာသေနတ်တွေကိုင်ဆောင်ထားကြတာမို့ ခွန်စိုင်းနဲ့လွင်မိုးတို့တစ်ယောက်နဲ့တစ်ယောက်အံအားသင့်သလို စိတ်ဝင်တစားကြည့်နေမိသည်။

ခွန်စိုင်းကတော့ ဘီးသုံးခုနဲ့ဆိုင်ကယ် တွဲရက်သားဖြစ်နေတဲ့ဒေသခံတွေအခေါ် သုံးဘီးဆိုင်ကယ် ကိုစီးကာ အသစ်ဆန်းဖြစ်ပြီးသဘောတွေကျနေသည် ။ ခွန်စိုင်းတို့ ပြောထားတဲ့အိမ်ရှေ့ သုံးဘီးဆိုင်ကယ်ရောက်တာနဲ့ရပ်ပေးလာသည် ။ လွင်မိုး နဲ့ ခွန်စိုင်းကျောလွယ်အိတ်ကိုယ်စီကိုင်ကာဆင်းခဲ့လိုက်သည် ။

" ကူးရယ် ...... ဗျို့ ကူးရယ် "

ထိုသုံးဘီးဆရာ ပါးစပ်ကလဲ ကူးရယ် ဆိုတဲ့ဦးလေးကြီးနာမည်ကိုခေါ်ရင်း ခွန်စိုင်းတို့ရဲ့အိတ်တွေကိုကူချပေးနေသည် ။

" ဝေ့ ခွန်းဖိုးချွန်း ဘာကြီးတုန်း "

ခြေတံရှည်အိမ်အတွင်းဆီက လှမ်းထူးလိုက်တဲ့အသံသြသြဟာ အမိန့်သံတစ်ခုလိုလူကိုရှိန်စေသည်။

" အော့ ဒီမှာ မြို့က ကူးရယ် တူအရင်းဆိုပြီးရောက်လာလို့ လိုက်ပို့တာရော် "

" ရောက်လာကြပြီလား၊ ဟေ့ မော်မြာ ရှေ့မှာနင့်တူတွေရောက်နေပြီရော်..ထွက်ခဲ့ဦး "

" လာပြီ တော်ရေ..လာပြီ "

ထိုအဲ့ခါမှ အိမ်ထဲကနေ ဝမ်းသာပီတိအသံနဲ့အတူထွက်လာတဲ့အသက် ၆၅ အရွယ်တည်ကြည်သန့်ပြန့်တဲ့ ဘကြီးတစ်ယောက်ဟာ ရိုးရာချည်ထည်ပုဆိုးတိုတိုဝတ်ပြီး ရင်ကွဲကျယ်သီးရိုးရာထည်ကိုဝတ်ဆင်ထားသည်။သူ့နံဘေးမှာ အနီစင်းသဘက်ကိုခေါင်းပေါင်းကာ ရိုးရာရင်ဖုံးအကျီဝတ်ထားသော ၅၀ ကျော်အမျိုးသမီးကြီးတစ်ဦးတွေ့လိုက်ရသည် ။

သုံးဘီးဆရာသည် ခွန်စိုင်းတို့ကိုချပေးပြီးတာနှင့် သုံးဘီခ လဲမယူပဲပြန်ထွက်သွားသည်။

ကြည့်ရတာ လွင်မိုး နဲ့ ခွန်စိုင်း တို့လာမှာကိုကြိုသိနေတာကြောင့်စောင့်နေပုံရသည်။လွင်မိုးဟာ သူ့ဦးလေးဆီကိုလာမလည်ဖြစ်ပေမယ့် သူ့ဦးလေးက ရန်ကုန်စျေးတတ်ဝယ်တဲ့အချိန်တိုင်း လွင်မိုးနဲ့တွေ့ပြီးမုန့်ဖိုးအများကြီးပေးတတ်သည် ။ တောရွာလေးမှာနေရတဲ့ဦးလေးမို့ သနားသဖြင့်မယူဘူးငြင်းပေမယ့် လွင်မိုးမေမေကပြောသည်။

' ယူလိုက်..နင့်ဦးလေးက အခုခတ်တိုက်အိမ်ဆယ်လုံးကိုတောင်လက်မတွန့်ပဲဝယ်နိုင်တယ် ' တဲ့ အခုချိန်ပြန်တွေးကြည့်ရင် တကယ်ရောဟုတ်ရဲ့လားပဲ ၊

လွင်မိုး သည် သူ့ဦးလေး နဲ့ အဒေါ်ကိုပြုံးကာပင် အရင်ဆုံးနှုတ်ဆက်လိုက်သည် ။

" နေကောင်းရဲ့လားဦးကြီး "

" နေကောင်းပါ့ကွာ၊ "

" ဦးကြီး ဒါကျွန်တော့်သူငယ်ချင်း ခွန်စိုင်းဟွမ်၊ ဒီကိုအလည်ပတ်အနေနဲ့လာမယ်ဆိုတဲ့တစ်ယောက်လေ "

" အင်း ဦးကြီးတို့ဆီရောက်လာပြီးမှတော့ ရက်နည်းနည်းနဲ့တော့ ပြန်မရဘူးဝေ့ "

" ဟုတ်ကဲ့ ဦးကြီး ကျွန်တော့်ကိုလဲစောင့်ရှောက်ပေးပါဦးဗျ "

" မလိုပါဘူးကွာ.. ဟဲ့ မော်မြာ မင့်တူကိုမှတ်မိသေးလား..အရင်ကဆိုကဲလိုက်တာမှ တကယ့်ကောင် ခုကြည့် ထွားလာလိုက်တာကွာ ဟားဟား"

" ဟုတ်ပါ့ ကူးရယ်..ကျုပ်တူကအကောင်ထွားလာလိုက်တာ ကျုပ်တောင်မမှတ်မိဘူးရော် "

" ဒေါ်လေးရော နေကောင်းရဲ့လား "

" ကောင်းသပါ့တော် ကျုပ်ကငါ့တူတို့လာလည်မယ်ဆိုတော့ဝမ်းသာနေတာရော"

ထိုအမျိုးသမီးကြီးသည် တိုင်းရင်းသူပီပီစကားပြောရာမှာအသံဝဲဝဲနဲ့မို့ တချို့စကားတွေမှာ ခွန်စိုင်းသေချာနားစိုက်ထောင်နေရသည် ။

" ကဲ လာ ငါ့တူတို့လမ်းမကြီးမှာစကားပြောနေတာမကောင်းဘူးရော်၊အထဲဝင်လေး "

" ဒီကလူငယ်​လေး လာကွဲ့ ခရီးပန်းနေလောက်ရောပေါ့နော့ "

ထိုအမျိုးသမီးကြီးသည် သူ့စကားနှင့်သူပြောရင်း ဦး​ကြီး​နဲ့အတူရှေ့ကသွားတော့ ခွန်စိုင်းနဲ့ လွင်မိုး လဲ နောက်ကလိုက်ရသည် ။

" ဟေ့ကောင် .."

" အေး ဘာလဲ "

" မင်းဦးကြီး နဲ့အဒေါ်ပြောတာတွေ ငါသိပ်နားမလည်ရင်ပြန်ရှင်းပြပေးဦးနော်၊မဟုတ်ရင် အားနာစရာကြီး "

" မင်းကိုရှင်း​ပြဖို့မပြောနဲ့ ငါတောင်မနည်းဘာသာပြန်နေရတာ "

"......အေး ကောင်းတယ်၊ နှစ်ယောက်လုံးက သူတို့စကားကိုလည်လည်ဝယ်ဝယ်မရှိတော့ ဘာပြောပြော အင်း ကြတာပေါ့ကွာ  .. "

" ခွီးးး  အဲ့ အကြံမဆိုးဘူး "

လွင်မိုး ဦးလေးရဲ့အိမ်ဟာ ရွာထဲမှာမြင်နေရတဲ့ အိမ်တွေထက်ပင် ကျယ်ကျယ်ဝန်းဝန်းရှိသည်။ ခြေတံရှည်အိမ်ဖြစ်တာမို့အိမ်ပေါ်သို့တတ်ရန် အလုံးကြီးကြီးဝါးကိုနှစ်ခြမ်းခွဲပြီးအချောသပ်၍လှေကားရိုက်ထားသည်။ အိမ်ရဲ့နံဘေးခြံအကျာ်မှာတော့ ကွမ်းရွက်ခြံ နဲ့ သီးနှံများ စိုက်ပျိုးထားပြီး မိန်းကလေးတစ်ချို့နဲ့ ယောက်ကျားတစ်ချို့ဟာ ထိုခြံထဲမှာ လုပ်စရာရှိတာ လုပ်နေလေသည်။ ခွန်စိုင်းတို့ကိုမြင်တော့ ထိုလူတွေက အထူးအဆန်းသဖွယ်လိုက်ကြည့်နေကြသည်။

" လာ ထိုင်ကြ လူလေးတို့ ကိုယ့်အိမ်ကိုယ်ရာလိုပဲသဘောထားနော့ "

" ဟုတ်ကဲ့ ကြီးမေ '

ကြီးမေ က ဖြာခင်းပေးပြီး ရေနွေးအကြမ်းပန်ကန်လုံးကိုချပေးကာသူတို့ပါ ဝင်ထိုင်ကြသည် ။

ခွန်စိုင်း သည် အိမ်အပေါ်ထပ်ရောက်သည်နှင့် ဟိုကြည့်ဒီကြည့်လိုက်ကြည့်လိုက်တော့ အိမ်နံရံတွေမှာ ကျားအရေခွံ နဲ့ သေနတ်အတုလား အစစ်လားတော့မသိ၊ ချိတ်ဆွဲထားသည်ကိုတွေ့ရသည် ။ထိုအရာတွေကိုမြင်လိုက်တော့ ခွန်စိုင်း နည်းနည်းတော့ရှိန်သွားတာအမှန်ပင် ။ နယ်လှည့်ခရီးသွားလာဖူးတဲ့ ခွန်စိုင်းဟာတောရွာဘက်တွေကိုလဲရောက်ခဲ့ဖူးသည်။ သို့သော် ဒီရွာရဲ့လူလက်ခံတဲ့ပုံစံဟာ သီးသန့်ဖြစ်နေတာကြောင့် တော်ရုံမဟုတ်တာကိုသတိထားမိလိုက်သည်။

ခွန်စိုင်း နဲ့ လွင်မိုး နှစ်ယောက်သားအိမ်နံရံက ပစ္စည်းတွေကိုပြိုင်တူကြည့်မိပြီး ကြောက်လန့်နေပေမယ့် နှစ်ယောက်လုံးမျက်နှာမှာငိုချင်ရက်ပြုံးထားကာ တစ်ယောက်နဲ့တစ်ယောက်ကြည့်ကာ စိတ်ထဲမှာ စကားပြောနေကြသည် ။

* သား​ကြီး မင်းဦးလေးအိမ်ကလဲ ကြောက်စရာကြီးကွာ T~T*

*ငါလဲ ဘယ်သိမလဲကွ T~T *

ခွန်စိုင်း တို့ အဖြစ်ကိုမြင်တဲ့ ဦးကြီး သည် ခေါင်းတစ်ညှိမ့်ညှိမ့်နဲ့ပြုံးကာ ။

" လူလေးတို့က အဲ့တာတွေကိုစိတ်ဝင်စားပုံပဲ၊ အဲ့ဒါကဦး​ကြီးတို့တောအမဲလိုက်တော့ ရထားတဲ့သားကောင်တွေလေ၊ ဟိုရက်ကအမဲလိုက်တော့ တောထဲမှာ ဆတ်ကြီးတစ်ကောင်မိခဲ့သေးတယ်သူ့သားရေကတော့ ဒီမရောက်လာသေးဘူးရော် "

ဦးကြီး စိတ်ထဲတွင် ခွန်စိုင်းတို့နှစ်ယောက်က ထိုဟာတွေကိုစိတ်ဝင်စားတယ်ထင်ပြီးပြောနေပေမယ့် တကယ်တမ်းကျတော့ နှစ်ယောက်သားကြောက်ကြောက်နဲ့အားတင်းပြီးပြုံးနေတာသူတို့ကိုယ်တိုင်သာသိသည်။

လွင်မိုး က အလိုက်သိစွာ စကားလမ်းကြောင်းလွှဲလိုက်သည်။

" ဦးကြီး  ကျွန်တော်ဖုန်းထဲမှာပြောခဲ့သလိုပဲ ကျွန်တော့်သူငယ်ချင်းက ဒီဒေသရဲ့အလှနဲ့ဗဟုသုတ တွေလေ့လာချင်တယ်ဆိုပြီးလိုက်လည်တာပါ "

လွင်မိုး မိတ်ဆက်ပေးလိုက်တော့ ကျွန်တော်ပြုံးပြီး ခေါင်းတစ်ချက်ညှိမ့်ကာနှုတ်ဆက်လိုက်သည် ။ စကားကတော့ကြောက်နေတာကြောင့် ပြောလို့မရသေး ။

" ဦးကြီးနားလည်ပါတယ်ကွ..ဒီလူလေးကအတော်လှသပါ့ကွ ဟေ ၊ ငါ့နှယ် မော်မြာ ငါဒီလူလေးကိုတွေ့တော့ မိန်းကလေးလားမှတ်နေတာ ဟားဟားဟား "

" ထုတ်သာမပြော ကျုပ်လဲအဲ့လိုထင်တာ တော်ရေ ၊ ကြည့်ပါဦး ဒီလူငယ်ကအတော့်ကိုလှပဲ နော့ "

ခွန်စိုင်းကို ကြည့်ကာချောကြောင်းလှကြောင်းချီးမွှန်းနေတဲ့ ဦးကြီး နဲ့ အဒေါ်ကြောင့် ခွန်စိုင်းမှာရှက်ကာ ဘာပြန်ဖြေရမှန်းမသိဘူးဖြစ်လို့နေတော့သည်။ အခုနှစ်ဆို ခွန်စိုင်းအသက် ၂၇ ရှိပြီ ထပ်မထွားကြိုင်းလာတဲ့လူကောင်ကြောင့် အသက်ငယ်ငယ်လူငယ်လေးကိုအထင်မှားခံရတာလဲအကြိမ်ကြိမ်မို့ ရှင်းမပြချင်တော့ပေ ။

ဘေးနားက နွားသားလေးကလဲ ဝင်ကူမပြောပေးပဲ တခွီးခွီးနဲ့ကြိတ်ရယ်နေသေးတယ် ။

" ကျုပ်စနေတာ လူငယ်လေး ရှက်နေပြီတော်ရေ .. တော်တို့စကားပြောနှင့်ဦးနော့၊ ကျုပ် ကလေးတွေအတွက်အိပ်ယာခင်းသွားပြင်လိုက်ဦးမယ်တော့ "

ပြောပြီးတာနဲ့ အဒေါ်ကအနောက်ခန်းဆီဝင်သွားတော့သည်။

လွင်မိုးဦးကြီး မှာ သမီးနှစ်ယောက်သားတစ်ယောက်ရှိသည်။ သမီးနှစ်ယောက်ကအိမ်ထောင်ကိုယ်စီကျကုန်ပြီမို့ သူတို့အမျိုးသားတွေဆီလိုက်နေကြပြီး သားကြီးကတော့ လက်ရှိမှာ ဦးကြီးတို့နဲ့အတူနေသည်။ ဒါ့ကြောင့်မို့ ခွန်စိုင်းတို့အတွက် အိမ်မှာနေရထိုင်ရမ​ခက်ခဲတော့ပေ ။ မဟုတ်လျှင် မိန်းကလေးရှိတဲ့အိမ်ဆို ခွန်စိုင်း အားနာသည်။

ဒီနယ်မြေတစ်ကြောမှာ ဦး​ကြီးစကားတစ်ခွန်းနဲ့ပြီးသည်။ ဒီနေရာသည် အိမ်ခြေနည်းပြီး ခေါင်ခိုက်တယ်ဆိုပေမယ့် ဒီပက်ဝန်းကျင်ကလူတွေအားလုံးဟာသာမာန်လူတွေမရှိပဲ အားလုံးကအခြေနေတစ်ခုစီရှိနေသည် ။ ဒါ့ကြောင့် ခွန်စိုင်း ပိုလို့စိတ်ဝင်စားမိသည်။ ဒီလိုနေရာမျိုးက ဗဟုသုတလဲရသလို စိတ်ဝင်စားစရာတွေလဲများတာကြောင့် ခွန်စိုင်းကြောက်သလိုရှိပေမယ့် နောက်မဆုတ်ပါ ။

" ဒီကလေး လေ့လာချင်တယ်ပြောတာက ဦး​ကြီးတို့နယ်မြေမှဟုတ်ရဲ့လားကွဲ့"

ဦးကြီး သည် ရှေးလူကြီးပီပီစကားလုံးတစ်လုံးနဲ့ပင် ထိုလူရဲ့ရည်ရွက်ချက်ကိုသိမြင်နိုင်သည် ။ လွင်မိုး နဲ့ ခွန်စိုင်း တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာအံသြနေသည် ။ သို့သော် ခွန်စိုင်းဟာ တည်ကြည်တဲ့ယောက်ကျားတစ်ယောက်မို့ ဦးကြီးရဲ့အကဲခတ်တဲ့အရှိန်အဝါအောက်မှာမတွန့်ဆုတ်ပေ ။ ဒါက ဦးကြီးတို့အတွက် နယ်မြေ ဖြစ်ပေမယ့် ခွန်စိုင်း အတွက်က နေချင်စရာကောင်းတဲ့ လေ့လာရေးခရီးစဥ်ပဲမဟုတ်လား ။ ခွန်စိုင်းသူတို့ကိုဒုက္ခပေးဖို့ရောက်လာတာမှမဟုတ်တာ ဘာကြောင့် ကြောက်ရမည်နည်း ။

" ဟုတ်ကဲ့ ကျွန်တော်ကြားမိတာက ဒီကယားဘက်ရဲ့မိုင်အကွာအဝေးတစ်ခုမှာ 'ဇမ်မထီဟန်' မြို့အရှေ့ဘက်က လုံဝမ်ကျေးရွာအုပ်စု ရှိတယ်ဆိုလို့ ကျွန်တော်အလည်ပတ်အနေနဲ့ လေ့လာရေးခရီးအဖြစ်သွားချင်လို့ပါ၊ ဦးကြီး လမ်းညွှန်ပေးလို့ ရမလားခင်ဗျ "

ခွန်စိုင်း ပြောလိုက်တဲ့စကားကြောင့် ဦးကြီး မျက်နှာမှာအံသြမှု့တို့ဖြတ်ပြေးကာ ခဲလက်စဆေးပြင်းလိပ်ရပ်တန့်သွားသည် ။

" လူလေး မင်းပြောတာ လုံဝမ်ရွာဆိုတာသေချာလား? "

" ဗျာ ဟုတ်ကဲ့သေချာပါတယ် "

" ကြည့်ရတာ လူ​လေးကရန်ကုန်သားဆိုတော့ အဲ့ဘက်နယ်မြေကိုမသိတာဖြစ်ပါလိမ့်မယ် "

" ဘာဖြစ်လို့လဲဦးကြီး "

ခွန်စိုင်း မေးတာကို လွင်မိုးလဲစိတ်ဝင်စားသွားသည် ။ ထိုအခါ ဦးကြီးဟာ မီးသေသွားတဲ့ဆေးပြင်းလိပ်ကြီးကို မီးညှိကာသောက်ရင်း ၊

" လူလေးပြောတဲ့ လုံဝမ်ရွာဆိုတာ လူတိုင်းသွားလည်ပတ်လို့ရတဲ့နေရာတစ်ခုမဟုတ်ဘူး၊ ပြောရရင် အဲ့ဘက်မှာသူ့အပိုင်စားနဲ့သူရှိတယ် ၊ အဓိက အဲ့နယ်မြေရဲ့ဘုရင်က စည်းကမ်းတင်းကျပ်ပြီး တော်ရုံအဖွဲ့အစည်းတွေတောင် သူနဲ့ထိပ်တိုက်ရင်မဆိုင်ရဲဘူးလေး၊ "

ဦးကြီးပြောလိုက်မှ ခွန်စိုင်းပိုလို့စိတ်ဝင်စားသွားသည်။ အယ်ဒီတာကိုစိုးသန့်ပြောပြထားပုံနဲ့ထပ်တူညီပေမယ့် ဒီဒေသခံဦးကြီးကပါ ပြောနေတော့ တကယ်ပင်နယ်မြေကြမ်းလွန်းနေတာဖြစ်မည်။ သို့သော် အဲ့ဒီလုံဝမ်ရွာရဲ့ ဓလေ့နဲ့ယဥ်ကျေးမှု့တွေကအင်မတန်စိတ်ဝင်စားဖို့ကောင်းတယ်လို့ကြားဖူးတယ် ။ အဲ့လိုလျှို့ဝှက်ချက် ရှိလေ ခွန်စိုင်း ပိုစိတ်ဝင်စားလေဖြစ်သည် ။

" ဒီခေတ်မှာ ဘုရင် ဆိုတာရှိသေးလို့လား ဦးကြီး"

" ဘုရင်ဆိုတာ ဦးဆောင်သူကိုတင်စားတာပါ၊ ရွာရဲ့အခေါ်အဝေါ်အရဘုရင်ပေါ့ ၊ မင်းတို့မြို့အခေါ်အဝေါ်အရဆိုအုပ်ချုပ်ရေးပေါ့နော့ ။ ဦးဆောင်သူက အဲ့တောရွာရဲ့အရေးကြီးလူတစ်ယောက်အပြင် ဒီပြည်နယ်မှာ သြဇာသက်ရောက်တဲ့လူတစ်ယောက်ပဲ ။ သူကလက်နက်ကိုင်တစ်ယောက်ဖြစ်လို့ကြမ်းတမ်းတယ်၊ ဘုရင်တစ်ပါးလိုပဲ သူနယ်မြေကိုထိခိုက်လာမယ့်ဘယ်သူမဆိုအမြစ်ပြတ်တဲ့အထိလက်မတို့ပဲ သတ်နိုင်တယ်၊ "

" အာ အဲ့လိုလား ကျွန်တော်ကအဲ့လိုတွေမရှိတော့ဘူးထင်တာ "

" မထင်လေနဲ့လူလေး..အခုလက်ရှိ ဦးကြီးကိုကြည့်၊ ဒီနယ်တဝှက်မှာ ဦးကြီးကဘုရင်ပဲ ၊ ဒါကတင်စားခေါ်ဝေါ်တဲ့နာမ်စားပေမယ့် ဘယ်သူမှထိရဲသူမရှိဘူးရော် ၊ အဲ့လိုပဲ အဲ့ဘုရင်ပိုင်တဲ့နယ်မြေမှာဆိုလဲ ဘယ်လိုလူမျိုးမှအမှားမလုပ်ရဲဘူး၊ အခုလိုမတည်ငြိမ်သေးတဲ့အချိန်မှာပိုဆိုးတာပေါ့ ၊ သူ့နယ်မြေရဲ့ မိုင်အတွင်းနားထိ ဘယ်သူမှမကျူးကျော်ရဲကြဘူး "

လွင်မိုးက ဦးကြီး ပြောတာကိုနားထောင်ပြီး အံသြလွန်းလို့ပါးစပ်ပင်မစိနိုင်တော့ပေ ။

" ကျွန်တော်အဲ့ဒီ့ကိုသွားချင်တယ်၊ ဦးကြီး ကူညီပေးလို့ရမလား "

" ဟာ ဟေ့ကောင် မင်းသေချင်လို့လား၊ ဦးကြီး
တောင်ကြမ်းတယ်ပြောနေရင်ငါတို့သွားရင် အသေခံသွားသလိုဖြစ်သွားမှာပေါ့ "

လွင်မိုး က ခွန်စိုင်းကိုအတင်းတားသည် ။ ခွန်စိုင်း ကိုယ်တိုင်လဲကြောက်တတ်ပေမယ့် ထိုသို့ စူးစမ်းမှု့တွေပြည့်နေတဲ့နေရာမျိုးကိုတော့ တကယ်သွားချင်သည် ။

" လူလေးကသတ္တိခဲပဲ ၊ တကယ်လို့လူလေးသွားချင်ရင် ဦးကြီးကူညီပေးနိုင်ပါတယ်၊ ဦးကြီးနဲ့ လုံဝမ်ရွာရဲ့ဦးဆောင်သူက ကိစ္စတစ်ချို့လက်တွဲလုပ်နေတာရော် ၊ ဒါပေမယ့် ဦးကြီးအနေနဲ့ကတော့မသွားဖို့ပြောချင်တယ်၊ ဒီက လူလေးပုံစံနဲ့ဆို တောလမ်းတစ်ဝက်တောင်သွားနိုင်မှာမဟုတ်ဘူးပဲ၊ "

" အဲ့တာဆို အဆင်ပြေတာပေါ့ ဖြစ်နိုင်ရင် ကျွန်တော်သွားချင်တယ်၊ လွင်မိုး မင်းရောလိုက်မလား "

ခွန်စိုင်းသည် သူ့အားမသွားဖို့အကြံပေးနေတဲ့ ဦးကြီးနဲ့လက်မိုးစကားကိုမသိချင်ယောင်ဆောင်ကာ သူသွားလိုကြောင်းပြောပြီး လွင်မို့အားအဖော်စပ်သည်။ လွင်မိုး က လိုက်ချင်သော်လည်း သူ့အမေကိုသုံးရက်သာ ခွင့်တောင်းထားတာကြောင့် လိုက်ဖို့ရာမဖြစ်နိုင်ပေ ။

" ငါလိုက်လို့မရဘူးကွ အမေ့ကို သုံးရက်ပဲခွင့်တောင်းလာတာ၊ နောက်ပြီး ငါ့အလုပ်တွေလဲ ကျန်သေးတယ် "

" အာ ဟုတ်တာပဲ၊ ကိစ္စမရှိပါဘူး ငါလဲရက်နည်းနည်းလောက်ပဲသွားပြီး ပြန်လာမှာပါ "

ညှိနှိုင်းမှု့ပြီးသွားတော့ ဦးကြီးကပြောသည်။

" အိမ်း ကောင်းပြီလေ ဒီကလူလေးအဲ့လောက်သွားချင်နေတော့လဲ ဦးကြီး မတားတော့ပါဘူး၊ ဦးကြီးနောက်ရက်ကျ လူကြံရှိရင်အသံကြိုပေးထားပြီး.. လူလေးအတွက် အဖ ဆီစာ အမှာပါးလိုက်မယ်၊ သူ့ကိုပြပြီး သူ့ဆီတည်းခိုလို့ရတယ်ရော် ၊ "

" အာ ကျေးဇူးတင်ပါတယ်ဦးကြီး "

" ကိစ္စမရှိဘူး ၊ ကိစ္စမရှိဘူး ၊ ကိုယ့်မြေးသားတွေပဲ ၊နောက်နှစ်ရက်နေရင် တပ်သားတစ်ယောက်ကိုလိုက်ပို့ခိုင်းမယ်၊ ဒါပေမယ့် ဦး​ကြီးတို့ဘက်ကတပ်သားတွေက အဲ့ဘက်ကိုသွားခွင့်မရှိလို့ မြို့ကြီးကျော်တာနဲ့ လူ​လေးကိုရွာစွန်အနားလောက်ထိပဲပို့ပေးလို့ရမယ်နော့ ၊ ကျန်တဲ့ကိုယ့်အန္တာရယ်ကိုယ်ကြည့်ရှောင်နော့ ၊

" ဟုတ်ကဲ့ စိတ်ချပါ ဦးကြီး "

" အဲ့ဒါဆို အခုနားလိုက်ဦးနော့ "

ပြောပြီးသည်နှင့် ဦးကြီးသည် နောက်ဖေး က အဒေါ် ကို ခေါ်ပြီး ခွန်စိုင်း တို့အခန်းကိုလိုက်ပို့ကာအနားယူခိုင်းသည် ။ ရောင်နီလာမယ့်နောက်နှစ်ရက်အကျော်အတွက် ခွန်စိုင်းမှာ စိတ်လှုပ်ရှားပြီး သဘောတကျကျဖြစ်လို့နေတော့သည် ။

ထိုသို့နှင့် ခွန်စိုင်း နဲ့ လွင်မိုး တို့သည် ဦးကြီးအိမ်မှာနေတဲ့ နှစ်ရက်အတွင်း ရွာထဲက ထူးခြားတဲ့နေရာတစ်ချို့ကိုလည်ပတ်ကာအချိန်ကုန်ဆုံးသည်။ အရာအားလုံးက ခွန်စိုင်းအတွက်အသစ်အဆန်းဖြစ်နေတဲ့အတွက် လုံဝမ်ရွာမှာ ထပ်မြင်တွေ့ရမယ့် အရာတွေကို ပိုလို့စိတ်ဝင်စားနေမိသည်။

ရွာသူရွာသားတွေပြောပုံအရ လုံဝမ်ရွာက လူတွေက အင်အားကြီးတဲ့တပ်ကြီးဦးဆောင်သူရှိနေတဲ့အတွက် ဒီနယ်မြေ​တွေထဲမှာတော့ ထိုဦးဆောင်သူက အင်အားအကြီးဆုံးလို့ပြောကြသည်။ နောက်ပြီး သူတို့ရွာဓလေ့နဲ့ပျော်ပွဲရွင်ပွဲတွေကလဲ အရမ်းကျော်ကြားတယ် ဆိုသည်။ လုံဝမ်ရွာ လို့သာခေါ်တာ တကယ်တမ်း မြို့ကြီးတစ်ဝက်လောက်ကျယ်ပြီး အိမ်ခြေများသည် တဲ့ ။ ထို့သို့ သတင်းစကားတွေကြောင့် ခွန်စိုင်းမှာ စိတ်ဝင်တစားဖြစ်ရသည် ။

ထိုထဲမှာ ခွန်စိုင်း စိတ်ဝင်စားဆုံး လူကတော့ လုံဝမ်ရွာရဲ့ဦးဆောင်သူဖြစ်သည် ။

________________________________________

ဇာတ်လမ်းအစပိုင်းဆိုတော့ ရှင်လေးတို့ပျင်းနေပြီလား..အစပိုင်းဆိုပေမယ့် နောက်အပိုင်းတွေမှာဆွဲဆောင်မှု့ရှိအောင်ရေးပေးမယ်နော် 💋

# VOTE & CM PLEASE 🤙
# 11 - Auguest - 2021 - 1 : 06 AM
# MOEWATHAN 📚🍀

________________________________________

                     >>>>> [ Zawgyi ] <<<<<

ညေရာက္ေသာ္ ။

ခြန္စိုင္းသည္ ထိုခရီးစဥ္သြားရဖို႔အေရး မိခင္ျဖစ္သူကိုဘယ္လိုအေၾကာင္းျပခ်က္ေပးကာ ခြင့္ေတာင္းရမလဲေတြးေနသည္။ သူ႕ကိုဆိုစိတ္ပူတတ္တဲ့ ေမေမဟာ သူဝါသနာပါတဲ့ ဒီအလုပ္ကိုလုပ္ဖို႔အတြက္ခြင့္ျပဳထားေပမယ့္လည္း ဒီေလာက္ေဝးတဲ့ခရီးစဥ္ကို သြားခြင့္ျပဳမည္မဟုတ္ေပ ။ ဒါ့အျပင္ထိုေဒသဟာ နယ္ေျမၾကမ္းမို႔ ပို၍ပင္ ခြင့္ျပဳမွာမဟုတ္ ။

ဒါကိုသိထားတဲ့ ခြန္စိုင္းသည္ တစ္ခါမွမလိမ္သဖူး လြင္မိုးနဲ႕ေပါင္းႀကံကာလိမ္ရေတာ့မည္ ။

ေဒါက္ ေဒါက္!!

" ေမေမ သားပါ "

" ဝင္ခဲ့ေလ သားေလး "

ခြန္စိုင္း ဝင္သြားေတာ့ ေမေမသည္ကုတင္ေဘးကစားပြဲရွည္မွာထိုင္ၿပီး ပါဝါမ်က္မွန္တပ္ကာ စိုက္ခင္းထဲကစရင္းစာအုပ္ေတြကိုစစ္ေဆးေနသည္ ။

" သား မအိပ္ေသးဘူးလား "

" ဟုတ္ ေမေမ၊ သား ေမေမ့ကိုခြင့္ေတာင္းစရာရွိလို႔ "

အိေႏၵျရွိလွတဲ့ေမေမသည္ ခြန္စိုင္းေျပာလိုက္သည္ႏွင့္ ႏူးညံ့တဲ့အၿပဳံးေတြနဲ႕ၿပဳံးကာ မ်က္မွန္ကို ေခါင္းေပၚပင့္တင္လိုက္သည္ ။

" ဘာမ်ားလဲ သား ၊ေျပာေလ "

"လြင္မိုး သူ႕ဦးေလးေတြနယ္ဘက္ကိုအလည္သြားမလို႔ေျပာတယ္ အဲ့ဒါသားအေဖာ္လိုက္သြားခ်င္လို႔ ၊ ေနာက္ၿပီး သူတို႔ေဒသဘက္ကိုလိုက္လည္ရင္း အလုပ္အတြက္ကုန္ၾကမ္းေလးလဲရတာေပါ့၊ အဲ့ဒါ သားေမေမ့ဆီအရင္ခြင့္ေတာင္းတာပါ "

ေဒၚနန္းယဥ္လွ သည္ ခြန္စိုင္း ေျပာတာကိုဘာသံသယမွမရွိ ေခါင္းညွိမ့္ကာ ၊

" သား သြားခ်င္တယ္ဆိုလိုက္သြားေလ၊ ဘယ္ႏွရက္ၾကာမွာလဲ သား၊ ဒီလိုခြင့္ေတာင္းပုံၾကရင္ သား သြားမွာ ရက္ၾကာမယ္ထင္တယ္ "

" ဟုတ္တယ္ေမေမ ဒီတစ္ေခါက္က ခါတိုင္းလို႔ ၂ ရက္ ၃ ရက္ထက္ပိုၾကာမွာ၊ ၿပီးေတာ့ သူတို႔ဦးေလးနယ္ဘက္က နည္းနည္းေခါင္ေတာ့ ဆက္သြယ္ေရးက နည္းနည္းခက္မယ္ထင္တယ္ "

" ဟုတ္လား ဘယ္ဘက္ထိသြားရမွာလဲ "

" ေတာင္ႀကီး ဟိုပုန္းဘက္ပါ၊ ၿမိဳ႕ထဲမဟုတ္ပဲ ေတာဘက္ဆက္သြားရမွာဆိုေတာ့ လမ္းပန္းဆက္သြယ္ေရးကထင္သေလာက္မေကာင္းဘူး "

" အင္း ေကာင္းၿပီေလ၊ ငါ့သားလဲအ႐ြယ္ေရာက္ေနၿပီဆိုေတာ့ ေမေမအမ်ားႀကီးမမွာေတာ့ပါဘူး ၊အဓိက ကိုယ့္အႏၲာရယ္ကိုယ္ၾကည့္ေရွာင္တတ္ရမယ္၊ ေယာက္က်ားတစ္ေယာက္ျဖစ္တဲ့အတြက္ တာဝန္ယူမႈ႕ဆိုတာရွိရမယ္၊ ေမေမအဲ့တာပဲမွာခ်င္တယ္ "

" သားနားလည္ပါတယ္ေမေမ "

ေမေမသည္ သားေယာက္က်ားေလးေမြးထားေသာ္ျငားစိုးရိမ္တတ္ျခင္းမွာ ဘာလဲဆိုတာ ခြန္စိုင္းသိပါသည္။ ခရီးေတြထြက္ရတဲ့တစ္ေလွ်ာက္ ရႈတ္ရႈတ္ရွက္ရွက္ေတြမျဖစ္ဘူးလို႔ သူမသားျဖစ္သူကိုယုံၾကည္ေသာ္လည္း၊ မေတာ္လို႔ ျဖစ္ခဲ့ေသာ္ရွိရင္ သူမသားကိုေယာက္က်ားေကာင္းျဖစ္ေစခ်င္ျခင္းျဖစ္သည္။

" အေမ့သားေလးက တစ္ခ်ိန္လုံးအလုပ္ခရီးေတြခ်ည္းပဲသြားေနတယ္၊ ေျပာပါဦး ဘယ္အခ်ိန္မွ အေမ့ေခြၽးမကိုအိမ္ေခၚလာမွာလဲ သားအသက္မငယ္ေတာ့ဘူးေနာ္ "

ၿပဳံးတုံ႕တုံ႕နဲ႕ၾကည့္ကာ စေနာက္ေနတဲ့ေမေမဟာ တကယ္ပါ အသက္ ၄၅ ႏွစ္အ႐ြယ္လိုေတာင္မေျပာရက္စရာပင္ ၊ ​က်က္သေရရွိလြန္းလွသည္။

" သား အခုေလာေလာဆယ္မွာ အဲ့တာေတြမစဥ္းစားေသးပါဘူးေမေမရယ္ "

" အဟင္း ေကာင္းပါၿပီေတာ္..ဒါနဲ႕ သား ဘယ္ရက္သြားမွာလဲ "

" သဘက္ခါ ေမေမ "

" သဘက္ခါဆိုေတာ့ မနက္ျဖန္ညကတည္းက ခရီးအတြက္ လိုအပ္တဲ့ပစၥည္းေတြအကုန္ေသခ်ာစစ္ေဆးဦးေနာ္ "

" ဟုတ္ကဲ့ေမေမ ၊ အဲ့တာဆို ေမေမအနားယူေတာ့ေလ "

ခြင့္မျပဳေလာက္ဘူးထင္ထားေပမယ့္ တကယ္တမ္း အေမျဖစ္သူကခြင့္ျပဳလိုက္တာေၾကာင့္ ခြန္စိုင္း ႀကိတ္ၿပီးဝမ္းသာသြားမိသည္။ ေမေမဆိုတာ အဲ့လိုပဲ ခြန္စိုင္း နဲ႕ပက္သတ္ရင္ ဘယ္အရာမွခ်ဳပ္ခ်ယ္တယ္ဆိုတာမရွိ ၊မတတ္သာလို႔သာလိမ္လိုက္ရတယ္ ခြန္စိုင္း မွာမလိမ္ခ်င္ေပ။ ေမေမ့ကိုအမွန္အတိုင္းေျပာၿပီးသြားလို႔ရေပမယ့္ အိမ္မွာက်န္ခဲ့တဲ့ေမေမက အၿမဲရင္တထိပ္ထိပ္နဲ႕စိတ္ပူေနမွာစိုးသည္။

____________>>> Time skin <<<___________

ေနာက္ႏွစ္ရက္အၾကာ။

ခရီးသြားကားအဝင္အထြက္ေတြႏွင့္ရႈတ္ေထြးဆူညံသလို ေစ်းေရာင္းသူႏွင့္ ဝယ္သူေတြမွာလည္း အမ်ားအျပားရွိေနၿပီး ကားေပၚမွာလိုက္ပါမယ့္ခရီးသည္ေတြဟာလည္း သူတို႔ကားထြက္မယ့္အခ်ိန္ကိုေစာင့္ေမွ်ာ္ေနရသည္။ ထိုထဲတြင္ ခြန္းစိုင္းနဲ႕ လြင္မိုး တို႔အပါအဝင္ျဖစ္သည္ ။

ခြန္စိုင္း နဲ႕ လြင္မိုး သည္ Box အိတ္အ​ေသးတစ္ေယာက္တစ္လုံးႏွင့္ ရန္ကုန္အေဝးေျပးကားကြင္းဆီမွာ ကားေစာင့္ေနသည္ ။

( ေ႐ႊကယားကားလက္မွတ္ )

ခြန္စိုင္း နဲ႕ လြင္မိုး သည္ ကယားျပည္နယ္လြိုင္ေကာ္ နဲ႕ ရန္ကုန္ေျပးတဲ့ကားသီးသန႔္ျဖစ္တဲ့ ေ႐ႊကယားကားလက္မွတ္ျဖတ္ကာ ကားထြက္ခ်ိန္ေရာက္တဲ့အခါ BOX အပ္၍ Express ကားအ​ေသးႏွင့္လိုက္ပါလာေတာ့သည္ ။

ခြန္စိုင္းအတြက္ေတာ့ အရင္က Express နဲ႕ခရီးထြက္ေနၾကဆိုေတာ့ ဒီတစ္ေခါက္လဲအရင္ကလိုမ်ိဳးထင္ခဲ့သည္။ ကယားျပည္နယ္ကိုတစ္ခါမွမေရာက္ဖူးသူမို႔ ဟိုကိုဘယ္အခ်ိန္ေရာက္မွာလဲလို႔ေမးခ်င္ေသာ္လည္း အဲ့လိုစကားက မေမးေကာင္းတာမ်ိဳးမို႔ မေမးေတာ့ပါ ။

ကိုစိုးသန႔္ ေျပာလိုက္တာကေတာ့ ရန္ကုန္ နဲ႕ လြိုင္ေကာ္ ဆိုရင္ လမ္းမွာတစ္ညအိပ္ၿပီး ေနာက္တစ္ေန႕မနက္အေစာႀကီး လြိုင္ေကာ္ကိုေရာက္မယ္ေျပာသည္။ လြင္မိုးေျပာတာကေတာ့ သူ႕ဦးေလးတို႔႐ြာဘက္ေရာက္ဖို႔အတြက္ ကားကိုတစ္ဆင့္ျပန္စီးရမွာလို႔ေျပာတာေၾကာင့္ ဒီခရီးက ကားေပၚမွာတင္ မတတ္သာလွပါ ။ သို႔ေသာ္ သြားခ်င္စိတ္ေလာေနတဲ့ ခြန္စိုင္းတစ္ေယာက္ ကားစီးရမယ့္အခ်ိန္ကိုသိပ္ဂ႐ုမစိုက္ခဲ့ပါ ၊ တေ႐ႊ႕ေ႐ႊ႕နဲ႕ Express ကားႀကီးသည္ ရန္ကုန္ၿမိဳ႕မွထြက္ခြာကာသူ႕လမ္းေၾကာင္းအတိုင္းေမာင္းႏွင္ေနေလၿပီ ။ ခြန္စိုင္း နဲ႕ လြင္မိုးေထြး သည္လည္း စကားတေျပာေျပာနဲ႕လိုက္ပါလာခဲ့ေတာ့သည္ ။

ထမင္းစားနားသည့္အခ်ိန္မွာ ည ၇ နာရီပင္ခြဲေနၿပီ၊ ခြန္စိုင္းတို႔လဲတျခားခရီးသည္ေတြနဲ႕နည္းတူ ထမင္းစားနားၾကသည္ ။ စား​ေသာက္​ၿပီးသည္ႏွင့္စားစရာတစ္ခ်ိဳ႕ဝယ္ၿပီး ကားေပၚျပန္တတ္ခဲ့ၾကသည္ ။

ဒုတိယတစ္ေခါက္ထမင္းစားနားတဲ့အခ်ိန္မွာ ၁၂ ေက်ာ္ေနၿပီ၊ မိုးအေတာ္ခ်ဳပ္ေနၿပီ၊ ဒါ့အျပင္ ကားေပၚကအဲကြန္းထပ္အျပင္က ရာသီဥတုကပိုေအးေနတာေၾကာင့္ ခြန္စိုင္းသည္ ေက်ာပိုးလြယ္အိတ္ထဲမွာပါလာတဲ့အေႏြးထည္အထူနဲ႕မာဖလာအျပာကိုထုတ္ဝတ္လိုက္သည္။ ခြန္စိုင္းတစ္ေယာက္တည္းဆိုရင္ ဒီအေႏြးထည္အထူႀကီးေတြထည့္လာမိမွာမဟုတ္၊ သို႔ေသာ္ ေအးတဲ့ေဒသကိုသြားမွာမို႔ ေမေမကိုယ္တိုင္ထည့္ေပးလိုက္ျခင္းမို႔အခုေနမွာ ေမြးမိခင္ကိုသာေက်းဇူးအထပ္ထပ္တင္လွ်က္ ။

ဒုတိယတစ္ေခါက္ထမင္းစားနားၿပီးသည္ႏွင့္ တတိယတစ္ေခါက္မွာမူ မိုးလင္းစျပဳေနၿပီမို႔ ကားဆရာမ်ားက တစ္ခါသုံးသြားတိုက္တံႏွင့္သြားတိုက္ေဆး ၊ မ်က္ႏွာသုတ္တာဝါေပးလာသည္။ ခြန္စိုင္းတို႔မ်က္ႏွာသစ္ၿပီးတာနဲ႕ မနက္စာစားသည္။ ၿပီးေနာက္ ကား ကေတာ့ လြိုင္ေကာ္ကိုတိုက္ရိုက္ေမာင္းႏွင္ေလေနၿပီ ။

ခြန္စိုင္းသည္ ကားျပတင္းေပါက္ကေနအျပင္ဘက္ဆီကိုၾကည့္မိသည္။ ႏွင္းျမဴေတြရစ္မွိုင္းၿပီး ေအးခ်မ္းလြန္းတဲ့ေဒသေလး ၊ ေတာင္ေတြအထပ္ထပ္မို႔ေမာက္ေနတဲ့အထဲမွ ခ်ိဳင့္ဝွိမ္းေအာက္ေျခမွာတည္ရွိေနတဲ့ ျပည္နယ္ေလး ၊ ဒီေဒသေလးကိုၾကည့္ရင္း ေမြးရပ္ေျမရွမ္းျပည္ကိုသတိရရင္ ခြန္စိုင္း သိပ္သေဘာက်လိဳ႕ေနေတာ့သည္။ နံေဘးက လြင္မိုးတစ္ေယာက္ကေတာ့ တစ္လမ္းလုံးအိပ္ေနလိုက္တာ အခုထိပင္ ။ လမ္္းတေလွ်ာက္တြင္ ေတာင္ေတြတစ္ေတာင္ၿပီး တေတာင္ေက်ာ္ျဖတ္ကာ အေကြ႕အေကာက္မ်ားစြာနဲ႕ေမာင္းႏွင္ရသည္။ကယားျပည္နယ္ဟာ ေတာင္ေတြဝန္းရံၿပီးေအာက္ေျခခ်ိဳင့္ဝွမ္းအတြင္းၿမိဳ႕ျဖစ္တည္ေနတာေၾကာင့္ သူ႕အေအးဓာတ္ေၾကာင့္ သုံးရာသီလုံး ပူေလာင္ေနတယ္ဆိုတာမ်ိဳးမရွိ၊ ေအးျမၿပီးေနလို႔အေတာ္ေကာင္းတဲ့ေနရာေလးျဖစ္သည္ ။ တစ္ခုပဲ အလုံးစုံမၿငိမ္းခ်မ္းေသးတာပဲေလးေပါ့ ။

ခြန္စိုင္းရဲ႕အေတြးထဲမွာ အေျခအေနေတြမတည္ၿငိမ္ေသးရင္ေတာင္အဆိုးဝါးႀကီး မျဖစ္နိုင္ေလာက္ပါဘူးလို႔ေတြးေနျခင္းပင္ ၊ သို႔ေသာ္ ခြန္စိုင္း မသိေသးတာက အခု ခြန္စိုင္းနဲ႕လြင္မိုးတို႔သြားမယ့္ေနရာဟာ  တကယ့္ေနရာျဖစ္ေနသည္ကိုပင္၊ ခြန္စိုင္း မသိသလို လြင္မိုးေထြးကိုယ္တိုင္လဲမသိ ။ လြင္မိုးေထြးသည္ ကယားမွာရွိတဲ့ပထမဦးေလးျဖစ္သူနဲ႕ အဆက္သြယ္ရွိေနေသာ္လည္း ကယားျပည္ကိုေတာ့ တစ္ခါမွမေရာက္ခဲ့ဖူးပါ ။ ဒါ့ေၾကာင့္ ဒီျပည္နယ္ေဒသရဲ႕ေက်ာ ကိုမသိတာမစမ္းေပ ။

မနက္ ၅ ခြဲ ။

'လြိုင္ေကာ္ခရီးသည္မ်ား ဂိတ္ဆုံးပါၿပီ၊ ကိုယ့္ရဲ႕ပစၥည္းေတြက်န္၊မက်န္စစ္ေဆးၿပီးမွဆင္းပါ'

'လြိုင္ေကာ္ခရီးသည္မ်ား ဂိတ္ဆုံးပါၿပီ၊ကိုယ့္ရဲ႕ပစၥည္းေတြက်န္ မက်န္စစ္ေဆးၿပီးမွဆင္းပါ'

ကားဆရာရဲ႕ေအာ္သံအဆုံး ကားေပၚကခရီးသည္ေတြသည္အလုအယက္ေပမယ့္ ေျဖးညွင္းစြာထၿပီး သူတို႔အထုတ္ကိုယ္တိုင္ယူကာေအာက္ကိုဆင္းေနေတာ့သည္။ ခြန္စိုင္း ဟာ အိမ္မွာသာ ကိုယ့္စိတ္ႀကိဳက္ပုတ္သိုးေနေအာင္အိပ္တတ္ေပမယ့္ အခုလိုခရီးသြားခ်ိန္ေတြဆိုရင္ အအိပ္ဆတ္သည္။ ဒါ့ေၾကာင့္ နံေဘးမွာ အိပ္ေပ်ာ္ေနဆဲ လြင္မိုးကိုႏွိုးလိုက္သည္။

" လြင္မိုး.. လြင္မိုး၊ ထ ထ​ေတာ့ ၊ငါတို႔လြိုင္ေကာ္ေရာက္ၿပီတဲ့ ၊ဟူး ေအးလိုက္တာကြာ "

" ဝါးး..အင္း ေရာက္ၿပီလား "

" အခုမွေရာက္ၿပီလားမေမးနဲ႕ ကားေပၚမွာလူေတာင္မက်န္ေတာ့ဘူး ဆင္းမယ္ လာ၊ ငါတို႔ဟိုဘက္ကိုကားတဆင့္ထပ္စီးရဦးမယ္မလား "

" အင္း ဟုတ္တယ္ "

ခြန္စိုင္း နဲ႕ လြင္မိုးေထြး တို႔ေျပာၿပီးသည္ႏွင့္ ေက်ာ္ပိုးလြယ္အိတ္ကိုယ္စီလြယ္ကာေအာက္ကိုဆင္းလာခဲ့သည္ ။

' အကိုတို႔သုံးဘီးငွါးဦးမလားဗ် '

' ငါ့ညီတို႔သုံးဘီးငွါးဦးမလား '

ရန္ကုန္သားပီပီ ခြန္စိုင္း နဲ႕ လြင္မိုးေထြး ဟာ ကားကြင္းႀကီးမွာႀကဳံေနၾကအတိုင္း ကားဂိတ္ဆိုက္တာနဲ႕ ခရီးသည္ကိုအတင္းဆြဲၿပီးတြန္းအားေပးကာ ကားအငွားလိုက္ခိုင္းမည္စိုး၍သူတို႔ေက်ာပိုးလြယ္အိတ္ကိုတင္းတင္းဆုတ္ကိုင္ထားေပမယ့္ သူတို႔ထင္တာမွားသြားခဲ့သည္။ ကားေအာက္ဘက္မွာရပ္ကာေစာင့္ေနတဲ့ သုံးဘီးေမာင္းသူေတြသည္ သူတို႔ပါးစပ္ကလဲယဥ္ေက်းစြာေမးေနသည့္အျပင္ ကိုယ္ထိလက္ေရာက္ဆြဲရမ္းကာ ခရီးပို႔ေဆာင္ရန္အတင္းလုပ္ေနတာမ်ိဳးလဲ မေတြ႕ရပဲတကယ္ယဥ္ေက်းပါသည္ ။

ခြန္စိုင္း က အားနာတတ္တဲ့လူမ်ိဳးမို႔ လြင္မိုး ကပဲ သူတို႔ေခၚသည္ကိုျငင္းဖယ္ကာ အနားမွာရွိတဲ့သုံးဘီးကားဆရာတစ္ဦးကို ဒီေမာဆို႔သြားမယ့္ကား ဆီေမးလိုက္သည္ ။

" အကို ဒီကားက ဘယ္ကေနထြက္မွာလဲဗ် "

" အာ ညီေလးတို႔က ဒီကိုပထမဦးဆုံးလာလည္ဖူးတာထင္တယ္၊ ဒီေမာဆို႔ကားက ေရွ႕ကအံစာလုံးကားေလးပဲ သူတို႔ခဏေနရင္ထြက္ေတာ့မွာနဲ႕တူတယ္ "

" ေအာ္ ဟုတ္ကဲ့ ေက်းဇူးတင္ပါတယ္ဗ် "

" ရပါတယ္ကြာ၊ တို႔ဆီလာလည္တဲ့ဧည့္သည္ေတြပဲ၊ ကဲ သြားသြား ဟိုမွာပစၥည္းေတြေတာင္တင္ေနၿပီ အကိုလိုက္သယ္ေပးရမလား "

" အာ မဟုတ္တာ၊ ေက်းဇူးတင္ပါတယ္ဗ်ာ သြားလိုက္ပါဦးမယ္ "

" ေအးေအး "

လြင္မိုး ေက်းဇူးတင္စကားေျပာၿပီးသည္ႏွင့္ ခြန္စိုင္းနဲ႕အတူ ဒီေမာဆို႔ထြက္မယ့္ကားဆီသြားၿပီး လက္မွတ္ေပးကာ ကားထဲဝင္ထိုင္ေနလိုက္သည္။

" ေတာ္ေသးတာေပါ့ကြာ၊ ငါ့မွာမင္းပါ​ေနလို႔ မဟုတ္ရင္ ဘယ္ဟာအရင္လုပ္ရမလဲဆိုၿပီး လည္ေနမွာ "

" ေအာ္ ဒါေတာ့သိေသးတယ္ေပါ့၊ ဒီခရီးကိုတားခဲ့တုန္းကက်အျမႇီးႏွံ႕ေနၿပီး ခုမွ "

" ေအးပါကြာ မင္းမလဲ အားကိုးပါတယ္ဆိုမွ ဂ်ိဳႂကြေနတယ္၊ ဂ်ိဳရိုက္ခ်ိဳးလိုက္လို႔ မမ အနားကပ္မရပဲေနမယ္ "

" မင္းေျပာထား..မင္းအလွည့္မွေတြ႕မယ္ "

'ခရီးသည္မ်ားလူစုံၿပီးဆို ကြၽန္ေတာ္တို႔ကားထြက္ပါေတာ့မယ္´ (ကားဆရာ)

ကားဆရာရဲ႕သတိေပးသံေၾကာင့္ ခြန္စိုင္းတို႔စကားနိုင္လုပြဲလည္းျပန္ၿငိမ္သြားသည္ ။ ေျပာမနာ ဆိုမနာေတြဆိုေတာ့လဲ လြင္မိုးတို႔အတြက္က ဘယ္ေလာက္ေျပာေျပာစိတ္ဆိုးစရာမရွိေပ ။ ခြန္စိုင္း တို႔ကရန္ကုန္ကေန ညေန ၃ ခြဲ ေလာက္ထြက္လာတာမို႔ လြိုင္ေကာ္ကိုေရာက္ေတာ့ မနက္ ၅ ခြဲေနၿပီ ။ အဲ့ကေနမွတစ္ခါ ၆ နာရီကားနဲ႕ ဒီေမာဆို႔ဘက္သြားတဲ့ကားတစ္ဆင့္ထပ္စီးရသည္ ။

ဒီေမာ့ဆို႔ သြားသည့္တစ္ေလွ်ာက္လုံး ခြန္စိုင္း နဲ႕ လြင္မိုးတို႔ ႏွစ္ေယာက္သားေနေရာင္အလင္းထြက္ေနၿပီျဖစ္တဲ့အျပင္ဘက္က မနက္ခင္းအလွကို တေမ့တေမာၾကည့္ကာ ခံစားေနသည္ ။ လမ္းတစ္ေလွ်ာက္လုံးမွာ ႏွင္းျမဴေတြပိတ္ပိုင္းၿပီး ဘာမွသည္းကြဲစြာမျမင္ရေပမယ့္လည္းတျဖည္းျဖည္းနဲ႕ ေနေရာင္ျခည္ထြက္လာၿပီမို႔ ႏွင္းျမဴကြဲကာ မနက္ခင္းကအရမ္းလွပေနသည္ ။
အျပင္ဘက္က အလွတရားေတြကိုတအံတၾသၾကည့္ေနသည့္ ခြန္စိုင္းတို႔ႏွစ္ေယာက္ကို ကားေပၚကပါလာတဲ့ ေဒသခံကယားလူမ်ိဳးစုတစ္ခ်ိဳ႕က အထူးအဆန္းသဖြယ္ၾကည့္​ၿပီး ၿပဳံးေနၾကတာကို ခြန္စိုင္း တို႔ကေတာ့မသိေပ ။

ဒီေမာ့ဆို႔ကားသည္ လြင္မိုးေျပာထားတဲ့ေနရာမေရာက္ခင္ ကတၱရာလမ္းတစ္ခုတြင္ကားရပ္ေပးသည္။ ကားဆရာေျပာတာကေတာ့ လြင္မိုးေျပာတဲ့ေနရာကို သူတို႔ကား ဝင္ခြင့္မရွိတာေၾကာင့္ျဖစ္သည္။ ထို႔ေၾကာင့္ ႏွစ္ေယာက္သား ကားေပၚကဆင္းၿပီး Box တစ္လုံးစီဆြဲကိုင္ကာအငွါးယာဥ္ရွိနိုင္မယ့္ေနရာအထိလမ္းေလွ်ာက္လာခဲ့ရေတာ့သည္ ။ လမ္းတစ္ေလွ်ာက္မွာလဲ ျဖတ္သြားျဖတ္လာဆိုလို႔ လူမေျပာႏွင့္ ေခြးတစ္ေကာင္ေတာင္မရွိေပ ။

"လြင္မိုးေရ မင္းဦးေလး လိပ္စာကမွန္ရဲ႕လားကြာ၊ ဒီ့ထက္ေလွ်ာက္ရင္ ငါတို႔ေအးခဲသြားလိမ့္မယ္ေနာ္ "

" ေအးပါကြာ ငါလဲေအးတာပဲ မင္းကလဲ၊ ငါ့အေမကဘာလို႔မွန္းမသိဘူး ငါ့ပထမဦးေလးဆီသြားလည္မယ္ေျပာတိုင္းစိတ္ဆိုးလို႔ ငါလဲတစ္ခါမွမေရာက္ဖူးဘူးဟ၊ အခုေတာင္ ငါအေဒၚကတိတ္တိတ္ေလးဖုန္းနံပတ္ခိုးေပးလို႔အဆက္သြယ္ရတာ၊ "

" ဟုတ္ပါၿပီေမ်ာက္ေလာင္းရယ္ ငါလဲမေမးမိပါဘူး၊ ေလွ်ာက္ပါဟ ငါတကယ္ေအးခဲေနၿပီ၊ မင္းလက္ထဲကစာ႐ြက္ျပစမ္းပါ လိပ္စာတကယ္မွန္ရဲ႕လား "

" ေရာ့ ဦးေလးေျပာတဲ့လိပ္စာကေတာ့မွန္ေလာက္တယ္၊ ကားဆရာက ငါတို႔ကိုဒီမွာထားခဲ့ေတာ့ လမ္းနည္းနည္းေလွ်ာက္ရမွာေပါ့ "

ခြန္စိုင္းကရွမ္းျပည္ဇာတိမို႔ အေအးဓာတ္ခံနိုင္ေလာက္္ထင္ရင္မွားသြားမယ္ေနာ္၊ ရန္ကုန္ဇာတိေကာင္ လြင္မိုးထပ္ေတာင္ အေအးေၾကာက္တတ္ေသးတယ္၊ အခုေရာက္ေနတဲ့ေနရာရဲ႕အေအးဓာတ္ကေတာ့ ေျပာမေနပါနဲ႕ေတာ့ လူေတာင္ ေတာင့္တင္းၿပီးခဲခ်င္ေနၿပီ ။ ခြန္စိုင္း တို႔ လမ္းေလွ်ာက္ရင္းအေရွ႕ေနရာတစ္ခုတြင္ သစ္သားေခ်ာင္းေတြနဲ႕ခတ္ကာ ပိတ္ထားတဲ့လမ္းတစ္ခုကိုေတြ႕သည္ ။

" ငစိုင္း ဟိုမွာေတြ႕ၿပီကြ "

" ဟမ္ ဘာေတြ႕တာလဲ လြင္မိုး "

" ဟိုမွာေလ ငါ့ဦးေလးကေျပာထားတယ္၊အဲ့ပိတ္ထားတဲ့ေနရာက အငွါးယာဥ္ကိုသူ႕အိမ္ေျပာလိုက္ရင္ လိုက္ပို႔လိမ့္မယ္တဲ့ "

" ဟုတ္လား ေတာ္ေသးတာေပါ့ကြာ၊ အဲ့တာဆို သြားေတာ့ေလ "

ရွာေဖြေနတဲ့ ေနရာေတြ႕ရၿပီမို႔ ခြန္စိုင္း တို႔ႏွစ္ေယာက္ ဝမ္းသာအားရႏွင့္ ထိုေနရာကို သြားလိုက္သည္ ။ ထိုေနရာေရာက္ေတာ့ ကင္းတဲပုံစံရွိတဲ့ တဲထဲမွာ ဗလေတာင့္ေတာင့္အသားမည္းမည္းႏွင့္ ႏႈတ္ခမ္းေမြးေတြနဲ႕လူထြားႀကီးႏွစ္ေယာက္က ခြန္စိုင္းတို႔ကိုေတြ႕ေတာ့ မ်က္ေမွာင္က်ဳံ႕ကာေၾကာက္လန့္စရာမ်က္ႏွာေတြနဲ႕ထြက္လာၾကသည္။

" ေဟ့ ေနဦး! မင္းတို႔က ဘယ္သူေတြလဲ? ဘယ္ကလဲ?"

စကားသံဝဲဝဲ နဲ႕ ေငါက္လိုက္တဲ့ ထိုလူေတြေၾကာင့္ ခြန္စိုင္း နဲ႕ လြင္မိုး ေၾကာက္လန့္ကာတံေထြးၿမိဳခ်မိလိုက္သည္။ ဒီေလာက္ေအးတဲ့ရာသီမွာ ရိုးရာအက်ီလိုလက္တိုတစ္ထည္သာဝတ္ထားၿပီး လက္ေမာင္းမွာလဲအမာ႐ြတ္ေတြနဲ႕မို႔ ႏွစ္ေယာက္သားလန့္ေနၾကသည္။

" ကြၽန္ ကြၽန္ေတာ္တို႔က ဦး​ႀကီးဒဲကူးရယ္ အိမ္ကိုသြားခ်င္လို႔ပါဗ် "

" ကူးရယ္ အိမ္ကိုလား ? "

" ဗ်ာ ဟုတ္ကဲ့ "

လြင္မိုး ေျပာတာကို ထိုလူႏွစ္ေယာက္ကတကိုယ္လုံးကိုအေပၚေအာက္ၾကည့္ကာ မယုံသကာျဖစ္ေနသည္ ။

" မင္းတို႔ကဘယ္သူေတြလဲ ကူးရယ္နဲ႕ ဘာေတာ္သလဲ "

ထိုလူက သူ႕ဦးေလးကိုသိတယ္ေျပာလာတာေၾကာင့္ လြင္မိုးလဲအားႀကိဳးမာန္တတ္နဲ႕ေျပာသည္။

" ကြၽန္ေတာ္ကၿမိဳ႕က ဦး​ႀကီးကူးရယ္ တူအရင္းပါ ဒါက ကြၽန္ေတာ္သူငယ္ခ်င္း၊ ဦးႀကီးကူးရယ္ က ဒီကိုေရာက္ရင္ သူ႕လိပ္စာေျပာၿပီးပို႔ခိုင္းလို႔ရတယ္ေျပာတယ္ "

" ခဏေစာင့္ "

ေျပာၿပီး ထိုလူႏွစ္ေယာက္သည္ တဲထဲ က တစ္စုံတစ္ေယာက္ကိုသြားထပ္ႏွိုးေနသည္၊ ထိုအဲ့ခါမွ ခြန္စိုင္းနဲ႕လြင္မိုးလည္းသက္ျပင္းခ်သြားသည္ ။

"လြင္မိုး အဲ့လူႀကီးေတြက ေၾကာက္စရာႀကီးကြာ၊ ခႏၶာကိုယ္ႀကီးေတြက အႀကီးႀကီးေတြပဲ လူမွဟုတ္ရဲ႕လားပဲ "

" ဟုတ္ပါ့ကြာ၊ အခုေနသာ ငါတို႔ကိုကိုင္ေပါက္လိုက္ရင္ တစ္ကိုင္စာေလာက္ရွိရဲ႕လားမသိဘူး "

" အာ မင္းကလဲကြာ..ေၾကာက္ေနရၾကားထဲ "

ခြန္စိုင္းတို႔ စကားဝိုင္းသည္ ထိုလူေတြျပန္​ေရာက္လာတာမို႔​ျပတ္သြားရသည္ ။ ထိုလူရဲ႕ေနာက္မွာ သူတို႔နဲ႕ခႏၲကိုယ္ဆိုဒ္တူတစ္ေယာက္ပါ ပါလာသည္ ။

" လာ ဝင္ခဲ့၊ သူက မင္းတို႔ကိုကူးရယ္အိမ္လိုက္ပို႔လိမ့္မယ္ "

" ဟုတ္ကဲ့ ေက်းဇူးတင္ပါတယ္ "

ထိုလူေတြရဲ႕ စကားသံဝဲဝဲက ခြန္စိုင္းနဲ႕လြင္မိုးအတြက္ မနည္းပင္လိုက္နားေထာင္ေနရသည္။ လူထြားႀကီးႏွစ္ေယာက္ၫြန္ျပတဲ့ လူဟာဘီးသုံးခုနဲ႕ဆိုင္ကယ္ပုံသ႑န္ရွိတဲ့ ယာဥ္တစ္စီးကိုေမာင္းလာေတာ့ က်န္ႏွစ္ေယာက္က ခြန္စိုင္းတို႔ရဲ႕ အဝတ္စားအိတ္ေတြကိုေကာက္တင္ေပးလိုက္သည္ ။

" ေက်းဇူးတင္ပါတယ္ "

ခြန္စိုင္းကသူတို႔ကိုေက်းဇူးတင္စကားေျပာေပမယ့္ သူတို႔႐ုပ္ႀကီးေတြကမ်က္ႏွာေသေတြနဲ႕မို႔ ခြန္စိုင္းမွာလန့္ေနရသည္။ ငါဒီမွာ ရက္အေတာ္ၾကာေနရမွာ အဆင္ေျပပါ့မလားကြာ၊

သုံးဘီးဆိုင္ကယ္နဲ႕ နာရီဝက္ေလာက္စီးလာၿပီးတာႏွင့္ ႐ြာတစ္႐ြာထဲကို ထိုယာဥ္နဲ႕ဝင္သြားလိုက္သည္။ ခြန္စိုင္းတို႔ လာတုန္းက ႐ြာလမ္းတစ္ေယာက္ လူတစ္ေယာက္ေတာင္မေတြ႕ရေသာ္လည္း ထို႐ြာထဲဝင္သြားခ်ိန္မွာေတာ့ ေဆာ့ကစားေနတဲ့ကေလးေတြနဲ႕ စည္ပင္ဝေျပာတဲ့႐ြာထိပ္ကိုေတြ႕လိုက္ရသည္။ ထို႐ြာရဲ႕ ေဒသခံလူေတြသည္ ခြန္စိုင္း နဲ႕ လြင္မိုး ကို လူထူးဆန္းေတြလိုလိုက္ၾကည့္ေနၾကၿပီး ႐ြာထဲမွာ ရွိေနတဲ့အမ်ိဳးသားတစ္ခ်ိဳ႕ရဲ႕လက္ထဲမွာေသနတ္ေတြကိုင္ေဆာင္ထားၾကတာမို႔ ခြန္စိုင္းနဲ႕လြင္မိုးတို႔တစ္ေယာက္နဲ႕တစ္ေယာက္အံအားသင့္သလို စိတ္ဝင္တစားၾကည့္ေနမိသည္။

ခြန္စိုင္းကေတာ့ ဘီးသုံးခုနဲ႕ဆိုင္ကယ္ တြဲရက္သားျဖစ္ေနတဲ့ေဒသခံေတြအေခၚ သုံးဘီးဆိုင္ကယ္ ကိုစီးကာ အသစ္ဆန္းျဖစ္ၿပီးသေဘာေတြက်ေနသည္ ။ ခြန္စိုင္းတို႔ ေျပာထားတဲ့အိမ္ေရွ႕ သုံးဘီးဆိုင္ကယ္ေရာက္တာနဲ႕ရပ္ေပးလာသည္ ။ လြင္မိုး နဲ႕ ခြန္စိုင္းေက်ာလြယ္အိတ္ကိုယ္စီကိုင္ကာဆင္းခဲ့လိုက္သည္ ။

" ကူးရယ္ ...... ဗ်ိဳ႕ ကူးရယ္ "

ထိုသုံးဘီးဆရာ ပါးစပ္ကလဲ ကူးရယ္ ဆိုတဲ့ဦးေလးႀကီးနာမည္ကိုေခၚရင္း ခြန္စိုင္းတို႔ရဲ႕အိတ္ေတြကိုကူခ်ေပးေနသည္ ။

" ေဝ့ ခြန္းဖိုးခြၽန္း ဘာႀကီးတုန္း "

ေျခတံရွည္အိမ္အတြင္းဆီက လွမ္းထူးလိုက္တဲ့အသံၾသၾသဟာ အမိန့္သံတစ္ခုလိုလူကိုရွိန္ေစသည္။

" ေအာ့ ဒီမွာ ၿမိဳ႕က ကူးရယ္ တူအရင္းဆိုၿပီးေရာက္လာလို႔ လိုက္ပို႔တာေရာ္ "

" ေရာက္လာၾကၿပီလား၊ ေဟ့ ေမာ္ျမာ ေရွ႕မွာနင့္တူေတြေရာက္ေနၿပီေရာ္..ထြက္ခဲ့ဦး "

" လာၿပီ ေတာ္ေရ..လာၿပီ "

ထိုအဲ့ခါမွ အိမ္ထဲကေန ဝမ္းသာပီတိအသံနဲ႕အတူထြက္လာတဲ့အသက္ ၆၅ အ႐ြယ္တည္ၾကည္သန႔္ျပန႔္တဲ့ ဘႀကီးတစ္ေယာက္ဟာ ရိုးရာခ်ည္ထည္ပုဆိုးတိုတိုဝတ္ၿပီး ရင္ကြဲက်ယ္သီးရိုးရာထည္ကိုဝတ္ဆင္ထားသည္။သူ႕နံေဘးမွာ အနီစင္းသဘက္ကိုေခါင္းေပါင္းကာ ရိုးရာရင္ဖုံးအက်ီဝတ္ထားေသာ ၅၀ ေက်ာ္အမ်ိဳးသမီးႀကီးတစ္ဦးေတြ႕လိုက္ရသည္ ။

သုံးဘီးဆရာသည္ ခြန္စိုင္းတို႔ကိုခ်ေပးၿပီးတာႏွင့္ သုံးဘီခ လဲမယူပဲျပန္ထြက္သြားသည္။

ၾကည့္ရတာ လြင္မိုး နဲ႕ ခြန္စိုင္း တို႔လာမွာကိုႀကိဳသိေနတာေၾကာင့္ေစာင့္ေနပုံရသည္။လြင္မိုးဟာ သူ႕ဦးေလးဆီကိုလာမလည္ျဖစ္ေပမယ့္ သူ႕ဦးေလးက ရန္ကုန္ေစ်းတတ္ဝယ္တဲ့အခ်ိန္တိုင္း လြင္မိုးနဲ႕ေတြ႕ၿပီးမုန့္ဖိုးအမ်ားႀကီးေပးတတ္သည္ ။ ေတာ႐ြာေလးမွာေနရတဲ့ဦးေလးမို႔ သနားသျဖင့္မယူဘူးျငင္းေပမယ့္ လြင္မိုးေမေမကေျပာသည္။

' ယူလိုက္..နင့္ဦးေလးက အခုခတ္တိုက္အိမ္ဆယ္လုံးကိုေတာင္လက္မတြန့္ပဲဝယ္နိုင္တယ္ ' တဲ့ အခုခ်ိန္ျပန္ေတြးၾကည့္ရင္ တကယ္ေရာဟုတ္ရဲ႕လားပဲ ၊

လြင္မိုး သည္ သူ႕ဦးေလး နဲ႕ အေဒၚကိုၿပဳံးကာပင္ အရင္ဆုံးႏႈတ္ဆက္လိုက္သည္ ။

" ေနေကာင္းရဲ႕လားဦးႀကီး "

" ေနေကာင္းပါ့ကြာ၊ "

" ဦးႀကီး ဒါကြၽန္ေတာ့္သူငယ္ခ်င္း ခြန္စိုင္းဟြမ္၊ ဒီကိုအလည္ပတ္အေနနဲ႕လာမယ္ဆိုတဲ့တစ္ေယာက္ေလ "

" အင္း ဦးႀကီးတို႔ဆီေရာက္လာၿပီးမွေတာ့ ရက္နည္းနည္းနဲ႕ေတာ့ ျပန္မရဘူးေဝ့ "

" ဟုတ္ကဲ့ ဦးႀကီး ကြၽန္ေတာ့္ကိုလဲေစာင့္ေရွာက္ေပးပါဦးဗ် "

" မလိုပါဘူးကြာ.. ဟဲ့ ေမာ္ျမာ မင့္တူကိုမွတ္မိေသးလား..အရင္ကဆိုကဲလိုက္တာမွ တကယ့္ေကာင္ ခုၾကည့္ ထြားလာလိုက္တာကြာ ဟားဟား"

" ဟုတ္ပါ့ ကူးရယ္..က်ဳပ္တူကအေကာင္ထြားလာလိုက္တာ က်ဳပ္ေတာင္မမွတ္မိဘူးေရာ္ "

" ေဒၚေလးေရာ ေနေကာင္းရဲ႕လား "

" ေကာင္းသပါ့ေတာ္ က်ဳပ္ကငါ့တူတို႔လာလည္မယ္ဆိုေတာ့ဝမ္းသာေနတာေရာ"

ထိုအမ်ိဳးသမီးႀကီးသည္ တိုင္းရင္းသူပီပီစကားေျပာရာမွာအသံဝဲဝဲနဲ႕မို႔ တခ်ိဳ႕စကားေတြမွာ ခြန္စိုင္းေသခ်ာနားစိုက္ေထာင္ေနရသည္ ။

" ကဲ လာ ငါ့တူတို႔လမ္းမႀကီးမွာစကားေျပာေနတာမေကာင္းဘူးေရာ္၊အထဲဝင္ေလး "

" ဒီကလူငယ္​ေလး လာကြဲ႕ ခရီးပန္းေနေလာက္ေရာေပါ့ေနာ့ "

ထိုအမ်ိဳးသမီးႀကီးသည္ သူ႕စကားႏွင့္သူေျပာရင္း ဦး​ႀကီး​နဲ႕အတူေရွ႕ကသြားေတာ့ ခြန္စိုင္းနဲ႕ လြင္မိုး လဲ ေနာက္ကလိုက္ရသည္ ။

" ေဟ့ေကာင္ .."

" ေအး ဘာလဲ "

" မင္းဦးႀကီး နဲ႕အေဒၚေျပာတာေတြ ငါသိပ္နားမလည္ရင္ျပန္ရွင္းျပေပးဦးေနာ္၊မဟုတ္ရင္ အားနာစရာႀကီး "

" မင္းကိုရွင္း​ျပဖို႔မေျပာနဲ႕ ငါေတာင္မနည္းဘာသာျပန္ေနရတာ "

"......ေအး ေကာင္းတယ္၊ ႏွစ္ေယာက္လုံးက သူတို႔စကားကိုလည္လည္ဝယ္ဝယ္မရွိေတာ့ ဘာေျပာေျပာ အင္း ၾကတာေပါ့ကြာ  .. "

" ခြီးးး  အဲ့ အႀကံမဆိုးဘူး "

လြင္မိုး ဦးေလးရဲ႕အိမ္ဟာ ႐ြာထဲမွာျမင္ေနရတဲ့ အိမ္ေတြထက္ပင္ က်ယ္က်ယ္ဝန္းဝန္းရွိသည္။ ေျခတံရွည္အိမ္ျဖစ္တာမို႔အိမ္ေပၚသို႔တတ္ရန္ အလုံးႀကီးႀကီးဝါးကိုႏွစ္ျခမ္းခြဲၿပီးအေခ်ာသပ္၍ေလွကားရိုက္ထားသည္။ အိမ္ရဲ႕နံေဘးၿခံအက်ာ္မွာေတာ့ ကြမ္း႐ြက္ၿခံ နဲ႕ သီးႏွံမ်ား စိုက္ပ်ိဳးထားၿပီး မိန္းကေလးတစ္ခ်ိဳ႕နဲ႕ ေယာက္က်ားတစ္ခ်ိဳ႕ဟာ ထိုၿခံထဲမွာ လုပ္စရာရွိတာ လုပ္ေနေလသည္။ ခြန္စိုင္းတို႔ကိုျမင္ေတာ့ ထိုလူေတြက အထူးအဆန္းသဖြယ္လိုက္ၾကည့္ေနၾကသည္။

" လာ ထိုင္ၾက လူေလးတို႔ ကိုယ့္အိမ္ကိုယ္ရာလိုပဲသေဘာထားေနာ့ "

" ဟုတ္ကဲ့ ႀကီးေမ '

ႀကီးေမ က ျဖာခင္းေပးၿပီး ေရေႏြးအၾကမ္းပန္ကန္လုံးကိုခ်ေပးကာသူတို႔ပါ ဝင္ထိုင္ၾကသည္ ။

ခြန္စိုင္း သည္ အိမ္အေပၚထပ္ေရာက္သည္ႏွင့္ ဟိုၾကည့္ဒီၾကည့္လိုက္ၾကည့္လိုက္ေတာ့ အိမ္နံရံေတြမွာ က်ားအေရခြံ နဲ႕ ေသနတ္အတုလား အစစ္လားေတာ့မသိ၊ ခ်ိတ္ဆြဲထားသည္ကိုေတြ႕ရသည္ ။ထိုအရာေတြကိုျမင္လိုက္ေတာ့ ခြန္စိုင္း နည္းနည္းေတာ့ရွိန္သြားတာအမွန္ပင္ ။ နယ္လွည့္ခရီးသြားလာဖူးတဲ့ ခြန္စိုင္းဟာေတာ႐ြာဘက္ေတြကိုလဲေရာက္ခဲ့ဖူးသည္။ သို႔ေသာ္ ဒီ႐ြာရဲ႕လူလက္ခံတဲ့ပုံစံဟာ သီးသန့္ျဖစ္ေနတာေၾကာင့္ ေတာ္႐ုံမဟုတ္တာကိုသတိထားမိလိုက္သည္။

ခြန္စိုင္း နဲ႕ လြင္မိုး ႏွစ္ေယာက္သားအိမ္နံရံက ပစၥည္းေတြကိုၿပိဳင္တူၾကည့္မိၿပီး ေၾကာက္လန႔္ေနေပမယ့္ ႏွစ္ေယာက္လုံးမ်က္ႏွာမွာငိုခ်င္ရက္ၿပဳံးထားကာ တစ္ေယာက္နဲ႕တစ္ေယာက္ၾကည့္ကာ စိတ္ထဲမွာ စကားေျပာေနၾကသည္ ။

* သား​ႀကီး မင္းဦးေလးအိမ္ကလဲ ေၾကာက္စရာႀကီးကြာ T~T*

*ငါလဲ ဘယ္သိမလဲကြ T~T *

ခြန္စိုင္း တို႔ အျဖစ္ကိုျမင္တဲ့ ဦးႀကီး သည္ ေခါင္းတစ္ညွိမ့္ညွိမ့္နဲ႕ၿပဳံးကာ ။

" လူေလးတို႔က အဲ့တာေတြကိုစိတ္ဝင္စားပုံပဲ၊ အဲ့ဒါကဦး​ႀကီးတို႔ေတာအမဲလိုက္ေတာ့ ရထားတဲ့သားေကာင္ေတြေလ၊ ဟိုရက္ကအမဲလိုက္ေတာ့ ေတာထဲမွာ ဆတ္ႀကီးတစ္ေကာင္မိခဲ့ေသးတယ္သူ႕သားေရကေတာ့ ဒီမေရာက္လာေသးဘူးေရာ္ "

ဦးႀကီး စိတ္ထဲတြင္ ခြန္စိုင္းတို႔ႏွစ္ေယာက္က ထိုဟာေတြကိုစိတ္ဝင္စားတယ္ထင္ၿပီးေျပာေနေပမယ့္ တကယ္တမ္းက်ေတာ့ ႏွစ္ေယာက္သားေၾကာက္ေၾကာက္နဲ႕အားတင္းၿပီးၿပဳံးေနတာသူတို႔ကိုယ္တိုင္သာသိသည္။

လြင္မိုး က အလိုက္သိစြာ စကားလမ္းေၾကာင္းလႊဲလိုက္သည္။

" ဦးႀကီး  ကြၽန္ေတာ္ဖုန္းထဲမွာေျပာခဲ့သလိုပဲ ကြၽန္ေတာ့္သူငယ္ခ်င္းက ဒီေဒသရဲ႕အလွနဲ႕ဗဟုသုတ ေတြေလ့လာခ်င္တယ္ဆိုၿပီးလိုက္လည္တာပါ "

လြင္မိုး မိတ္ဆက္ေပးလိုက္ေတာ့ ကြၽန္ေတာ္ၿပဳံးၿပီး ေခါင္းတစ္ခ်က္ညွိမ့္ကာႏႈတ္ဆက္လိုက္သည္ ။ စကားကေတာ့ေၾကာက္ေနတာေၾကာင့္ ေျပာလို႔မရေသး ။

" ဦးႀကီးနားလည္ပါတယ္ကြ..ဒီလူေလးကအေတာ္လွသပါ့ကြ ေဟ ၊ ငါ့ႏွယ္ ေမာ္ျမာ ငါဒီလူေလးကိုေတြ႕ေတာ့ မိန္းကေလးလားမွတ္ေနတာ ဟားဟားဟား "

" ထုတ္သာမေျပာ က်ဳပ္လဲအဲ့လိုထင္တာ ေတာ္ေရ ၊ ၾကည့္ပါဦး ဒီလူငယ္ကအေတာ့္ကိုလွပဲ ေနာ့ "

ခြန္စိုင္းကို ၾကည့္ကာေခ်ာေၾကာင္းလွေၾကာင္းခ်ီးမႊန္းေနတဲ့ ဦးႀကီး နဲ႕ အေဒၚေၾကာင့္ ခြန္စိုင္းမွာရွက္ကာ ဘာျပန္ေျဖရမွန္းမသိဘူးျဖစ္လို႔ေနေတာ့သည္။ အခုႏွစ္ဆို ခြန္စိုင္းအသက္ ၂၇ ရွိၿပီ ထပ္မထြားႀကိဳင္းလာတဲ့လူေကာင္ေၾကာင့္ အသက္ငယ္ငယ္လူငယ္ေလးကိုအထင္မွားခံရတာလဲအႀကိမ္ႀကိမ္မို႔ ရွင္းမျပခ်င္ေတာ့ေပ ။

ေဘးနားက ႏြားသားေလးကလဲ ဝင္ကူမေျပာေပးပဲ တခြီးခြီးနဲ႕ႀကိတ္ရယ္ေနေသးတယ္ ။

" က်ဳပ္စေနတာ လူငယ္ေလး ရွက္ေနၿပီေတာ္ေရ .. ေတာ္တို႔စကားေျပာႏွင့္ဦးေနာ့၊ က်ဳပ္ ကေလးေတြအတြက္အိပ္ယာခင္းသြားျပင္လိုက္ဦးမယ္ေတာ့ "

ေျပာၿပီးတာနဲ႕ အေဒၚကအေနာက္ခန္းဆီဝင္သြားေတာ့သည္။

လြင္မိုးဦးႀကီး မွာ သမီးႏွစ္ေယာက္သားတစ္ေယာက္ရွိသည္။ သမီးႏွစ္ေယာက္ကအိမ္ေထာင္ကိုယ္စီက်ကဳန္ၿပီမို႔ သူတို႔အမ်ိဳးသားေတြဆီလိုက္ေနၾကၿပီး သားႀကီးကေတာ့ လက္ရွိမွာ ဦးႀကီးတို႔နဲ႕အတူေနသည္။ ဒါ့ေၾကာင့္မို႔ ခြန္စိုင္းတို႔အတြက္ အိမ္မွာေနရထိုင္ရမ​ခက္ခဲေတာ့ေပ ။ မဟုတ္လွ်င္ မိန္းကေလးရွိတဲ့အိမ္ဆို ခြန္စိုင္း အားနာသည္။

ဒီနယ္ေျမတစ္ေၾကာမွာ ဦး​ႀကီးစကားတစ္ခြန္းနဲ႕ၿပီးသည္။ ဒီေနရာသည္ အိမ္ေျခနည္းၿပီး ေခါင္ခိုက္တယ္ဆိုေပမယ့္ ဒီပက္ဝန္းက်င္ကလူေတြအားလုံးဟာသာမာန္လူေတြမရွိပဲ အားလုံးကအေျခေနတစ္ခုစီရွိေနသည္ ။ ဒါ့ေၾကာင့္ ခြန္စိုင္း ပိုလို႔စိတ္ဝင္စားမိသည္။ ဒီလိုေနရာမ်ိဳးက ဗဟုသုတလဲရသလို စိတ္ဝင္စားစရာေတြလဲမ်ားတာေၾကာင့္ ခြန္စိုင္းေၾကာက္သလိုရွိေပမယ့္ ေနာက္မဆုတ္ပါ ။

" ဒီကေလး ေလ့လာခ်င္တယ္ေျပာတာက ဦး​ႀကီးတို႔နယ္ေျမမွဟုတ္ရဲ႕လားကြဲ႕"

ဦးႀကီး သည္ ေရွးလူႀကီးပီပီစကားလုံးတစ္လုံးနဲ႕ပင္ ထိုလူရဲ႕ရည္႐ြက္ခ်က္ကိုသိျမင္နိုင္သည္ ။ လြင္မိုး နဲ႕ ခြန္စိုင္း တစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကည့္ကာအံၾသေနသည္ ။ သို႔ေသာ္ ခြန္စိုင္းဟာ တည္ၾကည္တဲ့ေယာက္က်ားတစ္ေယာက္မို႔ ဦးႀကီးရဲ႕အကဲခတ္တဲ့အရွိန္အဝါေအာက္မွာမတြန့္ဆုတ္ေပ ။ ဒါက ဦးႀကီးတို႔အတြက္ နယ္ေျမ ျဖစ္ေပမယ့္ ခြန္စိုင္း အတြက္က ေနခ်င္စရာေကာင္းတဲ့ ေလ့လာေရးခရီးစဥ္ပဲမဟုတ္လား ။ ခြန္စိုင္းသူတို႔ကိုဒုကၡေပးဖို႔ေရာက္လာတာမွမဟုတ္တာ ဘာေၾကာင့္ ေၾကာက္ရမည္နည္း ။

" ဟုတ္ကဲ့ ကြၽန္ေတာ္ၾကားမိတာက ဒီကယားဘက္ရဲ႕မိုင္အကြာအေဝးတစ္ခုမွာ 'ဇမ္မထီဟန္' ၿမိဳ႕အေရွ႕ဘက္က လုံဝမ္ေက်း႐ြာအုပ္စု ရွိတယ္ဆိုလို႔ ကြၽန္ေတာ္အလည္ပတ္အေနနဲ႕ ေလ့လာေရးခရီးအျဖစ္သြားခ်င္လို႔ပါ၊ ဦးႀကီး လမ္းၫႊန္ေပးလို႔ ရမလားခင္ဗ် "

ခြန္စိုင္း ေျပာလိုက္တဲ့စကားေၾကာင့္ ဦးႀကီး မ်က္ႏွာမွာအံၾသမႈ႕တို႔ျဖတ္ေျပးကာ ခဲလက္စေဆးျပင္းလိပ္ရပ္တန႔္သြားသည္ ။

" လူေလး မင္းေျပာတာ လုံဝမ္႐ြာဆိုတာေသခ်ာလား? "

" ဗ်ာ ဟုတ္ကဲ့ေသခ်ာပါတယ္ "

" ၾကည့္ရတာ လူ​ေလးကရန္ကုန္သားဆိုေတာ့ အဲ့ဘက္နယ္ေျမကိုမသိတာျဖစ္ပါလိမ့္မယ္ "

" ဘာျဖစ္လို႔လဲဦးႀကီး "

ခြန္စိုင္း ေမးတာကို လြင္မိုးလဲစိတ္ဝင္စားသြားသည္ ။ ထိုအခါ ဦးႀကီးဟာ မီးေသသြားတဲ့ေဆးျပင္းလိပ္ႀကီးကို မီးညွိကာေသာက္ရင္း ၊

" လူေလးေျပာတဲ့ လုံဝမ္႐ြာဆိုတာ လူတိုင္းသြားလည္ပတ္လို႔ရတဲ့ေနရာတစ္ခုမဟုတ္ဘူး၊ ေျပာရရင္ အဲ့ဘက္မွာသူ႕အပိုင္စားနဲ႕သူရွိတယ္ ၊ အဓိက အဲ့နယ္ေျမရဲ႕ဘုရင္က စည္းကမ္းတင္းက်ပ္ၿပီး ေတာ္႐ုံအဖြဲ႕အစည္းေတြေတာင္ သူနဲ႕ထိပ္တိုက္ရင္မဆိုင္ရဲဘူးေလး၊ "

ဦးႀကီးေျပာလိုက္မွ ခြန္စိုင္းပိုလို႔စိတ္ဝင္စားသြားသည္။ အယ္ဒီတာကိုစိုးသန့္ေျပာျပထားပုံနဲ႕ထပ္တူညီေပမယ့္ ဒီေဒသခံဦးႀကီးကပါ ေျပာေနေတာ့ တကယ္ပင္နယ္ေျမၾကမ္းလြန္းေနတာျဖစ္မည္။ သို႔ေသာ္ အဲ့ဒီလုံဝမ္႐ြာရဲ႕ ဓေလ့နဲ႕ယဥ္ေက်းမႈ႕ေတြကအင္မတန္စိတ္ဝင္စားဖို႔ေကာင္းတယ္လို႔ၾကားဖူးတယ္ ။ အဲ့လိုလွ်ို႔ဝွက္ခ်က္ ရွိေလ ခြန္စိုင္း ပိုစိတ္ဝင္စားေလျဖစ္သည္ ။

" ဒီေခတ္မွာ ဘုရင္ ဆိုတာရွိေသးလို႔လား ဦးႀကီး"

" ဘုရင္ဆိုတာ ဦးေဆာင္သူကိုတင္စားတာပါ၊ ႐ြာရဲ႕အေခၚအေဝၚအရဘုရင္ေပါ့ ၊ မင္းတို႔ၿမိဳ႕အေခၚအေဝၚအရဆိုအုပ္ခ်ဳပ္ေရးေပါ့ေနာ့ ။ ဦးေဆာင္သူက အဲ့ေတာ႐ြာရဲ႕အေရးႀကီးလူတစ္ေယာက္အျပင္ ဒီျပည္နယ္မွာ ၾသဇာသက္ေရာက္တဲ့လူတစ္ေယာက္ပဲ ။ သူကလက္နက္ကိုင္တစ္ေယာက္ျဖစ္လို႔ၾကမ္းတမ္းတယ္၊ ဘုရင္တစ္ပါးလိုပဲ သူနယ္ေျမကိုထိခိုက္လာမယ့္ဘယ္သူမဆိုအျမစ္ျပတ္တဲ့အထိလက္မတို႔ပဲ သတ္နိုင္တယ္၊ "

" အာ အဲ့လိုလား ကြၽန္ေတာ္ကအဲ့လိုေတြမရွိေတာ့ဘူးထင္တာ "

" မထင္ေလနဲ႕လူေလး..အခုလက္ရွိ ဦးႀကီးကိုၾကည့္၊ ဒီနယ္တဝွက္မွာ ဦးႀကီးကဘုရင္ပဲ ၊ ဒါကတင္စားေခၚေဝၚတဲ့နာမ္စားေပမယ့္ ဘယ္သူမွထိရဲသူမရွိဘူးေရာ္ ၊ အဲ့လိုပဲ အဲ့ဘုရင္ပိုင္တဲ့နယ္ေျမမွာဆိုလဲ ဘယ္လိုလူမ်ိဳးမွအမွားမလုပ္ရဲဘူး၊ အခုလိုမတည္ၿငိမ္ေသးတဲ့အခ်ိန္မွာပိုဆိုးတာေပါ့ ၊ သူ႕နယ္ေျမရဲ႕ မိုင္အတြင္းနားထိ ဘယ္သူမွမက်ဴးေက်ာ္ရဲၾကဘူး "

လြင္မိုးက ဦးႀကီး ေျပာတာကိုနားေထာင္ၿပီး အံၾသလြန္းလို႔ပါးစပ္ပင္မစိနိုင္ေတာ့ေပ ။

" ကြၽန္ေတာ္အဲ့ဒီ့ကိုသြားခ်င္တယ္၊ ဦးႀကီး ကူညီေပးလို႔ရမလား "

" ဟာ ေဟ့ေကာင္ မင္းေသခ်င္လို႔လား၊ ဦးႀကီး
ေတာင္ၾကမ္းတယ္ေျပာေနရင္ငါတို႔သြားရင္ အေသခံသြားသလိုျဖစ္သြားမွာေပါ့ "

လြင္မိုး က ခြန္စိုင္းကိုအတင္းတားသည္ ။ ခြန္စိုင္း ကိုယ္တိုင္လဲေၾကာက္တတ္ေပမယ့္ ထိုသို႔ စူးစမ္းမႈ႕ေတြျပည့္ေနတဲ့ေနရာမ်ိဳးကိုေတာ့ တကယ္သြားခ်င္သည္ ။

" လူေလးကသတၱိခဲပဲ ၊ တကယ္လို႔လူေလးသြားခ်င္ရင္ ဦးႀကီးကူညီေပးနိုင္ပါတယ္၊ ဦးႀကီးနဲ႕ လုံဝမ္႐ြာရဲ႕ဦးေဆာင္သူက ကိစၥတစ္ခ်ိဳ႕လက္တြဲလုပ္ေနတာေရာ္ ၊ ဒါေပမယ့္ ဦးႀကီးအေနနဲ႕ကေတာ့မသြားဖို႔ေျပာခ်င္တယ္၊ ဒီက လူေလးပုံစံနဲ႕ဆို ေတာလမ္းတစ္ဝက္ေတာင္သြားနိုင္မွာမဟုတ္ဘူးပဲ၊ "

" အဲ့တာဆို အဆင္ေျပတာေပါ့ ျဖစ္နိုင္ရင္ ကြၽန္ေတာ္သြားခ်င္တယ္၊ လြင္မိုး မင္းေရာလိုက္မလား "

ခြန္စိုင္းသည္ သူ႕အားမသြားဖို႔အႀကံေပးေနတဲ့ ဦးႀကီးနဲ႕လက္မိုးစကားကိုမသိခ်င္ေယာင္ေဆာင္ကာ သူသြားလိုေၾကာင္းေျပာၿပီး လြင္မို႔အားအေဖာ္စပ္သည္။ လြင္မိုး က လိုက္ခ်င္ေသာ္လည္း သူ႕အေမကိုသုံးရက္သာ ခြင့္ေတာင္းထားတာေၾကာင့္ လိုက္ဖို႔ရာမျဖစ္နိုင္ေပ ။

" ငါလိုက္လို႔မရဘူးကြ အေမ့ကို သုံးရက္ပဲခြင့္ေတာင္းလာတာ၊ ေနာက္ၿပီး ငါ့အလုပ္ေတြလဲ က်န္ေသးတယ္ "

" အာ ဟုတ္တာပဲ၊ ကိစၥမရွိပါဘူး ငါလဲရက္နည္းနည္းေလာက္ပဲသြားၿပီး ျပန္လာမွာပါ "

ညွိႏွိုင္းမႈ႕ၿပီးသြားေတာ့ ဦးႀကီးကေျပာသည္။

" အိမ္း ေကာင္းၿပီေလ ဒီကလူေလးအဲ့ေလာက္သြားခ်င္ေနေတာ့လဲ ဦးႀကီး မတားေတာ့ပါဘူး၊ ဦးႀကီးေနာက္ရက္က် လူႀကံရွိရင္အသံႀကိဳေပးထားၿပီး.. လူေလးအတြက္ အဖ ဆီစာ အမွာပါးလိုက္မယ္၊ သူ႕ကိုျပၿပီး သူ႕ဆီတည္းခိုလို႔ရတယ္ေရာ္ ၊ "

" အာ ေက်းဇူးတင္ပါတယ္ဦးႀကီး "

" ကိစၥမရွိဘူး ၊ ကိစၥမရွိဘူး ၊ ကိုယ့္ေျမးသားေတြပဲ ၊ေနာက္ႏွစ္ရက္ေနရင္ တပ္သားတစ္ေယာက္ကိုလိုက္ပို႔ခိုင္းမယ္၊ ဒါေပမယ့္ ဦး​ႀကီးတို႔ဘက္ကတပ္သားေတြက အဲ့ဘက္ကိုသြားခြင့္မရွိလို႔ ၿမိဳ႕ႀကီးေက်ာ္တာနဲ႕ လူ​ေလးကို႐ြာစြန္အနားေလာက္ထိပဲပို႔ေပးလို႔ရမယ္ေနာ့ ၊ က်န္တဲ့ကိုယ့္အႏၲာရယ္ကိုယ္ၾကည့္ေရွာင္ေနာ့ ၊

" ဟုတ္ကဲ့ စိတ္ခ်ပါ ဦးႀကီး "

" အဲ့ဒါဆို အခုနားလိုက္ဦးေနာ့ "

ေျပာၿပီးသည္ႏွင့္ ဦးႀကီးသည္ ေနာက္ေဖး က အေဒၚ ကို ေခၚၿပီး ခြန္စိုင္း တို႔အခန္းကိုလိုက္ပို႔ကာအနားယူခိုင္းသည္ ။ ေရာင္နီလာမယ့္ေနာက္ႏွစ္ရက္အေက်ာ္အတြက္ ခြန္စိုင္းမွာ စိတ္လႈပ္ရွားၿပီး သေဘာတက်က်ျဖစ္လို႔ေနေတာ့သည္ ။

ထိုသို႔ႏွင့္ ခြန္စိုင္း နဲ႕ လြင္မိုး တို႔သည္ ဦးႀကီးအိမ္မွာေနတဲ့ ႏွစ္ရက္အတြင္း ႐ြာထဲက ထူးျခားတဲ့ေနရာတစ္ခ်ိဳ႕ကိုလည္ပတ္ကာအခ်ိန္ကုန္ဆုံးသည္။ အရာအားလုံးက ခြန္စိုင္းအတြက္အသစ္အဆန္းျဖစ္ေနတဲ့အတြက္ လုံဝမ္႐ြာမွာ ထပ္ျမင္ေတြ႕ရမယ့္ အရာေတြကို ပိုလို႔စိတ္ဝင္စားေနမိသည္။

႐ြာသူ႐ြာသားေတြေျပာပုံအရ လုံဝမ္႐ြာက လူေတြက အင္အားႀကီးတဲ့တပ္ႀကီးဦးေဆာင္သူရွိေနတဲ့အတြက္ ဒီနယ္ေျမ​ေတြထဲမွာေတာ့ ထိုဦးေဆာင္သူက အင္အားအႀကီးဆုံးလို႔ေျပာၾကသည္။ ေနာက္ၿပီး သူတို႔႐ြာဓေလ့နဲ႕ေပ်ာ္ပြဲ႐ြင္ပြဲေတြကလဲ အရမ္းေက်ာ္ၾကားတယ္ ဆိုသည္။ လုံဝမ္႐ြာ လို႔သာေခၚတာ တကယ္တမ္း ၿမိဳ႕ႀကီးတစ္ဝက္ေလာက္က်ယ္ၿပီး အိမ္ေျခမ်ားသည္ တဲ့ ။ ထို႔သို႔ သတင္းစကားေတြေၾကာင့္ ခြန္စိုင္းမွာ စိတ္ဝင္တစားျဖစ္ရသည္ ။

ထိုထဲမွာ ခြန္စိုင္း စိတ္ဝင္စားဆုံး လူကေတာ့ လုံဝမ္႐ြာရဲ႕ဦးေဆာင္သူျဖစ္သည္ ။

________________________________________

ဇာတ္လမ္းအစပိုင္းဆိုေတာ့ ရွင္ေလးတို႔ပ်င္းေနၿပီလား..အစပိုင္းဆိုေပမယ့္ ေနာက္အပိုင္းေတြမွာဆြဲေဆာင္မႈ႕ရွိေအာင္ေရးေပးမယ္ေနာ္ 💋

# VOTE & CM PLEASE 🤙
# 11 - Auguest - 2021 - 1 : 06 AM
# MOEWATHAN 📚🍀

________________________________________

Continue Reading

You'll Also Like

135K 18.5K 31
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ
1.3M 44.8K 61
Myanmar × BL Uni/Zaw [ 2 ] Warning..... Start Date: 29.9.2023 End Date: 20.11.2023 Photo Crd
292K 38.4K 29
Time based 1910s Burma ကို့ ကို ရူးတယ် လို့ပြောလည်း ကို ခံရမှာ ဘဲ သက်ဝေ မင်း မျက်တောင်ဖျားမှာ ငြိနေတဲ့ ကို့ အလွမ်းထုထည် ကိုမှ မင်းမမြင်တာ အိမ်မက်ထဲ...
395K 40.4K 46
အ​ေမွာင္​ထုသာ စိုးမိုးထားတဲ့ အျခားတစ္​ဖက္​မွာ .. ​ကြၽန္​​ေတာ္​က အလင္​း​ေရာင္​​ျဖာလင္​း​ေပးရမယ္​့ လမင္​း.. က်ိန္​စာလား လက္​​ေဆာင္​လား ?? ကြၽန္​​ေတာ္​...