This Mafia Fall In You [ ဒီမာ...
Par _ShoYo_61
486K 39.8K 2.8K
ရုတ်ရင့်ကြမ်းတမ်းတဲ့ Mafia တစ်ယောက် အချစ်မှာ နစ်မြောသွားတဲ့အခါ ...( OC မဟုတ်ပါ OTP fiction ပါ ) Warning - Sex... Plus
စာအမြည်း
အပိုင်း ၁
အပိုင်း ၂
အပိုင်း ၃
အပိုင်း ၅
အပိုင်း ၆
အပိုင်း ၇
အပိုင်း ၈
အပိုင်း ၉ ( Adult )
အပိုင်း ၁၀
အပိုင်း ၁၁
အပိုင်း ၁၂
အပိုင်း ၁၃ ( Adult )
အပိုင်း ၁၄
အပိုင်း ၁၅
အပိုင်း ၁၆
အပိုင်း ၁၇
အပိုင်း ၁၈ [ Adult ]
Bonus ( Gifts )
အပိုင်း ၁၉
အပိုင်း ၂၀
အပိုင်း ၂၁ [ Adult ]
အပိုင်း ၂၂
အပိုင်း ၂၃
အပိုင်း ၂၄
အပိုင်း ၂၅
အပိုင်း ၂၆
အပိုင်း ၂၇
အပိုင်း ၂၈
အပိုင်း ၂၉
အပိုင်း ၃၀
အပိုင်း ၃၁ [ Final ]
Book Announcement 1
အပိုင်း ၄ [ Adult ]
18.6K 1.4K 138
Par _ShoYo_61
အပိုင်း ၄ [ Unicode Version ]
Warning - Adult scene and some openly usage will be contained ❗
နောက်တစ်ကြိမ် ရေနွေးဇလုံလေးကို ကိုင်၍ ဝင်လာသော ကောင်လေးကို ကြည့်ရသည်မှာ သူကိုယ်တိုင်လည်း မျက်နှာသစ်လာပုံပေါ်သည် ။ ပိုမို ကြည်လင်ဝင်းမွတ်နေသော မျက်နှာလေးနှင့် စိုထိုင်းထိုင်းဖြစ်နေသော နဖူးစပ်နားမှ ဆံပင်စလေးတွေက သက်သေတည်နေသည် ။
" ဟို...ခင်များမျက်နှာပေါ်က ဒဏ်ရာတွေကိုပါ ဆေးထည့်ရဦးမှာမို့ "
ကြည့်ရသည်မှာ သူ့မျက်နှာကို သန့်ရှင်းပေးရန်အတွက် အကြောင်းပြချက်ပေးနေပုံပေါ်သည် ။ Chanyeol သည် ခပ်လျှောလျှော လက်နောက်ထောက်ကာထိုင်နေရင်းမှ ခါးကို ပြန်မတ်လိုက်ပြီး မျက်နှာကို ပင့်မော့ပေးလိုက်သည် ။
" လာလေ... လာလုပ်ပေးလှည့် "
ထိုအခါ ထိုကောင်လေးသည် ချောင်းလေးအသာဟန့်ရင်း အနားတွင် တင်ပျဥ်ခွေလေး ဝင်ထိုင်ကာ Chanyeol ၏ မျက်နှာထက်ကို ရေဆွတ်ကာ ညှစ်ထားသည့် တဘက်စလေး တင်လာလေသည်။
Chanyeol သည် မာဖီးယားဂိုဏ်း ခေါင်းဆောင် တစ်ယောက် ဖြစ်သည့်အလျှောက် အသားအရေက ထိုကောင်လေးလို ဖြူဖွေးချောမွတ်မနေပေ ။ အနည်းငယ် ညို၍ ကြမ်းသည် ။
ထို့ပြင် နှစ်ယောက်လုံး ထိုင်လိုက်ရသောအခါ မော့၍ သန့်ရှင်းပေးရသူက ဆရာဝန်လောင်း ပေါက်စလေး ဖြစ်သွား၍ သူကတော့ ခါးကိုကိုင်းကာ မျက်နှာကို အောက်ငုံ့ပေးထားရ၏ ။
ထို့ပြင် ရဲရဲတင်းတင်း မျက်ဝန်းစူးစူးတွေကလည်း တည့်တိုးကြီးကို Baekhyun မျက်နှာအစိတ်အပိုင်း တစ်ခုချင်းစီ အပေါ်ကျရောက်နေတာမို့ Baekhyun နေရခက်လှလေသည် ။
လှုပ်ခတ်နေသော ခပ်တိုတို မျက်တောင်ဖျားတို့က ပထမ Baekhyun မျက်ဝန်းတွေ ၊ နောက်ပြီး နှာတံစင်းစင်းလေးတွေကို အသေအချာကြည့်ရှုနေပုံပင် ။ နောက်တစ်ခါ ထိုလှုပ်ခတ်နေသော မျက်တောင်များက အောက်သို့ စင်းကျသွား၍ Baekhyun နှုတ်ခမ်းပေါ် တန်းတန်းမတ်မတ်ကို ကျရောက်သွား၏ ။ အသေအချာ စိုက်ကြည့်နေသည့်အပြင် မျက်နှာကလည်း ပြုံးမယောင်ဖြစ်နေသေးတာမို့ Baekhyun မှာ တံတွေး မမြိုချမိအောင် မနည်းထိန်းထားရလေသည် ။
ဒဏ်ရာကို ဆေးထည့်ပေးနေသော လက်များပင် နေရခက်မှုကြောင့် အနည်းငယ် တုန်ယင်ချင်နေလေပြီ ။
ပါးပြင်ပေါ်က ခြစ်ရာတစ်ခုကို နောက်ဆုံး Baekhyun ဆေးထည့်ပေးပြီးသည့်နောက်တွင်တော့ မျက်တောင်ဖျားတွေကို တုန်တုန်ယင်ယင်နှင့် ခပ်သိမ်း၍ မျက်လွှာချလိုက်ရတော့၏ ။
" ပြီးပြီ ။ အကယ်၍ ခင်များဗိုက်ဆာရင် ကျွန်တော် ဆန်ပြုတ်ပဲ ဖြစ်ဖြစ်.... အင့် "
မျက်လွှာချကာ ဆေးဘူးတွေသိမ်းရင်း စကားလမ်းကြောင်းလွှဲနေသော Baekhyun သည် ဆုံးအောင်ပြောခွင့်မရလိုက်ခင်မှာပဲ  ခါးသေးသေးလေးက သန်မာသော လက်ကြီးတစ်ဖက်နှင့် ပွေ့ဖက်ခြင်းအား ခံလိုက်ရလေသည် ။
ကြီးမားသော ခန္ဓာကိုယ်ကြီးသည် သူ့ကို အုပ်လုမတတ် ဖြစ်နေတာမို့ Baekhyun နောက်ကို လန်ကျမတတ် ဆုတ်ထားပြီး အထိတ်ထိတ် အလန့်လန့်နဲ့ မျက်တောင်များ တဖြတ်ဖြတ်ခတ်၍ တံတွေးများ မြိုချလိုက်ရ၏ ။
" ဘာ..ဘာ..ဘာလုပ်တာ "
Chanyeol သည် မိမိလက်ထဲကို ရောက်နေသော ယုန်ဖြူ သေးသေးလေးအား အရသာခံကာ ပြုံးကြည့်ရင်း ထူထဲနက်မှောင်နေသော မျက်ခုံးတစ်ဖက်ကို ပင့်ပြလိုက်သည် ။
" ဘာလုပ်မယ်ထင်လို့လဲ ? "
Baekhyun သည် မျက်နှာကို ဘေးဘက်သို့ လွှဲထားရင်း အဝတ်ကင်းမဲ့နေသော ရင်အုံကြီးကို မထိရဲ ထိရဲ တွန်း၍ ပြန်ဖြေလိုက်သည် ။
" ဒီ..ဒီလို မနောက်ပါနဲ့ ။
ကျွန်တော်.. ည..ညနေစာပြင်ရဦးမယ် "
Chanyeol သည် အထိတ်တလန့်ကြားထဲမှ ပါးပြင်ထက်တွင် မက်မွန်ရောင်လေး ယှက်ပြေးလာသော ကောင်လေးကြောင့် လွတ်နေသော လက်ဖဝါးတစ်ဖက်နှင့် ပါးလေးတစ်ဖက်ကို အုပ်ကိုင်၍ ဘေးဘက်လွှဲထားသော မျက်နှာလေးအား သူ့ကို တည့်တည့်ပြန်ကြည့်စေလိုက်၏ ။ တုန်လှုပ်နေသော မျက်ဝန်းလေးများသည် အဝိုင်းသား ။
" ကိုယ်က မာဖီးယားဂိုဏ်းခေါင်းဆောင် တစ်ယောက် !
Park Chanyeol လို့ခေါ်တယ် !
အဲ့တာမို့ ကိုယ့်ဘဝမှာ သူများကို ခွင့်တောင်းတဲ့ အလုပ်မျိုး တစ်ခါမှ မလုပ်ဖူးဘူး ။ ဒါပေမယ့် ဒီတစ်ခါတော့ ကိုယ် ပထမဆုံးအနေနဲ့ မင်းဆီမှာ ခွင့်တောင်းချင်တယ် ။
ကိုယ်မင်းကို နမ်းခွင့်ရှိမလား "
Baekhyun မျက်လုံးလေးများသည် ထိတ်လန့်မှုကြောင့် ပိုမို ဝိုင်းစက်သွားပြီး မျက်ခုံးလေးများ တဖြည်းဖြည်း မြင့်တက်လာသည် ။ အချိန်အတော်ကြာ Chanyeol ကို အဲ့လို တအံ့တသြ ကြည့်နေခဲ့ပြီး ဘာစကားတစ်ခွန်းမှ ထွက်မလာနိုင်ခဲ့ပေ ။
" မင်း မနှစ်မြို့ရင် ချက်ချင်း အကြောက်အကန် ငြင်းဆန်မယ်ဆိုတာ ကိုယ်ရော မင်းရော သိနေတယ်နော် ။ အဲ့တော့ ကိုယ်က မင်း ခွင့်ပြုတယ်လို့ပဲ ယူဆလိုက်တော့မယ် "
ထို့နောက်မှာတော့ Chanyeol သည် မျက်လုံးတွေကို မှေးမှိတ်ရင်း ခေါင်းကို စောင်းငဲ့လို့ ရှေ့က ယုန်သူငယ်လေးရဲ့ နှုတ်ခမ်းသေးသေးလေးကို ငုံထွေးလိုက်တော့၏ ။
တိုးကာ တိုးကာ အနမ်းခံရသော Baekhyun ၏ မျက်ဝန်းများသည် ထပ်တူ မှေးမှိတ်သွားပြီးနောက် လက်ဖဝါးဖွေးဖွေးလေး နှစ်ဖက်ကလည်း Chanyeol ၏ သန်မာသော ပုခုံးနှစ်ဖက်ပေါ်တွင် တင်လျှက် ရှိနေခဲ့သည် ။
Baekhyun မလိမ်တန်း ဝန်ခံရလျှင် အမှန်တကယ်ကို ထိုအနမ်းတွေ၏ စွဲ့ညှို့ချက်အောက် နှစ်မြောပါသွားရခြင်းပင် ။
Baekhyun ၏ ခန္ဓာကိုယ်သည် ယိုင်လဲကျမတတ် နောက်ကို ယိမ်းယိုင်လာပြီး အငမ်းမရစွာ တိုးတိုး၍ နမ်းနေသူ Chanyeol ကလည်း တစ်ကိုယ်လုံး ရှေ့သို့ တိုးလာခဲ့၏ ။
ယခုအခါ Baekhyun ၏ သေးငယ်လှသော ခြေတံလေး နှစ်ဖက်ကြားတွင် ကြံခိုင်သော Chanyeol ၏ ကိုယ်လုံးကြီးက ဒူးထောက်လျှက် နေရာယူထားပြီး အနေအထားက တစ်မျိုးတစ်ဖုံသို့ ဦးတည်တော့မလို ဖြစ်လာခဲ့သည် ။
အင်မတန်ကို အသက်ရှူရခက်ခဲသလို ခံစားလာရသည့် အချိန်မှာတော့ Baekhyun တစ်ဖက်လူ ပုခုံးပေါ်ထက်က မိမိလက်တွေကို အားပြုလို့ အနည်းငယ် တွန်းဖယ်လိုက်ပြီး အမောတကော အသက်ကို လုရှူလိုက်ရ၏ ။ ပက်လက်လန်ကျတော့မည့် သူအပေါ်ကို အုပ်မိုးလုမတတ် ဖြစ်နေသည့် လူ၏ မျက်နှာကို မော့ကြည့်လိုက်သော Baekhyun သည် နှုတ်ခမ်းလေးများ ပွင့်ဟလျှက် ရင်ဘတ်လေးကလည်း နိမ့်ချည်မြင့်ချည် ဖြစ်နေသည် ။
နံရံကို ထိကပ်လုမတတ် ဖြစ်နေသော Baekhyun သည် ခပ်ပြေပြေလေး ထောင်ထားသော ဒူးနှစ်ဖက်ကြားမှ မိမိ၏ လူငယ်သဘာဝ ပထမဆုံးအကြိမ် နစ်မြောမှုကြား ပေါက်ဖွားလာသည့် လိုအင်ဆန္ဒလေးကို ခံစားလိုက်ရသောအခါ မျက်ဝန်းလေးတွေ ပြူးကျယ်သွားရ၏ ။
ဖြန်းခနဲ ရဲတက်သွားသော မျက်နှာလေးကြောင့် Chanyeol အရိပ်အကဲ ဖမ်းမိစွာ အကြည့်တွေကို အောက်လျှောချလိုက်တော့ ဖုဖောင်းနေသည့် ဘောင်းဘီဂွကြား တစ်နေရာလေးအား မြင်လိုက်ရလေသည် ။
ဟ ! အထိအခိုက် လွယ်လိုက်တာ...
နမ်းရုံလေးနဲ့လား ?
Baekhyun သည် မိမိအရှေ့မှ လူကပါ မိမိ၏ လိုအင်ဆန္ဒကို တွေ့မြင်သွားသည်အား မြင်လိုက်ရသောအခါ အထိတ်တလန့်နှင့် လုပ်ဆောင်မိလိုက်သည်က ထိုလူ၏ မျက်ဝန်းများကို မိမိ လက်ဖဝါးလေးနှင့် ကမန်းကတမ်း အုပ်ကာ ပိတ်လိုက်ခြင်းပင် ။
Chanyeol ဆီမှ သဘောတကျ ရယ်သံသဲ့သဲ့သည် နီစွေးနေသော နှုတ်ခမ်းထူထူများကြားမှ ထွက်ပေါ်လာကာ မျက်ဝန်းတွေအပေါ် ပိတ်ဆို့ထားသော Baekhyun ၏ လက်ကလေးအား ဖယ်ကာ ဆုပ်ယူ၍ လက်ဖဝါးကို နင့်နင့်နဲနဲ နမ်းပြလိုက်သည် ။
ရှေ့မှ ယုန်သူငယ်လေးသည် ဝိုင်းစက်နေသော  မျက်ဝန်းလေးများဖြင့် အထိတ်တလန့် ကုပ်နေဆဲပင် ။
" လူတစ်ယောက်ကြောင့် ဖြစ်ဖူးတာ ပထမဆုံးအကြိမ်လား "
မဝံမရဲနှင့် ခေါင်းလေးကို မသိမသာ ငြိမ့်ပြလာ၏ ။
" ကိုယ်တော့ မင်းကြောင့် တကယ်ရူးသွားပြီထင်တယ် ။
အခုခေါင်းထဲမှာ ကိုယ်လုံးဝ မစဥ်းစားဖူးတာတွေအထိ လုပ်ပေးဖို့ တွေးမိနေတာ မင်းသိလား "
သိပ်အသိကြွယ်ပုံ မရသေးသော ယုန်ဖြူလေး၏ မျက်နှာထက်တွင် အနည်းငယ် အူတူတူ ရိပ်လေး ယှက်သန်းလာသည် အား မြင်လိုက်ရသည် ။ Chanyeol တစ်ချက် မဲ့ပြုံး ပြုံးလိုက်ပြီးနောက် ကိုယ်ကို နှိမ့်ချ၍ ဗိုက်ကလေးကို တိုးဝင်ကာ နမ်းလိုက်တော့၏ ။
ကိုယ်လုံးသေးသေးလေးသည် ချက်ချင်း တုန်တက်သွားပြီး Chanyeol ၏ ခေါင်းကို တွန်းဖယ်ဖို့ ကြိုးစားလာလေသည် ။
Chanyeol ကတော့ အပြတ်အသတ် အားအင်သာနေသည်ကို အခွင့်ကောင်းပြု၍ နည်းနည်းလေးတောင် ဖြုံခြင်းမရှိပဲ တီရှပ်ကလေးကို မတင်၍ ဝမ်းဗိုက်သား ဖြူအိအိလေးများ စိတ်တိုင်းကျ နမ်းရှိုက်နေလေ၏ ။
" မ..မလုပ် "
" မင်း ကြိုက်မှာ "
Chanyeol သည် ခပ်အောအော လေသံနှင့် ပြောပြီးသည့် နောက်တွင်တော့ ခါးသိမ်သိမ်လေးကို ထိန်းကိုင်၍ ဂျင်းပျော့ဘောင်းဘီ ပွပွလေးအား ဆွဲချွတ်လိုက်တော့သည် ။
" အင့်... အဲ့လိုမလုပ် "
သို့သော် Chanyeol ၏ အားအင်ကြီးမားမှုကြောင့် တားချိန်ပင်မရလိုက် ။ ဘောင်းဘီတိုလေးဟာ ခြေတံစင်းစင်းလေးတွေကနေ အလုံးစုံ ကျွတ်၍ ဘေးဘက်သို့ ပစ်ချထားခံလိုက်ရ၏ ။
ယခုအခါ Baekhyun ကိုယ်တွင်ရှိနေသည်က တီရှပ်ဖြူလေး တစ်ထည်ရယ် ၊ ခြေကျင်းဝတ် အထက်နားထိ ရှည်လျားတဲ့ ခြေအိတ်ဖြူလေးတွေရယ်ပဲ ဖြစ်သည် ။
ရှက်စိတ်၊ ထိတ်လန့်စိတ်တို့နှင့် အတူ Baekhyun မျက်နှာလေးရဲ၍ မျက်ဝန်းတွင်ပါ မျက်ရည်လေးများ စိမ့်ထွက်လာတော့၏ ။ 
ဖြူဖွေးဥ၍ ဝင်းမွတ်နေသော ခြေတံသွယ်သွယ်လေးများ လှစ်ဟလာသော အခါ Chanyeol အတွက်မူ ငုံ့မနမ်းပဲ မနေနိုင်တော့သည်အထိ ညှို့ယူခံလိုက်ရလေသည် ။ ပေါင်သားအိအိလေးများကို နှုတ်ခမ်းဖြင့် ပွတ်ဆွဲ၍ အသည်းယားစွာ ခပ်ဖွဖွ ကိုက်မိတော့ ချက်ချင်းကို ပန်းရင့်ရောင်လေး သန်းလျှက် နီရဲပါသွား၏ ။
ဘယ်လိုတောင် အထိမခံပဲ နူးညံ့လွန်းတဲ့ ကိုယ်လေးလဲ ။
" တော်...တော်တော့... ခင်များ "
မိမိ ဆံပင်တွေကြား လက်ထိုးသွင်း၍ တွန်းလာသောအခါ Chanyeol ခပ်စူးစူး အကြည့်တွေနှင့် မော့ကြည့်ရင်း ပြောလိုက်သည် ။
" အဓိကက အခုမှ စမှာလေ !
ကိုယ်က မင်းကောင်းဖို့ လုပ်ပေးမှာ "
Baekhyun ခေါင်းလေးကို ယမ်း၍ ငြင်းဆန်လိုက်သော်လည်း အရာမထင် ။ မိမိ၏ ထကြွနေသော လိုအင်ဆန္ဒမှာ ထိုလူ၏ ခံတွင်းထဲ ငုံထွေးခံလိုက်ရတော့သည် ။
ထူးခြားသော ခံစားချက်နှင့်အတူ Baekhyun အသံမထွက်မိအောင် မနည်းထိန်းထားလိုက်ရပြီး မေးတွေကို ပင့်မော့မိလိုက်၏ ။
ပူနွေးကြမ်းရှနေသော လျှာက သူ့ပြသနာကို ကောင်းကောင်းကို ​ဖြေရှင်းပေးနေပြီး Baekhyun တစ်ခါမှ မခံစားဖူးသော ခံစားချက်များကို ခန္ဓာကိုယ်နေရာအနှံ့မှာ ထွက်ပေါ်လာစေသည် ။
ရူးလောက်အောင် ကောင်းမွန်လှသည့် ခံစားချက်ပင် ။
Baekhyun မည်ကဲ့သို့ တွန်းလှန်နိုင်မည်နည်း ။
နားရွက်ဖျားတွေကနေစပြီး တစ်ကိုယ်လုံး အပူချိန်တွေ တစ်ဟုန်ထိုး မြင့်တက်လာသည့်အပြင် ဖော်ပြနိုင်စွမ်းမရှိအောင် ထူးဆန်းလွန်းသော ခံစားချက်တွေကြောင့် Baekhyun ခြေဖျားလေးများ ကွေးကုတ်ဝင်ကုန်၏ ။
" Umm... ဖယ်.. ဖယ်တော့ !
ကျွန်တော်...ကျွန်တော်...ပြီးတော့မယ် "
ကျောရိုးတစ်လျှောက်စိမ့်အေး၍ ကျက်သီးတဖြန်းဖြန်း ထသွားရချိန်တွင် Baekhyun အားသုံး၍ ထိုလူကို တွန်းဖယ်ထုတ်လိုက်သည် ။ ထိုလူကလည်း အလျှော့ပေး၍ ဖယ်ပေးလာသည်မို့ နှစ်ဦးသား ကင်းကင်းလွတ်လွတ်ကို ဖယ်ခွာသွား၏ ။
Baekhyun ၏ လိုအင်ဆန္ဒများသည် အလုံးစုံ ဖြေလျှော့ပြီးသွား၍ ကျေနပ်ခြင်းများက ကြမ်းပြင်ပေါ်တွင် တစ်စွန်းတစ်စ အကုန် ပြန့်ကျဲကုန်သည် ။
အားအင်တွေ ကုန်ခန်းသွားသကဲ့သို့ ညွတ်ကျသွားသော ခန္ဓာကိုယ်နဲ့အတူ Baekhyun မျက်လုံးတွေကို ခပ်မှေးမှေး ဖွင့်ဟ၍ မော့ကြည့်လိုက်တော့ သူ့ရှေ့တွင် ဒူးထောက်၍ ကိုယ်ကို မတ်ထိုင်ကာ အပေါ်စီးမှ ကြည့်နေသော ကြီးမားကျစ်လျစ်သည့် ကိုယ်ကြီးအား တွေ့လိုက်ရလေသည်။
အင်မတန်မှ ကျေနပ်နေသော မျက်နှာထားနှင့် အောက်နှုတ်ခမ်းကို လျှာဖြင့် သပ်လိုက်သော သူ ။ ဒုစရိုက်လောကသား မာဖီးယား ဂိုဏ်းခေါင်းဆောင် တစ်ယောက် ။
Baekhyun ဘာတွေများ လုပ်ခဲ့မိပြီလဲ ။ ခဏတာ ရင်ခုန် သဘောကျမိရုံလောက်နဲ့ မိမိခန္ဓာကိုယ်ကိုအထိ လိင်ပိုင်းဆိုင်ရာ အရ ထိတွေ့ခွင့်ပြုလိုက်မိပြီ ။ ဒီလိုလူတစ်ယောက်အတွက် သူက ခဏ အပျော်ရှာဖွေတဲ့ နေရာလေးအပြင် ဘာပိုလာမှာမို့လဲ ။
ရစ်သိုင်းလာသော မျက်ရည်ဥတွေနဲ့အတူ Baekhyun ခေါင်းလေးကို ငုံ့ချလိုက်သည် ။ ထို့နောက် စကား တစ်ခွန်းမှ မဆိုပဲ တိတ်တိတ်လေး ဘေးက ဘောင်းဘီကို ပြန်ဆွဲယူကာ ဝတ်လို့ မျက်နှာကို လုံးဝ ပြန်မမော့ပဲ ထရပ်လိုက်၏ ။
" ကျွန်တော် ညစာပြင်လိုက်ဦးမယ် "
ခေါင်းကို အဆုံးအစွန်ထိငုံ့ကာ တုန်ယင်ချင်နေသော ခပ်တိုးတိုး အသံလေးနှင့် အခန်းထဲက ထွက်သွားသော ကောင်လေးအား Chanyeol နားမလည်စွာ ငေးကြည့်မိသည် ။ တံခါးကို ဆွဲဖွင့်သောအချိန် မျက်ရည်များကိုလည်း လက်ခုံနှင့် ဆွဲပွတ်ကာ သုတ်သွားသေး၏ ။
ငိုသွားပြီလားဟ !
ငါ ဘာလုပ်လိုက်ရသေးလို့လဲ !
Chanyeol ဟာ ရယ်ရခက် ငိုရခက်နဲ့ပဲ ဆံပင်တွေကို လှန်သပ်တင်လိုက်ရတော့သည် ။ ဒီ ကလေးမကျ လူကြီးမကျ အရွယ်လေးနဲ့တော့ ဒုက္ခပါပဲ ။
_____________________________
" ဟုတ်လား... ဘာတွေတွေးပြီး ငိုသွားတာလဲ
ကိုယ်မင်းကို နာအောင်တောင် မလုပ်ရသေးဘူးလေ "
တစ်ခုံတည်းရှိတဲ့ ညနေစာ စားပွဲဝိုင်းပုပုလေးထက်မှာ နှစ်ယောက်စာ ဟင်းပွဲလေးအချို့တင်ထားရင်း ညနေစာ စားဖို့ ပြင်နေပေမယ့် Chanyeol ကတော့ ထိုကောင်လေးကို စနောက်ဖို့အရေးပဲ အားသန်နေသည် ။
" ညနေစာ စားပါ ။
ဒဏ်ရာ ရထားတယ် မဟုတ်ဘူးလား "
ကြက်ဥလိပ်လေး တစ်ခုကို ယူစားပြီး ပါးဖောင်းဖောင်းလေးနှင့် ဝါးနေသော ထိုကောင်လေးသည် ညနေစာကိုသာ စိတ်နှစ်ထားပုံပေါ်ပြီး သူ့နှင့်အတူ စနောက်နေရန် စိတ်မပါသည့်ပုံပင် ။ အနည်းငယ် ရဲနေသော မျက်ခမ်းစပ်လေးတွေက ငိုထားမှန်း သိသာ၏ ။
" ဒဏ်ရာက မင်းကုပေးလို့ ကောင်းသွားပြီလေ "
" တော်သေးတာပေါ့ ။ ဒါဆို မနက်ဖြန်ကောင်းသွားရင် ခင်များ ပြန်လို့ရပြီ ။ ဒီတစ်ညတော့ ဒီမှာ အိပ်ဖို့ ကျွန်တော် ခွင့်ပြုပေးမယ် "
သည်တစ်ခါတော့ Chanyeol မျက်ခုံးတွေကို တွန့်ချိုး၍ ထို ကောင်လေးရဲ့ ဘေးကို တမင်တိုးကပ်လို့ မျက်နှာနား နီးနီးလေးကနေ စိုက်ကြည့်နေလိုက်သည် ။ ထိုအခါ စိတ်မကြည်ဟန်လေးနှင့် Chanyeol နှင့်ဝေးရာကို ရွှေ့ဖို့ပြင်၏ ။ Chanyeol ထို ကိုယ်လေးကို လက်တစ်ဖက်နှင့် ခါးမှ လှမ်းဖမ်းဆွဲထားလိုက်သည်။
" ဘာလို့ ထပ်မပတ်သတ်ရမယ့် လူတွေလို ပြောနေတာလဲ ?
မဟုတ်မှလွဲရော ကိုယ့်ကို အပျော်ကြံတာလား ? "
ထိုအခါ မျက်လုံး ဝိုင်းဝိုင်းလေးတွေက သူ့ထံသို့ တန်းတန်းမတ်မတ် ပြန်လည်ရောက်ရှိ လာလေသည် ။
" ခင်များ..ခင်များက မာဖီးယားဆို .. "
" အင်းလေ "
" ဒါဆို အပျော်ကြံတာက ခင်များမဟုတ်ဘူးလား ။
တစ်ညလေး ဝင်တည်းခိုရတာမှာ ကျွန်တော့်ကို အပျော်သဘော နမ်းသွားတာလေ ။ အဲ့ဒါပြီး မနက်ကျရင် ခင်များက ထွက်သွားတော့မှာ "
ထိုအခါ Chanyeol သည် သဘောတကျ ခေါင်းငုံ့ကာ ရယ်လိုက်ပြီး ထိုမျက်နှာကြည်ကြည်လေးကို ပြန်မော့ကြည့်လိုက်၏ ။
" မနက်ကျ ထွက်သွားရမှာကတော့ မှန်ပါတယ်လေ ။
ဂိုဏ်းကို ပြန်ပြီး စီစဥ်စရာရှိတာတွေ စီစဥ်ရဦးမယ် ။
ဒါပေမယ့် ပြန်လာလို့ မရအောင် ကိုယ်က ဝရမ်းပြေးလည်း မဟုတ်ဘူးလေကွာ "
ထိုစကားကိုကြားတော့ သူနှင့် အကြည့်ချင်းဆုံနေသော မျက်ဝန်းကလေးတွင် ခန့်မှန်းရခက်သော ခံစားချက်အရိပ်လေးတစ်ခု ဖြတ်ပြေးသွားသည် ။
" မင်း ကိုယ်နဲ့တွဲမယ်မလား "
ထိုစကားကို ကြားရသောအခါ Baekhyun မျက်တောင်လေးများ ပုတ်ခတ် ပုတ်ခတ် ဖြစ်ကုန်၏ ။
" မင်းတော့မသိဘူး ကိုယ်ကတော့ နစ်နာသူမို့ တွဲရမှကို ဖြစ်မယ်။ ကိုယ်က လူတကာဆီမှာ အနမ်းခံနေတဲ့ လူလည်း မဟုတ်ဘူး ၊ စျေးကြီးတယ် ၊ အခုတော့ နမ်းရုံအဆင့်ထက်တောင် ပိုပတ်သတ်ပြီးပြီမို့ မင်းကိုယ့်ကို တာဝန်ယူမှကို ဖြစ်​တော့မယ် "
ဆက်တိုက်ပြောသွားတဲ့ စကားတွေကြား Baekhyun ဟာ ပါးစပ်လေး အဟောင်းသားနဲ့ ဘာပြန်ပြောရမှန်းတောင် မသိဘူး။
Chanyeol ကတော့ အံ့သြနေတဲ့ မျက်နှာအမူအရာလေးကို အသည်းယားလွန်းသဖြင့် ပါးပြင်လေးကို ခပ်ဖွဖွ ထိရုံလေး နမ်းရှိုက်လိုက်သည် ။ Baekhyun မျက်နှာထက်၌ အပြုံးရ်ိပ်လေး နည်းနည်းစွန်းကုန်၏ ။
" ချစ်မိတယ်..မင်းကို "
______________________________
အပိုင်း ၄ [ Zawgyi Version ]
" လာလေ... လာလုပ်ပေးလှည့် "
" ဘာ..ဘာ..ဘာလုပ်တာ "
" ဘာလုပ်မယ်ထင်လို့လဲ ? "
" ဒီ..ဒီလို မနောက်ပါနဲ့ ။
နမ်းရုံလေးနဲ့လား ?
" မ..မလုပ် "
" မင်း ကြိုက်မှာ "
" အင့်... အဲ့လိုမလုပ် "
" တော်...တော်တော့... ခင်များ "
" အဓိကက အခုမှ စမှာလေ !
" Umm... ဖယ်.. ဖယ်တော့ !
ငိုသွားပြီလားဟ !
_____________________________
" ညနေစာ စားပါ ။
" အင်းလေ "
" ချစ်မိတယ်..မင်းကို "
______________________________
Continuer la Lecture
Vous Aimerez Aussi
251K 40.4K 103
I am the father of villain Author Lin Ang Si ရဲ့ novel လေးပါ ???? All credit to Original author and E-Translators .
10.1K 622 31
​နေကြာပန်း​လေး​တွေကသူနဲ့တူလို့မြတ်​နိုးရပါသည်​ဆိုတဲ့ohsehunလို​ခေါ်တဲ့​ကောင်​​လေးတစ်​​ယောက်​ရယ်​ Oh Sehun​လေးချစ်​ရတဲ့Pack Chanyeolလို့​ခေါ်တဲ့​နေမင်...
431K 16.3K 44
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...
286K 18.3K 25
မ roလိုက်ရတဲ့ Anniversaries များနှင့် ရည်းစားမဖြစ်သေးသော နေ့စွဲများ ၊၊ BD present for မီးငယ်လေး♥ မ roလိုကျရတဲ့ Anniversaries များနှင့် ရည်းစားမဖြစ်သေ...