ကလောရဲ့ဟေမန်ဆောင်းက သိပ်ကို ချမ်းအေးလွန်းသည်။ ပတ်ဝန်းကျင်တခွင် နှင်းမြူတွေ ရစ်သိုင်းခြုံနေတာကြောင့် မြင်ကွင်းသည်လည်း အဖြူရောင်ပိတ်ကားသာ ။ အညိုရောင်ဆွယ်တာခေါင်းစွပ်လေးက အအေးဓာတ်ကို မခုခံနိုင်တာမို့ အမဲရောင် ဂျာကင်အနွေးထည်လေးကိုပါ အားကိုးထားရသည်။ ဒါတောင် အနွေးဓာတ်ကို မခံစားမိ ။ ဒီလို ဖက်ရှင်မျိုးက ချမ်းအေးလွန်းတဲ့ ရှမ်းမြို့လေးကို ရောက်တုန်းလေးသာ ဝတ်ပြလို့ရသည်မလား။
မျက်တောင်တစ်ချက်ခတ်လိုက်ရင် မျက်တောင်ပေါ်မှာ လာတင်နေတဲ့ မြူနှင်းမှုန်လေးတွေကြောင့် အစိုဓာတ်လေးကို ခံစားမိရပြန်သည်။ အသက်ကို ပျင်းပျင်းရှူလိုက်ကာ ပါးစပ်ကနေ လေတွေ မှုတ်ထုတ်တော့ ထွက်လာတာက အခိုးအငွေ့တွေ။ ပါးစပ်ထဲ အငွေ့တွေ ထွက်လာတာကို ဝန်း သိပ်သဘောကျတာကြောင့် ပါးစပ်ကို ဟ ကာ ခနခန တ ဟား ဟား နဲ့ လေတွေမှုတ်ထုတ်နေမိသည်။ ရန်ကုန်မှာက အငွေ့မပြောနဲ့ ရာသီဥတုကတောင် အရမ်းအေးစိမ့်နေတာမျိုး မကြုံရဘူးလေ။ လက်ဖျားတွေက အအေးဒဏ်ကြောင့် ထုံကျင်နေပြီး နီရဲနေပေမယ့်လည်း ဒီဆောင်းကို ဝန်း သဘောကျသည်။
အသက်တွေ ကြီးလာရင် အစ်ကို့ရဲ့ ဇာတိမြို့လေး တောင်ကြီးမှာ အစ်ကိုနဲ့အတူ အခြေချနေချင်သည်။ ဒီနေ့လည်း အစ်ကို့ကို သိပ်လွမ်းပြန်သည်။
" ကိုကို "
အသံလာရာကို ကြည့်မိတော့ အဖြူရောင်ဆွယ်တာလေးကို အောက်ခံထားလို့ အပြာနုရောင် ကုတ်အင်္ကျီအရှည်ကို တွဲဖက်ဝတ်ဆင်ထား တဲ့ လွှား ။ အဖြူရောင် ဂျင်းဘောင်းဘီ နဲ့ လိုက်ဖက်စွာ ဖြူစွတ်ဖွေးသန့်နေသည်။ မာဖလာ အဖြူရောင်လေးကလည်း လည်တိုင်
မြင့်မြင့်ကို အနွေးဓာတ်ပေးနေသည်မှာ နေရာတကျ။
" ပြီးပြီလား "
ဒီနေ့ ရိုက်ကွင်းတည်ထားတဲ့ အောင်ပန်းမြို့လေးဆီကို ထုံးစံအတိုင်း လွှား နဲ့ အတူ သွားရမည်။ ရှက်တတ်လွန်းတဲ့ လွှားက ကိုယ့်ရှေ့မှာဆို အဝတ်အစားဝတ်ဆင်ရမှာပင် မရဲတာကြောင့် အပြင်ထွက်ကာ ရှောင်ပေးရသေးသည်။
ခရီးမဆန့်ခင် မနက်စာကို ဟိုတယ်မှာပဲ စားဖြစ်သည်။ ဝန်းက ရှမ်းခေါက်ဆွဲ ကို မှာစားပြီး လွှား တိုဟူးနွေး ကို မှာစားသည်။ ဝန်း က ရန်ကုန်သားဆိုပေမယ့် စီးပိုင်တဲ့ အစားအစာတွေကို ကြိုက်သည်။ ရှမ်းဆန်စီးစီးလေးတွေကိုဆို ဝန်း ဘယ်လောက်စားစား မဝနိုင်ဘူး။
ဝန်း တို့မှာထားတဲ့ အစားအစာတွေသာ မက ခေါပုပ်ကြော် ၊ ငါးထမင်းနယ် ၊ ဟင်းထုပ် ၊ ထမင်းဝါ ၊ ဝက်သားချဥ် ၊ အမဲချဥ် စသည့် ဒေသအစားအစာတွေကိုပါ တည်ခင်းပေးသည်။ ထိုအစားအစာတွေရဲ့ တွဲဖက် ဆီချက်မွှေးမွှေးလေးရယ် ၊ ဂျူးမြစ် ရယ် ၊ ဝက်ခေါက်ရယ်၊ ရှမ်းမုန့်ညှင်းချဥ် တွေက မပါမဖြစ်ပေါ့။ အကုန်လုံးကို ကုန်အောင် မစားနိုင်ပေမယ့် အမျိုးစုံအောင်တော့ ဟိုနည်းနည်း ဒီနည်းနည်း ယူစားမိသည်။ ဗိုက်ပြည့်နေသော်လည်း စားချင်စိတ်က တဖွဖွ ။ ရှမ်းအစားအစာတွေရဲ့ အရသာက ပြောမပြတတ်အောင်ပင်။ အစ်ကို လုပ်ကျွေးတဲ့ ရှမ်းစာလေးတွေက စားလို့ အကောင်းဆုံးနဲ့ အရသာအရှိဆုံးပေါ့လေ ။ အစ်ကိုရော အစ်ကို့ဇာတိလေးကို လွမ်းနေမှာပဲနော်။
တစ်လုတ်ပြီးတစ်လုတ် ခေါင်းမဖော်တမ်း မြိန်မြိန်မြိုင်မြိုင် စားနေတဲ့ လွှားကို ကြည့်မိတော့ ဝန်း ပြုံးမိသည်။
" စားရတာ အဆင်ပြေလား လွှား "
လွှား ပါးစပ်သေးသေးလေးက အစားကိုသာ ဦးစားပေးထားတာမို့ နှုတ်ခမ်းဖျားက စကားပြောဖို့ရာ မလွယ်ကူတော့ ခေါင်း တဆတ်ဆတ်ငြိမ့်ပြကာ လက်မလေး ထောင်ပြသည်။လောဘတကြီး စားနေတာကြောင့် ပါးမို့မို့လေးက ဖောင်းတက်နေသည်မှာ ချစ်စရာ ။
"ဖြေးဖြေးစား ရေနွေကြမ်းလေး သောက်ဦး လွှား စားပြီးမှ သွားမှာ "
လက်ဖက်ခြောက်အနံ့လေး သင်းနေတဲ့ ရေနွေးကြမ်း တစ်ခွက် ငှဲ့ကာ ပေးတော့ ဟီး ခနဲ ရယ်ပြကာ တဖူးဖူး မှုတ်သောက်သည်။
အမှန်တော့ ဒေသစျေးထဲက ရှမ်းအစားအစာ ဆိုင်လေးတွေမှာ ထိုင်ပြီး စားရင် ပိုပြီး အရသာရှိသည်။ အစ်ကို နဲ့သာဆိုရင် နှစ်ဦးသား စျေးပတ်ပြီး လျှောက်စားကြမှာ မလွဲပေ။
ကလော ကနေ အောင်ပန်း ကို ကူးတဲ့ ခရီးတိုလေးဟာ အချိန်ခဏတာလေး ဆိုပေမယ့် လမ်းတလျှောက် မြင်ကွင်းတွေက ရှုမဝမို့ ဘေးက လွှားပေါက် တစ်ယောက်က တငေးငေးမောမော နဲ့ လိုက်ပါလာသည်။ သိပ်ကိုလှလွန်းတဲ့ပန်းရောင်ဖွင့်ဖတ်လေးတွေနဲ့ ဝေဆာနေတဲ့ ချယ်ရီပင်တန်းကြီးကို မြင်တော့ ဖုန်းကင်မရာကို ဖွင့်ပြီး မရမက မှတ်တမ်းယူသေးတာ။
ခေါင်းမှာ တဘတ်ခေါင်းပေါင်း ပေါင်းထားပြီး အမဲရောင်ဝတ်စုံကို ဆင်မြန်းထားတဲ့ လူတစ်စု မြင်တော့ လက်ကလေးနဲ့ ညွှန်ပြကာ
" သူတို့တွေက ဆင်တူဘာလို့ ဝတ်ထားလဲ မသိဘူးနော် ကိုကို "
" အဲ့ဒါ ပအိုဝ့် တိုင်းရင်းသားတွေ လွှား ရဲ့ သူတို့ရဲ့ ရိုးရာဝတ်စုံကို ဝတ်ထားကြတာ သူတို့က ရိုးရာဝတ်စုံပဲ အဝတ်များကြတာ "
လွှား သိထားတာထက် တိုင်းရင်းသားမျိုးနွယ်တွေက အများကြီးထပ်ရှိသေးတာပဲ။ ကိုကိုတောင်မှ တိုင်းရင်းသားတွေ အကုန်လုံးကို မသိဘူးတဲ့။ မနက်က ဟိုတယ်ဝန်ထမ်း အကိုတစ်ယောက်ရဲ့ အသံက တစ်မျိုးလေးဝဲနေတာမို့ မေးကြည့်ပြန်တော့ သူက အင်းသားလို့ပြောတယ်။အင်းလေး ဇာတိ တဲ့။ သူ့မြို့လေးအကြောင်းနားထောင်မိပြန်တော့ အထူးအဆန်း။ ခြေထောက်နဲ့လှော်ခတ်ကာ လှေလှော်
ပြိုင်ပွဲတွေ ကျင်းပတဲ့ အင်းလေးကို အရောက်သွားချင်မိပြန်သည်။
" ပအိုဝ့်တိုင်းရင်းသားတဲ့လား လွှား မကြားဖူးသေးဘူး ဖေကြီး နဲ့ ဖေဖေက မပြောပြဖူးလို့ "
" အရမ်းရိုးသားကြတယ် "
ကိုကိုက ပြုံးကာပြောတော့ ကိုကို့အပြုံးကို ငေးမောရင်း ထောက်ခံမိသည်။
" ဟုတ်မှာ သူတို့က စကားလည်းမပြောဘူး တန်းစီပြီး လမ်းလျှောက်နေကြတာ ချစ်စရာလေးတွေနော် "
စီစီညီညီတန်းစီကာ လမ်းလျှောက်နေကြတာကလည်း လွှား အတွက် အဆန်းပင်။
" ဖေဖေဆို သိပ်သဘောကျမှာ "
တနေ့နေ့မှာတော့ ဖေကြီး နဲ့ ဖေဖေကို မြန်မာပြည် ကို ပြန်လာပြီး အလွမ်းတွေဖြေခိုင်းချင်သေးသည်။
" ပလိုင်းလေးတွေနဲ့ စျေးဝယ်ကြတာ ထင်တယ်နော် "
" ဒီဘက်က ပလိုင်းလေးတွေ သုံးတာ များတယ် လက်ဖက်ခူးရင်လည်း ပလိုင်းလေးတွေ လွယ်လို့ "
" လွှားလည်း လက်ဖက်ခူးကြည့်ချင်တယ် "
ကိုကိုက မျက်ခုံးလေးပင့်ကာ ပြုံးရင်း ခေါင်းငြိမ့်ပြသည်။ ဘာစကားမှတော့ မဆိုလာတော့။
သိပ်လှတဲ့ ထင်ရှူးတောတန်းကြီးတွေ ၊ တောကုန်းပြေပြေလေးတွေ ၊ စတော်ဘယ်ရီ စိုက်ခင်းတွေ၊ စိမ်းစိုနေတဲ့ လယ်ယာစိုက်ခင်းတွေက အကြိမ်ကြိမ်ကြည့်တိုင်း အကြိမ်ကြိမ်ရင်သပ်ရှူမောဖွယ်ရာပင်။ လောကကြီးရဲ့ အလှတရားတွေကို ပိုပြီး ပြီးပြည့်စုံအောင်လုပ်ပေးနေတဲ့ သဘာဝရှူခင်းလေးတွေကို မြင်ချင်တယ်ဆိုရင် မောရှမ်းတို့ဋ္ဌာနေကို အလည်သွားကြဖို့ တိုက်တွန်းချင်သည်။
ငေးလို့မဝသေးခင်မှာပဲ ရိုက်ကွင်းတည်နေရာလေးကို လွှား တို့ ရောက်လာခဲ့သည်။ လှေကားထစ်စိုက်ပျိုးနည်းနဲ့ စိုက်ပျိုးထားတဲ့ လက်ဖက်ခင်းကြီးက မျက်စိရှေ့မှာ စိမ်းဖန့်ဖန့်နဲ့ တောအုပ်လေးပမာ ။ ဘယ်ရောက်ရောက် အကြည့်မလွှဲနိုင်တဲ့ ဒီမြေ ဒီရေ ကိုတော့ လွှား ရူးသွပ်နေမိပြီ။ မြန်မာပြည်ကြီးက သိပ်လှတာပဲ။ သိပ်လှတာပဲ ဆိုတဲ့ စကားလုံးကို ဒီနေ့တနေ့ထဲမှာပင် မရေတွက်နိုင်အောင် ခနတိုင်း ပြောပြီးနေပြီ။
လက်ဖက်ခြံထဲမှာ ရိုက်ရမယ့် အခန်းက ပတ်ဝန်းကျင်နဲ့ အပြိုင် Romantic ဆန်သည်။ အဖွဲ့သားတွေ အကုန်လုံးက အရင်ရောက်နှင့်နေပြီး လွှားတို့ကို စောင့်နေသည်။ ဒီဇိုင်နာအဖွဲ့က စီစဥ်ပေးတဲ့ ဇာတ်ဝင်ခန်းနဲ့ ကိုက်ညီသည့် အဝတ်အစားတွေကို အမြန် လှဲလိုက်ကာ သရုပ်ဆောင်ဖို့ရာ ပြင်ဆင်ရသည်။
စတင်ပြီး မရိုက်ကူးခင် ဒါရိုက်တာက သူလိုချင်တဲ့ ပုံစံကို ပြောသည်။ Dialogue တွေကို ချပေးကာ Mood သွင်းပေးသည်။ ကိုကို နဲ့ လွှား နဲ့ ညတုန်းက ပြောကျင့်ကြသေးတယ်။ ပေါ့ပေါ့ပါးပါးပါပဲ ။ ဒါပေမယ့် အခုတော့ မပေါ့ပါးတော့ဘူး ထင်တယ် ။
ဒါရိုက်တာရဲ့ တောင်းဆိုမှုအပြီးမှာ တွေဝေသွားတဲ့ ကိုကို့ ကြောင့် လွှား အားနာမိသည်။ ကိုကို အဆင်မပြေဘူးဆိုရင် လွှားလည်း အဆင်မပြေဘူး။ ကိုကို ငြင်းပယ်ချင်တယ်ဆိုရင် လွှားလည်း ငြင်းပယ်မယ်။
" ကိုကို အဆင်မပြေရင် မလုပ်လည်း ရတယ် "
" လွှား မလုပ်ချင်ဘူးလို့ ပြောလိုက်မယ် "
ရိုက်ခါနီးအထိကို ကိုကို့မျက်နှာ မသာမယာ ဖြစ်နေတာကြောင့် ဒီ scene ကို
ကိုကို့အစား လွှား ငြင်းပေးချင်သည်။
ကိုကိုက လွှားကို မထိတွေ့ချင်ဘူး ထင်ပါတယ်။
" ကိုယ်တို့ တစ်ခါထဲနဲ့ အပြီးသတ်လိုက်ကြတာ ပေါ့ "
ကိုကိုက လွှားကိုများ အားနာသွားသည်လားမသိ အသက်မပါတဲ့ အပြုံးဖျော့ဖျော့လေးနဲ့ ပြောလာသည်။
" ကိုကို အဆင်ပြေရဲ့လား "
" ကိုယ်တို့က အနုပညာသမားတွေလေ "
ဟုတ်တာပေါ့။ အနုပညာသမားဆိုတာ ကျရာဇာတ်ရုပ်ကို ပီပြင်အောင် အကောင်အထည်ဖော်ရမှာပဲလေ။ အင်း... အနုပညာသမားတွေမို့လို့ ။
" ချိန်း နဲ့ လွှား "
ဒါရိုက်တာကြီးဆီ နှစ်ယောက်လုံး အကြည့်ပို့ကြတော့ ပြုံးတုံ့တုံ့မျက်နှာထားနဲ့ ဒါရိုက်တာကြီးက
" ထိရုံပဲမလုပ်နဲ့နော် ချိုချိုမြိန်မြိန် နဲ့ ကြည်ကြည်နူးနူးလေး ဖြစ်အောင် အနမ်းတွေ ခြွေပေးနော် " တဲ့။
ဒါရိုက်တာကြီး စကားကြောင့် လွှား တစ်ကိုယ်လုံး အေးစက်တောင့်တင်းသွားသည်။ အမှန်အတိုင်းပြောရရင် လွှား စိတ်လှုပ်ရှားနေတယ် ။ ရင်လည်းခုန်နေသလိုပဲ။ အနောက်တိုင်းနိုင်ငံက လာတဲ့ လွှားအတွက် အနမ်းပေးတာဟာ သာမန်ရိုးကျ အပြုအမူဆိုပေမယ့် လွှား ကိုယ်တိုင်က တစ်ခါမှ ဘယ်သူနဲ့မှ နမ်းခဲ့တာမျိုးမရှိဘူး။ ဒါက လွှားရဲ့ပထမဆုံးအကြိမ် ၊ ပထမဆုံး အနမ်း ။ ပြီးတော့ ကိုကိုနဲ့....။ အနမ်းခြွေတာဟာ ချိုမြိန်ခြင်းလား ။
အကြင်နာပေးတဲ့ အခန်းတွေက ဝန်းနဲ့ရင်းနှီးနေနှင့်ပြီးသား။ဇာတ်ကားတိုင်း လိုလိုမှာ အကြင်နာပေးတဲ့ အခန်းကို သရုပ်ဆောင်ခဲ့ရတယ်။ ဒါပေမယ့် အဲ့ဒါက အတုအယောင်တွေ ။ အခုက အနမ်းအစစ်ကို လိုချင်တာတဲ့ ။
အစ်ကို...။ အစ်ကိုက သဘောကျမှာ မဟုတ်ဘူး ။ ဝန်းလည်း သဘောမကျဘူး ။ ဝန်း ရဲ့ နှုတ်ခမ်းက အစ်ကို့ နှုတ်ခမ်းပါးကိုပဲ ထိတွေ့ချင်တာ ။ အစ်ကို့ကိုပဲ အကြင်နာတွေ ပေးချင်တာ ။ အလုပ်ဆိုပေမယ့်လည်း ဝန်း တကယ် လွှား ကို မနမ်းချင်ဘူး ။ လွှား ဖြစ်လို့မဟုတ်ဘူး အစ်ကိုမဟုတ်လို့ ။ ဒီအခန်းတွေကို အစ်ကို့ကြည့်မိရင် အစ်ကို စိတ်ထဲ အဆင်ပြေမှာမဟုတ်ဘူး ။
တဖက်က လွှား ကို ကြည့်ပြန်တော့ မျက်တောင်လေး တခတ်ခတ်နဲ့ လူကိုကြည့်နေသည်။ အလုပ်ပဲလေ ။ ဟုတ်တယ် လုပ်ရမှာပေါ့ ။
ရိုက်ကွင်းတစ်ခုလုံးရဲ့ အသဲတယားယား အော်သံတွေကြားမှာ အနမ်းအရှည်ကြီး တစ်ခုကို နူးနူးညံ့ညံ့ ပုံဖော်နေတဲ့ ကောင်လေးနှစ်ယောက်ရဲ့ ပုံရိပ်တွေဟာ ဖန်သားပြင်ပေါ် ရောက်လာခဲ့ရင်လည်း shipper လူတန်းစားတို့ရဲ့ တခဲနက် ဝန်းရံခြင်းကို ရရှိဦးမှာ အသေအချာပင်။
.
အခန်းငယ်လေးက တိတ်ဆိတ်စွာ။ဝန်း ပြန်လာလို့ အခန်းမှာ ဖုန်တွေတင်နေရင် ကလေး စိတ်ညစ်ညူးမည် စိုးတာကြောင့် တစ်ပတ်တစ်ခါ ဝန်း အခန်းကို လာရှင်းပေးဖြစ်သည်။ ဝန်း မရှိတာကြောင့် မလာချင်ပေမယ့်လည်း ဝန်းအသုံးအဆောင်လေးတွေဆီကနေ ဝန်းရဲ့ အငွေ့အသက်လေးကို ခံစားရနေတာကိုပဲ ကျေနပ်ရပြန်သည်။
ဧည့်စားပွဲပေါ်က နေကြာပန်းလေးတွေဟာလည်း အတုတန်မဲ့ ညိုးငယ်နေရှာသည်။ သူတို့လည်း ဝန်း ကို လွမ်းနေတယ် ထင်ပါရဲ့။
မနက်ဖြန် ရိုက်ကူးရေး ရှိတာကြောင့် ဒီနေ့အပြီး ရှင်းကာ အိမ်ပြန်ရမည်။ ခါတိုင်းလိုတော့ ဝန်း အိပ်ယာပေါ်မှာ အိပ်သွားလို့မရတော့ဘူး။
ရန်း ရဲ့ " ရှင်သန်ခြင်းမိတ်ဆွေ " ဆိုတဲ့ အပင်လေးတွေအကြောင်း တင်ဆက်တဲ့ အစီအစဥ်လေးဟာ အကောင်အထည်ပေါ်ခဲ့ပြီဖြစ်သည်။ ရုပ်သံတွင် တစ်ကြိမ်သာ ထုတ်လွှင့်ရသေးသော်လည်း အောင်မြင်တဲ့ အစီအစဥ်တစ်ခု ဖြစ်လိမ့်မယ်လို့ အားလုံးက ခန့်မှန်းနေကြတယ်။
ဝန်းက ပင် ရန်းကို လူကြိုက်များနေတာကို မကြိုက်ချင် ။ နောက်တစ်ခါဆို mask တပ်ပြီး ရိုက်ဆိုပြီး အစီအစဥ်
စလွှင့်နေ့က ဖုန်းဆက်ကာ ဂျီတိုက်နေသေးတယ်။
ကြည့်ရှူနှုန်းများပြီး နဂိုကတည်းက ရန်း သည် လူသိများတာမို့ အားပေးနှစ်ခြိုက်သူတွေကို အများအပြား အခိုင်အမာ ရရှိနေသည်။ ဆိုင် ကိစ္စတွေကိုလည်း ရန်းက အလွတ်မပေးပေ။ ဖွင့်ရက်လျှော့ပြီး လေးရက်သာ ဖွင့်နေပေမယ့် ဝယ်သူတွေက တစ်နေ့တခြားများသည်မို့ အတော်တော့ ပင်ပန်းရသည်။
အိပ်ခန်း၊ ဧည့်ခန်း ၊ထမင်းစားခန်း၊ ရေချိုးခန်း အကုန်အကုန် ထောင့်စေ့နေရာစေ့ ဖုန်တစ်စက်မရှိစေအောင် သုတ်သင်ရှင်းလင်းပြီးတဲ့နောက်မှာတော့ အနည်းငယ် ချွေးစို့ကာ ပင်ပန်းသည်။ အပြင်ဘက် ဝရံတာ က အပင်လေးတွေကို ရေလောင်းကာ ပတ်ဝန်းကျင်ကို ကြည့်မိတော့ ပုစွန်ဆီရောင် သန်းနေတဲ့ ကောင်းကင်ကြီးကို မြင်ရသည်။ နေလုံးကြီးက တရွေ့ရွေ့နဲ့ ကမ္ဘာတစ်ဖက်ခြမ်းဆီသို့ ပုန်းကွယ်နေသည်မှာ ပျောက်ကွယ်လုနီး နေပြီ။ ညနေခင်းဆည်းဆာဆိုတာ ဒါကိုခေါ်တာလား ။ ဘာလို့များ ဆည်းဆာချိန်က လွမ်းစရာ ကောင်းနေရတာပါလိမ့် ။
" ငါ မင်းကို သိပ်လွမ်းနေပြီ ဝန်းငယ် "
..........................။.................................
/
/
Zawgyi
ကေလာရဲ႕ေဟမန္ေဆာင္းက သိပ္ကို ခ်မ္းေအးလြန္းသည္။ ပတ္ဝန္းက်င္တခြင္ ႏွင္းျမဴေတြ ရစ္သိုင္းၿခဳံေနတာေၾကာင့္ ျမင္ကြင္းသည္လည္း အျဖဴေရာင္ပိတ္ကားသာ ။ အညိုေရာင္ဆြယ္တာေခါင္းစြပ္ေလးက အေအးဓာတ္ကို မခုခံနိုင္တာမို႔ အမဲေရာင္ ဂ်ာကင္အႏြေးထည္ေလးကိုပါ အားကိုးထားရသည္။ ဒါေတာင္ အႏြေးဓာတ္ကို မခံစားမိ ။ ဒီလို ဖက္ရွင္မ်ိဳးက ခ်မ္းေအးလြန္းတဲ့ ရွမ္းၿမိဳ႕ေလးကို ေရာက္တုန္းေလးသာ ဝတ္ျပလို႔ရသည္မလား။
မ်က္ေတာင္တစ္ခ်က္ခတ္လိုက္ရင္ မ်က္ေတာင္ေပၚမွာ လာတင္ေနတဲ့ ျမဴႏွင္းမႈန္ေလးေတြေၾကာင့္ အစိုဓာတ္ေလးကို ခံစားမိရျပန္သည္။ အသက္ကို ပ်င္းပ်င္းရႉလိုက္ကာ ပါးစပ္ကေန ေလေတြ မႈတ္ထုတ္ေတာ့ ထြက္လာတာက အခိုးအေငြ႕ေတြ။ ပါးစပ္ထဲ အေငြ႕ေတြ ထြက္လာတာကို ဝန္း သိပ္သေဘာက်တာေၾကာင့္ ပါးစပ္ကို ဟ ကာ ခနခန တ ဟား ဟား နဲ႕ ေလေတြမႈတ္ထုတ္ေနမိသည္။ ရန္ကုန္မွာက အေငြ႕မေျပာနဲ႕ ရာသီဥတုကေတာင္ အရမ္းေအးစိမ့္ေနတာမ်ိဳး မႀကဳံရဘူးေလ။ လက္ဖ်ားေတြက အေအးဒဏ္ေၾကာင့္ ထုံက်င္ေနၿပီး နီရဲေနေပမယ့္လည္း ဒီေဆာင္းကို ဝန္း သေဘာက်သည္။
အသက္ေတြ ႀကီးလာရင္ အစ္ကို႔ရဲ႕ ဇာတိၿမိဳ႕ေလး ေတာင္ႀကီးမွာ အစ္ကိုနဲ႕အတူ အေျခခ်ေနခ်င္သည္။ ဒီေန႕လည္း အစ္ကို႔ကို သိပ္လြမ္းျပန္သည္။
" ကိုကို "
အသံလာရာကို ၾကည့္မိေတာ့ အျဖဴေရာင္ဆြယ္တာေလးကို ေအာက္ခံထားလို႔ အျပာႏုေရာင္ ကုတ္အကၤ်ီအရွည္ကို တြဲဖက္ဝတ္ဆင္ထား တဲ့ လႊား ။ အျဖဴေရာင္ ဂ်င္းေဘာင္းဘီ နဲ႕ လိုက္ဖက္စြာ ျဖဴစြတ္ေဖြးသန့္ေနသည္။ မာဖလာ အျဖဴေရာင္ေလးကလည္း လည္တိုင္
ျမင့္ျမင့္ကို အႏြေးဓာတ္ေပးေနသည္မွာ ေနရာတက်။
" ၿပီးၿပီလား "
ဒီေန႕ ရိုက္ကြင္းတည္ထားတဲ့ ေအာင္ပန္းၿမိဳ႕ေလးဆီကို ထုံးစံအတိုင္း လႊား နဲ႕ အတူ သြားရမည္။ ရွက္တတ္လြန္းတဲ့ လႊားက ကိုယ့္ေရွ႕မွာဆို အဝတ္အစားဝတ္ဆင္ရမွာပင္ မရဲတာေၾကာင့္ အျပင္ထြက္ကာ ေရွာင္ေပးရေသးသည္။
ခရီးမဆန့္ခင္ မနက္စာကို ဟိုတယ္မွာပဲ စားျဖစ္သည္။ ဝန္းက ရွမ္းေခါက္ဆြဲ ကို မွာစားၿပီး လႊား တိုဟူးႏြေး ကို မွာစားသည္။ ဝန္း က ရန္ကုန္သားဆိုေပမယ့္ စီးပိုင္တဲ့ အစားအစာေတြကို ႀကိဳက္သည္။ ရွမ္းဆန္စီးစီးေလးေတြကိုဆို ဝန္း ဘယ္ေလာက္စားစား မဝနိုင္ဘူး။
ဝန္း တို႔မွာထားတဲ့ အစားအစာေတြသာ မက ေခါပုပ္ေၾကာ္ ၊ ငါးထမင္းနယ္ ၊ ဟင္းထုပ္ ၊ ထမင္းဝါ ၊ ဝက္သားခ်ဥ္ ၊ အမဲခ်ဥ္ စသည့္ ေဒသအစားအစာေတြကိုပါ တည္ခင္းေပးသည္။ ထိုအစားအစာေတြရဲ႕ တြဲဖက္ ဆီခ်က္ေမႊးေမႊးေလးရယ္ ၊ ဂ်ဴးျမစ္ ရယ္ ၊ ဝက္ေခါက္ရယ္၊ ရွမ္းမုန့္ညွင္းခ်ဥ္ ေတြက မပါမျဖစ္ေပါ့။ အကုန္လုံးကို ကုန္ေအာင္ မစားနိုင္ေပမယ့္ အမ်ိဳးစုံေအာင္ေတာ့ ဟိုနည္းနည္း ဒီနည္းနည္း ယူစားမိသည္။ ဗိုက္ျပည့္ေနေသာ္လည္း စားခ်င္စိတ္က တဖြဖြ ။ ရွမ္းအစားအစာေတြရဲ႕ အရသာက ေျပာမျပတတ္ေအာင္ပင္။ အစ္ကို လုပ္ေကြၽးတဲ့ ရွမ္းစာေလးေတြက စားလို႔ အေကာင္းဆုံးနဲ႕ အရသာအရွိဆုံးေပါ့ေလ ။ အစ္ကိုေရာ အစ္ကို႔ဇာတိေလးကို လြမ္းေနမွာပဲေနာ္။
တစ္လုတ္ၿပီးတစ္လုတ္ ေခါင္းမေဖာ္တမ္း ၿမိန္ၿမိန္ၿမိဳင္ၿမိဳင္ စားေနတဲ့ လႊားကို ၾကည့္မိေတာ့ ဝန္း ၿပဳံးမိသည္။
" စားရတာ အဆင္ေျပလား လႊား "
လႊား ပါးစပ္ေသးေသးေလးက အစားကိုသာ ဦးစားေပးထားတာမို႔ ႏႈတ္ခမ္းဖ်ားက စကားေျပာဖို႔ရာ မလြယ္ကူေတာ့ ေခါင္း တဆတ္ဆတ္ၿငိမ့္ျပကာ လက္မေလး ေထာင္ျပသည္။ေလာဘတႀကီး စားေနတာေၾကာင့္ ပါးမို႔မို႔ေလးက ေဖာင္းတက္ေနသည္မွာ ခ်စ္စရာ ။
"ေျဖးေျဖးစား ေရႏြေၾကမ္းေလး ေသာက္ဦး လႊား စားၿပီးမွ သြားမွာ "
လက္ဖက္ေျခာက္အနံ႕ေလး သင္းေနတဲ့ ေရႏြေးၾကမ္း တစ္ခြက္ ငွဲ႕ကာ ေပးေတာ့ ဟီး ခနဲ ရယ္ျပကာ တဖူးဖူး မႈတ္ေသာက္သည္။
အမွန္ေတာ့ ေဒသေစ်းထဲက ရွမ္းအစားအစာ ဆိုင္ေလးေတြမွာ ထိုင္ၿပီး စားရင္ ပိုၿပီး အရသာရွိသည္။ အစ္ကို နဲ႕သာဆိုရင္ ႏွစ္ဦးသား ေစ်းပတ္ၿပီး ေလွ်ာက္စားၾကမွာ မလြဲေပ။
ကေလာ ကေန ေအာင္ပန္း ကို ကူးတဲ့ ခရီးတိုေလးဟာ အခ်ိန္ခဏတာေလး ဆိုေပမယ့္ လမ္းတေလွ်ာက္ ျမင္ကြင္းေတြက ရႈမဝမို႔ ေဘးက လႊားေပါက္ တစ္ေယာက္က တေငးေငးေမာေမာ နဲ႕ လိုက္ပါလာသည္။ သိပ္ကိုလွလြန္းတဲ့ပန္းေရာင္ဖြင့္ဖတ္ေလးေတြနဲ႕ ေဝဆာေနတဲ့ ခ်ယ္ရီပင္တန္းႀကီးကို ျမင္ေတာ့ ဖုန္းကင္မရာကို ဖြင့္ၿပီး မရမက မွတ္တမ္းယူေသးတာ။
ေခါင္းမွာ တဘတ္ေခါင္းေပါင္း ေပါင္းထားၿပီး အမဲေရာင္ဝတ္စုံကို ဆင္ျမန္းထားတဲ့ လူတစ္စု ျမင္ေတာ့ လက္ကေလးနဲ႕ ၫႊန္ျပကာ
" သူတို႔ေတြက ဆင္တူဘာလို႔ ဝတ္ထားလဲ မသိဘူးေနာ္ ကိုကို "
" အဲ့ဒါ ပအိုဝ့္ တိုင္းရင္းသားေတြ လႊား ရဲ႕ သူတို႔ရဲ႕ ရိုးရာဝတ္စုံကို ဝတ္ထားၾကတာ သူတို႔က ရိုးရာဝတ္စုံပဲ အဝတ္မ်ားၾကတာ "
လႊား သိထားတာထက္ တိုင္းရင္းသားမ်ိဳးႏြယ္ေတြက အမ်ားႀကီးထပ္ရွိေသးတာပဲ။ ကိုကိုေတာင္မွ တိုင္းရင္းသားေတြ အကုန္လုံးကို မသိဘူးတဲ့။ မနက္က ဟိုတယ္ဝန္ထမ္း အကိုတစ္ေယာက္ရဲ႕ အသံက တစ္မ်ိဳးေလးဝဲေနတာမို႔ ေမးၾကည့္ျပန္ေတာ့ သူက အင္းသားလို႔ေျပာတယ္။အင္းေလး ဇာတိ တဲ့။ သူ႕ၿမိဳ႕ေလးအေၾကာင္းနားေထာင္မိျပန္ေတာ့ အထူးအဆန္း။ ေျခေထာက္နဲ႕ေလွာ္ခတ္ကာ ေလွေလွာ္
ၿပိဳင္ပြဲေတြ က်င္းပတဲ့ အင္းေလးကို အေရာက္သြားခ်င္မိျပန္သည္။
" ပအိုဝ့္တိုင္းရင္းသားတဲ့လား လႊား မၾကားဖူးေသးဘူး ေဖႀကီး နဲ႕ ေဖေဖက မေျပာျပဖူးလို႔ "
" အရမ္းရိုးသားၾကတယ္ "
ကိုကိုက ၿပဳံးကာေျပာေတာ့ ကိုကို႔အၿပဳံးကို ေငးေမာရင္း ေထာက္ခံမိသည္။
" ဟုတ္မွာ သူတို႔က စကားလည္းမေျပာဘူး တန္းစီၿပီး လမ္းေလွ်ာက္ေနၾကတာ ခ်စ္စရာေလးေတြေနာ္ "
စီစီညီညီတန္းစီကာ လမ္းေလွ်ာက္ေနၾကတာကလည္း လႊား အတြက္ အဆန္းပင္။
" ေဖေဖဆို သိပ္သေဘာက်မွာ "
တေန႕ေန႕မွာေတာ့ ေဖႀကီး နဲ႕ ေဖေဖကို ျမန္မာျပည္ ကို ျပန္လာၿပီး အလြမ္းေတြေျဖခိုင္းခ်င္ေသးသည္။
" ပလိုင္းေလးေတြနဲ႕ ေစ်းဝယ္ၾကတာ ထင္တယ္ေနာ္ "
" ဒီဘက္က ပလိုင္းေလးေတြ သုံးတာ မ်ားတယ္ လက္ဖက္ခူးရင္လည္း ပလိုင္းေလးေတြ လြယ္လို႔ "
" လႊားလည္း လက္ဖက္ခူးၾကည့္ခ်င္တယ္ "
ကိုကိုက မ်က္ခုံးေလးပင့္ကာ ၿပဳံးရင္း ေခါင္းၿငိမ့္ျပသည္။ ဘာစကားမွေတာ့ မဆိုလာေတာ့။
သိပ္လွတဲ့ ထင္ရႉးေတာတန္းႀကီးေတြ ၊ ေတာကုန္းေျပေျပေလးေတြ ၊ စေတာ္ဘယ္ရီ စိုက္ခင္းေတြ၊ စိမ္းစိုေနတဲ့ လယ္ယာစိုက္ခင္းေတြက အႀကိမ္ႀကိမ္ၾကည့္တိုင္း အႀကိမ္ႀကိမ္ရင္သပ္ရႉေမာဖြယ္ရာပင္။ ေလာကႀကီးရဲ႕ အလွတရားေတြကို ပိုၿပီး ၿပီးျပည့္စုံေအာင္လုပ္ေပးေနတဲ့ သဘာဝရႉခင္းေလးေတြကို ျမင္ခ်င္တယ္ဆိုရင္ ေမာရွမ္းတို႔႒ာေနကို အလည္သြားၾကဖို႔ တိုက္တြန္းခ်င္သည္။
ေငးလို႔မဝေသးခင္မွာပဲ ရိုက္ကြင္းတည္ေနရာေလးကို လႊား တို႔ ေရာက္လာခဲ့သည္။ ေလွကားထစ္စိုက္ပ်ိဳးနည္းနဲ႕ စိုက္ပ်ိဳးထားတဲ့ လက္ဖက္ခင္းႀကီးက မ်က္စိေရွ႕မွာ စိမ္းဖန့္ဖန့္နဲ႕ ေတာအုပ္ေလးပမာ ။ ဘယ္ေရာက္ေရာက္ အၾကည့္မလႊဲနိုင္တဲ့ ဒီေျမ ဒီေရ ကိုေတာ့ လႊား ႐ူးသြပ္ေနမိၿပီ။ ျမန္မာျပည္ႀကီးက သိပ္လွတာပဲ။ သိပ္လွတာပဲ ဆိုတဲ့ စကားလုံးကို ဒီေန႕တေန႕ထဲမွာပင္ မေရတြက္နိုင္ေအာင္ ခနတိုင္း ေျပာၿပီးေနၿပီ။
လက္ဖက္ၿခံထဲမွာ ရိုက္ရမယ့္ အခန္းက ပတ္ဝန္းက်င္နဲ႕ အၿပိဳင္ Romantic ဆန္သည္။ အဖြဲ႕သားေတြ အကုန္လုံးက အရင္ေရာက္ႏွင့္ေနၿပီး လႊားတို႔ကို ေစာင့္ေနသည္။ ဒီဇိုင္နာအဖြဲ႕က စီစဥ္ေပးတဲ့ ဇာတ္ဝင္ခန္းနဲ႕ ကိုက္ညီသည့္ အဝတ္အစားေတြကို အျမန္ လွဲလိုက္ကာ သ႐ုပ္ေဆာင္ဖို႔ရာ ျပင္ဆင္ရသည္။
စတင္ၿပီး မရိုက္ကူးခင္ ဒါရိုက္တာက သူလိုခ်င္တဲ့ ပုံစံကို ေျပာသည္။ Dialogue ေတြကို ခ်ေပးကာ Mood သြင္းေပးသည္။ ကိုကို နဲ႕ လႊား နဲ႕ ညတုန္းက ေျပာက်င့္ၾကေသးတယ္။ ေပါ့ေပါ့ပါးပါးပါပဲ ။ ဒါေပမယ့္ အခုေတာ့ မေပါ့ပါးေတာ့ဘူး ထင္တယ္ ။
ဒါရိုက္တာရဲ႕ ေတာင္းဆိုမႈအၿပီးမွာ ေတြေဝသြားတဲ့ ကိုကို႔ ေၾကာင့္ လႊား အားနာမိသည္။ ကိုကို အဆင္မေျပဘူးဆိုရင္ လႊားလည္း အဆင္မေျပဘူး။ ကိုကို ျငင္းပယ္ခ်င္တယ္ဆိုရင္ လႊားလည္း ျငင္းပယ္မယ္။
" ကိုကို အဆင္မေျပရင္ မလုပ္လည္း ရတယ္ "
" လႊား မလုပ္ခ်င္ဘူးလို႔ ေျပာလိုက္မယ္ "
ရိုက္ခါနီးအထိကို ကိုကို႔မ်က္ႏွာ မသာမယာ ျဖစ္ေနတာေၾကာင့္ ဒီ scene ကို
ကိုကို႔အစား လႊား ျငင္းေပးခ်င္သည္။
ကိုကိုက လႊားကို မထိေတြ႕ခ်င္ဘူး ထင္ပါတယ္။
" ကိုယ္တို႔ တစ္ခါထဲနဲ႕ အၿပီးသတ္လိုက္ၾကတာ ေပါ့ "
ကိုကိုက လႊားကိုမ်ား အားနာသြားသည္လားမသိ အသက္မပါတဲ့ အၿပဳံးေဖ်ာ့ေဖ်ာ့ေလးနဲ႕ ေျပာလာသည္။
" ကိုကို အဆင္ေျပရဲ႕လား "
" ကိုယ္တို႔က အႏုပညာသမားေတြေလ "
ဟုတ္တာေပါ့။ အႏုပညာသမားဆိုတာ က်ရာဇာတ္႐ုပ္ကို ပီျပင္ေအာင္ အေကာင္အထည္ေဖာ္ရမွာပဲေလ။ အင္း... အႏုပညာသမားေတြမို႔လို႔ ။
" ခ်ိန္း နဲ႕ လႊား "
ဒါရိုက္တာႀကီးဆီ ႏွစ္ေယာက္လုံး အၾကည့္ပို႔ၾကေတာ့ ၿပဳံးတုံ႕တုံ႕မ်က္ႏွာထားနဲ႕ ဒါရိုက္တာႀကီးက
" ထိ႐ုံပဲမလုပ္နဲ႕ေနာ္ ခ်ိဳခ်ိဳၿမိန္ၿမိန္ နဲ႕ ၾကည္ၾကည္ႏူးႏူးေလး ျဖစ္ေအာင္ အနမ္းေတြ ေႁခြေပးေနာ္ " တဲ့။
ဒါရိုက္တာႀကီး စကားေၾကာင့္ လႊား တစ္ကိုယ္လုံး ေအးစက္ေတာင့္တင္းသြားသည္။ အမွန္အတိုင္းေျပာရရင္ လႊား စိတ္လႈပ္ရွားေနတယ္ ။ ရင္လည္းခုန္ေနသလိုပဲ။ အေနာက္တိုင္းနိုင္ငံက လာတဲ့ လႊားအတြက္ အနမ္းေပးတာဟာ သာမန္ရိုးက် အျပဳအမူဆိုေပမယ့္ လႊား ကိုယ္တိုင္က တစ္ခါမွ ဘယ္သူနဲ႕မွ နမ္းခဲ့တာမ်ိဳးမရွိဘူး။ ဒါက လႊားရဲ႕ပထမဆုံးအႀကိမ္ ၊ ပထမဆုံး အနမ္း ။ ၿပီးေတာ့ ကိုကိုနဲ႕....။ အနမ္းေႁခြတာဟာ ခ်ိဳၿမိန္ျခင္းလား ။
အၾကင္နာေပးတဲ့ အခန္းေတြက ဝန္းနဲ႕ရင္းႏွီးေနႏွင့္ၿပီးသား။ဇာတ္ကားတိုင္း လိုလိုမွာ အၾကင္နာေပးတဲ့ အခန္းကို သ႐ုပ္ေဆာင္ခဲ့ရတယ္။ ဒါေပမယ့္ အဲ့ဒါက အတုအေယာင္ေတြ ။ အခုက အနမ္းအစစ္ကို လိုခ်င္တာတဲ့ ။
အစ္ကို...။ အစ္ကိုက သေဘာက်မွာ မဟုတ္ဘူး ။ ဝန္းလည္း သေဘာမက်ဘဴး ။ ဝန္း ရဲ႕ ႏႈတ္ခမ္းက အစ္ကို႔ ႏႈတ္ခမ္းပါးကိုပဲ ထိေတြ႕ခ်င္တာ ။ အစ္ကို႔ကိုပဲ အၾကင္နာေတြ ေပးခ်င္တာ ။ အလုပ္ဆိုေပမယ့္လည္း ဝန္း တကယ္ လႊား ကို မနမ္းခ်င္ဘူး ။ လႊား ျဖစ္လို႔မဟုတ္ဘူး အစ္ကိုမဟုတ္လို႔ ။ ဒီအခန္းေတြကို အစ္ကို႔ၾကည့္မိရင္ အစ္ကို စိတ္ထဲ အဆင္ေျပမွာမဟုတ္ဘူး ။
တဖက္က လႊား ကို ၾကည့္ျပန္ေတာ့ မ်က္ေတာင္ေလး တခတ္ခတ္နဲ႕ လူကိုၾကည့္ေနသည္။ အလုပ္ပဲေလ ။ ဟုတ္တယ္ လုပ္ရမွာေပါ့ ။
ရိုက္ကြင္းတစ္ခုလုံးရဲ႕ အသဲတယားယား ေအာ္သံေတြၾကားမွာ အနမ္းအရွည္ႀကီး တစ္ခုကို ႏူးႏူးညံ့ညံ့ ပုံေဖာ္ေနတဲ့ ေကာင္ေလးႏွစ္ေယာက္ရဲ႕ ပုံရိပ္ေတြဟာ ဖန္သားျပင္ေပၚ ေရာက္လာခဲ့ရင္လည္း shipper လူတန္းစားတို႔ရဲ႕ တခဲနက္ ဝန္းရံျခင္းကို ရရွိဦးမွာ အေသအခ်ာပင္။
.
အခန္းငယ္ေလးက တိတ္ဆိတ္စြာ။ဝန္း ျပန္လာလို႔ အခန္းမွာ ဖုန္ေတြတင္ေနရင္ ကေလး စိတ္ညစ္ၫူးမည္ စိုးတာေၾကာင့္ တစ္ပတ္တစ္ခါ ဝန္း အခန္းကို လာရွင္းေပးျဖစ္သည္။ ဝန္း မရွိတာေၾကာင့္ မလာခ်င္ေပမယ့္လည္း ဝန္းအသုံးအေဆာင္ေလးေတြဆီကေန ဝန္းရဲ႕ အေငြ႕အသက္ေလးကို ခံစားရေနတာကိုပဲ ေက်နပ္ရျပန္သည္။
ဧည့္စားပြဲေပၚက ေနၾကာပန္းေလးေတြဟာလည္း အတုတန္မဲ့ ညိုးငယ္ေနရွာသည္။ သူတို႔လည္း ဝန္း ကို လြမ္းေနတယ္ ထင္ပါရဲ႕။
မနက္ျဖန္ ရိုက္ကူးေရး ရွိတာေၾကာင့္ ဒီေန႕အၿပီး ရွင္းကာ အိမ္ျပန္ရမည္။ ခါတိုင္းလိုေတာ့ ဝန္း အိပ္ယာေပၚမွာ အိပ္သြားလို႔မရေတာ့ဘူး။
ရန္း ရဲ႕ " ရွင္သန္ျခင္းမိတ္ေဆြ " ဆိုတဲ့ အပင္ေလးေတြအေၾကာင္း တင္ဆက္တဲ့ အစီအစဥ္ေလးဟာ အေကာင္အထည္ေပၚခဲ့ၿပီျဖစ္သည္။ ႐ုပ္သံတြင္ တစ္ႀကိမ္သာ ထုတ္လႊင့္ရေသးေသာ္လည္း ေအာင္ျမင္တဲ့ အစီအစဥ္တစ္ခု ျဖစ္လိမ့္မယ္လို႔ အားလုံးက ခန့္မွန္းေနၾကတယ္။
ဝန္းက ပင္ ရန္းကို လူႀကိဳက္မ်ားေနတာကို မႀကိဳက္ခ်င္ ။ ေနာက္တစ္ခါဆို mask တပ္ၿပီး ရိုက္ဆိုၿပီး အစီအစဥ္
စလႊင့္ေန႕က ဖုန္းဆက္ကာ ဂ်ီတိုက္ေနေသးတယ္။
ၾကည့္ရႉႏႈန္းမ်ားၿပီး နဂိုကတည္းက ရန္း သည္ လူသိမ်ားတာမို႔ အားေပးႏွစ္ၿခိဳက္သူေတြကို အမ်ားအျပား အခိုင္အမာ ရရွိေနသည္။ ဆိုင္ ကိစၥေတြကိုလည္း ရန္းက အလြတ္မေပးေပ။ ဖြင့္ရက္ေလွ်ာ့ၿပီး ေလးရက္သာ ဖြင့္ေနေပမယ့္ ဝယ္သူေတြက တစ္ေန႕တျခားမ်ားသည္မို႔ အေတာ္ေတာ့ ပင္ပန္းရသည္။
အိပ္ခန္း၊ ဧည့္ခန္း ၊ထမင္းစားခန္း၊ ေရခ်ိဳးခန္း အကုန္အကုန္ ေထာင့္ေစ့ေနရာေစ့ ဖုန္တစ္စက္မရွိေစေအာင္ သုတ္သင္ရွင္းလင္းၿပီးတဲ့ေနာက္မွာေတာ့ အနည္းငယ္ ေခြၽးစို႔ကာ ပင္ပန္းသည္။ အျပင္ဘက္ ဝရံတာ က အပင္ေလးေတြကို ေရေလာင္းကာ ပတ္ဝန္းက်င္ကို ၾကည့္မိေတာ့ ပုစြန္ဆီေရာင္ သန္းေနတဲ့ ေကာင္းကင္ႀကီးကို ျမင္ရသည္။ ေနလုံးႀကီးက တေ႐ြ႕ေ႐ြ႕နဲ႕ ကမၻာတစ္ဖက္ျခမ္းဆီသို႔ ပုန္းကြယ္ေနသည္မွာ ေပ်ာက္ကြယ္လုနီး ေနၿပီ။ ညေနခင္းဆည္းဆာဆိုတာ ဒါကိုေခၚတာလား ။ ဘာလို႔မ်ား ဆည္းဆာခ်ိန္က လြမ္းစရာ ေကာင္းေနရတာပါလိမ့္ ။
" ငါ မင္းကို သိပ္လြမ္းေနၿပီ ဝန္းငယ္ "
..........................။.................................