Love is Blind ( Completed )
Autorstwa November_venus
208K 20.3K 573
Pity is akin to love 💜 Więcej
Chapter - 1
Chapter - 2
Chapter - 3
Chapter - 4
Chapter - 5
Chapter - 6
Chapter - 7
Chapter - 8
Chapter - 9
Chapter - 10
Chapter - 11
Chapter - 12
Chapter - 13
Chapter - 14
Chapter - 15
Chapter - 16
Chapter - 17
Chapter - 18
Chapter - 19
Chapter - 20
Chapter - 21
Chapter - 22
Chapter - 23
Chapter - 24
Chapter - 25
Chapter - 26
Chapter - 27
Chapter - 28
Chapter - 29
Chapter - 30
Chapter - 31
Chapter - 32
Chapter - 33
Chapter - 34
Chapter - 35
Chapter - 35 ( Unicode )
Chapter - 36
Chapter - 37
Chapter - 38
Chapter - 39
Extra
Chapter - 40 ( final )
6.1K 430 17
Autorstwa November_venus
" ငယ် "
" သားဝမ် "
" ဟုတ်ကဲ့ လီလီ "
" သိပါတယ် လီလီ "
" အဲ့ဒါဆို ဘာလို့..."!!
" လီလီ "
" လီလီ "
" သားဝမ် "
" သားဝမ် "
" ဒါပေမယ့် သားဝမ်က "
" ငယ် "
" ကိုကို "
♥....... ပြီးပါပြီ .......♥
#
Novembervenus
လီလီသည် သူမရှေ့တည့်တည့်မှာထိုင်ပြီး ရင်ခွင်ထဲက နီတာရဲကလေးသေးသေးလေးကို ထွေးပိုက်ထားတဲ့ သားတော်မောင် ဝမ်ရိပေါ်ကို ငေးစိုက်ကာကြည့်နေမိသည်။ ဘယ်အချိန်ထိအောင် ဖုံးကွယ်ထားကြမှာလည်း သဘာဝတရားကြီးကို ဖောက်ပြန်ထားမှုကြီးကို။ သူမသားလေးဘေးက ဝီးချဲပေါ်မှာထိုင်နေတဲ့ ရှောင်းကျန့်သည်လည်း ဝမ်ရိပေါ်နည်းတူစွာ ငြိမ်သက်စွာ ရှိနေပေမယ့် အပြစ်လုပ်ထားသလို ကြောက်နေသည့်ဟန် တစ်စိုးတစ်စိမှရှိမနေခဲ့ပေ။ ရင်ခွင်ထဲက နီတာရဲ ကလေးသေးသေးလေးကို ငုံ့ကြည့်ကာ ချော့မြူနေတဲ့ သားတော်မောင် ဝမ်ရိပေါ်ကို တစ်ခါတစ်လေ မြတ်နိုးစွာ ငေးကြည့်နေခဲ့သေးသည်။ ဒါတင်မက ဝမ်ရိပေါ်ရဲ့ လွတ်နေတဲ့ လက်တစ်ဖက်ကိုများ ဖမ်းဆုတ်ပြီး ကိုင်ထားပုံမှာ ဘယ်တော့မှ လွတ်မပေးတော့တဲ့ ကိုင်ဆွဲထားမှုမျိုးလို....။
လီလီသက်ပြင်းအသာချမိသည်။ သူမတို့တာ ဒီနေ့ ရှောင်းကုမ္ပဏီကို လိုက်မသွားဖြစ်ရင် ဝမ်ချင်းကို သားရှောင်း ကလေးမွေးစားလိုက်ကြောင်း မပြောဖြစ်လိုက်ရင် ဒါတွေကို သူမတို့ သိရဦးမည်မဟုတ်ပါ။ ဘယ်လို အကြောင်းအရာတွေကြောင့် သားရှောင်းနဲ့ ရိပေါ်ကို မှားယွင်းတဲ့ သံယောဇဉ်တွေဖြစ်ပေါ်စေခဲ့တာလည်း။
" သားရှောင်း ပါပါးတို့ကို နားလည်အောင် ရှင်းမပြချင်ဘူးလား "
တိတ်ဆိတ်မှုကြီးဆိုးနေတာကို မခံနိုင်တော့တဲ့ ရှောင်းပါပါးဟာ စကားစလာခဲ့သည်။ ဒီရှောင်းအိမ်တော်မှာ ရှောင်းပါပါးသည် အသက်အရွယ်အကြီးဆုံး အိမ်ထောင်ဦးစီးမလား။ ဒါကြောင့် အခုဖြစ်ပျက်နေတဲ့ ပြသနာတွေကို ရှောင်းပါပါးဖြေရှင်းရပေလိမ့်မည်။ ဒီလိုဖြေရှင်းနိုင်ဖို့အတွက်က ပြသနာအားလုံးရဲ့အစ ဇစ်မြစ်အားလုံးကို သိရမှလေ။ ဒါကြောင့် ဖြစ်ပျက်ခဲ့သမျှကို သိရစေဖို့ ရှောင်းပါပါးက စကားစသည်။
ရှောင်းပါပါးအသံကြောင့် ဝမ်ရိပေါ်နဲ့ နီတာရဲကလေးသေးသေးလေးကို မြတ်နိုးစွာ ငေးကြည့်နေခဲ့သည့် ရှောင်းကျန့်ခေါင်းလေးမှာ ရှောင်းပါပါးထံ လှည့်ကြည့်လာခဲ့သည်။ ထို့အတူ နီတာရဲကလေးသေးသေးလေးကိုသာ ခေါင်းငုံ့ကြည့်နေတဲ့ ဝမ်ရိပေါ်မျက်နှာလေးမှာ ခေါင်းလေးမော့လာခဲ့သည်။
" ကျွန်တော့ကြောင့်ပါ ရှောင်းပါပါး "
ရှောင်းပါပါးမေးလိုက်တာ ရှောင်းကျန့်ကိုဆိုပေမယ့် ကြားထဲက ပြန်ဖြေလာတာက ဝမ်ရိပေါ်ပါ။ ရှောင်းပါပါး မျက်ခုံးလေးပင့်သည်။ ဒီအိမ်မှာနေတာကြာလို့မှ သူ၏အမေရင်းဖြစ်သော လီလီကိုတောင် လိုအပ်မှ တစ်ခါတစ်လေ စကားပြောလာတဲ့ ဝမ်ရိပေါ်က အခု သူ့၏ ဒုတိယပါပါးဖြစ်တဲသူ့ကို စပြီး စကားပြောလာသည်လေ။ ဒါဟာ သားရှောင်းကြောင့်တဲ့လား ။ ထို့အတူ လီလီမှာလည်း ဝမ်ရိပေါ်ကို သေချာကြီး ကြည့်လာခဲ့သည်။ သူမစွန့်ပစ်ခဲ့တယ်ဆိုပြီး သူမကို မချစ်တော့တဲ့သား ၊ သူမနေချင်ပါဘူးဆိုတဲ့ သူမရဲ့ဒုတိယအမျိုးသားအိမ်ကို အပါခေါ်ခဲ့မိလို့ သိပ်စကားမပြောတော့တဲ့သား ၊ ဒီရှောင်းအိမ်တော်ရောက်မှ သားရှောင်းကျန်းမာရေးကိုတာဝန်ယူပြီး သားရှောင်းအတွက်ဆိုမှာသာ သူမတို့နဲ့ စကားပြောဖြစ်ခဲ့ကြသည့် ဝမ်ရိပေါ်သည် ယခု သားရှောင်းကြောင့်ပင် သူမ၏ ဒုတိယအမျိုးသားကို စကားပြောလာခဲ့ပြန်သည်။
ဝမ်ရိပေါ် စကားကြောင့် ဝမ်ရိပေါ်ကို ဆုတ်ကိုင်ထားသည့် ရှောင်းကျန့်လက်ကလေးသည် ပို၍ တင်းမာသွားခဲသည်။ ဒါကိုမြင်တဲ့ ရှောင်းပါပါးရော လီလီပါ သက်ပြင်းအသာချသည်။
" ကျွန်တော့ကြောင့် ကိုကို ဒီလိုတွေ ဆုံးဖြတ်ချက်မှားသွားရတာပါ ပါပါးနဲ့ လီလီ။ ကျွန်တော်သာ ကိုကို့အတွက် အရာရာ ဝင်မပါခဲ့ဘူးဆို ကိုကိုက ဒီလိုမှားယွင်းတဲ့ ရင်ခုန်မှုတွေဖြစ်လာမှာမဟုတ်ပဲ မမဝမ်ချင်းနဲ့ ပါပါးတို့ စီစဉ်ထားတဲ့အတိုင်းဖြစ်လာမှာပါ။ ဒါပေမယ့် ကျွန်တော်ဟာ ကိုကို့ဘဝမှာ အရာရာကိုဝင်ပါနေခဲ့ပြီး ကိုကို့ဘဝကို ဒီလို ကမှောက်ကမဖြစ်သွားအောင် လုပ်လိုက်မိတဲ့အတွက် အပြစ်တင်မယ်ဆိုရင်လည်း ကျွန်တော့ကိုတင်ပါ ရှောင်းပါပါး။ ဘယ်လိုပဲပြောပြော ကိုကို့မှာ အပြစ်မရှိလို့ပါ "
ဝမ်ရိပေါ်စကားကြောင့် ရှောင်းပါပါး ခေါင်းလေးခါသလို ရှောင်းကျန့်မှာလည်း ရိပေါ်ကိုကိုင်ထားတဲ့ လက်ကလေးမှာ တင်းမာသွားရသည်။
" ငယ် "
" ဟင့်အင့် ကိုကို ဝင်မပါနဲ့ ကျွန်တော်ပဲ တာဝန်ယူပါ့မယ် "
တစ်ယောက်ကိုတစ်ယောက်ငေးကြည့်နေပြီး သူ့ဘက် ကိုယ့်ဘက်ငဲ့နေတဲ့ ရိပေါ်နဲ့ ရှောင်းကျန့်ကိုကြည့်ကာ လီလီလည်း ခေါင်းခါမိသည်။
" သားဝမ် "
" ဟုတ်ကဲ့ လီလီ "
" သားက အမျိုးသား တစ်ယောက်ဆိုတာ သားကိုယ်သား သိတယ်မလား "
" သိပါတယ် လီလီ "
သန်မာပြီး တောင့်တင်စွာ တည်ရှိနေတဲ့ ခန္ဓာကိုယ်နဲ့ တည်ကြည်ခန့်ငြားနေတဲ့ သားတော်မောင် ဝမ်ရိပေါ်ဟာ သူ့ကိုယ်သူ မိန်းမစိတ်ဝင်နေတာ မဟုတ်တာတော့ သေချာသည်။
" အဲ့ဒါဆို ဘာလို့..."!!
" ကျွန်တော် ကိုကို့ကို ချစ်မိသွားလို့ပါ လီလီ။ ကျွန်တော် ကိုကို့ကို ချစ်မိသွားလို့ ကိုကို့အတွက်ဆို ကျွန်တော် အရာရာ ဖြစ်ပေးနိုင်ခဲ့ပါတယ်.."
လီလီစကားမဆုံးခင် ထပြောလိုက်တဲ့ ဝမ်ရိပေါ်ကြောင့် လီလီမျက်လုံးအိမ်မှ မျက်ရည်တစ်စက် ကျဆင်းခဲ့ရသည်။ သူမရဲ့ တစ်ဦးတည်သောသား သားတော်မောင်က သူမရဲ့ ဒုတိယအမျိုးသားရဲ့သားကို ချစ်မိသွားလို့ သူမရဲ့ ဝမ်မနာသားရှောင်းအတွက် အရာရာဖြစ်ပေးနိုင်ပါတယ်တဲ့။ ဒါဟာ မှားယွင်းတဲ့ ရွေးချယ်မှုတွေလား ၊ ယခင်ဘဝက ဆုတောင်းမှားခဲ့ကြတာလား ၊ သူမကပဲ သူမသားကို မှားယွင်းတဲ့လမ်းကို လျှောက်စေခဲ့ဖို့ သားဝမ်ကို သူမရဲ့ ဒုတိယအမျိုးသားအိမ် ခေါ်ခဲ့မိလေးသလားကွယ်.... ။
" ဒါပေမယ့် သားဝမ် သားရှောင်းကလည်း သားနဲ့ မျိုးတူ အမျိုးသားတစ်ယောက်လေ။ အမျိုးသားနှစ်ယောက် အတူတကွ ပေါင်းဖက်ဖို့ဆိုတာ ဘယ်လိုဖြစ်လာနိုင်မှာလည်း သားရယ်။ ပြီးတော့ မာမားမပြောချင်ပေမယ့် ပြောရဦးမယ် သားရှောင်းဟာ ခြေထောက်တွေမကောင်းပေမယ့် အမျိုးသားတစ်ယောက်မှာရှိသင့်တဲ့ ခံစားချက်တွေ သန်မာနေသေးတယ်ဆိုတာ သားဝမ် မသိလေသလား။ အဲ့ဒီစိတ်တွေ ဖြည့်စီးဖို့က သားဝမ်ပဲ သားရှောင်းနားမှာ ရှိနေပေးလို့ မရဘူးလေ။ မိန်းမသားတစ်ယောက်က သားရှောင်းအတွက် ရှိနေရမှာပေါ့။ ဒါကြောင့် သားဝမ် သားရှောင်းကို လွတ်ပေးလိုက်ပါနော် "
" လီလီ "
လီလီစကားအဆုံး ရှောင်းကျန့် လီလီကို ထခေါ်လိုက်သလို ဝမ်ရိပေါ် ခေါင်းလေးငုံ့ ပြုံးလိုက်မိသည်။
ဝမ်ရိပေါ်က ကိုကို့အတွက် အရာရာဖြစ်ပေးနိုင်တယ်ဆိုတာ ကိုကို့ ခန္ဓာကိုယ်က လိုအပ်ချက်တွေကိုပါ ဖြည့်စီးပေးနိုင်တယ်ဆိုတာ လီလီမသိလေသလား။
ဝမ်ရိပေါ်ခေါင်းလေးငုံ့ပြီး ပြုံးနေရာမှ ခေါင်းလေးမော့ကာ လီလီကို ကြည့်လာခဲ့သည်။
" လီလီ "
" သားဝမ် "
" ကျွန်တော်က ကိုကို့အတွက် အရာရာ အသုံးဝင်ပါတယ်။ ကိုကို့အတွက်ဆို ဘာမဆို ဖြစ်ပေးနိုင်တာမလို့ အဲ့ဒီကိစ္စအတွက်ဆိုရင် လီလီစိတ်ပူစရာမလိုပါဘူး "
" သားဝမ် "
လီလီ အံ့သြစွာ ခေါ်မိလိုက်တဲ့ သားဝမ်ရဲ့ မျက်နှာပေါ်မှာ သူမတို့ တစ်ခါမှ မမြင်ဖူးတဲ့ ရှက်သွေးကြွယ်နေတဲ့ မျက်နှာလေးက ရဲရဲနီနေလျှက်....။
သူမရဲ့သား ဝမ်ရိပေါ်ဟာ သားရှောင်းအတွက်ဆို မည်သို့ပင်ဖြစ်စေကာမူ သူနဲ့မျိုးတူ အမျိုးသားတစ်ယောက်ဖြစ်တဲ့ သားရှောင်းအတွက် လိုအပ်တဲ့ စိတ်ဆန္ဒကိုပါ ဖြည့်စီးပေးနိုင်ပါသည်တဲ့...။
လီလီ သူမသားဖြစ်သူ ဝမ်ရိပေါ်ကို သေချာကြည့်သည်။ သန်မာတဲ့ ကိုယ်ဟန်နဲ့ နွဲ့နှောင်းမှုလုံးဝရှိမနေတဲ့ သားတော်မောင်က သူနဲ့မျိုးတူအမျိုးသားတစ်ယောက်ရဲ့ အသုံးတော်ခံအဖြစ် သူမ မြင်ပေးကြည့်လို့တောင်မရဘူး...။
" ဒါပေမယ့် သားဝမ်က "
" လက်ခံပေးပါ လီလီ ။ ကျွန်တော်ဟာ လီလီထားခဲ့တဲ့ အချိန်ကစ ရွာမှာ ဘွားဘွားနဲ့တာ နှစ်ယောက်တစ်ဘဝ ရှင်သန်နေခဲ့ရတာပါ။ ဒါကြောင့် ဘွားဘွားဆုံးသွားတော့ အဖော်မဲ့စွာ ကျန်နေခဲ့ရတဲ့ ကျွန်တော့ကို အတင်းလာခေါ်ခဲ့တာလည်း လီလီပဲလေ။ ကျွန်တော် ဒီအိမ်ရောက်လာတော့ ကံဆိုးရသူက ကိုကို၊ ကိုကို့က ကျွန်တော့ကြောင့် ဒုက္ခတဖြစ်သွားခဲ့ရတာ။ ဒါကြောင့် ကျွန်တော် ကိုကို့မကြည်ဖြူပေမယ့် ကိုကို့ရဲ့ ဆုံးရှုံးသွားတဲ့ ခြေထောက်နှစ်ချောင်းအဖြစ် ကျွန်တော့ဘဝကို အစားထိုးခဲ့ပေးမိတာပါ။ အဲ့ဒီကနေတစ်ဆင့် ခိုင်မာလာတဲ့ သံယောဇဉ်တွေကြောင့် က်ိုကိုနဲ့ မှားယွင်းစွာ ချစ်ခဲ့မိပါတယ်။ ဒါကြောင့် ကိုကို လိုအပ်နေတဲ့ အချိန်အတိုင်းအတာထိ ကျွန်တော့ကို ကိုကို့အမျိုးသားအဖြစ် ရှိနေခွင့်ပေးပါ လီလီ "
ဝမ်ရိပေါ်စကားအဆုံး လီလီငြိမ်ကျသွားသည်။ သားဝမ်ပြောတာတွေကအမှန်တွေပဲလေ။ လီလီနဲ့ ဝမ်ရိပေါ်ရဲ့ စကားလေပြေလေးတွေကြားထဲမှာ ငြိမ်ပြီး ပွဲ့ကြည့်ပရိတ်သတ်လုပ်နေရတဲ့ ရှောင်းကျန့်နဲ့ ရှောင်းပါပါးမျက်နှာမှာလည်း အံ့သြမှုတွေနဲ့ ဆွံ့အနေလျှက်။
ငယ်က သူ့ကို အဲ့လောက်ထိ ပေးဆပ်ချစ်ပေးထားမှန်း သိလိုက်ရတာ သူကံကောင်းလိုက်တာ။
သူ၏သားသည် အမျိုးသားတစ်ယောက်ဖြစ်ပြီး သူ၏သားရဲ့ ချစ်သူက အမျိုးသားတစ်ယောက်သာဖြစ်ပေမယ့် အဲ့ဒီအမျိုးသားက သူ၏သားအတွက်ဆို အရာရာဖြစ်ပေးနိုင်တယ်ဆိုတဲ့အခါ သူဘာများပြောနိုင်ပါတော့ဦးမည်နည်း...။
လီလီသက်ပြင်းအသာချပြီး ထိုင်ရာမှ ထသွားခဲ့လိုက်တော့သည်။ လီလီထထွက်သွားသည်နှင့် နောက်ကနေလိုက်ပါသွားတဲ့ ရှောင်းပါပါး။ ရှောင်းကျန့်ကတော့ မြတ်နိုးစွာချစ်ရပါသော ဝမ်ရိပေါ်ကိုသာ ငေးကြည့်ပြီး ကျန်နေခဲ့ပါတော့သည်။
" ငယ် "
လူကြီးတွေထထွက်သွားမှာ ရှောင်းကျန့်သည် ဝမ်ရိပေါ်ကိုတိုးတိုးလေးခေါ်သည်။ ရှောင်းကျန့်ရဲ့ တိုးဖွဖွခေါ်သံလေးကြောင့် ရင်ခွင်ထဲပိုက်ထားတဲ့ နီတာရဲလေးကိုငုံ့ကြည့်နေခဲ့သည့် ဝမ်ရိပေါ်သည် ရှောင်းကျန့်ကိုခေါင်းလေးထောင်ကြည့်သည်။
အိုး..းးး ကိုကို့မျက်လုံးအိမ်နဲ့ ပါးပြင်လေးမှာပေါ်မှာ မျက်ရည်စတွေပါ့လား..။
" ကိုကို "
" ကျေးဇူးတင်ပါတယ်ငယ်ရယ် ။ ကိုကို့ကို အဲ့လောက်ထိ ပေးဆပ်ချစ်ခဲ့ပေးလို့ ကိုကို့အတွက် အရာအားလုံး ပေးဆပ်ခဲ့လို့ တစ်ကယ် ကျေးဇူးတင်ပါတယ် "
ဝမ်ရိပေါ်ကို ရုတ်တရက် ရင်ခွင်ထဲဆွဲသွင်းလိုက်တဲ့ ရှောင်းကျန့်ကြောင့် ဝမ်ရိပေါ်မှာ ရင်ခွင်ထဲက နီတာရဲလေးကိုမထိခိုက်မိအောင် အမြန်ကာကွယ်ပေးရတယ်။
" ကိုကိုရယ် ကိုကိုက ကျွန်တော့ကို အရင် စချစ်ပေးခဲ့တာကြောင့် ကျွန်တော်က ကိုကို့ကို အဆုံးထိ ဆက်ချစ်ပေးသွားမှာမလို့ မငိုရဘူးနော်..."
ရှောင်းကျန့်ပါးကိုက မျက်ရည်စတွေကို လက်ဖဝါးနုနုနဲ့ ဖယ်သုတ်ပေးရင်း စကားတိုးတိုးဆိုလာတဲ့ ငယ့်ကြောင့် မငိုပါနဲ့လို့ ငယ်တောင်းဆိုနေတဲ့ကြားက အတောမသတ်နိုင်အောင် ကျလာတဲ့မျက်ရည်စတွေ...
စချစ်ခဲ့တာ ကိုယ်ကဆိုပေမယ့် ငယ်က အဆုံးထိ ဆက်ချစ်ပေးသွားမယ်တဲ့....။
ကိုကိုသိပ်ချစ်ရပါတဲ့ ကောင်လေးငယ်ငယ်ရယ်။ ကိုကိုမင်းကိုချစ်ခဲ့မိတာ ကံကောင်းလိုက်တာ ။ တစ်ဘဝလုံးစာရည်ရွယ်ပြီး ရွေးချယ်ခဲ့မိတဲ့ ငယ်က ကိုကို့ကို ထာဝရ နောင်တရစေမှာမဟုတ်ပါဘူး။ ဒါကြောင့် ငယ်ရယ် ကိုကို မင်းကို သိပ်ချစ်တာပဲ။
ရှောင်းကျန့်သည် ဝမ်ရိပေါ်ခန္ဓာကိုယ်လေးကို ရင်ခွင်ထဲ အတင်းဆွဲသွင်းကာ လွတ်မထွက်သွားအောင် ထွေးဖက်လိုက်သည်။ ထိုကဲ့သို့ ထွေးဖက်လိုက်တာကြောင့် နှစ်ဦးသား ကြားထဲကနေ ကြားညှက်သွားတဲ့ ဝမ်ရိပေါ်ရင်ခွင်ထဲက နီတာရဲလေး။ နီတာရဲလေးမှာ ရုတ်တရက်ကြီး ညစ်ခံလိုက်ရသလိုဖြစ်တာကြောင့် လန့်သွားပြီး တစ်အဲ့အဲ့ အသံပေးသည်။ ထိုမှ ရင်ခွင်ထဲက နီတာရဲလေးကို သတိရလိုက်တဲ့ ဝမ်ရိပေါ်ဟာ ရှောင်းကျန့်ရင်ဘက်ကြီးကို အသာအယာပြန်တွန်းသည်။
" ကိုကို ဖယ်ဗျာ ဒီမှာပိစိကွေးလေး ငိုနေပြီ "
ရှောင်းကျန့် သူ့ရင်ဘက်ကိုအသာတွန်းပြီး ဖယ်ခိုင်းနေတဲ့ ကောင်လေးငယ်ငယ်ကြောင့် ကောင်လေးငယ်ငယ်ရဲ့ ရင်ခွင်ထဲက နီတာရဲလေးကို ဘုကြည့်ကြည့်လိုက်သည်။
ဒီ နီတာရဲလေးနဲ့ယှဉ်ရင် သူကအမြဲတမ်း နောက်ကျကျန်ခဲ့ရသည်လေ။ ဒါကြောင့် နီတာရဲလေးကို ခေါ်ခဲ့မိတာ မှားသွားခဲ့ပြီဆိုတဲ့အတွေးနဲ့ နီတာရဲလေး အူတိုပြီး ပို၍ငိုလာအောင် သူ့ကို အားမပါတဲ့လက်တွေနဲ့ တွန်းဖယ်နေတဲ့ နီတာရဲလေးဖေဖေကြီးရဲ့ နှုတ်ခမ်းလုံးလုံးလေးကို အတင်းဖိကာ နမ်းရှိုက်လိုက်ပါတော့သည်။
ငိုနေလိုက်စမ်းပါ သားကြီးရဲ့ သားကြီးဘယ်လောက်ငိုငိုဗျာ ပါပါးကြီးကတော့ သားကြီးဖေဖေကိုတော့ သားကြီးအတွက်နဲ့ အလျော့မပေးနိုင်ပါဘူးဗျ...။
နီတာရဲလေးကို ရင်ခွင်ထဲ ပွေ့ပိုက်ထားတဲ့ ကောင်လေးငယ်ငယ်ကို အတင်းဖက်ကာ နမ်းနေတဲ့ ရှောင်းကျန့်ကတော့ တစ်ချက် တစ်ချက် နမ်းရှိုက်နေရင်းကပင် ကောင်လေးငယ်ငယ်ရဲ့ ရင်ခွင်ထဲက နီတာရဲလေးကို ချစ်မြတ်နိုးစွာသော မျက်လုံးများနဲ့ ငုံ့လို့ကြည့်ကာ နှုတ်ခမ်းလေးစူပြနေပါသေးတယ်။
လီလီကတော့ အားမပါတဲ့လက်တွေနဲ့ တွန်းဖယ်နေတဲ့ သားတော်မောင်ကိုတစ်လှည့် သားတော်မောင်မျက်နှာကို မြတ်နိုးစွာသော မျက်ဝန်းညိုကြီးတွေနဲ့ကြည့်ကာ နူးညံ့စွာ နမ်းရှိုက်နေတဲ့ သားရှောင်းကို တစ်ခါ ။ သူတို့နှစ်ယောက်ကြားထဲမှာ ခုဏက. ရုတ်တရက် ညစ်ခံလိုက်ရသလိုဖြစ်ပြီးလန့်ပြီး တစ်အဲ့အဲ့ အသံထွက်လာပေမယ့် အခုတစ်ခါ သူ့ကို စနေတယ်ထင်ပြီး မျက်လုံးဝိုင်းလေးနဲ့ နမ်းရှိုက်နေတဲ့ ပါပါးနဲ့ ဖေဖေနှစ်ယောက်ကို မော့ကြည့်ပြီး ရယ်ပြနေတဲ့ ကလေးသေးသေး နီတာရဲလေးတို့ကိုငေးကြည့်နေမိတော့တယ်။
ရှောင်းပါပါးကတော့ ထိုမြင်ကွင်းကို ကြည်နူးရိပ်သန်းနေတဲ့ မျက်ဝန်းတွေနဲ့ကြည့်ကာ မျက်ရည်ကျနေတဲ့ လီလီပခုံးလေးကိုထွေးဖက်ထားကာ လီလီပါးပေါ်က မျက်ရည်စတွေကို လက်ဖဝါးလေးနဲ့ ဖြေးဖြေးချင်း ဖယ်သုတ်ပေးနေခဲ့လိုက်တော့သည်။
♥....... ပြီးပါပြီ .......♥
#Novembervenus
Czytaj Dalej
To Też Polubisz
110K 18.7K 58
❝ ﹏ මට මේක කියන්නකෝ අග්‍ර..බියුටි ඇන්ඩ් ද බීස්ට් එකේ කුමාරයා ශාපයක් නිසා එච්චර කැත රාක්‍ෂයෙක් වුනේ නැත්තම් බෙල් වගේ දුප්පත් කෙල්ලෙක් දිහා අඩුම තරමෙ බ...
81.3K 4.4K 61
ထုံးစံတိုင်းပါဘဲ 18+ပါ ကြိုက်မှလာဖတ်ကြပါရှင်။
295K 25.6K 27
[Unicode] 21ရာစုကကောင်လေးတစ်ယောက် အရင်ခေတ်ကိုပြန်ရောက်သွားပြီး အချစ်ဆိုတဲ့အရာကိုရှာတွေ့ပီးနောက် XiaoZhan-ငါမင်းကိုအရမ်းချစ်မိနေပီ Yibo-ငါကတော့မင်းကို...
24.5K 2.1K 24
ကျုပ်နှလုံးသားတွေကနက်မှောင်ပြီးညို့အားကောင်းတဲ့အနီရောင်နှင်းဆီပန်းတွေနဲ့တူတယ် အခုနှင်းဆီပန်းတွေကခင်ဗျားလက်ထဲရောက်တိုင်းငြိုးနွမ်းကုန်တယ်ဆိုတော့ ကျုပ်...