The Same as {Completed}💛

By EiThu1020

10.2K 1.2K 121

Jaehyuk ရဲ့အမေကြောင့် တစ်အိမ်ထဲတူတူနေရတဲ့ Jaehyuk နဲ့ Asahi JaeHyuk က သူနဲ့ opposite type ဆိုပြီးAsahi အမြဲငြ... More

The Same as P1 Unicode
The Same as P1 Zg
The Same as p-2 uni
The same as p-2 zg
The Same as P3 uni
The Same as P3 ZG
The Same as p-4 Uni
The Same as p-4 ZG
The Same as P-5 Uni
The Same as P-6 Uni
The Same as P-6 ZG
The Same as P-7 Uni
The Same as P-7 ZG
The Same as P-8 Uni
The Same as P-8 ZG
The Same as P-9 Uni
The Same as P-9 ZG
The Same as...the end Uni
The Same as...the end ZG

The Same as P-5 ZG

259 15 0
By EiThu1020

JaeHyuk Asahi နဲ့ သူငယ်ချင်းဖြစ်အမှတ်တရအနေနဲ့ ဒီနေ့အပြင်ခေါ်သွားရန် စီစဉ်ထားသည်
Asahi ကိုလည်းပြောထားပြီးသားမို့
အဆင့်သင့်ပြင်ကာ စောင့်နေလိုက်သည်
Asahi ကလည်း JaeHyuk နဲ့ အပြင်သွားရမယ်ဆ်ိုတော့
တဂယ်ကိုပျော်နေပါသည်

"JaeHyuk စောင့်နေတာကြာပြီလား "

"ဟင့်အင်း...ခုပဲလေ သွားမယ်"

ကားလေးတစ်စီးမြို့ထဲသို့တရွေ့ရွေ့မောင်းထွက်လာသည်
အရင်ဆုံးဆိုင်တစ်ဆိုင်၌ မနက်စာဝင်စားပြီးနောက် မြို့ထဲသို့ဆက်လက်မောင်းနှင်လာသည်

"JaeHyuk ကျေးဇူးပါ ငါ့ကိုအပြင်အတူတူထွက်ခွင့်ပေးလို့ "

"ရပါတယ်.. နောက်ဆို JeongWoo တို့ဆီပါလိုက်ပို့ပေးမယ်"

"အင်း..ဂိုမားဝေါ်"

ထို့နောက်JaeHyuk က ကားကိုထိရပ်လိုက်တာကြောင့်...

"ဘာဖြစ်လို့လည်း JaeHyuk "

"ခနလေး စောင့်နေ"

သူ့ကိုခနစောင့်ခိုင်းကာ ကားပေါ်ကဆင်းသွားသော JaeHyuk ကို Asahi လိုက်ကြည့်နေမိသည်
ထို့နောက် မျက်စိထဲဝင်လာသော မြင်ကွင်းက ချစ်စရာကောင်လေးတစ်ယောက်နဲ့ စကားရပ်ပြောနေသော JaeHyuk ရဲ့ပြုံးရွှင်နေတဲ့မျက်နှာ
သူနဲ့နေခဲ့တုန်းက တစ်ခါမှမမြင်ခဲ့ဘူးရသေးသော အပြုံးချိုချိုများနှင့်ထိုကောင်လေးကို စကားပြောနေသော JaeHyuk ကြောင့် Asahi မသိစိတ်ကဝမ်းနည်းချင်သလိုဖြစ်လာသည်

"HyunSuk Hyung.... မတွေ့တာကြာပြီနော်... အလုပ်ပဲလား"

"ဟာ.. JaeHyuk ဘယ်တွေပျောက်နေတာလည်း ".

"ဒီလိုပါပဲ... ဒါနဲ့ ကျွန်တော်လိုက်ပို့မယ်လေ "

"ဟင့်အင်းရတယ်... ဟို.."

Asahi လည်း အခြေအနေကိုသိချင်တာကြောင့် ကားပေါ်က ဆင်းလာသည်

"JaeHyuk ဘယ်သူလည်း သူငယ်ချင်းပဲလား"

"အင်း..အခုကတေ့ သူငယ်ချင်းပဲပေါ့ "

JaeHyuk ပြောချင်တဲ့အဓိပ္ပါယ်ကို Asahi သိတာမို့ စကားဆက်မပြောဘဲကြည့်နေလိုက်သည်

"သူက မင်းသူငယ်ချင်းလား JaeHyuk "

"အင်း..ဟူတ်တယ် သူငယ်ချင်းအသစ်ပါ ကျွန်တော်နဲ့လိုက်ခဲ့လေ... လာပါ လိုက်ပို့ပေးမယ်"

"HyunSuk!!!"

"ဟမ်....JiHoon ရောက်ပြီလား "

"ဘာလုပ်နေတာလည်း ဒါ"

"စကားပြောနေတာလေမမြင်ဘူးလား"

Jihoon နဲ့အစထဲကအမြင်မကြည်တဲ့ JaeHyuk က ဝင်ပြောလိုက်သည် Jihoon ကလည်း အမြင်မကြည်တာမို့ JaeHyuk နဲ့ဆို HyunSuk ကို ပိုလို့သဝန်တိုနေမိတာမျိုး

"မင်းပါးစပ်ကိာပိတ်ထား ငါမင်းကိုမေးနေတာမဟုတ်ဘူး "

"JiHoon လာ.. သွားမယ် တော်တော့ ငါရှင်းပြမယ် "

"မင်း ငါ့လူနဲ့ဝေးဝေးနေ ငါဘာမဆိုလုပ်နိုင်တယ် "

"ကျွန်တော်ကလည်း ဘာမဆိုလုပ်နိုင်တယ်ဆိုတာ သက်သေပြရမလား "

JiHoon နဲ့ JaeHyuk မျက်နှာချင်းဆိုင်ကာ စကားများနေကြတာမို့ ကြာရင်မကောင်းတော့တာမို့

"JaeHyuk ပြန်တော့နော်...လာပါ JiHoona သွားကြမယ် နော်လို့ လာ"

HyunSuk ကJiHoon ကိုခေါ်ကာ ကားထဲဝင်သွားပြီး ကားကိုဖြည်းဖြည်းမောင်းဖို့သတိပေးလိုက်သည်

နောက်မှာဒေါသဗလဖွာနဲ့ကျန်ခဲ့တာက JaeHyuk...

"JaeHyuk လာ..အရင်ကားပေါ်တက်ကြရအောင်နော်...စိတ်အေးအေးထား"

"မင်းကဘာသိလို့လည်း... တောက်!"

"ငါက ဘာမှမသိပါဘူး ဒါပေမယ့် မင်းဘက်ကနေတော့ ရှိပေးနိုင်ပါတယ် "

Asahi စကားကြောင့် ဒေါသထွက်နေတဲ့JaeHyuk Asahi ဘက်ကိုလှည့်ကြည့်ကာ ဒေါသကို သက်ပြင်းနဲ့လျှောချလိုက်သည်
ဒါပေမယ့် ဒီတစ်ကြိမ်မျှသာ Asahi စကားကတားလို့ရနိုင်မည်လို့လည်းသူတေးထားသေးသည်

Asahi က အလိုက်သိစွာဘဲ အိမ်ပြန်ရန် JaeHyuk ကို ကားပြန်လှည့်ခိုင်းလိုက်သည်

.....................

"Jihoon ရာ..ငါတဂယ်ပြောနေတာပါ...ငါကမင်းကိုစောင့်နေတာ သူဿားနဲ့လာရင်းတွေ့တာပါဆို "

"ဒါဆိုဘာလို့စကားရပ်ပြောနေကြတာလည်း"

"ဝတ်တရားအရပါ တဂယ်ပါ သူလိုက်ပို့တာကိုတောင်မလိုက်ပဲမင်းကိုစောင့်နေတာမဟုတ်ဘူးလား"

"ကျွန်တော် စိတ်ကြီးတာသိတယ်နော် ခင်ဗျားငြိမ်ငြိမ်နေ"

"ဘယ်သူကမသိလို့လည်း...သူပဲစိတ်ဇွတ်ကြီးနေတာ သူများကရိုးရိုးသားသားပဲကို"

"ခင်ဗျားကသာရိုးသားတာ ဟိုကဘယ်လိုပြောသွားလည်းမကြားဖူးလား"

"ကဲ..ဟုတ်ပါတယ် ParkJiHoon ကြီးရယ် ကျွန်တော်မှားပါတယ် အလုပ်နောက်ကျနေတော့မှာပဲ လာ...လာလို့...လာပါဆို...ကလေးစိတ်ကြီး ဟားဟား"

~~~~~~~~~~~~~

"JaeHyuk ခနထိုင်နေ ငါအအေးဘူးသွားယူလာပေးမယ်"

Asahi နဲ့ JaeHyuk အိမ်ပြန်ရောက်သည်နှင့် JaeHyuk က ဆိုဖာပေါ် မကြည်လင်သောမျက်နှာနှင့်ထိုင်နေတာမို့ Asahi သူ့သူငယ်ချင်းအသစ်စက်စက်လေးအတွက် အအေးဘူးမြန်မြန်သွားယူပေးနေသည်

"ရော့...စိတ်ညစ်စရာရှိရင်ငါ့ကိုရင်ဖွင့်လို့ရတယ်.. ငါတို့ကတစ်အိမ်ထဲနေတဲ့သူငယ်ချင်းတွေပဲ...."

"ငါ.... ကျန်ခဲ့ပြီလား.... သူပြောသွားတာ HyunSuk ကသူ့လူတဲ့"

Asahi မျက်နှာကိုပြန်မကြည့်ဘဲနံရံကိုပဲမျက်နှာမူကာ ပြန်ဖြေနေသော JaeHyuk အဖြေနဲ့ အမူအရာကိုကြည့်လျှင်
HyunSuk ကိုသူကြိုက်နေတာသိသာနေပါပြီ
Asahi တစ်ချက်ပြုံးလိုက်ရင်း...

"မင်း မကျန်ခဲ့ပါဘူး မင်းအတွက်အချိန်အခါကောင်းရောက်လာအုံးမှာပါ "

"အင်း..ဂိုမားဝေါ် ပြီးတော့ မီယမ်းနဲ ဒီနေ့ ငါလိုက်မပို့နိုင်ခဲ့ဘူး"

"ရပါတယ်... ငါကဘာမှမဖြစ်ဘူး မင်းသာ စိတ်ကိုဂရုစိုက်နော် အများကြီးလည်း မတွေးနဲ့"

"ဒါပေမဲ့ ငါ JiHoon ကိုတော့ တော်တော် ကြည့်မရဘူး"

"အေးပါ...အခုအဲ့တာတွေမတွေးနဲ့တော့ဆို လာ ငါနဲ့ဂိမ်းဆော့မယ် လာပါ "

ထိုနေ့က Asahi နဲ့JaeHyuk တစ်နေကုန်ဂိမ်းပြိုင်ဆော့ဖြစ်ခဲ့ကြသည်
ဂိမ်းဆော့နေရင်းလည်း ဆိုဖာပေါ်မှာအိပ်ပျော်သွားတဲ့ JaeHyuk ကြောင့် Asahi ပြုံးနေရပြန်သည်

*ကလေးဇိုးလေးကျနေတာပဲ...စိတ်လျှော့ပြီး အနားကလူကိုမြင်ပေးပါ JaeHyuk ရယ်*

________________________________

Up တောင်းထားလို့နော် ဒီနေ့ MashiKyu ပါအပ်ထားတာ
ကြယ်လေးတော့ဖိပေးသွားကြအုံး အမောပြေလေး 😇




Continue Reading

You'll Also Like

1M 56.7K 58
𝐒𝐜𝐞𝐧𝐭 𝐨𝐟 𝐋𝐨𝐯𝐞〢𝐁𝐲 𝐥𝐨𝐯𝐞 𝐭𝐡𝐞 𝐬𝐞𝐫𝐢𝐞𝐬 〈𝐛𝐨𝐨𝐤 1〉 𝑶𝒑𝒑𝒐𝒔𝒊𝒕𝒆𝒔 𝒂𝒓𝒆 𝒇𝒂𝒕𝒆𝒅 𝒕𝒐 𝒂𝒕𝒕𝒓𝒂𝒄𝒕 ✰|| 𝑺𝒕𝒆𝒍𝒍𝒂 𝑴�...
2.5K 397 16
ရှေ့‌ဆက်တိုးမယ်ပေါ့... နာကျင်ရင်တောင်မှလား?
12.9K 393 29
နိုင်ငံအတွင်း သောင်းကျန်းနေသော ဂိုဏ်းအချို့ကို ဖမ်းဆီးဖို့အတွက် villaဆိုသော ဂိုဏ်းကို ရုပ်ဖျက်၀င်သွားခဲ့သူ _Nunew အမှောင်ဂိုဏ်းထဲမှာ အာဏာအကြီးဆုံးဖြစ...
21.1K 540 40
A curious little Alien goes snooping, where he wasn't supposed too, and gets teleported to earth, where he meets his soulmate <333 [I drew the Cover...