The Same as P-9 Uni

529 93 7
                                    

JeongWoo Asahi ဖုန်းဆက်ထားတာကြောင့် JaeHyuk အိမ်သို့ရောက်လာသည်
​​အောက်မှာမတွေ့တာကြောင့်အခန်းရှိရာစို့တက်သွားလိုက်သည်
အခန်းထဲ၌ မမှိတ်မသုန်ထိုင်နေသော JaeHyuk မျက်နှာကလည်း ဖြူလျော့လျော့နှင့် ဘာမှစားရသေးသည့်ပုံမပေါ်တာကြောင့် လက်ထဲကဝယ်လာတဲ့ဆန်ပြုန်ကိုပန်းကန်ထဲလှယ်ကာ တိုက်လိုက်သည်

"JaeHyuk Hyung စိတ်ထဲမွန်းကျပ်နေရင်ကျွန်တော့ကိုပြောပြလို့ရတယ်နော် မျိုသိပ်မထားပါနဲ့ "

"ငါ...ဘာဖြစ်နေမှန်းကိုမသိပါဘူးကွာ"

"Asahi Hyung ပြန်သွားတာကြောင့်လား ဒါမှမဟုတ်ဟိုတနေ့က HyunSuk Hyung နဲ့ကိစ္စကြောင့်လား "

"ငါလည်းအဲ့တာကိုမသိတာ.... ငါ့စိတ်ထဲအဆင်မပြေသေးဘူး ဘာကိုအတည်ပြုရမလည်းလည်းမသိဘူး"

"ဒါဆို ဒီနေ့ကတော့အနားယူလိုက် Hyung ကျွန်တော်Company မသွားတော့ဘူး Hyung စိတ်ချလက်ချအိပ်လိုက် "

JaeHyuk အိပ်ပျော်သွားတာနဲ့ JeongWoo အောက်ထပ်ဆင်းလာသည်
ဖုန်းဝင်လာတာကြောင့် ကြည့်လိုက်တော့ Asahi

"Hello JeongWoo JaeHyuk အဆင်ပြေလား "

"အင်း ကျွန်နော်အခုသူ့အိမ်မှာ ကျွန်တော် Hyung ကိုမေးစရာရှိလို့"

"သူနဲ့ Hyung ကဘာတွေဖြစ်ခဲ့ကြသေးလည်း"

"ဟင်.... ဘာမှမဖြစ်ဘူး ဘာလို့လည်း"

"မဟုတ်တော့ဘူး ကျွန်တော်လည်းအတည်ပြုကြည့်အုံးမယ် ဒါပဲနော် Hyung လည်းကျန်းမာရေးဂရုစိုက်"

~~~~~~~~~~~~~~~~

Asahi ဒီနေ့ပါဆို အိမ်ပြန်ရောက်နေတာ 5 ရက်ရှိပြီ
JaeHyuk ဆီကဖုန်းဆက်လာမလားလို့စောင့်နေပေမယ့်
ဘာမှမထူး
သူ့စိတ်ထဲမှာတော့ JaeHyuk သူ့ကိုမဖြေခဲ့တဲ့မေးခွန်းကိုသူအတည်ပြုလိုက်သည်
*အဲ့နေ့က HyunSuk နဲ့အဆင်ပြေခဲ့လား *

ဒီလောက်ဆို Asahi သဘောပေါက်လိုက်ပါပြီ
သူအဆင်ပြေသွားခဲ့ပြီပဲ
ဘာပဲဖြစ်ဖြစ် ငာတို့ကသူငါ်ချင်းတွေပဲ
ငါ့ဘက်ကဖုန်းဆက်ပြီး နေကောင်းလားတော့မေးလို့ရလောက်ပါသေးတယ်

Asahi လက်ထဲက JaeHyuk ဆိုတဲ့ Contact ကိုနှိပ်လိုက်သည်
ဒါပေမယ့်သူခေါ်လိုက်တိုင်း ဆက်သွယ်မှုဧရိယာပြင်ပ.....

The Same as {Completed}💛Where stories live. Discover now