JeongWoo က Asahi ကိုကူလိုက်အုံးဆိုလို့ JaeHyuk မီးဖိုခန်းထဲကမထွက်ရသေး....
မုန်လာဥနီဆေးပေးသလိုနှင့် အရွက်လှီးနေသည့် ဘေးကAsahi
ကို မသိမသာခိုးကြည့်လိုက်သည်သူလည်း အချက်အပြုတ်မကျွမ်းကျင်သူမို့ အရွက်ကိုသေချာအားစိုက်လှီးနေတော့ ကိုယ်ကြည့်နေတာကိုသတိထားမိပုံမရှိတာကြောင့် ခနလောက်ထိ ကြည့်နေလိုက်သည်
"JaeHyuk မုန်လာဥနီပေးတစ်ခါထဲလှီးလိုက်မယ်..."
"......"
သူ့ကိုတော့ကြည့်နေပေမဲ့ ဘာမှပြန်မပြောတဲ့ JaeHyuk ကြောင့်
Asahi သူ့မျက်နှာသူကိုင်ကြည့်ကာ"ဘာပေနေလို့လည်း.. "
ထိုအခါမှ JaeHyuk အသိဝင်လာကာ တစ်ဖက်ပြန်လှည့်ရင်းမုန်လာဥနီဆက်ဆေးနေလိုက်သည်
"အခုထိငါ့ကိုစိတ်ဆိုးနေတုန်းလား ငါက မင်းသူငယ်ချင်းစစ်မစစ်ဘယ်လိုသမှာလည်း အဲ့တာကြောင့် အိမ်ထဲပေးမဝင်တာ "
"ရော့....လှီးလို့ရပြီ"
လက်ထဲကမုန်လာဥနီကိုပေးကာ မီးဖိုခန်းမှ ထွက်လာလိုက်သည်
အခန်းအပြင်ရောက်သည့်အခါတွင်မှ ရင်ဘက်ကိုလက်နှစ်ဖက်ဖြင့်ဖိကာ သက်ပြင်းတစ်ချက်ချရင်း...*ရင်ပူလိုက်တာ ဟူး......*
"JaeHyuk Hyung ဘာလုပ်နေတာလည်း "
"မင်းကလည်း လန့်လိုက်တာ ဘာမှမဖြစ်ပါဘူး"
"Asahi Hyung နဲ့အဆင်မပြေဘူးလား သူကတဂယ်ကို ဖြူစင်ပါတယ် ခင်ဖို့လည်းကောင်းတယ် "
"နောက်မှဆက်ပြောကြတာပေါ့ Ruto နဲ့စကားသွားပြောလိုက်အုံးမယ်"
"အဲ့တာ ကျွန်တော့လူနော် ဝေါ့ "
JeongWoo က လျှာထုတ်ပြကာ မီးဖိုခန်းထဲပြေးဝင်သွားသည်
JaeHyuk စိတ်ထဲတွင်တော့
*JeongWoo အဆင်ပြေနေပုံပဲ ပျော်နေလိုက်တာ...ဟင့်*JeongWoo မီးဖိုခန်းထဲရောက်သည်နှင့် Asahi ကသူ့ဘက်လှည့်ကာ မုန်လာဥနီကိုထောင်ပြရင်း
"JaeHyuk ကငါ့ကိုစိတ်ဆိုးနေတုန်းထင်တယ် စကားမပြောဘူး ခုနကမင်းတို့ကိုငါမဝင်ခိုင်းလို့လေ "
YOU ARE READING
The Same as {Completed}💛
RomanceJaehyuk ရဲ့အမေကြောင့် တစ်အိမ်ထဲတူတူနေရတဲ့ Jaehyuk နဲ့ Asahi JaeHyuk က သူနဲ့ opposite type ဆိုပြီးAsahi အမြဲငြင်းဆိုခဲ့ပေမယ့် တဂယ့်လက်တွေ့မှာတော့ သူ့ကိုယ်သူရော ငြင်းနိုင်ပါ့မလား နောက်ဆုံးချိန်ထိ JaeHyuk နဲ့ Asahi တို့ ဘယ်လိုဆက်ဖြစ်သွားကြမလည်းဆိုတာကတေ...