Love is Blind ( Completed )

By November_venus

213K 20.4K 573

Pity is akin to love 💜 More

Chapter - 1
Chapter - 2
Chapter - 3
Chapter - 4
Chapter - 5
Chapter - 6
Chapter - 7
Chapter - 8
Chapter - 9
Chapter - 10
Chapter - 11
Chapter - 12
Chapter - 13
Chapter - 14
Chapter - 15
Chapter - 16
Chapter - 17
Chapter - 18
Chapter - 19
Chapter - 20
Chapter - 21
Chapter - 22
Chapter - 23
Chapter - 24
Chapter - 25
Chapter - 26
Chapter - 27
Chapter - 28
Chapter - 29
Chapter - 30
Chapter - 31
Chapter - 32
Chapter - 33
Chapter - 34
Chapter - 35
Chapter - 35 ( Unicode )
Chapter - 36
Chapter - 37
Chapter - 38
Chapter - 40 ( final )
Extra

Chapter - 39

3.8K 399 12
By November_venus

Zawgyi














" ဝမ်ရိပေါ် နင်က...."


" ဘာ..."!!





" ဝမ်ရိပေါ် နင်...နင်.."


" ဘာ..."


" ..... "




" ရှောင်းကျန့် နင်လည်း.. "

အဲ့...အဲ့....။









........

#Novembervenus









Unicode



အနမ်းတွေကြားထဲ နှစ်ဝင်နေချိန်မှာ ဝုန်းကနည်း ပွင့်သွားတဲ့ တံခါးကြောင့် ရှောင်းကျန့်အနမ်းကို နှစ်မျော်စွာ ခံယူနေတဲ့ ဝမ်ရိပေါ်ခန္ဓာကိုယ်သည် ဆက်ကနဲ တုန်တက်သွားခဲ့သည်။ ရှောင်းကျန့် နမ်းရှိုက်နေတာကို မျက်လုံးလေးမှိတ်ပြီး ခံယူနေတဲ့ ဝမ်ရိပေါ်ခန္ဓာကိုယ်တုန်တက်သွားတာကြောင့် ရှောင်းကျန့် နမ်းလက်စ အနမ်းကို ရပ်တန့်ပြီး တံခါးဝကို စိုက်ကြည့်လိုက်သည်။ တံခါးဝကနေ သူတို့ နှစ်ယောက်ကို စူးစူးရဲရဲကြည့်နေတဲ့ ဝမ်ချင်းဟာ ဒေါသတွေများစွာထွက်နေသည်။ လက်သီးကို တင်းတင်းဆုတ်၍ ရှောင်းကျန့်တို့ကို ကြည့်နေတာများ ဝမ်ချင်းဟာ နဂါးဆိုလျှင်တောင် ရှောင်းကျန့်ရော ဝမ်ရိပေါ်ပါ ပြာကျသွားနိုင်သည်အထိ။

ဝမ်ချင်းသည် လီလီပြောလိုက်လို့ ကြားလိုက်ရတဲ့ စကားတွေကြောင့် ဒေါသထွက်ကာ ရှောင်းကျန့်ရုံးခန်းထဲဝင်လိုက်လျှင်ပင် နှုတ်ခမ်းချင်း ဂဟေဆက်နေတဲ့ အမျိုးသားနှစ်ယောက်ကြောင့် ဒေါသတွေ မချုပ်တီးနိုင်တော့စွာ ရှောင်းကျန့်မျက်နှာကို စူးရဲစွာကြည့်ပြီး ပုခက်ထဲမှာ အိပ်နေတဲ့ နီတာရဲကလေးသေးသေးလေးကို လက်ညိုးထိုးကာ မေးလိုက်သည်။

" ရှောင်းကျန့် ဒီကလေးကဘာလဲ နင်ဘာအချိုး ချိုးလိုက်တာလည်း "

နောက်ကျောပေးထားတဲ့ တံခါးက ဝုန်းကနည်းပွင့်သွားတာကြောင့် အနည်းငယ် လန့်မိသွားပေမယ့် နောက်ကနေ ကြားလိုက်ရတဲ့ အသံစူးစူးကြီးကြောင့် ဝမ်ရိပေါ်မျက်မှောင်လေး ကုတ်လိုက်မိသည်။ ပြီးမှ ရှောင်းကျန့်ပေါင်ပေါ်မှ အသာအယာထပြီး အိပ်ပျော်နေတဲ့ ကလေးသေးသေးလေးရဲ့ ပုခက်နား အေးဆေးစွာ လျှောက်သွားပြီး ပုခက်အတွင်းကို ငုံ့ကာကြည့်သည်။

တော်ပါသေးရဲ့ ပိစိကွေးသေးသေးလေးက သူ ခုဏက ထားခဲ့တဲ့အတိုင်း အိပ်ပျော်လျှက်ရှိနေလို့။

ဝမ်ရိပေါ် ပုခက်တွင်းက ကလေးကိုတစ်ချက်ကြည့်ပြီး ဝမ်ချင်းဘက်ကို ပြန်လှည့်ကြည့်လာခဲ့သည်။ မျက်လုံးတွေကတော့ ရေခဲသားလို အေးစက်နေလျှက်။

" အခန်းထဲဝင်မယ်ဆို တံခါးခေါက်ရမယ်ဆိုတာ မသိဘူးလား အတွင်းရေးမှူးဝမ်ချင်း "

ဒေါသထွက်နေပါတယ်ဆိုမှ ဝမ်ချင်းကို စိုက်ကြည့်ကာမေးလာတဲ့ ဝမ်ရိပေါ်ကြောင့် ဝမ်ချင်းမှာ ဒေါသတွေ ပိုထွက်လာရတယ်။

" နင့်အဆင့်ကဘာမလို့ ငါ့ကို အဲ့လို လာမေးရတာလည်း ဝမ်ရိပေါ် "

ဝမ်ချင်း၏ ဒေါသတွေသည် ရှောင်းကျန့်ထံမှ ဝမ်ရိပေါ်နား ပြောင်းသွားရသည်။ ဝမ်ရိပေါ်ကတော့ ဂရုမစိုက်စွာ ဝမ်ချင်းကို သေချာစိုက်ကြည့်ပြီး တစ်လှမ်းခြင်း လျှောက်လှမ်းလို့လာနေပြီ...။

ရှောင်းကျန့်ကတော့ ယခုချိန်မှာ ပွဲကြည့်သူအဖြစ်သာ နှစ်ဦးနှစ်ဖက်လုံးက ပေါက်ကွဲလုဖြစ်နေတဲ့ ချိန်ကိုက်ဗုံးတစ်လုံးစီ ကိုင်ထားကြတယ်လေ။ အစက ရှောင်းကျန့် ဝမ်ချင်းကို စကားပြောဖို့ပြင်လိုက်ပေမယ့် သူ့ပေါင်ပေါ်ကထသွားတဲ့ ဝမ်ရိပေါ်ရဲ့ မျက်လုံးတွေက်ုမြင်လိုက်သည့်အခါ ငြိမ်ပေးလိုက်ရသည်။ ဝမ်ရိပေါ်မျက်လုံးတွေက ဝမ်ချင်းကို စိတ်ကုန်နေတဲ့ မျက်ဝန်းတွေမလား။ ဒါကြောင့် ဒီတစ်ခါ ဒီကောင်လေး ဝမ်ချင်းကို အပိုင်ပြောတော့မယ်ဆိုတာ ရှောင်းကျန့်သိနေတယ်။

ဝမ်ချင်းစကားကြောင့် ဝမ်ရိပေါ်နှုတ်ခမ်းလေးသည် မဲ့ပြုံးပြုံးသွားရသည်။

" အော် မမဝမ်ချင်းက အခုချိန်အထိ ကိုယ့်နေရာကို မသိသေးဘူးပဲ "

" ဝမ်ရိပေါ် နင်က...."

" ကျွန်တော်က ကိုကို့ အမျိုးသား "

" ဘာ..."!!

ဝမ်ရိပေါ်အဖြေစကားကြောင့် ဝမ်ချင်း ဒေါသကြီးစွာ အော်လိုက်မိသလို ရှောင်းကျန့် မျက်ခုံးလေးများ ပင့်မိသွားတယ်။

ထင်မထားဘူးငယ် အဲ့လောက်အထိ ပွင့်လင်းသွားမယ်လို့ ။

" ဝမ်ရိပေါ် နင်ဘာပြောလိုက်တာလည်း "

" မကြားလိုက်တာလား မမဝမ်ချင်း ။ အခု မမဝမ်ချင်း မေးတဲ့မေးခွန်းကို ကျွန်းတော်က ပြန်ဖြေလိုက်တာပါ။ ကျွန်တော့ အဆင့်အတန်းက ဘာလဲဆိုတော့ ကျွန်တော်က ကိုကို့အမျိုးသားပါ။ အတွင်းရေးမှူးဖြစ်တဲ့ မမဝမ်ချင်းတော့ ယှဉ်ပြိုင်လို့မရတဲ့ အဆင့်အနေအထားမှာရှိနေတဲ့ ကျွန်တော်ဟာ ကိုကို့ရဲ့ အမျိုးသားအဖြစ် တည်ရှိနေပါတယ် "

" ဝမ်ရိပေါ် နင်...နင်.."

" ရှူး... နည်းနည်း အသံတိုးပေးလို့ရမလား မမဝမ်ချင်း ကျွန်တော်နဲ့ ကိုကို့သားလေး အိပ်ပျော်နေလို့ပါ "

" ဘာ..."

" ဟုတ်ပါတယ် အမအသံကျယ်ကြီးကြောင့် ကျွန်တော်တို့ သားလေးလန့်နိုးသွားလိမ့်မယ် "

" ..... "

ဝမ်ရိပေါ်စကားတွေကြောင့် ဝမ်ချင်း ပြောစရာ စကားတွေ ပြောက်ရှနေခဲ့တယ်။ ရှောင်းကျန့်ကတော့ ဝမ်ရိပေါ်ကို ညို့အားပြင်းလွန်းတဲ့ မျက်ဝန်းညိုကြီးနဲ့ ငေးစိုက်ကြည့်နေလျှက်။ ဒါကိုတွေ့တဲ့ ဝမ်ချင်းဟာ လုံးဝ သည်းမခံနိုင်တော့စွာ ဝမ်ရိပေါ်နား ဒေါသကြီးစွာတိုးကပ်သွားတယ်။ ဒါပေမယ့် ဝမ်ချင်းသည် ဝမ်ရိပေါ်နား မရောက်ခင်ပင် ဝမ်ရိပေါ်နဲ့ ဝမ်ချင်းကြား ရောက်ရှိလာခဲ့တဲ့ ရှောင်းကျန့်။ ရှောင်းကျန့်သည် ဝီးချဲပေါ်ကနေ အေးစက်နေတဲ့ မျက်လုံးများနဲ့ ဝမ်ချင်းကိုစိုက်ကြည့်ပြီး အေးစက်စက်စကားများကို ဆိုလာခဲ့သည်။

" ငယ့်ကို နောက်တစ်ခါ ထိခိုက်အောင်မလုပ်နဲ့လို့ ငါပြောထားတယ်နော် ဝမ်ချင်း ။ ဒီတစ်ခါ မင်း ငါရှိနေတာတောင် ငယ့်ကို ထိခိုက်အောင်လုပ်မိသွားရင် ငါ့ရဲ့ အကောင်းတိုင်းရှိနေတဲ့ လက်နှစ်ဖက်က မင်းပါးနှစ်ဖက်အတွက် ဖြစ်သွားလိမ့်မယ် "

ရှောင်းကျန့်သည် ဝမ်ချင်းကို ဤမျှလောက် ဆိုးဝါးတဲ့ စကားတွေ တစ်ခါမှ မပြောခဲ့တဲ့အတွက် ဝမ်ချင်း အံ့သြမိသွားတယ်။

" ရှောင်းကျန့် နင်လည်း.. "

အဲ့...အဲ့....။

ဝမ်ချင်းစကားမဆုံးခင်မှာပင် ပုခက်ထဲမှ တစ်အဲ့အဲ့ အသံပေးလာပြီး နိုးလာတဲ့ နီတာရဲကလေးသေးသေးလေးကြောင့် ရှောင်းကျန့်ရဲ့ အကြည့်တွေသည် ပုခက်လေးဘက် ရောက်သွားခဲ့သည်။ ထို့နောက် ဝမ်ရိပေါ်ရှိရာဘက် လှည့်ကြည့်လာတဲ့ အကြင်နာ မျက်ဝန်းညိုကြီးတွေနဲ့ နူးညံ့နေတဲ့ လေသံအေးအေးလေးနဲ့ ....

" ငယ် ကိုကိုတို့သားလေး နိုးနေပြီ "

ဝမ်ရိပေါ်သည် ရှောင်းကျန့် စကားလေးကို ခေါင်းလေးငြိမ့်ကာ ပြုံးပြရင်း ပုခက်အတွင်းမှ နီတာရဲကလေးသေးသေးလေးကို သွားကောက်ချီသည်။ နီတာရဲကလေးသေးသေးလေး လက်ထဲရောက်လာပြီးမှ အနည်းငယ် ငြူစူသော လေသံလေးရယ်ဟန်ဆောင် စိတ်ဆိုးတဲ့မျက်နှာလေးနဲ့ ရှောင်းကျန့်ဘက် လှည့်ကြည့်ကာ စကားဆိုလာခဲ့သည်။

" ကိုကို့သားက အီအီးပါချထားတယ် " တဲ့

ဝမ်ရိပေါ်စကားကြောင့် ရှောင်းကျန့်သည် သဘောကျစွာ အသံထွက်အောင်ရယ်ပြီး ဝီးချဲကို ဝမ်ရိပေါ်နဲ့ ကလေးသေးသေးလေးဘက် ရောက်အောင်တွန်းရွေ့သွားခဲ့သည်။ တစ်နေရာတည်းမှာ ရပ်ပြီး ကျန်နေခဲ့ရတာက ဝမ်ချင်း။ ဝမ်ချင်းဟာ သူ့ကို ရှိတယ်လို့ပင် မထင်ပဲ အီးပါချထားတဲ့ ကလေးသေးသေးလေးနဲ့ တစ်ယောက်ကိုတစ်ယောက် အကြည်စိုက်နေတဲ့ လူနှစ်ယောက်ကို ငေးကြည့်နေခဲ့သည်။ ထို့နောက် ပါးပြင်ပေါ် အဖိတ်ခေါ်ပဲ ကျလာတဲ့ တစ်ကယ်ပဲ ကလေးသေးသေးလေးကိုတစ်ခါ အီးပေနေတဲ့ ကလေးသေးသေးလေးကို အဝတ်လဲပေးနေတဲ့ ဝမ်ရိပေါ်ကို တစ်လှည့် ကြည်နူးရိပ်သန်းနေတဲ့ မျက်ဝန်းတွေနဲ့ စိုက်ကြည့်နေတဲ့ရှောင်းကျန့်ဟာ သူမကို တစ်ကယ် မလိုအပ်ခဲ့ဘူးပဲ။

ဝမ်ချင်းသည် ခြေလှမ်းတွေကို နောက်ဆုတ်လို့ အခန်းအပြင်ပြန်ထွက်ခဲ့မိတဲ့အချိန် အခန်းဝမှာ ရှိနေတဲ့ ရှောင်းပါပါးနဲ့ လီလီကိုတောင် ဟန်ဆောင်ပြီး ပြုံးမပြနိုင်ခဲ့တော့ပေ။ ပါးပေါ်မှာ စီးကျနေတဲ့ မျက်ရည်စတွေကို လက်ဖမိုးလေးနဲ့ သုတ်ဖယ်ရင်း သူမ ပြေးထွက်လာခဲ့မိတာ ဘယ်နေရာရောက်လို့ ရောက်နေမှန်းတောင်လည်း မသိနိုင်ခဲ့တော့ပေမယ့် သူမရှေ့ကနေ တစ်စုံတစ်ယောက်က တားစီးလိုက်ပြီး မျက်ရည်များ ကျဆင်းနေဆဲဖြစ်တဲ့ သူမမျက်နှာလေးကို ရင်ခွင်ထဲ ဆွဲသွင်းလိုက်တဲ့ ခံစားချက်ကိုတော့ သူမခံစားလိုက်ရသည်။ ဒါကြောင့် အားကိုးရသွားသလို ဖြစ်သွားတဲ့ သူမဟာ ထိုရင်ခွင်ပိုင်ရှင်ကြီးကို အားကိုတကြီးပြန်ဖက်တွယ်ပြီး ဝမ်နည်းစွာ ငိုလိုက်ပါတော့သည်....။

ကျိုးချန်ကတော့ သူ့ခါးကိုဖက် သူ့ရင်ခွင်ထဲ အားကိုတကြီး တိုးဝင်ပြီး ငိုရှိုက်နေတဲ့ ဝမ်ချင်း ခန္ဓာကိုယ်လေးကို လွတ်ထွက်မသွားအောင်ပင် ထွေးဖက်ပေးထားခဲ့ပါသည်။

ဒီနေ့တစ်ရက်တော့အဝငိုပါ ဝမ်ချင်း ဒါပေမယ့် မနက်ဖန်ကစပြီး အလှဆုံးတော့ ပြုံးနေရမယ်နော်...။

........

#Novembervenus





နှုတ်ဆက်ရဖို့ တစ်ဖြေးဖြေးနီးလာပြီ 💜






Continue Reading

You'll Also Like

151K 9.1K 40
တစ်စုံတစ်ယောက် ကို ဘယ်လောက်ထိ သဘောကျမိတဲ့ အကြောင်း မေးတယ့် အခါ ရှိုက်သံ တွေ မပါဘဲ ဖြေကြည့်ပါ...။ on...
335K 21.9K 26
"ကိုကို့ ကို ထိခိုက်​​အောင်​ လုပ်​တယ်​့ ဘယ်​သူမဆို ပြန်​​ပေးဆပ်​​စေရမယ် ........" "ကိုကို့ကိုထိခိုက်အောင် လုပ်တဲ့ ဘယ်သူမဆို ပြန်ပေးဆပ်စေရမယ်......."...
566K 53.4K 42
ကျိုးနိုင်ငံမှ လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါး နေတတ်သော ကျိုးနိုင်ငံရဲ့အချစ်တော်လေးဖြစ်တဲ့ အလိုလိုက်ခံမင်းသားလေးကျန့်ကျန့်... အင်အားကြီးမားကာ လက်အောက်ခ...
98.5K 7K 46
Unicode ver... ခ​လေး မင်းရဲ့ အချစ်​ကိုမ​ပြောင်းလဲပြစ်​ပါနဲ့ မျက်​ရည်​စီး​ကြောင်း​တွေ ကိုယ့်​ဘဝကို လွှမ်းသွားနိုင်​လို့ပါ ကိုယ့်​ကို ထားမသွားပါနဲ့ မ...