Telling Ghost Stories At My E...

By callme__kitty

130K 22.8K 3.6K

Title : Telling Ghost Stories At My Ex-boyfriend's Wedding [去前男友婚礼上讲鬼故事] Author : 花间二狗 English Translator : C... More

Synopsis
1
2
3
5
6
7
8
9
10
11
12
[The End]

4

7.2K 1.6K 259
By callme__kitty

[Unicode]

'ရှောင်းပိုင်'

43.

ဆရာကြီးပုံစံက အနည်းငယ်မျှ ရှက်ရွံ့သွားပုံပေါ်သည်။ ထို့နောက်မှာတော့ သူ ဆုတောင်းစာ၊ စိတ်ပတီးများ ထုတ်ယူပြီး စတင် ခြေဟန်လက်ဟန်ပြ ရွတ်ဆိုတော့သည်။

တစ္ဆေကောင်လေးပြောတာ မှန်သည်ဟု ကျွန်တော်ထင်သည်။ ဒီပင့်ခေါ်ဆရာက လူလိမ်ပဲ။ ဒီလောက်ကြာနေတာတောင် ကျွန်တော်ရှိနေရာဘက်ကို ကြည့်မလာ။

ကျွန်တော်သာ ဆူးယွီကို စကားပြောခွင့်ရလာပါက ဘာပြောရမလဲဆိုတာ မစဉ်းစားရသေးပေမယ့်လည်း ကျွန်တော် ထူးထူးခြားခြား စိတ်ဓာတ်ကျသွားသည်။

44.

ကျွန်တော် ဆူးယွီကို ပေးထားတဲ့ ငွေပမာဏက များပြားလွန်းတာမို့ သူ တစ်ကြိမ်တစ်ခါလေးတောင် ကျွန်တော့်ဘဏ်ကတ်ကို ထိကိုင်ခြင်းမရှိခဲ့။ ထို့ကြောင့်မို့လည်း သေချာသလောက် ကျွန်တော့်၏လျှို့ဝှက်နံပါတ်ကို သူ သိမှာ မဟုတ်။

ဘယ်လိုပဲဖြစ်ပါစေ ဘဏ်ကတ်ထဲမှာကလည်း ငွေပမာဏ များများစားစား မကျန်တော့တာမို့ ကျွန်တော် မသေခင်က ဆူးယွီကို မပြောပြမိလိုက်သလို ဆူးယွီကလည်း မေးမလာ။

အခု ပြန်တွေးကြည့်မိကာမှ ကျွန်တော် နောင်တရသလို ဖြစ်လာသည်။ ဘယ်လိုပဲဖြစ်ပါစေ၊ ခြင်သားကလည်း အသားပဲ မဟုတ်လား။

ကျွန်တော် ပျင်းရိလာတာမို့ ဆူးယွီ၏ ရုပ်ချောချော မျက်နှာရှေ့ကို စောက်ထိုးအနေအထားနှင့် တွဲလောင်းကျနေပြီး သူ၏ သွယ်လျလျ နှာခေါင်းကို တို့ထိပြီး ပြောလိုက်သည်။

"လျှို့ဝှက်နံပါတ်က မင်း မွေးနေ့လေ၊ ခွေးသားလေး"

ဆူးယွီ၏ အကြည့်စူးစူးက ကျွန်တော့်ကို ဖြတ်ကျော်ပြီး ပင့်ခေါ်ဆရာကိုသာ ကြည့်နေသည်။ သူ ကျွန်တော်ပြောတာများကို ဘာဆိုဘာမှ မကြားလိုက်။

45.

ပင့်ခေါ်သူ ဆရာကြီးက အချိန်အတော်ကြာ ရွတ်ဆိုနေပြီးမှ ဟန်ဆောင်ပန်ဆောင် သက်ပြင်းချပြီး ပြောလာသည်။ "သူ မေ့သွားပြီတဲ့။"

ထို့နောက်မှာတော့ ဘဝကူးတံတားဖြတ်ပြီးသွားတဲ့လူတွေက ကိစ္စသေးသေးလေးတွေဆို မေ့သွားတာ ပုံမှန်ပါပဲဟု ပညာရှင်ဆန်ဆန် ထည့်ပေါင်းပြောလိုက်သေးသည်။

ကျွန်တော် သက်ပြင်းသာသာချပြီးသာ မျက်ဆန်လှန်ပြလိုက်သည်။

လိမ်၊ မင်း ဆက်ပြီးသာ လိမ်။

ဆူးယွီ ဘာမှပြန်မပြောပဲ တိတ်နေပြီး အတော်ကြာမှ တိုးလျလျ ထရယ်သည်။ နှုတ်ခမ်းလေး တစ်ဖက် ကော့တက်သွားရုံနှင့် ကျွန်တော့်ရင်ကို ကလိထိုးသလို ဖြစ်စေသည့်သူက ပြောလာသည်။

"သူ ကျွန်တော့်မွေးနေ့ကို မမေ့နိုင်လောက်ပါဘူး။"

46.

...... ဆူးယွီ၊ မင်းက တကယ်ခွေးကောင်ပဲ။

47.

ပင့်ခေါ်သူဆရာကြီးက ကို့ရိုးကားယားနိုင်စွာ ပြုံးရင်း ခြောက်ကပ်ကပ်ပြန်ပြောလာသည်။ "အဲ့လိုဆိုရင်တောင်မှ မေ့သွားရင် အစဖော်ဖို့ နည်းလမ်းမရှိတော့ဘူးလေ။ အလှုရှင်၊ မင်းရဲ့ ပူဆွေးသောကတွေကို ချုပ်တည်းထားပါ။"

ဆူးယွီ ဒီဆရာကြီးဖြစ်သူက အလိမ်အညာဆိုတာ သတိထားမိသလား တမင်ပဲ လုပ်နေသလား ကျွန်တော် သေချာမသိ။ သူ ဒီအကြောင်းကို ဆက်မပြောတော့ပဲ အခြားအရေးမပါသည့် ကိစ္စအနည်းငယ်သာ မေးမြန်းလာသည်။ ဆရာကြီးဖြစ်သူကလည်း မျက်တောင်တစ်ချက်မခတ်ပဲ မဟုတ်တမ်းတရားများ စတင်ပြောဆိုတော့သည်။

ကျွန်တော် သူ့ရဲ့ မဟုတ်တရုတ်စကားများကို နားထောင်ရတာ ပျင်းရိလာချိန်မှာပဲ ပင့်ခေါ်သူ ဆရာကြီးက သက်ပြင်းဖွဖွချပြီး ပြောလာသည်။ "သူ ပြန်ရတော့မယ်တဲ့။ နောက်ဆုံးအနေနဲ့ သူ မင်းကို ပြောချင်နေတာတွေကို ငါ ပြန်ပြောပြပေးမယ်။"

ကျွန်တော် ဆူးယွီပခုံးအနားသို့ မျောလွင့်သွားကာ ထိုင်ချရင်း သူနှင့်အတူ ဆရာကြီးအား ကြည့်နေလိုက်သည်။

သူ ဘယ်လိုမဟုတ်တဲ့အကြောင်းတွေ ထပ်ပြောလာမလဲဆိုတာကို ကြားရဖို့ ကျွန်တော် စိတ်အားထက်သန်နေမိသည်။

48.

ဆူးယွီ မျက်မှောင် အနည်းငယ် ကြုတ်သွားသည်။ သူ ခေါင်းစောင်းကာ သူ့ညာဘက်ပခုံးကို လှမ်းကြည့်ပြီး သူ့လက်နှင့် ထိကိုင်လိုက်သည်။ သူ့လက်က ကျွန်တော့်ခန္ဓာကိုယ်ကို ကျော်ဖြတ်ပြီး သူ့အင်္ကျီကိုပဲ ထိသွားတာကတော့ စိတ်မကောင်းစရာပင်။

ဆရာကြီးအသံက သေတမ်းစာတစ်စောင်ကို ရွတ်ဖတ်ပေးနေသည့်အလား ထွက်ပေါ်လာသည်။ "အချစ်ရေ၊ ကိုယ် သွားရတော့မယ်။ မင်းလည်း ငါ့ကို မေ့လိုက်ပါ။ ပြီးတော့ လက်ထပ်၊ ကလေးတွေ မွေးပြီး ဘဝကို ကောင်းကောင်းဖြတ်သန်းပါ။"

ဆူးယွီ ခဏကြာမျှ ကြက်သေ သေသွားသည်။ သူ့လက်များကလည်း တောင့်တင်းသွားပြီးနောက် ခေါင်းငိုက်စိုက်ကြသွားသည်။

49.

ကျွန်တော်လည်း ရုတ်ချည်းဆိုသလို အသက်မရှုနိုင်ဖြစ်သွားရသည်။

ဒီစကားတွေက မဟုတ်တမ်းတရားများဆိုပေမယ့်လည်း ကျွန်တော်က သေသွားပြီဖြစ်သည်။ ကျွန်တော် ဆူးယွီကို ဘယ်လိုစကားမျိုးပဲ ပြောချင်နေပါစေ၊ ဒီစကားမျိုးကသာ သူ တကယ်ကြားဖို့ လိုအပ်နေတာဖြစ်သည်။

အတိတ်ကို တွယ်ဖက်မထားနဲ့ ; အဲ့အစား အနာဂတ်ကိုသာ အာရုံစိုက်။ လူဆိုတာ အမြဲအရှေ့ကိုပဲ ကြည့်နေရမယ်။

ဒီလို ဖြောင်းဖြပြောဆိုနေခြင်းများက ဆူးယွီအတွက် မဟုတ်ပဲ ကျွန်တော့်ကိုယ်ကျွန်တော်အတွက် ပြုလုပ်နေမိသလိုပင်။

သေလူက သေပြီးသားလူတစ်ယောက်သာ။ မလိုလားရင်တောင်မှ မင်း လက်လွှတ်လိုက်ရတော့မည်ဖြစ်သည်။

ကျွန်တော်လည်း သူ့အနားမှာ အချိန်အတော်ကြာ အတင်းအကြပ် ကပ်တွယ်နေခဲ့ပြီးပြီပဲ။ အကျိုးအမြတ်ဆိုတာလည်း ရသင့်ရသလောက် ရပြီးပါပြီ။

50.

တစ်ခန်းလုံး ဝမ်းနည်းကြေကွဲဖွယ်လေထုကြား နစ်မြှုပ်နေချိန်မှာပဲ ဆူးယွီ ခေါင်းပြန်မော့ကြည့်လာသည်။ သူ့အသံက ဒီနေ့ ရာသီဥတုအခြေအနေကို ပြောပြနေသည့်အလား တည်ငြိမ်လျက်ရှိသည်။

"အဲ့အရူးကောင်သာ အဲ့လိုပြောလာနိုင်မယ်ဆို၊ ကျွန်တော့်ခေါင်းကိုတောင် ဖြုတ်ပြီး ဘောလုံးအဖြစ် ကန်ခိုင်းလိုက်မယ်။"

51.

ကျွန်တော် : ......

ချီးပဲ!

52.

ဆရာကြီးပုံစံမှာ အရှက်ရသွားပုံပေါ်ပြီး သူ့သူငယ်ချင်းများကလည်း ရှက်ကိုးရှက်ကန်းနှင့် အခက်တွေ့နေရလေသည်။ ဆူးယွီ သူ့ဖုန်းကို ထုတ်ပြီး တုန့်ဆိုင်းခြင်းမရှိ ပင့်ခေါ်သူဆရာထံ ပိုက်ဆံလွှဲပေးလိုက်သည်။ ပိုက်ဆံလွှဲနေချိန်အတွင်း သူ တည်တည်ငြိမ်ငြိမ်နှင့် ဆက်ပြောသေးသည်။

"အဲ့အရူးကောင်ကို တကယ်ခေါ်လို့ရခဲ့ရင် ကျွန်တော် သူ့ကို မေ့သွားရဲ မေ့သွားကြည့်၊ နေ့တိုင်း အိပ်မက်ထဲ လာ ကပြပြီး 'ဘဝဆိုတာဘာလဲ' အတွေးဝင်လာတဲ့အထိ ညှင်းပန်းနှိပ်စက်ပြမယ်ဆိုပြီးပဲ ပြောလာလောက်တယ်။"

ကျွန်တော့်အကြောင်းအသိဆုံးဆို ဒီရည်းစားဟောင်းဆိုတဲ့ ခွေးသားလေးပါပဲ။

တစ္ဆေလေးကတော့ ကျွန်တော့်အနား မျောလွင့်လာပြီး လက်မထောင်ပြလာသည်။ "သားကြီး၊ မိုက်လွန်းတယ်။"

53.

ပင့်ခေါ်သူဆရာနှင့် ဆူးယွီသူငယ်ချင်းလည်း ပြန်ဖို့ လှည့်ထွက်သွားကြသည်။ မထွက်ခွါခင်မှာပဲ ဆရာကြီးက လူအရိုးစုကို တစ်ချက်လှမ်းကြည့်ပြီး တစ်ခုခုကို ပြောဖို့ တွန့်ဆုတ်ဆုတ်ဖြစ်နေသည်။

နောက်ဆုံးမှာတော့ အိမ်က မထွက်ခွါခင်မှာပဲ ဒီနေ့အတွက် ယုံကြည်အားကိုးလောက်စရာ စကားတစ်ခွန်း ပြောလာလေသည်။ "အိမ်ထဲ ဒီလိုအရာတွေ မထား ထားနဲ့။ မကောင်းတဲ့အရာတွေကို ဆွဲဆောင်ဖို့ လွယ်ကူတယ်။"

ဆူးယွီ မျက်မှောင်ကြုတ်သွားသည်။ ဆရာကြီးကတော့ ဆက်ပြောလေသည်။ "အရင်ပိုင်ရှင်က ဆရာဝန်မလား။ ဆရာဝန်မို့ သူတို့ဆေးပညာရေးရာအတွက် ဒီလိုမျိုးတွေ ဝယ်တာက ပြဿနာမရှိ အဆင်ပြေပေမယ့် အခုကျ မတူညီတော့ဘူးလေ။"

ဆူးယွီက နားလည်သဘောပေါက်ကြောင်း ခေါင်းညိမ့်ပြလိုက်သည်။

ချက်ချင်းဆိုသလို ကျွန်တော် နှလုံးသားတစ်ခုလုံး အပြင်ခုန်ထွက်သွားတော့မလို ဖြစ်သွားသည် — ဒီခွေးကောင် ရှောင်းပိုင်ကို လွှင့်ပစ်မှာတော့ မဟုတ်ဘူးမလား။ တကယ်သာဆို ကျွန်တော် ဘယ်လိုလုပ်ရမလဲ။ ဒီအထိ ပြန်ပြေးလာခဲ့တာ အမှိုက်ပုံကြားထဲ ပစ်ခံလိုက်ရပြီး နောက်ထပ်တစ်ကြိမ် ထပ်ပြီး မီးသဂြိုလ်ခံရဖို့တဲ့လား။

ကျွန်တော့်တစ်ယောက်တည်း စိတ်မသက်မသာဖြစ်ပြီး ပျာယာခတ်နေတုန်းမှာပဲ ဆူးယွီ ခေါင်းလှည့်ပြီး ရှောင်းပိုင်ကို စိုက်ကြည့်နေတာကို သတိပြုမိလိုက်သည်။

သူ့မျက်လုံးများက အလင်းရောင်များတောင် ခပ်မှိန်မှိန် တောက်ပလျက်ရှိနေသေးတယ်???

54.

.... ပေါင်းပေ့လေး၊ မင်းကတော့ သာမန်လူတွေ တုန့်ပြန်သလိုကို တကယ် မတုန့်ပြန်တတ်တာပဲ။

55.

တစ္ဆေလေး ကျွန်တော့်အတွက် လုပ်ပေးထားသည့် အချိန်အပိုင်းအခြားက ကုန်ဆုံးသွားပြီးဖြစ်သည်။ လောကကြီးတစ်ခုလုံး စောက်ထိုးမိုးမျှော် ဖြစ်သွားပြီး လူအရိုးစုကြားထဲ ပြန်ညပ်နေသည့် ကျွန်တော့်ကိုယ်ကျွန်တော် တွေ့လိုက်ရလေသည်။ ထို့နောက်မှာတော့ ကျွန်တော့်အနား တစ်လှမ်းချင်း လျှောက်လာနေသည့် ဆူးယွီကို မြင်လိုက်ရသည်။

ကျွန်တော်ရဲ့ မရှိတော့သည့် နှလုံးသားလေးကလည်း တစ်ဖန် ထပ်ပြီး ထိတ်ထိတ်ပျာပျာဖြစ်လာသည်။ ငြိမ်သက်နေသည့် လေထုအကြား ကျွန်တော် အသက်တောင် မရှုရဲ ဖြစ်နေသည်။

အဓိက အကြောင်းအရင်းကတော့ ဆူးယွီ၏ လက်ရှိ မျက်ဝန်းများက ဖော်ပြလို့မရအောင် နက်ရှိုင်း လေးလံနေပြီး စိတ်လှုပ်ရှားနေသည့် အရိပ်အယောင်များလည်း ဖြတ်ပြေးနေသည်။ ကြည့်နေရသည်မှာ အနည်းငယ်တော့ ကြောက်ဖို့ကောင်းလှသည်။

သူ ကျွန်တော်နှင့် မျက်နှာချင်းဆိုင်ကို ဖြည်းဖြည်းချင်း လျှောက်လာပြီးနောက် ကျွန်တော်တို့နှစ်ယောက် စတင်ပြီး အကြည့်ချင်းဆုံ စူးစိုက်ကြည့်နေလိုက်ကြသည်။

သေချာသလောက်၊ အသက်ရှင်နေသည့် လူဘက်မှ ကြည့်ရင်တော့ သူကသာ ဗလာဖြစ်နေသည့် မျက်လုံးနေရာကို စူးစိုက်ကြည့်နေခြင်းဖြစ်သည်။

မပြောချင်ပေမယ့် .. ဆူးယွီမျက်လုံးတွေက အရမ်းကို လှလွန်းတယ်။ ကျွတ် ကျွတ် ...

ခဏအကြာမှာတော့ သူ အရှေ့တိုးလာပြီး သူ့လက်ကို ဖြည်းဖြည်းချင်း မြှောက်ကာ ရှောင်းပိုင်၏ ပါးရိုးကို ကြင်ကြင်နာနာဖြင့် ဖွဖွလေး ပွတ်သတ်လိုက်သည်။

56.

....... ငါလူး၊ မင်း ဒီလူအရိုးစုကို ငါပါလို့ တကယ်လက်ခံလိုက်တာ မဟုတ်ဘူးမလား!?

...... ငါယီး၊ မင်းမျက်လုံးထဲ ရုတ်တရက်ကြီး ချစ်ခြင်းတွေနဲ့ ပြည့်လာသလို အကြည့်တွေက ဘယ်လိုဖြစ်လာတာလဲ!!!

...... သူငယ်ချင်းလေး နိုးထပါဦး!!! ဟယ်လို!!!

KittyKitling

T/N : ဆူးယွီ အရိုးစုကို လှမ်းကြည့်တဲ့အချိန် .. မျက်လုံးထဲကနေ အနီရောင်အလင်းတန်း ထွက်လာတဲ့ Anime Memeတွေ ပြေးမြင်မိ .. ><

_____///_____

[Zawgyi]

'ေရွာင္းပိုင္'

43.

ဆရာႀကီးပုံစံက အနည္းငယ္မၽွ ရွက္ရြံ႕သြားပုံေပၚသည္။ ထို႔ေနာက္မွာေတာ့ သူ ဆုေတာင္းစာ၊ စိတ္ပတီးမ်ား ထုတ္ယူၿပီး စတင္ ေျခဟန္လက္ဟန္ၿပ ရြတ္ဆိုေတာ့သည္။

တေစၧေကာင္ေလးေျပာတာ မွန္သည္ဟု ကၽြန္ေတာ္ထင္သည္။ ဒီပင့္ေခၚဆရာက လူလိမ္ပဲ။ ဒီေလာက္ၾကာေနတာေတာင္ ကၽြန္ေတာ္ရွိေနရာဘက္ကို ၾကည့္မလာ။

ကၽြန္ေတာ္သာ ဆူးယြီကို စကားေျပာခြင့္ရလာပါက ဘာေျပာရမလဲဆိုတာ မစဥ္းစားရေသးေပမယ့္လည္း ကၽြန္ေတာ္ ထူးထူးျခားျခား စိတ္ဓာတ္က်သြားသည္။

44.

ကၽြန္ေတာ္ ဆူးယြီကို ေပးထားတဲ့ ေငြပမာဏက မ်ားျပားလြန္းတာမို႔ သူ တစ္ႀကိမ္တစ္ခါေလးေတာင္ ကၽြန္ေတာ့္ဘဏ္ကတ္ကို ထိကိုင္ျခင္းမရွိခဲ့။ ထို႔ေၾကာင့္မို႔လည္း ေသခ်ာသေလာက္ ကၽြန္ေတာ့္၏လၽွို႔ဝွက္နံပါတ္ကို သူ သိမွာ မဟုတ္။

ဘယ္လိုပဲျဖစ္ပါေစ ဘဏ္ကတ္ထဲမွာကလည္း ေငြပမာဏ မ်ားမ်ားစားစား မက်န္ေတာ့တာမို႔ ကၽြန္ေတာ္ မေသခင္က ဆူးယြီကို မေျပာျပမိလိုက္သလို ဆူးယြီကလည္း ေမးမလာ။

အခု ျပန္ေတြးၾကည့္မိကာမွ ကၽြန္ေတာ္ ေနာင္တရသလို ျဖစ္လာသည္။ ဘယ္လိုပဲျဖစ္ပါေစ၊ ျခင္သားကလည္း အသားပဲ မဟုတ္လား။

ကၽြန္ေတာ္ ပ်င္းရိလာတာမို႔ ဆူးယြီ၏ ႐ုပ္ေခ်ာေခ်ာ မ်က္ႏွာေရွ႕ကို ေစာက္ထိုးအေနအထားႏွင့္ တြဲေလာင္းက်ေနၿပီး သူ၏ သြယ္လ်လ် ႏွာေခါင္းကို တို႔ထိၿပီး ေျပာလိုက္သည္။

"လၽွို႔ဝွက္နံပါတ္က မင္း ေမြးေန႔ေလ၊ ေခြးသားေလး"

ဆူးယြီ၏ အၾကည့္စူးစူးက ကၽြန္ေတာ့္ကို ျဖတ္ေက်ာ္ၿပီး ပင့္ေခၚဆရာကိုသာ ၾကည့္ေနသည္။ သူ ကၽြန္ေတာ္ေျပာတာမ်ားကို ဘာဆိုဘာမွ မၾကားလိုက္။

45.

ပင့္ေခၚသူ ဆရာႀကီးက အခ်ိန္အေတာ္ၾကာ ရြတ္ဆိုေနၿပီးမွ ဟန္ေဆာင္ပန္ေဆာင္ သက္ျပင္းခ်ၿပီး ေျပာလာသည္။ "သူ ေမ့သြားၿပီတဲ့။"

ထို႔ေနာက္မွာေတာ့ ဘဝကူးတံတားျဖတ္ၿပီးသြားတဲ့လူေတြက ကိစၥေသးေသးေလးေတြဆို ေမ့သြားတာ ပုံမွန္ပါပဲဟု ပညာရွင္ဆန္ဆန္ ထည့္ေပါင္းေျပာလိုက္ေသးသည္။

ကၽြန္ေတာ္ သက္ျပင္းသာသာခ်ၿပီးသာ မ်က္ဆန္လွန္ျပလိုက္သည္။

လိမ္၊ မင္း ဆက္ၿပီးသာ လိမ္။

ဆူးယြီ ဘာမွျပန္မေျပာပဲ တိတ္ေနၿပီး အေတာ္ၾကာမွ တိုးလ်လ် ထရယ္သည္။ ႏွုတ္ခမ္းေလး တစ္ဖက္ ေကာ့တက္သြား႐ုံႏွင့္ ကၽြန္ေတာ့္ရင္ကို ကလိထိုးသလို ျဖစ္ေစသည့္သူက ေျပာလာသည္။

"သူ ကၽြန္ေတာ့္ေမြးေန႔ကို မေမ့နိုင္ေလာက္ပါဘူး။"

46.

...... ဆူးယြီ၊ မင္းက တကယ္ေခြးေကာင္ပဲ။

47.

ပင့္ေခၚသူဆရာႀကီးက ကို႔ရိုးကားယားနိုင္စြာ ျပဳံးရင္း ေျခာက္ကပ္ကပ္ျပန္ေျပာလာသည္။ "အဲ့လိုဆိုရင္ေတာင္မွ ေမ့သြားရင္ အစေဖာ္ဖို႔ နည္းလမ္းမရွိေတာ့ဘူးေလ။ အလွုရွင္၊ မင္းရဲ့ ပူေဆြးေသာကေတြကို ခ်ဳပ္တည္းထားပါ။"

ဆူးယြီ ဒီဆရာႀကီးျဖစ္သူက အလိမ္အညာဆိုတာ သတိထားမိသလား တမင္ပဲ လုပ္ေနသလား ကၽြန္ေတာ္ ေသခ်ာမသိ။ သူ ဒီအေၾကာင္းကို ဆက္မေျပာေတာ့ပဲ အျခားအေရးမပါသည့္ ကိစၥအနည္းငယ္သာ ေမးျမန္းလာသည္။ ဆရာႀကီးျဖစ္သူကလည္း မ်က္ေတာင္တစ္ခ်က္မခတ္ပဲ မဟုတ္တမ္းတရားမ်ား စတင္ေျပာဆိုေတာ့သည္။

ကၽြန္ေတာ္ သူ႔ရဲ့ မဟုတ္တ႐ုတ္စကားမ်ားကို နားေထာင္ရတာ ပ်င္းရိလာခ်ိန္မွာပဲ ပင့္ေခၚသူ ဆရာႀကီးက သက္ျပင္းဖြဖြခ်ၿပီး ေျပာလာသည္။ "သူ ျပန္ရေတာ့မယ္တဲ့။ ေနာက္ဆုံးအေနနဲ႔ သူ မင္းကို ေျပာခ်င္ေနတာေတြကို ငါ ျပန္ေျပာျပေပးမယ္။"

ကၽြန္ေတာ္ ဆူးယြီပခုံးအနားသို႔ ေမ်ာလြင့္သြားကာ ထိုင္ခ်ရင္း သူႏွင့္အတူ ဆရာႀကီးအား ၾကည့္ေနလိုက္သည္။

သူ ဘယ္လိုမဟုတ္တဲ့အေၾကာင္းေတြ ထပ္ေျပာလာမလဲဆိုတာကို ၾကားရဖို႔ ကၽြန္ေတာ္ စိတ္အားထက္သန္ေနမိသည္။

48.

ဆူးယြီ မ်က္ေမွာင္ အနည္းငယ္ ၾကဳတ္သြားသည္။ သူ ေခါင္းေစာင္းကာ သူ႔ညာဘက္ပခုံးကို လွမ္းၾကည့္ၿပီး သူ႔လက္ႏွင့္ ထိကိုင္လိုက္သည္။ သူ႔လက္က ကၽြန္ေတာ့္ခႏၶာကိုယ္ကို ေက်ာ္ျဖတ္ၿပီး သူ႔အကၤ်ီကိုပဲ ထိသြားတာကေတာ့ စိတ္မေကာင္းစရာပင္။

ဆရာႀကီးအသံက ေသတမ္းစာတစ္ေစာင္ကို ရြတ္ဖတ္ေပးေနသည့္အလား ထြက္ေပၚလာသည္။ "အခ်စ္ေရ၊ ကိုယ္ သြားရေတာ့မယ္။ မင္းလည္း ငါ့ကို ေမ့လိုက္ပါ။ ၿပီးေတာ့ လက္ထပ္၊ ကေလးေတြ ေမြးၿပီး ဘဝကို ေကာင္းေကာင္းျဖတ္သန္းပါ။"

ဆူးယြီ ခဏၾကာမၽွ ၾကက္ေသ ေသသြားသည္။ သူ႔လက္မ်ားကလည္း ေတာင့္တင္းသြားၿပီးေနာက္ ေခါင္းငိုက္စိုက္ၾကသြားသည္။

49.

ကၽြန္ေတာ္လည္း ႐ုတ္ခ်ည္းဆိုသလို အသက္မရွုနိုင္ျဖစ္သြားရသည္။

ဒီစကားေတြက မဟုတ္တမ္းတရားမ်ားဆိုေပမယ့္လည္း ကၽြန္ေတာ္က ေသသြားၿပီျဖစ္သည္။ ကၽြန္ေတာ္ ဆူးယြီကို ဘယ္လိုစကားမ်ိဳးပဲ ေျပာခ်င္ေနပါေစ၊ ဒီစကားမ်ိဳးကသာ သူ တကယ္ၾကားဖို႔ လိုအပ္ေနတာျဖစ္သည္။

အတိတ္ကို တြယ္ဖက္မထားနဲ႔ ; အဲ့အစား အနာဂတ္ကိုသာ အာ႐ုံစိုက္။ လူဆိုတာ အျမဲအေရွ႕ကိုပဲ ၾကည့္ေနရမယ္။

ဒီလို ေျဖာင္းျဖေျပာဆိုေနျခင္းမ်ားက ဆူးယြီအတြက္ မဟုတ္ပဲ ကၽြန္ေတာ့္ကိုယ္ကၽြန္ေတာ္အတြက္ ျပဳလုပ္ေနမိသလိုပင္။

ေသလူက ေသၿပီးသားလူတစ္ေယာက္သာ။ မလိုလားရင္ေတာင္မွ မင္း လက္လႊတ္လိုက္ရေတာ့မည္ျဖစ္သည္။

ကၽြန္ေတာ္လည္း သူ႔အနားမွာ အခ်ိန္အေတာ္ၾကာ အတင္းအၾကပ္ ကပ္တြယ္ေနခဲ့ၿပီးၿပီပဲ။ အက်ိဳးအျမတ္ဆိုတာလည္း ရသင့္ရသေလာက္ ရၿပီးပါၿပီ။

50.

တစ္ခန္းလုံး ဝမ္းနည္းေၾကကြဲဖြယ္ေလထုၾကား နစ္ျမႇုပ္ေနခ်ိန္မွာပဲ ဆူးယြီ ေခါင္းျပန္ေမာ့ၾကည့္လာသည္။ သူ႔အသံက ဒီေန႔ ရာသီဥတုအေျခအေနကို ေျပာျပေနသည့္အလား တည္ၿငိမ္လ်က္ရွိသည္။

"အဲ့အ႐ူးေကာင္သာ အဲ့လိုေျပာလာနိုင္မယ္ဆို၊ ကၽြန္ေတာ့္ေခါင္းကိုေတာင္ ျဖဳတ္ၿပီး ေဘာလုံးအျဖစ္ ကန္ခိုင္းလိုက္မယ္။"

51.

ကၽြန္ေတာ္ : ......

ခ်ီးပဲ!

52.

ဆရာႀကီးပုံစံမွာ အရွက္ရသြားပုံေပၚၿပီး သူ႔သူငယ္ခ်င္းမ်ားကလည္း ရွက္ကိုးရွက္ကန္းႏွင့္ အခက္ေတြ႕ေနရေလသည္။ ဆူးယြီ သူ႔ဖုန္းကို ထုတ္ၿပီး တုန့္ဆိုင္းျခင္းမရွိ ပင့္ေခၚသူဆရာထံ ပိုက္ဆံလႊဲေပးလိုက္သည္။ ပိုက္ဆံလႊဲေနခ်ိန္အတြင္း သူ တည္တည္ၿငိမ္ၿငိမ္ႏွင့္ ဆက္ေျပာေသးသည္။

"အဲ့အ႐ူးေကာင္ကို တကယ္ေခၚလို႔ရခဲ့ရင္ ကၽြန္ေတာ္ သူ႔ကို ေမ့သြားရဲ ေမ့သြားၾကည့္၊ ေန႔တိုင္း အိပ္မက္ထဲ လာ ကျပၿပီး 'ဘဝဆိုတာဘာလဲ' အေတြးဝင္လာတဲ့အထိ ညႇင္းပန္းႏွိပ္စက္ျပမယ္ဆိုၿပီးပဲ ေျပာလာေလာက္တယ္။"

ကၽြန္ေတာ့္အေၾကာင္းအသိဆုံးဆို ဒီရည္းစားေဟာင္းဆိုတဲ့ ေခြးသားေလးပါပဲ။

တေစၧေလးကေတာ့ ကၽြန္ေတာ့္အနား ေမ်ာလြင့္လာၿပီး လက္မေထာင္ျပလာသည္။ "သားႀကီး၊ မိုက္လြန္းတယ္။"

53.

ပင့္ေခၚသူဆရာႏွင့္ ဆူးယြီသူငယ္ခ်င္းလည္း ျပန္ဖို႔ လွည့္ထြက္သြားၾကသည္။ မထြက္ခြါခင္မွာပဲ ဆရာႀကီးက လူအရိုးစုကို တစ္ခ်က္လွမ္းၾကည့္ၿပီး တစ္ခုခုကို ေျပာဖို႔ တြန့္ဆုတ္ဆုတ္ျဖစ္ေနသည္။

ေနာက္ဆုံးမွာေတာ့ အိမ္က မထြက္ခြါခင္မွာပဲ ဒီေန႔အတြက္ ယုံၾကည္အားကိုးေလာက္စရာ စကားတစ္ခြန္း ေျပာလာေလသည္။ "အိမ္ထဲ ဒီလိုအရာေတြ မထား ထားနဲ႔။ မေကာင္းတဲ့အရာေတြကို ဆြဲေဆာင္ဖို႔ လြယ္ကူတယ္။"

ဆူးယြီ မ်က္ေမွာင္ၾကဳတ္သြားသည္။ ဆရာႀကီးကေတာ့ ဆက္ေျပာေလသည္။ "အရင္ပိုင္ရွင္က ဆရာဝန္မလား။ ဆရာဝန္မို႔ သူတို႔ေဆးပညာေရးရာအတြက္ ဒီလိုမ်ိဳးေတြ ဝယ္တာက ျပႆနာမရွိ အဆင္ေျပေပမယ့္ အခုက် မတူညီေတာ့ဘူးေလ။"

ဆူးယြီက နားလည္သေဘာေပါက္ေၾကာင္း ေခါင္းညိမ့္ျပလိုက္သည္။

ခ်က္ခ်င္းဆိုသလို ကၽြန္ေတာ္ ႏွလုံးသားတစ္ခုလုံး အျပင္ခုန္ထြက္သြားေတာ့မလို ျဖစ္သြားသည္ — ဒီေခြးေကာင္ ေရွာင္းပိုင္ကို လႊင့္ပစ္မွာေတာ့ မဟုတ္ဘူးမလား။ တကယ္သာဆို ကၽြန္ေတာ္ ဘယ္လိုလုပ္ရမလဲ။ ဒီအထိ ျပန္ေျပးလာခဲ့တာ အမွိုက္ပုံၾကားထဲ ပစ္ခံလိုက္ရၿပီး ေနာက္ထပ္တစ္ႀကိမ္ ထပ္ၿပီး မီးသၿဂိဳလ္ခံရဖို႔တဲ့လား။

ကၽြန္ေတာ့္တစ္ေယာက္တည္း စိတ္မသက္မသာျဖစ္ၿပီး ပ်ာယာခတ္ေနတုန္းမွာပဲ ဆူးယြီ ေခါင္းလွည့္ၿပီး ေရွာင္းပိုင္ကို စိုက္ၾကည့္ေနတာကို သတိျပဳမိလိုက္သည္။

သူ႔မ်က္လုံးမ်ားက အလင္းေရာင္မ်ားေတာင္ ခပ္မွိန္မွိန္ ေတာက္ပလ်က္ရွိေနေသးတယ္???

54.

.... ေပါင္းေပ့ေလး၊ မင္းကေတာ့ သာမန္လူေတြ တုန့္ျပန္သလိုကို တကယ္ မတုန့္ျပန္တတ္တာပဲ။

55.

တေစၧေလး ကၽြန္ေတာ့္အတြက္ လုပ္ေပးထားသည့္ အခ်ိန္အပိုင္းအျခားက ကုန္ဆုံးသြားၿပီးျဖစ္သည္။ ေလာကႀကီးတစ္ခုလုံး ေစာက္ထိုးမိုးေမၽွာ္ ျဖစ္သြားၿပီး လူအရိုးစုၾကားထဲ ျပန္ညပ္ေနသည့္ ကၽြန္ေတာ့္ကိုယ္ကၽြန္ေတာ္ ေတြ႕လိုက္ရေလသည္။ ထို႔ေနာက္မွာေတာ့ ကၽြန္ေတာ့္အနား တစ္လွမ္းခ်င္း ေလၽွာက္လာေနသည့္ ဆူးယြီကို ျမင္လိုက္ရသည္။

ကၽြန္ေတာ္ရဲ့ မရွိေတာ့သည့္ ႏွလုံးသားေလးကလည္း တစ္ဖန္ ထပ္ၿပီး ထိတ္ထိတ္ပ်ာပ်ာျဖစ္လာသည္။ ၿငိမ္သက္ေနသည့္ ေလထုအၾကား ကၽြန္ေတာ္ အသက္ေတာင္ မရွုရဲ ျဖစ္ေနသည္။

အဓိက အေၾကာင္းအရင္းကေတာ့ ဆူးယြီ၏ လက္ရွိ မ်က္ဝန္းမ်ားက ေဖာ္ျပလို႔မရေအာင္ နက္ရွိုင္း ေလးလံေနၿပီး စိတ္လွုပ္ရွားေနသည့္ အရိပ္အေယာင္မ်ားလည္း ျဖတ္ေျပးေနသည္။ ၾကည့္ေနရသည္မွာ အနည္းငယ္ေတာ့ ေၾကာက္ဖို႔ေကာင္းလွသည္။

သူ ကၽြန္ေတာ္ႏွင့္ မ်က္ႏွာခ်င္းဆိုင္ကို ျဖည္းျဖည္းခ်င္း ေလၽွာက္လာၿပီးေနာက္ ကၽြန္ေတာ္တို႔ႏွစ္ေယာက္ စတင္ၿပီး အၾကည့္ခ်င္းဆုံ စူးစိုက္ၾကည့္ေနလိုက္ၾကသည္။

ေသခ်ာသေလာက္၊ အသက္ရွင္ေနသည့္ လူဘက္မွ ၾကည့္ရင္ေတာ့ သူကသာ ဗလာျဖစ္ေနသည့္ မ်က္လုံးေနရာကို စူးစိုက္ၾကည့္ေနျခင္းျဖစ္သည္။

မေျပာခ်င္ေပမယ့္ .. ဆူးယြီမ်က္လုံးေတြက အရမ္းကို လွလြန္းတယ္။ ကၽြတ္ ကၽြတ္ ...

ခဏအၾကာမွာေတာ့ သူ အေရွ႕တိုးလာၿပီး သူ႔လက္ကို ျဖည္းျဖည္းခ်င္း ေျမႇာက္ကာ ေရွာင္းပိုင္၏ ပါးရိုးကို ၾကင္ၾကင္နာနာျဖင့္ ဖြဖြေလး ပြတ္သတ္လိုက္သည္။

56.

....... ငါလူး၊ မင္း ဒီလူအရိုးစုကို ငါပါလို႔ တကယ္လက္ခံလိုက္တာ မဟုတ္ဘူးမလား!?

...... ငါယီး၊ မင္းမ်က္လုံးထဲ ႐ုတ္တရက္ႀကီး ခ်စ္ျခင္းေတြနဲ႔ ျပည့္လာသလို အၾကည့္ေတြက ဘယ္လိုျဖစ္လာတာလဲ!!!

...... သူငယ္ခ်င္းေလး နိုးထပါဦး!!! ဟယ္လို!!!

KittyKitling

T/N : ဆူးယြီ အရိုးစုကို လွမ္းၾကည့္တဲ့အခ်ိန္ .. မ်က္လုံးထဲကေန အနီေရာင္အလင္းတန္း ထြက္လာတဲ့ Anime Memeေတြ ေျပးျမင္မိ .. ><

_____///_____

Continue Reading

You'll Also Like

495K 73.6K 149
||Completed|| ရှဲ့ကျစ် မထင်မှတ်ပဲ သူသေဆုံးပြီး ဇာတ်လိုက်ရဲ့မှတ်ဉာဏ်တွေမှာသာ တွေ့ရတဲ့ သေဆုံးပြီးသား ကျေးဇူးရှင် ဇာတ်ကောင်ကြီး အဖြစ်ဝတ္ထုထဲသို့ ကူးပြော...
160K 26K 44
Title -The Tang Family's Seven Os [汤家七个O] Author - White Clouds [白云朵] Status in COO - Completed (186 chapters + 3 extras) Start date - 1.4.2023 End d...
125K 19.1K 70
ကောင်းကင်​ဘုံမှ တိမ်​ဝိညာဉ်ရှောင်​ရှန်းဇီနှင့်​ ချူ ခုန်းတို့ ခိုက်​ရန်​ဖြစ်​ပွားရင်း ဖူးစာကြမ္မာပိုးကြိုးနီတို့ကို ရှုပ်​ထွေးသွားစေခဲ့မိသည်​။ ထို့က...
167K 23.2K 200
အကျဉ်းချုပ် လုကျိုးက ကမ္ဘာလောကကြီးရဲ့ အသန်မာဆုံးနဲ့ သက်တမ်းအရင့်ဆုံး မိစ္ဆာဂိုဏ်းချုပ်ဖြစ်ဖို့ နိုးထလာပြီး သူ့မှာ ဆိုးယုတ်မှုတွေ ပြည့်နေတဲ့ နာမည်ဆိုး...