8

6.8K 1.5K 360
                                    

[Unicode]

'အမွှေးစက္ကူ၏ ပြာမှုန့်'

106.

ဆူးယွီမျက်နှာက ရေခဲတမျှ အေးစက်နေလျက် ဘာစကားမှတောင် ပြန်မပြောပဲ တံခါးပိတ်ချလိုက်သည်။ ထို့နောက် သူ ကျွန်တော့်ဘက် လှည့်ကြည့်လာပြီး သူ့မျက်ဝန်းထဲတွင်လည်း ကာကွယ်ပေးလိုမှု အပြည့်ဖြစ်နေသည်။

ကျွန်တော် : ???

ကျွန်တော်က လွန်ခဲ့တဲ့ ရက်အနည်းငယ်ကမှ သေသွားခဲ့တဲ့ သရဲအသစ်စက်စက်လေးလေ။ အလွန်ဆုံး လုပ်ဖူးတာဆိုလို့ ကျွန်တော့်ရည်းစားဟောင်း ကြင်ဖက်သွားတွေ့တာကို လိုက်ခိုးချောင်းခဲ့တာပဲ ရှိခဲ့တာ။ ချက်ချင်းကို အပနှင်ဆရာတစ်ယောက်က လာရှာတယ်တဲ့လား။

တကယ်ကြီးလား?!

ကျွန်တော် ဘေးတွင်ရှိနေသည့် တစ္ဆေကောင်လေးအား နားမလည်တော့သလို မျက်နှာအမူအရာနှင့် ကြည့်လိုက်သည်။

တစ္ဆေကောင်လေးက ရှက်သွားသလို ခေါင်းငုံ့သွားပြီး လက်ထောင်ပြောလာသည်။ "...ငါ့ကို ရှာနေတာ။"

107.

အပနှင်ဆရာဖြစ်သူကတော့ ချက်ချင်းဆိုသလို တံခါးအပိတ်ခံလိုက်ရပေမယ့် တုန်လှုပ်သွားခြင်းမရှိ။ သူ အလျင်လိုခြင်းလည်း မရှိပဲ တံခါးခေါက်လာပြီး ခေါက်နေရင်းနှင့် စကားပြောလာသည်။

"ဒီကလူကြီးမင်း၊ ကျွန်တော် ဘဝပေါင်းများစွာ လူဝင်စားခဲ့ပြီး ဘဝတိုင်းမှာလည်း အပနှင်ဆရာ လုပ်ခဲ့တာတွေအကုန်လုံးက ဒီသရဲလေးကို ကာကွယ်ပေးချင်တဲ့ စိတ်တစ်ခုတည်းကြောင့်ပါပဲ။ အခု ဒီသရဲလေးပျောက်သွားတဲ့အချိန် ကျွန်တော် စိတ်မပူပဲနေနိုင်ပါ့မလား။"

ဆူးယွီ နောက်ထပ်တစ်ကြိမ် တံခါးဖွင့်ပေးလိုက်ပြီး သူ့မျက်ခုံးများကလည်း တွန့်ချိုးနေလေသည်။ "မင်း သူ့ကို ဘဝများစွာ ကာကွယ်ပေးခဲ့တယ်လို့ ပြောချင်တာလား။"

အပနှင်ဆရာက မှန်ကန်သည့်ကိစ္စတစ်ခုလို ခေါင်းငြိမ့်ပြလာသည်။ "ဟုတ်တယ်ဗျ။"

ဆူးယွီ ကျွန်တော့်အား ပြန်ကြည့်လာပြီး သူ့မျက်လုံးတွေကတော့ အနည်းငယ်မျှ .. ဒေါသထွက်နေသယောင်။

Telling Ghost Stories At My Ex-boyfriend's Wedding [去前男友婚礼上讲鬼故事]Where stories live. Discover now