2

8.6K 1.6K 353
                                    

[Unicode]

'အမျိုးသမီးဝတ် လက်စွပ်'

13.

ကျွန်တော် အရမ်း စိတ်ဓာတ်ကျနေတယ်။ အလွန့် အလွန်ကို စိတ်ဓာတ်ကျနေတယ်။

သရဲတစ်ယောက်အနေနဲ့ ဘယ်လိုကံမကောင်းမှုတွေ ကျွန်တော် ထပ်ကြုံရဦးမှာလဲ။ ကျွန်တော်က ဘဝကူးရာကနေ ပြန်လာပြီး ကျွန်တော့်ရက်လည်နေ့မှာ လက်ထပ်ဖို့ လုပ်နေတဲ့ ရည်းစားဟောင်း ဖြစ်သူနဲ့ တရင်းတနှီး ဖော်ဖော်ရွေရွေလေး တွေ့ဆုံစကားပြောချင်ရုံလေးပါ!

အခုအခြေအနေက အလွန်တရာကို အရှက်တကွဲဖြစ်လွန်းတယ်။

ကျွန်တော် ဆိုရှယ်လစ်ဝါဒရဲ့ အဓိကကျသည့် စံနှုန်းတန်ဖိုးများအကြောင်း တိတ်တဆိတ် ရွတ်ဆိုကာ ကျွန်တော့်စိတ်ကို ငြိမ်ငြိမ်ထားပြီးနောက် ကြွက်သားမရှိသလို နာဖ်ကြောများလည်း မရှိသည့် လက်မောင်းကို လှုပ်ရှားဖို့ ကြိုးစားကြည့်လိုက်သည်။

"ကျွတ် —"

ကျွန်တော် တကယ်လှုပ်သွားတယ်!

ကျွန်တော် ဒီမှာ ထောက်ပြပြောချင်တာကတော့ ဒီအရိုးစုလေးက သူ့သခင်၏ ပုံသွင်းမှုအတိုင်း လိုက်နေရသည်ဆိုတာကိုပင်။ ရှောင်းပိုင် ကျွန်တော့်အိမ်ကို ရောက်လာတဲ့နေ့ကတည်းက ကျွန်တော် သူ့ကို အထက်စီးဆန်ဆန် သားနားသည့် ပုံစံအမျိုးမျိုးဖြင့် ကိုယ်ဟန်ပြထားစေသည်။ ဥပမာ — အခုကဲ့သို့ သူ့လက်နှစ်ဖက်လုံး ခါးပေါ်ထောက်တင်ရင်း ဟားတိုက်ရယ်နေသလို ဝင့်ကြွားနေသည့် ကိုယ်ဟန်အနေအထားမျိုးပေါ့။ သို့ပေမယ့် ကျွန်တော်လှုပ်လိုက်သည့်အချိန်မှာတော့ ခါးပေါ်မှ လက်တစ်ဖက်က အောက်ပြုတ်ကျသွားပြီး လက်တစ်ဖက်တည်းနှင့် ခါးထောက်ထားသည့် ကိုယ်ဟန်အနေအထားသို့ ပြောင်းလဲသွားလေသည်။

ကျွန်တော် ဒီကိုယ်ဟန်အနေအထားကို ဝေဖန်အပြစ်ရှာဖို့ပဲ ရှိသေးသည်၊ စာကြည့်ခန်းတံခါးက 'ကလစ်'ဆိုပြီး ပွင့်လာသည်။

ကျွန်တော့်မှာ ထိတ်လန့်တကြီးဖြစ်သွားတာမို့ ဝဉာဉ်တောင် အနောက်အရပ်ပြန်ရောက်သွားသလိုပင်။

Telling Ghost Stories At My Ex-boyfriend's Wedding [去前男友婚礼上讲鬼故事]Dove le storie prendono vita. Scoprilo ora