[The End]

12.5K 1.9K 398
                                    

[Unicode]

146.

ငရဲလောက၏ တိရိစ္ဆာန်ရေးရာ ဝါရင့်ကျွမ်းကျင်သူအား ကြက်ပေါက်တစ်ကောင်လို့ ခြေတံရှည်ရှည်နှင့် ရုပ်ချောချော ကောင်လေးတစ်ကောင် ချီသယ်သွားသည့်နေ့ကတည်းက ကျွမ်းကျင်သူက 'ပျောက်ဆုံး'နေခဲ့သည်။

ဒီ 'ပျောက်ဆုံးနေမှု'ဆိုသည်က သရဲအကုန်လုံး သူ ဘယ်မှာရှိနေလဲ သိပေမယ့် ထိုနေ့ကတည်းက သူ့ကို ပြန်မမြင်ရတော့ခြင်းဖြစ်သည်။

တစ်နည်းအားဖြင့် ပြောရရင်တော့ ဘယ်သူကမှ အထဲကို ဝင်မသွားရဲတာဖြစ်ပြီး အကြောင်းကတော့ သရဲများအုပ်စုက အရှက်သည်းတတ်သောကြောင့်ပင်။ မျက်နှာနီ၊ နှလုံးခုန်မြန်စေတဲ့ စကားလုံးအချို့ကို ကြားဖို့က သူတို့အတွက် နားမခံသာအောင် ဖြစ်နေလေသည်။ 

အမည်မဖော်လိုသူ အိမ်နီးနားချင်း၏ ပြောကြားချက်အရကတော့ ကျွမ်းကျင်သူ၏ အိမ်ထဲ ဆွဲခေါ်ရပြီးနောက် သားသတ်ရုံသို့ အပို့ခံလိုက်ရသည့် ဝက်တစ်ကောင်အလား အော်ဟစ်လျက် ရှိနေခဲ့သည်။

"ဆူးယွီ၊ မင်းက ခွေးပဲ! မင်းက မင်းရူးဂါးဒယ်ဒီကို ပြန်သတ်ဖို့ လုပ်နေတာ! ငါ့ကို လွှတ်! အားး! ငါ ရဲတိုင်ချင်တယ်! ဖာ့! နာတယ်လို့! မင်း ထစမ်း! အား၊ မင်း ငါ့ကို လွှတ် .. အားး!"

ခဏအကြာမှာတော့ အသံအနေအထားက ချိုမြိန်ပြီး ချွဲကပ်ကပ်နိုင်လှသည့် 'အင်းး.. အိုးးးး..'ပုံစံသို့ ပြောင်းသွားလေသည်။ တစ်ခါတစ်ရံမှာတော့ လူများကို မျက်နှာနီရဲလာစေအောင် နားမခံသာသည့် ညည်းညူသံများ ပေါ်ထွက်လာလေသည်။

များမကြာခင်အချိန်မှာပဲ အသံက ငိုကြွေးသံဖြစ်လာပြီး ရပ်တန့်ဖို့ တောင်းဆိုနေသည့် အသံများ အဆုံးသတ်ခြင်းမရှိ ထွက်ပေါ်လာသည်။ သေချာသလောက် အသံက ရပ်တန့်ရန် တောင်းဆိုနေပေမယ့် ချိတ်သေးသေးလေးနှင့် လှမ်းချိတ်နေသလို တောက်လောင်နေသည့် မီးတောက်အား လောင်စာဖြည့်ပေးသကဲ့ ဖြစ်နေ၏။

ထိုနေ့က အသံများ အချိန်အတော်ကြာ ထွက်ပေါ်နေခဲ့သည်။ ကြင်နာစိတ်ပြင်းထန်လှသည့် သရဲအချို့က မကောင်းတာ တစ်ခုခုဖြစ်နေမှာ စိုးရိမ်၍ အဘိုးအိုလီအား သွားရှာကြလေသည်။ ထို့နောက်မှာတော့ သူတို့အကုန်လုံး ကြိုတင်တိုင်ပင်ထားခြင်းမရှိ တံခါးအနားမှ ပေနှစ်ပေအကွာ ရောက်သည်နှင့် ပြန်ပြေးကြတော့သည်။ ငယ်ငယ်ရွယ်ရွယ်နှင့် သေဆုံးခဲ့ရသည့် ဖြူဖြူစင်စင် ကလေးသရဲများကသာ အဘိုးအိုလီ၏ အင်္ကျီစကို ကိုင်ဆွဲပြီး မျက်လုံးများ ပေခတ်ခတ်လုပ်ရင်း မေးလာကြသည်။

Telling Ghost Stories At My Ex-boyfriend's Wedding [去前男友婚礼上讲鬼故事]Where stories live. Discover now