Love is Blind ( Completed )

By November_venus

207K 20.3K 573

Pity is akin to love 💜 More

Chapter - 1
Chapter - 2
Chapter - 3
Chapter - 4
Chapter - 5
Chapter - 6
Chapter - 7
Chapter - 8
Chapter - 9
Chapter - 10
Chapter - 11
Chapter - 12
Chapter - 13
Chapter - 14
Chapter - 15
Chapter - 16
Chapter - 17
Chapter - 18
Chapter - 19
Chapter - 20
Chapter - 21
Chapter - 22
Chapter - 23
Chapter - 24
Chapter - 25
Chapter - 26
Chapter - 27
Chapter - 28
Chapter - 29
Chapter - 30
Chapter - 31
Chapter - 32
Chapter - 33
Chapter - 34
Chapter - 35
Chapter - 35 ( Unicode )
Chapter - 36
Chapter - 38
Chapter - 39
Chapter - 40 ( final )
Extra

Chapter - 37

3.7K 418 11
By November_venus

" အမေလး ဘုရား ဘုရား ဒါေလးက ဘာေလးလဲ "

လီလီသည္ သားျဖစ္သူ ဝမ္ရိေပၚလက္ထဲမွ ကေလး နီတာရဲေလးကိုၾကည့္ၿပီး ဘုရားတသည္။ ခႏၶာကိုယ္ေတာင့္တင္းတင္းနဲ႔ သားေတာ္ေမာင္က လသားအရြယ္ ကေလးေသးေသးေလးေပြ႔ခ်ီထားတာမ်ား ႏူးညံ့သိမ္ေမြ႔စြာ....။

" လီလီ ဒါေလးက ကြၽန္ေတာ္တို႔ သားေလးပါ "

လီလီက သားျဖစ္သူ ဝမ္ရိေပၚကိုေမးေပမယ့္ ျပန္ေျဖလာတာက ေ႐ွာင္းက်န္႔ေၾကာင့္ လီလီရဲ႕ အၾကည့္ေလးသည္ သားျဖစ္သူထံမွ ေ႐ွာင္းက်န္႔နား ေရာက္သြားခဲ့သည္။

" ကြၽန္ေတာ္တို႔ "!!!

လီလီဟာ ကြၽန္ေတာ္တို႔ဆိုတဲ့ ေ႐ွာင္းက်န္႔စကားကို သိပ္စိတ္ဝင္စားသြားတယ္ထင္တယ္ ေ႐ွာင္းက်န္႔ရဲ႕ ကြၽန္ေတာ္တို႔ဆိုတဲ့ စကားေလးကိုျပန္ရြတ္ၿပီး ေ႐ွာင္းင်န္႔မ်က္ႏွာေလးကို နားမလည္ႏိုင္သလို ၾကည့္လာသည္။ ေ႐ွာင္းက်န္႔သည္ သူ႔မ်က္ႏွာကို စူးစမ္းစြာ ေသခ်ာၾကည့္လာတဲ့ လီလီနဲ႔ ေ႐ွာင္းပါပါးတို႔ကို ျပံဳးျပံဳးေလးနဲ႔ ေခါင္းအသာၿငိမ့္ျပၿပီး ကေလးခ်ီထားတဲ့ ဝမ္ရိေပၚဘက္ကို ျမတ္ႏိုးစြာ လွည့္လို႔ၾကည့္သည္။ ဝမ္ရိေပၚသည္ ေ႐ွာင္းက်န္႔ကိုလည္းမၾကည့္ လီလီကိုလည္းမၾကည့္ ေ႐ွာင္းပါပါးကိုလည္း ဂ႐ုမစိုက္စြာ သူ႔လက္ထဲက ကေလးေသးေသးေလးကိုသာ အူယားစြာ ငံု႔ကာၾကည့္ေနခဲ့သည္။ ေ႐ွာင္းက်န္႔သည္ သူ႔ရင္ခြင္ထဲက ကေလးေသးေသးေလးကိုသာ ဂ႐ုစိုက္ၿပီး ငံု႔ၾကည့္ေနတဲ့ ေကာင္ေလးငယ္ငယ္ေၾကာင့္ သေဘာက်စြာ ျပံဳးရယ္မိသည္။ ကေလးက ကေလးျပန္ထိန္းေနတယ္လို႔ ေျပာရေအာင္ကလည္း ဝမ္ရိေပၚဆိုတဲ့ ေကာင္ေလးငယ္ငယ္က ကေလးေလးမဟုတ္ျပန္ဘူး။ သိပ္သန္မားၿပီး ေ႐ွာင္းက်န္႔ဆိုတဲ့ သူ႔တစ္ေယာက္တည္းအတြက္သာ ႏုႏုငယ္ငယ္ေလး ႐ွိေနခဲ့သူ။ အခုဆိုလည္း ၾကည့္ပါဦး တစ္ကယ့္ ကေလးေဖေဖႀကီး တစ္ေယာက္ပမာ သူ႔လက္ထဲက ကေလးေသးေသးေလးကို ျမတ္ႏိုးစြာ ငံု႔ၾကည့္ေနပံုေလးက ေ႐ွာင္းက်န္႔မ်က္လံုးထဲမွာ သိပ္ကို ခ်စ္စရာေကာင္းေနခဲ့သည္။

" ဟုတ္တယ္ လီလီ ကြၽန္ေတာ္တို႔ သားေလး။ ေျပာရမယ္ဆိုရင္ ေ႐ွာင္းက်န္႔ဆိုတဲ့ ကြၽန္ေတာ္နဲ႔ လီလီရဲ႕သားေလး ဝမ္ရိေပၚရဲ႕ သားေလးပါ "

" ဘယ္လို ဘယ္လို သားေ႐ွာင္း လီလီကို နားလည္ေအာင္ ေျပာစမ္းပါ သားေ႐ွာင္းရယ္ လီလီ ရင္ထဲ အထိတ္အလန္႔႐ွိလိုက္တာ သားတို႔ရယ္ "

လီလီဟာ ရင္ဘက္ကိုဖိလို႔ ဘုရားတေတာ့ ေ႐ွာင္းက်န္႔ဟာ ေခါင္းေလးငံု႔ၿပီး ဖြဖြျပံဳးသည္။

" ဒီလိုပါ လီလီနဲ႔ ပါပါး ။ ကြၽန္ေတာ္တို႔ႏွစ္ေယာက္ဟာ အရြယ္ေရာက္ၿပီးသား အမ်ိဳးသားႏွစ္ေယာက္ျဖစ္ၾကေပမယ့္ တစ္ေယာက္မွ အမ်ိဳးသမီးေတြကို လက္ထပ္ဖို႔ မေတြးထားၾကလို႔ပါ။ ဒီၾကားထဲ လီလီနဲ႔ ပါပါးက ေျမးထိန္းခ်င္ၾကတယ္ဆိုလို႔ ကြၽန္ေတာ္နဲ႔ ရိေပၚတိုင္ပင္ၿပီး ကေလးတစ္ေယာက္ ေမြးစားခဲ့တာပါ "

" အိုး...ဘုရားေရ "

လီလီသည္ ဘုရားတၿပီး သားေတာ္ေမာင္ ဝမ္ရိေပၚ႐ွိရာဘက္ လွည့္လို႔ၾကည့္သည္။ သားေတာ္ေမာင္ ဝမ္ရိေပၚကေတာ့ သူမတို႔ကို တစ္ခ်က္မွမၾကည့္ သူ႔လက္ထဲက ကေလးေသးေသးေလးကိုသာ မ်က္ေတာင္မခက္ ငံု႔ၾကည့္ေနခဲ့သည္။

လီလီဘုရားတေနသေလာက္ ၿငိမ္သက္ေနတဲ့ ဝမ္ရိေပၚက ရင္ခြင္ထဲက ကေလးေသးေသး နီတာရဲေလးကို အူယားစြာ ငံု႔လို႔ၾကည့္ၿပီး ကေလးေသးေသးေလးရဲ႕ပါးေလးကို လက္ညိဳေလးနဲ႔ ဖြဖြထိုးေနခဲ့သည္။ ဒါက ကိုကိုေမြးစားခ်င္တယ္ဆိုလို႔ ရိေပၚ ေခၚယူခဲ့တဲ့ ကေလးေသးေသးေလးေလ။ ဒါေၾကာင့္ ျဖစ္ပ်က္သမ်ွ ကိုကို ႐ွင္းလိမ့္မယ္ ။ က်န္တာ ရိေပၚ စိတ္မဝင္စားဘူး ။ အခု ရိေပၚ စိတ္ဝင္စားေနတာက ရိေပၚလက္ထဲက ပါေဖာင္းေဖာင္းေလးနဲ႔ ကေလးနီတာရဲေလး ဆီမွာ။

ေ႐ွာင္းက်န္႔သည္ သူ႔လက္ထဲက ကေလးေသးေသးေလးရဲ႕ ပါးေဖာင္းေလးကို လက္ညိဳးေလးနဲ႔ ဖြဖြထိုးေနတဲ့ ေကာင္ေလးငယ္ငယ္ကို ျမတ္ႏိုးစြာ ေငးၾကည့္ေနမိသည္။ ကေလးေသးေသးေလးကို သိပ္အူယားေနတဲ့ ငယ္က ကေလးေသးေသးေလးကို မထိရက္ မကိုင္ရက္။

" သားေ႐ွာင္း အဲ့ဒါဆို ဝမ္ခ်င္းကေရာ "

ၾကားထဲက မေနႏိုင္စြာ ထေမးလာတဲ့ ေ႐ွာင္းပါးစကားေၾကာင့္ လီလီေခါင္းအျမန္ၿငိမ့္မိသည္။ ဟုတ္တယ္ ဝမ္ခ်င္း ဝမ္ခ်င္းကို ဘယ္လိုလုပ္မွာလည္း ။ သားေ႐ွာင္းက ဝမ္ခ်င္းရဲ႕ အတူေနခ်စ္သူဆို ။ ႏိုင္ငံျခားမွာ သားေ႐ွာင္း ေဆးသြားကုတုန္းက ဝမ္ခ်င္းနဲ႔ အတူေနခဲ့ၾကတာဆို ။ အခုၾက ဝမ္ခ်င္းကို လက္မထပ္ပဲ ဘယ္က ကေလးကို ေခၚယူခဲ့တာပါလဲ....။

ေ႐ွာင္းပါး စကားေၾကာင့္ ကေလးေသးေသးေလးကို ငံု႔ၾကည့္ေနတဲ့ ဝမ္ရိေပၚရဲ႕ မ်က္လံုးဝိုင္းေလးသည္ ေ႐ွာင္းက်န္႔ထံ ဖ်က္ကနဲေရာက္လာခဲ့သည္။ ဒါကိုေတြ႔လိုက္တဲ့ ေ႐ွာင္းက်န္႔ဟာ တိုးဖြဖြေလးရယ္ရင္း ဝမ္ရိေပၚကို မ်က္ခံုးေလးပင့္ျပသည္။ ေ႐ွာင္းက်န္႔ မ်က္ခံုးပင့္ျပတာကို ျမင္တဲ့ ဝမ္ရိေပၚဟာ ေ႐ွာင္းက်န္႔ကိုမရယ္ျပ မျပံဳးျပပဲ မ်က္ခံုးေလးသာ ျပန္ပင့္ျပတာေၾကာင့္ ေ႐ွာင္းက်န္႔မွာ သေဘာက်စြာ တဟားဟားရယ္ရေသးသည္။

" ပါပါး ဝမ္ခ်င္းနဲ႔ ကြၽန္ေတာ္က ဟိုမွာ တစ္အိမ္တည္း အတူေနခဲ့ၾကေပမယ့္ ခႏၶာကိုယ္ခ်င္း ရင္းႏွီးမႈမ႐ွိခဲ့ၾကပါဘူး ပါပါး "

" ဒါေပမယ့္ သားေ႐ွာင္းရယ္ ဝမ္ခ်င္းက မိန္းကေလးတစ္ေယာက္ဆိုေတာ့... "!!

" ေအာ္... ပါပါးရယ္ ႏိုင္ငံျခားမွာ ေယာက်ာ္းတစ္ေယာက္နဲ႔ မိန္းကေလးတစ္ေယာက္ အတူေနၾကတာ မဆန္းပါဘူး ။ အခ်ိဳ႕ဆို ေက်ာင္းတက္ရင္း သူငယ္ခ်င္းအျဖစ္ ေယာက်ာ္းေလးနဲ႔ မိန္းကေလး ဆက္တူ အခန္းတစ္ခန္းထဲေတာင္ ေပါင္းေနၾကခ်ိန္မွာ ဝမ္ခ်င္းနဲ႔ ကြၽန္ေတာ္ တစ္အိမ္တည္း အတူေနခဲ့တာ မထူးဆန္းပါဘူးဗ်ာ...."

ေ႐ွာင္းက်န္႔စကားေၾကာင့္ ေ႐ွာင္းပါပါး ဆက္ေျပာစရာ စကားလံုး ေျပာက္႐ွသြားသလို လီလီရဲ႕ မ်က္လံုးမ်ားသည္လည္း ဝမ္ရိေပၚ ရင္ခြင္ထဲမွာ ၿငိမ္သက္ေနတဲ့ နီတာရဲ ကေလးေလးထံ မ်က္လံးေရာက္သြားခဲ့သည္။

သား ဝမ္ရိေပၚလက္ထဲက ကေလးနီတာရဲေလးသည္ ျပည့္ေဖာင္းေဖာင္းေလးနဲ႔ ခ်စ္ဖို႔ အလြန္ေကာင္းသည္။

" သားငယ္ ကေလးက ႏို႔ဆာေနၿပီထင္တယ္ "

မေနႏိုင္စြာ ေျပာလိုက္မိတဲ့ လီလီစကားေၾကာင့္ ဝမ္ရိေပၚသည္ ထိုင္ရာမွ အသာထၿပီး ဝီးခ်ဲေပၚထိုင္ေနတဲ့ ေ႐ွာင္းက်န္႔လက္ထဲကို ကေလးေသးေသးေလး လာထည့္ေပးသည္။

" ကိုကို ခဏေခၚထား ။ ကြၽန္ေတာ္ ပိစိေကြးအတြက္ ႏို႔ဘူးသြားေဖ်ာ္ဦးမယ္ "

ေ႐ွာင္းက်န္႔သည္ သူ႔ရင္ခြင္ထဲ ေရာက္လာတဲ့ ကေလးေသးေသးေလးကို အသာထိန္းေပြ႔ယူထားၿပီး ေခါင္းေလးၿငိမ့္ျပတယ္။ ဒါကိုမ်က္ေတာင္မခက္ ေငးၾကည့္ေနတဲ့ လီလီကေတာ့ ဘုရား တၿပီးရင္း တေနလ်ွက္...။

ဘုရားေရ ႏိုးေတာင္ မပ်က္ေသးတဲ့ လသားအရြယ္ ကေလးေသးေသးေလးကို သားေတာ္ေမာင္ လူပ်ိဳေလးႏွစ္ေယာက္က ထိန္းမယ္တဲ့။

.............

" ကိုကို ဟိုဘက္တိုး "

ကေလးခ်ီထားၿပီး အခန္းထဲမွာ လမ္းေလ်ွာက္ေနတဲ့ ဝမ္ရိေပၚဟာ အိပ္ယာထဲမွာ လဲအိပ္ေနတဲ့ ေ႐ွာင္းက်န္႔ကို ေျပာတယ္။

" ငယ္ ဘာေျပာတာလဲ "

" ကိုကို႔ကို ဟိုဖက္တိုးလို႔ "

" ဘာလို႔လည္း ငယ္ရ "

" ကိုကိုက အိပ္ယာ အလည္တည့္တည့္မွာ အိပ္ေနေတာ့ ပိစိေကြးနဲ႔ ကြၽန္ေတာ္က ဘယ္မွာ သြားအိပ္ရမွာလည္း "

" ခါတိုင္းလို ငယ္က ကိုကို႔ ရင္ခြင္ထဲမွာအိပ္ေလ..."

" အဲ့ဒါကို ပိစိေကြးကေရာ "

" သူ႔ကို ငယ့္ရင္ခြင္ထဲမွာ ထည့္ထားေပါ့ "

" ဟုတ္ကဲ့ "

ေ႐ွာင္းက်န္စကားကို သိပ္နားေထာင္တဲ့ ေကာင္ေလးငယ္ငယ္ဟာ အိပ္ေပ်ာ္ေနတဲ့ ကေလးေသးေသးေလးကို အသာေပြ႔ခ်ီၿပီး ကုတင္ေပၚတက္လာခဲ့သည္။ ထို႔ေနာက္ ကေလးေသးေသးေလးကို ရင္ခြင္မွာပိုက္ၿပီး ေ႐ွာင္းက်န္႔ကို ေက်ာခိုင္းကာ အသာလဲခ်လိုက္သည္။ ကေလးေသးေသးက ဝမ္ရိေပၚရဲ႕ ရင္ခြင္ထဲမွာဆိုေတာ့ ခါတိုင္းလို ေ႐ွာင္းက်န္႔နဲ႔ မ်က္ႏွာခ်င္းဆိုင္ အိပ္လို႔မရဘူးမလား။  ေ႐ွာင္းက်န္႔ကလည္း အသာအယာလဲခ်လာတဲ့ ေကာင္ေလးငယ္ငယ္ရဲ႕ ေခါင္းေလးတင္ဖို႔အတြက္ လက္ေမာင္းတစ္ဖက္ကို ဆန္႔ေပးၿပီးသား။ ဝမ္ရိေပၚသည္ ေ႐ွာင္းက်န္႔ လက္ေမာင္းတစ္ဖက္ကို ေခါင္းေလးဦးၿပီး အိပ္လိုက္ေတာ့ သူ႔ေခါင္းလံုးလံုးေလးကို ေနာက္ကေန ဖိနမ္းလာတဲ့ ေ႐ွာင္းက်န္႔ႏႈတ္ခမ္းပါးေလးရယ္ ။ ဝမ္ရိေပၚရဲ႕ လည္ဂုတ္သားေဖြးေဖြးကို ဖိကပ္နမ္း႐ိႈက္လာတဲ့ ႏႈတ္ခမ္းပါးေလးရယ္ေၾကာင့္ ေက်နပ္စြာျပံဳလိုက္မိသည္။

" Good nightပါ ငယ္ အရမ္းခ်စ္တယ္ "

" ဟုတ္ကဲ့ ကိုကို good night ကြၽန္ေတာ္လည္း အရမ္းခ်စ္တယ္ "

အိပ္ေပ်ာ္ေနတဲ့ ကေလးေသးေသးေလးကို ရင္ခြင္ထဲေပြ႔ပိုက္ၿပီး အိပ္ေပ်ာ္ေနတဲ့ ဝမ္ရိေပၚ။ ထိုအိပ္ေပ်ာ္ေနတဲ့ ဝမ္ရိေပၚ ခႏၶာကိုယ္ေလးကို ေနာက္ကေန အသာေထြးဖက္ထားၿပီး အိပ္ေပ်ာ္ေနတဲ့ ေ႐ွာင္းက်န္႔။ ေ႐ွာင္းက်န္႔ရဲ႕ ႏႈတ္ခမ္းပါးေလးသည္ ဝမ္ရိေပၚရဲ႕ ေခါင္းလံုးလံုးေလးကို ဖိကပ္ထားသည္။

လီလီသည္ အရြယ္ေရာက္ၿပီးသား အမ်ိဳးသားႏွစ္ဦး ဖက္အိပ္ေနတာကို နားမလည္ႏိုင္စြာ ေငးၾကည့္ေနမိသည္။ သားဝမ္ကို မိန္းကေလးေနရာက ထားၾကည့္မိလ်ွင္ မိသားစုေလး တစ္စုအိပ္ေနၾကသလို ။ တစ္ညလံုး ကေလးေသးေသးေလးအသံတိတ္ေန၍ သားလူပ်ိဳႏွစ္ေယာက္နဲ႔ ကေလးေသးေသးေလး အဆင္ေျပပါ့မလားအေတြးနဲ႔ ထၾကည့္မိေတာ့ ဒီျမင္ကြင္းေလးကို လီလီေတြ႔လိုက္ရျခင္းျဖစ္သည္။ သားဝမ္သည္ လူေတြနဲ႔ နီးနီးကပ္ကပ္ေနရတာ မႀကိဳက္ပဲ ဘာလို႔ သားေ႐ွာင္းရင္ခြင္ထဲ ေရာက္ေနတာလည္း ။ သားေ႐ွာင္းကေရာ ဘာလို႔ သားဝမ္ကို ေနာက္ကေနေပြ႔ဖက္ၿပီး အိပ္ေနရတာလည္း ။ သားဝမ္က သားေ႐ွာင္းကို ျပဳစုဖို႔ သားေ႐ွာင္းအခန္းေျပာင္းအိပ္ေနတာ ၾကာၿပီျဖစ္ေပမယ့္ အရြယ္ေရာက္ၿပီးသား အမ်ိဳးသားေလးႏွစ္ဦး တစ္ကုတင္ထဲမွာ အတူဖက္အိပ္ေနၾကမွန္းေတာ့ လီလီမသိထားဘူး။ အခုဟာက မေတာ္တဆ ဖက္ေနမိတာနဲ႔မတူစြာ သားေရွာင္း ဖက္ထားတာကလည္း အသားက်ေနသလို ရင္ခြင္ထဲေရာက္ေနတဲ့ သားဝမ္ကလည္း ဒီအေနအထားေလးကို အသားက်ေနခဲ့သည္ေလ။ ဒါဟာ မေတာ္တဆမ်ိဳးမဟုတ္ပဲ ဘယ္လိုအေနအထားလည္းဆိုတာ နားလည္ဖို႔ လီလီအေတာ္ႀကိဳးစားရင္ သူမ ဖြင့္ဟထားမိတဲ့ အခန္းတံခါးေလးကို အသာျပန္စိၿပီး သူမခင္ပြန္း႐ွိရာ အိပ္ခန္းဘက္သိုသာ ျပန္လာခဲ့လိုက္ေတာ့သည္။

#Novembervenus









Unicode




" အမလေး ဘုရား ဘုရား ဒါလေးက ဘာလေးလဲ "

လီလီသည် သားဖြစ်သူ ဝမ်ရိပေါ်လက်ထဲမှ ကလေး နီတာရဲလေးကိုကြည့်ပြီး ဘုရားတသည်။ ခန္ဓာကိုယ်တောင့်တင်းတင်းနဲ့ သားတော်မောင်က လသားအရွယ် ကလေးသေးသေးလေးပွေ့ချီထားတာများ နူးညံ့သိမ်မွေ့စွာ....။

" လီလီ ဒါလေးက ကျွန်တော်တို့ သားလေးပါ "

လီလီက သားဖြစ်သူ ဝမ်ရိပေါ်ကိုမေးပေမယ့် ပြန်ဖြေလာတာက ရှောင်းကျန့်ကြောင့် လီလီရဲ့ အကြည့်လေးသည် သားဖြစ်သူထံမှ ရှောင်းကျန့်နား ရောက်သွားခဲ့သည်။

" ကျွန်တော်တို့ "!!!

လီလီဟာ ကျွန်တော်တို့ဆိုတဲ့ ရှောင်းကျန့်စကားကို သိပ်စိတ်ဝင်စားသွားတယ်ထင်တယ် ရှောင်းကျန့်ရဲ့ ကျွန်တော်တို့ဆိုတဲ့ စကားလေးကိုပြန်ရွတ်ပြီး ရှောင်းငျန့်မျက်နှာလေးကို နားမလည်နိုင်သလို ကြည့်လာသည်။ ရှောင်းကျန့်သည် သူ့မျက်နှာကို စူးစမ်းစွာ သေချာကြည့်လာတဲ့ လီလီနဲ့ ရှောင်းပါပါးတို့ကို ပြုံးပြုံးလေးနဲ့ ခေါင်းအသာငြိမ့်ပြပြီး ကလေးချီထားတဲ့ ဝမ်ရိပေါ်ဘက်ကို မြတ်နိုးစွာ လှည့်လို့ကြည့်သည်။ ဝမ်ရိပေါ်သည် ရှောင်းကျန့်ကိုလည်းမကြည့် လီလီကိုလည်းမကြည့် ရှောင်းပါပါးကိုလည်း ဂရုမစိုက်စွာ သူ့လက်ထဲက ကလေးသေးသေးလေးကိုသာ အူယားစွာ ငုံ့ကာကြည့်နေခဲ့သည်။ ရှောင်းကျန့်သည် သူ့ရင်ခွင်ထဲက ကလေးသေးသေးလေးကိုသာ ဂရုစိုက်ပြီး ငုံ့ကြည့်နေတဲ့ ကောင်လေးငယ်ငယ်ကြောင့် သဘောကျစွာ ပြုံးရယ်မိသည်။ ကလေးက ကလေးပြန်ထိန်းနေတယ်လို့ ပြောရအောင်ကလည်း ဝမ်ရိပေါ်ဆိုတဲ့ ကောင်လေးငယ်ငယ်က ကလေးလေးမဟုတ်ပြန်ဘူး။ သိပ်သန်မားပြီး ရှောင်းကျန့်ဆိုတဲ့ သူ့တစ်ယောက်တည်းအတွက်သာ နုနုငယ်ငယ်လေး ရှိနေခဲ့သူ။ အခုဆိုလည်း ကြည့်ပါဦး တစ်ကယ့် ကလေးဖေဖေကြီး တစ်ယောက်ပမာ သူ့လက်ထဲက ကလေးသေးသေးလေးကို မြတ်နိုးစွာ ငုံ့ကြည့်နေပုံလေးက ရှောင်းကျန့်မျက်လုံးထဲမှာ သိပ်ကို ချစ်စရာကောင်းနေခဲ့သည်။

" ဟုတ်တယ် လီလီ ကျွန်တော်တို့ သားလေး။ ပြောရမယ်ဆိုရင် ရှောင်းကျန့်ဆိုတဲ့ ကျွန်တော်နဲ့ လီလီရဲ့သားလေး ဝမ်ရိပေါ်ရဲ့ သားလေးပါ "

" ဘယ်လို ဘယ်လို သားရှောင်း လီလီကို နားလည်အောင် ပြောစမ်းပါ သားရှောင်းရယ် လီလီ ရင်ထဲ အထိတ်အလန့်ရှိလိုက်တာ သားတို့ရယ် "

လီလီဟာ ရင်ဘက်ကိုဖိလို့ ဘုရားတတော့ ရှောင်းကျန့်ဟာ ခေါင်းလေးငုံ့ပြီး ဖွဖွပြုံးသည်။

" ဒီလိုပါ လီလီနဲ့ ပါပါး ။ ကျွန်တော်တို့နှစ်ယောက်ဟာ အရွယ်ရောက်ပြီးသား အမျိုးသားနှစ်ယောက်ဖြစ်ကြပေမယ့် တစ်ယောက်မှ အမျိုးသမီးတွေကို လက်ထပ်ဖို့ မတွေးထားကြလို့ပါ။ ဒီကြားထဲ လီလီနဲ့ ပါပါးက မြေးထိန်းချင်ကြတယ်ဆိုလို့ ကျွန်တော်နဲ့ ရိပေါ်တိုင်ပင်ပြီး ကလေးတစ်ယောက် မွေးစားခဲ့တာပါ "

" အိုး...ဘုရားရေ "

လီလီသည် ဘုရားတပြီး သားတော်မောင် ဝမ်ရိပေါ်ရှိရာဘက် လှည့်လို့ကြည့်သည်။ သားတော်မောင် ဝမ်ရိပေါ်ကတော့ သူမတို့ကို တစ်ချက်မှမကြည့် သူ့လက်ထဲက ကလေးသေးသေးလေးကိုသာ မျက်တောင်မခက် ငုံ့ကြည့်နေခဲ့သည်။

လီလီဘုရားတနေသလောက် ငြိမ်သက်နေတဲ့ ဝမ်ရိပေါ်က ရင်ခွင်ထဲက ကလေးသေးသေး နီတာရဲလေးကို အူယားစွာ ငုံ့လို့ကြည့်ပြီး ကလေးသေးသေးလေးရဲ့ပါးလေးကို လက်ညိုလေးနဲ့ ဖွဖွထိုးနေခဲ့သည်။ ဒါက ကိုကိုမွေးစားချင်တယ်ဆိုလို့ ရိပေါ် ခေါ်ယူခဲ့တဲ့ ကလေးသေးသေးလေးလေ။ ဒါကြောင့် ဖြစ်ပျက်သမျှ ကိုကို ရှင်းလိမ့်မယ် ။ ကျန်တာ ရိပေါ် စိတ်မဝင်စားဘူး ။ အခု ရိပေါ် စိတ်ဝင်စားနေတာက ရိပေါ်လက်ထဲက ပါဖောင်းဖောင်းလေးနဲ့ ကလေးနီတာရဲလေး ဆီမှာ။

ရှောင်းကျန့်သည် သူ့လက်ထဲက ကလေးသေးသေးလေးရဲ့ ပါးဖောင်းလေးကို လက်ညိုးလေးနဲ့ ဖွဖွထိုးနေတဲ့ ကောင်လေးငယ်ငယ်ကို မြတ်နိုးစွာ ငေးကြည့်နေမိသည်။ ကလေးသေးသေးလေးကို သိပ်အူယားနေတဲ့ ငယ်က ကလေးသေးသေးလေးကို မထိရက် မကိုင်ရက်။

" သားရှောင်း အဲ့ဒါဆို ဝမ်ချင်းကရော "

ကြားထဲက မနေနိုင်စွာ ထမေးလာတဲ့ ရှောင်းပါးစကားကြောင့် လီလီခေါင်းအမြန်ငြိမ့်မိသည်။ ဟုတ်တယ် ဝမ်ချင်း ဝမ်ချင်းကို ဘယ်လိုလုပ်မှာလည်း ။ သားရှောင်းက ဝမ်ချင်းရဲ့ အတူနေချစ်သူဆို ။ နိုင်ငံခြားမှာ သားရှောင်း ဆေးသွားကုတုန်းက ဝမ်ချင်းနဲ့ အတူနေခဲ့ကြတာဆို ။ အခုကြ ဝမ်ချင်းကို လက်မထပ်ပဲ ဘယ်က ကလေးကို ခေါ်ယူခဲ့တာပါလဲ....။

ရှောင်းပါး စကားကြောင့် ကလေးသေးသေးလေးကို ငုံ့ကြည့်နေတဲ့ ဝမ်ရိပေါ်ရဲ့ မျက်လုံးဝိုင်းလေးသည် ရှောင်းကျန့်ထံ ဖျက်ကနဲရောက်လာခဲ့သည်။ ဒါကိုတွေ့လိုက်တဲ့ ရှောင်းကျန့်ဟာ တိုးဖွဖွလေးရယ်ရင်း ဝမ်ရိပေါ်ကို မျက်ခုံးလေးပင့်ပြသည်။ ရှောင်းကျန့် မျက်ခုံးပင့်ပြတာကို မြင်တဲ့ ဝမ်ရိပေါ်ဟာ ရှောင်းကျန့်ကိုမရယ်ပြ မပြုံးပြပဲ မျက်ခုံးလေးသာ ပြန်ပင့်ပြတာကြောင့် ရှောင်းကျန့်မှာ သဘောကျစွာ တဟားဟားရယ်ရသေးသည်။

" ပါပါး ဝမ်ချင်းနဲ့ ကျွန်တော်က ဟိုမှာ တစ်အိမ်တည်း အတူနေခဲ့ကြပေမယ့် ခန္ဓာကိုယ်ချင်း ရင်းနှီးမှုမရှိခဲ့ကြပါဘူး ပါပါး "

" ဒါပေမယ့် သားရှောင်းရယ် ဝမ်ချင်းက မိန်းကလေးတစ်ယောက်ဆိုတော့... "!!

" အော်... ပါပါးရယ် နိုင်ငံခြားမှာ ယောကျာ်းတစ်ယောက်နဲ့ မိန်းကလေးတစ်ယောက် အတူနေကြတာ မဆန်းပါဘူး ။ အချို့ဆို ကျောင်းတက်ရင်း သူငယ်ချင်းအဖြစ် ယောကျာ်းလေးနဲ့ မိန်းကလေး ဆက်တူ အခန်းတစ်ခန်းထဲတောင် ပေါင်းနေကြချိန်မှာ ဝမ်ချင်းနဲ့ ကျွန်တော် တစ်အိမ်တည်း အတူနေခဲ့တာ မထူးဆန်းပါဘူးဗျာ...."

ရှောင်းကျန့်စကားကြောင့် ရှောင်းပါပါး ဆက်ပြောစရာ စကားလုံး ပြောက်ရှသွားသလို လီလီရဲ့ မျက်လုံးများသည်လည်း ဝမ်ရိပေါ် ရင်ခွင်ထဲမှာ ငြိမ်သက်နေတဲ့ နီတာရဲ ကလေးလေးထံ မျက်လံးရောက်သွားခဲ့သည်။

သား ဝမ်ရိပေါ်လက်ထဲက ကလေးနီတာရဲလေးသည် ပြည့်ဖောင်းဖောင်းလေးနဲ့ ချစ်ဖို့ အလွန်ကောင်းသည်။

" သားငယ် ကလေးက နို့ဆာနေပြီထင်တယ် "

မနေနိုင်စွာ ပြောလိုက်မိတဲ့ လီလီစကားကြောင့် ဝမ်ရိပေါ်သည် ထိုင်ရာမှ အသာထပြီး ဝီးချဲပေါ်ထိုင်နေတဲ့ ရှောင်းကျန့်လက်ထဲကို ကလေးသေးသေးလေး လာထည့်ပေးသည်။

" ကိုကို ခဏခေါ်ထား ။ ကျွန်တော် ပိစိကွေးအတွက် နို့ဘူးသွားဖျော်ဦးမယ် "

ရှောင်းကျန့်သည် သူ့ရင်ခွင်ထဲ ရောက်လာတဲ့ ကလေးသေးသေးလေးကို အသာထိန်းပွေ့ယူထားပြီး ခေါင်းလေးငြိမ့်ပြတယ်။ ဒါကိုမျက်တောင်မခက် ငေးကြည့်နေတဲ့ လီလီကတော့ ဘုရား တပြီးရင်း တနေလျှက်...။

ဘုရားရေ နိုးတောင် မပျက်သေးတဲ့ လသားအရွယ် ကလေးသေးသေးလေးကို သားတော်မောင် လူပျိုလေးနှစ်ယောက်က ထိန်းမယ်တဲ့။

.............

" ကိုကို ဟိုဘက်တိုး "

ကလေးချီထားပြီး အခန်းထဲမှာ လမ်းလျှောက်နေတဲ့ ဝမ်ရိပေါ်ဟာ အိပ်ယာထဲမှာ လဲအိပ်နေတဲ့ ရှောင်းကျန့်ကို ပြောတယ်။

" ငယ် ဘာပြောတာလဲ "

" ကိုကို့ကို ဟိုဖက်တိုးလို့ "

" ဘာလို့လည်း ငယ်ရ "

" ကိုကိုက အိပ်ယာ အလည်တည့်တည့်မှာ အိပ်နေတော့ ပိစိကွေးနဲ့ ကျွန်တော်က ဘယ်မှာ သွားအိပ်ရမှာလည်း "

" ခါတိုင်းလို ငယ်က ကိုကို့ ရင်ခွင်ထဲမှာအိပ်လေ..."

" အဲ့ဒါကို ပိစိကွေးကရော "

" သူ့ကို ငယ့်ရင်ခွင်ထဲမှာ ထည့်ထားပေါ့ "

" ဟုတ်ကဲ့ "

ရှောင်းကျန်စကားကို သိပ်နားထောင်တဲ့ ကောင်လေးငယ်ငယ်ဟာ အိပ်ပျော်နေတဲ့ ကလေးသေးသေးလေးကို အသာပွေ့ချီပြီး ကုတင်ပေါ်တက်လာခဲ့သည်။ ထို့နောက် ကလေးသေးသေးလေးကို ရင်ခွင်မှာပိုက်ပြီး ရှောင်းကျန့်ကို ကျောခိုင်းကာ အသာလဲချလိုက်သည်။ ကလေးသေးသေးက ဝမ်ရိပေါ်ရဲ့ ရင်ခွင်ထဲမှာဆိုတော့ ခါတိုင်းလို ရှောင်းကျန့်နဲ့ မျက်နှာချင်းဆိုင် အိပ်လို့မရဘူးမလား။  ရှောင်းကျန့်ကလည်း အသာအယာလဲချလာတဲ့ ကောင်လေးငယ်ငယ်ရဲ့ ခေါင်းလေးတင်ဖို့အတွက် လက်မောင်းတစ်ဖက်ကို ဆန့်ပေးပြီးသား။ ဝမ်ရိပေါ်သည် ရှောင်းကျန့် လက်မောင်းတစ်ဖက်ကို ခေါင်းလေးဦးပြီး အိပ်လိုက်တော့ သူ့ခေါင်းလုံးလုံးလေးကို နောက်ကနေ ဖိနမ်းလာတဲ့ ရှောင်းကျန့်နှုတ်ခမ်းပါးလေးရယ် ။ ဝမ်ရိပေါ်ရဲ့ လည်ဂုတ်သားဖွေးဖွေးကို ဖိကပ်နမ်းရှိုက်လာတဲ့ နှုတ်ခမ်းပါးလေးရယ်ကြောင့် ကျေနပ်စွာပြုံလိုက်မိသည်။

" Good nightပါ ငယ် အရမ်းချစ်တယ် "

" ဟုတ်ကဲ့ ကိုကို good night ကျွန်တော်လည်း အရမ်းချစ်တယ် "

အိပ်ပျော်နေတဲ့ ကလေးသေးသေးလေးကို ရင်ခွင်ထဲပွေ့ပိုက်ပြီး အိပ်ပျော်နေတဲ့ ဝမ်ရိပေါ်။ ထိုအိပ်ပျော်နေတဲ့ ဝမ်ရိပေါ် ခန္ဓာကိုယ်လေးကို နောက်ကနေ အသာထွေးဖက်ထားပြီး အိပ်ပျော်နေတဲ့ ရှောင်းကျန့်။ ရှောင်းကျန့်ရဲ့ နှုတ်ခမ်းပါးလေးသည် ဝမ်ရိပေါ်ရဲ့ ခေါင်းလုံးလုံးလေးကို ဖိကပ်ထားသည်။

လီလီသည် အရွယ်ရောက်ပြီးသား အမျိုးသားနှစ်ဦး ဖက်အိပ်နေတာကို နားမလည်နိုင်စွာ ငေးကြည့်နေမိသည်။ သားဝမ်ကို မိန်းကလေးနေရာက ထားကြည့်မိလျှင် မိသားစုလေး တစ်စုအိပ်နေကြသလို ။ တစ်ညလုံး ကလေးသေးသေးလေးအသံတိတ်နေ၍ သားလူပျိုနှစ်ယောက်နဲ့ ကလေးသေးသေးလေး အဆင်ပြေပါ့မလားအတွေးနဲ့ ထကြည့်မိတော့ ဒီမြင်ကွင်းလေးကို လီလီတွေ့လိုက်ရခြင်းဖြစ်သည်။ သားဝမ်သည် လူတွေနဲ့ နီးနီးကပ်ကပ်နေရတာ မကြိုက်ပဲ ဘာလို့ သားရှောင်းရင်ခွင်ထဲ ရောက်နေတာလည်း ။ သားရှောင်းကရော ဘာလို့ သားဝမ်ကို နောက်ကနေပွေ့ဖက်ပြီး အိပ်နေရတာလည်း ။ သားဝမ်က သားရှောင်းကို ပြုစုဖို့ သားရှောင်းအခန်းပြောင်းအိပ်နေတာ ကြာပြီဖြစ်ပေမယ့် အရွယ်ရောက်ပြီးသား အမျိုးသားလေးနှစ်ဦး တစ်ကုတင်ထဲမှာ အတူဖက်အိပ်နေကြမှန်းတော့ လီလီမသိထားဘူး။ အခုဟာက မတော်တဆ ဖက်နေမိတာနဲ့မတူစွာ သားရှောင်း ဖက်ထားတာကလည်း အသားကျနေသလို ရင်ခွင်ထဲရောက်နေတဲ့ သားဝမ်ကလည်း ဒီအနေအထားလေးကို အသားကျနေခဲ့သည်လေ။ ဒါဟာ မတော်တဆမျိုးမဟုတ်ပဲ ဘယ်လိုအနေအထားလည်းဆိုတာ နားလည်ဖို့ လီလီအတော်ကြိုးစားရင် သူမ ဖွင့်ဟထားမိတဲ့ အခန်းတံခါးလေးကို အသာပြန်စိပြီး သူမခင်ပွန်းရှိရာ အိပ်ခန်းဘက်သိုသာ ပြန်လာခဲ့လိုက်တော့သည်။

#Novembervenus











Continue Reading

You'll Also Like

134K 10K 26
You are so important to me. This is probably a bad time but marry me again? A/N : This story is from my imagination . This is just a fan fiction that...
13.4K 2.9K 46
විනාශ කරදැමූ කිරි සිහිනයක් වෙනුවෙන් බැදි වෛරයක් නිසා පරම්පරාවක්ම නසන්නට ශපථ කළ නේත්‍රාවකගේ පළිගැනීමට මැදිවූ සෙනෙහසක අන්දරය....... රුහිරු බැදි බැමි~
363K 33.4K 26
အခ်ိန္ေတြသာ ေက်ာ္ၿပီး မင္းဆီေရာက္လာေပမ့ဲ ငါ့အခ်စ္ေတြကေတာ့ မေက်ာ္လြန္ဘဲ မင္းကိုလြမ္းေနတုန္း အချိန်တွေသာ ကျော်ပြီး မင်းဆီရောက်လာပေမဲ့ ငါ့အချစ်တွေကတော့ ...