SOULMATE[Complete]

By Zayarminhtut17

3.3K 335 67

ဒီရဲ့၀တ္ထုလေးက If(အကယ်၍) extraရဲ့ အဆက်လေးပါ။ extraမှာ သီဟ တစ်ယောက် ဘာဖြစ်သွားလဲ မှတ်မိကြသေးတယ်မလား။ ဒီရဲ့ ၀တ္... More

A/N
နှင်းအိန္ဒြာထက်
သက်ရှိုင်းကို
Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24(Final)
Special Part
ကျေးဇူးတင်လွှာ
New Season

Part 12

46 9 0
By Zayarminhtut17

#Unicode#

သီဟ ကားထဲကနေ ထွက်သွားပြီး သက်ရှိုင်းကို တိုက်ခန်းသို့ သွားနေချိန် ကားထဲမှာ ကျန်ခဲ့တဲ့ မြတ်မင်းကိုမှာတော့ တစ်ယောက် ယောက်ကို စာပို့နေလေသည်။

ပို့လိုက်တဲ့ စာကတော့
"အကိုကြီး ကျွန်တော်တို့တွေလေ..... ဟိုတစ်ခါ မူးယစ်ဆေးအကြွေး သွားတောင်တာကို မှတ်မိသေးလား။ အဖိုးကြီး တစ်ယောက် အိမ်ကိုလေ။ အကိုကြီးတောင်မှ အိမ်ထဲမှာ မိန်းကလေး တစ်ယောက်နဲ့ စကားအချေအတင် ဖြစ်ခဲ့ကြသေးတယ်လေ။ အဲ့တာ အကိုကြီး အဲ့မိန်းကလေးကို မှတ်မိသေးလား။ တစ်ခုခု မှတ်မိရင် ကျွန်တော့်ကို စာပြန်ခဲ့ပေးပါနော်..... တစ်ခုလောက် မေးချင်တာ ရှိလို့ပါ" ဆိုသည့် အကြောင်းအရာဘဲပေါ့။

မြတ်မင်းကိုမှာ စာပို့ပြီး စောင့်နေလေသည်။ ပြီးနောက် သီဟ ပို့လာမယ့် စာကိုပါ စောင့်မျှော်တော့သည်။ မြတ်မင်းကို တစ်ယောက် ကားထဲမှာ နေပြီး ဖုန်းကို တစ်ကြည့်ကြည့်ဖြင့် လုပ်နေလေသည်။ ဖုန်းကို lockဖွင့်လိုက်၊ messageထဲကို ၀င်လိုက်၊ ဖုန်းကို lockပြန်ပိတ်လိုက်နှင့်ကို ထပ်ခါထပ်ခါ လုပ်နေလေတော့၏။ မြတ်မင်းကိုမှာ ဖုန်းတစ်လုံးနှင့် အလုပ်တွေ ရှုပ်နေလေသည်။

မြတ်မင်းကို တစ်ယောက် ကားထဲတွင် စောင့်နေသည်မှာ အတော်ပင် ကြာနေလေပြီ။ စောင့်နေတုန်း စာတစ်စောင်မှ ရောက်မလာသေးပါ။ ဒါနဲ့ မြတ်မင်းကို ဖုန်းကို ကြည့်လိုက်သည်။ အချိန်မှာ ဆယ့်တစ်ပင် ခွဲနေလေပြီ။ မြတ်မင်းကိုမှာ ဖုန်းကို ကြည့်ပြီးတော့ ကားထဲကနေ တိုက်ခန်းလေးကို တစ်ချက်ကြည့်လိုက်လေသည်။ သီဟ ၀င်သွားတဲ့ အခန်းလေးဟာ အခုထိ မီးလင်းလို့ နေလေသည်။ ဒါနဲ့ဘဲ မြတ်မင်းကို တစ်ယောက် အခန်းကို လိုက်သွားဖို့ ဆုံးဖြတ်လိုက်လေတော့၏။

မြတ်မင်းကိုမှာ ကားပေါ်က ဆင်းပြီး တုံဆိုင်းခြင်းမရှိဘဲ တိုက်ခန်းဆီကို တန်းတန်းမတ်မတ် လျှောက်သွားလိုက်လေသည်။ မြတ်မင်းကို တစ်ယောက် သီဟ ၀င်သွားတဲ့ အခန်းရှေ့ တည့်တည့်ကို ရောက်လို့နေလေပြီ။ အခန်းရှေ့ ရောက်နေပေမယ့်လည်း တံခါးခေါက်ဖို့ကို နှောင့်နှေးနေလေသည်။ ဒါပေမယ့်လည်း မြတ်မင်းကို တံခါးခေါက်ဖို့ လက်ရွယ်လိုက်တော့သည်။ ထိုအချိန်ခိုက်မှာဘဲ မြတ်မင်းကိုရဲ့ ဘောင်းဘီ အိတ်ကပ်ထဲက ဖုန်းလေးက ရုတ်တရက်ကြီး တုန်မြည်လာတော့၏။

ဒါနဲ့ မြတ်မင်းကို တစ်ယောက် ဘောင်းဘီ အိတ်ကပ်ထဲက ဖုန်းကို ထုတ်ပြီး ကြည့်လိုက်သည်။ စာပို့လာတာဘဲ ဖြစ်ချေသည်။ မြတ်မင်းကိုမှာ ဖုန်းကို lockဖွင့်လိုက်ပြီး ပို့လာတဲ့ စာကို ကြည့်လိုက်လေတော့၏။

ပို့လာတဲ့စာလေးကတော့
"အဲ့ဒီအကြောင်းတွေကို နှစ်ယောက်ထဲတွေ့ပြီး ပြောချင်တယ်။ တွေ့နေကြဖြစ်တဲ့ နေရာကို လာခဲ့လိုက်" ဆိုပြီး ပို့ထားတာဘဲ ဖြသ်သည်။

ဒီလိုနဲ့ မြတ်မင်းကိုမှာ ဖုန်းလေးကို အိတ်ကပ်ထဲ ပြန်ထည့်ထားလိုက်ပြီးတော့ ‌မိမိရှေ့က အခန်းကို စိုက်ကြည့်လိုက်လေသည်။

"ပြီးမှ ကို ပြန်လာခဲ့မယ်..... သီဟ" လို့ တိုးတိုးလေး ရေရွတ်ပြီး မြတ်မင်းကို တစ်ယောက် တိုက်ခန်းအောက်ကို ပြေးဆင်းသွားလေသည်။ ပြီးနောက် ကားလေးဖြင့် တစ်နေရာရာကို မောင်းထွက်သွားလေတော့သည်။

မြတ်မင်းကို မောင်းနှင်လာတဲ့ ကားလေးဟာ တရွေ့ရွေ့ဖြင့် ဆောက်လုပ်ဆဲ ဖြစ်သည့် အဆောက်အဆုံဟောင်းကြီး ရှိရာ ၀န်းထဲသို့ ကွေ့၀င်သွားလိုက်လေသည်။ အဆောင်အဦး တည်ရှိရာ ၀န်းကြီး၏ ရှေ့တွင် "တားမြစ်ထားသော ဆောက်လုပ်ရေး" ဟူသည့်ဆိုင်းဘုတ်က အထင်းသား ရှိနေလေသည်။

မြတ်မင်းကိုမှာ ကားလေးကို ၀န်းကြီးထဲက နေရာလွတ်လေးမှာ ရပ်လိုက်တော့သည်။ နောက်တော့ ကားပေါ်က ဆင်းကာ ဖုန်းက နာရီကို ကြည့်လိုက်သည်။ ဆယ့်နှစ်ပင် ထိုးသွားချေပြီ။ မြတ်မင်းကို တစ်ယောက် ဖုန်းကို ပြန်သိမ်းလိုက်ပြီး ဘေးဘီ ဝဲယာကို တစ်ချက် လှမ်းကြည့်လိုက်တော့သည်။ အဆောက်အဦး၀န်းကြီးက ရှေ့တွင် ဆိုင်းဘုတ်ထောင်ထားသည့် စာသားအတိုင်း တစ်ချို့နေရာလေးတွေမှာ ချုံနွယ်ပိတ်ပေါင်းများဖြင့် ရှိနေလေသည်။ မြတ်မင်းကို တစ်ယောက် ပတ်၀န်းကျင်ကို ကြည့်ပြီးတော့ မလာတာ ကြာပြီ ဖြစ်တဲ့ အဆောက်အဦးဟောင်းကြီးကို တစ်ချက်မော့ကြည့်ပြန်သည်။

အဆောက်အဦးဟာ ဆောက်လို့ မပြီးသေးသည့် လေးထပ်တိုက်ကလေး ဖြစ်သည်။ တစ်ချို့ အထပ်တွေမှာဆိုလျှင် နံရံတွေနဲ့ အခန်းတွေတောင် ဆောက်လို့ မပြီးသေးပါ။ ဒီအတိုင်း ဟာလာဟင်းလင်းပြင်ကြီး ဖြစ်ချေသည်။ ဘယ်ကတည်းက ဆောက်လုပ်ရေး ရပ်ထားမှန်းမသိ။ အဆောက်အဦးကြီးက အရောင်တောင် မသုတ်ရသေးတာတောင် မွဲသဲသဲလေး ဖြစ်နေလေသည်။ ကြည့်ရတာ တော်တော်လေးကို ကြာပြီလို့ ထင်ရသည်။

မြတ်မင်းကို တစ်ယောက်မှာတော့ အဆောက်အဦးကို ကြည့်လို့၀သွားတော့ ထိုအဆောက်အဦးကြီးထဲ သွားဖို့ ဦးတည်လိုက်တော့သည်။ အရင်ဦးဆုံး အသက်ပြင်းပြင်းရှူကာ သက်ပြင်းချလိုက်လေသည်။ ပြီးနောက် ထိုအဆောက်အဦးထဲ ၀င်သွားလိုက်သည်။

အဆောက်အဦးလေးဟာ ဆောက်လုပ်နေဆဲတွင် ရပ်ပစ်ထားတာကြောင့် မီးတွေဘာတွေမရှိပါ။ ဒါပေမယ့် မြတ်မင်းကို အတွက်တော့ ပူစရာမလိုပါ။ အရင်က လာနေကြဆိုတော့ ဘယ်နားလေးမှာ လှေကား ရှိတယ်ဆိုတာ သိနေလေသည်။ သို့ပေမယ့်လည်း အရမ်းကြီး မှောင်နေတာကြောင့် မြတ်မင်းကိုမှာ ဖုန်းကနေ မီးထိုးလိုက်တော့၏။ နောက်တော့ လှေကားကနေ တစ်ဆင့်ချင်း တက်သွားလိုက်လေသည်။

အဆောက်အဦးဟာ ဘာမှရှိနေတာကြောင့် မြတ်မင်းကို ခြေလှမ်းတစ်လှမ်း လှမ်းလိုက်တိုင်း ခြေသံဟာ ပဲ့တင်သံ ထပ်သွားသည်။ ဒါကြောင့် မြတ်မင်းကိုမှာ သတိထား၍ သွားနေလေသည်။ မြတ်မင်းကို တစ်ယောက် ဘယ်အထပ်မှာမှ မရပ်ဘဲ အပေါ်ဆုံးထပ်ကိုသာ တန်းတန်းမတ်မတ် သွားလိုက်တော့၏။

အပေါ်ထပ်ကိုလည်း ရောက်ရော သံပေပါပုံးဖြင့် မီးမွှေးထားတာကို မြတ်မင်းကို တွေ့လိုက်ရလေသည်။ နောက်ပြီး ပေပါပုံးနဲ့ အလှမ်းမကမ်းမှာ ထိုင်ခုံ တစ်ခုဖြင့် ထိုင်‌နေတဲ့ ခန္ဓာကိုယ် ခပ်ထွားထွား လူတစ်ယောက်ကိုပါ တွေ့လိုက်ရသည်။ ထိုထိုင်နေတဲ့ တစ်ယောက် ဘေးတွင်တော့ ထိုင်ခုံအလွတ် တစ်လုံး ရှိနေတော့သည်။ မြတ်မင်းကိုမှာ မီးဖွင့်ထားတဲ့ ဖုန်းက မီးကိုပိတ်လိုက်ပြီး မီးမွှေးထားတာကြောင့် အလင်ူရောင် မှိန်ပျပျလေး ထွက်နေတဲ့ နေရာနကို ဖြေးဖြေးလေး လျှောက်သွားလိုက်သည်။ နေရာလွတ်နေတဲ့ ထိုင်ခုံနားလည်း ရောက်ရော မြတ်မင်းကို တစ်ယောက် ဘာမပြောညာမပြောနဲ့ ထိုထိုင်ခုံလေးမှာ ကောက်ထိုင်လိုက်လေတော့၏။

မြတ်မင်းကို ထိုင်လိုက်တာနဲ့ တစ်ဖက်က ချက်ချင်းဘဲ စကားစပြောလာလေတော့သည်။

"မတွေ့တာကြာပြီကို ပထမဆုံး စာပို့တာက နေကောင်းလားတောင် မဟုတ်ဘဲနဲ့.....တစ်ခုခုကို မေးချင်တာတဲ့လား" ဆိုပြီး ကြည်လင်ပြတ်သားတဲ့ အသံက ဟိန်းထွက်လာလေသည်။

"အခုက အရေးကြီး‌နေတာမလို့ပါ" ဟု မြတ်မင်းကို ခပ်ပြတ်ပြတ် ပြန်ဖြေလိုက်သည်။

မြတ်မင်းကိုလည်း ပြန်ဖြေပြီးရော ထိုင်နေတဲ့ လူကြီးက ရုတ်တရက် ထလာလေတော့၏။ မြတ်မင်းကိုခမျာ ထိုရပ်နေတဲ့သူကိုသာ စိုက်ကြည့်နေလေသည်။

"မင်း အတော်လေး ပြောင်းလဲသွားပါလား" ဆိုကာ ပြောရင်း ထိုရပ်နေတဲ့ သူမှာ မြတ်မင်ကိုအား စိုက်ကြည့်လာလေတော့သည်။

မြတ်မင်းကိုလည်း ဘာမှ ပြန်မပြောဘဲ ဒီအတိုင်းသာ ကြည့်နေလေသည်။  နောက်ပြီး အတောက်အဦး တစ်ခုလုံး ငြိမ်သက် တိတ်ဆိတ်‌သွားတော့သည်။ လေတိုက်သံပင် ကြားရလောက်ထိ ဖြစ်သည်။ လေတိုက်သွားတာကြောင့် ပေပါပုံးထဲက မီးဟာ အနည်းငယ် လှုတ်ခတ်သွားလေသည်။ အခြေအနေဟာ တော်တော်လေးကို တင်းမာနေလေပြီ။

ထိုအချိန်မှာဘဲ မြတ်မင်းကို တစ်ယောက် ရုတ်ချည်းဆိုသလို ထိုင်ရာက ချင်ချင်း ထလိုက်လေတော့၏။

"ဟ......ဟ မင်းတော်တော်လေး ပြောင်းလဲသွားတာပါလားကွ" ဆိုကာ ထိုလူကောင်ထွားထွားနဲ့ လူကြီးမှာ ပြောလည်းပြောရင်း
မြတ်မင်းကိုအား ဖက်လိုက်လေတော့သည်။

မြတ်မင်းကိုလည်း အလိုက်သင့်ကလေး ပြန်ဖက်လိုက်ရတာပေါ့။

"ကဲ ပြန်ထိုင်ကြ‌ရအောင်" ဆိုကာ ထိုလူကောင်ထွားထွားနဲ့ သူကြီးမှာ မြတ်မင်းကိုအား ဖက်ထားရာကနေ ထိုင်လိုက်တော့၏။

မြတ်မင်းကို တစ်ယောက်လည်း ပြန်ပြီး ထိုင်လိုက်ရတော့တာပေါ့။

"ကဲ သောက်အုန်းမလား"

ထိုလူကောင်ထွားထွားနဲ့ လူကြီးက မြတ်မင်းကိုကို ဆေးလိပ်ဘူး ကမ်းပေးလေသည်။ ဒါနဲ့ မြတ်မင်းကိုလည်း ဆေးလိပ် တစ်လိပ် ယူလိုက်ပြီး ပါးစပ်နား တေ့လိုက်တော့၏။ ပြီးနောက်‌ ထိုလူကောင်ထွားထွားနဲ့ လူကြီးက သူ့ဆေးလိပ်ကို မီးညိုပြီးတော့ မြတ်မင်းကိုအား မီးခြစ် ကမ်းပေးလာလေသည်။ မြတ်မင်းကိုလည်း မီးခြစ်ယူပြီး ပါးစပ်နားတေ့ထားတဲ့ ဆေးလိပ်လေးကို မီးညှိပြီး ဖွာရှိုက်လိုက်လေတော့၏။

"ကဲ...... မင်းဘာသိချင်တာလဲ ပြော" ဆိုပြီး ထိုလူကြီးက ဆေးလိပ်‌ငွေ့တွေ မှုတ်ထုတ်ရင်း မြတ်မင်းကိုအား ကြည့်ကာ ပြောလာလေသည်။

"ကျွန်တော် မေးမယ့်အရာက အကိုကြီးလည်း သိထားမယ့် အရာလို့ ထင်တယ်" ဟု မြတ်မင်းကိုမှ ဆေးလိပ်ကို လက်တွင်ကိုင်လိုက်ပြီး စိုးရိမ်ပူပန်စွာဖြင့် ပြောလိုက်တော့သည်။

"ဟေး.....ဘာအကြောင်းအရာလဲကွ"

"မှတ်မိသေးလား..... အဲ့နေ့ကို မိုးတွေ အရမ်းကြီး ရွာတဲ့နေ့လေးလေ"

"ငါရဲ့ မိုးတွေ အရမ်းကြီး ရွာတဲ့နေ့တွေက တစ်ရက်ထဲ ရှိတာမှ မဟုတ်တာကွာ"

"အာ...... အဲ့နေ့လေ မိုးတွေက အရမ်းကြီးကို ရွာနေတာလေ..... ကျွန်တော်တို့တွေ မူးယစ်ဆေးဖိုးအတွက် သွားတောင်းကြတာလေ.... အဖိုးကြီး တစ်ယောက် အိမ်လေ....... အကိုကြီးကိုတောင် မိန်းကလေး တစ်ယောက် ရန်တွေ့နေသေးတယ်လေ" ဆိုပြီး မြတ်မင်းကိုလည်း ပြောလိုက်ရော ထိုလူကောင်ထွားထွားနဲ့ သူမှာ မျက်နှာ ပျက်သွားလေသည်။ ပြီးမှ ထိုလူကြီး ပြန်ဖြေလေသည်။

"အော်...... မှတ်မိသားဘဲ...... ရဲကို တိုင်မယ်ဆိုပြီး လုပ်တဲ့ မိန်းကလေးလေ"

"ဒါဆို အကိုကြီးက မှတ်မိနေသေးတာပေါ့လေ"

"ဒါပေါ့ ...... မမှတ်မိစရာလား ငါ့ကို ကတ်ကတ်လန်ရန်တွေ့ သွားတာဘဲကို"

"ဒါဖြင့်ရင် အကိုကြီး အဲ့မိန်းကလေး ဘယ်လို သေခဲ့ရတာလဲဆိုတာ သိလား"

မြတ်မင်းကို ပြောလိုက်တဲ့ စကားကိုကြားပြီး ထိုလူကြီးမှာ သွေးပျက်သွားသလို ရုပ်မျိုး ဖြစ်သွားလေသည်။

"မင်းက ဘာလို့ သိချင်နေရတာလဲ...... အဲ့အမှုက တော်တော်တောင်ကြာနေပြီဘဲကို....."

"အကိုကြီးလည်း သိ‌နေတာလား အဲ့မိန်းကလေး သေသွားတာကို"

"မသိစရာလား လားရှိုးမြို့မှာ ဟိုးလေး တစ်ကျော် ဖြစ်သွားတာဘဲကို..... သူ့ရဲ့ ယောကျာ်းကဘဲ ပြန်သတ်တာဆိုလားဘဲ..... " လို့ ပြောပြီးတော့ ထိုလူကြီးမှာ မြတ်မင်းကိုအား ကြည့်လိုက်လေသည်။ ပြီးမှ ဆက်ပြောလေသည်။

"ဒါနဲ့ မင်းက ဘာလို့ သိချင်ရတာလဲ"

"ကျွန်တော် ထူးဆန်းသလို ခံစားနေရလို့ပါ..... စဉ်းစားကြည့်ဗျာ.....ဘယ်လိုလုပ် ယောကျာ်းက ကိုယ့်မိန်းမကို ပြန်သတ်ပါ့မလဲ..... မဟုတ်ဘူးလား"

"ဒါကတော့ အဲ့မိန်းကလေးကို သတ်ချင်လို့ ယူထားတာလည်း ဖြစ်ချင်ဖြစ်မှာ‌ပေါ့ကွာ"

"အဲ့ဒါဆိုရင်လည်း မင်္ဂလာဦးညမှာ သတ်လို့ရနေတာဘဲ....ဘာလို့လဲ"

"ဟ...... အချိန်ကောင်းကို စောင့်နေတာ ဖြစ်မှာပေါ့ကွ"

"ထူးဆန်းတယ် အဲ့အမှုကြီးက ထူးဆန်းနေတယ်"

"ဟုတ်တယ်...... ထူးဆန်းတယ်..... မင်းလည်း ထူးဆန်းတယ်..... မင်း လူမိုက်အဖွဲ့ကနေ နားလိုက်ပြီးကတည်းက ထူးဆန်းနေတယ်......အဲ့ကောင်လေးနဲ့ မင်းကြိုက်ပြီးသွားကတည်းကဘဲ"

"အဲ့တာကတော့ အ‌ချစ်ကြောင့်ဘဲပေါ့..... ချစ်တတ်လာလို့ ပြောင်းလဲလာရတာပါ...... အဲ့တာတွေ အကိုကြီးကို ပြောပြလို့လည်း နားလည်မှာ မဟုတ်လောက်ပါဘူး"

"ဘာကွ...... မင်းက ငါ့ကို လာနှိမ်နေတာလား"

"ဟား...... ဟား...... အဲ့လိုလည်း မဟုတ်ရပါဘူး...... ကျွန်တော်က စတာပါ"

မြတ်မင်းကိုလည်း ပြောပြီးရော တိတ်ဆိတ်သွားလေတော့သည်။ အတော်ကြာ တိတ်ဆိတ်နေပြီးမှ မြတ်မင်းကိုကနေပြီး စကားစပြောလိုက်လေ၏။

"ဒါဆိုရင် အကိုကြီးက အဲ့မိန်းကလေး ‌ဘယ်လိုသေခဲ့ရတယ် ဆိုတာ မသိဘူးပေါ့..... ဟုတ်လား"

"အဲ့လောက်ထိတော့ ..... ဘယ်သိမှာလဲကွ"

"အင်းပါ ဒါဆိုလည်း......." လို့ ပြောပြီးတော့ မြတ်မင်းမှာ ထိုင်ရာက ထလိုက်လေသည်။

ဒါနဲ့ ထိုလူကြီးမှာ "သွားတော့မှာလား" ဟု မြတ်မင်းကိုအား ကြည့်ကာ မေးလိုက်လေသည်။

"ဟုတ်တယ်‌ဗျ..... သွားတော့မယ်...... အချိန်လည်း တော်တော်လေးကို နောက်ကျနေပြီလေ"

"ဟုတ်ပြီ..... ဟုတ်ပြီ" လို့ ထိုလူကြီးက ပြန်လည်းပြောရော
မြတ်မင်းကို တစ်ယောက် သွားဖို့ ပြင်တော့သည်။

ထိုအချိန်မှာဘဲ ထိုလူကြီးက "မြတ်မင်း" လို့ လှမ်းခေါ်တော့
မြတ်မင်းကိုလည်း ပြန်လှည့်လာလေ၏။

"ဘာဖြစ်လို့လဲ အကိုကြီး တစ်ခုခု သတိရလာတာ ရှိလို့လား"

"မဟုတ်ဘူး..... တစ်ကယ်လို့ ဒီအမှုကြီးကို ပြန်ပြီး ဖော်ထုတ်ချင်တယ် ဆိုရင်လည်း.... သတိ‌ထားပြီးတော့ သေချာ လုပ်ပါ။ နေရာတိုင်းမှာ နားနဲ့မျက်စိတွေ ရှိ‌နေတယ်ဆို သတိရပါ မြတ်မင်း"

မြတ်မင်းကို တစ်ယောက်မှာ ဘာမှ နားမလည်ဘဲ ဒီအတိုင်း ကားဆီကိုသာ လာခဲ့လိုက်ရလေသည်။ ပြီးနောက် ကားထဲ ၀င်ကာ သီဟရှိနေတဲ့ သက်ရှိုင်းကို တိုက်ခန်းဆီကို ပြန်သွားလေတော့သည်။

အဆောက်အဦးပေါ်တွင် ရပ်ကာ မြတ်မင်းကို ကားထွက်သွားတာကို ကြည့်နေတဲ့ ထိုလူကြီးမှာတော့
"ငါပြောပြနိုင်တာ ဒီလောက်ဘဲ မလို့ပါ" ဆိုပြီး တိုးတိုးလေး ရေရွတ်လိုက်တော့၏။

..................................................

မနက်ခင်း လင်းရောင်ခြည်လေး‌က ပြတင်းပေါက်ကနေ တိုးပျပျလေး ၀င်ရောက်လာလေသည်။ အလင်း ခပ်စူးစူးလေး ၀င်ရောက်လာပြီး ခုတင်ပေါ်သို့ အလင်းကျရောက်နေတော့သည်။ အလင်းလေးဟာ သီဟရဲ့ မျက်နှာတည့်တည့်ပေါ်သို့ ကျရောက်တာ ဖြစ်ချေသည်။

အလင်းစူးစူးကြောင့် နှင်း အိပ်နေရာက နိုးလာလေတော့၏။ မျက်လုံးလေးကို အသာလေး ပွတ်သပ်ရင်း သက်ရှိုင်းကိုအား ကြည့်နေလေသည်။ သက်ရှိုင်းကို၏ မျက်နှာကို ကြည့်ပြီး သဘောတွေ ကျနေလေ၏။

"ကိုသက်က အိပ်နေတဲ့ မျက်နှာလေးကို ကြည့်နေရတာလေ နှင်းအတွက်တော့ ပန်းချီကားချပ်ကို အပေါ်စီးကနေ ကြည့်နေရသလိုဘဲလေ" ဟု နှင်း တစ်ယောက် တိုးတိုးလေး ရေရွတ်နေလေသည်။

"ကိုသက်ရဲ့ ဟော့ဒီက ဖြောင့်ဆင်းနေတဲ့ နှာတံလေးက ကျောက်ဆောင်လေးပေါ့...... ဟောဒီက မျက်ခုံးလေးက စင်ယော်ငှက်လေးတွေရဲ့ အတောင်လေးပေါ့ပေါ့။ ဟော နှုတ်ခမ်းလေးကတော့ ပင်လယ်ထဲမှာ လှော်ခတ်သွားလာနေတဲ့ လှေကလေးပေါ့လေ။ လှေကလေးထဲမှာ နှင်းရယ်၊ ကိုသက်ရယ်.....အတူတူ"

"ဒေါက်...... ဒေါက်....... ဒေါက်"

နှင်း တစ်ယောက် သက်ရှိုင်းကိုရဲ့ နှုတ်ခမ်းကို လက်ကလေးနဲ့ ထိပြီး ပြောနေရင်းမှ တံခါးခေါက်သံကို ကြားလိုက်ရတော့သည်။ ဒါနဲ့ဘဲ နှင်း စကားတိုးတိုးလေး ပြောတာ ရပ်လိုက်လေသည်။ နောက်တော့ တံခါးခေါက်သံက ထပ်ပြီး ထွက်ပေါ်လာလေ၏။

"ဒေါက်...... ဒေါက်....... ဒေါက်" ဆိုပြီးတော့ပေါ့။

တံခါးခေါက်သံလည်း ထပ်ပြီး ကြားရော နှင်းမှာ တစ်ခုခုကို သတိရသွားသည်။ အဲ့တာကတော့ လက်တော့ယူဖို့ အစီအစဉ်ဘဲ ဖြစ်‌ချေသည်။ ဒါကြောင့်အခု တံခါးခေါက်တာက မြတ်မင်းကိုမှန်း နှင်းသိလိုက်လေပြီ။ ဒါနဲ့ နှင်း‌ တစ်ယောက်
သက်ရှိုင်းကို မနိုးခင် လက်တော့ မြန်မြန်လေး ယူဖို့ အိပ်ရာက မသိမသာလေး ထကာ ရေချိူးခန်းထဲ သွားပြီး မျက်နှာကို သွားသစ်နေလေတော့၏။

တစ်ဖက်တွင်တော့ မြတ်မင်းကိုမှာ တံခါးရှေ့ကနေပြီး တံခါးဖွင့်အလာကို စောင့်မျှော်နေလေသည်။ မနေ့ညက နှစ်နာရီလောက်မှာ မြတ်မင်းကို ဒီနေရာကို ပြန်ရောက်လာတာ ဖြစ်သည်။ မနေ့ညကတည်းက သီဟကို ခေါ်ဖို့ အခန်းရှေ့ကို လာပေမယ့် ပြန်ဆင်းသွားပြီး ကားထဲမှာသာ ပြန်စောင့်နေလိုက်သည်။ အကြောင်းကတော့ ညကြီး အသံဆူနေလို့ရှိရင် ပတ်၀န်းကျင်က တစ်မျိူး ထင်ကုန်မှာ စိုးရိမ်လို့ဘဲလေ။ ပြီးတော့ မြတ်မင်းကိုမှာ အခန်းထဲ မီးလင်းနေသေးတာကို ကြည့်ပြီး ညထိ စကားပြောနေကြမယ်ထင်ပြီးတော့ ကားထဲမှာ စောင့်နေသာ ဖြစ်လေသည်။ အခုတော့ မိုးလင်းပြီဆိုတော့ လာခေါ်ဖို့ အချိန်တန်ပြီဘဲလေ။ ဘာပတ်၀န်းကျင်မှ ငှဲ့ကြည့်နေစရာမှ မလိုတော့ဘဲ။

မြတ်မင်းကို တစ်ယောက် အခန်းပြင်မှာ စောင့်နေရင်းမှ ဘေးခန်းက တံခါးဖွင့်ပြီးတော့ အဒေါ်ကြီး တစ်ယောက် ထွက်လာတာကို တွေ့လိုက်ရလေသည်။ မြတ်မင်းကိုမှာ ထိုအဒေါ်ကြီးကို ကြည့်ပြီး တံခါးကိုသာ ပြန်ကြည့်နေလိုက်သည်။

"သားက ဒီအခန်းက တစ်ယောက်နဲ့ သိတာလား" ဆိုပြီး ထိုအဒေါ်ကြီးက မြတ်မင်းကို ဘေးနား ရောက်လာကာ မေးတော့သည်။

"ဟုတ်.....ဟုတ်ပါတယ်...... အသိတွေပါ" လို့ မြတ်မင်းကို ထိုအဒေါ်ကြီးကိုသာ ပြန်ဖြေလိုက်သည်။

"အော်...... အဲ့အခန်းက ကောင်လေးဆီ သူငယ်ချင်းတွေ ဘာတွေ လာတာ သိပ်မတွေ့ရလို့လေ....... အိပ်နေတယ် တူပါရဲ့ တံခါးထပ်ခေါက်ကြည့်လိုက်လေ......"

"ဟုတ်......." ဆိုပြီး မြတ်မင်းကိုမှာ ထိုမဒေါ်ကြီးကို အားနာပြုံးလေး ပြုံးကာ ပြန်ပြောလိုက်လေသည်။

ပြီးတော့  ထိုအဒေါ်ကြီးမှာ "ဈေးသွားလိုက်အုန်းမယ်" လို့ ပြောပြောဆိုဆိုဖြင့် ထွက်သွားလေတော့၏။

ဒါနဲ့ မြတ်မင်းကိုလည်း တံခါးနောက်တစ်ခါ ခေါက်ဖို့ လက်ရွယ်လိုက်လေသည်။ ထိုအချိန်မှာဘဲ တံခါးက ချက်ချင်းဆိုသလို ဖွင့်လာလေ၏။ မြတ်မင်းကိုမှာ သီဟကို တွေ့လိုက်ရလေသည်။ သီဟကိုယ်ထဲရှိနေတဲ့ နှင်းမှာတော့ မြတ်မင်းကိုအား ပြုံး၍ ကြည့်နေလေတော့၏။

မြတ်မင်းကို တစ်ယောက် သီဟကို မျက်မှောင်ကြုတ်ကြည့်ရင်း အခန်းထဲကို မပြောမဆိုဖြင့် ၀င်သွားလေသည်။ နှင်းမှာ ဘာလုပ်ရမှန်း မသိတော့ပါ။အခန်းထဲ ၀င်သွားတဲ့ မြတ်မင်းကိုမှာ စားပွဲပေါ်က စားထားသောက်ထားကြတဲ့ အရာတွေကို မြင်ပြီး ပိုပြီး မျက်မှောင်ကြုတ်သွားရလေသည်။

"ငါ...... ဘယ်လိုခေါ်ရမှာပါလိမ့်...... ကိုလား...... ကိုမြတ်လား" ဆိုပြီး နှင်းတစ်ယောက် တွေးနေလေသည်။

နှင်းတွေးနေချိန်မှာဘဲ မြတ်မင်းကိုကား ရှေ့တည့်တည့်ကို ပြန်ရောက်ချလာသည်။

"ချစ် အစီအစဉ်ကို မေ့နေတာလား......." ဆိုကာ မြတ်မင်းကို တစ်ယောက် သီဟရဲ့ ပုခုံးကို ကိုင်လှုပ်ကာ ပြောလာတော့သည်။

"အစီအစဉ်......အစီအစဉ်...... ဟုတ်သားဘဲ...... လက်တော့ယူဖို့" ဟု နှင်း စိတ်ထဲ ပြန်တွေးနေမိလေသည်။

"ချစ်.........." လို့ မြတ်မင်းကိုက ထပ်ခေါ်ပြန်တော့

"မမေ့ပါဘူး လက်တော့ ယူဖို့မလား......." ဟု နှင်း ပြန်ဖြေလေသည်။

"အဲ့တာဆို မနေ့ညက ဘာစာမှ ပို့မလာတာလဲ" ဟု မြတ်မင်းကိုမှ ထပ်မေးလာလေ၏။

"မနေ့က...... မနေ့ညက ကိုသက်..... အယ် ...... အကိုသက်ရှိုင်းကိုက သူ့မိန်းမ အကြောင်း ပြောပြနေလိုက်၊ စားလိုက်သောက်လိုပ်လုပ်ရင်း.... မူးလာတာကြောင့်မလို့လေ"

"‌သောက်နေကြတယ်........" ဟု မြတ်မင်းကိုမှ အံ့ဩတဲ့ ပုံစံဖြင့် ပြောလိုက်လေသည်။

"အား...... သီဟက ဝိုင်ဘဲ သောက်တာ...... အကိုသက်ရှိုင်းကိုကြတော့ ဘီယာ သောက်တာလေ"

"အဲ့တာဆိုရင် မနေ့ညက ချစ် စာမပို့ဖြစ်တာကတော့ မူးပြီး အိပ်ပျော်သွားတာကြောင့်လား"

"ဟုတ်တယ်..... ဟုတ်တယ်........ သီဟ ပြောချင်တာ အဲ့လို"

"ဒါပေမယ့်လည်း........" လို့ မြတ်မင်းကို ပြောနေတုန်း ရှိသေး၊ နှင်းက မပြောဖို့ ပိတ်ပင်လိုက်‌ရလေသည်။

"ဒါပေမယ့်တွေ လုပ်မနေပါနဲ့တော့...... ခဏနေ အကိုသက်ရှိုင်းကိုက နိုးလာပါအုန်းမယ်...... အခုတော့ လက်တော့ချင်း အရင်လဲရအောင်..... လက်တော့က ဘယ်မှာလဲ...... ကိုမြတ်"

"အင်း..... ဒီမှာ" လို့ မြတ်မင်းကို ပြောပြီး လက်တော့အိတ်အား သီဟကို ကမ်းပေးလိုက်လေသည်။

နှင်းမှာ ကမ်းပေးလာတဲ့ လက်တော့ အိတ်ကိုယူပြီး မိမိ စာရေးတဲ့ အခန်းကို ၀င်သွားလိုက်တော့သည်။ စာရေးတဲ့ အခန်းထဲရောက်တော့ နှင်း တစ်ယောက် မိမိလက်တော့နှင့် ပုံစံတူလက်တော့တို့ကို လဲလှယ်ဖို့ ပြင်လေ၏။ ဒါနဲ့ဘဲ နှင်း အခန်းထဲတွင် ကြာနေလေသည်။

အပြင်တွင် စောင့်နေသော မြတ်မင်းကိုမှာ အခြေအနေကို စောင့်ကြည့်နေလေသည်။ အကြောင်းကတော့ သက်ရှိုင်းကို မနိုးခင် သီဟ လက်တော့လဲပြီးဖို့ လိုအပ်တယ်လေ။ ဒါနဲ့ဘဲ မြတ်မင်းကိုမှာ ဒီအတိုင်း ရပ်ကာ စောင့်နေတော့၏။

ထိုအချိန်မှာဘဲ "မင်းက ဘယ်သူလဲ" ဆိုတဲ့ အသံကို မြတ်မင်းကို ကြားလိုက်ရလေသည်။

ဒါကြောင့် မြတ်မင်းကို တစ်ယောက် အသံလာရာ အနောပ်ဘက်သို့ လှည့်ကြည့်လိုက်ရတော့သည်။ မထင်မှတ်စွာဘဲ သက်ရှိုင်းကို ဖြစ်နေလေသည်။

သက်ရှိုင်းကိုမှာ စုတ်ဖွာနေတဲ့ ဆံပင်ကို သပ်ရင်း မြတ်မင်းကိုအား စိုက်ကြည့်နေလေသည်။ နောက်တော့ သက်ရှိုင်းကို တစ်ယောက် မြတ်မင်းကိုကို မှတ်မိသွားဟန်တူသည်။

"မင်းက ဟိုကောင်လေးရဲ့ ချစ်သူမလား" ဟု သက်ရှိုင်းကိုမှာ မြတ်မင်းအား လက်ညိုးထိုး၍ ပြောလိုက်တော့သည်။

"ဟုတ်တယ်........" လို့ မြတ်မင်းကို ပြန်ဖြေလိုက်သည်။

"ဒါဖြင့်ရင် မင်းက ငါ့ရဲ့တိုက်ခန်းထဲကို ဘာလို့ ရောက်နေရတာလဲ"

"အမ်....... ကျွန်တော့် ချစ်သူနဲ့ တွေ့ပြီးပြီ..... သူက အပြင်ခဏလေး ထွက်သွားလို့ စောင့်နေတာလေ"

"အော်........ဟုတ်ပြီ" လို့ သက်ရှိုင်းကို ပြန်ဖြေပြီး ရေချိုးခန်းသို့ သွားတော့သည်။

သက်ရှိုင်းကို မရှိတော့ မြတ်မင်းကိုမှာ တံခါးနားသွားပြီး တံခါးခေါက်လိုက်လေသည်။ ဒါနဲ့ နှင်းမှာ တံခါးလေး ဖွင့်ပြီး အသာလေး ထွက်လာလိုက်လေ၏။ စာရေးတဲ့ အခန်းက ထွက်လာပြီး တံခါးကို အသာလေး ပိတ်လိုက်တော့သည်။

"ခဏက ဘာဖြစ်နေတာလဲ..... အထဲကနေ အသံတွေ ကြားနေရလို့ အပြင်ကို မထွက်လာသေးတာ" ဟု နှင်းမှ မြတ်မင်းကိုအား ပြောလိုက်လေသည်။

"ဟိုအမရဲ့ ယောကျာ်း နိုးလာလို့လေ" ဆိုပြီး မြတ်မင်းကိုမှ ပြန်ဖြေလေသည်။

"ဟုတ်လား..... ဒါဆို အကိုသက်ရှိုင်းကိုကရော" ဟု နှင်း ထပ်မေးပြန်လေသည်။

"ရေချိုးခန်းထဲ ၀င်သွားပြီ"

"တော်သေးတာပေါ့.........."

"လက်တော့ကော ပါခဲ့ရဲ့လား ချစ်"

"ဒီမှာ" ဆိုပြီး နှင်းမှာ မြတ်မင်းကိုအား လက်တော့အိတ် ထောင်ပြလိုက်လေသည်။

"ဒါဆို သွားကြမယ်လေ ချစ်........"

"ဟုတ်ပြီ" လို့ နှင်း ပြန်ဖြေလိုက်သည်။

ဒီလိုနဲ့ မြတ်မင်းကိုမှာ တံခါးကိုဖွင့်၍ အပြင်တောင် ရောက်နေပြီလေ။ နှင်းမှာ အပြင်ကို မထွက်သေးဘဲ တံခါး၀မှာ ရပ်နေလေတော့၏။

"ချစ်...... ပြန်ကြမယ်လေ"

"ဟင်........ဒါပေမယ့် တစ်ခုခုကို ထပ်သိဖို့ လိုနေသေးတယ်" ဆိုပြီး နှင်း တိုးတိုးလေး ရေရွတ်လိုက်လေသည်။

"ချစ် ပြန်ကြ‌ရအောင်လေ" ဆိုပြီး မြတ်မင်းကိုမှ သီဟကို ထပ်ခေါ်လိုက်ပြန်သည်။

"ဟိုလေ..... ကိုမြတ်ဘဲ...... အရင် ပြန်နှင့်လိုက်ပါလား..... နောက်ထပ် သိစရာလေး တစ်ခု ရှိနေလို့ပါ..... နော်..... သီဟ
နေ့လည်လောက် ပြန်လာခဲ့လိုက်မယ်လေ.....စောင့်နေနော်။ ပြီးတော့ လက်တော့ကိုလည်း ဖွင့်ထားကြည့်ကြည့်လိုက်လေ" လို့ နှင်း တစ်ယောက် ပြောရင်း မြတ်မင်းကိုထံသို့ လက်တော့ အိတ်ကို အတင်းထိုးပေးလိုက်ပြီး တံခါးပိတ်လိုက်တော့သည်။

မြတ်မင်းကို တစ်ယောက်မှာတော့ လက်တော့ အိတ်ကလေးကိုင်ရင်း ကြောင်တောင်တောင် ဖြစ်လို့နေလေသည်။ ပြီးကာမှ
မြတ်မင်းကို ပြန်သွားလေတော့၏။

နှင်းမှာ အခန်းထဲတွင် ရှိနေလေသည်။ နှင်း မြတ်မင်းကိုကို အကြောင်းအရင်းမရှိ နှင်လွှတ်လိုက်တာ မဟုတ်ရပါ။ နှင်လွှတ်ရတဲ့ အကြောင်းအရင်း ရှိလေသည်။ အဲ့တာကတော့ နှင်း အလုပ်လုပ်တဲ့ ရုံးက စာကဒ်လေးကို ကြည့်ဖို့ဖြစ်သည်။ ဒါကြောင့်မလို့ နှင်း ကိုသက်နဲ့အတူ နေခဲ့ဖို့ ဆုံးဖြတ်ခဲ့လိုက်ရတာပေါ့။

"မင်းက ဘာလို့ ရှိနေသေးတာလဲ"

နှင်း တစ်ယောက် တံခါး၀မှာ ရပ်နေတုန်း အနောက်ဘက်ကနေ အသံကြားလိုက်ရတော့သည်။ ဒါနဲ့ နှင်းလည်း နောက်ကို လှည့်လိုက်တော့တာပေါ့။

သက်ရှိုင်းကိုမှာ သီဟကို ကြောင်တောင်တောင်လေး ကြည့်လို့နေလေသည်။

"မင်းက ဘာလို့ ငါ့ရဲ့ တိုက်ခန်းထဲမှာ ရှိနေရသေးတာလဲ..... ပြီးတော့ ခဏက မင်းချစ်သူကို တွေ့လိုက်ပါ‌သေးတယ်..... မင်းရဲ့ ချစ်သူကော" ဆိုပြီး သက်ရှိုင်းကို ထပ်ပြောလိုက်ပြန်သည်။

"ပြန်သွားပြီလေ" ဟု နှင်း ပြန်ဖြေလေ၏။

"မင်းချစ်သူက ပြန်သွားတာကို ဘာလို့ မင်းက မလိုက်သွားတာလဲ"

"အမ်..... အင်း..... အရေးကြီး သွားစရာရှိလို့တဲ့လေ..... အဲ့တာကြောင့်မလို့"

"အရေးကြီး ကိစ္စရှိလည်း မင်းကိုတော့ ခေါ်သွားရမှာ အမှန်ဘဲလေ"

"ဟိုလေ..... သီဟက သွားခိုင်းလိုက်တာ...... အကို ပြန်လိုက်ပို့လို့ရတာဘဲလေ "

"မင်းက သွားခိုင်းလိုက်တယ်....... ဟုတ်လား..... ပြီးတော့ ငါက ပြန် လိုက်ပို့ပေးရမယ်"

"အင်း..........ဟုတ်တယ်လေ"

"တယ်ထူးဆန်းတဲ့ စုံတွဲပါလား" လို့ ပြောပြီး သက်ရှိုင်းကိုမှာ အိပ်ခန်းသို့ ၀င်ဖို့ ပြင်နေလေသည်။

ထိုအချိန် "ဟိုလေ...... အကို" ဆိုပြီး နှင်း လှမ်းခေါ်လိုက်တော့သည်။

"ဘာလဲ..... ဘာပြောစရာကျန်သေးလို့လဲ" လို့ ပြောပြီး သက်ရှိုင်းကိုမှာ သီဟကို စိုက်ကြည့်လိုက်လေသည်။

"အမ် ...ဟိုလေ...... ဟိုဆိုင်ကို ထပ်ပြီး မသွားတော့ဘူးလားလို့ မေးမလို့ပါ"  ဟု နှင်း မရဲတရဲ ပြောလိုက်သည်။

"ဆိုင်ကိုသွားပြီး ဘာသွားလုပ်မလို့လဲ"

"ဟိုလေ..... ဟိုနေ့က ဆိုင်မှာ တော်တော်များများ စားထားခဲ့တာလေ။ အဲ့တာ အဖိုးအခအနေနဲ့ လုပ်အားပေးတာ နည်းနေသလားလို့ ထင်မိလို့ပါ"

"ရပြီ...... ငါပြောလိုက်လို့ မလိုတော့ဘူး"

"ဒါပေမယ့်လည်း သီဟ ကိုယ်တိုင် ပြန်ပြီး ဆပ်ချင်လို့ပါ...... ပြီးတော့ မနက်စာလည်း စားဖို့လိုသေးတယ်လေ..... မဟုတ်ဘူးလား"

သီဟပြောတဲ့ စကားကို နားထောင်ပြီး သက်ရှိုင်းကိုမှာ တစ်ဖက်ကို ပြန်လှည့်သွားလေသည်။ ပြီးတော့ သီဟဘက် ပြန်လှည့်လာတော့၏။

"ဟုတ်ပြီ...... ဒီလောက်ခေါင်းမှာ‌နေတော့လည်း သွားကြတာပေါ့။ အ၀တ်လဲပြီးရင် သွားကြမယ်လေ" လို့ သက်ရှိုင်းကို ပြောပြီး အခန်းထဲ ၀င်သွားလေသည်။

နှင်းမှာတော့ တွေးထားတဲ့ အတိုင်း ဖြစ်လာဖို့အတွက်သာ ဆုတောင်းရတောါမှာဘဲလေ။

တစ်ဖက်တွင်တော့ မြတ်မင်းကိုမှာ သက်ရှိုင်းကိုရဲ့ တိုက်ခန်းကနေ ပြန်လာပြီး မြင့်မြတ်သူတို့ ဆိုင်ကို ရောက်ချလာလေသည်။ မြတ်မင်းကိုမှာ လက်တော့အိတ်ကို ကိုင်ပြီး ဆိုင်ထဲကို တန်း၀င်လာလေ၏။ မြင့်မြတါသူနှင့် အောင်နိုင်သူတို့မှာ ဆိုင်ထဲ ၀င်လာတဲ့ မြတ်မင်းကိုအား မြင်တော့ ထိုင်နေရာက‌နေ ချက်ချင်းထရပ်လာ လေသည်။

"အကိုတို့ ကျွန်တော် လက်တော့ရခဲ့ပြီ" ဟု မြတ်မင်းကိုမှ ပြောလိုက်တော့သည်။

"ဒါနဲ့ သီဟကော..... မြတ်မင်း...... cafeမှာထားခဲ့လိုက်တာလား" ဆိုပြီး မြင့်မြတ်သူမှ မြတ်မင်းကိုအား မေးလိုက်လေသည်။

"သီဟက နေခဲ့တယ် အကို ထပ်ပြီးတော့ ရှာစရာရှိနေသေးတယ် ဆိုလားဘဲ.... ပြီးတော့ သီဟက လက်တော့ကို ကြည့်ထားခဲ့ဖို့ မှာခဲ့တယ် အကို"

"ဟုတ်လား.....ဒါဆိုလည်း လက်တော့ကို ဖွင့်ကြည့်ကြတာပေါ့" ဟု အောင်နိုင်သူမှ ၀င်ပြောလာတော့သည်။

ဒါနဲ့ဘဲ မြတ်မင်းကိုမှ လက်တော့အိတ်ထဲက လက်တော့ကို ထုတ်လိုက်ပြီး စားပွဲပေါ်တင်လိုက်လေသည်။ ပြီးနောက် လက်တော့ကို လှပ်လိုက်ကာ ပါဝါခလုတ်နှိပ်လိုက်တော့သည်။ ပါဝါခလုတ်နှိပ်ထားတာကြောင့် စကရင်ကနေ အလင်းလေး ပေါ်လာလေ၏။ အလင်းပေါ်လာပြီးတော့ 'password' ဆိုပြီး လေးထောင့်အကွက်လေး ပေါ်လာတော့၏။

"password ထည့်ရမှာတဲ့......" ဆိုပြီး မြင့်မြတ်သူမှ ပြောလိုက်သည်။

"ဒီလောက်ကတော့ လွယ်ပါတယ်..... ဖုန်းဆိုင်မှာ လုပ်တုန်းက passwordဖွင့်ပေးတဲ့သူနဲ့ သိခဲ့ရတယ်လေ" ဟု အောင်နိုင်သူမှ ပြောလာလေသည်။

"ဒါဆိုရင်လည်း အဲ့တစိယောက်ကို ဖုန်းဆက်လိုက်လေ ကို" လို့ မြင့်မြတ်သူမှ ပြောတော့သည်။

"ဟုတ်ပြီ......" ဆိုကာ အောင်နိုင်သူမှာ ‌ဖုန်းပြောဖို့ အပြင်ထွက်သွားတော့၏။

"လက်တော့ထဲမှာ ဘာတွေများရှိနေလို့ passwordတွေ ခံထားရတာပါလိမ့်" ဟု မြတ်မင်းကို တစ်ယောက် တွေးလိုက်လေသည်။

တစ်ဖက်တွင်တော့ သီဟမှာ သက်ရှိုင်းကိုနှင့် အတူ ဆိုင်မှာ ထိုင်နေကြလေတော့သည်။

"ကောင်လေး မင်းကို ပြန်လိုက်ပို့ပေးရတော့မလား..... ဆယ်နာရီတောင် ရှိနေပြီလေ"

နှင်းမှာတော့ သက်ရှိုင်းကို ပြောတာကို မကြား။ ဆိုင်တံခါးပေါက်ကိုသာ ငေးနေလေ၏။

"ဟိတ်ကောင်လေး ပြန်လိုက်ပို့ရတော့မလားလို့" ဆိုပြီး သက်ရှိုင်းကိုမှ သီဟရဲ့ ပုခုံးကို ပုတ်ကာ ပြောလိုက်တော့မှ သီဟလည်း သတိရလာပြီး

"အမ်........ ဘာကြီးလဲ အကို" ဟု ပြန်ပြောလိုက်လေသည်။

"ငါပြောတာ..... မင်းကို မနက်စာလည်း ကျွေးပြီးပြီ..... ပြီးတော့ ဒီဆိုင်မှာလည်း ဘာမှလုပ်စရာမရှိတော့ဘူး..... အဲ့တာကြောင့် ပြန်လိုက်ပို့ရတော့မလားလို့ မေးနေတာလေ"

"အော်...... ခဏလောက် ထပ်နေရင် ကောင်းမလားလို့"

"ထပ်နေအုန်းမယ်...... ဟုတ်လား...."

"ဟုတ်တယ်.........."

"ဒီမှာ ဘာမှလုပ်စရာမှ မရှိတော့ဘဲကို...... ဘာလို့ ထပ်နေအုန်းမှာ.... ဆိုင်ပိုင်ရှင်က ဘာမှတောင် မလုပ်ခိုင်းတော့ဘဲ့နဲ့"

နှင်းနှင့် သက်ရှိုင်းကိုတို့ စကားပြောနေကြတုန်းမှာ ဆိုင်ထဲကို လူတစ်ယောက် ၀င်လာသည်။ နှင်းမှာ သက်ရှိုင်းကို ပြောနေတာကို နားမထောင်ဘဲ ထိုလူကို ကြည့်နေမိလေသည်။ ခဏ‌နေတော့ ထိုလူ ဆိုင်ထဲက ပြန်ထွက်သွားသည်။ ထိုလူလည်း ထွက်သွားရော နှင်းမှာ ဆိုင်ပိုင်ရှင်နားကို ထသွားလိုက်လေသည်။ စကားပြောနေတဲ့ သက်ရှိုင်းကိုမှာတော့ ကြောင်တောင်တောင် ဖြစ်သွားတော့တာပေါ့။ ဆိုင်ပိုင်ရှင်နဲ့ စကားပြောပြီးတော့ နှင်းမှာ သက်ရှိုင်းကိုနား ပြန်ရောက်လာလေသည်။

"ဘာသွားပြောနေတာလဲ......." ဟု သက်ရှိုင်းကိုမှ စမေးလာလေသည်။

"အော်...... နောက်ထပ် နဲနဲလေး နေအုန်းမယ်လို့ သွားပြောတာပါ" ဆိုပြီး နှင်း ပြုံးကာ သက်ရှိုင်းကိုအား ပြောလိုက်လေသည်။ သက်ရှိုင်းကိုမှာတော့ သီဟကို ထူးဆန်းတဲ့ အကြည့်တွေဖြင့် ကြည့်နေလေတော့၏။

သိပ်မကြာခင်မှာဘဲ နှင်းတို့ ထိုင်နေတဲ့ စားပွဲပေါ်သို့ စားဖိုမှူးကြီးက ပါဆယ်ထုပ်လေး လာတင်ပေးလေတော့သည်။

"သူမှာထားလို့လား" ဟု သက်ရှိုင်းကိုမှ စားဖိုမှူးကြီးကို မေးလိုက်လေသည်။

"မဟုတ်ပါဘူး သူက ဟိုဘက်ရုံးကို သွား‌ပို့ပေးမယ် ပြောထားလို့လေ"

သက်ရှိုင်းကိုမှာ စားဖိုမှူးပြောတာကို နားထောင်ပြီး ရှေ့ကို ပြန်ကြည့်လိုက်တော့ သီဟမှာ မရှိတော့ပါ။ စားပွဲပေါ်က ပါဆယ်ထုပ်လေးလည်း မရှိတော့ပေ။

"ဘယ်ချိန်က ထွက်သွားတာလဲ" ဟု သက်ရှိုင်းကိုမှ စားဖိုမှူးကို ထပ်ပြီး မေးလိုက်ပြန်တော့သည်။

"ခဏက မင်း ငါ့ကို မေးကတည်းက အထုပ်ယူပြီး ထွက်သွားတာဘဲ" လို့ ပြောပြီး စားဖိုမှူးမှာ သက်ရှိုင်းကိုရဲ့ ပုခုံးကို အသာလေး ပုတ်ပြီး မီးဖိုခန်းထဲ ပြန်သွားလေတော့၏။

သက်ရှိုင်းကို တစ်ယောက် စောင့်နေရုံဘဲ ရှိတော့တာပေါ့။

နှင်း တစ်ယောက် ရုံးလုံခြုံရေးကို ပါဆယ်ထုပ်ပြပြီး ရုံးအပေါ်ထပ်ကို တက်လာလိုက်တော့သည်။ အပေါ်ထပ်ကို ရောက်တော့ ဘယ်သူမှ ရှိ‌မနေ၍ နှင်း အံ့ဩသွားလေသည်။ ပြီးကာမှ အစည်းအဝေး လုပ်နေလို့များလား ဆိုပြီး တွေးလိုက်လေသည်။ ဒါနဲ့ဘဲ နှင်းမှာ အခွင့်အရေးဘဲ ဆိုကာ မိမိလုပ်ခဲ့တဲ့ အလုပ်ခုံနားကို ပါဆယ်ထုပ်လေးကို ဆွဲပြီး တန်းသွားလိုက်လေတော့သည်။

မိမိ အလုပ်လုပ်တဲ့ ခုံနားရောက်တော့ ပါဆယ်ထုပ်ကို ခဏ တင်ထားလိုက်လေသည်။ ပြီးတော့ ဟိုတစ်နေ့က မြင်လိုက်ရတဲ့ စာကဒ်လေးကို ကြည့်ဖို့ အံဆွဲထဲ ရှာ‌နေလေတော့၏။ ရှာဖွေနေရင်းမှ နှင်း တစ်ယောက် စာကဒ်လေးကို တွေ့သွားလေသည်။ စာကဒ်လေးက မနီရောင်လေး ဖြစ်သည်။ ပြီးတော့ စာကဒ်လေးက ခေါက်ထားသေးသည်။ နှင်းမှာ စာကဒ်ရဲ့ နောက်ကျောဖက်ကို လှည့်ကြည့်လိုက်တော့၏။ စာကဒ်ရဲ့ နောက်ကျောလေးမှာ တံဆိပ် တစ်ခု ရှိနေသည်။ တံဆိပ် တစ်ခု။ အင်္ဂလိပ် စာလုံး ဖြစ်ချေသည်။

နှင်းမှာ ထိုတံဆိပ်ကို မြင်ပြီး ခေါင်းတွေက ရုတ်တရက်ကြီး တဆစ်ဆစ် ထိုးကိုက်လာတော့၏။ ဒါကြောင့်ဘဲ နှင်းမှာ ဦးခေါင်းကို ဖိနှပ်နေရင်းဖြင့်................။

                      ×××××××××××××××××
ကဲ တံဆိပ်က ဘာများဖြစ်မလဲ ခန့်မှန်းကြနော်။ အင်္ဂလိပ် စာလုံးတဲ့နော်။ ထိုစာကဒ်လေးက နှင်းနဲ့ ဘယ်လို ပတ်သက်နေမလဲဆိုတာ ဖြေခဲ့ကြည့်နော်။
ကြိုးစားပြီး ရေးတင်ပေးနေပါတယ်။ အိမ်မှာနေပါ။ စာတွေဖတ်ပါ။ ကျန်းမာအောင်နေပါ။ ဂျင်းပြုတ်ရည် သောက်တာတို့ ဆားရေပလုတ်ကျင်းတာတို့ လုပ်ပေးပါ။ အပြင်သွားရင် mask နှစ်ထပ်တပ်ပါနော်။ အပြင်သွားတိုင်းလည်း handgelလေး ဆောင်ထားပေးပါနော်။ အားလုံး ဘေးကင်းကြပါစေလို့။

••••••••••••••••••••••••••••••••••••••••••••••••

#Zawgyi#

သီဟ ကားထဲကေန ထြက္သြားၿပီး သက္ရႈိင္းကို တိုက္ခန္းသို႔ သြားေနခ်ိန္ ကားထဲမွာ က်န္ခဲ့တဲ့ ျမတ္မင္းကိုမွာေတာ့ တစ္ေယာက္ ေယာက္ကို စာပို႔ေနေလသည္။

ပို႔လိုက္တဲ့ စာကေတာ့
"အကိုႀကီး ကြၽန္ေတာ္တို႔ေတြေလ..... ဟိုတစ္ခါ မူးယစ္ေဆးအေႂကြး သြားေတာင္တာကို မွတ္မိေသးလား။ အဖိုးႀကီး တစ္ေယာက္ အိမ္ကိုေလ။ အကိုႀကီးေတာင္မွ အိမ္ထဲမွာ မိန္းကေလး တစ္ေယာက္နဲ႔ စကားအေခ်အတင္ ျဖစ္ခဲ့ၾကေသးတယ္ေလ။ အဲ့တာ အကိုႀကီး အဲ့မိန္းကေလးကို မွတ္မိေသးလား။ တစ္ခုခု မွတ္မိရင္ ကြၽန္ေတာ့္ကို စာျပန္ခဲ့ေပးပါေနာ္..... တစ္ခုေလာက္ ေမးခ်င္တာ ရွိလို႔ပါ" ဆိုသည့္ အေၾကာင္းအရာဘဲေပါ့။

ျမတ္မင္းကိုမွာ စာပို႔ၿပီး ေစာင့္ေနေလသည္။ ၿပီးေနာက္ သီဟ ပို႔လာမယ့္ စာကိုပါ ေစာင့္ေမွ်ာ္ေတာ့သည္။ ျမတ္မင္းကို တစ္ေယာက္ ကားထဲမွာ ေနၿပီး ဖုန္းကို တစ္ၾကည့္ၾကည့္ျဖင့္ လုပ္ေနေလသည္။ ဖုန္းကို lockဖြင့္လိုက္၊ messageထဲကို ၀င္လိုက္၊ ဖုန္းကို lockျပန္ပိတ္လိုက္ႏွင့္ကို ထပ္ခါထပ္ခါ လုပ္ေနေလေတာ့၏။ ျမတ္မင္းကိုမွာ ဖုန္းတစ္လုံးႏွင့္ အလုပ္ေတြ ရႈပ္ေနေလသည္။

ျမတ္မင္းကို တစ္ေယာက္ ကားထဲတြင္ ေစာင့္ေနသည္မွာ အေတာ္ပင္ ၾကာေနေလၿပီ။ ေစာင့္ေနတုန္း စာတစ္ေစာင္မွ ေရာက္မလာေသးပါ။ ဒါနဲ႔ ျမတ္မင္းကို ဖုန္းကို ၾကည့္လိုက္သည္။ အခ်ိန္မွာ ဆယ့္တစ္ပင္ ခြဲေနေလၿပီ။ ျမတ္မင္းကိုမွာ ဖုန္းကို ၾကည့္ၿပီးေတာ့ ကားထဲကေန တိုက္ခန္းေလးကို တစ္ခ်က္ၾကည့္လိုက္ေလသည္။ သီဟ ၀င္သြားတဲ့ အခန္းေလးဟာ အခုထိ မီးလင္းလို႔ ေနေလသည္။ ဒါနဲ႔ဘဲ ျမတ္မင္းကို တစ္ေယာက္ အခန္းကို လိုက္သြားဖို႔ ဆုံးျဖတ္လိုက္ေလေတာ့၏။

ျမတ္မင္းကိုမွာ ကားေပၚက ဆင္းၿပီး တုံဆိုင္းျခင္းမရွိဘဲ တိုက္ခန္းဆီကို တန္းတန္းမတ္မတ္ ေလွ်ာက္သြားလိုက္ေလသည္။ ျမတ္မင္းကို တစ္ေယာက္ သီဟ ၀င္သြားတဲ့ အခန္းေရွ႕ တည့္တည့္ကို ေရာက္လို႔ေနေလၿပီ။ အခန္းေရွ႕ ေရာက္ေနေပမယ့္လည္း တံခါးေခါက္ဖို႔ကို ေႏွာင့္ေႏွးေနေလသည္။ ဒါေပမယ့္လည္း ျမတ္မင္းကို တံခါးေခါက္ဖို႔ လက္႐ြယ္လိုက္ေတာ့သည္။ ထိုအခ်ိန္ခိုက္မွာဘဲ ျမတ္မင္းကိုရဲ႕ ေဘာင္းဘီ အိတ္ကပ္ထဲက ဖုန္းေလးက ႐ုတ္တရက္ႀကီး တုန္ျမည္လာေတာ့၏။

ဒါနဲ႔ ျမတ္မင္းကို တစ္ေယာက္ ေဘာင္းဘီ အိတ္ကပ္ထဲက ဖုန္းကို ထုတ္ၿပီး ၾကည့္လိုက္သည္။ စာပို႔လာတာဘဲ ျဖစ္ေခ်သည္။ ျမတ္မင္းကိုမွာ ဖုန္းကို lockဖြင့္လိုက္ၿပီး ပို႔လာတဲ့ စာကို ၾကည့္လိုက္ေလေတာ့၏။

ပို႔လာတဲ့စာေလးကေတာ့
"အဲ့ဒီအေၾကာင္းေတြကို ႏွစ္ေယာက္ထဲေတြ႕ၿပီး ေျပာခ်င္တယ္။ ေတြ႕ေနၾကျဖစ္တဲ့ ေနရာကို လာခဲ့လိုက္" ဆိုၿပီး ပို႔ထားတာဘဲ ျဖသ္သည္။

ဒီလိုနဲ႔ ျမတ္မင္းကိုမွာ ဖုန္းေလးကို အိတ္ကပ္ထဲ ျပန္ထည့္ထားလိုက္ၿပီးေတာ့ ‌မိမိေရွ႕က အခန္းကို စိုက္ၾကည့္လိုက္ေလသည္။

"ၿပီးမွ ကို ျပန္လာခဲ့မယ္..... သီဟ" လို႔ တိုးတိုးေလး ေရ႐ြတ္ၿပီး ျမတ္မင္းကို တစ္ေယာက္ တိုက္ခန္းေအာက္ကို ေျပးဆင္းသြားေလသည္။ ၿပီးေနာက္ ကားေလးျဖင့္ တစ္ေနရာရာကို ေမာင္းထြက္သြားေလေတာ့သည္။

ျမတ္မင္းကို ေမာင္းႏွင္လာတဲ့ ကားေလးဟာ တေ႐ြ႕ေ႐ြ႕ျဖင့္ ေဆာက္လုပ္ဆဲ ျဖစ္သည့္ အေဆာက္အဆုံေဟာင္းႀကီး ရွိရာ ၀န္းထဲသို႔ ေကြ႕၀င္သြားလိုက္ေလသည္။ အေဆာင္အဦး တည္ရွိရာ ၀န္းႀကီး၏ ေရွ႕တြင္ "တားျမစ္ထားေသာ ေဆာက္လုပ္ေရး" ဟူသည့္ဆိုင္းဘုတ္က အထင္းသား ရွိေနေလသည္။

ျမတ္မင္းကိုမွာ ကားေလးကို ၀န္းႀကီးထဲက ေနရာလြတ္ေလးမွာ ရပ္လိုက္ေတာ့သည္။ ေနာက္ေတာ့ ကားေပၚက ဆင္းကာ ဖုန္းက နာရီကို ၾကည့္လိုက္သည္။ ဆယ့္ႏွစ္ပင္ ထိုးသြားေခ်ၿပီ။ ျမတ္မင္းကို တစ္ေယာက္ ဖုန္းကို ျပန္သိမ္းလိုက္ၿပီး ေဘးဘီ ဝဲယာကို တစ္ခ်က္ လွမ္းၾကည့္လိုက္ေတာ့သည္။ အေဆာက္အဦး၀န္းႀကီးက ေရွ႕တြင္ ဆိုင္းဘုတ္ေထာင္ထားသည့္ စာသားအတိုင္း တစ္ခ်ိဳ႕ေနရာေလးေတြမွာ ခ်ဳံႏြယ္ပိတ္ေပါင္းမ်ားျဖင့္ ရွိေနေလသည္။ ျမတ္မင္းကို တစ္ေယာက္ ပတ္၀န္းက်င္ကို ၾကည့္ၿပီးေတာ့ မလာတာ ၾကာၿပီ ျဖစ္တဲ့ အေဆာက္အဦးေဟာင္းႀကီးကို တစ္ခ်က္ေမာ့ၾကည့္ျပန္သည္။

အေဆာက္အဦးဟာ ေဆာက္လို႔ မၿပီးေသးသည့္ ေလးထပ္တိုက္ကေလး ျဖစ္သည္။ တစ္ခ်ိဳ႕ အထပ္ေတြမွာဆိုလွ်င္ နံရံေတြနဲ႔ အခန္းေတြေတာင္ ေဆာက္လို႔ မၿပီးေသးပါ။ ဒီအတိုင္း ဟာလာဟင္းလင္းျပင္ႀကီး ျဖစ္ေခ်သည္။ ဘယ္ကတည္းက ေဆာက္လုပ္ေရး ရပ္ထားမွန္းမသိ။ အေဆာက္အဦးႀကီးက အေရာင္ေတာင္ မသုတ္ရေသးတာေတာင္ မြဲသဲသဲေလး ျဖစ္ေနေလသည္။ ၾကည့္ရတာ ေတာ္ေတာ္ေလးကို ၾကာၿပီလို႔ ထင္ရသည္။

ျမတ္မင္းကို တစ္ေယာက္မွာေတာ့ အေဆာက္အဦးကို ၾကည့္လို႔၀သြားေတာ့ ထိုအေဆာက္အဦးႀကီးထဲ သြားဖို႔ ဦးတည္လိုက္ေတာ့သည္။ အရင္ဦးဆုံး အသက္ျပင္းျပင္းရႉကာ သက္ျပင္းခ်လိုက္ေလသည္။ ၿပီးေနာက္ ထိုအေဆာက္အဦးထဲ ၀င္သြားလိုက္သည္။

အေဆာက္အဦးေလးဟာ ေဆာက္လုပ္ေနဆဲတြင္ ရပ္ပစ္ထားတာေၾကာင့္ မီးေတြဘာေတြမရွိပါ။ ဒါေပမယ့္ ျမတ္မင္းကို အတြက္ေတာ့ ပူစရာမလိုပါ။ အရင္က လာေနၾကဆိုေတာ့ ဘယ္နားေလးမွာ ေလွကား ရွိတယ္ဆိုတာ သိေနေလသည္။ သို႔ေပမယ့္လည္း အရမ္းႀကီး ေမွာင္ေနတာေၾကာင့္ ျမတ္မင္းကိုမွာ ဖုန္းကေန မီးထိုးလိုက္ေတာ့၏။ ေနာက္ေတာ့ ေလွကားကေန တစ္ဆင့္ခ်င္း တက္သြားလိုက္ေလသည္။

အေဆာက္အဦးဟာ ဘာမွရွိေနတာေၾကာင့္ ျမတ္မင္းကို ေျခလွမ္းတစ္လွမ္း လွမ္းလိုက္တိုင္း ေျခသံဟာ ပဲ့တင္သံ ထပ္သြားသည္။ ဒါေၾကာင့္ ျမတ္မင္းကိုမွာ သတိထား၍ သြားေနေလသည္။ ျမတ္မင္းကို တစ္ေယာက္ ဘယ္အထပ္မွာမွ မရပ္ဘဲ အေပၚဆုံးထပ္ကိုသာ တန္းတန္းမတ္မတ္ သြားလိုက္ေတာ့၏။

အေပၚထပ္ကိုလည္း ေရာက္ေရာ သံေပပါပုံးျဖင့္ မီးေမႊးထားတာကို ျမတ္မင္းကို ေတြ႕လိုက္ရေလသည္။ ေနာက္ၿပီး ေပပါပုံးနဲ႔ အလွမ္းမကမ္းမွာ ထိုင္ခုံ တစ္ခုျဖင့္ ထိုင္‌ေနတဲ့ ခႏၶာကိုယ္ ခပ္ထြားထြား လူတစ္ေယာက္ကိုပါ ေတြ႕လိုက္ရသည္။ ထိုထိုင္ေနတဲ့ တစ္ေယာက္ ေဘးတြင္ေတာ့ ထိုင္ခုံအလြတ္ တစ္လုံး ရွိေနေတာ့သည္။ ျမတ္မင္းကိုမွာ မီးဖြင့္ထားတဲ့ ဖုန္းက မီးကိုပိတ္လိုက္ၿပီး မီးေမႊးထားတာေၾကာင့္ အလင္ူေရာင္ မွိန္ပ်ပ်ေလး ထြက္ေနတဲ့ ေနရာနကို ေျဖးေျဖးေလး ေလွ်ာက္သြားလိုက္သည္။ ေနရာလြတ္ေနတဲ့ ထိုင္ခုံနားလည္း ေရာက္ေရာ ျမတ္မင္းကို တစ္ေယာက္ ဘာမေျပာညာမေျပာနဲ႔ ထိုထိုင္ခုံေလးမွာ ေကာက္ထိုင္လိုက္ေလေတာ့၏။

ျမတ္မင္းကို ထိုင္လိုက္တာနဲ႔ တစ္ဖက္က ခ်က္ခ်င္းဘဲ စကားစေျပာလာေလေတာ့သည္။

"မေတြ႕တာၾကာၿပီကို ပထမဆုံး စာပို႔တာက ေနေကာင္းလားေတာင္ မဟုတ္ဘဲနဲ႔.....တစ္ခုခုကို ေမးခ်င္တာတဲ့လား" ဆိုၿပီး ၾကည္လင္ျပတ္သားတဲ့ အသံက ဟိန္းထြက္လာေလသည္။

"အခုက အေရးႀကီး‌ေနတာမလို႔ပါ" ဟု ျမတ္မင္းကို ခပ္ျပတ္ျပတ္ ျပန္ေျဖလိုက္သည္။

ျမတ္မင္းကိုလည္း ျပန္ေျဖၿပီးေရာ ထိုင္ေနတဲ့ လူႀကီးက ႐ုတ္တရက္ ထလာေလေတာ့၏။ ျမတ္မင္းကိုခမ်ာ ထိုရပ္ေနတဲ့သူကိုသာ စိုက္ၾကည့္ေနေလသည္။

"မင္း အေတာ္ေလး ေျပာင္းလဲသြားပါလား" ဆိုကာ ေျပာရင္း ထိုရပ္ေနတဲ့ သူမွာ ျမတ္မင္ကိုအား စိုက္ၾကည့္လာေလေတာ့သည္။

ျမတ္မင္းကိုလည္း ဘာမွ ျပန္မေျပာဘဲ ဒီအတိုင္းသာ ၾကည့္ေနေလသည္။  ေနာက္ၿပီး အေတာက္အဦး တစ္ခုလုံး ၿငိမ္သက္ တိတ္ဆိတ္‌သြားေတာ့သည္။ ေလတိုက္သံပင္ ၾကားရေလာက္ထိ ျဖစ္သည္။ ေလတိုက္သြားတာေၾကာင့္ ေပပါပုံးထဲက မီးဟာ အနည္းငယ္ လႈတ္ခတ္သြားေလသည္။ အေျခအေနဟာ ေတာ္ေတာ္ေလးကို တင္းမာေနေလၿပီ။

ထိုအခ်ိန္မွာဘဲ ျမတ္မင္းကို တစ္ေယာက္ ႐ုတ္ခ်ည္းဆိုသလို ထိုင္ရာက ခ်င္ခ်င္း ထလိုက္ေလေတာ့၏။

"ဟ......ဟ မင္းေတာ္ေတာ္ေလး ေျပာင္းလဲသြားတာပါလားကြ" ဆိုကာ ထိုလူေကာင္ထြားထြားနဲ႔ လူႀကီးမွာ ေျပာလည္းေျပာရင္း
ျမတ္မင္းကိုအား ဖက္လိုက္ေလေတာ့သည္။

ျမတ္မင္းကိုလည္း အလိုက္သင့္ကေလး ျပန္ဖက္လိုက္ရတာေပါ့။

"ကဲ ျပန္ထိုင္ၾက‌ရေအာင္" ဆိုကာ ထိုလူေကာင္ထြားထြားနဲ႔ သူႀကီးမွာ ျမတ္မင္းကိုအား ဖက္ထားရာကေန ထိုင္လိုက္ေတာ့၏။

ျမတ္မင္းကို တစ္ေယာက္လည္း ျပန္ၿပီး ထိုင္လိုက္ရေတာ့တာေပါ့။

"ကဲ ေသာက္အုန္းမလား"

ထိုလူေကာင္ထြားထြားနဲ႔ လူႀကီးက ျမတ္မင္းကိုကို ေဆးလိပ္ဘူး ကမ္းေပးေလသည္။ ဒါနဲ႔ ျမတ္မင္းကိုလည္း ေဆးလိပ္ တစ္လိပ္ ယူလိုက္ၿပီး ပါးစပ္နား ေတ့လိုက္ေတာ့၏။ ၿပီးေနာက္‌ ထိုလူေကာင္ထြားထြားနဲ႔ လူႀကီးက သူ႔ေဆးလိပ္ကို မီးညိဳၿပီးေတာ့ ျမတ္မင္းကိုအား မီးျခစ္ ကမ္းေပးလာေလသည္။ ျမတ္မင္းကိုလည္း မီးျခစ္ယူၿပီး ပါးစပ္နားေတ့ထားတဲ့ ေဆးလိပ္ေလးကို မီးညႇိၿပီး ဖြာရႈိက္လိုက္ေလေတာ့၏။

"ကဲ...... မင္းဘာသိခ်င္တာလဲ ေျပာ" ဆိုၿပီး ထိုလူႀကီးက ေဆးလိပ္‌ေငြ႕ေတြ မႈတ္ထုတ္ရင္း ျမတ္မင္းကိုအား ၾကည့္ကာ ေျပာလာေလသည္။

"ကြၽန္ေတာ္ ေမးမယ့္အရာက အကိုႀကီးလည္း သိထားမယ့္ အရာလို႔ ထင္တယ္" ဟု ျမတ္မင္းကိုမွ ေဆးလိပ္ကို လက္တြင္ကိုင္လိုက္ၿပီး စိုးရိမ္ပူပန္စြာျဖင့္ ေျပာလိုက္ေတာ့သည္။

"ေဟး.....ဘာအေၾကာင္းအရာလဲကြ"

"မွတ္မိေသးလား..... အဲ့ေန႔ကို မိုးေတြ အရမ္းႀကီး ႐ြာတဲ့ေန႔ေလးေလ"

"ငါရဲ႕ မိုးေတြ အရမ္းႀကီး ႐ြာတဲ့ေန႔ေတြက တစ္ရက္ထဲ ရွိတာမွ မဟုတ္တာကြာ"

"အာ...... အဲ့ေန႔ေလ မိုးေတြက အရမ္းႀကီးကို ႐ြာေနတာေလ..... ကြၽန္ေတာ္တို႔ေတြ မူးယစ္ေဆးဖိုးအတြက္ သြားေတာင္းၾကတာေလ.... အဖိုးႀကီး တစ္ေယာက္ အိမ္ေလ....... အကိုႀကီးကိုေတာင္ မိန္းကေလး တစ္ေယာက္ ရန္ေတြ႕ေနေသးတယ္ေလ" ဆိုၿပီး ျမတ္မင္းကိုလည္း ေျပာလိုက္ေရာ ထိုလူေကာင္ထြားထြားနဲ႔ သူမွာ မ်က္ႏွာ ပ်က္သြားေလသည္။ ၿပီးမွ ထိုလူႀကီး ျပန္ေျဖေလသည္။

"ေအာ္...... မွတ္မိသားဘဲ...... ရဲကို တိုင္မယ္ဆိုၿပီး လုပ္တဲ့ မိန္းကေလးေလ"

"ဒါဆို အကိုႀကီးက မွတ္မိေနေသးတာေပါ့ေလ"

"ဒါေပါ့ ...... မမွတ္မိစရာလား ငါ့ကို ကတ္ကတ္လန္ရန္ေတြ႕ သြားတာဘဲကို"

"ဒါျဖင့္ရင္ အကိုႀကီး အဲ့မိန္းကေလး ဘယ္လို ေသခဲ့ရတာလဲဆိုတာ သိလား"

ျမတ္မင္းကို ေျပာလိုက္တဲ့ စကားကိုၾကားၿပီး ထိုလူႀကီးမွာ ေသြးပ်က္သြားသလို ႐ုပ္မ်ိဳး ျဖစ္သြားေလသည္။

"မင္းက ဘာလို႔ သိခ်င္ေနရတာလဲ...... အဲ့အမႈက ေတာ္ေတာ္ေတာင္ၾကာေနၿပီဘဲကို....."

"အကိုႀကီးလည္း သိ‌ေနတာလား အဲ့မိန္းကေလး ေသသြားတာကို"

"မသိစရာလား လားရႈိးၿမိဳ႕မွာ ဟိုးေလး တစ္ေက်ာ္ ျဖစ္သြားတာဘဲကို..... သူ႔ရဲ႕ ေယာက်ာ္းကဘဲ ျပန္သတ္တာဆိုလားဘဲ..... " လို႔ ေျပာၿပီးေတာ့ ထိုလူႀကီးမွာ ျမတ္မင္းကိုအား ၾကည့္လိုက္ေလသည္။ ၿပီးမွ ဆက္ေျပာေလသည္။

"ဒါနဲ႔ မင္းက ဘာလို႔ သိခ်င္ရတာလဲ"

"ကြၽန္ေတာ္ ထူးဆန္းသလို ခံစားေနရလို႔ပါ..... စဥ္းစားၾကည့္ဗ်ာ.....ဘယ္လိုလုပ္ ေယာက်ာ္းက ကိုယ့္မိန္းမကို ျပန္သတ္ပါ့မလဲ..... မဟုတ္ဘူးလား"

"ဒါကေတာ့ အဲ့မိန္းကေလးကို သတ္ခ်င္လို႔ ယူထားတာလည္း ျဖစ္ခ်င္ျဖစ္မွာ‌ေပါ့ကြာ"

"အဲ့ဒါဆိုရင္လည္း မဂၤလာဦးညမွာ သတ္လို႔ရေနတာဘဲ....ဘာလို႔လဲ"

"ဟ...... အခ်ိန္ေကာင္းကို ေစာင့္ေနတာ ျဖစ္မွာေပါ့ကြ"

"ထူးဆန္းတယ္ အဲ့အမႈႀကီးက ထူးဆန္းေနတယ္"

"ဟုတ္တယ္...... ထူးဆန္းတယ္..... မင္းလည္း ထူးဆန္းတယ္..... မင္း လူမိုက္အဖြဲ႕ကေန နားလိုက္ၿပီးကတည္းက ထူးဆန္းေနတယ္......အဲ့ေကာင္ေလးနဲ႔ မင္းႀကိဳက္ၿပီးသြားကတည္းကဘဲ"

"အဲ့တာကေတာ့ အ‌ခ်စ္ေၾကာင့္ဘဲေပါ့..... ခ်စ္တတ္လာလို႔ ေျပာင္းလဲလာရတာပါ...... အဲ့တာေတြ အကိုႀကီးကို ေျပာျပလို႔လည္း နားလည္မွာ မဟုတ္ေလာက္ပါဘူး"

"ဘာကြ...... မင္းက ငါ့ကို လာႏွိမ္ေနတာလား"

"ဟား...... ဟား...... အဲ့လိုလည္း မဟုတ္ရပါဘူး...... ကြၽန္ေတာ္က စတာပါ"

ျမတ္မင္းကိုလည္း ေျပာၿပီးေရာ တိတ္ဆိတ္သြားေလေတာ့သည္။ အေတာ္ၾကာ တိတ္ဆိတ္ေနၿပီးမွ ျမတ္မင္းကိုကေနၿပီး စကားစေျပာလိုက္ေလ၏။

"ဒါဆိုရင္ အကိုႀကီးက အဲ့မိန္းကေလး ‌ဘယ္လိုေသခဲ့ရတယ္ ဆိုတာ မသိဘူးေပါ့..... ဟုတ္လား"

"အဲ့ေလာက္ထိေတာ့ ..... ဘယ္သိမွာလဲကြ"

"အင္းပါ ဒါဆိုလည္း......." လို႔ ေျပာၿပီးေတာ့ ျမတ္မင္းမွာ ထိုင္ရာက ထလိုက္ေလသည္။

ဒါနဲ႔ ထိုလူႀကီးမွာ "သြားေတာ့မွာလား" ဟု ျမတ္မင္းကိုအား ၾကည့္ကာ ေမးလိုက္ေလသည္။

"ဟုတ္တယ္‌ဗ်..... သြားေတာ့မယ္...... အခ်ိန္လည္း ေတာ္ေတာ္ေလးကို ေနာက္က်ေနၿပီေလ"

"ဟုတ္ၿပီ..... ဟုတ္ၿပီ" လို႔ ထိုလူႀကီးက ျပန္လည္းေျပာေရာ
ျမတ္မင္းကို တစ္ေယာက္ သြားဖို႔ ျပင္ေတာ့သည္။

ထိုအခ်ိန္မွာဘဲ ထိုလူႀကီးက "ျမတ္မင္း" လို႔ လွမ္းေခၚေတာ့
ျမတ္မင္းကိုလည္း ျပန္လွည့္လာေလ၏။

"ဘာျဖစ္လို႔လဲ အကိုႀကီး တစ္ခုခု သတိရလာတာ ရွိလို႔လား"

"မဟုတ္ဘူး..... တစ္ကယ္လို႔ ဒီအမႈႀကီးကို ျပန္ၿပီး ေဖာ္ထုတ္ခ်င္တယ္ ဆိုရင္လည္း.... သတိ‌ထားၿပီးေတာ့ ေသခ်ာ လုပ္ပါ။ ေနရာတိုင္းမွာ နားနဲ႔မ်က္စိေတြ ရွိ‌ေနတယ္ဆို သတိရပါ ျမတ္မင္း"

ျမတ္မင္းကို တစ္ေယာက္မွာ ဘာမွ နားမလည္ဘဲ ဒီအတိုင္း ကားဆီကိုသာ လာခဲ့လိုက္ရေလသည္။ ၿပီးေနာက္ ကားထဲ ၀င္ကာ သီဟရွိေနတဲ့ သက္ရႈိင္းကို တိုက္ခန္းဆီကို ျပန္သြားေလေတာ့သည္။

အေဆာက္အဦးေပၚတြင္ ရပ္ကာ ျမတ္မင္းကို ကားထြက္သြားတာကို ၾကည့္ေနတဲ့ ထိုလူႀကီးမွာေတာ့
"ငါေျပာျပႏိုင္တာ ဒီေလာက္ဘဲ မလို႔ပါ" ဆိုၿပီး တိုးတိုးေလး ေရ႐ြတ္လိုက္ေတာ့၏။

..................................................

မနက္ခင္း လင္းေရာင္ျခည္ေလး‌က ျပတင္းေပါက္ကေန တိုးပ်ပ်ေလး ၀င္ေရာက္လာေလသည္။ အလင္း ခပ္စူးစူးေလး ၀င္ေရာက္လာၿပီး ခုတင္ေပၚသို႔ အလင္းက်ေရာက္ေနေတာ့သည္။ အလင္းေလးဟာ သီဟရဲ႕ မ်က္ႏွာတည့္တည့္ေပၚသို႔ က်ေရာက္တာ ျဖစ္ေခ်သည္။

အလင္းစူးစူးေၾကာင့္ ႏွင္း အိပ္ေနရာက ႏိုးလာေလေတာ့၏။ မ်က္လုံးေလးကို အသာေလး ပြတ္သပ္ရင္း သက္ရႈိင္းကိုအား ၾကည့္ေနေလသည္။ သက္ရႈိင္းကို၏ မ်က္ႏွာကို ၾကည့္ၿပီး သေဘာေတြ က်ေနေလ၏။

"ကိုသက္က အိပ္ေနတဲ့ မ်က္ႏွာေလးကို ၾကည့္ေနရတာေလ ႏွင္းအတြက္ေတာ့ ပန္းခ်ီကားခ်ပ္ကို အေပၚစီးကေန ၾကည့္ေနရသလိုဘဲေလ" ဟု ႏွင္း တစ္ေယာက္ တိုးတိုးေလး ေရ႐ြတ္ေနေလသည္။

"ကိုသက္ရဲ႕ ေဟာ့ဒီက ေျဖာင့္ဆင္းေနတဲ့ ႏွာတံေလးက ေက်ာက္ေဆာင္ေလးေပါ့...... ေဟာဒီက မ်က္ခုံးေလးက စင္ေယာ္ငွက္ေလးေတြရဲ႕ အေတာင္ေလးေပါ့ေပါ့။ ေဟာ ႏႈတ္ခမ္းေလးကေတာ့ ပင္လယ္ထဲမွာ ေလွာ္ခတ္သြားလာေနတဲ့ ေလွကေလးေပါ့ေလ။ ေလွကေလးထဲမွာ ႏွင္းရယ္၊ ကိုသက္ရယ္.....အတူတူ"

"ေဒါက္...... ေဒါက္....... ေဒါက္"

ႏွင္း တစ္ေယာက္ သက္ရႈိင္းကိုရဲ႕ ႏႈတ္ခမ္းကို လက္ကေလးနဲ႔ ထိၿပီး ေျပာေနရင္းမွ တံခါးေခါက္သံကို ၾကားလိုက္ရေတာ့သည္။ ဒါနဲ႔ဘဲ ႏွင္း စကားတိုးတိုးေလး ေျပာတာ ရပ္လိုက္ေလသည္။ ေနာက္ေတာ့ တံခါးေခါက္သံက ထပ္ၿပီး ထြက္ေပၚလာေလ၏။

"ေဒါက္...... ေဒါက္....... ေဒါက္" ဆိုၿပီးေတာ့ေပါ့။

တံခါးေခါက္သံလည္း ထပ္ၿပီး ၾကားေရာ ႏွင္းမွာ တစ္ခုခုကို သတိရသြားသည္။ အဲ့တာကေတာ့ လက္ေတာ့ယူဖို႔ အစီအစဥ္ဘဲ ျဖစ္‌ေခ်သည္။ ဒါေၾကာင့္အခု တံခါးေခါက္တာက ျမတ္မင္းကိုမွန္း ႏွင္းသိလိုက္ေလၿပီ။ ဒါနဲ႔ ႏွင္း‌ တစ္ေယာက္
သက္ရႈိင္းကို မႏိုးခင္ လက္ေတာ့ ျမန္ျမန္ေလး ယူဖို႔ အိပ္ရာက မသိမသာေလး ထကာ ေရခ်ိဴးခန္းထဲ သြားၿပီး မ်က္ႏွာကို သြားသစ္ေနေလေတာ့၏။

တစ္ဖက္တြင္ေတာ့ ျမတ္မင္းကိုမွာ တံခါးေရွ႕ကေနၿပီး တံခါးဖြင့္အလာကို ေစာင့္ေမွ်ာ္ေနေလသည္။ မေန႔ညက ႏွစ္နာရီေလာက္မွာ ျမတ္မင္းကို ဒီေနရာကို ျပန္ေရာက္လာတာ ျဖစ္သည္။ မေန႔ညကတည္းက သီဟကို ေခၚဖို႔ အခန္းေရွ႕ကို လာေပမယ့္ ျပန္ဆင္းသြားၿပီး ကားထဲမွာသာ ျပန္ေစာင့္ေနလိုက္သည္။ အေၾကာင္းကေတာ့ ညႀကီး အသံဆူေနလို႔ရွိရင္ ပတ္၀န္းက်င္က တစ္မ်ိဴး ထင္ကုန္မွာ စိုးရိမ္လို႔ဘဲေလ။ ၿပီးေတာ့ ျမတ္မင္းကိုမွာ အခန္းထဲ မီးလင္းေနေသးတာကို ၾကည့္ၿပီး ညထိ စကားေျပာေနၾကမယ္ထင္ၿပီးေတာ့ ကားထဲမွာ ေစာင့္ေနသာ ျဖစ္ေလသည္။ အခုေတာ့ မိုးလင္းၿပီဆိုေတာ့ လာေခၚဖို႔ အခ်ိန္တန္ၿပီဘဲေလ။ ဘာပတ္၀န္းက်င္မွ ငွဲ႔ၾကည့္ေနစရာမွ မလိုေတာ့ဘဲ။

ျမတ္မင္းကို တစ္ေယာက္ အခန္းျပင္မွာ ေစာင့္ေနရင္းမွ ေဘးခန္းက တံခါးဖြင့္ၿပီးေတာ့ အေဒၚႀကီး တစ္ေယာက္ ထြက္လာတာကို ေတြ႕လိုက္ရေလသည္။ ျမတ္မင္းကိုမွာ ထိုအေဒၚႀကီးကို ၾကည့္ၿပီး တံခါးကိုသာ ျပန္ၾကည့္ေနလိုက္သည္။

"သားက ဒီအခန္းက တစ္ေယာက္နဲ႔ သိတာလား" ဆိုၿပီး ထိုအေဒၚႀကီးက ျမတ္မင္းကို ေဘးနား ေရာက္လာကာ ေမးေတာ့သည္။

"ဟုတ္.....ဟုတ္ပါတယ္...... အသိေတြပါ" လို႔ ျမတ္မင္းကို ထိုအေဒၚႀကီးကိုသာ ျပန္ေျဖလိုက္သည္။

"ေအာ္...... အဲ့အခန္းက ေကာင္ေလးဆီ သူငယ္ခ်င္းေတြ ဘာေတြ လာတာ သိပ္မေတြ႕ရလို႔ေလ....... အိပ္ေနတယ္ တူပါရဲ႕ တံခါးထပ္ေခါက္ၾကည့္လိုက္ေလ......"

"ဟုတ္......." ဆိုၿပီး ျမတ္မင္းကိုမွာ ထိုမေဒၚႀကီးကို အားနာၿပဳံးေလး ၿပဳံးကာ ျပန္ေျပာလိုက္ေလသည္။

ၿပီးေတာ့  ထိုအေဒၚႀကီးမွာ "ေဈးသြားလိုက္အုန္းမယ္" လို႔ ေျပာေျပာဆိုဆိုျဖင့္ ထြက္သြားေလေတာ့၏။

ဒါနဲ႔ ျမတ္မင္းကိုလည္း တံခါးေနာက္တစ္ခါ ေခါက္ဖို႔ လက္႐ြယ္လိုက္ေလသည္။ ထိုအခ်ိန္မွာဘဲ တံခါးက ခ်က္ခ်င္းဆိုသလို ဖြင့္လာေလ၏။ ျမတ္မင္းကိုမွာ သီဟကို ေတြ႕လိုက္ရေလသည္။ သီဟကိုယ္ထဲရွိေနတဲ့ ႏွင္းမွာေတာ့ ျမတ္မင္းကိုအား ၿပဳံး၍ ၾကည့္ေနေလေတာ့၏။

ျမတ္မင္းကို တစ္ေယာက္ သီဟကို မ်က္ေမွာင္ၾကဳတ္ၾကည့္ရင္း အခန္းထဲကို မေျပာမဆိုျဖင့္ ၀င္သြားေလသည္။ ႏွင္းမွာ ဘာလုပ္ရမွန္း မသိေတာ့ပါ။အခန္းထဲ ၀င္သြားတဲ့ ျမတ္မင္းကိုမွာ စားပြဲေပၚက စားထားေသာက္ထားၾကတဲ့ အရာေတြကို ျမင္ၿပီး ပိုၿပီး မ်က္ေမွာင္ၾကဳတ္သြားရေလသည္။

"ငါ...... ဘယ္လိုေခၚရမွာပါလိမ့္...... ကိုလား...... ကိုျမတ္လား" ဆိုၿပီး ႏွင္းတစ္ေယာက္ ေတြးေနေလသည္။

ႏွင္းေတြးေနခ်ိန္မွာဘဲ ျမတ္မင္းကိုကား ေရွ႕တည့္တည့္ကို ျပန္ေရာက္ခ်လာသည္။

"ခ်စ္ အစီအစဥ္ကို ေမ့ေနတာလား......." ဆိုကာ ျမတ္မင္းကို တစ္ေယာက္ သီဟရဲ႕ ပုခုံးကို ကိုင္လႈပ္ကာ ေျပာလာေတာ့သည္။

"အစီအစဥ္......အစီအစဥ္...... ဟုတ္သားဘဲ...... လက္ေတာ့ယူဖို႔" ဟု ႏွင္း စိတ္ထဲ ျပန္ေတြးေနမိေလသည္။

"ခ်စ္.........." လို႔ ျမတ္မင္းကိုက ထပ္ေခၚျပန္ေတာ့

"မေမ့ပါဘူး လက္ေတာ့ ယူဖို႔မလား......." ဟု ႏွင္း ျပန္ေျဖေလသည္။

"အဲ့တာဆို မေန႔ညက ဘာစာမွ ပို႔မလာတာလဲ" ဟု ျမတ္မင္းကိုမွ ထပ္ေမးလာေလ၏။

"မေန႔က...... မေန႔ညက ကိုသက္..... အယ္ ...... အကိုသက္ရႈိင္းကိုက သူ႔မိန္းမ အေၾကာင္း ေျပာျပေနလိုက္၊ စားလိုက္ေသာက္လိုပ္လုပ္ရင္း.... မူးလာတာေၾကာင့္မလို႔ေလ"

"‌ေသာက္ေနၾကတယ္........" ဟု ျမတ္မင္းကိုမွ အံ့ဩတဲ့ ပုံစံျဖင့္ ေျပာလိုက္ေလသည္။

"အား...... သီဟက ဝိုင္ဘဲ ေသာက္တာ...... အကိုသက္ရႈိင္းကိုၾကေတာ့ ဘီယာ ေသာက္တာေလ"

"အဲ့တာဆိုရင္ မေန႔ညက ခ်စ္ စာမပို႔ျဖစ္တာကေတာ့ မူးၿပီး အိပ္ေပ်ာ္သြားတာေၾကာင့္လား"

"ဟုတ္တယ္..... ဟုတ္တယ္........ သီဟ ေျပာခ်င္တာ အဲ့လို"

"ဒါေပမယ့္လည္း........" လို႔ ျမတ္မင္းကို ေျပာေနတုန္း ရွိေသး၊ ႏွင္းက မေျပာဖို႔ ပိတ္ပင္လိုက္‌ရေလသည္။

"ဒါေပမယ့္ေတြ လုပ္မေနပါနဲ႔ေတာ့...... ခဏေန အကိုသက္ရႈိင္းကိုက ႏိုးလာပါအုန္းမယ္...... အခုေတာ့ လက္ေတာ့ခ်င္း အရင္လဲရေအာင္..... လက္ေတာ့က ဘယ္မွာလဲ...... ကိုျမတ္"

"အင္း..... ဒီမွာ" လို႔ ျမတ္မင္းကို ေျပာၿပီး လက္ေတာ့အိတ္အား သီဟကို ကမ္းေပးလိုက္ေလသည္။

ႏွင္းမွာ ကမ္းေပးလာတဲ့ လက္ေတာ့ အိတ္ကိုယူၿပီး မိမိ စာေရးတဲ့ အခန္းကို ၀င္သြားလိုက္ေတာ့သည္။ စာေရးတဲ့ အခန္းထဲေရာက္ေတာ့ ႏွင္း တစ္ေယာက္ မိမိလက္ေတာ့ႏွင့္ ပုံစံတူလက္ေတာ့တို႔ကို လဲလွယ္ဖို႔ ျပင္ေလ၏။ ဒါနဲ႔ဘဲ ႏွင္း အခန္းထဲတြင္ ၾကာေနေလသည္။

အျပင္တြင္ ေစာင့္ေနေသာ ျမတ္မင္းကိုမွာ အေျခအေနကို ေစာင့္ၾကည့္ေနေလသည္။ အေၾကာင္းကေတာ့ သက္ရႈိင္းကို မႏိုးခင္ သီဟ လက္ေတာ့လဲၿပီးဖို႔ လိုအပ္တယ္ေလ။ ဒါနဲ႔ဘဲ ျမတ္မင္းကိုမွာ ဒီအတိုင္း ရပ္ကာ ေစာင့္ေနေတာ့၏။

ထိုအခ်ိန္မွာဘဲ "မင္းက ဘယ္သူလဲ" ဆိုတဲ့ အသံကို ျမတ္မင္းကို ၾကားလိုက္ရေလသည္။

ဒါေၾကာင့္ ျမတ္မင္းကို တစ္ေယာက္ အသံလာရာ အေနာပ္ဘက္သို႔ လွည့္ၾကည့္လိုက္ရေတာ့သည္။ မထင္မွတ္စြာဘဲ သက္ရႈိင္းကို ျဖစ္ေနေလသည္။

သက္ရႈိင္းကိုမွာ စုတ္ဖြာေနတဲ့ ဆံပင္ကို သပ္ရင္း ျမတ္မင္းကိုအား စိုက္ၾကည့္ေနေလသည္။ ေနာက္ေတာ့ သက္ရႈိင္းကို တစ္ေယာက္ ျမတ္မင္းကိုကို မွတ္မိသြားဟန္တူသည္။

"မင္းက ဟိုေကာင္ေလးရဲ႕ ခ်စ္သူမလား" ဟု သက္ရႈိင္းကိုမွာ ျမတ္မင္းအား လက္ညိဳးထိုး၍ ေျပာလိုက္ေတာ့သည္။

"ဟုတ္တယ္........" လို႔ ျမတ္မင္းကို ျပန္ေျဖလိုက္သည္။

"ဒါျဖင့္ရင္ မင္းက ငါ့ရဲ႕တိုက္ခန္းထဲကို ဘာလို႔ ေရာက္ေနရတာလဲ"

"အမ္....... ကြၽန္ေတာ့္ ခ်စ္သူနဲ႔ ေတြ႕ၿပီးၿပီ..... သူက အျပင္ခဏေလး ထြက္သြားလို႔ ေစာင့္ေနတာေလ"

"ေအာ္........ဟုတ္ၿပီ" လို႔ သက္ရႈိင္းကို ျပန္ေျဖၿပီး ေရခ်ိဳးခန္းသို႔ သြားေတာ့သည္။

သက္ရႈိင္းကို မရွိေတာ့ ျမတ္မင္းကိုမွာ တံခါးနားသြားၿပီး တံခါးေခါက္လိုက္ေလသည္။ ဒါနဲ႔ ႏွင္းမွာ တံခါးေလး ဖြင့္ၿပီး အသာေလး ထြက္လာလိုက္ေလ၏။ စာေရးတဲ့ အခန္းက ထြက္လာၿပီး တံခါးကို အသာေလး ပိတ္လိုက္ေတာ့သည္။

"ခဏက ဘာျဖစ္ေနတာလဲ..... အထဲကေန အသံေတြ ၾကားေနရလို႔ အျပင္ကို မထြက္လာေသးတာ" ဟု ႏွင္းမွ ျမတ္မင္းကိုအား ေျပာလိုက္ေလသည္။

"ဟိုအမရဲ႕ ေယာက်ာ္း ႏိုးလာလို႔ေလ" ဆိုၿပီး ျမတ္မင္းကိုမွ ျပန္ေျဖေလသည္။

"ဟုတ္လား..... ဒါဆို အကိုသက္ရႈိင္းကိုကေရာ" ဟု ႏွင္း ထပ္ေမးျပန္ေလသည္။

"ေရခ်ိဳးခန္းထဲ ၀င္သြားၿပီ"

"ေတာ္ေသးတာေပါ့.........."

"လက္ေတာ့ေကာ ပါခဲ့ရဲ႕လား ခ်စ္"

"ဒီမွာ" ဆိုၿပီး ႏွင္းမွာ ျမတ္မင္းကိုအား လက္ေတာ့အိတ္ ေထာင္ျပလိုက္ေလသည္။

"ဒါဆို သြားၾကမယ္ေလ ခ်စ္........"

"ဟုတ္ၿပီ" လို႔ ႏွင္း ျပန္ေျဖလိုက္သည္။

ဒီလိုနဲ႔ ျမတ္မင္းကိုမွာ တံခါးကိုဖြင့္၍ အျပင္ေတာင္ ေရာက္ေနၿပီေလ။ ႏွင္းမွာ အျပင္ကို မထြက္ေသးဘဲ တံခါး၀မွာ ရပ္ေနေလေတာ့၏။

"ခ်စ္...... ျပန္ၾကမယ္ေလ"

"ဟင္........ဒါေပမယ့္ တစ္ခုခုကို ထပ္သိဖို႔ လိုေနေသးတယ္" ဆိုၿပီး ႏွင္း တိုးတိုးေလး ေရ႐ြတ္လိုက္ေလသည္။

"ခ်စ္ ျပန္ၾက‌ရေအာင္ေလ" ဆိုၿပီး ျမတ္မင္းကိုမွ သီဟကို ထပ္ေခၚလိုက္ျပန္သည္။

"ဟိုေလ..... ကိုျမတ္ဘဲ...... အရင္ ျပန္ႏွင့္လိုက္ပါလား..... ေနာက္ထပ္ သိစရာေလး တစ္ခု ရွိေနလို႔ပါ..... ေနာ္..... သီဟ
ေန႔လည္ေလာက္ ျပန္လာခဲ့လိုက္မယ္ေလ.....ေစာင့္ေနေနာ္။ ၿပီးေတာ့ လက္ေတာ့ကိုလည္း ဖြင့္ထားၾကည့္ၾကည့္လိုက္ေလ" လို႔ ႏွင္း တစ္ေယာက္ ေျပာရင္း ျမတ္မင္းကိုထံသို႔ လက္ေတာ့ အိတ္ကို အတင္းထိုးေပးလိုက္ၿပီး တံခါးပိတ္လိုက္ေတာ့သည္။

ျမတ္မင္းကို တစ္ေယာက္မွာေတာ့ လက္ေတာ့ အိတ္ကေလးကိုင္ရင္း ေၾကာင္ေတာင္ေတာင္ ျဖစ္လို႔ေနေလသည္။ ၿပီးကာမွ
ျမတ္မင္းကို ျပန္သြားေလေတာ့၏။

ႏွင္းမွာ အခန္းထဲတြင္ ရွိေနေလသည္။ ႏွင္း ျမတ္မင္းကိုကို အေၾကာင္းအရင္းမရွိ ႏွင္လႊတ္လိုက္တာ မဟုတ္ရပါ။ ႏွင္လႊတ္ရတဲ့ အေၾကာင္းအရင္း ရွိေလသည္။ အဲ့တာကေတာ့ ႏွင္း အလုပ္လုပ္တဲ့ ႐ုံးက စာကဒ္ေလးကို ၾကည့္ဖို႔ျဖစ္သည္။ ဒါေၾကာင့္မလို႔ ႏွင္း ကိုသက္နဲ႔အတူ ေနခဲ့ဖို႔ ဆုံးျဖတ္ခဲ့လိုက္ရတာေပါ့။

"မင္းက ဘာလို႔ ရွိေနေသးတာလဲ"

ႏွင္း တစ္ေယာက္ တံခါး၀မွာ ရပ္ေနတုန္း အေနာက္ဘက္ကေန အသံၾကားလိုက္ရေတာ့သည္။ ဒါနဲ႔ ႏွင္းလည္း ေနာက္ကို လွည့္လိုက္ေတာ့တာေပါ့။

သက္ရႈိင္းကိုမွာ သီဟကို ေၾကာင္ေတာင္ေတာင္ေလး ၾကည့္လို႔ေနေလသည္။

"မင္းက ဘာလို႔ ငါ့ရဲ႕ တိုက္ခန္းထဲမွာ ရွိေနရေသးတာလဲ..... ၿပီးေတာ့ ခဏက မင္းခ်စ္သူကို ေတြ႕လိုက္ပါ‌ေသးတယ္..... မင္းရဲ႕ ခ်စ္သူေကာ" ဆိုၿပီး သက္ရႈိင္းကို ထပ္ေျပာလိုက္ျပန္သည္။

"ျပန္သြားၿပီေလ" ဟု ႏွင္း ျပန္ေျဖေလ၏။

"မင္းခ်စ္သူက ျပန္သြားတာကို ဘာလို႔ မင္းက မလိုက္သြားတာလဲ"

"အမ္..... အင္း..... အေရးႀကီး သြားစရာရွိလို႔တဲ့ေလ..... အဲ့တာေၾကာင့္မလို႔"

"အေရးႀကီး ကိစၥရွိလည္း မင္းကိုေတာ့ ေခၚသြားရမွာ အမွန္ဘဲေလ"

"ဟိုေလ..... သီဟက သြားခိုင္းလိုက္တာ...... အကို ျပန္လိုက္ပို႔လို႔ရတာဘဲေလ "

"မင္းက သြားခိုင္းလိုက္တယ္....... ဟုတ္လား..... ၿပီးေတာ့ ငါက ျပန္ လိုက္ပို႔ေပးရမယ္"

"အင္း..........ဟုတ္တယ္ေလ"

"တယ္ထူးဆန္းတဲ့ စုံတြဲပါလား" လို႔ ေျပာၿပီး သက္ရႈိင္းကိုမွာ အိပ္ခန္းသို႔ ၀င္ဖို႔ ျပင္ေနေလသည္။

ထိုအခ်ိန္ "ဟိုေလ...... အကို" ဆိုၿပီး ႏွင္း လွမ္းေခၚလိုက္ေတာ့သည္။

"ဘာလဲ..... ဘာေျပာစရာက်န္ေသးလို႔လဲ" လို႔ ေျပာၿပီး သက္ရႈိင္းကိုမွာ သီဟကို စိုက္ၾကည့္လိုက္ေလသည္။

"အမ္ ...ဟိုေလ...... ဟိုဆိုင္ကို ထပ္ၿပီး မသြားေတာ့ဘူးလားလို႔ ေမးမလို႔ပါ"  ဟု ႏွင္း မရဲတရဲ ေျပာလိုက္သည္။

"ဆိုင္ကိုသြားၿပီး ဘာသြားလုပ္မလို႔လဲ"

"ဟိုေလ..... ဟိုေန႔က ဆိုင္မွာ ေတာ္ေတာ္မ်ားမ်ား စားထားခဲ့တာေလ။ အဲ့တာ အဖိုးအခအေနနဲ႔ လုပ္အားေပးတာ နည္းေနသလားလို႔ ထင္မိလို႔ပါ"

"ရၿပီ...... ငါေျပာလိုက္လို႔ မလိုေတာ့ဘူး"

"ဒါေပမယ့္လည္း သီဟ ကိုယ္တိုင္ ျပန္ၿပီး ဆပ္ခ်င္လို႔ပါ...... ၿပီးေတာ့ မနက္စာလည္း စားဖို႔လိုေသးတယ္ေလ..... မဟုတ္ဘူးလား"

သီဟေျပာတဲ့ စကားကို နားေထာင္ၿပီး သက္ရႈိင္းကိုမွာ တစ္ဖက္ကို ျပန္လွည့္သြားေလသည္။ ၿပီးေတာ့ သီဟဘက္ ျပန္လွည့္လာေတာ့၏။

"ဟုတ္ၿပီ...... ဒီေလာက္ေခါင္းမွာ‌ေနေတာ့လည္း သြားၾကတာေပါ့။ အ၀တ္လဲၿပီးရင္ သြားၾကမယ္ေလ" လို႔ သက္ရႈိင္းကို ေျပာၿပီး အခန္းထဲ ၀င္သြားေလသည္။

ႏွင္းမွာေတာ့ ေတြးထားတဲ့ အတိုင္း ျဖစ္လာဖို႔အတြက္သာ ဆုေတာင္းရေတာါမွာဘဲေလ။

တစ္ဖက္တြင္ေတာ့ ျမတ္မင္းကိုမွာ သက္ရႈိင္းကိုရဲ႕ တိုက္ခန္းကေန ျပန္လာၿပီး ျမင့္ျမတ္သူတို႔ ဆိုင္ကို ေရာက္ခ်လာေလသည္။ ျမတ္မင္းကိုမွာ လက္ေတာ့အိတ္ကို ကိုင္ၿပီး ဆိုင္ထဲကို တန္း၀င္လာေလ၏။ ျမင့္ျမတါသူႏွင့္ ေအာင္ႏိုင္သူတို႔မွာ ဆိုင္ထဲ ၀င္လာတဲ့ ျမတ္မင္းကိုအား ျမင္ေတာ့ ထိုင္ေနရာက‌ေန ခ်က္ခ်င္းထရပ္လာ ေလသည္။

"အကိုတို႔ ကြၽန္ေတာ္ လက္ေတာ့ရခဲ့ၿပီ" ဟု ျမတ္မင္းကိုမွ ေျပာလိုက္ေတာ့သည္။

"ဒါနဲ႔ သီဟေကာ..... ျမတ္မင္း...... cafeမွာထားခဲ့လိုက္တာလား" ဆိုၿပီး ျမင့္ျမတ္သူမွ ျမတ္မင္းကိုအား ေမးလိုက္ေလသည္။

"သီဟက ေနခဲ့တယ္ အကို ထပ္ၿပီးေတာ့ ရွာစရာရွိေနေသးတယ္ ဆိုလားဘဲ.... ၿပီးေတာ့ သီဟက လက္ေတာ့ကို ၾကည့္ထားခဲ့ဖို႔ မွာခဲ့တယ္ အကို"

"ဟုတ္လား.....ဒါဆိုလည္း လက္ေတာ့ကို ဖြင့္ၾကည့္ၾကတာေပါ့" ဟု ေအာင္ႏိုင္သူမွ ၀င္ေျပာလာေတာ့သည္။

ဒါနဲ႔ဘဲ ျမတ္မင္းကိုမွ လက္ေတာ့အိတ္ထဲက လက္ေတာ့ကို ထုတ္လိုက္ၿပီး စားပြဲေပၚတင္လိုက္ေလသည္။ ၿပီးေနာက္ လက္ေတာ့ကို လွပ္လိုက္ကာ ပါဝါခလုတ္ႏွိပ္လိုက္ေတာ့သည္။ ပါဝါခလုတ္ႏွိပ္ထားတာေၾကာင့္ စကရင္ကေန အလင္းေလး ေပၚလာေလ၏။ အလင္းေပၚလာၿပီးေတာ့ 'password' ဆိုၿပီး ေလးေထာင့္အကြက္ေလး ေပၚလာေတာ့၏။

"password ထည့္ရမွာတဲ့......" ဆိုၿပီး ျမင့္ျမတ္သူမွ ေျပာလိုက္သည္။

"ဒီေလာက္ကေတာ့ လြယ္ပါတယ္..... ဖုန္းဆိုင္မွာ လုပ္တုန္းက passwordဖြင့္ေပးတဲ့သူနဲ႔ သိခဲ့ရတယ္ေလ" ဟု ေအာင္ႏိုင္သူမွ ေျပာလာေလသည္။

"ဒါဆိုရင္လည္း အဲ့တစိေယာက္ကို ဖုန္းဆက္လိုက္ေလ ကို" လို႔ ျမင့္ျမတ္သူမွ ေျပာေတာ့သည္။

"ဟုတ္ၿပီ......" ဆိုကာ ေအာင္ႏိုင္သူမွာ ‌ဖုန္းေျပာဖို႔ အျပင္ထြက္သြားေတာ့၏။

"လက္ေတာ့ထဲမွာ ဘာေတြမ်ားရွိေနလို႔ passwordေတြ ခံထားရတာပါလိမ့္" ဟု ျမတ္မင္းကို တစ္ေယာက္ ေတြးလိုက္ေလသည္။

တစ္ဖက္တြင္ေတာ့ သီဟမွာ သက္ရႈိင္းကိုႏွင့္ အတူ ဆိုင္မွာ ထိုင္ေနၾကေလေတာ့သည္။

"ေကာင္ေလး မင္းကို ျပန္လိုက္ပို႔ေပးရေတာ့မလား..... ဆယ္နာရီေတာင္ ရွိေနၿပီေလ"

ႏွင္းမွာေတာ့ သက္ရႈိင္းကို ေျပာတာကို မၾကား။ ဆိုင္တံခါးေပါက္ကိုသာ ေငးေနေလ၏။

"ဟိတ္ေကာင္ေလး ျပန္လိုက္ပို႔ရေတာ့မလားလို႔" ဆိုၿပီး သက္ရႈိင္းကိုမွ သီဟရဲ႕ ပုခုံးကို ပုတ္ကာ ေျပာလိုက္ေတာ့မွ သီဟလည္း သတိရလာၿပီး

"အမ္........ ဘာႀကီးလဲ အကို" ဟု ျပန္ေျပာလိုက္ေလသည္။

"ငါေျပာတာ..... မင္းကို မနက္စာလည္း ေကြၽးၿပီးၿပီ..... ၿပီးေတာ့ ဒီဆိုင္မွာလည္း ဘာမွလုပ္စရာမရွိေတာ့ဘူး..... အဲ့တာေၾကာင့္ ျပန္လိုက္ပို႔ရေတာ့မလားလို႔ ေမးေနတာေလ"

"ေအာ္...... ခဏေလာက္ ထပ္ေနရင္ ေကာင္းမလားလို႔"

"ထပ္ေနအုန္းမယ္...... ဟုတ္လား...."

"ဟုတ္တယ္.........."

"ဒီမွာ ဘာမွလုပ္စရာမွ မရွိေတာ့ဘဲကို...... ဘာလို႔ ထပ္ေနအုန္းမွာ.... ဆိုင္ပိုင္ရွင္က ဘာမွေတာင္ မလုပ္ခိုင္းေတာ့ဘဲ့နဲ႔"

ႏွင္းႏွင့္ သက္ရႈိင္းကိုတို႔ စကားေျပာေနၾကတုန္းမွာ ဆိုင္ထဲကို လူတစ္ေယာက္ ၀င္လာသည္။ ႏွင္းမွာ သက္ရႈိင္းကို ေျပာေနတာကို နားမေထာင္ဘဲ ထိုလူကို ၾကည့္ေနမိေလသည္။ ခဏ‌ေနေတာ့ ထိုလူ ဆိုင္ထဲက ျပန္ထြက္သြားသည္။ ထိုလူလည္း ထြက္သြားေရာ ႏွင္းမွာ ဆိုင္ပိုင္ရွင္နားကို ထသြားလိုက္ေလသည္။ စကားေျပာေနတဲ့ သက္ရႈိင္းကိုမွာေတာ့ ေၾကာင္ေတာင္ေတာင္ ျဖစ္သြားေတာ့တာေပါ့။ ဆိုင္ပိုင္ရွင္နဲ႔ စကားေျပာၿပီးေတာ့ ႏွင္းမွာ သက္ရႈိင္းကိုနား ျပန္ေရာက္လာေလသည္။

"ဘာသြားေျပာေနတာလဲ......." ဟု သက္ရႈိင္းကိုမွ စေမးလာေလသည္။

"ေအာ္...... ေနာက္ထပ္ နဲနဲေလး ေနအုန္းမယ္လို႔ သြားေျပာတာပါ" ဆိုၿပီး ႏွင္း ၿပဳံးကာ သက္ရႈိင္းကိုအား ေျပာလိုက္ေလသည္။ သက္ရႈိင္းကိုမွာေတာ့ သီဟကို ထူးဆန္းတဲ့ အၾကည့္ေတြျဖင့္ ၾကည့္ေနေလေတာ့၏။

သိပ္မၾကာခင္မွာဘဲ ႏွင္းတို႔ ထိုင္ေနတဲ့ စားပြဲေပၚသို႔ စားဖိုမႉးႀကီးက ပါဆယ္ထုပ္ေလး လာတင္ေပးေလေတာ့သည္။

"သူမွာထားလို႔လား" ဟု သက္ရႈိင္းကိုမွ စားဖိုမႉးႀကီးကို ေမးလိုက္ေလသည္။

"မဟုတ္ပါဘူး သူက ဟိုဘက္႐ုံးကို သြား‌ပို႔ေပးမယ္ ေျပာထားလို႔ေလ"

သက္ရႈိင္းကိုမွာ စားဖိုမႉးေျပာတာကို နားေထာင္ၿပီး ေရွ႕ကို ျပန္ၾကည့္လိုက္ေတာ့ သီဟမွာ မရွိေတာ့ပါ။ စားပြဲေပၚက ပါဆယ္ထုပ္ေလးလည္း မရွိေတာ့ေပ။

"ဘယ္ခ်ိန္က ထြက္သြားတာလဲ" ဟု သက္ရႈိင္းကိုမွ စားဖိုမႉးကို ထပ္ၿပီး ေမးလိုက္ျပန္ေတာ့သည္။

"ခဏက မင္း ငါ့ကို ေမးကတည္းက အထုပ္ယူၿပီး ထြက္သြားတာဘဲ" လို႔ ေျပာၿပီး စားဖိုမႉးမွာ သက္ရႈိင္းကိုရဲ႕ ပုခုံးကို အသာေလး ပုတ္ၿပီး မီးဖိုခန္းထဲ ျပန္သြားေလေတာ့၏။

သက္ရႈိင္းကို တစ္ေယာက္ ေစာင့္ေန႐ုံဘဲ ရွိေတာ့တာေပါ့။

ႏွင္း တစ္ေယာက္ ႐ုံးလုံၿခဳံေရးကို ပါဆယ္ထုပ္ျပၿပီး ႐ုံးအေပၚထပ္ကို တက္လာလိုက္ေတာ့သည္။ အေပၚထပ္ကို ေရာက္ေတာ့ ဘယ္သူမွ ရွိ‌မေန၍ ႏွင္း အံ့ဩသြားေလသည္။ ၿပီးကာမွ အစည္းအေဝး လုပ္ေနလို႔မ်ားလား ဆိုၿပီး ေတြးလိုက္ေလသည္။ ဒါနဲ႔ဘဲ ႏွင္းမွာ အခြင့္အေရးဘဲ ဆိုကာ မိမိလုပ္ခဲ့တဲ့ အလုပ္ခုံနားကို ပါဆယ္ထုပ္ေလးကို ဆြဲၿပီး တန္းသြားလိုက္ေလေတာ့သည္။

မိမိ အလုပ္လုပ္တဲ့ ခုံနားေရာက္ေတာ့ ပါဆယ္ထုပ္ကို ခဏ တင္ထားလိုက္ေလသည္။ ၿပီးေတာ့ ဟိုတစ္ေန႔က ျမင္လိုက္ရတဲ့ စာကဒ္ေလးကို ၾကည့္ဖို႔ အံဆြဲထဲ ရွာ‌ေနေလေတာ့၏။ ရွာေဖြေနရင္းမွ ႏွင္း တစ္ေယာက္ စာကဒ္ေလးကို ေတြ႕သြားေလသည္။ စာကဒ္ေလးက မနီေရာင္ေလး ျဖစ္သည္။ ၿပီးေတာ့ စာကဒ္ေလးက ေခါက္ထားေသးသည္။ ႏွင္းမွာ စာကဒ္ရဲ႕ ေနာက္ေက်ာဖက္ကို လွည့္ၾကည့္လိုက္ေတာ့၏။ စာကဒ္ရဲ႕ ေနာက္ေက်ာေလးမွာ တံဆိပ္ တစ္ခု ရွိေနသည္။ တံဆိပ္ တစ္ခု။ အဂၤလိပ္ စာလုံး ျဖစ္ေခ်သည္။

ႏွင္းမွာ ထိုတံဆိပ္ကို ျမင္ၿပီး ေခါင္းေတြက ႐ုတ္တရက္ႀကီး တဆစ္ဆစ္ ထိုးကိုက္လာေတာ့၏။ ဒါေၾကာင့္ဘဲ ႏွင္းမွာ ဦးေခါင္းကို ဖိႏွပ္ေနရင္းျဖင့္................။

                      ×××××××××××××××××
ကဲ တံဆိပ္က ဘာမ်ားျဖစ္မလဲ ခန႔္မွန္းၾကေနာ္။ အဂၤလိပ္ စာလုံးတဲ့ေနာ္။ ထိုစာကဒ္ေလးက ႏွင္းနဲ႔ ဘယ္လို ပတ္သက္ေနမလဲဆိုတာ ေျဖခဲ့ၾကည့္ေနာ္။
ႀကိဳးစားၿပီး ေရးတင္ေပးေနပါတယ္။ အိမ္မွာေနပါ။ စာေတြဖတ္ပါ။ က်န္းမာေအာင္ေနပါ။ ဂ်င္းျပဳတ္ရည္ ေသာက္တာတို႔ ဆားေရပလုတ္က်င္းတာတို႔ လုပ္ေပးပါ။ အျပင္သြားရင္ mask ႏွစ္ထပ္တပ္ပါေနာ္။ အျပင္သြားတိုင္းလည္း handgelေလး ေဆာင္ထားေပးပါေနာ္။ အားလုံး ေဘးကင္းၾကပါေစလို႔။

Continue Reading

You'll Also Like

77.3K 5.3K 200
စွယ်စုံကျမ်း အရှင်သခင် ( လင်းဖန် ) ဇာတ်လမ်း အကျဥ်းချုပ် ငါ လင်းဖန် ဟာ အရမ်း အစွမ်းထက်တဲ့ စွယ်စုံကျမ်းကြီး ကြောင့် နေရာတိုင်းမှာ သူမတူအောင် ကျွမ်းကျင...
107K 13K 200
✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း ------------- လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ့ပေမယ့် သူ့ရဲ့ဖိအားတွေဟာ တောင်လိုပဲကြီးမ...
2.5M 325K 92
Title....Second merriage of a wealthy old man မူရင်းအော်သာ....Tangerine Boat(Cannon folder cheat system ရေးတဲ့ အာသာပါ) မူရင်းက 86 ပိုင်းပါ Extra က 2ပ...
112K 9.2K 200
လူတိုင်းသိကြလောက်မဲ့ စာစဥ်လေးဆိုတော့ review မရေးတော့ဘူးနော်။ ဘာသာပြန်သူ - ဆူးရှင်းနွေး