Unicode
၉၈၉။ Mကောင်ဖြစ်ရမယ်
_____________
အဆုံးတွင်မူ ဒီနေရာကနေထွက်သွားဖို့ နဉ်ရှု ဆုံးဖြတ်လိုက်ဆဲဖြစ်သည်။ မြို့တော်က ကျွမ်းသန္တာလန်နေပြီ။ အစောင့်စစ်သည်တွေက ရွှမ်ဟုန်ယွီ့ကို မြို့ထဲမှာရှာရုံတင်မကတော့ဘဲ မြို့ပြင်မှာပါ စရှာနေကြပြီ။
ရွှမ်ရှောင်ထျန်းက ရွှမ်ဟုန်ယွီ့ကိုဖမ်းဖို့ ဆုံးဖြတ်ချက်ချထားတာ အသိသာကြီးပဲ။ ဒီတစ်ခေါက်တော့ ရွှမ်ဟုန်ယွီက တကယ်ကြီး သူ့အနာကိုဓားနဲ့သွားထိုးခဲ့တာ။
သူမတို့သာထွက်မသွားရင် နောက်ဆုံးမှာ အဖမ်းခံရလိမ့်မယ်။
သို့သော်ငြား နဉ်ရှုကို လဲကျချင်စိတ်ပေါက်သွားစေရသည့်ကိစ္စကတော့ ရွှမ်ဟုန်ယွီက ထွက်သွားဖို့ငြင်းဆန်နေတဲ့ကိစ္စပဲဖြစ်သည်။ လက်ရှိရွှမ်ဟုန်ယွီက သူက သေတာရှင်တာကိုဂရုမစိုက်တော့ဘူး၊ ဘာဆိုဘာကိုမှ ဂရုမစိုက်တော့ဘူးဆိုတဲ့ခံစားချက်ကို နဉ်ရှုအားပေးစွမ်းသည်။ သူ့ပုံစံက သူမကို ဒေါသထွက်ကာ သွားတွေကျိန်းလာစေသည်။
နဉ်ရှုကား ရတက်မအေးသောကပွေနေရ၏။ ကောလိပ်ဝင်ခွင့်စာမေးပွဲမေးခွန်းတွေကို လေ့ကျင့်တာကပင် သူမကို မတည်ငြိမ်စေနိုင်တော့။ ရွှမ်ဟုန်ယွီတစ်ယောက် စိတ်အေးလက်အေးနဲ့လျှောက်သွားနေတာကို သူမ ကြည့်နေမိသည်။ သူက ထွက်သွားဖို့ငြင်းနေမှတော့ သူမ အားသုံးရုံပဲရှိတော့တယ်။
သူမရဲ့တာဝန်အတွက် သူမ အားသုံးဖို့ဆုံးဖြတ်လိုက်သည်။ ဒီတာဝန်အတွက်သာမဟုတ်ရင် ရွှမ်ဟုန်ယွီ ဘယ်ပုံဘယ်နည်းသေတွင်းတူးတယ်ဆိုတာကို သေချာပေါက် အပြုံးလေးနဲ့ပဲကြည့်နေမိမှာ။
သူမက သူမရဲ့အင်္ကျီရင်ဘတ်ထဲကအိတ်ကပ်ထဲမှာထည့်ထားတဲ့ ဆေးမှုန့်အထုပ်လေးကို ထိလိုက်ပြီးနောက် အေးစက်စွာပြုံးလေ၏။
လရောင်အောက်မှာ နဉ်ရှုတစ်ယောက် မြင်းလှည်းကို လမ်းပေါ်တွင် အပြင်းနှင်နေသည်။ သူမက စေတနာနဲ့ဆုံးဖြတ်ပေးတာပါ။
နဉ်ရှုက လိုက်ကာစကိုမကာ မြင်းလှည်းထဲတွင်အိပ်ပျော်နေကြသည့် ရွှမ်ဟုန်ယွီနှင့်ရွှမ်မြဲ့ရှောင်တို့ကို ကြည့်လိုက်သည်။ သူက လူတွေ သူ့ကိုစကားနဲ့ပြောတာကို လက်မခံဘဲ အားသုံးရအောင်လုပ်တယ်။
သူက Mကောင်ဖြစ်ရမယ်။
နဉ်ရှုက တစ်ညလုံး နည်းနည်းလေးမှမအိပ်ဘဲ မြင်းလှည်းကို ရှေ့သာဆက်မောင်းနေခဲ့၏။ မြို့ကနေ ဝေးနိုင်သမျှဝေးဝေးသွားတာအကောင်းဆုံးလို့ သူမ တွေးနေခဲ့သည်။
မိုးသောက်ချိန်ရောက်လာတဲ့အခါ နဉ်ရှုက မြင်းကို ခဏအနားပေးဖို့ ရပ်လိုက်သည်။ သူမက မနက်စာချက်ဖို့ မီးစဖိုသည်။
"ဒါ...ဒါ ဘယ်နေရာတုန်း?"
ရွှမ်ဟုန်ယွီက မြင်းလှည်းထဲကနေဆင်းလာသည်။ သူ ဆင်းလာချိန်မှာ သူ့ခေါင်းနဲ့မြင်းလှည်းအမိုးနဲ့တိုက်မိသည်။ သူ ဒယီးဒယိုင်ဖြစ်သွားပြီး အခုထိမူးနောက်နောက်ဖြစ်နေသေးဟန်နှင့် နဖူးကိုပွတ်သည်။ သူက ဘေးဘီကိုကြည့်လိုက်ပြီးနောက် နဉ်ရှုကို မေးခွန်းထုတ်သည်။
"ဆယ့်တစ်၊ မင်း ဘာတွေလုပ်နေတာလဲ?"
"မင်းက မင်းသခင်ကို မလေးမစားလုပ်နေတာပဲ။"
ရွှမ်ဟုန်ယွီက နဉ်ရှုကို အေးစက်စွာကြည့်သည်။ သူ့မျက်လုံးတွေက လူသတ်ချင်စိတ်တို့ဖြင့် အနည်းငယ်ကျဉ်းမြောင်းနေခဲ့၏။
"ဒီငယ်သားက သခင့်လုံခြုံမှုကို စဉ်းစားတာပါ သခင်။ လူတချို့က အခြေစိုက်စခန်းပတ်ဝန်းကျင်ကို စပြီးရှာဖွေနေကြပြီ။ ကျွန်မတို့ ထွက်မသွားရင် သေချာပေါက် အဖမ်းခံရလိမ့်မယ်။"
နဉ်ရှုက ရှင်းပြသည်။ သူမတို့က နှစ်ယောက်တည်းပေမယ့် ရွှမ်ရှောင်ထျန်းမှာက စစ်တပ်ကြီးတစ်တပ်လုံးရှိနေတယ်။ ထိပ်တိုက်ရင်ဆိုင်ရင် သူမတို့က ဘယ်လိုလုပ် နိုင်နိုင်မှာတုန်း?
ရွှမ်ဟုန်ယွီက သူ့အသက်ကို ဂရုမစိုက်ပေမယ့် သူမကတော့ ရွှမ်ဟုန်ယွီအသက်ရှင်နေအောင်လုပ်ရမယ်။ သူမသာ တာဝန်မပြီးရင် ဖယ်ထုတ်ခံရလိမ့်မယ်။
လီး၊ မနားတမ်းသေတွင်းတူးနေတဲ့လူတစ်ယောက်ကို ကာကွယ်ရတာက တကယ်ကို စိတ်မချမ်းသာစရာပဲ။
ရွှမ်ဟုန်ယွီက နဉ်ရှုကို အေးစက်စွာကြည့်သည်။ သူက သူမဆီလျှောက်လာပြီးနောက် ပြောလေ၏။
"ဒီမင်းသား ရေဆာတယ်။ ငါ့ကို ရေတစ်ခွက်ထည့်ပေး။"
နဉ်ရှုက ပန်းကန်ယူဖို့ မြင်းလှည်းထဲဝင်လိုက်ပြီးနောက် ရေအိတ်ထဲကနေ ရေနည်းနည်းလောင်းထည့်ကာ ရွှမ်ဟုန်ယွီ့ကိုပေးသည်။ ရွှမ်ဟုန်ယွီက ရေပန်းကန်ကိုယူဖို့ လက်ဆန့်လိုက်ပေမယ့် သူ့လက်ကိုသတိထားမိသည်၌ ရပ်တန့်သွားတော့၏။ သူက သူ့လက်ကို အလန့်တကြားစိုက်ကြည့်နေခဲ့သည်။
ရွှမ်ဟုန်ယွီ့ရဲ့ကျောက်စိမ်းလိုလှပတဲ့လက်က အဝါရောင်ပြည်တွေရွှဲနေတဲ့ဘဲဥသဏ္ဍာန်အနာတွေနဲ့ဖုံးနေသည်။
ရွှမ်ဟုန်ယွီ ကြက်သေ,သေသွားသည်။ သူက စစ်ဆေးကြည့်ဖို့ သူ့လက်ကို လှန်လိုက်သည်။ တစ်ညတည်းနဲ့ သူ ဘယ်လိုလုပ် ဒီလိုဖြစ်သွားတာလဲ? သူ သူ့မျက်နှာကိုထိလိုက်မိပြီး အဲ့အရာတွေက သူ့မျက်နှာပေါ်မှာလည်းရှိနေတာကို သိလိုက်ရသည်။
"ဒါ- ဒါ ဘာတွေလဲ?"
ရွှမ်ဟုန်ယွီကားဝေခွဲမရဖြစ်နေကာတုန်လှုပ်လို့နေ၏။
နဉ်ရှုရဲ့မျက်နှာက ဝမ်းနည်းမှုတွေနဲ့ပြည့်နေသည်။ သူမက ပါးစပ်ဟလိုက်သော်ငြား တုန့်ဆိုင်းနေခဲ့၏။ အဆုံးတွင်တော့ သူမက ပြောလာသည်။
"သခင်၊ သခင် အနာကြီးရောဂါ ကူးစက်ခံလိုက်ရတာပါ။"
"ဒါမဖြစ်နိုင်ဘူး!"
ရွှမ်ဟုန်ယွီက အလေးအနက်ပင်ပြန်ချေပလာသည်။
"ဒါ မဖြစ်နိုင်ဘူး၊ ငါက ဘယ်လိုလုပ် အနာကြီးရောဂါရနိုင်မှာလဲ?"
ရွှမ်ဟုန်ယွီက နဉ်ရှုကိုကြည့်လာသည်။
"မင်း ငါ့ကို ဘာလုပ်လိုက်တာလဲ?"
"ဒီငယ်သား မလုပ်ပါဘူး။"
နဉ်ရှုက တုန့်ဆိုင်းစွာဖြင့်ခေါင်းယမ်းသည်။
"ဒီငယ်သားက သခင့်စားစရာထဲကို အိပ်ဆေးနည်းနည်းပဲထည့်ခဲ့တာပါ။ သခင် ဘယ်လိုလုပ်ဒီလိုဖြစ်သွားတယ်ဆိုတာ ဒီငယ်သား မသိပါဘူး။ သခင်၊ သခင် ထူးဆန်းတာတစ်ခုခုများစားမိသေးလား?"
နဉ်ရှုရဲ့မျက်နှာကား စစ်မှန်သောလေးစားမှုတို့ဖြင့်ပြည့်နေ၏။
"ကျွန်မတို့ နောက်တစ်မြို့ကိုရောက်ရင် ကြည့်ပေးဖို့ သမားတော်ရှာကြရအောင်ပါ သခင်။"
...
Zawgyi
၉၈၉။ Mေကာင္ျဖစ္ရမယ္
_____________
အဆံုးတြင္မူ ဒီေနရာကေနထြက္သြားဖို႔ နဉ္ရႈ ဆံုးျဖတ္လိုက္ဆဲျဖစ္သည္။ ၿမိဳ႔ေတာ္က ကြၽမ္းသႏၲာလန္ေနၿပီ။ အေစာင့္စစ္သည္ေတြက ရႊမ္ဟုန္ယြီ႔ကို ၿမိဳ႔ထဲမွာရွာရံုတင္မကေတာ့ဘဲ ၿမိဳ႔ျပင္မွာပါ စရွာေနၾကၿပီ။
ရႊမ္ေရွာင္ထ်န္းက ရႊမ္ဟုန္ယြီ႔ကိုဖမ္းဖို႔ ဆံုးျဖတ္ခ်က္ခ်ထားတာ အသိသာႀကီးပဲ။ ဒီတစ္ေခါက္ေတာ့ ရႊမ္ဟုန္ယြီက တကယ္ႀကီး သူ႔အနာကိုဓားနဲ႔သြားထိုးခဲ့တာ။
သူမတို႔သာထြက္မသြားရင္ ေနာက္ဆံုးမွာ အဖမ္းခံရလိမ့္မယ္။
သို႔ေသာ္ျငား နဉ္ရႈကို လဲက်ခ်င္စိတ္ေပါက္သြားေစရသၫ့္ကိစၥကေတာ့ ရႊမ္ဟုန္ယြီက ထြက္သြားဖို႔ျငင္းဆန္ေနတဲ့ကိစၥပဲျဖစ္သည္။ လက္ရိွရႊမ္ဟုန္ယြီက သူက ေသတာရွင္တာကိုဂရုမစိုက္ေတာ့ဘူး၊ ဘာဆိုဘာကိုမွ ဂရုမစိုက္ေတာ့ဘူးဆိုတဲ့ခံစားခ်က္ကို နဉ္ရႈအားေပးစြမ္းသည္။ သူ႔ပံုစံက သူမကို ေဒါသထြက္ကာ သြားေတြက်ိန္းလာေစသည္။
နဉ္ရႈကား ရတက္မေအးေသာကေပြေနရ၏။ ေကာလိပ္ဝင္ခြင့္စာေမးပြဲေမးခြန္းေတြကို ေလ့က်င့္တာကပင္ သူမကို မတည္ၿငိမ္ေစႏိုင္ေတာ့။ ရႊမ္ဟုန္ယြီတစ္ေယာက္ စိတ္ေအးလက္ေအးနဲ႔ေလ်ွာက္သြားေနတာကို သူမ ၾကၫ့္ေနမိသည္။ သူက ထြက္သြားဖို႔ျငင္းေနမွေတာ့ သူမ အားသံုးရံုပဲရိွေတာ့တယ္။
သူမရဲ့တာဝန္အတြက္ သူမ အားသံုးဖို႔ဆံုးျဖတ္လိုက္သည္။ ဒီတာဝန္အတြက္သာမဟုတ္ရင္ ရႊမ္ဟုန္ယြီ ဘယ္ပံုဘယ္နည္းေသတြင္းတူးတယ္ဆိုတာကို ေသခ်ာေပါက္ အၿပံဳးေလးနဲ႔ပဲၾကၫ့္ေနမိမွာ။
သူမက သူမရဲ့အက်ႌရင္ဘတ္ထဲကအိတ္ကပ္ထဲမွာထၫ့္ထားတဲ့ ေဆးမႈန႔္အထုပ္ေလးကို ထိလိုက္ၿပီးေနာက္ ေအးစက္စြာၿပံဳးေလ၏။
လေရာင္ေအာက္မွာ နဉ္ရႈတစ္ေယာက္ ျမင္းလွည္းကို လမ္းေပၚတြင္ အျပင္းႏွင္ေနသည္။ သူမက ေစတနာနဲ႔ဆံုးျဖတ္ေပးတာပါ။
နဉ္ရႈက လိုက္ကာစကိုမကာ ျမင္းလွည္းထဲတြင္အိပ္ေပ်ာ္ေနၾကသၫ့္ ရႊမ္ဟုန္ယြီႏွင့္ရႊမ္ၿမဲ့ေရွာင္တို႔ကို ၾကၫ့္လိုက္သည္။ သူက လူေတြ သူ႔ကိုစကားနဲ႔ေျပာတာကို လက္မခံဘဲ အားသံုးရေအာင္လုပ္တယ္။
သူက Mေကာင္ျဖစ္ရမယ္။
နဉ္ရႈက တစ္ညလံုး နည္းနည္းေလးမွမအိပ္ဘဲ ျမင္းလွည္းကို ေရ႔ွသာဆက္ေမာင္းေနခဲ့၏။ ၿမိဳ႔ကေန ေဝးႏိုင္သမ်ွေဝးေဝးသြားတာအေကာင္းဆံုးလို႔ သူမ ေတြးေနခဲ့သည္။
မိုးေသာက္ခ်ိန္ေရာက္လာတဲ့အခါ နဉ္ရႈက ျမင္းကို ခဏအနားေပးဖို႔ ရပ္လိုက္သည္။ သူမက မနက္စာခ်က္ဖို႔ မီးစဖိုသည္။
"ဒါ...ဒါ ဘယ္ေနရာတုန္း?"
ရႊမ္ဟုန္ယြီက ျမင္းလွည္းထဲကေနဆင္းလာသည္။ သူ ဆင္းလာခ်ိန္မွာ သူ႔ေခါင္းနဲ႔ျမင္းလွည္းအမိုးနဲ႔တိုက္မိသည္။ သူ ဒယီးဒယိုင္ျဖစ္သြားၿပီး အခုထိမူးေနာက္ေနာက္ျဖစ္ေနေသးဟန္ႏွင့္ နဖူးကိုပြတ္သည္။ သူက ေဘးဘီကိုၾကၫ့္လိုက္ၿပီးေနာက္ နဉ္ရႈကို ေမးခြန္းထုတ္သည္။
"ဆယ့္တစ္၊ မင္း ဘာေတြလုပ္ေနတာလဲ?"
"မင္းက မင္းသခင္ကို မေလးမစားလုပ္ေနတာပဲ။"
ရႊမ္ဟုန္ယြီက နဉ္ရႈကို ေအးစက္စြာၾကၫ့္သည္။ သူ႔မ်က္လံုးေတြက လူသတ္ခ်င္စိတ္တို႔ျဖင့္ အနည္းငယ္က်ဉ္းေျမာင္းေနခဲ့၏။
"ဒီငယ္သားက သခင့္လံုၿခံဳမႈကို စဉ္းစားတာပါ သခင္။ လူတခ်ိဳ႕က အေျခစိုက္စခန္းပတ္ဝန္းက်င္ကို စၿပီးရွာေဖြေနၾကၿပီ။ ကြၽန္မတို႔ ထြက္မသြားရင္ ေသခ်ာေပါက္ အဖမ္းခံရလိမ့္မယ္။"
နဉ္ရႈက ရွင္းျပသည္။ သူမတို႔က ႏွစ္ေယာက္တည္းေပမယ့္ ရႊမ္ေရွာင္ထ်န္းမွာက စစ္တပ္ႀကီးတစ္တပ္လံုးရိွေနတယ္။ ထိပ္တိုက္ရင္ဆိုင္ရင္ သူမတို႔က ဘယ္လိုလုပ္ ႏိုင္ႏိုင္မွာတုန္း?
ရႊမ္ဟုန္ယြီက သူ႔အသက္ကို ဂရုမစိုက္ေပမယ့္ သူမကေတာ့ ရႊမ္ဟုန္ယြီအသက္ရွင္ေနေအာင္လုပ္ရမယ္။ သူမသာ တာဝန္မၿပီးရင္ ဖယ္ထုတ္ခံရလိမ့္မယ္။
လီး၊ မနားတမ္းေသတြင္းတူးေနတဲ့လူတစ္ေယာက္ကို ကာကြယ္ရတာက တကယ္ကို စိတ္မခ်မ္းသာစရာပဲ။
ရႊမ္ဟုန္ယြီက နဉ္ရႈကို ေအးစက္စြာၾကၫ့္သည္။ သူက သူမဆီေလ်ွာက္လာၿပီးေနာက္ ေျပာေလ၏။
"ဒီမင္းသား ေရဆာတယ္။ ငါ့ကို ေရတစ္ခြက္ထၫ့္ေပး။"
နဉ္ရႈက ပန္းကန္ယူဖို႔ ျမင္းလွည္းထဲဝင္လိုက္ၿပီးေနာက္ ေရအိတ္ထဲကေန ေရနည္းနည္းေလာင္းထၫ့္ကာ ရႊမ္ဟုန္ယြီ႔ကိုေပးသည္။ ရႊမ္ဟုန္ယြီက ေရပန္းကန္ကိုယူဖို႔ လက္ဆန႔္လိုက္ေပမယ့္ သူ႔လက္ကိုသတိထားမိသည္၌ ရပ္တန႔္သြားေတာ့၏။ သူက သူ႔လက္ကို အလန႔္တၾကားစိုက္ၾကၫ့္ေနခဲ့သည္။
ရႊမ္ဟုန္ယြီ႔ရဲ့ေက်ာက္စိမ္းလိုလွပတဲ့လက္က အဝါေရာင္ျပည္ေတြရႊဲေနတဲ့ဘဲဥသ႑ာန္အနာေတြနဲ႔ဖံုးေနသည္။
ရႊမ္ဟုန္ယြီ ၾကက္ေသ,ေသသြားသည္။ သူက စစ္ေဆးၾကၫ့္ဖို႔ သူ႔လက္ကို လွန္လိုက္သည္။ တစ္ညတည္းနဲ႔ သူ ဘယ္လိုလုပ္ ဒီလိုျဖစ္သြားတာလဲ? သူ သူ႔မ်က္ႏွာကိုထိလိုက္မိၿပီး အဲ့အရာေတြက သူ႔မ်က္ႏွာေပၚမွာလည္းရိွေနတာကို သိလိုက္ရသည္။
"ဒါ- ဒါ ဘာေတြလဲ?"
ရႊမ္ဟုန္ယြီကားေဝခြဲမရျဖစ္ေနကာတုန္လႈပ္လို႔ေန၏။
နဉ္ရႈရဲ့မ်က္ႏွာက ဝမ္းနည္းမႈေတြနဲ႔ျပၫ့္ေနသည္။ သူမက ပါးစပ္ဟလိုက္ေသာ္ျငား တုန႔္ဆိုင္းေနခဲ့၏။ အဆံုးတြင္ေတာ့ သူမက ေျပာလာသည္။
"သခင္၊ သခင္ အနာႀကီးေရာဂါ ကူးစက္ခံလိုက္ရတာပါ။"
"ဒါမျဖစ္ႏိုင္ဘူး!"
ရႊမ္ဟုန္ယြီက အေလးအနက္ပင္ျပန္ေခ်ပလာသည္။
"ဒါ မျဖစ္ႏိုင္ဘူး၊ ငါက ဘယ္လိုလုပ္ အနာႀကီးေရာဂါရႏိုင္မွာလဲ?"
ရႊမ္ဟုန္ယြီက နဉ္ရႈကိုၾကၫ့္လာသည္။
"မင္း ငါ့ကို ဘာလုပ္လိုက္တာလဲ?"
"ဒီငယ္သား မလုပ္ပါဘူး။"
နဉ္ရႈက တုန႔္ဆိုင္းစြာျဖင့္ေခါင္းယမ္းသည္။
"ဒီငယ္သားက သခင့္စားစရာထဲကို အိပ္ေဆးနည္းနည္းပဲထၫ့္ခဲ့တာပါ။ သခင္ ဘယ္လိုလုပ္ဒီလိုျဖစ္သြားတယ္ဆိုတာ ဒီငယ္သား မသိပါဘူး။ သခင္၊ သခင္ ထူးဆန္းတာတစ္ခုခုမ်ားစားမိေသးလား?"
နဉ္ရႈရဲ့မ်က္ႏွာကား စစ္မွန္ေသာေလးစားမႈတို႔ျဖင့္ျပၫ့္ေန၏။
"ကြၽန္မတို႔ ေနာက္တစ္ၿမိဳ႔ကိုေရာက္ရင္ ၾကၫ့္ေပးဖို႔ သမားေတာ္ရွာၾကရေအာင္ပါ သခင္။"
...