Zawgyi ver..
ေမွာ္ေရကန္မွ ေရတစ္ဝက္တိတိ
႐ွယ္ခ်ိဳ၊ ေဟးခ်ိဳႏွင့္ ေမာင္ခ်ိဳတို႔သည္ လူသားအသြင္ျဖင့္ တင္ပလႅင္ခ်ိတ္ထိုင္ကာ ေမွာ္ေရကန္အနီး တရားက်င့္ၾကံေနၾကေလသည္ ။
ယူေ႐ွာင္မို႔နယ္ေျမအတြင္း႐ွိ ေလထုထဲတြင္ ယခင္ေက်ာင္းခြဲႏွစ္က အေဆာင္ကေလာက္ စိတ္စြမ္းမင္ပမာဏ သိပ္သည္းစြာမပါဝင္ေသာ္လည္း ေမွာ္ေရကန္မွ စိတ္စြမ္းအင္အရည္မ်ား၏ အကူအညီျဖင့္ ၎တို႔၏ အဆင့္တက္ႏႈန္းမွာ သိပ္ေတာ့မေႏွးေကြးလွေပ၊ ထို႔ေၾကာင့္ အခ်ိန္ျပည့္ ေဆာ့ကစားေနတတ္ေသာ ဖီခ်ိဳႏွင့္ ေၾကာင္ေဘာလံုးတို႔မွလြဲ၍ အျခားသူမ်ားသည္ အခ်ိန္႐ွိခိုက္လံု႔လစိုက္ကာ အားႀကိဳးမာန္တက္ က်င့္ၾကံၾကေပသည္ ။
ယူေ႐ွာင္မို ေမွာ္ေဆးပင္စိုက္ခင္းမ်ားထဲသို႔ ေလ်ွာက္သြားကာ ေရႊေတာင္ပံအင္းစက္စံုတြဲအား အေသအခ်ာ စစ္ေဆးၾကည့္႐ႈလိုက္သည္၊ အသြင္ေျပာင္းလဲျခင္း ဒုတိယအဆင့္သို႔ ေရာက္႐ွိေနၿပီျဖစ္ေသာ ပိုးေကာင္စံုတြဲသည္ ျပသနာတစ္စံုတစ္ရာမ႐ွိပဲ အဆင္ေျပေနပံုေပၚသည္၊ ထို႔ေၾကာင့္ ယူေ႐ွာင္မိုတစ္ဖက္လွည့္၍ စိုက္ခင္းမ်ားအၾကား ေျပးလႊားေဆာ့ကစားေနေသာ ဖီခ်ိဳႏွင့္ေၾကာင္ေဘာလံုးတို႔အား အမိအရ လွမ္းဖမ္းခ်ဳပ္လိုက္သည္ ။
ထို႔ေနာက္ ထိုႏွစ္ေကာင္အား မ်က္ႏွာခ်င္းဆိုင္အေနအထားေရာက္သည္အထိ ဆြဲေျမႇာက္ကာ စကားဆိုလိုက္ေလ၏ ။
" မင္းတို႔ႏွစ္ေကာင္ သခင္ျဖစ္တဲ့ငါ့ကို စကားေလးအနည္းငယ္ေျပာခြင့္ျပဳပါဦး၊ မင္းတို႔ေ႐ွ႕ေလ်ွာက္ ဒီအတိုင္းဆက္ပီး မေလ့က်င့္ဘဲေနမယ္ဆိုရင္ ႏွစ္ေကာင္စလံုးကို ေလွာင္ခ်ိဳင့္ထဲထည့္ၿပီး ေနာက္လတစ္လလံုး ပိတ္ထားပစ္လိုက္မယ္၊ အဲဒါဆို တျခားသူေတြလဲ အရမ္း အရမ္းကို မ်က္စိေနာက္သက္သာသြားၾကမွာ ေသခ်ာတယ္ "
ထိုစကားအား ၾကားၿပီးေသာအခါ ဖီခ်ိဳတစ္ေယာက္ အလြန္စိုးရိမ္ ထိတ္လန္႔သြားပံုရၿပီး ယူေ႐ွာင္မို၏လက္ညႇိဳးအား သူ၏အေမြးပြပြ လက္ႏွစ္ေခ်ာင္းျဖင့္ဖက္ရင္း အသနားခံေလေတာ့သည္ ။
" ေတာင္း.. ေတာင္းပန္ပါတယ္ သခင္ေလးရယ္ "
ဖီခ်ိဳလုပ္သမ်ွအား ေၾကာင္ေဘာလံုးမွ လိုက္အတုခိုးခ်၏ ။
" ေျမာင္~ "
ယူေ႐ွာင္မို မလႈပ္မယွက္သာ ရပ္ေနသည္ ။
" မင္းတို႔ႏွစ္ေကာင္ အဲ့လိုလုပ္ျပတိုင္း ငါ့ဘက္ကအေလ်ွာ့ေပးလိမ့္မယ္မထင္နဲ႔၊ အခုဘာဆက္လုပ္မွာလဲ ေျပာစမ္း "
မ်က္စိေ႐ွ႕႐ွိ သနားစဖြယ္သတၱဝါႏွစ္ေကာင္မွာ ေခါင္းငိုက္စိုက္ခ်ကာ အ႐ွံုးေပးလိုက္ရေတာ့သည္ ။
ယူေ႐ွာင္မို စိတ္ေက်နပ္စြာျဖင့္ ၎တို႔ႏွစ္ေကာင္အား ေအာက္သို႔ ခ်ေပးလိုက္ေလသည္ ။
" အခုသြား.. ေရကန္ေဘးကိုသြားၿပီး တရားက်င့္ေန၊ တာဝန္က်တဲ့အခ်ိန္မွမဟုတ္ရင္ အဲဒီနားကတစ္လွမ္းမွမခြာနဲ႔၊ မင္းတို႔သာလိမ္လိမ္မာမာေနမယ္ဆိုရင္ အားလပ္ရက္တစ္ရက္ေတာ့ေပးမယ္ "
ေန႔တိုင္းအားလပ္ရက္ျဖစ္ေနေသာ ဖီခ်ိဳတို႔ႏွစ္ေကာင္အဖို႔ အားလပ္ရက္တစ္ရက္ဆိုသည္မွာ ဘာမွမဟုတ္ေပ ။
ထိုအေၾကာင္းအားရိပ္မိပံုရေသာ ယူေ႐ွာင္မိုမွ ခပ္တည္တည္ႏွင့္ ဆက္ေျပာလိုက္သည္ ။
" အားလပ္ရက္မလိုခ်င္ဘူးဆိုေတာ့လည္း ေမ့လိုက္ၾကတာေပါ့၊ ငါကသေဘာေကာင္းၿပီး လိုက္ေလ်ာတတ္တဲ့သခင္တစ္ေယာက္ပါ၊ မင္းတို႔ဆံုးျဖတ္ခ်က္ကို ေလးစားေပးမွာပါ.. "
ထိုစကားအားၾကားေသာအခါ ဖီခ်ိဳႏွင့္ ေၾကာင္ေဘာလံုးတို႔ မ်က္ရည္လည္ရြဲျဖင့္ ယူေ႐ွာင္မိုေျခေထာက္အား ေျပးဖက္ၾကေတာ့သည္၊ သို႔ေသာ္လည္း ယူေ႐ွာင္မို ၎တို႔အား လ်စ္လ်ဴ႐ႈကာ ေမွာ္ေရကန္နားသို႔သာ ဆက္ေလ်ွာက္သြားလိုက္သည္၊ အႏွီဥအထူးအဆန္းသည္ ေမွာ္ေရကန္အလယ္၌ ၿငိမ္သက္စြာ႐ွိေနၿပီး မည္သည့္တံု႔ျပန္မႈကိုမွမျပဟု ဖီခ်ိဳတို႔ထံမွ ျပန္ၾကားရသည္၊ ထို႔ေၾကာင့္ အႏွီဥ ေသမ်ားေသသြားၿပီေလာဟု ယူေ႐ွာင္မို စစ္ေဆးအကဲခတ္ခ်င္ေနမိသည္ ။
စဥ္းစားေလ စဥ္းစားေလ သိခ်င္လာေလျဖစ္လာေသာေၾကာင့္ ယူေ႐ွာင္မိုဆက္သည္းမခံႏိုင္ေတာ့ပါေခ်၊ ထို႔ေၾကာင့္ သူ႔ေျခေထာက္အား ခိုစီး၍လိုက္ပါလာေသာ ဖီခ်ိဳအား ငံု႔ၾကည့္၍ ခပ္ျမန္ျမန္ ေစခိုင္းလိုက္သည္ ။
" ဖီခ်ိဳ သြား.. အဲဒီဥကို ျမန္ျမန္သြား ဆယ္ထုတ္လာခဲ့! "
" ဝုဖ္? " (ဘာလို႔က်ြန္ေတာ္လဲ?)
ယူေ႐ွာင္မို ဖီခ်ိဳ႕ေခါင္းအား လက္ဆစ္ျဖင့္ ေခါက္ခ်လိုက္သည္ ။
" စကားကိုလူလိုေျပာ! "
ဖီခ်ိဳမွ ေၾကာက္ေလာက္လန္႔လန္႔ျဖင့္ ခ်က္ခ်င္းျပန္ေျဖရသည္ ။
" ကြၽန္ေတာ္အခုသြားပါ့မယ္လို႔.. "
ေၾကာင္ေဘာလံုးမွ ဖီခ်ိဳအား မ်က္လံုးျပဴး၍ၾကည့္ေနသည္၊ ေစာေစာကေျပာတာ အဲ့လိုမဟုတ္ဘူးေလ ဘဒို!? ။
ဖီခ်ိဳမွာမူ ထိုသို႔ေျပာၿပီးၿပီးခ်င္း လူသားအသြင္ေျပာင္းကာ ဖင္ေျပာင္ေလးျဖင့္ ေရကန္နားသို႔ ကပ္သြားေလၿပီ၊ ေရကန္ထဲသို႔ ခုန္ဆင္းေတာ့မည့္အခ်ိန္တြင္ ႐ုတ္တရက္ ေရကန္အတြင္း၌ တစ္စံုတစ္ရာက လႈပ္႐ွားလာပံုရၿပီး ေမွာ္ေရမ်ားလည္း တျဖည္းျဖည္းေရြ႔လ်ားလာကာ ေရဝဲႀကီးတစ္ခု ျဖစ္ေပၚလာေလေတာ့၏ ။
ထိုအခ်င္းအရာေၾကာင့္ ႐ွယ္ခ်ိဳႏွင့္ အျခားသူမ်ား တရားက်င့္ၾကံေနရာမွ မ်က္လံုးမ်ားပြင့္လာကာ ေရကန္အတြင္း႐ွိ ထူးဆန္းေထြလာအျဖစ္အပ်က္အား ေၾကာင္ၾကည့္ေနမိျကသည္ ။
႐ွယ္ခ်ိဳမွ ထေမးလိုက္သည္ ။
" ဘာေတြျဖစ္ေနတာလဲ? "
မ်က္စိလ်င္ေသာ ေ႐ွာင္ေဟးမွ ျပန္ေျဖ၏ ။
" ငါ့အထင္ေတာ့ ေရကန္ထဲက ဟိုဥေၾကာင့္ပဲျဖစ္မယ္! "
၎တို႔၏ေျပာဆိုသံမ်ားအား ၾကားၿပီးေနာက္ ယူေ႐ွာင္မို ေရကန္အတြင္းသို႔ သိလိုစိတ္ျပင္းျပစြာ စူးစမ္းၾကည့္လိုက္မိသည္၊ ေရကန္အတြင္းမွ ထိုဥအား မဆယ္ရေသးသည္ကိုလည္း ေတြးမိကာ ေနာင္တရမိသြား၏၊ ေရဝဲႀကီး ငါးမိနစ္ခန္႔ လည္ပတ္ေနၿပီးေနာက္ ေရကန္အတြင္းမွ ေမွာ္ေရမ်ား တျဖည္းျဖည္း ေလ်ာ့နည္းလာသည္ကို ေတြ႕ျမင္ရသည္၊ နဂိုက ေရမ်က္ႏွာျပင္သည္ ကန္ေဘာင္မွေန၍စတိုင္းလ်ွင္ ႏွစ္ဆယ္ သံုးဆယ္စင္တီခန္႔သာ ေလ်ာ့နည္းေနခဲ့ေသာ္လည္း ယခုမူ မီတာဝက္အထိ နိမ့္ဆင္းသြားသည္ကို ထိတ္လန္႔တုန္လႈပ္စြာ ေတြ႔ျမင္လိုက္ရေလ၏ ။
ထိုျမင္ကြင္းေၾကာင့္ ယူေ႐ွာင္မို ၾကက္ေသေသေနမိသည္ ။
ဖီခ်ိဳႏွင့္ ေၾကာင္ေဘာလံုးတို႔သည္လည္း မ်က္လံုးမ်ား ျပဴးက်ယ္လ်က္.. ။
႐ွယ္ခ်ိဳႏွင့္ အျခားႏွစ္ေကာင္တို႔သာ မတုန္မလႈပ္ပဲ ႐ွိေနၾကသည္၊ ၎တို႔အတြက္မွာမူ ေကာင္းကင္ႀကီး ႐ုတ္တရက္ ၿပိဳက်လာလ်ွင္ေတာင္ အံ့ျသမည့္အရိပ္အေယာင္ တစ္စက္မ်ွမ႐ွိေပ၊ ဤနယ္ေျမအတြင္း၌ ေကာင္းကင္ၿပိဳက်လာစရာ အေၾကာင္းမ႐ွိေသာ္ျငား တကယ္ၿပိဳက်လာလ်ွင္လည္း တုန္လႈပ္ၾကလိမ့္မည္မဟုတ္ေပ ။
" ျမန္ျမန္သြားေလ! ျမန္ျမန္ သြားဆယ္လာခဲ့! "
ယူေ႐ွာင္မို ေနာက္ဆံုးေတာ့ အသိဝင္လာခဲ့ၿပီျဖစ္ကာ ဖီခ်ိဳအား အမိန္႔ေပးေတာ့သည္၊ ဤအတိုင္းသာ ဆက္လႊတ္ထားပါက ေရကန္အတြင္း႐ွိ စိတ္စြမ္းအင္အရည္မ်ား အားလံုးခမ္းကုန္ေတာ့မည္ျဖစ္၏၊ ထိုအခါ ယူေ႐ွာင္မိုစိတ္မထိန္းႏိုင္ပဲ ၎ဥအစုတ္အျပတ္အား သတ္မိလိမ့္မည္ျဖစ္သည္ ။
ထိုသို႔ေအာ္ဟစ္ၿပီးခ်ိန္တြင္ ေရကန္အတြင္းမွေရမ်ား ေနာက္ထပ္ မီတာဝက္ခန္႔ ထပ္က်ဆင္းသြားၿပီျဖစ္သည္၊ သို႔ေသာ္ ေတာ္ေသးသည္မွာ အႏွီ ကလည္း ေရမ်ားအား ထပ္မံမစုပ္ယူေတာ့ေပ၊ သို႔ေသာ္ ဤမ်ွ ႀကီးမားလွေသာ ေရကန္မွ စိတ္စြမ္းအင္အရည္မ်ား တစ္ဝက္ခန္႔ ကုန္ဆံုးသြားသည္ေၾကာင့္ ယူေ႐ွာင္မို ရင္နာလွေပသည္၊ စိတ္စြမ္းအင္အရည္မ်ားသည္ တျဖည္းျဖည္းခ်င္း ျပန္လည္ျပည့္တက္လာလိမ့္မည္ ျဖစ္သည္၊ သို႔ေသာ္ ျပန္လည္ျဖည့္တင္းေနေသာအ႐ွိန္သည္ သူတစ္ေန႔သံုးစာ ပမာဏေလာက္ပင္ မ႐ွိေပ ။
ယူေ႐ွာင္မို ဖီခ်ိဳအား ထပ္မံေအာ္ေငါက္လိုက္သည္ ။
" သြားဆယ္လာခဲ့လို႔ ေျပာေနတယ္ေလ! "
ဖီခ်ိဳလည္း ခပ္ျမန္ျမန္သြားဆယ္ေပးလိုက္သည္၊ သူ႔ဘဝတြင္ သခင္ေလး ဤမ်ွစိတ္ဆိုးသည္အား ပထမဆံုးအႀကိမ္ ျမင္ဖူးျခင္းျဖစ္၍ ဘာစကားမ်ွပင္ အထြန္႔မတက္ရဲေတာ့ပဲ အႏွီျပႆနာဥကိုသာ ခပ္ျမန္ျမန္ သြားဆယ္ေပးလိုက္ေလသည္ ။
ယူေ႐ွာင္မို အႏွီဥအား လက္ႏွစ္ဖက္ျဖင့္ ဆုပ္ထားရင္း ေၾကာ္စားရမလား ျပဳတ္စားပစ္ရမလား စဥ္းစားေနေလသည္ ။
သို႔ေသာ္ျငား ေမွာ္ေရကန္မွ စိတ္စြမ္းအင္အရည္တစ္ဝက္ခန္႔ စုပ္ယူခဲ့ၿပီးျဖစ္သျဖင့္ အႏွီဥ၏အေရာင္မွာ ယခင္ကကဲ့သို႔ မြဲမြဲေဖ်ာ့ေဖ်ာ့ျဖစ္မေနေတာ့ေပ၊ ထိုအစား တစ္လက္လက္ေတာက္ပေနေသာ မီးေတာက္အနီေရာင္ကေလးကဲ့သို႔ ေျပာင္းလဲသြားၿပီး အသက္ဓာတ္ ရ႐ွိသြားပံုရကာ တလႈပ္လႈပ္ျဖင့္ ခုန္ေပါက္ေနသည္ကို ေတြ႔႐ွိရေလသည္ ။
႐ွယ္ခ်ိဳမွ ျဖစ္စဥ္အား သေဘာေပါက္သြားပံုရၿပီး စကားစေျပာေလ၏ ။
" ေျသာ္ ဒါကဒီလိုကိုး.. "
" ဘာျဖစ္တာလဲ? "
" ဒီဥက နန္းေတာ္ထဲက စိတ္စြမ္းအင္မ႐ွိတဲ့ပတ္ဝန္းက်င္မွာ အခ်ိန္အၾကာႀကီးေနခဲ့ရတာေလ၊ အဲဒီေတာ့ သူ႔အသက္ဓာတ္ကလည္း အားနည္းေနတာေပါ့၊ အဲဒါေၾကာင့္ပဲ အခုအခ်ိန္ထိ ဘာတံု႔ျပန္မႈမွမျပပဲ ၿငိမ္ေနခဲ့တာျဖစ္လိမ့္မယ္၊ ဒါေပမယ့္ အခုက် ေမွာ္ေရကန္ထဲမွာ တစ္ႏွစ္ခြဲေလာက္ စိမ္ေနခဲ့ရေတာ့ စိတ္စြမ္းအင္အေထာက္အပံ့ေတြအမ်ားႀကီးရၿပီး ျပန္သက္သာလာတာပဲ.. "
" ဒါေပမယ့္ ကန္ထဲကေရေတြကို တစ္ဝက္ေလာက္စုပ္ယူပစ္ဖို႔ မလိုဘူးေလ.. ဟုတ္တယ္မလား "
" သိပ္ေတာ့မေသခ်ာေပမယ့္ သူလံုးဝျပန္ေကာင္းလာဖို႔က စိတ္စြမ္းအင္ေတြ အမ်ားႀကီးလိုအပ္ပံုရတယ္၊ သခင္ေလးကသာ မၾကာမၾကာလာမၾကည့္လို႔မသိတာ၊ ေရကန္ထဲကေရေတြက တစ္ေန႔ကို အစက္တစ္ေထာင္ႏႈန္းေလာက္နဲ႔ ေန႔တိုင္းေလ်ာ့ေနတာ.. "
ယူေ႐ွာင္မို " ... ... "
ဒင္းတို႔ သတိထားမိေပမယ့္ ငါ့ကိုတစ္ေကာင္မွ ျပန္မေျပာခဲ့ၾကဘူးေပါ့!! ။
ယူေ႐ွာင္မို သူ႔လက္ႏွစ္ဖက္အတြင္း႐ွိ ဥအား ကိုင္ေျမႇာက္လိုက္သည္ ။
" ငါဒါကိုညစာလုပ္စားပစ္ဖို႔ တန္ၿပီလား! "
႐ွယ္ခ်ိဳမွ ဆက္ေျပာသည္ ။
" ေရကန္တစ္ဝက္ကိုမစုပ္ယူခင္တုန္းကေတာ့ အဲဒါကို ညစာလုပ္စားလိုက္လဲသိပ္အ႐ွံုးမ႐ွိဘူးေပါ့၊ ဒါေပမယ့္ အခုကမတူေတာ့ဘူးေလ၊ သူ႔ၾကည့္ရတာလည္း သာမန္ အဆင့္ျမင့္ေမွာ္ဝင္သားရဲမ်ိဳးႏြယ္ ဟုတ္ပံုမရဘူး၊ ၿပီးေတာ့.. စိတ္စြမ္းအင္အရည္ ကန္တစ္ဝက္စာေလာက္ကို တစ္ခါတည္းနဲ႔ ညစာလုပ္စားပစ္လိုက္ရင္ ေနာက္က် ရင္နာေနရမယ့္လူက သခင္ေလးပဲမဟုတ္လား "
" အဲဒါလည္းဟုတ္ပါတယ္ေလ.. ဒါေပမယ့္ ဒင္းလုပ္ရပ္ကို ျပန္ေတြးလိုက္ရင္ ငါတကယ္ကို ညစာလုပ္စားပစ္လိုက္ခ်င္တာ! "
ယူေ႐ွာင္မို ထိုသို႔ေျပာလိုက္ေသာအခါ အႏွီဥမွ စတင္လႈပ္႐ွားလာၿပီး သူ႔လက္အေပၚမွ ခုန္ဆင္း၍ ထြက္ေျပးေလေတာ့သည္ ။
ယူေ႐ွာင္မို ေၾကာင္ၾကည့္ေနမိေသာ္လည္း ၎ဦးတည္ေနသည့္အရပ္အား ျမင္ေသာအခါ သတိျပန္ကပ္ၿပီး အသံကုန္ျခစ္၍ ေအာ္ရေတာ့သည္ ။
" အားးးးးးး တားၾကစမ္း! ဒင္းကို လံုးဝ ေရကန္ထဲ ခုန္မခ်ေစနဲ႔! "
ဖီခ်ိဳမွ အလ်င္အျမန္ဝင္တားသည္၊ သို႔ေသာ္ အႏွီဥမွ အသာေလး ေ႐ွာင္ထြက္သြားေလသည္ ။
ေနာက္ထပ္ ေၾကာင္ေဘာလံုးမွ ဝင္တားရန္ ႀကိဳးပမ္းပါေသာ္လည္း အႏွီဥမွာ ေၾကာင္ေဘာလံုးေခါင္းေပၚတက္၌ ခုန္ခ်သြားေလ၏ ။
ထိုအခ်ိန္တြင္ ေ႐ွာင္ေဟးဝင္လာ၍ အႏွီဥအား ေျခႏွစ္ေခ်ာင္းႏွင့္ ညႇပ္ဖမ္းမွသာ ဖမ္းမိေလေတာ့သည္၊ ထို႔ေနာက္ ယူေ႐ွာင္မို ေျပးဝင္လာၿပီး ေ႐ွာင္ေဟးအား ေက်းဇူးတင္ေသာအၾကည့္မ်ားျဖင့္ ၾကည့္လိုက္သည္၊ ထို႔ေနာက္ တြန္းထိုး႐ုန္းကန္ေနေသာ အႏွီဥအား ေကာက္ယူ၍ ၿခိမ္းေျခာက္ေလေတာ့၏ ။
" ဆက္႐ုန္းေနရင္ မင္းကိုဘာဘီက်ဴးလုပ္ပစ္မယ္မွတ္! "
အႏွီဥ ၿငိမ္က်သြားေလသည္ ။
ထို႔ေၾကာင့္ ယူေ႐ွာင္မို အံႀကိတ္၍ ေနာက္တစ္ခြန္းေျပာရန္ ျပင္လိုက္ေသာ္လည္း အႏွီျပႆနာဥမွ ယူေ႐ွာင္မို႔ၿခိမ္းေျခာက္စကားအား မေၾကာက္ဟန္ျဖင့္ ထပ္မံလႈပ္႐ွားလာျပန္၏ ။
ေမာင္ခ်ိဳမွ လွမ္းေျပာသည္ ။
" သူ႔ၾကည့္ရတာ မီးကိုမေၾကာက္ဘူးထင္တယ္ "
ယူေ႐ွာင္မို အံ့ျသစြာျဖင့္ ျပန္ေမးလိုက္သည္ ။
" အဲဒါဆိုသူကဘာေၾကာက္တာလဲ? "
" ကြၽန္ေတာ္မသိဘူး၊ ဒါေပမယ့္ ေမွာ္ဝင္သားရဲဆိုတာမ်ိဳးက အဆင့္ျမင့္ေလ အေၾကာက္တရားနည္းေလပဲ.. "
ယူေ႐ွာင္မို အႏွီဥအခြံအား လက္ျဖင့္ ေခါက္ၾကည့္လိုက္သည္ ။
" သူလင္းေ႐ွာင္ကိုေရာ ေၾကာက္မယ္ထင္လား "
" ... ေသခ်ာေပါက္ေပါ့! "
ဤကမ႓ာေပၚတြင္ သခင္ျကီးအား မေၾကာက္ေသာ ေမွာ္ဝင္သားရဲဟူသည္မွာ လက္တစ္ဖက္တည္းျဖင့္ပင္ ေရတြက္၍ရႏိုင္ေပ၏ ။
ေမာင္ခ်ိဳ၏စကားသံအဆံုး အႏွီဥမွ သူ႔လက္ေမာင္းမ်ားအတြင္း လႈပ္ခတ္ေနရာမွ ခ်က္ခ်င္းျငိမ္သက္ကာ ေသခ်င္ေယာင္ေဆာင္သြားသည္ကို ထူးဆန္းစြာေတြ႔႐ွိရေလ၏၊ ယူေ႐ွာင္မိုမွ ၎အား ေျမျပင္ေပၚခ်ေပးလိုက္ေသာ္လည္း လႈပ္ပင္မလႈပ္ ။
" ဝိုး.. တကယ္ၿငိမ္သြားတာပဲ! "
ယူေ႐ွာင္မို စိတ္ေပ်ာ္ရႊင္သြားေလသည္ ။
အႏွီဥ၏အသက္ဓာတ္မွာ လြန္ခဲ့သည့္တစ္ႏွစ္ခြဲအတြင္းက အလြန္အားနည္းေဖ်ာ့ေတာ့ခဲ့ေသာ္ျငား လင္းေ႐ွာင္၏အင္အား ႀကီးမားပံုကိုေတာ့ျဖင့္ အာရံုခံနိဳင္ခဲ့ပံုရၿပီး ျပင္ပ႐ွိ အျဖစ္အပ်က္မ်ားကိုလည္း မပီဝိုးတဝါး သိ႐ွိနားလည္ႏိုင္စြမ္း ႐ွိခဲ့ပံုေပၚသည္၊ အႏွီဥသည္ သာမန္တိုက္ခိုက္မႈမ်ားကို မႈပင္မမႈေသာ္လည္း ထိုပုရိႆဆိုလ်ွင္ေတာ့ သူ႔အား လက္ညႇိဳးလက္မႏွစ္ေခ်ာင္းၾကားညႇပ္၍ အႏွစ္ထြက္ေအာင္ပင္ ညႇစ္ပစ္လိုက္ႏိုင္သည္အား သေဘာေပါက္ထားေလ၏ ။
ယူေ႐ွာင္မို အႏွီဥအား ျပန္ေကာက္ယူလိုက္သည္ ။
" မင္းတို႔ေကာင္ေတြ တရားဆက္က်င့္ေနၾက၊ ငါဒါကိုလင္းေ႐ွာင္ဆီ သြားျပလိုက္ဦးမယ္ "
ထိုအခ်ိန္၌ အႏွီဥသည္ ယူေ႐ွာင္မို႔လက္မ်ားၾကားမွ အတင္း႐ုန္းကန္ပါေသာ္လည္း မလြတ္ေျမာက္ႏိုင္ေတာ့ပါေခ် ။
ထြက္မသြားမီတြင္ ယူေ႐ွာင္မို ေရႊေတာင္ပံအင္းစက္စံုတြဲအား ေနာက္တစ္ႀကိမ္ ထပ္မံသြားေရာက္ ၾကည့္႐ႈလိုက္ေသးသည္၊ ၎တို႔၏အသြင္ေျပာင္း ဒုတိယအဆင့္အတြက္ အခ်ိန္အနည္းငယ္ ထပ္ယူရဦးမည္ျဖစ္သည္၊ အစစအရာရာ စိတ္ခ်ရၿပီျဖစ္ေသာအခါ အျပင္ထြက္ရန္ျပင္ေလ၏၊ ထို႔ေနာက္ ယူေ႐ွာင္မိုတစ္ေယာက္ အျပင္ျပန္ထြက္ရန္ စိတ္ၫႊတ္လိုက္ေသာအခါ ကုတင္ေပၚ၌ မ်က္လံုးမွိတ္၍ အနားယူလ်က္႐ွိေသာ လင္းေ႐ွာင္ေပၚသို႔ တည့္တည့္မတ္မတ္ျပဳတ္က်ေလသည္ ။
လင္းေ႐ွာင္မွ ယူေ႐ွာင္မိုအား အလြတ္မေပးပဲ လက္ႏွစ္ဖက္ျဖင့္သိုင္းဖက္ရင္း ဆိုေလသည္ ။
" ဇနီးေလးကစိတ္အရမ္းေလာေနတာပဲ.. "
ယူေ႐ွာင္မို ၎ရင္ခြင္ထဲမွ အတင္းကုန္း႐ုန္းထလိုက္သည္ ။
" ခဏေလးေနပါဦး! ကြၽန္ေတာ္ ခင္ဗ်ားကိုျပစရာ႐ွိလို႔.. ဟမ္! ဟိုဥဘယ္ေရာက္သြားၿပီလဲ "
လင္းေ႐ွာင္သည္ အနီေရာင္ဥတစ္လံုးအား ေခါင္းအံုးေအာက္မွ ဆြဲထုတ္လိုက္သည္ ။
" မင္းေျပာတာဒီဥလား.. "
ယူေ႐ွာင္မို ေပ်ာ္ရႊင္စြာ ေခါင္းၿငိမ့္လိုက္သည္၊ သို႔ေသာ္ အႏွီဥမွ သူ႔နယ္ေျမအတြင္း လုပ္ခဲ့သည့္ကိစၥအား ျပန္သတိရလိုက္မိေသာအခါ ခ်က္ခ်င္း ေဒါသထြက္သည့္အမူအယာသို႔ ေျပာင္းသြားေလေတာ့သည္၊ လင္းေ႐ွာင္မွ သူ႔အမူအယာအား သတိျပဳမိၿပီး ေမးျမန္းလာေသာအခါ ျဖစ္ေၾကာင္းကုန္စင္အား ျပန္႐ွင္းျပလိုက္ေလသည္ ။
" ဒီဥက တကယ္သာမန္ဥမဟုတ္ဘူးပဲ..၊ အေကာင္ေပါက္တဲ့အခ်ိန္က် ေတြ႔ပါလိမ့္မယ္၊ သူ႔ေၾကာင့္ယူေလးရင္နာရတယ္လို႔ထင္ရင္ အေကာင္ေပါက္တဲ့အခါ တန္ေအာင္ျပန္ခိုင္းစားပစ္လိုက္ေပါ့.. "
လင္းေ႐ွာင္မွ ျပံဳးလ်က္ဆိုသည္ ။
ထိုအခါ ယူေ႐ွာင္မိုလည္း အႏွီဥအား လူယုတ္မာအျပံဳးျဖင့္ စိုက္ၾကည့္လ်က္ တံု႔ျပန္လိုက္သည္ ။
" အဲဒီအၾကံေကာင္းတယ္! "
ထို႔ေနာက္တြင္ လင္းေ႐ွာင္မွ ယူေ႐ွာင္မို႔အား ခါးမွလွမ္းဖက္၍ သူ႔ေပါင္ေပၚသို႔ဆြဲတင္လိုက္ေလသည္၊ လက္မ်ားကိုလည္း ယူေ႐ွာင္မို၏ ခႏၶာကိုယ္အႏွံ႔ ေျပးလႊားပြတ္သပ္ရင္း နားနားကပ္ကာ စကားတစ္ခြန္းဆိုလိုက္၏ ။
" အဲဒါဆို အရင္ကေပးထားတဲ့ကတိကို အခု အေကာင္အထည္ေဖာ္လိုက္ရေအာင္ေလ.. "
ထိုစကားအားၾကားၿပီးေနာက္ ယူေ႐ွာင္မို၏အမူအယာမ်ား ေတာင့္ခဲသြားေတာ့သည္၊ ထို႔အျပင္ သူ႔ကိုယ္သူလည္း လင္းေ႐ွာင္၏ ႏိုးၾကားေနေသာအရာေပၚ တက္ထိုင္မိလ်က္သား ျဖစ္ေနၾကာင္း သတိျပဳလိုက္မိေလသည္ ။
# 23.7.2021
စာလံုးေပါင္းအမွားေလးေတြေတြ႔ရင္ အားမနာပဲေထာက္ျပေပးၾကပါေနာ္ မြမြ ❤
___________________
Unicode ver..
မှော်ရေကန်မှ ရေတစ်ဝက်တိတိ
ရှယ်ချို၊ ဟေးချိုနှင့် မောင်ချိုတို့သည် လူသားအသွင်ဖြင့် တင်ပလ္လင်ချိတ်ထိုင်ကာ မှော်ရေကန်အနီး တရားကျင့်ကြံနေကြလေသည် ။
ယူရှောင်မို့နယ်မြေအတွင်းရှိ လေထုထဲတွင် ယခင်ကျောင်းခွဲနှစ်က အဆောင်ကလောက် စိတ်စွမ်းမင်ပမာဏ သိပ်သည်းစွာမပါဝင်သော်လည်း မှော်ရေကန်မှ စိတ်စွမ်းအင်အရည်များ၏ အကူအညီဖြင့် ၎င်းတို့၏ အဆင့်တက်နှုန်းမှာ သိပ်တော့မနှေးကွေးလှပေ၊ ထို့ကြောင့် အချိန်ပြည့် ဆော့ကစားနေတတ်သော ဖီချိုနှင့် ကြောင်ဘောလုံးတို့မှလွဲ၍ အခြားသူများသည် အချိန်ရှိခိုက်လုံ့လစိုက်ကာ အားကြိုးမာန်တက် ကျင့်ကြံကြပေသည် ။
ယူရှောင်မို မှော်ဆေးပင်စိုက်ခင်းများထဲသို့ လျှောက်သွားကာ ရွှေတောင်ပံအင်းစက်စုံတွဲအား အသေအချာ စစ်ဆေးကြည့်ရှုလိုက်သည်၊ အသွင်ပြောင်းလဲခြင်း ဒုတိယအဆင့်သို့ ရောက်ရှိနေပြီဖြစ်သော ပိုးကောင်စုံတွဲသည် ပြသနာတစ်စုံတစ်ရာမရှိပဲ အဆင်ပြေနေပုံပေါ်သည်၊ ထို့ကြောင့် ယူရှောင်မိုတစ်ဖက်လှည့်၍ စိုက်ခင်းများအကြား ပြေးလွှားဆော့ကစားနေသော ဖီချိုနှင့်ကြောင်ဘောလုံးတို့အား အမိအရ လှမ်းဖမ်းချုပ်လိုက်သည် ။
ထို့နောက် ထိုနှစ်ကောင်အား မျက်နှာချင်းဆိုင်အနေအထားရောက်သည်အထိ ဆွဲမြှောက်ကာ စကားဆိုလိုက်လေ၏ ။
" မင်းတို့နှစ်ကောင် သခင်ဖြစ်တဲ့ငါ့ကို စကားလေးအနည်းငယ်ပြောခွင့်ပြုပါဦး၊ မင်းတို့ရှေ့လျှောက် ဒီအတိုင်းဆက်ပီး မလေ့ကျင့်ဘဲနေမယ်ဆိုရင် နှစ်ကောင်စလုံးကို လှောင်ချိုင့်ထဲထည့်ပြီး နောက်လတစ်လလုံး ပိတ်ထားပစ်လိုက်မယ်၊ အဲဒါဆို တခြားသူတွေလဲ အရမ်း အရမ်းကို မျက်စိနောက်သက်သာသွားကြမှာ သေချာတယ် "
ထိုစကားအား ကြားပြီးသောအခါ ဖီချိုတစ်ယောက် အလွန်စိုးရိမ် ထိတ်လန့်သွားပုံရပြီး ယူရှောင်မို၏လက်ညှိုးအား သူ၏အမွေးပွပွ လက်နှစ်ချောင်းဖြင့်ဖက်ရင်း အသနားခံလေတော့သည် ။
" တောင်း.. တောင်းပန်ပါတယ် သခင်လေးရယ် "
ဖီချိုလုပ်သမျှအား ကြောင်ဘောလုံးမှ လိုက်အတုခိုးချ၏ ။
" မြောင်~ "
ယူရှောင်မို မလှုပ်မယှက်သာ ရပ်နေသည် ။
" မင်းတို့နှစ်ကောင် အဲ့လိုလုပ်ပြတိုင်း ငါ့ဘက်ကအလျှော့ပေးလိမ့်မယ်မထင်နဲ့၊ အခုဘာဆက်လုပ်မှာလဲ ပြောစမ်း "
မျက်စိရှေ့ရှိ သနားစဖွယ်သတ္တဝါနှစ်ကောင်မှာ ခေါင်းငိုက်စိုက်ချကာ အရှုံးပေးလိုက်ရတော့သည် ။
ယူရှောင်မို စိတ်ကျေနပ်စွာဖြင့် ၎င်းတို့နှစ်ကောင်အား အောက်သို့ ချပေးလိုက်လေသည် ။
" အခုသွား.. ရေကန်ဘေးကိုသွားပြီး တရားကျင့်နေ၊ တာဝန်ကျတဲ့အချိန်မှမဟုတ်ရင် အဲဒီနားကတစ်လှမ်းမှမခွာနဲ့၊ မင်းတို့သာလိမ်လိမ်မာမာနေမယ်ဆိုရင် အားလပ်ရက်တစ်ရက်တော့ပေးမယ် "
နေ့တိုင်းအားလပ်ရက်ဖြစ်နေသော ဖီချိုတို့နှစ်ကောင်အဖို့ အားလပ်ရက်တစ်ရက်ဆိုသည်မှာ ဘာမှမဟုတ်ပေ ။
ထိုအကြောင်းအားရိပ်မိပုံရသော ယူရှောင်မိုမှ ခပ်တည်တည်နှင့် ဆက်ပြောလိုက်သည် ။
" အားလပ်ရက်မလိုချင်ဘူးဆိုတော့လည်း မေ့လိုက်ကြတာပေါ့၊ ငါကသဘောကောင်းပြီး လိုက်လျောတတ်တဲ့သခင်တစ်ယောက်ပါ၊ မင်းတို့ဆုံးဖြတ်ချက်ကို လေးစားပေးမှာပါ.. "
ထိုစကားအားကြားသောအခါ ဖီချိုနှင့် ကြောင်ဘောလုံးတို့ မျက်ရည်လည်ရွဲဖြင့် ယူရှောင်မိုခြေထောက်အား ပြေးဖက်ကြတော့သည်၊ သို့သော်လည်း ယူရှောင်မို ၎င်းတို့အား လျစ်လျူရှုကာ မှော်ရေကန်နားသို့သာ ဆက်လျှောက်သွားလိုက်သည်၊ အနှီဥအထူးအဆန်းသည် မှော်ရေကန်အလယ်၌ ငြိမ်သက်စွာရှိနေပြီး မည်သည့်တုံ့ပြန်မှုကိုမှမပြဟု ဖီချိုတို့ထံမှ ပြန်ကြားရသည်၊ ထို့ကြောင့် အနှီဥ သေများသေသွားပြီလောဟု ယူရှောင်မို စစ်ဆေးအကဲခတ်ချင်နေမိသည် ။
စဉ်းစားလေ စဉ်းစားလေ သိချင်လာလေဖြစ်လာသောကြောင့် ယူရှောင်မိုဆက်သည်းမခံနိုင်တော့ပါချေ၊ ထို့ကြောင့် သူ့ခြေထောက်အား ခိုစီး၍လိုက်ပါလာသော ဖီချိုအား ငုံ့ကြည့်၍ ခပ်မြန်မြန် စေခိုင်းလိုက်သည် ။
" ဖီချို သွား.. အဲဒီဥကို မြန်မြန်သွား ဆယ်ထုတ်လာခဲ့! "
" ဝုဖ်? " (ဘာလို့ကျွန်တော်လဲ?)
ယူရှောင်မို ဖီချို့ခေါင်းအား လက်ဆစ်ဖြင့် ခေါက်ချလိုက်သည် ။
" စကားကိုလူလိုပြော! "
ဖီချိုမှ ကြောက်လောက်လန့်လန့်ဖြင့် ချက်ချင်းပြန်ဖြေရသည် ။
" ကျွန်တော်အခုသွားပါ့မယ်လို့.. "
ကြောင်ဘောလုံးမှ ဖီချိုအား မျက်လုံးပြူး၍ကြည့်နေသည်၊ စောစောကပြောတာ အဲ့လိုမဟုတ်ဘူးလေ ဘဒို!? ။
ဖီချိုမှာမူ ထိုသို့ပြောပြီးပြီးချင်း လူသားအသွင်ပြောင်းကာ ဖင်ပြောင်လေးဖြင့် ရေကန်နားသို့ ကပ်သွားလေပြီ၊ ရေကန်ထဲသို့ ခုန်ဆင်းတော့မည့်အချိန်တွင် ရုတ်တရက် ရေကန်အတွင်း၌ တစ်စုံတစ်ရာက လှုပ်ရှားလာပုံရပြီး မှော်ရေများလည်း တဖြည်းဖြည်းရွေ့လျားလာကာ ရေဝဲကြီးတစ်ခု ဖြစ်ပေါ်လာလေတော့၏ ။
ထိုအချင်းအရာကြောင့် ရှယ်ချိုနှင့် အခြားသူများ တရားကျင့်ကြံနေရာမှ မျက်လုံးများပွင့်လာကာ ရေကန်အတွင်းရှိ ထူးဆန်းထွေလာအဖြစ်အပျက်အား ကြောင်ကြည့်နေမိကြသည် ။
ရှယ်ချိုမှ ထမေးလိုက်သည် ။
" ဘာတွေဖြစ်နေတာလဲ? "
မျက်စိလျင်သော ရှောင်ဟေးမှ ပြန်ဖြေ၏ ။
" ငါ့အထင်တော့ ရေကန်ထဲက ဟိုဥကြောင့်ပဲဖြစ်မယ်! "
၎င်းတို့၏ပြောဆိုသံများအား ကြားပြီးနောက် ယူရှောင်မို ရေကန်အတွင်းသို့ သိလိုစိတ်ပြင်းပြစွာ စူးစမ်းကြည့်လိုက်မိသည်၊ ရေကန်အတွင်းမှ ထိုဥအား မဆယ်ရသေးသည်ကိုလည်း တွေးမိကာ နောင်တရမိသွား၏၊ ရေဝဲကြီး ငါးမိနစ်ခန့် လည်ပတ်နေပြီးနောက် ရေကန်အတွင်းမှ မှော်ရေများ တဖြည်းဖြည်း လျော့နည်းလာသည်ကို တွေ့မြင်ရသည်၊ နဂိုက ရေမျက်နှာပြင်သည် ကန်ဘောင်မှနေ၍စတိုင်းလျှင် နှစ်ဆယ် သုံးဆယ်စင်တီခန့်သာ လျော့နည်းနေခဲ့သော်လည်း ယခုမူ မီတာဝက်အထိ နိမ့်ဆင်းသွားသည်ကို ထိတ်လန့်တုန်လှုပ်စွာ တွေ့မြင်လိုက်ရလေ၏ ။
ထိုမြင်ကွင်းကြောင့် ယူရှောင်မို ကြက်သေသေနေမိသည် ။
ဖီချိုနှင့် ကြောင်ဘောလုံးတို့သည်လည်း မျက်လုံးများ ပြူးကျယ်လျက်.. ။
ရှယ်ချိုနှင့် အခြားနှစ်ကောင်တို့သာ မတုန်မလှုပ်ပဲ ရှိနေကြသည်၊ ၎င်းတို့အတွက်မှာမူ ကောင်းကင်ကြီး ရုတ်တရက် ပြိုကျလာလျှင်တောင် အံ့သြမည့်အရိပ်အယောင် တစ်စက်မျှမရှိပေ၊ ဤနယ်မြေအတွင်း၌ ကောင်းကင်ပြိုကျလာစရာ အကြောင်းမရှိသော်ငြား တကယ်ပြိုကျလာလျှင်လည်း တုန်လှုပ်ကြလိမ့်မည်မဟုတ်ပေ ။
" မြန်မြန်သွားလေ! မြန်မြန် သွားဆယ်လာခဲ့! "
ယူရှောင်မို နောက်ဆုံးတော့ အသိဝင်လာခဲ့ပြီဖြစ်ကာ ဖီချိုအား အမိန့်ပေးတော့သည်၊ ဤအတိုင်းသာ ဆက်လွှတ်ထားပါက ရေကန်အတွင်းရှိ စိတ်စွမ်းအင်အရည်များ အားလုံးခမ်းကုန်တော့မည်ဖြစ်၏၊ ထိုအခါ ယူရှောင်မိုစိတ်မထိန်းနိုင်ပဲ ၎င်းဥအစုတ်အပြတ်အား သတ်မိလိမ့်မည်ဖြစ်သည် ။
ထိုသို့အော်ဟစ်ပြီးချိန်တွင် ရေကန်အတွင်းမှရေများ နောက်ထပ် မီတာဝက်ခန့် ထပ်ကျဆင်းသွားပြီဖြစ်သည်၊ သို့သော် တော်သေးသည်မှာ အနှီ ကလည်း ရေများအား ထပ်မံမစုပ်ယူတော့ပေ၊ သို့သော် ဤမျှ ကြီးမားလှသော ရေကန်မှ စိတ်စွမ်းအင်အရည်များ တစ်ဝက်ခန့် ကုန်ဆုံးသွားသည်ကြောင့် ယူရှောင်မို ရင်နာလှပေသည်၊ စိတ်စွမ်းအင်အရည်များသည် တဖြည်းဖြည်းချင်း ပြန်လည်ပြည့်တက်လာလိမ့်မည် ဖြစ်သည်၊ သို့သော် ပြန်လည်ဖြည့်တင်းနေသောအရှိန်သည် သူတစ်နေ့သုံးစာ ပမာဏလောက်ပင် မရှိပေ ။
ယူရှောင်မို ဖီချိုအား ထပ်မံအော်ငေါက်လိုက်သည် ။
" သွားဆယ်လာခဲ့လို့ ပြောနေတယ်လေ! "
ဖီချိုလည်း ခပ်မြန်မြန်သွားဆယ်ပေးလိုက်သည်၊ သူ့ဘဝတွင် သခင်လေး ဤမျှစိတ်ဆိုးသည်အား ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်၍ ဘာစကားမျှပင် အထွန့်မတက်ရဲတော့ပဲ အနှီပြဿနာဥကိုသာ ခပ်မြန်မြန် သွားဆယ်ပေးလိုက်လေသည် ။
ယူရှောင်မို အနှီဥအား လက်နှစ်ဖက်ဖြင့် ဆုပ်ထားရင်း ကြော်စားရမလား ပြုတ်စားပစ်ရမလား စဉ်းစားနေလေသည် ။
သို့သော်ငြား မှော်ရေကန်မှ စိတ်စွမ်းအင်အရည်တစ်ဝက်ခန့် စုပ်ယူခဲ့ပြီးဖြစ်သဖြင့် အနှီဥ၏အရောင်မှာ ယခင်ကကဲ့သို့ မွဲမွဲဖျော့ဖျော့ဖြစ်မနေတော့ပေ၊ ထိုအစား တစ်လက်လက်တောက်ပနေသော မီးတောက်အနီရောင်ကလေးကဲ့သို့ ပြောင်းလဲသွားပြီး အသက်ဓာတ် ရရှိသွားပုံရကာ တလှုပ်လှုပ်ဖြင့် ခုန်ပေါက်နေသည်ကို တွေ့ရှိရလေသည် ။
ရှယ်ချိုမှ ဖြစ်စဉ်အား သဘောပေါက်သွားပုံရပြီး စကားစပြောလေ၏ ။
" သြော် ဒါကဒီလိုကိုး.. "
" ဘာဖြစ်တာလဲ? "
" ဒီဥက နန်းတော်ထဲက စိတ်စွမ်းအင်မရှိတဲ့ပတ်ဝန်းကျင်မှာ အချိန်အကြာကြီးနေခဲ့ရတာလေ၊ အဲဒီတော့ သူ့အသက်ဓာတ်ကလည်း အားနည်းနေတာပေါ့၊ အဲဒါကြောင့်ပဲ အခုအချိန်ထိ ဘာတုံ့ပြန်မှုမှမပြပဲ ငြိမ်နေခဲ့တာဖြစ်လိမ့်မယ်၊ ဒါပေမယ့် အခုကျ မှော်ရေကန်ထဲမှာ တစ်နှစ်ခွဲလောက် စိမ်နေခဲ့ရတော့ စိတ်စွမ်းအင်အထောက်အပံ့တွေအများကြီးရပြီး ပြန်သက်သာလာတာပဲ.. "
" ဒါပေမယ့် ကန်ထဲကရေတွေကို တစ်ဝက်လောက်စုပ်ယူပစ်ဖို့ မလိုဘူးလေ.. ဟုတ်တယ်မလား "
" သိပ်တော့မသေချာပေမယ့် သူလုံးဝပြန်ကောင်းလာဖို့က စိတ်စွမ်းအင်တွေ အများကြီးလိုအပ်ပုံရတယ်၊ သခင်လေးကသာ မကြာမကြာလာမကြည့်လို့မသိတာ၊ ရေကန်ထဲကရေတွေက တစ်နေ့ကို အစက်တစ်ထောင်နှုန်းလောက်နဲ့ နေ့တိုင်းလျော့နေတာ.. "
ယူရှောင်မို " ... ... "
ဒင်းတို့ သတိထားမိပေမယ့် ငါ့ကိုတစ်ကောင်မှ ပြန်မပြောခဲ့ကြဘူးပေါ့!! ။
ယူရှောင်မို သူ့လက်နှစ်ဖက်အတွင်းရှိ ဥအား ကိုင်မြှောက်လိုက်သည် ။
" ငါဒါကိုညစာလုပ်စားပစ်ဖို့ တန်ပြီလား! "
ရှယ်ချိုမှ ဆက်ပြောသည် ။
" ရေကန်တစ်ဝက်ကိုမစုပ်ယူခင်တုန်းကတော့ အဲဒါကို ညစာလုပ်စားလိုက်လဲသိပ်အရှုံးမရှိဘူးပေါ့၊ ဒါပေမယ့် အခုကမတူတော့ဘူးလေ၊ သူ့ကြည့်ရတာလည်း သာမန် အဆင့်မြင့်မှော်ဝင်သားရဲမျိုးနွယ် ဟုတ်ပုံမရဘူး၊ ပြီးတော့.. စိတ်စွမ်းအင်အရည် ကန်တစ်ဝက်စာလောက်ကို တစ်ခါတည်းနဲ့ ညစာလုပ်စားပစ်လိုက်ရင် နောက်ကျ ရင်နာနေရမယ့်လူက သခင်လေးပဲမဟုတ်လား "
" အဲဒါလည်းဟုတ်ပါတယ်လေ.. ဒါပေမယ့် ဒင်းလုပ်ရပ်ကို ပြန်တွေးလိုက်ရင် ငါတကယ်ကို ညစာလုပ်စားပစ်လိုက်ချင်တာ! "
ယူရှောင်မို ထိုသို့ပြောလိုက်သောအခါ အနှီဥမှ စတင်လှုပ်ရှားလာပြီး သူ့လက်အပေါ်မှ ခုန်ဆင်း၍ ထွက်ပြေးလေတော့သည် ။
ယူရှောင်မို ကြောင်ကြည့်နေမိသော်လည်း ၎င်းဦးတည်နေသည့်အရပ်အား မြင်သောအခါ သတိပြန်ကပ်ပြီး အသံကုန်ခြစ်၍ အော်ရတော့သည် ။
" အားးးးးးး တားကြစမ်း! ဒင်းကို လုံးဝ ရေကန်ထဲ ခုန်မချစေနဲ့! "
ဖီချိုမှ အလျင်အမြန်ဝင်တားသည်၊ သို့သော် အနှီဥမှ အသာလေး ရှောင်ထွက်သွားလေသည် ။
နောက်ထပ် ကြောင်ဘောလုံးမှ ဝင်တားရန် ကြိုးပမ်းပါသော်လည်း အနှီဥမှာ ကြောင်ဘောလုံးခေါင်းပေါ်တက်၌ ခုန်ချသွားလေ၏ ။
ထိုအချိန်တွင် ရှောင်ဟေးဝင်လာ၍ အနှီဥအား ခြေနှစ်ချောင်းနှင့် ညှပ်ဖမ်းမှသာ ဖမ်းမိလေတော့သည်၊ ထို့နောက် ယူရှောင်မို ပြေးဝင်လာပြီး ရှောင်ဟေးအား ကျေးဇူးတင်သောအကြည့်များဖြင့် ကြည့်လိုက်သည်၊ ထို့နောက် တွန်းထိုးရုန်းကန်နေသော အနှီဥအား ကောက်ယူ၍ ခြိမ်းခြောက်လေတော့၏ ။
" ဆက်ရုန်းနေရင် မင်းကိုဘာဘီကျူးလုပ်ပစ်မယ်မှတ်! "
အနှီဥ ငြိမ်ကျသွားလေသည် ။
ထို့ကြောင့် ယူရှောင်မို အံကြိတ်၍ နောက်တစ်ခွန်းပြောရန် ပြင်လိုက်သော်လည်း အနှီပြဿနာဥမှ ယူရှောင်မို့ခြိမ်းခြောက်စကားအား မကြောက်ဟန်ဖြင့် ထပ်မံလှုပ်ရှားလာပြန်၏ ။
မောင်ချိုမှ လှမ်းပြောသည် ။
" သူ့ကြည့်ရတာ မီးကိုမကြောက်ဘူးထင်တယ် "
ယူရှောင်မို အံ့သြစွာဖြင့် ပြန်မေးလိုက်သည် ။
" အဲဒါဆိုသူကဘာကြောက်တာလဲ? "
" ကျွန်တော်မသိဘူး၊ ဒါပေမယ့် မှော်ဝင်သားရဲဆိုတာမျိုးက အဆင့်မြင့်လေ အကြောက်တရားနည်းလေပဲ.. "
ယူရှောင်မို အနှီဥအခွံအား လက်ဖြင့် ခေါက်ကြည့်လိုက်သည် ။
" သူလင်းရှောင်ကိုရော ကြောက်မယ်ထင်လား "
" ... သေချာပေါက်ပေါ့! "
ဤကမ်ဘာပေါ်တွင် သခင်ကြီးအား မကြောက်သော မှော်ဝင်သားရဲဟူသည်မှာ လက်တစ်ဖက်တည်းဖြင့်ပင် ရေတွက်၍ရနိုင်ပေ၏ ။
မောင်ချို၏စကားသံအဆုံး အနှီဥမှ သူ့လက်မောင်းများအတွင်း လှုပ်ခတ်နေရာမှ ချက်ချင်းငြိမ်သက်ကာ သေချင်ယောင်ဆောင်သွားသည်ကို ထူးဆန်းစွာတွေ့ရှိရလေ၏၊ ယူရှောင်မိုမှ ၎င်းအား မြေပြင်ပေါ်ချပေးလိုက်သော်လည်း လှုပ်ပင်မလှုပ် ။
" ဝိုး.. တကယ်ငြိမ်သွားတာပဲ! "
ယူရှောင်မို စိတ်ပျော်ရွှင်သွားလေသည် ။
အနှီဥ၏အသက်ဓာတ်မှာ လွန်ခဲ့သည့်တစ်နှစ်ခွဲအတွင်းက အလွန်အားနည်းဖျော့တော့ခဲ့သော်ငြား လင်းရှောင်၏အင်အား ကြီးမားပုံကိုတော့ဖြင့် အာရုံခံနိုင်ခဲ့ပုံရပြီး ပြင်ပရှိ အဖြစ်အပျက်များကိုလည်း မပီဝိုးတဝါး သိရှိနားလည်နိုင်စွမ်း ရှိခဲ့ပုံပေါ်သည်၊ အနှီဥသည် သာမန်တိုက်ခိုက်မှုများကို မှုပင်မမှုသော်လည်း ထိုပုရိဿဆိုလျှင်တော့ သူ့အား လက်ညှိုးလက်မနှစ်ချောင်းကြားညှပ်၍ အနှစ်ထွက်အောင်ပင် ညှစ်ပစ်လိုက်နိုင်သည်အား သဘောပေါက်ထားလေ၏ ။
ယူရှောင်မို အနှီဥအား ပြန်ကောက်ယူလိုက်သည် ။
" မင်းတို့ကောင်တွေ တရားဆက်ကျင့်နေကြ၊ ငါဒါကိုလင်းရှောင်ဆီ သွားပြလိုက်ဦးမယ် "
ထိုအချိန်၌ အနှီဥသည် ယူရှောင်မို့လက်များကြားမှ အတင်းရုန်းကန်ပါသော်လည်း မလွတ်မြောက်နိုင်တော့ပါချေ ။
ထွက်မသွားမီတွင် ယူရှောင်မို ရွှေတောင်ပံအင်းစက်စုံတွဲအား နောက်တစ်ကြိမ် ထပ်မံသွားရောက် ကြည့်ရှုလိုက်သေးသည်၊ ၎င်းတို့၏အသွင်ပြောင်း ဒုတိယအဆင့်အတွက် အချိန်အနည်းငယ် ထပ်ယူရဦးမည်ဖြစ်သည်၊ အစစအရာရာ စိတ်ချရပြီဖြစ်သောအခါ အပြင်ထွက်ရန်ပြင်လေ၏၊ ထို့နောက် ယူရှောင်မိုတစ်ယောက် အပြင်ပြန်ထွက်ရန် စိတ်ညွှတ်လိုက်သောအခါ ကုတင်ပေါ်၌ မျက်လုံးမှိတ်၍ အနားယူလျက်ရှိသော လင်းရှောင်ပေါ်သို့ တည့်တည့်မတ်မတ်ပြုတ်ကျလေသည် ။
လင်းရှောင်မှ ယူရှောင်မိုအား အလွတ်မပေးပဲ လက်နှစ်ဖက်ဖြင့်သိုင်းဖက်ရင်း ဆိုလေသည် ။
" ဇနီးလေးကစိတ်အရမ်းလောနေတာပဲ.. "
ယူရှောင်မို ၎င်းရင်ခွင်ထဲမှ အတင်းကုန်းရုန်းထလိုက်သည် ။
" ခဏလေးနေပါဦး! ကျွန်တော် ခင်ဗျားကိုပြစရာရှိလို့.. ဟမ်! ဟိုဥဘယ်ရောက်သွားပြီလဲ "
လင်းရှောင်သည် အနီရောင်ဥတစ်လုံးအား ခေါင်းအုံးအောက်မှ ဆွဲထုတ်လိုက်သည် ။
" မင်းပြောတာဒီဥလား.. "
ယူရှောင်မို ပျော်ရွှင်စွာ ခေါင်းငြိမ့်လိုက်သည်၊ သို့သော် အနှီဥမှ သူ့နယ်မြေအတွင်း လုပ်ခဲ့သည့်ကိစ္စအား ပြန်သတိရလိုက်မိသောအခါ ချက်ချင်း ဒေါသထွက်သည့်အမူအယာသို့ ပြောင်းသွားလေတော့သည်၊ လင်းရှောင်မှ သူ့အမူအယာအား သတိပြုမိပြီး မေးမြန်းလာသောအခါ ဖြစ်ကြောင်းကုန်စင်အား ပြန်ရှင်းပြလိုက်လေသည် ။
" ဒီဥက တကယ်သာမန်ဥမဟုတ်ဘူးပဲ..၊ အကောင်ပေါက်တဲ့အချိန်ကျ တွေ့ပါလိမ့်မယ်၊ သူ့ကြောင့်ယူလေးရင်နာရတယ်လို့ထင်ရင် အကောင်ပေါက်တဲ့အခါ တန်အောင်ပြန်ခိုင်းစားပစ်လိုက်ပေါ့.. "
လင်းရှောင်မှ ပြုံးလျက်ဆိုသည် ။
ထိုအခါ ယူရှောင်မိုလည်း အနှီဥအား လူယုတ်မာအပြုံးဖြင့် စိုက်ကြည့်လျက် တုံ့ပြန်လိုက်သည် ။
" အဲဒီအကြံကောင်းတယ်! "
ထို့နောက်တွင် လင်းရှောင်မှ ယူရှောင်မို့အား ခါးမှလှမ်းဖက်၍ သူ့ပေါင်ပေါ်သို့ဆွဲတင်လိုက်လေသည်၊ လက်များကိုလည်း ယူရှောင်မို၏ ခန္ဓာကိုယ်အနှံ့ ပြေးလွှားပွတ်သပ်ရင်း နားနားကပ်ကာ စကားတစ်ခွန်းဆိုလိုက်၏ ။
" အဲဒါဆို အရင်ကပေးထားတဲ့ကတိကို အခု အကောင်အထည်ဖော်လိုက်ရအောင်လေ.. "
ထိုစကားအားကြားပြီးနောက် ယူရှောင်မို၏အမူအယာများ တောင့်ခဲသွားတော့သည်၊ ထို့အပြင် သူ့ကိုယ်သူလည်း လင်းရှောင်၏ နိုးကြားနေသောအရာပေါ် တက်ထိုင်မိလျက်သား ဖြစ်နေကြာင်း သတိပြုလိုက်မိလေသည် ။
# 23.7.2021
စာလုံးပေါင်းအမှားလေးတွေတွေ့ရင် အားမနာပဲထောက်ပြပေးကြပါနော် မွမွ ❤