Unicode
၉၈၅။ မင်းက စကားများလွန်းတယ်
_________________
နဉ်ရှုမှာ ရွှမ်ဟုန်ယွီ့အတွက် စားစရာဝယ်ပေးချင်စိတ်မရှိတော့ပါချေ။ သူမက နှံစားစေ့တစ်ချို့သာဝယ်ကာ ပြန်သွားလေ၏။
သူမက နှံစားအိတ်ကိုဆွဲလာသည်။ သို့သော်ငြား သူမ ဂူထဲခြေချမိလိုက်သည်နှင့် ချေးနံ့ရလိုက်တော့တာပင်။ ရွှမ်ဟုန်ယွီကား မှောင်မိုက်သည့်အော်ရာတို့ ပတ်လည်ဝိုင်းနေလျက် ချီးတွေပေလူးကာ ကြမ်းပေါ်မှာလေးဘက်ထောက်သွားနေသည့် ကလေးကို ထောင့်နားမှာရပ်ကာကြည့်နေခဲ့သည်။ ကလေးသွားထားတဲ့နေရာတိုင်းမှာ ချေးကြောင်းကြီးရှိနေသည်။
နဉ်ရှု : ...
သူ ကလေးကို ရေမချိုးပေးဘူးဆိုရင်တောင် ခြင်းထဲပြန်သယ်ပေးသွားလိုက်ရင် အခန်းက ဒီအခြေအနေဖြစ်လာမှာမဟုတ်ဘူး။
"သူ့ကို ဒီက မြန်မြန်ထုတ်လိုက်။"
ရွှမ်ဟုန်ယွီက အေးစက်စွာဆိုသည်။
လီးလားဟာ။ သူက နင့်သားလေ! သူ့ရွှမ်မျိုးရိုးက နင့်ဆီကဟဲ့!
နင် အဖေလုပ်မယ်ဆိုမှတော့ အဖေတစ်ယောက်ရဲ့တာဝန်ကို ယူသင့်တယ်လေ!
နဉ်ရှုပ ကလေးကို ရေဆီခေါ်သွားကာ သန့်ရှင်းအောင်ရေချိုးပေးပြီးမှ ကျောက်ကုတင်ထက်တင်လိုက်သည်။ ရွှမ်ဟုန်ယွီကတော့ နဉ်ရှုဝယ်လာခဲ့သည့်ပစ္စည်းများကို ကြည့်နေလေ၏။
"ငါ မင်းကို ဝယ်ခဲ့ဖို့ပြောလိုက်တဲ့စားစရာတွေရော?"
အခု သူက စားချင်စိတ်ရှိနေသေးတာလား? နဉ်ရှုကပြောသည်။
"သခင်၊ ပြသနာတက်ပြီ။"
ရွှမ်ဟုန်ယွီက နဉ်ရှုကိုကြည့်ကာ သူမစုဆောင်းလာခဲ့သည့်သတင်းများကို ပြောပြရန် အမူအရာပြသည်။
ဒီသတင်းကိုကြားတဲ့အခါ ရွှမ်ဟုန်ယွီ့အမူအရာက ပြောင်းမသွားတာမို့ နဉ်ရှုမှာ သူ ဘယ်လိုတွေးတယ်ဆိုတာကို မခန့်မှန်းနိုင်အောင်ရှိရသည်။ သူမက မေးလိုက်သည်။
"ကျွန်မတို့ အခု ဘာလုပ်ကြမလဲ သခင်?"
ရွှမ်ဟုန်ယွီက နဉ်ရှုကို စကားတစ်ခွန်းမဆိုဘဲ ကြည့်လာ၏။
သူ့ကို ဒီပုံစံနဲ့မြင်လိုက်ရတဲ့အခါ နဉ်ရှုမှာ ထမင်းသွားချက်ဖို့သာဆုံးဖြတ်လိုက်တော့သည်။ အခုရွှမ်ဟုန်ယွီမှာက တကယ်ကို ဘာမှမကျန်တော့ဘူး။ နေပါဦး၊ မဟုတ်သေးဘူးလေ၊ သူ့မှာ သူ့အသေခံစစ်သည်ဖြစ်တဲ့ သူမရယ်၊ သူ့သားရယ်ရှိသေးတယ်။
ရွှမ်ဟုန်ယွီ ကျောက်သားအခန်းထဲကနေထွက်လာချိန်မှာ နဉ်ရှုက ရွှမ်မြဲ့ရှောင်ကို ထမင်းကျွေးနေခဲ့တာဖြစ်သည်။ သူ့မျက်နှာထက်မှာတော့ မတုန်မလှုပ်အမူအရာရှိနေပြီး သူ့ဘေးပတ်လည်မှာတော့ ခါတိုင်းလိုပင် မြင့်မြတ်ခံ့ညားသည့်အော်ရာတို့ရှိနေသည်။
ရွှမ်ဟုန်ယွီက နဉ်ရှုကို သူ့အတွက် ထမင်းနည်းနည်းခူးစေသည်။ စားသောက်နေရင်းမှာတောင် သူ့လှုပ်ရှားမှုတိုင်းက ကြော့ရှင်းခံ့ညားနေ၏။ သူ ဒီကျောက်သားအခန်းထဲမှာရှိနေချိန်မှာ သူ့ကိုကြည့်နေရတာက ပတ်ဝန်းကျင်က ရတနာမျိုးစုံစီခြယ်ထားသည့် ကျောက်စိမ်းနန်းတော်ဖြစ်နေသလို ခံစားရစေသည်။
နဉ်ရှုက တိတ်ဆိတ်နေသည့်ရွှမ်ဟုန်ယွီ့ကိုကြည့်ကာ မေးလေ၏။
"ကျွန်မတို့ အခု ဘာလုပ်ကြမလဲ သခင်?"
"မင်း တစ်ချိန်လုံး အဲ့ဒါပဲမေးနေတာကို ရပ်လို့ရမလား?"
ရွှမ်ဟုန်ယွီက အေးစက်စွာဆိုသည်။
နဉ်ရှုက အထင်တသေးဖြင့် နှုတ်ခမ်းတွန့်သည်။ ကြည့်ပါလား၊ သူတောင် မကြံတတ်တော့ဘူး။
ကိစ္စတွေက ဒီလိုဖြစ်နေပြီဆိုမှတော့ ရွှမ်ဟုန်ယွီက သာမန်ဘဝလေးမှာပဲနေလိုက်သင့်တယ်။ အခုဆို ရွှမ်ရှောင်ထျန်းက ဘုရင်ဖြစ်နေပြီလေ။ သူတို့နှစ်ယောက်က အစတုန်းတည်းက မတူညီတဲ့အနေအထားတွေမှာရှိနေတာ။ ရွှမ်ရှောင်ထျန်းသာ ရွှမ်ဟုန်ယွီ့ကိုသတ်ချင်ရင် လက်လေးတစ်ဖက်ယမ်းလိုက်ရုံပဲ။
"သခင်..."
"တိတ်တိတ်နေစမ်းပါ။"
ရွှမ်ဟုန်ယွီက နဉ်ရှုကိုဖြတ်ပြောသည်။
နဉ်ရှုမှာ ရွေးစရာမရှိတော့ဘဲ စကားပြောတာကို ရပ်လိုက်ရလေ၏။
နောက်တစ်ရက်မှာတော့ ရွှမ်ဟုန်ယွီတစ်ယောက် စောစောစီးစီးနိုးလာခဲ့ပြီး မီးခိုးငွေ့တွေ၊ မီးတွေပတ်လည်ဝိုင်းနေလျက်က မနက်စာလုပ်နေရသူ နဉ်ရှုကိုပြောလာသည်။
"ဒီမင်းသားမျက်နှာကို ရုပ်ဖျက်ပေး။ ဒီမင်းသား မြို့ထဲဝင်မလို့။"
နဉ်ရှုကမေးသည်။
"သခင်က မြို့ကို ဘာအတွက်သွားမှာလဲဟင်?"
"ဆယ့်တစ်၊ မင်းက စကားများလွန်းတယ်။"
ရွှမ်ဟုန်ယွီက အေးစက်စွာဆိုသည်။
နဉ်ရှုက စိတ်တိုတိုနှင့် နှုတ်ခမ်းတို့ကို ဖိကပ်လိုက်ပြီး သူမရဲ့အရမ်းအရမ်းကိုစုတ်ပြတ်သတ်နေတဲ့ရုပ်ဖျက်စွမ်းရည်ကိုအသုံးချကာ ရွှမ်ဟုန်ယွီ့ကို ရုပ်ဖျက်ပေးလေ၏။
အခြေခံအားဖြင့်တော့ သူမက သူရုပ်ဆိုးသွားအောင် လုပ်လို့ရသမျှ အကုန်လုပ်ပေးလိုက်တာသာဖြစ်သည်။ ရွှမ်ဟုန်ယွီ့ရုပ်က အရမ်းကိုချောမောပြီး ပင်ကိုယ်ကကို မြင့်မြတ်တဲ့အော်ရာပိုင်ဆိုင်ထားသူမို့ ရုပ်ဖျက်ပေးရတာ တကယ်ကိုခက်သည်။
အော်ရာလိုဟာမျိုးတွေက အနက်ရှိုင်းဆုံးအတွင်းစိတ်ကနေထွက်ပေါ်လာတတ်တာမျိုးလေ။
အချိန်ခဏကြာအောင်ရုန်းကန်လိုက်ရပြီးနောက်ဆုံးတွင်တော့ သူမ သူ့ကို သာမန်ရုပ်ရည်မျိုးဖြစ်အောင်လုပ်ပေးလိုက်နိုင်သည်။ နဉ်ရှုကား မေးခွန်းထုတ်မိခြင်းမှ သူမကိုယ်သူမ မတားလိုက်နိုင်ပါချေ။
"သခင်၊ မြို့ထဲကို ဒီလိုဝင်ဖို့က သခင့်အတွက် အန္တရာယ်များလွန်းပါတယ်။ ဒီငယ်သား သခင်နဲ့လိုက်ခဲ့ရမလား?"
သူမ ရွှမ်ဟုန်ယွီ အသက်ရှင်အောင်လုပ်ရမယ်။ အနည်းဆုံးတော့ သူမ ဒီကမ္ဘာကထွက်သွားတဲ့အထိ ရွှမ်ဟုန်ယွီ အသက်ရှင်နေဖို့လိုတယ်။ သူမထွက်သွားပြီးတဲ့နောက် ရွှမ်ဟုန်ယွီ အသက်ရှင်ရှင်မရှင်ရှင် ဒါ သူမကိစ္စမဟုတ်တော့ဘူး။
ရွှမ်ဟုန်ယွီက နဉ်ရှုကို အေးစက်စွာကြည့်လေ၏။
"အန္တရာယ်များတယ်ဆိုတာ မင်း ဘာအဓိပ္ပာယ်တုန်း? ဒီမင်းသားက နန်းတော်ထဲဖောက်ဝင်မှာမှမဟုတ်တာ။"
ဒါပေမယ့် နင် လုပ်နိုင်တယ်လေ။ ရွှမ်ဟုန်ယွီ့ရဲ့ သေကြောင်းကြံရတာကြိုက်ပုံမျိုးနဲ့ဆို သူ အဲ့လိုအလုပ်မျိုးအသေအချာကိုလုပ်နိုင်တယ်လို့ နဉ်ရှု ခံစားရသည်။ သူသာ ရွှမ်ရှောင်ထျန်းဖမ်းတာခံရရင် နဉ်ရှုမှာ သူ့ကို ဒုတိယအကြိမ် အပြင်ထုတ်ပေးနိုင်ဖို့ ယုံကြည်ချက်မရှိပေ။
ရွှမ်ရှောင်ထျန်းကလည်း ရွှမ်ဟုန်ယွီ နောက်ထပ်ပြသနာရှာတာကိုဟန့်တားဖို့ သူ့ကို မြန်နိုင်သမျှမြန်မြန်သတ်နိုင်သည်။
နဉ်ရှုကား အင်မတန်မှပင်ပူပန်နေရှာ၏။ ကျေးဇူးပြုပြီး ဘာကိုမှ မဆင်မခြင်မလုပ်လိုက်ပါနဲ့! နဉ်ရှုက အလေးအနက်ဆိုသည်။
"ကျေးဇူးပြုပြီး သေချာဂရုစိုက်ပါ သခင်။"
ရွှမ်ဟုန်ယွီက ခေါင်းငြိမ့်လိုက်ပြီးနောက် ကြမ်းပေါ်မှာလေးဘက်ထောက်သွားနေတဲ့ ရွှမ်မြဲ့ရှောင်ကိုကြည့်သည်။
"သူ့ကို ကောင်းကောင်းကြည့်ထား။ ဒီမင်းသား သိပ်မကြာခင်ပြန်ရောက်မှာ။"
...
Zawgyi
၉၈၅။ မင္းက စကားမ်ားလြန္းတယ္
_________________
နဉ္ရႈမွာ ရႊမ္ဟုန္ယြီ႔အတြက္ စားစရာဝယ္ေပးခ်င္စိတ္မရိွေတာ့ပါေခ်။ သူမက ႏွံစားေစ့တစ္ခ်ိဳ႕သာဝယ္ကာ ျပန္သြားေလ၏။
သူမက ႏွံစားအိတ္ကိုဆြဲလာသည္။ သို႔ေသာ္ျငား သူမ ဂူထဲေျခခ်မိလိုက္သည္ႏွင့္ ေခ်းနံ႔ရလိုက္ေတာ့တာပင္။ ရႊမ္ဟုန္ယြီကား ေမွာင္မိုက္သၫ့္ေအာ္ရာတို႔ ပတ္လည္ဝိုင္းေနလ်က္ ခ်ီးေတြေပလူးကာ ၾကမ္းေပၚမွာေလးဘက္ေထာက္သြားေနသၫ့္ ကေလးကို ေထာင့္နားမွာရပ္ကာၾကၫ့္ေနခဲ့သည္။ ကေလးသြားထားတဲ့ေနရာတိုင္းမွာ ေခ်းေၾကာင္းႀကီးရိွေနသည္။
နဉ္ရႈ : ...
သူ ကေလးကို ေရမခ်ိဳးေပးဘူးဆိုရင္ေတာင္ ျခင္းထဲျပန္သယ္ေပးသြားလိုက္ရင္ အခန္းက ဒီအေျခအေနျဖစ္လာမွာမဟုတ္ဘူး။
"သူ႔ကို ဒီက ျမန္ျမန္ထုတ္လိုက္။"
ရႊမ္ဟုန္ယြီက ေအးစက္စြာဆိုသည္။
လီးလားဟာ။ သူက နင့္သားေလ! သူ႔ရႊမ္မ်ိဳးရိုးက နင့္ဆီကဟဲ့!
နင္ အေဖလုပ္မယ္ဆိုမွေတာ့ အေဖတစ္ေယာက္ရဲ့တာဝန္ကို ယူသင့္တယ္ေလ!
နဉ္ရႈပ ကေလးကို ေရဆီေခၚသြားကာ သန႔္ရွင္းေအာင္ေရခ်ိဳးေပးၿပီးမွ ေက်ာက္ကုတင္ထက္တင္လိုက္သည္။ ရႊမ္ဟုန္ယြီကေတာ့ နဉ္ရႈဝယ္လာခဲ့သၫ့္ပစၥည္းမ်ားကို ၾကၫ့္ေနေလ၏။
"ငါ မင္းကို ဝယ္ခဲ့ဖို႔ေျပာလိုက္တဲ့စားစရာေတြေရာ?"
အခု သူက စားခ်င္စိတ္ရိွေနေသးတာလား? နဉ္ရႈကေျပာသည္။
"သခင္၊ ျပသနာတက္ၿပီ။"
ရႊမ္ဟုန္ယြီက နဉ္ရႈကိုၾကၫ့္ကာ သူမစုေဆာင္းလာခဲ့သၫ့္သတင္းမ်ားကို ေျပာျပရန္ အမူအရာျပသည္။
ဒီသတင္းကိုၾကားတဲ့အခါ ရႊမ္ဟုန္ယြီ႔အမူအရာက ေျပာင္းမသြားတာမို႔ နဉ္ရႈမွာ သူ ဘယ္လိုေတြးတယ္ဆိုတာကို မခန႔္မွန္းႏိုင္ေအာင္ရိွရသည္။ သူမက ေမးလိုက္သည္။
"ကြၽန္မတို႔ အခု ဘာလုပ္ၾကမလဲ သခင္?"
ရႊမ္ဟုန္ယြီက နဉ္ရႈကို စကားတစ္ခြန္းမဆိုဘဲ ၾကၫ့္လာ၏။
သူ႔ကို ဒီပံုစံနဲ႔ျမင္လိုက္ရတဲ့အခါ နဉ္ရႈမွာ ထမင္းသြားခ်က္ဖို႔သာဆံုးျဖတ္လိုက္ေတာ့သည္။ အခုရႊမ္ဟုန္ယြီမွာက တကယ္ကို ဘာမွမက်န္ေတာ့ဘူး။ ေနပါဦး၊ မဟုတ္ေသးဘူးေလ၊ သူ႔မွာ သူ႔အေသခံစစ္သည္ျဖစ္တဲ့ သူမရယ္၊ သူ႔သားရယ္ရိွေသးတယ္။
ရႊမ္ဟုန္ယြီ ေက်ာက္သားအခန္းထဲကေနထြက္လာခ်ိန္မွာ နဉ္ရႈက ရႊမ္ၿမဲ့ေရွာင္ကို ထမင္းေကြၽးေနခဲ့တာျဖစ္သည္။ သူ႔မ်က္ႏွာထက္မွာေတာ့ မတုန္မလႈပ္အမူအရာရိွေနၿပီး သူ႔ေဘးပတ္လည္မွာေတာ့ ခါတိုင္းလိုပင္ ျမင့္ျမတ္ခံ့ညားသၫ့္ေအာ္ရာတို႔ရိွေနသည္။
ရႊမ္ဟုန္ယြီက နဉ္ရႈကို သူ႔အတြက္ ထမင္းနည္းနည္းခူးေစသည္။ စားေသာက္ေနရင္းမွာေတာင္ သူ႔လႈပ္ရွားမႈတိုင္းက ေၾကာ့ရွင္းခံ့ညားေန၏။ သူ ဒီေက်ာက္သားအခန္းထဲမွာရိွေနခ်ိန္မွာ သူ႔ကိုၾကၫ့္ေနရတာက ပတ္ဝန္းက်င္က ရတနာမ်ိဳးစံုစီျခယ္ထားသၫ့္ ေက်ာက္စိမ္းနန္းေတာ္ျဖစ္ေနသလို ခံစားရေစသည္။
နဉ္ရႈက တိတ္ဆိတ္ေနသၫ့္ရႊမ္ဟုန္ယြီ႔ကိုၾကၫ့္ကာ ေမးေလ၏။
"ကြၽန္မတို႔ အခု ဘာလုပ္ၾကမလဲ သခင္?"
"မင္း တစ္ခ်ိန္လံုး အဲ့ဒါပဲေမးေနတာကို ရပ္လို႔ရမလား?"
ရႊမ္ဟုန္ယြီက ေအးစက္စြာဆိုသည္။
နဉ္ရႈက အထင္တေသးျဖင့္ ႏႈတ္ခမ္းတြန႔္သည္။ ၾကၫ့္ပါလား၊ သူေတာင္ မႀကံတတ္ေတာ့ဘူး။
ကိစၥေတြက ဒီလိုျဖစ္ေနၿပီဆိုမွေတာ့ ရႊမ္ဟုန္ယြီက သာမန္ဘဝေလးမွာပဲေနလိုက္သင့္တယ္။ အခုဆို ရႊမ္ေရွာင္ထ်န္းက ဘုရင္ျဖစ္ေနၿပီေလ။ သူတို႔ႏွစ္ေယာက္က အစတုန္းတည္းက မတူညီတဲ့အေနအထားေတြမွာရိွေနတာ။ ရႊမ္ေရွာင္ထ်န္းသာ ရႊမ္ဟုန္ယြီ႔ကိုသတ္ခ်င္ရင္ လက္ေလးတစ္ဖက္ယမ္းလိုက္ရံုပဲ။
"သခင္..."
"တိတ္တိတ္ေနစမ္းပါ။"
ရႊမ္ဟုန္ယြီက နဉ္ရႈကိုျဖတ္ေျပာသည္။
နဉ္ရႈမွာ ေရြးစရာမရိွေတာ့ဘဲ စကားေျပာတာကို ရပ္လိုက္ရေလ၏။
ေနာက္တစ္ရက္မွာေတာ့ ရႊမ္ဟုန္ယြီတစ္ေယာက္ ေစာေစာစီးစီးႏိုးလာခဲ့ၿပီး မီးခိုးေငြ့ေတြ၊ မီးေတြပတ္လည္ဝိုင္းေနလ်က္က မနက္စာလုပ္ေနရသူ နဉ္ရႈကိုေျပာလာသည္။
"ဒီမင္းသားမ်က္ႏွာကို ရုပ္ဖ်က္ေပး။ ဒီမင္းသား ၿမိဳ႔ထဲဝင္မလို႔။"
နဉ္ရႈကေမးသည္။
"သခင္က ၿမိဳ႔ကို ဘာအတြက္သြားမွာလဲဟင္?"
"ဆယ့္တစ္၊ မင္းက စကားမ်ားလြန္းတယ္။"
ရႊမ္ဟုန္ယြီက ေအးစက္စြာဆိုသည္။
နဉ္ရႈက စိတ္တိုတိုႏွင့္ ႏႈတ္ခမ္းတို႔ကို ဖိကပ္လိုက္ၿပီး သူမရဲ့အရမ္းအရမ္းကိုစုတ္ျပတ္သတ္ေနတဲ့ရုပ္ဖ်က္စြမ္းရည္ကိုအသံုးခ်ကာ ရႊမ္ဟုန္ယြီ႔ကို ရုပ္ဖ်က္ေပးေလ၏။
အေျခခံအားျဖင့္ေတာ့ သူမက သူရုပ္ဆိုးသြားေအာင္ လုပ္လို႔ရသမ်ွ အကုန္လုပ္ေပးလိုက္တာသာျဖစ္သည္။ ရႊမ္ဟုန္ယြီ႔ရုပ္က အရမ္းကိုေခ်ာေမာၿပီး ပင္ကိုယ္ကကို ျမင့္ျမတ္တဲ့ေအာ္ရာပိုင္ဆိုင္ထားသူမို႔ ရုပ္ဖ်က္ေပးရတာ တကယ္ကိုခက္သည္။
ေအာ္ရာလိုဟာမ်ိဳးေတြက အနက္ရိႈင္းဆံုးအတြင္းစိတ္ကေနထြက္ေပၚလာတတ္တာမ်ိဳးေလ။
အခ်ိန္ခဏၾကာေအာင္ရုန္းကန္လိုက္ရၿပီးေနာက္ဆံုးတြင္ေတာ့ သူမ သူ႔ကို သာမန္ရုပ္ရည္မ်ိဳးျဖစ္ေအာင္လုပ္ေပးလိုက္ႏိုင္သည္။ နဉ္ရႈကား ေမးခြန္းထုတ္မိျခင္းမွ သူမကိုယ္သူမ မတားလိုက္ႏိုင္ပါေခ်။
"သခင္၊ ၿမိဳ႔ထဲကို ဒီလိုဝင္ဖို႔က သခင့္အတြက္ အႏၲရာယ္မ်ားလြန္းပါတယ္။ ဒီငယ္သား သခင္နဲ႔လိုက္ခဲ့ရမလား?"
သူမ ရႊမ္ဟုန္ယြီ အသက္ရွင္ေအာင္လုပ္ရမယ္။ အနည္းဆံုးေတာ့ သူမ ဒီကမ႓ာကထြက္သြားတဲ့အထိ ရႊမ္ဟုန္ယြီ အသက္ရွင္ေနဖို႔လိုတယ္။ သူမထြက္သြားၿပီးတဲ့ေနာက္ ရႊမ္ဟုန္ယြီ အသက္ရွင္ရွင္မရွင္ရွင္ ဒါ သူမကိစၥမဟုတ္ေတာ့ဘူး။
ရႊမ္ဟုန္ယြီက နဉ္ရႈကို ေအးစက္စြာၾကၫ့္ေလ၏။
"အႏၲရာယ္မ်ားတယ္ဆိုတာ မင္း ဘာအဓိပၸာယ္တုန္း? ဒီမင္းသားက နန္းေတာ္ထဲေဖာက္ဝင္မွာမွမဟုတ္တာ။"
ဒါေပမယ့္ နင္ လုပ္ႏိုင္တယ္ေလ။ ရႊမ္ဟုန္ယြီ႔ရဲ့ ေသေၾကာင္းႀကံရတာႀကိဳက္ပံုမ်ိဳးနဲ႔ဆို သူ အဲ့လိုအလုပ္မ်ိဳးအေသအခ်ာကိုလုပ္ႏိုင္တယ္လို႔ နဉ္ရႈ ခံစားရသည္။ သူသာ ရႊမ္ေရွာင္ထ်န္းဖမ္းတာခံရရင္ နဉ္ရႈမွာ သူ႔ကို ဒုတိယအႀကိမ္ အျပင္ထုတ္ေပးႏိုင္ဖို႔ ယံုၾကည္ခ်က္မရိွေပ။
ရႊမ္ေရွာင္ထ်န္းကလည္း ရႊမ္ဟုန္ယြီ ေနာက္ထပ္ျပသနာရွာတာကိုဟန႔္တားဖို႔ သူ႔ကို ျမန္ႏိုင္သမ်ျွမန္ျမန္သတ္ႏိုင္သည္။
နဉ္ရႈကား အင္မတန္မွပင္ပူပန္ေနရွာ၏။ ေက်းဇူးျပဳျပီး ဘာကိုမွ မဆင္မျခင္မလုပ္လိုက္ပါနဲ႔! နဉ္ရႈက အေလးအနက္ဆိုသည္။
"ေက်းဇူးျပဳျပီး ေသခ်ာဂရုစိုက္ပါ သခင္။"
ရႊမ္ဟုန္ယြီက ေခါင္းၿငိမ့္လိုက္ၿပီးေနာက္ ၾကမ္းေပၚမွာေလးဘက္ေထာက္သြားေနတဲ့ ရႊမ္ၿမဲ့ေရွာင္ကိုၾကၫ့္သည္။
"သူ႔ကို ေကာင္းေကာင္းၾကၫ့္ထား။ ဒီမင္းသား သိပ္မၾကာခင္ျပန္ေရာက္မွာ။"
...