(Unicode)
1856 ခုနှစ်၊ ကိုရီးယားနိုင်ငံ ဂျိုဆွန်းခေတ်။
ဘဲ့ဂျယ်တိုင်းပြည်တွင် မင်မင်းဆက်အုပ်ချုပ်နေစဉ်ကာလဖြစ်သည်။ တော်ဝင်မျိုးနွယ်များကို ပြည်သူတွေမြင်ဖူးခြင်းမရှိ။ အထက်ပိုင်းတွေနဲ့ လူချမ်းသာတွေလောက်သာ မြင်ဖူးကြသည်။
ဘုရင်ဖြစ်သူ မင်ဂျင်းဆူက သက်တော်ကြီးပြီဖြစ်တာကြောင့် ကျန်းမာရေးသိပ်မကောင်းတော့ပေ။ ထီးနန်းလွှဲအပ်ဖို့က သားတော်နှစ်ပါးရှိသည်။ မိဖုရားခေါင်မှ မွေးဖွားသော သား မင်ဂျိုဆော့နဲ့ မိဖုရားငယ်မှ မွေးဖွားသော သား မင်ယွန်းဂီနဲ့ သမီး မင်ဟွာရင်း။ သားကြီးဖြစ်သူ မင်ဂျိုဆော့ကို အိမ်ရှေ့စံအဖြစ် လျာထားသည်။
ပြည်သူများကတော့ တော်ဝင်မျိုးနွယ်များကို နာမည်သာ သိကြပြီး မျက်နှာများကို မြင်တွေ့ဖူးခြင်းမရှိကြချေ။
ဂျွန်ဂျောင်ဂု ၊ immortal ။
ခေတ်အဆက်ဆက် ရှင်သန်လာသူမို့ ရှေးဟောင်းပစ္စည်းအများအပြားပိုင်ဆိုင်သည်။ ထိုပစ္စည်းများအား စုစည်းထားကာ လူချမ်းသာများအား ရောင်းချလေ့ရှိသည်။ ဘုရင်ဖြစ်သူကလည်း ဂျောင်ဂုထံမှ ရှေးဟောင်းပစ္စည်းများ ကျောက်သံပတ္တမြားများကို ဝယ်ယူသည်။ စစ်မှန်သော ပစ္စည်းများဖြစ်တာကြောင့် ဘုရင်ရဲ့ ယုံကြည်မှုကို ရထားကာ တော်ဝင်မျိုးရိုးနဲ့ အတော်အတန် အဆင်ပြေသည်ဟုပြောရမည်။ ဂျောင်ဂုက အရပ်ထဲတွင် အိမ်ကောင်းခြံကောင်းတစ်လုံး ပိုင်ဆိုင်ထားပြီး တစ်ယောက်ထဲသာ နေသည်။ ပစ္စည်းရုံကိုတော့ ယုံကြည်ရသော အစောင့်ခြောက်ယောက်နဲ့ထားသည်။
ဂျောင်ဂုရဲ့ မိန်းမ၊ ဂျွန်ကတော်ဖြစ်ချင်သူများက ဒုနဲ့ဒေး။ ရုပ်ရည်ချောသည့်အပြင် ခန္ဓာကိုယ်ကလည်းတောင့်ကာ ချမ်းသာသည်လေ။ ဒါပေမဲ့ ဂျောင်ဂုက immortal ဖြစ်တာကြောင့် လူသားများအား စိတ်မဝင်စားပါ။
ဒီနေ့။ အိမ်ရှေ့စံ မင်ဂျိုဆော့ ရဲ့ မွေးနေ့ဖြစ်တာကြောင့် ဘုရင်က ပြည်သူများအား ညနေမှစ၍ ညလုံးပေါက် ပွဲတော် စီစဉ်ပေးသည်။ အရပ်ထဲမှာပင် ကပွဲများ၊ ပျော်ပွဲရွှင်ပွဲများလုပ်ပေးသည်မို့ အရပ်သားများက ပျော်ရွှင်လျက်ရှိသည်။
ဂျောင်ဂုကတော့ လူချမ်းသာတစ်ဦးဖြစ်တာကြောင့် သီးသန့်ထိုင်ခုံမှာ အခန့်သားထိုင်ကာ စင်ပေါ်တွင် ကပြဖျော်ဖြေနေသော မိန်းမပျိုချောချောလေးများကို ကြည့်နေသည်။ ဘုရင်ကိုယ်တိုင် ဂျောင်ဂုအား တည်ခင်းပေးထားသော ယမကာနဲ့ သစ်သီးများကို စားလိုက်၊ နန်းတွင်း ကချေသည်လေးများကို ကြည့်လိုက်နဲ့ အတော်ပင် ဇိမ်ကျနေသည်။
ညအတန်ငယ်မှောင်လာသောအခါမှာ အရက်ရှိန်ကြောင့် ခေါင်းအနည်းငယ်ကိုက်လာသည်။ သီချင်းသံ ဝုန်းဒိုင်းဝုန်းဒိုင်းများက ခေါင်းပိုကိုက်စေသည်မို့ ဂျောင်ဂု ထိုနေရာမှ ခဏထွက်လာခဲ့သည်။ ပွဲတော်ဆိုသည့်အတိုင်း နေရာအနှံ့ပွဲဈေးတန်းများ၊ လူများဖြင့် ရှုပ်ယှက်ခတ်နေတော့သည်။
ဒါကြောင့် လူရှင်းတဲ့နေရာဖြစ်သော ဟာယန်းရေကန်ဘက်သို့ လမ်းလျှောက်ထွက်လာခဲ့သည်။ ဟာယန်းရေကန်က ဘဲ့ဂျယ်ရဲ့ အသက်ဆိုရင်လည်း မမှား။ ဒီရေကန်ကနေပဲ သောက်ရေ သုံးရေတို့ရကြသည်။
ရေကန်ဘေးတွင်တော့ သစ်ပင်လေးတွေ အများအပြားရှိသည်။ အကြီးမားဆုံးနဲ့ အရိပ်အရဆုံး မက်မွန်ပင်ကြီးကတော့ ရေကန်ဘေးတွင် တစ်ပင်တည်းသာ။ နွေဦးကာလမို့ မက်မွန်ပန်းလေးများက လှပစွာဖူးပွင့်လျက်။ သို့သော်လည်း လရောင်အောက်မှာမို့ ပြတ်သားစွာမမြင်နိုင်ပေ။
ဂျောင်ဂုလည်း မက်မွန်ပင်အောက်တွင် ထိုင်ချလိုက်ကာ ရေကန်ဘက်ကိုငေးနေမိသည်။ အခုမှ အနည်းငယ် အမူးပြေလာသလို။ ပွဲတော်ကသီချင်းသံများကတော့ နားထဲမှာ သဲ့သဲ့လေးကြားနေရတုန်း။
အမှောင်နဲ့အတူ အနားပတ်ဝန်းကျင်က တိတ်ဆိတ်လျက်ရှိသည်။ ထိုအချိန်မှာပဲ ခြေသံခပ်သဲ့သဲ့ကြားကာ အနားကိုပြေးလာသယောင်။ ဂျောင်ဂုလည်း အနောက်ကို လှည့်ကြည့်ဖို့ပြင်စဉ် ထို လူအရိပ်လေးက ဘေးနားမှာ လာဝင်ထိုင်သည်။ ထိုင်လိုက်တာနဲ့ ထိုအရိပ်လေးက ချက်ချင်းစကားစသည်။
"အစီအစဉ်အတိုင်း စလုပ်ကြတော့မလား"
ဘာတွေလဲ?
"ကျွန်တော့်ဆီမှာ ပါလာပြီ ဒီမှာ"
ထိုကောင်လေးက သူ့အဝတ်ကြားထဲက ပုလင်းသေးသေးလေးကို ထုတ်ကာ မြှောက်ပြနေသေးသည်။
"ခဏလေး ဘာအစီအစဉ်လဲ"
ဂျောင်ဂုအမေးကြောင့် ထိုကောင်လေးထံမှ သက်ပြင်းချသံတစ်ခုကြားလိုက်ရပြီး
"အဲ့ဒါကြောင့် ခင်ဗျားကို အများကြီးမသောက်နဲ့လို့ပြောတာပေါ့၊ အိမ်ရှေ့စံကို အဆိပ်ခတ်ရမယ်လေဗျာ"
ထိုကောင်လေးဆီမှ စကားကြောင့် ဂျောင်ဂု အမူးတွေချက်ချင်းပြေသွားကာ မျက်လုံးပြူးသွားပြီး ထိုကောင်လေးရဲ့ လက်မောင်းကို လွတ်မသွားစေရန် အားနဲ့ဆုပ်ကိုင်လိုက်သည်။
"မင်း ဘယ်သူလဲ၊ အိမ်ရှေ့စံကို လုပ်ကြံဖို့ ဟုတ်လား"
ဂျောင်ဂုထံမှ ဒေါသသံကြောင့် ထိုကောင်လေး လန့်သွားကာ ကိုယ်လုံးလေး တုန်ခနဲဖြစ်သွားသည်။
"ဘယ်...ဘယ်သူလဲ၊ သခင်လေး ဂျောင်ဟိုဆော့ မဟုတ်ဘူးလား"
ဪ လတ်စသတ်တော့ လူမှားတာလား။
ဂျောင်ဂု စိတ်မရှည်စွာနဲ့ မတ်တတ်ထရပ်ကာ လရောင်ဖြာရာ အလင်းထဲကို ထိုကောင်လေးအား ဆွဲထုတ်လာခဲ့သည်။ ပြီးမှ ထိုကောင်လေးရဲ့ မျက်နှာမှာ အုပ်ထားသော အဝတ်အနက်ကို ဆွဲဖယ်လိုက်ရာ
မျက်လုံး ဝိုင်းဝိုင်းလေးက ကြောက်လန့်နေဟန်နဲ့ ပြူးကျယ်ဝိုင်းစက်ကာကြည့်နေသည်။ ယောက်ျားလေးတစ်ယောက်ဖြစ်သော်ငြားလည်း မျက်တောင်ရှည်လေးများက ကော့နေကာ လှပလွန်းသည်။ ပို၍ ထင်ရှားသည်က နှာခေါင်းထက်မှ မှဲ့နက်လေး။ ကြောက်လန့်မှုကြောင့် အသဲပုံသဏ္ဍာန်နှုတ်ခမ်းလေးက တုန်ယင်နေသည်။ ခြုံပြောရရင် ဒီကောင်လေးက လှတယ်။
ထိုကောင်လေး လက်မောင်းကို အားနဲ့ဆုပ်ကိုင်ထားသော ဂျောင်ဂုရဲ့ လက်တို့မှာ တဖြည်းဖြည်းလျော့ကျလာသည်။
"တောင်းပန်ပါတယ်၊ ကျွန်တော် စကား.. စကားပြောမှားသွားတာပါ တကယ်မလုပ်ပါဘူး၊ အသက်ရှင်ခွင့်ပေးပါ၊ ကျွန်တော့်ကို မသတ်ပါနဲ့၊ ချမ်းသာပေးပါ၊ တောင်းပန်ပါတယ် နောက်တစ်ခါ တကယ်မလုပ်တော့ပါဘူး"
ပါးစပ်ကနေ ဆက်တိုက်တောင်းပန်သံတွေထွက်လာသော ကောင်လေး။
"နာမည်က?"
"ဗျာ၊ ကျွန်တော့်ကို မင်းကြီးဆီလျှောက်တော့မလို့လား၊ တောင်းပန်ပါတယ်လို့ ပြောပြီးပြီလေ"
"မပြောတတ်ဘူးလေ၊ မင်းငါ့ကို ဆက်ဆံတဲ့ပုံစံကို ကြည့်ပြီး လျှောက်သင့်ရင် လျှောက်ရမှာပဲ၊ ကဲ နာမည်ပြော"
ထိုကောင်လေးမှာ မကျေနပ်ဟန်နဲ့ နှုတ်ခမ်းလေး အနည်းငယ်စူသွားသော်လည်း မျက်နှာချက်ချင်းပြန်တည်ကာ
"ကင်ထယ်ယောင်းပါ"
"ဟုတ်ပြီ ကင်ထယ်ယောင်း၊ ပြောပါဦး ဘာလို့ အိမ်ရှေ့စံကို အဆိပ်ခတ်ချင်ရတာလဲ"
ဂျောင်ဂုအမေးကြောင့် ထယ်ယောင်းမှာ ဂျောင်ဂုအား ခေါင်းအစခြေအဆုံး အသိမသာ အကဲခတ်ကြည့်သည်။
"ခင်ဗျားက ဘုရင့်လူဆိုတာ သိသာနေတာကြီးကို ဘာလို့ပြောရမှာလဲ"
"ငါက ရိုးရိုးကုန်သည်မို့လို့ ဘယ်သူ့လူမှမဟုတ်ဘူး၊ ဘုရင့်လူဆို မင်းကို ဒီနေရာမှာတင် သတိလစ်အောင်လုပ်ပြီး နန်းတော်ခေါ်သွားမှာပေါ့"
အဲ့တော့မှ ထယ်ယောင်းမှာ မျက်တောင်လေးတဖျတ်ဖျတ်ခတ်ကာ အနည်းငယ်လန့်သွားပုံ။ ဂျောင်ဂုကိုလည်း တဖြည်းဖြည်းယုံလာသည်။ ဒါပေမဲ့လည်း အဆိပ်ခတ်တယ်ဆိုတာ သေဒဏ်ကျမဲ့ အပြစ်မို့ ပေါ့လို့တော့မဖြစ်။
"ခင်ဗျား ကျွန်တော့်လက်မောင်းကို ကိုင်ထားတာ အရင်လွှတ်ပေးရင် ပြောပြမယ်"
ထယ်ယောင်းစကားကြောင့် ဂျောင်ဂုလည်း ခေါင်းတဆတ်ဆတ်ငြိမ့်ကာ လွှတ်ပေးလိုက်သည်။ အထင်နဲ့အမြင် တလွဲ။ ဂျောင်ဂုထံမှ လွတ်သည်နှင့် ထယ်ယောင်းမှာ အမှောင်ကွယ်ပြီး လှစ်ခနဲ ပြေးထွက်သွားလိုက်တာများ အရိပ်ပင်မတွေ့တော့ပေ။
နှစ်ရက်လောက်အကြာမှာ ထယ်ယောင်းလို့ခေါ်တဲ့ ထိုကောင်လေးအား ဈေးထဲက တစ်နေရာတွင် ပြန်တွေ့သည်။ ဆန်ပြုတ်ဆိုင်ထဲမှာ ဒူးတစ်ဖက်ထောင်ရင်း ဆန်ပြုတ်ကို အားရပါးရသောက်နေသည်။
ဟိုတနေ့က တွေ့ခဲ့တုန်းက ညအမှောင်ကြောင့် ပြတ်သားစွာ မမြင်ခဲ့ရသော မျက်နှာလေးက အခုအလင်းထဲမှာတော့ ပိုပေါ်လွင်နေသည်။
အညိုရောင်အင်္ကျီညစ်ထပ်ထပ်ကို ဝတ်ဆင်ထားတာကြောင့် အသားအရည်က သိပ်မပေါ်လှ။ ဆံပင်များကို ဖြစ်သလို သိမ်းကျုံးစည်းထားတာကြောင့် ဆံပင်ဖရိုဖရဲများက နဖူးတစ်ဝိုက်တွင် ဝဲကျနေသည်။ သို့သော်လည်း သူ့ရဲ့ မျက်နှာအစိတ်အပိုင်းလေးတွေက သေချာကြည့်ကြည့်ရင် လှပနေသည်။
ဂျောင်ဂုလည်း ဘာမှထပ်တွေးမနေတော့ဘဲ ထယ်ယောင်းရှိရာကို တည့်တည့်လာရင်း သူ့ရှေ့တည့်တည့်က ခုံမှာ ဝင်ထိုင်လိုက်သည်။ ဂျောင်ဂုကိုတွေ့တော့ ထယ်ယောင်းမှာ မျက်လုံးပြူးကနဲဖြစ်သွားပြီး
"ခင်..ခင်ဗျား ဒီကို ဘာလာလုပ်တာလဲ"
"ဆန်ပြုတ်ဆိုင်ထဲဝင်လာမှတော့ ဆန်ပြုတ်သောက်မလို့ပေါ့"
ပြောပြောဆိုဆိုနဲ့ ဂျောင်ဂုက ဆိုင်ရှင်အားဆန်ပြုတ်တစ်ပွဲလှမ်းမှာသည်။
ထယ်ယောင်းကတော့ ဂျောင်ဂုအား ခေါင်းအစခြေအဆုံး ထပ်စစ်ဆေးရာ ပိုးထည်အပြာရောင်ကို ဝတ်ထားပြီး ဆံပင်များကိုသေချာထုံးထားကာ ဦးထုပ်ဆောင်းထားသည်မို့ ဂျောင်ဂုက အလွန်ကြည့်ကောင်းကာ တကယ့် လူချမ်းသာမှန်း ကြည့်ရုံနဲ့တင်သိသာလှသည်။
"ခင်ဗျားက ချမ်းသာရဲ့သားနဲ့ ဘာလို့ ဆန်ပြုတ်သောက်တာလဲ"
"ချမ်းသာရင် ဆန်ပြုတ်မသောက်ရတော့ဘူးလား"
"အဲ့လိုမဟုတ်ပါဘူး ဒီနားမှာတစ်ခါမှ ဆန်ပြုတ်လာသောက်တဲ့ သူဌေးမတွေ့ဖူးလို့"
ထယ်ယောင်းစကားကြောင့် ဂျောင်ဂုတစ်ချက်ပြုံးသည်။ ဘေးနားက လူအချို့မှာလည်း ထယ်ယောင်းလိုမျိုး ခပ်ညစ်ညစ် အဝတ်အစားများသာဝတ်ထားကြပြီး သူ့အား အထူးအဆန်းသဖွယ်ကြည့်နေကြသည်။
ထိုအချိန်မှာပဲ ဂျောင်ဂုရှေ့ကို ဆိုင်ရှင်က ဆန်ပြုတ်လာချပေးသည်။ ဂျောင်ဂုက မစားသေးဘဲ ထယ်ယောင်းရဲ့ပန်းကန်ကို လှမ်းကြည့်လိုက်ရာ ပြောင်သလင်းခါနေသော်လည်း ထယ်ယောင်းကမူ ဗိုက်ပြည့်ပုံမပေါ်သေးတာကြောင့် ဆန်ပြုတ်ပန်းကန်လေးကို ထယ်ယောင်းရှေ့ တိုးပေးလိုက်သည်။
"စားလိုက်"
"ခင်ဗျားဟာကို ဘာလို့စားရမှာလဲ"
"မင်းကိုကြည့်ရတာ ဗိုက်မဝသေးတဲ့ပုံမို့လို့ စားလိုက်"
ထယ်ယောင်းကမူ ဘာမှပြန်မပြောဘဲ ဂျောင်ဂုကို တစ်လှည့် ဆန်ပြုတ်ပန်းကန်ကို တစ်လှည့်ကြည့်နေသည်။
"စိတ်ချလက်ချစားပါ ငါကမင်းလို သူများစားမဲ့ထဲ အဆိပ်ထည့်မဲ့သူမဟုတ်ဘူး"
ဂျောင်ဂုစကားကြောင့် ထယ်ယောင်းမှာ မျက်လုံးလေးဝိုင်းသွားပြီး သူ့နှုတ်ခမ်းပေါ်သူ လက်ညိုးလေးနဲ့ ထောက်ကာ တိုးတိုးနေဖို့ အချက်ပြရင်း ဘေးဘီကို ကြည့်သေးသည်။ ဘယ်သူမှမကြားမှန်းသေချာမှ ဂျောင်ဂုကို မျက်မှောင်ကုတ်ကြည့်ပြီး
"ဒီမှာ လူကြီး၊ ဒီကိစ္စကို အဲ့လိုလွယ်လွယ်မပြောပါနဲ့ ကျွန်တော်သေလိမ့်မယ်၊ ပြီးတော့ ခင်ဗျားပဲ ကျွန်တော့်ကို လွှတ်ပေးခဲ့တာမဟုတ်လား"
"ငါလွှတ်ပေးပေမဲ့ သွားတော့လို့ မပြောခဲ့ဘူးလေ၊ ဒါပေမဲ့ မင်းထွက်ပြေးသွားတယ်"
ထယ်ယောင်းဘာမှပြန်မပြောတော့ဘဲ မျက်မှောင်သာ ကုတ်ထားသည်။ မျက်နှာလေးက မပြင်မဆင်ထားထားသောကြောင့် ညစ်တီးအိုးလေးဖြစ်နေတာကလွဲလို့ ဒီကောင်လေးက အသဲယားစရာလေးပါပဲ။
ဂျောင်ဂုလည်း ထိုင်နေရာမှ ရုတ်တရက်ထကာ ဆိုင်ရှင်အား ပိုက်ဆံသွားရှင်းသည်။ ပြီးမှ ထယ်ယောင်းနားကိုပြန်လာပြီး
"ကောင်လေး၊ ငါပိုက်ဆံအကုန်ရှင်းပြီးပြီမို့ စားပြီးတာနဲ့ အိမ်ကိုတန်းပြန်တော့ ဟုတ်ပြီလား"
ထိုသို့ပြောကာ ဂျောင်ဂုလည်း တစ်ချက်ပြုံးပြရင်း ထွက်သွားတော့သည်။ ထယ်ယောင်းမှာတော့ ကြောင်တောင်တောင်လေးသာ ကျန်ခဲ့လျက်။ လူကို ကလေးများထင်နေလားမသိဘူး။
ဂျောင်ဂု တကယ်တော့ ဆိုင်မှာ ဆက်ထိုင်ချင်ပါသေးသည်။ ဒါပေမဲ့ မင်းသမီး မင်ဟွာရင်းက ခေါ်ထားသည်မို့ အမြန်သွားရပေဦးမည်လေ။
မင်းသမီးက အလွန်လှတာကြောင့် လက်ထပ်ချင်သူ မင်းသားများက အလွန်များသည်။ ဘဲ့ဂျယ်တိုင်းပြည်ကလည်း သာယာဝပြောတာကြောင့် အခြားပြည်များက တိုင်းပြည်ကိုရော မင်းသမီးကိုပါ သဘောကျကြသည်။
ဂျောင်ဂုလည်း မင်းသမီးမှာလိုက်သော ပစ္စည်းလေးအား သေချာထုတ်ပိုးကာ နန်းတော်ထဲသို့ ဝင်လာခဲ့သည်။
အရှေ့မှာတင် မင်းသမီးရဲ့ အထိန်းတော်က အသင့်စောင့်နေကာ ဂျောင်ဂုအား မင်းသမီးအခန်းထဲသို့ ခေါ်လာပေးသည်။ အခန်းရှေ့ရောက်တာနဲ့ အထိန်းတော်က အထဲကို လှမ်းပြောသည်။
"မင်းသမီး၊ ကုန်သည်ဂျွန်ဂျောင်ဂု ရောက်နေပါပြီ"
"ဝင်လာခဲ့ပါ"
မင်းသမီးအမိန့်ရတာနဲ့ ဂျောင်ဂုလည်း တစ်ယောက်ထဲ အခန်းထဲသို့ဝင်သွားတော့သည်။
မင်းသမီးက လှပစွာဝတ်စားထားကာ အလှသေချာပြင်ထားသည်။ ဂျောင်ဂုလည်း မင်းသမီးကို ဦးညွှတ်သည်။
"မှာလိုက်တဲ့ ပစ္စည်းလေးရရဲ့လား ကုန်သည်ဂျွန်"
"ရပါတယ် မင်းသမီး ဒီမှာပါ"
ဂျောင်ဂုက ပြောပြောဆိုဆိုနဲ့ အိတ်ဆောင်ထဲမှ အဝတ်နဲ့ အထပ်ထပ်ပတ်ထားသော အဝတ်ထုပ်လေးကို ဖြည်ပြလိုက်သည်။ ပတ္တမြားဆံထိုးလေးဖြစ်သည်။
ဆံထိုးကိုမြင်တာနဲ့ မင်းသမီးမျက်နှာမှာ ပြုံးရွှင်သွားသည်။
"လှလိုက်တာ၊ ကုန်သည်ဂျွန်က ဘယ်တော့မှ စိတ်မပျက်စေရဘူးပဲ"
"မခံယူဝံ့ပါဘူး"
ဂျောင်ဂုစကားကြောင့် မင်းသမီးကပြုံးသည်။
"ဆံထိုးကို ကုန်သည်ဂျွန်ကိုယ်တိုင် လာထိုးပေးပါ"
မင်းသမီးထံမှ အမိန့်ကြောင့် ဂျောင်ဂုလည်း ဆံထိုးကို အသာအယာကိုင်ကာ မင်းသမီးနားကို သွားပြီး ဆံနွယ်တွေကြား သေချာလေး ထိုးပေးလိုက်သည်။ မင်းသမီးရဲ့ မျက်နှာနုနုနဲ့ ထိုဆံထိုးလေးက လိုက်ဖက်လှသည်။
တကယ်လို့ ဟိုဖရိုဖရဲဆံပင်နဲ့ ကောင်လေးကိုလည်း ဆံထိုးလေးထိုးပေးပြီး သပ်သပ်ရပ်ရပ်ပြင်ပေးရင် ဘယ်လိုများနေမလဲလို့ မဆီမဆိုင်တွေးကြည့်သေးသည်။ နောက်မှ ဘာလို့သူ့အကြောင်းတွေးမိနေတာလဲလို့ အသိပြန်ဝင်တော့သည်။
"အာ ဟုတ်သားပဲ၊ ဟိုတစ်ခါ ကုန်သည်ဂျွန်ယူလာပေးတဲ့ ပန်းနုရောင်ပိုးထည်လေးနဲ့ဆို ဒီဆံထိုးလေးက လိုက်မှာပဲနော်"
"ဟုတ်ကဲ့ လိုက်ဖက်ပါတယ်"
"ဒါဆို အခုစမ်းဝတ်ကြည့်ရမယ်"
မင်းသမီးက ပြောပြီးတာနဲ့ ထိုင်ရာမှ ထကာ အဝတ်လဲဖို့ပြင်နေသည်မို့ ဂျောင်ဂုမှာ လန့်သွားပြီး အကြည့်လွှဲလိုက်ကာ
"မင်းသမီး၊ ကျွန်တော် အပြင်ထွက်လိုက်ပါဦးမယ်"
"ကုန်သည်ဂျွန်ကို ယုံတာမို့ အပြင်မထွက်လည်းကိစ္စမရှိပါဘူး"
"ဒါပေမဲ့ မသင့်တော်ပါဘူး မင်းသမီး၊ ကျွန်တော် အပြင်ထွက်ပါမယ်"
မင်းသမီးအမိန့်ကို မစောင့်တော့ဘဲ ဂျောင်ဂုလည်း ဦးညွှတ်ကာ အခန်းပြင်သို့ အမြန်ထွက်လာခဲ့တော့သည်။ မင်းသမီးကတော့ ထွက်သွားသော ဂျောင်ဂုရဲ့ ကျောပြင်အား ငေးကြည့်ရင်း ပြုံးနေမိတော့သည်။
ဂျောင်ဂုလည်း လုပ်စရာမရှိတော့သည်မို့ နန်းတော်အပြင်သို့ ပြန်ထွက်လာခဲ့တော့သည်။ လမ်းလျှောက်ရင်းတွေးနေမိတာက ကင်ထယ်ယောင်းကိုပင်။
ထိုကောင်လေးက ဘာလို့ အိမ်ရှေ့စံကို အဆိပ်ခတ်ချင်လဲဆိုတာ စဉ်းစားလို့မရ။ ရုပ်လေးကလည်း သနားကမားနဲ့ ယုတ်မာမဲ့ပုံလည်းမဟုတ်။ အာဏာလိုချင်တဲ့ပုံလည်းမဟုတ်။ တစ်ယောက်ယောက်ကများ ပိုက်ဆံပေးပြီးခိုင်းတာဆိုရင်တော့ ထိုကောင်လေးအတွက် အန္တရာယ်များလွန်းသည်။
ဟိုနေ့ကပြောတဲ့ထဲမှာတော့ သခင်လေးဂျောင်ဟိုဆော့ဆိုတာကြားလိုက်ရသည်။ ဂျောင်ဟိုဆော့နဲ့များတစ်ခုခုပက်သက်နေတာလား။ ဟိုဆော့က အမတ်တစ်ဦးရဲ့သားဖြစ်သည်။ ချမ်းသာသည် ရုပ်ချောသည်မို့ အခြွေအရံအပေါင်းအသင်းများကာ ပြည့်စုံသည်။ မဟုတ်မှ သူကများ အာဏာလိုချင်လို့ ထယ်ယောင်းကို ခိုင်းခဲ့တာများလား။
နေပါဦး ငါက ဘာလို့ သူများကိစ္စကို လိုက်တွေးနေတာလဲ။ မသေမျိုးတွေက စည်းကမ်းချက် သုံးချက်နဲ့ အညီနေရုံပဲကို။ အလကား ခေါင်းရှုပ်ခံမိပြန်ပြီ။
ဂျောင်ဂု အတွေးတွေကို ပြန်ဖျောက်ကာ အိမ်သို့ပြန်လာတုန်း လမ်းမှာ ထယ်ယောင်းကိုတွေ့ပြန်သည်။ ဒီတစ်ခါတော့ ထယ်ယောင်းက အနားကိုပြေးလာသည်။
"ခုနက ဆန်ပြုတ်အတွက် ကျေးဇူးပါ၊ တစ်နေ့နေ့မှာ ပြန်ဆပ်ပါမယ် အခုတော့ ဆပ်စရာပိုက်ဆံမရှိသေးလို့"
ထယ်ယောင်းစကားကြောင့် ဂျောင်ဂု မဲ့ပြုံးလေးတစ်ချက်ပြုံးသည်။
"ဝယ်ကျွေးတာမို့လို့ ပိုက်ဆံမလိုဘူး၊ ပြီးတော့ ငါပြောတာ သေချာနားထောင်နော်၊ သေဒဏ်ထောင်ဒဏ်ကျမဲ့ ဟာမျိုးတွေလုပ်မနေဘဲ အိမ်မှာ အမေ့ကိုပဲ ကူလုပ်ဟုတ်ပြီလား"
"အမေမှမရှိတာကို"
"ဒါဆို အဖေ့ကို ကူလုပ်ပေါ့"
"အဖေလည်းမရှိတော့ဘူး"
"ညီအစ်ကိုမောင်နှမတွေရော"
"မရှိဘူး အကုန်အငတ်ဘေးကြောင့် သေကုန်ပြီလို့"
ထယ်ယောင်းက စိတ်မရှည်တဲ့လေသံလေးနဲ့ အော်ပြောတော့မှ ဂျောင်ဂု နှုတ်ပိတ်သွားသည်။ ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီကောင်လေး မိဘမရှိဘူးတဲ့လား။ မသေမျိုး တစ်ယောက်အဖို့ မိသားစုဆိုတာဘာမှန်းသေချာမသိပေမဲ့ လူသားတွေအတွက်တော့ အရေးပါကြတယ်မဟုတ်လား။
"ခင်ဗျားတို့ လူချမ်းသာတွေကတော့ ဘယ်သိမလဲ၊ ကျွန်တော်တို့ ဆင်းရဲသားတွေက နေ့တိုင်း အစာရေစာငတ်ပြတ်ပြီး မသေရုံတမယ်နေနေကြရတာ၊ ကျွန်တော့်မိသားစုလည်း အဲ့အတိုင်းပဲ၊ အငတ်ဘေးကြောင့် သေသွားကြပြီလေ၊ ကျွန်တော်ပဲ ကံဆိုးပြီး တစ်ယောက်ထဲကျန်ခဲ့တာ"
"လူတွေက အဲ့လောက်ဖြစ်နေကြတာလား၊ ငါမသိခဲ့ဘူး"
"ခင်ဗျားတို့က အရာရာပြည့်စုံနေတဲ့သူတွေပဲ၊ ဒါတွေကို သိဖို့ကြိုးစားကြမှာမဟုတ်ပါဘူး၊ ဒီနေ့ ဆန်ပြုတ်အတွက်ကျေးဇူးပါ၊ ဒါဆို ကျွန်တော် သွားတော့မယ်"
ထယ်ယောင်းက ပြောပြောဆိုဆိုနဲ့ ဂျောင်ဂုအား ခေါင်းလေးအသာငုံ့ကာ နှုတ်ဆက်ပြီး ထွက်သွားတော့သည်။ ဂျောင်ဂုမှာတော့ ထိုနေရာတွင်ပင် မလှုပ်မယှက်ကျန်ခဲ့ပြီး ထွက်ခွာသွားသော ကျောပြင်သေးသေးလေးကို ငေးကြည့်လျက်။
ဒီကောင်လေးနဲ့တွေ့တိုင်း အမြဲ ဂရုတစိုက်နေမိကာ သနားဂရုဏာသက်နေမိသည်။ ဒီကောင်လေးက ထူးခြားနေတာတော့ မဟုတ်ပေမဲ့ သူ့အတွက်တော့ ထူးခြားနေခဲ့တယ်။
သေချာတာတော့ ဒီကောင်လေးအကြောင်းတွေ အများကြီး ထပ်သိချင်မိသည်။
.
.
.
To Be Continued
မနက်ကတည်းက တင်မလို့ဟာကို မနက်က ဘယ်လိုတင်တင် noti မတက်ဖြစ်နေလို့ ခုမှတင်ရတယ်
(Zawgyi)
1856 ခုႏွစ္၊ ကိုရီးယားနိုင္ငံ ဂ်ိဳဆြန္းေခတ္။
ဘဲ့ဂ်ယ္တိုင္းျပည္တြင္ မင္မင္းဆက္အုပ္ခ်ဳပ္ေနစဥ္ကာလျဖစ္သည္။ ေတာ္ဝင္မ်ိဳးႏြယ္မ်ားကို ျပည္သူေတြျမင္ဖူးျခင္းမရွိ။ အထက္ပိုင္းေတြနဲ႕ လူခ်မ္းသာေတြေလာက္သာ ျမင္ဖူးၾကသည္။
ဘုရင္ျဖစ္သူ မင္ဂ်င္းဆူက သက္ေတာ္ႀကီးၿပီျဖစ္တာေၾကာင့္ က်န္းမာေရးသိပ္မေကာင္းေတာ့ေပ။ ထီးနန္းလႊဲအပ္ဖို႔က သားေတာ္ႏွစ္ပါးရွိသည္။ မိဖုရားေခါင္မွ ေမြးဖြားေသာ သား မင္ဂ်ိဳေဆာ့နဲ႕ မိဖုရားငယ္မွ ေမြးဖြားေသာ သား မင္ယြန္းဂီနဲ႕ သမီး မင္ဟြာရင္း။ သားႀကီးျဖစ္သူ မင္ဂ်ိဳေဆာ့ကို အိမ္ေရွ႕စံအျဖစ္ လ်ာထားသည္။
ျပည္သူမ်ားကေတာ့ ေတာ္ဝင္မ်ိဳးႏြယ္မ်ားကို နာမည္သာ သိၾကၿပီး မ်က္ႏွာမ်ားကို ျမင္ေတြ႕ဖူးျခင္းမရွိၾကေခ်။
ဂြၽန္ေဂ်ာင္ဂု ၊ immortal ။
ေခတ္အဆက္ဆက္ ရွင္သန္လာသူမို႔ ေရွးေဟာင္းပစၥည္းအမ်ားအျပားပိုင္ဆိုင္သည္။ ထိုပစၥည္းမ်ားအား စုစည္းထားကာ လူခ်မ္းသာမ်ားအား ေရာင္းခ်ေလ့ရွိသည္။ ဘုရင္ျဖစ္သူကလည္း ေဂ်ာင္ဂုထံမွ ေရွးေဟာင္းပစၥည္းမ်ား ေက်ာက္သံပတၱျမားမ်ားကို ဝယ္ယူသည္။ စစ္မွန္ေသာ ပစၥည္းမ်ားျဖစ္တာေၾကာင့္ ဘုရင္ရဲ႕ ယုံၾကည္မႈကို ရထားကာ ေတာ္ဝင္မ်ိဳးရိုးနဲ႕ အေတာ္အတန္ အဆင္ေျပသည္ဟုေျပာရမည္။ ေဂ်ာင္ဂုက အရပ္ထဲတြင္ အိမ္ေကာင္းၿခံေကာင္းတစ္လုံး ပိုင္ဆိုင္ထားၿပီး တစ္ေယာက္ထဲသာ ေနသည္။ ပစၥည္း႐ုံကိုေတာ့ ယုံၾကည္ရေသာ အေစာင့္ေျခာက္ေယာက္နဲ႕ထားသည္။
ေဂ်ာင္ဂုရဲ႕ မိန္းမ၊ ဂြၽန္ကေတာ္ျဖစ္ခ်င္သူမ်ားက ဒုနဲ႕ေဒး။ ႐ုပ္ရည္ေခ်ာသည့္အျပင္ ခႏၶာကိုယ္ကလည္းေတာင့္ကာ ခ်မ္းသာသည္ေလ။ ဒါေပမဲ့ ေဂ်ာင္ဂုက immortal ျဖစ္တာေၾကာင့္ လူသားမ်ားအား စိတ္မဝင္စားပါ။
ဒီေန႕။ အိမ္ေရွ႕စံ မင္ဂ်ိဳေဆာ့ ရဲ႕ ေမြးေန႕ျဖစ္တာေၾကာင့္ ဘုရင္က ျပည္သူမ်ားအား ညေနမွစ၍ ညလုံးေပါက္ ပြဲေတာ္ စီစဥ္ေပးသည္။ အရပ္ထဲမွာပင္ ကပြဲမ်ား၊ ေပ်ာ္ပြဲ႐ႊင္ပြဲမ်ားလုပ္ေပးသည္မို႔ အရပ္သားမ်ားက ေပ်ာ္႐ႊင္လ်က္ရွိသည္။
ေဂ်ာင္ဂုကေတာ့ လူခ်မ္းသာတစ္ဦးျဖစ္တာေၾကာင့္ သီးသန႔္ထိုင္ခုံမွာ အခန႔္သားထိုင္ကာ စင္ေပၚတြင္ ကျပေဖ်ာ္ေျဖေနေသာ မိန္းမပ်ိဳေခ်ာေခ်ာေလးမ်ားကို ၾကည့္ေနသည္။ ဘုရင္ကိုယ္တိုင္ ေဂ်ာင္ဂုအား တည္ခင္းေပးထားေသာ ယမကာနဲ႕ သစ္သီးမ်ားကို စားလိုက္၊ နန္းတြင္း ကေခ်သည္ေလးမ်ားကို ၾကည့္လိုက္နဲ႕ အေတာ္ပင္ ဇိမ္က်ေနသည္။
ညအတန္ငယ္ေမွာင္လာေသာအခါမွာ အရက္ရွိန္ေၾကာင့္ ေခါင္းအနည္းငယ္ကိုက္လာသည္။ သီခ်င္းသံ ဝုန္းဒိုင္းဝုန္းဒိုင္းမ်ားက ေခါင္းပိုကိုက္ေစသည္မို႔ ေဂ်ာင္ဂု ထိုေနရာမွ ခဏထြက္လာခဲ့သည္။ ပြဲေတာ္ဆိုသည့္အတိုင္း ေနရာအႏွံ႕ပြဲေဈးတန္းမ်ား၊ လူမ်ားျဖင့္ ရႈပ္ယွက္ခတ္ေနေတာ့သည္။
ဒါေၾကာင့္ လူရွင္းတဲ့ေနရာျဖစ္ေသာ ဟာယန္းေရကန္ဘက္သို႔ လမ္းေလွ်ာက္ထြက္လာခဲ့သည္။ ဟာယန္းေရကန္က ဘဲ့ဂ်ယ္ရဲ႕ အသက္ဆိုရင္လည္း မမွား။ ဒီေရကန္ကေနပဲ ေသာက္ေရ သုံးေရတို႔ရၾကသည္။
ေရကန္ေဘးတြင္ေတာ့ သစ္ပင္ေလးေတြ အမ်ားအျပားရွိသည္။ အႀကီးမားဆုံးနဲ႕ အရိပ္အရဆုံး မက္မြန္ပင္ႀကီးကေတာ့ ေရကန္ေဘးတြင္ တစ္ပင္တည္းသာ။ ေႏြဦးကာလမို႔ မက္မြန္ပန္းေလးမ်ားက လွပစြာဖူးပြင့္လ်က္။ သို႔ေသာ္လည္း လေရာင္ေအာက္မွာမို႔ ျပတ္သားစြာမျမင္နိုင္ေပ။
ေဂ်ာင္ဂုလည္း မက္မြန္ပင္ေအာက္တြင္ ထိုင္ခ်လိဳက္ကာ ေရကန္ဘက္ကိုေငးေနမိသည္။ အခုမွ အနည္းငယ္ အမူးေျပလာသလို။ ပြဲေတာ္ကသီခ်င္းသံမ်ားကေတာ့ နားထဲမွာ သဲ့သဲ့ေလးၾကားေနရတုန္း။
အေမွာင္နဲ႕အတူ အနားပတ္ဝန္းက်င္က တိတ္ဆိတ္လ်က္ရွိသည္။ ထိုအခ်ိန္မွာပဲ ေျခသံခပ္သဲ့သဲ့ၾကားကာ အနားကိုေျပးလာသေယာင္။ ေဂ်ာင္ဂုလည္း အေနာက္ကို လွည့္ၾကည့္ဖို႔ျပင္စဥ္ ထို လူအရိပ္ေလးက ေဘးနားမွာ လာဝင္ထိုင္သည္။ ထိုင္လိုက္တာနဲ႕ ထိုအရိပ္ေလးက ခ်က္ခ်င္းစကားစသည္။
"အစီအစဥ္အတိုင္း စလုပ္ၾကေတာ့မလား"
ဘာေတြလဲ?
"ကြၽန္ေတာ့္ဆီမွာ ပါလာၿပီ ဒီမွာ"
ထိုေကာင္ေလးက သူ႕အဝတ္ၾကားထဲက ပုလင္းေသးေသးေလးကို ထုတ္ကာ ျမႇောက္ျပေနေသးသည္။
"ခဏေလး ဘာအစီအစဥ္လဲ"
ေဂ်ာင္ဂုအေမးေၾကာင့္ ထိုေကာင္ေလးထံမွ သက္ျပင္းခ်သံတစ္ခုၾကားလိုက္ရၿပီး
"အဲ့ဒါေၾကာင့္ ခင္ဗ်ားကို အမ်ားႀကီးမေသာက္နဲ႕လို႔ေျပာတာေပါ့၊ အိမ္ေရွ႕စံကို အဆိပ္ခတ္ရမယ္ေလဗ်ာ"
ထိုေကာင္ေလးဆီမွ စကားေၾကာင့္ ေဂ်ာင္ဂု အမူးေတြခ်က္ခ်င္းေျပသြားကာ မ်က္လုံးျပဴးသြားၿပီး ထိုေကာင္ေလးရဲ႕ လက္ေမာင္းကို လြတ္မသြားေစရန္ အားနဲ႕ဆုပ္ကိုင္လိုက္သည္။
"မင္း ဘယ္သူလဲ၊ အိမ္ေရွ႕စံကို လုပ္ႀကံဖို႔ ဟုတ္လား"
ေဂ်ာင္ဂုထံမွ ေဒါသသံေၾကာင့္ ထိုေကာင္ေလး လန႔္သြားကာ ကိုယ္လုံးေလး တုန္ခနဲျဖစ္သြားသည္။
"ဘယ္...ဘယ္သူလဲ၊ သခင္ေလး ေဂ်ာင္ဟိုေဆာ့ မဟုတ္ဘူးလား"
ဪ လတ္စသတ္ေတာ့ လူမွားတာလား။
ေဂ်ာင္ဂု စိတ္မရွည္စြာနဲ႕ မတ္တတ္ထရပ္ကာ လေရာင္ျဖာရာ အလင္းထဲကို ထိုေကာင္ေလးအား ဆြဲထုတ္လာခဲ့သည္။ ၿပီးမွ ထိုေကာင္ေလးရဲ႕ မ်က္ႏွာမွာ အုပ္ထားေသာ အဝတ္အနက္ကို ဆြဲဖယ္လိုက္ရာ
မ်က္လုံး ဝိုင္းဝိုင္းေလးက ေၾကာက္လန႔္ေနဟန္နဲ႕ ျပဴးက်ယ္ဝိုင္းစက္ကာၾကည့္ေနသည္။ ေယာက္်ားေလးတစ္ေယာက္ျဖစ္ေသာ္ျငားလည္း မ်က္ေတာင္ရွည္ေလးမ်ားက ေကာ့ေနကာ လွပလြန္းသည္။ ပို၍ ထင္ရွားသည္က ႏွာေခါင္းထက္မွ မွဲ႕နက္ေလး။ ေၾကာက္လန႔္မႈေၾကာင့္ အသဲပုံသ႑ာန္ႏႈတ္ခမ္းေလးက တုန္ယင္ေနသည္။ ၿခဳံေျပာရရင္ ဒီေကာင္ေလးက လွတယ္။
ထိုေကာင္ေလး လက္ေမာင္းကို အားနဲ႕ဆုပ္ကိုင္ထားေသာ ေဂ်ာင္ဂုရဲ႕ လက္တို႔မွာ တျဖည္းျဖည္းေလ်ာ့က်လာသည္။
"ေတာင္းပန္ပါတယ္၊ ကြၽန္ေတာ္ စကား.. စကားေျပာမွားသြားတာပါ တကယ္မလုပ္ပါဘူး၊ အသက္ရွင္ခြင့္ေပးပါ၊ ကြၽန္ေတာ့္ကို မသတ္ပါနဲ႕၊ ခ်မ္းသာေပးပါ၊ ေတာင္းပန္ပါတယ္ ေနာက္တစ္ခါ တကယ္မလုပ္ေတာ့ပါဘူး"
ပါးစပ္ကေန ဆက္တိုက္ေတာင္းပန္သံေတြထြက္လာေသာ ေကာင္ေလး။
"နာမည္က?"
"ဗ်ာ၊ ကြၽန္ေတာ့္ကို မင္းႀကီးဆီေလွ်ာက္ေတာ့မလို႔လား၊ ေတာင္းပန္ပါတယ္လို႔ ေျပာၿပီးၿပီေလ"
"မေျပာတတ္ဘူးေလ၊ မင္းငါ့ကို ဆက္ဆံတဲ့ပုံစံကို ၾကည့္ၿပီး ေလွ်ာက္သင့္ရင္ ေလွ်ာက္ရမွာပဲ၊ ကဲ နာမည္ေျပာ"
ထိုေကာင္ေလးမွာ မေက်နပ္ဟန္နဲ႕ ႏႈတ္ခမ္းေလး အနည္းငယ္စူသြားေသာ္လည္း မ်က္ႏွာခ်က္ခ်င္းျပန္တည္ကာ
"ကင္ထယ္ေယာင္းပါ"
"ဟုတ္ၿပီ ကင္ထယ္ေယာင္း၊ ေျပာပါဦး ဘာလို႔ အိမ္ေရွ႕စံကို အဆိပ္ခတ္ခ်င္ရတာလဲ"
ေဂ်ာင္ဂုအေမးေၾကာင့္ ထယ္ေယာင္းမွာ ေဂ်ာင္ဂုအား ေခါင္းအစေျခအဆုံး အသိမသာ အကဲခတ္ၾကည့္သည္။
"ခင္ဗ်ားက ဘုရင့္လူဆိုတာ သိသာေနတာႀကီးကို ဘာလို႔ေျပာရမွာလဲ"
"ငါက ရိုးရိုးကုန္သည္မို႔လို႔ ဘယ္သူ႕လူမွမဟုတ္ဘူး၊ ဘုရင့္လူဆို မင္းကို ဒီေနရာမွာတင္ သတိလစ္ေအာင္လုပ္ၿပီး နန္းေတာ္ေခၚသြားမွာေပါ့"
အဲ့ေတာ့မွ ထယ္ေယာင္းမွာ မ်က္ေတာင္ေလးတဖ်တ္ဖ်တ္ခတ္ကာ အနည္းငယ္လန႔္သြားပုံ။ ေဂ်ာင္ဂုကိုလည္း တျဖည္းျဖည္းယုံလာသည္။ ဒါေပမဲ့လည္း အဆိပ္ခတ္တယ္ဆိုတာ ေသဒဏ္က်မဲ့ အျပစ္မို႔ ေပါ့လို႔ေတာ့မျဖစ္။
"ခင္ဗ်ား ကြၽန္ေတာ့္လက္ေမာင္းကို ကိုင္ထားတာ အရင္လႊတ္ေပးရင္ ေျပာျပမယ္"
ထယ္ေယာင္းစကားေၾကာင့္ ေဂ်ာင္ဂုလည္း ေခါင္းတဆတ္ဆတ္ၿငိမ့္ကာ လႊတ္ေပးလိုက္သည္။ အထင္နဲ႕အျမင္ တလြဲ။ ေဂ်ာင္ဂုထံမွ လြတ္သည္ႏွင့္ ထယ္ေယာင္းမွာ အေမွာင္ကြယ္ၿပီး လွစ္ခနဲ ေျပးထြက္သြားလိုက္တာမ်ား အရိပ္ပင္မေတြ႕ေတာ့ေပ။
ႏွစ္ရက္ေလာက္အၾကာမွာ ထယ္ေယာင္းလို႔ေခၚတဲ့ ထိုေကာင္ေလးအား ေဈးထဲက တစ္ေနရာတြင္ ျပန္ေတြ႕သည္။ ဆန္ျပဳတ္ဆိုင္ထဲမွာ ဒူးတစ္ဖက္ေထာင္ရင္း ဆန္ျပဳတ္ကို အားရပါးရေသာက္ေနသည္။
ဟိုတေန႕က ေတြ႕ခဲ့တုန္းက ညအေမွာင္ေၾကာင့္ ျပတ္သားစြာ မျမင္ခဲ့ရေသာ မ်က္ႏွာေလးက အခုအလင္းထဲမွာေတာ့ ပိုေပၚလြင္ေနသည္။
အညိုေရာင္အကၤ်ီညစ္ထပ္ထပ္ကို ဝတ္ဆင္ထားတာေၾကာင့္ အသားအရည္က သိပ္မေပၚလွ။ ဆံပင္မ်ားကို ျဖစ္သလို သိမ္းက်ဳံးစည္းထားတာေၾကာင့္ ဆံပင္ဖရိုဖရဲမ်ားက နဖူးတစ္ဝိုက္တြင္ ဝဲက်ေနသည္။ သို႔ေသာ္လည္း သူ႕ရဲ႕ မ်က္ႏွာအစိတ္အပိုင္းေလးေတြက ေသခ်ာၾကည့္ၾကည့္ရင္ လွပေနသည္။
ေဂ်ာင္ဂုလည္း ဘာမွထပ္ေတြးမေနေတာ့ဘဲ ထယ္ေယာင္းရွိရာကို တည့္တည့္လာရင္း သူ႕ေရွ႕တည့္တည့္က ခုံမွာ ဝင္ထိုင္လိုက္သည္။ ေဂ်ာင္ဂုကိုေတြ႕ေတာ့ ထယ္ေယာင္းမွာ မ်က္လုံးျပဴးကနဲျဖစ္သြားၿပီး
"ခင္..ခင္ဗ်ား ဒီကို ဘာလာလုပ္တာလဲ"
"ဆန္ျပဳတ္ဆိုင္ထဲဝင္လာမွေတာ့ ဆန္ျပဳတ္ေသာက္မလို႔ေပါ့"
ေျပာေျပာဆိုဆိုနဲ႕ ေဂ်ာင္ဂုက ဆိုင္ရွင္အားဆန္ျပဳတ္တစ္ပြဲလွမ္းမွာသည္။
ထယ္ေယာင္းကေတာ့ ေဂ်ာင္ဂုအား ေခါင္းအစေျခအဆုံး ထပ္စစ္ေဆးရာ ပိုးထည္အျပာေရာင္ကို ဝတ္ထားၿပီး ဆံပင္မ်ားကိုေသခ်ာထုံးထားကာ ဦးထုပ္ေဆာင္းထားသည္မို႔ ေဂ်ာင္ဂုက အလြန္ၾကည့္ေကာင္းကာ တကယ့္ လူခ်မ္းသာမွန္း ၾကည့္႐ုံနဲ႕တင္သိသာလွသည္။
"ခင္ဗ်ားက ခ်မ္းသာရဲ႕သားနဲ႕ ဘာလို႔ ဆန္ျပဳတ္ေသာက္တာလဲ"
"ခ်မ္းသာရင္ ဆန္ျပဳတ္မေသာက္ရေတာ့ဘူးလား"
"အဲ့လိုမဟုတ္ပါဘူး ဒီနားမွာတစ္ခါမွ ဆန္ျပဳတ္လာေသာက္တဲ့ သူေဌးမေတြ႕ဖူးလို႔"
ထယ္ေယာင္းစကားေၾကာင့္ ေဂ်ာင္ဂုတစ္ခ်က္ၿပဳံးသည္။ ေဘးနားက လူအခ်ိဳ႕မွာလည္း ထယ္ေယာင္းလိုမ်ိဳး ခပ္ညစ္ညစ္ အဝတ္အစားမ်ားသာဝတ္ထားၾကၿပီး သူ႕အား အထူးအဆန္းသဖြယ္ၾကည့္ေနၾကသည္။
ထိုအခ်ိန္မွာပဲ ေဂ်ာင္ဂုေရွ႕ကို ဆိုင္ရွင္က ဆန္ျပဳတ္လာခ်ေပးသည္။ ေဂ်ာင္ဂုက မစားေသးဘဲ ထယ္ေယာင္းရဲ႕ပန္းကန္ကို လွမ္းၾကည့္လိုက္ရာ ေျပာင္သလင္းခါေနေသာ္လည္း ထယ္ေယာင္းကမူ ဗိုက္ျပည့္ပုံမေပၚေသးတာေၾကာင့္ ဆန္ျပဳတ္ပန္းကန္ေလးကို ထယ္ေယာင္းေရွ႕ တိုးေပးလိုက္သည္။
"စားလိုက္"
"ခင္ဗ်ားဟာကို ဘာလို႔စားရမွာလဲ"
"မင္းကိုၾကည့္ရတာ ဗိုက္မဝေသးတဲ့ပုံမို႔လို႔ စားလိုက္"
ထယ္ေယာင္းကမူ ဘာမွျပန္မေျပာဘဲ ေဂ်ာင္ဂုကို တစ္လွည့္ ဆန္ျပဳတ္ပန္းကန္ကို တစ္လွည့္ၾကည့္ေနသည္။
"စိတ္ခ်လက္ခ်စားပါ ငါကမင္းလို သူမ်ားစားမဲ့ထဲ အဆိပ္ထည့္မဲ့သူမဟုတ္ဘူး"
ေဂ်ာင္ဂုစကားေၾကာင့္ ထယ္ေယာင္းမွာ မ်က္လုံးေလးဝိုင္းသြားၿပီး သူ႕ႏႈတ္ခမ္းေပၚသူ လက္ညိုးေလးနဲ႕ ေထာက္ကာ တိုးတိုးေနဖို႔ အခ်က္ျပရင္း ေဘးဘီကို ၾကည့္ေသးသည္။ ဘယ္သူမွမၾကားမွန္းေသခ်ာမွ ေဂ်ာင္ဂုကို မ်က္ေမွာင္ကုတ္ၾကည့္ၿပီး
"ဒီမွာ လူႀကီး၊ ဒီကိစၥကို အဲ့လိုလြယ္လြယ္မေျပာပါနဲ႕ ကြၽန္ေတာ္ေသလိမ့္မယ္၊ ၿပီးေတာ့ ခင္ဗ်ားပဲ ကြၽန္ေတာ့္ကို လႊတ္ေပးခဲ့တာမဟုတ္လား"
"ငါလႊတ္ေပးေပမဲ့ သြားေတာ့လို႔ မေျပာခဲ့ဘူးေလ၊ ဒါေပမဲ့ မင္းထြက္ေျပးသြားတယ္"
ထယ္ေယာင္းဘာမွျပန္မေျပာေတာ့ဘဲ မ်က္ေမွာင္သာ ကုတ္ထားသည္။ မ်က္ႏွာေလးက မျပင္မဆင္ထားထားေသာေၾကာင့္ ညစ္တီးအိုးေလးျဖစ္ေနတာကလြဲလို႔ ဒီေကာင္ေလးက အသဲယားစရာေလးပါပဲ။
ေဂ်ာင္ဂုလည္း ထိုင္ေနရာမွ ႐ုတ္တရက္ထကာ ဆိုင္ရွင္အား ပိုက္ဆံသြားရွင္းသည္။ ၿပီးမွ ထယ္ေယာင္းနားကိုျပန္လာၿပီး
"ေကာင္ေလး၊ ငါပိုက္ဆံအကုန္ရွင္းၿပီးၿပီမို႔ စားၿပီးတာနဲ႕ အိမ္ကိုတန္းျပန္ေတာ့ ဟုတ္ၿပီလား"
ထိုသို႔ေျပာကာ ေဂ်ာင္ဂုလည္း တစ္ခ်က္ၿပဳံးျပရင္း ထြက္သြားေတာ့သည္။ ထယ္ေယာင္းမွာေတာ့ ေၾကာင္ေတာင္ေတာင္ေလးသာ က်န္ခဲ့လ်က္။ လူကို ကေလးမ်ားထင္ေနလားမသိဘူး။
ေဂ်ာင္ဂု တကယ္ေတာ့ ဆိုင္မွာ ဆက္ထိုင္ခ်င္ပါေသးသည္။ ဒါေပမဲ့ မင္းသမီး မင္ဟြာရင္းက ေခၚထားသည္မို႔ အျမန္သြားရေပဦးမည္ေလ။
မင္းသမီးက အလြန္လွတာေၾကာင့္ လက္ထပ္ခ်င္သူ မင္းသားမ်ားက အလြန္မ်ားသည္။ ဘဲ့ဂ်ယ္တိုင္းျပည္ကလည္း သာယာဝေျပာတာေၾကာင့္ အျခားျပည္မ်ားက တိုင္းျပည္ကိုေရာ မင္းသမီးကိုပါ သေဘာက်ၾကသည္။
ေဂ်ာင္ဂုလည္း မင္းသမီးမွာလိုက္ေသာ ပစၥည္းေလးအား ေသခ်ာထုတ္ပိုးကာ နန္းေတာ္ထဲသို႔ ဝင္လာခဲ့သည္။
အေရွ႕မွာတင္ မင္းသမီးရဲ႕ အထိန္းေတာ္က အသင့္ေစာင့္ေနကာ ေဂ်ာင္ဂုအား မင္းသမီးအခန္းထဲသို႔ ေခၚလာေပးသည္။ အခန္းေရွ႕ေရာက္တာနဲ႕ အထိန္းေတာ္က အထဲကို လွမ္းေျပာသည္။
"မင္းသမီး၊ ကုန္သည္ဂြၽန္ေဂ်ာင္ဂု ေရာက္ေနပါၿပီ"
"ဝင္လာခဲ့ပါ"
မင္းသမီးအမိန့္ရတာနဲ႕ ေဂ်ာင္ဂုလည္း တစ္ေယာက္ထဲ အခန္းထဲသို႔ဝင္သြားေတာ့သည္။
မင္းသမီးက လွပစြာဝတ္စားထားကာ အလွေသခ်ာျပင္ထားသည္။ ေဂ်ာင္ဂုလည္း မင္းသမီးကို ဦးၫႊတ္သည္။
"မွာလိုက္တဲ့ ပစၥည္းေလးရရဲ႕လား ကုန္သည္ဂြၽန္"
"ရပါတယ္ မင္းသမီး ဒီမွာပါ"
ေဂ်ာင္ဂုက ေျပာေျပာဆိုဆိုနဲ႕ အိတ္ေဆာင္ထဲမွ အဝတ္နဲ႕ အထပ္ထပ္ပတ္ထားေသာ အဝတ္ထုပ္ေလးကို ျဖည္ျပလိုက္သည္။ ပတၱျမားဆံထိုးေလးျဖစ္သည္။
ဆံထိုးကိုျမင္တာနဲ႕ မင္းသမီးမ်က္ႏွာမွာ ၿပဳံး႐ႊင္သြားသည္။
"လွလိုက္တာ၊ ကုန္သည္ဂြၽန္က ဘယ္ေတာ့မွ စိတ္မပ်က္ေစရဘူးပဲ"
"မခံယူဝံ့ပါဘူး"
ေဂ်ာင္ဂုစကားေၾကာင့္ မင္းသမီးကၿပဳံးသည္။
"ဆံထိုးကို ကုန္သည္ဂြၽန္ကိုယ္တိုင္ လာထိုးေပးပါ"
မင္းသမီးထံမွ အမိန႔္ေၾကာင့္ ေဂ်ာင္ဂုလည္း ဆံထိုးကို အသာအယာကိုင္ကာ မင္းသမီးနားကို သြားၿပီး ဆံႏြယ္ေတြၾကား ေသခ်ာေလး ထိုးေပးလိုက္သည္။ မင္းသမီးရဲ႕ မ်က္ႏွာႏုႏုနဲ႕ ထိုဆံထိုးေလးက လိုက္ဖက္လွသည္။
တကယ္လို႔ ဟိုဖရိုဖရဲဆံပင္နဲ႕ ေကာင္ေလးကိုလည္း ဆံထိုးေလးထိုးေပးၿပီး သပ္သပ္ရပ္ရပ္ျပင္ေပးရင္ ဘယ္လိုမ်ားေနမလဲလို႔ မဆီမဆိုင္ေတြးၾကည့္ေသးသည္။ ေနာက္မွ ဘာလို႔သူ႕အေၾကာင္းေတြးမိေနတာလဲလို႔ အသိျပန္ဝင္ေတာ့သည္။
"အာ ဟုတ္သားပဲ၊ ဟိုတစ္ခါ ကုန္သည္ဂြၽန္ယူလာေပးတဲ့ ပန္းႏုေရာင္ပိုးထည္ေလးနဲ႕ဆို ဒီဆံထိုးေလးက လိုက္မွာပဲေနာ္"
"ဟုတ္ကဲ့ လိုက္ဖက္ပါတယ္"
"ဒါဆို အခုစမ္းဝတ္ၾကည့္ရမယ္"
မင္းသမီးက ေျပာၿပီးတာနဲ႕ ထိုင္ရာမွ ထကာ အဝတ္လဲဖို႔ျပင္ေနသည္မို႔ ေဂ်ာင္ဂုမွာ လန႔္သြားၿပီး အၾကည့္လႊဲလိုက္ကာ
"မင္းသမီး၊ ကြၽန္ေတာ္ အျပင္ထြက္လိုက္ပါဦးမယ္"
"ကုန္သည္ဂြၽန္ကို ယုံတာမို႔ အျပင္မထြက္လည္းကိစၥမရွိပါဘူး"
"ဒါေပမဲ့ မသင့္ေတာ္ပါဘူး မင္းသမီး၊ ကြၽန္ေတာ္ အျပင္ထြက္ပါမယ္"
မင္းသမီးအမိန႔္ကို မေစာင့္ေတာ့ဘဲ ေဂ်ာင္ဂုလည္း ဦးၫႊတ္ကာ အခန္းျပင္သို႔ အျမန္ထြက္လာခဲ့ေတာ့သည္။ မင္းသမီးကေတာ့ ထြက္သြားေသာ ေဂ်ာင္ဂုရဲ႕ ေက်ာျပင္အား ေငးၾကည့္ရင္း ၿပဳံးေနမိေတာ့သည္။
ေဂ်ာင္ဂုလည္း လုပ္စရာမရွိေတာ့သည္မို႔ နန္းေတာ္အျပင္သို႔ ျပန္ထြက္လာခဲ့ေတာ့သည္။ လမ္းေလွ်ာက္ရင္းေတြးေနမိတာက ကင္ထယ္ေယာင္းကိုပင္။
ထိုေကာင္ေလးက ဘာလို႔ အိမ္ေရွ႕စံကို အဆိပ္ခတ္ခ်င္လဲဆိုတာ စဥ္းစားလို႔မရ။ ႐ုပ္ေလးကလည္း သနားကမားနဲ႕ ယုတ္မာမဲ့ပုံလည္းမဟုတ္။ အာဏာလိုခ်င္တဲ့ပုံလည္းမဟုတ္။ တစ္ေယာက္ေယာက္ကမ်ား ပိုက္ဆံေပးၿပီးခိုင္းတာဆိုရင္ေတာ့ ထိုေကာင္ေလးအတြက္ အႏၲရာယ္မ်ားလြန္းသည္။
ဟိုေန႕ကေျပာတဲ့ထဲမွာေတာ့ သခင္ေလးေဂ်ာင္ဟိုေဆာ့ဆိုတာၾကားလိုက္ရသည္။ ေဂ်ာင္ဟိုေဆာ့နဲ႕မ်ားတစ္ခုခုပက္သက္ေနတာလား။ ဟိုေဆာ့က အမတ္တစ္ဦးရဲ႕သားျဖစ္သည္။ ခ်မ္းသာသည္ ႐ုပ္ေခ်ာသည္မို႔ အေႁခြအရံအေပါင္းအသင္းမ်ားကာ ျပည့္စုံသည္။ မဟုတ္မွ သူကမ်ား အာဏာလိုခ်င္လို႔ ထယ္ေယာင္းကို ခိုင္းခဲ့တာမ်ားလား။
ေနပါဦး ငါက ဘာလို႔ သူမ်ားကိစၥကို လိုက္ေတြးေနတာလဲ။ မေသမ်ိဳးေတြက စည္းကမ္းခ်က္ သုံးခ်က္နဲ႕ အညီေန႐ုံပဲကို။ အလကား ေခါင္းရႈပ္ခံမိျပန္ၿပီ။
ေဂ်ာင္ဂု အေတြးေတြကို ျပန္ေဖ်ာက္ကာ အိမ္သို႔ျပန္လာတုန္း လမ္းမွာ ထယ္ေယာင္းကိုေတြ႕ျပန္သည္။ ဒီတစ္ခါေတာ့ ထယ္ေယာင္းက အနားကိုေျပးလာသည္။
"ခုနက ဆန္ျပဳတ္အတြက္ ေက်းဇူးပါ၊ တစ္ေန႕ေန႕မွာ ျပန္ဆပ္ပါမယ္ အခုေတာ့ ဆပ္စရာပိုက္ဆံမရွိေသးလို႔"
ထယ္ေယာင္းစကားေၾကာင့္ ေဂ်ာင္ဂု မဲ့ၿပဳံးေလးတစ္ခ်က္ၿပဳံးသည္။
"ဝယ္ေကြၽးတာမို႔လို႔ ပိုက္ဆံမလိုဘူး၊ ၿပီးေတာ့ ငါေျပာတာ ေသခ်ာနားေထာင္ေနာ္၊ ေသဒဏ္ေထာင္ဒဏ္က်မဲ့ ဟာမ်ိဳးေတြလုပ္မေနဘဲ အိမ္မွာ အေမ့ကိုပဲ ကူလုပ္ဟုတ္ၿပီလား"
"အေမမွမရွိတာကို"
"ဒါဆို အေဖ့ကို ကူလုပ္ေပါ့"
"အေဖလည္းမရွိေတာ့ဘူး"
"ညီအစ္ကိုေမာင္ႏွမေတြေရာ"
"မရွိဘူး အကုန္အငတ္ေဘးေၾကာင့္ ေသကုန္ၿပီလို႔"
ထယ္ေယာင္းက စိတ္မရွည္တဲ့ေလသံေလးနဲ႕ ေအာ္ေျပာေတာ့မွ ေဂ်ာင္ဂု ႏႈတ္ပိတ္သြားသည္။ ငယ္ငယ္႐ြယ္႐ြယ္နဲ႕ ဒီေကာင္ေလး မိဘမရွိဘူးတဲ့လား။ မေသမ်ိဳး တစ္ေယာက္အဖို႔ မိသားစုဆိုတာဘာမွန္းေသခ်ာမသိေပမဲ့ လူသားေတြအတြက္ေတာ့ အေရးပါၾကတယ္မဟုတ္လား။
"ခင္ဗ်ားတို႔ လူခ်မ္းသာေတြကေတာ့ ဘယ္သိမလဲ၊ ကြၽန္ေတာ္တို႔ ဆင္းရဲသားေတြက ေန႕တိုင္း အစာေရစာငတ္ျပတ္ၿပီး မေသ႐ုံတမယ္ေနေနၾကရတာ၊ ကြၽန္ေတာ့္မိသားစုလည္း အဲ့အတိုင္းပဲ၊ အငတ္ေဘးေၾကာင့္ ေသသြားၾကၿပီေလ၊ ကြၽန္ေတာ္ပဲ ကံဆိုးၿပီး တစ္ေယာက္ထဲက်န္ခဲ့တာ"
"လူေတြက အဲ့ေလာက္ျဖစ္ေနၾကတာလား၊ ငါမသိခဲ့ဘူး"
"ခင္ဗ်ားတို႔က အရာရာျပည့္စုံေနတဲ့သူေတြပဲ၊ ဒါေတြကို သိဖို႔ႀကိဳးစားၾကမွာမဟုတ္ပါဘူး၊ ဒီေန႕ ဆန္ျပဳတ္အတြက္ေက်းဇူးပါ၊ ဒါဆို ကြၽန္ေတာ္ သြားေတာ့မယ္"
ထယ္ေယာင္းက ေျပာေျပာဆိုဆိုနဲ႕ ေဂ်ာင္ဂုအား ေခါင္းေလးအသာငုံ႕ကာ ႏႈတ္ဆက္ၿပီး ထြက္သြားေတာ့သည္။ ေဂ်ာင္ဂုမွာေတာ့ ထိုေနရာတြင္ပင္ မလႈပ္မယွက္က်န္ခဲ့ၿပီး ထြက္ခြာသြားေသာ ေက်ာျပင္ေသးေသးေလးကို ေငးၾကည့္လ်က္။
ဒီေကာင္ေလးနဲ႕ေတြ႕တိုင္း အၿမဲ ဂ႐ုတစိုက္ေနမိကာ သနားဂ႐ုဏာသက္ေနမိသည္။ ဒီေကာင္ေလးက ထူးျခားေနတာေတာ့ မဟုတ္ေပမဲ့ သူ႕အတြက္ေတာ့ ထူးျခားေနခဲ့တယ္။
ေသခ်ာတာေတာ့ ဒီေကာင္ေလးအေၾကာင္းေတြ အမ်ားႀကီး ထပ္သိခ်င္မိသည္။
.
.
.
To Be Continued
မနက္ကတည္းက တင္မလို႔ဟာကို မနက္က ဘယ္လိုတင္တင္ noti မတက္ျဖစ္ေနလို႔ ခုမွတင္ရတယ္