#Unicode#
နှင်းမှာ သီဟကိုယ်ထဲကို ၀င်ဖို့ ဖြည်းဖြည်းလေး လျှောက်သွားလိုက်သည်။ နှင်း တစ်ယောက် သီဟနှင့် ပို၍ နီးကပ်လာတော့သည်။
"သီဟရေ အမ တောင်းပန်ပါတယ်...... ပြီးတော့ အမကို ခွင့်လွှတ်ပေးပါနော်" လို့ နှင်း စိတ်ထဲက ရေရွတ်လိုက်သည်။
အခုဆိုရင် နှင်း တစ်ယောက် သီဟကို ၀င်ပူးဖို့ လက်တစ်ကမ်း အလိုလောက်တောင် ရောက်နေလေပြီ။ ထိုအချိန်မှာဘဲ အပြင်ဘက်ကနေ တံခါးဖွင့်သံ ကြားလိုက်ရလေတော့၏။
သီဟ တစ်ယောက် အပြင်ဘက်ကနေ တံခါးဖွင့်သံ ကြားလိုက်ရတော့ ချက်ချင်းဘဲ နောက်လှည့်ကာ နှင်းကို ကြည့်လိုက်လေသည်။ နှင်းလည်း သီဟကို ကြည့်ပြီးတော့
"ကိုသက် ရေချိုးခန်းက ထွက်လာတော့မယ် ထင်တယ်" ဟု ပြောလိုက်ရလေသည်။
"ဟုတ်လား....... ဒါဆို ဒီအခန်းထဲက မြန်မြန်ထွက်မှ" ဆိုပြီး သီဟမှာ ပြာပြာသလဲဖြင့် လက်တော့ကို ပိတ်လိုက်လေသည်။ ပြီးနောက် အပြင်ထွက်ဖို့ တံခါးနားကို တိုးပျပျလေး သွားလိုက်လေသည်။
နှင်းမှာတော့ တံခါးနားကို သွားနေတဲ့ သီဟကို ကြည့်ပြီး ၀င်မပူးလိုက်ရလို့ စိတ်မကောင်း ဖြစ်လို့နေလေသည်။ ဒီလိုနဲ့ နှင်း တစ်ယောက်ရဲ့ ၀င်ပူးဖို့ လုပ်ထားတဲ့ အစီအစဉ်လေးက သက်ရှိုင်းကိုကြောင့် ပျက်ဆီးသွားရလေတော့၏။
သီဟမှာ တံခါးနားရောက်သွားတော့ တံခါးကို ဖြေးဖြေးလေး ဖွင့်လိုက်လေသည်။ ပြီးနောက် အပြင်ကို ချောင်းကြည့်လိုက်သည်။ ရေချိုးခန်း တံခါး၀မှာ တဘက်ဖြင့် ခေါင်းသုတ်နေတဲ့ သက်ရှိုင်းကိုအား တွေ့လိုက်ရတော့သည်။ တဘက်ကို ခြုံပြီး ခေါင်းသုတ်နေတာကြောင့် ခုချိန်မှာ သက်ရှိုင်းကို တစ်ယောက် ဘာမှမမြင်ရပါ။ ဒါကို အခွင့်ကောင်းယူပြီး သီဟမှာ နှင်းရဲ့ စာရေးတဲ့ အခန်းထဲကနေ ထွက်လာလိုက်လေသည်။ ပြီးနောက် အသံမထွက်ဘဲ ခပ်မြန်မြန်လေး မီးဖိုဘက်ကို ပြေးသွားလိုက်လေတော့သည်။
တဘက်ကို ခေါင်းခြုံပြီး ရေသုတ်နေတဲ့ သက်ရှိုင်းကိုမှာ ပြေးသွားတဲ့ ခြေသံကြားလိုက်တာကြောင့် ခေါင်းပေါ်က တဘက်ကို ချက်ချင်း ဖယ်လိုက်လေသည်။ နောက်ပြီးကြောင်တောင်တောင်ဖြင့် အခန်းကို ကြည့်နေတော့သည်။ ပြီးကာမှ အပေါ်ပိုင်းဗလာ၊ အောက်ပိုင်း တဘက်ဖုံးလေးဖြင့် မီးဖိုဘက်ကို သွားလိုက်လေသည်။
မီးဖိုခန်းထဲ ရောက်ပြီး ဘာလုပ်လို့ လုပ်ရမှန်း မသိတဲ့ သီဟမှာ ပြာယာခက်နေလေသည်။ အကြောင်းမှာတော့
သက်ရှိုင်းကို ရောက်လာပြီးတော့ ဘာမှမလုပ်ထားတာမြင်ရင် သံသယ၀င်မှာကို စိုးရိမ်လို့ဘဲလေ။ ဒါနဲ့ သီဟမှာ ဒယ်အိုးတစ်လုံးကို ယူပြီး ဘေစင်ကနေ ရေဖြည့်လိုက်လေသည်။ သီဟ တစ်ယောက် ဒယ်အိုး ရေဖြည့်နေတုန်းမှာ သက်ရှိုင်းကို ရောက်လာတော့၏။
သီဟမှာ သက်ရှိုင်းကိုအား ကြည့်ပြီး ပြုံးပြလိုက်လေသည်။ ပြုံးပြရင်း သက်ရှိုင်းကိုရဲ့ ဗလာကျင်းဖြစ်နေတဲ့ ခန္ဓာကိုယ်ကို ငေးနေမိလေတော့သည်။ ထောင်ထဲမှာ နေနေရတဲ့သူက ဘယ်လိုလုပ်ပြီး ခန္ဓာကိုယ်က ကျစ်လစ်နေရပါလိမ့်။ ကျစ်လစ်နေတာမှ တစ်ကယ့်ကို ငေးမောရသည်အထိလေ။ သီဟ ငေးနေသည်မှာ အတော်လေးကြာနေလေပြီ။
"ကောင်လေး ရေပြည့်နေပြီ" ဟု သက်ရှိုင်းကိုကား သီဟကို လှမ်းပြောလိုက်သည်။
သီဟမှာ မကြားပါ။ ဒါနဲ့ သက်ရှိုင်းကိုလည်း ထပ်ပြောလိုက်လေသည်။
"ကောင်လေး ရေပြည့်နေပြီ"
သက်ရှိုင်းကို နောက်တစ်ခါ ပြောလာတော့မှသာ သီဟ သတိပြန်၀င်လာတော့သည်။
"ဟင်...... အင်း....... ရေပြည့်နေပြီဘဲ" လို့ သီဟ ပြုံးပြုံးလေး ပြောပြီးတော့ ရေပိုက်ခေါင်းကို လက်ဖြင့် ပိတ်နေလေသည်။
ရေတွေ ထွက်နေတဲ့ ရေပိုက်ခေါင်းကို လက်ဖြင့် ကာပိတ်နေတော့ နေတွေက သီဟရဲ့ အ၀တ်အစားပေါ်သို့ ပန်းထွက်လာလေသည်။ ဒါကို သက်ရှိုင်းကို တစ်ယောက် မြင်လိုက်ရတော့ လက်တစ်ဖက်ကို နဖူးနားလေးမှာ ကိုင်လိုက်ပြီး ခေါင်းတွင်တွင်ခါလိုက်လေသည်။ ပြီးနောက် သီဟနားကို သွားလိုက်လေတော့၏။
သက်ရှိုင်းကိုမှာ သီဟနား ရောက်တော့ သီဟကိုအား အုပ်မိုးပြီး ရေပိုက်ခေါင်းရဲ့ အလှည့်လေးကို ပိတ်လိုက်လေသည်။ သီဟမှာ ရုတ်တရက်ကြီးဆိုတော့ ကြောင်သွားလေသည်။
"အဲ့မှာ အဖွင့်၊အပိတ်ရှိနေတယ်လေ" ဆိုပြီး သက်ရှိုင်းကိုကား သီဟကို မျက်မှောင်ကြုတ်ရင်း ပြောလိုက်လေသည်။
"အင်း........ ဟုတ်သားဘဲနော်" ဟု သီဟမှာ ခေါင်းလေးငုံ့ပြီး ခေါင်းကုတ်ကာ ပြန်ဖြေလိုက်လေသည်။
ပြီးနောက် သီဟ တစ်ယောက် ခေါင်းမော်ကြည့်လိုက်လေသည်။ သက်ရှိုင်းကိုမှာ မရှိတော့ပါ။ ဒါနဲ့ သီဟလည်း ရေဖြည့်ထားတဲ့ ဒယ်အိုးကိုယူပြီး ဂတ်စ်မီးဖိုပေါ်တင်လိုက်လေသည်။ နောက်ပြီး ဂတ်စ်ဖွင့်ပြီး ရေတည်ထားလိုက်တော့သည်။
သီဟမှာ ရေတည်ထားပြီးတော့ စားပွဲဆီကို ပြန်လာကာ ၀ယ်လာတဲ့ အမဲသားတုံးဘူးကြီးကို အိတ်ထဲက ထုတ်လိုက်လေသည်။ သီဟမှာ အသားတုံးကြီးကို မြင်ပြီး ခဏက မြင်လိုက်ရတဲ့ သက်ရှိုင်းကို၏ ခန္ဓာကိုယ်ကို မြင်ယောင်မိသွားလေသည်။ ဒါနဲ့ သီဟ တစ်ယောက် ကိုင်ထားတဲ့ အမဲသားဘူးကြီးကို လွတ်ချလိုက်လေတော့၏။
"သီဟ ဘာဖြစ်လို့လဲ" ဆိုကာ နှင်းမှာ ဘေးနားကို ရောက်လာပြီး သီဟကို မေးလိုက်လေသည်။
"ဟမ်....... အင်း........ ဘာမှမဖြစ်ပါဘူး အမ" လို့ ပြန်ဖြေပြီး သီဟ အမဲသားတုံးဘူးကြီးကို ဖောက်လိုက်လေသည်။
"တစ်ကယ်...... ဘာမှမဖြစ်တာ သေချာရဲ့လား" ဟု နှင်း ပြန်မေးလိုက်ပြန်သည်။
"တစ်ကယ် ဘာမှမဖြစ်ပါဘူး အမ" လို့ သီဟလည်း ပြုံးပြုံးလေးဖြင့် နှင်းကို ပြန်ဖြေလိုက်လေသည်။
သီဟရဲ့ ပြန်ဖြေတာကို ကြားပြီး နှင်း စိတ်ပျက်သွားသည်။ အမှန်တော့ နှင်းက သီဟ ကိုယ်ထဲ ၀င်ပူးချင်လို့ အချိန်နေအချိန်ခါကို စောင့်မျှော်နေတာလေ။ အဲ့တာကတော့ သီဟ ရဲ့ စိတ်ဝိညာဉ် အားနည်းသွားတဲ့ အချိန်ကိုဘဲပေါ့။ ဒါတွေကို ဘယ်လိုသိလာရတာလဲဆိုတာ့ကာ နှင်းတစ်ယောက် ဟိုနေ့က ပန်းခြံထဲမှာ ထိုင်ပြီးတော့ ဘာကြောင့် ၀င်ပူးလို့ရသွားတာလဲ ဆိုတာကို ထိုင်စဉ်းစားနေတာကြောင့်ဘဲပေါ့။ အချိန်တော်တော်ကြာမှ နှင်း တစ်ယောက် သဘောက်ပေါက်သွားသည်။ လက်ခံတဲ့ ခန္ဓာကိုယ်ရဲ့ ဝိညာဉ်က အားနည်းနေတော့ နှင်းတို့လို အားကောင်းတဲ့ ဝိညာဉ်တွေက အစားထိုး ၀င်လို့ရတာပေါ့လေ။ နှင်းမှာ သီဟရဲ့ နောက်နားမှာ ပြန်နေလိုက်ပြီး သီဟကိုသာ ကြည့်နေလေတော့သည်။
သီဟမှာတော့ "ဘာမှမဖြစ်ဘူး...... ဒီအတိုင်းလေးဘဲ.... ငေးမိသွားတာပါ..... ငါ့မှာ ကိုမြတ်ရှိတယ်" ဆိုပြီး စိတ်ထဲကတွေးနေရလေသည်။ နောက်တော့ အမဲသားတုံးကြီး နှစ်တုံးကို ထုတ်ပြီး သီဟမှာ ဆား၊ငရုတ်ကောင်းတို့ကို နှစ်ဘက်စလုံး ဖြူးလိုက်လေသည်။
သီဟ မီးဖိုခန်းမှာ အလုပ်ရှုပ်နေတုန်း သက်ရှိုင်းကိုမှာ အ၀တ်အစားလဲပြီး အခန်းထဲကနေ ထွက်လာတော့၏။ သက်ရှိုင်းကိုမှာ ဧည့်ခန်းကနေပြီး မီးဖိုခန်းက သီဟကို လှမ်းကြည့်လိုက်လေသည်။ ပြီးနောက် ပြန်လှည့်လာပြီး ဆိုဖာမှာထိုင်ကာ
တီဗီ ကြည့်နေတော့သည်။ ထိုသည်ကို နှင်း တစ်ယောက် မြင်သွားလေသည်။ ဒါနဲ့ဘဲ နှင်းမှာ အကြံတစ်ခု ရသွားလေသည်။
သီဟ တစ်ယောက်မှာတော့ အမဲသားတုံးကြီးကို အဆာပလာနယ်ပြီးတော့ ကြက်သွန်ဖြူကို အခွန်နွှာပြီး ဓားပြားရိုက်နေလေသည်။ ပြီးတော့ ဓားပြားရိုက်ထားပြီးသား ကြက်သွန်ဖြူကို နုတ်နုတ်စင်းနေလေသည်။ ပြီးတော့ နံနံပင်အရွက်လေးကိုလည်း နုတ်နုတ်စင်းလိုက်တော့သည်။
ဒီလိုနဲ့ နှင်း တစ်ယောက် သီဟ အနားကို ပြန်ရောက်လာလေသည်။ သီဟကို ဘယ်လိုမျိုး အားနည်းအောင်လုပ်ရမလဲ ဆိုတာ သိနေတဲ့ သူအတိုင်း ရောက်လာတာ ဖြစ်သည်။
"သီဟ......." လို့ နှင်း တိုးတိုးလေး ခေါ်လိုက်လေသည်။
"ဘာကိစ္စလဲ အမနှင်း......." ဆိုပြီး သီဟလည်း တိုးတိုးလေး ပြန်ဖြေလိုက်တော့သည်။
"အမ သီဟကို ပြောစရာလေး ရှိလို့"
"အခုချိန်မှာ စကားပြောလို့ မကောင်းဘူးထင်တယ် အမ..... အမရဲ့ ယောကျာ်းက ဟိုမှာ ထိုင်နေတယ်လေ.... သီဟတို့ စကားပြောနေကြတာကို ကြားသွားမှာပေါ့" လို့ ပြောပြီးတော့ သီဟမှာ သက်ရှိုင်းကိုဘက်ကို လှမ်းကြည့်လိုက်လေသည်။
"ဘာမှ မဖြစ်ဘူး.... အမကဘဲ ပြောမယ်..... သီဟက ဒီအတိုင်း နားဘဲထောင်ပေါ့"
"ဟုတ်ပြီလေ...... ဘာအကြောင်းလဲ ပြောကြည့်ကြည့်လေ အမ" လို့ သီဟကနေမှ မသိမသာလေး ပြောလိုက်လေသည်။
"ခဏက သီဟ ကိုသက်ရဲ့ ခန္ဓာကိုယ်ကို ကြည့်နေတာမလား" လို့ နှင်း တစ်ယောက် တမင်တကာ မေးလိုက်လေသည်။
"မဟုတ်ပါဘူး...... မကြည့်ပါဘူး" ဆိုကာ သီဟ တိုးပျပျလေး ပြောလိုက်တော့၏။
"ကြည့်နေပါတယ်..... သီဟ ကြည့်နေလို့ဘဲ စကားထစ်နေတာမလား"
"မဟုတ်ပါဘူး ......."
ဒီတစ်ခါ သီဟ ဖြေလိုက်တဲ့ အသံက ကျယ်သွားလေသည်။ ဒါကြောင့်ဘဲ သက်ရှိုင်းကို လှည့်ကြည့်လာတော့၏။ သီဟမှာ ပြုံးပြပြီး ဖုန်းကြည့်နေတာပါဆိုပြီး ဖုန်းကို ထောင်ပြလိုက်လေသည်။ ဒါနဲ့ဘဲ သက်ရှိုင်းကိုမှာ ပြန်လှည့်သွားလေသည်။ သီဟမှာ ပြာပြာသလဲဖြင့် ကညွှန့်နဲ့ အာလူးကို ယူပြီး ရေတည်ထားတဲ့ မီးဖိုဘက် သွားလိုက်လေသည်။ နှင်းလည်း
သီဟနောက် လိုက်လာတော့တာပေါ့။ သီဟမှာ လက်ထဲက ကညွှန့်နဲ့ အာလူးကို တစ်နေရာမှာ ထင်ထားလိုက်လေသည်။ ပြီးနောက် ရေတည်ထားတဲ့ ဒယ်အိုးအဖုံးကို ဖွင့်ဖို့ ပြင်တော့သည်။
ထိုအချိန်မှာဘဲ နှင်းက "သီဟ ကိုသက်ကို ခဏလောက်တော့စိတ်၀င်စားသွားတယ်မလား" ဟု ပြောလိုက်လေသည်။
"အမ ဘာတွေ ပြောနေတာလဲ သီဟမှာ ချစ်ရတဲ့သူ ရှိပြီးသားလေ"
"ဟုတ်လို့လား..... အနည်းငယ်တော့ စိတ်၀င်စားသွားတယ်တော့ လုပ်လိုက်"
နောက်ဆုံးမှာ"ဟုတ်တယ်......" လို့ သီဟ ရှက်ရှက်နဲ့ ဖြေပြီး ဒယ်အိုးအဖုံးကို ဖွင့်လိုက်တော့ ရေငွေ့အပူတွေက သီဟရဲ့လက်ကို ဟပ်သွားသောကြောင့် လန့်ပြီး ဒယ်အိုးအဖုံးကို လွှတ်ချမိသွားလေတော့သည်။
"ခွမ်း............"
သီဟမှာ ဒယ်အိုးကို မကောက်အားသေးပါ။ ရေနွေးငွေ့ လောင်သွားတဲ့ လက်လေးကိုသာ ကြောင်တောင်တောင်ဖြင့် ပွတ်သပ်နေလေသည်။ နှင်းမှာ အခွင့်အရေးဘဲ ဆိုပြီး ၀င်ပူးဖို့ အလုပ်မှာ သက်ရှိုင်းကိုက ရောက်လာပြီး သီဟကို လှမ်းပုတ်ပြီး ခေါ်လိုက်တော့သည်။
"ကောင်လေး ရရဲ့လား......" ဆိုပြီးတော့ပေါ့။
နှင်းမှာတော့ အခွင့်အရေးကောင်းဘဲလို့ တွေးထင်ထားတာ။ အခုတော့ ထင်သလို ဖြစ်မလာခဲ့တော့ပါ။
"ရပါတယ်...... အကို"
"လက် ဘာဖြစ်သွားသေးလဲ" ဆိုပြီး သက်ရှိုင်းကိုမှ စိတ်ပူသဖြင့် မေးလာလေသည်။
"ဘာမှ မဖြစ်ပါဘူး အပူဟပ်သွားရုံပါဘဲ" လို့ သီဟ ပြန်ဖြေလိုက်တော့သည်။
"ပြကြည့်ကြည့်" ဆိုကာ သက်ရှိုင်းကိုမှာ သီဟရဲ့ လက်ကို လှမ်းဆွဲလိုက်လေသည်။ ပြီးနောက် လက်ကလေးကို အသေးစိတ် ကြည့်နေတော့၏။ ဘေးမှာ ရှိနေတဲ့ နှင်းမှာတော့ ယောကျာ်းဖြစ်၏ လုပ်ရပ်ကို အံ့အားသင့်နေလေသည်။
သက်ရှိုင်းကိုမှာ သီဟရဲ့လက်ကို ကြည့်ပြီး ပြန်လွတ်ချလိုက်လေသည်။
"ဟင်းက ချက်လို့ကော.... အဆင်ပြေပါ့မလား"
"ပြေပါတယ် သီဟ ဘာမှ မဖြစ်ပါဘူး အကို"
"ကြာပါတယ်ကွာ...... သွားတာထိုင်နေလိုက်တော့..... ဒီလိုပုံမျိုးနဲ့ဆို ဆိုင်ဖွင့်စားရင် ဆိုင်တောင် ပြုတ်ပြုတ်ဗြုန်းနေ လောက်ပြီ....." လို့ ပြောပြီးတော့ သက်ရှိုင်းကိုမှာ သီဟကို မီးဖိုခန်းက နှင်ထုတ်လိုက်လေသည်။
သီဟမှာ ကြောင်တောင်တောင်လေးဖြင့် ဧည့်ခန်းဘက်ကို သွားလိုက်လေသည်။ နှင်းလည်း ယောကျာ်းဖြစ်သူကို မယုံကြည်နိုင်တဲ့ အကြည့်ဖြင့် ကြည့်ရင်း သီဟနောက် လိုက်သွားလေတော့၏။
သက်ရှိုင်းကိုမှာ စားဖိုမှူးဆိုသည့်အတိုင်းပင် သီဟ လုပ်ခဲ့တာ တွေကို ဘာမှ မမေးဘဲ ဆက်ပြီး လုပ်လေတော့သည်။ အရင်ဆုံး ကညွှန့်နဲ့ အာလူးကို ပြုတ်ထားလိုက်သည်။ ပြီးနောက် ဒယ်ပြားကို ယူပြီး နောက်ထပ် မီးဖို တစ်ခုမှာ တင်လိုက်လေတော့၏။ ဂတ်စ်မီးလေးကို ပူရူံမျှ အနေအထားမှာ ဖွင့်ထားလိုက်သည်။ ဒယ်အိုးပြား ပူလာတာနဲ့ သက်ရှိုင်းကိုမှာ ထောပတ်များကို အိုးထဲ ထည့်လိုက်တော့သည်။ ထောပတ်လေးတွေမှာ အိုးပူနဲ့ တွေ့ပြီး ချက်ချင်း အရည်ပျော်ကျသွားလေသည်။ သက်ရှိုင်းကိုမှာ သီဟ နုတ်နုတ်စင်းထားတဲ့ ကြက်သွန်ဖြူကို ဆီသက်လိုက်သည်။ ကြက်သွန်ဖြူဆီသက်ပြီးတာနဲ့ အမဲသားတုံး နှစ်တုံးကို ဒယ်ပြားထဲ ထည့်လိုက်လေတော့သည်။ ပြီးနောက် မီးဖြေးဖြေးလေးဖြင့် အသားကို နပ်ထားလိုက်လေသည်။
အသားနပ်ထားတုန်း သက်ရှိုင်းကိုမှာ ပြုတ်ထားတဲ့ဘက်က
ဂတ်စ်မီးကို ပိတ်လိုက်တော့သည်။ ပြီးတာနဲ့ ကညွှန့်နဲ့ အားလူးတွေကို ဆယ်ထုတ်လာလေသည်။ အာလူးကို အခွန်ခွာလိုက်ပြီး ဇလုံ တစ်ခုထဲမှာ ထည့်ထားလိုက်သည်။ ပြီးတော့ အသားနပ်တဲ့အိုးမှ အသားကို တစ်ခြားတစ်ဖက်ကို ဘက်ပြောင်းလိုက်လေသည်။ ကညွှန့်ပါထည့်ပြီး ကြော်လိုက်သည်။ ဇလုံထဲ ထည့်ထားတဲ့ အာလူးကိုတော့ ချေတဲ့ အတံလေးနဲ့ အာလူးတွေကို ချေလိုက်တော့သည်။ ချေပြီးသွားတော့ ဆားနဲ့ ငရုတ်ကောင်း အနည်းငယ်ဖြူးပြီး နယ်လိုက်လေသည်။ အာလူးကို ပြင်ဆင်ပြီးသွားတော့ သက်ရှိုင်းကိုမှာ ပန်းကန်ထည့်ထားတဲ့ ဗီရိုထဲက ဝိုင်ပုလင်းကို ထုတ်လာတော့သည်။
"ဝိုင်လည်း ရှိတာလား......." ဟု သီဟမှာ သက်ရှိုင်းကို ချက်နေတာကို ကြည့်ရင်းမှ တိုးတိုးလေး ရေရွတ်လိုက်လေသည်။
"စာဖိုမှူးလေ...... ဝိုင်လေးတော့ ရှိထားရမယ်ဆိုပြီး ဝယ်ထားတာလေ" ဆိုပြီး နှင်းမှ သီဟကို ရှင်းပြလိုက်လေတော့၏။
သက်ရှိုင်းကိုမှာ ဝိုင်ပုလင်းကို ဖောက်လိုက်ပြီး အသားနှပ်ထားတဲ့ ဒယ်အိုးပြားထဲကို အနည်းငယ် ထည့်လိုက်လေသည်။ ဝိုင်ပုလင်းကို ဘေးမှာ ချထားလိုက်ပြီး သက်ရှိုင်းကို တစ်ယောက် ဒယ်အိုးပြားကို စောင်းကာ အနှစ်ရည်ဖြင့် အမဲသားတုံးနှစ်သုံး ပက်နေလေသည်။ အရသာ ၀င်လောက်ပြီ ဖြစ်တဲ့အချိန်မှာ သက်ရှိုင်းကို အိုးစောင်းထားတာကို ပြန်ချလိုက်ပြီး ဂတ်စ်မီးကို ပိတ်လိုက်တော့သည်။
ပန်းကန်တွေထားတဲ့ ဗီရိုထဲက ပန်းကန်ပြားနှစ်ချပ်ကို ထုတ်လိုက်သည်။ အာလူးချေထားတာတွေကို ဇွန်းလေးနဲ့ ကော်ပြီး ပန်းကန်ပြားပေါ် တင်လိုက်တော့သည်။ ပြီးတာနဲ့ အမဲသားပြားကို ပန်းကန်နှစ်ချက်မှာ ကျကျနနလေး တင်လိုက်လေသည်။ ကညွှန့်တွေကိုလည်း ပန်းကန်ပြားပေါ် လှလှပပလေး တင်လိုက်သည်။ ပြီးနောက် ဒယ်အိုးပြားထဲက အနှစ်ရည်ကို ဇွန်းနဲ့ ကော်ပြီး အာလူးပေါ် စမ်းလိုက်တော့သည်။ နောက်ဆုံးတော့ လှပတဲ့ အမဲသား steakလေးကို ရရှိသွားပြီပေါ့။
သက်ရှိုင်းကိုမှာ ပန်းကန်ပြား နှစ်ချပ်ကို ကိုင်လာပြီး ဧည့်ခန်းက စားပွဲပေါ်မှာ တင်လိုက်တော့သည်။ စားပွဲပေါ် တင်ပြီးတာနဲ့ မီးဖိုဘက် ပြန်သွားလေသည်။ သီဟလည်း စားပွဲပေါ် တင်ထားတဲ့ steakလေးကို ကြည့်လိုက်လေသည်။ တစ်ကယ့်ကို စားချင်စရာဘဲလေ။ သီဟမှာ ပန်းကန်ပြားနားကပ်ကာ အနံ့ကိုရှူကြည့်လိုက်တော့၏။ အနံ့ရှူလိုက်ပြီးတော့ သီဟ သရေတွေကျလာလေသည်။
မကြာပါဘူး မီးဖိုဘက် သွားတဲ့ သက်ရှိုင်းကို ပြန်ရောက်လာလေ၏။ လက်ထဲမှာ ဝိုင်ခွက်ရယ်၊ ဓားနဲ့ခက်ရင်းရယ်၊ နောက်လက်တစ်ဖက်မှာကြတော့ ဘီယာဘူးငါးဘူးပါတဲ့ အိတ်လေးရယ် ယူလာတော့သည်။ သက်ရှိုင်းကိုမှာ ဘီယာဘူးတွေကို စားပွဲပေါ် တင်လိုက်ပြီး ဝိုင်ထည့်ထားတဲ့ ဝိုင်ခွက်ကိုတော့ သီဟ ရှေ့နား ထားပေးလေသည်။ ပြီးတော့ ဓားနဲ့ခက်ရင်းတွေလည်း ချပေးလေတော့သည်။
"ကဲ စားကြတာပေါ့" လို့ သက်ရှိုင်းကိုက ပြောလိုက်ရော
သီဟမှာ ဓားနဲ့ ခက်ရင်းကို စကိုင်လိုက်လေသည်။ သက်ရှိုင်းကိုမှာတော့ မဟုတ်။ ဘီယာဘူးကို အရင်ဖောက်ကာ သောက်လိုက်လေတော့သည်။ သီဟလည်း သက်ရှိုင်းကိုကို ကြည့်ရင်း ကြောင်တောင်တောင် ဖြစ်သွားရသည်။
"ဘာကြည့်နေတာလဲ စားလေ" ဟု သက်ရှိုင်းကိုက ပြောလိုက်တော့မှ သီဟလည်း ပြုံးပြပြီးတော့ စားလိုက်လေတော့သည်။ သီဟ ခက်ရင်းလေးနဲ့ အသားကို ထိုးစိုက်လိုက်ပြီး ဓားနဲ့လှီးလိုက်သည်။ ပြီးနောက် ပါးစပ်အရသာခံကာ စားလိုက်လေသည်။ တစ်ကယ့်ကို အရသာရှိတာဘဲလေ။
သီဟမှာ တစ်လုပ်စားပြီးတော့ သက်ရှိုင်းကိုအား ကြည့်နေမိလေသည်။ အကြောင်းကတော့ သက်ရှိုင်းကိုမှာ နောက်ထပ် ဘီယာတစ်ဘူးကို ဖောက်ပြီး သောက်နေလို့ဘဲလေ။ ဒါနဲ့ သီဟလည်း ဘေးက ဝိုင်ခွက်လေးကို ကိုင်ပြီး တစ်ငုံသောက်လိုက်လေသည်။ ပြီးနောက် သီဟမှာ အသားလှီးနေလေ၏။
"အမ်..... ဒီလို ဟင်းပွဲမျိုးက ဝိုင်နဲ့မှ လိုက်တာ မဟုတ်ဘူးလား" ဟု သီဟကနေမှ အသားလှီးနေရင်း မေးလိုက်လေသည်။
"ဟုတ်တယ်..... ဒီလို ဟင်းတွေက ဝိုင်နဲ့မှ လိုက်တာ..... ဒါပေမယ့် ငါက ဝိုင်မတိုးတော့ဘူး ဘီယာနဲ့မှ ရေချိန်ကိုက်တော့တာ" ဆိုပြီး သက်ရှိုင်းကိုမှာ ဘီယာတစ်ငုံသောက်ပြီး ပြန်ဖြေလေသည်။
ထိုစကားကို ကြားပြီး သီဟမှာ အနည်းငယ် စိတ်မကောင်း ဖြစ်သွားရသည်။ နှင်းလည်း သီဟနှင့် နည်းတူဘဲလေ။ စိတ်မကောင်းလို့ နေလေသည်။
"အကိုက အကို့ရဲ့ မိန်းမကို အရမ်းကို ချစ်တာဘဲလား" ဟု သီဟ ရုတ်တရက်ကြီး မေးလိုက်သည်။
သက်ရှိုင်းကိုမှာ သီဟကို စိုက်ကြည့်လာလေသည်။ ပြီးနောက် ဘာမှပြန်မဖြေဘဲ လက်ကျန် ဘီယာကို တစ်ကျိုက်တည်း မော့သောက်လိုက်တော့သည်။ ဒါကြောင့်ဘဲ သီဟမှာ မေးခွန်း မေးတာ မှားသွားမှန်း သိလိုက်ရလေသည်။
"တောင်းပန်ပါတယ်...... အကို မဖြေလည်း ရပါတယ်" လို့ သီဟ ထပ်ပြောလိုက်တော့သည်။
"ချစ်တာပေါ့..... သူ့ကို လက်လွတ်လိုက်ရလို့ အခုချိန်ထိ ကိုယ့်ကိုယ်ကို အပြစ်တင်လို့ မဆုံးသေးဘူး" ဟု သက်ရှိုင်းကိုမှ တိုးတိုးလေး ပြောလာလေသည်။
"ဟုတ်..... သီဟ စိတ်မကောင်းပါဘူး" လို့သာ သီဟ ပြန်ဖြေလိုက်ရသည်။
နှင်းမှာတော့ သက်ရှိုင်းကိုအား တစ်စိမ့်စိမ့် ကြည့်နေရှာတော့သည်။ ဒါကို သီဟ မြင်သွားလေသည်။
"အခုချိန် အကို့ဘေးနားမှာ အကို့မိန်းမ ရှိနေရင် ဘာများပြောချင်လဲ အကို"
"ဟူး......" သက်ရှိုင်းကိုမှာ သက်ပြင်းချလိုက်လေသည်။
"ဘာများပြောလို့ရအုန်းမှာလဲ..... အခု သူက ဘေးနားမှာ ရှိမှ ရှိမနေတော့တာ" လို့ သက်ရှိုင်းကို ပြောရင်း ဘီယာ နောက်တစ်လုံးကို ဖောက်ပြီး အသားကုန် မော့သောက်နေတော့သည်။
သီဟမှာလဲ ဘာမှ ထပ်မပြောသေးဘဲ ဒီအတိုင်းသာ ကြည့်နေလေသည်။ အခြေအနေ ဟန်ပြီဆိုမှသာ လက်တော့အကြောင်းကို ထမေးလိုက်လေသည်။
"ဒါနဲ့......ဟိုလေ..... အကို့ မိန်းမက ဆောင်းပါး ရေးတဲ့သူမလား....... အဲ့တာ ဘာနဲ့ ဆောင်းပါးတွေကို ရေးတာလဲ"
သီဟရဲ့ အမေးစကားလည်း ပြီးတော့ သက်ရှိုင်းကိုမှာ သီဟကို ရီဝေတဲ့ မျက်လုံးများဖြင့် ကြည့်လာလေတော့သည်။
"ဟ..... ဆောင်းပါး ရေးပါတယ်ဆို လက်နဲ့ ရေးတာပေါ့လို့" ဆိုပြီး သက်ရှိုင်းကို ပြန်ဖြေလိုက်သည်။
သီဟ တစ်ယောက် သက်ရှိုင်းကို မူးနေပြီ ဆိုတာကို သိလိုက်တော့သည်။ နှင်းမှာလည်း ကိုယ့်ယောကျာ်းရဲ့ မူးနေတဲ့ ပုံစံကို တစ်ခါမှ မမြင်ဖူး၍ ငေးကြည့်နေရုံမှအပ ဘာမှမလုပ်နိုင်ပါ။
"သိတယ်လေ....... လက်တော့နဲ့ရေးတာလား..... စာအုပ်ထဲ ရေးတာလားကို မေးတာလေ အကို"
"သူ့စာရေးခန်းထဲမှာ လက်တော့နဲ့ ရေးတာပေါ့လို့"
"အော်......ဒါဆို လက်တော့ထဲမှာ ရှိနေမှာဘဲ"
"ဟမ်..... ဘာကို ပြောတာလဲ...... ကောင်လေး"
"အော်...... အင်း စားကောင်းတယ်လို့ ပြောတာ အကို"
"အေ ..... စား......ငါ့ လက်ရာကို ဘယ်သူ့မှမမှီဘူး"
ဒါနဲ့ သီဟလည်း အသားလေးလှီးလိုက်၊ စားလိုက်၊ ဝိုင်လေး သောက်လိုက် လုပ်နေလေသည်။ သက်ရှိုင်းကိုမှာလည်း ဘီယာကိုသာ သောက်နေတော့၏။
ဒီလိုနဲ့ အချိန်တွေ ကြာလာတော့ သီဟလည်း တစ်ခါမှ မသောက်ဖူးသည့် ဝိုင်တွေ သောက်ပြီး ရီဝေဝေ ဖြစ်လို့နေလေပြီ။ သက်ရှိုင်းကိုလည်း အစာမစားဘဲ ဘီယာတွေသာ လိမ့်သောက်နေတော့ မူးနေတော့၏။
"ဟ...... နှင်းရေ....နှင်း........ ကို့ကိုသာ လာခေါ်သွားပါတော့ကွာ" ဟု သက်ရှိုင်းကိုမှာ ပလုံးပထွေးဖြင့် ပြောနေသည်။
"အကို မူးနေပြီ ထင်တယ်" ဟု သီဟလည်း တိုးတိုးလေး ပြောလိုက်လေသည်။
"ဟင်...... နှင်းလား ...... နှင်းရောက်နေတာလား" ဆိုပြီး
သက်ရှိုင်းကိုမှာ သီဟကို နှင်းဟု ထင်မှတ်ပြီး ပြောနေတော့သည်။
"ဘယ်ကသာ..... နှင်းမဟုတ်ဘူး..... အကိုခေါ် ခေါ်နေတဲ့ ကောင်လေးလေ.....အမနှင်းက အကို့ဘေးမှာ ရှိနေတာကို..... အဟိ"
နှင်းမှာ အမူးလွန်နေတဲ့ သက်ရှိုင်းကိုနဲ့ မူးနောက်နောက်ဖြစ်နေတဲ့ သီဟတို့ကို ကြည့်ပြီး ဘာလုပ်လို့ဘာကိုင်ရမှန်း မသိ ဖြစ်နေလေသည်။
"ဟာ..... နှင်းပါ..... နှင်းမှ နှင်း အစစ်ပါကွာ" ဟု သက်ရှိုင်းကို တစ်ယောက် သီဟရဲ့ ပါးနှစ်ဖက်ကို လှမ်းကိုင်လိုက်ပြီး ပြောလိုက်တော့သည်။
"မဟုတ်ပါဘူးဆိုမှ အကိုကလည်း........."
"ဟ...... နှင်းမှ နှင်းအစစ်ပါ....." လို့ ပြောပြီး သက်ရှိုင်းကိုမှာ သီဟရဲ့ နှာခေါင်းနဲ့ ထိလုနီးနီးလောက်ထိ နီးကပ်လာလေသည်။
သီဟမှာလည်း ရီဝေဝေဖြင့် သက်ရှိုင်းကိုအား ပြန်ကြည့်နေတော့သည်။ နှင်းမှာ အခု အခြေအနေကို တားချင်ပေမယ့်လည်း တားလို့မရပါ။ ဝိညာဉ် ဖြစ်နေတာကိုး။
သက်ရှိုင်းကိုမှာ သီဟကို ကြည့်ပြီးတော့ နှင်းနှင့် မှားနေလေသည်။ သီဟကို ချစ်ရည်ရွှန်းတဲ့ အကြည့်တွေဖြင့် ကြည့်နေလေသည်။ နောက်ကြာတော့ သက်ရှိုင်းကိုမှာ စိတ်မထိန်းနိုင်တော့ဘဲ သီဟကို နမ်းလိုက်လေတော့၏။ ဒါကို မြင်နေရတဲ့ နှင်းမှာတော့ ထိုင်ရာက ချက်ချင်း ထရပ်လိုက်လေသည်။ ပြီးနောက် မယုံကြည်တဲ့ အကြည့်ဖြင့် ကြည့်နေလေတော့သည်။
နှင်းမှာ ကြည့်နေရင်းမှ အနမ်းခံနေရတဲ့ သီဟကို လှမ်းကြည့်လိုက်လေသည်။ နှင်း တစ်ယောက် ချက်ချင်းဘဲ သီဟရဲ့ စိတ်ဝိညာဉ် အားနည်းစ ပြုနေတာကို သတိထားမိသွားလေသည်။ ဒါနဲ့ နှင်းမှာ သီဟရဲ့ နောက်နားသို့ ချက်ချင်း သွားလိုက်လေတော့၏။ နှင်း တစ်ယောက် အခွင့်အရေး တွေ့ရှိသွားလေသည်။ နှင်း သက်ရှိုင်းကိုအား ကြည့်လိုက်သည်။
"ကျေးဇူးဘဲ ကိုသက်" လို့ တိုးတိုးလေး ပြောပြီးတော့ နှင်းမှာ သီဟ ကိုယ်ထဲသို့ ၀င်လိုက်လေတော့၏။
ဒီလိုနဲ့ဘဲ နှင်းရဲ့ ဝိညာဉ်ဟာ သီဟရဲ့ ကိုယ်နဲ့ တစ်သားတည်း ဖြစ်သွားတော့သည်။
သက်ရှိုင်းကိုမှာ နမ်းပြီးတော့ ခုံပေါ်မှောက်သွားလေသည်။ သီဟ ခန္ဓာကိုယ်ထဲ ရောက်နေတဲ့ နှင်းမှာတော့ သက်ရှိုင်းကိုကို ပြုံးပြီး ကြည့်နေလေသည်။ နောက်တော့ နှင်းမှာ
သက်ရှိုင်းအား ဆွဲထူပြီး အိပ်ခန်းထဲ ခေါ်သွားလိုက်တော့သည်။ သက်ရှိုင်းကိုမှာလည်း မူးနေသေးပေမယ့် ရပ်နိုင်၊ သွားနိုင်သေးတဲ့ အခြေအနေလေ။ ဒါကြောင့်ဘဲ နှင်း လွယ်လွယ်ကူကူနဲ့ အိပ်ခန်းထဲ ခေါ်သွားလို့ရတော့တာပေါ့။
နှင်း တစ်ယောက် သက်ရှိုင်းကိုကို ခုတင်ပေါ်မှာ တင်ပေးလိုက်ပြီး စောင်ခြုံပေးလိုက်တော့သည်။ ပြီးနောက် ခုတင်ရဲ့ ဘေးအစွန်းနားလေးမှာ လက်ကလေးထောက်လျက်
သက်ရှိုင်းကို၏ မျက်နှာကို တစ်စိမ့်စိမ့်နဲ့ ကြည့်နေလေသည်။
"ခဏက ကိုသက်ပြောလိုက်တဲ့ ရှိမှမရှိတော့တာက မှားတယ်
ကိုသက်။ နှင်း ကိုသက် အနားမှာ အမြဲ ရှိနေတာ.....
ကိုသက်မှ သတိမထားမိတာ" လို့ နှင်း ရေရွတ်နေလေသည်။
နှင်းမှာ သက်ရှိုင်းကိုရဲ့ မျက်နှာပေါ် ဝဲကျနေတဲ့ ဆံသားလေးတွေကို ပင့်သက်လိုက်သည်။
"အိုး...... ကိုသက်က အရင်တုန်းကလို ချောနေသေးတာဘဲနော်....."
"နှင်းလေ..... ကိုသက်ကို ပြန်လိုချင်နေမိတယ်..... ဒါကြောင့်ဘဲ သီဟရဲ့ ကိုယ်ထဲကို ၀င်ပူးဖို့ လုပ်ရတာပေါ့...... သီဟတာ သိရင် စိတ်ဆိုးမယ် ထင်တာဘဲ။ ဒါပေမယ့်လည်း နှင်းရဲ့ ဝိညာဉ်က ဘယ်ချိန် ပျောက်ကွယ်သွားမလဲမှ မခန့်မှန်းနိုင်တာ .... ဒါကြောင့် နှင်း အခုလို ကြံစည်လိုက်ရတော့တာပေါ့"
နှင်း တစ်ယောက် သက်ရှိုင်းကိုအား ကြည့်ပြီး စကားတွေ ပြောနေတော့သည်။ စကားပြောနေရင်းမှ နှင်းမှာ သက်ရှိုင်းကိုရဲ့ ပါးပြင်လေးကို နမ်းရှိုက်လိုက်လေသည်။ ဘီယာနံ့ သင်းသင်းလေးကို ခံစားလိုက်ရတော့သည်။ နောက်တော့ နှင်း တစ်ယောက် ခုတက်ပေါ်တက်ကာ သက်ရှိုင်းကို၏ ရင်ထွင်ထဲ တိုး၀င်လိုက်လေသည်။ သက်ရှိုင်းကို၏ လက်မောင်းလေးကို ခေါင်းအုံးရင်း သက်ရှိုင်းကိုအား ကြည့်ရင်းဖြင့်..............။
.......................................................
ကားထဲမှာ စောင့်နေတဲ့ မြတ်မင်းကိုမှာ သီဟ စာပို့လာမှာကို စောင့်နေလေသည်။ မြတ်မင်းကိုမှာ တိုက်ခန်းကို ကြည့်ကာ စိုးရိမ်နေလေသည်။ ဒါနဲ့ ဖုန်းကို ကြည့်လိုက်လေသည်။ စာများ ထပ်ပို့လာလေမလား စစ်ကြည့်တော့တာပေါ့။ စာတစ်စောင်မှ ရောက်မလာသေဘူးလေ။ ဒီလိုနဲ့ မြတ်မင်းကိုမှာ နာရီကို ကြည့်လိုက်တော့သည်။ ဆယ့်တစ်ပင် ခွဲတော့မည်။ ဒါနဲ့ဘဲ မြတ်မင်းကို တစ်ယောက် တိုက်ခန်းကို သွားကြည့်မှ ဖြစ်မယ်လို့ ဆုံးဖြတ်ပြီး ကားပေါ်က ဆင်းလိုက်တော့၏။ ပြီးနောက် ဘာမှ တုံ့ဆိုင်းခြင်း မရှိဘဲ သီဟသွားခဲ့တဲ့ တိုက်ခန်းကို တန်းတန်းမတ်မတ် သွားလိုက်လေသည်။
မြတ်မင်းကို အခန်းတံခါးကို ခေါက်ဖို့ ပြင်လိုပ်သည်။ ထိုအချိန်မှာဘဲ ဘောင်းဘီ အိတ်ကပ်ထဲက ဖုန်းလေးက တုန်မြည်လာတော့သည်။ ဒါနဲ့ မြတ်မင်းကို တစ်ယောက် ဖုန်းကို ထုတ်ကာ ကြည့်လိုက်သည်။ စာရောက်လာတာ ဖြစ်သည်။ မြတ်မင်းကိုမှာ စာဖတ်ပြီးသည်နှင့် ကားဆီသို့ ခပ်မြန်မြန်လေး သွားလိုက်တော့သည်။ ပြီးနောက် ကားဖြင့် တစ်နေရာရာသို့ ဦးတည်လျက်........။
×××××××××××××××××××××
ကြိုးစားပြီး ရေးနေပါတယ်။ အိမ်မှာနေပါ။ စာတွေဖတ်ပါ။ ကျန်းမာအောင်နေပါ။ ဂျင်းပြုတ်ရည် သောက်တာတို့ ဆားရေပလုတ်ကျင်းတာတို့ လုပ်ပေးပါ။ အပြင်သွားရင် mask နှစ်ထပ်တပ်ပါနော်။ အပြင်သွားတိုင်းလည်း handgelလေး ဆောင်ထားပေးပါနော်။ အားလုံး ဘေးကင်းကြပါစေလို့။ ဇာတ်ရှိန်တက်နေပြီမလား။ မြတ်မင်းက ဘာစာကို မြင်လို့ ထွက်သွားရတာလဲ ဆိုတာ ခန့်မှန်းပေးခဲ့ကြနော်။
သီဟနဲ့ သက်ရှိုင်းကိုတို့ စားခဲ့ကြတဲ့ ဟင်းလျာလေးပါ။ steak with mashed potatoesလေးပါ။
•••••••••••••••••••••••••••••••••••••••••••••••••
#Zawgyi#
ႏွင္းမွာ သီဟကိုယ္ထဲကို ၀င္ဖို႔ ျဖည္းျဖည္းေလး ေလွ်ာက္သြားလိုက္သည္။ ႏွင္း တစ္ေယာက္ သီဟႏွင့္ ပို၍ နီးကပ္လာေတာ့သည္။
"သီဟေရ အမ ေတာင္းပန္ပါတယ္...... ၿပီးေတာ့ အမကို ခြင့္လႊတ္ေပးပါေနာ္" လို႔ ႏွင္း စိတ္ထဲက ေရ႐ြတ္လိုက္သည္။
အခုဆိုရင္ ႏွင္း တစ္ေယာက္ သီဟကို ၀င္ပူးဖို႔ လက္တစ္ကမ္း အလိုေလာက္ေတာင္ ေရာက္ေနေလၿပီ။ ထိုအခ်ိန္မွာဘဲ အျပင္ဘက္ကေန တံခါးဖြင့္သံ ၾကားလိုက္ရေလေတာ့၏။
သီဟ တစ္ေယာက္ အျပင္ဘက္ကေန တံခါးဖြင့္သံ ၾကားလိုက္ရေတာ့ ခ်က္ခ်င္းဘဲ ေနာက္လွည့္ကာ ႏွင္းကို ၾကည့္လိုက္ေလသည္။ ႏွင္းလည္း သီဟကို ၾကည့္ၿပီးေတာ့
"ကိုသက္ ေရခ်ိဳးခန္းက ထြက္လာေတာ့မယ္ ထင္တယ္" ဟု ေျပာလိုက္ရေလသည္။
"ဟုတ္လား....... ဒါဆို ဒီအခန္းထဲက ျမန္ျမန္ထြက္မွ" ဆိုၿပီး သီဟမွာ ျပာျပာသလဲျဖင့္ လက္ေတာ့ကို ပိတ္လိုက္ေလသည္။ ၿပီးေနာက္ အျပင္ထြက္ဖို႔ တံခါးနားကို တိုးပ်ပ်ေလး သြားလိုက္ေလသည္။
ႏွင္းမွာေတာ့ တံခါးနားကို သြားေနတဲ့ သီဟကို ၾကည့္ၿပီး ၀င္မပူးလိုက္ရလို႔ စိတ္မေကာင္း ျဖစ္လို႔ေနေလသည္။ ဒီလိုနဲ႔ ႏွင္း တစ္ေယာက္ရဲ႕ ၀င္ပူးဖို႔ လုပ္ထားတဲ့ အစီအစဥ္ေလးက သက္ရႈိင္းကိုေၾကာင့္ ပ်က္ဆီးသြားရေလေတာ့၏။
သီဟမွာ တံခါးနားေရာက္သြားေတာ့ တံခါးကို ေျဖးေျဖးေလး ဖြင့္လိုက္ေလသည္။ ၿပီးေနာက္ အျပင္ကို ေခ်ာင္းၾကည့္လိုက္သည္။ ေရခ်ိဳးခန္း တံခါး၀မွာ တဘက္ျဖင့္ ေခါင္းသုတ္ေနတဲ့ သက္ရႈိင္းကိုအား ေတြ႕လိုက္ရေတာ့သည္။ တဘက္ကို ၿခဳံၿပီး ေခါင္းသုတ္ေနတာေၾကာင့္ ခုခ်ိန္မွာ သက္ရႈိင္းကို တစ္ေယာက္ ဘာမွမျမင္ရပါ။ ဒါကို အခြင့္ေကာင္းယူၿပီး သီဟမွာ ႏွင္းရဲ႕ စာေရးတဲ့ အခန္းထဲကေန ထြက္လာလိုက္ေလသည္။ ၿပီးေနာက္ အသံမထြက္ဘဲ ခပ္ျမန္ျမန္ေလး မီးဖိုဘက္ကို ေျပးသြားလိုက္ေလေတာ့သည္။
တဘက္ကို ေခါင္းၿခဳံၿပီး ေရသုတ္ေနတဲ့ သက္ရႈိင္းကိုမွာ ေျပးသြားတဲ့ ေျခသံၾကားလိုက္တာေၾကာင့္ ေခါင္းေပၚက တဘက္ကို ခ်က္ခ်င္း ဖယ္လိုက္ေလသည္။ ေနာက္ၿပီးေၾကာင္ေတာင္ေတာင္ျဖင့္ အခန္းကို ၾကည့္ေနေတာ့သည္။ ၿပီးကာမွ အေပၚပိုင္းဗလာ၊ ေအာက္ပိုင္း တဘက္ဖုံးေလးျဖင့္ မီးဖိုဘက္ကို သြားလိုက္ေလသည္။
မီးဖိုခန္းထဲ ေရာက္ၿပီး ဘာလုပ္လို႔ လုပ္ရမွန္း မသိတဲ့ သီဟမွာ ျပာယာခက္ေနေလသည္။ အေၾကာင္းမွာေတာ့
သက္ရႈိင္းကို ေရာက္လာၿပီးေတာ့ ဘာမွမလုပ္ထားတာျမင္ရင္ သံသယ၀င္မွာကို စိုးရိမ္လို႔ဘဲေလ။ ဒါနဲ႔ သီဟမွာ ဒယ္အိုးတစ္လုံးကို ယူၿပီး ေဘစင္ကေန ေရျဖည့္လိုက္ေလသည္။ သီဟ တစ္ေယာက္ ဒယ္အိုး ေရျဖည့္ေနတုန္းမွာ သက္ရႈိင္းကို ေရာက္လာေတာ့၏။
သီဟမွာ သက္ရႈိင္းကိုအား ၾကည့္ၿပီး ၿပဳံးျပလိုက္ေလသည္။ ၿပဳံးျပရင္း သက္ရႈိင္းကိုရဲ႕ ဗလာက်င္းျဖစ္ေနတဲ့ ခႏၶာကိုယ္ကို ေငးေနမိေလေတာ့သည္။ ေထာင္ထဲမွာ ေနေနရတဲ့သူက ဘယ္လိုလုပ္ၿပီး ခႏၶာကိုယ္က က်စ္လစ္ေနရပါလိမ့္။ က်စ္လစ္ေနတာမွ တစ္ကယ့္ကို ေငးေမာရသည္အထိေလ။ သီဟ ေငးေနသည္မွာ အေတာ္ေလးၾကာေနေလၿပီ။
"ေကာင္ေလး ေရျပည့္ေနၿပီ" ဟု သက္ရႈိင္းကိုကား သီဟကို လွမ္းေျပာလိုက္သည္။
သီဟမွာ မၾကားပါ။ ဒါနဲ႔ သက္ရႈိင္းကိုလည္း ထပ္ေျပာလိုက္ေလသည္။
"ေကာင္ေလး ေရျပည့္ေနၿပီ"
သက္ရႈိင္းကို ေနာက္တစ္ခါ ေျပာလာေတာ့မွသာ သီဟ သတိျပန္၀င္လာေတာ့သည္။
"ဟင္...... အင္း....... ေရျပည့္ေနၿပီဘဲ" လို႔ သီဟ ၿပဳံးၿပဳံးေလး ေျပာၿပီးေတာ့ ေရပိုက္ေခါင္းကို လက္ျဖင့္ ပိတ္ေနေလသည္။
ေရေတြ ထြက္ေနတဲ့ ေရပိုက္ေခါင္းကို လက္ျဖင့္ ကာပိတ္ေနေတာ့ ေနေတြက သီဟရဲ႕ အ၀တ္အစားေပၚသို႔ ပန္းထြက္လာေလသည္။ ဒါကို သက္ရႈိင္းကို တစ္ေယာက္ ျမင္လိုက္ရေတာ့ လက္တစ္ဖက္ကို နဖူးနားေလးမွာ ကိုင္လိုက္ၿပီး ေခါင္းတြင္တြင္ခါလိုက္ေလသည္။ ၿပီးေနာက္ သီဟနားကို သြားလိုက္ေလေတာ့၏။
သက္ရႈိင္းကိုမွာ သီဟနား ေရာက္ေတာ့ သီဟကိုအား အုပ္မိုးၿပီး ေရပိုက္ေခါင္းရဲ႕ အလွည့္ေလးကို ပိတ္လိုက္ေလသည္။ သီဟမွာ ႐ုတ္တရက္ႀကီးဆိုေတာ့ ေၾကာင္သြားေလသည္။
"အဲ့မွာ အဖြင့္၊အပိတ္ရွိေနတယ္ေလ" ဆိုၿပီး သက္ရႈိင္းကိုကား သီဟကို မ်က္ေမွာင္ၾကဳတ္ရင္း ေျပာလိုက္ေလသည္။
"အင္း........ ဟုတ္သားဘဲေနာ္" ဟု သီဟမွာ ေခါင္းေလးငုံ႔ၿပီး ေခါင္းကုတ္ကာ ျပန္ေျဖလိုက္ေလသည္။
ၿပီးေနာက္ သီဟ တစ္ေယာက္ ေခါင္းေမာ္ၾကည့္လိုက္ေလသည္။ သက္ရႈိင္းကိုမွာ မရွိေတာ့ပါ။ ဒါနဲ႔ သီဟလည္း ေရျဖည့္ထားတဲ့ ဒယ္အိုးကိုယူၿပီး ဂတ္စ္မီးဖိုေပၚတင္လိုက္ေလသည္။ ေနာက္ၿပီး ဂတ္စ္ဖြင့္ၿပီး ေရတည္ထားလိုက္ေတာ့သည္။
သီဟမွာ ေရတည္ထားၿပီးေတာ့ စားပြဲဆီကို ျပန္လာကာ ၀ယ္လာတဲ့ အမဲသားတုံးဘူးႀကီးကို အိတ္ထဲက ထုတ္လိုက္ေလသည္။ သီဟမွာ အသားတုံးႀကီးကို ျမင္ၿပီး ခဏက ျမင္လိုက္ရတဲ့ သက္ရႈိင္းကို၏ ခႏၶာကိုယ္ကို ျမင္ေယာင္မိသြားေလသည္။ ဒါနဲ႔ သီဟ တစ္ေယာက္ ကိုင္ထားတဲ့ အမဲသားဘူးႀကီးကို လြတ္ခ်လိုက္ေလေတာ့၏။
"သီဟ ဘာျဖစ္လို႔လဲ" ဆိုကာ ႏွင္းမွာ ေဘးနားကို ေရာက္လာၿပီး သီဟကို ေမးလိုက္ေလသည္။
"ဟမ္....... အင္း........ ဘာမွမျဖစ္ပါဘူး အမ" လို႔ ျပန္ေျဖၿပီး သီဟ အမဲသားတုံးဘူးႀကီးကို ေဖာက္လိုက္ေလသည္။
"တစ္ကယ္...... ဘာမွမျဖစ္တာ ေသခ်ာရဲ႕လား" ဟု ႏွင္း ျပန္ေမးလိုက္ျပန္သည္။
"တစ္ကယ္ ဘာမွမျဖစ္ပါဘူး အမ" လို႔ သီဟလည္း ၿပဳံးၿပဳံးေလးျဖင့္ ႏွင္းကို ျပန္ေျဖလိုက္ေလသည္။
သီဟရဲ႕ ျပန္ေျဖတာကို ၾကားၿပီး ႏွင္း စိတ္ပ်က္သြားသည္။ အမွန္ေတာ့ ႏွင္းက သီဟ ကိုယ္ထဲ ၀င္ပူးခ်င္လို႔ အခ်ိန္ေနအခ်ိန္ခါကို ေစာင့္ေမွ်ာ္ေနတာေလ။ အဲ့တာကေတာ့ သီဟ ရဲ႕ စိတ္ဝိညာဥ္ အားနည္းသြားတဲ့ အခ်ိန္ကိုဘဲေပါ့။ ဒါေတြကို ဘယ္လိုသိလာရတာလဲဆိုတာ့ကာ ႏွင္းတစ္ေယာက္ ဟိုေန႔က ပန္းၿခံထဲမွာ ထိုင္ၿပီးေတာ့ ဘာေၾကာင့္ ၀င္ပူးလို႔ရသြားတာလဲ ဆိုတာကို ထိုင္စဥ္းစားေနတာေၾကာင့္ဘဲေပါ့။ အခ်ိန္ေတာ္ေတာ္ၾကာမွ ႏွင္း တစ္ေယာက္ သေဘာက္ေပါက္သြားသည္။ လက္ခံတဲ့ ခႏၶာကိုယ္ရဲ႕ ဝိညာဥ္က အားနည္းေနေတာ့ ႏွင္းတို႔လို အားေကာင္းတဲ့ ဝိညာဥ္ေတြက အစားထိုး ၀င္လို႔ရတာေပါ့ေလ။ ႏွင္းမွာ သီဟရဲ႕ ေနာက္နားမွာ ျပန္ေနလိုက္ၿပီး သီဟကိုသာ ၾကည့္ေနေလေတာ့သည္။
သီဟမွာေတာ့ "ဘာမွမျဖစ္ဘူး...... ဒီအတိုင္းေလးဘဲ.... ေငးမိသြားတာပါ..... ငါ့မွာ ကိုျမတ္ရွိတယ္" ဆိုၿပီး စိတ္ထဲကေတြးေနရေလသည္။ ေနာက္ေတာ့ အမဲသားတုံးႀကီး ႏွစ္တုံးကို ထုတ္ၿပီး သီဟမွာ ဆား၊င႐ုတ္ေကာင္းတို႔ကို ႏွစ္ဘက္စလုံး ျဖဴးလိုက္ေလသည္။
သီဟ မီးဖိုခန္းမွာ အလုပ္ရႈပ္ေနတုန္း သက္ရႈိင္းကိုမွာ အ၀တ္အစားလဲၿပီး အခန္းထဲကေန ထြက္လာေတာ့၏။ သက္ရႈိင္းကိုမွာ ဧည့္ခန္းကေနၿပီး မီးဖိုခန္းက သီဟကို လွမ္းၾကည့္လိုက္ေလသည္။ ၿပီးေနာက္ ျပန္လွည့္လာၿပီး ဆိုဖာမွာထိုင္ကာ
တီဗီ ၾကည့္ေနေတာ့သည္။ ထိုသည္ကို ႏွင္း တစ္ေယာက္ ျမင္သြားေလသည္။ ဒါနဲ႔ဘဲ ႏွင္းမွာ အႀကံတစ္ခု ရသြားေလသည္။
သီဟ တစ္ေယာက္မွာေတာ့ အမဲသားတုံးႀကီးကို အဆာပလာနယ္ၿပီးေတာ့ ၾကက္သြန္ျဖဴကို အခြန္ႏႊာၿပီး ဓားျပား႐ိုက္ေနေလသည္။ ၿပီးေတာ့ ဓားျပား႐ိုက္ထားၿပီးသား ၾကက္သြန္ျဖဴကို ႏုတ္ႏုတ္စင္းေနေလသည္။ ၿပီးေတာ့ နံနံပင္အ႐ြက္ေလးကိုလည္း ႏုတ္ႏုတ္စင္းလိုက္ေတာ့သည္။
ဒီလိုနဲ႔ ႏွင္း တစ္ေယာက္ သီဟ အနားကို ျပန္ေရာက္လာေလသည္။ သီဟကို ဘယ္လိုမ်ိဳး အားနည္းေအာင္လုပ္ရမလဲ ဆိုတာ သိေနတဲ့ သူအတိုင္း ေရာက္လာတာ ျဖစ္သည္။
"သီဟ......." လို႔ ႏွင္း တိုးတိုးေလး ေခၚလိုက္ေလသည္။
"ဘာကိစၥလဲ အမႏွင္း......." ဆိုၿပီး သီဟလည္း တိုးတိုးေလး ျပန္ေျဖလိုက္ေတာ့သည္။
"အမ သီဟကို ေျပာစရာေလး ရွိလို႔"
"အခုခ်ိန္မွာ စကားေျပာလို႔ မေကာင္းဘူးထင္တယ္ အမ..... အမရဲ႕ ေယာက်ာ္းက ဟိုမွာ ထိုင္ေနတယ္ေလ.... သီဟတို႔ စကားေျပာေနၾကတာကို ၾကားသြားမွာေပါ့" လို႔ ေျပာၿပီးေတာ့ သီဟမွာ သက္ရႈိင္းကိုဘက္ကို လွမ္းၾကည့္လိုက္ေလသည္။
"ဘာမွ မျဖစ္ဘူး.... အမကဘဲ ေျပာမယ္..... သီဟက ဒီအတိုင္း နားဘဲေထာင္ေပါ့"
"ဟုတ္ၿပီေလ...... ဘာအေၾကာင္းလဲ ေျပာၾကည့္ၾကည့္ေလ အမ" လို႔ သီဟကေနမွ မသိမသာေလး ေျပာလိုက္ေလသည္။
"ခဏက သီဟ ကိုသက္ရဲ႕ ခႏၶာကိုယ္ကို ၾကည့္ေနတာမလား" လို႔ ႏွင္း တစ္ေယာက္ တမင္တကာ ေမးလိုက္ေလသည္။
"မဟုတ္ပါဘူး...... မၾကည့္ပါဘူး" ဆိုကာ သီဟ တိုးပ်ပ်ေလး ေျပာလိုက္ေတာ့၏။
"ၾကည့္ေနပါတယ္..... သီဟ ၾကည့္ေနလို႔ဘဲ စကားထစ္ေနတာမလား"
"မဟုတ္ပါဘူး ......."
ဒီတစ္ခါ သီဟ ေျဖလိုက္တဲ့ အသံက က်ယ္သြားေလသည္။ ဒါေၾကာင့္ဘဲ သက္ရႈိင္းကို လွည့္ၾကည့္လာေတာ့၏။ သီဟမွာ ၿပဳံးျပၿပီး ဖုန္းၾကည့္ေနတာပါဆိုၿပီး ဖုန္းကို ေထာင္ျပလိုက္ေလသည္။ ဒါနဲ႔ဘဲ သက္ရႈိင္းကိုမွာ ျပန္လွည့္သြားေလသည္။ သီဟမွာ ျပာျပာသလဲျဖင့္ ကၫႊန႔္နဲ႔ အာလူးကို ယူၿပီး ေရတည္ထားတဲ့ မီးဖိုဘက္ သြားလိုက္ေလသည္။ ႏွင္းလည္း
သီဟေနာက္ လိုက္လာေတာ့တာေပါ့။ သီဟမွာ လက္ထဲက ကၫႊန႔္နဲ႔ အာလူးကို တစ္ေနရာမွာ ထင္ထားလိုက္ေလသည္။ ၿပီးေနာက္ ေရတည္ထားတဲ့ ဒယ္အိုးအဖုံးကို ဖြင့္ဖို႔ ျပင္ေတာ့သည္။
ထိုအခ်ိန္မွာဘဲ ႏွင္းက "သီဟ ကိုသက္ကို ခဏေလာက္ေတာ့စိတ္၀င္စားသြားတယ္မလား" ဟု ေျပာလိုက္ေလသည္။
"အမ ဘာေတြ ေျပာေနတာလဲ သီဟမွာ ခ်စ္ရတဲ့သူ ရွိၿပီးသားေလ"
"ဟုတ္လို႔လား..... အနည္းငယ္ေတာ့ စိတ္၀င္စားသြားတယ္ေတာ့ လုပ္လိုက္"
ေနာက္ဆုံးမွာ"ဟုတ္တယ္......" လို႔ သီဟ ရွက္ရွက္နဲ႔ ေျဖၿပီး ဒယ္အိုးအဖုံးကို ဖြင့္လိုက္ေတာ့ ေရေငြ႕အပူေတြက သီဟရဲ႕လက္ကို ဟပ္သြားေသာေၾကာင့္ လန႔္ၿပီး ဒယ္အိုးအဖုံးကို လႊတ္ခ်မိသြားေလေတာ့သည္။
"ခြမ္း............"
သီဟမွာ ဒယ္အိုးကို မေကာက္အားေသးပါ။ ေရေႏြးေငြ႕ ေလာင္သြားတဲ့ လက္ေလးကိုသာ ေၾကာင္ေတာင္ေတာင္ျဖင့္ ပြတ္သပ္ေနေလသည္။ ႏွင္းမွာ အခြင့္အေရးဘဲ ဆိုၿပီး ၀င္ပူးဖို႔ အလုပ္မွာ သက္ရႈိင္းကိုက ေရာက္လာၿပီး သီဟကို လွမ္းပုတ္ၿပီး ေခၚလိုက္ေတာ့သည္။
"ေကာင္ေလး ရရဲ႕လား......" ဆိုၿပီးေတာ့ေပါ့။
ႏွင္းမွာေတာ့ အခြင့္အေရးေကာင္းဘဲလို႔ ေတြးထင္ထားတာ။ အခုေတာ့ ထင္သလို ျဖစ္မလာခဲ့ေတာ့ပါ။
"ရပါတယ္...... အကို"
"လက္ ဘာျဖစ္သြားေသးလဲ" ဆိုၿပီး သက္ရႈိင္းကိုမွ စိတ္ပူသျဖင့္ ေမးလာေလသည္။
"ဘာမွ မျဖစ္ပါဘူး အပူဟပ္သြား႐ုံပါဘဲ" လို႔ သီဟ ျပန္ေျဖလိုက္ေတာ့သည္။
"ျပၾကည့္ၾကည့္" ဆိုကာ သက္ရႈိင္းကိုမွာ သီဟရဲ႕ လက္ကို လွမ္းဆြဲလိုက္ေလသည္။ ၿပီးေနာက္ လက္ကေလးကို အေသးစိတ္ ၾကည့္ေနေတာ့၏။ ေဘးမွာ ရွိေနတဲ့ ႏွင္းမွာေတာ့ ေယာက်ာ္းျဖစ္၏ လုပ္ရပ္ကို အံ့အားသင့္ေနေလသည္။
သက္ရႈိင္းကိုမွာ သီဟရဲ႕လက္ကို ၾကည့္ၿပီး ျပန္လြတ္ခ်လိုက္ေလသည္။
"ဟင္းက ခ်က္လို႔ေကာ.... အဆင္ေျပပါ့မလား"
"ေျပပါတယ္ သီဟ ဘာမွ မျဖစ္ပါဘူး အကို"
"ၾကာပါတယ္ကြာ...... သြားတာထိုင္ေနလိုက္ေတာ့..... ဒီလိုပုံမ်ိဳးနဲ႔ဆို ဆိုင္ဖြင့္စားရင္ ဆိုင္ေတာင္ ျပဳတ္ျပဳတ္ျဗဳန္းေန ေလာက္ၿပီ....." လို႔ ေျပာၿပီးေတာ့ သက္ရႈိင္းကိုမွာ သီဟကို မီးဖိုခန္းက ႏွင္ထုတ္လိုက္ေလသည္။
သီဟမွာ ေၾကာင္ေတာင္ေတာင္ေလးျဖင့္ ဧည့္ခန္းဘက္ကို သြားလိုက္ေလသည္။ ႏွင္းလည္း ေယာက်ာ္းျဖစ္သူကို မယုံၾကည္ႏိုင္တဲ့ အၾကည့္ျဖင့္ ၾကည့္ရင္း သီဟေနာက္ လိုက္သြားေလေတာ့၏။
သက္ရႈိင္းကိုမွာ စားဖိုမႉးဆိုသည့္အတိုင္းပင္ သီဟ လုပ္ခဲ့တာ ေတြကို ဘာမွ မေမးဘဲ ဆက္ၿပီး လုပ္ေလေတာ့သည္။ အရင္ဆုံး ကၫႊန႔္နဲ႔ အာလူးကို ျပဳတ္ထားလိုက္သည္။ ၿပီးေနာက္ ဒယ္ျပားကို ယူၿပီး ေနာက္ထပ္ မီးဖို တစ္ခုမွာ တင္လိုက္ေလေတာ့၏။ ဂတ္စ္မီးေလးကို ပူ႐ူံမွ် အေနအထားမွာ ဖြင့္ထားလိုက္သည္။ ဒယ္အိုးျပား ပူလာတာနဲ႔ သက္ရႈိင္းကိုမွာ ေထာပတ္မ်ားကို အိုးထဲ ထည့္လိုက္ေတာ့သည္။ ေထာပတ္ေလးေတြမွာ အိုးပူနဲ႔ ေတြ႕ၿပီး ခ်က္ခ်င္း အရည္ေပ်ာ္က်သြားေလသည္။ သက္ရႈိင္းကိုမွာ သီဟ ႏုတ္ႏုတ္စင္းထားတဲ့ ၾကက္သြန္ျဖဴကို ဆီသက္လိုက္သည္။ ၾကက္သြန္ျဖဴဆီသက္ၿပီးတာနဲ႔ အမဲသားတုံး ႏွစ္တုံးကို ဒယ္ျပားထဲ ထည့္လိုက္ေလေတာ့သည္။ ၿပီးေနာက္ မီးေျဖးေျဖးေလးျဖင့္ အသားကို နပ္ထားလိုက္ေလသည္။
အသားနပ္ထားတုန္း သက္ရႈိင္းကိုမွာ ျပဳတ္ထားတဲ့ဘက္က
ဂတ္စ္မီးကို ပိတ္လိုက္ေတာ့သည္။ ၿပီးတာနဲ႔ ကၫႊန႔္နဲ႔ အားလူးေတြကို ဆယ္ထုတ္လာေလသည္။ အာလူးကို အခြန္ခြာလိုက္ၿပီး ဇလုံ တစ္ခုထဲမွာ ထည့္ထားလိုက္သည္။ ၿပီးေတာ့ အသားနပ္တဲ့အိုးမွ အသားကို တစ္ျခားတစ္ဖက္ကို ဘက္ေျပာင္းလိုက္ေလသည္။ ကၫႊန႔္ပါထည့္ၿပီး ေၾကာ္လိုက္သည္။ ဇလုံထဲ ထည့္ထားတဲ့ အာလူးကိုေတာ့ ေခ်တဲ့ အတံေလးနဲ႔ အာလူးေတြကို ေခ်လိုက္ေတာ့သည္။ ေခ်ၿပီးသြားေတာ့ ဆားနဲ႔ င႐ုတ္ေကာင္း အနည္းငယ္ျဖဴးၿပီး နယ္လိုက္ေလသည္။ အာလူးကို ျပင္ဆင္ၿပီးသြားေတာ့ သက္ရႈိင္းကိုမွာ ပန္းကန္ထည့္ထားတဲ့ ဗီ႐ိုထဲက ဝိုင္ပုလင္းကို ထုတ္လာေတာ့သည္။
"ဝိုင္လည္း ရွိတာလား......." ဟု သီဟမွာ သက္ရႈိင္းကို ခ်က္ေနတာကို ၾကည့္ရင္းမွ တိုးတိုးေလး ေရ႐ြတ္လိုက္ေလသည္။
"စာဖိုမႉးေလ...... ဝိုင္ေလးေတာ့ ရွိထားရမယ္ဆိုၿပီး ဝယ္ထားတာေလ" ဆိုၿပီး ႏွင္းမွ သီဟကို ရွင္းျပလိုက္ေလေတာ့၏။
သက္ရႈိင္းကိုမွာ ဝိုင္ပုလင္းကို ေဖာက္လိုက္ၿပီး အသားႏွပ္ထားတဲ့ ဒယ္အိုးျပားထဲကို အနည္းငယ္ ထည့္လိုက္ေလသည္။ ဝိုင္ပုလင္းကို ေဘးမွာ ခ်ထားလိုက္ၿပီး သက္ရႈိင္းကို တစ္ေယာက္ ဒယ္အိုးျပားကို ေစာင္းကာ အႏွစ္ရည္ျဖင့္ အမဲသားတုံးႏွစ္သုံး ပက္ေနေလသည္။ အရသာ ၀င္ေလာက္ၿပီ ျဖစ္တဲ့အခ်ိန္မွာ သက္ရႈိင္းကို အိုးေစာင္းထားတာကို ျပန္ခ်လိုက္ၿပီး ဂတ္စ္မီးကို ပိတ္လိုက္ေတာ့သည္။
ပန္းကန္ေတြထားတဲ့ ဗီ႐ိုထဲက ပန္းကန္ျပားႏွစ္ခ်ပ္ကို ထုတ္လိုက္သည္။ အာလူးေခ်ထားတာေတြကို ဇြန္းေလးနဲ႔ ေကာ္ၿပီး ပန္းကန္ျပားေပၚ တင္လိုက္ေတာ့သည္။ ၿပီးတာနဲ႔ အမဲသားျပားကို ပန္းကန္ႏွစ္ခ်က္မွာ က်က်နနေလး တင္လိုက္ေလသည္။ ကၫႊန႔္ေတြကိုလည္း ပန္းကန္ျပားေပၚ လွလွပပေလး တင္လိုက္သည္။ ၿပီးေနာက္ ဒယ္အိုးျပားထဲက အႏွစ္ရည္ကို ဇြန္းနဲ႔ ေကာ္ၿပီး အာလူးေပၚ စမ္းလိုက္ေတာ့သည္။ ေနာက္ဆုံးေတာ့ လွပတဲ့ အမဲသား steakေလးကို ရရွိသြားၿပီေပါ့။
သက္ရႈိင္းကိုမွာ ပန္းကန္ျပား ႏွစ္ခ်ပ္ကို ကိုင္လာၿပီး ဧည့္ခန္းက စားပြဲေပၚမွာ တင္လိုက္ေတာ့သည္။ စားပြဲေပၚ တင္ၿပီးတာနဲ႔ မီးဖိုဘက္ ျပန္သြားေလသည္။ သီဟလည္း စားပြဲေပၚ တင္ထားတဲ့ steakေလးကို ၾကည့္လိုက္ေလသည္။ တစ္ကယ့္ကို စားခ်င္စရာဘဲေလ။ သီဟမွာ ပန္းကန္ျပားနားကပ္ကာ အနံ႔ကိုရႉၾကည့္လိုက္ေတာ့၏။ အနံ႔ရႉလိုက္ၿပီးေတာ့ သီဟ သေရေတြက်လာေလသည္။
မၾကာပါဘူး မီးဖိုဘက္ သြားတဲ့ သက္ရႈိင္းကို ျပန္ေရာက္လာေလ၏။ လက္ထဲမွာ ဝိုင္ခြက္ရယ္၊ ဓားနဲ႔ခက္ရင္းရယ္၊ ေနာက္လက္တစ္ဖက္မွာၾကေတာ့ ဘီယာဘူးငါးဘူးပါတဲ့ အိတ္ေလးရယ္ ယူလာေတာ့သည္။ သက္ရႈိင္းကိုမွာ ဘီယာဘူးေတြကို စားပြဲေပၚ တင္လိုက္ၿပီး ဝိုင္ထည့္ထားတဲ့ ဝိုင္ခြက္ကိုေတာ့ သီဟ ေရွ႕နား ထားေပးေလသည္။ ၿပီးေတာ့ ဓားနဲ႔ခက္ရင္းေတြလည္း ခ်ေပးေလေတာ့သည္။
"ကဲ စားၾကတာေပါ့" လို႔ သက္ရႈိင္းကိုက ေျပာလိုက္ေရာ
သီဟမွာ ဓားနဲ႔ ခက္ရင္းကို စကိုင္လိုက္ေလသည္။ သက္ရႈိင္းကိုမွာေတာ့ မဟုတ္။ ဘီယာဘူးကို အရင္ေဖာက္ကာ ေသာက္လိုက္ေလေတာ့သည္။ သီဟလည္း သက္ရႈိင္းကိုကို ၾကည့္ရင္း ေၾကာင္ေတာင္ေတာင္ ျဖစ္သြားရသည္။
"ဘာၾကည့္ေနတာလဲ စားေလ" ဟု သက္ရႈိင္းကိုက ေျပာလိုက္ေတာ့မွ သီဟလည္း ၿပဳံးျပၿပီးေတာ့ စားလိုက္ေလေတာ့သည္။ သီဟ ခက္ရင္းေလးနဲ႔ အသားကို ထိုးစိုက္လိုက္ၿပီး ဓားနဲ႔လွီးလိုက္သည္။ ၿပီးေနာက္ ပါးစပ္အရသာခံကာ စားလိုက္ေလသည္။ တစ္ကယ့္ကို အရသာရွိတာဘဲေလ။
သီဟမွာ တစ္လုပ္စားၿပီးေတာ့ သက္ရႈိင္းကိုအား ၾကည့္ေနမိေလသည္။ အေၾကာင္းကေတာ့ သက္ရႈိင္းကိုမွာ ေနာက္ထပ္ ဘီယာတစ္ဘူးကို ေဖာက္ၿပီး ေသာက္ေနလို႔ဘဲေလ။ ဒါနဲ႔ သီဟလည္း ေဘးက ဝိုင္ခြက္ေလးကို ကိုင္ၿပီး တစ္ငုံေသာက္လိုက္ေလသည္။ ၿပီးေနာက္ သီဟမွာ အသားလွီးေနေလ၏။
"အမ္..... ဒီလို ဟင္းပြဲမ်ိဳးက ဝိုင္နဲ႔မွ လိုက္တာ မဟုတ္ဘူးလား" ဟု သီဟကေနမွ အသားလွီးေနရင္း ေမးလိုက္ေလသည္။
"ဟုတ္တယ္..... ဒီလို ဟင္းေတြက ဝိုင္နဲ႔မွ လိုက္တာ..... ဒါေပမယ့္ ငါက ဝိုင္မတိုးေတာ့ဘူး ဘီယာနဲ႔မွ ေရခ်ိန္ကိုက္ေတာ့တာ" ဆိုၿပီး သက္ရႈိင္းကိုမွာ ဘီယာတစ္ငုံေသာက္ၿပီး ျပန္ေျဖေလသည္။
ထိုစကားကို ၾကားၿပီး သီဟမွာ အနည္းငယ္ စိတ္မေကာင္း ျဖစ္သြားရသည္။ ႏွင္းလည္း သီဟႏွင့္ နည္းတူဘဲေလ။ စိတ္မေကာင္းလို႔ ေနေလသည္။
"အကိုက အကို႔ရဲ႕ မိန္းမကို အရမ္းကို ခ်စ္တာဘဲလား" ဟု သီဟ ႐ုတ္တရက္ႀကီး ေမးလိုက္သည္။
သက္ရႈိင္းကိုမွာ သီဟကို စိုက္ၾကည့္လာေလသည္။ ၿပီးေနာက္ ဘာမွျပန္မေျဖဘဲ လက္က်န္ ဘီယာကို တစ္က်ိဳက္တည္း ေမာ့ေသာက္လိုက္ေတာ့သည္။ ဒါေၾကာင့္ဘဲ သီဟမွာ ေမးခြန္း ေမးတာ မွားသြားမွန္း သိလိုက္ရေလသည္။
"ေတာင္းပန္ပါတယ္...... အကို မေျဖလည္း ရပါတယ္" လို႔ သီဟ ထပ္ေျပာလိုက္ေတာ့သည္။
"ခ်စ္တာေပါ့..... သူ႔ကို လက္လြတ္လိုက္ရလို႔ အခုခ်ိန္ထိ ကိုယ့္ကိုယ္ကို အျပစ္တင္လို႔ မဆုံးေသးဘူး" ဟု သက္ရႈိင္းကိုမွ တိုးတိုးေလး ေျပာလာေလသည္။
"ဟုတ္..... သီဟ စိတ္မေကာင္းပါဘူး" လို႔သာ သီဟ ျပန္ေျဖလိုက္ရသည္။
ႏွင္းမွာေတာ့ သက္ရႈိင္းကိုအား တစ္စိမ့္စိမ့္ ၾကည့္ေနရွာေတာ့သည္။ ဒါကို သီဟ ျမင္သြားေလသည္။
"အခုခ်ိန္ အကို႔ေဘးနားမွာ အကို႔မိန္းမ ရွိေနရင္ ဘာမ်ားေျပာခ်င္လဲ အကို"
"ဟူး......" သက္ရႈိင္းကိုမွာ သက္ျပင္းခ်လိုက္ေလသည္။
"ဘာမ်ားေျပာလို႔ရအုန္းမွာလဲ..... အခု သူက ေဘးနားမွာ ရွိမွ ရွိမေနေတာ့တာ" လို႔ သက္ရႈိင္းကို ေျပာရင္း ဘီယာ ေနာက္တစ္လုံးကို ေဖာက္ၿပီး အသားကုန္ ေမာ့ေသာက္ေနေတာ့သည္။
သီဟမွာလဲ ဘာမွ ထပ္မေျပာေသးဘဲ ဒီအတိုင္းသာ ၾကည့္ေနေလသည္။ အေျခအေန ဟန္ၿပီဆိုမွသာ လက္ေတာ့အေၾကာင္းကို ထေမးလိုက္ေလသည္။
"ဒါနဲ႔......ဟိုေလ..... အကို႔ မိန္းမက ေဆာင္းပါး ေရးတဲ့သူမလား....... အဲ့တာ ဘာနဲ႔ ေဆာင္းပါးေတြကို ေရးတာလဲ"
သီဟရဲ႕ အေမးစကားလည္း ၿပီးေတာ့ သက္ရႈိင္းကိုမွာ သီဟကို ရီေဝတဲ့ မ်က္လုံးမ်ားျဖင့္ ၾကည့္လာေလေတာ့သည္။
"ဟ..... ေဆာင္းပါး ေရးပါတယ္ဆို လက္နဲ႔ ေရးတာေပါ့လို႔" ဆိုၿပီး သက္ရႈိင္းကို ျပန္ေျဖလိုက္သည္။
သီဟ တစ္ေယာက္ သက္ရႈိင္းကို မူးေနၿပီ ဆိုတာကို သိလိုက္ေတာ့သည္။ ႏွင္းမွာလည္း ကိုယ့္ေယာက်ာ္းရဲ႕ မူးေနတဲ့ ပုံစံကို တစ္ခါမွ မျမင္ဖူး၍ ေငးၾကည့္ေန႐ုံမွအပ ဘာမွမလုပ္ႏိုင္ပါ။
"သိတယ္ေလ....... လက္ေတာ့နဲ႔ေရးတာလား..... စာအုပ္ထဲ ေရးတာလားကို ေမးတာေလ အကို"
"သူ႔စာေရးခန္းထဲမွာ လက္ေတာ့နဲ႔ ေရးတာေပါ့လို႔"
"ေအာ္......ဒါဆို လက္ေတာ့ထဲမွာ ရွိေနမွာဘဲ"
"ဟမ္..... ဘာကို ေျပာတာလဲ...... ေကာင္ေလး"
"ေအာ္...... အင္း စားေကာင္းတယ္လို႔ ေျပာတာ အကို"
"ေအ ..... စား......ငါ့ လက္ရာကို ဘယ္သူ႔မွမမွီဘူး"
ဒါနဲ႔ သီဟလည္း အသားေလးလွီးလိုက္၊ စားလိုက္၊ ဝိုင္ေလး ေသာက္လိုက္ လုပ္ေနေလသည္။ သက္ရႈိင္းကိုမွာလည္း ဘီယာကိုသာ ေသာက္ေနေတာ့၏။
ဒီလိုနဲ႔ အခ်ိန္ေတြ ၾကာလာေတာ့ သီဟလည္း တစ္ခါမွ မေသာက္ဖူးသည့္ ဝိုင္ေတြ ေသာက္ၿပီး ရီေဝေဝ ျဖစ္လို႔ေနေလၿပီ။ သက္ရႈိင္းကိုလည္း အစာမစားဘဲ ဘီယာေတြသာ လိမ့္ေသာက္ေနေတာ့ မူးေနေတာ့၏။
"ဟ...... ႏွင္းေရ....ႏွင္း........ ကို႔ကိုသာ လာေခၚသြားပါေတာ့ကြာ" ဟု သက္ရႈိင္းကိုမွာ ပလုံးပေထြးျဖင့္ ေျပာေနသည္။
"အကို မူးေနၿပီ ထင္တယ္" ဟု သီဟလည္း တိုးတိုးေလး ေျပာလိုက္ေလသည္။
"ဟင္...... ႏွင္းလား ...... ႏွင္းေရာက္ေနတာလား" ဆိုၿပီး
သက္ရႈိင္းကိုမွာ သီဟကို ႏွင္းဟု ထင္မွတ္ၿပီး ေျပာေနေတာ့သည္။
"ဘယ္ကသာ..... ႏွင္းမဟုတ္ဘူး..... အကိုေခၚ ေခၚေနတဲ့ ေကာင္ေလးေလ.....အမႏွင္းက အကို႔ေဘးမွာ ရွိေနတာကို..... အဟိ"
ႏွင္းမွာ အမူးလြန္ေနတဲ့ သက္ရႈိင္းကိုနဲ႔ မူးေနာက္ေနာက္ျဖစ္ေနတဲ့ သီဟတို႔ကို ၾကည့္ၿပီး ဘာလုပ္လို႔ဘာကိုင္ရမွန္း မသိ ျဖစ္ေနေလသည္။
"ဟာ..... ႏွင္းပါ..... ႏွင္းမွ ႏွင္း အစစ္ပါကြာ" ဟု သက္ရႈိင္းကို တစ္ေယာက္ သီဟရဲ႕ ပါးႏွစ္ဖက္ကို လွမ္းကိုင္လိုက္ၿပီး ေျပာလိုက္ေတာ့သည္။
"မဟုတ္ပါဘူးဆိုမွ အကိုကလည္း........."
"ဟ...... ႏွင္းမွ ႏွင္းအစစ္ပါ....." လို႔ ေျပာၿပီး သက္ရႈိင္းကိုမွာ သီဟရဲ႕ ႏွာေခါင္းနဲ႔ ထိလုနီးနီးေလာက္ထိ နီးကပ္လာေလသည္။
သီဟမွာလည္း ရီေဝေဝျဖင့္ သက္ရႈိင္းကိုအား ျပန္ၾကည့္ေနေတာ့သည္။ ႏွင္းမွာ အခု အေျခအေနကို တားခ်င္ေပမယ့္လည္း တားလို႔မရပါ။ ဝိညာဥ္ ျဖစ္ေနတာကိုး။
သက္ရႈိင္းကိုမွာ သီဟကို ၾကည့္ၿပီးေတာ့ ႏွင္းႏွင့္ မွားေနေလသည္။ သီဟကို ခ်စ္ရည္႐ႊန္းတဲ့ အၾကည့္ေတြျဖင့္ ၾကည့္ေနေလသည္။ ေနာက္ၾကာေတာ့ သက္ရႈိင္းကိုမွာ စိတ္မထိန္းႏိုင္ေတာ့ဘဲ သီဟကို နမ္းလိုက္ေလေတာ့၏။ ဒါကို ျမင္ေနရတဲ့ ႏွင္းမွာေတာ့ ထိုင္ရာက ခ်က္ခ်င္း ထရပ္လိုက္ေလသည္။ ၿပီးေနာက္ မယုံၾကည္တဲ့ အၾကည့္ျဖင့္ ၾကည့္ေနေလေတာ့သည္။
ႏွင္းမွာ ၾကည့္ေနရင္းမွ အနမ္းခံေနရတဲ့ သီဟကို လွမ္းၾကည့္လိုက္ေလသည္။ ႏွင္း တစ္ေယာက္ ခ်က္ခ်င္းဘဲ သီဟရဲ႕ စိတ္ဝိညာဥ္ အားနည္းစ ျပဳေနတာကို သတိထားမိသြားေလသည္။ ဒါနဲ႔ ႏွင္းမွာ သီဟရဲ႕ ေနာက္နားသို႔ ခ်က္ခ်င္း သြားလိုက္ေလေတာ့၏။ ႏွင္း တစ္ေယာက္ အခြင့္အေရး ေတြ႕ရွိသြားေလသည္။ ႏွင္း သက္ရႈိင္းကိုအား ၾကည့္လိုက္သည္။
"ေက်းဇူးဘဲ ကိုသက္" လို႔ တိုးတိုးေလး ေျပာၿပီးေတာ့ ႏွင္းမွာ သီဟ ကိုယ္ထဲသို႔ ၀င္လိုက္ေလေတာ့၏။
ဒီလိုနဲ႔ဘဲ ႏွင္းရဲ႕ ဝိညာဥ္ဟာ သီဟရဲ႕ ကိုယ္နဲ႔ တစ္သားတည္း ျဖစ္သြားေတာ့သည္။
သက္ရႈိင္းကိုမွာ နမ္းၿပီးေတာ့ ခုံေပၚေမွာက္သြားေလသည္။ သီဟ ခႏၶာကိုယ္ထဲ ေရာက္ေနတဲ့ ႏွင္းမွာေတာ့ သက္ရႈိင္းကိုကို ၿပဳံးၿပီး ၾကည့္ေနေလသည္။ ေနာက္ေတာ့ ႏွင္းမွာ
သက္ရႈိင္းအား ဆြဲထူၿပီး အိပ္ခန္းထဲ ေခၚသြားလိုက္ေတာ့သည္။ သက္ရႈိင္းကိုမွာလည္း မူးေနေသးေပမယ့္ ရပ္ႏိုင္၊ သြားႏိုင္ေသးတဲ့ အေျခအေနေလ။ ဒါေၾကာင့္ဘဲ ႏွင္း လြယ္လြယ္ကူကူနဲ႔ အိပ္ခန္းထဲ ေခၚသြားလို႔ရေတာ့တာေပါ့။
ႏွင္း တစ္ေယာက္ သက္ရႈိင္းကိုကို ခုတင္ေပၚမွာ တင္ေပးလိုက္ၿပီး ေစာင္ၿခဳံေပးလိုက္ေတာ့သည္။ ၿပီးေနာက္ ခုတင္ရဲ႕ ေဘးအစြန္းနားေလးမွာ လက္ကေလးေထာက္လ်က္
သက္ရႈိင္းကို၏ မ်က္ႏွာကို တစ္စိမ့္စိမ့္နဲ႔ ၾကည့္ေနေလသည္။
"ခဏက ကိုသက္ေျပာလိုက္တဲ့ ရွိမွမရွိေတာ့တာက မွားတယ္
ကိုသက္။ ႏွင္း ကိုသက္ အနားမွာ အၿမဲ ရွိေနတာ.....
ကိုသက္မွ သတိမထားမိတာ" လို႔ ႏွင္း ေရ႐ြတ္ေနေလသည္။
ႏွင္းမွာ သက္ရႈိင္းကိုရဲ႕ မ်က္ႏွာေပၚ ဝဲက်ေနတဲ့ ဆံသားေလးေတြကို ပင့္သက္လိုက္သည္။
"အိုး...... ကိုသက္က အရင္တုန္းကလို ေခ်ာေနေသးတာဘဲေနာ္....."
"ႏွင္းေလ..... ကိုသက္ကို ျပန္လိုခ်င္ေနမိတယ္..... ဒါေၾကာင့္ဘဲ သီဟရဲ႕ ကိုယ္ထဲကို ၀င္ပူးဖို႔ လုပ္ရတာေပါ့...... သီဟတာ သိရင္ စိတ္ဆိုးမယ္ ထင္တာဘဲ။ ဒါေပမယ့္လည္း ႏွင္းရဲ႕ ဝိညာဥ္က ဘယ္ခ်ိန္ ေပ်ာက္ကြယ္သြားမလဲမွ မခန႔္မွန္းႏိုင္တာ .... ဒါေၾကာင့္ ႏွင္း အခုလို ႀကံစည္လိုက္ရေတာ့တာေပါ့"
ႏွင္း တစ္ေယာက္ သက္ရႈိင္းကိုအား ၾကည့္ၿပီး စကားေတြ ေျပာေနေတာ့သည္။ စကားေျပာေနရင္းမွ ႏွင္းမွာ သက္ရႈိင္းကိုရဲ႕ ပါးျပင္ေလးကို နမ္းရႈိက္လိုက္ေလသည္။ ဘီယာနံ႔ သင္းသင္းေလးကို ခံစားလိုက္ရေတာ့သည္။ ေနာက္ေတာ့ ႏွင္း တစ္ေယာက္ ခုတက္ေပၚတက္ကာ သက္ရႈိင္းကို၏ ရင္ထြင္ထဲ တိုး၀င္လိုက္ေလသည္။ သက္ရႈိင္းကို၏ လက္ေမာင္းေလးကို ေခါင္းအုံးရင္း သက္ရႈိင္းကိုအား ၾကည့္ရင္းျဖင့္..............။
.......................................................
ကားထဲမွာ ေစာင့္ေနတဲ့ ျမတ္မင္းကိုမွာ သီဟ စာပို႔လာမွာကို ေစာင့္ေနေလသည္။ ျမတ္မင္းကိုမွာ တိုက္ခန္းကို ၾကည့္ကာ စိုးရိမ္ေနေလသည္။ ဒါနဲ႔ ဖုန္းကို ၾကည့္လိုက္ေလသည္။ စာမ်ား ထပ္ပို႔လာေလမလား စစ္ၾကည့္ေတာ့တာေပါ့။ စာတစ္ေစာင္မွ ေရာက္မလာေသဘူးေလ။ ဒီလိုနဲ႔ ျမတ္မင္းကိုမွာ နာရီကို ၾကည့္လိုက္ေတာ့သည္။ ဆယ့္တစ္ပင္ ခြဲေတာ့မည္။ ဒါနဲ႔ဘဲ ျမတ္မင္းကို တစ္ေယာက္ တိုက္ခန္းကို သြားၾကည့္မွ ျဖစ္မယ္လို႔ ဆုံးျဖတ္ၿပီး ကားေပၚက ဆင္းလိုက္ေတာ့၏။ ၿပီးေနာက္ ဘာမွ တုံ႔ဆိုင္းျခင္း မရွိဘဲ သီဟသြားခဲ့တဲ့ တိုက္ခန္းကို တန္းတန္းမတ္မတ္ သြားလိုက္ေလသည္။
ျမတ္မင္းကို အခန္းတံခါးကို ေခါက္ဖို႔ ျပင္လိုပ္သည္။ ထိုအခ်ိန္မွာဘဲ ေဘာင္းဘီ အိတ္ကပ္ထဲက ဖုန္းေလးက တုန္ျမည္လာေတာ့သည္။ ဒါနဲ႔ ျမတ္မင္းကို တစ္ေယာက္ ဖုန္းကို ထုတ္ကာ ၾကည့္လိုက္သည္။ စာေရာက္လာတာ ျဖစ္သည္။ ျမတ္မင္းကိုမွာ စာဖတ္ၿပီးသည္ႏွင့္ ကားဆီသို႔ ခပ္ျမန္ျမန္ေလး သြားလိုက္ေတာ့သည္။ ၿပီးေနာက္ ကားျဖင့္ တစ္ေနရာရာသို႔ ဦးတည္လ်က္........။
×××××××××××××××××××××
ႀကိဳးစားၿပီး ေရးေနပါတယ္။ အိမ္မွာေနပါ။ စာေတြဖတ္ပါ။ က်န္းမာေအာင္ေနပါ။ ဂ်င္းျပဳတ္ရည္ ေသာက္တာတို႔ ဆားေရပလုတ္က်င္းတာတို႔ လုပ္ေပးပါ။ အျပင္သြားရင္ mask ႏွစ္ထပ္တပ္ပါေနာ္။ အျပင္သြားတိုင္းလည္း handgelေလး ေဆာင္ထားေပးပါေနာ္။ အားလုံး ေဘးကင္းၾကပါေစလို႔။ ဇာတ္ရွိန္တက္ေနၿပီမလား။ ျမတ္မင္းက ဘာစာကို ျမင္လို႔ ထြက္သြားရတာလဲ ဆိုတာ ခန႔္မွန္းေပးခဲ့ၾကေနာ္။
သီဟနဲ႔ သက္ရႈိင္းကိုတို႔ စားခဲ့ၾကတဲ့ ဟင္းလ်ာေလးပါ။ steak with mashed potatoesေလးပါ။