အဖေရယ်၊ အမေရယ်၊ ညီလေးရယ် သုံးယောက်လုံး ပြည်ပကို ခရီးရက်ရှည်ထွက်သွားကြတယ်။ အဲ့တော့ ဒီအိမ်ကြီးထဲမှာ ကျွန်တော်နဲ့ထူးအောင် နှစ်ယောက်တည်းပဲ။ အိမ်မှာ ဘယ်သူမှမရှိကြဘူးဆိုတဲ့အသိက ကျွန်တော့်စိတ်ကို ရွှင်လန်းစေတယ်။ ပြီးတော့ ဒီနေ့က ရုံးပိတ်ရက်ဖြစ်တယ်။ ရုံးပိတ်ရက်မှာ ငါးဖယ်ဖက်ထုပ်ပေါင်းလုပ်စားကြမယ်တဲ့ ထူးအောင်ကပြောထားတယ်။ လိုအပ်တာတွေအကုန်းလုံးကိုလည်း မနေ့ကတည်းက ဝယ်ထားပြီးသား။
ကျွန်တော်တို့နှစ်ယောက်လုံး အခုမီးဖိုခန်းထဲ ရောက်နေကြပြီ။ ကိုယ်ဘာကူလုပ်ရမလဲလို့ ထူးအောင်ကိုမေးလိုက်တော့ မုန်လာဥနီသုံးဥကို ဂျစ်နဲ့မျှင်မျှင်လေးတွေ ခြစ်ပေးဖို့ပြောတယ်။ ကျွန်တော်က အချက်အပြုတ်မကျွမ်းတော့ ရှယ်ကျွမ်းတဲ့ထူးအောင်ခိုင်းတဲ့အတိုင်း လိုက်လုပ်ပေးရတယ်။
ကျွန်တော်က မုန်လာဥနီခြစ်နေတုန်း ထူးအောင်က ကြက်သွန်မြိတ်နဲ့ နံနံပင်ကို သေးသေးလေးတွေဖြစ်အောင် ကက်ကြေးနဲ့ကိုက်တယ်။ ဂျင်းနဲ့ကြက်သွန်ဖြူကို အခွံခွာပြီး ညက်အောင်ထောင်းတယ်။
အားလုံးပြီးတော့ ငါးဖယ်၊ မုန်လာဥနီ၊ ကြက်သွန်မြိတ်၊ နံနံပင်၊ ဂျင်း၊ ကြက်သွန်ဖြူ၊ ဆားနဲ့အချိုမှုန့်အနည်းငယ်ထည့်ပြီး သမအောင်နယ်တယ်။ နယ်တာတော်တော်လေးနှံ့မှ အသင့်လုပ်ပြီးသား ဖက်ထုပ်ရွက်လေးတွေထဲကို ထည့်တယ်။ ပြီးတော့ ပေါင်းအိုးထဲထည့်ပြီး ပေါင်းထားလိုက်တယ်။
ပေါင်းနေတဲ့အချိန်မှာ ထူးအောင်က ဖက်ထုပ်နဲ့တို့စားဖို့ဆိုပြီး အချဉ်ရည်လုပ်ဖို့ပြင်တယ်။ အသင့်စားလို့ရတဲ့ အချဉ်ဗူးတွေဝယ်လိုက်မယ်ဆိုလဲမရဘူး။ သူကိုယ်တိုင် လုပ်တဲ့ဟာမှ စားချင်တာတဲ့လေ။
အရင်ဦးဆုံး မန်ကျည်းဆော့နဲ့ ခရမ်းချဉ်သီးဆော့ကို ခွက်တစ်ခွက်ထဲ ရောထည့်လိုက်တယ်။ ပြီးတော့ ငရုတ်သီးအစိမ်းတောင့်၊ ကြက်သွန်ဖြူနဲ့ဂျင်းကို ငရုတ်စုံနဲ့ကြေညက်အောင်ထောင်းပြီး အဲ့ဆော့ထဲကို ရောထည့်တယ်။ နံနံပင်ကို နုတ်နုတ်ကိုက်ထည့်တယ်။ ဆားနဲ့ အချိုမှုန့်ကိုနည်းနည်းစီထည့်တယ်။ ရေနည်းနည်းထည့်တယ်။ ပြီးတော့ ဇွန်းနဲ့ သမအောင်မွှေတယ်။ မကြာဘူး အချဉ်နံ့သင်းသင်းလေး ထွက်လာတယ်။
အချဉ်လုပ်ပြီးတော့ ထူးအောင်က သူ့ရဲ့လက်ကို ဆပ်ပြာနဲ့စင်ကြယ်အောင် ဆေးကျောနေတယ်။ အဲ့အချိန်မှာ ကျွန်တော်က အနောက်ကနေ သူ့ကိုသိမ်းကျုံးပြီး ပွေ့ဖက်လိုက်တယ်။ ထူးအောင်က ကျွန်တော့်ကို တစ်ချက်လှည့်ကြည့်ပြီး လက်ကိုဆက်ဆေးနေတယ်။
"အရမ်းချစ်တယ် အထူးလေး"လို့ ကျွန်တော်ကပြောတော့ ဘာအရူးထပြန်တာလဲတဲ့ သူကပြန်ပြောတယ်။ ဒါပေမယ့် ကားသွားတဲ့ပါးရိုးနဲ့အတူ သူရယ်နေတယ်ဆိုတာကို ကျွန်တော်သိလိုက်တာမို့ သူ့ခန္ဓာလေးကို ပိုတိုးပြီး ဖက်ပြစ်လိုက်တယ်။
နောက်တော့ သူ့ဂုတ်သားလေးတွေကို လျှာလေးနဲ့ မထိတထိလျက်ပေးလိုက်တယ်။ ကျွန်တော်တစ်ခါလျက်တိုင်း သူ့ဇက်ကလေးက ပုပုပြီးဝင်သွားတတ်တယ်။ အဲ့လိုဖြစ်တာကို ကျွန်တော်က သဘောကျလို့ ထပ်ကာထပ်ကာ လျှာကိုအလုပ်ပေးနေလိုက်တယ်။
"ဟေ့ကောင် ယားတယ်ကွ"
သူဘယ်လိုမှ မအောင့်နိုင်တော့ဘူးဆိုရင် ထွက်လာနေကျ စကားသံဖြစ်တယ်။ ကျွန်တော်က သဘောတကျရယ်ပြီး "အဲ့ဒါဆို ဒီဘက်လှည့်ပေးလေ"လို့ ပြောလိုက်တော့ လှည့်လာပေးတယ်။
"ဘာဖြစ်ချင်နေတာလဲ... မီးဖိုခန်းကြီးထဲလာပြီ"
ငြူငြူစူစူနဲ့ ထူးအောင်ကမေးတယ်။ ကျွန်တော်က အရှက်မရှိတဲ့အပြုံးမျိုးနဲ့ သူ့ကိုပြန်ပြုံးပြလိုက်ပြီး သူ့နှုတ်ခမ်းတွေကို စတင်နမ်းရှိုက်လိုက်တယ်။ ကျွန်တော်နမ်းတော့ သူကလည်း ပြန်လည်နမ်းရှိုက်လာတယ်။
အပေါ်တလှည့် အောက်တလှည့်နဲ့ အပြန်အလှန်နမ်းစုပ်နေရင်းနဲ့မှ တချက်တချက် သူ့ရဲ့လျှာကိုပါ ဆွဲယူစုပ်ပေးလိုက်တယ်။ နှုတ်ခမ်းချင်းစုပ်နေကြတာဖြစ်တဲ့အတွက် အခန်းတွင်းမှာလည်း 'ပြွတ်ပြွတ်'ဆိုတဲ့ အသံတွေက ကြီးစိုးလို့နေတယ်။ အဲ့ တပြွတ်ပြွတ်အသံက အပြင်လူကြားရင်သာ ရွံစရာဖြစ်ပေမယ့် ပြုလုပ်နေသူတွေအတွက်တော့ ရှေ့ကိုဆက်တိုးချင်အောင် ဆွဲဆောင်ပေးတဲ့ အသံတွေဖြစ်တယ်။ ကျွန်တော်လည်း ထိုနည်း၎င်း... ထိုအသံတွေကြားမှာပဲ ကျွန်တော်အကောင်ပေါက်က တဖြည်းဖြည်းမာလာနေတယ်။
အမောဖြေတဲ့အနေနဲ့ အနမ်းတွေကို ခေတ္တရပ်ပြီး ထူးအောင်ကို ပြုံးပြလိုက်တော့ ထူးအောင်က ကျွန်တော့်ကို ဂျိုနဲ့ပြန်ကြည့်လာတယ်။ ဂျိုကြည့်ကြည့်နေတဲ့ ထူးအောင်ပုံစံက ချစ်စရာကောင်းလွန်းလို့ ကျွန်တော့်မှာ သူ့ကို မဖက်ဘဲမနေနိုင်ခဲ့။
နောက်တော့ ထူးအောင်ရဲ့ လက်တဖက်ကိုယူ၊ ကျွန်တော့်အကောင်ပေါက်ပေါ်ကို တင်ပေးလိုက်ပြီး အနမ်းတွေကို ပြန်ဆက်လိုက်တယ်။ သူကလည်း အလိုက်တသိနဲ့ ကျွန်တော့်အကောင်ပေါက်ပေါ်က သူ့ရဲ့လက်ကို ရှေ့တိုးနောက်ဆုတ်လုပ်ပေးနေတယ်။
ထူးအောင်ရဲ့ အကိုင်အတွယ်အောက်မှာပဲ ကျွန်တော့်အကောင်က ပိုမိုပြီး ကြီးထွားလာနေတယ်။ မာနေချက်ကလည်း ဗိုက်ကိုထိုးမိရင်တောင် ပေါက်ထွက်မယ်လို့ ထင်ရလောက်တဲ့အထိပဲ။ ကျွန်တော့်စိတ်တွေ အရမ်းအရမ်းကို ထန်နေပြီ။
ထူးအောင်ကို ကျွန်တော်အောက်မှာဖိပြီး အကြမ်းပယမ်းလုပ်ပြစ်ချင်တဲ့ စိတ်တွေကတဖွားဖွား။ ဒါပေမယ့် မလုပ်ရက်ပါဘူး။ သူနာရင် ကျွန်တော်ကိုယ်တိုင်ပဲ စိတ်မကောင်းဖြစ်ရတာမို့။
အနမ်းတွေပေးရင်းနဲ့ ထူးအောင်ကို ပွေ့ချီပြီး ထမင်းစားစာပွဲပေါ် တင်လိုက်တယ်။ ပြီးတော့ သူ့လည်ပင်တွေပေါ်ကို နီညိုရောင်အမှတ်အသားတွေ တသီကြီး ပေးနေမိတယ်။ ထူးအောင်ဆီကနေ တအင်းအင်း ညည်းညူသံကြားမှ အောက်ကိုနည်းနည်းလျောဆင်းပြီး ရင်ဘက်က အဖုလေးနှစ်ခုကို တလှည့်ဆီ ဆွဲစုပ်ပေးလိုက်တယ်။
သွားနဲ့ မထိတထိကိုက်တော့ ထူးအောင်တစ်ယောက် မခံနိုင်တော့ပါ။ ရင်ဘက်တွေ ဖောင်းလိုက်ပိန်လိုက်ဖြစ်ပြီး အသံရှူသံတွေ ပြင်းလာတယ်။ သူ့ရဲ့လက်တွေက ကျွန်တော့်နောက်ကျောကို လာရောက်ပွတ်သပ်နေတယ်။
ကျွန်တော် ထူးအောင်ကို ပက်လက်အနေထားဖြစ်အောင် တွန်းလှဲလိုက်တယ်။ ပြီးတော့ လည်တိုင်ကနေစပြီး ချက်အောက်နားလေးအထိ အနမ်းတွေပေးတယ်။ လျှာနဲ့လျက်တယ်။ ရင်ဘက်က အဖုလေးနှစ်ခုကို လက်တစ်ဖက်စီနဲ့ ပွတ်ချေပေးလိုက်တယ်။
ထူးအောင်က မျက်လုံးတွေကိုမှိတ်ပြီး ကျွန်တော်ပေးတဲ့ သာယာမှုကိုခံစားနေတယ်။ တစ်ခါတစ်ခါဆို ညည်းသံလေးပါထွက်တယ်။ သူကညည်းလေ ကျွန်တော်ကပျော်လေ။ ကျွန်တော်ကပျော်လေ သူ့တစ်ကိုယ်လုံးကို ပိုပြီးတော့ ပွတ်သပ်နမ်းရှိုက်မိလေပဲ။
သူ့ဗိုက်သားချပ်ချပ်လေးကို လျှာလေးနဲ့ ဖွဖွလျက်တော့ ငြိမ်ခံနေတယ်။ နောက် သူ့ချက်ပေါက်ကလေးထဲကို လျှာလေးနဲ့ ထိုးတော့ သူ့ကိုယ်လေး တချက်တုံတက်သွားတာကို ခံစားလိုက်ရတယ်။ အဲ့ဒါနဲ့ ကျွန်တော် သဘောကျပြီး အဲ့ချက်ကလေးထဲကို လျှာနဲ့ဆက်တိုက်ထိုးတော့ ထူးအောင်ရဲ့လက်တွေက ကျွန်တော့်ခေါင်းကို လာရောက်တွန်းဖယ်လာတယ်။
"ဘာဖြစ်လို့လဲ"
ကျွန်တော်မေးလိုက်တော့ ထူးအောင်က ဂျိုကြည့်တွေပစ်တယ်။ ပြီးတော့ ဆူဆူအောင့်အောင့်နဲ့
"အူတွေထွက်ကျလာလိမ့်မယ်ကွ"တဲ့ အော်ပြီးတော့ပြောတယ်။
"ဟမ်! ဘယ်ကအူတွေက ထွက်ကျမှာလဲ"
ကျွန်တော်ပြန်မေးတော့ တုံးရန်ကောဆိုတဲ့အကြည့်နဲ့ ထူးအောင်က ပြန်ပြီးတော့ကြည့်တယ်။ ကျွန်တော်က ကြောင်အမ်အမ်ရယ်... သူပြောနေတာကိုလည်း နားမလည်ဘူး။
"မင်းလျှာက အဲ့လောက်ထိုးနေမှတော့ အထုံးပြေပြီး အူတွေထွက်လာရင် ဘယ်လိုလုပ်မလဲ"
"....."
"ဘာကြောင်တောင်တောင်လုပ်နေတာတုန်း... မဟုတ်မှ ငယ်ငယ်က ချက်ကြိုးဖြတ်ပြီး ချက်ကိုဒီတိုင်းလေး ထုံးထားတယ်ဆိုတာကို မင်းမသိတာလား"
"....."
သူဘာတွေပြောနေတာတုန်း!
သူဘာတွေပြောနေတာတုန်း!!
သူဘာတွေပြောနေတာတုန်း!!!
ကျွန်တော်နှစ်မိနစ်လောက် ဆွံ့အနေမိတယ်။
"လုပ်စရာရှိတာ ဆက်လုပ်လေ ဘာဖြစ်နေတာလဲ"
"ဟမ်! "
ကျွန်တော်ဘာပြန်ပြောရမလဲမသိတော့။ ပေါက်ထွက်မတတ် တင်းမာနေတဲ့ ကျွန်တော့်အကောင်က ဘယ်အချိန်က ပြန်ပျော့သွားလဲမသိဘူး။ ထူးအောင်အကောင်ကတော့ မတ်လျက်မို့ ဆက်မလုပ်လို့မဖြစ်ဘူး။ အဲ့ဒါနဲ့ အပေါ်က လုပ်ခဲ့တာတွေအကုန်လုံးကို နောက်တစ်ခါ ထပ်လုပ်ရတယ်။ အင်း ချက်ကိုလျှာနဲ့ထိုးတာတော့ မပါတော့ဘူးပေါ့။
----------***----------
ဒါလေက အရင်တုန်းကတင်ထားတဲ့ extra7 မီးနီအခန်းကို ပြန်ပြင်လိုက်တာပါနော်။ အရင်ကဟာကို ကျွန်တော်မကြိုက်လို့ စာတွေဖျတ်ချလိုက်ပါတယ်။
ပြီးတော့ သူကျွန်တော့်ကို အပိုင်ကြံတယ်ဆိုတဲ့ short story လေးရေးနေပါတယ်နော်။ ဒီလိုမျိုး ပေါ့ပေါ့ပါးပါးလေးပဲမို့ လာဖတ်ပေးကြပါအုံးလို့😁