Love is Blind ( Completed )

By November_venus

207K 20.3K 573

Pity is akin to love ๐Ÿ’œ More

Chapter - 1
Chapter - 2
Chapter - 3
Chapter - 4
Chapter - 5
Chapter - 6
Chapter - 7
Chapter - 8
Chapter - 9
Chapter - 10
Chapter - 11
Chapter - 12
Chapter - 13
Chapter - 14
Chapter - 15
Chapter - 16
Chapter - 17
Chapter - 18
Chapter - 19
Chapter - 20
Chapter - 21
Chapter - 22
Chapter - 23
Chapter - 24
Chapter - 25
Chapter - 26
Chapter - 28
Chapter - 29
Chapter - 30
Chapter - 31
Chapter - 32
Chapter - 33
Chapter - 34
Chapter - 35
Chapter - 35 ( Unicode )
Chapter - 36
Chapter - 37
Chapter - 38
Chapter - 39
Chapter - 40 ( final )
Extra

Chapter - 27

4.2K 475 14
By November_venus

တိတ္ဆိတ္မႈႀကီးဆိုးေနတဲ့ ကုမၸဏီရံုးခန္းထဲမွာ ထိုင္ေနၾကတဲ့ ဝမ္ခ်င္းနဲ႔ ေ႐ွာင္းက်န္႔။ ေ႐ွာင္းက်န္႔ကေတာ့ သူ႔အလုပ္ခံုေပၚက စာရြက္စာတမ္းေတြကို အၾကည့္မပ်က္သလို ဝမ္ခ်င္းကလည္း ေ႐ွာင္းက်န္႔လႈပ္႐ွားေနမႈကို မ်က္ေတာင္မခက္ၾကည့္ေနတာက အၾကည့္မပ်က္။

မေန႔ညက ဘားမွာမူးေနတဲ့ ဝမ္ခ်င္းကို က်ိဳးခ်န္ဆိုတဲ့လူက ကူညီၿပီး သူမေနထိုင္ရာ တိုက္ခန္းကို ျပန္ပို႔ေပးတယ္။ အိမ္ျပန္ေရာက္ေတာ့ အမူးအနည္းငယ္ေျပသြားတဲ့ ဝမ္ခ်င္းသည္ က်ိဳးခ်န္နဲ႔ စကားအခ်ိဳ႕ကိုေျပာျဖစ္တယ္။ က်ိဳးခ်န္ကေျပာတယ္ တတိယလူဆိုတာ ဘယ္ေတာ့မွ ေကာင္းျခင္းေတြျဖစ္မလာတက္ဘူးတဲ့။ ဒါေပမယ့္ ဒါကို ဝမ္ခ်င္းကေတာ့ လက္မခံပါ..။ ေျပာရမယ္ဆို ဝမ္ခ်င္းဆိုတဲ့ သူမဟာ ဒုတိယလူပဲမလား..။ အကယ္၍ ဝမ္ရိေပၚသာ ေရာက္မလာခဲ့ရင္ သူမသည္သာ ေ႐ွာင္းက်န္႔နားမွာ ႐ွိေနခဲ့ရသူပါ။

" ေ႐ွာင္းက်န္႔ "

" အင္း ဝမ္ခ်င္း "

သူမေခၚလိုက္တာကို တစ္ခ်က္မွ ေမာ့မၾကည့္တဲ့ ေ႐ွာင္းက်န္႔ဟာ အလုပ္လုပ္မပ်က္ပဲ ျပန္ထူးလာခဲ့တယ္။

" ငါ့တို႔ႏွစ္ေယာက္က ဘာလဲ..."

ဝမ္ခ်င္း သက္ျပင္းအသာခ်ၿပီး ေမးလာတဲ့ စကားေၾကာင့္ ေ႐ွာင္းက်န္႔ ေခါင္းေထာင္ၾကည့္လိုက္သည္။

ေ႐ွာင္းက်န္႔မ်က္ႏွာကို ေငးစိုက္ၾကည့္ၿပီး ေမးေနတဲ့ ဝမ္ခ်င္းမ်က္ႏွာသည္ ေဒါသရိပ္ေလေတြ သန္းေနခဲ့သည္။

" ဘာကို ေမးတာလည္း ဝမ္ခ်င္း "

" နင္နဲ႔ ငါ ပါတ္သက္မႈက ဘာလဲလို႔ "

" ဘာမ်ားလည္းလို႔ လြယ္တာကို ခက္ေအာင္ေမးေနျပန္ၿပီး ဝမ္ခ်င္းရယ္။ မင္းနဲ႔ ငါနဲ႔က သူငယ္ခ်င္းေတြေလ "

ေ႐ွာင္းက်န္႔ျပန္ေျဖလိုက္တဲ့စကားအဆံုး ထိုင္ေနရာမွထကာ ေ႐ွာင္းက်န္႔ေ႐ွ႕ ခ်က္ခ်င္းေရာက္လာတဲ့ ဝမ္ခ်င္း...။

" သူငယ္ခ်င္းေတြဟုတ္လား ေ႐ွာင္းက်န္႔ "

ဝီးခ်ဲေပၚထိုင္ေနတဲ့ ေ႐ွာင္းက်န္႔ကို ငံု႔မိုးကာၾကည့္ရင္း ေမးလာတဲ့ ဝမ္ခ်င္းမ်က္ႏွာေလးသည္ ေဒါသေတြ လြန္စြာထြက္ေနခဲ့သည္။

" အင္းေလ သူငယ္ခ်င္းေတြပဲ "

တိတိက်င်ျပန္ေျဖလာတဲ့ ေ႐ွာင္းက်န္႔စကားသံေၾကာင့္ ဝမ္ခ်င္းေဒါသေတြ မခ်ဳပ္တီးႏိုင္စြာ လက္သီးကို တင္းက်ပ္စြာ ဆုတ္ထားမိသည္။

သူငယ္ခ်င္းေတြတဲ့လား....။

" သူငယ္ခ်င္း အဆင့္ပဲဆို နင္ဘာလို႔ ငါ့ကို တ႐ုတ္ကို လိုက္ခဲ့ဖို႔ ေခၚလာတာလည္း ေ႐ွာင္းက်န္႔.."

" မင္း လိုက္ခ်င္တယ္ဆိုလို႔ေလ "

" ဘာ..."!!!

" ဟုတ္တယ္ မင္းျပန္လိုက္ခဲ့ခ်င္တယ္ဆိုလို႔ ငါေခၚခဲ့တာ... "

" အဲ့ဒါဆို ငါတို႔ ဟိုမွာ ပတ္သတ္ခဲ့သမ်ွကေရာ..."

" ဒီမွာ ဝမ္ခ်င္း ငါမင္းကို အရင္ကတည္းက သူငယ္ခ်င္းတစ္ေယာက္အေနနဲ႔ပဲ ခင္ခဲ့တယ္ဆိုတာ မင္းသိတယ္မလား...။ ငါမင္းရဲ႕ အားကိုးယူခဲ့တယ္ဆိုတာကလည္း ခဏ တစ္ျဖဳတ္ပါပဲ ။ ဟိုမွာ မင္းငါ့ကိုျပဳစုရင္း ငါ့အေပၚ သံေယာဇဥ္ေတြျပန္ပိုလာတာ ငါသိတယ္။ အစကေတာ့ ငါလည္း ငါ့အေပၚမိသားစုဝင္တစ္ေယာက္လိုေကာင္းတဲ့ မင္းအေပၚ ခင္တြယ္လာမိတယ္။ ဒါေၾကာင့္ မင္းျပန္လိုက္မယ္ဆိုတာကို ငါေခါင္းၿငိမ့္ခဲ့တယ္ဆိုတာက အခ်ိန္ၾကာလာရင္ ငါမင္းကို သံေယာဇဥ္ေတြ ပိုလာႏိုင္မွာလားဆိုတဲ့ အေတြးေၾကာင့္ မင္းကို ကူညီေပးရင္း ျပန္ေခၚခဲ့တာပါ...။ ဒါေပမယ့္ ဒီျပန္ေရာက္ေတာ့ ငါစိတ္ထဲထင္တာနဲ႔ လြဲေနခဲ့တဲ့ ဝမ္ရိေပၚကို ငါေတြ႔လိုက္ရတယ္။ ဒါေၾကာင့္ ငါ့အေပၚ ေကာင္းလြန္းတဲ့ ဝမ္ရိေပၚကို ခင္တြယ္သြာမိတယ္။ ေျပာရမယ္ဆို ငါ ခင္တြယ္မိတာထက္ ပိုလြန္တဲ့ သံေယာဇဥ္ေတြနဲ႔ ခ်စ္မိသြားခဲ့တာေပါ့ ။ ဒါေၾကာင့္ ငါ မင္းကိုေတာင္းပန္ပါတယ္။ ငါမင္းကို ေမ်ွာ္လင့္ခ်က္ေတြနဲ႔ ျပန္ေခၚလာမိသလို ျဖစ္သြားတဲ့အတြက္။ ဒါေၾကာင့္ မင္း အခု ငါ့ကို စိတ္ဆိုးတယ္ဆိုရင္ ႐ိုက္လိုက္ပါ။ ဒါေပမယ့္ မင္း ဝမ္ရိေပၚကိုေတာ့ သြားမထိပါနဲ႔ ။ ငါ့နဲ႔ မင္းနဲ႔ျဖစ္တဲ့ ျပသနာမွာ ႐ွင္းစရာကလည္း ငါနဲ႔မင္းပဲ ႐ွိတာမလို႔ မဆိုင္တဲ့လူကို သြားထိရင္ ငါက ခံမွာမဟုတ္လို႔ပါ "

ေဖ်ာင္း....!!!

ေ႐ွာင္းက်န္႔စကားအဆံုး လည္ထြက္သြားတဲ့ ပါးေလးတစ္ဖက္။ တစ္ကယ္ပဲ ဝမ္ခ်င္းက ေဒါသေတြ မခ်ဳပ္တီးႏိုင္စြာ ေ႐ွာင္းက်န္႔ပါးကို ႐ိုက္လိုက္တာပါ။ တစ္ကယ္ပဲ ခံရခက္လိုက္တာ ။ ေ႐ွာင္းက်န္႔က သူလိုမိန္းမတစ္ေယာက္ကို ေယာက်ာ္းတစ္ေယာက္နဲ႔ယွဥ္ၿပီး ေရြးခ်ယ္သြားတာတဲ့။ စိတ္ခ်ပါ ေ႐ွာင္းက်န္႔ နင့္က ငါ့ကိုေတာင္းပန္ေပမယ့္ ငါက နင့္ကို ခြင့္မလြတ္ဘူး...။ အႏႈိင္အ႐ွံဳးဆိုတာ ကာယကံရွင္မဟုတ္တဲ့ နင္က ဆံုးျဖတ္လို႔မရဘူးဆိုတာ နင္ေမ့ေနတာလား။ ၿပိဳင္ဘက္ျဖစ္တဲ့ ငါနဲ႔ ဝမ္ရိေပၚကေတာင္ မယွဥ္ၿပိဳင္ရေသးပဲ အ႐ွံဳးဆိုတာ ငါလက္မခံဘူး။ ေစာင့္ၾကည့္ေနပါ နင့္ကို ပိုင္ဆိုင္တဲ့သူဟာ ငါပဲျဖစ္ရေစမယ္။ စိတ္ခ်ေနပါ နင့္ရဲ႕ သက္ဆိုင္သူဟာ ငါပဲျဖစ္ရေစမယ္။

ေဒါသႀကီးစြာနဲ႔ ရံုးခန္းထဲက ထြက္သြားတဲ့ ဝမ္ခ်င္းကို ေ႐ွာင္းက်န္႔ ဒီအတိုင္းတာ ေငးၾကည့္ေနခဲ့မိတယ္။

ေမ်ွာ္လင့္ခ်က္ထားခဲ့တဲ့ ဝမ္ခ်င္းမမွားခဲ့သလို ေမ်ွာ္လင့္ခ်က္ေပးသလိုျဖစ္ေနမိတဲ့ သူလည္း မမွားခဲ့ပါဘူးေလ....။

" ကိုကို "

ေ႐ွာင္းက်န္႔ အေတြနယ္ခ်ဲ့မိတာ မည္မ်ွၾကာသြားသည္မသိ သူ႔မ်က္ႏွာကို စိုးရိမ္ႀကီးစြာ ထိကိုင္ၿပီးေခၚလာတဲ့ ဝမ္ရိေပၚေၾကာင့္ အသိျပန္ဝင္လာခဲ့သည္။

" အင္း.. ငယ္ "

" ဒါ ဘယ္သူ လုပ္သြားတာလည္း ကြၽန္ေတာ့ကိုေျပာ...."

ပါးႏုႏုမွာ လက္ငါးေခ်ာင္းရာနဲ႔ ႏႈတ္ခမ္းပါးေလးေထာင့္က ေသြးစို႔ေနတဲ့ ဒါဏ္ရာေလးကို ဖြဖြထိကာ ဝမ္ရိေပၚေမးလာခဲ့သည္။ ဒါေပမယ့္ မ်က္လံုးဝိုင္းေလးေတြက ေဒါသေတြေၾကာင့္ စူးရဲေနလ်ွက္...။ ဒါကို မျမင္ဖူးတဲ့ ေ႐ွာင္းက်န္႔က ေငးၾကည့္ေနမိသည္။ ႏူးညံတဲ့ အျခားတစ္ဖက္မွာ ေၾကာက္စရာေကာင္းတဲ့ ေဒါသေတြလည္း ေကာင္ေလးငယ္ငယ္နားမွာ တည္႐ွိေနတက္သည္။

" ကိုကို "!!!

ဝမ္ရိေပၚသူေမးေနတာကို မေျဖပဲ သူ႔မ်က္ႏွာကိုပဲ ေငးၾကည့္ေနတဲ့ ေ႐ွာင္းက်န္႔ေၾကာင့္ ေဒါသထြက္ကာ ေအာ္လိုက္မိေတာ့ သေဘာက်စြာ ျပံဳးျပလာသည့္ ေ႐ွာင္က်န္႔သည္ သူဘာမွျဖစ္မထားသလို....။

" အား...ကိုကို႔ငယ္က ေဒါသႀကီးလိုက္တာ.."

ေျပာေျပာဆိုဆိုနဲ႔ ေ႐ွာင္းက်န္႔ ေပါင္ေပၚဆြဲခ်ကာ ခံလိုက္ရတဲ့ ဝမ္ရိေပၚ ။ ေပါင္ေပၚထိုင္လ်ွက္က်သြားမွ အနီးကပ္ျမင္လိုက္ရသည့္ ပါးေလးမွာ လက္ေယာင္ပင္လိုက္ေနခဲ့သည္။

ေတာက္....မိန္းကေလးမလို႔ ညႇာေနတာကို သူ႔ပါးေတာင္မက ကိုိကို႔ပါးပါ ႐ိုက္သြားတဲ့ ဝမ္ခ်င္း မင္းနဲ႔ငါ ထိပ္တိုက္ေတြ႔ၾကေသးတာေပါ့...။

ဝမ္ရိေပၚ မ်က္ႏွာေလးကိုခ်က္ခ်င္း ျပင္လိုက္သည္။

" ကိုကို "

" အင္း ငယ္ "

" အရမ္းနာသြားလား..."

ပါးေလးေပၚ လက္ဖဝါးႏုႏုတင္ၿပီး ေမးလာတဲ့ ဝမ္ရိေပၚေၾကာင့္ ေ႐ွာင္းက်န္႔ သေဘာက်စြာ ရယ္လိုက္မိသည္။ တစ္ကယ္ပဲ အခုေတာ့ ခ်စ္သူကိုစိတ္ပူေပးေနတဲ့ ခ်စ္သူေလးတစ္ေယာက္တစ္ဖြယ္ စိတ္ပူေနျပန္သည္။ ေ႐ွာင္းက်န္႔ သူပါးေပၚက ဝမ္ရိေပၚလက္ေလးကို ျပန္ဖိကိုင္လိုက္ရင္း ေခါင္းေလးခါျပသည္။

" အခု ငယ္ကိုင္ထားေပးလို႔ ကိုကို မနာေတာ့ဘူး..။ ဒါေၾကာင့္ ပါးေလးကို နမ္းၿပီး ဥံဳဖြလုပ္ေပးရင္ေတာင္ ခ်က္ခ်င္းေျပာက္သြားမွာ သိလား....."

ေ႐ွာင္းက်န္႔စကားေၾကာင့္ ဝမ္ရိေပၚမွာ ဝမ္ခ်င္းအေပၚထြက္ေနတဲ့ ေဒါသေတြ ၊ ေ႐ွာင္းက်န္႔ကို ပူေနတဲ့ စိတ္ေတြေတာင္ ကြယ္ေျပာက္သြားရၿပီး မ်က္ေစာင္းေတာင္ ထိုးမိမတက္ျဖစ္မိသြားသည္။

ကိုကိုသည္ အခြင့္ေရး အရမ္းယူပါသည္....။

#Novembervenus










တိတ်ဆိတ်မှုကြီးဆိုးနေတဲ့ ကုမ္ပဏီရုံးခန်းထဲမှာ ထိုင်နေကြတဲ့ ဝမ်ချင်းနဲ့ ရှောင်းကျန့်။ ရှောင်းကျန့်ကတော့ သူ့အလုပ်ခုံပေါ်က စာရွက်စာတမ်းတွေကို အကြည့်မပျက်သလို ဝမ်ချင်းကလည်း ရှောင်းကျန့်လှုပ်ရှားနေမှုကို မျက်တောင်မခက်ကြည့်နေတာက အကြည့်မပျက်။

မနေ့ညက ဘားမှာမူးနေတဲ့ ဝမ်ချင်းကို ကျိုးချန်ဆိုတဲ့လူက ကူညီပြီး သူမနေထိုင်ရာ တိုက်ခန်းကို ပြန်ပို့ပေးတယ်။ အိမ်ပြန်ရောက်တော့ အမူးအနည်းငယ်ပြေသွားတဲ့ ဝမ်ချင်းသည် ကျိုးချန်နဲ့ စကားအချို့ကိုပြောဖြစ်တယ်။ ကျိုးချန်ကပြောတယ် တတိယလူဆိုတာ ဘယ်တော့မှ ကောင်းခြင်းတွေဖြစ်မလာတက်ဘူးတဲ့။ ဒါပေမယ့် ဒါကို ဝမ်ချင်းကတော့ လက်မခံပါ..။ ပြောရမယ်ဆို ဝမ်ချင်းဆိုတဲ့ သူမဟာ ဒုတိယလူပဲမလား..။ အကယ်၍ ဝမ်ရိပေါ်သာ ရောက်မလာခဲ့ရင် သူမသည်သာ ရှောင်းကျန့်နားမှာ ရှိနေခဲ့ရသူပါ။

" ရှောင်းကျန့် "

" အင်း ဝမ်ချင်း "

သူမခေါ်လိုက်တာကို တစ်ချက်မှ မော့မကြည့်တဲ့ ရှောင်းကျန့်ဟာ အလုပ်လုပ်မပျက်ပဲ ပြန်ထူးလာခဲ့တယ်။

" ငါ့တို့နှစ်ယောက်က ဘာလဲ..."

ဝမ်ချင်း သက်ပြင်းအသာချပြီး မေးလာတဲ့ စကားကြောင့် ရှောင်းကျန့် ခေါင်းထောင်ကြည့်လိုက်သည်။

ရှောင်းကျန့်မျက်နှာကို ငေးစိုက်ကြည့်ပြီး မေးနေတဲ့ ဝမ်ချင်းမျက်နှာသည် ဒေါသရိပ်လေတွေ သန်းနေခဲ့သည်။

" ဘာကို မေးတာလည်း ဝမ်ချင်း "

" နင်နဲ့ ငါ ပါတ်သက်မှုက ဘာလဲလို့ "

" ဘာများလည်းလို့ လွယ်တာကို ခက်အောင်မေးနေပြန်ပြီး ဝမ်ချင်းရယ်။ မင်းနဲ့ ငါနဲ့က သူငယ်ချင်းတွေလေ "

ရှောင်းကျန့်ပြန်ဖြေလိုက်တဲ့စကားအဆုံး ထိုင်နေရာမှထကာ ရှောင်းကျန့်ရှေ့ ချက်ချင်းရောက်လာတဲ့ ဝမ်ချင်း...။

" သူငယ်ချင်းတွေဟုတ်လား ရှောင်းကျန့် "

ဝီးချဲပေါ်ထိုင်နေတဲ့ ရှောင်းကျန့်ကို ငုံ့မိုးကာကြည့်ရင်း မေးလာတဲ့ ဝမ်ချင်းမျက်နှာလေးသည် ဒေါသတွေ လွန်စွာထွက်နေခဲ့သည်။

" အင်းလေ သူငယ်ချင်းတွေပဲ "

တိတိကျငျပြန်ဖြေလာတဲ့ ရှောင်းကျန့်စကားသံကြောင့် ဝမ်ချင်းဒေါသတွေ မချုပ်တီးနိုင်စွာ လက်သီးကို တင်းကျပ်စွာ ဆုတ်ထားမိသည်။

သူငယ်ချင်းတွေတဲ့လား....။

" သူငယ်ချင်း အဆင့်ပဲဆို နင်ဘာလို့ ငါ့ကို တရုတ်ကို လိုက်ခဲ့ဖို့ ခေါ်လာတာလည်း ရှောင်းကျန့်.."

" မင်း လိုက်ချင်တယ်ဆိုလို့လေ "

" ဘာ..."!!!

" ဟုတ်တယ် မင်းပြန်လိုက်ခဲ့ချင်တယ်ဆိုလို့ ငါခေါ်ခဲ့တာ... "

" အဲ့ဒါဆို ငါတို့ ဟိုမှာ ပတ်သတ်ခဲ့သမျှကရော..."

" ဒီမှာ ဝမ်ချင်း ငါမင်းကို အရင်ကတည်းက သူငယ်ချင်းတစ်ယောက်အနေနဲ့ပဲ ခင်ခဲ့တယ်ဆိုတာ မင်းသိတယ်မလား...။ ငါမင်းရဲ့ အားကိုးယူခဲ့တယ်ဆိုတာကလည်း ခဏ တစ်ဖြုတ်ပါပဲ ။ ဟိုမှာ မင်းငါ့ကိုပြုစုရင်း ငါ့အပေါ် သံယောဇဉ်တွေပြန်ပိုလာတာ ငါသိတယ်။ အစကတော့ ငါလည်း ငါ့အပေါ်မိသားစုဝင်တစ်ယောက်လိုကောင်းတဲ့ မင်းအပေါ် ခင်တွယ်လာမိတယ်။ ဒါကြောင့် မင်းပြန်လိုက်မယ်ဆိုတာကို ငါခေါင်းငြိမ့်ခဲ့တယ်ဆိုတာက အချိန်ကြာလာရင် ငါမင်းကို သံယောဇဉ်တွေ ပိုလာနိုင်မှာလားဆိုတဲ့ အတွေးကြောင့် မင်းကို ကူညီပေးရင်း ပြန်ခေါ်ခဲ့တာပါ...။ ဒါပေမယ့် ဒီပြန်ရောက်တော့ ငါစိတ်ထဲထင်တာနဲ့ လွဲနေခဲ့တဲ့ ဝမ်ရိပေါ်ကို ငါတွေ့လိုက်ရတယ်။ ဒါကြောင့် ငါ့အပေါ် ကောင်းလွန်းတဲ့ ဝမ်ရိပေါ်ကို ခင်တွယ်သွာမိတယ်။ ပြောရမယ်ဆို ငါ ခင်တွယ်မိတာထက် ပိုလွန်တဲ့ သံယောဇဉ်တွေနဲ့ ချစ်မိသွားခဲ့တာပေါ့ ။ ဒါကြောင့် ငါ မင်းကိုတောင်းပန်ပါတယ်။ ငါမင်းကို မျှော်လင့်ချက်တွေနဲ့ ပြန်ခေါ်လာမိသလို ဖြစ်သွားတဲ့အတွက်။ ဒါကြောင့် မင်း အခု ငါ့ကို စိတ်ဆိုးတယ်ဆိုရင် ရိုက်လိုက်ပါ။ ဒါပေမယ့် မင်း ဝမ်ရိပေါ်ကိုတော့ သွားမထိပါနဲ့ ။ ငါ့နဲ့ မင်းနဲ့ဖြစ်တဲ့ ပြသနာမှာ ရှင်းစရာကလည်း ငါနဲ့မင်းပဲ ရှိတာမလို့ မဆိုင်တဲ့လူကို သွားထိရင် ငါက ခံမှာမဟုတ်လို့ပါ "

ဖျောင်း....!!!

ရှောင်းကျန့်စကားအဆုံး လည်ထွက်သွားတဲ့ ပါးလေးတစ်ဖက်။ တစ်ကယ်ပဲ ဝမ်ချင်းက ဒေါသတွေ မချုပ်တီးနိုင်စွာ ရှောင်းကျန့်ပါးကို ရိုက်လိုက်တာပါ။ တစ်ကယ်ပဲ ခံရခက်လိုက်တာ ။ ရှောင်းကျန့်က သူလိုမိန်းမတစ်ယောက်ကို ယောကျာ်းတစ်ယောက်နဲ့ယှဉ်ပြီး ရွေးချယ်သွားတာတဲ့။ စိတ်ချပါ ရှောင်းကျန့် နင့်က ငါ့ကိုတောင်းပန်ပေမယ့် ငါက နင့်ကို ခွင့်မလွတ်ဘူး...။ အနှိုင်အရှုံးဆိုတာ ကာယကံရှင်မဟုတ်တဲ့ နင်က ဆုံးဖြတ်လို့မရဘူးဆိုတာ နင်မေ့နေတာလား။ ပြိုင်ဘက်ဖြစ်တဲ့ ငါနဲ့ ဝမ်ရိပေါ်ကတောင် မယှဉ်ပြိုင်ရသေးပဲ အရှုံးဆိုတာ ငါလက်မခံဘူး။ စောင့်ကြည့်နေပါ နင့်ကို ပိုင်ဆိုင်တဲ့သူဟာ ငါပဲဖြစ်ရစေမယ်။ စိတ်ချနေပါ နင့်ရဲ့ သက်ဆိုင်သူဟာ ငါပဲဖြစ်ရစေမယ်။

ဒေါသကြီးစွာနဲ့ ရုံးခန်းထဲက ထွက်သွားတဲ့ ဝမ်ချင်းကို ရှောင်းကျန့် ဒီအတိုင်းတာ ငေးကြည့်နေခဲ့မိတယ်။

မျှော်လင့်ချက်ထားခဲ့တဲ့ ဝမ်ချင်းမမှားခဲ့သလို မျှော်လင့်ချက်ပေးသလိုဖြစ်နေမိတဲ့ သူလည်း မမှားခဲ့ပါဘူးလေ....။

" ကိုကို "

ရှောင်းကျန့် အတွေနယ်ချဲ့မိတာ မည်မျှကြာသွားသည်မသိ သူ့မျက်နှာကို စိုးရိမ်ကြီးစွာ ထိကိုင်ပြီးခေါ်လာတဲ့ ဝမ်ရိပေါ်ကြောင့် အသိပြန်ဝင်လာခဲ့သည်။

" အင်း.. ငယ် "

" ဒါ ဘယ်သူ လုပ်သွားတာလည်း ကျွန်တော့ကိုပြော...."

ပါးနုနုမှာ လက်ငါးချောင်းရာနဲ့ နှုတ်ခမ်းပါးလေးထောင့်က သွေးစို့နေတဲ့ ဒါဏ်ရာလေးကို ဖွဖွထိကာ ဝမ်ရိပေါ်မေးလာခဲ့သည်။ ဒါပေမယ့် မျက်လုံးဝိုင်းလေးတွေက ဒေါသတွေကြောင့် စူးရဲနေလျှက်...။ ဒါကို မမြင်ဖူးတဲ့ ရှောင်းကျန့်က ငေးကြည့်နေမိသည်။ နူးညံတဲ့ အခြားတစ်ဖက်မှာ ကြောက်စရာကောင်းတဲ့ ဒေါသတွေလည်း ကောင်လေးငယ်ငယ်နားမှာ တည်ရှိနေတက်သည်။

" ကိုကို "!!!

ဝမ်ရိပေါ်သူမေးနေတာကို မဖြေပဲ သူ့မျက်နှာကိုပဲ ငေးကြည့်နေတဲ့ ရှောင်းကျန့်ကြောင့် ဒေါသထွက်ကာ အော်လိုက်မိတော့ သဘောကျစွာ ပြုံးပြလာသည့် ရှောင်ကျန့်သည် သူဘာမှဖြစ်မထားသလို....။

" အား...ကိုကို့ငယ်က ဒေါသကြီးလိုက်တာ.."

ပြောပြောဆိုဆိုနဲ့ ရှောင်းကျန့် ပေါင်ပေါ်ဆွဲချကာ ခံလိုက်ရတဲ့ ဝမ်ရိပေါ် ။ ပေါင်ပေါ်ထိုင်လျှက်ကျသွားမှ အနီးကပ်မြင်လိုက်ရသည့် ပါးလေးမှာ လက်ယောင်ပင်လိုက်နေခဲ့သည်။

တောက်....မိန်းကလေးမလို့ ညှာနေတာကို သူ့ပါးတောင်မက ကိိုကို့ပါးပါ ရိုက်သွားတဲ့ ဝမ်ချင်း မင်းနဲ့ငါ ထိပ်တိုက်တွေ့ကြသေးတာပေါ့...။

ဝမ်ရိပေါ် မျက်နှာလေးကိုချက်ချင်း ပြင်လိုက်သည်။

" ကိုကို "

" အင်း ငယ် "

" အရမ်းနာသွားလား..."

ပါးလေးပေါ် လက်ဖဝါးနုနုတင်ပြီး မေးလာတဲ့ ဝမ်ရိပေါ်ကြောင့် ရှောင်းကျန့် သဘောကျစွာ ရယ်လိုက်မိသည်။ တစ်ကယ်ပဲ အခုတော့ ချစ်သူကိုစိတ်ပူပေးနေတဲ့ ချစ်သူလေးတစ်ယောက်တစ်ဖွယ် စိတ်ပူနေပြန်သည်။ ရှောင်းကျန့် သူပါးပေါ်က ဝမ်ရိပေါ်လက်လေးကို ပြန်ဖိကိုင်လိုက်ရင်း ခေါင်းလေးခါပြသည်။

" အခု ငယ်ကိုင်ထားပေးလို့ ကိုကို မနာတော့ဘူး..။ ဒါကြောင့် ပါးလေးကို နမ်းပြီး ဥုံဖွလုပ်ပေးရင်တောင် ချက်ချင်းပြောက်သွားမှာ သိလား....."

ရှောင်းကျန့်စကားကြောင့် ဝမ်ရိပေါ်မှာ ဝမ်ချင်းအပေါ်ထွက်နေတဲ့ ဒေါသတွေ ၊ ရှောင်းကျန့်ကို ပူနေတဲ့ စိတ်တွေတောင် ကွယ်ပြောက်သွားရပြီး မျက်စောင်းတောင် ထိုးမိမတက်ဖြစ်မိသွားသည်။

ကိုကိုသည် အခွင့်ရေး အရမ်းယူပါသည်....။

#Novembervenus










Continue Reading

You'll Also Like

22.1K 1.2K 31
แ€˜แ€ฌแ€™แ€พแ€™แ€›แ€ฑแ€ธแ€แ€ฑแ€ฌแ€ทแ€˜แ€ฐแ€ธ... แ€žแ€ญแ€แ€ปแ€„แ€บแ€›แ€„แ€บแ€แ€„แ€บแ€–แ€แ€บ แ€€แ€ผแ€Šแ€บแ€ทแ€•แ€ซแ‹
214K 15.2K 24
YiZhan ๐Ÿ’šโค M_preg แ€˜แ€€แ€บแ€…แ€ฏแ€ถแ€แ€ฑแ€ฌแ€บแ€•แ€ผแ€ฎแ€ธ แ€กแ€”แ€ฑแ€แ€Šแ€บแ€žแ€ฑแ€ฌ แ€…แ€ฎแ€”แ€ฎแ€šแ€ฌแ€€แ€ปแ€ฑแ€ฌแ€„แ€บแ€ธแ€žแ€ฌแ€ธแ€œแ€ฑแ€ธ...แ€แ€™แ€บแ€›แ€ญแ€•แ€ฑแ€ซแ€บแ€”แ€พแ€„แ€ทแ€บ แ€œแ€ฏแ€•แ€บแ€žแ€™แ€ปแ€พแ€œแ€ฝแ€ฒแ€แ€แ€บแ€žแ€ฑแ€ฌ แ€‚แ€ปแ€ฐแ€”แ€ฎแ€šแ€ฌแ€€แ€ปแ€ฑแ€ฌแ€„แ€บแ€ธแ€žแ€ฌแ€ธแ€œแ€ฑแ€ธ...แ€›แ€พแ€ฑแ€ฌแ€„แ€บแ€ธแ€€แ€ปแ€”แ€ทแ€บแ€แ€ญแ€ฏแ€ท แ€แ€ปแ€…แ€บแ€แ€ผแ€„แ€บแ€ธแ...
51.2K 2.2K 23
แ€™แ€„แ€นโ€‹แ€ธแ€€แ€ญแ€ฏ แ€€แ€ญแ€ฏแ€šแ€นโ€‹ โ€‹แ€ฑแ€•แ€บแ€ฌแ€นโ€‹แ€›แ‚Šแ€„แ€นโ€‹โ€‹แ€ฑแ€กแ€ฌแ€„แ€นโ€‹แ€‘แ€ฌแ€ธโ€‹แ€ฑแ€•แ€ธแ€™แ€ฝแ€ฌแ€™แ€ญแ€ฏแ‚” แ€™แ€„แ€นโ€‹แ€ธแ€™แ€บแ€€แ€นโ€‹แ€›แ€Šแ€นโ€‹แ€แ€…แ€นโ€‹โ€‹แ€ฑแ€•แ€ซแ€€แ€นโ€‹แ€™แ€€แ€บโ€‹แ€ฑแ€…แ€›แ€˜แ€ฐแ€ธ แ€€แ€ญแ€ฏแ€šแ€นโ€‹แ€›แ€ฒแ‚• แ€กแ€ญแ€”แ€นโ€‹แ€‚แ€บแ€šแ€นโ€‹โ€‹แ€ฑแ€œแ€ธ Wang yi bo ๐Ÿ’š๐Ÿ’š โ€‹แ€ฑแ€•แ€บแ€ฌแ€นโ€‹...
176K 26.6K 21
"แ€”แ€ฝแ€ฑแ€กแ€›แ€ฑแ€ฌแ€„แ€บแ€แ€ฝแ€ฑแ€Ÿแ€ฌ แ€แ€ญแ€ฏแ€„แ€บแ€œแ€ญแ€ฏแ€•แ€ฒ..."