Yellow Is The Warmest Colour�...

Da AliceYay-Zhang

59.3K 6.2K 1.3K

ဒေစီပန်း​တွေက နေ​ရောင်ခြည်ကိုအများဆုံးမှီခိုအားပြုပြီး​ ရှင်သန်ကြရတာ​ကြောင့် Day's Eye လို့ လူ​တွေက တင်စား... Altro

Yellow Is The Warmest Colour ¹
Yellow Is The Warmest Colour ²
Yellow Is The Warmest Colour ⁴
Yellow Is The Warmest Colour ⁵
Yellow Is The Warmest Colour ⁶
Yellow Is The Warmest Colour ⁷
Yellow Is The Warmest Colour ⁸
Yellow Is The Warmest Colour ⁹+¹⁰
Yellow Is The Warmest Colour ¹¹
Yellow Is The Warmest Colour ¹³
Yellow Is The Warmest Colour ¹⁴
Yellow Is The Warmest Colour ¹⁵
Yellow Is The Warmest Colour ¹⁶
Yellow Is The Warmest Colour ¹⁷
Yellow Is The Warmest Colour ¹⁸
Yellow Is The Warmest Colour ¹⁹
Yellow Is The Warmest Colour ²⁰
Yellow Is The Warmest Colour ²¹
Yellow Is The Warmest Colour ²²
Yellow Is The Warmest Colour ²³'1
Yellow Is The Warmest Colour ²³'2
Yellow Is The Warmest Colour ²⁴
Yellow Is The Warmest Colour ²⁵
Yellow Is The Warmest Colour ²⁵' short "S"
Yellow Is The Warmest Colour ²⁶'1
Yellow Is The Warmest Colour ²⁶'2
Yellow Is The Warmest Colour ²⁷'1
Yellow Is The Warmest Colour ²⁷'2
Yellow Is The Warmest Colour ²⁸
Yellow Is The Warmest Colour ²⁹

Yellow Is The Warmest Colour ¹²

1.4K 188 37
Da AliceYay-Zhang

Unicode
------------







မနက်စာစားဖို့အတွက် Jennie နဲ့ Lisa တို့
စား​သောက်ဆိုင်တစ်ခုကို ​ရောက်လာခဲ့ကြတယ် ။

ဒါ​ပေမယ့် အ​တော်​လေးကို ဆိုးရွားလှတဲ့
မနက်ခင်းပဲ၊ ဆိုင်အပြင်ဖက်က စားပွဲဝိုင်းမှာ
ထိုင်​နေကြတဲ့ လူတစ်စုဟာ Kim Jisoo အပါအဝင်
Chaeyoung နဲ့ အခြား မိန်းက​လေး ၃ ​ယောက် ။

Jennie စိတ်ထဲမှာ သိပ်ပြီး သ​ဘောမကျတာမို့
ဆိုင်ထဲကိုဝင်​​​တော့မယ် Lisa ရဲ့ လက်ကို
လှမ်းဆွဲလိုက်​တော့ လှည့်ကြည့်လာတဲ့ သူမက




" ဘာဖြစ်လို့လဲ Jennie "




" ဝယ်သွားပြီးပဲ အိမ်မှာစားကြရ​အောင်
ဒီဆိုင်မှာ Jennie မထိုင်ချင်ဘူး Lisa ya "




" အဲ့ဒါဆို ကိုယ်ဝယ်လာခဲ့မယ်
လူ​တွေအများကြီး တန်းစီ​နေတာဆို​တော့
Jennie က တစ်​နေရာမှာ ထိုင်​စောင့်​နေလိုက်​လေ
အကြာကြီးမို့ ​ညောင်း​နေလိမ့်မယ် "




" ​ကောင်တာနားက စားပွဲဝိုင်းမှာပဲ
Jennie ထိုင်​စောင့်​နေလိုက်မယ်​လေ "




ပြုံးပြီး ​ခေါင်းညိမ့်ပြတဲ့ Lisa က
​ကောင်တာမှာ မနက်စာအတွက် သွားမှာတယ် ။

အပြင်ဖက်က Kim Jisoo တို့ကို
လှမ်းမကြည့်မိဘူးဆို​ပေမယ့် ဆိုင်ထဲကို ဝင်လာတဲ့
သူမက Jennie ထင်တာမမှားဘူးဆိုရင်
Lisa ဆီကို လာ​နေတာပဲ ။

အမှန်လည်း သူမက
မုန့်မှာပြီး အခြားတစ်ဖက်မှာစောင့်​နေတဲ့
Lisa အနားကို ​ရောက်သွားခဲ့တယ် ။

​နောက်ပြီး သူမ တစ်ခုခု ​ပြော​နေတယ် ။











~~~~~~~~~~~~~~~~~~~~~~~~~~~










" ငါ စကားနည်းနည်း​လောက်ပြောချင်လို့ Lisa "




Lisa မှာထားတဲ့ မုန့်​တွေ ​စောင့်​နေတုန်း
အနားကို ​​ရောက်လာတဲ့ Jisoo ​ရဲ့ စကားကြောင့်
ဘားမှ ပြန်မ​ပြော​သေးဘဲ ​ကြောင်ရပ်​နေမိသည် ။

သူမက Lisa ရဲ့ ညာဖက်
လက်​ကောက်ဝတ်ကို အသာဆုပ်ကိုင်ပြီး




" ​တောင်းပန်ပါတယ် Lisa
ငါတို့ နင့်အချစ်​ရေးကိစ္စမှာ ဝင်မပါသင့်​ပေမယ့်
သူငယ်ချင်းဆို​​တော့ စိတ်ပူပြီး ​ပြောမိတာပါ "




" Jisoo ... ငါ​လေ ... "




" Lisa က ရှင်တို့နဲ့ ထပ်ပြီး
ပတ်သတ်​တော့မှာ မဟုတ်ဘူး
သူ ကျွန်မကို ကတိ​ပေးပြီးပြီ "




ရုတ်တရက် ​ထွက်လာတဲ့ စကားသံက
Jennie ဆိုတာ မကြည့်ဘဲ သိနိုင်တယ် ။

အ​ရှေ့မှာရှိတဲ့ Lisa ကို Jisoo ကြည့်လိုက်​တော့
သူမက လက်ခံ​နေသလိုမျိုး အားနာတဲ့အကြည့်နဲ့၊
ဘာ​ကြောင့် ဒီ​လောက်ထိ လုပ်ရက်တာလဲ ။

မကြာဘူး၊ အနား​ရောက်လာတဲ့ Jennie က
Lisa ရဲ့ ​ဘေးမှာ ဝင်ရပ်ပြီး Jisoo ကို
​အောင်နိုင်သူလို မျက်နှာထားနဲ့ ကြည့်လာတယ် ။




" ဝါး ... Lisa က ချစ်သူ​ကောင်းပဲ
ရှင် သိပ်ကံ​ကောင်းတာပဲ​နော် Kim Jennie shi "




Lisa တစ်ခွန်းမှ ဝင်မ​ပြောခဲ့ဘူး ။

ထိုင်​နေရာက​နေ ထလိုက်တဲ့ Jennie ​ကြောင့်
စိုးရိမ်စွာဖြင့် အနားကို ​ရောက်လာကြတဲ့
Chaeyoung နဲ့ အခြားသူ​တွေကလည်း
မိမိတို့​ပြောတာ​တွေကို ကြားသင့်သ​လောက် ကြားပြီးပြီ ။

စိတ်ထဲမှာရှိတဲ့ စကားတစ်ခွန်းကို
Lisa ကို စူးစိုက်ကြည့်ပြီး Jisoo ​ပြောလိုက်တယ် ။




" နင် အရမ်း​ပြောင်းလဲသွားတယ် Lisa "




​မော့ကြည့်လာတဲ့ မျက်ဝန်း​တွေမှာ
အားနာမှု​တွေအပြည့်ဆို​ပေမယ့်
Jisoo သူမကို ဘားမှ ဆက်မ​ပြောချင်​တော့ဘူး ။

​ဘေးမှာ ရပ်​နေတဲ့ မိန်းမ​ကြောင့်လည်း
​ပြောချင်စိတ်မရှိ​တော့တာ ဖြစ်​ကောင်းဖြစ်လိမ့်မယ် ။

Chaeyoung က လက်ကိုလာဆွဲပြီး
သွားကြဖို့ မျက်နှာအမူအရာနဲ့ ​ပြောလာတာမို့
Jisoo အဲ့​နေရာက​နေ ထွက်လာခဲ့လိုက်သည် ။




" မှာထားတာ​တွေရပါပြီ "




ငိုင်​နေတဲ့ Lisa ​ကြောင့်
Jennie ပဲ မုန့်​တွေကို သယ်လိုက်တယ် ။




" သွားကြရ​အောင် Lisa
Jennie အရမ်း ဗိုက်ဆာ​နေပြီ "




" ​အော် ... အင်း Jennie
ကိုယ့်ကို​ပေး ကိုယ်သယ်​ပေးမယ် "




Lisa မုန့်​တွေကို လှမ်းယူလိုက်ပြီး
ကားဆီကို လာခဲ့တယ် ။
ပြန်လာခဲ့တဲ့ လမ်းတစ်​လျှောက်လည်း
အ​တွေး​တွေက Jisoo တို့ကို
အားနာတဲ့စိတ်​တွေ အပြည့်၊
အာရုံ​တွေလွင့်​နေတာ​ကြောင့် ကားကို​တောင်
​သေချာမ​မောင်းနိုင်ဘဲ အ​တော်​လေး
စိတ်ပြန်စုစည်းရတယ် ။
Jennie မျက်နှာပျက်​နေပြီ​လေ ။

အိမ်ကို​ရောက်​တော့ ကားတံခါးကို
​​ဆောင့်ပိတ်ပြီး အိမ်ထဲဝင်သွားတဲ့ သူမအ​နောက်ကို
Lisa မုန့်​တွေသယ်ပြီး အမြန်​ပြေးလိုက်ရတယ် ။

ဧည့်ခန်းထဲ​ရောက်​တော့ စားပွဲ​ပေါ်မှာ
သယ်လာ​တာ​တွေ ချလိုက်ပြီး Jennie ထိုင်​နေတဲ့
​ဆိုဖာ​ဘေးမှာ ဝင်ထိုင်လိုက်သည် ။




" Jennie ကိုယ် ... "




" ကတိ​ပေးထားတယ်မဟုတ်ဘူးလား
ဘာလို့​တွေ​ဝေ​နေရတာလဲ Lisa
Jennie က အဲ့ဒီ့ စားသောက်ဆိုင်မှာ
တစ်​ယောက်တည်း တစ်ဖက်သတ်ချည်း၊
မသိရင် ရူး​နေတဲ့လူလိုပဲ "




" ကိုယ်​တောင်းပန်ပါတယ်
ရုတ်တရက်ဆို​တော့ ... ​နောက်ပြီး
Jisoo က လာ​တောင်းပန်တာပါ
သူတို့နဲ့ ပြန်ပြီး သင့်မြတ်လို့မရဘူးလား "




Lisa မဝံ့မရဲ​မေးလိုက်​​တော့
သူမက ​ဒေါသတကြီး လှည့်ကြည့်လာတယ် ။
တစ်ခါမှ ဒီလိုမျိုး အကြည့်မခံရဖူးဘူး ။




" အစကတည်းက ကျွန်မ
တစ်ခုပဲ ​ရွေးချယ်ခိုင်းခဲ့တာ​လေ Lisa
ရှင် ကျွန်မကို ​ရွေးချယ်ခဲ့တယ်
ဒါ​ပေမယ့် ... အခု သူတို့ကို ​ရွေးချယ်မယ်ဆိုရင်
​သေချာတာက ကျွန်မနဲ့ လမ်းခွဲလိုက်​လေ

နှစ်ခုယှဥ်ပြီး​ ရွေးချယ်ခိုင်းတဲ့အခါ
ချစ်သူက ကိုယ့်ကို​ရွေးချယ်ဖို့တွေ​​ဝေ​​နေတာကို
ဘယ်သူကမှ သည်းမခံနိုင်ဘူး Lisa "




" မဟုတ်ဘူး​လေ Jennie
ကိုယ် အခု ​တွေ​ဝေ​နေတာမဟုတ်ပါဘူး
ဒီအတိုင်း ... ဒီအတိုင်းပဲ

​ကိုယ်​ ​​တောင်းပန်ပါတယ်
​မနက်စာစားဖို့ မုန့်​တွေ သွားပြင်​ပေးမယ်​နော် "




လည်​ချောင်းထဲ တစ်ဆို့လာပြီး၊
Lisa မျက်ရည်ဝဲလျက် ငိုသံကြီးနဲ့ ​ပြောရင်း
မုန့်​တွေကို ပန်းကန်ထဲထည့်ဖို့ အ​ကြောင်းပြကာ
ဧည့်ခန်းထဲက​နေ ထွက်လာခဲ့တယ် ။
ကြာရင် အဲ့​နေရာမှာတင် ငိုမိလိမ့်မယ် ။














~~~~~~~~~~~~~~~~~~~~~






Dining room ထဲမှာ မနက်စာစား​​နေရင်း
လိုအပ်တာ​တွေ ထည့်​ပေး လုပ်​ပေး​နေတဲ့ Lisa ကို
Jennie မသိမသာကြည့်မိတယ် ။

လမ်းခွဲရ​အောင်ဆိုတဲ့ စကားကို
မ​ပြောသင့်ဘူးဆို​ပေမယ့် အ​စောတုန်းက
အရမ်း ​ဒေါသထွက်သွားခဲ့မိတာ ။
ကိုယ့်စကား​ကြောင့် ဝမ်းနည်းသွားပြီး
အမြန်​တောင်းပန်လာတဲ့ Lisa က
Jennie ကို သိပ်ချစ်တာကို သိပါတယ် ။

ဒါ​ပေမယ့် ချစ်တာထက်ပိုပြီး​​​​တော့
အရာအားလုံးထက် ဦးစား​ပေးတာခံချင်တယ် ။
ချစ်သူတစ်​​ယောက်အ​နေနဲ့ ဒါက
အရမ်း ​လောဘကြီး​နေလို့လား ။




" Lisa ... "




အ​တွေးလွန်​နေတုန်း ရှိုက်သံထွက်လာတာ​ကြောင့်
Jennie ကြည့်လိုက်​တော့ ​ခေါင်းငိုက်စိုက်ချထားပြီး
မနက်စာစား​နေတဲ့ Lisa က တုန်ရီ​နေတယ် ။

လှမ်း​ခေါ်လိုက်​ပေမယ့် သူမက
Jennie ကို ​မော့မကြည့်လာ​သေးဘူး ။




" ကိုယ်​တောင်းပန်ပါတယ် Jennie
​​နောက် အဲ့လိုမျိုး လမ်းခွဲမယ်လို့ မ​ပြောပါနဲ့
ကိုယ် Jennie ကို ဘယ်​လောက်ထိ
ချစ်သလဲဆိုတာ သိတယ်မလား "




" Lisa ... "




​ခေါင်းငိုက်စိုက်ချရင်း ထိုင်ခုံက​နေထလာပြီး
Jennie ကို လာဖက်တဲ့ Lisa ကို ကိုယ်တိုင်လည်း
တင်းကျပ်​နေ​အောင် ပြန်ဖက်ထားလိုက်တယ် ။

ငိုသံကိုမထွက်​အောင် ကြိုးစား​နေတဲ့
Lisa ဆီက​နေ ရှိုက်သံတစ်ချို့ကို Jennie ကြားရတယ် ။
တုန်ရီ​နေတဲ့ ခန္ဓာကိုယ်​လေးက မိမိကို
လွတ်ထွက်သွား​တော့မယ့်အတိုင်း အတင်းဖိကပ်ပြီး
လက်​တွေကလည်း ​​​သေချာ​ပွေ့ဖက်​နှောင်ဖွဲ့လို့ထားတာ ။

Jennie သူမရဲ့ ​ကျောပြင်ကို အသာ​လေး
ပုတ်​ပေးလိုက်​တော့မှ တ​ဖြေး​ဖြေး ငြိမ်ကျသွားတဲ့ Lisa ။




" ချစ်တယ် Jennie "




" Jennie လည်း Lisa ကို ချစ်ပါတယ်
​နောက် အဲ့လိုမျိုး လမ်းခွဲမယ်ဆိုတဲ့စကားကို
ထပ်ပြီးမ​ပြော​တော့ဘူးလို့ ကတိ​ပေးတယ် "




" အင်း လုံးဝမ​ပြောနဲ့ "




က​လေးလို ချွဲနွဲ့သံ​လေးနဲ့ Lisa ​ကြောင့်
Jennie ပြုံးရယ်ရင်း သူမနဲ့ ဖက်ထားရာက​နေ
ခွာပြီး မျက်နှာချင်းဆိုင်လိုက်တယ် ။




" Lisa က က​လေးကျ​နေတာပဲ "




" ကိုယ် Jennie အတွက်ဆိုရင်
က​လေးမကလို့ အရူးလိုလည်း လုပ်ပြနိုင်တယ် "




မျက်ဝန်း​တွေအချင်းချင်း ဆုံမိတဲ့အချိန်မှာ
အမည်တပ်လို့မရတဲ့ ဆွဲငင်အား​တစ်ချို့​ကြောင့်
နှစ်​ယောက်စလုံးရဲ့ နှုတ်ခမ်း​တွေ အချင်းချင်း
ထိကပ်ပြီး ​ပြေးယှက်ကစားကုန်ကြတယ် ။

အစပိုင်းနူးညံ့​ပေမယ့် တ​ဖြေး​ဖြေး
ပြင်းပြပြီး ရမ္မက်ဆန်တဲ့ အနမ်း​တွေ​က
အင်အား​တွေချိနဲ့လာပြီး​တော့
တစ်​ယောက်နဲ့ တစ်​​ယောက် အားကိုးတကြီး
ဖက်တွယ်မိတဲ့အထိ Lisa တို့မှာ
လိုအင်ဆန္ဒနဲ့ စိတ်ပိုင်းဆိုင်ရာက ကြီးစိုးလို့
ရုပ်ပိုင်းဆိုင်ရာ ချို့တဲ့လာခဲ့တယ် ။

Lisa ရဲ့ လက်​တွေက Jennie ရဲ့
အက်ျီ​အောက်ကို လျှိုဝင်ပြီး ရင်သား​တွေကို
ဆုပ်ကိုင်ခါနီးစဲစဲမှာပင် အခန်းထဲက​နေ
ထွက်လာတဲ့ ဖုန်းသံ​ကြောင့် မဖယ်​ပေးချင်​ပေမယ့်
Jennie က လွှတ်​ပေးဖို့ ပြုမူလာတယ် ။




" Ummm ... ဖုန်းကိုင်လိုက်ဦးမယ် Lisa
​တော်ကြာ Mommy ဆိုရင် ​ဆူခံ​​နေရဦးမယ်
သူ့ ဖုန်းကို မကိုင်ရသလား ဆိုပြီး​တော့ "




" အင်း "




ဆူပုတ်ပြီး လွှတ်​ပေးတဲ့ Lisa ရဲ့
ပါး​လေးကို Jennie ဖျစ်ညှစ်ပြီး ဖုန်းရှိရာ
အိပ်ခန်းဆီ အမြန် ​ပြေးသွားရတယ် ။












~~~~~~~~~~~~~~~~~~~~~









Lisa မနက်စာစား​နေတုန်း
ဖုန်း​ပြောပြီး ပြန်လာတဲ့ Jennie ရဲ့
မျက်နှာက သိပ်မ​ကောင်းဘူး ။

ထိုင်ခုံမှာ ဝင်ထိုင်လိုက်တဲ့
သူမက Lisa ကို လှည့်ကြည့်လာတယ် ။




" Mommy ကားတိုက်ခံရတယ်တဲ့
အဲ့ဒါ အမြန်​လေယာဥ်နဲ့ လိုက်သွားရမယ်

Landon ကို Jennie သွားရလိမ့်မယ် "




Jennie စိတ်​အေး​စေဖို့အတွက် သူမရဲ့
လက်​တွေကို Lisa ဆုပ်ကိုင်​​ပေးလိုက်တယ် ။




" ဘားမှ သိပ်ပြီး​တော့ စိတ်မပူပါနဲ့​
အန်တီ အဆင်​ပြေမှာပါ "




" Jennie ကို ​လေဆိပ် လိုက်ပို့​ပေးပါ Lisa "




" ကိုယ် Landon ကို
Jennie နဲ့အတူ လိုက်ခဲ့မယ်​လေ "




" အလုပ်ရှိ​သေးတယ်မလား
Lisa ရဲ့ အ​ဖေ ​ဆေးရုံမှာ
ပြသာနာဖြစ်တယ် ဆိုပြီး​​တော့
ဒီရက်ပိုင်း အလုပ်ရှုပ်​နေတဲ့ဟာကို "




" ရပါတယ် "




" မဟုတ်ဘူး Lisa ... ​နေခဲ့ပါ
​နောက်ပြီး Mommy အပါအဝင် ​
ဆွေမျိုး​တွေရဲ့ အ​ရှေ့မှာ Jennie ​ဘေးနား
Lisa ရှိ​​နေလို့ သိပ်ပြီး မသင့်​တော်​သေးဘူး "




Lisa သက်ပြင်းချမိတယ် ။

အန်တီက တ​လောကအထိ Landon
မသွားခင် Jennie နဲ့ Lisa တို့ ​နေပုံထိုင်ပုံ စိပ်​နေတာကို
သိပ်ပြီး သ​ဘောမကျသလို ပြုမူ​သေးတယ် ။
ဘာပဲဖြစ်ဖြစ် အတတ်နိုင်ဆုံး ဆင်ခြင်ရမှာပဲ ။




" လိမ္မာပါတယ် Lisa ... ​နော် "




" အင်းပါ ကိုယ်​နေခဲ့ပါ့မယ်
ဒါ​​ပေမယ့် ၁နှစ်ပြည့်အတွက် အမီ ပြန်လာခဲ့မယ်မလား
ကိုယ် ပြင်ဆင်ထားတာ​တွေ အများကြီးရှိတယ် "




" အင်း ကတိ​ပေးတယ်
အဲ့​နေ့မတိုင်ခင် အမီ ပြန်လာခဲ့မယ် "
















~~~~~~~~~~~~~~~~~~~~~~~










​လေဆိပ်မှာ Jennie ကို လိုက်ပို့ပြီးတာနဲ့
Bar ကိုပဲ Lisa ထွက်လာခဲ့လိုက်တယ် ။

အထဲဝင်ပြီး ရုံးခန်းထဲကို​ရောက်​တော့
အလုပ်စားပွဲရဲ့ တစ်ဖက်မှာ ထိုင်​နေတဲ့သူ​ကြောင့်
​ရှေ့ဆက်မတိုး​သေး​ဘဲ အခန်းဝမှာ Lisa
ခဏ ​ကြောင်ပြီး ရပ်​နေမိသည် ။

သူက Lisa လာတာ သိတယ်ထင်တယ် ။
အ​နောက်ဖက်ကို လှည့်ကြည့်ပြီး ပြုံးပြတာမို့
Lisa အထဲကို ဝင်လာပြီး ထိုင်ခုံမှာ ထိုင်လိုက်သည် ။




" ဘာလာလုပ်တာလဲ Chaeyoung "




" ​တော်​တော်​လေး စိတ်ထိခိုက်သွားတယ်
သူငယ်ချင်း​တွေ ဖြစ်လာကြတာ ကြာပြီပဲ
ဘာဖြစ်လို့ အခုလိုမျိုး ဆုံးဖြတ်ရတာလဲ "




" ငါ အရမ်းအားနာပါတယ်
ဒါ​ပေမယ့် ငါ့မှာ ​ရွေးချယ်ရခက်တယ် "




" ​ရွေးချယ်စရာလိုလို့လား Lisa
ဒါက သူငယ်ချင်းနဲ့ ချစ်သူ​လေ ... ​ရွေးချယ်စရာမဟုတ်ဘူး
Jennie ဘာ​ကြောင့် အဲ့လိုလုပ်သလဲ ငါနားမလည်​​တော့ဘူး "




" Chaeyoung ... "




" Lisa "




Chaeyoung ကို စကား​ပြောဖို့ပြင်တုန်း
အခန်းထဲကို ဝင်လာကြတဲ့ သူ​တွေ​ကြောင့်
Lisa ထိုင်​နေရာက​နေ မတ်တပ်ထရပ်မိတဲ့အထိ
အံ့သြမှုက အမြင့်ဆုံးကို ​ရောက်​နေတယ် ။




" Jisoo က စကားမ​ပြောဘူးလုပ်​နေလို့
ငါတို့ မနည်းဆွဲ​ခေါ်လာခဲ့ရတာ​နော် Lisa "




စီနီယာ Seulgi ရဲ့ စကား​ကြောင့်
Jisoo ကို လှမ်းကြည့်လိုက်​တော့ သူမက
မိမိအနားဆီ တ​ဖြေး​ဖြေး​ရောက်လာတယ် ။




" လာမယ့်အပတ်ထဲ ငါ့​မွေး​နေ့ရှိတယ်
အဲ့ဒါ တစ်ခုခု ​ကောင်းတာ​လေးလုပ်မလို့

နင် Jennie ကို လက်ထက်ခွင့်​တောင်းမယ့်
ကိစ္စမှာ ငါ ကူညီ​​ပေးပြီး သူ့ကိုလည်း ​
​သေချာ နားလည်​​အောင် ​တောင်းပန်ပါ့မယ် "




ငယ်ငယ်ကတည်းက ရန်ဖြစ်ပြီး
စိတ်ဆိုးလို့ မ​ခေါ်ကြရင် အမြဲ​အ​လျှော့​ပေးကာ
အရင်​တောင်းပန်တတ်တဲ့ Jisoo က
အခုလည်း အရင်အတိုင်းပဲ မ​ပြောင်းလဲဘူး ။

သူငယ်ချင်းသံ​ယောဇဥ်က Lisa ရဲ့
လုပ်ရပ်အ​ပေါ် အားနာပြီး ဝမ်းနည်းလာ​စေတယ် ။

မျက်ရည်ဝဲတက်လာပြီး ​
ခေါင်းငိုက်စိုက်ချရင်း အသံတိတ်ငိုမိတဲ့
ကိုယ့်ကို ​...




" ​နောက် ရန်မဖြစ်ကြ​တော့ဘူး
ငါ ပိုပြီး သတိထား ဆင်​ခြင်​ပေးမယ်
မငိုနဲ့​တော့​နော် Lisa "




သူ့အမှားလို့ ခံယူရင်း ​ပွေ့ဖက်​ပေးပြီး
​တောင်းပန်​တတ်တဲ့ Jisoo က
အရင်အတိုင်းပဲ မပျက်ကွက်ခဲ့ဘူး ။




" ငါ ​တောင်းပန်ပါတယ် Soo
အားလုံးကို Lisa ​တောင်းပန်ပါတယ်​​ "




ဝိုင်ပြီးဖက်ကြတဲ့ လူ​တွေအကြား
Lisa က အမြဲ သူတို့အလိုလိုက်ပြီး ဂရုစိုက်ရတဲ့
အငယ်ဆုံး​လေး ဖြစ်​နေစဲဆိုတာလည်း
မ​ပြောင်းလဲဘဲ တည်ရှိ​နေတယ် ။

တကယ်​တော့ ဒီ သူငယ်ချင်းသံ​ယောဇဥ်​တွေကလည်း
Lisa အတွက် အလွယ်စွန့်ပစ်ဖို့ရာ သိပ်ခက်ခဲတယ် ။

















To be continued ...... 🌼









​နောက်တစ်ပိုင်း ဇာတ်လမ်း​တော့စပြီ 🤭

Jennie ရဲ့ စိတ်ကို ​သေချာ နားမလည်တာ
ဒီက YayYay တစ်​ယောက်တည်း မဟုတ်ဘူးထင်တယ်

The warmest က အပြင်မှာကတည်းက
ဇာတ်သိမ်းရှိပြီးသား ဇာတ်လမ်းတစ်ပုဒ်ဖြစ်တာမို့
ဒီအထဲမှာ ပါတဲ့ တစ်ချို့​နေရာ​တွေက
သိပ်ပြီး​တော့ စိတ်ထဲ အလိုမကျတာ​တွေ
မ​ကျေနပ်တာမျိုး​တွေ ဖြစ်ခဲ့ရင် ကြို​တောင်းပန်ပါတယ်

Dear Unnie ကို အချို​တွေချည်း ​​​ကျွေးပစ်မယ့်
အ​ကြောင်းအရင်းက​တော့ ဒီ Fic ​ကြောင့်ပါပဲ 💛🌼
















◾◾◾◾◾◾◾◾◾◾◾◾◾






Zawgyi
-----------














မနက္စာစားဖို႔အတြက္ Jennie နဲ႔ Lisa တို႔
စား​ေသာက္ဆိုင္တစ္ခုကို ​ေရာက္လာခဲ့ၾကတယ္ ။

ဒါ​ေပမယ့္ အ​ေတာ္​ေလးကို ဆိုး႐ြားလွတဲ့
မနက္ခင္းပဲ၊ ဆိုင္အျပင္ဖက္က စားပြဲဝိုင္းမွာ
ထိုင္​ေနၾကတဲ့ လူတစ္စုဟာ Kim Jisoo အပါအဝင္
Chaeyoung နဲ႔ အျခား မိန္းက​ေလး ၃ ​ေယာက္ ။

Jennie စိတ္ထဲမွာ သိပ္ၿပီး သ​ေဘာမက်တာမို႔
ဆိုင္ထဲကိုဝင္​​​ေတာ့မယ္ Lisa ရဲ႕ လက္ကို
လွမ္းဆြဲလိုက္​ေတာ့ လွည့္ၾကည့္လာတဲ့ သူမက




" ဘာျဖစ္လို႔လဲ Jennie "




" ဝယ္သြားၿပီးပဲ အိမ္မွာစားၾကရ​ေအာင္
ဒီဆိုင္မွာ Jennie မထိုင္ခ်င္ဘူး Lisa ya "




" အဲ့ဒါဆို ကိုယ္ဝယ္လာခဲ့မယ္
လူ​ေတြအမ်ားႀကီး တန္းစီ​ေနတာဆို​ေတာ့
Jennie က တစ္​ေနရာမွာ ထိုင္​ေစာင့္​ေနလိုက္​ေလ
အၾကာႀကီးမို႔ ​ေညာင္း​ေနလိမ့္မယ္ "




" ​ေကာင္တာနားက စားပြဲဝိုင္းမွာပဲ
Jennie ထိုင္​ေစာင့္​ေနလိုက္မယ္​ေလ "




ၿပဳံးၿပီး ​ေခါင္းညိမ့္ျပတဲ့ Lisa က
​ေကာင္တာမွာ မနက္စာအတြက္ သြားမွာတယ္ ။

အျပင္ဖက္က Kim Jisoo တို႔ကို
လွမ္းမၾကည့္မိဘူးဆို​ေပမယ့္ ဆိုင္ထဲကို ဝင္လာတဲ့
သူမက Jennie ထင္တာမမွားဘူးဆိုရင္
Lisa ဆီကို လာ​ေနတာပဲ ။

အမွန္လည္း သူမက
မုန္႔မွာၿပီး အျခားတစ္ဖက္မွာေစာင့္​ေနတဲ့
Lisa အနားကို ​ေရာက္သြားခဲ့တယ္ ။

​ေနာက္ၿပီး သူမ တစ္ခုခု ​ေျပာ​ေနတယ္ ။











~~~~~~~~~~~~~~~~~~~~~~~~~~~










" ငါ စကားနည္းနည္း​ေလာက္ေျပာခ်င္လို႔ Lisa "




Lisa မွာထားတဲ့ မုန္႔​ေတြ ​ေစာင့္​ေနတုန္း
အနားကို ​​ေရာက္လာတဲ့ Jisoo ​ရဲ႕ စကားေၾကာင့္
ဘားမွ ျပန္မ​ေျပာ​ေသးဘဲ ​ေၾကာင္ရပ္​ေနမိသည္ ။

သူမက Lisa ရဲ႕ ညာဖက္
လက္​ေကာက္ဝတ္ကို အသာဆုပ္ကိုင္ၿပီး




" ​ေတာင္းပန္ပါတယ္ Lisa
ငါတို႔ နင့္အခ်စ္​ေရးကိစၥမွာ ဝင္မပါသင့္​ေပမယ့္
သူငယ္ခ်င္းဆို​​ေတာ့ စိတ္ပူၿပီး ​ေျပာမိတာပါ "




" Jisoo ... ငါ​ေလ ... "




" Lisa က ရွင္တို႔နဲ႔ ထပ္ၿပီး
ပတ္သတ္​ေတာ့မွာ မဟုတ္ဘူး
သူ ကြၽန္မကို ကတိ​ေပးၿပီးၿပီ "




႐ုတ္တရက္ ​ထြက္လာတဲ့ စကားသံက
Jennie ဆိုတာ မၾကည့္ဘဲ သိႏိုင္တယ္ ။

အ​ေရွ႕မွာရွိတဲ့ Lisa ကို Jisoo ၾကည့္လိုက္​ေတာ့
သူမက လက္ခံ​ေနသလိုမ်ိဳး အားနာတဲ့အၾကည့္နဲ႔၊
ဘာ​ေၾကာင့္ ဒီ​ေလာက္ထိ လုပ္ရက္တာလဲ ။

မၾကာဘူး၊ အနား​ေရာက္လာတဲ့ Jennie က
Lisa ရဲ႕ ​ေဘးမွာ ဝင္ရပ္ၿပီး Jisoo ကို
​ေအာင္ႏိုင္သူလို မ်က္ႏွာထားနဲ႔ ၾကည့္လာတယ္ ။




" ဝါး ... Lisa က ခ်စ္သူ​ေကာင္းပဲ
ရွင္ သိပ္ကံ​ေကာင္းတာပဲ​ေနာ္ Kim Jennie shi "




Lisa တစ္ခြန္းမွ ဝင္မ​ေျပာခဲ့ဘူး ။

ထိုင္​ေနရာက​ေန ထလိုက္တဲ့ Jennie ​ေၾကာင့္
စိုးရိမ္စြာျဖင့္ အနားကို ​ေရာက္လာၾကတဲ့
Chaeyoung နဲ႔ အျခားသူ​ေတြကလည္း
မိမိတို႔​ေျပာတာ​ေတြကို ၾကားသင့္သ​ေလာက္ ၾကားၿပီးၿပီ ။

စိတ္ထဲမွာရွိတဲ့ စကားတစ္ခြန္းကို
Lisa ကို စူးစိုက္ၾကည့္ၿပီး Jisoo ​ေျပာလိုက္တယ္ ။




" နင္ အရမ္း​ေျပာင္းလဲသြားတယ္ Lisa "




​ေမာ့ၾကည့္လာတဲ့ မ်က္ဝန္း​ေတြမွာ
အားနာမႈ​ေတြအျပည့္ဆို​ေပမယ့္
Jisoo သူမကို ဘားမွ ဆက္မ​ေျပာခ်င္​ေတာ့ဘူး ။

​ေဘးမွာ ရပ္​ေနတဲ့ မိန္းမ​ေၾကာင့္လည္း
​ေျပာခ်င္စိတ္မရွိ​ေတာ့တာ ျဖစ္​ေကာင္းျဖစ္လိမ့္မယ္ ။

Chaeyoung က လက္ကိုလာဆြဲၿပီး
သြားၾကဖို႔ မ်က္ႏွာအမူအရာနဲ႔ ​ေျပာလာတာမို႔
Jisoo အဲ့​ေနရာက​ေန ထြက္လာခဲ့လိုက္သည္ ။




" မွာထားတာ​ေတြရပါၿပီ "




ငိုင္​ေနတဲ့ Lisa ​ေၾကာင့္
Jennie ပဲ မုန္႔​ေတြကို သယ္လိုက္တယ္ ။




" သြားၾကရ​ေအာင္ Lisa
Jennie အရမ္း ဗိုက္ဆာ​ေနၿပီ "




" ​ေအာ္ ... အင္း Jennie
ကိုယ့္ကို​ေပး ကိုယ္သယ္​ေပးမယ္ "




Lisa မုန္႔​ေတြကို လွမ္းယူလိုက္ၿပီး
ကားဆီကို လာခဲ့တယ္ ။
ျပန္လာခဲ့တဲ့ လမ္းတစ္​ေလွ်ာက္လည္း
အ​ေတြး​ေတြက Jisoo တို႔ကို
အားနာတဲ့စိတ္​ေတြ အျပည့္၊
အာ႐ုံ​ေတြလြင့္​ေနတာ​ေၾကာင့္ ကားကို​ေတာင္
​ေသခ်ာမ​ေမာင္းႏိုင္ဘဲ အ​ေတာ္​ေလး
စိတ္ျပန္စုစည္းရတယ္ ။
Jennie မ်က္ႏွာပ်က္​ေနၿပီ​ေလ ။

အိမ္ကို​ေရာက္​ေတာ့ ကားတံခါးကို
​​ေဆာင့္ပိတ္ၿပီး အိမ္ထဲဝင္သြားတဲ့ သူမအ​ေနာက္ကို
Lisa မုန္႔​ေတြသယ္ၿပီး အျမန္​ေျပးလိုက္ရတယ္ ။

ဧည့္ခန္းထဲ​ေရာက္​ေတာ့ စားပြဲ​ေပၚမွာ
သယ္လာ​တာ​ေတြ ခ်လိုက္ၿပီး Jennie ထိုင္​ေနတဲ့
​ဆိုဖာ​ေဘးမွာ ဝင္ထိုင္လိုက္သည္ ။




" Jennie ကိုယ္ ... "




" ကတိ​ေပးထားတယ္မဟုတ္ဘူးလား
ဘာလို႔​ေတြ​ေဝ​ေနရတာလဲ Lisa
Jennie က အဲ့ဒီ့ စားေသာက္ဆိုင္မွာ
တစ္​ေယာက္တည္း တစ္ဖက္သတ္ခ်ည္း၊
မသိရင္ ႐ူး​ေနတဲ့လူလိုပဲ "




" ကိုယ္​ေတာင္းပန္ပါတယ္
႐ုတ္တရက္ဆို​ေတာ့ ... ​ေနာက္ၿပီး
Jisoo က လာ​ေတာင္းပန္တာပါ
သူတို႔နဲ႔ ျပန္ၿပီး သင့္ျမတ္လို႔မရဘူးလား "




Lisa မဝံ့မရဲ​ေမးလိုက္​​ေတာ့
သူမက ​ေဒါသတႀကီး လွည့္ၾကည့္လာတယ္ ။
တစ္ခါမွ ဒီလိုမ်ိဳး အၾကည့္မခံရဖူးဘူး ။




" အစကတည္းက ကြၽန္မ
တစ္ခုပဲ ​ေ႐ြးခ်ယ္ခိုင္းခဲ့တာ​ေလ Lisa
ရွင္ ကြၽန္မကို ​ေ႐ြးခ်ယ္ခဲ့တယ္
ဒါ​ေပမယ့္ ... အခု သူတို႔ကို ​ေ႐ြးခ်ယ္မယ္ဆိုရင္
​ေသခ်ာတာက ကြၽန္မနဲ႔ လမ္းခြဲလိုက္​ေလ

ႏွစ္ခုယွဥ္ၿပီး​ ေ႐ြးခ်ယ္ခိုင္းတဲ့အခါ
ခ်စ္သူက ကိုယ့္ကို​ေ႐ြးခ်ယ္ဖို႔ေတြ​​ေဝ​​ေနတာကို
ဘယ္သူကမွ သည္းမခံႏိုင္ဘူး Lisa "




" မဟုတ္ဘူး​ေလ Jennie
ကိုယ္ အခု ​ေတြ​ေဝ​ေနတာမဟုတ္ပါဘူး
ဒီအတိုင္း ... ဒီအတိုင္းပဲ

​ကိုယ္​ ​​ေတာင္းပန္ပါတယ္
​မနက္စာစားဖို႔ မုန္႔​ေတြ သြားျပင္​ေပးမယ္​ေနာ္ "




လည္​ေခ်ာင္းထဲ တစ္ဆို႔လာၿပီး၊
Lisa မ်က္ရည္ဝဲလ်က္ ငိုသံႀကီးနဲ႔ ​ေျပာရင္း
မုန္႔​ေတြကို ပန္းကန္ထဲထည့္ဖို႔ အ​ေၾကာင္းျပကာ
ဧည့္ခန္းထဲက​ေန ထြက္လာခဲ့တယ္ ။
ၾကာရင္ အဲ့​ေနရာမွာတင္ ငိုမိလိမ့္မယ္ ။














~~~~~~~~~~~~~~~~~~~~~






Dining room ထဲမွာ မနက္စာစား​​ေနရင္း
လိုအပ္တာ​ေတြ ထည့္​ေပး လုပ္​ေပး​ေနတဲ့ Lisa ကို
Jennie မသိမသာၾကည့္မိတယ္ ။

လမ္းခြဲရ​ေအာင္ဆိုတဲ့ စကားကို
မ​ေျပာသင့္ဘူးဆို​ေပမယ့္ အ​ေစာတုန္းက
အရမ္း ​ေဒါသထြက္သြားခဲ့မိတာ ။
ကိုယ့္စကား​ေၾကာင့္ ဝမ္းနည္းသြားၿပီး
အျမန္​ေတာင္းပန္လာတဲ့ Lisa က
Jennie ကို သိပ္ခ်စ္တာကို သိပါတယ္ ။

ဒါ​ေပမယ့္ ခ်စ္တာထက္ပိုၿပီး​​​​ေတာ့
အရာအားလုံးထက္ ဦးစား​ေပးတာခံခ်င္တယ္ ။
ခ်စ္သူတစ္​​ေယာက္အ​ေနနဲ႔ ဒါက
အရမ္း ​ေလာဘႀကီး​ေနလို႔လား ။




" Lisa ... "




အ​ေတြးလြန္​ေနတုန္း ရႈိက္သံထြက္လာတာ​ေၾကာင့္
Jennie ၾကည့္လိုက္​ေတာ့ ​ေခါင္းငိုက္စိုက္ခ်ထားၿပီး
မနက္စာစား​ေနတဲ့ Lisa က တုန္ရီ​ေနတယ္ ။

လွမ္း​ေခၚလိုက္​ေပမယ့္ သူမက
Jennie ကို ​ေမာ့မၾကည့္လာ​ေသးဘူး ။




" ကိုယ္​ေတာင္းပန္ပါတယ္ Jennie
​​ေနာက္ အဲ့လိုမ်ိဳး လမ္းခြဲမယ္လို႔ မ​ေျပာပါနဲ႔
ကိုယ္ Jennie ကို ဘယ္​ေလာက္ထိ
ခ်စ္သလဲဆိုတာ သိတယ္မလား "




" Lisa ... "




​ေခါင္းငိုက္စိုက္ခ်ရင္း ထိုင္ခုံက​ေနထလာၿပီး
Jennie ကို လာဖက္တဲ့ Lisa ကို ကိုယ္တိုင္လည္း
တင္းက်ပ္​ေန​ေအာင္ ျပန္ဖက္ထားလိုက္တယ္ ။

ငိုသံကိုမထြက္​ေအာင္ ႀကိဳးစား​ေနတဲ့
Lisa ဆီက​ေန ရႈိက္သံတစ္ခ်ိဳ႕ကို Jennie ၾကားရတယ္ ။
တုန္ရီ​ေနတဲ့ ခႏၶာကိုယ္​ေလးက မိမိကို
လြတ္ထြက္သြား​ေတာ့မယ့္အတိုင္း အတင္းဖိကပ္ၿပီး
လက္​ေတြကလည္း ​​​ေသခ်ာ​ေပြ႕ဖက္​ေႏွာင္ဖြဲ႕လို႔ထားတာ ။

Jennie သူမရဲ႕ ​ေက်ာျပင္ကို အသာ​ေလး
ပုတ္​ေပးလိုက္​ေတာ့မွ တ​ေျဖး​ေျဖး ၿငိမ္က်သြားတဲ့ Lisa ။




" ခ်စ္တယ္ Jennie "




" Jennie လည္း Lisa ကို ခ်စ္ပါတယ္
​ေနာက္ အဲ့လိုမ်ိဳး လမ္းခြဲမယ္ဆိုတဲ့စကားကို
ထပ္ၿပီးမ​ေျပာ​ေတာ့ဘူးလို႔ ကတိ​ေပးတယ္ "




" အင္း လုံးဝမ​ေျပာနဲ႔ "




က​ေလးလို ခြၽဲႏြဲ႕သံ​ေလးနဲ႔ Lisa ​ေၾကာင့္
Jennie ၿပဳံးရယ္ရင္း သူမနဲ႔ ဖက္ထားရာက​ေန
ခြာၿပီး မ်က္ႏွာခ်င္းဆိုင္လိုက္တယ္ ။




" Lisa က က​ေလးက်​ေနတာပဲ "




" ကိုယ္ Jennie အတြက္ဆိုရင္
က​ေလးမကလို႔ အ႐ူးလိုလည္း လုပ္ျပႏိုင္တယ္ "




မ်က္ဝန္း​ေတြအခ်င္းခ်င္း ဆုံမိတဲ့အခ်ိန္မွာ
အမည္တပ္လို႔မရတဲ့ ဆြဲငင္အား​တစ္ခ်ိဳ႕​ေၾကာင့္
ႏွစ္​ေယာက္စလုံးရဲ႕ ႏႈတ္ခမ္း​ေတြ အခ်င္းခ်င္း
ထိကပ္ၿပီး ​ေျပးယွက္ကစားကုန္ၾကတယ္ ။

အစပိုင္းႏူးညံ့​ေပမယ့္ တ​ေျဖး​ေျဖး
ျပင္းျပၿပီး ရမၼက္ဆန္တဲ့ အနမ္း​ေတြ​က
အင္အား​ေတြခ်ိနဲ႔လာၿပီး​ေတာ့
တစ္​ေယာက္နဲ႔ တစ္​​ေယာက္ အားကိုးတႀကီး
ဖက္တြယ္မိတဲ့အထိ Lisa တို႔မွာ
လိုအင္ဆႏၵနဲ႔ စိတ္ပိုင္းဆိုင္ရာက ႀကီးစိုးလို႔
႐ုပ္ပိုင္းဆိုင္ရာ ခ်ိဳ႕တဲ့လာခဲ့တယ္ ။

Lisa ရဲ႕ လက္​ေတြက Jennie ရဲ႕
အက္်ီ​ေအာက္ကို လွ်ိဳဝင္ၿပီး ရင္သား​ေတြကို
ဆုပ္ကိုင္ခါနီးစဲစဲမွာပင္ အခန္းထဲက​ေန
ထြက္လာတဲ့ ဖုန္းသံ​ေၾကာင့္ မဖယ္​ေပးခ်င္​ေပမယ့္
Jennie က လႊတ္​ေပးဖို႔ ျပဳမူလာတယ္ ။




" Ummm ... ဖုန္းကိုင္လိုက္ဦးမယ္ Lisa
​ေတာ္ၾကာ Mommy ဆိုရင္ ​ဆူခံ​​ေနရဦးမယ္
သူ႔ ဖုန္းကို မကိုင္ရသလား ဆိုၿပီး​ေတာ့ "




" အင္း "




ဆူပုတ္ၿပီး လႊတ္​ေပးတဲ့ Lisa ရဲ႕
ပါး​ေလးကို Jennie ဖ်စ္ညႇစ္ၿပီး ဖုန္းရွိရာ
အိပ္ခန္းဆီ အျမန္ ​ေျပးသြားရတယ္ ။












~~~~~~~~~~~~~~~~~~~~~









Lisa မနက္စာစား​ေနတုန္း
ဖုန္း​ေျပာၿပီး ျပန္လာတဲ့ Jennie ရဲ႕
မ်က္ႏွာက သိပ္မ​ေကာင္းဘူး ။

ထိုင္ခုံမွာ ဝင္ထိုင္လိုက္တဲ့
သူမက Lisa ကို လွည့္ၾကည့္လာတယ္ ။




" Mommy ကားတိုက္ခံရတယ္တဲ့
အဲ့ဒါ အျမန္​ေလယာဥ္နဲ႔ လိုက္သြားရမယ္

Landon ကို Jennie သြားရလိမ့္မယ္ "




Jennie စိတ္​ေအး​ေစဖို႔အတြက္ သူမရဲ႕
လက္​ေတြကို Lisa ဆုပ္ကိုင္​​ေပးလိုက္တယ္ ။




" ဘားမွ သိပ္ၿပီး​ေတာ့ စိတ္မပူပါနဲ႔​
အန္တီ အဆင္​ေျပမွာပါ "




" Jennie ကို ​ေလဆိပ္ လိုက္ပို႔​ေပးပါ Lisa "




" ကိုယ္ Landon ကို
Jennie နဲ႔အတူ လိုက္ခဲ့မယ္​ေလ "




" အလုပ္ရွိ​ေသးတယ္မလား
Lisa ရဲ႕ အ​ေဖ ​ေဆး႐ုံမွာ
ျပသာနာျဖစ္တယ္ ဆိုၿပီး​​ေတာ့
ဒီရက္ပိုင္း အလုပ္ရႈပ္​ေနတဲ့ဟာကို "




" ရပါတယ္ "




" မဟုတ္ဘူး Lisa ... ​ေနခဲ့ပါ
​ေနာက္ၿပီး Mommy အပါအဝင္ ​
ေဆြမ်ိဳး​ေတြရဲ႕ အ​ေရွ႕မွာ Jennie ​ေဘးနား
Lisa ရွိ​​ေနလို႔ သိပ္ၿပီး မသင့္​ေတာ္​ေသးဘူး "




Lisa သက္ျပင္းခ်မိတယ္ ။

အန္တီက တ​ေလာကအထိ Landon
မသြားခင္ Jennie နဲ႔ Lisa တို႔ ​ေနပုံထိုင္ပုံ စိပ္​ေနတာကို
သိပ္ၿပီး သ​ေဘာမက်သလို ျပဳမူ​ေသးတယ္ ။
ဘာပဲျဖစ္ျဖစ္ အတတ္ႏိုင္ဆုံး ဆင္ျခင္ရမွာပဲ ။




" လိမၼာပါတယ္ Lisa ... ​ေနာ္ "




" အင္းပါ ကိုယ္​ေနခဲ့ပါ့မယ္
ဒါ​​ေပမယ့္ ၁ႏွစ္ျပည့္အတြက္ အမီ ျပန္လာခဲ့မယ္မလား
ကိုယ္ ျပင္ဆင္ထားတာ​ေတြ အမ်ားႀကီးရွိတယ္ "




" အင္း ကတိ​ေပးတယ္
အဲ့​ေန႔မတိုင္ခင္ အမီ ျပန္လာခဲ့မယ္ "
















~~~~~~~~~~~~~~~~~~~~~~~










​ေလဆိပ္မွာ Jennie ကို လိုက္ပို႔ၿပီးတာနဲ႔
Bar ကိုပဲ Lisa ထြက္လာခဲ့လိုက္တယ္ ။

အထဲဝင္ၿပီး ႐ုံးခန္းထဲကို​ေရာက္​ေတာ့
အလုပ္စားပြဲရဲ႕ တစ္ဖက္မွာ ထိုင္​ေနတဲ့သူ​ေၾကာင့္
​ေရွ႕ဆက္မတိုး​ေသး​ဘဲ အခန္းဝမွာ Lisa
ခဏ ​ေၾကာင္ၿပီး ရပ္​ေနမိသည္ ။

သူက Lisa လာတာ သိတယ္ထင္တယ္ ။
အ​ေနာက္ဖက္ကို လွည့္ၾကည့္ၿပီး ၿပဳံးျပတာမို႔
Lisa အထဲကို ဝင္လာၿပီး ထိုင္ခုံမွာ ထိုင္လိုက္သည္ ။




" ဘာလာလုပ္တာလဲ Chaeyoung "




" ​ေတာ္​ေတာ္​ေလး စိတ္ထိခိုက္သြားတယ္
သူငယ္ခ်င္း​ေတြ ျဖစ္လာၾကတာ ၾကာၿပီပဲ
ဘာျဖစ္လို႔ အခုလိုမ်ိဳး ဆုံးျဖတ္ရတာလဲ "




" ငါ အရမ္းအားနာပါတယ္
ဒါ​ေပမယ့္ ငါ့မွာ ​ေ႐ြးခ်ယ္ရခက္တယ္ "




" ​ေ႐ြးခ်ယ္စရာလိုလို႔လား Lisa
ဒါက သူငယ္ခ်င္းနဲ႔ ခ်စ္သူ​ေလ ... ​ေ႐ြးခ်ယ္စရာမဟုတ္ဘူး
Jennie ဘာ​ေၾကာင့္ အဲ့လိုလုပ္သလဲ ငါနားမလည္​​ေတာ့ဘူး "




" Chaeyoung ... "




" Lisa "




Chaeyoung ကို စကား​ေျပာဖို႔ျပင္တုန္း
အခန္းထဲကို ဝင္လာၾကတဲ့ သူ​ေတြ​ေၾကာင့္
Lisa ထိုင္​ေနရာက​ေန မတ္တပ္ထရပ္မိတဲ့အထိ
အံ့ၾသမႈက အျမင့္ဆုံးကို ​ေရာက္​ေနတယ္ ။




" Jisoo က စကားမ​ေျပာဘူးလုပ္​ေနလို႔
ငါတို႔ မနည္းဆြဲ​ေခၚလာခဲ့ရတာ​ေနာ္ Lisa "




စီနီယာ Seulgi ရဲ႕ စကား​ေၾကာင့္
Jisoo ကို လွမ္းၾကည့္လိုက္​ေတာ့ သူမက
မိမိအနားဆီ တ​ေျဖး​ေျဖး​ေရာက္လာတယ္ ။




" လာမယ့္အပတ္ထဲ ငါ့​ေမြး​ေန႔ရွိတယ္
အဲ့ဒါ တစ္ခုခု ​ေကာင္းတာ​ေလးလုပ္မလို႔

နင္ Jennie ကို လက္ထက္ခြင့္​ေတာင္းမယ့္
ကိစၥမွာ ငါ ကူညီ​​ေပးၿပီး သူ႔ကိုလည္း ​
​ေသခ်ာ နားလည္​​ေအာင္ ​ေတာင္းပန္ပါ့မယ္ "




ငယ္ငယ္ကတည္းက ရန္ျဖစ္ၿပီး
စိတ္ဆိုးလို႔ မ​ေခၚၾကရင္ အၿမဲ​အ​ေလွ်ာ့​ေပးကာ
အရင္​ေတာင္းပန္တတ္တဲ့ Jisoo က
အခုလည္း အရင္အတိုင္းပဲ မ​ေျပာင္းလဲဘူး ။

သူငယ္ခ်င္းသံ​ေယာဇဥ္က Lisa ရဲ႕
လုပ္ရပ္အ​ေပၚ အားနာၿပီး ဝမ္းနည္းလာ​ေစတယ္ ။

မ်က္ရည္ဝဲတက္လာၿပီး ​
ေခါင္းငိုက္စိုက္ခ်ရင္း အသံတိတ္ငိုမိတဲ့
ကိုယ့္ကို ​...




" ​ေနာက္ ရန္မျဖစ္ၾက​ေတာ့ဘူး
ငါ ပိုၿပီး သတိထား ဆင္​ျခင္​ေပးမယ္
မငိုနဲ႔​ေတာ့​ေနာ္ Lisa "




သူ႔အမွားလို႔ ခံယူရင္း ​ေပြ႕ဖက္​ေပးၿပီး
​ေတာင္းပန္​တတ္တဲ့ Jisoo က
အရင္အတိုင္းပဲ မပ်က္ကြက္ခဲ့ဘူး ။




" ငါ ​ေတာင္းပန္ပါတယ္ Soo
အားလုံးကို Lisa ​ေတာင္းပန္ပါတယ္​​ "




ဝိုင္ၿပီးဖက္ၾကတဲ့ လူ​ေတြအၾကား
Lisa က အၿမဲ သူတို႔အလိုလိုက္ၿပီး ဂ႐ုစိုက္ရတဲ့
အငယ္ဆုံး​ေလး ျဖစ္​ေနစဲဆိုတာလည္း
မ​ေျပာင္းလဲဘဲ တည္ရွိ​ေနတယ္ ။

တကယ္​ေတာ့ ဒီ သူငယ္ခ်င္းသံ​ေယာဇဥ္​ေတြကလည္း
Lisa အတြက္ အလြယ္စြန္႔ပစ္ဖို႔ရာ သိပ္ခက္ခဲတယ္ ။

















To be continued ...... 🌼









​ေနာက္တစ္ပိုင္း ဇာတ္လမ္း​ေတာ့စၿပီ 🤭

Jennie ရဲ႕ စိတ္ကို ​ေသခ်ာ နားမလည္တာ
ဒီက YayYay တစ္​ေယာက္တည္း မဟုတ္ဘူးထင္တယ္

The warmest က အျပင္မွာကတည္းက
ဇာတ္သိမ္းရွိၿပီးသား ဇာတ္လမ္းတစ္ပုဒ္ျဖစ္တာမို႔
ဒီအထဲမွာ ပါတဲ့ တစ္ခ်ိဳ႕​ေနရာ​ေတြက
သိပ္ၿပီး​ေတာ့ စိတ္ထဲ အလိုမက်တာ​ေတြ
မ​ေက်နပ္တာမ်ိဳး​ေတြ ျဖစ္ခဲ့ရင္ ႀကိဳ​ေတာင္းပန္ပါတယ္

Dear Unnie ကို အခ်ိဳ​ေတြခ်ည္း ​​​ေကြၽးပစ္မယ့္
အ​ေၾကာင္းအရင္းက​ေတာ့ ဒီ Fic ​ေၾကာင့္ပါပဲ 💛🌼







Continua a leggere

Ti piacerà anche

333K 34.9K 173
English Name: After Retiring from Marriage, I became the Favorite of a Powerful Minister Associated Names: 退婚后我成了权臣心尖宠 Chinese Author: Lan Bai Ge Ji ...
323K 17.8K 22
စိုင်းမဟာမောင် "မောင့်လွန်းငယ်" လွန်းဝသာန်"ဘာမောင့်လွန်းငယ်လည်းဗျ" စိုင်းမဟာမောင်"ဟောဗျာ...မောင့်ရဲ့လွန်းငယ်မလို့ မောင့်လွန်းငယ်ခေါ်တာပေါ့ဗျ"
308K 15.2K 84
🍁ကောင်းခြင်းတည်မြဲ.. 🍁 နိုင်ငံခြားပြန်ကောင်လေး။ ရုပ်ရည်၊ ပညာ၊ စည်းစိမ်ဥစ္စာပြည့်စုံကြွယ်ဝသူမို့ အတော်လေးကြီးကျယ်သည့်လူ။ သူ့ကိုသူလည်း အထင်ကြီးလွန်းပ...
845K 39.7K 25
Crayon ~ ကျွန်တော့်ရဲ့ Crayon. Own characters* Unicode/ZAWGYI Completed. April 16 2023 - August 25 2023