A mysterious love story (Comp...

By MoCo555

90.4K 3.8K 63

ငယ်စဥ်ကထဲက မိဘ၏ဆုံးမမှုတွေကြောင့် အချစ်ရေးမရှာဖို့ဆုံးဖြတ်ထားသူ ၊ မတော်တဆ အလယ်တန်းနောက်ဆုံးနှစ်မှာ ကောင်ဇိုးလ... More

1.အတူနေရန် အစပြုခြင်း
2.အဲ့ကောင်gayမဖြစ်နိုင်ဘူး
3.လှပထက်မြက်သောစက္ကထရီမလေး
4.နှစ်ဦးနှစ်ဖက်သဘောတူညီစာချုပ်ချုပ်ဆိုခြင်း
5.မတော်တဆ
6.နောက်ခါ ခေါင်းမလျှော်နဲ့
7.လွန်ခဲ့သော၁၁နှစ်
8.ဘုရားရေ ရန်ပွဲလား
9.မလုပ်ရဲတာမရှိတယ့်ကောင်လေးရဲ့ချစ်ရေးဆိုမှု
10.သူ့ရန်ကထွက်ပြေးခြင်း
11.နှလုံးသားကွဲကြေရမှုကြီး
12.ဝန်ခံခြင်း
13.နှင်းဆီပန်းပို့တယ့်သူက!!!
14.သြဇာကောင်း မင်းကဘာကောင်မို့လည်း
15.အမည်မသိကိုယ်လူချော၏ အကူအညီ
16.ကိုယ်လူချောက ငါ့တွဲဖက်
17.ပေါင်မုန့်ကချိုလား
18.သူငယ်ချင်းဆိုရင် ချစ်မရဘူးလား
19.ရင်ခွင်ထဲပစ်ဝင်မိခြင်း
20.အက်စီးဒန့်နှင့် သူနဲ့ရင်းနှီးလာခြင်း
21. အမှတ်မထင်တွေ့ဆုံမှု
22.ဒေါ်သာယဥ်ကျေး၏ အတွေးစများ
23.အပိုင်ယူချင်တယ်
24.သိဒ္ဓိ
25. ၃ပွင့်ဆိုင် မွေးနေ့ပွဲ
26. ဝိုင်အနမ်း
27.One Night Stand???
28.အီစီကလီကြီးနဲ့တူနေတယ်
29.ငံပြာရည်မကြီးမဖြစ်ချင်ပါဘူး
30.ဒီနေ့နေဝင်ချိန်ကသိပ်လှပါသည်
31.ထပ်မလှည့်စားပါနဲ့တော့
32.တိမ်တွေလိုပဲ
33.ကိုယ်အသက်ကြီးလာရင်မင်းကိုလက်ထပ်မှာ
34.I'm bad liar
35.အပြေးပြိုင်ပွဲ
36.ph.noတောင်းခံခြင်း
37.သူ့ပိုင်နက်ထဲ (1)
38.သူ့ပိုင်နက်ထဲ(2)
39.first kiss 2 times
40.ရှင် ဘာမှမဖြစ်ရဘူးနော်
41.အပြင်လူပဲလေ
42.အတင်းဖျင်းများ
43.မွေးနေ့တွင်ဖွင့်ပြောမည်
44.ချစ်မိနေတာပဲ
45.yeahနောက်ဆုံးတော့ ရည်းစားရပြီ
46.ထူးထူးဆန်းဆန်းတွေမလုပ်ပါနဲ့
47.ငါသူ့ကိုသတ်ချင်တယ်
48.ကြယ်ရောင်ပျောက်သောည
49.အိတ်ပုတ်မလေး
50. going to the playground
52.တကယ်ချစ်မိတော့မှာလား
51.အာတာပူစီအနမ်း
53.ဒီတင်ဆက်သူလေးကဆွဲဆောင်နိုင်တယ်
စာရေးသူကငပိန်း
54.kisses in car
55.ယောက္ခမကြီးနဲ့တွေ့ဆုံခြင်း
56.အခုရော နောင်ရော
57.ရည်းစားကိုအိမ်ကမသိအောင်ထားနေတာလား
58.
59.
60.
61.
62.
64.
65.
66.EnD
67.အမှတ်တရ
တောင်းပန်ခြင်း

63.

1.4K 52 2
By MoCo555

ဂျပန်ကိုရောက်တာ ရက်ပိုင်းသာရှိသေးတာမို့ သာ့အတွက်မလွယ်ကူလှပါ။ သာက ဂျပန်စကားလည်းမတတ်။ ဂျပန်ကလမ်းတွေနဲ့လည်း အရင်းနှီးမရှိတာကြောင့် သူ့ကွန်ဒိုမှာသာအမြဲအချိန်ဖြုံးနေပြီးသူပြန်လာတာကိုစောင့်နေရုံဖြစ်သည်။ နေ့ခင်းပိုင်းသူအလုပ်သွားတယ့်အချိန်မျိုးဆိုလျှင် လွမ်းတယ့်စိတ်တွေနဲ့လုံးဝနေသားမကျသေးတာကြောင့် ချောင်မှာထိုင်ကာ ငိုတတ်ခဲ့သည်။ ဘုန်းကိုလွမ်း၍မဟုတ်ပါ။ သာသူ့ကိုလွမ်းသည်။ သာချခဲ့သောဆုံးဖြတ်ချက်ကိုလည်းသာနောင်တမရချင်ပါ။ ခုချိန်ဆိုသူလည်းသာ့ကိုမုန်းသွားလောက်ပါပြီ။ သူခွဲစိတ်မှုခံယူပြီး သူနဲ့အတူအိပ်ယာပေါ်မှာရှိခဲ့သောမိန်းကလေးနဲ့ ဘဝပျော်ရွှင်ပါစေဟု ကြိတ်ဆုတောင်းမိသည်။

ဘုန်းနဲ့နေရတာ သာ့အတွက်အဆင်မပြေစရာတခုမှမရှိပါ။ အရင်ကလည်း နေနေကြပဲလေ။ လူကြီး​ေတွကိုအသိပေးပြီး သျှောင်နောက်ဆံထုံးပါခဲ့ရုံသာ။ ပြောရရင် အကျဥ်းချုံး လက်မှတ်ရေးထိုးပြီးချင်း သူနဲ့ဂျပန်ကိုလိုက်ခဲ့ရတာဖြစ်သည်။ သူကပရောဂျက်ကြီးကြီးတခုလုပ်စရာရှိ၍ဒီကိုလာရခြင်းဖြစ်သည်။ လေဆိပ်ဆင်းတယ့်နေ့ကတောင် ကိုမင်းမောင်တို့အတွဲကလာနှုတ်ဆက်သွားသေးသည်။

" ငါ့ကောင်ကြီးတို့ကတယ် ဟုတ်ပါလား တခါထဲဟန်းနီးမွန်း"

ဟုမျက်လုံးတစ်ဖက်မှိတ်ကာစနောက်ခဲ့သည်။ သူက ပြုံး၍သာနေပြီး သာ့ပခုံးတို့ကိုသိုင်းဖက်ကာ လေယာဥ်ပေါ်တက်ခဲ့ပါသည်။

ရုတ်တရက်ကြီးသူငယ်ချင်းတစ်ယောက်ကိုလက်ထပ်လိုက်ရခြင်းအပေါ်သာ့ခံစားချက်ကိုမေးမယ်ဆိုလျှင်တော့ ဘာမှမခံစားရပါဟုပဲပြန်ဖြေချင်ပါသည်။ သူကအများရှေ့တွင်သာ သာ့အားskinshipလုပ်သော်လည်း လူမရှိတော့လျှင် ဝေးဝေးကနေတတ်သူဖြစ်သည်။ ရောက်ကာစ ညက ဒီနေ့က မင်္ဂလာဦးညပဲဆိုသည့်အသိကြောင့်ရော ပြီးတော့ပထမဆုံးအကြိမ်ငါယောက်ျားတစ်ယောက်နဲ့အတူတူအိပ်ရတော့မယ်ဆိုတယ့်အသိကြောင့်ပါ လူကနည်းနည်းတော့စိတ်လှုပ်ရှားမိသည်။

ဒါပေမယ့် အံ့သြစရာကောင်းလောက်အောင်ဘုန်းက အခန်းခွဲအိပ်ပါသည်။ သာ့ကိုလည်း

"နင်အဆင်ပြေသလိုနေနော် သာ ငါ့ကိုအားနာစရာလည်းမလိုဘူး ငါတို့အရင်ကနေခဲ့တယ့်အတိုင်းပဲနေ ဒါမယ့်ငါ့ရှေ့မှာတော့ နင်ငိုင်နေတာမတွေ့ချင်ဘူး"

ဟုဆိုပါသည်။ ဒီနေ့နဲ့ဆိုရင် သာတို့ဒီရောက်တာ ၄ရက်ပင်ရှိပြီဖြစ်သည်။ သူကလည်းသူ့အလုပ်နဲ့သူရှုပ်နေတတ်သည်။ ဒါပေမယ့်ပြန်လာရင်တော့ အမြဲတခုခုဝယ်လာကာ သာ့ကိုအရင်တိုင်းချက်ကျွေးမြဲပါပဲ။ သာတို့ကြားမှာ​အရင်လိုမဟုတ်ဘဲ တခုခုကြီးကြီးမားမားပြောင်းလဲသွားပါပြီ။ ဒါဟာဘာမှန်းတော့မသိပေမယ့် ၂ယောက်သားတွေ့ဆုံချိန်တွင်စိတ်တို့ကအရင်လိုမလန်းဆန်းတော့တာကတော့ ငြင်းဆန်၍မရသောအကြောင်းတရားဖြစ်သည်။ အရင်က ဆိုင်ကယ်တစ်စီးနဲ့ သူငယ်ချင်းများနဲ့အချိန်ဖြုန်းတတ်ပြီး သာ့အားအမြဲနောက်နေတတ်သောသူဟာ အခုဆိုရင်ဖြင့် စားသောက်ပြီး တာနဲ့ သာနဲ့စကားပြောဖို့ကို အချိန်မရသော ၊ တခုခုပြောဖို့ပြင်လိုက်တိုင်း သာ့ကိုစိုက်ကြည့်သောသူ့မျက်ဝန်းတွေက တမျိုးတမည် လှုပ်ရှားသွားပြီး ပြောမယ့်စကားတွေမြိုသိပ်လိုက်တာမျိုး၊ ဒါမှမဟုတ် ပြောလျှင်လည်း အမြဲတခုခုကိုထိန်းပြောနေရသော ပုံမျိုး ဖြစ်သည်။ ဘုန်း အခုလိုဖြစ်နေခြင်းကို သာနားလည်သလိုလိုရှိသော်လည်း တကယ်တမ်းသာနားမလည်ပါ။ ထို့အတူ သာကိုယ်တိုင်လည်း ဒီအနေခက်ရခြင်းမျိုးကိုဘယ်လိုကျော်လွှားရမှန်းမသိပါ။

"မနက်ဖြန် ကိုယ်အလုပ်မသွားဘူး"

ဘုန်းက ဂျပန်စရောက်ထဲက သူ့ကိုသူ ငါလို့မသုံးတော့ဘဲ ကိုယ်လို့သာပြောင်းသုံးပါသည်။ ဒါကပဲ အရင်ကဘုန်းနဲ့ကွာခြားသွားတာပဲလားသာမသိပါ။

"အင်း"

သူချက်ကျွေးသော ဟင်းလျာကိုစားသောက်ရင်းသာပြန်သံယောင်လိုက်လိုက်သည်။

"သာ"

သူကကိုယ့်နာမည်ခေါ်နေတာမို့ သာမော့ကြည့်လိုက်လျှင် စူးစမ်းသလိုကြည့်နေသောသူ့မျက်လုံးအကြည့်များနဲ့ဆုံရသည်။ ခနတာလည်းဖြတ်ပြေးသွားတယ့်အရိပ်တချို့ကိုသာဘာသာမပြန်တတ်ခဲ့ပါ။ သူက သက်ပြင်းတချက်ချရင်း ဇွန်းပြန်ကိုင်ကာ ပန်းကန်ဆီသို့အာရုံပြန်လွှဲရင်းမှ

"မင်း အပြင်သွားချင်လား ကိုယ်လိုက်ပို့ပေးမယ် "

သူ့စကားအဆုံးပုံမှန်ဆိုလျှင်သာယဥ်ကျေးဆိုသော ကျွန်မက ပျော်ပျော်ရွှင်ရွှင်နဲ့ လက်ခုပ်လက်ဝါးတီးကာ လိုက်ပို့ဖို့ပြောမိမှာဖြစ်သော်လည်း အခုတော့ ရင်ထဲတင်းကြပ်ကာ အပြင်ထွက်ချင်စိတ်မရှိပါ။ သို့သော်လည်း

"အင်း "

သာ့အဖြေစကားကိုသူကပြန်မတုန့်ပြန်တော့ပါ ။ ပြီးဆုံးသွားသော စားသောက်ခြင်းကိုလက်စသတ်သည့်အနေဖြင့် ရေတစ်ခွက်ကောက်မော့လိုက်ပါသည်။ သာစားပြီးသည်ထိတော့သူက ထိုင်စောင့်ပေးနေရှာပါသေးတယ်။ ပြီးနောက် သာ့ပန်းကန်များပါ ယူကာသူက ဘေစင်သို့ချီတက်လိုက်ပါတော့သည်။
ဒါကသူအမြဲလုပ်နေကြဖြစ်သည်။

ဒီည အိပ်ဆေးမသောက်မိသောသာဟာ အခုထိအိပ်မပျော်သေးပါ။ အိပ်ဆေးလည်းမသောက်ချင်တော့ပါ။ ဒီရက်ပိုင်းစိတ်ထောင်းလွန်းလို့ အိပ်မပျော်သောညတွေကိုအိပ်ဆေးသောက်ကာဖြေရှင်းနေရသည်မှာ ဒီရောက်ကထဲကဖြစ်သည်။ မှန်များကာရံထားသော အထပ်မြင့်အဆောက်ဦးမှာမှသာက ခန်းဆီးစတွေဆွဲဖွင့်ထားတာမို့ ကြည်လင်သောမှန်ပြင်ကတဆင့်ညအမှောင်ကိုမြင်နေရသည်။ ကောင်းကင်ကြီးပေါ်မှာထွန်းလင်းနေသောလ၊ထို့​ေနာက် ဟိုးအဝေးဆီမှ အလင်းရောင်များ။ သာသက်ပြင်းချမိလိုက်ပြန်ပြီ။ သက်ပြင်းတခါချလျှင် အသက်တခါတိုသည်တယ့်။ ဒီပုံတိုင်းဆိုလျှင် ဘုန်းရော သာရော အသက်ရှည်မည်မထင်ပါ။ ဘုန်း ။ ဟုတ်သည် ဘုန်းပြောခဲ့တယ့်

"နင်ငါ့အချစ်တွေခုတုံးလုပ်ပြီး အသုံးချသွားပြန်ပြီသာ"ဟူသောစကားကိုသာခုထိမှတ်မိဆဲဖြစ်သည်။ သာမကောင်းဘူးမလား။ သာကလူတိုင်းကိုနာကျင်စေမည့်လမ်းရွေးချယ်ခဲ့သည်။ မောင်ကရော။ ဟင့်အင်း သာမတွေးချင်ပါ။ မောင်ကဒီအချိန်ဆို ဆရာဝန်မလေးနဲ့အတူတူရှိနေမှာပေါ့။

မှောင်မည်းပြီးတိတ်ဆိတ်နေတယ့်အခန်းထဲမှာ သာငြိမ်သက်နေမိသည်။ ထိုအခိုက်မှာ ရုတ်တရက်ပွင့်လာသော အခန်းတံခါးမြည်သံနဲ့အတူ ခြေဖွဖွနင်းသံကြောင့်သာ ခြေဖျားလေးများပင်အေးစက်သွားရပြီး မျက်စိတို့စုံမှိတ်ကာ အိပ်ချင်ယောင်ဆောင်နေလိုက်သည်။ ကုတင်ပေါ်ကမွေ့ရာ အိနစ်သွားခြင်းကြောင့် သာ့ဘေးမှာ သူထိုင်လိုက်ပြီဖြစ်ကြောင်းသာသိလိုက်သည်။

ခုဆိုရင်ငြိမ်သက်နေသော အခန်းထဲ သာအသက်ပင်ရဲရဲမရှူရဲပေ။ ခနနေတော့ ဘုန်းရဲ့သက်ပြင်းချသံခပ်တိုးတိုးကိုကြားလိုက်ရပြန်သည်။ ဘုန်းသက်ပြင်းခနခနချသည်။ ဒါကဒီရောက်ကထဲကဖြစ်သည်။ အထူးသဖြင့်သာတို့၂ယောက်ထဲရှိတယ့်အချိန်မျိုးဖြစ်သည်။

သာ့နဖူးပေါ်က ဆံပင်တချို့ကို ဖွဖွပင့်တင်ပေးခြင်းခံရသည်။ ထို့နောက် သာ့ဆံပင်
တို့က သူ့လက်ညှိုးနဲ့ဆော့ကစားခြင်းကိုခံလိုက်ရသည်။ ဒီအချိန်ဆို လရောင်ဖျဖျနဲ့သာမျက်နှာကိုသူကြည့်ချင်ကြည့်နေမှာပေါ့။ သာလုံးဝဟန်ဆောင်တာပျက်၍မရပါ။ သူနေ့တိုင်းဒီလို လာလုပ်နေကြလား။ ဒါမှမဟုတ်ဒီနေ့မှလား။ သာ့အတွေးတွေကိုသူကိုယ်တိုင်နဲ့ဘုရားပဲသိလိမ့်မည်။

"မျက်လုံးတွေအစ်နေတာ မပျောက်သေးဘူးပဲ အခုထိငိုနေတုန်းပဲလားသာ"

သူ့ရဲ့ခပ်တိုးတိုးလေသံက သာ့မျက်နှာနားလာရိုက်ခတ်တာမို့ ရင်တွေပါတုန်သွားရသည်။ ထို့နောက် သာ့မျက်ခွံတို့ နွေးသွားရသည်။

"နင့်ကို မငိုစေချင်တော့ဘူးသာ နင်ငိုတာတွေ့ရင် ငါပိုအနေခက်တယ် နင်ဒီလမ်းကိုရွေးခဲ့တယ့်အတွက်လည်းငါအပြစ်မတင်ချင်ပါဘူး နင့်ကိုမျက်စိရှေ့တွေ့တာနဲ့တင်ပဲ ငါ့အတွက်လုံလောက်ပေမယ့် နင်ငိုနေတာကလည်းငါရင်နာရတယ်"

သာ့ပါးပြင်ပေါ်ပူနွေးစိုစွတ်တယ့်အထိတွေ့ကြောင့် သူငိုနေတာလား ဟုပထမဆုံးအတွေးဝင်မိသည်။ ဟုတ်တယ် သူငိုနေခဲ့တာပဲ ။ သာ့မျက်လုံးတွေရုတ်တရက်ဖွင့်ကြည့်လိုက်တော့ သာ့မျက်နှာပေါ်အုပ်မိုးထားပြီးငိုနေတယ့်သူ့မျက်နှာကိုသွားတွေ့သည်။ sorryပါ ဘုန်းရယ် ငါတောင်းပန်ပါတယ်။ ငါနင့်ဘက်ကိုမကြည့်မိခဲ့ဘူး။ ဖွားပြောဖူးတယ့် နင့်စိတ်အခြေနေကိုငါမေ့နေခဲ့တာပါ။ ဟင့်အင်းငါအတ္တကြီးနေမိတာ။

သူ့ပါးပေါ်လက်တစ်ဖက်သွားတင်တော့ သူဟာ မှိတ်ထားတယ့်မျက်လုံးတွေရုတ်တရက်ပွင့်လာပြီး သာ့ကိုတအံ့တသြကြည့်သည်။ သာ့လက်က ဘေးစားပွဲက ညအိပ်မီးလေးကိုဖွင့်ဖို့ပြင်လိုက်တော့ သူက ကမန်းကတမ်းပဲ ကုတင်ပေါ်ကထကာ မျက်နှာကိုလက်ဝါးနဲ့ပွတ်လိုက်သည်။

"ယောက်ျားလေးတွေက သူတို့ချစ်ရတယ့်သူတွေရှေ့ဘယ်တော့မှမပျော့ညံ့ချင်ဘူး အဲ့တာဟုတ်လို့လားဘုန်းရဲ့ သူတို့လည်းလူပဲလေ မာကျောတယ့်ခါရှိရင်ရှိမယ် ပျော့ညံ့ချင်လည်းပျော့ညံ့မှာပေါ့"

အဲ့တုန်းကသာပြောခဲ့တုန်းက ဘုန်းကပြုံးပြီး

"နင်ကယောက်ျားလေးလား"ဟု အဲ့တုန်းက ဘုန်းကစတော့ သာကမျက်စောင်းထိုးမိပါသေးသည်။

ရုတ်တရက်ကြီးသူခိုးလူမိသွားသော ကိုရွှေဘုန်းက အခန်းထဲကထွက်ဖို့ တံခါးပေါက်ဆီခြေလှမ်းပြင်လျှင်သာက

"နေဦး နင်အခုထွက်သွားလို့မရဘူးဘုန်း လာဒီကိုပြန်လာခဲ့"

သာ့အပြောကိုသူကနောက်ပင်လှည့်မကြည့်ပါ။ သူရှက်သွားသလား။ သာမစဥ်းစားအားပါ။ခုချိန်သူနဲ့စကားပြောရမှဖြစ်ပါမယ်။
သူကခါးထောက်ကာ ခေါင်းကိုအပေါ်သို့မော့၍

"ဘယ်ကထဲကလဲ ဘယ်ကထဲကနိုးနေတာလဲ"

သူ့အမေးကိုသာကပြန်မဖြေပါ။ဒီ့အစား

"ဘယ်ကထဲကလဲ ဘယ်ကထဲကဒီလိုလာကြည့်နေတာလဲ"

သာ့အမေးမှာ သူ့ကျောပြင်တောင့်သွားတာသာသေချာမြင်လိုက်ရပါသည်။

"နင်ဘာလို့ငါ့ကိုမပြောလဲ ဟမ် နင်ဘာလို့ ငါမသိအောင်လာတာလဲ လူယုတ်မာကောင် ငါကတော့ နင်ပြောင်းလဲသွားလို့ နေရခက်နေတာ"

သာပြောလည်းပြော သူ့ကိုလည်းခေါင်းအုံးနဲ့ပစ်ပေါက်လိုက်ပါသည်။ ခေါင်းအုံးဖြူလေးက သူ့​ကျောနဲ့ထိပြီး ကြမ်းပြင်ပေါ်သို့ပြုတ်ကျသွားပါသည်။

"ဟုတ်တယ် ကြာပြီကိုယ်နေ့တိုင်းလာတယ်ကိုယ်ကလူယုတ်မာကောင် ဟုတ်ပြီလား ပြန်လာတာနဲ့ငိုထားတာတွေ့ရတယ့်မင်းမျက်နှာ ကိုယ်နဲ့အတူရှိနေပေမယ့်ကိုယ့်ဆီစိတ်လုံးဝမရောက်တယ့်မင်းပုံစံ အမြဲတမှိုင်မှိုင်နဲ့ပုံစံ အဲ့ပုံမျိုးနဲ့ကိုယ်ကမင်းကိုဘာထပ်ပြောပေးရဦးမှာလဲ ဒါတွေဖြစ်လာတာလည်း မင်းဆုံးဖြတ်လိုက်တာပဲလေ ကိုယ်ကရောအနေမခက်ရဘူးလား တခြားသူကိုချစ်နေတယ့်မင်းကိုလက်ဖျားနဲ့တောင်မထိရက်နိုင်အောင် ကိုယ်လည်းမွန်းကြပ်တယ် အရမ်းမွန်းကြပ်တယ် ခုလည်းမင်းကိုယ့်မျက်ရည်တွေကိုတွေ့သွားပြီမလား  ဒီလောက်နဲ့ကျေနပ်ပါတော့  ခုကိုယ်ပြန်တော့မယ် ဒီနေ့ညကကိစ္စမေ့ပေးပါ"

သူက ချာခနဲလှည့်လာကာ သာ့အားစိုက်ကြည့်လျက်ဒီစကားများကိုပြောသွားပြီးအခန်းထဲကကျောခိုင်းထွက်ခွာသွားဖို့ပြင်လျှင်....။

_________

MoCo

ဂ်ပန္ကိုေရာက္တာ ရက္ပိုင္းသာရိွေသးတာမို႔ သာ့အတြက္မလြယ္ကူလွပါ။ သာက ဂ်ပန္စကားလည္းမတတ္။ ဂ်ပန္ကလမ္းေတြနဲ႔လည္း အရင္းႏွီးမရိွတာေၾကာင့္ သူ႔ကြန္ဒိုမွာသာအၿမဲအခ်ိန္ၿဖံဳးေနၿပီးသူျပန္လညတာကိုေစာင့္ေနရံုျဖစ္သည္။ ေန့ခင္းပိုင္းသူအလုပ္သြားတယ့္အခ်ိန္မ်ိဳးဆိုလ်ွင္ လြမ္းတယ့္စိတ္ေတြနဲ႔လံုးဝေနသားမက်ေသးတာေၾကာင့္ ေခ်ာင္မွာထိုင္ကာ ငိုတတ္ခဲ့သည္။ ဘုန္းကိုလြမ္း၍မဟုတ္ပါ။ သာသူ႔ကိုလြမ္းသည္။ သာခ်ခဲ့ေသာဆံုးျဖတ္ခ်က္ကိုလည္းသာေနာင္တမရခ်င္ပါ။ ခုခ်ိန္ဆိုသူလည္းသာ့ကိုမုန္းသြားေလာက္ပါၿပီ။ သူခြဲစိတ္မႈခံယူၿပီး သူနဲ႔အတူအိပ္ယာေပၚမွာရိွခဲ့ေသာမိန္းကေလးနဲ႔ ဘဝေပ်ာ္ရႊင္ပါေစဟု ႀကိတ္ဆုေတာင္းမိသည္။

ဘုန္းနဲ႔ေနရတာ သာ့အတြက္အဆင္မေျပစရာတခုမွမရိွပါ။ အရင္ကလည္း ေနေနၾကပဲေလ။ လူႀကီး​ေတြကိုအသိေပးၿပီး ေသ်ွာင္ေနာက္ဆံထံုးပါခဲ့ရံုသာ။ ေျပာရရင္ အက်ဥ္းခ်ံဳး လက္မွတ္ေရးထိုးၿပီးခ်င္း သူနဲ႔ဂ်ပန္ကိုခိုက္ခဲ့ရတာျဖစ္သည္။ သူကပေရာဂ်က္ႀကီးႀကီးတခုလုပ္စရာရိွ၍ဒီကိုလာရျခင္းျဖစ္သည္။ ေလဆိပ္ဆင္းတယ့္ေန့ကေတာင္ ကိုမင္းေမာင္တို႔အတြဲကလာႏႈတ္ဆက္သြားေသးသည္။

" ငါ့ေကာင္ႀကီးတို႔ကတယ္ ဟုတ္ပါလား တခါထဲဟန္းနီးမြန္း"

ဟုမ်က္လံုးတစ္ဖက္မိွတ္ကာစေနာက္ခဲ့သည္။ သူက ၿပံဳး၍သာေနၿပီး သာ့ပခံုးတို႔ကိုသိုင္းဖက္ကာ ေလယာဥ္ေပၚတက္ခဲ့ပါသည္။

ရုတ္တရက္ႀကီးသူငယ္ခ်င္းတစ္ေယာက္ကိုလက္ထပ္လိုက္ရျခင္းအေပၚသာ့ခံစားခ်က္ကိုေမးမယ္ဆိုလ်ွင္ေတာ့ ဘာမွမခံစားရပါဟုပဲျပန္ေျဖခ်င္ပါသည္။ သူကအမ်ားေရ႔ွတြင္သာ သာ့အားskinshipလုပ္ေသာ္လည္း လူမရိွေတာ့လ်ွင္ ေဝးေဝးကေနတတ္သူျဖစ္သည္။ ေရာက္ကာစ ညက ဒီေန့က မဂၤလာၪီးညပဲဆိုသည့္အသိေၾကာင့္ေရာ ၿပီးေတာ့ပထမဆံုးအႀကိမ္ငါေယာက္်ားတစ္ေယာက္နဲ႔အတူတူအိပ္ရေတာ့မယ္ဆိုတယ့္အသိေၾကာင့္ပါ လူကနည္းနည္းေတာ့စိတ္လႈပ္ရွားမိသည္။

ဒါေပမယ့္ အံ့ၾသစရာေကာင္းေလာက္ေအာင္ဘုန္းက အခန္းခြဲအိပ္ပါသည္။ သာ့ကိုလည္း

"နင္အဆင္ေျပသလိုေနေနာ္ သာ ငါ့ကိုအားနာစရာလည္းမလိုဘူး ငါတို႔အရင္ကေနခဲ့တယ့္အတိုင္းပဲေန ဒါမယ့္ငါ့ေရ႔ွမွာေတာ့ နင္ငိုင္ေနတာမေတြ့ခ်င္ဘူး"

ဟုဆိုပါသည္။ ဒီေန့နဲ႔ဆိုရင္ သာတို႔ဒီေရာက္တာ ၄ရက္ပင္ရိွၿပီျဖစ္သည္။ သူကလည္းသူ႔အလုပ္နဲ႔သူရႈပ္ေနတတ္သည္။ ဒါေပမယ့္ျပန္လာရင္ေတာ့ အၿမဲတခုခုဝယ္လာကာ သာ့ကိုအရင္တိုင္းခ်က္ေကြၽးၿမဲပါပဲ။ သာတို႔ၾကားမွာ​အရင္လိုမဟုတ္ဘဲ တခုခုႀကီးႀကီးမားမားေျပာင္းလဲသြားပါၿပီ။ ဒါဟာဘာမွန္းေတာ့မသိေပမယ့္ ၂ေယာက္သားေတြ့ဆံုခ်ိန္တြင္စိတ္တို႔ကအရင္လိုမလန္းဆန္းေတာ့တာကေတာ့ ျငင္းဆန္၍မရေသာအေၾကာင္းတရားျဖစ္သည္။ အရင္က ဆိုင္ကယ္တစ္စီးနဲ႔ သူငယ္ခ်င္းမ်ားနဲ႔အခ်ိန္ျဖဳန္းတတ္ၿပီး သာ့အားအၿမဲေနာက္ေနတတ္ေသာသူဟာ အခုဆိုရင္ျဖင့္ စားေသာက္ၿပီး တာနဲ႔ သာနဲ႔စကားေျပာဖို႔ကို အခ်ိန္မရေသာ ၊ တခုခုေျပာဖို႔ျပင္လိုက္တိုင္း သာ့ကိုစိုက္ၾကည့္ေသာသူ႔မ်က္ဝန္းေတြက တမ်ိဳးတမည္ လႈပ္ရွားသြားၿပီး ေျပာမယ့္စကားေတြၿမိဳသိပ္လိုက္တာမ်ိဳး၊ ဒါမွမဟုတ္ ေျပာလ်ွင္လည္း အၿမဲတခုခုကိုထိန္းေျပာေနရေသာ ပံုမ်ိဳး ျဖစ္သည္။ ဘုန္း အခုလိုျဖစ္ေနျခင္းကို သာနားလည္သလိုလိုရိွေသာ္လည္း တကယ္တမ္းသာနားမလည္ပါ။ ထို႔အတူ သာကိုယ္တိုင္လည္း ဒီအေနခက္ရျခင္းမ်ိဳးကိုဘယ္လိုေက်ာ္လႊားရမွန္းမသိပါ။

"မနက္ျဖန္ ကိုယ္အလုပ္မသြားဘူး"

ဘုန္းက ဂ်ပန္စေရာက္ထဲက သူ႔ကိုသူ ငါလို႔မသံုးေတာ့ဘဲ ကိုယ္လို႔သာေျပာင္းသံုးပါသည္။ ဒါကပဲ အရင္ကဘုန္းနဲ႔ကြာျခားသြားတာပဲလားသာမသိပါ။

"အင္း"

သူခ်က္ေကြၽးေသာ ဟင္းလ်ာကိုစားေသာက္ရင္းသာျပန္သံေယာင္လိုက္လိုက္သည္။

"သာ"

သူကကိုယ့္နာမည္ေခၚေနတာမို႔ သာေမာ့ၾကည့္လိုက္လ်ွင္ စူးစမ္းသလိုၾကည့္ေနေသာသူ႔မ်က္လံုးအၾကည့္မ်ားနဲ႔ဆံုရသည္။ ခနတာလည္းျဖတ္ေျပးသြားတယ့္အရိပ္တခ်ိဳ႕ကိုသာဘာသာမျပန္တတ္ခဲ့ပါ။ သူက သက္ျပင္းတခ်က္ခ်ရင္း ဇြန္းျပန္ကိုင္ကာ ပန္းကန္ဆီသို႔အာရံုျပန္လႊဲရင္းမွ

"မင္း အျပင္သြားခ်င္လား ကိုယ္လိုက္ပို႔ေပးမယ္ "

သူ႔စကားအဆံုးပံုမွန္ဆိုလ်ွင္သာယဥ္ေက်းဆိုေသာ ကြၽန္မက ေပ်ာ္ေပ်ာ္ရႊင္ရႊင္နဲ႔ လက္ခုပ္လက္ဝါးတီးကာ လိုက္ပို႔ဖို႔ေျပာမိမွာျဖစ္ေသာ္လည္း အခုေတာ့ ရင္ထဲတင္းၾကပ္ကာ အျပင္ထြက္ခ်င္စိတ္မရိွပါ။ သို႔ေသာ္လည္း

"အင္း "

သာ့အေျဖစကားကိုသူကျပန္မတုန္႔ျပန္ေတာ့ပါ ။ ၿပီးဆံုးသြားေသာ စားေသာက္ျခင္းကိုလက္စသတ္သည့္အေနျဖင့္ ေရတစ္ခြက္ေကာက္ေမာ့လိုက္ပါသည္။ သာစားၿပီးသည္ထိေတာ့သူက ထိုင္ေစာင့္ေပးေနရွာပါေသးတယ္။ ၿပီးေနာက္ သာ့ပန္းကန္မ်ားပါ ယူကာသူက ေဘစင္သို႔ခ်ီတက္လိုက္ပါေတာ့သည္။
ဒါကသူအၿမဲလုပ္ေနၾကျဖစ္သည္။

ဒီည အိပ္ေဆးမေသာက္မိေသာသာဟာ အခုထိအိပ္မေပ်ာ္ေသးပါ။ အိပ္ေဆးလည္းမေသာက္ခ်င္ေတာ့ပါ။ ဒီရက္ပိုင္းစိတ္ေထာင္းလြန္းလို႔ အိပ္မေပ်ာ္ေသာညေတြကိုအိပ္ေဆးေသာက္ကာေျဖရွင္းေနရသည္မွာ ဒီေရာက္ကထဲကျဖစ္သည္။ မွန္မ်ားကာရံထားေသာ အထပ္ျမင့္အေဆာက္ၪီးမွာမွသာက ခန္းဆီးစေတြဆြဲဖြင့္ထားတာမို႔ ၾကည္လင္ေသာမွန္ျပင္ကတဆင့္ညအေမွာင္ကိုျမင္ေနရသည္။ ေကာင္းကင္ႀကီးေပၚမွာထြန္းလင္းေနေသာလ၊ထို႔နာက္ ဟိုးအေဝးဆီမွ အလင္းေရာင္မ်ား။ သာသက္ျပင္ခ်မိလိုက္ျပန္ၿပီ။ သက္ျပင္းတခါခ်လ်ွင္ အသက္တခါတိုသည္တယ့္။ ဒီပံုတိုင္းဆိုလ်ွင္ ဘုန္းေရာ သာေရာ အသက္ရွည္မည္မထင္ပါ။ ဘုန္း ။ ဟုတ္သည္ ဘုန္းေျပာခဲ့တယ့္

"နင္ငါ့အခ်စ္ေတြခုတံုးလုပ္ၿပီး အသံုးခ်သြားျပန္ၿပီသာ"ဟူေသာစကားကိုသာခုထိမွတ္မိဆဲျဖစ္သည္။ သာမေကာင္းဘူးမလား။ သာကလူတိုင္းကိုနာက်င္ေစမည့္လမ္းေရြးခ်ယ္ခဲ့သည္။ ေမာင္ကေရာ။ ဟင့္အင္း သာမေတြးခ်င္ပါ။ ေမာင္ကဒီအခ်ိန္ဆို ဆရာဝန္မေလးနဲ႔အတူတူရိွေနမွာေပါ့။

ေမွာင္မည္းၿပီးတိတ္ဆိတ္ေနတယ့္အခန္းထဲမွာ သာၿငိမ္သက္ေနမိသည္။ ထိုအခိုက္မွာ ရုတ္တရက္ပြင့္လာေသာ အခန္းတံခါးျမည္သံနဲ႔အတူ ေျခဖြဖြနင္းသံေၾကာင့္သာ ေျခဖ်ားေလးမ်ားပင္ေအးစက္သြားရၿပီး မ်က္စိတို႔စံုမိွတ္ကာ အိပ္ခ်င္ေယာင္ေဆာင္ေနလိုက္သည္။ ကုတင္ေပၚကေမြ့ရာ အိနစ္သြားျခင္းေၾကာင့္ သာ့ေဘးမွာ သူထိုင္လိုက္ၿပီျဖစ္ေၾကာင္းသာသိလိုက္သည္။

ခုဆိုရင္ၿငိမ္သက္ေနေသာ အခန္းထဲ သာအသက္ပင္ရဲရဲမရႉရဲေပ။ ခနေနေတာ့ ဘုန္းရဲ့သက္ျပင္းခ်သံခပ္တိုးတိုးကိုၾကားလိုက္ရျပန္သည္။ ဘုန္းသက္ျပင္းခနခနခ်သည္။ ဒါကဒီေရာက္ကထဲကျဖစ္သည္။ အထူးသျဖင့္သာတို႔၂ေယာက္ထဲရိွတယ့္အခ်ိန္မ်ိဳးျဖစ္သည္။

သာ့နဖူးေပၚက ဆံပင္တခ်ိဳ႕ကို ဖြဖြပင့္တင္ေပးျခင္းခံရသည္။ ထို႔ေနာက္ သာ့ဆံပင္
တို႔က သူ႔လက္ၫွိုးနဲ႔ေဆာ့ကစားျခင္းကိုခံလိုက္ရသည္။ ဒီအခ်ိန္ဆို လေရာင္ဖ်ဖ်နဲ႔သာမ်က္ႏွာကိုသူၾကည့္ခ်င္ၾကည့္ေနမွာေပါ့။ သာလံုးဝဟန္ေဆာင္တာပ်က္၍မရပါ။ သူေန့တိုင္းဒီလို လာလုပ္ေနၾကလား။ ဒါမွမဟုတ္ဒီေန့မွလား။ သာ့အေတြးေတြကိုသူကိုယ္တိုင္နဲ႔ဘုရားပဲသိလိမ့္မည္။

"မ်က္လံုးေတြအစ္ေနတာ မေပ်ာက္ေသးဘူးပဲ အခုထိငိုေနတုန္းပဲလားသာ"

သူ႔ရဲ့ခပ္တိုးတိုးေလသံက သာ့မ်က္ႏွာနားလာရိုက္ခတ္တာမို႔ ရင္ေတြပါတုန္သြားရသည္။ ထို႔ေနာက္ သာ့မ်က္ခြံတို႔ ေနြးသြားရသည္။

"နင့္ကို မငိုေစခ်င္ေတာ့ဘူးသာ နင္ငိုတာေတြ့ရင္ ငါပိုအေနခက္တယ္ နင္ဒီလမ္းကိုေရြးခဲ့တယ့္အတြက္လည္းငါအျပစ္မတင္ခ်င္ပါဘူး နင့္ကိုမ်က္စိေရ႔ွေတြ့တာနဲ႔တင္ပဲ ငါ့အတြက္လံုေလာက္ေပမယ့္ နင္ငိုေနတာကလည္းငါရင္နာရတယ္"

သာ့ပါးျပင္ေပၚပူေနြးစိုစြတ္တယ့္အထိေတြ့ေၾကာင့္ သူငိုေနတာလား ဟုပထမဆံုးအေတြးဝင္မိသည္။ ဟုတ္တယ္ သူငိုေနခဲ့တာပဲ ။ သာ့မ်က္လံုးေတြရုတ္တရက္ဖြင့္ၾကည့္လိုက္ေတာ့ သာ့မ်က္ႏွာေပၚအုပ္မိုးထားၿပီးငိုေနတယ့္သူ႔မ်က္ႏွာကိုသြားေတြ့သည္။ sorryပါ ဘုန္းရယ္ ငါေတာင္းပန္ပါတယ္။ ငါနင့္ဘက္ကိုမၾကည့္မိခဲ့ဘူး။ ဖြားေျပာဖူးတယ့္ နင့္စိတ္အေျခေနကိုငါေမ့ေနခဲ့တာပါ။ ဟင့္အင္းငါအတၲႀကီးေနမိတာ။

သူ႔ပါးေပၚလက္တစ္ဖက္သြားတင္ေတာ့ သူဟာ မိွတ္ထားတယ့္မ်က္လံုးေတြရုတ္တရက္ပြင့္လာၿပီး သာ့ကိုတအံ့တၾသၾကည့္သည္။ သာ့လက္က ေဘးစားပြဲက ညအိပ္မီးေလးကိုဖြင့္ဖို႔ျပင္လိုက္ေတာ့ သာက ကမန္းကတမ္းပဲ ကုတင္ေပၚကထကာ မ်က္ႏွာကိုလက္ဝါးနဲ႔ပြတ္လိုက္သည္။

"ေယာက္်ားေလးေတြက သူတို႔ခ်စ္ရတယ့္သူေတြေရ႔ွဘယ္ေတာ့မွမေပ်ာ့ညံ့ခ်င္ဘူး အဲ့တာဟုတ္လို႔လားဘုန္းရဲ့ သူတို႔လည္းလူပဲေလ မာေက်ာတယ့္ခါရိွရင္ရိွမယ္ ေပ်ာ့ညံ့ခ်င္လည္းေပ်ာ့ညံ့မွာေပါ့"

အဲ့တုန္းကသာေျပာခဲ့တုန္းက ဘုန္းကၿပံဳးၿပီး

"နင္ကေယာက္်ားေလးလား"ဟု အဲ့တုန္းက ဘုန္းကစေတာ့ သာကမ်က္ေစာင္းထိုးမိပါေသးသည္။

ရုတ္တရက္ႀကီးသူခိုးလူမိသြားေသာ ကိုေရႊဘုန္းက အခန္းထဲကထြက္ဖို႔ တံခါးေပါက္ဆီေျခလွမ္းျပင္လ်ွင္သာက

"ေနၪီး နင္အခုထြက္သြားလို႔မရဘူးဘုန္း လာဒီကိုျပန္လာခဲ့"

သာ့အေျပာကိုသူကေနာက္ပင္လွည့္မၾကည့္ပါ။ သူရွက္သြားသလား။ သာမစဥ္းစားအားပါ။ခုခ်ိန္သူနဲ႔စကားေျပာရမျွဖစ္ပါမယ္။
သူကခါးေထာက္ကာ ေခါင္းကိုအေပၚသို႔ေမာ့၍

"ဘယ္ကထဲကလဲ ဘယ္ကထဲကႏိုးေနတာလဲ"

သူ႔အေမးကိုသာကျပန္မေျဖပါ။ဒီ့အစား

"ဘယ္ကထဲကလဲ ဘယ္ကထဲကဒီလိုလာၾကည့္ေနတာလဲ"

သာ့အေမးမွာ သူ႔ေက်ာျပင္ေတာင့္သြားတာသာေသခ်ာျမင္လိုက္ရပါသည္။

"နင္ဘာလို႔ငါ့ကိုမေျပာလဲ ဟမ္ နင္ဘာလို႔ ငါမသိေအာင္လာတာလဲ လူယုတ္မာေကာင္ ငါကေတာ့ နင္ေျပာင္းလဲသြားလို႔ ေနရခက္ေနတာ"

သာေျပာလည္းေျပာ သူ႔ကိုလည္းေခါင္းအံုးနဲ႔ပစ္ေပါက္လိုက္ပါသည္။ ေခါင္းအံုးျဖဴေလးက သူ႔​ေက်ာနဲ႔ထိၿပီး ၾကမ္းျပင္ေပၚသို႔ျပဳတ္က်သြားပါသည္။

"ဟုတ္တယ္ ၾကာၿပီကိုယ္ေန့တိုင္းလာတယ္ကိုယ္ကလူယုတ္မာေကာင္ ဟုတ္ၿပီလား ျပန္လာတာနဲ႔ငိုထားတာေတြ့ရတယ့္မင္းမ်က္ႏွာ ကိုယ္နဲ႔အတူရိွေနေပမယ့္ကိုယ့္ဆီစိတ္လံုးဝမေရာက္တယ့္မင္းပံုစံ အၿမဲတမိႈင္မိႈင္နဲ႔ပံုစံ အဲ့ပံုမ်ိဳးနဲ႔ကိုယ္ကမင္းကိုဘာထပ္ေျပာေပးရၪီးမွာလဲ ဒါေတျြဖစ္လာတာလည္း မင္းဆံုးျဖတ္လိုက္တာပဲေလ ကိုယ္ကေရာအေနမခက္ရဘူးလား တျခားသုကိုခ်စ္ေနတယ့္မင္းကိုလက္ဖ်ားနဲ႔ေတာင္မထိရက္ႏိုင္ေအာင္ ကိုယ္လည္းမြန္းၾကပ္တယ္ အရမ္းမြန္းၾကပ္တယ္ ခုလည္းမင္းကိုယ့္မ်က္ရည္ေတြကိုေတြသြားၿပီမလား  ဒီေလာက္နဲ႔ေက်နပ္ပါေတာ့  ခုကိုယ္ျပန္ေတာ့မယ္ ဒီေန့ညကကိစၥေမ့ေပးပါ"

သူက ခ်ာခနဲလွည့္လာကာ သာ့အားစိုက္ၾကည့္လ်က္ဒီစကားမ်ားကိုေျပာသြားၿပီးအခန္းထဲကေက်ာခိုင္းထြက္ခြာသြားဖို႔ျပင္လ်ွင္....။

_________

MoCo


Continue Reading

You'll Also Like

789K 40K 35
1ST BOOK OF BRIDE SERIES✨✨ Don't do this, leave my parents, don't ruin my life, I will die. She was begging infront of him joining her both hands. Th...
384K 28.6K 15
MY Creditor Side Story ပါ။ Parallel Universe သဘောမျိုးပြန်ပြီး Creation လုပ်ထားတာမို့ main story နဲ့ မသက်ဆိုင်ပဲ အရင် character ကို ရသအသစ် တစ်မျိုးနဲ...
1M 57.6K 58
𝐒𝐜𝐞𝐧𝐭 𝐨𝐟 𝐋𝐨𝐯𝐞〢𝐁𝐲 𝐥𝐨𝐯𝐞 𝐭𝐡𝐞 𝐬𝐞𝐫𝐢𝐞𝐬 〈𝐛𝐨𝐨𝐤 1〉 𝑶𝒑𝒑𝒐𝒔𝒊𝒕𝒆𝒔 𝒂𝒓𝒆 𝒇𝒂𝒕𝒆𝒅 𝒕𝒐 𝒂𝒕𝒕𝒓𝒂𝒄𝒕 ✰|| 𝑺𝒕𝒆𝒍𝒍𝒂 𝑴�...
2.4M 141K 46
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...