The Legendary Master's Wife (...

By Sailor_Moon_94

782K 133K 8.8K

Chapter 232 to Chapter 320. Both zawgyi & unicode available. Legendary Master's Wife {Myanmar Translation} Or... More

CHAPTER 232
CHAPTER 233
CHAPTER 234.
CHAPTER 235
CHAPTER 236
CHAPTER 237
CHAPTER 238
CHAPTER 239
CHAPTER 240
CHAPTER 241
CHAPTER 242
CHAPTER 243
CHAPTER 244
CHAPTER 245
CHAPTER 246
CHAPTER 247
CHAPTER 248
CHAPTER 249
CHAPTER 250
CHAPTER 251
CHAPTER 252
CHAPTER 253
CHAPTER 254.
CHAPTER 255
CHAPTER 256
CHAPTER 257
CHAPTER 258
CHAPTER 259
CHAPTER 260
CHAPTER 261.
CHAPTER 262
CHAPTER 263
CHAPTER 264
CHAPTER 265
CHAPTER 266
CHAPTER 267
CHAPTER 268
CHAPTER 269
CHAPTER 270
CHAPTER 271
CHAPTER 272
CHAPTER 273
CHAPTER 274
CHAPTER 275
CHAPTER 276
CHAPTER 277
CHAPTER 278
A/N
CHAPTER 279
CHAPTER 280
CHAPTER 281
CHAPTER 282
CHAPTER 283.
CHAPTER 284
CHAPTER 285
CHAPTER 286
CHAPTER 286 (ဒီတစ်ခါအတည်)
CHAPTER 287
CHAPTER 288
CHAPTER 289
CHAPTER 290 (Part1)
CHAPTER 290 (Part 2)
CHAPTER 291
CHAPTER 292
CHAPTER 293
CHAPTER 294
CHAPTER 295
CHAPTER 297
CHAPTER 298
CHAPTER 299
CHPATER 300.
CHAPTER 301
CHAPTER 302
CHAPTER 303
CHAPTER 304
CHAPTER 305
CHAPTER 306
CHAPTER 307
CHAPTER 308
CHAPTER 309
CHAPTER 310
CHAPTER 311
CHAPTER 312
CHAPTER 313
CHAPTER 314
CHAPTER 315
CHAPTER 316
CHAPTER 317
CHAPTER 318
CHAPTER 319
CHAPTER 320
Finale

CHAPTER 296

6.9K 1.3K 97
By Sailor_Moon_94

Zawgyi ver..

တန္းခြဲႏွစ္မွခ်န္ပီယံႀကီး၏တိုက္ပြဲ




ယူေ႐ွာင္မိုသည္လည္း တစ္ဖက္ၿပိဳင္ပြဲဝင္တို႔၏ စိတ္ႀကီးဝင္လ်က္႐ွိေသာ အမူအယာမ်ားအား ရိပ္မိသည္၊ ထိုေလးေယာက္မွာ အေတာ္အသင့္သန္မာသည္ဟု ဆိုႏိုင္ေသာ္လည္း လင္းေ႐ွာင္အား ေခတၱဖယ္ထားလိုက္လ်ွင္ တန္းခြဲတစ္မွက်န္ေလးေယာက္သည္လည္း အင္အားခ်ိနဲ႔ေနပံုမေပၚေပ၊ သို႔သည့္တိုင္ ၎တို႔ဘက္မွ အႏိုင္ရမည္ဟု အဘယ္ေၾကာင့္ ေသခ်ာေနရပါသနည္း ။

ယူေ႐ွာင္မို မေနႏိုင္ေတာ့ပဲ ထံုယြယ္ရႊီအား လွည့္ေမးလိုက္မိသည္၊ ထံုယြယ္ရႊီလည္း ေခတၱမ်ွ စဥ္းစားေနၿပီး အေျဖတစ္ခု ျပန္ေပးလာသည္ ။

" ငါ့အထင္ ေက်ာင္းခြဲတစ္မွာအသံုးျပဳတဲ့ တမူထူးျခားတဲ့ က်င့္ၾကံျခင္းနည္းလမ္းေၾကာင့္ျဖစ္မယ္ထင္တယ္ "

ထိုစကားေၾကာင့္ အနီး၌ အသာရပ္နားေထာင္ေနေသာ ဖန္ခ်ီယြင္းသည္ပင္ အံ့အားသင့္သြားရသည္ ။

ယူေ႐ွာင္မိုသည္ ၎ေျပာေသာအေျဖစကားအား ႐ွင္း႐ွင္းလင္းလင္း နားမလည္ပါေခ်၊ ထို႔ေၾကာင့္ ထပ္ေမးရျပန္သည္ ။

" တမူထူးျခားတဲ့ က်င့္ၾကံျခင္းနည္းလမ္း? အဲဒါက ဘယ္လိုမ်ားထူးျခားတာလဲ "

" ဒါက ဒီလို႐ွိတယ္.. ေတာထဲဝင္ၿပီးအမဲလိုက္တာရယ္ ၿပိဳင္ပြဲစင္မွာယွဥ္ၿပိဳင္ၾကတာရယ္အျပင္ ေက်ာင္းခြဲႏွစ္ရဲ႕ ထူးျခားတဲ့အခ်က္က ေႏြဦးရာသီ၊ ေႏြရာသီ၊ ေဆာင္းဦးရာသီနဲ႔ ေဆာင္းရာသီဆိုတဲ့ ျခံဝန္းေလးခုမွာ႐ွိတဲ့ စိတ္စြမ္းအင္ေတြပဲ။ ဒါေပမယ့္ေက်ာင္းခြဲတစ္မွာက် အဲ့လိုမ်ိဳးေတြမ႐ွိဘူးေလ။ အားလံုးက သာမန္အေဆာင္ေတြခ်ည္းပဲ။ ဒါေပမယ့္ ဒီမွာကက် က်င့္ၾကံသူေတြအတြက္ေရာ ေမွာ္ဆရာေတြအတြက္ပါ က်င္႔ၾကံအားထုတ္ဖို႔ သီးသန္႔ေနရာတစ္ခု႐ွိေနတယ္။ အဲဒီေနရာက ေက်ာင္းခြဲနွစ္ကလိုအေဆာင္ေတြထဲမွာ က်င့္ၾကံတာထက္ပိုသာတယ္ဆိုေတာ့ ငါ့အထင္ ေျမေအာက္လိုင္းနဲ႔တစ္ခုခု ဆက္စပ္မႈ ႐ွိေနလိမ့္မယ္ထင္တယ္။ အေသးစိတ္ကိုေတာ့ တိတိက်က်မသိဘူး "

" အေဆာင္ေတြထက္ေတာင္ပိုသာတဲ့ က်င့္ၾကံအားထုတ္ဖို႔ေနရာမ်ိဳး ႐ွိေနတယ္လား "

ထိုစကားေၾကာင့္ ယူေ႐ွာင္မို ေက်ာင္းခြဲတစ္သို႔ ဝင္ဖို႔ရာ မေစာင့္ႏိုင္ေတာ့ေပ၊ သို႔ေသာ္ ႐ုတ္တရက္ ႐ွယ္ခ်ိဳ သူ႔အားေျပာျပခဲ့ဖူးေသာ ကိစၥတစ္ခုအား သတိရလိုက္မိသည္ ။

အဲ့ဒီက်င့္ၾကံအားထုတ္တဲ့ေနရာက တကယ္ပဲ  ေျမေအာက္စြမ္းအင္ေၾကာနဲ႕  ပတ္သက္ေနတယ္ဆိုရင္  အဲဒီေျမေအာက္စြမ္းအင္ေၾကာႀကီး ခမ္းေျခာက္သြားတဲ့အခ်ိန္က် အဲဒီေနရာႀကီး မေပ်ာက္ကြယ္သြားႏိုင္ဘူးလား ..

ထံုယြယ္ရႊီမွ ဆက္ရႇင္းျပသည္ ။

" အဲ့ဒီေနရာမွာ က်င့္ၾကံအားထုတ္ၿပီး အဆင့္ေတြတက္လာတဲ့အခါ စီနီယာ ေက်ာင္းသားေတြလည္း သူတို႔ကိုယ္သူတို႔ ယံုၾကည္မႈပို႐ွိလာပံုပါပဲ "

ဘာစကားမွျပန္မဆိုပဲ ယူေ႐ွာင္မို လင္းေ႐ွာင္ကိုသာ လွမ္းၾကည့္လိုက္မိသည္၊ ၎သည္ စင္ျမင့္ေပၚသို႔ ေရာက္႐ွိေနၿပီျဖစ္ၿပီး အနက္ေရာင္ဝတ္ထားကာ ေတာင့္တင္းေသာကိုယ္လံုးကိုယ္ဟန္႐ွိသည့္ ျပိဳင္ဘက္တစ္ဦးႏွင့္ပင္ မ်က္ႏွာခ်င္းဆိုင္ ရပ္ေနေလၿပီ၊ လင္းေ႐ွာင္၏အရပ္သည္ တစ္ရာ့ကိုးဆယ္စင္တီ႐ွိေသာ္လည္း ယခု တစ္ဖက္လူထြားႀကီးႏွင့္ယွဥ္လိုက္ေသာအခါ ေခါင္းတစ္လံုးခန္႔ပင္ နိမ့္ေနေသးေတာ့၏ ။

ထိုအခ်ိန္၌ အႀကီးအကဲထန္းဟု အမည္ရေသာ အဖိုးအိုတစ္ေယာက္သည္ အႀကီးအကဲငါးအား တစ္စံုတစ္ရာ ကပ္ေမးလ်က္ရႇိေပသည္ ။

" အႀကီးအကဲငါး.. ေဟာဟိုကလင္းေ႐ွာင္ဆိုတာ ေက်ာင္းခြဲႏွစ္အရည္အခ်င္းစစ္ပြဲတုန္းက အႏိုင္ရ႐ွိခဲ့တဲ့ေက်ာင္းသားဆိုတာလားဗ် "

အႀကီးအကဲငါးမွ ေခါင္းၿငိမ့္ကာ တံု႔ျပန္သည္ ။

" ဟုတ္မွန္ပါေပတယ္.. အႀကီးအကဲေရာ အဲ့ဒီေက်ာင္းသားအေနနဲ႔ ယြီဝိန္ကိုအႏိုင္ယူႏိုင္မယ္လို႔ ထင္ပါသလား "

အႀကီးအကဲထန္း လင္းေ႐ွာင္အား လွမ္းအကဲခတ္လိုက္သည္၊ အရည္အခ်င္းစစ္ပြဲ၌ ပထမရခဲ့ပံုအရ အႏွီေက်ာင္းသားသည္ တစ္ဦးခ်င္းတိုက္ပြဲႏွင့္ ပတ္ပတ္လည္တိုက္ပြဲတို႔၌ အေတာ္ေကာင္းေကာင္း စြမ္းေဆာင္ႏိုင္ခဲ့ဟန္တူသည္၊ သို႔ေသာ္ ၎၏လက္႐ွိအဆင့္မွာ ၾကယ္အဆင့္ၾကယ္ငါးလံုးသာ႐ွိေသးသျ အာကာသအဆင့္ၾကယ္တစ္လံုး႐ွိေသာ ယြီဝိန္နွင့္ယွဥ္ၿပိဳင္ရန္ေတာ့ မလံုေလာက္ဟုသာ သတ္မွတ္ရမည္ျဖစ္သည္ ။

" အခုရပ္ေနတဲ့ေက်ာင္းသားအားလံုးထဲမွာ ယြီဝိန္ကအသန္မာဆံုးပါ၊ လက္႐ွိမွာ အဆင့္တစ္ရာထဲမဝင္ႏိုင္ေသးေပမယ့္ သူ႔ရဲ့လက္႐ွိအင္အားဟာ အဆင့္တစ္ရာေက်ာင္းသားနဲ႔ မတိမ္းမယိမ္းပါပဲ၊ ဒါ့အျပင္ လင္းေ႐ွာင္ဆိုတဲ့ေက်ာင္းသားဟာ ေတာက္႐ွင္းကိုဝင္ေရာက္လာခဲ့တာ တစ္ႏွစ္ေတာင္မ႐ွိေသးတာမို႔ ကြၽန္ေတာ္အမွန္အတိုင္းေျပာရရင္ သူ့အေနနဲ့ ယြီဝိန္ကိုအႏိုင္ယူႏိုင္လိမ့္မယ္လို႔ မထင္မိပါဘူး "

ထိုစကားအားနားေထာင္ၿပီးေနာက္ အႀကီးအကဲငါးမွ မုတ္ဆိတ္ေမြးအား ပြတ္သပ္ကာ အဓိပၸါယ္တစ္မ်ိဳးပါေသာ အျပံဳးတစ္ခုကို ျပဳလုပ္လိုက္ေလသည္ ။

ထိုအျပဳအမူအားျမင္ေသာအခါ အႀကီးအကဲထန္းမွ မယံုသကာၤျဖင့္ ေမးလာေတာ့၏ ။

" အႀကီးအကဲငါးက အဲဒီေက်ာင္းသား ယြီဝိန္ကိုအႏိုင္ယူလိမ့္မယ္လို႔ ထင္တယ္လား "

အႀကီးအကဲငါးမွ ေက်ာက္ဖ်ာထက္သို႔ေငးရင္း ေအးေအးေဆးေဆး ျပန္ေျဖသည္ ။

" အႀကီးအကဲေတြ႔ပါလိမ့္မယ္.. အဲဒီေက်ာင္းသားဆီမွာ ပကတိမ်က္စိနဲ႔ ျမင္နိုင္တာထက္ ပိုတဲ့အရည္အခ်င္းေတြ အမ်ားႀကီး႐ွိေနတယ္ "

အႀကီးအကဲထန္းလည္း အႀကီးအကဲငါး၏ ဦးတည္ရာအတိုင္း စင္ျမင့္ေပၚသို႔ လိုက္ၾကည့္လိုက္ေသာအခါ ယြီဝိန္တစ္ေယာက္ စင္ျမင့္ေပၚမွ လြင့္က်သြားသည္ကို တစ္စြန္းတစ္စသာ လွမ္းျမင္လိုက္ရေလ၏၊ ထိုအခါ သူ၏ မ်က္လံုးမ်ား ဟန္ပင္မေဆာင္ႏိုင္ပဲ ျပဴးက်ယ္ကုန္ၾကေတာ့သည္၊ ယြီဝိန္က ဒီေလာက္အခ်ိန္တိုေလးအတြင္းမွာပဲ ႐ွံုးသြားတယ္လား ။

" က်ဳပ္ေျပာဖို႔ေမ့ေတာ့မလို႔ပဲ.. ၿပီးခဲ့တဲ့ ပတ္ပတ္လည္တိုက္ပြဲတုန္းက အဲ့ဒီေက်ာင္းသားက တစ္ၿပိဳင္တည္း လူဆယ္ေယာက္ေက်ာ္ကိုယွဥ္ခ်ၿပီး ျခစ္ရာတစ္ခုေတာင္မ႐ွိပဲထြက္လာႏိုင္ခဲ့တာရယ္.. ေနာက္ၿပီး အဲ့အထဲမွာ သူ႔ထက္အဆင့္ျမင့္တဲ့လူ ႏွစ္ေယာက္ေတာင္ပါေနေသးတယ္ "

အႀကီးအကဲထန္းသည္ လင္းေ႐ွာင္ စင္ေပၚမွဆင္းလာသည္အား ရပ္ေငးၾကည့္ေနမိသည္၊ ထိုေက်ာင္းသားသည္ သူ၏အဆင့္မွန္အား ဖံုးကြယ္ထားသျဖင့္ သူခန္႔မွန္းလို႔ မရခဲ့ျခင္းျဖစ္နိုင္သည္၊ ယြီဝိန္အား ဤမ်ွ လြယ္လြယ္ကူကူအႏိုင္ယူခဲ့သည္ကို ၾကည့္ျခင္းအားျဖင့္ ၎၏အဆင့္သည္ ယြီဝိန္ထက္ မ်ားစြာ သာေနႏိုင္ေပသည္၊ အနွီေက်ာင္းသားသာ ေက်ာင္းခြဲတစ္သို႔ တရားဝင္ေရာက္႐ွိၿပီးပါက ထိပ္ဆံုးအေယာက္တစ္ရာထဲသို႔ ဝင္ႏိုင္ဖို႔ရာလည္း အလားအလာမ်ားစြာ ႐ွိေနသည္ ။

ထို႔ေၾကာင့္ တန္းခြဲတစ္မွေက်ာင္းသားသစ္တို႔ ယွဥ္ၿပိဳင္ရာတြင္ အႏိုင္ရ႐ွိသူမွာ လင္းေ႐ွာင္တစ္ဦးတည္းသာ႐ွိၿပီး သူသာလ်ွင္ ၿပိဳင္ဘက္အား စင္ေပၚမွကန္ခ်ႏိုင္ခဲ့သည့္ တစ္ဦးတည္းေသာသူျဖစ္သည္၊ ေယာင္ရႊမ္းမွာမူ ငါးကြက္ေျမာက္တိုက္ကြက္အေရာက္၌ စင္ျမင့္အစြန္းသို႔နင္းမိၿပီး ေျခတစ္ဖက္မေခ်ာ္က်ခဲ့ပါက ဒုတိယေျမာက္အႏိုင္ရ႐ွိသူ ျဖစ္ခဲ့လိမ့္မည္ျဖစ္သည္ ။




" ေနာက္ထပ္အလွည့္က်တာကေတာ့ တန္းခြဲႏွစ္ကေက်ာင္းသားေတြပဲျဖစ္ပါတယ္၊ အခု မိမိနာမည္ေခၚသံၾကားတာနဲ႔ စင္ျမင့္ေပၚသို႔ ခ်က္ခ်င္းတက္လာေပးၾကဖို႔ ဖိတ္ေခၚပါတယ္ "

အႀကီးအကဲငါးမွ အေ႐ွ႕တြင္႐ွိေနေသာ ထိတ္လန္႔တုန္လႈပ္ေနၾကသည့္ ေက်ာင္းသားသစ္ကေလးမ်ားအား ၾကည့္ကာ ဆက္ေျကညာလိုက္သည္ ။

" ပထမ ယူေ႐ွာင္မို၊ ဒုတိယ ထံုယြယ္ရႊီ၊ တတိယ ဖန္ခ်ီယြင္း၊ စတုတၳ ခ်ိဳင္က်န္း၊ ပဥၥမ ခ်င္ခ်ိဳး "

မိမိတို႔အဆင့္မ်ားအလိုက္ နာမည္မ်ား အစဥ္လိုက္ေခၚဆိုျခင္းျဖစ္ေၾကာင္း ယူေ႐ွာင္မို သတိျပဳမိလိုက္သည္၊ ထို႔ေနာက္ ထံုယြယ္ရႊီမွ သူ႔ပခံုးအားပုတ္ကာ ျပံဳးျပလာသည္ ။

" သြားရေအာင္.. ဒီတစ္ခါ ငါတို႔အလွည့္ပဲ "


ယူေ႐ွာင္မိုလည္း စင္ျမင့္ေပၚသို႔တက္ကာ သူ၏ၿပိဳင္ဘက္႐ွိရာသို႔ ေလ်ွာက္သြားလိုက္သည္၊ ၎မွာ အျပံဳးခ်ိဳခ်ိဳ႐ွိေသာ ခပ္ငယ္ငယ္ေကာင္ေလးတစ္ဦးျဖစ္ၿပီး သေဘာေကာင္းပံုရ၏၊ သို႔ေသာ္ ၎၏အဆင့္မွာ ေလ်ာ့တြက္၍မရ၊ အဆင့္ခုနစ္ အဆင့္နိမ့္ျဖစ္ေလသည္ ။

" မင္းက ေက်ာင္းခြဲႏွစ္အရည္အခ်င္းစစ္ပြဲရဲ႕ ခ်န္ပီယံျကီးဆိုတာမ်ားလား? "

တစ္ဖက္လူငယ္မွ ရယ္သံစြက္ကာ ေမးလာသည္ ။


ယူေ႐ွာင္မိုလည္း ေခါင္းၿငိမ့္ျပလိုက္သည္ ။

" ကြၽန္ေတာ္ကယူေ႐ွာင္မိုပါ၊ ေကာင္းေကာင္းဂ႐ုစိုက္ေပးပါဦး "

တစ္ဖက္လူငယ္မွ ျပံဳးကာ ဆက္ေျပာသည္ ။

" နာမည္ႀကီးတဲ့ယူေ႐ွာင္မိုပဲ.. အျကီးအကဲသြမ့္ရဲ႕တပည့္လို႔ၾကားဖူးထားတယ္.. အႀကီးအကဲသြမ့္ကမင္းကိုအသံုးဝင္မယ့္လွည့္ကြက္ေလးေတြ အမ်ားႀကီးသင္ေပးလိုက္တယ္ ဟုတ္? အဲ့ဒါေတြနဲ႔ပဲ အရည္အခ်င္းစစ္ၿပိဳင္ပြဲမွာ အခုလို အဆင့္ေျခာက္အဆင့္နိမ့္နဲ႔ေတာင္ အႏိုင္ရလာတယ္ဆိုပါေတာ့.. "

ယူေ႐ွာင္မို အနည္းငယ္ ေတြေဝသြားသည္၊ တစ္ဖက္လူေျပာသည့္စကားမ်ားအား အနည္းငယ္ထူးဆန္းသည္ဟု ခံစားေနရေလသည္၊ သို႔တည္းမဟုတ္ သူ႔ဘက္ကပဲ အထေကာက္လြဲသည္လားေတာ့ မေျပာတတ္ေပ၊ ထို႔ေၾကာင့္ စိတ္အာရံုအား လက္႐ွိသို႔ ျပန္လည္စုစည္းလိုက္ကာ တည္ၿငိမ္စြာသာ တံု႔ျပန္လိုက္သည္ ။

" တကယ္သိခ်င္ရင္ ဘာလို႔ကိုယ္တိုင္လာမစမ္းၾကည့္လဲ? "

တစ္ဖက္လူငယ္၏အျပံဳးသည္ နည္းနည္းေလးမွ ဟန္မပ်က္သြားပါေပ ။

" ငါကလဲသိခ်င္ေနတာျကာပါၿပီ.. ငါတို႔ခ်န္ပီယံႀကီးက တိုက္ကြက္ဘယ္ႏွစ္ကြက္ေလာက္မ်ား ခုခံႏိုင္မလဲဆိုတာကိုေလ.. "

တစ္ဖက္လူငယ္၏စကားမ်ားမွာ အလြန္စိတ္႐ႈပ္စရာေကာင္းလြန္းသျဖင့္ ယူေ႐ွာင္မို ၎ပါးစပ္ပိတ္သြားပါေစရန္သာ ဆုေတာင္းေနမိသည္ ။

ထို႔ေနာက္ ၎တို႔ႏွစ္ေယာက္ တိုက္ခိုက္ရန္သင့္ေတာ္ေလာက္မည့္အကြာအေဝးသို႔ ေရႊ႔ေျပာင္းလိုက္ၾကသည္၊ ေစာေစာထသည့္ငွက္ အစာေကာင္းေကာင္း စားရတတ္သည္ဟူေသာ ဆို႐ိုးစကားရွိေပ၏၊ ထို႔ေၾကာင့္ ယူေ႐ွာင္မို တစ္ဖက္လူငယ္၏အင္အားကိုလည္း စမ္းသပ္သည့္အေနျဖင့္ ပဲ႕တင္သံလက္ညႇိဳးအကြက္ကိုသံုးကာ စတင္တိုက္ခိုက္လိုက္ေတာ့သည္ ။

ထိုအရာအားျမင္ေသာအခါ တစ္ဖက္လူငယ္မွ ယူေ႐ွာင္မို၏တိုက္ကြက္အား အကာအကြယ္တစ္ခုဆင့္ေခၚ၍ လြယ္ကူစြာ တားဆီးလိုက္ၿပီး ေလွာင္ရယ္ေလေတာ့သည္ ။

" မင္းအစြမ္းကဒါအကုန္ပဲလား? ၾကည့္ရတာ ခ်န္ပီယံျကီးဆိုေပမယ့္လည္း ဘာမွစိတ္ဝင္စားစရာမ႐ွိပါလားေနာ္.. အခု မင္းအလွည့္ၿပီးၿပီဆိုေတာ့ ငါ့အလွည့္ပဲေပါ့.. "

တစ္ဖက္လူငယ္သည္ အကာအကြယ္အား လက္တစ္ဖက္ေဝွ့ရမ္း၍ ပယ္ဖ်က္လိုက္ၿပီး အျခားလက္တံဆိပ္တစ္ခုအား လ်င္ျမန္စြာ စတင္ေဖာ္ေဆာင္ေလသည္၊ အားေကာင္းေသာ စြမ္းအင္လိႈင္းမ်ားသည္ ၎တံဆိပ္ထံမွ တလွိမ့္လွိမ့္ထြက္ေပၚလာျကၿပီး ယူေ႐ွာင္မို႔ထံသို႔ တန္းတန္းမတ္မတ္...


ပဲ့တင္သံလက္ညႇိဳးေလာက္ႏွင့္ တစ္ဖက္လူငယ္၏ ယခုတိုက္ကြက္အား မခုခံႏိုင္ေတာ့မွန္း ယူေ႐ွာင္မိုတြက္ဆမိသည္၊ ထို႔ေၾကာင့္ အကာအကြယ္တစ္ခု အလ်င္အျမန္ျပဳလုပ္လိုက္ရ၏၊ သို႔ေသာ္ မထင္မွတ္ထားေသာ ကိစၥရပ္တစ္ခု ျဖစ္ပြားခဲ့သည္၊ တစ္ဖက္လူငယ္၏ စြမ္းအားမ်ားမွ ထြက္ေပၚလာေသာ ဝိဥာဥ္က်ားသစ္သည္ ၎အကာအကြယ္အား ဝင္တိုက္လုနီးတြင္ ႏွစ္ခုကြဲသြားခဲ့ေလ၏၊ ထို႔ေနာက္ ခြဲထြက္သြားေသာ ဝိဥာဥ္ေတာေခြးသည္ အကာအကြယ္အား ေဘးဖက္မွေကြ႔ပတ္ကာ ယူေ႐ွာင္မိုဆီသို႔...

တစ္ဖက္လူငယ္မွ ယူေ႐ွာင္မို၏အျဖစ္အား ရယ္ေမာကာ ရပ္ၾကည့္ေနေလသည္ ။

" ညီေလးရယ္.. ဒါ မင္းေက်ာင္းခြဲႏွစ္မွာကစားခဲ့ဖူးတဲ့ ကေလးကလားဂိမ္းေတြနဲ႔ ဘယ္တူေတာ့မလဲ.. အနာဂတ္မွာ ကိုယ့္ေနရာေလးကိုယ္သိသြားေအာင္ မင္းကိုဒီေန႔ အ႐ွံုးရဲ႕အရသာေလး ျမည္းစမ္းခိုင္းရမွာေပါ့ "

တစ္ဖက္လူငယ္၏ သေရာ္စကားမ်ားအား ယူေ႐ွာင္မို ဂ႐ုမစိုက္အားပါေပ၊ သူ၏မ်က္ဝန္းအစံုသည္ သူ႔ထံေျပးဝင္လာေနေသာ ဝိဥာဥ္သားရဲႏွစ္ေကာင္အားၾကည့္ရင္းသာ ျပဴးက်ယ္ေနမိသည္၊ ဝိဥာဥ္ေတာေခြးမွ သူ႔အားတိုက္ခိုက္ရန္ နီးကပ္လာေနခ်ိန္တြင္ သူ၏ေျခေထာက္မ်ားသည္ ေလ၏အလ်င္ျဖင့္ေရြ႔လ်ားသြားၿပီး ေဘးသို႔ ေရႊ႕သြားခဲ့သည္၊ တစ္စကၠန္႔မ်ွသာ ၾကာေသာအခ်ိန္တြင္ ဝိဥာဥ္ေတာေခြးမွ အ႐ွိန္မထိန္းႏိုင္ပဲ ယူေ႐ွာင္မို အေစာကရပ္ေနခဲ့ေသာေနရာ႐ွိ ေျမျပင္သို႔ ဝင္တိုက္မိသြားေတာ့သည္ ။

သိပ္မေဝးေသာေနရာ၌ ထိုတိုက္မိသြားေသာေနရာအားၾကည့္ရင္း ယူေ႐ွာင္မို သက္ျပင္းခ်လိုက္မိသည္၊ ေ႐ွာင္ႏိုင္လိုက္၍သာေတာ္ေတာ့သည္ပင္၊ မဟုတ္လ်ွင္ ထိုေနရာတြင္ပင္ စင္ျမင့္ေပၚမွ တစ္ခါတည္း ကန္ခ်ခံရလိုက္ႏိုင္ေပ၏ ။

သူသည္ ႐ုတ္တရက္ သူ႔အား အျမန္ႏႈန္းတိုးတက္ေအာင္ ေလ့က်င့္ေပးခဲ့ပါေသာ လင္းေ႐ွာင္အား ဦးသံုးျကိမ္ခ် ကန္ေတာ့ခ်င္စိတ္ ေပါက္သြားရသည္၊ ႏွစ္ရက္တည္းသာ႐ွိေသးေသာ္လည္း ရလဒ္မွာ အလြန္သိသာသည္ေလ ။

သို႔ေသာ္ တစ္ဖက္လူငယ္၏ ဝိဥာဥ္သားရဲမ်ားသည္ က်ံဳးက်င္း႐ွန္၏ သားရဲမ်ားထက္ ပိုအားေကာင္းသျဖင့္ သူသာ သတိလက္လြတ္ျဖစ္သြားပါက အလြန္ အထိနာလိမ့္မည္ျဖစ္သည္ ။

ယူေ႐ွာင္မို တစ္ဖက္လူငယ္အား ေသေသခ်ာခ်ာအကဲခတ္ေနမိသည္၊ ၎အသံုးျပဳေသာ နည္းစနစ္သည္ မဆိုးေပ၊ ဝိဥာဥ္စြမ္းအားအား ႏွစ္မ်ိဳးခြဲ၍ တိုက္ခိုက္ျခင္းသည္ အသံုးဝင္ေသာ နည္းစနစ္တစ္ခုျဖစ္၏၊ သူသာ ၎နည္းစနစ္အား သင္ယူႏိုင္ပါက အနာဂတ္တြင္ အလြန္အက်ိဳး႐ွိမည္ျဖစ္သည္ ။

ယူေ႐ွာင္မို တစ္ဖက္လူငယ္ သူ႔အားမတိုက္ခိုက္ခင္ ျပဳလုပ္သြားေသာ လက္တံဆိပ္မ်ားအား ျပန္လည္စဥ္းစားၾကည့္ေနေသာ္လည္း မမွတ္မိေတာ့ပါေခ် ။



" က်စ္.. ဒင္းကေ႐ွာင္ႏိုင္သြားေသးတယ္! "

တစ္ဖက္လူငယ္မွ မ်က္မနပ္ျဖစ္ကာ ေရရြတ္ေလသည္ ။

" ဒါေပမယ့္ ေနာက္တစ္ခါဆို ဒီေလာက္လြယ္ေတာ့မွာမဟုတ္ဘူး! "

ထို႔ေနာက္ တစ္ဖက္လူငယ္မွ ေနာက္တစ္ႀကိမ္ ထပ္မံတိုက္ခိုက္လာျပန္သည္ ။

ဤတစ္ႀကိမ္တြင္ ယူေ႐ွာင္မို လက္နွစ္ဖက္အားေဝွ႔ယမ္းကာ သူ၏ေဘးပတ္ပတ္လည္၌ ဝိဥာဥ္အကာအကြယ္မ်ားစြာ ျပဳလုပ္ဝန္းရံေစလိုက္သည္၊ ထို႔ေနာက္ တန္ျပန္တိုက္ခိုက္ရန္ လက္တံဆိပ္တစ္ခုအား စတင္ေဖာ္ေဆာင္ေလေတာ့သည္ ။

တစ္ဖက္လူငယ္၏ ဝိဥာဥ္သားရဲႏွစ္ေကာင္မွ ယူေ႐ွာင္မို၏ အကာအကြယ္မ်ားအား အဆက္မျပတ္ ျပင္းျပင္းထန္ထန္ တိုက္ခိုက္ေနေသာေၾကာင့္ သိပ္မၾကာခင္တြင္ အကာအကြယ္မ်ား စတင္တုန္ခါလာေတာ့သည္၊ ယူေ႐ွာင္မိုမွာလည္း သူ၏ဝိဥာဥ္စြမ္းအားမ်ားအား ျဖန္႔ေဝသံုးစြဲေနရသျဖင့္ ၾကာၾကာမထိန္းထားႏိုင္ေပ၊ ထို႔ေၾကာင့္ အခ်ိန္ သံုးစကၠန္႔ခန္႔အၾကာတြင္ အကာအကြယ္၏ မ်က္ႏွာျပင္ေပၚ၌ အက္ေၾကာင္းတစ္ခု စတင္ေပၚေပါက္လာေတာ့သည္ ။

အက္ေၾကာင္းတစ္ခု စတင္ေပၚေပါက္လာသည္ႏွင့္ အျခားအက္ေၾကာင္းမ်ားလည္း ထြက္ေပၚလာကာ မၾကာမီပင္ အကာအကြယ္တစ္ခုလံုးအား ဝါးၿမိဳ၍ ၿပိဳက်သြားေလေတာ့၏၊ အကာအကြယ္မ်ားေနာက္၌ လက္တံဆိပ္ေဖာ္ေဆာင္ေနေသာ ယူေ႐ွာင္မိုသည္ အကာအကြယ္စည္း ၿပိဳမက်ခင္ ေဘးလြတ္ရာသို႔ ေ႐ွာင္လိုက္ႏိုင္ေပသည္ ။

ကံေကာင္းစြာပင္ သူ႔လက္အတြင္း႐ွိ တံဆိပ္စည္းမွာလည္း ေဖာ္ေဆာင္၍ ၿပီးေနေပၿပီ ။

ေရႊဝါေရာင္ဝိဥာဥ္စြမ္းအား အလံုးကေလးတစ္ခုသည္ သူ၏လက္ႏွစ္ဖက္ၾကား၌ လည္ပတ္ေနေပသည္၊ ၎စြမ္းအားအလံုးကေလးမွ ထြက္ေပၚလာေသာ ျပင္းထန္သည့္ အ႐ွိန္အဝါသည္ အနီး႐ွိလူအေပါင္းနွင့္ အထူးသျဖင့္ ၎အေ႐ွ႕မွ ၿပိဳင္ဘက္လူငယ္အား အလြန္အမင္း အံ့အားသင့္သြားေစေပ၏ ။

ယူေ႐ွာင္မို ၎အား ျပံဳးျပလိုက္သည္ ။

" စီနီယာအစ္ကိုႀကီး ကြၽန္ေတာ့္ရဲ႕ ေရႊေရာင္စုမဲ႐ုစည္းကိုလည္း ခံစားၾကည့္ပါဦး! "













#9.7.2021

စာလံုးေပါင္းအမွားေလးေတြေတြ႔ရင္ အားမနာပဲေထာက္ျပေပးၾကပါ႐ွင့္၊ ဒီကာလမွာ အခ်စ္တို႔အားလံုး က်န္းမာေရးကိုအထူးဂ႐ုျပဳၾကပါဦး❤

____________________





Unicode ver..

တန်းခွဲနှစ်မှချန်ပီယံကြီး၏တိုက်ပွဲ




ယူရှောင်မိုသည်လည်း တစ်ဖက်ပြိုင်ပွဲဝင်တို့၏ စိတ်ကြီးဝင်လျက်ရှိသော အမူအယာများအား ရိပ်မိသည်၊ ထိုလေးယောက်မှာ အတော်အသင့်သန်မာသည်ဟု ဆိုနိုင်သော်လည်း လင်းရှောင်အား ခေတ္တဖယ်ထားလိုက်လျှင် တန်းခွဲတစ်မှကျန်လေးယောက်သည်လည်း အင်အားချိနဲ့နေပုံမပေါ်ပေ၊ သို့သည့်တိုင် ၎င်းတို့ဘက်မှ အနိုင်ရမည်ဟု အဘယ်ကြောင့် သေချာနေရပါသနည်း ။

ယူရှောင်မို မနေနိုင်တော့ပဲ ထုံယွယ်ရွှီအား လှည့်မေးလိုက်မိသည်၊ ထုံယွယ်ရွှီလည်း ခေတ္တမျှ စဉ်းစားနေပြီး အဖြေတစ်ခု ပြန်ပေးလာသည် ။

" ငါ့အထင် ကျောင်းခွဲတစ်မှာအသုံးပြုတဲ့ တမူထူးခြားတဲ့ ကျင့်ကြံခြင်းနည်းလမ်းကြောင့်ဖြစ်မယ်ထင်တယ် "

ထိုစကားကြောင့် အနီး၌ အသာရပ်နားထောင်နေသော ဖန်ချီယွင်းသည်ပင် အံ့အားသင့်သွားရသည် ။

ယူရှောင်မိုသည် ၎င်းပြောသောအဖြေစကားအား ရှင်းရှင်းလင်းလင်း နားမလည်ပါချေ၊ ထို့ကြောင့် ထပ်မေးရပြန်သည် ။

" တမူထူးခြားတဲ့ ကျင့်ကြံခြင်းနည်းလမ်း? အဲဒါက ဘယ်လိုများထူးခြားတာလဲ "

" ဒါက ဒီလိုရှိတယ်.. တောထဲဝင်ပြီးအမဲလိုက်တာရယ် ပြိုင်ပွဲစင်မှာယှဉ်ပြိုင်ကြတာရယ်အပြင် ကျောင်းခွဲနှစ်ရဲ့ ထူးခြားတဲ့အချက်က နွေဦးရာသီ၊ နွေရာသီ၊ ဆောင်းဦးရာသီနဲ့ ဆောင်းရာသီဆိုတဲ့ ခြံဝန်းလေးခုမှာရှိတဲ့ စိတ်စွမ်းအင်တွေပဲ။ ဒါပေမယ့်ကျောင်းခွဲတစ်မှာကျ အဲ့လိုမျိုးတွေမရှိဘူးလေ။ အားလုံးက သာမန်အဆောင်တွေချည်းပဲ။ ဒါပေမယ့် ဒီမှာကကျ ကျင့်ကြံသူတွေအတွက်ရော မှော်ဆရာတွေအတွက်ပါ ကျင့်ကြံအားထုတ်ဖို့ သီးသန့်နေရာတစ်ခုရှိနေတယ်။ အဲဒီနေရာက ကျောင်းခွဲနှစ်ကလိုအဆောင်တွေထဲမှာ ကျင့်ကြံတာထက်ပိုသာတယ်ဆိုတော့ ငါ့အထင် မြေအောက်လိုင်းနဲ့တစ်ခုခု ဆက်စပ်မှု ရှိနေလိမ့်မယ်ထင်တယ်။ အသေးစိတ်ကိုတော့ တိတိကျကျမသိဘူး "

" အဆောင်တွေထက်တောင်ပိုသာတဲ့ ကျင့်ကြံအားထုတ်ဖို့နေရာမျိုး ရှိနေတယ်လား "

ထိုစကားကြောင့် ယူရှောင်မို ကျောင်းခွဲတစ်သို့ ဝင်ဖို့ရာ မစောင့်နိုင်တော့ပေ၊ သို့သော် ရုတ်တရက် ရှယ်ချို သူ့အားပြောပြခဲ့ဖူးသော ကိစ္စတစ်ခုအား သတိရလိုက်မိသည် ။

အဲ့ဒီကျင့်ကြံအားထုတ်တဲ့နေရာက တကယ်ပဲ မြေအောက် စွမ်းအင်ကြောနဲ့ ပတ်သက်နေတယ်ဆိုရင် အဲဒီမြေအောက်စွမ်းအင်ကြောကြီး ခမ်းခြောက်သွားတဲ့အချိန်ကျ အဲဒီနေရာကြီး မပျောက်ကွယ်သွားနိုင်ဘူးလား ..

ထုံယွယ်ရွှီမှ ဆက်ရှင်းပြသည် ။

" အဲ့ဒီနေရာမှာ ကျင့်ကြံအားထုတ်ပြီး အဆင့်တွေတက်လာတဲ့အခါ စီနီယာ ကျောင်းသားတွေလည်း သူတို့ကိုယ်သူတို့ ယုံကြည်မှုပိုရှိလာပုံပါပဲ "

ဘာစကားမှပြန်မဆိုပဲ ယူရှောင်မို လင်းရှောင်ကိုသာ လှမ်းကြည့်လိုက်မိသည်၊ ၎င်းသည် စင်မြင့်ပေါ်သို့ ရောက်ရှိနေပြီဖြစ်ပြီး အနက်ရောင်ဝတ်ထားကာ တောင့်တင်းသောကိုယ်လုံးကိုယ်ဟန်ရှိသည့် ပြိုင်ဘက်တစ်ဦးနှင့်ပင် မျက်နှာချင်းဆိုင် ရပ်နေလေပြီ၊ လင်းရှောင်၏အရပ်သည် တစ်ရာ့ကိုးဆယ်စင်တီရှိသော်လည်း ယခု တစ်ဖက်လူထွားကြီးနှင့်ယှဉ်လိုက်သောအခါ ခေါင်းတစ်လုံးခန့်ပင် နိမ့်နေသေးတော့၏ ။

ထိုအချိန်၌ အကြီးအကဲထန်းဟု အမည်ရသော အဖိုးအိုတစ်ယောက်သည် အကြီးအကဲငါးအား တစ်စုံတစ်ရာ ကပ်မေးလျက်ရှိပေသည် ။

" အကြီးအကဲငါး.. ဟောဟိုကလင်းရှောင်ဆိုတာ ကျောင်းခွဲနှစ်အရည်အချင်းစစ်ပွဲတုန်းက အနိုင်ရရှိခဲ့တဲ့ကျောင်းသားဆိုတာလားဗျ "

အကြီးအကဲငါးမှ ခေါင်းငြိမ့်ကာ တုံ့ပြန်သည် ။

" ဟုတ်မှန်ပါပေတယ်.. အကြီးအကဲရော အဲ့ဒီကျောင်းသားအနေနဲ့ ယွီဝိန်ကိုအနိုင်ယူနိုင်မယ်လို့ ထင်ပါသလား "

အကြီးအကဲထန်း လင်းရှောင်အား လှမ်းအကဲခတ်လိုက်သည်၊ အရည်အချင်းစစ်ပွဲ၌ ပထမရခဲ့ပုံအရ အနှီကျောင်းသားသည် တစ်ဦးချင်းတိုက်ပွဲနှင့် ပတ်ပတ်လည်တိုက်ပွဲတို့၌ အတော်ကောင်းကောင်း စွမ်းဆောင်နိုင်ခဲ့ဟန်တူသည်၊ သို့သော် ၎င်း၏လက်ရှိအဆင့်မှာ ကြယ်အဆင့်ကြယ်ငါးလုံးသာရှိသေးသဖြင့် အာကာသအဆင့်ကြယ်တစ်လုံးရှိသော ယွီဝိန်နှင့်ယှဉ်ပြိုင်ရန်တော့ မလုံလောက်ဟုသာ သတ်မှတ်ရမည်ဖြစ်သည် ။

" အခုရပ်နေတဲ့ကျောင်းသားအားလုံးထဲမှာ ယွီဝိန်ကအသန်မာဆုံးပါ၊ လက်ရှိမှာ အဆင့်တစ်ရာထဲမဝင်နိုင်သေးပေမယ့် သူ့ရဲ့လက်ရှိအင်အားဟာ အဆင့်တစ်ရာကျောင်းသားနဲ့ မတိမ်းမယိမ်းပါပဲ၊ ဒါ့အပြင် လင်းရှောင်ဆိုတဲ့ကျောင်းသားဟာ တောက်ရှင်းကိုဝင်ရောက်လာခဲ့တာ တစ်နှစ်တောင်မရှိသေးတာမို့ ကျွန်တော်အမှန်အတိုင်းပြောရရင် သူ့အနေနဲ့ ယွီဝိန်ကိုအနိုင်ယူနိုင်လိမ့်မယ်လို့ မထင်မိပါဘူး "

ထိုစကားအားနားထောင်ပြီးနောက် အကြီးအကဲငါးမှ မုတ်ဆိတ်မွေးအား ပွတ်သပ်ကာ အဓိပ္ပါယ်တစ်မျိုးပါသော အပြုံးတစ်ခုကို ပြုလုပ်လိုက်လေသည် ။

ထိုအပြုအမူအားမြင်သောအခါ အကြီးအကဲထန်းမှ မယုံသကာၤဖြင့် မေးလာတော့၏ ။

" အကြီးအကဲငါးက အဲဒီကျောင်းသား ယွီဝိန်ကိုအနိုင်ယူလိမ့်မယ်လို့ ထင်တယ်လား "

အကြီးအကဲငါးမှ ကျောက်ဖျာထက်သို့ငေးရင်း အေးအေးဆေးဆေး ပြန်ဖြေသည် ။

" အကြီးအကဲတွေ့ပါလိမ့်မယ်.. အဲဒီကျောင်းသားဆီမှာ ပကတိမျက်စိနဲ့ မြင်နိုင်တာထက် ပိုတဲ့အရည်အချင်းတွေ အများကြီးရှိနေတယ် "

အကြီးအကဲထန်းလည်း အကြီးအကဲငါး၏ ဦးတည်ရာအတိုင်း စင်မြင့်ပေါ်သို့ လိုက်ကြည့်လိုက်သောအခါ ယွီဝိန်တစ်ယောက် စင်မြင့်ပေါ်မှ လွင့်ကျသွားသည်ကို တစ်စွန်းတစ်စသာ လှမ်းမြင်လိုက်ရလေ၏၊ ထိုအခါ သူ၏ မျက်လုံးများ ဟန်ပင်မဆောင်နိုင်ပဲ ပြူးကျယ်ကုန်ကြတော့သည်၊ ယွီဝိန်က ဒီလောက်အချိန်တိုလေးအတွင်းမှာပဲ ရှုံးသွားတယ်လား ။

" ကျုပ်ပြောဖို့မေ့တော့မလို့ပဲ.. ပြီးခဲ့တဲ့ ပတ်ပတ်လည်တိုက်ပွဲတုန်းက အဲ့ဒီကျောင်းသားက တစ်ပြိုင်တည်း လူဆယ်ယောက်ကျော်ကိုယှဉ်ချပြီး ခြစ်ရာတစ်ခုတောင်မရှိပဲထွက်လာနိုင်ခဲ့တာရယ်.. နောက်ပြီး အဲ့အထဲမှာ သူ့ထက်အဆင့်မြင့်တဲ့လူ နှစ်ယောက်တောင်ပါနေသေးတယ် "

အကြီးအကဲထန်းသည် လင်းရှောင် စင်ပေါ်မှဆင်းလာသည်အား ရပ်ငေးကြည့်နေမိသည်၊ ထိုကျောင်းသားသည် သူ၏အဆင့်မှန်အား ဖုံးကွယ်ထားသဖြင့် သူခန့်မှန်းလို့ မရခဲ့ခြင်းဖြစ်နိုင်သည်၊ ယွီဝိန်အား ဤမျှ လွယ်လွယ်ကူကူအနိုင်ယူခဲ့သည်ကို ကြည့်ခြင်းအားဖြင့် ၎င်း၏အဆင့်သည် ယွီဝိန်ထက် များစွာ သာနေနိုင်ပေသည်၊ အနှီကျောင်းသားသာ ကျောင်းခွဲတစ်သို့ တရားဝင်ရောက်ရှိပြီးပါက ထိပ်ဆုံးအယောက်တစ်ရာထဲသို့ ဝင်နိုင်ဖို့ရာလည်း အလားအလာများစွာ ရှိနေသည် ။

ထို့ကြောင့် တန်းခွဲတစ်မှကျောင်းသားသစ်တို့ ယှဉ်ပြိုင်ရာတွင် အနိုင်ရရှိသူမှာ လင်းရှောင်တစ်ဦးတည်းသာရှိပြီး သူသာလျှင် ပြိုင်ဘက်အား စင်ပေါ်မှကန်ချနိုင်ခဲ့သည့် တစ်ဦးတည်းသောသူဖြစ်သည်၊ ယောင်ရွှမ်းမှာမူ ငါးကွက်မြောက်တိုက်ကွက်အရောက်၌ စင်မြင့်အစွန်းသို့နင်းမိပြီး ခြေတစ်ဖက်မချော်ကျခဲ့ပါက ဒုတိယမြောက်အနိုင်ရရှိသူ ဖြစ်ခဲ့လိမ့်မည်ဖြစ်သည် ။




" နောက်ထပ်အလှည့်ကျတာကတော့ တန်းခွဲနှစ်ကကျောင်းသားတွေပဲဖြစ်ပါတယ်၊ အခု မိမိနာမည်ခေါ်သံကြားတာနဲ့ စင်မြင့်ပေါ်သို့ ချက်ချင်းတက်လာပေးကြဖို့ ဖိတ်ခေါ်ပါတယ် "

အကြီးအကဲငါးမှ အရှေ့တွင်ရှိနေသော ထိတ်လန့်တုန်လှုပ်နေကြသည့် ကျောင်းသားသစ်ကလေးများအား ကြည့်ကာ ဆက်ကြေညာလိုက်သည် ။

" ပထမ ယူရှောင်မို၊ ဒုတိယ ထုံယွယ်ရွှီ၊ တတိယ ဖန်ချီယွင်း၊ စတုတၳ ချိုင်ကျန်း၊ ပဉ္စမ ချင်ချိုး "

မိမိတို့အဆင့်များအလိုက် နာမည်များ အစဉ်လိုက်ခေါ်ဆိုခြင်းဖြစ်ကြောင်း ယူရှောင်မို သတိပြုမိလိုက်သည်၊ ထို့နောက် ထုံယွယ်ရွှီမှ သူ့ပခုံးအားပုတ်ကာ ပြုံးပြလာသည် ။

" သွားရအောင်.. ဒီတစ်ခါ ငါတို့အလှည့်ပဲ "


ယူရှောင်မိုလည်း စင်မြင့်ပေါ်သို့တက်ကာ သူ၏ပြိုင်ဘက်ရှိရာသို့ လျှောက်သွားလိုက်သည်၊ ၎င်းမှာ အပြုံးချိုချိုရှိသော ခပ်ငယ်ငယ်ကောင်လေးတစ်ဦးဖြစ်ပြီး သဘောကောင်းပုံရ၏၊ သို့သော် ၎င်း၏အဆင့်မှာ လျော့တွက်၍မရ၊ အဆင့်ခုနစ် အဆင့်နိမ့်ဖြစ်လေသည် ။

" မင်းက ကျောင်းခွဲနှစ်အရည်အချင်းစစ်ပွဲရဲ့ ချန်ပီယံကြီးဆိုတာများလား? "

တစ်ဖက်လူငယ်မှ ရယ်သံစွက်ကာ မေးလာသည် ။


ယူရှောင်မိုလည်း ခေါင်းငြိမ့်ပြလိုက်သည် ။

" ကျွန်တော်ကယူရှောင်မိုပါ၊ ကောင်းကောင်းဂရုစိုက်ပေးပါဦး "

တစ်ဖက်လူငယ်မှ ပြုံးကာ ဆက်ပြောသည် ။

" နာမည်ကြီးတဲ့ယူရှောင်မိုပဲ.. အကြီးအကဲသွမ့်ရဲ့တပည့်လို့ကြားဖူးထားတယ်.. အကြီးအကဲသွမ့်ကမင်းကိုအသုံးဝင်မယ့်လှည့်ကွက်လေးတွေ အများကြီးသင်ပေးလိုက်တယ် ဟုတ်? အဲ့ဒါတွေနဲ့ပဲ အရည်အချင်းစစ်ပြိုင်ပွဲမှာ အခုလို အဆင့်ခြောက်အဆင့်နိမ့်နဲ့တောင် အနိုင်ရလာတယ်ဆိုပါတော့.. "

ယူရှောင်မို အနည်းငယ် တွေဝေသွားသည်၊ တစ်ဖက်လူပြောသည့်စကားများအား အနည်းငယ်ထူးဆန်းသည်ဟု ခံစားနေရလေသည်၊ သို့တည်းမဟုတ် သူ့ဘက်ကပဲ အထကောက်လွဲသည်လားတော့ မပြောတတ်ပေ၊ ထို့ကြောင့် စိတ်အာရုံအား လက်ရှိသို့ ပြန်လည်စုစည်းလိုက်ကာ တည်ငြိမ်စွာသာ တုံ့ပြန်လိုက်သည် ။

" တကယ်သိချင်ရင် ဘာလို့ကိုယ်တိုင်လာမစမ်းကြည့်လဲ? "

တစ်ဖက်လူငယ်၏အပြုံးသည် နည်းနည်းလေးမှ ဟန်မပျက်သွားပါပေ ။

" ငါကလဲသိချင်နေတာကြာပါပြီ.. ငါတို့ချန်ပီယံကြီးက တိုက်ကွက်ဘယ်နှစ်ကွက်လောက်များ ခုခံနိုင်မလဲဆိုတာကိုလေ.. "

တစ်ဖက်လူငယ်၏စကားများမှာ အလွန်စိတ်ရှုပ်စရာကောင်းလွန်းသဖြင့် ယူရှောင်မို ၎င်းပါးစပ်ပိတ်သွားပါစေရန်သာ ဆုတောင်းနေမိသည် ။

ထို့နောက် ၎င်းတို့နှစ်ယောက် တိုက်ခိုက်ရန်သင့်တော်လောက်မည့်အကွာအဝေးသို့ ရွှေ့ပြောင်းလိုက်ကြသည်၊ စောစောထသည့်ငှက် အစာကောင်းကောင်း စားရတတ်သည်ဟူသော ဆိုရိုးစကားရှိပေ၏၊ ထို့ကြောင့် ယူရှောင်မို တစ်ဖက်လူငယ်၏အင်အားကိုလည်း စမ်းသပ်သည့်အနေဖြင့် ပဲ့တင်သံလက်ညှိုးအကွက်ကိုသုံးကာ စတင်တိုက်ခိုက်လိုက်တော့သည် ။

ထိုအရာအားမြင်သောအခါ တစ်ဖက်လူငယ်မှ ယူရှောင်မို၏တိုက်ကွက်အား အကာအကွယ်တစ်ခုဆင့်ခေါ်၍ လွယ်ကူစွာ တားဆီးလိုက်ပြီး လှောင်ရယ်လေတော့သည် ။

" မင်းအစွမ်းကဒါအကုန်ပဲလား? ကြည့်ရတာ ချန်ပီယံကြီးဆိုပေမယ့်လည်း ဘာမှစိတ်ဝင်စားစရာမရှိပါလားနော်.. အခု မင်းအလှည့်ပြီးပြီဆိုတော့ ငါ့အလှည့်ပဲပေါ့.. "

တစ်ဖက်လူငယ်သည် အကာအကွယ်အား လက်တစ်ဖက်ဝှေ့ရမ်း၍ ပယ်ဖျက်လိုက်ပြီး အခြားလက်တံဆိပ်တစ်ခုအား လျင်မြန်စွာ စတင်ဖော်ဆောင်လေသည်၊ အားကောင်းသော စွမ်းအင်လှိုင်းများသည် ၎င်းတံဆိပ်ထံမှ တလှိမ့်လှိမ့်ထွက်ပေါ်လာကြပြီး ယူရှောင်မို့ထံသို့ တန်းတန်းမတ်မတ်...


ပဲ့တင်သံလက်ညှိုးလောက်နှင့် တစ်ဖက်လူငယ်၏ ယခုတိုက်ကွက်အား မခုခံနိုင်တော့မှန်း ယူရှောင်မိုတွက်ဆမိသည်၊ ထို့ကြောင့် အကာအကွယ်တစ်ခု အလျင်အမြန်ပြုလုပ်လိုက်ရ၏၊ သို့သော် မထင်မှတ်ထားသော ကိစ္စရပ်တစ်ခု ဖြစ်ပွားခဲ့သည်၊ တစ်ဖက်လူငယ်၏ စွမ်းအားများမှ ထွက်ပေါ်လာသော ဝိဉာဉ်ကျားသစ်သည် ၎င်းအကာအကွယ်အား ဝင်တိုက်လုနီးတွင် နှစ်ခုကွဲသွားခဲ့လေ၏၊ ထို့နောက် ခွဲထွက်သွားသော ဝိဉာဉ်တောခွေးသည် အကာအကွယ်အား ဘေးဖက်မှကွေ့ပတ်ကာ ယူရှောင်မိုဆီသို့...

တစ်ဖက်လူငယ်မှ ယူရှောင်မို၏အဖြစ်အား ရယ်မောကာ ရပ်ကြည့်နေလေသည် ။

" ညီလေးရယ်.. ဒါ မင်းကျောင်းခွဲနှစ်မှာကစားခဲ့ဖူးတဲ့ ကလေးကလားဂိမ်းတွေနဲ့ ဘယ်တူတော့မလဲ.. အနာဂတ်မှာ ကိုယ့်နေရာလေးကိုယ်သိသွားအောင် မင်းကိုဒီနေ့ အရှုံးရဲ့အရသာလေး မြည်းစမ်းခိုင်းရမှာပေါ့ "

တစ်ဖက်လူငယ်၏ သရော်စကားများအား ယူရှောင်မို ဂရုမစိုက်အားပါပေ၊ သူ၏မျက်ဝန်းအစုံသည် သူ့ထံပြေးဝင်လာနေသော ဝိဉာဉ်သားရဲနှစ်ကောင်အားကြည့်ရင်းသာ ပြူးကျယ်နေမိသည်၊ ဝိဉာဉ်တောခွေးမှ သူ့အားတိုက်ခိုက်ရန် နီးကပ်လာနေချိန်တွင် သူ၏ခြေထောက်များသည် လေ၏အလျင်ဖြင့်ရွေ့လျားသွားပြီး ဘေးသို့ ရွှေ့သွားခဲ့သည်၊ တစ်စက္ကန့်မျှသာ ကြာသောအချိန်တွင် ဝိဉာဉ်တောခွေးမှ အရှိန်မထိန်းနိုင်ပဲ ယူရှောင်မို အစောကရပ်နေခဲ့သောနေရာရှိ မြေပြင်သို့ ဝင်တိုက်မိသွားတော့သည် ။

သိပ်မဝေးသောနေရာ၌ ထိုတိုက်မိသွားသောနေရာအားကြည့်ရင်း ယူရှောင်မို သက်ပြင်းချလိုက်မိသည်၊ ရှောင်နိုင်လိုက်၍သာတော်တော့သည်ပင်၊ မဟုတ်လျှင် ထိုနေရာတွင်ပင် စင်မြင့်ပေါ်မှ တစ်ခါတည်း ကန်ချခံရလိုက်နိုင်ပေ၏ ။

သူသည် ရုတ်တရက် သူ့အား အမြန်နှုန်းတိုးတက်အောင် လေ့ကျင့်ပေးခဲ့ပါသော လင်းရှောင်အား ဦးသုံးကြိမ်ချ ကန်တော့ချင်စိတ် ပေါက်သွားရသည်၊ နှစ်ရက်တည်းသာရှိသေးသော်လည်း ရလဒ်မှာ အလွန်သိသာသည်လေ ။

သို့သော် တစ်ဖက်လူငယ်၏ ဝိဉာဉ်သားရဲများသည် ကျုံးကျင်းရှန်၏ သားရဲများထက် ပိုအားကောင်းသဖြင့် သူသာ သတိလက်လွတ်ဖြစ်သွားပါက အလွန် အထိနာလိမ့်မည်ဖြစ်သည် ။

ယူရှောင်မို တစ်ဖက်လူငယ်အား သေသေချာချာအကဲခတ်နေမိသည်၊ ၎င်းအသုံးပြုသော နည်းစနစ်သည် မဆိုးပေ၊ ဝိဉာဉ်စွမ်းအားအား နှစ်မျိုးခွဲ၍ တိုက်ခိုက်ခြင်းသည် အသုံးဝင်သော နည်းစနစ်တစ်ခုဖြစ်၏၊ သူသာ ၎င်းနည်းစနစ်အား သင်ယူနိုင်ပါက အနာဂတ်တွင် အလွန်အကျိုးရှိမည်ဖြစ်သည် ။

ယူရှောင်မို တစ်ဖက်လူငယ် သူ့အားမတိုက်ခိုက်ခင် ပြုလုပ်သွားသော လက်တံဆိပ်များအား ပြန်လည်စဉ်းစားကြည့်နေသော်လည်း မမှတ်မိတော့ပါချေ ။



" ကျစ်.. ဒင်းကရှောင်နိုင်သွားသေးတယ်! "

တစ်ဖက်လူငယ်မှ မျက်မနပ်ဖြစ်ကာ ရေရွတ်လေသည် ။

" ဒါပေမယ့် နောက်တစ်ခါဆို ဒီလောက်လွယ်တော့မှာမဟုတ်ဘူး! "

ထို့နောက် တစ်ဖက်လူငယ်မှ နောက်တစ်ကြိမ် ထပ်မံတိုက်ခိုက်လာပြန်သည် ။

ဤတစ်ကြိမ်တွင် ယူရှောင်မို လက်နှစ်ဖက်အားဝှေ့ယမ်းကာ သူ၏ဘေးပတ်ပတ်လည်၌ ဝိဉာဉ်အကာအကွယ်များစွာ ပြုလုပ်ဝန်းရံစေလိုက်သည်၊ ထို့နောက် တန်ပြန်တိုက်ခိုက်ရန် လက်တံဆိပ်တစ်ခုအား စတင်ဖော်ဆောင်လေတော့သည် ။

တစ်ဖက်လူငယ်၏ ဝိဉာဉ်သားရဲနှစ်ကောင်မှ ယူရှောင်မို၏ အကာအကွယ်များအား အဆက်မပြတ် ပြင်းပြင်းထန်ထန် တိုက်ခိုက်နေသောကြောင့် သိပ်မကြာခင်တွင် အကာအကွယ်များ စတင်တုန်ခါလာတော့သည်၊ ယူရှောင်မိုမှာလည်း သူ၏ဝိဉာဉ်စွမ်းအားများအား ဖြန့်ဝေသုံးစွဲနေရသဖြင့် ကြာကြာမထိန်းထားနိုင်ပေ၊ ထို့ကြောင့် အချိန် သုံးစက္ကန့်ခန့်အကြာတွင် အကာအကွယ်၏ မျက်နှာပြင်ပေါ်၌ အက်ကြောင်းတစ်ခု စတင်ပေါ်ပေါက်လာတော့သည် ။

အက်ကြောင်းတစ်ခု စတင်ပေါ်ပေါက်လာသည်နှင့် အခြားအက်ကြောင်းများလည်း ထွက်ပေါ်လာကာ မကြာမီပင် အကာအကွယ်တစ်ခုလုံးအား ဝါးမြို၍ ပြိုကျသွားလေတော့၏၊ အကာအကွယ်များနောက်၌ လက်တံဆိပ်ဖော်ဆောင်နေသော ယူရှောင်မိုသည် အကာအကွယ်စည်း ပြိုမကျခင် ဘေးလွတ်ရာသို့ ရှောင်လိုက်နိုင်ပေသည် ။

ကံကောင်းစွာပင် သူ့လက်အတွင်းရှိ တံဆိပ်စည်းမှာလည်း ဖော်ဆောင်၍ ပြီးနေပေပြီ ။

ရွှေဝါရောင်ဝိဉာဉ်စွမ်းအား အလုံးကလေးတစ်ခုသည် သူ၏လက်နှစ်ဖက်ကြား၌ လည်ပတ်နေပေသည်၊ ၎င်းစွမ်းအားအလုံးကလေးမှ ထွက်ပေါ်လာသော ပြင်းထန်သည့် အရှိန်အဝါသည် အနီးရှိလူအပေါင်းနှင့် အထူးသဖြင့် ၎င်းအရှေ့မှ ပြိုင်ဘက်လူငယ်အား အလွန်အမင်း အံ့အားသင့်သွားစေပေ၏ ။

ယူရှောင်မို ၎င်းအား ပြုံးပြလိုက်သည် ။

" စီနီယာအစ်ကိုကြီး ကျွန်တော့်ရဲ့ ရွှေရောင်စုမဲရုစည်းကိုလည်း ခံစားကြည့်ပါဦး! "













#9.7.2021

စာလုံးပေါင်းအမှားလေးတွေတွေ့ရင် အားမနာပဲထောက်ပြပေးကြပါရှင့်၊ ဒီကာလမှာ အချစ်တို့အားလုံး ကျန်းမာရေးကိုအထူးဂရုပြုကြပါဦး❤






Continue Reading

You'll Also Like

622K 70K 90
ကူးပြောင်းပြီးတော့ ရှေးခေတ် ကိုယ်ထဲ ရောက်သွားတဲ့ ဟာလေးပါ။ သူ့ဘဲကြီး က လွတ်ချစ်တာပါ။ သဝန်လည်းတိုပါတယ်။ ကဲ အပိုင်း ၆၀ ကျော်ပေမယ့် စာလုံးရေ က တစ်ပိုင်း...
1.1M 129K 178
Description မရေးတော့ဘူနော်။ရေးရင် တင်မရတော့လို့။ IQ team ထံမှ တစ်ဆင့်ပြန်တင်ပြီးဖော်ပြဖို့ ခွင့်ပြုချက်ရပြီးသားပါရှင့်။ဒီစာစဥ်လေးက IQ team အပိုင်ဖြစ်...
653K 88.2K 159
Unicode + Zawgyi ကိုယ်တိုင်ဖတ်ချင်မိတဲ့အတွက် ဘာသာပြန်ခြင်း ဖြစ်ပါတယ် ပျော်စရာကောင်းသော နေ့ရက်လေးများ ပိုင်ဆိုင်ကြပါစေ
246K 20.8K 54
What's going on with savage male empress Ru Ru from heaven ? MAHARVERSE SEASON 2|| START DATE - June 26 2023 END DATE - May 9 2024