When You Find Lost Love Again

By Htet-Bo

138K 10.9K 2.9K

3.6.2021 - 11.5.2022 More

Character (1)
Character (2)
Part - 1
Part - 2
Part - 3
Part - 4
Part - 5
Part - 6
Character (3)
Part - 7
Part - 8
Part - 10
Part - 11
Part - 12
Part - 13
Part - 14
Part - 15
Part - 16
Part - 17
Part - 18
Part - 19
Part - 20
Part - 21
Part - 22
Part - 23
Part - 24
Part - 25
Part - 26
Part - 27
Part - 28
Part - 29
Part - 30
Part - 31
Part - 32
Part - 33
Part - 34
Part - 35
Part - 36
Part - 37
Part - 38
Part - 39
Part - 40
Part - 41
Part - 42
Final (UNI)
Final ( ZGI)
Character - 4

Part - 9

1.9K 225 20
By Htet-Bo

ရှပ်အင်္ကျီ အဖြူလွှလွှကို သွယ်လျလျခန္ဓာကိုယ်ပေါ်  အကျအန ဝတ်ဆင်လိုက်ပြီး အင်္ကျီလက်ကို တံတောင်ဆစ်ထိ ​သေသပ်စွာ ခေါက်တင်လိုက်သည်။
တခြားသော ယောကျာ်းသားတွေလို ဗလကြီးတွေ မရှိပေမယ့် လက်သွယ်သွယ်လေးပေါ်က သွေးကြောမျှင်မျှင်လေးတွေက စွဲဆောင်မှုအပြည့်နဲ့ ကြည့်လို့ကောင်းနေသည်။

ကြယ်သီးတစ်လုံးကို ဖြုတ်လိုက်တော့ တစွန်းတစပေါ်လာတဲ့ ရင်ဘတ်ဖွေးဖွေးလေးရယ် ကွက်ကွက်ကွင်းကွင်းပေါ်လာတဲ့ လည်တိုင်ကျော့ကျော့ပေါ်က ချစ်ရသူပေးထားတဲ့ အချစ်ရဲ့ သင်္ကေတလေးရယ်။ ထိုအမှတ်အသားလေးကို လက်နဲ့ဖွဖွထိတွေ့လိုက်ပြီး ရန်း ပြုံးမိသည်။ အရင်က ဒီလိုအမှတ်တွေပေးတာကို ရန်း မကြိုက်ဘူး။ လူအများနဲ့ ဆက်ဆံနေရတာကြောင့် ထိုသူစိမ်းလူတွေ တစ်မျိုးမြင်သွားမှာကို ရန်း စိုးရိမ်သည်။ ဝန်းက အကြင်နာတိုးလို့ မနေနိုင်စွာ ဖန်တီးပေးလိုက်တဲ့ အခါတိုင်း ဘယ်လောက်ပူအိုက်နေပါစေ လည်ပိတ်ပါတဲ့ အင်္ကျီ ကိုသာ ဝတ်ပြီး ဖုံးဖိထားခဲ့သည်။

အခုတော့ မဟုတ်တော့။ ပိုင်ရှင်ရှိကြောင်း ဖွင့်ဟထားသလို ချစ်သော​လေးက တံဆိပ်ခတ်ထားတာကိုလည်း မဖုံးဖိချင်တော့။ ဘယ်သူတွေ ဘယ်လိုမြင်ပါစေ ဒါကို ရန်း မရှက်ချင်တော့ဘူး။ ဖြစ်နိုင်မယ်ဆို အခုနေ ရန်းချစ်သူက ဘယ်သူလဲ လို့မေးလာတဲ့အခါ ဝန်း ပါလို့ ချက်ချင်းခေါင်းမော့ပြီး ဖြေလိုက်မိမှာ။

ရန်း ရဲ့ အလုပ်နေရာက ကိုယ့်အိမ်မှာပဲ ဖြစ်သလို အပင်လေးတွေကိုလည်း သယ်ရပြုရ နဲ့ ဂရုစိုက်ပေးနေရတာမို့ Slipper ကိုသာ စီးတာကြောင့် ခြေချောင်းသွယ်သွယ်လေးတွေ ထိပ်က ခြေသည်းခွံ ကြည်ကြည်လေးတွေ မြင်နေရသည်။ ခါးစည်းအမဲရောင်ကို ခါးမှာ ချည်လိုက်ပြီး ဆိုင်ဖွင့်ဖို့ရန် ဆိုင်းပြင်လိုက်သည်။

ရာသီဥတုက မနေ့ကသူမဟုတ်တဲ့အတိုင်း ဒီနေ့မှာတော့ ရန်း စိတ်နဲ့ ထပ်တူကျကာ ကြည်လင်လို့။ပုံသဏ္ဍန်အမျိုးမျိုးနဲ့ တိမ်စိုင်တွေက သိပ်လှနေတာကြောင့် ဖမ်းဆုပ်ချင်တဲ့စိတ်တို့က တဖွားဖွား။ ဖမ်းဆုပ်ခွင့်ရှိရင်တောင် ဖမ်းဆုပ်လို့မရတဲ့ အရာမလို့ မြင်ခွင့်ရ​နေတာကိုပဲ ကျေနပ်ရတော့မယ်။

ဆိုင်ပတ်လည်ကာရံထားသော မှန်ချပ်တွေကို သန့်ရှင်းဖို့ရာ အဝတ်စအဖြူထည်လေးကိုရေစွတ်ကာ ညစ်လိုက်သည်။ သန့်ရှင်းရေးလုပ်တဲ့အချိန်မှာ မပါမဖြစ်က ဂီတသံစဥ်။ သီချင်းနားထောင်ပြီး အလုပ်လုပ်ရင် သိပ်မပင်ပန်းသလို ခနလေးနဲ့ ပြီးသွားသလို ခံစားရတာကြောင့် သန့်ရှင်းရေးလုပ်တိုင်း သီချင်းလေးကို ဖွင့်ကာ သံစဥ်တွေနဲ့အတူ စီးမြောလိုက်ရမှ။

Jimmie Davis သီဆို​​ဖော်ကျူးထားတဲ့ "You are my sunshine" သီချင်းကို
ဖွင့်လိုက်သည်။ 1940 လောက်က version ဖြစ်တာကြောင့် တစ်မျိုးဆန်းသစ်နေသည်။
ရန်း က အရင်ခေတ်က သီချင်းတွေကို သဘောကျတယ်။ မြန်မာသီချင်းတွေ နားထောင်ရင်လည်း ဖေဖေတို့ခေတ်က သီချင်းတွေကိုသာ နားထောင်ဖြစ်သည်။ ခင်မောင်တိုး၊ထူးအိမ်သင်၊စိုင်းထီးဆိုင် စတဲ့ အနုပညာရှင်ကြီးတွေကတော့ ရန်း သိပ်သဘောကျရတဲ့ အနုပညာရှင်တွေ။ ဝန်းကတော့ ရန်းနားထောင်ရင် လိုက်နားထောင်ပြီး သူ့ကိုချော့သိပ်နေတဲ့အလား ရောက်ရာနေရာမှာ အိပ်ပျော်သွားတတ်လို့ တော်ရုံတန်ရုံ ဝန်း နဲ့အတူ သီချင်း နားမထောင်ဖြစ်။ဝန်း က နိုင်ငံခြားသီချင်းတွေ နားထောင်တာများတယ်။

...The other night dear,
...as I lay sleeping...💤
...I dreamed I held you
   in my arms...
...But when I awoke,dear,
...I was mistaken
...So I hung my head and I cried

...You are my sunshine 🌞
...My only sunshine 🌞
...You make me happy
...When skies are gray ☁
...You'll never know dear
...How much I love you ❤
...Please don't take my sunshine away ✨

သီချင်းလေးနောက် တိုးဖွဖွနဲ့ ရန်း လိုက်ညီးမိသည်။ အမှန်အတိုင်းပြောရရင် အင်္ဂလိပ် သီချင်းတွေထဲမှာ ဒီတစ်ပုဒ်ပဲ ရန်း ကောင်းကောင်း ရသည်။ ဒီသီချင်းကို လူတွေက အဓိပ္ပါယ်အမျိုးမျိုးဖွင့်ကြပြန်သည်။ အချစ်သီချင်းလို့ ပြောကြသလို့ ဝမ်းနည်းစေတဲ့ သီချင်းလို့လည်း ပြောကြသည်။ Dear ဟာ ချစ်သူလည်း ဖြစ်နိုင်သလို သူငယ်ချင်းလည်း ဖြစ်နိုင်တယ်တဲ့လေ။ ဘာတွေပဲ ပြောကြပါစေ ရန်း အတွက်တော့ ငယ်ငယ်က ရန်းတို့မောင်နှမနှစ်ယောက်ကို မေမေချော့သိပ်နေကျ သီချင်းလေး နှလုံးသားကို နွေးထွေးစေတဲ့ သီချင်းလေး ။ ရန်း အတွက်တော့ Dear က ဝန်း ကို ညွှန်းဆိုခြင်းပင်။

အပင်အကြောင်းတွေကို vlog ရိုက်ပြီး တင်တဲ့ အချိန်ကစပြီး ဆိုင်မှာ ဝယ်သူတွေ အရမ်း များလာသည်။ ထမင်းစားချိန် မမှန်တဲ့နေ့တွေ နေ့လယ်စာ ငတ်တဲ့ နေ့တွေလည်း များလာသည်။လိုင်းပေါ်က order တွေကိုလည်း စစ်ရ Deli အပ်ရ လုပ်ရသေးသည်။ ရန်းတစ်ယောက်ထဲဆို ရေရှည် အဆင်မပြေလောက်ဘူးထင်လို့ ဝန်ထမ်းခန့်ဖို့ရာအတွက် ဝန်း ကို တိုင်ပင်ကြည့်တော့ ကိုယ်တော်ချွဲက " အစ်ကို ပင်ပန်းနေတယ် ဆိုရင် ဆိုင်ပိတ်လိုက်ပါလား " ဆိုပြီး ပြောခဲ့လို့ တစ်ပွဲတစ်လမ်းနွှဲကြရသေးသည်။ ကိုယ်​တော်ချွဲက ဝန်ထမ်းထားမှာကို
မကြိုက်တဲ့ ပုံဖြစ်နေလို့ ငှားဖို့ရာ တွန့်ဆုတ် တွန့်ဆုတ် ဖြစ်နေရသည်။ သူ
မကြိုက်တာကို ရန်းလည်း မလုပ်ချင်ဘူး။

အခုလည်း ညနေ လေးနာရီမှ နေ့လယ်စာကို စားနေရသည်။ ဒါတောင် ဝယ်သူက ဘယ်ချိန်ဝင်လာမလဲ မသိတာမို့ အဝင်ပေါက်ကို တကြည့်ကြည့်နဲ့ စားရတာ မဖြောင့်။

" ကလင် ကလင် ကလင် "

ဝယ်သူမလာတော့လည်း ဖုန်းကလာ။ ဆိုင်ဖုန်းကလည်း တောက်လျှောက်လာ​သေးတာမို့ ဖုန်းပြေးဖြေရတာက အလုပ်တစ်ခု။

" ဟယ်လို ရှင်သန်ခြင်း ကပါဗျ"

" ရှေးဆက်ရန်း ပြောနေပါတယ် "

" ဟုတ် ပြောပါ ရပါတယ် "

" အော် ဟုတ်ကဲ့ဗျ"

" မနက်ဖြန် ညနေပိုင်းလောက်မှ အားမယ်ဗျ "

" ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်ဗျ "

ဖုန်းပြောပြီးနောက်မှာတော့ ရန်း ရင်တွေ တဒိတ်ဒိတ်။ သူ့အိပ်မက်တွေ တဖြည်းဖြည်း ဖြစ်လာပြီ။ Facebook Follower 6 သိန်းကျော်နဲ့ Youtube subcriber 2 သိန်း​​ကျော် ကို ပိုင်ဆိုင်ထားတဲ့ ရန်းက Influener တစ်ဦးလို့ ပြောရင် လုံလောက်ရဲ့လား။ လူသိများတယ်ဆိုတာထက် တန်ဖိုးထားရတဲ့ အပင်လေးတွေ အကြောင်းကို ဝေမျှနေရတာကိုပဲ ရန်းက သဘောကျနေမိတာ။

/

" တီ... တီ... တီ... တီ "

လွှား ရဲ့ အရှေ့မှာ ရှိနေတဲ့ ကိုကို့ဖုန်းဆီက အသံဟာ ဒီတစ်ကြိမ်နဲ့ဆို သုံးကြိမ်မြောက်။ Toilet သွားနေတဲ့ ကိုကိုက ပြန်မလာသေးသလို ကိုနေဦးကိုလည်း မတွေ့။

" တီ...တီ...တီ...တီ "

နောက်တစ်ကြိမ်ထပ်ဝင်လာတဲ့ ဖုန်းကြောင့် လွှားမနေနိုင်တော့။

" မမသက် ကိုကို့ဖုန်းလာနေတာ လေးကြိမ်ရှိနေပြီ အရေးကြီးဖုန်းလား မသိဘူး "

ဒီအတိုင်း ကိုင်လိုက်ဖို့ရာကလည်း လွှားအနေနဲ့ လုပ်ဖို့ရာ မသင့်တော်တာကြောင့် ဘေးမှာရှိတဲ့ ဒီဇိုင်နာအမကို လှမ်းပြောကြည့်လိုက်သည်။

" ချိန်း က ဘယ်သွားလဲ "

" Toilet သွားတာ ဖုန်းကျန်ခဲ့တာ "

" လွှားလေး သွားပေးလိုက် "

" ဟာ..မမသက်ကလည်း ကိုကိုက Toilet ထဲမှာပါဆို ဘယ်လိုသွားပေးရမှာလဲ "

ဟုတ်တယ်လေ ။ အိမ်သာထဲဝင်ပြီး လွှားက သွားပေးရမှာလား။ မဟုတ်တာကြီးကို။

" ဒါဆို လွှားလေး ကိုင်ပေးလိုက်လေ အရေးကြီးကိစ္စဆိုလည်း သွားပြောပေးလို့ရအောင် "

" လွှား ကိုင်လိုက်မယ်နော် "

ဝင်နေဆဲဖြစ်တဲ့ ကိုကို့ဖုန်းကို ကိုင်ဖို့ရာကြည့်လိုက်တော့ ခေါ်ဆိုနေသူက
" အစ်ကို ❤ " တဲ့။ မှတ်ထားတဲ့ နာမ်စားဘေးက အသဲနှလုံးကို မြင်ပြီး လွှား ရင်ထဲ အမည်မသိတဲ့ မကြည်လင်သော ခံစားချက်ကြီး ပေါ်လာသည်။

" ဟယ်လို "

လွှား ကိုင်လိုက်ပေမယ့် တဖက်က ဘာမှပြောမလာ။

" ဟယ်လို "

" ဘယ်သူလဲ "

နောက်တကြိမ် ထပ်ပြောကြည့်တော့ ထွက်လာတဲ့ အသံကြောင့် လွှား လက်ဖျားတွေပါ အေးခဲသွားသည်။ တဖက်က အသံဟာ တည်ငြိမ်ပြီး မာကြောကြော မလို့ ကိုင်မိတာမှားသွားမှန်းသိလိုက်ပြီ။

" လွှား ပါ "

သူက ဘယ်သူလဲ မေးတာမို့ လွှား လည်း လွှား ဖြစ်ကြောင်းကို ပြန်ပြောတော့ သူ့ဘက်က ဟက်ခနဲ တစ်ချက်ရယ်ပြီး အသက်ရှူသံပြင်းပြင်းထွက်လာသည်။ လွှား ဘာမှားလို့လဲ သူမေးလို့ လွှားက ဖြေတာလေ။

" ဝန်း ရော "

ဝန်း တဲ့ ။ သူ ကိုကို့ကို ဝန်း လို့ခေါ်လိုက်တာလား။ လွှား ခေါ်ခွင့်မရှိတဲ့ ဝန်း ကိုလေ။ သူကြောင့်လား ။ ဝန်း က သူခေါ်တဲ့ နာမ်စားမလို့လား။ သူက ဘယ်သူမို့လို့လဲ။

" ကိုကိုက Toilet သွားတယ် ဖုန်းက ကျန်ခဲ့တာ အရေးကြီးနေတယ်ထင်လို့ လွှား ကိုင်လိုက်မိတာ. ."

လွှားပြောနေတာ မဆုံးခင် တဖက်က ချသွားတဲ့ ဖုန်းကြောင့် လွှား ဆက်ပြော
မယ့် စကားတွေက လည်ပင်းဝမှာ တိုးလို့တန်းလန်း။

" လွှား "

ကိုကို့ဖုန်းကို နားမှာ ကပ်လျက်သား ဖြစ်နေတာမို့ ရောက်လာပြီဖြစ်တဲ့ ကိုကိုက ထူးဆန်းတဲ့ အကြည့်နဲ့ ခေါ်လာသည်။

" ခနခန လာနေလို့ "

လက်ထဲက ဖုန်းကို ကိုကို့ထံလှမ်းပေးတော့ ကိုကိုက ဖုန်းကို ကြည့်ကာ မျက်ဝန်းအိမ်တွေက မငြိမ်မသက် ဖြစ်နေသည်။

"ချိန်းကို လာပေးဖို့ အဆင်မပြေလို့
မသက်ကိုင်ခိုင်းလိုက်တာ အရေးကြီးနေမလားလို့ "

ဘေးနားက မမသက်က လွှားရဲ့ စိတ်အခြေအ​နေကို ရိပ်မိသည့်အလား လွှားကို အပြစ်မ​မြင်​​စေရန် ကာပြောပေးသည်။

" ဘာပြောသွားသေးလဲ "

"ဟင့်အင်း ဘာမှ မပြောဘူး လွှား က အရေးကြီးမယ်ထင်လို့ ကိုင်လိုက်တာ သူများဖုန်းကို ပိုင်ရှင်မသိဘဲ မကိုင်ရဘူးလို့ ဖေဖေက ပြောထားပေမယ့်
ခနခန ..."

သူ့ကို စိတ်ဆိုးမှာစိုးပြီး အကြောက်အကန် ရှင်းပြဖို့ ကြိုးစားနေတဲ့ လွှား
ကြောင့် ဝန်း ရယ်ချင်လာသည်။ ဒီအဖြူထည်လေး က စေတနာဇောနဲ့ ကိုင်လိုက်တယ်ဆိုတာ ဝန်း ယုံတယ်။ ဒါပေမယ့် အစ်ကို။ အစ်ကိုက ဝန်း အလုပ်ချိန် အတွင်း ဖုန်းမဆက်တတ်ဘူး။ ကိစ္စတစ်ခုခုများ ဖြစ်လို့လား။

" ဟုတ်ပါပြီ ကိုယ် နားလည်တယ် နောက်တစ်ခါ ကိုယ်သတိမမူလို့ မတော်တဆများ ဒီလိုထပ်ဖြစ်လာခဲ့သည်ရှိသော် မကိုင်လည်း ရတယ်နော် "

မျက်လုံးလေး ကလယ်ကလယ်နဲ့ ခေါင်းတဆတ်ဆတ်ငြိမ့်ပြနေတဲ့ ကောင်လေးက ချစ်ဖို့ကောင်းသည်။ သူသာ ကလေးသေးသေးလေးဆိုရင် ဝန်း မွေးစားပလိုက်ပြီ ဟက်။ သူ့လို သားလေးတစ်ယောက်တော့ လိုချင်မိသည် ဟားဟား။

ပြုံးပြုံး ပြုံးပြုံး နဲ့ လူကို ကြည့်နေတဲ့ ကိုကိုကြောင့် လွှား နေရခက်လာသည်။ ဘာလို့ အဲ့လိုကြီး လာကြည့်နေတာလဲ။

" ကဲ အားလုံး ရန်ကုန်  scene တွေပြီးပြီနော် ပင်ပန်းသွားကြပြီ အားလုံးတော်ကြတယ် မနက်ဖြန် ခရီးအတွက် ပြင်ဆင်ရအောင် ဒီနေ့ နားလိုက်တော့မယ် "

ဒါရိုက်တာ ကိုဇန်း ရဲ့ စကားကြောင့် တစ်ဖွဲ့သားလုံး လက်ခုပ်လက်ဝါးတီးကာ ပျော်ကြသည်။ ခါတိုင်း ည ဆယ်နာရီ ဆယ်တစ်နာရီ တစ်ခါတစ်လေ မိုးလင်းပေါက် ထိ မနားရပဲ ရိုက်​ကြရမို့ ဒီနေ့ 6 နာရီမှာ  နားလိုက်ရတာကြောင့်
အကုန်ပျော်နေကြတာ ဖြစ်တယ်။

အခုဆို အစ်ကို အိမ်မှာ ရောက်နေပြီနေမယ်။ အဲ့ဒါကြောင့် ဖုန်းဆက်တာလား။ မဟုတ်သေးပါဘူး အစ်ကိုက ဘယ်တုန်းက အဲ့လိုဖုန်းဆက်လို့လဲ။ လမ်းကြုံ မှာစရာရှိလို့လား။ အစ်ကို့ဆီ ဖုန်းပြန်ဆက်လိုက်ပေမယ့် အစ်ကိုက ဖုန်း မကိုင်။ အိမ်ရောက်မှ မေးတော့မယ်။

/

/

" Hello ဖေဖေ "

နှင်းဆီပင်တွေကို မြင်နေရတယ်ဆိုတော့ ဖေဖေခြံထဲဆင်း​ပြီး လမ်းလျှောက်​​နေတာနေမယ်။

" ပင်ပန်းနေပြီလား လွှား "

ဖေဖေ့အမေးကို လွှားပြုံးကာ ခေါင်းရမ်းပြလိုက်ပြီး ဖေဖေ့ဘေးနားမှာ ရှိမ​နေတဲ့ ဖေကြီးကို သတိရမိသည်။

" ဖေကြီးရော "

" meeting ရှိလို့ ရုံး သွားပြီ "

ဒါကြောင့် မတွေ့တာကိုး။ မဟုတ်ရင် ဖေကြီးက ဖေဖေ့ဘေးနားကနေ တဖဝါးမှ မခွာ ။ မနက်မိုးလင်း နိုးထတဲ့ချိန်ကစ ပြီး ညအိပ်ယာဝင်သည်အထိ ဖေဖေ့ဘေးမှာ ရှိချင်သူ။ မျက်နှာသစ်တာက အစ ရေချိုးတာ အဆုံး အရာရာကို ဖေဖေနဲ့ပဲ အတူလုပ်ချင်သူ။ လက်သည်း ခြေသည်း ရှည်နေရင်တောင် ဖေဖေ မညှပ်ပေးရင်
မညှပ်ပေးသလို ညစ်ညစ်ပတ်ပတ်နေသည်။ ဖေကြီး ကိုယ်တိုင် သူ့လက်သည်းခြေသည်းတွေ ညှပ်တာ တစ်ခါမှ မမြင်ဖူးဘူး။ လွှားတောင် ငယ်ငယ်လေးထဲက ကိုယ့်ဘာသာ ညှပ်တာ။

ဖေကြီးဆံပင်ညှပ်ရင်လည်း ဖေဖေ ပါ ဆံပင်ညှပ်ဆိုင် လိုက်ပေးမှ မဟုတ်ရင် မသွားဘူး။ နောက်တော့ ​စောင့်ရတာကို မကြိုက်တဲ့ ဖေဖေက  Youtube က နေ ကြည့်ပြီး ဖေကြီး ကို ကိုယ်တိုင် ညှပ်ပေးတော့တာပဲ။ မလှမပ မသပ်မရပ်နဲ့ ပုံမကျပန်းမကျ ညှပ်ပေးလည်း ဖေကြီးကတော့ အရမ်းကြိုက်တယ် ဆိုပြီး အဲ့ပုံအတိုင်း ရုံးကို မော့တော့မော့တော့နဲ့ သွားတာပဲ။ ကြားထဲ လွှားကိုတောင် ညှပ်ပေးရမလား မေးလို့ ပတ်ပြေးကာ ပုန်းရသေးတယ်။ ဖေဖေက လည်တယ်။ သူ့ကျ စျေးကြီးပေးရတဲ့ ဆိုင်မှာ အလန်းစားသွားညှပ်တယ် ။  သူ့ယောကျာ်းကတော့ သူ့လက်ရာ ဟိုနေရာကျဲ ဒီနေရာထူ တဲ့ကေနဲ့။ ခုထိလည်း အဲ့ကေကြီးနဲ့ပဲ။လွှားက ရှက်လို့ ဆိုင်မှာ သွားပြင်ရအောင်ဆိုပြီး အတင်းဆွဲခေါ်ရင် ငါ့ယောကျာ်းညှပ်ပေးထားတာကို မင်းကဘာကောင်မလို့ ဝေဖန်ရတာလဲဆိုပြီး အဆူတောင်ခံရသေးတယ်။ လွှားကသာ ရှက်တာ ကာယကံရှင်က ကြိုက်လွန်း​​နေတာ တဖက်ကမ်းလွန်။ မတတ်နိုင်တဲ့အဆုံး လွှတ်သာထားလိုက်ရတယ်။

" နေကောင်းတယ်မလား လွှား "

" ဟုတ် မနက်ဖြန်ကျရင် လွှားတို့ ကလောသွားရမှာ "

" ဟုတ်လား ကောင်းတာပေါ့ ကလောက အရမ်းလှတာ လည်ပတ်လို့ကောင်းတဲ့ မြို့လေး ဖေဖေတော့ မရောက်ဖူးဘူး အဟင်း"

ပြုံးစစနဲ့ ပြောလာတဲ့ ဖေဖေက မြန်မာနိုင်ငံ အကြောင်းပြောလိုက်တိုင်း မျက်ဝန်းထဲမှာ လွမ်းရိပ်တွေဝေလာဆဲ။
ဖေဖေနဲ့ အတူ မြန်မာနိုင်ငံအနှံ့အတူလည်ချင်တယ်။ ဖေဖေလည်း လည်ချင်မှာ။

" ဒီကို လာခဲ့ပါလား ဖေဖေ "

ခေါ်သာ ခေါ်လိုက်တာပါ ဖေကြီးက သူ့ယောကျာ်းကို ပေးသွားခိုင်းမှာမဟုတ်။ တစ်နာရီလောက် ခွဲရရင်ကို တစ်ရာသီလောက် ခွဲရသလို ဖြစ်ပျက်တာ။ ရုံးတောင် ခေါ်သွားမရလို့ ရများရရင် ခေါ်သွားဦးမှာ။ ခေါ်သွားလို့ရရင် တကယ်ကောင်းမှာ။ မဟုတ်ရင် နှစ်မိနစ်ခြား တစ်ခါလောက် ဖေဖေ့ဆီ ဖုန်းဆက်နေလို့ ဖေဖေ့မှာ ဘယ်သွားသွား ဖုန်းကို လက်ကမချရဘူး။ မကိုင်မိရင်က အိမ်ကို ချက်ချင်း ပြန်လာတတ်လို့ ဖေကြီး အလုပ်ပြုတ်မှာစိုးပြီးToilet ဝင်လည်း ဖုန်းယူသွားရတယ် ။ အဲ့လိုကဲတာ ဖေကြီးက။ လွှားက တစ်ခါတစ်လေလေး ဖေဖေ့ရင်ခွင်ထဲ ဝင်ပြီး ကလေးလုပ်ရင် အတင်း ဆွဲထုတ်ပြီး နေရာလုတာ။လွှားက သားဆိုပြီး အလျှော့ပေးတယ်မရှိ။ ငယ်ငယ်က ဆို ဖေဖေ့ကို လုရင်း ရန်ဖြစ်ရတာ အခါခါ။ ခုလည်း မြန်မာပြည်ကို လွမ်းနေတဲ့ ဖေဖေ့ကို လုံးဝ မသွားခိုင်းဘူး။

" လွှားဖေကြီးက လွှတ်နေဦးမယ် "

ဖေကြီးကြောင့်သာ မဟုတ်ရင် လွှားတို့လည်း မြန်မာပြည်မှာပဲ အခြေကျနေမလား ။

" ဖေကြီးက အရမ်း အမုန်းကြီးတာပဲ "

" ပြောပါဦး ဖေဖေ့လွှားလေး ဘာတွေ စိတ်ညစ်နေလဲ "

ဖေဖေကတော့ ဖေဖေပါပဲ။ လွှား မဖော်ပြဘဲနဲ့ကို လွှား စိတ်ကို ဖတ်နိုင်သည်။

" ကိုကို "

" အင်း ကိုကို ဘာဖြစ်လဲ "

လွှား မှာပြောပြစရာလူဆိုလို့ ဖေဖေပဲ ရှိတယ်။ဖေကြီးက ဖေဖေ့လို အရာရာကိုနားထောင်မပေးတတ်။ ငိုရင်လည်း မကြိုက် ။ ကိုယ်လုပ်တဲ့အရာမှန်သမျှ ကိုယ့်ဘာသာ ရင်ဆိုင်ပြီး ဖြေရှင်းခိုင်းတာချည်းပဲ။ အဲ့လိုတွေကြောင့် ဖေ​ကြီးကိုဆို ဘာမှ သိပ်မပြောပြဖြစ်ဘူး။

ရင်ဖွင့်လို့ရတဲ့အထိ ခင်တဲ့ သူငယ်ချင်းဆိုတာလည်း လွှားမှာမရှိ။ လွှားမှာ အရာရာ ပြောပြလို့ရတာက ဖေဖေတစ်ယောက်သာ ရှိတယ်။

" ဒီနေ့ ကိုကိုToilet  သွားနေတုန်း
ကိုကို့ဖုန်းက လာတာ ခနခန လာနေတာမို့ အရေးကြီးတယ် ထင်ပြီး လွှားကိုင်လိုက်မိတာ "

" အင်း "

" လွှား က စေတနာနဲ့ ကိုင်လိုက်တာနော် ဖေဖေ ပိုင်ရှင် မသိအောင် တမင်ကိုင်တာမဟုတ်ဘူး "

" အဲ့ဒီတော့ ဘာဖြစ်ခဲ့လို့လဲ "

ဖေဖေကာ ပြုံးကာ မေးသည်။ ဖေဖေက လွှားပြောသမျှကို စိတ်ရှည်ရှည်နဲ့ နားထောင်ပေးပြီး အကြံဥာဏ်တွေပေးတတ်တာမို့ လွှား ဒီနေ့ ဘာဝတ်သွားရင် ကောင်းမလဲက အစ ဖေဖေ့ကို မေးတတ်သည်။ ဖေဖေပေးတဲ့ အကြံတွေဆို အကုန် လက်ခံပြီး ဖေဖေ့ကို ပြောပြလိုက်ရင် စိတ်ပေါ့သွားတာကြောင့် လွှား အတွက် ဖေဖေက အရေးအကြီးဆုံးပဲ။ လွှား အတွက် အဖေလည်း ဟုတ်တယ် အမေလည်း ဟုတ်တယ် ညီအကို လည်း ဟုတ်တယ် သူငယ်ချင်းလည်း ဟုတ်တယ်။ အဲ့လို ပြောလို့ ဖေကြီးကိုက မချစ်ဘူးလား မမေးနဲ့နော် ဖေကြီးကိုလည်း အရမ်းချစ်တယ်လေ။ ဖေကြီးနဲ့က ရန်ဖြစ်ဖော် ဟားဟား။

" ဖုန်းထဲကလူက ကိုကို့ ကို ဝန်း လို့ခေါ်တယ် "

" အင်း "

​ပြောရင်း ပြောရင်း စိတ်ထဲက ဝမ်းနည်းလာတာမို့ ခေါင်းဦး ပေါ် မျက်နှာ အပ်လိုက်သည်။

" ဝန်း လို့ခေါ်တာ ဘာဖြစ်လို့လဲ လွှားရဲ့ "

ဖေဖေကို ဝမ်းနည်းနေတဲ့ ပုံ မပြချင်ပါဘူးဆို အခု ပြမိသွားပြီ။ ဖေဖေ ပါ ဝမ်းနည်း သွားရင် ဒုက္ခ။

" ကိုကို့ကို လွှားက ဝန်းလို့ ခေါ်ချင်တယ်လို့ ပြောဖူးတယ် ကိုကိုက လွှားကို
မခေါ်ခိုင်းဘူး "

" အဲ့ဒါကြောင့် ဝမ်းနည်းနေတာလား
ဖေဖေ့ကလေးလေးက "

ခေါင်းငြိမ့်ပြတော့ ဖေဖေ ကလည်း အတူ ခေါင်း လိုက်ငြိမ့်သည်။

" လွှား သူ့ကို သဘောကျနေတာလား  "

" မသိဘူး.... လွှား မသိဘူး "

လူတစ်ယောက်ကို သဘောကျတယ်ဆိုတာ ဘယ်လိုမျိုးလည်း လွှားသေချာမသိ။ ဘယ်သူ့ကို မှလည်း လွှား သဘောမကျဖူးဘူး။ ကိုကို နဲ့ကျမှ စိတ်တွေက တစ်မျိုးကြီးတွေ ခံစားနေရတာ။ ကိုကို နဲ့ က တွေ့တာလည်း မကြာသေးပဲနဲ့ လွှားက အရမ်း ခင်တွယ်ချင်နေတာ။

" ဝန်း လို့ ခေါ်တဲ့ တစ်ယောက်က သူ့ရဲ့ ချစ်သူများလား "

တွေးတွေးဆဆ ပြောလာတဲ့ ဖေဖေ့ စကားကြောင့် လွှား မျက်လုံးပြူးသွားသည်။

" ကိုကိုက ချစ်သူမရှိဘူးတဲ့ အင်တာဗျူးတွေမှာ ဖြေတယ် "

" ပရိသတ်တွေ စိတ်မကောင်းဖြစ်မှာ စိုးလို့ ညာပြောတာလားမသိ "

" မညာရဘူးလေ ညာရင်ငရဲကျမှာဆို ဖေဖေပဲ ပြောတာလေ "

" တစ်ချို့ကိစ္စတွေမှာကျတော့ အမှန်အတိုင်းပြောလိုက်တာထက် ညာပြောလိုက်တာက ပိုအဆင်ပြေတဲ့ အရာတွေရှိတတ်တယ် လွှားရဲ့"

လွှား နားမလည်တော့ဘူး ဖေဖေပဲ ညာရင် မကောင်းဘူး ပြောခဲ့ပြီးတော့ အခုကျ ညာရင် အဆင်ပြေတယ် ပြောပြန်ပြီ။ ကိုကိုက တကယ်ပဲ ချစ်သူ ရှိတာလား။

" ဖေဖေ့ကလေးလေးကလည်း
ဝမ်းမနည်းရဘူးလေ သူ နဲ့ ကိုယ်နဲ့က ခဏတာ ဆုံရတဲ့ ရေစက်ငယ်လေးလေ အလုပ်တွေ ပြီးရင် ပြန်လာရတော့မှာ ဒီမှာက လွှားကို အရမ်းချစ်တဲ့ ဖေကြီး နဲ့ ဖေဖေက နေ့တိုင်း မျှော်နေတာ ဖေကြီးက လွှားကို လွမ်းလို့တဲ့ ညကတောင် လွှား ငယ်ငယ်က ဓာတ်ပုံလေးတွေ
ကြည့်ပြီး သတိရကြောင်း ပြောနေတာ "

" ဖေဖေကတော့လေ ဖေဖေ့လွှားလေးကို ဘယ်သူ့ကိုမှ မပေးချင်ပါဘူး ဖေဖေ့လွှားလေးနဲ့ဘဲ တစ်သက်လုံး အတူတူနေသွားချင်တာ လွှားကရော ဖေဖေနဲ့ပဲ မနေချင်ဘူးလား "

" နေချင်ပေမယ့် ဖေဖေကျတော့ ယောကျာ်းယူပြီး လွှားကိုကျ မယူခိုင်းရင် မတရားဘူးလေ "

" ဟားဟား ပြန်ရောက်ရင် ရည်းစားထားခွင့်ပြုမယ် "

" ကတိနော် "

ရည်းစားထားခွင့်ပြုမယ်ဆိုတာက စကားအဖြစ် ပြောတာ တစ်ခါမှ လွှားကို ဘယ်ကိစ္စကိုမှ ပိတ်ပင်ထားတာမျိုးမရှိဘူး။ လွှားကသာ တစ်ခုခုဆို ခွင့်တောင်းတတ်တာ။

"ကဲဗျာ ဖေဖေကတော့ ကတိ ဖေကြီးနဲ့က ကိုယ့်ဘာသာရှင်း "

" လွှားက လူပျိုကြီးပဲ ဖြစ်တော့မှာ "

လွှား သက်ပြင်းချကာ ပြောတော့ ဖေဖေက အားရပါးရ ရယ်နေသည်။

" မနက်ဖြန်အတွက် ဘာတွေယူသွားမှာလဲ ပြင်ဆင်ပြီးပြီလား "

" ပါလာတဲ့ Luggage ပဲ ကောက်ဆွဲသွားမှာ "

" တခြားရော လိုအပ်တာတွေ "

" မရှိဘူး အကုန် စီစဥ်ပေးကြတယ် "

" ဘာနဲ့ သွားမှာလဲ "

" မန်နေဂျာ လာခေါ်မယ်တဲ့ မနက်စောစော ထွက်မယ်ထင်တယ် "

" ဒါဆို အိပ်တော့လေ Baby "

" Good morning ဖြစ်ပါစေ ဖေဖေ
ဖေကြီးကိုလည်း လွမ်းတယ် ပြော​ပေးဦး နောက်နေ့ ဖေကြီး အိမ်မှာရှိတဲ့ အချိန် ဆက်မယ် "

" အင်းအင်း အိပ်ရေးဝဝအိပ်နော် ဘာမှ မစဥ်းစားဘဲ အိပ် တစ်ခုခု ဆို ဖေဖေ့ကို ချက်ချင်းလှမ်းပြောနော် ပြီးတော့ လွှားရဲ့ အလုပ်က လူတွေအကုန်လုံးအပေါ်မှာ စိတ်သန့်သန့်လေးနဲ့ ဆက်ဆံနော် ကိုယ်က သူတို့ဆီက လူမဟုတ်ဘူးလေ အကုန်လုံးနဲ့ ပြေပြေလည်လည်နေနော် ဖေဖေ​တို့သွေးသားလေး ဖေ​ဖေတို့ကလေး​လေးက အကျင့်စာရိတ္တရော ကိုယ်ကျင့်တရား​ရော ကောင်းတဲ့ သူ
မလို့ ဖေဖေက ယုံပြီးသား ဘုရားတရားလည်း မမေ့နဲ့ အလုပ်ကို ကြိုးကြိုးစားစားလုပ်ပြီး ​ခေါင်းမော့ရင်ကော့ပြီး အိမ်ပြန်လာခဲ့နော် "

ဖေဖေ့ပြောတဲ့ စကားအဓိပ္ပါယ်ကို လွှား ကောင်းကောင်းကြီး နားလည်သဘောပေါက်တယ်။ဖေဖေ့ရဲ့ နည်းမှန်လမ်းမှန် သင်ပြမှုတွေ ထိန်းကျောင်းမှုတွေ အောက်မှာ နေခဲ့ရတဲ့ လွှားက လူမှူရေးနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုနေထိုင်ရမယ်ဆိုတာကို လွှား သိပြီးသား။ လွှားဆိုသည်မှာ
ဖေကြီး နဲ့ ဖေဖေ တို့ မျက်နှာ ပျက်စေ
မယ့် အလုပ်မျိုးကို လှည့်တောင်ကြည့်
မယ့်သူ မဟုတ်ဘူး။

" ဟုတ် လွှား နားလည်ပါတယ် ဖေဖေ လွှားကို စိတ်မပူပါနဲ့ လွှားက
တစ်ယောက်ထဲလဲ ဖြစ်ပါတယ်
ဒါပဲနော် ဖေဖေ "

အင်း လွှားက တစ်ယောက်ထဲလည်း ဖြစ်တယ်။ အစကတည်းက လွှားက တစ်ယောက်ထဲပဲလေ။

/

Zawgyi

ရွပ္အကၤ်ီ အျဖဴလႊလႊကို သြယ္လ်လ်ခႏၶာကိုယ္ေပၚ  အက်အန ဝတ္ဆင္လိုက္ၿပီး အကၤ်ီလက္ကို တံေတာင္ဆစ္ထိ ​ေသသပ္စြာ ေခါက္တင္လိုက္သည္။
တျခားေသာ ေယာက်ာ္းသားေတြလို ဗလႀကီးေတြ မရွိေပမယ့္ လက္သြယ္သြယ္ေလးေပၚက ေသြးေၾကာမွ်င္မွ်င္ေလးေတြက စြဲေဆာင္မႈအျပည့္နဲ႕ ၾကည့္လို႔ေကာင္းေနသည္။

ၾကယ္သီးတစ္လုံးကို ျဖဳတ္လိုက္ေတာ့ တစြန္းတစေပၚလာတဲ့ ရင္ဘတ္ေဖြးေဖြးေလးရယ္ ကြက္ကြက္ကြင္းကြင္းေပၚလာတဲ့ လည္တိုင္ေက်ာ့ေက်ာ့ေပၚက ခ်စ္ရသူေပးထားတဲ့ အခ်စ္ရဲ႕ သေကၤတေလးရယ္။ ထိုအမွတ္အသားေလးကို လက္နဲ႕ဖြဖြထိေတြ႕လိုက္ၿပီး ရန္း ၿပဳံးမိသည္။ အရင္က ဒီလိုအမွတ္ေတြေပးတာကို ရန္း မႀကိဳက္ဘူး။ လူအမ်ားနဲ႕ ဆက္ဆံေနရတာေၾကာင့္ ထိုသူစိမ္းလူေတြ တစ္မ်ိဳးျမင္သြားမွာကို ရန္း စိုးရိမ္သည္။ ဝန္းက အၾကင္နာတိုးလို႔ မေနနိုင္စြာ ဖန္တီးေပးလိုက္တဲ့ အခါတိုင္း ဘယ္ေလာက္ပူအိုက္ေနပါေစ လည္ပိတ္ပါတဲ့ အကၤ်ီ ကိုသာ ဝတ္ၿပီး ဖုံးဖိထားခဲ့သည္။

အခုေတာ့ မဟုတ္ေတာ့။ ပိုင္ရွင္ရွိေၾကာင္း ဖြင့္ဟထားသလို ခ်စ္ေသာ​ေလးက တံဆိပ္ခတ္ထားတာကိုလည္း မဖုံးဖိခ်င္ေတာ့။ ဘယ္သူေတြ ဘယ္လိုျမင္ပါေစ ဒါကို ရန္း မရွက္ခ်င္ေတာ့ဘူး။ ျဖစ္နိုင္မယ္ဆို အခုေန ရန္းခ်စ္သူက ဘယ္သူလဲ လို႔ေမးလာတဲ့အခါ ဝန္း ပါလို႔ ခ်က္ခ်င္းေခါင္းေမာ့ၿပီး ေျဖလိုက္မိမွာ။

ရန္း ရဲ႕ အလုပ္ေနရာက ကိုယ့္အိမ္မွာပဲ ျဖစ္သလို အပင္ေလးေတြကိုလည္း သယ္ရျပဳရ နဲ႕ ဂ႐ုစိုက္ေပးေနရတာမို႔ Slipper ကိုသာ စီးတာေၾကာင့္ ေျခေခ်ာင္းသြယ္သြယ္ေလးေတြ ထိပ္က ေျခသည္းခြံ ၾကည္ၾကည္ေလးေတြ ျမင္ေနရသည္။ ခါးစည္းအမဲေရာင္ကို ခါးမွာ ခ်ည္လိုက္ၿပီး ဆိုင္ဖြင့္ဖို႔ရန္ ဆိုင္းျပင္လိုက္သည္။

ရာသီဥတုက မေန႕ကသူမဟုတ္တဲ့အတိုင္း ဒီေန႕မွာေတာ့ ရန္း စိတ္နဲ႕ ထပ္တူက်ကာ ၾကည္လင္လို႔။ပုံသ႑န္အမ်ိဳးမ်ိဳးနဲ႕ တိမ္စိုင္ေတြက သိပ္လွေနတာေၾကာင့္ ဖမ္းဆုပ္ခ်င္တဲ့စိတ္တို႔က တဖြားဖြား။ ဖမ္းဆုပ္ခြင့္ရွိရင္ေတာင္ ဖမ္းဆုပ္လို႔မရတဲ့ အရာမလို႔ ျမင္ခြင့္ရ​ေနတာကိုပဲ ေက်နပ္ရေတာ့မယ္။

ဆိုင္ပတ္လည္ကာရံထားေသာ မွန္ခ်ပ္ေတြကို သန့္ရွင္းဖို႔ရာ အဝတ္စအျဖဴထည္ေလးကိုေရစြတ္ကာ ညစ္လိုက္သည္။ သန့္ရွင္းေရးလုပ္တဲ့အခ်ိန္မွာ မပါမျဖစ္က ဂီတသံစဥ္။ သီခ်င္းနားေထာင္ၿပီး အလုပ္လုပ္ရင္ သိပ္မပင္ပန္းသလို ခနေလးနဲ႕ ၿပီးသြားသလို ခံစားရတာေၾကာင့္ သန့္ရွင္းေရးလုပ္တိုင္း သီခ်င္းေလးကို ဖြင့္ကာ သံစဥ္ေတြနဲ႕အတူ စီးေျမာလိုက္ရမွ။

Jimmie Davis သီဆို​​ေဖာ္က်ဴးထားတဲ့ "You are my sunshine" သီခ်င္းကို
ဖြင့္လိုက္သည္။ 1940 ေလာက္က version ျဖစ္တာေၾကာင့္ တစ္မ်ိဳးဆန္းသစ္ေနသည္။
ရန္း က အရင္ေခတ္က သီခ်င္းေတြကို သေဘာက်တယ္။ ျမန္မာသီခ်င္းေတြ နားေထာင္ရင္လည္း ေဖေဖတို႔ေခတ္က သီခ်င္းေတြကိုသာ နားေထာင္ျဖစ္သည္။ ခင္ေမာင္တိုး၊ထူးအိမ္သင္၊စိုင္းထီးဆိုင္ စတဲ့ အႏုပညာရွင္ႀကီးေတြကေတာ့ ရန္း သိပ္သေဘာက်ရတဲ့ အႏုပညာရွင္ေတြ။ ဝန္းကေတာ့ ရန္းနားေထာင္ရင္ လိုက္နားေထာင္ၿပီး သူ႕ကိုေခ်ာ့သိပ္ေနတဲ့အလား ေရာက္ရာေနရာမွာ အိပ္ေပ်ာ္သြားတတ္လို႔ ေတာ္႐ုံတန္႐ုံ ဝန္း နဲ႕အတူ သီခ်င္း နားမေထာင္ျဖစ္။ဝန္း က နိုင္ငံျခားသီခ်င္းေတြ နားေထာင္တာမ်ားတယ္။

...The other night dear,
...as I lay sleeping...💤
...I dreamed I held you
   in my arms...
...But when I awoke,dear,
...I was mistaken
...So I hung my head and I cried

...You are my sunshine 🌞
...My only sunshine 🌞
...You make me happy
...When skies are gray ☁
...You'll never know dear
...How much I love you ❤
...Please don't take my sunshine away ✨

သီခ်င္းေလးေနာက္ တိုးဖြဖြနဲ႕ ရန္း လိုက္ညီးမိသည္။ အမွန္အတိုင္းေျပာရရင္ အဂၤလိပ္ သီခ်င္းေတြထဲမွာ ဒီတစ္ပုဒ္ပဲ ရန္း ေကာင္းေကာင္း ရသည္။ ဒီသီခ်င္းကို လူေတြက အဓိပၸါယ္အမ်ိဳးမ်ိဳးဖြင့္ၾကျပန္သည္။ အခ်စ္သီခ်င္းလို႔ ေျပာၾကသလို႔ ဝမ္းနည္းေစတဲ့ သီခ်င္းလို႔လည္း ေျပာၾကသည္။ Dear ဟာ ခ်စ္သူလည္း ျဖစ္နိုင္သလို သူငယ္ခ်င္းလည္း ျဖစ္နိုင္တယ္တဲ့ေလ။ ဘာေတြပဲ ေျပာၾကပါေစ ရန္း အတြက္ေတာ့ ငယ္ငယ္က ရန္းတို႔ေမာင္ႏွမႏွစ္ေယာက္ကို ေမေမေခ်ာ့သိပ္ေနက် သီခ်င္းေလး ႏွလုံးသားကို ႏြေးေထြးေစတဲ့ သီခ်င္းေလး ။ ရန္း အတြက္ေတာ့ Dear က ဝန္း ကို ၫႊန္းဆိုျခင္းပင္။

အပင္အေၾကာင္းေတြကို vlog ရိုက္ၿပီး တင္တဲ့ အခ်ိန္ကစၿပီး ဆိုင္မွာ ဝယ္သူေတြ အရမ္း မ်ားလာသည္။ ထမင္းစားခ်ိန္ မမွန္တဲ့ေန႕ေတြ ေန႕လယ္စာ ငတ္တဲ့ ေန႕ေတြလည္း မ်ားလာသည္။လိုင္းေပၚက order ေတြကိုလည္း စစ္ရ Deli အပ္ရ လုပ္ရေသးသည္။ ရန္းတစ္ေယာက္ထဲဆို ေရရွည္ အဆင္မေျပေလာက္ဘူးထင္လို႔ ဝန္ထမ္းခန့္ဖို႔ရာအတြက္ ဝန္း ကို တိုင္ပင္ၾကည့္ေတာ့ ကိုယ္ေတာ္ခြၽဲက " အစ္ကို ပင္ပန္းေနတယ္ ဆိုရင္ ဆိုင္ပိတ္လိုက္ပါလား " ဆိုၿပီး ေျပာခဲ့လို႔ တစ္ပြဲတစ္လမ္းႏႊဲၾကရေသးသည္။ ကိုယ္​ေတာ္ခြၽဲက ဝန္ထမ္းထားမွာကို
မႀကိဳက္တဲ့ ပုံျဖစ္ေနလို႔ ငွားဖို႔ရာ တြန့္ဆုတ္ တြန့္ဆုတ္ ျဖစ္ေနရသည္။ သူ
မႀကိဳက္တာကို ရန္းလည္း မလုပ္ခ်င္ဘူး။

အခုလည္း ညေန ေလးနာရီမွ ေန႕လယ္စာကို စားေနရသည္။ ဒါေတာင္ ဝယ္သူက ဘယ္ခ်ိန္ဝင္လာမလဲ မသိတာမို႔ အဝင္ေပါက္ကို တၾကည့္ၾကည့္နဲ႕ စားရတာ မေျဖာင့္။

" ကလင္ ကလင္ ကလင္ "

ဝယ္သူမလာေတာ့လည္း ဖုန္းကလာ။ ဆိုင္ဖုန္းကလည္း ေတာက္ေလွ်ာက္လာ​ေသးတာမို႔ ဖုန္းေျပးေျဖရတာက အလုပ္တစ္ခု။

" ဟယ္လို ရွင္သန္ျခင္း ကပါဗ်"

" ေရွးဆက္ရန္း ေျပာေနပါတယ္ "

" ဟုတ္ ေျပာပါ ရပါတယ္ "

" ေအာ္ ဟုတ္ကဲ့ဗ်"

" မနက္ျဖန္ ညေနပိုင္းေလာက္မွ အားမယ္ဗ် "

" ဟုတ္ကဲ့ ေက်းဇူးတင္ပါတယ္ဗ် "

ဖုန္းေျပာၿပီးေနာက္မွာေတာ့ ရန္း ရင္ေတြ တဒိတ္ဒိတ္။ သူ႕အိပ္မက္ေတြ တျဖည္းျဖည္း ျဖစ္လာၿပီ။ Facebook Follower 6 သိန္းေက်ာ္နဲ႕ Youtube subcriber 2 သိန္း​​ေက်ာ္ ကို ပိုင္ဆိုင္ထားတဲ့ ရန္းက Influener တစ္ဦးလို႔ ေျပာရင္ လုံေလာက္ရဲ႕လား။ လူသိမ်ားတယ္ဆိုတာထက္ တန္ဖိုးထားရတဲ့ အပင္ေလးေတြ အေၾကာင္းကို ေဝမွ်ေနရတာကိုပဲ ရန္းက သေဘာက်ေနမိတာ။

/

" တီ... တီ... တီ... တီ "

လႊား ရဲ႕ အေရွ႕မွာ ရွိေနတဲ့ ကိုကို႔ဖုန္းဆီက အသံဟာ ဒီတစ္ႀကိမ္နဲ႕ဆို သုံးႀကိမ္ေျမာက္။ Toilet သြားေနတဲ့ ကိုကိုက ျပန္မလာေသးသလို ကိုေနဦးကိုလည္း မေတြ႕။

" တီ...တီ...တီ...တီ "

ေနာက္တစ္ႀကိမ္ထပ္ဝင္လာတဲ့ ဖုန္းေၾကာင့္ လႊားမေနနိုင္ေတာ့။

" မမသက္ ကိုကို႔ဖုန္းလာေနတာ ေလးႀကိမ္ရွိေနၿပီ အေရးႀကီးဖုန္းလား မသိဘူး "

ဒီအတိုင္း ကိုင္လိုက္ဖို႔ရာကလည္း လႊားအေနနဲ႕ လုပ္ဖို႔ရာ မသင့္ေတာ္တာေၾကာင့္ ေဘးမွာရွိတဲ့ ဒီဇိုင္နာအမကို လွမ္းေျပာၾကည့္လိုက္သည္။

" ခ်ိန္း က ဘယ္သြားလဲ "

" Toilet သြားတာ ဖုန္းက်န္ခဲ့တာ "

" လႊားေလး သြားေပးလိုက္ "

" ဟာ..မမသက္ကလည္း ကိုကိုက Toilet ထဲမွာပါဆို ဘယ္လိုသြားေပးရမွာလဲ "

ဟုတ္တယ္ေလ ။ အိမ္သာထဲဝင္ၿပီး လႊားက သြားေပးရမွာလား။ မဟုတ္တာႀကီးကို။

" ဒါဆို လႊားေလး ကိုင္ေပးလိုက္ေလ အေရးႀကီးကိစၥဆိုလည္း သြားေျပာေပးလို႔ရေအာင္ "

" လႊား ကိုင္လိုက္မယ္ေနာ္ "

ဝင္ေနဆဲျဖစ္တဲ့ ကိုကို႔ဖုန္းကို ကိုင္ဖို႔ရာၾကည့္လိုက္ေတာ့ ေခၚဆိုေနသူက
" အစ္ကို ❤ " တဲ့။ မွတ္ထားတဲ့ နာမ္စားေဘးက အသဲႏွလုံးကို ျမင္ၿပီး လႊား ရင္ထဲ အမည္မသိတဲ့ မၾကည္လင္ေသာ ခံစားခ်က္ႀကီး ေပၚလာသည္။

" ဟယ္လို "

လႊား ကိုင္လိုက္ေပမယ့္ တဖက္က ဘာမွေျပာမလာ။

" ဟယ္လို "

" ဘယ္သူလဲ "

ေနာက္တႀကိမ္ ထပ္ေျပာၾကည့္ေတာ့ ထြက္လာတဲ့ အသံေၾကာင့္ လႊား လက္ဖ်ားေတြပါ ေအးခဲသြားသည္။ တဖက္က အသံဟာ တည္ၿငိမ္ၿပီး မာေၾကာေၾကာ မလို႔ ကိုင္မိတာမွားသြားမွန္းသိလိုက္ၿပီ။

" လႊား ပါ "

သူက ဘယ္သူလဲ ေမးတာမို႔ လႊား လည္း လႊား ျဖစ္ေၾကာင္းကို ျပန္ေျပာေတာ့ သူ႕ဘက္က ဟက္ခနဲ တစ္ခ်က္ရယ္ၿပီး အသက္ရႉသံျပင္းျပင္းထြက္လာသည္။ လႊား ဘာမွားလို႔လဲ သူေမးလို႔ လႊားက ေျဖတာေလ။

" ဝန္း ေရာ "

ဝန္း တဲ့ ။ သူ ကိုကို႔ကို ဝန္း လို႔ေခၚလိုက္တာလား။ လႊား ေခၚခြင့္မရွိတဲ့ ဝန္း ကိုေလ။ သူေၾကာင့္လား ။ ဝန္း က သူေခၚတဲ့ နာမ္စားမလို႔လား။ သူက ဘယ္သူမို႔လို႔လဲ။

" ကိုကိုက Toilet သြားတယ္ ဖုန္းက က်န္ခဲ့တာ အေရးႀကီးေနတယ္ထင္လို႔ လႊား ကိုင္လိုက္မိတာ. ."

လႊားေျပာေနတာ မဆုံးခင္ တဖက္က ခ်သြားတဲ့ ဖုန္းေၾကာင့္ လႊား ဆက္ေျပာ
မယ့္ စကားေတြက လည္ပင္းဝမွာ တိုးလို႔တန္းလန္း။

" လႊား "

ကိုကို႔ဖုန္းကို နားမွာ ကပ္လ်က္သား ျဖစ္ေနတာမို႔ ေရာက္လာၿပီျဖစ္တဲ့ ကိုကိုက ထူးဆန္းတဲ့ အၾကည့္နဲ႕ ေခၚလာသည္။

" ခနခန လာေနလို႔ "

လက္ထဲက ဖုန္းကို ကိုကို႔ထံလွမ္းေပးေတာ့ ကိုကိုက ဖုန္းကို ၾကည့္ကာ မ်က္ဝန္းအိမ္ေတြက မၿငိမ္မသက္ ျဖစ္ေနသည္။

"ခ်ိန္းကို လာေပးဖို႔ အဆင္မေျပလို႔
မသက္ကိုင္ခိုင္းလိုက္တာ အေရးႀကီးေနမလားလို႔ "

ေဘးနားက မမသက္က လႊားရဲ႕ စိတ္အေျခအ​ေနကို ရိပ္မိသည့္အလား လႊားကို အျပစ္မ​ျမင္​​ေစရန္ ကာေျပာေပးသည္။

" ဘာေျပာသြားေသးလဲ "

"ဟင့္အင္း ဘာမွ မေျပာဘူး လႊား က အေရးႀကီးမယ္ထင္လို႔ ကိုင္လိုက္တာ သူမ်ားဖုန္းကို ပိုင္ရွင္မသိဘဲ မကိုင္ရဘူးလို႔ ေဖေဖက ေျပာထားေပမယ့္
ခနခန ..."

သူ႕ကို စိတ္ဆိုးမွာစိုးၿပီး အေၾကာက္အကန္ ရွင္းျပဖို႔ ႀကိဳးစားေနတဲ့ လႊား
ေၾကာင့္ ဝန္း ရယ္ခ်င္လာသည္။ ဒီအျဖဴထည္ေလး က ေစတနာေဇာနဲ႕ ကိုင္လိုက္တယ္ဆိုတာ ဝန္း ယုံတယ္။ ဒါေပမယ့္ အစ္ကို။ အစ္ကိုက ဝန္း အလုပ္ခ်ိန္ အတြင္း ဖုန္းမဆက္တတ္ဘူး။ ကိစၥတစ္ခုခုမ်ား ျဖစ္လို႔လား။

" ဟုတ္ပါၿပီ ကိုယ္ နားလည္တယ္ ေနာက္တစ္ခါ ကိုယ္သတိမမူလို႔ မေတာ္တဆမ်ား ဒီလိုထပ္ျဖစ္လာခဲ့သည္ရွိေသာ္ မကိုင္လည္း ရတယ္ေနာ္ "

မ်က္လုံးေလး ကလယ္ကလယ္နဲ႕ ေခါင္းတဆတ္ဆတ္ၿငိမ့္ျပေနတဲ့ ေကာင္ေလးက ခ်စ္ဖို႔ေကာင္းသည္။ သူသာ ကေလးေသးေသးေလးဆိုရင္ ဝန္း ေမြးစားပလိုက္ၿပီ ဟက္။ သူ႕လို သားေလးတစ္ေယာက္ေတာ့ လိုခ်င္မိသည္ ဟားဟား။

ၿပဳံးၿပဳံး ၿပဳံးၿပဳံး နဲ႕ လူကို ၾကည့္ေနတဲ့ ကိုကိုေၾကာင့္ လႊား ေနရခက္လာသည္။ ဘာလို႔ အဲ့လိုႀကီး လာၾကည့္ေနတာလဲ။

" ကဲ အားလုံး ရန္ကုန္  scene ေတြၿပီးၿပီေနာ္ ပင္ပန္းသြားၾကၿပီ အားလုံးေတာ္ၾကတယ္ မနက္ျဖန္ ခရီးအတြက္ ျပင္ဆင္ရေအာင္ ဒီေန႕ နားလိုက္ေတာ့မယ္ "

ဒါရိုက္တာ ကိုဇန္း ရဲ႕ စကားေၾကာင့္ တစ္ဖြဲ႕သားလုံး လက္ခုပ္လက္ဝါးတီးကာ ေပ်ာ္ၾကသည္။ ခါတိုင္း ည ဆယ္နာရီ ဆယ္တစ္နာရီ တစ္ခါတစ္ေလ မိုးလင္းေပါက္ ထိ မနားရပဲ ရိုက္​ၾကရမို႔ ဒီေန႕ 6 နာရီမွာ  နားလိုက္ရတာေၾကာင့္
အကုန္ေပ်ာ္ေနၾကတာ ျဖစ္တယ္။

အခုဆို အစ္ကို အိမ္မွာ ေရာက္ေနၿပီေနမယ္။ အဲ့ဒါေၾကာင့္ ဖုန္းဆက္တာလား။ မဟုတ္ေသးပါဘူး အစ္ကိုက ဘယ္တုန္းက အဲ့လိုဖုန္းဆက္လို႔လဲ။ လမ္းႀကဳံ မွာစရာရွိလို႔လား။ အစ္ကို႔ဆီ ဖုန္းျပန္ဆက္လိုက္ေပမယ့္ အစ္ကိုက ဖုန္း မကိုင္။ အိမ္ေရာက္မွ ေမးေတာ့မယ္။

/

/

" Hello ေဖေဖ "

ႏွင္းဆီပင္ေတြကို ျမင္ေနရတယ္ဆိုေတာ့ ေဖေဖၿခံထဲဆင္း​ၿပီး လမ္းေလွ်ာက္​​ေနတာေနမယ္။

" ပင္ပန္းေနၿပီလား လႊား "

ေဖေဖ့အေမးကို လႊားၿပဳံးကာ ေခါင္းရမ္းျပလိုက္ၿပီး ေဖေဖ့ေဘးနားမွာ ရွိမ​ေနတဲ့ ေဖႀကီးကို သတိရမိသည္။

" ေဖႀကီးေရာ "

" meeting ရွိလို႔ ႐ုံး သြားၿပီ "

ဒါေၾကာင့္ မေတြ႕တာကိုး။ မဟုတ္ရင္ ေဖႀကီးက ေဖေဖ့ေဘးနားကေန တဖဝါးမွ မခြာ ။ မနက္မိုးလင္း နိုးထတဲ့ခ်ိန္ကစ ၿပီး ညအိပ္ယာဝင္သည္အထိ ေဖေဖ့ေဘးမွာ ရွိခ်င္သူ။ မ်က္ႏွာသစ္တာက အစ ေရခ်ိဳးတာ အဆုံး အရာရာကို ေဖေဖနဲ႕ပဲ အတူလုပ္ခ်င္သူ။ လက္သည္း ေျခသည္း ရွည္ေနရင္ေတာင္ ေဖေဖ မညွပ္ေပးရင္
မညွပ္ေပးသလို ညစ္ညစ္ပတ္ပတ္ေနသည္။ ေဖႀကီး ကိုယ္တိုင္ သူ႕လက္သည္းေျခသည္းေတြ ညွပ္တာ တစ္ခါမွ မျမင္ဖူးဘူး။ လႊားေတာင္ ငယ္ငယ္ေလးထဲက ကိုယ့္ဘာသာ ညွပ္တာ။

ေဖႀကီးဆံပင္ညွပ္ရင္လည္း ေဖေဖ ပါ ဆံပင္ညွပ္ဆိုင္ လိုက္ေပးမွ မဟုတ္ရင္ မသြားဘူး။ ေနာက္ေတာ့ ​ေစာင့္ရတာကို မႀကိဳက္တဲ့ ေဖေဖက  Youtube က ေန ၾကည့္ၿပီး ေဖႀကီး ကို ကိုယ္တိုင္ ညွပ္ေပးေတာ့တာပဲ။ မလွမပ မသပ္မရပ္နဲ႕ ပုံမက်ပန္းမက် ညွပ္ေပးလည္း ေဖႀကီးကေတာ့ အရမ္းႀကိဳက္တယ္ ဆိုၿပီး အဲ့ပုံအတိုင္း ႐ုံးကို ေမာ့ေတာ့ေမာ့ေတာ့နဲ႕ သြားတာပဲ။ ၾကားထဲ လႊားကိုေတာင္ ညွပ္ေပးရမလား ေမးလို႔ ပတ္ေျပးကာ ပုန္းရေသးတယ္။ ေဖေဖက လည္တယ္။ သူ႕က် ေစ်းႀကီးေပးရတဲ့ ဆိုင္မွာ အလန္းစားသြားညွပ္တယ္ ။  သူ႕ေယာက်ာ္းကေတာ့ သူ႕လက္ရာ ဟိုေနရာက်ဲ ဒီေနရာထူ တဲ့ေကနဲ႕။ ခုထိလည္း အဲ့ေကႀကီးနဲ႕ပဲ။လႊားက ရွက္လို႔ ဆိုင္မွာ သြားျပင္ရေအာင္ဆိုၿပီး အတင္းဆြဲေခၚရင္ ငါ့ေယာက်ာ္းညွပ္ေပးထားတာကို မင္းကဘာေကာင္မလို႔ ေဝဖန္ရတာလဲဆိုၿပီး အဆူေတာင္ခံရေသးတယ္။ လႊားကသာ ရွက္တာ ကာယကံရွင္က ႀကိဳက္လြန္း​​ေနတာ တဖက္ကမ္းလြန္။ မတတ္နိုင္တဲ့အဆုံး လႊတ္သာထားလိုက္ရတယ္။

" ေနေကာင္းတယ္မလား လႊား "

" ဟုတ္ မနက္ျဖန္က်ရင္ လႊားတို႔ ကေလာသြားရမွာ "

" ဟုတ္လား ေကာင္းတာေပါ့ ကေလာက အရမ္းလွတာ လည္ပတ္လို႔ေကာင္းတဲ့ ၿမိဳ႕ေလး ေဖေဖေတာ့ မေရာက္ဖူးဘူး အဟင္း"

ၿပဳံးစစနဲ႕ ေျပာလာတဲ့ ေဖေဖက ျမန္မာနိုင္ငံ အေၾကာင္းေျပာလိုက္တိုင္း မ်က္ဝန္းထဲမွာ လြမ္းရိပ္ေတြေဝလာဆဲ။
ေဖေဖနဲ႕ အတူ ျမန္မာနိုင္ငံအႏွံ႕အတူလည္ခ်င္တယ္။ ေဖေဖလည္း လည္ခ်င္မွာ။

" ဒီကို လာခဲ့ပါလား ေဖေဖ "

ေခၚသာ ေခၚလိုက္တာပါ ေဖႀကီးက သူ႕ေယာက်ာ္းကို ေပးသြားခိုင္းမွာမဟုတ္။ တစ္နာရီေလာက္ ခြဲရရင္ကို တစ္ရာသီေလာက္ ခြဲရသလို ျဖစ္ပ်က္တာ။ ႐ုံးေတာင္ ေခၚသြားမရလို႔ ရမ်ားရရင္ ေခၚသြားဦးမွာ။ ေခၚသြားလို႔ရရင္ တကယ္ေကာင္းမွာ။ မဟုတ္ရင္ ႏွစ္မိနစ္ျခား တစ္ခါေလာက္ ေဖေဖ့ဆီ ဖုန္းဆက္ေနလို႔ ေဖေဖ့မွာ ဘယ္သြားသြား ဖုန္းကို လက္ကမခ်ရဘူး။ မကိုင္မိရင္က အိမ္ကို ခ်က္ခ်င္း ျပန္လာတတ္လို႔ ေဖႀကီး အလုပ္ျပဳတ္မွာစိုးၿပီးToilet ဝင္လည္း ဖုန္းယူသြားရတယ္ ။ အဲ့လိုကဲတာ ေဖႀကီးက။ လႊားက တစ္ခါတစ္ေလေလး ေဖေဖ့ရင္ခြင္ထဲ ဝင္ၿပီး ကေလးလုပ္ရင္ အတင္း ဆြဲထုတ္ၿပီး ေနရာလုတာ။လႊားက သားဆိုၿပီး အေလွ်ာ့ေပးတယ္မရွိ။ ငယ္ငယ္က ဆို ေဖေဖ့ကို လုရင္း ရန္ျဖစ္ရတာ အခါခါ။ ခုလည္း ျမန္မာျပည္ကို လြမ္းေနတဲ့ ေဖေဖ့ကို လုံးဝ မသြားခိုင္းဘူး။

" လႊားေဖႀကီးက လႊတ္ေနဦးမယ္ "

ေဖႀကီးေၾကာင့္သာ မဟုတ္ရင္ လႊားတို႔လည္း ျမန္မာျပည္မွာပဲ အေျခက်ေနမလား ။

" ေဖႀကီးက အရမ္း အမုန္းႀကီးတာပဲ "

" ေျပာပါဦး ေဖေဖ့လႊားေလး ဘာေတြ စိတ္ညစ္ေနလဲ "

ေဖေဖကေတာ့ ေဖေဖပါပဲ။ လႊား မေဖာ္ျပဘဲနဲ႕ကို လႊား စိတ္ကို ဖတ္နိုင္သည္။

" ကိုကို "

" အင္း ကိုကို ဘာျဖစ္လဲ "

လႊား မွာေျပာျပစရာလူဆိုလို႔ ေဖေဖပဲ ရွိတယ္။ေဖႀကီးက ေဖေဖ့လို အရာရာကိုနားေထာင္မေပးတတ္။ ငိုရင္လည္း မႀကိဳက္ ။ ကိုယ္လုပ္တဲ့အရာမွန္သမွ် ကိုယ့္ဘာသာ ရင္ဆိုင္ၿပီး ေျဖရွင္းခိုင္းတာခ်ည္းပဲ။ အဲ့လိုေတြေၾကာင့္ ေဖ​ႀကီးကိုဆို ဘာမွ သိပ္မေျပာျပျဖစ္ဘူး။

ရင္ဖြင့္လို႔ရတဲ့အထိ ခင္တဲ့ သူငယ္ခ်င္းဆိုတာလည္း လႊားမွာမရွိ။ လႊားမွာ အရာရာ ေျပာျပလို႔ရတာက ေဖေဖတစ္ေယာက္သာ ရွိတယ္။

" ဒီေန႕ ကိုကိုToilet  သြားေနတုန္း
ကိုကို႔ဖုန္းက လာတာ ခနခန လာေနတာမို႔ အေရးႀကီးတယ္ ထင္ၿပီး လႊားကိုင္လိုက္မိတာ "

" အင္း "

" လႊား က ေစတနာနဲ႕ ကိုင္လိုက္တာေနာ္ ေဖေဖ ပိုင္ရွင္ မသိေအာင္ တမင္ကိုင္တာမဟုတ္ဘူး "

" အဲ့ဒီေတာ့ ဘာျဖစ္ခဲ့လို႔လဲ "

ေဖေဖကာ ၿပဳံးကာ ေမးသည္။ ေဖေဖက လႊားေျပာသမွ်ကို စိတ္ရွည္ရွည္နဲ႕ နားေထာင္ေပးၿပီး အႀကံဥာဏ္ေတြေပးတတ္တာမို႔ လႊား ဒီေန႕ ဘာဝတ္သြားရင္ ေကာင္းမလဲက အစ ေဖေဖ့ကို ေမးတတ္သည္။ ေဖေဖေပးတဲ့ အႀကံေတြဆို အကုန္ လက္ခံၿပီး ေဖေဖ့ကို ေျပာျပလိုက္ရင္ စိတ္ေပါ့သြားတာေၾကာင့္ လႊား အတြက္ ေဖေဖက အေရးအႀကီးဆုံးပဲ။ လႊား အတြက္ အေဖလည္း ဟုတ္တယ္ အေမလည္း ဟုတ္တယ္ ညီအကို လည္း ဟုတ္တယ္ သူငယ္ခ်င္းလည္း ဟုတ္တယ္။ အဲ့လို ေျပာလို႔ ေဖႀကီးကိုက မခ်စ္ဘူးလား မေမးနဲ႕ေနာ္ ေဖႀကီးကိုလည္း အရမ္းခ်စ္တယ္ေလ။ ေဖႀကီးနဲ႕က ရန္ျဖစ္ေဖာ္ ဟားဟား။

" ဖုန္းထဲကလူက ကိုကို႔ ကို ဝန္း လို႔ေခၚတယ္ "

" အင္း "

​ေျပာရင္း ေျပာရင္း စိတ္ထဲက ဝမ္းနည္းလာတာမို႔ ေခါင္းဦး ေပၚ မ်က္ႏွာ အပ္လိုက္သည္။

" ဝန္း လို႔ေခၚတာ ဘာျဖစ္လို႔လဲ လႊားရဲ႕ "

ေဖေဖကို ဝမ္းနည္းေနတဲ့ ပုံ မျပခ်င္ပါဘူးဆို အခု ျပမိသြားၿပီ။ ေဖေဖ ပါ ဝမ္းနည္း သြားရင္ ဒုကၡ။

" ကိုကို႔ကို လႊားက ဝန္းလို႔ ေခၚခ်င္တယ္လို႔ ေျပာဖူးတယ္ ကိုကိုက လႊားကို
မေခၚခိုင္းဘူး "

" အဲ့ဒါေၾကာင့္ ဝမ္းနည္းေနတာလား
ေဖေဖ့ကေလးေလးက "

ေခါင္းၿငိမ့္ျပေတာ့ ေဖေဖ ကလည္း အတူ ေခါင္း လိုက္ၿငိမ့္သည္။

" လႊား သူ႕ကို သေဘာက်ေနတာလား  "

" မသိဘူး.... လႊား မသိဘူး "

လူတစ္ေယာက္ကို သေဘာက်တယ္ဆိုတာ ဘယ္လိုမ်ိဳးလည္း လႊားေသခ်ာမသိ။ ဘယ္သူ႕ကို မွလည္း လႊား သေဘာမက်ဖဴးဘူး။ ကိုကို နဲ႕က်မွ စိတ္ေတြက တစ္မ်ိဳးႀကီးေတြ ခံစားေနရတာ။ ကိုကို နဲ႕ က ေတြ႕တာလည္း မၾကာေသးပဲနဲ႕ လႊားက အရမ္း ခင္တြယ္ခ်င္ေနတာ။

" ဝန္း လို႔ ေခၚတဲ့ တစ္ေယာက္က သူ႕ရဲ႕ ခ်စ္သူမ်ားလား "

ေတြးေတြးဆဆ ေျပာလာတဲ့ ေဖေဖ့ စကားေၾကာင့္ လႊား မ်က္လုံးျပဴးသြားသည္။

" ကိုကိုက ခ်စ္သူမရွိဘူးတဲ့ အင္တာဗ်ဴးေတြမွာ ေျဖတယ္ "

" ပရိသတ္ေတြ စိတ္မေကာင္းျဖစ္မွာ စိုးလို႔ ညာေျပာတာလားမသိ "

" မညာရဘူးေလ ညာရင္ငရဲက်မွာဆို ေဖေဖပဲ ေျပာတာေလ "

" တစ္ခ်ိဳ႕ကိစၥေတြမွာက်ေတာ့ အမွန္အတိုင္းေျပာလိုက္တာထက္ ညာေျပာလိုက္တာက ပိုအဆင္ေျပတဲ့ အရာေတြရွိတတ္တယ္ လႊားရဲ႕"

လႊား နားမလည္ေတာ့ဘူး ေဖေဖပဲ ညာရင္ မေကာင္းဘူး ေျပာခဲ့ၿပီးေတာ့ အခုက် ညာရင္ အဆင္ေျပတယ္ ေျပာျပန္ၿပီ။ ကိုကိုက တကယ္ပဲ ခ်စ္သူ ရွိတာလား။

" ေဖေဖ့ကေလးေလးကလည္း
ဝမ္းမနည္းရဘူးေလ သူ နဲ႕ ကိုယ္နဲ႕က ခဏတာ ဆုံရတဲ့ ေရစက္ငယ္ေလးေလ အလုပ္ေတြ ၿပီးရင္ ျပန္လာရေတာ့မွာ ဒီမွာက လႊားကို အရမ္းခ်စ္တဲ့ ေဖႀကီး နဲ႕ ေဖေဖက ေန႕တိုင္း ေမွ်ာ္ေနတာ ေဖႀကီးက လႊားကို လြမ္းလို႔တဲ့ ညကေတာင္ လႊား ငယ္ငယ္က ဓာတ္ပုံေလးေတြ
ၾကည့္ၿပီး သတိရေၾကာင္း ေျပာေနတာ "

" ေဖေဖကေတာ့ေလ ေဖေဖ့လႊားေလးကို ဘယ္သူ႕ကိုမွ မေပးခ်င္ပါဘူး ေဖေဖ့လႊားေလးနဲ႕ဘဲ တစ္သက္လုံး အတူတူေနသြားခ်င္တာ လႊားကေရာ ေဖေဖနဲ႕ပဲ မေနခ်င္ဘူးလား "

" ေနခ်င္ေပမယ့္ ေဖေဖက်ေတာ့ ေယာက်ာ္းယူၿပီး လႊားကိုက် မယူခိုင္းရင္ မတရားဘူးေလ "

" ဟားဟား ျပန္ေရာက္ရင္ ရည္းစားထားခြင့္ျပဳမယ္ "

" ကတိေနာ္ "

ရည္းစားထားခြင့္ျပဳမယ္ဆိုတာက စကားအျဖစ္ ေျပာတာ တစ္ခါမွ လႊားကို ဘယ္ကိစၥကိုမွ ပိတ္ပင္ထားတာမ်ိဳးမရွိဘူး။ လႊားကသာ တစ္ခုခုဆို ခြင့္ေတာင္းတတ္တာ။

"ကဲဗ်ာ ေဖေဖကေတာ့ ကတိ ေဖႀကီးနဲ႕က ကိုယ့္ဘာသာရွင္း "

" လႊားက လူပ်ိဳႀကီးပဲ ျဖစ္ေတာ့မွာ "

လႊား သက္ျပင္းခ်ကာ ေျပာေတာ့ ေဖေဖက အားရပါးရ ရယ္ေနသည္။

" မနက္ျဖန္အတြက္ ဘာေတြယူသြားမွာလဲ ျပင္ဆင္ၿပီးၿပီလား "

" ပါလာတဲ့ Luggage ပဲ ေကာက္ဆြဲသြားမွာ "

" တျခားေရာ လိုအပ္တာေတြ "

" မရွိဘူး အကုန္ စီစဥ္ေပးၾကတယ္ "

" ဘာနဲ႕ သြားမွာလဲ "

" မန္ေနဂ်ာ လာေခၚမယ္တဲ့ မနက္ေစာေစာ ထြက္မယ္ထင္တယ္ "

" ဒါဆို အိပ္ေတာ့ေလ Baby "

" Good morning ျဖစ္ပါေစ ေဖေဖ
ေဖႀကီးကိုလည္း လြမ္းတယ္ ေျပာ​ေပးဦး ေနာက္ေန႕ ေဖႀကီး အိမ္မွာရွိတဲ့ အခ်ိန္ ဆက္မယ္ "

" အင္းအင္း အိပ္ေရးဝဝအိပ္ေနာ္ ဘာမွ မစဥ္းစားဘဲ အိပ္ တစ္ခုခု ဆို ေဖေဖ့ကို ခ်က္ခ်င္းလွမ္းေျပာေနာ္ ၿပီးေတာ့ လႊားရဲ႕ အလုပ္က လူေတြအကုန္လုံးအေပၚမွာ စိတ္သန့္သန့္ေလးနဲ႕ ဆက္ဆံေနာ္ ကိုယ္က သူတို႔ဆီက လူမဟုတ္ဘူးေလ အကုန္လုံးနဲ႕ ေျပေျပလည္လည္ေနေနာ္ ေဖေဖ​တို႔ေသြးသားေလး ေဖ​ေဖတို႔ကေလး​ေလးက အက်င့္စာရိတၱေရာ ကိုယ္က်င့္တရား​ေရာ ေကာင္းတဲ့ သူ
မလို႔ ေဖေဖက ယုံၿပီးသား ဘုရားတရားလည္း မေမ့နဲ႕ အလုပ္ကို ႀကိဳးႀကိဳးစားစားလုပ္ၿပီး ​ေခါင္းေမာ့ရင္ေကာ့ၿပီး အိမ္ျပန္လာခဲ့ေနာ္ "

ေဖေဖ့ေျပာတဲ့ စကားအဓိပၸါယ္ကို လႊား ေကာင္းေကာင္းႀကီး နားလည္သေဘာေပါက္တယ္။ေဖေဖ့ရဲ႕ နည္းမွန္လမ္းမွန္ သင္ျပမႈေတြ ထိန္းေက်ာင္းမႈေတြ ေအာက္မွာ ေနခဲ့ရတဲ့ လႊားက လူမႉေရးနဲ႕ ပတ္သက္ၿပီးေတာ့ ဘယ္လိုေနထိုင္ရမယ္ဆိုတာကို လႊား သိၿပီးသား။ လႊားဆိုသည္မွာ
ေဖႀကီး နဲ႕ ေဖေဖ တို႔ မ်က္ႏွာ ပ်က္ေစ
မယ့္ အလုပ္မ်ိဳးကို လွည့္ေတာင္ၾကည့္
မယ့္သူ မဟုတ္ဘူး။

" ဟုတ္ လႊား နားလည္ပါတယ္ ေဖေဖ လႊားကို စိတ္မပူပါနဲ႕ လႊားက
တစ္ေယာက္ထဲလဲ ျဖစ္ပါတယ္
ဒါပဲေနာ္ ေဖေဖ "

အင္း လႊားက တစ္ေယာက္ထဲလည္း ျဖစ္တယ္။ အစကတည္းက လႊားက တစ္ေယာက္ထဲပဲေလ။

/

Continue Reading

You'll Also Like

318K 15.4K 85
🍁ကောင်းခြင်းတည်မြဲ.. 🍁 နိုင်ငံခြားပြန်ကောင်လေး။ ရုပ်ရည်၊ ပညာ၊ စည်းစိမ်ဥစ္စာပြည့်စုံကြွယ်ဝသူမို့ အတော်လေးကြီးကျယ်သည့်လူ။ သူ့ကိုသူလည်း အထင်ကြီးလွန်းပ...
493K 11.8K 89
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
35.9K 2.4K 33
Title-ငွေလမင်းရယ် မပြုံးနိုင်ရှာ Author-လီလီဟန် လမသာသော နှလုံးသားဝင်္ကပါနှင့်ဖြစ်နေပါ လျှင်လည်း ကျွန်တော့်နှလုံးသားအား နွယ်တစ်ပင်လို သူနွယ်တတ်ပါစေလေ...
83.8K 11.1K 114
COMPLETED ✔️ Chinese Title - 如果月亮不抱你 English Title - If The Moon Won't Hold You Original Author - 六盲星 Status in COO - 71+3 Extras Start Date - 01.04...