Unicode
အနှီမိန်းမသားငယ်လေးရဲ့ မျက်ရည်ကြည်တွေနဲ့ ဝပ်အိုင်လဲ့ဖြာနေတဲ့မျက်ဝန်းအစုံကို ငုံ့ဆိုင်းကြည့်ရင်း လူ့လောကမှ ငရဲခန်းလေးထဲမှာ ချစ်ခြင်းတရားနဲ့ အတိပူလောင်ပါစေဦး...
တူတူသာ ဆင်းသက်လိုက်ပေမည်....
စိုးထိတ်ဟန်မျက်နှာအရိပ်အယောင်တွေနဲ့
အားနာတဲ့စိတ် ၊ ပြစ်မှားမိလေခြင်းလို့ သူ့ကိုယ်သူ ပူလောင်မိနေတဲ့ ချာတိတ်မလေးကို
မိမိကရော.....?
ေြခနှစ်ချောင်းမကယ်ကောင်းဆိုတဲ့ ဆိုရိုးရှိပေမယ့် ကိုယ်တကယ်ကူညီပေးပြီး သက်ဝင်သွားတာက လူသားတစ်ယောက်ရဲ့ နှလုံးသားနဲ့အတူ ရင်သွေးငယ်တစ်ဦး...
ဆူးက ကျေးဇူးရှင်အမည်ခံပြီး ရယူခြင်းေတွနဲ့ဟန်ဆောင်နေတယ်လို့ သူမ မြင်သွားမှာ
သူမရဲ့ မိသားစုက အထင်လွဲသွားကြမှာ
ပတ်ဝန်းကျင်က ဒီကောင်မလေးရဲ့ အတိတ်အပြင်လက်ရှိ ဆူးကြောင့် ပိုနစ်မွန်းသွားမှာ
တကယ် ကိုယ့်ရှိရင်းစွဲ ကျော်ကြားမှု၊ ဘာနဲ့မဆိုတိုင်းတာစရာ မလိုအောင် ကြောက်သည်။
မိမိကိုယ်ပွေ့ဖက်ထားတဲ့ချည်နှောင်မှုလေးမှာ
မိမိဘက်ကပဲ စစတွေ့ခြင်းတည်းက ဆွဲငင်ခံလိုက်ရသလို ရင်ခုန်မိတာကြောင့်
အခု ကိုယ့်ကို ဖက်ယှက်ထားတဲ့ လက်ကလေးတွေကို ဘယ်အင်အားနဲ့ ပယ်ချနိုင်မည်တဲ့လဲ?
"မှူး...ကလေးငယ်
မကို မော့ကြည့်ပါအုံးလား
မမပြောတာကို နားထောင်နော် ဟို...မကွယ်ရှက်တမ်းပြောရရင်
ငရဲကြီးမှာလည်းကြောက်ရှာတယ်ဆိုတဲ့ ကလေးမကို မမက အရမ်းချစ်နေမိတာ ဟင့်အင်း... သိပ်ကို ချစ်နေတာပါပဲ ကလေးရယ်"
မျက်ရည်တွေပိုးခနဲ ပေါက်ခနဲကျမိပြီး နှုတ်ခမ်းတွေက တုန်လာတဲ့အထိ သူမကိုဖွင့်ပြောရတာက ဆူးအတွက် တကယ်ကို လေးနက်လွန်းတာမလို့ ခက်ခဲပါသည်။
"အင်း.... ဒါတွေက ပထမဆုံးမှူးနဲ့တွေ့ခဲ့ရတည်းက ချစ်မိသွားတာကို မ ဝန်ခံပါတယ်
မ အတတ်နိုင်ဆုံး စောင့်စည်းခဲ့တာတွေမှာ မှူးဘက်က စပြီး ဖွင့်ပြောရသလို ဖြစ်သွားလို့ မှူးရဲ့ တန်ဖိုးတွေ ကျသွားတာမျိုး ဖြစ်ရင် မ တောင်းပန်ပါတယ်နော်...
မှူးကို တန်ဖိုးထားလွန်းလို့
မရဲ့ ပိုင်ဆိုင်လိုစိတ်ကြီးတစ်ခုကြောင့် ဘယ်လိုမှ စကားနဲ့တောင်
တန်ဖိုးကျသွားမှာစိုးလို့ စကားရိပ်တောင် မသန်းရဲခဲ့ဘူး ....
တောင်းပန်ပါတယ် ခလေးရယ်နော်...."
"မမကလည်းကွာ....."
"ဘာမှမလိုအပ်ဘူး မှူးမှာ မမရှိနေရင် ရပြီ"
နှစ်ယောက်လုံး ဝမ်းသာမျက်ရည်တွေနဲ့ဆိုရင်တောင် မမရဲ့ မျက်ဝန်းရွဲရွဲေတွစီမှာ
မှူးရဲ့ အကြည့်တွေမခွာချင်လောက်အောင် မော့ကြည့်နေမိသည်။
ခုတင်ေဘးနားက မတ်တပ်ရပ်လျက်ပွေ့ဖက်ထားတဲ့ မရဲ့ နှုတ်ခမ်းထူအိအိတွေက
မျက်ရည်စီးကြောင်းနှစ်ဖက်နဲ့ အနားသတ်ထားကာ အရည်လဲ့လျက်သာ ရှိနေတော့သည်။
တဖြည်းဖြည်း မှူးကို မထိရက် မကိုင်ရက်နဲ့
ကတုံကယင်ဖြစ်နေတဲ့ မရဲ့ ခေါင်းလေးငုံ့သထက် ငုံ့ဆင်းလာတော့ နက်မှောင်မှောင်ဆံပင်ရှည်တွေပါ မှူးရဲ့ နှာခေါင်းဖျားကို လာထိနေသည်။
ရင်တွေ ဖျက်ခနဲ လှပ်ခနဲနဲ့ ကိုယ်လေးပါ ဆတ်ခနဲ တုန်နေမိသလို မှူးရဲ့ မျက်နှာလေးကိုငုံ့ကြည့်ရင်း အားမရစွာ ငုံ့ဆင်းရင်း သူမရဲ့ မျက်နှာလေးနား နီးရအောင်
အကြည့်တွေမခွာဘဲ ရှိနေမိသည်။
ဆူး ဘယ်လောက်ရင်ခုန်နေသလဲ သိလား....?
"မှူး.."
" ရှင်!"
" ဟိုလေ... မ ကလေးကို နမ်းချင်လို့
ခွင့်ပေးပါလား ...?"
"ကလေးဆိုတာ မှူးကို ပြောတာမလား?
အခု ကလေးနှစ်ယောက် ဖြစ်နေလို့လေ"
မရဲ့ မဝံ့မရဲဖြစ်နေပုံလေးတစ်ခုချင်းကအစ ချစ်စဖွယ်အပြည့်နှင့်မို့ မှူးမှာ အသည်းတွေယားရပြန်ပါသည်။ ဒီလိုမျိုး မဆီကနေ နမ်းချင်လို့ ခွင့်တောင်းတယ်ဆိုကတည်းက မ ဟာ မှူးကို
ပွင့်လင်းလာပေးတာမို့ ထပ်တိုးချစ်ရပြန်ပါရော...
မဖြစ်မနေ မစရရင် မနေနိုင်တာမို့ မေးမိပြန်တော့ ပြာပြာသလဲ ခေါင်းခါရှာသည်။
" ကလေး! ...ကလေးဆိုတာ မရဲ့ ကလေးငယ်
မှူးကို ပြောတာ
မှူးကို နမ်းချင်တာ ...နော်..."
"ဟီး....သိသားပဲ တမင်စနေတာ.. မမကိုလေ...အင့် ! "
စကားစတွေမပြီးသေးခင် နှုတ်ခမ်းထူထူတွေရဲ့ ထိတွေ့မှုကြောင့် ကြက်တူရွေးမလေး တိတ်သွားရသလိုမျိုး....
နှုတ်ခမ်းထိတယ်ဆိုရုံလေးနဲ့ ဖိကပ်ထားသည်။
ဘာမှထပ်ရွေ့လျားမှုမရှိတော့ဘဲ သူမရဲ့ နှုတ်ခမ်းတွေ တုန်နေတယ်ဆိုတာကိုပဲ လာအသိပေးနေသလို....
ဪ မနမ်းတတ်လိုက်တာ မ ရယ် .....!
ပြီးတော့ အသာအယာခွာရင်း မှူးေခါင်းကို ရင်ခွင်ထဲထည့်ပြီး မှူးရဲ့ ဆံပင်တွေကို ခိုးနမ်းရှိုက်ရင်း ပြန်ကိုငုံ့မကြည့်လာတော့ပါ။
10 sec လောက်လေး နှုတ်ခမ်းသားချင်း ပူးကပ်မှုလေးအပေါ် မရှင်ဆူးနီဟာ တုန်လှုပ်နေတဲ့ ရှက်နေတာကြောင့် ကုတင်ပေါ်မှ မိခင်လောင်းခမျာ ဆွံ့အရလေသည်။
သားကတော့ မှူးရဲ့လက်ပေါ်မှာတင် အိပ်ပျော်နေတာမို့ ဒီအမေရဲ့ သောကတွေကို မသိနိုင်။
"မ"
"ဟင်"
" မှူးကို နမ်းလိုက်တာက မအတွက် ပထမဦးဆုံးအနမ်းလား?"
"အင်း...ဘာ ...ဘာလို့လဲ ?"
"ဟီးဟီး ...မ မနမ်းတတ်မှန်း သိသာလို့လေ
ဒါပေမယ့် ရပါတယ် မှူး က တဖြည်းဖြည်းသင်သွားပေးမှာပေါ့ ...နော့ "
" ဟယ် ...ကလေးနော် ..."
ခိုးခိုးခစ်ခစ်နဲ့ ရယ်မိတော့ ဗိုက်က ချုပ်ရိုးက
ဆစ်ခနဲ နာသည်။ အနာခံပြီး အသာစံရတာတော့ မရဲ့ ရှက်နေတဲ့ မျက်နှာရဲရဲလေးကို ကျီစယ်ပြီး ခေါင်းမော့ကာ လှမ်းနမ်းလို့ရနေတာပဲ ဖြစ်သည်။
" မ ... မကို မှူး ချစ်တယ်နော် "
တုံ့ပြန်မှုကတော့ သူမရဲ့ လက်တွေကြားမှာ
တင်းကြပ်စွာအသိုင်းဖက်ခံရင်း သားရဲ့ အသံရှူသံလေး နားထောင်နေရတာက ကိုးလကျော်ဆယ်လ အချိန်တစ်ခုက ပင်ပန်းခဲ့ရတာတွေအကုန် ကင်းပျောက်သည်အထိ......။
နောက်အပိုင်းကို ဆက်ရေးနေပါမည်။
Readers အသစ်တွေတိုးလာလို့ တကယ်ပျော်နေတာပါ ။လိုအပ်ချက်ေတွ မှာချင်တာေလးတွေရှိရင်တော့ ပြောသွားပါဦး။
..................................................
Zawgyi