Love is Blind ( Completed )
By November_venus
207K 20.3K 573
Pity is akin to love 💜 More
Chapter - 1
Chapter - 2
Chapter - 3
Chapter - 4
Chapter - 5
Chapter - 6
Chapter - 7
Chapter - 8
Chapter - 9
Chapter - 10
Chapter - 11
Chapter - 12
Chapter - 13
Chapter - 14
Chapter - 15
Chapter - 16
Chapter - 17
Chapter - 18
Chapter - 19
Chapter - 20
Chapter - 21
Chapter - 22
Chapter - 23
Chapter - 25
Chapter - 26
Chapter - 27
Chapter - 28
Chapter - 29
Chapter - 30
Chapter - 31
Chapter - 32
Chapter - 33
Chapter - 34
Chapter - 35
Chapter - 35 ( Unicode )
Chapter - 36
Chapter - 37
Chapter - 38
Chapter - 39
Chapter - 40 ( final )
Extra
Chapter - 24
4.8K 506 29
By November_venus
တောက်! !!
..............
" ကိုကို ဖြေးဖြေးဆင်း "
" ကိုကို "
" အင်း ရိပေါ် "
" ဟုတ်ကဲ့ ကိုကို "
" ဝမ်ရိပေါ် "
" ဗျာ ကိုကို "
" သွားနားတော့ "
" အင်း..."
.............
...............
" နာသေးလား..."
#Novembervenus
Unicode
ဝီးချဲကိုခေါင်းလေးငုံ့ပြီး တွန်းလာတဲ့ ဝမ်ရိပေါ်ရယ်။ ဝီးချဲပေါ်မှာထိုင်ပြီး နောက်ကိုလှည့်ကြည့် လှည့်ကြည့်နဲ့ ကျေနပ်ပြုံးပြုံးနေတဲ့ ရှောင်းကျန့်ရယ်။ ပြီးတော့ ဝမ်ရိပေါ်ခန္ဓာကိုယ်ပေါ်က ရှောင်းကျန့် အပေါ်ဝတ်ကုတ်တွေကိုပါကြည့်ပြီး ဝမ်ချင်းဒေါသထွက်မိတယ်။
၄၅ မိနစ်တိတိ။ အခန်းတံခါးပိတ်သွားတဲ့ ရုံးခန်းတံခါးနောက်ကွယ်မှာ ဘာတွေဖြစ်သွားခဲ့တာလည်း...။
ဝမ်ချင်း ကုမ္ပဏီအတွက် လိုအပ်တဲ့ စာရွက်စာတမ်းတွေ ခဏထွက်ယူနေတုန်း ဘာရယ်ကြောင့်မသိစွာ ရှောင်းကျန့်က ဝမ်ရိပေါ်ကို ဒေါသအရမ်းထွက်သွားတယ်တဲ့။ ဒါကြောင့် ဝမ်ရိပေါ်ကို ဒေါသကြီးစွာအော်ပြီး ရုံးခန်းထဲခေါ်သွားတယ်ဆိုလို့ ဝမ်ချင်းအမြန်ပြေးလာကြည့်တော့ ရုံးခန်းတံခါးက အထဲကနေ lock ချထားသည်။ ဒါကြောင့် သူမ တံခါးဝနားနေပြီး စောင့်ကြည့်နေပေမယ့် အထဲကနေ အရမ်းကို တိတ်ဆိတ်နေတဲ့ ရုံးခန်းလေးဟာ သံသယဖြစ်ဖွယ်ကောင်းလှသည်။
ယောကျာ်းသားနှစ်ယောက် ရန်ဖြစ်ကြရင် ဆူပူမှုတွေဖြစ်လာရမယ် မဟုတ်ပါလား...။ အခုတော့ သူမထင်ထားသည်အတိုင်း ရှက်ရဲရဲ ခေါင်းငုံ့ထွက်လာတဲ့ ဝမ်ရိပေါ်ရယ် ။ ကျေနပ်နေတဲ့ ရှောင်းကျန့်မျက်နှာရယ်။ ပြီးတော့ ဝမ်ရိပေါ်ကိုယ်ပေါ်ရှိ ရှောင်းကျန့်ကုတ်အိကျီအောက်၏ လည်တိုင်နားက တစ်စွန်းတစ်စ ထွက်ပေါ်လာတဲ့ ပန်းသွေးကြွနေတဲ့ အမှတ်အသားအချို့ရယ်....။
တောက်! !!
ဝမ်ချင်းဒေါသထွက်စွာ တက်ခေါက်မိလိုက်သည်။ သိပ်ကို အတင့်ရဲကြတာ ။ ယိုသူမရှက် မြင်သူရှက်၏တဲ့ ။ ဝမ်ရိပေါ်က သိပ်ကို လွယ်ကူလွန်းတယ်။
" ငါကြည့်ရသလောက် မင်းက တတိယလူပဲ ဝမ်ချင်း..."
ဒေါသထွက်နေပါတယ်ဆိုမှ ခါးကိုကိုင်းပြီး နားနားကပ်ကာ ပြောလာတဲ့ လူကြောင့် ဝမ်ချင်း ထိုလူကို ငဲ့စောင်းကြည့်သည်။ ဟိုတစ်နေ့က ဘားကလူ..။ ထိုလူက ဘာလို့ ဒီကုမ္ပဏီကို ရောက်နေရတာလည်း...။
" ရှင် ဘယ်သူလည်း ။ ကျွန်မကို ဘယ်လိုလုပ်သိနေတာလည်း။ ကိုယ့် ကိစ္စမဟုတ်ပဲ ဘာလို့ လာဝင်ပါနေရတာလည်း...."
ကျိုးချန် သူ့ကို ဒေါသကြီးစွာ အော်နေတဲ့ ဝမ်ချင်းကြောင့် သဘောကျစွာ ရယ်လိုက်မိသည်။ ဝမ်ချင်းသည် meeting ခန်းထဲမှာတောင် သူ့ကို သတိမထားမိဘူးပဲ ။ အခုလည်း ကုမ္ပဏီကိစ္စအချို့အတွက် ရှောင်းကျန့်ကို လာတွေ့ချိန်မှာ ရှောင်းကျန့်နဲ့ ဝမ်ရိပေါ်ရဲ့ နှစ်ယောက်သား တစ်ကမ်ဘာဇာတ်လမ်းကို ဒေါသကြီးစွာကြည့်နေတာကြောင့် သူရပ်ကြည့်နေခဲ့တာကို ဝမ်ချင်းသိမနေခဲ့ဘူးလေ။ ဒါကြောင့် သူ့ကို သတိထားမိသွားအောင် စကားဝင်ပြောမိတော့ ကိုယ်နဲ့မဆိုင်ရင် ဝင်မပါနဲ့တဲ့။
အဟားးး စိတ်ဝင်စားဖို့ကောင်းလိုက်တာ...။
ကျိုးချန်သဘောကျစွာရယ်နေပေမယ့် ဝမ်ချင်းကတော့ ဒေါတွေထွက်ပြီး စိတ်တွေဆိုးကာ ကျိုးချန်နားကထွက်သွားခဲ့ပြီလေ။
အော်...မိန်းမလေးရယ် တတိယလူဆိုတာ ပထမလူကို ဘယ်လိုမှ မမှီနိုင်ဘူးကွ။ ဒါကြောင့် စိတ်ကိုလျော့ချပြီး အခြားသူကိုသာ ရှာလိုက်ပါတော့လားကွာ....။
..............
ရှောင်းအိမ်တော်ခြံရှေ့ ထိုးရပ်လာတဲ့ ကားလေးကြောင့် တံခါးစောင့်သည် ခြံတံခါးကို လျှင်မြန်စွာ ဖွင့်ပေးသည်။ ခြံတံခါးပွင့်သွားသည်နှင့် ကားလေးသည် ရှောင်းအိမ်တော်ခြံထဲ ဖြောင့်တန်းစွာ ဝင်လာခဲ့သည်။ ရှောင်းအိမ်တော်ရှေ့ရောက်မှ တိကနဲ ထိုးရပ်သွားတဲ့ ကားလေး။ ထိုကားလေးရဲ့ နောက်တစ်ဖက်ခြမ်းမှ ကားတံခါးလေးသည် လျှင်မြန်စွာပွင့်လာခဲ့ပြီး ကောင်လေးတစ်ယောက်ဆင်းလာခဲ့သည်။ ထိုကောင်လေးသည် ဝမ်ရိပေါ်သာဖြစ်သည်။
" ကိုကို ဖြေးဖြေးဆင်း "
ဝမ်ရိပေါ်သည် ရှောင်းကျန့် ဝီးချဲလေး ဆင်းရလွယ်အောင် အကူအညီပေးရင်း နှုတ်မှလည်း သတိပေးနေတက်သည်။ ဒါဟာ နေစဉ် ပြုလုပ်နေကြ ဝမ်ရိပေါ်ရဲ့ အပြုအမှုလေးတစ်ခု ။ သူကိုယ်တိုင် လုပ်ပေးနေတာတောင် စိတ်ပူစွာ မှာနေတက်သေးတယ်။
ရှောင်းကျန့် ဝီးချဲလေး ကားအောက်ရောက်သွားမှ သက်ပြင်းအသာချတဲ့ ဝမ်ရိပေါ်ဟာ ရှောင်းကျန့် ဝီးချဲလေးကို အသာတွန်းလို့ အိမ်ထဲအတူဝင်လာခဲ့တယ်။
" ကိုကို "
" အင်း ရိပေါ် "
" ဧည့်ခန်းမှာ ခဏ ထိုင်ဦးမလားဟင် "
" ဟင့်အင့် တစ်ခါတည်း အပေါ်ထပ် တန်းသွားမယ် "
" ဟုတ်ကဲ့ ကိုကို "
ဝမ်ရိပေါ်သည် အပေါ်ထပ်ရှိ ရှောင်းကျန့်အိက်ခန်းထဲရောက်အောင် အကူအညီများစွာပေးသည်။ လှေကားမှာ ဝီးချဲ အတက်အဆင်းလွယ်ရအောင် စက်တက်ထားသည်ဖြစ်၍ ရှောင်းကျန့်အတွက် လှေကား အတက်အဆင်းသည် ထင်သလောက် ခက်ခဲမနေပေ။
ဝမ်ရိပေါ်သည် ရှောင်းကျန့်ကို အခန်းထဲရောက်အောင်ပို့ပေးသည်။ အခန်းထဲရောက်မှ ရှောင်းကျန့် ခန္ဓာကိုယ်ကို အသာမပြီး ကုတင်ပေါ်တင်ပေးသည်။ ထို့နောက်ကုတင်ပေါ်က ခြေချထိုင်နေတဲ့ ရှောင်းကျန့်ခြေထောက်နား ဖင်ချထိုင်ကာ ခြေထောက်မှာ ရှိနေတဲ့ ခြေအိတ်ကိုချွတ်ပေးသည်။ ခြေဖဝါးလေးတွေကို အသာအယာ နှိပ်နယ်ပေးနေသည်။
သူ့ကို နှိပ်နယ်ပေးနေတဲ့ ကောင်လေးငယ်ငယ်ကို အပေါ်စီးကနေ အုပ်မိုးကြည့်နေရတဲ့ ရှောင်းကျန့် ခံစားချက်ဟာ ရင်ခုန်နှုန်းကိုမြန်စေသည်။
သူ ဝမ်ရိပေါ်ကို ချစ်လာရသည့် အချက်တွေထဲမှာ ဒါတွေလည်း ပါသည်။ ပြောစရာမလိုအောင် အလိုက်သိနေတက်တာမျိုး...။
ခြေဖဝါး ၊ ခြေသလုံးကစ ဒူးတွေ ပေါင်တွေအထိပါ လက်တွေရောက်လာတဲ့အခါ ရှောင်းကျန့် သက်ပြင်းအသာချရသည်။
" ဝမ်ရိပေါ် "
" ဗျာ ကိုကို "
" သွားနားတော့ "
" ဟုတ်ကဲ့ ကိုကို ။ ခဏနားပြီးမှ ကျွန်တော် ပြန်လာပြီး ရေလာချိုးပေးမယ်နော် "
" အင်း..."
ဝမ်ရိပေါ် အခန်းထဲက ထွက်သွားမှ သက်ပြင်းအသာချတဲ့ ရှောင်းကျန့်သည် လက်နှစ်ဖက်ကို အားယူပြီး ဝီးချဲပေါ် တက်ထိုင်လိုက်သည်။ ထို့နောက် လက်ကို အားပြု၍ ဝီးချဲကို ရေချိုးခန်းဘက် ရွေ့လာခဲ့လိုက်သည်။ ရေချိုးခန်းထဲရောက်မှ နေ့လည်က ထိတွေ့လာသမျှ နဲ့ ခုဏက ပေါင်ပေါ်ပြေးလွှားနေတဲ့ နုယွယွလက်ချောင်းလေးများရဲ့ ထိတွေ့မှုကြောင့် တင်မာနေတဲ့ ယောကျာ်းတစ်ယောက်ရဲ့ စိတ်ဆန္ဒတွေကို အသာဖြေလျော့ချသည်။
ဒီကောင်လေးရဲ့ အထိအတွေ့ကြားမှာ သူ ဒီလို စိတ်ဆန္ဒကို ဖြေလျော့ချမိတာ ဒါပထမဆုံးအကြိမ် မဟုတ်ခဲ့ဘူး..။
ပြေကျသွားအောင် ကြိုးစားလိုက်ရတဲ့ စိတ်ဆန္ဒရဲ့ ခံစားချက်ကြောင့် မောပန်းစွာ ရေချိုးခန်းထဲမှာ ခတ္တမျှ အနားယူလိုက်သည်။ အမောပြေလောက်မှ ရေချိုးခန်းထဲကထွက်ကာ ကုတင်ပေါ်အသာအယာတက်ပြီး ခန္ဓာကိုယ်ကို လဲလျောင်းကာ အပြည့်အဝ အနားယူလိုက်တော့သည်။
.............
ဝမ်ရိပေါ် မှန်ပေါ်မှာ ထင်ကျန်နေတဲ့ သူ့ပုံရိပ်လေးကို ငေးကြည့်နေခဲ့မိသည်။ အပေါ်ပိုင်း အဝတ်မပါတဲ့ ခန္ဓာကိုယ်လေးက မှန်ထဲမှာ ပုံရိပ်လေး ထင်ကျန်နေလျှက်။ ထိုပုံရိပ်လေးရဲ့ လည်တိုင်ကျော့ကျော့မှာ ပန်းရင့်ရောင်ကြွနေတဲ့ အမှတ်တံဆိပ်တွေ။ ပြီးတော့ နေမထိ လေမထိ ဖုံးကွယ်ထားတဲ့ ရင်ဘက်နေရာက ပွင့်ဖက်နှစ်ခုရဲ့ မူမမှန်စွာ ဖောင်းကြွနီရဲနေမှု...။ ဝမ်ရိပေါ် နေ့လည်က ရှောင်းကျန့်နဲ့ ဖြစ်ပျက်ခဲ့သမျှ အထိအတွေ့တွေကို မျက်စိထဲ ပြန်မြင်ယောင်လာမိသည်။ နက်နဲစွာ နမ်းယူခံနေရတဲ့ နှုတ်ခမ်းလေးရယ်နဲ့ ပြင်းရှရှအနမ်းအချို့။ သူ့ ခန္ဓာကိုယ်အနှံ့ ပြေးလွှားနေတဲ့ ရှောင်းကျန့်လက်တွေ ။ အကြိမ်ကြိမ် ဖိခြေခံထားရတဲ့ ရင်ဘက်က ပွင့်ဖက်နှစ်လွှာ....။
ဝမ်ရိပေါ်ပါးလေးများ ရဲရဲနီလာခဲ့သည်။ ရင်ဘက်ထဲက မူမမှန်တဲ့ ခံစားချက်အချို့။ မမဝမ်ချင်းကို အနိုင်ယူလိုစိတ်နဲ့ စကားနိုင်လုခဲ့ပေမယ့် သူလည်း ကိုကိုရဲ့ အထိအတွေ့မှာ သာယာမိတဲ့အခါ ဝမ်ရိပေါ် တစ်ကယ်ပဲ ကိုကို့ကို ပိုင်ဆိုင်ချင်လာသည်။
ဝမ်ရိပေါ်သည် သူ့ခန္ဓာကိုယ်အနှံ့ကို သူ့လက်ချောင်းလေးများနဲ့ ဖွဖွလေး ထိတွေ့နေမိသည်။
မိမိလက်နဲ့ ထိနေတာတောင် ကိုကို့ရဲ့ အထိအတွေ့လေးကိုမှ တမ်းတမိနေတာမျိုး...။
ခဏအကြာ ပြောင်းလဲလာတဲ့ မိမိခန္ဓာကိုယ်ရဲ့ အောက်ပိုင်းအခြေအနေကြောင့် ဝမ်ရိပေါ်ခေါင်းလေး ငုံ့ချလိုက်သည်။ မမဝမ်ချင်းပြောတဲ့အတိုင်း သူသည် တစ်ကယ် gay နေခဲ့ပါပြီ....။
...............
ရှောင်းကျန့် ကုတင်ပေါ်မှာ အပေါ်ပိုင်း အဝတ်မပါပဲ ပတ်လက်လေးရှိနေရတဲ့ ဝမ်ရိပေါ်။ ရှောင်းကျန့်ကတော့ ဝမ်ရိပေါ်ဘေးနားမှာထိုင်ပြီး ဝမ်ရိပေါ်ခန္ဓာကိုယ်လေးကို ခေါင်းလေးငုံ့ကာ ငေးကြည့်နေခဲ့သည်။
ဝမ်ရိပေါ်သည့် သူ့ကို ငုံ့မိုးကာ ကြည့်နေတဲ့ ရှောင်းကျန့်မျက်နှာချောချောကို မျက်လုံးဝိုင်းလေးနဲ့ ပြန်ငေးကြည့်နေခဲ့သည်။
ခဏအကြာ ဝမ်ရိပေါ်ရင်ဘက်ရှိ ပွင့်ဖက်လွှာလေးတွေပေါ် ရောက်လာတဲ့ လက်ချောင်းနုနုလေးတွေကြောင့် ပူထူနေတဲ့ ဝမ်ရိပေါ် ရင်ဘက်က ပွင့်ဖက်လွှာလေးတွေမှာ အေးမြမှုတွေ ခံစားလာရသည်။
" နာသေးလား..."
" ဟင့်အင့် အေးအေးလေးနဲ့ နေလို့ကောင်းသွားပြီ.."
ဆေးလိမ်းပေးရင်း မေးခွန်းလေးမေးလိုက်မိတော့ ခေါင်းလေးခါတဲ့ ကောင်လေးငယ်ငယ်ဟာ ရှောင်းကျန့်ကို ရယ်ပြကာ ပြန်ဖြေလာပါတယ်။
တစ်ကယ် သူကြိုးဆွဲရာ လိုက်ကနေနိုင်တဲ့ ကကြိုးရုပ်လေးက သူထုဆစ်လို့ရနိုင်တဲ့ ဖယောင်ရုပ်ထုငယ်လေးပါဆို....။
လက်ကဆေးတွေကို tissue နဲ့ သုတ်ဖယ်ပြီး ကောင်လေးခေါင်းက ဆံပင်လေးကို ဖွဖွဖိပေးမိတော့ ကောင်လေးငယ်ငယ်က မျက်လုံးလေးမှိတ်အောင်အထိ ရယ်ပြလာသည်။ မှေးမှိတ်သွားတဲ့ မျက်လုံးလေးတွေကို လက်ချောင်းလေးနဲ့ အသာအယာထိတွေ့မိတော့ ပြန်ပွင့်ဟလာတဲ့ မျက်လုံးဝိုင်းလေးတွေ။ ထို့နောက် နှုတ်ခမ်းလုံးလုံးလေးကို လက်မနဲ့ အသာပွတ်ဆွဲနေမိတော့ ပြန်လှည်မှေးမှိတ်သွားပြန်တဲ့ မျက်လုံးဝိုင်းလေး။ ရှောင်းကျန့် နှုတ်ခမ်းပါးလေးက သဘောကျစွာ အသံထွက်အောင်ရယ်ပြီး ခါးလေးကိုင်းချလိုက်သည်။ ထို်နောက် ထိကပ်သွားတဲ့ နှုတ်ခမ်းလေးနှစ်ခုမှာ နှုတ်ခမ်းလုံးလုံးလေးတစ်ခုက ဒီအထိအတွေ့ကို စောင့်မျှော်နေသလို နောက်နှုတ်ခမ်းပါးလေး တစ်ခုကတော့ နူးညံ့တဲ့ ခံစားမှုတွေကို ဒီကောင်လေးငယ်ငယ်ကို ပေးဖို့အသင့်ပါပဲတဲ့....။
#Novembervenus
စိတ်ပူပေးကြတဲ့အတွက် တစ်ကယ်ကျေးဇူးတင်ပါတယ်။ နေလို့ကောင်းလား ဆိုတော့ မကောင်းပါဘူး ။ ဖျားနေတာလားဆိုတော့လည်း မဟုတ်ပါဘူး ။ တစ်ချက် တစ်ချက် အသက်ရှူရခက်နေတာမျိုး..။ ထိုင်နေရင်း မောနေတာမျိုးနဲ့ လူက နေလို့မကောင်းတာပါ..။ အစားကို ပုံမှန်စားပါတယ် ။ အအိပ်ကို ပုံမှန်အိပ်ပါတယ် ။ ဆေးလည်း သေချာသောက်ပါတယ်။ ဆေးကပြင်းတော့ လူကို ပိုပြီး အားလျော့စေတာပါ ။ ဒါကြောင့် အဲ့လိုမဖြစ်ရအောင် မိမိကိုယ်ကိုယ်ကာကွယ်ကြပါ။ အသက်ရှူရခက်ပြီး အသိထဲမှာ သေတဲ့လူ ၅ယောက်လောက်ရှိနေပြီမလို့ အရမ်းကြောက်နေခဲ့ပါတယ်။ ဒါပေမယ့် မသေချင်သေးဘူးဆိုတဲ့စိတ်နဲ့ အစား ၊ အအိပ်နဲ့ ဆေးကို သေချာဂရုစိုက်ဖြစ်နေပါတယ်။ စိတ်ပူပေးကြတဲ့အတွက် တစ်ကယ်ကျေးဇူးတင်ပါတယ်...။
Continue Reading
You'll Also Like
134K 10K 26
You are so important to me. This is probably a bad time but marry me again? A/N : This story is from my imagination . This is just a fan fiction that...
176K 26.6K 21
"နွေအရောင်တွေဟာ ဝိုင်လိုပဲ..."
214K 15.2K 24
YiZhan 💚❤ M_preg ဘက်စုံတော်ပြီး အနေတည်သော စီနီယာကျောင်းသားလေး...ဝမ်ရိပေါ်နှင့် လုပ်သမျှလွဲတတ်သော ဂျူနီယာကျောင်းသားလေး...ရှောင်းကျန့်တို့ ချစ်ခြင်း၏...
40.9K 2.9K 72
ဖတ်ကြည့်နော်😉😉