SOULMATE[Complete]

By Zayarminhtut17

3K 334 67

ဒီရဲ့၀တ္ထုလေးက If(အကယ်၍) extraရဲ့ အဆက်လေးပါ။ extraမှာ သီဟ တစ်ယောက် ဘာဖြစ်သွားလဲ မှတ်မိကြသေးတယ်မလား။ ဒီရဲ့ ၀တ္... More

A/N
နှင်းအိန္ဒြာထက်
သက်ရှိုင်းကို
Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24(Final)
Special Part
ကျေးဇူးတင်လွှာ
New Season

Part 8

48 11 0
By Zayarminhtut17

#Unicode#

"ဟုတ်တယ်..... ဝိညာဉ်...... သီဟ ဝိညာဉ် တစ်ကောင်ကို ကူညီပေးနေတယ်......"

"ဝိညာဉ် ဟုတ်လား" ဆိုကာ မြင့်မြတ်သူနှင့် အောင်နိုင်သူတို့ နှစ်ယောက် ပြိုင်တူအော်လိုက်ကြတော့သည်။

"ဟုတ်တယ်...... ဟိုတ‌‌လောက အကိုမြင့်မြတ်ဆိုင်က ပြန်လာပြီး ဝိညာဉ်တွေကို ကူညီပေးမယ်ဆိုပြီး ပြောနေတော့တာ"

"ဟုတ်လား.....ဒါဖြင့်ရင် ဝိညာဉ်များ ၀င်ပူးသွားခဲ့တာများလား" ဆိုပြီး မြင့်မြတ် တစ်ယောက် ပြောလိုက်တော့
မြတ်မင်းကိုနှင့် အောင်နိုင်သူတို့မှာ မြင့်မြတ်ကို ကြည့်လာကြတော့သည်။

ထိုအချိန် ခဏလေးမှာဘဲ ဆိုင်ခန်း တစ်ခန်းလုံးဟာ တိတ်ဆိတ်ငြိမ်သက်သွားလေသည်။ ခဏလောက်ကြာတော့မှ မြတ်မင်းကိုမှ ပြောလာလေသည်။

"မဖြစ်နိုင်ပါဘူး အကိုကလည်း"

"ဟုတ်တယ် .... မြင့်မြတ်ကလည်း ဘာတွေ ပြောနေတာလဲ" ဟု အောင်နိုင်သူပါ မြတ်မင်းကိုရဲ့ စကားကို ထောက်ခံပြီး ပြောလာလေသည်။

"မဟုတ်ဘူး..... ဖြစ်နိုင်တယ် ....... ဝိညာဉ်ကို ကူပေးနေတာဆိုတော့ အဲ့ဝိညာဉ် ၀င်ပူးသွားတာလည်း ဖြစ်နိုင်တာဘဲ" ‌ဆိုပြီး မြင့်မြတ်က အခိုင်အမာ ပြောလာလေတော့သည်။

"ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ အကိုကလည်း......" ဟု
မြတ်မင်းကိုမှာ မဖြစ်နိုင်ဘူးဆိုတာဘဲ ပြောနေလေသည်။

"ဖြစ်နိုင်တယ်..... ဖြစ်နိုင်တယ်..... ခဏလေး" ဆိုပြီး မြင့်မြတ်သူ ပြောပြီး ဆိုင်ပြင်ကို ထွက်သွားလေတော့သည်။

မြင့်မြတ်သူမှာ ဆိုင်အပြင်ရောက်ပြီးတော့ ချက်ချင်းဘဲ accidentဖြစ်တဲ့ နေရာနားလေးကို အပြေးလေး သွားလိုက်လေသည်။ ပြီးနောက် တစ်ခုခုကို ရှာနေလေတော့၏။ မြင့်မြတ်သူကို စိတ်မချ၍ အောင်နိုင်သူ တစ်ယောက် ရောက်လာတော့သည်။

"ဘာရှာနေတာလဲ ချစ်" ဆိုပြီး အောင်နိုင်သူက မေးလိုက်လေသည်။

"ဆွဲကြိုး..... ဘုရားဆွဲကြိုး...... သီဟ ၀တ်နေကျ ဖြစ်တဲ့ ဘုရားဆွဲကြိုးလေးလေ" ဟု မြင့်မြတ်က ပြန်ဖြေလိုက်သည်။

နောက်တော့ မြင့်မြတ်နှင့် အောင်နိုင်သူတို့ အနားကို
မြတ်မင်းကိုလည်း ရောက်လာလေ၏။

"ဘာရှာနေတာလဲ အကိုမြင့်မြတ်" ဟု မြတ်မင်းကိုမှ မေးလိုက်သည်။

"သီဟ ဝတ်နေကျ ဘုရားဆွဲကြိုးတဲ့လေ" ဆိုကာ အောင်နိုင်သူမှ မြင့်မြတ် ကိုယ်စား မြတ်မင်းကိုကို ပြန်ဖြေလိုက်လေသည်။

"ဘုရား ဆွဲကြိုးလား......."

"ဟုတ်တယ် ဘာဖြစ်လို့လဲ တွေ့မိလို့လား မြတ်မင်း" လို့ အောင်နိုင်သူကဘဲ ထပ်ပြောလိုက်လေသည်။

မြင့်မြတ် တစ်ယောက်မှာတော့ ကုန်းကုန်းကွကွနှင့် နေရာအစုံကို ရှာနေတော့တာပေါ့။

"အင်း...... သီဟ ဟိုတစ်လောက အကိုတို့ဆီကို သွားမယ် ဆိုတဲ့နေ့က ဘုရားဆွဲကြိုး တစ်ခု ကောင်တာမှာ ရှိနေတာကို ‌တွေ့လိုက်ရတယ်" ဟု မြတ်မင်းကိုမှ ဖြေလိုက်သည်။

မြတ်မင်းကိုလည်း ဖြေပြီးတော့ မြင့်မြတ်မှာ ဆွဲကြိုး ရှာနေတာ ရပ်လိုက်ပြီး ထရပ်လာလေသည်။ နောက်ပြီး မြတ်မင်းကိုအား စိုက်ကြည့်ကာ

"အဲ့ ဆွဲကြိုးက အခု ဘယ်မှာလဲ" ဟု မေးလိုက်လေသည်။

"အဲ့နေ့က သီဟဆီမှာ အသစ်ရှိတယ် ထင်ပြီးတော့ ဆွဲကြိုးကို ကောင်တာထဲက အံဆွဲထဲမှာ ထည့်ထားလိုက်တာဘဲ"

"ဒါဆိုရင်တော့ ဖြစ်နိုင်ပြီပေါ့" ဆိုကာ မြင့်မြတ်ကဘဲ အခိုင်အမာ ပြောလေတော့သည်။

"ဘာကိုလဲ ချစ်" ဟု အောင်နိုင်သူက နားမလည်တဲ့ ပုံစံဖြင့် ပြောလိုက်သည်။

"ဝိညာဉ် ၀င်ပူးတာလေ ...... ဘယ်လိုလဲတော့ မရှင်းပြတတ်ပေမယ့် ဖြစ်နိုင်တယ် ကိုအောင်ရဲ့" လို့ မြင့်မြတ်က အောင်နိုင်သူကို ပြောပြီးတော့ မြတ်မင်းကိုဘက် လှည့်လိုက်ကာ

"သီဟ ကူညီနေတဲ့ ဝိညာဉ်ရဲ့ နာမည်တော့ သိမှာပေါ့.....
အဲ့တာ သီဟ မြတ်မင်းကိုကို ပြောပြထားသေးလား" ဟု မေးလိုက်သည်။

"အင်း..... ပြောပြထားတယ် ဆောင်းပါးရေးတဲ့ နှင်းအိန္ဒြာထက် ဆိုလားဘဲ"

မြတ်မင်းကိုလည်း ပြောပြီးရော မြင့်မြတ် တစ်ယောက် ဆိုင်ဘက်ကို အပြေးအလွှာ ပြန်သွားလေသည်။ မြင်မင်းကိုနှင့် အောင်နိုင်သူတို့မှာလည်း ကြောင်တောင်တောင်လေး ဖြစ်သွားကြပေမယ့်လည်း မြင့်မြတ်နောက်သို့ အမြန် ပြေးလိုက်သွားရလေတော့သည်။ ဆိုင်ထဲကို ရောက်တော့ မြင့်မြတ်သူမှာ ပြာပြာသလဲဖြင့် တစ်ခုခုကို ရှာနေလေသည်။ ဒါနဲ့ ဆိုင်ထဲကို ရောက်လာတဲ့ အောင်နိုင်သူက မြင့်မြတ်ကို လှမ်းမေးလိုက်လေသည်။

"ဘာရှာနေတာလဲ ချစ်" ဆိုပြီးတော့ပေါ့။

"လက်တော့လေ" ဟု မြင့်မြတ်က ခပ်ပြတ်ပြတ်ဘဲ ပြန်ဖြေလိုက်သည်။

"လက်တော့က ကိုတို့ ကားထဲကနေ မယူလာရသေးဘူးလေ"

"ဟုတ်လား ကို တစ်ချက်လောက် သွားယူပေးပါလား" ဆိုကာ မြင့်မြတ်မှ အောင်နိုင်သူကို အကူအညီတောင်းလိုက်တော့သည်။

ဒါနဲ့ အောင်နိုင်သူမှာ ဆိုင်ထဲကနေ ထပ်ပြီး ထွက်သွားပြန်လေသည်။ ခဏလောက်ကြာတော့ အောင်နိုင်သူမှာ လက်ဆွဲအိတ်တစ်ခု ဖြင့် ဆိုင်ထဲကို ပြန်ရောက်လာတော့၏။ အောင်နိုင်သူမှာ လက်တော့အိတ်ကို မြင့်မြတ်အား ပေးလိုက်လေသည်။

မြင့်မြတ်မှာ လက်တော့ အိတ်ထဲက လက်တော့ကို ထုတ်ပြီး လက်တော့ကို ဖွင့်လိုက်တော့သည်။ ခဏလောက်ကြာတော့ လက်တော့က ပါဝါဖွင့်သွားလေပြီ။ ဒါနဲ့ မြင့်မြတ်မှာ လက်တော့ထဲက chromeကို ၀င်ပြီး facebookကို ဖွင့်လိုက်လေတော့၏။ မြတ်မင်းကိုမှာ နားမလည်သလိုဖြင့် အောင်နိုင်သူကို ကြည့်လာတော့သည်။ အောင်နိုင်သူမှာလည်း မြတ်မင်းကိုအား ပုခုံးသာ တွန့်ပြလေသည်။

မြင့်မြတ် တစ်ယောက် facebookထဲ ၀င်ပြီးသွားတော့ မြတ်မင်းကိုကို နောက်တစ်ခါ ထပ်မေးလိုက်လေသည်။

"နာမည်က ဘာတဲ့လဲ" ဆိုပြီးတော့ပေါ့။

မြင့်မြတ်က ရုတ်တရက်ကြီး ထပ်မေးလာတော့ မြတ်မင်းကိုမှာ ခဏ ကြောင်သွားလေသည်။ နောက်တော့မှ ပြန်ဖြေလေသည်။

"နှင်းအိန္ဒြာထက်တဲ့"

"ဟုတ်ပြီ" လို့ ပြန်ဖြေပြီး မြင့်မြတ်ရဲ့ လက်ချောင်းလေးတွေက လက်တော့ရဲ့ ကီးဘုတ်ပေါ်မှာ အလိုလို လှုပ်ရှားသွားတော့သည်။ ပြီးတော့ မောက်စ်ကို ကိုင်ပြီး မြင့်မြတ်မှာ တစ်ခုခုကို ရှာနေလေသည်။ နောက်တော့ ရှာတွေ့ သွားတယ် တူပါရဲ့။ မြင့်မြတ်မှာ မိမိ ရှာတွေ့တဲ့ သတင်းကို ဖတ်ပြတော့၏။

"ဆောင်းပါးရေးဆရာမ နှင်းအိန္ဒြာထက်သည် ၂၀၁၇ခုနှစ် နို၀င်ဘာလ ၂၇ရက်၊ စနေနေ့တွင် ခင်ပွန်းဖြစ်သူနှင့် အတူနေသည့် တိုက်ခန်းတွင် သေဆုံးလျက် ရှိကြောင်း ရှာဖွေတွေ့ရှိ၊ အခင်းဖြစ်တာကတော့ ခင်ပွန်းဖြစ်သူမှ ရက်ရက်စက်စက် မုဒိမ်းကျင့်ပြီး သတ်ဖြတ်ခံရကြောင်း သိရပါသည်" ဟု မြင့်မြတ်လည်း facebookထဲက ရေးသားထားသည့် သတင်းအတိုင်း ဖတ်ပြလိုက်တော့သည်။

သတင်းနားထောင်ပြီး အောင်နိုင်သူမှာ အံ့ဩသွားရလေသည်။

"ဘယ်လို အမှုကြီးလဲဟ..... ခင်ပွန်း ဖြစ်သူက ဇနီးကို မုဒိမ်းကျင့်ပါ့မလား" ဟု အောင်နိုင်သူမှ မျက်မှောင်ကြုတ်ရင်း ပြောလိုက်လေသည်။

"ဒီမှာ ရေးထားတာကတော့ ခင်ပွန်း တောင်းဆိုတာကို ဇနီးက မလိုက်လျောပေးလို့ အတင်းအဓမ္မပြုကျင့်တာလို့ ဆိုတာဘဲ" လို့ မြင့်မြတ်က ထပ်ပြောလိုက်သည်။

"ဟ...... ဘယ်လိုကြီးတုန်း သတင်းက" ဆိုပြီး အောင်နိုင်သူမှ နားမလည်သလိုဖြင့် ပြောလိုက်လေသည်။

"အဲ့ သတင်းနဲ့ သီဟနဲ့က ဘာဆိုင်လို့လဲ အကို" ဆိုကာ
မြတ်မင်းကိုမှ မြင့်မြတ်အား မေးလိုက်သည်။

"‌တစ်အချက်..... သီဟ ကူညီနေတာက ဘယ်သူလဲဆိုတာ သိဖို့ လိုတယ်။ အခု သိရပြီ..... သီဟ ကူညီနေတာက
နှင်းအိန္ဒြာထက်ဆိုတဲ့ ဆောင်းပါးရေးဆရာမဘဲ"

"ဟုတ်ပြီ" ဆိုပြီး မြတ်မင်းကို တစ်ယောက် မြင့်မြတ်ပြောနေတာကို ဖြတ်ပြောလိုက်သည်။ ဒါနဲ့ မြင့်မြတ်မှာ မြတ်မင်းကိုအား ကြည့်လာလေတော့သည်။

"ဒီတော့ သီဟဆီ ၀င်ပူနေတာက နှင်းအိန္ဒြာထက်ဘဲလေ..... ဒါဆို အခု နှင်းအိန္ဒြာထက် ၀င်ပူးနေတဲ့ သီဟက ဘယ်ကို သွားမှာလဲ သူ့ယောကျာ်းဆီကိုပေါ့"

"ခဏ သူ့ယောကျာ်းက ထောင်ကျနေတာ မဟုတ်လား" ဟု အောင်နိုင်သူမှ ၀င်ပြောလာတော့သည်။

"ခဏလေး ပြန်လွတ်လာပြီလား ဆိုတာ ရှာကြည့်လိုက်မယ်" ဆိုပြီး မြင့်မြတ်မှာ စာထပ်ရိုက်ပြီး ရှာနေလေသည်။

"တွေ့ပြီ......သေဆုံးသူ ဆောင်းပါးရေးဆရာမ နှင်းအိန္ဒြာထက်ရဲ့ ခင်ပွန်းဖြစ်သူ သက်ရှိုင်းဝေဟာ ဖမ်းဆီးထားခံရတာကနေ ကျန်းမာ‌ရေး ဆေးမှတ်တမ်းများအရ နေအိမ်သို့ ပြန်လွှတ်လိုက်သည်တဲ့‌လေ.....သို့ပေမယ့်လည်း စောင့်ကြည့်ကာလအနေနဲ့ နေဖို့ တရားရုံးက သတ်မှတ်ထားတယ်တဲ့လေ" လို့ မြင့်မြတ် ပြောပြီး ခဏရပ်လိုက်ကာ ဆက်ပြီးပြောလေသည်။

"တွေ့လား သူ့ ယောကျာ်းဆီကို သွားမှာပါဆို"

"ခဏလေး နေပါအုန်း သီဟထဲ ၀င်ပူးနေတာက အဲ့ဆောင်းပါးရေးဆရာမပါလို့ ဘာလို့ သေချာ ပြောနေနိုင်ရတာလဲ" ဟု မြတ်မင်းကိုမှ မြင့်မြတ်ကို မေးလိုက်လေသည်။

"ခဏနော်....." ဆိုပြီး မြင့်မြတ်မှာ တစ်ခုခုကို စာရိုက်နေလေသည်။ စာရိုက်တာ ပြီးသွားတော့ မြင့်မြတ်ကနေမှ ဖတ်ပြတော့သည်။

"ဝိညာဉ် ပူးခံရတဲ့သူဟာ ကံနိမ့်နေတဲ့ အချိန်ဆိုရင် ပူးခံရဖို့ လွယ်ကူပါတယ်၊ ဒါမှမဟုတ် ပူးခံရတဲ့သူဟာ တစ်ခုခုကြောင့် သတိမေ့သွားတဲ့အချိန်မှာ အပူးခံရဖို့ လွယ်ကူပါတယ်တဲ့လေ။ ဒါပေမယ့် ၀င်ပူးမယ့် ဝိညာဉ်ဟာ ခန္ဓာမဲ့ ဝိညာဉ်ဖြစ်ရပါမယ်။ ခန္ဓာရှိနေသေးရင် ၀င်ပူးလို့ရပေမယ့် ဖြစ်နိုင်ချေနည်းပါတယ်၊ ခန္ဓာမဲ့နေရင်တော့ ၀င်ပူးဖို့ ပိုဖြစ်နိုင်ပါတယ်တဲ့လေ"

မြင့်မြတ် ဖတ်ပြပြီးသွားတော့ မြတ်မင်းကိုနှင့် အောင်နိုင်သူတို့မှာ ခဏ ‌တွေဝေသွားလေသည်။

"ဒါတွေ ဘယ်ကနေ သိတာလဲ ချစ်" ဟု အောင်နိုင်သူမှ မြင့်မြတ်ကို မေးလိုက်သည်။

"အော်..... ချစ် ဝိညာဉ်ဖြစ်ပြီး သတိပြန်ရလာပြီးတဲ့ နောက်ပိုင်းမှာ အဲ့တာတွေ ရှာပြီး ဖတ်ကြည့်ထားတာလေ"

"ကဲ ဟုတ်ပြီ...... အခုတော့ မြင့်မြတ် ပြောသလိုဘဲ ဆောင်းပါးရေးဆရာမ ၀င်ပူးတယ်လို့ မှတ်ထားလိုက်ရအောင်..... မြတ်မင်း။ ပြီးတော့ လောလောဆယ် မင်း ဆိုင်ကို ပြန်သွားပြီး သီဟကို ဖုန်းခေါ်နေလိုက်။ ငါနဲ့ မြင့်မြတ်က ဆောင်းပါးရေးဆရာမရဲ့ တိုက်ခန်းကို သိဖို့ စုံစမ်းလိုက်မယ်.... တစ်ခုခု သိရရင် မင်းကို ဆက်သွယ်လိုက်မယ်" ဆိုကာ အောင်နိုင်သူမှ မြတ်မင်းကိုအား ပြောလိုက်လေသည်။

"ဟုတ်ပြီ...... အကို ကျွန်တော် ဆိုင်ပြန်သွားပြီး သီဟဆီကို ဖုန်းဆက်နေလိုက်မယ်"

"အေ..... ဟုတ်ပြီ မြတ်မင်း"

"ဒါဆို ကျွန်တော် သွားလိုက်အုန်းမယ် အကိုတို့" လို့ ပြောပြီး
မြတ်မင်းကိုမှာ မြင့်မြတ်တို့ ဆိုင်ထဲက ထွက်လာပြီး ကားယူကာ ကိုယ့်ဆိုင်ကို ပြန်သွားလေတော့၏။ မြတ်မင်းကို တစ်ယောက် ကားမောင်းနေရင်းနဲ့လည်း သီဟကို ဖုန်းခေါ်နေတော့သည်။

တစ်ဖက်က တိုက်ခန်းတွင်တော့ သက်ရှိုင်းကိုမှာ သီဟကို ဆေးထည့်ပေးနေလေသည်။ ‌သက်ရှိုင်းကို တစ်ယောက် သ�

Continue Reading

You'll Also Like

111K 10.7K 200
လန်းရှုးမြို့ရဲ့ ချင်ကလန်မှာ ချင်နန်က နံပါတ်တစ် ဂျီးနီးယပ်တစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် သိုင်းဝိညာဉ်နိုးထခြင်းပွဲမှာ သူ့ရဲ့ မွေးရာပါ သိုင်းဝိညာဉ်က အနိမ...
172K 21.8K 58
အမြှောက်စာဇတ်ကောင်ထဲကို ကူးပြောင်းလာရင်သူမဘာလုပ်သင့်လဲ? သူမပထမဆုံးလုပ်မှာကတော့ မူလကိုယ်ဆီမှာတင်နေတဲ့အကြွေးတွေအကုန်လုံးကို ပျော်ပျော်ကြီး ပြန်ဆပ်မည်။ ...
548K 75.9K 64
Author - 很是矫情 Original name - 快穿之炮灰女配逆袭记 English translator - Butterfly's Curse နဉ်ရှုသေဆုံးခဲ့သည်။ သို့သော် သူမ၏ကံကောင်းမှုအနည်းငယ်ကြောင့် သနားစရ...
52K 3.8K 200
Mc က ဥာဏ်အရမ်းများပြီး စည်းရုံးသင့်တဲ့လူဆို စည်းရုံးပြီး အပြတ်ရှင်းပစ်သင့်တဲ့ လူဆို အပြတ်ရှင်းပစ်တတ်တဲ့ character ပါ။ (っ˘̩╭╮˘̩)っ လက်တွဲဖော်တစ်ယောက်ထ...