You are the only Exception!

By NwayOoWine

225K 11.2K 350

အချစ်ဆိုတာက သူ့အရွယ် သူ့အနေအထားအရ အာသာပြေရုံလောက်ပဲ မြည်းစမ်းကြည့်ချင်ရုံ သူမနဲ့ကျမှ... ရှိုင်းသူရိန်လင်း အိမ်... More

Your Dream
မထိရလေ ထိချင်လေ
Pyin Oo Lwin ရဲ့ Your Dream ဆီသို့
I Met Her
ချောပေမဲ့ အချေ Playboy
ရသလောက် အခွင့်အရေးယူတဲ့လူ
သူမရဲ့ကိုယ်သင်းနံ့
ဆုံနိုင်ခွင့်
မျှော်တော်ရောင်
မင်းက ကိုယ့်ဘဝတစ်ခုလုံး
ခေါင်းကိုတည့်တည့် မိုးကြိုးပစ်ခြင်း
လျှို့ဝှက်ပေးထားမယ်
သူမဘေးမှာပဲ အမြဲတမ်းနေချင်တယ်
လွမ်းဆွတ်ခြင်း
သူ့ရဲ့အသက်ကလေး
အချစ်နဲ့ တစ်နေ့တာ
Whyyyyy!!!!!!
Propose💍
Wedding & Dinner ❤️
Warning!!! (Must Read)
Made with Love❤️by heart❤️
Love is Steak🍽️🍹
❤️မီးနီကြားက မေတ္တာရှင်❤️🙂🤣
HONEYMOON ❤️Day-1❤️
HONEYMOON ❤️Day-2❤️
HONEYMOON ❤️Day-3❤️
HONEYMOON ❤️Day-4❤️
HONEYMOON ❤️Day-5❤️
HONEYMOON ❤️Day-6❤️
HONEYMOON ❤️Day-7❤️
❤️Home❤️💒
🔥Don't touch Me🔥
❤️Ko❤️
💝Suprise Gift from Ex💝🙄
❤️ကို့ကို အရမ်းချစ်တယ်❤️
Love You 3000
Bad Review
Reflection💞
❤️1st Monthsary❤️
My Room
ကိုက ကျွန်မဘဝတစ်ခုလုံး
🔥မင်းကို ငါ့လက်နဲ့ သေအောင်သတ်ပစ်မှာ🔥
👿 J (ဂျေ) 👿
👿👿 Double J 👿👿
👿👿👿 Triple J 👿👿👿
First Fight
Don't leave me Alone
Then we Love❤️
ကို့ဘေးမှာဘဲ အမြဲတမ်း နေချင်တယ်
Love is .....infinity for you
ကိုယ်လဲ ပျော်ချင်တာပေါ့ ..
ဆုတောင်းဆိုတာ သဲနဲ့တွေ့မှ...
Nice to meet You..
My Lucky❤️My Dream
Your Dream Horse Club🏇
Camping 🏕️
အချစ်နဲ့အတူ စင်ကာပူ🛫
💓The Day We First Met💓
Precious ❤️
Your Dream Library 📖
Sweet Points💋
🌲 Eco Camping by Your Dream 🌲
🌲 Warm 🌲
Mine❤️
Ours💞(Part-1)
Ours💞(Part-2)
Passionate Love❤️
🌼Present🌼
✨kkum-eun ilueojinda✨
❤️ မိဘ-ဘဝ ခရီးအစ ❤️
မိဘဟူသည်
Practice
Daddy's.............
The Best Day
The Meaning of My Life
Nathan & Norah
To the Bone
Logic
💓Heartbeats💓
Chapters
Types
🦋အတောင်တွေကိုဖြန့်၍ လေဟုန်ကိုခွင်းစေ🦋
If
Why do fireflies have to die so soon?
You are the only Exception!
She came into my life
But it's Destiny
The Beginning of .....
နိမိတ်ကောင်းယူမယ် နှစ်ဦးသင်္ကြန်တော်ဝယ်(Extra)
🌲 YATOE PDF File 🌲

I Miss You

2.5K 135 6
By NwayOoWine

အိပ်ရာမှနိုးလာသည်နှင့် ခေါင်းတွေထိုးကိုက်နေသည်ကို အရင်ဆုံးခံစားလိုက်ရသောသူမသည် လက်ကိုမြှောက်ပြီး ခေါင်းကိုကိုင်ဖို့လုပ်လိုက်သော်လည်း အားတစ်စက်မှမရှိသလိုဖြစ်နေသည်မို့ လက်ကမမြှောက်နိုင်။ခန္ဓာကိုယ်တစ်ခုလုံးကပါ နွမ်းနယ်ကိုက်ခဲနေသောကြောင့် ပါးစပ်ကနေတိုးတိုးလေးညည်းညူမိရင်း မျက်လုံးဖွင့်ကြည့်လိုက်လျှင်

"နိုးပြီလား..."

ညင်သာစွာမေးလာသောအမေးစကားနှင့်အတူ နွေးထွေးကြင်နာလှသောမျက်ဝန်းများဖြင့် သူမမျက်နှာကိုသေချာစိုက်ကြည့်နေသောသူက ခေါင်းကိုဖွဖွလေးအုပ်မိုးကိုင်ကာ

"ခေါင်းတွေကိုက်နေပြီမို့လား...။ဘာလို့ ဝိုင်တွေအများကြီးသောက်ရတာလဲ သဲရယ်..."

သူပြောလိုက်မှပင် မနေ့ညကအကြောင်းအရာများမှာ တစ်ကွက်ချင်းစီနောက်ပြန်ရစ်ပြလိုက်သောရုပ်ရှင်ပြကွက်များလို ခေါင်းထဲမှာတစ်သီတစ်တန်းပေါ်လာရရင်း ချက်ချင်းပဲ မျက်လုံးတွေထဲမှောင်မိုက်သွားရသည်။

ကြည့်စမ်း...။
ဝိုင်သောက်ကာ မူးရူးသွားခဲ့ပေမဲ့ ဒီကိစ္စကျမှ ဦးနှောက်က မှတ်မိနေသတဲ့လား...။

အား.....။
သူမ တကယ်ပဲ ဘာတွေလုပ်ခဲ့မိတာလဲ...။
စိတ်ပျက်စရာကောင်းလိုက်တာ။
ဒီလိုကိစ္စမျိုးကို သူမက လုပ်ခဲ့မိသတဲ့လား...။

ရှက်စိတ်က ရင်ဘတ်ထဲမှာတောင်မွန်းကြပ်လာစေကာ တစ်ဆက်တည်းမှာပဲ ခေါင်းထဲကို သွေးတွေတဒိန်းဒိန်းထိုးတက်လာသောကြောင့် ရှုံ့မဲ့သွားရသောသူမအား သူက စိုးရိမ်စွာကြည့်၍

"သဲ ခေါင်းက တအားကိုက်နေလားဟင်...။ဘယ်လိုနေလို့လဲ ကိုယ့်ကိုပြောပါဦး..."

မေးရင်းနှင့် နဖူးပေါ်ကို သူ့လက်ချောင်းတွေကရောက်လာကာ ညင်သာစွာ ဖိနှိပ်ပေးနေသည်။သူမကတော့ ရှက်ရွံ့စိတ်ဖြင့် အသာငြိမ်နေမိရင်း မျက်လုံးတွေကိုမှိတ်ထားလိုက်တော့ မနေ့ညက လုပ်ခဲ့သမျှအဖြစ်အပျက်အားလုံးမှာ အကုန်ပြန်ပေါ်လာပြန်ကာ မျက်နှာတွေကရဲတက်လာရသည်။

ထူးဆန်းသည်မှာ မနေ့က လုပ်ချင်ရာလုပ်ခဲ့သမျှကို ရှက်သည့်စိတ်သာရှိနေပြီး သူ့အပေါ်စိတ်ဆိုးနေသမျှမှာ နည်းနည်းမှတောင်ရှိမနေတော့။

သူကတော့ ကြာလေ ပိုရဲလာလေဖြစ်နေသည့် သူမမျက်နှာလေးကိုကြည့်၍ စိတ်ပူစွာဖြင့် ပါးလေးကိုစမ်းကြည့်လိုက်လျှင် ပုံမှန်ထက်ပိုကာပူကြပ်နေသည်ကြောင့်

"သဲလေး ကိုယ်တွေပူနေတယ်...။ဘယ်လိုဖြစ်နေလဲ နေလို့ကောင်းရဲ့လား...။အခု ဘယ်လိုခံစားနေရလဲ ကိုယ့်ကိုပြောပြ"

ဘယ်လိုခံစားနေရလဲဆိုတော့ သေအောင်ရှက်နေတာ...။

သူမက စိတ်ထဲကနေပြောလိုက်ရင်း မျက်နှာချင်းဆိုင်ရမှာကိုရှက်မိသောကြောင့် မျက်လုံးတွေကိုသာ တစ်ချိန်လုံးမှိတ်ထားမိသည်။ဘာမှမသိသောသူကတော့ သူမ မျက်လုံးတွေမှိတ်ထားလေ နေလို့မကောင်းလို့ဟုထင်လေဖြစ်ကာ စိုးရိမ်တကြီးနှင့် မေးမြန်းလာပြန်သည်။

"သဲ ခေါင်းကိုက်တာ အရမ်းဆိုးနေလားဟင်...။ကိုယ် ဆရာဝန်ခေါ်လိုက်ရမလား...။တအားဆိုးနေရင် ဆေးထိုးလိုက်ရအောင်လေ..."

"ဟင့်အင်း မထိုးချင်ဘူး...။ဆေးမထိုးဘူးနော် လုံးဝပဲ..."

"ဆေးထိုးမှသက်သာမှာလေ သဲရယ်...။ခေါင်းကိုက်တာကို ဒီအတိုင်းနေပြီးတော့ အကြာကြီးမခံစားစေချင်ဘူး...။လိမ္မာတယ် ဆေးထိုးရအောင်...နော်"

"တော်ပြီ အစားစားလိုက်ရင် သက်သာသွားမှာ...။တစ်ခုခုချက်ပေး..."

သူမက သူ့အနားနေရမှာကိုရှက်နေသောကြောင့် အနားကနေမြန်မြန်ထွက်သွားအောင်ပြောလိုက်လျှင် သူကတော့ ချက်ချင်းပင် ပျာပျာသလဲပြန်ပြောလာသည်။

"ချက်ပေးမှာပေါ့ သဲလေး ဘာစားချင်လဲ..."

"မသိဘူး...ဘာပဲဖြစ်ဖြစ်"

"အွန်း အဲ့ဒါဆို လှဲနေဦးနော်...။ရတာနဲ့ ကိုယ်လာခေါ်မယ်...။စားပြီးရင်တော့ ဆေးသောက်ရမယ်နော် ကြားလား..."

သူမက ခေါင်းပဲညိတ်ပြလိုက်ပြီး ဘာမှပြန်မပြောမိတော့။

သူကတော့ အိပ်ရာကနိုးလာသည်နှင့် သူ့ကိုတစ်ချက်ပဲကြည့်ပြီးကတည်းက နောက်ထပ်အကြည့်ချင်းမဆုံတော့သည့်သူမလေးအား ရှက်နေမှန်းသိသောကြောင့် မနေ့ညကကိစ္စနှင့်ပတ်သက်ပြီး စကားမစမိတော့။အခုချိန်မှာ အရက်ရှိန်နှင့် ခေါင်းတွေကိုက်နေမည်ဖြစ်သည့်သူမက သူ့ကြောင့် မလှုပ်နိုင်အောင်လည်း အားပျက်နေရှာသည်။စောင်သေချာခြုံပေးကာ ကုတင်ပေါ်ကဆင်းပြီးလျှင် မျက်နှာသစ်ပြီးသည်နှင့် ဘာချက်ကျွေးရမလဲဆိုတာကိုစဉ်းစားရင်း Kitchen ထဲသို့ဝင်ခဲ့လိုက်သည်။

အောက်ထပ်မှာချက်ပြုတ်ပြင်ဆင်နေစဉ် စားပွဲပေါ်မှာချထားသည့် သူ့ရဲ့ ph က စောစောစီးစီး ph ဝင်လာသောကြောင့် သူကကြည့်လိုက်လျှင် မြင်ဖူးနေသော နံပါတ်အလှတစ်ခု။မျက်ခုံးတွေက ချက်ချင်းတွန့်ချိုးသွားရရင်း ph ကို ကောက်ကိုင်လိုက်လျှင်

"Morning ပါ ရှိုင်း...မနေ့ညက မိန်းမနဲ့ရန်ဖြစ်လိုက်ရတော့ ကောင်းကောင်းမှအိပ်လို့ပျော်ရဲ့လား..."

ထင်သည့်အတိုင်းပင် ခနဲ့တဲ့တဲ့အသံကိုကြားလိုက်ရသည်မို့ မဲ့ပြုံးပြုံးမိသွားသောသူက ချက်ချင်းပဲပြန်ပြောလိုက်သည်။

"အဟင်း ဟုတ်တယ် မနေ့ညက မင်းကျေးဇူးနဲ့ ကောင်းကောင်းမအိပ်လိုက်ရဘူး...။မင်းပြောလိုက်တဲ့စကားကြောင့် ငါတို့လင်မယား အသာယာဆုံးအချိန်တွေရခဲ့လို့ ညလုံးပေါက်သွားတယ်လေ..."

ဟိုဘက်က ခဏတိတ်သွားပြီးမှ အစောတုန်းကနှင့်မတူတော့သည့် ခပ်မာမာအသံကထွက်လာသည်။

"တော်တော်ပျော်နေတဲ့ပုံပဲ...။ကြည့်ရတာ ဒီကောင်မလေးကို တော်တော်နစ်ဝင်နေပြီထင်တယ် ဟုတ်လား..."

"နစ်ဝင်တာမှ တစ်ရက်ထက်တစ်ရက် ဘယ်လောက်တောင် နစ်ဝင်လာနေလဲဆိုတာ ငါကိုယ်တိုင်တောင် မသိနိုင်လောက်အောင်ပဲ...။မင်းဘက်က ဘာစိတ်ကူးတွေနဲ့ ဒီလိုတွေလာလုပ်နေလဲဆိုတာ ငါ စိတ်မဝင်စားဘူး...။ဒါပေမဲ့ မနေ့ကလိုမျိုး ငါ့မိန်းမကို စိတ်အနှောင့်အယှက်ဖြစ်အောင်လာလုပ်ရင်တော့ ငါက သည်းခံနေမှာမဟုတ်ဘူး...။ဒါက ငါ အတိအလင်းသတိပေးတာ...။နောက်ထပ် ရွှေခေတ်ရှေ့မှာ မင်းအရိပ်ကိုတောင်မမြင်ရစေနဲ့"

"ဟား...ရှင့်အသံက အခုချက်ချင်းတောင် ထသတ်ချင်နေတဲ့ပုံပဲ...။ဟုတ်ပါပြီ ရှင့်ဇနီးရှေ့မှာ အရိပ်တောင်မမြင်စေရပါဘူး တို့မှတ်ထားလိုက်ပါ့မယ်..."

"ပြီးတော့ မနေ့က မင်းပြောလိုက်တဲ့စကားအတွက်တော့ ငါ့ဘက်ကကျေးဇူးတင်တယ်...။မင်းကြောင့် ငါတို့လင်မယားက ပိုပြီးနီးကပ်သာယာတဲ့ အခြေအနေတစ်ခုကိုရောက်သွားရတာ...။မဟုတ်ရင် ငါက ငါ့ရဲ့အသဲလေးကို တစ်သက်လုံး အဲ့လိုလုပ်ခိုင်းမိမှာမဟုတ်ဘူး..."

ပြောပြီးသည်နှင့် တစ်ဖက်ကပြန်ပြောတာကိုနားထောင်မနေတော့ဘဲ ph ကို စားပွဲပေါ်ပစ်ချလိုက်ရင်း ထောင်းကနဲ့ထွက်လာသောဒေါသတွေကို ခဏဖြေလျှော့နေရသည်။

အကုန်ပြင်ဆင်ပြီးသွား၍ အပေါ်တက်ခဲ့လိုက်လျှင် အိပ်ပျော်နေဆဲပင်ဖြစ်သည့် သူမကိုတစ်ချက်ကြည့်ကာ မနှိုးသေးဘဲ ရေချိုးခန်းထဲဝင်ပြီး ရေအရင်စပ်လိုက်သည်။ပြီးမှ ပါးလေးကိုဖွဖွပွတ်သပ်၍ အသာအယာနှိုးလိုက်ကာ

"သဲလေး မနက်စာစားရအောင်ထတော့နော်...။ပြီးရင် ဆေးလဲသောက်ရဦးမယ်လေ..."

အိပ်နေရာမှနိုးလာသောသူမက သူ့ကိုအကြည့်ချင်းမဆုံဘဲ ထဖို့လုပ်နေသော်လည်း ချက်ချင်းမထနိုင်သောကြောင့် သူက အသာအယာပွေ့ချီကာ ရေချိုးကန်ထဲချပေးပြီးမှ ဘေးနားကနေထိုင်ကြည့်ရင်း မေးရလေသည်။

"ခေါင်းတွေကိုက်နေသေးလား..."

"အင်း..."

"ခန္ဓာကိုယ်ကရော ဘယ်လိုနေလဲ..."

မျက်နှာတွေရဲသွားရပြန်သောသူမက သူ့ဘက်ကိုမကြည့်ဘဲ ရှောင်လွှဲနေရင်း

"ဘာမှမဖြစ်ဘူး..."

"လှုပ်တောင်မလှုပ်နိုင်တာကို ဘာမှမဖြစ်ဘဲနေမလား သဲရဲ့...။စားပြီးတာနဲ့ ဆေးသောက်ရမယ်...။ဒီနေ့ ဟိုတယ်ကိုမသွားရတော့ဘူး...။အိမ်မှာပဲနားနေနော်..."

ထိုအခါကျမှ သူ့ကို ဆတ်ကနဲ့မော့ကြည့်၍

"အလုပ်က ဘာကိစ္စမသွားရမှာလဲ...။ကိုယ်ရေးကိုယ်တာကိစ္စအတွက်နဲ့ အလုပ်ကို ပျက်ချင်တိုင်းပျက်နေလို့ ဘယ်ဖြစ်မှာလဲ...။ရတယ် ဘာမှမဖြစ်ဘူး ကျွန်မသွားနိုင်တယ် သွားမှာ..."

"ခန္ဓာကိုယ်က သွားလို့မှအဆင်မပြေတာကို သဲရယ်...။အလုပ်က အရေးကြီးတာလဲ ဘာမှမရှိသေးဘူး...။ခေါင်းမမာပါနဲ့ ကိုယ့်စကားနားထောင်နော်..."

"တော်ပြီ သွားမှာ"

"ကိုယ်ကတော့ မလွှတ်ဘူး..."

သူမက သူ့ကို ပြိုင်မပြောချင်တော့သလို မျက်လုံးတွေမှိတ်သွားလျှင် သူက ဆက်မပြောတော့ဘဲ ဘေးနားကနေ ထိုင်စောင့်ပေးနေလိုက်သည်။ထို့နောက် အောက်ထပ်ကိုဆင်းကာ စားပွဲပေါ်မှာပြင်ဆင်ပြီးသည်နှင့် ထုံးစံအတိုင်း သေချာခွံ့ကျွေးဖို့လုပ်လိုက်လျှင် သူမက

"ဘာတွေလဲ..."

"တုန့်ယမ်းကြေးအိုး...တကယ်ဆို မြူစွမ်ချိုချိုလေးသောက်စေချင်ပေမဲ့ သဲကမကြိုက်ဘူးမို့လား...။ခေါင်းတွေလဲကိုက်နေတာဆိုတော့ ချဉ်ချဉ်စပ်စပ် ပူပူနွေးနွေးလေး စားစေချင်လို့"

ပြောပြီး သူက နွားနို့နွေးနွေးလေးတစ်ခွက်ကို အရင်တိုက်လိုက်သည်။ပြီးမှ ကြေးအိုးကို ပန်းကန်ထဲခွဲထည့်ကာ သူမကိုခွံ့ကျွေးနေသော်လည်း သူကတော့ ဘာမှမစားသည်မို့

"ရှင်က ဘာမှမစားဘူးလား..."

"ကိုယ်က ခဏနေရင် ဧည့်သည်တွေကို Breakfast လိုက်ကျွေးရမှာ...။သူတို့က ရှမ်းဆိုင်မှာ စားချင်တယ်ဆိုလို့လေ...။အဲ့ကျမှပဲ စားလိုက်တော့မယ်..."

"အွန်း..."

"သဲရော ဘာစားချင်သေးလဲ ကိုယ်ဝယ်ခဲ့ပေးမယ်..."

"တော်ပါပြီ ရှင့်ဘာသာအပြည့်အဝစားခဲ့ပါ...။အဲ့အချိန်လောက်ဆို နေတောင်မြင့်နေလောက်ပြီပေါ့။မနက်စာကို နောက်ကျမှစားတာ ကျန်းမာရေးအတွက် မကောင်းဘူး..."

သူက အစားအသောက်နှင့်ပတ်သက်လျှင် အမြဲတမ်းစိတ်ပူပေးတတ်သော သူမ၏မျက်နှာလေးကို ချစ်ခင်စွာကြည့်နေမိရင်းမှ စိတ်ထဲကနေပေါ်လာသောစကားကို မနေနိုင်စွာ ထုတ်ပြောမိပြန်သည်။

"ကိုယ့်ကို ဘယ်အချိန်ထိ ရှင် လို့ပဲ ခေါ်နေမှာလဲ...။ဟိုတစ်နေ့ကလို ကို လို့ မခေါ်တော့ဘူးလားဟင်...။ခေါ်ပါဦးလား ကိုယ်ကြားချင်တယ်..."

"ခေါ်ချင်ပါဘူး...။အဲ့တုန်းက ဟိုမိန်းမရှေ့မှာမို့ ဟန်ဆောင်ခေါ်ပြရတာ..."

"အဲ့ဒါဆို မနေ့ညကကိစ္စကရော ဟိုမိန်းမရှေ့မှာ မဟုတ်ဘဲနဲ့ကို ဟန်ဆောင်လုပ်ပြတာပဲလား..."

"အဟွတ်..အဟွတ်.."

သူမက စားနေရင်းသီးသွားရလျှင် သူက ကပျာကယာရေငှဲ့တိုက်ရသည်။မျက်နှာတွေရဲတောက်သွားကာ မျက်တောင်ဖျားလေးတွေပါ လှုပ်ခတ်လာရသောသူမသည် အသံတုန်တုန်လေးကို မထိန်းနိုင်ဘဲပြောလာသည်။

"ဘာကိစ္စမှမသိဘူး မမှတ်မိတော့ဘူး...။ကျွန်မက အရက်မူးရင် ဘာမှမမှတ်မိတတ်ဘူး လာမမေးနဲ့"

ရှက်ရွံ့ကာ တုန်ယင်စွာပြောလာသောအသံလေးကြောင့် သူက သနားကြင်နာစွာပင်

"အွန်း...သိတာပေါ့ သဲက အရက်မူးရင် ဘာမှမမှတ်မိတတ်ဘူး...။အဲ့ဒါကြောင့်မို့ နောက်ထပ် ဘာအကြောင်းနဲ့မှ အရက်မသောက်ရတော့ဘူးနော်...။ကိုယ့်ကိုကတိပေး...ကိုယ်ရှိနေမှ ကိုယ့်ရှေ့မှာပဲ သောက်လို့ရမယ်...။မဟုတ်ရင် သဲက အရက်ဒဏ်မခံနိုင်တော့ သူစိမ်းတွေနဲ့ဆို အန္တရာယ်များလို့။နော် သိလား..."

သူမက ထိုစကားကိုတော့ မျက်စောင်းထိုးလိုက်ရင်းမှ သတိလက်လွတ်ပြန်ပြောမိသည်။

"သူစိမ်းတွေထက်ကို ရှင်က ပိုပြီး အန္တရာယ်များတာမဟုတ်ဘူးလား...။ဒါနဲ့ဆို အရက်ကြောင့် ဒုက္ခရောက်တာ နှစ်ခါရှိနေပြီ။နောက်ထပ်သောက်ပါဆိုတောင် မသောက်တော့ဘူး..."

"အဟွန်း နှစ်ခေါက်လုံးက ဒုက္ခရောက်တာချည်းရယ်လို့တော့ မဟုတ်ပါဘူး သဲရယ်..."

လူကို ပြုံးစစစိုက်ကြည့်ရင်း ကျေနပ်စွာပြောလာသောစကားတွေကို မသိချင်ယောင်ဆောင်ကာ သူမက သူခွံ့ကျွေးသမျှကိုသာ ဆက်စားနေလိုက်သည်။စားပြီးလျှင် ဆေးတိုက်ကာ သူမကို အခန်းထဲပြန်ပို့ပေးပြီးသည်နှင့် သူက ဟိုတယ်ဘက်သို့ထွက်သွားလေသည်။အစားစား၍ဆေးသောက်ပြီးချိန်မှာ အခြေအနေကောင်းသွားပြီမို့ ခန္ဓာကိုယ်တွေနာနေသေးသော်လည်း ဒီအတိုင်းမနေနိုင်သောသူမက မနန်းမိုဆီ ph ဆက်လိုက်ကာ သူ ဧည့်သည်တွေနှင့်ထွက်သွားသည်မှာသေချာပြီဆိုမှ ဟိုတယ်ဘက်ကိုကူးခဲ့လိုက်သည်။ထို့နောက် တစ်နေကုန်အလုပ်ထဲမှာစိတ်ရောက်ကာ နာကျင်ကိုက်ခဲနေတာတွေတောင်မေ့နေရသောသူမက နေ့လည်ဘက် သူ ph ဆက်လာချိန်တွင် ဟိုတယ် Lobby မှာရောက်နေသောကြောင့် လူရှင်းရာဘက်သို့မြန်မြန်သွား၍ ph ကို ကမန်းကတန်းကိုင်လိုက်ရသည်။

"ဟုတ်ကဲ့..."

"သဲ ဘာလုပ်နေလဲ အိပ်နေတာလား...။ခေါင်းကိုက်နေသေးလား...။ခန္ဓာကိုယ်ကရော ဘယ်လိုနေလဲ သက်သာရဲ့လား..."

အလုပ်ခိုးသွားတာက အပြစ်တစ်ခုမဟုတ်သော်လည်း ဘာရယ်ကြောင့်မှန်းမသိ စကားနားမထောင်ဘဲနေရသည်ကို စိတ်မလုံသလိုဖြစ်နေရသည်မို့ ဆက်တိုက်မေးနေသောသူ့ရဲ့အမေးစကားတွေကို တွန့်ဆုတ်ဆုတ်နှင့်ပင် ပြန်ဖြေရသည်။

"အွန်း...သက်သာပါတယ် ဘာမှမဖြစ်တော့ဘူး..."

"ကိုယ်က အခု ဧည့်သည်တွေနဲ့ တောင်ကြီးရောက်နေတာ...။အပြန် မိုးနည်းနည်းချုပ်မယ်နော် သိလား...။ဒီကနေ ဘာစားချင်တာရှိလဲပြော ကိုယ်ဝယ်ခဲ့ပေးမယ်..."

"ဟင့်အင်း တော်ပါပြီ ဘာမှမစားချင်ဘူး...။ရတယ် မဝယ်ခဲ့နဲ့"

"ညနေဘက်ထိတော့မအိပ်နဲ့နော် ဖျားမှာစိုးလို့။နေ့လည်စာက မဆာသေးဘူးလား...။ဆာရင် ဟိုတယ်ဘက်ကိုလာပို့ခိုင်းလိုက်ဦး...။စားပြီးမှဆက်အိပ်"

"အင်း ဆာရင် စားလိုက်မယ်..."

"ကိုယ် အတတ်နိုင်ဆုံး စောစောပြန်ခဲ့မယ်နော်...။ကိုယ့်ရဲ့အသဲကို အရမ်းချစ်တယ် see you..."

"ဟုတ်ကဲ့..."

သူ ph ချသွားမှ သက်ပြင်းမောကြီးကိုချလိုက်မိရင်း အပြန်မိုးချုပ်မည်ဆို၍ နည်းနည်းတော့ဝမ်းသာသွားမိသည်။လောလောဆယ်တော့ သူမအတွက်က သူ့မျက်စိရှေ့မှာနေရသည့်အချိန်နည်းလေ ကောင်းလေပင်။

ညနေပိုင်းလောက်တွင် ဒီနယ်မြေတစ်ဝိုက်၏ Trekking ဆရာကြီးဖြစ်သောကိုညီက ဟိုတယ်သို့ရောက်လာကာ သူမနှင့်လည်းခင်မင်ရင်းနှီးသည်မို့ စကားစမြည်ပြောနေကြရင်းမှ ရွာထဲကို အလည်လိုက်ခဲ့ဖို့ သူမအားဖိတ်ခေါ်လာသည်။ဒီနေ့အတွက်အစီအစဉ်က ရွာအပြင်ဘက်မှာရှိသည့်စမ်းချောင်းဘေးတွင် ငါးကင်လုပ်စားကြမည်မို့ ဒါမျိုးဆို သူမကလည်း နှစ်ခါမခေါ်ရပေ။ဝမ်းသာအားရလိုက်သွားကာ ရွာကိုရောက်သည်နှင့် Trekking join ကြသောအဖွဲ့တွေနှင့်အတူ စမ်းချောင်းထဲမှာ ပျော်ပျော်ပါးပါးရေကစား၍ ငါးကင်စားပြီးချိန် ညနေစောင်းလောက်မှသာ ရွာကနေပြန်ခဲ့လိုက်သည်။အိမ်ပြန်ရောက်ချိန်မှာ သူလည်းပြန်မရောက်သေးသည်မို့ ဝမ်းသာသွားရရင်း အခုမှပင် ကိုက်ခဲလာသောခန္ဓာကိုယ်ကြောင့် သူမက ရေမြန်မြန်ချိုးပြီးသည်နှင့် ကုတင်ပေါ်တက်လှဲကာ တစ်ချိုးတည်းအိပ်ပျော်သွားရတော့သည်။

သူ အိမ်ပြန်ရောက်ချိန်တွင် ကုတင်ပေါ်မှာ စောင်ထဲနစ်မြုပ်၍ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသောသူမလေးအား တွေ့လိုက်ရသည်မို့ သူ့နှုတ်ခမ်းတွေက မနေနိုင်စွာ ပြုံးမိသွားရသည်။ဧည့်သည်တွေနှင့် ညစာစားခဲ့ပြီးဖြစ်သောကြောင့် ရေချိုးပြီးချိန်တွင် အခန်းထဲမှာပဲ အလုပ်လုပ်နေရင်းမှ ပြီးစီးသည့်အချိန် အနည်းငယ်မိုးချုပ်မှသာ သူက အိပ်ရာဝင်ရလျှင် ကုတင်ပေါ်တက်ပြီး ဘေးမှာဝင်လှဲလိုက်သည့် သူ့အထိအတွေ့ကိုရသည်နှင့် သူမက ချက်ချင်းလာကပ်ကာ ထုံးစံအတိုင်း တိုးဝှေ့ဖက်တွယ်လာသည်။သူက ကျေနပ်မိစွာပင် ထိုကိုယ်လုံးလေးကိုဆွဲယူပွေ့ဖက်ကာ နှုတ်ခမ်းလေးကိုခပ်ဖွဖွနမ်းလိုက်ပြီးမှ တစ်ချက်အကဲခတ်ကြည့်လိုက်သော်လည်း အဆင်ပြေပုံရသည့်ပုံစံလေးကြောင့် စိတ်အေးသက်သာစွာဖြင့်ပင် အိပ်စက်လိုက်တော့သည်။

*

*

*

ညလယ်လောက်ရောက်လျှင် ခြေသလုံးတွေဆီမှ တဆစ်ဆစ်ကိုက်ခဲနေမှုကြောင့် သူမက အိပ်နေရာမှ နိုးလာရလေသည်။မခံနိုင်အောင်ကိုက်ခဲနေသောကြောင့် သူ့ရင်ခွင်ထဲကနေအသာထွက်ပြီး ထထိုင်လိုက်ကာ ခြေသလုံးကြွက်သားတွေကို လက်နှင့်ထုနေမိသည်။ထိုစဉ် နိုးလာပုံရသောသူက  ခြေထောက်တွေကိုထုနေသည့်သူမကိုမြင်လျှင် နိုးနိုးချင်းမှာပဲ ချက်ချင်းမေးလာသည်။

"သဲ ဘာဖြစ်တာလဲ...။ခြေထောက်တွေနာလို့လား ဟုတ်လား..."

မေးရင်းနှင့် ချက်ချင်းထထိုင်လိုက်သောသူ့အား သူမက ရှုံ့ရှုံ့မဲ့မဲ့ဖြင့်ကြည့်၍

"အွန်း...ခြေထောက်တွေက အရမ်းကိုက်နေတယ် ဘာဖြစ်လို့လဲမသိဘူး..."

သူက ခြေသလုံးတွေကို ဖွဖွလေးဆုပ်ကိုင်လာရင်း

"ဘာဖြစ်ရမလဲ သဲရယ်...ကောင်းကောင်းတောင် မလှုပ်နိုင်သေးတာကို စမ်းရေတွေထဲဆင်းမှတော့ ကိုက်ခဲကုန်တော့မှာပေါ့"

သူ့စကားကြောင့် သူမက မျက်လုံးတွေပြူးသွားမိကာ အလန့်တကြားပြန်မေးရသည်။

"ရှင် ဘယ်လိုလုပ်သိတာလဲ..."

သူက ခေါင်းအုံးကို ကုတင်မှာကပ်ထောင်၍ သူမကိုမှီခိုင်းလိုက်ရင်း ခြေထောက်လေးတွေကို တင်ပျဉ်ခွေထိုင်နေသောသူ့အပေါ်သို့တင်ကာ နှိပ်နယ်ပေးနေရင်းမှ ပြောလာသည်။

"သဲ ဘာတွေလုပ်နေလဲဆိုတာမသိဘဲနဲ့ ကိုယ်က ဒီအတိုင်း ခြေလွတ်လက်လွတ်နေနေမယ်လို့ ထင်နေတာလား..."

"အာ့ဆို ဘယ်လိုလုပ်သိတာလဲလို့"

"ကိုယ် မသွားခင်ကတည်းက မနန်းမိုကိုမှာခဲ့ပြီးသား...။ခေါင်းမာတဲ့စီးအို ဟိုတယ်ကိုရောက်လာခဲ့ရင် ကိုယ့်ကို လှမ်းပြောဖို့၊သိပ်နေမကောင်းလို့ ဂရုစိုက်ဖို့ မှာထားခဲ့တာ..."

"အဲ့ဒါဆို နေ့လည်က ရှင် သိရက်နဲ့ ph ဆက်တာပေါ့"

"အွန်းပေါ့ ကိုယ်မသိအောင် အလုပ်ခိုးသွားပြီးတော့ ဘယ်လိုပြောမလဲဆိုတာ သိချင်လို့။ဒါပေမဲ့ သဲက လိမ်တဲ့နေရာမှာမတော်ဘူး တုန်တုန်ယင်ယင်နဲ့ အဟွန်း..."

"ရှင် သိရက်နဲ့ ဘာလို့မပြောတာလဲ...။ကျွန်မကဖြင့် အဲ့လိုမှန်းမသိဘဲနဲ့ နေ့လည်ကပြောနေမိတာ..."

"မပြောချင်ပါဘူး...။သဲက ကိုယ်သိနေတယ်ဆိုတာသိသွားရင် တစ်နေကုန် စိတ်မဖြောင့်ဘဲ အလုပ်လုပ်နေမှာလေ...။ရွာကိုလိုက်မယ်လုပ်တော့လဲ မနန်းမိုက ph ဆက်ပြောတယ်...။ကိုယ်က ထည့်လိုက်ဆိုလို့ သဲကိုသွားခွင့်ပေးတာ..."

"ဟွန် အဲ့ဒါဆို ကျွန်မက စပိုင်တွေနဲ့နေနေရတာပေါ့။မနန်းမိုကို ကိုယ့်လူဆိုပြီးတော့ ခင်တွယ်နေရတာ သူကဖြင့် ရှင့်ဘက်တော်သားဖြစ်နေတယ်..."

"ကိုယ့်ဘက်တော်သားမဟုတ်ပါဘူး...။သဲရဲ့ ဘက်တော်သားပါ...။သဲကို တော်တော်ချစ်ရှာပါတယ်...။ဘာလို့ တွေ့တဲ့လူတိုင်းက ကိုယ့်မိန်းမကို ချစ်နေကြတာလဲမသိဘူး..."

"အဲ့ထဲမှာ ရှင့်ရဲ့ ဟိုမိန်းမ မပါပါဘူး..."

သူမက ပြောချင်ဇောနှင့် မေ့ထားသော ထိုမိန်းမအကြောင်းကို လွှတ်ကနဲ့ ပြောမိသွားသည်။ပါးစပ်ကထွက်ရမှာကို ရွံရှာလွန်း၍ နောက်ထပ်အစမဖော်ဖို့တွေးထားခဲ့ပေမဲ့ ခုတော့ပြောမိသွားပြီ။

သူက ထိုစကားကိုကြားသည်နှင့် သူမကိုယ်လုံးလေးကိုဆွဲယူကာ ပေါင်ပေါ်တင်ပြီးထွေးပွေ့ထားရင်းမှ ပါးလေးကို သူ့နှုတ်ခမ်းတွေနှင့်ထိကပ်ထားလိုက်ရင်း

"သဲလေး..."

လက်တစ်ဖက်က တစ်ကိုယ်လုံးကိုသိုင်းဖက်ထားရင်း တစ်ဖက်က သူမလက်ဖဝါးလေးကိုဆွဲဖြန့်ကာ သူ့လက်ချောင်းတွေနှင့် သူမလက်ချောင်းလေးတွေကြား ထိုးသွင်းယှက်ဖြာ၍ တင်းကျပ်စွာဆုပ်ကိုင်လိုက်ပြီးမှ သူမကပြန်မဖြေလျှင် ထပ်ခေါ်လာသည်။

"အသဲ..."

"အွန်..."

"ကိုယ် အရင်က ဘယ်လိုပဲနေခဲ့နေခဲ့ ဘယ်လိုပဲဖြစ်ခဲ့ဖြစ်ခဲ့ သဲနဲ့တွေ့ပြီးကတည်းက သဲတစ်ယောက်တည်းပဲ ကိုယ့်စိတ်ထဲရှိခဲ့တာ...။အခုလဲ သဲရဲ့စိတ်နဲ့ပဲ ကိုယ်ကဖြစ်တည်နေတာ...။တခြားဘယ်လိုအနှောင့်အယှက်တွေပဲ ဝင်လာဝင်လာ သဲက ကိုယ့်ကိုယုံမှဖြစ်မယ်...။ဘယ်သူဘာပြောပြော အခုလက်ရှိ သဲရဲ့ယောက်ျားနေရာမှာရှိနေတဲ့ ကိုယ့်စကားကိုတော့ယုံမှဖြစ်မယ်...။အရင်ကနေခဲ့တဲ့ အဖြစ်တွေအတွက် ကိုယ့်မှာ ပြောစရာစကားမရှိပါဘူး တောင်းပန်လို့လဲဘာမှမထူးဘူး...ဖြစ်ပြီးသားတွေ။ဒါပေမဲ့ ဖြစ်မလာသေးတာတွေကိုတော့ သဲနဲ့ကိုယ်က ကာကွယ်လို့ရတယ်...။ကာကွယ်မှလဲရမယ်...။ရှေ့လျှောက် ကိုယ်တို့ရဲ့ကြားထဲ ဘယ်သူ့ကိုမှအဝင်ခံလို့မဖြစ်ဘူး...။ဘေးလူတွေကြောင့် ဖြစ်လာတဲ့ပြဿနာမျိုးဆို ဘယ်လိုဟာမျိုးမှ ကိုယ်လက်မခံဘူး...။သဲလဲ အဲ့လိုမျိုးတွေ လက်ခံလို့မဖြစ်ဘူး...။နောက်ထပ်ကို သဲရဲ့မျက်စိရှေ့မှာ ဘယ်လိုလူမျိုးပဲဖြစ်ဖြစ် ပေါ်မလာအောင်၊ဘယ်လိုစကားမျိုးမှ နားမထောင်ရအောင် စိတ်ရှုပ်ရမယ့်ဟာတွေမှန်သမျှ ကိုယ့်ဘက်က အကုန်ရှင်းထုတ်ပေးမယ်...။သဲရဲ့ဘက်က သဲအပေါ်မှာထားတဲ့ ကိုယ့်ရဲ့စိတ်ကိုပဲ ယုံပေး...။နော် ကိုယ်ပြောတာနားလည်လား..."

ဘာမှပြန်မပြောမိလျှင် သူမပါးလေးကို သူ့နှာခေါင်းချွန်ချွန်က နစ်ဝင်လာသည်အထိ ဖိကပ်နမ်းကာ

"နော်...လို့"

"အွန်း..."

သူက ပိုမိုတင်းကျပ်စွာထွေးပွေ့ထားလိုက်ရင်းမှ မေးလေးကိုပင့်တင်ကာ နှုတ်ခမ်းတွေကို နူးညံ့စွာနမ်းရှိုက်လာသည်။ပြီးလျှင် နဖူးချင်းထိ၍ တည့်တည့်စိုက်ကြည့်နေရင်း

"ပြောပါဦး မနက်ကလဲ သေချာမဖြေဘူး...။ကိုယ့်ကို ရှင် လို့ပဲ ခေါ်နေဦးမှာလား...။ကို လို့ မခေါ်တော့ဘူးလားဟင်..."

သူမက မျက်နှာကိုလွှဲလိုက်ကာ ရင်ခုန်စွာနှင့်ပင် တိုးတိုးလေးပြန်ဖြေမိသည်။

"မခေါ်ချင်ပါဘူး ဘာလို့ခေါ်ရမှာလဲ..."

"ကိုယ့်မှာလေ သဲ အဲ့လိုခေါ်တာကြားလိုက်ရတော့ ဘယ်လောက်တောင် ရင်တွေခုန်သွားရတယ်ထင်လဲ သိလား...။သဲဆီက ကို လို့ ခေါ်တဲ့အသံကို အမြဲတမ်းကြားနေရတာမျိုးဖြစ်ချင်တယ်...။ဒါပေမဲ့ သဲက အခုမခေါ်ချင်သေးဘူးဆိုတော့လဲ အတင်းမခေါ်ခိုင်းတော့ပါဘူး...။ခေါ်ချင်စိတ်ဖြစ်လာတဲ့အထိ ကိုယ်စောင့်မယ်နော်..."

သူမက ရင်တွေခုန်လာနေပြီဖြစ်သောကြောင့် သူ့ရင်ခွင်ထဲကနေ ရုန်းထွက်ဖို့ပြင်လိုက်တော့သည်။

"အိပ်တော့မယ်...အိပ်ချင်ပြီ"

"အွန်း သက်သာအောင် ကိုယ်နှိပ်ပေးမယ် အိပ်တော့..."

ပြောပြီး ကုတင်ပေါ်ပြန်ချပေးကာ နှိပ်နယ်ပေးနေသောကြောင့် ခြေထောက်တွေကသက်သာလာရသော်လည်း ရင်တွေခုန်နေရ၍ မျက်လုံးကြောင်သွားရသောသူမမှာ အိပ်ပျော်ရန်အတွက်ကို ဇွတ်အတင်းကြိတ်မှိတ်၍ပင် မနည်းကြိုးစားလိုက်ရလေသည်။

---------------------*****************-----------------------

နောက်ရက်မှာတော့ မထင်မှတ်ထားသည့်အခြေအနေတစ်ခုက နှစ်ယောက်ကြားမှာ ပေါ်ပေါက်လာလေသည်။အကြောင်းမူကား ဖွင့်ပွဲကတည်းကရောက်နေကြသည့် စင်ကာပူမှဧည့်သည်များ ပြန်ကြမည့်အချိန်တွင် သူသည်လည်း မဖြစ်မနေပြန်လိုက်ရမည်ဖြစ်သည်။စင်ကာပူရုံးတွင် သူအပြီးဖြတ်ရမည့်အလုပ်တွေက ရှိနေသေးပြီး မြန်မာပြည်မှာ ရုံးထိုင်ရန်အတွက်ကို အတည်ပြုရမည့် အပြောင်းအရွှေ့ကိစ္စတွေကလည်း ရှိနေသေးသည်။အထူးသဖြင့် အတူတူပြန်ကြမည့် ဧည့်သည်များနှင့်အတူ အစည်းအဝေးကိုတက်ရောက်ရမည်ဖြစ်သောကြောင့် မဟုတ်လည်း သွားရမည့်အတူတူ ဒီတစ်ခေါက်မှာပင် ရုံးအပြောင်းအလွှဲကိစ္စတွေအတွက်ကို တစ်ခါတည်းပြီးစီးအောင် စီစဉ်ရမည်ဖြစ်လေသည်။သူကတော့ သူမကိုပါအတူလိုက်ခဲ့ရန် အသည်းအသန်ခေါ်ပေမဲ့ ဒီမှာ အခုမှတာဝန်ယူကာစဖြစ်ကာ သင်ယူနေဆဲအနေအထားမို့ သူမက အလုပ်ကိုပစ်ထားခဲ့ပြီး မလိုက်ချင်။ဟိုရောက်လျှင်လည်း သူမအတွက်က လုပ်စရာဘာမှမရှိသည်မို့ အလုပ်ပျက်ခံကာ လိုက်စရာအကြောင်းကလည်းမရှိ။ထို့ကြောင့်ပင် သူတို့၏အိမ်ထောင်ဦးကာလအတွင်းမှာ ပထမဆုံးအနေနှင့်သွားရသည့် တစ်ပတ်လောက်ကြာမည့်အလုပ်ခရီးကို ရှောင်လွှဲ၍မရနိုင်သောသူ့အနေဖြင့် မသွားချင်သော်လည်း မဖြစ်မနေသွားရမည်ဖြစ်လေသည်။

သူမ မူးသည့်ညပြီးကတည်းက နောက်ရက်တွေမှာ တောက်လျှောက်အစမပြုဘဲနေခဲ့သောသူသည် သွားကာနီးညတွင် တစ်ကိုယ်လုံးကို တင်းကျပ်စွာထွေးဖက်ထားရင်း

"လိုက်ခဲ့ပါလား သဲရယ်...ဟွန်။ကိုယ်က သဲကိုထားခဲ့ပြီးတော့ ဟိုမှာ တစ်ပတ်လုံးလုံး ဘယ်လိုစိတ်နဲ့အလုပ်လုပ်ရမှာလဲ..."

"မဟုတ်လဲပြန်လာရမှာ...အကြာကြီးလဲမဟုတ်ဘူး...။တစ်ပတ်ထဲပဲကို ရှင် ဘယ်လိုဖြစ်နေတာလဲ..."

"တစ်ပတ်မပြောနဲ့ တစ်ရက်တောင်မခွဲချင်ဘူး...။ဖြစ်နိုင်ရင် မသွားချင်ဘူး သဲရယ်..."

သူမက ဂျီကျနေသောသူ့ကို ရယ်ချင်ပေမဲ့ မျက်နှာကိုအတင်းစူပုပ်လိုက်ကာ

"အလုပ်ကိစ္စနဲ့သွားရတာကို ဘာဖြစ်နေတာလဲ...။ရှင် အလုပ်ကို အလုပ်နဲ့တူအောင်တောင် မလုပ်ချင်တော့ဘူးလား...။လုပ်မစားတော့ဘူးလား ဟုတ်လား..."

"ဖြစ်နိုင်ရင် ဘာမှမလုပ်ချင်တော့ဘူး...။နေ့တိုင်း သဲအနားမှာပဲ ကပ်နေချင်တယ်..."

"ဟား ကြည့်စမ်း...ရှင်က ကိုယ့်ထက်ငယ်တဲ့မိန်းမယူထားပြီးတော့ ခိုင်းစားဖို့ကြံနေတာပေါ့ ဟုတ်လား...။ရှင့်ဘာသာ အလုပ်မလုပ်ချင်လဲနေ ကျွန်မကတော့လုပ်ရမှာပဲ...။ပြီးတော့ ဒီလို အလုပ်ကို မလေးစားတာမျိုးလဲ မကြိုက်ပါဘူး..."

"သဲက သဲဖြစ်ချင်တာ လုပ်ချင်တာ ကြိုက်သလောက်လုပ် ကိုယ်က နောက်ကလိုက်ပြီးတော့ ပံ့ပိုးပေးမယ်...။သဲရဲ့နောက်မှာပဲကပ်ပြီးတော့ သဲလုပ်ချင်တာတွေပဲ ဖြည့်ဆည်းပေးတော့မယ်...။ဒီလို သဲကိုထားပြီးတော့ တကွဲတပြားနဲ့ သွားလာနေရမယ့်အလုပ်မျိုးတွေ မလုပ်ချင်တော့ဘူး..."

"ရမလား...တစ်သက်လုံး အလုပ်မလုပ်ဘဲ နေသွားရအောင် ရှင်က ဘာမို့လို့လဲ...။ရှင့်ဘာသာရှင် ဘယ်လောက်ချမ်းသာချမ်းသာ ကြာရှည်မခံဘူး...။တကယ်ပါပဲ သူများသားသမီးကို ယူထားပြီးတော့ လုပ်မကျွေးချင်ဘူး..."

"လုပ်ကျွေးချင်တယ်...သဲရဲ့အဝေးသွားပြီးတော့ လုပ်စားမနေချင်ဘူး...။လိုက်ခဲ့ပါကွာ သဲရယ်နော်..."

"ဟာ.....ရှင် ဘယ်လိုဖြစ်နေတာလဲ...။လေယာဉ်လက်မှတ်တောင်ဝယ်ပြီးလို့ မနက်ဆိုသွားရတော့မှာကို အလကားနေရင်း လာရစ်နေတာပဲ...။တော်ပြီ အိပ်တော့ ကျွန်မလဲအိပ်တော့မယ်..."

"မသွားချင်ဘူး သဲရယ်..."

သူ့ရဲ့ ဂျီကျကာ အရစ်ရှည်နေသောအသံတွေကို နားမထောင်တော့ဘဲ မျက်လုံးတွေမှိတ်ပြီး ဇွတ်အိပ်ဖို့လုပ်လိုက်လျှင် နှုတ်ခမ်းတွေကိုဆွဲယူသိမ်းပိုက်လိုက်သောသူက သူမဘယ်လောက်ရုန်းရုန်း တော်တော်နှင့်မလွှတ်။တစ်ညလုံးလည်း ဟိုဒီလူးလွန့်ကာ အငြိမ်မနေသောသူသည် သူမကိုပဲဇွတ်အတင်းဖက်ထားရင်း တဖွဖွလာနမ်းနေသောကြောင့် ထိုညက ကောင်းကောင်းမအိပ်ရပါဘဲနှင့် မိုးလင်းသွားရလေသည်။

လေဆိပ်ကို ဧည့်သည်တွေနှင့်အတူ သူ့ကိုပါ ကိုယ်တိုင်လိုက်ပို့ကာ မဝင်ချင်ဝင်ချင်ဖြင့် ဝင်သွားသောသူ့ကိုကြည့်ပြီး ရယ်ချင်နေရသော်လည်း အပြန်လမ်းမှာတော့ စိတ်တွေက ထူးဆန်းစွာဖြင့် လစ်ဟာလာရသည်။အိမ်ထဲကိုဝင်လိုက်လျှင်ပဲ စိတ်က အလိုလိုအားငယ်သွားကာ နွမ်းလျသလိုဖြစ်သွားရလျှင် သူမက အံ့အားသင့်စွာပင် ကိုယ့်ကိုယ်ကိုယ်မာန်တင်းလိုက်ရင်း ဟိုတယ်ဘက်သို့ကူးလာခဲ့လိုက်သည်။ထို့နောက် အလုပ်ထဲမှာစိတ်နှစ်ကာ အမေ့မေ့အလျော့လျော့ဖြစ်အောင်နေနေပေမဲ့ ဂနာမငြိမ်သောစိတ်ကတော့ တစ်ချိန်လုံး သူ့ဆီသာရောက်နေမိသည်။အလုပ်လုပ်နေရင်း ph ကို ခဏခဏကြည့်ကာ မျှော်နေမိရင်းမှ အချိန်ကြာလာ၍ စိတ်တွေလေးလံထိုင်းမှိုင်းလာစဉ်မှာပင် ph ဝင်လာသောကြောင့် ကပျာကယာကြည့်လိုက်မိတော့ contact ကိုတွေ့လိုက်သည်နှင့် ထိတ်ကနဲ့ဖြစ်သွားရသောသူမက ချက်ချင်းပင်ကောက်ကိုင်လိုက်သည်။

"အွန်း ရှင်ရောက်ပြီလား..."

"ရောက်ပြီ သဲလေး လွမ်းတယ်..."

မဆိုင်းမတွစတင်ပြောလာသည့် စကားသံကိုကြားရသည်နှင့် သူမက နှုတ်ခမ်းလေးတွေကော့တက်နေအောင် ပြုံးမိသွားကာ လွင့်ကနဲ့ဖြစ်အောင် ခုန်သွားရသောရင်တွေက တလှပ်လှပ်နှင့်မို့ သူ့ကို ချက်ချင်းပြန်မပြောမိလျှင်

"သဲ အခု ဘာလုပ်နေလဲဟင်..."

"အလုပ်လုပ်နေတာလေ..."

"အွန်း ကိုယ်ကတော့ သဲကိုလွမ်းနေတာ..."

ထပ်မံ၍ လှိုက်ကနဲ့ဖြစ်သွားရသောခံစားမှုရသတွေကြား ရယ်သံထွက်သွားမှာစိုးသောကြောင့် သူမက နှုတ်ခမ်းကိုကိုက်ကာ ခဏလောက်ထိန်းပြီးမှ ပြန်ပြောရသည်။

သို့သော် ပြန်ပြောလိုက်သည့် ထော်လော်ကန့်လန့်စကားများကတော့ ထုံးစံအတိုင်း အမြီးအမောက်မတည့်။

"ရောက်ရင်လဲနားတော့လေ...အာ့ဆို ဒါပဲ"

"နေပါဦး သဲရယ်...။အလုပ်လုပ်နေလို့ စကားမပြောချင်ရင်တောင် ph တော့ကိုင်ထားလေနော်...။လွမ်းနေရတာကို..."

ိစိတ်ထဲကနေ အပိုတွေဟုပြောနေသော်လည်း တကယ်တမ်းတော့ သူမက ဒီစကားတွေမှာ ပျော်ဝင်ကျေနပ်နေရသည်။

"နားစရာရှိတာနားလေ...ခုမှ ရောက်ကာစကို"

"အခု နားနေတာပဲလေ...။တကယ်ကို သဲရဲ့အသံကြားမှပဲ နေသာထိုင်သာရှိတော့တယ် သိလား..."

သူမက သူ့ကို အပြစ်မဆိုရက်တော့သည့်စိတ်ဖြင့် အသာငြိမ်နေမိရင်း အတန်ကြာမှ ph ကိုဇွတ်ချကာ အခုမှပင်နေသာထိုင်သာရှိသွားပြီမို့ အလုပ်ထဲကို အာရုံပြန်စိုက်လိုက်ရသည်။ရုံးဆင်းချိန်မှာ အလုပ်ပြီးသည်နှင့် အိမ်ကိုချက်ချင်းပြန်ခဲ့လိုက်သော်လည်း သူ မရှိ၍ သိသိသာသာ တိတ်ဆိတ်ခြောက်ကပ်သွားသောအိမ်က ဝင်လိုက်သည်နှင့် လူကို အလိုလိုဝမ်းနည်းလာစေကာ အုံ့မှိုင်းညှိုးခွေလာရသောကြောင့် သူမက ညစာတောင်မစားဖြစ်တော့ဘဲ ရေချိုးဖို့သာပြင်လိုက်တော့သည်။ထိုအခါတွင်လည်း တစ်ယောက်တည်းရေချိုးခန်းထဲဝင်ကာ ရေစိမ်ဖို့လုပ်နေရင်းမှ ဂရုတစိုက်ရေစပ်ပေးတတ်သောသူ့ကို သတိရမိပြန်လေသည်။

သူမအကြိုက်နှင့် ကွက်တိကျအောင် ရေစပ်ပေးတတ်တာ။
ရေချိုးကန်ထဲ မထင်ရင်မထင်သလိုဝင်လာပြီး ရင်ခွင်ထဲထည့်ထားတတ်တာ။
အအေးပတ်မှာစိုးလို့ သေချာပြောင်စင်နေအောင် ရေသုတ်ပေးတတ်တာ။
ဆံပင်တွေကို စိတ်ရှည်လက်ရှည်အခြောက်ခံပေးတတ်တာ။

စသဖြင့် တောက်လျှောက်တွေးမိနေရင်း သတိရစိတ်ကစိုးမိုးကာ မွန်းကြပ်လာသောကြောင့် သူမက ကန်ထဲကနေချက်ချင်းထ၍ ပြန်ထွက်လာခဲ့သည်။ထို့နောက် ညဝတ်လဲပြီး ကုတင်ပေါ်ထိုင်ရင်း ph ကို ကြည့်နေမိပြီးမှ သတိရကာ Messenger ထဲဝင်ကြည့်လိုက်သည်။ Fb သိပ်သုံးလေ့မရှိသောသူက လိုင်းပေါ်တက်လာဖို့ သိပ်မဖြစ်နိုင်ပေမဲ့ သူ့အကောင့်လေးထဲဝင်ကာ မမှိတ်မသုန်ကြည့်နေမိစဉ်မှာပဲ အကောင့်လေးက ဖျတ်ကနဲ့မီးစိမ်းသွားကာ vc ခေါ်လာလျှင် လှိုက်ကနဲ့ဝမ်းသာသွားသောစိတ်နှင့် ရင်တွေတဒိတ်ဒိတ်ခုန်ကာ screen ကိုထိလိုက်သော လက်လေးက တုန်တောင်တုန်နေရသည်။

မြင်လိုက်ရသော သူ့မျက်နှာချောချောက အချိန်တိုင်းမှာ တည်ကြည်ခန့်ညားနေကာ ဝတ်စုံပြည့်နှင့် နက်ခ်တိုင်တောင် နေရာမရွေ့သေးသည်မို့ အိမ်ပြန်ရောက်ရောက်ချင်း ခေါ်လိုက်ဟန်တူသည်။သူက ဘာမှမပြောသေးဘဲ သူမမျက်နှာကိုသာကြည့်နေလျှင် သူမကလည်း ဘာပြောရမှန်းမသိသောကြောင့် သူ့ကိုပဲပြန်ကြည့်နေမိရင်း စကားမပြောမိသေး။ခဏလောက်ကြာသည်အထိ နှစ်ယောက်သား တစ်ယောက်မျက်နှာတစ်ယောက်ကြည့်နေမိကြပြီးမှ သူ့ဘက်ကအရင်စပြောလာသည်။

"သဲ ညစာဘာစားလဲ..."

သူမက ဘာမှစားမထားသည်မို့ ဘာပြန်ပြောရမည်မှန်းမသိ။မစားတာကိုသာသိလျှင် အရစ်တွေတက်ကာ ဇွတ်စားခိုင်းမှာကိုသိနေသောကြောင့် မတတ်သာစွာဖြင့် ညာပြောလိုက်ရသည်။

"ဟိုတယ်မှာပဲ ဘူဖေးစားလာတယ်..."

"ရေရော ချိုးပြီးပြီလား..."

"အင်း ချိုးပြီးပြီ..."

"ရေကို သေချာရောစပ်ရဲ့လား...။ရေအေးတွေ မချိုးနဲ့နော်...။အရင်ရက်က ကိုယ်လက်တွေနာနေတာ ပြန်နာလိမ့်မယ်..."

"အွန်း..."

သူ့စကားတွေနားထောင်ပြီး ဘာလို့မှန်းမသိ ရင်ထဲမှာဝမ်းနည်းကာ ငိုချင်လာသည်။စိတ်ကိုထိန်းပြီး သူ့မျက်နှာကိုသာဟန်မပျက်ကြည့်နေရင်းမှ သူမက စကားလွှဲလိုက်သည်။

"ရှင် အိမ်ပြန်ရောက်ပြီလား..."

"အွန်း ရောက်ပြီလေ...။ဒီမယ်ကြည့် ဒါ ကိုယ့်ရဲ့အိမ်ပဲ သဲကိုပြမယ်..."

ပြောပြီး သူက ကင်မရာကိုတစ်ဖက်လှည့်ကာ သူ့ရဲ့အခန်းကို ကောင်းကောင်းမြင်ရအောင် ရိုက်ပြလာသည်။

"ဒါက ဝင်ဝင်ချင်း..."

"ဒါက ဧည့်ခန်း...ဧည့်ခန်းရှိပေမဲ့ ဘယ်ဧည့်သည်မှတော့ မလာဘူး...။ကိုယ်က အိမ်မှာ တခြားလူရှိတာမကြိုက်လို့ အပြင်မှာပဲတွေ့လေ့ရှိတယ်။အိမ်ကို ဘယ်တော့မှမခေါ်ဘူး..."

ထိုစကားကိုကြားလျှင် သူမကိုယ်တိုင်တောင်မသိလိုက်ဘဲ ပါးစပ်ကနေ အလိုလိုထွက်သွားသည့်စကားမှာ

"ရှင့်ရဲ့ ex တွေကိုရော အိမ်မခေါ်ဘူးလား..."

သူမမေးတာကိုကြားသည်နှင့် သူက camera ကို ချက်ချင်းပဲ သူ့ဘက်ပြန်လှည့်ကာ

"ကိုယ့်စကားကို ယုံပေးနော်...။ကိုယ့်ဘဝနဲ့ရင်းပြီးတော့ ဒီစကားကိုပြောတယ်...။ဘယ်မိန်းကလေးကိုမှ အိမ်ကိုမခေါ်ဖူးဘူး...။ကိုယ်က အိမ်ဆိုတာ ကိုယ့်အတွက် ကိုယ်ပိုင်နေရာ သီးသန့်နေရာပဲလို့ သတ်မှတ်ထားတာဆိုတော့ ဘယ်သူလာတာမှမကြိုက်လို့ ဘယ်သူ့ကိုမှလဲဆွဲမသွင်းဖူးဘူး...။ဒါပေမဲ့ အခုတော့ သဲကိုပဲဆွဲသွင်းချင်နေတာ..."

ထိုစကားကိုကြားလျှင် သူမက မနေနိုင်စွာရယ်လိုက်မိရင်း အစောတုန်းက ဝမ်းနည်းနေသောစိတ်မှာ ချက်ချင်းလွင့်စင်သွားလျက် အခုချိန်မှာတော့ သူ့ကြောင့် ရွှင်မြူးလာသောစိတ်က ရင်ထဲမှာ ခုန်ပေါက်ကာနေသည်။

"အဟင်း အဲ့ဒါဆို ရှင်တို့က ဘယ်မှာတွေ့ကြတာလဲ..."

"အဟွန်း သဲရယ်...အဲ့ဒါတွေက သိစရာမလိုဘူး အရေးလဲမပါဘူး...။ဒီမယ်ကြည့် ဒါ ကိုယ့်ရဲ့ kitchen တခါတလေစားချင်တာရှိရင် ကိုယ့်ဘာသာချက်စားတယ်..."

"ဒါက gym အခန်း..."

"ဒါက စာဖတ်ခန်း..."

"ဒါက ဘားရှိတဲ့နေရာ TV လဲရှိပေမဲ့ မကြည့်ဖြစ်ဘူး.."

"ဒါက ကိုယ့်ရဲ့ အိပ်ခန်း...။ဒီညတော့ အိပ်ပျော်မယ်မထင်ဘူး လွမ်းလွန်းလို့"

သူက အဆုံးသတ်စကားအား camera ကို သူ့ဘက်ပြန်လှည့်ပြီး ဆွေးလျစွာဖြင့် တိုးဖွဖွပြောလာလျှင် အူမြူးနေသောသူမက ချက်ချင်းပဲ ရင်ထဲမှာဆို့နင့်သွားရပြန်ရင်းမှ စိတ်ကိုထိန်း၍ သူ့မျက်နှာကိုကြည့်ကာ

"ဘာကိစ္စအိပ်မပျော်ရမှာလဲ ပျော်အောင်အိပ်လေ...။နောက်ရက်တွေ အလုပ်လုပ်ရဦးမှာကို...။ရှင် အဲ့ဒီမှာ အားပြတ်နေမကောင်းဖြစ်ပြီးတော့ တစ်လလောက်နေချင်တာလား..."

"မနေပါဘူး...အားပြတ်ပြီး နေမကောင်းရင်တောင် ကိုယ်က သဲဆီရအောင်ပြန်လာမှာ..."

သူမက အပေါ်သို့တက်ချင်သွားသော နှုတ်ခမ်းလေးတွေကို ချက်ချင်းပြန်ထိန်းရင်း

"ခုမှပြန်ရောက်တာ အဝတ်တွေလဲ မလဲရသေးဘူး...။လုပ်တော့ ကျွန်မလဲအိပ်တော့မယ် အိပ်ချင်ပြီ..."

"ကိုယ်က ဘာမှမလုပ်ချင်သေးဘူး...။သဲအိပ်လေ...ph မချနဲ့။ကိုယ် သဲအိပ်တဲ့အထိ ဒီအတိုင်းပဲကြည့်နေမယ်..."

"ဟာ...ဘာကိစ္စ အိပ်တဲ့ထိကြည့်နေမှာလဲ...တော်ပြီ လုပ်စရာရှိတာလုပ်တော့ ph ချလိုက်ပြီ..."

ပြောပြီးသည်နှင့် ph ကိုချက်ချင်းချကာ လိုင်းပါပိတ်ပစ်လိုက်ပြီးသည့်နောက် သူမက သက်ပြင်းကိုအကြီးကြီးရှိုက်၍ ချမိသွားရသည်။ထို့နောက် ရင်ထဲမှာမွန်းကြပ်ကာ တစ်ဆို့လာပြန်တာကြောင့် ကုတင်ပေါ်လှဲချလိုက်မိလျှင် ပုံမှန်အတိုင်းမဟုတ်သည့်အိပ်ရာအကျယ်ကြီးမှာ လူက ကြောင်တောင်တောင်။အလိုလိုဝေ့တက်လာသောမျက်ရည်စတွေကို အံ့ဩတကြီးပွတ်သပ်ပစ်လိုက်ရင်း ဘေးနားကိုလက်စမ်းကြည့်တော့ ခါတိုင်းလို ခွပြီးဖက်အိပ်စရာ သူက ရှိမနေပေ။ထို့ကြောင့် သူ့ဘက်က ခေါင်းအုံးပေါ်သွားအုံးလိုက်ရင်း မျက်နှာကိုနှစ်ကာ အသက်ကိုရှိုက်ပြီးရှုမိလျှင် ရနေကျ သူ့ရဲ့ကိုယ်သင်းနံ့က ရင်ထဲထိတိုးဝင်လာလေသည်။လုံခြုံနွေးထွေးသွားသောခံစားချက်နှင့် ခဏတာချမ်းမြေ့သွားသောစိတ်ကို သတိထားမိသွားရလျှင် ဒီတစ်ခါမှာတော့ ကိုယ့်စိတ်ကိုယ်လွှတ်ပေးကာ သူမက တိုးတိုးလေးရေရွတ်မိသွားသည်။

ဟုတ်တယ်...။
ကျွန်မ ရှင့်ကို လွမ်းတယ်...။

----------------------****************--------------------

ရွှေခေတ် မချစ်ဘူးဆိုတာကလဲ တစ်မျိုးလေးနော်🙂

မနေ့ကအပိုင်းကို ပြောပါတယ်🤔

ပထမဆုံးအကြိမ်မှာ သွားနဲ့ခြစ်မိတာကလွဲရင် ကျန်တာမလုပ်မိဘဲ အဆင်ပြေပြေဖြစ်သွားလို့တော်သေးတာပေါ့။

တော်ကြာ မူးမူးရူးရူးနဲ့ စိတ်တွေတိုပြီးတော့ ကိုက်ဖြတ်ပစ်လိုက်ရင် ရှိုင်းသူရိန်လင်းလဲ ကိုယ်ကျိုးနည်း၊ အာသာလဲ ဆက်ရေးစရာမရှိ၊ YATOE လဲ အဲ့နားမှာတင် တစ်ခန်းရပ်သွားရမှာ...။

တော်သေးလို့🙄

Continue Reading

You'll Also Like

61.5K 1.8K 20
This is Son Jinyoung fiancé of Myoui Mina. A month from now they will get married in the city of Seoul. In a not so far away place called New York Ci...
37.9K 1.1K 22
When Santana Lopez moved in with her best friend, Blaine Anderson, Santana began dating causing her girlfriend to visit frequently. Blaine Anderson v...
77.4K 2.1K 42
Scoptophobia , fear of having attention. This is something that Allen has to put up with everyday. Plus his home and school life is messed up. What...
741K 62.1K 33
"Excuse me!! How dare you to talk to me like this?? Do you know who I am?" He roared at Vanika in loud voice pointing his index finger towards her. "...