Telling Ghost Stories At My E...

By callme__kitty

130K 22.8K 3.6K

Title : Telling Ghost Stories At My Ex-boyfriend's Wedding [去前男友婚礼上讲鬼故事] Author : 花间二狗 English Translator : C... More

Synopsis
2
3
4
5
6
7
8
9
10
11
12
[The End]

1

14.1K 1.9K 224
By callme__kitty

[Unicode]

'ကျွန်တော်က သရဲတစ်ကောင်'

1.

ကျွန်တော်က သရဲတစ်ကောင်။

ကျွန်တော်သေပြီးတာ နာရီအနည်းငယ်မျှ ရှိနေပြီ။

အမှန်တော့ ကျွန်တော် ဒီအဖြစ်မှန်ကို ကောင်းကောင်းကြီး ကြိုးစား လက်ခံပြီးနေပြီ။ သို့ပေမယ့် ဘဝကူးရာ နိုင်းဟဲ တံတားကနေ ဒေါသတကြီးလှည့်ထွက်ပြီး ဒီခွေးသား ဆူးယွီကို လာရှာတဲ့အချိန် ... သူက ကျွန်တော့်ခန္ဓာကိုယ်ကို ဖြတ်၊ သော့ဖြင့် တံခါးကိုဖွင့်ပြီး အထဲလျှောက်ဝင်သွားလေသည်။

ကျွန်တော် ခဏတာမျှ တောင့်ခဲသွား၏။

Fuck!

သတင်းကြားကြားချင်း မုန့်ဖော် ပေးလာတဲ့ စွတ်ပြုတ်ရည်ကိုတောင် ဒေါသတကြီး လွှင့်ပစ်ပြီး ကျွန်တော့်နောက်မှာ တန်းဆီနေတဲ့သူတွေ ကြောက်လန့်သွားအောင် လုပ်မိတာတွေ အကုန်လုံးက အခုလို စိတ်ဓာတ်ကျသွားဖို့အတွက်ပဲဆိုတဲ့အကြောင်းကို မြင်ယောင်ကြည့်ကြည့်ပါ။

... ဒီခွေးမသားလေးကမှ ငါ့ကို မမြင်နိုင်တာ၊ ငါ ဘာလို့ အလုပ်ရှုပ်ခံပြီး ပြန်လာရတာလဲ။

2.

အာ, ဟုတ်သား၊ ကျွန်တော် ကိုယ့်ကိုယ်ကိုယ် အရင်မိတ်ဆက်သင့်တယ်မလား။

3.

ကျွန်တော့်နာမည်က .. ထားလိုက်ပါ။ သိလို့လည်း ပြောင်းလဲသွားမှာမှ မဟုတ်တာ။ ကျွန်တော်က အသစ်စက်စက် သရဲလေး။ ကျွန်တော် သေတဲ့အချိန်မှာ အသက်၂၆နှစ်ပဲ ရှိသေးတယ်။ ကျွန်တော့်သေဆုံးမှုက ဒရမ်မာဆန်ဆန် ဇာတ်လမ်းဇာတ်ကွက်မျိုးဖြင့် သေဆုံးခြင်းမဟုတ်။ ရောဂါတစ်မျိုးကြောင့် ဖြစ်သည်၊ အသေးအဖွဲ့လေးဆိုပေမယ့် ကုမရသည့် ရောဂါပင်။

ဘဝကူးရာတံတားမှာ နာရီများစွာစောင့်ပြီးမှ ကျွန်တော်အလှည့်ကို ရောက်ခဲ့သည်။ မုန့်ဖော်ထံမှ ခွက်ကို လှမ်းယူနေစဉ် ကျွန်တော့်အနောက်မှ ဝိဉာဉ်က ကျွန်တော့်အား တစ်ခုခု လှမ်းပြောလာသည်။ ကျွန်တော့်မှာ ဒေါသထွက်ရလွန်းလို့ အဘွားမုန့်ရဲ့ ခွက်ကိုတောင် လွှင့်ပစ်ပြီး အငြိုးတကြီးဖြင့် ပြန်လှည့်ထွက်လာမိသည်။

ဆူးယွီက ထိမ်းမြားလက်ထပ်ဖို့ လုပ်နေတယ်တဲ့။

အဲ့တာကလည်း .. ကျွန်တော့် ရက်လည်နေ့မှာ။

4.

ဆူးယွီနဲ့ ကျွန်တော့် ဆက်ဆံရေးက အတော်လေးတော့ ရှုပ်ရှုပ်ထွေးထွေးနိုင်သည်။

ရှင်းရှင်းလေး ပြောရမယ်ဆိုရင်တော့ သူက ကျွန်တော့်အထက်တန်းကျောင်းတုန်းက အတန်းဖော်။ လုံးဝကြီး ရိုးရိုးသားသားပြောရမယ်ဆို သူက ကျွန်တော့်ရဲ့ အချစ်ဦး။

ပိုပြီး တိတိကျကျရှင်းပြရပါက၊ အဲ့မြူဆွယ်ဖြားယောင်းတတ်တဲ့ခွေးသားလေးက ကျွန်တော့်ရည်းစားဟောင်း။

အခြားတစ်နည်းဖြင့် ပြောရရင်တော့ ကျွန်တော်တို့က အိပ်ရာပေါ်က သူငယ်ချင်းကောင်းများ။

စကားလှအောင် ပြောချင်ပါက၊ ကျွန်တော့်က သူ့ကို သကြားဖေဖေတစ်ယောက်အနေနှင့် အလွန်ကို ရက်ရောပေးခဲ့သည်။ အဲ့အချိန်တုန်းကလည်း ကျွန်တော့်ဘက်က အရင်စပြီး ညှိနှိုင်းပြောခဲ့ရတာဖြစ်သည်။ ဒီခွေးသားလေးကတော့ မျက်လုံးပင့်ကြည့်ပြီး ဝမ်းသာအားရပဲ သဘောတူလာလေသည်။

အနေလည်း နီးသည်၊ ကျွန်တော့်ဘဝရဲ့ နောက်ဆုံးနေ့ရက်များကို အဖော်ပြုနေပေးခဲ့တာလည်း သူတစ်ယောက်ပင်။

တကယ်တမ်း၊ ခင်မင်ရင်းနှီးခဲ့သည့် လက်ကျန်သံယောဇဉ်ကို ထောက်ပြီး ကျွန်တော် သူ့ကို ပြန်လာမရှာသင့်။ သူ အခြားတစ်ယောက်နှင့် လက်ထပ်သည်ဖြစ်စေ၊ လက်မထပ်သည်ဖြစ်စေ၊ ကျွန်တော်နှင့် သက်ဆိုင်ခြင်းမရှိမှန်းလည်း ကျွန်တော် နားလည်သည်။

သို့ပေမယ့် ကျွန်တော့်ကို ဒေါသထွက်စေသည်။ ဒေါသထွက်လွန်းတာမို့ မရှိတော့တဲ့ နှလုံးသားတောင် ပေါက်ကွဲထွက်တော့မတတ်ပင်။

သို့ပေမယ့် ဘာလို့လဲ။

ဒါ အခုထိ ကျွန်တော် အဖြေရှာမရသေးတဲ့ မေးခွန်းတစ်ခု။

5.

ကျွန်တော် ဘဝကူးရာတံတားမှ ပြန်ရောက်လာကတည်းက ထိုအကြောင်းကို တွေးနေမိတာဖြစ်သည်။ ဒါကလည်း ကျွန်တော်ဆိုသည်မှာ ရိုးသားဖြောင့်မတ်ပြီး တရားမျှတခြင်း၏ အစေပါး သရဲဖြစ်နေသောကြောင့်ဟု ယုံကြည်ထားသည်။ သူက အဲ့ကောင်မလေးနှင့် မထိုက်တန်။

ဘယ်လိုပဲဖြစ်ပါစေ၊ သူ ကျွန်တော်နှင့် နှစ်တွေအများကြီး အတူနေ၊ အတူစား လုပ်ခဲ့သည်။ ထိုတစ်လျှောက်လုံး သူမနှင့် လက်ထပ်ဖို့ကိစ္စ တစ်ခါလေးတောင် ဖွင့်ဟပြောဆိုလာခြင်းမရှိ။ ဘယ်လိုလုပ်ပြီး သူ ဒီလောက်ထိ မကောင်းတဲ့ ခင်ပွန်း ဖြစ်နေရတာလဲ!?

ဒါ တရားလွန်လွန်းသည်။ ထို့ကြောင့်လည်း ကျွန်တော် စိတ်မချမ်းမသာဖြစ်နေခြင်းပင်။

အဲ့တာကြောင့်ပဲ ဖြစ်ရမည်။

6.

ဆူးယွီက အိမ်ထဲ လျှောက်ဝင်သွားပြီဖြစ်သည်။ ကျွန်တော် ဘေးဘီကို ကြည့်လိုက်ပေမယ့် အပြန်လမ်းကို ပြပေးနေသည့် အမှတ်အသားများ မရှိ။ အလျင်စလို လှည့်ထွက်လာမိတုန်းက ဒေါသထွက်လွန်းနေတာမို့ အပြန်လမ်းကို ဂရုတစိုက်မှတ်ထားဖို့လည်း မေ့သွားသည်။ ကျွန်တော် ပြန်သွားလို့လည်း မရတော့တာမို့ ဒီခွေးနောက်မှ လိုက်ရင်းသာ အိမ်ထဲ ဝင်ခဲ့လိုက်တော့သည်။

ဒါ ကျွန်တော့်အိမ်။ နောက်ပိုင်း ဆူးယွီပါ ပြောင်းလာပြီး ဒီအိမ်တွင် အချိန်အတော်ကြာ အတူနေဖြစ်ခဲ့ကြသည်။

ကျွန်တော် မသေခင် ဒီခွေးကောင်လေးကို ပြောလိုက်သေးသည်။ "ငါ မင်းကို ဒီအိမ်ပေးမယ်။ ဘယ်လိုပဲဖြစ်ဖြစ်၊ မင်းလည်း ဒီမှာအချိန်အကြာကြီးနေခဲ့တာပဲ။ မင်းအတွက် လက်ဖွဲ့အနေနဲ့ ငါ ချန်ထားပေးခဲ့မယ်။"

ခွေးလေးက ပျော်ပျော်ရွှင်ရွှင် ရယ်နိုင်ဖို့ကို ကြိုးစားနေရသလိုဖြင့် ပြန်ပြောလာသည်။ "မင်းနဲ့ အကြာကြီးနေခဲ့တဲ့ အိမ်ပေါ်ကို ငါက ဘာလို့အခြားတစ်ယောက်ကို တက်နေခွင့်ပေးရမှာလဲ။"

သူ အဲ့အချိန်တုန်းက ကျွန်တော့်ဆေးမှုန့်များကို ရောပေးနေတာဖြစ်သည်။ ဆေးနာမည်ကိုတော့ မမှတ်မိတော့ပေမယ့် : ကျွန်တော် မှတ်မိတာကတော့ အဲ့ဒါက အလွန်ကို ခါးလွန်းသည်။

သူ အံဆွဲဖွင့်ကာ အချိုရည်နှင့် ရောထည့်လိုက်ပြီးနောက် ဖြူသွယ်နေတဲ့ သူ့လက်ချောင်းများဖြင့် ဖန်ခွက်ကို ခလောက်ပြီး ဘေးကို ချကမ်းပေးလာသည် : "ဒီနေ့က ပန်းသီးအရသာ။"

ထိုအကြောင်းအရာမြင်ကွင်းများက ကျွန်တော့်မျက်စိရှေ့မှောက်တွင် တစ်ကွက်ချင်း ပေါ်လာသည်။ ထိုအချိန်က သူပုံစံက တကယ်ကို စိုးရိမ်စိတ်ပူနေပုံပင်။

အခုတော့ ကျွန်တော် တံခါးဝမှာ ဘယ်ညာယိမ်းထိုးနေရင်း ပြောင်းလဲခြင်းမရှိသည့် အိမ်ကို ငေးကြည့်နေမိသည်။

— Damn, ဒီခွေးကောင်သာ ငါ့ရက်လည်နေ့မှာ လက်ထပ်ဖို့လုပ်နေမှန်းသိရင် ဒီအိမ်ကို သူ့ဆီထားခဲ့မယ့်အစား မီးရှို့ယူသွားပြီး ဘဝကူးရာမှာ အေးဆေး နေပစ်ပါတယ်။

7.

ဆူးယွီ အိမ်ထဲဝင်ပြီးနောက် သူ့လက်ပတ်နာရီကို တစ်ချက်ကြည့်လိုက်သည်။ ငါးနာရီထိုးဖို့ ၁၀မိနစ်လိုသေးသည်။

ထို့နောက်မှာတော့ သူ အထဲဝင်သွားပြီး ကျွန်တော်ကတော့ ပိုင်နက်စောင့် စူပါအမဲလိုက်ခွေးငယ်လေးလို အိမ်ရဲ့ထောင့်တိုင်းကို ပြေးသွားပြီး ပြင်းပြင်းပြပြ အနံ့လိုက်ခံနေမိသည်။

စားပွဲပေါ်မှာတော့ ကျွန်တော်တို့နှစ်ယောက်ပုံ ရှိနေသေးသည်။ ကောင်းတယ်၊ သူ စေ့စပ်ထားတဲ့ကောင်မလေးနဲ့ ပုံ မပြောင်းသေးဘူး။

ကျွန်တော် အမြတ်တနိုးတန်ဖိုးထားရတဲ့ ရှောင်းပိုင်*ကလည်း နံရံဘေးမှာ တင့်တင့်တယ်တယ် မတ်တပ်ရပ်နေဆဲ။ ကောင်းလွန်းတယ်၊ သူ့ကောင်မလေး ကြောက်လန့်တကြား ထွက်ပြေးမှာကို သူ တွေးမပူဘူး။

အိမ်ကလည်း ကျွန်တော့်အကြိုက် အနက်၊အဖြူနှင့် အညိုလိုင်းထပ်များဖြင့် တန်ဆာဆင်ထားဆဲ။ အကောင်းဆုံးပဲ၊ နံရံပေါ် မင်္ဂလာဆောင်ခါနီး ကပ်ရမယ့်ဟာတွေ မကပ်ထားသေးဘူး။

နေပါဦး။

သူ ဘာလို့ အရင်က ကျွန်တော် စားပွဲပေါ် တင်ထားခဲ့တဲ့ ဘောပင်ကို နေရာမရွေ့ရသေးတာလဲ။

အန်?

ကျွန်တော် ဖွင့်ထားတာကြာပြီဖြစ်တဲ့ အာလူးကြော်ထုတ်ကိုကော သူဘာလို့ မလွှင့်ပစ်သေးတာလဲ။

8.

ကျွန်တော် ထွက်သွားတုန်းကအတိုင်း ပြောင်းလဲခြင်းရှိမနေသည့် အခန်းပတ်လည်ကို လှည့်ကြည့်ရင်း ခေါင်းရှုပ်သွားတော့သည်။

ထို့နောက်တွင်မှာ ကျွန်တော် ရုတ်ချည်းဆိုသလို လက်တွေ့ဆန်ခြင်းကြားထဲ ပြန်လည်နိုးထလာတော့သည်။

ဆူးယွီတို့မိသားစုက ပိုက်ဆံချမ်းသာပြီး သူကိုယ်တိုင်ကလည်း အရင်က ကုမ္ပဏီကောင်းကောင်းတစ်ခုမှာ အလုပ်ရထားသည်။ ကျွန်တော့်အိမ်ကို မင်္ဂလာအိမ်အဖြစ် သုံးဖို့ မလိုအပ်။ ရွေ့ပြောင်းထားခြင်းမရှိသည့် ကျွန်တော့်ပိုင်ဆိုင်မှုများကတော့၊ သူ အိမ်ရှင်းတုန်းက သိမ်းစည်းဖို့ မေ့သွားတာ ဖြစ်နိုင်လောက်မည်။

ကျွန်တော် စိတ်အေးသလိုဖြစ်သွားပေမယ့်လည်း ရင်ထဲ အနည်းငယ်မျှ လှစ်ဟာသလိုခံစားနေရသည်။ သရဲတစ်ယောက်အနေဖြင့် ကျွန်တော် အလွန်ကို စိတ်ဓာတ်ကျနေပြီး ခံစားလွယ်လွန်းနေသည်။ ထို့ကြောင့် ကျွန်တော် အတွေးအာရုံများပြောင်းဖို့ အခန်းကို သေချာ ပတ်လှည့်ကြည့်ရှုလိုက်သည်။ ကျွန်တော် တစ်ဖက်လှည့်လိုက်ချိန်တွင် စားပွဲပေါ်တွင် ကျွန်တော်တို့နှစ်ယောက်၏ ဓာတ်ပုံရှိနေသည်။

ထိုဓာတ်ပုံလေးက ကျွန်တော်တို့ အထက်တန်းကျောင်း နောက်ဆုံးနှစ်မှာရိုက်ထားခြင်းဖြစ်သည်။ ပျင်းရိစရာကောင်းသည့် ဘတ်စကတ်ဘောပြိုင်ပွဲကို ကြည့်ဖို့ ပထမဆုံးအကြိမ် ကျောင်းလစ်ခဲ့ခြင်းလည်း ဖြစ်သည်။ ဓာတ်ပုံထဲမှာ ကျွန်တော်က အရူးတစ်ယောက်လို ပြုံးနေပြီး ဆူးယွီမျက်နှာကတော့ ရေခဲဖြင့် ထုဆစ်ထားသည့်အလား အေးစက်ပြီး အမူအရာမဲ့နေသည်။

သို့ပေမယ့်လည်း ပြောရမယ်ဆိုရင် ဒီလိုကောင်လေးပုံစံမျိုးက ကောင်မလေးများအကြားတွင် အလွန်ကို ရေပန်းစားသည်။ အထက်တန်းကျောင်းစကတည်းက ကောင်မလေးတွေ သူ့အား အချစ်စာနှင့် လက်ဆောင် ပေးပို့ခြင်းများ ရပ်တန့်သွားသည်ကိုမရှိ။

ဓာတ်ပုံထဲက လူနှစ်ယောက်က နီးနီးကပ်ကပ် ရပ်နေကြသည်။ အေးစက်နေသည့်မျက်နှာနှင့် ကောင်လေးကို နေရောင်ခြည်လိုတောက်ပနေသည့်အပြုံးနှင့် ကောင်လေးက ဖက်တွယ်ထားသည်။ သူတို့နှစ်ယောက်က ဘယ်တော့မှ ခွဲခွါသွားကြမှာ မဟုတ်သကဲ့သို့ ရင်းနှီးနေပုံပေါ်သည်။

ဒီဓာတ်ပုံထဲမှ လူနှစ်ယောက်က တူညီတဲ့ အခန်းထဲ တူညီတဲ့ အချိန်တစ်ခုမှာ အတူရှိနေကြပေမယ့် ကမ္ဘာပေါ်တွင် ကွာဟမှုအကြီးမားဆုံးဖြစ်သည့် သေခြင်းနှင့် ရှင်ခြင်းဆိုသည့် သဘောဘဘာဝဖြင့် ကွဲကွာသွားလေ့မည်ဟု ဘယ်သူက တွေးထားမိမှာလဲ။

ကျွန်တော် နောက်ဆုံးထွက်သက် ရှုထုတ်ပြီးကတည်းက ဒီကံကြမ္မာကို လက်ခံထားပြီးသားဆိုပေမယ့် ဒီအခြေအနေမှာတော့ အနည်းငယ်မျှ ဝမ်းနည်းသွားမိသည်။

9.

ဆူးယွီရဲ့ ဖုန်းAlarmက ၁၀နာရီတိတိမှာ ထမြည်လာသည်။

ကျွန်တော် ရင်းနှီးနေကျအသံလေးကို ကြားမိတော့ မီးဖိုဆောင်နေရာကို မသိမသာတစ်ချက် လှမ်းကြည့်လိုက်မိသည်။ ဆူးယွီက အဲ့နေရာမှာ ရပ်လျက်ရှိနေပြီး ဖြစ်သည်။

သူ ဗီဒိုအံဆွဲကို ဖွင့်ပြီး ကျွန်တော် တန်းမပြောနိုင်သည့် ဆေးအမည်နှင့် ဆေးဗူးကို ထုတ်လိုက်သည်။ ရေနွေးနဲ့ ထည့်ဖျောပြီးချိန်မှာတော့ ထိုဗီဒိုထဲကပဲ ဖျော်ရည်ပုလင်းကို ယူကာ ၁ : ၁ ပုံစံဖြင့် ရောမွှေလိုက်သည်။ သူ၏ ဆွဲဆောင်မှုရှိစွာ သွယ်လျရှည်လျားနေသော လက်ချောင်းလေးများက ဖန်ခွက်ကို လှုပ်နေရင်း ဘေးကို လက်ကမ်းပေးလာသည်။

အင်း၊ ဒီနေ့က ဗုဒ္ဓဟူးနေ့ဆိုတော့ စတော်ဘယ်ရီအရသာ ဖြစ်လိမ့်မည်။

ကျွန်တော် ပျော်ပျော်ကြီး လှမ်းယူလိုက်ပေမယ့် ကျွန်တော့်လက်များက ဆူးယွီလက်ကို ဖောက်ထွက်သွားသည်။ ကျွန်တော်က မြူမှုန်လိုပင်၊ ဘာကိုမှ ထိတွေ့နိုင်ခြင်းမရှိ။

ကျွန်တော် ကြောင်အသွားသည်။

ဆူးယွီကတော့ ဒီအတိုင်း ငြိမ်သက်နေဆဲ။ ထို့နောက်တွင်မှ သူပြောနေကျ "ဖြည်းဖြည်းသောက်" ဟူသည့် စကားကို ပြောလာပြီး ကျွန်တော် ဂနာမငြိမ်ထိုင်လေ့ရှိသည့် နေရာနားတွင် ဖန်ခွက်ကို ချပေးလာသည်။

သူလည်း ကျွန်တော်နှင့် အတူတူပဲဖြစ်လိမ့်မည်။ ဒါက အကျင့်တစ်ခုလိုဖြစ်လာတာမို့ သူ့ဘာသာ ရှက်သွားမည့်အချိန်ကို ကျွန်တော် စောင့်နေမိသည်။ ဘယ်လိုပဲဖြစ်ဖြစ် နှစ်မိနစ်အကြာမှာတော့ သူက ဖန်ခွက်ကို နောက်တစ်ကြိမ်ကောက်ကိုင်ပြီး ပြောလိုက်သည်။

"ပြောင်သလင် ခါသွားတာကို မအံ့ဩတော့ပါဘူး၊ ဒီနေ့က စတော်ဘယ်ရီအရသာပဲကို။"

သူ အကြိမ်ပေါင်းများစွာ ပြောခဲ့သလိုမျိုးပင်။

ထို့နောက်မှာတော့ ဆေးရည်များက ဘေစင်ထဲ သွန်ချခြင်းခံလိုက်ရသည်။

ကျွန်တော် နောက်ထပ်တစ်ကြိမ် ကြောင်အသွားပြန်သည်။

Fuck.

ကျွန်တော် သေပြီးသွားပြီမဟုတ်လား၊ ဘာလို့ ကျွန်တော့်နှလုံးသားက ရုတ်တရက်ဆိုသလို အများကြီး နာကျင်လာရတာလဲ။

ပြီးတော့ ဒီအတန်းဖော်လေး၊ နိုင်ငံခြားကမှာယူရတဲ့ ဆေးတွေက သောင်းကျော်ပေးရတယ်ဆိုတာ မင်းသိရဲ့လား။

10.

ထားပါတော့၊ ဆေးက စျေးကြီးပေမယ့်လည်း ဆူးယွီကိုယ်တိုင် သောက်မှာလည်း မဟုတ်။ မင်း သွန်ချင်ရင် သွန်သာသွန်လိုက်တော့။

ဒါ နေ့တစ်နေ့ရဲ့ အဆုံးသတ်ချိန်ပဲ ရှိသေးသည်။ အခုတော့ ကျွန်တော် ဒီအတန်းဖော်လေးရဲ့ စိတ်ကျန်းမာရေးနှင့် ပတ်သတ်ပြီး စိတ်ပူပန်လာပြီ။

ကျွန်တော် မသေခင်က ကျွန်တော်သေသွားရင် ဘာဆက်လုပ်မလဲဟု သူ့ကို မေးခဲ့ဖူးသည်။

အဲ့အချိန်တုန်းက ကျွန်တော့်မှာ အသိတရားဆိုတာလေး အနည်းငယ် ကျန်ရှိနေသေးတာမို့ သူ့အတွက် စိတ်ပူပန်မိသည်။ သူ့မှာ ကျွန်တော့်ရဲ့ သကြားကလေးလေးအဖြစ်နေရတာကို ကျင့်သားရနေပြီမို့ ကျွန်တော်သာ သေသွားရင် သူ ဘာလုပ်ပြီး အသက်ဆက်ရှင်ပါ့မလဲ။

ကျွန်တော် အညွန့်တလူလူနဲ့ လူငယ်တစ်ယောက်ဘဝကို ဖျက်ဆီးလိုက်မိပြီလား။

ဆူးယွီက ထိုအချိန်တုန်းက ဂိမ်းဆော့နေခြင်းတွင် စျာန်ဝင်စားနေသည်။ သူ ကျွန်တော့်မေးခွန်းကို ကြားချိန်မှာတော့ မော့ကြည့်ပြီး လေးလေးနက်နက်တွေးပေးလာသည်။ ထို့နောက် သူ သကြားဖေဖေနောက်တစ်ယောက် ရှာလိုက်မှာပေါ့ဟု ပြောလာသည်။

ကျွန်တော် နှလုံးသားထဲ ငိုချင်းချမိတော့သည်။ သွားပြီ၊ ငါသူ့ကို ဖျက်ဆီးမိသွားပြီ။

သို့ပေမယ့် ဆူးယွီက ကျွန်တော် မထင်ထားလောက်အောင်ကို မြင်ရတဲ့ပုံစံနဲ့ တစ်ခြားစီ ထူးချွန်ခြင်း ရှိမနေ။ သူ ရထားသည့် ကျောင်းဆုတံဆိပ်လက်မှတ်၊ ကောလိပ် ဘွဲ့ရလက်မှတ်၊ ဆုတံဆိတ်များက အကုန်စုလိုက်ရင်တောင် လူဖိသတ်လို့ ရနိုင်သည်။ ဒီလို ဘက်စုံတော်နေတဲ့ကောင်လေးက ကျွန်တော့်လို ရှိသမျှ ချမ်းသာမှုတွေနဲ့ ပုံအောစောင့်ရှောက်ပြီး သက်တမ်းတိုတိုပဲ နေဖို့ ကျန်တော့တဲ့ လူဆိုတာ အများကြီးရှိမနေဘူးဆိုသည့်အကြောင်းကို သိသင့်သည်။

ကျွန်တော် နောက်ပိုင်း သူ့အရင်သူဌေးနှင့် သူ စကားပြောနေတာကို နားစွန်နားဖျားကြားလိုက်ရသည်။ သူ့သူဌေးအသံက အလုပ်ပြန်လာစေချင်နေပုံပင်။ ရာထူးနှင့် လစာတိုးခြင်းအကြောင်းတွေကိုပါ ထည့်ပြောလာသည်။

အဲ့အချိန်တုန်းက ဆူးယွီက ဝရံတာမှာ ဆေးလိပ်သောက်လျက် ရှိနေသည်။ ဆေးလိပ်ငွေ့များအကြား ရပ်နေသည့်သူ့ပုံက ကြီးမြတ်လှသည့် နတ်ဘုရားတစ်ယောက်လိုပင်။ သူ၏သဲသဲကွဲကွဲမရှိသော အသံလေးက နွေရာသီလေပြေနွေးလေးဖြင့် ရောထွေးလွင့်ပြယ်လာသည်။

"ကျွန်တော် အဲ့အကြောင်းတွေ အခုမတွေးချင်သေးဘူး။ နောက်မှ ဆွေးနွေးကြတာပေါ့။"

"အခု"ဆိုသည့် စကားကို ကြားလိုက်သည်နှင့် ကိစ္စတစ်ခုခုရှိနေမှန်း ကျွန်တော်သိလိုက်သည်။ ထို့ကြောင့်လည်း ကျွန်တော် သူ့ကို ဘာမှ မေးမြန်းခြင်းမပြုခဲ့။

ဘယ်လိုပဲဖြစ်ပါစေ၊ အခု ကြည့်ရသည်မှာ သူ လက်ထပ်၊ ပျားရည်ဆမ်းခရီးထွက်ပြီးတာနှင့် အလုပ် တန်းပြန်ဝင်လုပ်မည့်ပုံပေါ်သည်။

သူဌေးက လက်ထပ်ပွဲအတွက် အားလပ်ရက် ခွင့်ပေးတာကို ငြင်းပစ်တယ်၊ သူ ရူးနေတာလား!?

11.

ကျွန်တော် ခဏတာမျှ အတွေးလွန်ရင်း သူ၏ တည်တည်ငြိမ်ငြိမ်ရှိလှသည့် နောက်ကျောကို ငေးကြည့်နေမိသည်။

ကျွန်တော်တို့ရဲ့ "ချိုမြိန်သာယာ" အချစ်ဇာတ်လမ်းလေး စတင်ပြီးနောက် လမ်းခွဲသည့်အဆင့်ကို ရောက်သွားသည်မှာ နှစ်များစွာ ကြာပြီးဖြစ်သည်။ "စိတ်ပြတ်ပြတ်သားသားရှိတဲ့ ရည်းစားဟောင်းဆိုတာ တစ်ယောက်မြင်ကွင်းမှာ တစ်ယောက် ပြန်ပေါ်လာခြင်း မရှိကြဘူး" ဆိုသည့် စည်းမျဉ်းချက်အတိုင်း ကျွန်တော်တို့နှစ်ယောက် တစ်ယောက်ကမ္ဘာမှာ တစ်ယောက်မရှိခဲ့ကြသည့်အလား ဒီကြားကာလ နှစ်များတွင် အချင်းချင်း ဆက်သွယ်ခြင်း မရှိကြ။

သူ့ကို ပြန်သွားရှာခြင်းက အနည်းငယ်တော့ ရှက်စရာကောင်းခဲ့သည်။ ကျွန်တော်လည်း အရွယ်တစ်ခုရနေပြီဖြစ်သည့် ကြောင်သူတော်ဆောင် ယောက်ျားတစ်ယောက်ဖြစ်နေတာကြောင့်ပင်။ ကျွန်တော် ဖြစ်ကတတ်ဆန်း ရေးသားထားသည့် "ထောက်ပံ့မှု" စာချုပ်ကို သူ့ရင်ဘတ်တည့်တည့် ပစ်ပေးပြီး မျက်ခုံးပင့်၊ အလွန်ချောမော၊ စတိုင်ကျနေသည့် ကောင်လေးတစ်ယောက်လို အထက်ဆီးမှ ပြောလိုက်သည်။

"ငါက မင်းရဲ့ခန္ဓာကိုယ်ကိုပဲ လိုချင်တာ၊ မင်းရဲ့နှလုံးသားကို မဟုတ်ဘူး။"

သူ ကျွန်တော့်ရဲ့ ဆေးစစ်တမ်းကို ဖတ်နေချိန်မို့ ကျွန်တော်ပြောသမျှကို လျစ်လျရှုထားသည်။

သွယ်လျရှည်လျားပြီး အဆစ်များထင်းနေသည့် လက်ချောင်းများက တုန်ယင်နေသည်။

ကျွန်တော့် သူ့ကို ကြည့်ပြီး ရယ်မိသွားသည်။ အသက်၂၀အရွယ်ပဲ ရှိသေးတဲ့ လူတွေလည်း ပါကင်ဆန်ရောဂါ* ရနိုင်တာပဲလား။

[T/N : အကြောအားနည်း၍ ခြေလက်တုန်သောရောဂါ]

သူ အချိန်အတော်ကြာ ခေါင်းငုံနေပြီးမှ "တိတ်တိတ်နေစမ်း" ဟု တိုးလျစွာပြောလာသည်။

သူ့ပုံစံက အနည်းငယ် ဒေါသထွက်နေသလိုပင်။

ကျွန်တော်တို့ လမ်းခွဲတုန်းကတောင် သူ ဒီလောက်ထိ ဒေါသထွက်ခြင်းမရှိခဲ့။

ကျစ်၊ ဒါ မင်းရဲ့ သကြားဖေဖေကို ခေါ်နည်းတဲ့လား။

ဆူးယွီ ရက်အနည်းငယ်အကြာမှာ နှစ်ယောက်လုံး အကျိုးအမြတ်ရှိ၊ ဖြစ်ကတတ်ဆန်းနိုင်လှသည့်စာချုပ်ကို သဘောတူလာသည်။ ကျွန်တော် နှစ်တွေအတော်ကြာ ပိုက်ဆံအများကြီး ရှာနိုင်ခဲ့တာတော့ မဟုတ်ပေမယ့် ပိုက်ဆံတော့ လုံလုံလောက်လောက်ရှိသည်။ မြို့အလည််မှာ သူ နှစ်နှစ်ကျော်စုမှ ဝယ်လို့ရနိုင်မည့် အိမ်တစ်လုံးလည်း ကျွန်တော့်မှာ ရှိသည်။ ကျွန်တော် ဓာတ်ပုံမိတ္တူကူးပေးသည့်ဆိုင်ကို တကူးတကသွားပြီးတောင် ကော်ပီနှစ်ခု ကူးထားလိုက်သေးသည်။ ကျွန်တော် ဘာတစ်ခုကိုမှ ဖယ်ချန်လစ်ဟာခြင်းမရှိ။

ဆူးယွီကတော့ ထုံးစံအတိုင်း အေးစက်စက်။

ဆူးယွီက မာမာထန်ထန်ကောင်လေးပုံစံဖြစ်ပေမယ့် တကယ်တမ်း သူက သူ့ကတိကို ဖျက်လေ့ရှိသူ မဟုတ်။

ကျွန်တော်တို့နှစ်ယောက်လုံး ခံစားချက်ရှေ့တန်းတင်ခြင်းကို ရှောင်ကြဉ်ဖို့ သဘောတူထားခဲ့သည်။ အသည်း၊ အဆုတ်၊ ကျောက်ကပ်၊ ကျွန်တော်တို့ ကြိုက်ရာနေရာကို ဝင်ခွင့်ပေးထားပေမယ့် နှလုံးသားကတော့ ဝင်ခွင့်မရ နယ်မြေပင်။

ထို့ကြောင့်လည်း ကျွန်တော် သေသွားချိန်မှာ စိတ်အေးအေးဖြင့် ထွက်သွားနိုင်တာဖြစ်သည်။

သို့ပေမယ့် အခုတော့ ဒီလိုယုံကြည်ချက်ရှိဖို့ အရမ်းစောသေးသလို ခံစားနေမိသည်။

သူ လက်ထပ်တော့မယ့်အချိန်မှာ ကျွန်တော့်အတွက် ဆေးဖျော်ပေးနေတုန်းတဲ့။ ကျွန်တော့်ကို သူ့ဘဝထဲက လုံးဝရှင်းထုတ်ဖို့ ခက်ခဲနေတာလား။

ပျော်ရွှင်စရာ လက်ထပ်ပွဲဆိုတာမျိုးက ဒီလိုကျင်းပရတာလား??

12.

ဆေးနှင့် ပတ်သတ်တာများ ရှင်းလင်းပြီးချိန်တွင် ဆူးယွီ ဂိမ်းဆော့နေတော့သည်။ သူက ဒီအိမ်ထဲမှာ သူ့အပြင် အခြားလူတစ်ယောက်ရှိနေသေးသည်ဆိုတာကို လုံးဝ သတိမူမိခြင်းမရှိ။

အာ၊ မှားလို့ .. သရဲ။

ကျွန်တော် ဂိမ်း ဘယ်လိုဆော့ရမလဲ မသိတာမို့ ကွန်ပြူတာအရှေ့သွားရှုပ်လေ့မရှိ။ သာမန်အားဖြင့် ဒီလိုအချိန်မျိုးတွင် ကျွန်တော် ဆိုဖာပေါ် ကားယားဆန့်ပြီး iPadဖြင့် ဇာတ်ကားကြည့်လိုက်၊ ဝတ္ထုဖတ်လိုက် လုပ်နေတတ်သည်။ သို့ပေမယ့် အခုလောလောဆယ်မှာတော့ ကျွန်တော် ဘာကိုမှ ထိမရတာမို့ အခန်းအတွင်း ဦးတည်ရာမဲ့စွာ ဟိုမျောဒီမျော လုပ်နေရသည်။ ဟိုဟိုဒီဒီ မျောလွင့်နေပြီးနောက် ကျွန်တော် ဧည့်ခန်းရှိရာဆီသို့ ပြေးသွားလိုက်ပြီး ပျင်းရိရိဖြစ်လာချိန်တွင် ကျွန်တော့်ကို ရှောင်းပိုင်က မျက်လုံးပြူးလျက်သား စိုက်ကြည့်နေသည်ကို မြင်လိုက်ရသည်။

ရှောင်းပိုင်ဆိုသည်က လူအရိုးစုတစ်ခု၊ ရှည်လျား သန်မာပြီး ချိတ်ဖြင့် ချိတ်ဆွဲထားခြင်းမရှိတာတောင် 180cm မြင့်မားသည်။ သူက ကျွန်တော့်ရဲ့ အဖိုးတန်ရတနာ၊ ယောက်ျားလေးမော်ဒယ်တစ်ယောက်။

ကျွန်တော်က နှာဗူးတစ်ယောက်မဟုတ်ပါဘူး ; ကျွန်တော်က ဆရာဝန်။

ဆရာဝန်တစ်ယောက်က သူ့အသက်သူ ပြန်မကယ်နိုင်တာ ထေ့ငေါ့ချင်စရာပဲမလား။

တကယ်တော့၊ ကျွန်တော် ဆေးပညာအကြောင်း လေ့လာခဲ့တာလည်း တစ်မျိုးတော့ကောင်းသည်၊ သေခြင်းတရားနှင့် ပတ်သတ်ပါက လူတော်တော်များများထက်ကို ပိုပြီးလက်သင့်ခံနိုင်နေသည်။ ဥပမာအားဖြင့် — ကျွန်တော့်ဆရာထံမှ ဆေးစစ်မှတ်တမ်းအကြောင်း လက်ခံကြားရချိန်တွင် ကျွန်တော့်လက်တွေက ဆူးယွီလို တုန်ယင်မနေ။

အသက်ငယ်ငယ်လေးနှင့် ပါကင်ဆန်ရောဂါဖြစ်နေတယ်တဲ့၊ ကျစ် .. သူလည်း ကျွန်တော်နှင့် ထူးမခြားနားပါပဲ။

ကျွန်တော်လက်လှမ်းပြီး ထိုအရိုးစုလေး၏ ပါးရိုးကို တို့ထိလိုက်သည်။ "နောက်ဆုံးတော့ ငါ မင်းထက် အရပ်ရှည်သွားပြီ၊ ရှောင်းပိုင်။ ငါ ကြိုက်သလောက် အရပ်ရှည်လို့ရနေပြီ။ ငါ ပုံစံအသွင်ပြောင်းလို့ရတဲ့ အရည်အချင်းတွေပါ ရှိနေပြီ။"

ရှောင်းပိုင်ကတော့ သူ့ကို လျစ်လျူရှုထားသည်။

ကျွန်တော် သူ့ကို အကြိမ်အနည်းငယ်ထပ်တို့ထိလိုက်သေးသည်။ "မင်း ငါ့အိမ်မှာ နေနေတာကြာပြီ။ မင်းသာ ကြွက်သားတွေ၊ အာရုံကြောတွေ နဂိုအတိုင်း ပြန်ဖြစ်လာရင် ဘယ်လိုပုံစံဖြစ်လာမလဲ ငါသိချင်သား။ မင်း အရိုးတွေကို ကြည့်ရပုံအရဆိုရင်တော့ မင်းက အတော်ချောမှာကွ။"

ရှောင်းပိုင် သူ့ကိုဆက်ပြီး လျစ်လျူရှုထားဆဲ။

ကျွန်တော် သူ့ကို ထပ်တို့ထိလိုက်သည်။ "ဘယ်လိုပဲဖြစ်ဖြစ် ဒီသခင်လေးလောက်တော့ မချောဘူးပေါ့။"

"Victory——!"

မိန်ကလေးအသံက မိုးခြိမ်းသံလို ထွက်လာပြီး သူ့ကို ကြက်သီးဖြန်းဖြန်းထသွားစေသည်။

ဆူးယွီ၊ ဒီခွေးလေး ဂိမ်းနိုင်ပြီး နားကြပ်ဆွဲဖြုတ်လိုက်တာပဲ!

ကျွန်တော်သိလိုက်တဲ့ နောက်တစ်ခုက ကျွန်တော့်ခန္ဓာကိုယ်တစ်ခုလုံး ပုံလျက်သားကျလာပြီး ကျွန်တော် လူသားဖြစ်နေတုန်းကထက် လေးလံနေသလို ခံစားလိုက်ရသည်။ တစ်စုံတစ်ခုက ကျွန်တော့် လည်ဂုတ်ကို လာညှိတွယ်နေသည်။ ကျွန်တော့်ပုံစံက စျေးထဲ အမဲသားချိတ်ထားခံရသလို ခံစားနေရသည်။

မြင်ကွင်းရဲ့ထောင့်က သိသိသာသာကို ပြောင်းလဲသွားပြီး ကျွန်တော် မြင်တွေ့နိုင်သည့်အရာများကလည်း ပြောင်းလဲသွားသည်။

ကျွန်တော် မတုန့်ပြန်နိုင်ခင် မိနစ်ဝက်လောက် ကြောင်အသွားမိသည်။

— ငါ ဒီသောက်အရိုးစုနဲ့ သွားချိတ်မိနေတာဟ!

KittyKitling

Translator: စံချိန်ချိုးတာပါ၊ တကယ် ဒီတစ်ပိုင်းကို လေးရက်ကြာအောင် ရေးခဲ့ရတယ် TT

ဆူးယွီက သူ့ကို မချစ်ဘူးပဲ ထင်နေတဲ့ သရဲလေး၊ .. ဘယ်လို သဘောရကြလဲ၊ ဆူးယွီက တကယ် မချစ်တာလား။ ><

_____///_____

[Zawgyi]

'ကၽြန္ေတာ္က သရဲတစ္ေကာင္'

1.

ကၽြန္ေတာ္က သရဲတစ္ေကာင္။

ကၽြန္ေတာ္ေသၿပီးတာ နာရီအနည္းငယ္မၽွ ရွိေနၿပီ။

အမွန္ေတာ့ ကၽြန္ေတာ္ ဒီအျဖစ္မွန္ကို ေကာင္းေကာင္းႀကီး ႀကိဳးစား လက္ခံၿပီးေနၿပီ။ သို႔ေပမယ့္ ဘဝကူးရာ နိုင္းဟဲ တံတားကေန ေဒါသတႀကီးလွည့္ထြက္ၿပီး ဒီေခြးသား ဆူးယြီကို လာရွာတဲ့အခ်ိန္ ... သူက ကၽြန္ေတာ့္ခႏၶာကိုယ္ကို ျဖတ္၊ ေသာ့ျဖင့္ တံခါးကိုဖြင့္ၿပီး အထဲေလၽွာက္ဝင္သြားေလသည္။

ကၽြန္ေတာ္ ခဏတာမၽွ ေတာင့္ခဲသြား၏။

Fuck!

သတင္းၾကားၾကားခ်င္း မုန့္ေဖာ္ ေပးလာတဲ့ စြတ္ျပဳတ္ရည္ကိုေတာင္ ေဒါသတႀကီး လႊင့္ပစ္ၿပီး ကၽြန္ေတာ့္ေနာက္မွာ တန္းဆီေနတဲ့သူေတြ ေၾကာက္လန့္သြားေအာင္ လုပ္မိတာေတြ အကုန္လုံးက အခုလို စိတ္ဓာတ္က်သြားဖို႔အတြက္ပဲဆိုတဲ့အေၾကာင္းကို ျမင္ေယာင္ၾကည့္ၾကည့္ပါ။

... ဒီေခြးမသားေလးကမွ ငါ့ကို မျမင္နိုင္တာ၊ ငါ ဘာလို႔ အလုပ္ရွုပ္ခံၿပီး ျပန္လာရတာလဲ။

2.

အာ, ဟုတ္သား၊ ကၽြန္ေတာ္ ကိုယ့္ကိုယ္ကိုယ္ အရင္မိတ္ဆက္သင့္တယ္မလား။

3.

ကၽြန္ေတာ့္နာမည္က .. ထားလိုက္ပါ။ သိလို႔လည္း ေျပာင္းလဲသြားမွာမွ မဟုတ္တာ။ ကၽြန္ေတာ္က အသစ္စက္စက္ သရဲေလး။ ကၽြန္ေတာ္ ေသတဲ့အခ်ိန္မွာ အသက္၂၆ႏွစ္ပဲ ရွိေသးတယ္။ ကၽြန္ေတာ့္ေသဆုံးမွုက ဒရမ္မာဆန္ဆန္ ဇာတ္လမ္းဇာတ္ကြက္မ်ိဳးျဖင့္ ေသဆုံးျခင္းမဟုတ္။ ေရာဂါတစ္မ်ိဳးေၾကာင့္ ျဖစ္သည္၊ အေသးအဖြဲ႕ေလးဆိုေပမယ့္ ကုမရသည့္ ေရာဂါပင္။

ဘဝကူးရာတံတားမွာ နာရီမ်ားစြာေစာင့္ၿပီးမွ ကၽြန္ေတာ္အလွည့္ကို ေရာက္ခဲ့သည္။ မုန့္ေဖာ္ထံမွ ခြက္ကို လွမ္းယူေနစဥ္ ကၽြန္ေတာ့္အေနာက္မွ ဝိဉာဥ္က ကၽြန္ေတာ့္အား တစ္ခုခု လွမ္းေျပာလာသည္။ ကၽြန္ေတာ့္မွာ ေဒါသထြက္ရလြန္းလို႔ အဘြားမုန့္ရဲ့ ခြက္ကိုေတာင္ လႊင့္ပစ္ၿပီး အၿငိဳးတႀကီးျဖင့္ ျပန္လွည့္ထြက္လာမိသည္။

ဆူးယြီက ထိမ္းျမားလက္ထပ္ဖို႔ လုပ္ေနတယ္တဲ့။

အဲ့တာကလည္း .. ကၽြန္ေတာ့္ ရက္လည္ေန႔မွာ။

4.

ဆူးယြီနဲ႔ ကၽြန္ေတာ့္ ဆက္ဆံေရးက အေတာ္ေလးေတာ့ ရွုပ္ရွုပ္ေထြးေထြးနိုင္သည္။

ရွင္းရွင္းေလး ေျပာရမယ္ဆိုရင္ေတာ့ သူက ကၽြန္ေတာ့္အထက္တန္းေက်ာင္းတုန္းက အတန္းေဖာ္။ လုံးဝႀကီး ရိုးရိုးသားသားေျပာရမယ္ဆို သူက ကၽြန္ေတာ့္ရဲ့ အခ်စ္ဦး။

ပိုၿပီး တိတိက်က်ရွင္းျပရပါက၊ အဲ့ျမဴဆြယ္ျဖားေယာင္းတတ္တဲ့ေခြးသားေလးက ကၽြန္ေတာ့္ရည္းစားေဟာင္း။

အျခားတစ္နည္းျဖင့္ ေျပာရရင္ေတာ့ ကၽြန္ေတာ္တို႔က အိပ္ရာေပၚက သူငယ္ခ်င္းေကာင္းမ်ား။

စကားလွေအာင္ ေျပာခ်င္ပါက၊ ကၽြန္ေတာ့္က သူ႔ကို သၾကားေဖေဖတစ္ေယာက္အေနႏွင့္ အလြန္ကို ရက္ေရာေပးခဲ့သည္။ အဲ့အခ်ိန္တုန္းကလည္း ကၽြန္ေတာ့္ဘက္က အရင္စၿပီး ညႇိႏွိုင္းေျပာခဲ့ရတာျဖစ္သည္။ ဒီေခြးသားေလးကေတာ့ မ်က္လုံးပင့္ၾကည့္ၿပီး ဝမ္းသာအားရပဲ သေဘာတူလာေလသည္။

အေနလည္း နီးသည္၊ ကၽြန္ေတာ့္ဘဝရဲ့ ေနာက္ဆုံးေန႔ရက္မ်ားကို အေဖာ္ျပဳေနေပးခဲ့တာလည္း သူတစ္ေယာက္ပင္။

တကယ္တမ္း၊ ခင္မင္ရင္းႏွီးခဲ့သည့္ လက္က်န္သံေယာဇဥ္ကို ေထာက္ၿပီး ကၽြန္ေတာ္ သူ႔ကို ျပန္လာမရွာသင့္။ သူ အျခားတစ္ေယာက္ႏွင့္ လက္ထပ္သည္ျဖစ္ေစ၊ လက္မထပ္သည္ျဖစ္ေစ၊ ကၽြန္ေတာ္ႏွင့္ သက္ဆိုင္ျခင္းမရွိမွန္းလည္း ကၽြန္ေတာ္ နားလည္သည္။

သို႔ေပမယ့္ ကၽြန္ေတာ့္ကို ေဒါသထြက္ေစသည္။ ေဒါသထြက္လြန္းတာမို႔ မရွိေတာ့တဲ့ ႏွလုံးသားေတာင္ ေပါက္ကြဲထြက္ေတာ့မတတ္ပင္။

သို႔ေပမယ့္ ဘာလို႔လဲ။

ဒါ အခုထိ ကၽြန္ေတာ္ အေျဖရွာမရေသးတဲ့ ေမးခြန္းတစ္ခု။

5.

ကၽြန္ေတာ္ ဘဝကူးရာတံတားမွ ျပန္ေရာက္လာကတည္းက ထိုအေၾကာင္းကို ေတြးေနမိတာျဖစ္သည္။ ဒါကလည္း ကၽြန္ေတာ္ဆိုသည္မွာ ရိုးသားေျဖာင့္မတ္ၿပီး တရားမၽွတျခင္း၏ အေစပါး သရဲျဖစ္ေနေသာေၾကာင့္ဟု ယုံၾကည္ထားသည္။ သူက အဲ့ေကာင္မေလးႏွင့္ မထိုက္တန္။

ဘယ္လိုပဲျဖစ္ပါေစ၊ သူ ကၽြန္ေတာ္ႏွင့္ ႏွစ္ေတြအမ်ားႀကီး အတူေန၊ အတူစား လုပ္ခဲ့သည္။ ထိုတစ္ေလၽွာက္လုံး သူမႏွင့္ လက္ထပ္ဖို႔ကိစၥ တစ္ခါေလးေတာင္ ဖြင့္ဟေျပာဆိုလာျခင္းမရွိ။ ဘယ္လိုလုပ္ၿပီး သူ ဒီေလာက္ထိ မေကာင္းတဲ့ ခင္ပြန္း ျဖစ္ေနရတာလဲ!?

ဒါ တရားလြန္လြန္းသည္။ ထို႔ေၾကာင့္လည္း ကၽြန္ေတာ္ စိတ္မခ်မ္းမသာျဖစ္ေနျခင္းပင္။

အဲ့တာေၾကာင့္ပဲ ျဖစ္ရမည္။

6.

ဆူးယြီက အိမ္ထဲ ေလၽွာက္ဝင္သြားၿပီျဖစ္သည္။ ကၽြန္ေတာ္ ေဘးဘီကို ၾကည့္လိုက္ေပမယ့္ အျပန္လမ္းကို ျပေပးေနသည့္ အမွတ္အသားမ်ား မရွိ။ အလ်င္စလို လွည့္ထြက္လာမိတုန္းက ေဒါသထြက္လြန္းေနတာမို႔ အျပန္လမ္းကို ဂ႐ုတစိုက္မွတ္ထားဖို႔လည္း ေမ့သြားသည္။ ကၽြန္ေတာ္ ျပန္သြားလို႔လည္း မရေတာ့တာမို႔ ဒီေခြးေနာက္မွ လိုက္ရင္းသာ အိမ္ထဲ ဝင္ခဲ့လိုက္ေတာ့သည္။

ဒါ ကၽြန္ေတာ့္အိမ္။ ေနာက္ပိုင္း ဆူးယြီပါ ေျပာင္းလာၿပီး ဒီအိမ္တြင္ အခ်ိန္အေတာ္ၾကာ အတူေနျဖစ္ခဲ့ၾကသည္။

ကၽြန္ေတာ္ မေသခင္ ဒီေခြးေကာင္ေလးကို ေျပာလိုက္ေသးသည္။ "ငါ မင္းကို ဒီအိမ္ေပးမယ္။ ဘယ္လိုပဲျဖစ္ျဖစ္၊ မင္းလည္း ဒီမွာအခ်ိန္အၾကာႀကီးေနခဲ့တာပဲ။ မင္းအတြက္ လက္ဖြဲ႕အေနနဲ႔ ငါ ခ်န္ထားေပးခဲ့မယ္။"

ေခြးေလးက ေပ်ာ္ေပ်ာ္ရႊင္ရႊင္ ရယ္နိုင္ဖို႔ကို ႀကိဳးစားေနရသလိုျဖင့္ ျပန္ေျပာလာသည္။ "မင္းနဲ႔ အၾကာႀကီးေနခဲ့တဲ့ အိမ္ေပၚကို ငါက ဘာလို႔အျခားတစ္ေယာက္ကို တက္ေနခြင့္ေပးရမွာလဲ။"

သူ အဲ့အခ်ိန္တုန္းက ကၽြန္ေတာ့္ေဆးမွုန့္မ်ားကို ေရာေပးေနတာျဖစ္သည္။ ေဆးနာမည္ကိုေတာ့ မမွတ္မိေတာ့ေပမယ့္ : ကၽြန္ေတာ္ မွတ္မိတာကေတာ့ အဲ့ဒါက အလြန္ကို ခါးလြန္းသည္။

သူ အံဆြဲဖြင့္ကာ အခ်ိဳရည္ႏွင့္ ေရာထည့္လိုက္ၿပီးေနာက္ ျဖဴသြယ္ေနတဲ့ သူ႔လက္ေခ်ာင္းမ်ားျဖင့္ ဖန္ခြက္ကို ခေလာက္ၿပီး ေဘးကို ခ်ကမ္းေပးလာသည္ : "ဒီေန႔က ပန္းသီးအရသာ။"

ထိုအေၾကာင္းအရာျမင္ကြင္းမ်ားက ကၽြန္ေတာ့္မ်က္စိေရွ႕ေမွာက္တြင္ တစ္ကြက္ခ်င္း ေပၚလာသည္။ ထိုအခ်ိန္က သူပုံစံက တကယ္ကို စိုးရိမ္စိတ္ပူေနပုံပင္။

အခုေတာ့ ကၽြန္ေတာ္ တံခါးဝမွာ ဘယ္ညာယိမ္းထိုးေနရင္း ေျပာင္းလဲျခင္းမရွိသည့္ အိမ္ကို ေငးၾကည့္ေနမိသည္။

— Damn, ဒီေခြးေကာင္သာ ငါ့ရက္လည္ေန႔မွာ လက္ထပ္ဖို႔လုပ္ေနမွန္းသိရင္ ဒီအိမ္ကို သူ႔ဆီထားခဲ့မယ့္အစား မီးရွို႔ယူသြားၿပီး ဘဝကူးရာမွာ ေအးေဆး ေနပစ္ပါတယ္။

7.

ဆူးယြီ အိမ္ထဲဝင္ၿပီးေနာက္ သူ႔လက္ပတ္နာရီကို တစ္ခ်က္ၾကည့္လိုက္သည္။ ငါးနာရီထိုးဖို႔ ၁၀မိနစ္လိုေသးသည္။

ထို႔ေနာက္မွာေတာ့ သူ အထဲဝင္သြားၿပီး ကၽြန္ေတာ္ကေတာ့ ပိုင္နက္ေစာင့္ စူပါအမဲလိုက္ေခြးငယ္ေလးလို အိမ္ရဲ့ေထာင့္တိုင္းကို ေျပးသြားၿပီး ျပင္းျပင္းျပၿပ အနံ႔လိုက္ခံေနမိသည္။

စားပြဲေပၚမွာေတာ့ ကၽြန္ေတာ္တို႔ႏွစ္ေယာက္ပုံ ရွိေနေသးသည္။ ေကာင္းတယ္၊ သူ ေစ့စပ္ထားတဲ့ေကာင္မေလးနဲ႔ ပုံ မေျပာင္းေသးဘူး။

ကၽြန္ေတာ္ အျမတ္တနိုးတန္ဖိုးထားရတဲ့ ေရွာင္းပိုင္*ကလည္း နံရံေဘးမွာ တင့္တင့္တယ္တယ္ မတ္တပ္ရပ္ေနဆဲ။ ေကာင္းလြန္းတယ္၊ သူ႔ေကာင္မေလး ေၾကာက္လန့္တၾကား ထြက္ေျပးမွာကို သူ ေတြးမပူဘူး။

အိမ္ကလည္း ကၽြန္ေတာ့္အႀကိဳက္ အနက္၊အျဖဴႏွင့္ အညိဳလိုင္းထပ္မ်ားျဖင့္ တန္ဆာဆင္ထားဆဲ။ အေကာင္းဆုံးပဲ၊ နံရံေပၚ မဂၤလာေဆာင္ခါနီး ကပ္ရမယ့္ဟာေတြ မကပ္ထားေသးဘူး။

ေနပါဦး။

သူ ဘာလို႔ အရင္က ကၽြန္ေတာ္ စားပြဲေပၚ တင္ထားခဲ့တဲ့ ေဘာပင္ကို ေနရာမေရြ႕ရေသးတာလဲ။

အန္?

ကၽြန္ေတာ္ ဖြင့္ထားတာၾကာၿပီျဖစ္တဲ့ အာလူးေၾကာ္ထုတ္ကိုေကာ သူဘာလို႔ မလႊင့္ပစ္ေသးတာလဲ။

8.

ကၽြန္ေတာ္ ထြက္သြားတုန္းကအတိုင္း ေျပာင္းလဲျခင္းရွိမေနသည့္ အခန္းပတ္လည္ကို လွည့္ၾကည့္ရင္း ေခါင္းရွုပ္သြားေတာ့သည္။

ထို႔ေနာက္တြင္မွာ ကၽြန္ေတာ္ ႐ုတ္ခ်ည္းဆိုသလို လက္ေတြ႕ဆန္ျခင္းၾကားထဲ ျပန္လည္နိုးထလာေတာ့သည္။

ဆူးယြီတို႔မိသားစုက ပိုက္ဆံခ်မ္းသာၿပီး သူကိုယ္တိုင္ကလည္း အရင္က ကုမၸဏီေကာင္းေကာင္းတစ္ခုမွာ အလုပ္ရထားသည္။ ကၽြန္ေတာ့္အိမ္ကို မဂၤလာအိမ္အျဖစ္ သုံးဖို႔ မလိုအပ္။ ေရြ႕ေျပာင္းထားျခင္းမရွိသည့္ ကၽြန္ေတာ့္ပိုင္ဆိုင္မွုမ်ားကေတာ့၊ သူ အိမ္ရွင္းတုန္းက သိမ္းစည္းဖို႔ ေမ့သြားတာ ျဖစ္နိုင္ေလာက္မည္။

ကၽြန္ေတာ္ စိတ္ေအးသလိုျဖစ္သြားေပမယ့္လည္း ရင္ထဲ အနည္းငယ္မၽွ လွစ္ဟာသလိုခံစားေနရသည္။ သရဲတစ္ေယာက္အေနျဖင့္ ကၽြန္ေတာ္ အလြန္ကို စိတ္ဓာတ္က်ေနၿပီး ခံစားလြယ္လြန္းေနသည္။ ထို႔ေၾကာင့္ ကၽြန္ေတာ္ အေတြးအာ႐ုံမ်ားေျပာင္းဖို႔ အခန္းကို ေသခ်ာ ပတ္လွည့္ၾကည့္ရွုလိုက္သည္။ ကၽြန္ေတာ္ တစ္ဖက္လွည့္လိုက္ခ်ိန္တြင္ စားပြဲေပၚတြင္ ကၽြန္ေတာ္တို႔ႏွစ္ေယာက္၏ ဓာတ္ပုံရွိေနသည္။

ထိုဓာတ္ပုံေလးက ကၽြန္ေတာ္တို႔ အထက္တန္းေက်ာင္း ေနာက္ဆုံးႏွစ္မွာရိုက္ထားျခင္းျဖစ္သည္။ ပ်င္းရိစရာေကာင္းသည့္ ဘတ္စကတ္ေဘာၿပိဳင္ပြဲကို ၾကည့္ဖို႔ ပထမဆုံးအႀကိမ္ ေက်ာင္းလစ္ခဲ့ျခင္းလည္း ျဖစ္သည္။ ဓာတ္ပုံထဲမွာ ကၽြန္ေတာ္က အ႐ူးတစ္ေယာက္လို ျပဳံးေနၿပီး ဆူးယြီမ်က္ႏွာကေတာ့ ေရခဲျဖင့္ ထုဆစ္ထားသည့္အလား ေအးစက္ၿပီး အမူအရာမဲ့ေနသည္။

သို႔ေပမယ့္လည္း ေျပာရမယ္ဆိုရင္ ဒီလိုေကာင္ေလးပုံစံမ်ိဳးက ေကာင္မေလးမ်ားအၾကားတြင္ အလြန္ကို ေရပန္းစားသည္။ အထက္တန္းေက်ာင္းစကတည္းက ေကာင္မေလးေတြ သူ႔အား အခ်စ္စာႏွင့္ လက္ေဆာင္ ေပးပို႔ျခင္းမ်ား ရပ္တန့္သြားသည္ကိုမရွိ။

ဓာတ္ပုံထဲက လူႏွစ္ေယာက္က နီးနီးကပ္ကပ္ ရပ္ေနၾကသည္။ ေအးစက္ေနသည့္မ်က္ႏွာႏွင့္ ေကာင္ေလးကို ေနေရာင္ျခည္လိုေတာက္ပေနသည့္အျပဳံးႏွင့္ ေကာင္ေလးက ဖက္တြယ္ထားသည္။ သူတို႔ႏွစ္ေယာက္က ဘယ္ေတာ့မွ ခြဲခြါသြားၾကမွာ မဟုတ္သကဲ့သို႔ ရင္းႏွီးေနပုံေပၚသည္။

ဒီဓာတ္ပုံထဲမွ လူႏွစ္ေယာက္က တူညီတဲ့ အခန္းထဲ တူညီတဲ့ အခ်ိန္တစ္ခုမွာ အတူရွိေနၾကေပမယ့္ ကမၻာေပၚတြင္ ကြာဟမွုအႀကီးမားဆုံးျဖစ္သည့္ ေသျခင္းႏွင့္ ရွင္ျခင္းဆိုသည့္ သေဘာဘဘာဝျဖင့္ ကြဲကြာသြားေလ့မည္ဟု ဘယ္သူက ေတြးထားမိမွာလဲ။

ကၽြန္ေတာ္ ေနာက္ဆုံးထြက္သက္ ရွုထုတ္ၿပီးကတည္းက ဒီကံၾကမၼာကို လက္ခံထားၿပီးသားဆိုေပမယ့္ ဒီအေျခအေနမွာေတာ့ အနည္းငယ္မၽွ ဝမ္းနည္းသြားမိသည္။

9.

ဆူးယြီရဲ့ ဖုန္းAlarmက ၁၀နာရီတိတိမွာ ထျမည္လာသည္။

ကၽြန္ေတာ္ ရင္းႏွီးေနက်အသံေလးကို ၾကားမိေတာ့ မီးဖိုေဆာင္ေနရာကို မသိမသာတစ္ခ်က္ လွမ္းၾကည့္လိုက္မိသည္။ ဆူးယြီက အဲ့ေနရာမွာ ရပ္လ်က္ရွိေနၿပီး ျဖစ္သည္။

သူ ဗီဒိုအံဆြဲကို ဖြင့္ၿပီး ကၽြန္ေတာ္ တန္းမေျပာနိုင္သည့္ ေဆးအမည္ႏွင့္ ေဆးဗူးကို ထုတ္လိုက္သည္။ ေရေႏြးနဲ႔ ထည့္ေဖ်ာၿပီးခ်ိန္မွာေတာ့ ထိုဗီဒိုထဲကပဲ ေဖ်ာ္ရည္ပုလင္းကို ယူကာ ၁ : ၁ ပုံစံျဖင့္ ေရာေမႊလိုက္သည္။ သူ၏ ဆြဲေဆာင္မွုရွိစြာ သြယ္လ်ရွည္လ်ားေနေသာ လက္ေခ်ာင္းေလးမ်ားက ဖန္ခြက္ကို လွုပ္ေနရင္း ေဘးကို လက္ကမ္းေပးလာသည္။

အင္း၊ ဒီေန႔က ဗုဒၶဟူးေန႔ဆိုေတာ့ စေတာ္ဘယ္ရီအရသာ ျဖစ္လိမ့္မည္။

ကၽြန္ေတာ္ ေပ်ာ္ေပ်ာ္ႀကီး လွမ္းယူလိုက္ေပမယ့္ ကၽြန္ေတာ့္လက္မ်ားက ဆူးယြီလက္ကို ေဖာက္ထြက္သြားသည္။ ကၽြန္ေတာ္က ျမဴမွုန္လိုပင္၊ ဘာကိုမွ ထိေတြ႕နိုင္ျခင္းမရွိ။

ကၽြန္ေတာ္ ေၾကာင္အသြားသည္။

ဆူးယြီကေတာ့ ဒီအတိုင္း ၿငိမ္သက္ေနဆဲ။ ထို႔ေနာက္တြင္မွ သူေျပာေနက် "ျဖည္းျဖည္းေသာက္" ဟူသည့္ စကားကို ေျပာလာၿပီး ကၽြန္ေတာ္ ဂနာမၿငိမ္ထိုင္ေလ့ရွိသည့္ ေနရာနားတြင္ ဖန္ခြက္ကို ခ်ေပးလာသည္။

သူလည္း ကၽြန္ေတာ္ႏွင့္ အတူတူပဲျဖစ္လိမ့္မည္။ ဒါက အက်င့္တစ္ခုလိုျဖစ္လာတာမို႔ သူ႔ဘာသာ ရွက္သြားမည့္အခ်ိန္ကို ကၽြန္ေတာ္ ေစာင့္ေနမိသည္။ ဘယ္လိုပဲျဖစ္ျဖစ္ ႏွစ္မိနစ္အၾကာမွာေတာ့ သူက ဖန္ခြက္ကို ေနာက္တစ္ႀကိမ္ေကာက္ကိုင္ၿပီး ေျပာလိုက္သည္။

"ေျပာင္သလင္ ခါသြားတာကို မအံ့ဩေတာ့ပါဘူး၊ ဒီေန႔က စေတာ္ဘယ္ရီအရသာပဲကို။"

သူ အႀကိမ္ေပါင္းမ်ားစြာ ေျပာခဲ့သလိုမ်ိဳးပင္။

ထို႔ေနာက္မွာေတာ့ ေဆးရည္မ်ားက ေဘစင္ထဲ သြန္ခ်ျခင္းခံလိုက္ရသည္။

ကၽြန္ေတာ္ ေနာက္ထပ္တစ္ႀကိမ္ ေၾကာင္အသြားျပန္သည္။

Fuck.

ကၽြန္ေတာ္ ေသၿပီးသြားၿပီမဟုတ္လား၊ ဘာလို႔ ကၽြန္ေတာ့္ႏွလုံးသားက ႐ုတ္တရက္ဆိုသလို အမ်ားႀကီး နာက်င္လာရတာလဲ။

ၿပီးေတာ့ ဒီအတန္းေဖာ္ေလး၊ နိုင္ငံျခားကမွာယူရတဲ့ ေဆးေတြက ေသာင္းေက်ာ္ေပးရတယ္ဆိုတာ မင္းသိရဲ့လား။

10.

ထားပါေတာ့၊ ေဆးက ေစ်းႀကီးေပမယ့္လည္း ဆူးယြီကိုယ္တိုင္ ေသာက္မွာလည္း မဟုတ္။ မင္း သြန္ခ်င္ရင္ သြန္သာသြန္လိုက္ေတာ့။

ဒါ ေန႔တစ္ေန႔ရဲ့ အဆုံးသတ္ခ်ိန္ပဲ ရွိေသးသည္။ အခုေတာ့ ကၽြန္ေတာ္ ဒီအတန္းေဖာ္ေလးရဲ့ စိတ္က်န္းမာေရးႏွင့္ ပတ္သတ္ၿပီး စိတ္ပူပန္လာၿပီ။

ကၽြန္ေတာ္ မေသခင္က ကၽြန္ေတာ္ေသသြားရင္ ဘာဆက္လုပ္မလဲဟု သူ႔ကို ေမးခဲ့ဖူးသည္။

အဲ့အခ်ိန္တုန္းက ကၽြန္ေတာ့္မွာ အသိတရားဆိုတာေလး အနည္းငယ္ က်န္ရွိေနေသးတာမို႔ သူ႔အတြက္ စိတ္ပူပန္မိသည္။ သူ႔မွာ ကၽြန္ေတာ့္ရဲ့ သၾကားကေလးေလးအျဖစ္ေနရတာကို က်င့္သားရေနၿပီမို႔ ကၽြန္ေတာ္သာ ေသသြားရင္ သူ ဘာလုပ္ၿပီး အသက္ဆက္ရွင္ပါ့မလဲ။

ကၽြန္ေတာ္ အညြန့္တလူလူနဲ႔ လူငယ္တစ္ေယာက္ဘဝကို ဖ်က္ဆီးလိုက္မိၿပီလား။

ဆူးယြီက ထိုအခ်ိန္တုန္းက ဂိမ္းေဆာ့ေနျခင္းတြင္ စ်ာန္ဝင္စားေနသည္။ သူ ကၽြန္ေတာ့္ေမးခြန္းကို ၾကားခ်ိန္မွာေတာ့ ေမာ့ၾကည့္ၿပီး ေလးေလးနက္နက္ေတြးေပးလာသည္။ ထို႔ေနာက္ သူ သၾကားေဖေဖေနာက္တစ္ေယာက္ ရွာလိုက္မွာေပါ့ဟု ေျပာလာသည္။

ကၽြန္ေတာ္ ႏွလုံးသားထဲ ငိုခ်င္းခ်မိေတာ့သည္။ သြားၿပီ၊ ငါသူ႔ကို ဖ်က္ဆီးမိသြားၿပီ။

သို႔ေပမယ့္ ဆူးယြီက ကၽြန္ေတာ္ မထင္ထားေလာက္ေအာင္ကို ျမင္ရတဲ့ပုံစံနဲ႔ တစ္ျခားစီ ထူးခၽြန္ျခင္း ရွိမေန။ သူ ရထားသည့္ ေက်ာင္းဆုတံဆိပ္လက္မွတ္၊ ေကာလိပ္ ဘြဲ႕ရလက္မွတ္၊ ဆုတံဆိတ္မ်ားက အကုန္စုလိုက္ရင္ေတာင္ လူဖိသတ္လို႔ ရနိုင္သည္။ ဒီလို ဘက္စုံေတာ္ေနတဲ့ေကာင္ေလးက ကၽြန္ေတာ့္လို ရွိသမၽွ ခ်မ္းသာမွုေတြနဲ႔ ပုံေအာေစာင့္ေရွာက္ၿပီး သက္တမ္းတိုတိုပဲ ေနဖို႔ က်န္ေတာ့တဲ့ လူဆိုတာ အမ်ားႀကီးရွိမေနဘူးဆိုသည့္အေၾကာင္းကို သိသင့္သည္။

ကၽြန္ေတာ္ ေနာက္ပိုင္း သူ႔အရင္သူေဌးႏွင့္ သူ စကားေျပာေနတာကို နားစြန္နားဖ်ားၾကားလိုက္ရသည္။ သူ႔သူေဌးအသံက အလုပ္ျပန္လာေစခ်င္ေနပုံပင္။ ရာထူးႏွင့္ လစာတိုးျခင္းအေၾကာင္းေတြကိုပါ ထည့္ေျပာလာသည္။

အဲ့အခ်ိန္တုန္းက ဆူးယြီက ဝရံတာမွာ ေဆးလိပ္ေသာက္လ်က္ ရွိေနသည္။ ေဆးလိပ္ေငြ႕မ်ားအၾကား ရပ္ေနသည့္သူ႔ပုံက ႀကီးျမတ္လွသည့္ နတ္ဘုရားတစ္ေယာက္လိုပင္။ သူ၏သဲသဲကြဲကြဲမရွိေသာ အသံေလးက ေႏြရာသီေလေျပေႏြးေလးျဖင့္ ေရာေထြးလြင့္ျပယ္လာသည္။

"ကၽြန္ေတာ္ အဲ့အေၾကာင္းေတြ အခုမေတြးခ်င္ေသးဘူး။ ေနာက္မွ ေဆြးေႏြးၾကတာေပါ့။"

"အခု"ဆိုသည့္ စကားကို ၾကားလိုက္သည္ႏွင့္ ကိစၥတစ္ခုခုရွိေနမွန္း ကၽြန္ေတာ္သိလိုက္သည္။ ထို႔ေၾကာင့္လည္း ကၽြန္ေတာ္ သူ႔ကို ဘာမွ ေမးျမန္းျခင္းမျပဳခဲ့။

ဘယ္လိုပဲျဖစ္ပါေစ၊ အခု ၾကည့္ရသည္မွာ သူ လက္ထပ္၊ ပ်ားရည္ဆမ္းခရီးထြက္ၿပီးတာႏွင့္ အလုပ္ တန္းျပန္ဝင္လုပ္မည့္ပုံေပၚသည္။

သူေဌးက လက္ထပ္ပြဲအတြက္ အားလပ္ရက္ ခြင့္ေပးတာကို ျငင္းပစ္တယ္၊ သူ ႐ူးေနတာလား!?

11.

ကၽြန္ေတာ္ ခဏတာမၽွ အေတြးလြန္ရင္း သူ၏ တည္တည္ၿငိမ္ၿငိမ္ရွိလွသည့္ ေနာက္ေက်ာကို ေငးၾကည့္ေနမိသည္။

ကၽြန္ေတာ္တို႔ရဲ့ "ခ်ိဳၿမိန္သာယာ" အခ်စ္ဇာတ္လမ္းေလး စတင္ၿပီးေနာက္ လမ္းခြဲသည့္အဆင့္ကို ေရာက္သြားသည္မွာ ႏွစ္မ်ားစြာ ၾကာၿပီးျဖစ္သည္။ "စိတ္ျပတ္ျပတ္သားသားရွိတဲ့ ရည္းစားေဟာင္းဆိုတာ တစ္ေယာက္ျမင္ကြင္းမွာ တစ္ေယာက္ ျပန္ေပၚလာျခင္း မရွိၾကဘူး" ဆိုသည့္ စည္းမ်ဥ္းခ်က္အတိုင္း ကၽြန္ေတာ္တို႔ႏွစ္ေယာက္ တစ္ေယာက္ကမၻာမွာ တစ္ေယာက္မရွိခဲ့ၾကသည့္အလား ဒီၾကားကာလ ႏွစ္မ်ားတြင္ အခ်င္းခ်င္း ဆက္သြယ္ျခင္း မရွိၾက။

သူ႔ကို ျပန္သြားရွာျခင္းက အနည္းငယ္ေတာ့ ရွက္စရာေကာင္းခဲ့သည္။ ကၽြန္ေတာ္လည္း အရြယ္တစ္ခုရေနၿပီျဖစ္သည့္ ေၾကာင္သူေတာ္ေဆာင္ ေယာက္်ားတစ္ေယာက္ျဖစ္ေနတာေၾကာင့္ပင္။ ကၽြန္ေတာ္ ျဖစ္ကတတ္ဆန္း ေရးသားထားသည့္ "ေထာက္ပံ့မွု" စာခ်ဳပ္ကို သူ႔ရင္ဘတ္တည့္တည့္ ပစ္ေပးၿပီး မ်က္ခုံးပင့္၊ အလြန္ေခ်ာေမာ၊ စတိုင္က်ေနသည့္ ေကာင္ေလးတစ္ေယာက္လို အထက္ဆီးမွ ေျပာလိုက္သည္။

"ငါက မင္းရဲ့ခႏၶာကိုယ္ကိုပဲ လိုခ်င္တာ၊ မင္းရဲ့ႏွလုံးသားကို မဟုတ္ဘူး။"

သူ ကၽြန္ေတာ့္ရဲ့ ေဆးစစ္တမ္းကို ဖတ္ေနခ်ိန္မို႔ ကၽြန္ေတာ္ေျပာသမၽွကို လ်စ္လ်ရွုထားသည္။

သြယ္လ်ရွည္လ်ားၿပီး အဆစ္မ်ားထင္းေနသည့္ လက္ေခ်ာင္းမ်ားက တုန္ယင္ေနသည္။

ကၽြန္ေတာ့္ သူ႔ကို ၾကည့္ၿပီး ရယ္မိသြားသည္။ အသက္၂၀အရြယ္ပဲ ရွိေသးတဲ့ လူေတြလည္း ပါကင္ဆန္ေရာဂါ* ရနိုင္တာပဲလား။

[T/N : အေၾကာအားနည္း၍ ေျခလက္တုန္ေသာေရာဂါ]

သူ အခ်ိန္အေတာ္ၾကာ ေခါင္းငုံေနၿပီးမွ "တိတ္တိတ္ေနစမ္း" ဟု တိုးလ်စြာေျပာလာသည္။

သူ႔ပုံစံက အနည္းငယ္ ေဒါသထြက္ေနသလိုပင္။

ကၽြန္ေတာ္တို႔ လမ္းခြဲတုန္းကေတာင္ သူ ဒီေလာက္ထိ ေဒါသထြက္ျခင္းမရွိခဲ့။

က်စ္၊ ဒါ မင္းရဲ့ သၾကားေဖေဖကို ေခၚနည္းတဲ့လား။

ဆူးယြီ ရက္အနည္းငယ္အၾကာမွာ ႏွစ္ေယာက္လုံး အက်ိဳးအျမတ္ရွိ၊ ျဖစ္ကတတ္ဆန္းနိုင္လွသည့္စာခ်ဳပ္ကို သေဘာတူလာသည္။ ကၽြန္ေတာ္ ႏွစ္ေတြအေတာ္ၾကာ ပိုက္ဆံအမ်ားႀကီး ရွာနိုင္ခဲ့တာေတာ့ မဟုတ္ေပမယ့္ ပိုက္ဆံေတာ့ လုံလုံေလာက္ေလာက္ရွိသည္။ ၿမိဳ႕အလည္္မွာ သူ ႏွစ္ႏွစ္ေက်ာ္စုမွ ဝယ္လို႔ရနိုင္မည့္ အိမ္တစ္လုံးလည္း ကၽြန္ေတာ့္မွာ ရွိသည္။ ကၽြန္ေတာ္ ဓာတ္ပုံမိတၱဴကူးေပးသည့္ဆိုင္ကို တကူးတကသြားၿပီးေတာင္ ေကာ္ပီႏွစ္ခု ကူးထားလိုက္ေသးသည္။ ကၽြန္ေတာ္ ဘာတစ္ခုကိုမွ ဖယ္ခ်န္လစ္ဟာျခင္းမရွိ။

ဆူးယြီကေတာ့ ထုံးစံအတိုင္း ေအးစက္စက္။

ဆူးယြီက မာမာထန္ထန္ေကာင္ေလးပုံစံျဖစ္ေပမယ့္ တကယ္တမ္း သူက သူ႔ကတိကို ဖ်က္ေလ့ရွိသူ မဟုတ္။

ကၽြန္ေတာ္တို႔ႏွစ္ေယာက္လုံး ခံစားခ်က္ေရွ႕တန္းတင္ျခင္းကို ေရွာင္ၾကဥ္ဖို႔ သေဘာတူထားခဲ့သည္။ အသည္း၊ အဆုတ္၊ ေက်ာက္ကပ္၊ ကၽြန္ေတာ္တို႔ ႀကိဳက္ရာေနရာကို ဝင္ခြင့္ေပးထားေပမယ့္ ႏွလုံးသားကေတာ့ ဝင္ခြင့္မရ နယ္ေျမပင္။

ထို႔ေၾကာင့္လည္း ကၽြန္ေတာ္ ေသသြားခ်ိန္မွာ စိတ္ေအးေအးျဖင့္ ထြက္သြားနိုင္တာျဖစ္သည္။

သို႔ေပမယ့္ အခုေတာ့ ဒီလိုယုံၾကည္ခ်က္ရွိဖို႔ အရမ္းေစာေသးသလို ခံစားေနမိသည္။

သူ လက္ထပ္ေတာ့မယ့္အခ်ိန္မွာ ကၽြန္ေတာ့္အတြက္ ေဆးေဖ်ာ္ေပးေနတုန္းတဲ့။ ကၽြန္ေတာ့္ကို သူ႔ဘဝထဲက လုံးဝရွင္းထုတ္ဖို႔ ခက္ခဲေနတာလား။

ေပ်ာ္ရႊင္စရာ လက္ထပ္ပြဲဆိုတာမ်ိဳးက ဒီလိုက်င္းပရတာလား??

12.

ေဆးႏွင့္ ပတ္သတ္တာမ်ား ရွင္းလင္းၿပီးခ်ိန္တြင္ ဆူးယြီ ဂိမ္းေဆာ့ေနေတာ့သည္။ သူက ဒီအိမ္ထဲမွာ သူ႔အျပင္ အျခားလူတစ္ေယာက္ရွိေနေသးသည္ဆိုတာကို လုံးဝ သတိမူမိျခင္းမရွိ။

အာ၊ မွားလို႔ .. သရဲ။

ကၽြန္ေတာ္ ဂိမ္း ဘယ္လိုေဆာ့ရမလဲ မသိတာမို႔ ကြန္ျပဴတာအေရွ႕သြားရွုပ္ေလ့မရွိ။ သာမန္အားျဖင့္ ဒီလိုအခ်ိန္မ်ိဳးတြင္ ကၽြန္ေတာ္ ဆိုဖာေပၚ ကားယားဆန့္ၿပီး iPadျဖင့္ ဇာတ္ကားၾကည့္လိုက္၊ ဝတၳဳဖတ္လိုက္ လုပ္ေနတတ္သည္။ သို႔ေပမယ့္ အခုေလာေလာဆယ္မွာေတာ့ ကၽြန္ေတာ္ ဘာကိုမွ ထိမရတာမို႔ အခန္းအတြင္း ဦးတည္ရာမဲ့စြာ ဟိုေမ်ာဒီေမ်ာ လုပ္ေနရသည္။ ဟိုဟိုဒီဒီ ေမ်ာလြင့္ေနၿပီးေနာက္ ကၽြန္ေတာ္ ဧည့္ခန္းရွိရာဆီသို႔ ေျပးသြားလိုက္ၿပီး ပ်င္းရိရိျဖစ္လာခ်ိန္တြင္ ကၽြန္ေတာ့္ကို ေရွာင္းပိုင္က မ်က္လုံးျပဴးလ်က္သား စိုက္ၾကည့္ေနသည္ကို ျမင္လိုက္ရသည္။

ေရွာင္းပိုင္ဆိုသည္က လူအရိုးစုတစ္ခု၊ ရွည္လ်ား သန္မာၿပီး ခ်ိတ္ျဖင့္ ခ်ိတ္ဆြဲထားျခင္းမရွိတာေတာင္ 180cm ျမင့္မားသည္။ သူက ကၽြန္ေတာ့္ရဲ့ အဖိုးတန္ရတနာ၊ ေယာက္်ားေလးေမာ္ဒယ္တစ္ေယာက္။

ကၽြန္ေတာ္က ႏွာဗူးတစ္ေယာက္မဟုတ္ပါဘူး ; ကၽြန္ေတာ္က ဆရာဝန္။

ဆရာဝန္တစ္ေယာက္က သူ႔အသက္သူ ျပန္မကယ္နိုင္တာ ေထ့ေငါ့ခ်င္စရာပဲမလား။

တကယ္ေတာ့၊ ကၽြန္ေတာ္ ေဆးပညာအေၾကာင္း ေလ့လာခဲ့တာလည္း တစ္မ်ိဳးေတာ့ေကာင္းသည္၊ ေသျခင္းတရားႏွင့္ ပတ္သတ္ပါက လူေတာ္ေတာ္မ်ားမ်ားထက္ကို ပိုၿပီးလက္သင့္ခံနိုင္ေနသည္။ ဥပမာအားျဖင့္ — ကၽြန္ေတာ့္ဆရာထံမွ ေဆးစစ္မွတ္တမ္းအေၾကာင္း လက္ခံၾကားရခ်ိန္တြင္ ကၽြန္ေတာ့္လက္ေတြက ဆူးယြီလို တုန္ယင္မေန။

အသက္ငယ္ငယ္ေလးႏွင့္ ပါကင္ဆန္ေရာဂါျဖစ္ေနတယ္တဲ့၊ က်စ္ .. သူလည္း ကၽြန္ေတာ္ႏွင့္ ထူးမျခားနားပါပဲ။

ကၽြန္ေတာ္လက္လွမ္းၿပီး ထိုအရိုးစုေလး၏ ပါးရိုးကို တို႔ထိလိုက္သည္။ "ေနာက္ဆုံးေတာ့ ငါ မင္းထက္ အရပ္ရွည္သြားၿပီ၊ ေရွာင္းပိုင္။ ငါ ႀကိဳက္သေလာက္ အရပ္ရွည္လို႔ရေနၿပီ။ ငါ ပုံစံအသြင္ေျပာင္းလို႔ရတဲ့ အရည္အခ်င္းေတြပါ ရွိေနၿပီ။"

ေရွာင္းပိုင္ကေတာ့ သူ႔ကို လ်စ္လ်ဴရွုထားသည္။

ကၽြန္ေတာ္ သူ႔ကို အႀကိမ္အနည္းငယ္ထပ္တို႔ထိလိုက္ေသးသည္။ "မင္း ငါ့အိမ္မွာ ေနေနတာၾကာၿပီ။ မင္းသာ ႂကြက္သားေတြ၊ အာ႐ုံေၾကာေတြ နဂိုအတိုင္း ျပန္ျဖစ္လာရင္ ဘယ္လိုပုံစံျဖစ္လာမလဲ ငါသိခ်င္သား။ မင္း အရိုးေတြကို ၾကည့္ရပုံအရဆိုရင္ေတာ့ မင္းက အေတာ္ေခ်ာမွာကြ။"

ေရွာင္းပိုင္ သူ႔ကိုဆက္ၿပီး လ်စ္လ်ဴရွုထားဆဲ။

ကၽြန္ေတာ္ သူ႔ကို ထပ္တို႔ထိလိုက္သည္။ "ဘယ္လိုပဲျဖစ္ျဖစ္ ဒီသခင္ေလးေလာက္ေတာ့ မေခ်ာဘူးေပါ့။"

"Victory——!"

မိန္ကေလးအသံက မိုးၿခိမ္းသံလို ထြက္လာၿပီး သူ႔ကို ၾကက္သီးျဖန္းျဖန္းထသြားေစသည္။

ဆူးယြီ၊ ဒီေခြးေလး ဂိမ္းနိုင္ၿပီး နားၾကပ္ဆြဲျဖဳတ္လိုက္တာပဲ!

ကၽြန္ေတာ္သိလိုက္တဲ့ ေနာက္တစ္ခုက ကၽြန္ေတာ့္ခႏၶာကိုယ္တစ္ခုလုံး ပုံလ်က္သားက်လာၿပီး ကၽြန္ေတာ္ လူသားျဖစ္ေနတုန္းကထက္ ေလးလံေနသလို ခံစားလိုက္ရသည္။ တစ္စုံတစ္ခုက ကၽြန္ေတာ့္ လည္ဂုတ္ကို လာညႇိတြယ္ေနသည္။ ကၽြန္ေတာ့္ပုံစံက ေစ်းထဲ အမဲသားခ်ိတ္ထားခံရသလို ခံစားေနရသည္။

ျမင္ကြင္းရဲ့ေထာင့္က သိသိသာသာကို ေျပာင္းလဲသြားၿပီး ကၽြန္ေတာ္ ျမင္ေတြ႕နိုင္သည့္အရာမ်ားကလည္း ေျပာင္းလဲသြားသည္။

ကၽြန္ေတာ္ မတုန့္ျပန္နိုင္ခင္ မိနစ္ဝက္ေလာက္ ေၾကာင္အသြားမိသည္။

— ငါ ဒီေသာက္အရိုးစုနဲ႔ သြားခ်ိတ္မိေနတာဟ!

KittyKitling

Translator: စံခ်ိန္ခ်ိဳးတာပါ၊ တကယ္ ဒီတစ္ပိုင္းကို ေလးရက္ၾကာေအာင္ ေရးခဲ့ရတယ္ TT

ဆူးယြီက သူ႔ကို မခ်စ္ဘူးပဲ ထင္ေနတဲ့ သရဲေလး၊ .. ဘယ္လို သေဘာရၾကလဲ၊ ဆူးယြီက တကယ္ မခ်စ္တာလား။ ><

Continue Reading

You'll Also Like

82.7K 14.2K 8
ဧကရာဇ် shou, ဧကရီ gong Chapter status - 8 Chapters (Completed) I own nothing, just translate it. If you want to read English translation, here is the...
160K 26K 44
Title -The Tang Family's Seven Os [汤家七个O] Author - White Clouds [白云朵] Status in COO - Completed (186 chapters + 3 extras) Start date - 1.4.2023 End d...
511K 84K 128
Author: ကျွေ့ယို့ဟောဖန် Total: 118Chapters+4Extras မိတ်ဆက်စာသား: "ဇာတ်ကြောင်းပြန်လည်ရေးသားပြီးသော် အဓိကဇာတ်ဆောင်ရောင်ဝါကားပြန်ရောက်လာခဲ့ပေ၏။" အဓိကဇာတ...
554K 75.3K 110
Author: ကျွေ့ယို့ဟောဖန် Total: 89chapters + 17Extras E'translators: Penhappy(1- 43) and cheerio translation(44 -106) B'translator: JLicz This is jus...