The Legendary Master's Wife (...

By Sailor_Moon_94

783K 133K 8.8K

Chapter 232 to Chapter 320. Both zawgyi & unicode available. Legendary Master's Wife {Myanmar Translation} Or... More

CHAPTER 232
CHAPTER 233
CHAPTER 234.
CHAPTER 235
CHAPTER 236
CHAPTER 237
CHAPTER 238
CHAPTER 239
CHAPTER 240
CHAPTER 241
CHAPTER 242
CHAPTER 243
CHAPTER 244
CHAPTER 245
CHAPTER 246
CHAPTER 247
CHAPTER 248
CHAPTER 249
CHAPTER 250
CHAPTER 251
CHAPTER 252
CHAPTER 253
CHAPTER 254.
CHAPTER 255
CHAPTER 256
CHAPTER 257
CHAPTER 258
CHAPTER 259
CHAPTER 260
CHAPTER 261.
CHAPTER 262
CHAPTER 263
CHAPTER 264
CHAPTER 265
CHAPTER 266
CHAPTER 267
CHAPTER 268
CHAPTER 269
CHAPTER 270
CHAPTER 271
CHAPTER 272
CHAPTER 273
CHAPTER 274
CHAPTER 275
CHAPTER 276
CHAPTER 277
CHAPTER 278
A/N
CHAPTER 279
CHAPTER 280
CHAPTER 281
CHAPTER 282
CHAPTER 283.
CHAPTER 284
CHAPTER 285
CHAPTER 286
CHAPTER 286 (ဒီတစ်ခါအတည်)
CHAPTER 287
CHAPTER 288
CHAPTER 289
CHAPTER 290 (Part1)
CHAPTER 290 (Part 2)
CHAPTER 291
CHAPTER 292
CHAPTER 293
CHAPTER 294
CHAPTER 296
CHAPTER 297
CHAPTER 298
CHAPTER 299
CHPATER 300.
CHAPTER 301
CHAPTER 302
CHAPTER 303
CHAPTER 304
CHAPTER 305
CHAPTER 306
CHAPTER 307
CHAPTER 308
CHAPTER 309
CHAPTER 310
CHAPTER 311
CHAPTER 312
CHAPTER 313
CHAPTER 314
CHAPTER 315
CHAPTER 316
CHAPTER 317
CHAPTER 318
CHAPTER 319
CHAPTER 320
Finale

CHAPTER 295

7.7K 1.3K 127
By Sailor_Moon_94


Zawgyi ver..






စစ္ေဆးမႈအားျဖတ္ေက်ာ္ျခင္း




အထက္တြင္ ၾကည္လင္ေတာက္ပေသာ မိုးသားေကာင္းကင္တည္႐ွိၿပီး ေအာက္တြင္ေတာ့ ေမွာ္ဝင္သားရဲမ်ိဳးစံုတို႔၏ ေအာ္ဟစ္ဟိန္းေဟာက္သံမ်ား ညံစီလ်က္႐ွိသည္၊ မီးငွက္ေပၚမွ ေသေသခ်ာခ်ာ အာရံုစူးစိုက္၍ ငံု႔ၾကည့္မည္ဆိုလ်ွင္ ေတာင္တန္းမ်ားအၾကား ေျပးလႊားေနေသာ ေမွာ္ဝင္သားရဲမ်ားအား ျမင္ႏိုင္၏၊ အေ႐ွ႕ခရီးသို႔ ေမ်ွာ္ၾကည့္လ်ွင္ေတာ့  ေတာနက္ေတာင္စြယ္မ်ားကိုသာ မ်က္စိတစ္ဆံုး  ျမင္ေနရေပလိမ့္မည္ ။

ယူေ႐ွာင္မို ေက်ာင္းခြဲႏွစ္၌ ေနထိုင္ခဲ့စဥ္က ထိုေတာင္မ်ားအတြင္းသို႔ တစ္ခါမ်ွ မဝင္ေရာက္ခဲ့ဖူးပါေပ၊ ယခု ၎တို႔အေပၚမွ ျဖတ္သြားရေသာအခါ လူအမ်ား ေျပာစမွတ္ျပဳၾကေသာ ေတာနက္သည္ေတာင္ထူသည္ဆိုသည္မွာ ယခုေတာင္တန္းမ်ားႏွင့္ မည္သို႔မ်ွ ယွဥ္ဖြယ္ရာမ႐ွိေၾကာင္း သိလာရသည္၊ သူသည္ ယခင္က ဤေတာင္တန္းမ်ားအား အလြန္ဆံုး႐ွိလွ မိုင္တစ္ေထာင္ေပါ့ဟူ၍ အထင္အျမင္ေသးခဲ့ဖူးသည္ပင္ ။

ေက်ာင္းခြဲတစ္ႏွင့္ ေက်ာင္းခြဲႏွစ္ အလြန္ကြာေဝးသည္ဟု လူအမ်ား ေျပာဆိုၾကသည္မွာ အပိုစကားမဟုတ္ပါေပ၊ အေစာက အႀကီးအကဲငါးသည္ ေတာင္တန္းမ်ားအလြန္၌ ေက်ာင္းခြဲတစ္႐ွိသည္ဟု ဆိုခဲ့သျဖင့္ ထိုေက်ာင္းႏွစ္ေက်ာင္းမွာ အေတာ္နီးသည္ဟုပင္ ထင္မွတ္ခဲ့မိေသးသည္ ။

ဧရာမမီးငွက္တို႔သည္ ေတာင္တန္းေတာင္စြယ္တို႔အား ႏွစ္နာရီနီးပါးမ်ွ ျဖတ္ေက်ာ္ပ်ံသန္းၿပီးေသာအခါ ေနာက္ဆံုးေတာ့ အ႐ွိန္ေလ်ွာ့ခ်၍ ဆင္းသက္ရန္ ဟန္ျပင္ၾကေတာ့သည္၊ ဆင္းသက္ခါနီးတြင္ ယူေ႐ွာင္မို အေနာက္သို႔ ျပန္လွည့္ၾကည့္လိုက္ေသာအခါ မ်က္စိတစ္ဆံုး သစ္ေတာစိမ္းႀကီးမ်ားကိုသာ ျမင္ေတြ႔လိုက္ရသျဖင့္ အေ႐ွ႕႐ွိ ဆင္းသက္ရမည့္ေနရာသို႔သာ ျပန္လွည့္ၾကည့္လိုက္သည္၊ သို႔ေသာ္..

ယူေ႐ွာင္မို မ်က္႐ွိေ႐ွ႕႐ွိ အစိမ္းျပင္ႀကီးအား ေၾကာင္ၾကည့္ေနမိသည္၊ အေ႐ွ႕တြင္လည္း ထိုနည္းတူ သစ္ေတာစိမ္းႀကီးသာ႐ွိသည္၊ ထိုေနရာ၌ ေက်ာင္းခြဲတစ္၏အရိပ္အေယာင္ႏွင့္တူေသာ တစ္စံုတစ္ခုမ်ွ႐ွာမေတြ႔ ။

ထိုအခါ သူ႔ေဘးတြင္ထိုင္ေနေသာ ထံုယြယ္ရႊီမွ ယူေ႐ွာင္မို နားမလည္ႏိုင္ျဖစ္ေနသည္အား သတိထားမိသျဖင့္ စတင္႐ွင္းျပေလသည္ ။

" ေက်ာင္းခြဲတစ္ဆိုတာ ေတာက္႐ွင္းအကယ္ဒမီရဲ႕ႏွလံုးသဲပြတ္ပဲေလ.. အဲ့ဒါေၾကာင့္ အျပင္ဘက္မွာ စည္းအထပ္ထပ္ခ်ထားရတာေပါ့.. အဲ့ဒါေၾကာင့္ ငါတို႔ကို ဦးေဆာင္ေခၚလာေပးမယ့္ တစ္ေယာက္ေယာက္သာမ႐ွိရင္ ဘယ္လိုမွ႐ွာေတြ႔နိုင္မွာမဟုတ္ဘူး "

ဖန္ခ်ီယြင္းကလည္း ဝင္ေျပာေလသည္ ။

" ေက်ာင္းခြဲတစ္ရဲ႕လံုျခံဳေရးက အရမ္းတင္းၾကပ္တယ္လို႔ တစ္ေနရာမွာ ငါ ၾကားဖူးခဲ့တယ္.. ၾကည့္ရတာ ငါတို႔အထဲေရာက္သြားၿပီးရင္လည္း ျပန္ထြက္ဖို႔လြယ္မယ္မထင္ဘူး "

ထိုအခါ ယူေ႐ွာင္မို ပိုင္လီထ်န္ယီအား သတိရလိုက္မိသည္၊ သူေတာင္မွ တစ္လတစ္ခါ မွန္မွန္ ထြက္လာႏိုင္ေသးသည္ပင္၊ ထို႔ေၾကာင့္ မည္မ်ွလံုျခံဳေရးတင္းၾကပ္သည္ဆိုဦး နည္းလမ္းတစ္ခုခုေတာ့ ႐ွိလိမ့္မည္ျဖစ္သည္၊ ထံုယြယ္ရႊီမွ ဆက္လက္႐ွင္းျပေလသည္ ။

" ေက်ာင္းခြဲတစ္ကစည္းမ်ဥ္းေတြက ေက်ာင္းခြဲႏွစ္ေလာက္ေတာင္ မ႐ႈပ္ပါဘူး၊ သူတို႔ဆီမွာ လစဥ္လတိုင္း အေတာ္ဆံုးေက်ာင္းသား အေယာက္တစ္ရာစာရင္းကို ထုတ္ျပန္ေပးတယ္ေလ၊ အဲ့ဒီထဲက ထိပ္ဆံုးအေယာက္ငါးဆယ္က လတိုင္းအျပင္ထြက္ဖို႔ အခြင့္အေရးရျကတယ္၊ ၿပီးေတာ့လည္း အဲဒီစာရင္းကို လတစ္လရဲ႕ ပထမဆံုးရက္တိုင္းမွာ အသစ္ေျပာင္းလဲေျက းညာေပးတယ္၊ အဲ့ဒါေၾကာင့္ ထိပ္ဆံုးအေယာက္ငါးဆယ္ထဲပါေအာင္ ႀကိဳးစားေနႏိုင္သ၍ မင္းတို႔ လတိုင္းအျပင္ထြက္ခြင့္ရမွာပဲ.. "

ယူေ႐ွာင္မိုမွ ေျပာသည္ ။

" အဲလိုဆိုေတာ့လည္း အရမ္းျကီးေတာ႔မခက္ခဲပါဘူး "

သူ၏စကားအား ထံုယြယ္ရႊီမွ အသာအယာေခါင္းယမ္းလိုက္သည္ ။

" အဲ့လိုေတြးရင္မွားသြားမွာေပါ့.. ေက်ာင္းခြဲတစ္မွာ႐ွိတဲ့ ေက်ာင္းသားတိုင္းက ေက်ာင္းခြဲႏွစ္မွာက်န္ခဲ့တဲ့ ေက်ာင္းသားေတြထက္ အမ်ားႀကီးကြာျခားတယ္ေလ အဲ့ဒါေၾကာင့္ ထိပ္ဆံုးအေယာက္ငါးဆယ္မေျပာနဲ႔ အေယာက္တစ္ရာထဲပါႏိုင္ရင္ေတာင္ ေတာ္လြန္းေနၿပီ "

" ဒါေပမယ့္ ေက်ာင္းခြဲတစ္မွာ႐ွိတဲ့ ေက်ာင္းသားအေရအတြက္က ေက်ာင္းခြဲႏွစ္ထက္ေတာ့ မမ်ားႏိုင္ဘူးမလား "



ထံုယြယ္ရႊီ အသံထြက္၍ပင္ ရယ္လိုက္မိသည္ ။

" အဲဒါေတာ့ဘယ္လိုလုပ္ျဖစ္ႏိုင္မလဲ.. ဟုတ္ပါတယ္ ကမ႓ာေပၚမွာပါရမီ႐ွင္ေတြမ႐ွားပါဘူး ဒါေပမယ့္အဲလိုဆိုတိုင္းလဲ ပါရမီ႐ွင္ဆိုတာ ဟိုနားဒီနားလမ္းေဘးနားမွာ အလြယ္တကူ ေတြ႔ျမင္ရႏိုင္တာမ်ိဳးမဟုတ္ဘူးေလ၊ အဲဒါေၾကာင့္ သူတို႔အားလံုးကိုပါရမီ႐ွင္ေတြလို႔ေတာ့ သတ္မွတ္လို႔မရႏိုင္ေပမယ့္.. ထိပ္ဆံုးအေယာက္တစ္ရာရဲ႕အားၿပိဳင္မႈ ဆိုတာကေတာ့ စိတ္ကူးၾကည့္ရင္ေတာင္ အရမ္းျပင္းထန္မွာမလြဲပဲ၊ တစ္ေန႔တည္းတင္ ခ်က္ခ်င္း အဆင့္တက္သြားၿပီး ခ်က္ခ်င္း ျပန္ကန္ခ်ခံလိုက္ရတာမ်ိဳးေတြ ဆိုတာလည္း အမ်ားႀကီး႐ွိတယ္ "


ထိုစကားအားၾကားၿပီးေသာအခါ ယူေ႐ွာင္မို လင္းေ႐ွာင္အား ေမာ့ၾကည့္၍ တီးတိုးကပ္ေျပာလိုက္သည္ ။

" ခင္ဗ်ားစြမ္းရည္နဲ႔ဆို ထိပ္ဆံုးဆယ္ေယာက္ထဲေတာ့ ဝင္ႏိုင္ေလာက္မွာပါေနာ္ "

လင္းေ႐ွာင္၎အားျပန္စိုက္ၾကည့္ကာ ေလသံအား အႏူးညံ့ဆံုးထား၍ ေမးလိုက္သည္ ။

" ယူေလးကကိုယ့္စြမ္းရည္ကို ေမးခြန္းလာထုတ္ေနတာလား.. "



ဘာေၾကာင့္မွန္းမသိေသာ္လည္း ထိုစကားထဲတြင္ ကြယ္ဝွက္ထားေသာ အဓိပၸါယ္တစ္စံုတစ္ရာ ပါဝင္ေနေၾကာင္း ခံစားလိုက္မိ၏၊ ထို႔ေၾကာင့္ ေနာက္ဆံုးတြင္ သူ၏သံသယအား လ်စ္လ်ဴ႐ႈရန္ ဆံုးျဖတ္လိုက္ကာ ေခါင္းကိုသာ တြင္တြင္ခါယမ္းလိုက္ေတာ့သည္၊ ထို႔ေနာက္ လင္းေ႐ွာင္ဘက္သို႔လွည့္ကာ ဘာမွမျဖစ္သလို ျပံဳးျပလ်က္ ..

" ေမးခြန္းထုတ္တာမဟုတ္ပါဘူး.. ကြၽန္ေတာ္ကဒီအတိုင္းေလးပဲစကားအျဖစ္ေျပာလိုက္တာ.. အဲ့ဒါကို ခင္ဗ်ားျပန္ေျဖေပးစရာမလိုဘူး ဒီအတိုင္းထိုင္နားေထာင္ေပးရံုပဲ "





လင္းေ႐ွာင္ ၾကည့္ရင္း အူယားလာသျဖင့္ ယူေ႐ွာင္မို၏ ခါးသိမ္သိမ္ကေလးအား ဖ်စ္ညႇစ္လိုက္မိသည္ ။



ယူေ႐ွာင္မို ႐ုတ္တရက္မို႔ အသံထြက္မိေတာ့မလို ျဖစ္သြားေသာ္လည္း အနီး၌ ထံုယြယ္ရႊီႏွင့္ ဖန္ခ်ီယြင္းတို႔႐ွိေနသည္ကို သတိရသြားသျဖင့္ အံႀကိတ္လိုက္ရသည္ ။

ထံုယြယ္ရႊီႏွင့္ ဖန္ခ်ီယြင္းတို႔သည္ ထိုႏွစ္ေယာက္၏ သာမန္မဟုတ္ေသာ အျပဳအမူမ်ားအား သတိထားမိခဲ့ၾကၿပီးျဖစ္သည္၊ ၎တို႔ႏွစ္ေယာက္သည္ ဘယ္လိုၾကည့္ၾကည့္ သူငယ္ခ်င္းႏွစ္ေယာက္ၾကား ေျပာဆိုဆက္ဆံပံုႏွင့္ လံုးဝမတူေပ၊ သို႔ေသာ္လည္း ႏွစ္ေယာက္စလံုးမွ မတိုင္ပင္ထားပါဘဲ ဘာမွမျမင္လိုက္မၾကားလိုက္သလိုသာ ဟန္ေဆာင္လိုက္ၾကသည္၊ တစ္ေယာက္ကမိုးေပၚေမာ့လ်က္..၊ ေနာက္တစ္ေယာက္က ေအာက္ငံုၾကည့္ကာ ဟို႐ွာဒီ႐ွာ ။

..... ......






ထိုစဥ္ ဧရာမမီးငွက္မွ အခ်က္ေပးသည့္အေနျဖင့္ တစ္ခ်က္ဟိန္းေဟာက္လိုက္ေလသည္၊ တစ္ခ်ိန္တည္းမွာပင္ အႀကီးအကဲငါးမွ ေလထုထဲသို႔ အနက္ေရာင္ ေက်ာက္ျပားတစ္ခု ပစ္သြင္းလိုက္သည္အား လွမ္းျမင္လိုက္ရ၏၊ သို႔ေသာ္ ထိုေက်ာက္ျပားမွာ ေအာက္သို႔ျပဳတ္က်မသြားပဲ ေရျပင္က်ယ္ေပၚ စကၠဴရြက္ေလး ပစ္ခ်လိုက္သည့္ႏွယ္ ႏူးႏူးညံ့ည့ံသာ သက္ဆင္းနစ္ဝင္သြားေလသည္၊ ယူေ႐ွာင္မိုတို႔ ထိုျဖစ္ရပ္အား ထူးဆန္းအံ့ျသစြာေငးၾကည့္ေနစဥ္မွာပင္ ျမစိမ္းေရာင္ဂိတ္တံခါးေပါက္ႀကီးတစ္ခု ၎တို႔ျမင္ကြင္းေရွ႕၌ ထြက္ေပၚလာေလ၏ ။

ထိုဂိတ္တံခါးေပါက္သည္ ငါးမီတာခန္႔အျမင့္႐ွိမည္ဟု ခန္႔မွန္းရၿပီး ဘယ္ဆီမွစ ဘယ္ဝယ္အဆံုးသတ္သည္ကိုေတာ့ ပကတိမ်က္စိျဖင့္ လိုက္ၾကည့္၍ မျမင္ရပါေခ် ။

ထို႔ေနာက္ အႀကီအကဲငါးမွ ေက်ာင္းသားမ်ားဘက္သို႔လွည့္ကာ သတိေပးသည္ ။

" ေက်ာင္းသားအားလံုး ေအာက္ကိုေရာက္ရင္ လံုးဝေလ်ွာက္သြားလို႔မရပါဘူးေနာ္ ကြၽန္ေတာ့္ေနာက္ကပဲလိုက္ခဲ့ရပါမယ္.. ေရွ႕ဆက္သြားၾကရေအာင္ "

ထိုသို႔ေျပာၿပီးေနာက္ ဦးေဆာင္ကာ ဝင္သြားေလ၏၊ ေက်ာင္သားအားလံုးလည္း ၎ေနာက္မွ ထက္ၾကပ္မကြာ လိုက္သြားၾကသည္၊ ၎တို႔၏ မ်က္ဝန္းမ်ားထဲ၌ စူးစမ္းလိုမႈ အရိပ္အေယာင္မ်ား ေတြ႔ျမင္ေနရေသာ္လည္း အႀကီးအကဲငါး၏ သတိေပးစကားေၾကာင့္ မည္သူမွ ကုိယ့္သေဘာႏွင့္ကိုယ္ ေလ်ွာက္မသြားရဲၾကေပ၊ ေက်ာင္းသားအားလံုး ေျမျပင္ေပၚသို႔ ဆင္းၿပီးေသာအခါ က်န္႐ွိေနေသာအႀကီးအကဲမ်ားသည္ မီးငွက္မ်ားအား ဦးစီး၍ လာရာအရပ္သို႔ ျပန္သြားၾကေလသည္ ။




ယူေ႐ွာင္မို အေနာက္သို႔ ျပန္လွည့္ၾကည့္လိုက္မိသည္၊ ထိုအခါ ယခင္မ်က္စိတစ္ဆံုး ေတာအုပ္ႀကီးအစား သာယာလဲ့ေျပာေသာ ေကာင္းကင္တစ္ခုကိုသာ ျမင္ေတြ႔လိုက္ရေလသည္၊ ထို႔ေျကာင့္ သုခဘံုနယ္ေျမကိုပင္ သြားသတိရမိလိုက္သည္ ။


လင္းေ႐ွာင္မွ သူ႔အား သုခဘံုနယ္ေျမအား ဖန္တီးပံုကို ေျပာျပခဲ့ဖူးသည္၊  နယ္နိမိတ္ေနရာတစ္ခုအား အစျပဳသတ္မွတ္၍ ထိုေနရာမွစကာ ဝိဥာဥ္စြမ္းအား အေျမာက္အမ်ားျဖင့္ ျခံဝန္းတစ္ခုသဖြယ္ ဝန္းရံဖြဲ႔စည္းလိုက္ေသာအခါ ကမ႓ာငယ္ရပ္ဝန္းတစ္ခုကဲ့သို႔ ျဖစ္သြားၿပီး သီးျခားနယ္ေျမမ်ား ျဖစ္ေပၚလာရသည္ဟုဆိုသည္၊ ေက်ာင္းခြဲတစ္ကိုလည္း ထိုနည္းလမ္းျဖင့္ ဖြဲ႔စည္းတည္ေဆာက္ခဲ့ပံုေပၚသည္ ။

သို႔ေသာ္ နယ္ေျမသည္ အလြန္က်ယ္ဝန္းသျဖင့္ ဧရိယာ မည္မ်ွက်ယ္ဝန္းေၾကာင္းကိုေတာ့ မသိ႐ွိရေသးေပ ။

သို႔ေသာ္ ယူေ႐ွာင္မိုမွ ဤနယ္ေျမသည္ ေသခ်ာေပါက္ သုခဘံုနယ္ေျမထက္ ပိုမိုက်ယ္ဝန္းလိမ့္မည္ျဖစ္ကာ အဆေပါင္းမ်ားစြာပင္ ပိုမိုႀကီးမားေနလိမ့္ဦးမည္ဟုေတာ့ ခန္႔မွန္းလိုက္မိသည္ ။

ယူေ႐ွာင္မို တံေတြးမ်ိဳခ်လိုက္ၿပီးေနာက္ အေ႐ွ႕မွ ထြက္သြားသူမ်ားေနာက္သို႔ လိုက္သြားလိုက္သည္၊ နာရီဝက္ခန္႔ လမ္းေလ်ွာက္ၿပီးေသာအခါမွသာ မိမိတို႔ျမင္ကြင္းေ႐ွ႕သို႔ ႐ွည္လ်ားျမင့္မားေသာ အေဆာက္အအံုမ်ား တျဖည္းျဖည္း ထြက္ေပၚလာေလသည္ ။

သို႔ေသာ္ ထိုအေဆာက္အအံုမ်ားေ႐ွ႕၌ ဆယ္မီတာခန္႔ က်ယ္ဝန္းေသာ ထံုးေက်ာက္ရင္ျပင္တစ္ခု႐ွိေနၿပီး ၎အေပၚ၌ အနည္းငယ္ျမင့္ေသာ ေက်ာက္ဖ်ာငါးခု တန္းလ်က္ တည္႐ွိေလသည္၊ ထို႔အျပင္ ၎ေက်ာက္ဖ်ာမ်ားအေ႐ွ႕၌လည္း ၎တို႔အား စူးစိုက္ရပ္ျကည့္ေနၾကေသာ လူတစ္စုအား ေတြ႔လိုက္ရေလ၏ ။

အႀကီးအကဲငါးမွ ၎တို႔အေ႐ွ႕သို႔ ေလ်ွာက္သြားလိုက္ေသာအခါ ေခါင္းေဆာင္ျဖစ္ပံုရေသာ လူႏွစ္ေယာက္ ခ်က္ခ်င္းထြက္လာၿပီး လက္ႏွစ္ဖက္အား အေ႐ွ႕သို႔ယွက္သန္း၍ ႏႈတ္ခြန္းဆက္ေလ၏ ။

" အႀကီးအကဲငါး မဂၤလာပါခင္ဗ် "

ဤေတာက္႐ွင္းအကယ္ဒမီ၌ ေက်ာင္းခြဲတစ္၌ျဖစ္ေစ ႏွစ္၌ျဖစ္ေစ သဘာပတိခုနစ္ေယာက္မွလြဲ၍ ေက်ာင္းသားအားလံုးသည္ အႀကီးအကဲငါးအား ေတြ႔လ်ွင္ေတြ႔ခ်င္း အ႐ိုအေသျပဳ ႏႈတ္ဆက္ၾကရေလသည္ ။

အႀကီးအကဲငါးမွ အသိအမွတ္ျပဳေၾကာင္း ေခါင္းၿငိမ့္ျပလိုက္သည္ ။

" ေက်ာင္းသားသစ္ေတြအားလံုးလည္း ေရာက္ေနပါၿပီ.. အဲ့ဒါဆို ကြၽန္ေတာ္တို႔ စလိုက္ၾကေတာ့မလား "


ထိုသို႔ေျပာၿပီးေသာအခါ ေခါင္းေဆာင္ႏွစ္ေယာက္ထဲမွတစ္ေယာက္ ေက်ာင္းသားသစ္မ်ားဘက္သို႔ လွည့္လာ၍ ေအးစက္ေသာေလသံျဖင့္ ဆိုေလသည္ ။

" ပထမဆံုးအေနနဲ႔ ေက်ာင္းခြဲတစ္ကိုေရာက္လာတဲ့အတြက္ မင္းတို႔အားလံုးကိုဂုဏ္ျပဳပါတယ္၊ ဒီေန႔ကစၿပီး ဒီေနရာဟာမင္းတို႔ေနၾကရမယ့္ေနရာပဲျဖစ္တယ္၊ ဒီေနရာရဲ႕ စည္းမ်ဥ္းစည္းကမ္းေတြက ေက်ာင္းခြဲႏွစ္ထက္ပိုတင္းၾကပ္တာျဖစ္လို႔ မင္းတို႔မွာ စည္းကမ္းမလိုက္နာတတ္တဲ့ အက်င့္ေတြ႐ွိရင္ေတာ့ ဒီေနရာမွာအၿပီးတိုင္ထားခဲ့ျကရမွာပါ၊ အခုေလာေလာဆယ္ ေက်ာင္းဝန္းထဲကိုမဝင္ခင္ မင္းတို႔အားလံုးျဖတ္ေက်ာ္ရမယ့္ စစ္ေဆးမႈတစ္ခု႐ွိေနပါေသးတယ္၊ ဒီစစ္ေဆးမႈကို လူတိုင္းမျဖစ္မေန ျဖတ္ေက်ာ္ရမွာျဖစ္ေပမယ့္ ေအာင္ျမင္သည္ျဖစ္ေစ က်႐ွံုးသည္ျဖစ္ေစ မင္းတို႔ ေက်ာင္းခြဲတစ္ကိုဝင္ခြင့္ရတယ္ ဆိုတဲ့အခ်က္ကေတာ့ ေျပာင္းလဲသြားမွာမဟုတ္ပါဘူး.. ခဏေနရင္ အခုျပဳလုပ္မယ့္စစ္ေဆးမႈမွာ သတ္မွတ္ထားတဲ့ စည္းမ်ဥ္းစည္းကမ္းေတြကို အက်ယ္ထပ္႐ွင္းျပေပးသြားပါမယ္ "

သူ၏စကားလံုးမ်ားသည္ လူအုပ္အား အာေမဋိတ္သံမ်ားျဖင့္ ျပည့္ႏွက္သြားေစခဲ့သည္၊ ေက်ာင္းခြဲတစ္သို႔ ဝင္ခြင္ရခဲ့ၿပီးသည့္တိုင္ေအာင္ စစ္ေဆးမႈမ်ား ထပ္မံေက်ာ္ျဖတ္ေနရလိမ့္ဦးမည္ဟု မည္သူမ်ွ ႀကိဳမေတြးမိခဲ့ၾက၊ ယခင္ကလည္း ဤကိစၥႏွင့္ပတ္သတ္၍ မည္သို႔ေသာ သတင္းစကားမွ မၾကားခဲ့ဖူးၾကေပ ။

ယူေ႐ွာင္မိုသည္လည္း အလြန္အမင္း အံ့ျသသြားခဲ့သည္၊ ထို႔ေၾကာင့္ ဤကိစၥအား သိႏွင့္ၿပီးသားဟု ယူဆရေသာ ထံုယြယ္ရႊီထံသို႔ လွည့္ၾကည့္လိုက္မိသည္၊ ၎သည္လည္း ယူေ႐ွာင္မို၏ေမးခြန္းအား သေဘာေပါက္ပံုရကာ အနီး႐ွိလူတိုင္းထံသို႔ရည္ရြယ္၍ သူသိသမ်ွအား ႐ွင္းျပေပးေလသည္ ။

" သူေျပာသြားတာမွန္ပါတယ္၊ ႏွစ္တိုင္း ေက်ာင္းခြဲတစ္ကိုဝင္ခြင့္ရတဲ့ေက်ာင္းသားတိုင္း ဒီစစ္ေဆးမႈကို မျဖစ္မေနျဖတ္ေက်ာ္ၾကရပါတယ္၊ စစ္ေဆးမႈရဲ႕ရည္ရြယ္ခ်က္ကေတာ့ ေက်ာင္းသားသစ္ေတြရဲ႕ ေထာင္လႊားေနတဲ့မာနေတြကိုခ်ိဳးႏွိမ္ေပးဖို႔ပါ၊ သူတို႔ဟာ ေက်ာင္းခြဲႏွစ္မွာ အေတာ္ဆံုးေတြျဖစ္ခ်င္ျဖစ္ခဲ့မယ္ ဒါေပမယ့္အခုေက်ာင္းခြဲတစ္မွာေတာ့ ဘိတ္ေခ်းအဆင့္မွာပဲ႐ွိေသးတယ္ ဆိုတဲ့အခ်က္ကို ျပန္သတိေပးခ်င္တယ္လို႔လည္း ယူဆလို႔ရပါတယ္..၊ အဲဒါအျပင္ ကြၽန္ေတာ္တို႔ဘက္ကေန ေလာင္းေၾကးအျဖစ္ ဆယ္မွတ္ျကိဳေပးထားရပါတယ္၊ သူတို႔ဘက္ကႏိုင္ခဲ့ရင္ ကြၽန္ေတာ္တို႔ ေလာင္းေၾကး႐ွံုးမွာျဖစ္ၿပီး ကြၽန္ေတာ္တို႔ႏိုင္ရင္ေတာ့ အဲဒီဆယ္မွတ္ကို ျပန္ထုတ္သြားလို႔ရပါတယ္  "



ယူေ႐ွာင္မိုမွ ထပ္ေမးလိုက္သည္ ။

" အဲ့ဒါဆို ဘယ္လိုျဖစ္ရင္ အႏိုင္ရတယ္လို႔ သတ္မွတ္တာလဲ "

" ဒါကေတာ့လြယ္ပါတယ္၊ ေက်ာင္းခြဲတစ္ဘက္က ေက်ာင္းသားငါးေယာက္ထြက္လာပါလိမ့္မယ္ ငါတို႔သာသူတို႔နဲ႔ၿပိဳင္တိုက္ၿပီး တိုက္ကြက္ငါးကြက္စာအထိေတာင့္ခံႏိုင္ခဲ့ရင္ စစ္ေဆးမႈေအာင္ျမင္တယ္လို႔ သတ္မွတ္ေပးပါတယ္၊ မဟုတ္ရင္ေတာ့က်တယ္လို႔သတ္မွတ္တာေပါ့၊ ႏွစ္တိုင္း ေအာင္ျမင္ခဲ႔တဲ႔လူအေရအတြက္က အမ်ားဆံုး သံုးေယာက္ထပ္ေတာ႔မပိုဖူးဘူး "


ယူေ႐ွာင္မို ထပ္ေမးျပန္သည္ ။

" အဲဒါဆိုတစ္ဖက္လူက ကြၽန္ေတာ္တို႔ဆီမွာငါးကြက္ျပည့္ေအာင္ မေတာင့္ခံႏိုင္ရင္ေရာ.. "

၎၏ေမးခြန္းအားၾကားေသာ္ ထံုယြယ္ရႊီ ေျဖဖို႔ရာပင္တြန္႔ဆုတ္သြားရသည္၊ ထို႔ေျကာင့္ ယူေ႐ွာင္မိုေဘး ရပ္ေနေသာ လင္းေ႐ွာင္မွ ဝင္ေျဖေပးေလသည္ ။

" အဲဒါဆို အဲ့လူေအာင္မွာေပါ့ "

" အဲဒါဆို ဒီစစ္ေဆးမႈကို တစ္ေယာက္ေယာက္နဲ႔ တြဲၿပီးၿပိဳင္လို႔ေရာ ရႏိုင္မလား "

လင္းေ႐ွာင္မွ ဆက္ေျဖေပးသည္ ။

" ရတာေပါ့ "

ယူေ႐ွာင္မို အလြန္စိတ္လႈပ္႐ွားသြားေလသည္ ။

" ခင္ဗ်ားေျပာတာ တကယ္လား  "

လင္းေ႐ွာင္မွ..

" ဘယ္ဟုတ္မလဲ "

ယူေ႐ွာင္မို " ... "

' ခင္ဗ်ားဘယ္လိုလုပ္သိတာလဲ' ဟု ဝမ္းသာအားရ ေမးရန္ျပင္ေနေသာယူေ႐ွာင္မိုသည္ သူ၏စကားလံုးမ်ားအား လည္ေခ်ာင္းထဲပင္ ႏွစ္ပတ္လွည့္၍ ခက္ခက္ခဲခဲ ျပန္မ်ိဳခ်လိုက္ရသည္၊ သူ၏ဦးေႏွာက္အတြင္း၌ ျပႆနာ တစ္စံုတစ္ရာ႐ွိေနဟန္တူသည္၊ ထို႔ေၾကာင့္သာ သူလင္းေ႐ွာင္၏စကားမ်ားအား အတည္ထင္ခဲ့မိျခင္း ။


ထံုယြယ္ရႊီ, ဖန္ခ်ီယြင္း " ... .... "







အျခားတစ္ဖက္တြင္ ေက်ာင္းသားသစ္မ်ားႏွင့္ စီနီယာမ်ားသည္ ေက်ာက္ဖ်ာအသီးသီးေပၚ၌ ရပ္ေနၾကၿပီးျဖစ္သည္၊ အႀကီးအကဲကိုယ္တိုင္ တန္းခြဲတစ္မွ ေက်ာင္းသားသစ္ငါးေယာက္အား က်ပန္းေရြးခ်ယ္ေပးလိုက္ေသာ္လည္း ၎တို႔၏ အမူအယာမ်ားမွာ သိပ္မေကာင္းလွ..၊ ၿပိဳင္ဘက္သည္ သိပ္အင္အားႀကီးလြန္းေနၿပီး ၎တို႔ထံမွ တိုက္ကြက္ငါးကြက္အား ေတာင့္ခံရမည္ ဆိုသည္မွာလည္း သိပ္ကို ခက္ခဲလြန္းေသာ စစ္ေဆးမႈျဖစ္သည္ပင္ ။

ေမ်ွာ္မွန္းထားသလိုပင္ ေက်ာင္းသားသစ္ငါးေယာက္စလံုး က်႐ွံုးခဲ့သည္၊ တစ္ဖက္စီနီယာမ်ားမွာ အင္အား ႀကီးလြန္းေနၿပီး တိုက္ရည္ခိုက္ရည္အေတြ႔အၾကံဳမွာလည္း ၎တို႔ထက္မ်ားစြာသာလြန္သျဖင့္ အေျခအေနအေကာင္းဆံုးဟုယူဆရေသာ ပထမဆံုးေက်ာင္းသားသစ္သည္ပင္ တိုက္ကြက္သံုးကြက္အထိသာ ေတာင့္ခံႏိုင္ခဲ့ေလသည္ ။

ထို႔ေနာက္ တန္းခြဲတစ္မွအဆင့္တစ္ႏွင့္ႏွစ္ေက်ာင္းသားတို႔ပါဝင္ေသာ အဖြဲ႔ စင္ျမင့္ေပၚသို႔ တက္သြားၾကသည္၊ သို႔ေသာ္ အဆင့္ႏွစ္ေက်ာင္းသားသည္ပင္ ေလးခ်ီအထိသာေတာင့္ခံႏိုင္ခဲ့သျဖင့္ က်န္ေက်ာင္းသားသစ္မ်ားအားလံုးမွာ ပါးစပ္အေဟာင္းသားျဖင့္သာ ေငးၾကည့္ေနၾကရေတာ့၏ ။

ေက်ာင္းခြဲတစ္မွ စီနီယာမ်ားသည္ အလြန္ေတာ္ကာ အရည္အခ်င္းလည္း ျပည့္ဝၾကသည္၊ ဝင္ေပါက္တြင္ စစ္ေဆးေရးအတြက္တာဝန္ယူထားေသာ စီနီယာမ်ားပင္ ဤမ်ွေတာ္ပါက အျခားစီနီယာမ်ားဆိုလ်ွင္ ေတြးဝံ့စရာပင္မ႐ွိေတာ့ေပ၊ ထို႔ေၾကာင့္ ယခင္က မာနေထာင္လႊားေနခဲ့ေသာ ေက်ာင္းသားသစ္မ်ားသည္ ယခုအခါ ၎တို႔၏ေခါင္းမ်ားအား ေျမႀကီးထိလုမတတ္ ငိုက္စိုက္ခ်ထားၾကရၿပီျဖစ္သည္ ။

ထို႔ေနာက္ လင္းေ႐ွာင္၊ ေယာင္ရႊမ္း၊ ခ်င္က်န္းတို႔အလွည့္သို႔ ေရာက္လာေလ၏၊ ၎တို႔ထြက္လာသည္ႏွင့္ လူတိုင္း၏ေမ်ွာ္လင့္ခ်က္မဲ့ေနေသာ မ်က္လံုးမ်ားလည္း အေရာင္ျပန္ေတာက္လာၾကသည္ ။

လင္းေ႐ွာင္သည္ ယခင္ အရည္အခ်င္းစစ္ျပိဳင္ပြဲအတြင္းက လူအမ်ားႏွင့္ ရင္ဆိုင္ခဲ့ရစဥ္ကပင္  အက်ီအနားစကေလးေတာင္မွ အထိအခိုက္မခံရပဲ ျပန္လည္ေဖာက္ထြက္လာႏိုင္ခဲ့သူျဖစ္သည္၊ ထို႔ေၾကာင့္ သူသာဆိုလ်ွင္ေတာ့ တစ္ဖက္စီနီယာ၏ တိုက္ကြက္ငါးကြက္ခန္႔အား ေတာင့္ခံႏိုင္ေကာင္းေပသည္ဟု အားလံုးကေမ်ွာ္လင့္ထားၾကေလသည္ ။

သို႔ေသာ္ ေက်ာက္ဖ်ာမ်ားေပၚ၌ရပ္ေနၾကေသာ စီနီယာမ်ားသည္ ေက်ာင္းသားသစ္တို႔မ်က္ႏွာထက္မွ ေမ်ွာ္လင့္တျကီး ေစာင့္စားေနေသာ အမူအယာမ်ားအား သတိျပဳမိေသာ္ျငား စိတ္ပူဟန္တစ္စက္မျပပဲ ေအးေအးေဆးေဆးသာ  တံု႔ျပန္ၾကကုန္ေလ၏ ။

၎တို႔၏အမူအယာမ်ားမွာ ၎တို႔ဘက္မွသာ အႏိုင္ရလိမ့္မည္ဟု က်ိန္းေသေပါက္ ေသခ်ာေနၾကသည့္ဟန္ပင္ ။






# 3.7.2021

စာလံုးေပါင္း အမွားေလးမ်ားပါရင္ အားမနာပဲ ေထာက္ျပေပးၾကပါဦး႐ွင္ ❤


____________________











Unicode ver..






စစ်ဆေးမှုအားဖြတ်ကျော်ခြင်း




အထက်တွင် ကြည်လင်တောက်ပသော မိုးသားကောင်းကင်တည်ရှိပြီး အောက်တွင်တော့ မှော်ဝင်သားရဲမျိုးစုံတို့၏ အော်ဟစ်ဟိန်းဟောက်သံများ ညံစီလျက်ရှိသည်၊ မီးငှက်ပေါ်မှ သေသေချာချာ အာရုံစူးစိုက်၍ ငုံ့ကြည့်မည်ဆိုလျှင် တောင်တန်းများအကြား ပြေးလွှားနေသော မှော်ဝင်သားရဲများအား မြင်နိုင်၏၊ အရှေ့ခရီးသို့ မျှော်ကြည့်လျှင်တော့  တောနက်တောင်စွယ်များကိုသာ မျက်စိတစ်ဆုံး  မြင်နေရပေလိမ့်မည် ။

ယူရှောင်မို ကျောင်းခွဲနှစ်၌ နေထိုင်ခဲ့စဉ်က ထိုတောင်များအတွင်းသို့ တစ်ခါမျှ မဝင်ရောက်ခဲ့ဖူးပါပေ၊ ယခု ၎င်းတို့အပေါ်မှ ဖြတ်သွားရသောအခါ လူအများ ပြောစမှတ်ပြုကြသော တောနက်သည်တောင်ထူသည်ဆိုသည်မှာ ယခုတောင်တန်းများနှင့် မည်သို့မျှ ယှဉ်ဖွယ်ရာမရှိကြောင်း သိလာရသည်၊ သူသည် ယခင်က ဤတောင်တန်းများအား အလွန်ဆုံးရှိလှ မိုင်တစ်ထောင်ပေါ့ဟူ၍ အထင်အမြင်သေးခဲ့ဖူးသည်ပင် ။

ကျောင်းခွဲတစ်နှင့် ကျောင်းခွဲနှစ် အလွန်ကွာဝေးသည်ဟု လူအများ ပြောဆိုကြသည်မှာ အပိုစကားမဟုတ်ပါပေ၊ အစောက အကြီးအကဲငါးသည် တောင်တန်းများအလွန်၌ ကျောင်းခွဲတစ်ရှိသည်ဟု ဆိုခဲ့သဖြင့် ထိုကျောင်းနှစ်ကျောင်းမှာ အတော်နီးသည်ဟုပင် ထင်မှတ်ခဲ့မိသေးသည် ။

ဧရာမမီးငှက်တို့သည် တောင်တန်းတောင်စွယ်တို့အား နှစ်နာရီနီးပါးမျှ ဖြတ်ကျော်ပျံသန်းပြီးသောအခါ နောက်ဆုံးတော့ အရှိန်လျှော့ချ၍ ဆင်းသက်ရန် ဟန်ပြင်ကြတော့သည်၊ ဆင်းသက်ခါနီးတွင် ယူရှောင်မို အနောက်သို့ ပြန်လှည့်ကြည့်လိုက်သောအခါ မျက်စိတစ်ဆုံး သစ်တောစိမ်းကြီးများကိုသာ မြင်တွေ့လိုက်ရသဖြင့် အရှေ့ရှိ ဆင်းသက်ရမည့်နေရာသို့သာ ပြန်လှည့်ကြည့်လိုက်သည်၊ သို့သော်..

ယူရှောင်မို မျက်ရှိရှေ့ရှိ အစိမ်းပြင်ကြီးအား ကြောင်ကြည့်နေမိသည်၊ အရှေ့တွင်လည်း ထိုနည်းတူ သစ်တောစိမ်းကြီးသာရှိသည်၊ ထိုနေရာ၌ ကျောင်းခွဲတစ်၏အရိပ်အယောင်နှင့်တူသော တစ်စုံတစ်ခုမျှရှာမတွေ့ ။

ထိုအခါ သူ့ဘေးတွင်ထိုင်နေသော ထုံယွယ်ရွှီမှ ယူရှောင်မို နားမလည်နိုင်ဖြစ်နေသည်အား သတိထားမိသဖြင့် စတင်ရှင်းပြလေသည် ။

" ကျောင်းခွဲတစ်ဆိုတာ တောက်ရှင်းအကယ်ဒမီရဲ့နှလုံးသဲပွတ်ပဲလေ.. အဲ့ဒါကြောင့် အပြင်ဘက်မှာ စည်းအထပ်ထပ်ချထားရတာပေါ့.. အဲ့ဒါကြောင့် ငါတို့ကို ဦးဆောင်ခေါ်လာပေးမယ့် တစ်ယောက်ယောက်သာမရှိရင် ဘယ်လိုမှရှာတွေ့နိုင်မှာမဟုတ်ဘူး "

ဖန်ချီယွင်းကလည်း ဝင်ပြောလေသည် ။

" ကျောင်းခွဲတစ်ရဲ့လုံခြုံရေးက အရမ်းတင်းကြပ်တယ်လို့ တစ်နေရာမှာ ငါ ကြားဖူးခဲ့တယ်.. ကြည့်ရတာ ငါတို့အထဲရောက်သွားပြီးရင်လည်း ပြန်ထွက်ဖို့လွယ်မယ်မထင်ဘူး "

ထိုအခါ ယူရှောင်မို ပိုင်လီထျန်ယီအား သတိရလိုက်မိသည်၊ သူတောင်မှ တစ်လတစ်ခါ မှန်မှန် ထွက်လာနိုင်သေးသည်ပင်၊ ထို့ကြောင့် မည်မျှလုံခြုံရေးတင်းကြပ်သည်ဆိုဦး နည်းလမ်းတစ်ခုခုတော့ ရှိလိမ့်မည်ဖြစ်သည်၊ ထုံယွယ်ရွှီမှ ဆက်လက်ရှင်းပြလေသည် ။

" ကျောင်းခွဲတစ်ကစည်းမျဉ်းတွေက ကျောင်းခွဲနှစ်လောက်တောင် မရှုပ်ပါဘူး၊ သူတို့ဆီမှာ လစဉ်လတိုင်း အတော်ဆုံးကျောင်းသား အယောက်တစ်ရာစာရင်းကို ထုတ်ပြန်ပေးတယ်လေ၊ အဲ့ဒီထဲက ထိပ်ဆုံးအယောက်ငါးဆယ်က လတိုင်းအပြင်ထွက်ဖို့ အခွင့်အရေးရကြတယ်၊ ပြီးတော့လည်း အဲဒီစာရင်းကို လတစ်လရဲ့ ပထမဆုံးရက်တိုင်းမှာ အသစ်ပြောင်းလဲကြေ းညာပေးတယ်၊ အဲ့ဒါကြောင့် ထိပ်ဆုံးအယောက်ငါးဆယ်ထဲပါအောင် ကြိုးစားနေနိုင်သ၍ မင်းတို့ လတိုင်းအပြင်ထွက်ခွင့်ရမှာပဲ.. "

ယူရှောင်မိုမှ ပြောသည် ။

" အဲလိုဆိုတော့လည်း အရမ်းကြီးတော့မခက်ခဲပါဘူး "

သူ၏စကားအား ထုံယွယ်ရွှီမှ အသာအယာခေါင်းယမ်းလိုက်သည် ။

" အဲ့လိုတွေးရင်မှားသွားမှာပေါ့.. ကျောင်းခွဲတစ်မှာရှိတဲ့ ကျောင်းသားတိုင်းက ကျောင်းခွဲနှစ်မှာကျန်ခဲ့တဲ့ ကျောင်းသားတွေထက် အများကြီးကွာခြားတယ်လေ အဲ့ဒါကြောင့် ထိပ်ဆုံးအယောက်ငါးဆယ်မပြောနဲ့ အယောက်တစ်ရာထဲပါနိုင်ရင်တောင် တော်လွန်းနေပြီ "

" ဒါပေမယ့် ကျောင်းခွဲတစ်မှာရှိတဲ့ ကျောင်းသားအရေအတွက်က ကျောင်းခွဲနှစ်ထက်တော့ မများနိုင်ဘူးမလား "



ထုံယွယ်ရွှီ အသံထွက်၍ပင် ရယ်လိုက်မိသည် ။

" အဲဒါတော့ဘယ်လိုလုပ်ဖြစ်နိုင်မလဲ.. ဟုတ်ပါတယ် ကမ်ဘာပေါ်မှာပါရမီရှင်တွေမရှားပါဘူး ဒါပေမယ့်အဲလိုဆိုတိုင်းလဲ ပါရမီရှင်ဆိုတာ ဟိုနားဒီနားလမ်းဘေးနားမှာ အလွယ်တကူ တွေ့မြင်ရနိုင်တာမျိုးမဟုတ်ဘူးလေ၊ အဲဒါကြောင့် သူတို့အားလုံးကိုပါရမီရှင်တွေလို့တော့ သတ်မှတ်လို့မရနိုင်ပေမယ့်.. ထိပ်ဆုံးအယောက်တစ်ရာရဲ့အားပြိုင်မှု ဆိုတာကတော့ စိတ်ကူးကြည့်ရင်တောင် အရမ်းပြင်းထန်မှာမလွဲပဲ၊ တစ်နေ့တည်းတင် ချက်ချင်း အဆင့်တက်သွားပြီး ချက်ချင်း ပြန်ကန်ချခံလိုက်ရတာမျိုးတွေ ဆိုတာလည်း အများကြီးရှိတယ် "


ထိုစကားအားကြားပြီးသောအခါ ယူရှောင်မို လင်းရှောင်အား မော့ကြည့်၍ တီးတိုးကပ်ပြောလိုက်သည် ။

" ခင်ဗျားစွမ်းရည်နဲ့ဆို ထိပ်ဆုံးဆယ်ယောက်ထဲတော့ ဝင်နိုင်လောက်မှာပါနော် "

လင်းရှောင်၎င်းအားပြန်စိုက်ကြည့်ကာ လေသံအား အနူးညံ့ဆုံးထား၍ မေးလိုက်သည် ။

" ယူလေးကကိုယ့်စွမ်းရည်ကို မေးခွန်းလာထုတ်နေတာလား.. "



ဘာကြောင့်မှန်းမသိသော်လည်း ထိုစကားထဲတွင် ကွယ်ဝှက်ထားသော အဓိပ္ပါယ်တစ်စုံတစ်ရာ ပါဝင်နေကြောင်း ခံစားလိုက်မိ၏၊ ထို့ကြောင့် နောက်ဆုံးတွင် သူ၏သံသယအား လျစ်လျူရှုရန် ဆုံးဖြတ်လိုက်ကာ ခေါင်းကိုသာ တွင်တွင်ခါယမ်းလိုက်တော့သည်၊ ထို့နောက် လင်းရှောင်ဘက်သို့လှည့်ကာ ဘာမှမဖြစ်သလို ပြုံးပြလျက် ..

" မေးခွန်းထုတ်တာမဟုတ်ပါဘူး.. ကျွန်တော်ကဒီအတိုင်းလေးပဲစကားအဖြစ်ပြောလိုက်တာ.. အဲ့ဒါကို ခင်ဗျားပြန်ဖြေပေးစရာမလိုဘူး ဒီအတိုင်းထိုင်နားထောင်ပေးရုံပဲ "





လင်းရှောင် ကြည့်ရင်း အူယားလာသဖြင့် ယူရှောင်မို၏ ခါးသိမ်သိမ်ကလေးအား ဖျစ်ညှစ်လိုက်မိသည် ။



ယူရှောင်မို ရုတ်တရက်မို့ အသံထွက်မိတော့မလို ဖြစ်သွားသော်လည်း အနီး၌ ထုံယွယ်ရွှီနှင့် ဖန်ချီယွင်းတို့ရှိနေသည်ကို သတိရသွားသဖြင့် အံကြိတ်လိုက်ရသည် ။

ထုံယွယ်ရွှီနှင့် ဖန်ချီယွင်းတို့သည် ထိုနှစ်ယောက်၏ သာမန်မဟုတ်သော အပြုအမူများအား သတိထားမိခဲ့ကြပြီးဖြစ်သည်၊ ၎င်းတို့နှစ်ယောက်သည် ဘယ်လိုကြည့်ကြည့် သူငယ်ချင်းနှစ်ယောက်ကြား ပြောဆိုဆက်ဆံပုံနှင့် လုံးဝမတူပေ၊ သို့သော်လည်း နှစ်ယောက်စလုံးမှ မတိုင်ပင်ထားပါဘဲ ဘာမှမမြင်လိုက်မကြားလိုက်သလိုသာ ဟန်ဆောင်လိုက်ကြသည်၊ တစ်ယောက်ကမိုးပေါ်မော့လျက်..၊ နောက်တစ်ယောက်က အောက်ငုံကြည့်ကာ ဟိုရှာဒီရှာ ။

..... ......






ထိုစဉ် ဧရာမမီးငှက်မှ အချက်ပေးသည့်အနေဖြင့် တစ်ချက်ဟိန်းဟောက်လိုက်လေသည်၊ တစ်ချိန်တည်းမှာပင် အကြီးအကဲငါးမှ လေထုထဲသို့ အနက်ရောင် ကျောက်ပြားတစ်ခု ပစ်သွင်းလိုက်သည်အား လှမ်းမြင်လိုက်ရ၏၊ သို့သော် ထိုကျောက်ပြားမှာ အောက်သို့ပြုတ်ကျမသွားပဲ ရေပြင်ကျယ်ပေါ် စက္ကူရွက်လေး ပစ်ချလိုက်သည့်နှယ် နူးနူးညံ့ည့ံသာ သက်ဆင်းနစ်ဝင်သွားလေသည်၊ ယူရှောင်မိုတို့ ထိုဖြစ်ရပ်အား ထူးဆန်းအံ့သြစွာငေးကြည့်နေစဉ်မှာပင် မြစိမ်းရောင်ဂိတ်တံခါးပေါက်ကြီးတစ်ခု ၎င်းတို့မြင်ကွင်းရှေ့၌ ထွက်ပေါ်လာလေ၏ ။

ထိုဂိတ်တံခါးပေါက်သည် ငါးမီတာခန့်အမြင့်ရှိမည်ဟု ခန့်မှန်းရပြီး ဘယ်ဆီမှစ ဘယ်ဝယ်အဆုံးသတ်သည်ကိုတော့ ပကတိမျက်စိဖြင့် လိုက်ကြည့်၍ မမြင်ရပါချေ ။

ထို့နောက် အကြီအကဲငါးမှ ကျောင်းသားများဘက်သို့လှည့်ကာ သတိပေးသည် ။

" ကျောင်းသားအားလုံး အောက်ကိုရောက်ရင် လုံးဝလျှောက်သွားလို့မရပါဘူးနော် ကျွန်တော့်နောက်ကပဲလိုက်ခဲ့ရပါမယ်.. ရှေ့ဆက်သွားကြရအောင် "

ထိုသို့ပြောပြီးနောက် ဦးဆောင်ကာ ဝင်သွားလေ၏၊ ကျောင်သားအားလုံးလည်း ၎င်းနောက်မှ ထက်ကြပ်မကွာ လိုက်သွားကြသည်၊ ၎င်းတို့၏ မျက်ဝန်းများထဲ၌ စူးစမ်းလိုမှု အရိပ်အယောင်များ တွေ့မြင်နေရသော်လည်း အကြီးအကဲငါး၏ သတိပေးစကားကြောင့် မည်သူမှ ကိုယ့်သဘောနှင့်ကိုယ် လျှောက်မသွားရဲကြပေ၊ ကျောင်းသားအားလုံး မြေပြင်ပေါ်သို့ ဆင်းပြီးသောအခါ ကျန်ရှိနေသောအကြီးအကဲများသည် မီးငှက်များအား ဦးစီး၍ လာရာအရပ်သို့ ပြန်သွားကြလေသည် ။




ယူရှောင်မို အနောက်သို့ ပြန်လှည့်ကြည့်လိုက်မိသည်၊ ထိုအခါ ယခင်မျက်စိတစ်ဆုံး တောအုပ်ကြီးအစား သာယာလဲ့ပြောသော ကောင်းကင်တစ်ခုကိုသာ မြင်တွေ့လိုက်ရလေသည်၊ ထို့ကြောင့် သုခဘုံနယ်မြေကိုပင် သွားသတိရမိလိုက်သည် ။


လင်းရှောင်မှ သူ့အား သုခဘုံနယ်မြေအား ဖန်တီးပုံကို ပြောပြခဲ့ဖူးသည်၊  နယ်နိမိတ်နေရာတစ်ခုအား အစပြုသတ်မှတ်၍ ထိုနေရာမှစကာ ဝိဉာဉ်စွမ်းအား အမြောက်အများဖြင့် ခြံဝန်းတစ်ခုသဖွယ် ဝန်းရံဖွဲ့စည်းလိုက်သောအခါ ကမ်ဘာငယ်ရပ်ဝန်းတစ်ခုကဲ့သို့ ဖြစ်သွားပြီး သီးခြားနယ်မြေများ ဖြစ်ပေါ်လာရသည်ဟုဆိုသည်၊ ကျောင်းခွဲတစ်ကိုလည်း ထိုနည်းလမ်းဖြင့် ဖွဲ့စည်းတည်ဆောက်ခဲ့ပုံပေါ်သည် ။

သို့သော် နယ်မြေသည် အလွန်ကျယ်ဝန်းသဖြင့် ဧရိယာ မည်မျှကျယ်ဝန်းကြောင်းကိုတော့ မသိရှိရသေးပေ ။

သို့သော် ယူရှောင်မိုမှ ဤနယ်မြေသည် သေချာပေါက် သုခဘုံနယ်မြေထက် ပိုမိုကျယ်ဝန်းလိမ့်မည်ဖြစ်ကာ အဆပေါင်းများစွာပင် ပိုမိုကြီးမားနေလိမ့်ဦးမည်ဟုတော့ ခန့်မှန်းလိုက်မိသည် ။

ယူရှောင်မို တံတွေးမျိုချလိုက်ပြီးနောက် အရှေ့မှ ထွက်သွားသူများနောက်သို့ လိုက်သွားလိုက်သည်၊ နာရီဝက်ခန့် လမ်းလျှောက်ပြီးသောအခါမှသာ မိမိတို့မြင်ကွင်းရှေ့သို့ ရှည်လျားမြင့်မားသော အဆောက်အအုံများ တဖြည်းဖြည်း ထွက်ပေါ်လာလေသည် ။

သို့သော် ထိုအဆောက်အအုံများရှေ့၌ ဆယ်မီတာခန့် ကျယ်ဝန်းသော ထုံးကျောက်ရင်ပြင်တစ်ခုရှိနေပြီး ၎င်းအပေါ်၌ အနည်းငယ်မြင့်သော ကျောက်ဖျာငါးခု တန်းလျက် တည်ရှိလေသည်၊ ထို့အပြင် ၎င်းကျောက်ဖျာများအရှေ့၌လည်း ၎င်းတို့အား စူးစိုက်ရပ်ကြည့်နေကြသော လူတစ်စုအား တွေ့လိုက်ရလေ၏ ။

အကြီးအကဲငါးမှ ၎င်းတို့အရှေ့သို့ လျှောက်သွားလိုက်သောအခါ ခေါင်းဆောင်ဖြစ်ပုံရသော လူနှစ်ယောက် ချက်ချင်းထွက်လာပြီး လက်နှစ်ဖက်အား အရှေ့သို့ယှက်သန်း၍ နှုတ်ခွန်းဆက်လေ၏ ။

" အကြီးအကဲငါး မင်္ဂလာပါခင်ဗျ "

ဤတောက်ရှင်းအကယ်ဒမီ၌ ကျောင်းခွဲတစ်၌ဖြစ်စေ နှစ်၌ဖြစ်စေ သဘာပတိခုနစ်ယောက်မှလွဲ၍ ကျောင်းသားအားလုံးသည် အကြီးအကဲငါးအား တွေ့လျှင်တွေ့ချင်း အရိုအသေပြု နှုတ်ဆက်ကြရလေသည် ။

အကြီးအကဲငါးမှ အသိအမှတ်ပြုကြောင်း ခေါင်းငြိမ့်ပြလိုက်သည် ။

" ကျောင်းသားသစ်တွေအားလုံးလည်း ရောက်နေပါပြီ.. အဲ့ဒါဆို ကျွန်တော်တို့ စလိုက်ကြတော့မလား "


ထိုသို့ပြောပြီးသောအခါ ခေါင်းဆောင်နှစ်ယောက်ထဲမှတစ်ယောက် ကျောင်းသားသစ်များဘက်သို့ လှည့်လာ၍ အေးစက်သောလေသံဖြင့် ဆိုလေသည် ။

" ပထမဆုံးအနေနဲ့ ကျောင်းခွဲတစ်ကိုရောက်လာတဲ့အတွက် မင်းတို့အားလုံးကိုဂုဏ်ပြုပါတယ်၊ ဒီနေ့ကစပြီး ဒီနေရာဟာမင်းတို့နေကြရမယ့်နေရာပဲဖြစ်တယ်၊ ဒီနေရာရဲ့ စည်းမျဉ်းစည်းကမ်းတွေက ကျောင်းခွဲနှစ်ထက်ပိုတင်းကြပ်တာဖြစ်လို့ မင်းတို့မှာ စည်းကမ်းမလိုက်နာတတ်တဲ့ အကျင့်တွေရှိရင်တော့ ဒီနေရာမှာအပြီးတိုင်ထားခဲ့ကြရမှာပါ၊ အခုလောလောဆယ် ကျောင်းဝန်းထဲကိုမဝင်ခင် မင်းတို့အားလုံးဖြတ်ကျော်ရမယ့် စစ်ဆေးမှုတစ်ခုရှိနေပါသေးတယ်၊ ဒီစစ်ဆေးမှုကို လူတိုင်းမဖြစ်မနေ ဖြတ်ကျော်ရမှာဖြစ်ပေမယ့် အောင်မြင်သည်ဖြစ်စေ ကျရှုံးသည်ဖြစ်စေ မင်းတို့ ကျောင်းခွဲတစ်ကိုဝင်ခွင့်ရတယ် ဆိုတဲ့အချက်ကတော့ ပြောင်းလဲသွားမှာမဟုတ်ပါဘူး.. ခဏနေရင် အခုပြုလုပ်မယ့်စစ်ဆေးမှုမှာ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို အကျယ်ထပ်ရှင်းပြပေးသွားပါမယ် "

သူ၏စကားလုံးများသည် လူအုပ်အား အာမေဋိတ်သံများဖြင့် ပြည့်နှက်သွားစေခဲ့သည်၊ ကျောင်းခွဲတစ်သို့ ဝင်ခွင်ရခဲ့ပြီးသည့်တိုင်အောင် စစ်ဆေးမှုများ ထပ်မံကျော်ဖြတ်နေရလိမ့်ဦးမည်ဟု မည်သူမျှ ကြိုမတွေးမိခဲ့ကြ၊ ယခင်ကလည်း ဤကိစ္စနှင့်ပတ်သတ်၍ မည်သို့သော သတင်းစကားမှ မကြားခဲ့ဖူးကြပေ ။

ယူရှောင်မိုသည်လည်း အလွန်အမင်း အံ့သြသွားခဲ့သည်၊ ထို့ကြောင့် ဤကိစ္စအား သိနှင့်ပြီးသားဟု ယူဆရသော ထုံယွယ်ရွှီထံသို့ လှည့်ကြည့်လိုက်မိသည်၊ ၎င်းသည်လည်း ယူရှောင်မို၏မေးခွန်းအား သဘောပေါက်ပုံရကာ အနီးရှိလူတိုင်းထံသို့ရည်ရွယ်၍ သူသိသမျှအား ရှင်းပြပေးလေသည် ။

" သူပြောသွားတာမှန်ပါတယ်၊ နှစ်တိုင်း ကျောင်းခွဲတစ်ကိုဝင်ခွင့်ရတဲ့ကျောင်းသားတိုင်း ဒီစစ်ဆေးမှုကို မဖြစ်မနေဖြတ်ကျော်ကြရပါတယ်၊ စစ်ဆေးမှုရဲ့ရည်ရွယ်ချက်ကတော့ ကျောင်းသားသစ်တွေရဲ့ ထောင်လွှားနေတဲ့မာနတွေကိုချိုးနှိမ်ပေးဖို့ပါ၊ သူတို့ဟာ ကျောင်းခွဲနှစ်မှာ အတော်ဆုံးတွေဖြစ်ချင်ဖြစ်ခဲ့မယ် ဒါပေမယ့်အခုကျောင်းခွဲတစ်မှာတော့ ဘိတ်ချေးအဆင့်မှာပဲရှိသေးတယ် ဆိုတဲ့အချက်ကို ပြန်သတိပေးချင်တယ်လို့လည်း ယူဆလို့ရပါတယ်..၊ အဲဒါအပြင် ကျွန်တော်တို့ဘက်ကနေ လောင်းကြေးအဖြစ် ဆယ်မှတ်ကြိုပေးထားရပါတယ်၊ သူတို့ဘက်ကနိုင်ခဲ့ရင် ကျွန်တော်တို့ လောင်းကြေးရှုံးမှာဖြစ်ပြီး ကျွန်တော်တို့နိုင်ရင်တော့ အဲဒီဆယ်မှတ်ကို ပြန်ထုတ်သွားလို့ရပါတယ်  "



ယူရှောင်မိုမှ ထပ်မေးလိုက်သည် ။

" အဲ့ဒါဆို ဘယ်လိုဖြစ်ရင် အနိုင်ရတယ်လို့ သတ်မှတ်တာလဲ "

" ဒါကတော့လွယ်ပါတယ်၊ ကျောင်းခွဲတစ်ဘက်က ကျောင်းသားငါးယောက်ထွက်လာပါလိမ့်မယ် ငါတို့သာသူတို့နဲ့ပြိုင်တိုက်ပြီး တိုက်ကွက်ငါးကွက်စာအထိတောင့်ခံနိုင်ခဲ့ရင် စစ်ဆေးမှုအောင်မြင်တယ်လို့ သတ်မှတ်ပေးပါတယ်၊ မဟုတ်ရင်တော့ကျတယ်လို့သတ်မှတ်တာပေါ့၊ နှစ်တိုင်း အောင်မြင်ခဲ့တဲ့လူအရေအတွက်က အများဆုံး သုံးယောက်ထပ်တော့မပိုဖူးဘူး "


ယူရှောင်မို ထပ်မေးပြန်သည် ။

" အဲဒါဆိုတစ်ဖက်လူက ကျွန်တော်တို့ဆီမှာငါးကွက်ပြည့်အောင် မတောင့်ခံနိုင်ရင်ရော.. "

၎င်း၏မေးခွန်းအားကြားသော် ထုံယွယ်ရွှီ ဖြေဖို့ရာပင်တွန့်ဆုတ်သွားရသည်၊ ထို့ကြောင့် ယူရှောင်မိုဘေး ရပ်နေသော လင်းရှောင်မှ ဝင်ဖြေပေးလေသည် ။

" အဲဒါဆို အဲ့လူအောင်မှာပေါ့ "

" အဲဒါဆို ဒီစစ်ဆေးမှုကို တစ်ယောက်ယောက်နဲ့ တွဲပြီးပြိုင်လို့ရော ရနိုင်မလား "

လင်းရှောင်မှ ဆက်ဖြေပေးသည် ။

" ရတာပေါ့ "

ယူရှောင်မို အလွန်စိတ်လှုပ်ရှားသွားလေသည် ။

" ခင်ဗျားပြောတာ တကယ်လား  "

လင်းရှောင်မှ..

" ဘယ်ဟုတ်မလဲ "

ယူရှောင်မို " ... "

' ခင်ဗျားဘယ်လိုလုပ်သိတာလဲ' ဟု ဝမ်းသာအားရ မေးရန်ပြင်နေသောယူရှောင်မိုသည် သူ၏စကားလုံးများအား လည်ချောင်းထဲပင် နှစ်ပတ်လှည့်၍ ခက်ခက်ခဲခဲ ပြန်မျိုချလိုက်ရသည်၊ သူ၏ဦးနှောက်အတွင်း၌ ပြဿနာ တစ်စုံတစ်ရာရှိနေဟန်တူသည်၊ ထို့ကြောင့်သာ သူလင်းရှောင်၏စကားများအား အတည်ထင်ခဲ့မိခြင်း ။


ထုံယွယ်ရွှီ, ဖန်ချီယွင်း " ... .... "







အခြားတစ်ဖက်တွင် ကျောင်းသားသစ်များနှင့် စီနီယာများသည် ကျောက်ဖျာအသီးသီးပေါ်၌ ရပ်နေကြပြီးဖြစ်သည်၊ အကြီးအကဲကိုယ်တိုင် တန်းခွဲတစ်မှ ကျောင်းသားသစ်ငါးယောက်အား ကျပန်းရွေးချယ်ပေးလိုက်သော်လည်း ၎င်းတို့၏ အမူအယာများမှာ သိပ်မကောင်းလှ..၊ ပြိုင်ဘက်သည် သိပ်အင်အားကြီးလွန်းနေပြီး ၎င်းတို့ထံမှ တိုက်ကွက်ငါးကွက်အား တောင့်ခံရမည် ဆိုသည်မှာလည်း သိပ်ကို ခက်ခဲလွန်းသော စစ်ဆေးမှုဖြစ်သည်ပင် ။

မျှော်မှန်းထားသလိုပင် ကျောင်းသားသစ်ငါးယောက်စလုံး ကျရှုံးခဲ့သည်၊ တစ်ဖက်စီနီယာများမှာ အင်အား ကြီးလွန်းနေပြီး တိုက်ရည်ခိုက်ရည်အတွေ့အကြုံမှာလည်း ၎င်းတို့ထက်များစွာသာလွန်သဖြင့် အခြေအနေအကောင်းဆုံးဟုယူဆရသော ပထမဆုံးကျောင်းသားသစ်သည်ပင် တိုက်ကွက်သုံးကွက်အထိသာ တောင့်ခံနိုင်ခဲ့လေသည် ။

ထို့နောက် တန်းခွဲတစ်မှအဆင့်တစ်နှင့်နှစ်ကျောင်းသားတို့ပါဝင်သော အဖွဲ့ စင်မြင့်ပေါ်သို့ တက်သွားကြသည်၊ သို့သော် အဆင့်နှစ်ကျောင်းသားသည်ပင် လေးချီအထိသာတောင့်ခံနိုင်ခဲ့သဖြင့် ကျန်ကျောင်းသားသစ်များအားလုံးမှာ ပါးစပ်အဟောင်းသားဖြင့်သာ ငေးကြည့်နေကြရတော့၏ ။

ကျောင်းခွဲတစ်မှ စီနီယာများသည် အလွန်တော်ကာ အရည်အချင်းလည်း ပြည့်ဝကြသည်၊ ဝင်ပေါက်တွင် စစ်ဆေးရေးအတွက်တာဝန်ယူထားသော စီနီယာများပင် ဤမျှတော်ပါက အခြားစီနီယာများဆိုလျှင် တွေးဝံ့စရာပင်မရှိတော့ပေ၊ ထို့ကြောင့် ယခင်က မာနထောင်လွှားနေခဲ့သော ကျောင်းသားသစ်များသည် ယခုအခါ ၎င်းတို့၏ခေါင်းများအား မြေကြီးထိလုမတတ် ငိုက်စိုက်ချထားကြရပြီဖြစ်သည် ။

ထို့နောက် လင်းရှောင်၊ ယောင်ရွှမ်း၊ ချင်ကျန်းတို့အလှည့်သို့ ရောက်လာလေ၏၊ ၎င်းတို့ထွက်လာသည်နှင့် လူတိုင်း၏မျှော်လင့်ချက်မဲ့နေသော မျက်လုံးများလည်း အရောင်ပြန်တောက်လာကြသည် ။

လင်းရှောင်သည် ယခင် အရည်အချင်းစစ်ပြိုင်ပွဲအတွင်းက လူအများနှင့် ရင်ဆိုင်ခဲ့ရစဉ်ကပင်  အကျီအနားစကလေးတောင်မှ အထိအခိုက်မခံရပဲ ပြန်လည်ဖောက်ထွက်လာနိုင်ခဲ့သူဖြစ်သည်၊ ထို့ကြောင့် သူသာဆိုလျှင်တော့ တစ်ဖက်စီနီယာ၏ တိုက်ကွက်ငါးကွက်ခန့်အား တောင့်ခံနိုင်ကောင်းပေသည်ဟု အားလုံးကမျှော်လင့်ထားကြလေသည် ။

သို့သော် ကျောက်ဖျာများပေါ်၌ရပ်နေကြသော စီနီယာများသည် ကျောင်းသားသစ်တို့မျက်နှာထက်မှ မျှော်လင့်တကြီး စောင့်စားနေသော အမူအယာများအား သတိပြုမိသော်ငြား စိတ်ပူဟန်တစ်စက်မပြပဲ အေးအေးဆေးဆေးသာ  တုံ့ပြန်ကြကုန်လေ၏ ။

၎င်းတို့၏အမူအယာများမှာ ၎င်းတို့ဘက်မှသာ အနိုင်ရလိမ့်မည်ဟု ကျိန်းသေပေါက် သေချာနေကြသည့်ဟန်ပင် ။






# 3.7.2021

စာလုံးပေါင်း အမှားလေးများပါရင် အားမနာပဲ ထောက်ပြပေးကြပါဦးရှင် ❤

Continue Reading

You'll Also Like

88.2K 12.9K 61
'' အကောင်ပေါက်လေး ဒီကိုလာ ပြီးတော့ မင်းရဲ့ချစ်စရာ ကောင်းမှု တွေကို ပြသ ပေး!'' English title ' Little orc comes hear , show off your cuteness! '' Titl...
1.6M 198K 160
အမျိုးသားကိုယ်ဝန်ဆောင် "ကော"များပါဝင်သည်။ အမ်ိဳးသားကိုယ္ဝန္ေဆာင္ "ေကာ"မ်ားပါဝင္သည္။
409K 8.9K 36
လြတ္လပ္ျခင္း💕ကညႇာပ်ိဳ လွတ်လပ်ခြင်း💕ကညှာပျို "ငါ့နာမည်အတိုင်းငါ့ဘဝကလွတ်လပ်ခြင်းရဲ့ အတိတ်နိမိတ်..''ဟုပြောတတ်သူ.. ဘယ်အချိန်ကြည့်ကြည့်ချောမောခန့်ညားလွန...