ဒီနေ့ အစီအစဥ်ကတော့ အင်တာဗျူးဖြေရန် တစ်ခုသာ။ မနက်ဖြန်ကစပြီး ဇာတ်လမ်းတွဲကို ရိုက်ကူးမှာ ဖြစ်တဲ့အတွက် ပရိသတ်တွေကို နှစ်ယောက်အတူတူ တွဲမြင်စေရန် အင်တာဗျူးတွေ
ပတ်ဖြေနေရခြင်းပင်။
ဝန်း တို့ရဲ့ ဇာတ်လမ်းတွဲကို ထုတ်လွှင့်ပြသမယ့် ရုပ်သံ ရဲ့ Live Show တစ်ခုကနေ ဝန်း နဲ့ သစ်ခက်လွှားနှစ်ယောက်ကို အင်တာဗျူးဖို့ ဖိတ်ကြားထားတာကြောင့် နောက်လည်း ချောင်းပေါက်မတတ်လာရမည့် နေရာကို ဒီနေ့လည်း ဝန်း ရောက်လာပြန်သည်။
" ကိုကို "
နားနေခန်းထဲ ဝင်လိုက်တာနဲ့ ဝီရိယကြီးတဲ့ မင်းသားက သူ့ကို လှမ်းနှုတ်ဆက်သည်။
" ဟီး "
သူ့ကို ကြည့်ပြီး ပြုံးပြလိုက်တော့ ဟီးခနဲ ပြန်ရယ်ပြသည်။ သူ့အရှေ့က ခုံမှာ ကိုယ်ဝင်ထိုင်ပြီးတဲ့ အထိတိုင် သူ့အကြည့်တွေက ကိုယ့်ဆီကမခွာသေးတာမို့ ဝန်း ကပင် အလိုက်တသိ စကားစလိုက်သည်။
" ရောက်နေတာ ကြာပြီလား "
" 7 နာရီ လောက်က အိမ်မှာ ပျင်းလို့ "
အင်တာဗျူး အချိန်က 10 နာရီမှ စမှာကို သူက 7 နာရီထဲက ရောက်နေတယ်တဲ့လား။ အခု 9 နာရီခွဲဆိုတော့ ရောက်နေတာ 2 နာရီ ခွဲလောက်ရှိရောပေါ့။ ဘယ်လောက်ပဲ ပျင်းပါစေဦး အိမ်မှာ အိပ်နေတာက ပိုကောင်းတယ်မဟုတ်လား။ ဘာလို့ ဒီလိုအစောကြီး။
" ဒီမှာက မပျင်းဘူးလား "
" ပျင်းတယ် ဟီး "
သေချာပေါက်ပဲပေါ့။ ဘာလုပ်လို့ ဘာကိုင်ရမလဲ မသိဘဲ တစ်ယောက်ထဲ ဖြစ်နေရှာမှာပေါ့လေ။ သနားလည်း သနားပါတယ် သူ့ခမျာ အစိမ်းသက်သက်မြေမှာ နေထိုင်ရတာ ဘယ်လွယ်ကူပါ့မလဲ။
" ကိုကို့ ဖုန်းနံပါတ် ပေးလေ လွှား ပျင်းရင် ဆက်မို့ "
" ကိုယ်က လွှားရဲ့ အပျင်းပြေကစားစရာလား "
" အ... အာ... ဟီး ... လွှား ရဲ့ ပါတနာလေ လွှား က ဒီမှာ သိတဲ့သူအများကြီးမရှိဘူး မပေးချင်ဘူးလား "
" ရပါတယ် "
ကိုယ်က ဘာမှမပြောရသေး မျက်နှာငယ်လေး လုပ်ကာ လူကို လူမှုရေးမသိတတ်တဲ့ လူဖြစ်အောင် လုပ်နေသည်။
" မပေးချင်ဘူးလို့ မပြောမိပါဘူးနော် "
" ဒါဆို ပေးချင်တယ်ပေါ့ "
" လွှား တောင်းလို့ ပေးတာ "
ကိုကိုက လေ ပေးတာပဲကို လွှား တောင်းလို့ဆိုတာက မရ ရအောင် ထဲ့ပြောသေးတာ။
" ကိုကို တူတူကြည့်မလား "
ဘေးနား ဝှီးခနဲ ရောက်လာပြီး မျက်နှာရှေ့မှာ သူ့ဖုန်းက ရောက်လာသည်။ တိုက်တိုက်ဆိုင်ဆိုင် သူကြည့်နေတာက အစ်ကို့ရဲ့ vlog ။
" ဒီအစ်ကိုက အပင်တွေ အကြောင်း အများကြီးသိတယ် အရမ်း တော်တယ်မလား "
ဝန်း ဂုဏ်ယူစွာ ပြုံးကာ ခေါင်းငြိမ့်လိုက်သည်။ ဒါပေါ့ အစ်ကိုက သူ့အလုပ်မှာ ဘယ်လောက် အရည်အချင်းပြည့်ဝလိုက်သလဲ။ ဒါပဲလားဆိုတော့ စိတ်ထားလည်း ပြည့်ဝသေးတယ် ။ အများကြီးလည်း နားလည်ပေးနိုင်တယ်။ အစ်ကို့ဆီမှာ သင်ယူစရာတွေ အတုယူစရာတွေလည်း အများကြီး။
" လွှား ဖေဖေက ဒီအစ်ကိုရဲ့ Fan အကြီးစားပဲ လွှားဖေဖေ ကြည့်တဲ့ channelမို့ လွှား ပါ လိုက်ကြည့်ပေးတာ "
အော် သူကြိုက်လို့ မဟုတ်ဘဲ သူ့ဖေဖေကြောင့်ကြည့်တယ်ပေါ့လေ။ အဟင်း တကယ့်ကောင်လေး ။
" ဖေဖေက အပင်တွေကို အရမ်းချစ်တာ သိလား "
ဘယ်သိမှာတုန်း သူ့ဖေဖေကို မြင်တောင်မှ မမြင်ဖူးတဲ့ဟာကို။ မျက်လုံးလေး ပြူးပြူးပြီး ပြောပြနေတာလေးက ကလေးလေးတွေလို။
" ဟုတ်လား "
" ဟုတ်တယ် ဖေကြီး နဲ့ လွှား က အလုပ်ကိုယ်စီနဲ့ ဆိုတော့ အိမ်မှာ သိပ်မရှိဘူး ဖေဖေက အိမ်မှာ တစ်ယောက်ထဲ ကျန်ကျန်ခဲ့တာ သနားပါတယ်နော် "
သူ့ဖေဖေအကြောင်း ပြောတော့
မျက်နှာလေးက ချက်ချင်းညိုးငယ်သွားသည်။သူ့မိသားစုကို လွမ်းနေရှာမှာပေါ့လေ။
" ဖေဖေ့ခမျာ အပင်လေးတွေ စိုက်ပြီး ပျင်းတိုင်း အပင်လေးတွေ နဲ့ စကားပြောပြီး နေရှာတာ... "
အဖျားခတ်အသံလေးက တုန်ခါသွားပြီး ဝမ်းနည်းမှုတွေကို သူစိမ်းရှေ့မှာ မဖော်ပြချင်လို့ ထိန်းချုပ်ထားဟန်။
" ဖေဖေ့ ကို လွမ်းတယ် အိမ်ပြန်ချင်တယ် "
တုန်ရီနေတဲ့ နှုတ်ခမ်းပါးလေးကိုမြင်တော့ လွှားကို သနားလာသည်။ ဝန်း က မိဘတွေနဲ့ ဝေးနေပေမယ့် မိဘတွေကို သံယောဇဥ်မရှိတာကြောင့် အေးဆေးနေနိုင်သည်။ တစ်ယောက်ထဲ နေရတာ နေသားကျနေသလို ဝန်းမှာက အစ်ကို ရှိ သည်။ ဒီကောင်လေးမှာက အားကိုးစရာ မရှိတော့ သိမ်ငယ်နေမှာ။
" အာ အမ်း လွှား ဖေဖေ က ပျော်နေမှာပါ အပင်ချစ်တဲ့သူတွေက အပင်တွေကို မြင်ရတာနဲ့ တင်ပျော်နေတာ လွှားဖေကြီးနဲ့ အတူတူရှိနေတာမို့ အဆင်ပြေမှာပါ လွှား လည်း နေ့တိုင်းဖုန်းဆက်တယ်မလား အလုပ်တွေပြီးသွားရင် တွေ့ရမှာလေ မငိုပါနဲ့ "
တစ်ယောက်ထဲ ဖြစ်နေတဲ့ကလေးကို အဖော်ပြုပေးချင်သည်။ ပျော်စေချင်သည်။ သနားလို့ သနားတာကြောင့် ။ ညီလေး တစ်ယောက်လို စောင့်ရှောက်ပေးချင်တာ။
" လွှားက ဖေဖေ့ကို အခုတွေ့ချင်တာ "
" နောက်တော့ တွေ့ရမှာပေါ့ "
" အခုတွေ့ချင်တာပါဆို "
ဘေးနားက ထသွားပြီး တခြားနေရာမှာ နှုတ်ခမ်းကြီး ဆူကာ သွားထိုင်လေရဲ့။ ဘာတုန်းဟ သူပြောသမျှ နားထောင်ပေးရသေးတယ် လူကို လာဆိုးနေတယ်။ စေတနာတွေကို မမြင်ဘူး။
" အပင်ချစ်တဲ့သူတွေကလေ မျက်နှာလေးက အေးချမ်းလိုက်တာ အေးချမ်းလို့ ပြောတာ ဟုတ်တယ်နော် "
ငါး မိနစ်လောက်ကြာတော့ အနားပြန်ရောက်လာပြီး လူကို စကားတွေ လာပြောနေပြန်သည်။ ဒီကောင်လေးကို တကယ် နားမလည်တော့ဘူး။
" အင်း "
ဒီကလည်း အယောင်ယောင်အနန သူပြောသမျှ ခေါင်းငြိမ့်မိပြန်သည်။
" ဖေဖေမျက်နှာလေးဆိုလေ မြင်လိုက်တာနဲ့ ရင်ထဲ အေးသွားတာ ဒီအစ်ကို့မျက်နှာလေးလည်း အဲ့လိုပဲ လွှား သဘောကျတယ် "
" ဘာကိုလဲ "
" ဒီအစ်ကို ကိုလေ "
" မကျရပါဘူး "
ဝန်း ချက်ချင်းပင် ခေါင်းရမ်းလိုက်သည်။ ဘယ်လို သဘောကျခြင်း မျိုးလည်းဆိုတာ မတွေးတောနိုင်တော့။
အစ်ကို့ကို သဘောမကျရဘူး။
" ဟင် ဘာလို့လဲ ကျတယ် "
သစ်ခက်လွှား ဆိုသည်မှာလည်း ဟုတ်ရင်ဟုတ်လိုက်ရမှ။ မဟုတ်ရင် မဟုတ်ကြောင်း ပြောလိုက်ရမှ ကျေနပ်တဲ့ လူ။
" မကျရဘူး "
မျက်နှာထားတည်တည်ကြီးနဲ့ ပြောလာတဲ့ ကိုကို့ကြောင့် စစချင်း လွှား ကြောင်သွားပေမယ့် နောက်မှ သဘောပေါက်စွာ လွှား ရယ်လိုက်သည်။
" ဟီး ဘာလဲ ကိုကိုက သဝန်တိုတာလား "
သဝန်တိုတာ? သူသိနေတာလား ။ ငါ နဲ့ အစ်ကို အကြောင်းကို ။
" ဘာ ဘာ လဲ "
စကားတွေတောင် ထစ်ကုန်ပြီ။ သေချာနေပါပြီ ကိုကိုက သဝန်တိုနေတာပဲ ဟားဟား။
" စိတ်ချပါ လွှား က ကိုကို့ကိုပဲ သဘောအကျဆုံး "
အရမ်းလည်း မရင်းနှီးပါဘဲနဲ့ ကိုယ့်ပါးနှစ်ဖက်ကို လာဆွဲကာ သွားလေးတွေ ပေါ်တဲ့အထိ ရယ်ပြီး ပြောလာသည်။
သူထင်ချင်တာတွေ ထင်နေတာကိုး။
" မဟုတ် "
" ချိန်း နဲ့ လွှားရေ စတော့မယ်တဲ့ "
အင်း ရှင်းပြရင်က ပိုလွဲဦးမယ် ။ လွဲတော့ လွဲနေပေမယ့် လွဲပါစေတော့လေ။
/
" Meaning of Love " ဆိုတဲ့ ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ကြမယ့် အဓိက ဇာတ်ဆောင်နှစ်ယောက်ရဲ့အင်တာဗျူးက အခုချိန်မှာတော့ popular now ထဲ ဝင်နေသည်။
" မင်္ဂလာပါ နေ့သစ်လွင် နေရာမှာ သရုပ်ဆောင် မယ့် ချိန်း ပါ "
" အားလုံးပဲ မင်္ဂလာပါခဗျ
ကျွန်တော့်နာမည် သစ်ခက်လွှား ပါ
" ရက်မြတ်ချိန်ခါ " နေရာကနေ သရုပ်ဆောင်မှာပါ ခဗျ "
မတူညီတဲ့ နှစ်ယောက် တစ်ယောက်က ခပ်တည်တည် တစ်ယောက်က သွက်သွက်ပြုံး ။တစ်ယောက်ချင်း မိတ်ဆက်ပေးပြီးသည်နှင့် အမေး အဖြေကဏ္ဍကို စတင်တော့သည်။ သူတို့တွေ သိပ်မေးချင်နေကြပြီလေ။
" နှစ်ယောက်က အခုမှ စတွေ့ဖူးကြတာလား "
" ဟုတ် ဒါပေမယ့် လွှား နဲ့ ကိုကိုက အရမ်း ရင်းနှီးနေကြပြီ ဟုတ်တယ်နော် ကိုကို "
သူ့ဟာသူ မဖြေဘူး လူကိုက အဖော်ညှိနေသေးတာ။
ခနကမှ ဖုန်းနံပါတ်လဲတဲ့ အဆင့်ကို အရမ်းရင်းနှီးနေကြပြီတဲ့။ ဝန်း ဘက်ကတော့ သူ့ကို အရမ်းမရင်းနှီးသေးပါဘူး။
" ချိန်း ကရော "
" အခုမှ သိတာ "
ဝန်း ရဲ့ ခပ်ပြတ်ပြတ် အဖြေကြောင့် လွှား ကိုကို့ကို ကြည့်ကာ မျက်နှာရှုံ့မဲ့ပြလိုက်သည်။ ဒါပေမယ့် ကိုကိုက မမြင်သလိုပင်။
" ဒါနဲ့ နှစ်ယောက်သား တကယ် လိုက်ဖက်ကြတယ် နော် "
စူးစမ်းမေးမြန်းတွေကလည်း သူတို့လိုရာကို မရောက်ရောက်အောင် ဆွဲယူကြသည်။
" နှစ်ယောက်ရဲ့ moment လေးတွေကို အများကြီး မြင်တွေ့ချင်နေပြီ "
" မြန်မြန်ရောက်လာတော့မှာဗျ မျှော်ပေးကြပါဦးဗျ "
အမယ် အဟုတ်ကို ဖြေနေတာဗျ။ ဝန်းက နဂိုထဲက အင်တာဗျူးဖြေရတာ မကြိုက်သူမို့ ရေငုံနှုတ်ပိတ်နေနေသော်လည်း ဘေးက မင်းသားက မေးသမျှကို ဖြေနေလိုက်တာများ တဟီးဟီးနဲ့။
" နှစ်ယောက်လုံးက single တွေလား "
ဒီမေးခွန်းကို အင်တာဗျူးတိုင်းမှာ အမေးခံရတာမို့ မီဒီယာတွေကို ရှောင်ခဲ့တာကြာပြီ။ လူတွေက သိပ်စပ်စုသည်။အနုပညာရှင်ကို အနုပညာနဲ့ ပတ်သက်တာမမေးဘဲ ကိုယ်ရေးကိုယ်တာတွေပါ မေးတယ်။
အကုန်လုံးက ဒီမေးခွန်းကို စိတ်ဝင်စားကြပြီး အဖြေကိုသိချင်ကြသည်။ မေးခွန်းအဆုံးမှာ အကုန်လုံးရဲ့ အမြင်အာရုံ အကြားအာရုံတွေက အရင်ဆုံး ဝန်းဆီမှာ။
အားနာသည်။ အစ်ကို့ကို အားနာသည်။ ဒီ Live ကို ကြည့်နေမယ့် အစ်ကို့ ကို အားနာသည်။ ငါက အဆင်ပြေပါတယ်ဆိုပြီး ပြုံးနေမယ့် အစ်ကို့ကို အားနာတယ်။
ဝန်းခေါင်းငုံ့ချလိုက်ကာ ခေါင်းကို ဖြည်းညှင်းစွာ ငြိမ့်ပြလိုက်သည်။
ထိုအခါမှ အကုန်လုံးက ဝမ်းသာအားရ ပျော်ကြသည်။ ခေါင်းမော့ပြီး မပြောရဲတဲ့ သတ္တိကြောင်တဲ့ ဝန်း ၊ ကိုယ့်ရည်းစားကို ချမပြနိုင်တဲ့ အသုံးမကျတဲ့ ဝန်း ကလွဲလို့ပေါ့ ။ အစ်ကိုရော...။
" မရှိဘူးလေ လွှားက ကလေးလေးကို "
ဘေးနားက ထွက်လာတဲ့ အသံလေးကြောင့် အကုန်လုံးက သဘောကျစွာ ရယ်ကျသည်။ ချစ်စရာကောင်းအောင် ဖြေတတ်တဲ့ ကလေးကို ဝန်း အားကျသည်။ အပူအပင်ကင်းကင်း နဲ့ စိတ်ရှင်းတဲ့ ကောင်လေးက အမြဲတမ်း ပြုံးပြုံး ရယ်ရယ် ။
" အမလေး သေပါပြီ ချစ်လိုက်တာဟယ် "
" ချိန်း နဲ့ လွှားက အရမ်းလိုက်တာပဲ တစ်ယောက်က တည်တည်ကြည်ကြည် တစ်ယောက်က cute type လေး "
" ဟုတ်ပ တကယ်တွဲကြပါစေ ဟီး "
Customer ကောင်မလေး သုံးယောက်ရဲ့ အသံက မကြားချင်ဘဲ ကြားနေရပြန်သည်။ ဖွင့်ထားတဲ့ TV ကို ချက်ချင်း ပိတ်လိုက်တော့ ထိုကောင်မလေးတွေက ဟင်ခနဲ ဖြစ်သွားကာ ရန်းကို လှည့်ကြည့်လာသည်။ အစကတည်းက TV မဖွင့်ထားခဲ့သင့်ဘူး။ ဖြစ်နိုင်ရင် သူတို့ကိုလည်း ပြန်စေချင်ပြီ ။ သူတို့က ဝန်း နဲ့ ဟိုကောင်လေးကို သဘောကျ ကြတယ်။ ဝန်း နဲ့ ဟိုကောင်လေးကို အကုန်လုံးက တွဲမြင်နေကြပြီ။ လိုက်ဖက်တဲ့ အတွဲ ဆိုပြီး အကုန်လုံးက သတ်မှတ်နေကြပြီ။ အကုန်လုံး ဝန်း နဲ့ ဟိုကောင်လေးကို အကုန်လုံးက ။
/
အစ်ကို့ရဲ့ ရှင်သန်ခြင်း လေးဆီကို ရောက်တော့ Closed ဆိုတဲ့ ဆိုင်းဘုတ်လေးက ချိတ်ဆွဲထားလေပြီ။ တံခါးရှေ့မှာ အတန်ကြာရပ်ပြီး မှ ပြန်ရန် ဆုံးဖြတ်လိုက်တဲ့အချိန် လေပြင်းတစ်ချက်ရဲ့ ကျီစယ်မှုကြောင့် တံခါးလေးက အနည်းငယ်ဖွင့်ဟသွားသည်။
" ကျစ်! တံခါးကို မပိတ်ထားဘူး "
အထဲဝင်လိုက်တော့ လှုပ်ခတ်သွားတဲ့ ဆည်းလည်းအသံက ပိုင်ရှင်ကို လူဝင်လာကြောင်း အသိပေးနေသည်။သို့ပေမယ့် ပိုင်ရှင်က သိပုံမပေါ် အိမ်ငယ်လေးက မှောင်မဲကာ တိတ်ဆိတ်လို့ပင်။
အပြင်မှာ မိုးဖွားဖွားလေးကျနေတာကို လမ်းမီးတိုင်တွေရဲ့ အလင်းဖျော့ဖျော့လေးတွေက ပြောပြနေသည်။ အခန်းမှောင်မှောင်လေးကို ဝေ့ကြည့်လိုက်တော့ အပြင်လောကကြီးကို မှန်ဘောင်တွေကာရံထားတဲ့ ထောင့်လေးတစ်နေရာကနေ ငေးမောနေတဲ့ အစ်ကို့ကို ရှာဖွေတွေ့ရှိသည်။ ဆွယ်တာအဖြူရောင်လေးနဲ့ မိုးဖွဲလေးတွေကို ငေးမောနေတဲ့ အစ်ကိုဟာ လွှား ပြောသလိုပင် အေးချမ်းလွန်းနေသည်။ ရင်ထဲမှာရော အေးချမ်းနေရင် သိပ်ကောင်းမယ်။ ဘာတွေ တွေးတောနေသလဲမသိ ဝန်း ရောက်လာတာကိုပင် အစ်ကိုက သတိမမူနိုင် ။ကျောပေးထားတဲ့ အစ်ကို့ထံ ခြေသံလုံလုံနဲ့ ဝန်းလျှောက်သွားလိုက်ပြီး
အနောက်ကနေ အစ်ကို့ခါးကို ဖက်တွယ်ကာ နားထင်စပ်လေးကို အနမ်းဖွဖွပေးမိသည်။
" နောက်ကျနေပြီကို လာနေသေးတယ် "
ဝန်းရောက်လာမည်ကို သိတဲ့အလား အံ့သြတုန်လှုပ်ခြင်းမရှိဘဲ အပြင်ကိုငေးလျက် ပြုံးကာ ပြောသည်။
" နှုတ်ခမ်းပေး "
" အင့် "
နှုတ်ခမ်းလေးကို တောင်းဆိုတော့ ဝန်းဘက်ကို စောင်းငဲ့ကာ နှုတ်ခမ်းလေးကို ထော်ပေးတဲ့ ချစ်ရသူကြောင့် အရည်ပျော်ရပြန်သည်။
အကောင်းဆုံး နဲ့ အချိုမြိန်ဆုံး လက်ဆောင်တွေသာ ပေးချင်ခဲ့တဲ့ ဝန်းက အခုလည်း အစ်ကို့နှုတ်ခမ်းပါးထက် အနမ်းချိုချိုလေးတွေကို လှလှလည်း ပုံဖော်ပေးတော့ မျက်လုံးမှိတ်ကာ ကြည်ကြည်နူးနူး ခံယူနေသည်။
" ချစ်တယ် "
" အင်း သိတယ် ငါလည်း ချစ်တယ် "
အစ်ကို့ခါးထက်က လက်တွေက ပိုတင်းကြပ်လိုက်ပြီး အစ်ကို့ပခုံးထက်မှာ ဝန်း မေးဖျားလေးကို နားခိုခွင့်တောင်းကာ အပြင်က မိုးဖွားလေးတွေကို ချစ်ရသူအစ်ကိုနဲ့ အတူ ခံစားကြည့်သည်။ မနှစ်သက်ခဲ့တဲ့ မိုးက အစ်ကိုနဲ့ အတူကြည့်ကာမှ လှနေပြန်သည်။
" တံခါးမပိတ်ထားဘူး "
" အင်း မင်းကို မျှော်နေတာ "
" တံခါးပိတ်ပြီး စောင့်မှပေါ့ ကျွန်တော်လာတော့ ဖုန်းဆက်မှာပေါ့ "
" မဆူနဲ့ "
ဝန်းဘက်ကို မျက်နှာချင်းဆိုင်လှည့်လာပြီး သူ့ကိုပြောတာ မကြိုက်ဘူးဆိုတဲ့ လေသံနဲ့ မျက်မှောင်ကြီးကြုတ်ကာ နှုတ်ခမ်းက ဆူချင်နေသည်။ စိတ်ပူလို့ ပြောနေတာကို သူ့စိတ်ကြီးပဲ။ သူပဲ ဝန်းကို ဆူချင်ပြောချင်တာ ဝန်း ပြောရင်က မကြိုက်။
မဖြုတ်ရသေးတဲ့ လက်တွေက အစ်ကိုနဲ့ ဝန်းနဲ့ ပိုနီးကပ်စေရန် ခန္ဓာကိုယ်ချင်း ထိမတတ် ဆွဲကပ်လိုက်သည်။
" ဘယ်မှာ ဆူနေလို့လဲ ပြောပြတာလေ အစ်ကိုရဲ့ "
" မသိဘူး "
ကြည့် နည်းနည်းလေးမှတောင် နားမထောင်ပေးဘူး။ ထပ်မပြောတော့နဲ့ သူမကြားချင်တော့ဘူးဆိုတဲ့ သဘောနဲ့
ဝန်းကို ပြန်ဖက်တွယ်ကာ ဝန်း ပခုံးပေါ်မှာ မျက်နှာလာဝှက်သည်။
" မသိလို့ မရဘူး သူစိမ်းတွေ ဝင်လာရင် ဘယ်လိုလုပ်မလဲ "
" မောင်းထုတ်လိုက်မှာ "
တကယ်ကို ပေါ့ပြက်ပြက်တွေ ပြန်ပြောနေတဲ့ အစ်ကို။ ဝန်း ရဲ့ လည်တိုင်မှာ အစ်ကို့ ဝင်လေထွက်လေ ပြေပြေလေးက ရိုက်ခတ်နေသည်။
" စကားကို လွယ်လွယ်မပြောရဘူး အစ်ကို "
" ငါက ယောကျာ်းပါကွ "
" ဘယ်သူကမသိလို့လဲ ခေတ်ကြီးက ကောင်းနေတာမဟုတ်ဘူး ယောကျာ်းမိန်းမတွေ ပြောလို့မရဘူး "
" မဆူနဲ့လို့ ! "
" အ "
ပခုံးထက်က ဆစ်ခနဲ နာကျင်မှုဝေဒနာကို ဝန်း ခံစားလိုက်ရသည်။
" ခွေးပေါက်လေးလား အစ်ကိုက ဟင် "
" နာသွားလား "
ကိုက် တုန်းကတော့ အားနဲ့ ကိုက်ချလိုက်ပြီး သွေးစို့ခါမှ တဖူးဖူး မှုတ်ရင်း မေးနေပြန်သည်။ မျက်နှာကလည်း ပတ်ဝန်းကျင်နဲ့ အပြိုင် မိုးပြိုကာနီး လုလု။
ပခုံးက သွေးစို့နေပါစေ အစ်ကို့သွားရာလေးကို မြတ်နိုးတာကြောင့် နာတာ မနာတာက အရေးမဟုတ်။ပြောနေတဲ့စကားရဲ့ လိုရင်းကို ရောက်အောင်သွားဖို့က အဓိက ။
" မနာဘူး နောက်တစ်ခါ ဆိုရင် ဆိုင်ပိတ်ချိန်ရောက်တာနဲ့ တံခါးကို သေချာပိတ် ကျွန်တော်လာရင် ဖုန်းဆက်မယ် "
အစ်ကို့မေးဖျားလေးကို ပင့်လိုက်ပြီး အကြည့်ချင်းဆုံစေကာ ပြောတော့ ခေါင်းတငြိမ့်ငြိမ့်နဲ့ လက်သန်းသွယ်သွယ်လေးကို ထောင်ပြလာသည်။
" အင်း ကတိ "
ဝန်း ကို ကိုက်ပြီးကာမှ နောင်တရပြီး စကားနားထောင်တဲ့ ဂျစ်တူး။ တစ်ခါတလေ ဂျစ်တာမို့ အပြစ်မမြင်ရက်။
မတ်တပ်ရပ်လျက်ဖြင့် မျက်နှာချင်းဆိုင် အနေအထားမှာ တစ်ယောက်ကို တစ်ယောက်ဖက်တွယ်ထားရင်း မျက်ဝန်းချင်းဆုံကာ ကြည့်နေသည့် အခြေအနေ။ မှောင်မဲနေသော်လည်း
အစ်ကို့မျက်ဝန်းရောင် တလက်လက်လဲ့ကာနေသည်ကို ဝန်း မြင်နေရသည်။
" ကျွန်တော်က စိတ်ပူလို့လေ အပြစ်ပြောနေတာမဟုတ်ဘူးဆိုတာ အစ်ကို သိတယ်မလား "
အစ်ကို့ဆံပင်လေးတွေထဲ လက်ထိုးထည့်ကာ ပွတ်သပ်ပေးရင် ပြောနေတုန်းမှာပင် ခေါင်းကို ရမ်းပြသည်။
" မသိဘူး "
တမင်သက်သက် ဝန်း ကို စိတ်ပေါက်အောင် စ နေတာ။
" မသိဘူးလားကွာ "
တကယ်လည်း စိတ်ကပေါက်လာပြီမို့ အစ်ကို့လည်တိုင်ကို ခပ်ပြင်းပြင်း တစ်ချက် စုပ်ယူလိုက်သည်။
" အား ဝန်းငယ် မလုပ်နဲ့လို့ ဖယ်ကွာ "
အရာထင်မှာ ကြောက်တဲ့ အစ်ကိုက ဝန်း ရဲ့ ခေါင်းကို အတင်းဖယ်ကာ ရုန်းနေသည်။
" သိပြီလား "
" မသိဘူး "
အရာထင်အောင် အကြင်နာပေးပြီးကာမှ လွှတ်ပေးပြီး မေးပြန်တော့ ဂျစ်တူးလေးက မကြောက်မရွံ့ လူကို စိန်ခေါ်နေတုန်း ။ ဒီလောက် ဂျစ်တစ်နေတဲ့ ကောင်လေး တွေ့ကြသေးတာပေါ့ကွာ။
" အ ဟားဟား သိပြီ သိပြီလို့ "
အရာထင်ပြီးသား နေရာပေါ် ထပ်ပြီး အကြင်နာပေးတော့ ကလိထိုးတယ်များ အောက်မေ့နေရောလား မသိ တဟားဟားရယ်နေသည်။
" ပြွတ်စ် "
အကြင်နာပေးခြင်းကို အဆုံးသတ်လိုက်ပြီး အစ်ကို့လည်တိုင်က နီရဲရဲ အရာလေးကို ကြည့်ကာ ပြုံးလိုက်သည်။ အစ်ကိုက ကျွန်တော့်အပိုင်။
" ကျေနပ်ပြီလား "
သူပေးထားတဲ့ အမှတ်အသား နီနီကို ကြည့်ကာ ပြုံးနေတဲ့ ကောင်လေးကို မေးတော့ ရန်း နှာခေါင်းထိပ်လေးကို ဖွဖွ လာကိုက်ပြန်သည်။ကိုယ့်အပြစ်နဲ့ ကိုယ်မလို့ ကိုယ်တော်ချွဲ လုပ်သမျှကို ငြိမ်ပေးနေရသည်။
" ပြွတ်စ် "
နှာခေါင်းကို ကိုက်လို့ ဝကာမှ နှုတ်ခမ်းကို တစ်ချက် နမ်းပြန်သည်။ ဝန်းက လူကို အကြင်နာ ပေးရတာကို ကြိုက်သည်။ တွေ့လိုက်တိုင်း ရန်းရဲ့ မျက်နှာတစ်ပြင်လုံးကို နမ်းရမှ ကျေနပ်တာမျိုး။
" ထမင်းကျွေး "
" အခုထိ မစားရသေးဘူးလား ကိုနေဦးက မကျွေးဘူးလား "
" ကျွန်တော့်ကို အစ်ကိုကလွဲပြီး ဂရုစိုက်မယ့်သူမရှိဘူး "
နောက်ဆိုရင် ငါ့အပြင် မင်းကို ဂရုစိုက်မယ့်သူ ရှိလာရင် ဘယ်လိုလုပ်ကြမလဲ ဝန်းငယ်။
" ငါက ဥပက္ခာပြုလိုက်ရင်ရော "
" ချစ်မှာပဲ "
" အဟင်း တကယ်ပေါ့ "
" ဂရုစိုက်တဲ့ အစ်ကို့ကို ချစ်တယ်
ဥပက္ခာပြုတဲ့ အစ်ကို့ကို လည်း ချစ်မှာပဲ အစ်ကို ဖြစ်နေရင်ကို ကျွန်တော် က ချစ်တယ် "
" ငါကတော့ ငါ့ကို ဥပက္ခာပြုတဲ့ ဝန်းကိုဆို မချစ်ဘူးနော် "
" ကျွန်တော့်မှာ အစ်ကို့အတွက် ဥပက္ခာဆိုတဲ့ စိတ္တဇနာမ်မရှိဘူး "
မင်းဆီမှာ ငါ့အတွက် ချစ်တယ်ဆိုတဲ့ စိတ္တဇနာမ်တစ်မျိုးတည်း ရှိနေရင် ဘယ်လောက်ကောင်းမလဲ။ မဟုတ်ဘူး မင်းရဲ့ ချစ်ခြင်းကို ငါတစ်ယောက်ထဲပဲ
အပိုင်ယူထားလို့ရရင်ကောင်းမယ်။
" ဗိုက်ဆာနေပြီမလား "
" ဟ ဘာလုပ်တာတုန်း ချ "
ရုတ်တရက် လေပေါ်မြှောက်တက်သွားတဲ့ ခန္ဓာကိုယ်လေးက ဝန်း ရဲ့ ရင်ခွင်ကြီးထဲမှာ အံဝင်ခွင်ကျ တွယ်ကပ်လို့။
" မချဘူးကွာ "
" ဝန်းငယ် ချလို့ ပြုတ်ကျမယ် "
လူကို မချပေးတဲ့အပြင် ချီကာ မှောင်မှောင်မဲမဲထဲ ပတ်ပြေးနေသေး။ မမြင်မစမ်းနဲ့ ခိုက်မိရင်က နှစ်ယောက်လုံး ရှုမလှဖြစ်ဦးမည်။ ကိုယ်က ကိစ္စမရှိ မင်းသားက ကိစ္စရှိသည်။
" ဝန်း အခုရပ် မပြေးနဲ့ ဝန်းငယ် !"
အော်လိုက်ကာမှ တုန့်ခနဲရပ်သွားသည်။ မောဟိုက်နေတဲ့ အသက်ရှူအသံကြောင့် ရန်း ဆင်းရန် ရုန်းလိုက်သော်လည်း အလွတ်မပေး အဆင်းမခံ။
" မောပြီမလား ငါ့ကိုယ်ကလေးတယ် ချ ပေး "
ရန်းက ပိန်ပေမယ့် အသားက ကျစ်ပြီး ဝန်း နဲ့ အရပ်အမောင်းက သိပ်မကွာတာမို့ သေချာပေါက် လေးနေမှာ။ဒါကို ကိုယ်တော်ချွဲက အတင်း ချီထားချင်နေတာ။
" မချီရတာကြာပြီ တော်သေးတာပေါ့ အရင်ကထက်စာရင် ပြည့်လာလို့ "
" ချလို့ "
" အပေါ်ရောက်မှ ချမယ် "
" ဖြန်း "
အစ်ကို့ရဲ့ လက်သံပြောင်ပြောင်ဟာ ဝန်းကျောကို ဗြောတီးလာတာမို့ ကျောပင် ကော့တက်သွားသည်။ ရိုက်ခံနေကျဆိုပေမယ့် အစ်ကို့ လက်သံကို ခုထိ ကျင့်သားမရသေးပေ။ ရိုက်ခံရတိုင်း နာသည်။
" အ! နာတယ် ဘာလို့ ရိုက်တာလဲ "
" စကားကို ဘယ်လိုပြောနေတာလဲ "
" ဘာပြောလို့လဲ သူ့ဟာသူ လျှောက်တွေးနေပြီး "
"ရှိန်းမြင့်..."
" အပေါ်ရောက်ရင် ချပေးမယ်လို့ ပြောပြီးပြီလေ "
လေသံမာမာနဲ့ ပြောလာတာမို့ ရန်း ဘာမှ မပြောတော့ဘဲ ပခုံးပေါ် ခေါင်းမှောက်ချကာ ငြိမ်နေလိုက်သည်။ ရန်း က ဘာမှားလို့ လာအော်နေတာလဲ။
" အကြီးကို "
နာမည်အပြည့်အစုံ ခေါ်ရင် မကြိုက်မှန်းသိရဲ့နဲ့ စိတ်ရှိတိုင်း ခေါ်ဖို့လုပ်နေလို့ လေသံတင်းမိတော့ သူ့ကို ပြောရမလားဆိုပြီး ထုံးစံမပျက် ဆူပုပ်ပြသည်။
ဆူပုပ်နေတဲ့ မျက်နှာလေးမှာ အပြုံးတွေ ပြန်ဖြန့်ကျက်ဖို့အတွက် ဝန်း လုပ်ဆောင်ရဦးမည်။
" ဘာဟင်းလဲ "
အစ်ကို့ကို ချီလျက်သား လှေကားပေါ်တက်ရင်း မေးတော့ ပခုံးထက်မှာ ခေါင်းမှီထားလျက်ပင် သူ့ရဲ့ မီးနူး ကို ပြောပြသည်။
" မနက်က တို့ဟူးကျိုထားတာ တို့ဟူးသုပ်နဲ့ အာလူးဟင်းရည်ပဲ ရှိတယ် ထမင်းက ချက်ရမယ် "
" စားချင်ပြီ အစ်ကိုရော "
" စားပြီးပြီ မင်းစားတာပဲ ထိုင်ကြည့်တော့မယ် "
ထိုင်ကြည့်တော့မယ်ဆိုပြီး ဝန်းစားရင် ငါ့ကို တစ်လုတ်လောက် ခွံ့ဦးဆိုပြီး ဝန်း နဲ့အတူ လိုက်စားတတ်သေးသည်။
" အများကြီး ချစ်တယ် အစ်ကို"
" အင်း ချစ်တယ် အများကြီး"
ဝန်းကိုချစ်မဝတဲ့မျိုးစေ့လေးက ရန်း ရင်ထဲမှာ အမြစ်တွယ်နေတာကို မလုံလောက်သေးလို့ နှောင်ကြိုးခိုင်ခိုင်လေးနဲ့ပါ ထပ်ချည်နှောင်နေတဲ့ ကောင်လေး။
/
(Zawgyi)
ဒီေန႕ အစီအစဥ္ကေတာ့ အင္တာဗ်ဴးေျဖရန္ တစ္ခုသာ။ မနက္ျဖန္ကစၿပီး ဇာတ္လမ္းတြဲကို ရိုက္ကူးမွာ ျဖစ္တဲ့အတြက္ ပရိသတ္ေတြကို ႏွစ္ေယာက္အတူတူ တြဲျမင္ေစရန္ အင္တာဗ်ဴးေတြ
ပတ္ေျဖေနရျခင္းပင္။
ဝန္း တို႔ရဲ႕ ဇာတ္လမ္းတြဲကို ထုတ္လႊင့္ျပသမယ့္ ႐ုပ္သံ ရဲ႕ Live Show တစ္ခုကေန ဝန္း နဲ႕ သစ္ခက္လႊားႏွစ္ေယာက္ကို အင္တာဗ်ဴးဖို႔ ဖိတ္ၾကားထားတာေၾကာင့္ ေနာက္လည္း ေခ်ာင္းေပါက္မတတ္လာရမည့္ ေနရာကို ဒီေန႕လည္း ဝန္း ေရာက္လာျပန္သည္။
" ကိုကို "
နားေနခန္းထဲ ဝင္လိုက္တာနဲ႕ ဝီရိယႀကီးတဲ့ မင္းသားက သူ႕ကို လွမ္းႏႈတ္ဆက္သည္။
" ဟီး "
သူ႕ကို ၾကည့္ၿပီး ၿပဳံးျပလိုက္ေတာ့ ဟီးခနဲ ျပန္ရယ္ျပသည္။ သူ႕အေရွ႕က ခုံမွာ ကိုယ္ဝင္ထိုင္ၿပီးတဲ့ အထိတိုင္ သူ႕အၾကည့္ေတြက ကိုယ့္ဆီကမခြာေသးတာမို႔ ဝန္း ကပင္ အလိုက္တသိ စကားစလိုက္သည္။
" ေရာက္ေနတာ ၾကာၿပီလား "
" 7 နာရီ ေလာက္က အိမ္မွာ ပ်င္းလို႔ "
အင္တာဗ်ဴး အခ်ိန္က 10 နာရီမွ စမွာကို သူက 7 နာရီထဲက ေရာက္ေနတယ္တဲ့လား။ အခု 9 နာရီခြဲဆိုေတာ့ ေရာက္ေနတာ 2 နာရီ ခြဲေလာက္ရွိေရာေပါ့။ ဘယ္ေလာက္ပဲ ပ်င္းပါေစဦး အိမ္မွာ အိပ္ေနတာက ပိုေကာင္းတယ္မဟုတ္လား။ ဘာလို႔ ဒီလိုအေစာႀကီး။
" ဒီမွာက မပ်င္းဘူးလား "
" ပ်င္းတယ္ ဟီး "
ေသခ်ာေပါက္ပဲေပါ့။ ဘာလုပ္လို႔ ဘာကိုင္ရမလဲ မသိဘဲ တစ္ေယာက္ထဲ ျဖစ္ေနရွာမွာေပါ့ေလ။ သနားလည္း သနားပါတယ္ သူ႕ခမ်ာ အစိမ္းသက္သက္ေျမမွာ ေနထိုင္ရတာ ဘယ္လြယ္ကူပါ့မလဲ။
" ကိုကို႔ ဖုန္းနံပါတ္ ေပးေလ လႊား ပ်င္းရင္ ဆက္မို႔ "
" ကိုယ္က လႊားရဲ႕ အပ်င္းေျပကစားစရာလား "
" အ... အာ... ဟီး ... လႊား ရဲ႕ ပါတနာေလ လႊား က ဒီမွာ သိတဲ့သူအမ်ားႀကီးမရွိဘူး မေပးခ်င္ဘူးလား "
" ရပါတယ္ "
ကိုယ္က ဘာမွမေျပာရေသး မ်က္ႏွာငယ္ေလး လုပ္ကာ လူကို လူမႈေရးမသိတတ္တဲ့ လူျဖစ္ေအာင္ လုပ္ေနသည္။
" မေပးခ်င္ဘူးလို႔ မေျပာမိပါဘူးေနာ္ "
" ဒါဆို ေပးခ်င္တယ္ေပါ့ "
" လႊား ေတာင္းလို႔ ေပးတာ "
ကိုကိုက ေလ ေပးတာပဲကို လႊား ေတာင္းလို႔ဆိုတာက မရ ရေအာင္ ထဲ့ေျပာေသးတာ။
" ကိုကို တူတူၾကည့္မလား "
ေဘးနား ဝွီးခနဲ ေရာက္လာၿပီး မ်က္ႏွာေရွ႕မွာ သူ႕ဖုန္းက ေရာက္လာသည္။ တိုက္တိုက္ဆိုင္ဆိုင္ သူၾကည့္ေနတာက အစ္ကို႔ရဲ႕ vlog ။
" ဒီအစ္ကိုက အပင္ေတြ အေၾကာင္း အမ်ားႀကီးသိတယ္ အရမ္း ေတာ္တယ္မလား "
ဝန္း ဂုဏ္ယူစြာ ၿပဳံးကာ ေခါင္းၿငိမ့္လိုက္သည္။ ဒါေပါ့ အစ္ကိုက သူ႕အလုပ္မွာ ဘယ္ေလာက္ အရည္အခ်င္းျပည့္ဝလိုက္သလဲ။ ဒါပဲလားဆိုေတာ့ စိတ္ထားလည္း ျပည့္ဝေသးတယ္ ။ အမ်ားႀကီးလည္း နားလည္ေပးနိုင္တယ္။ အစ္ကို႔ဆီမွာ သင္ယူစရာေတြ အတုယူစရာေတြလည္း အမ်ားႀကီး။
" လႊား ေဖေဖက ဒီအစ္ကိုရဲ႕ Fan အႀကီးစားပဲ လႊားေဖေဖ ၾကည့္တဲ့ channelမို႔ လႊား ပါ လိုက္ၾကည့္ေပးတာ "
ေအာ္ သူႀကိဳက္လို႔ မဟုတ္ဘဲ သူ႕ေဖေဖေၾကာင့္ၾကည့္တယ္ေပါ့ေလ။ အဟင္း တကယ့္ေကာင္ေလး ။
" ေဖေဖက အပင္ေတြကို အရမ္းခ်စ္တာ သိလား "
ဘယ္သိမွာတုန္း သူ႕ေဖေဖကို ျမင္ေတာင္မွ မျမင္ဖူးတဲ့ဟာကို။ မ်က္လုံးေလး ျပဴးျပဴးၿပီး ေျပာျပေနတာေလးက ကေလးေလးေတြလို။
" ဟုတ္လား "
" ဟုတ္တယ္ ေဖႀကီး နဲ႕ လႊား က အလုပ္ကိုယ္စီနဲ႕ ဆိုေတာ့ အိမ္မွာ သိပ္မရွိဘူး ေဖေဖက အိမ္မွာ တစ္ေယာက္ထဲ က်န္က်န္ခဲ့တာ သနားပါတယ္ေနာ္ "
သူ႕ေဖေဖအေၾကာင္း ေျပာေတာ့
မ်က္ႏွာေလးက ခ်က္ခ်င္းညိုးငယ္သြားသည္။သူ႕မိသားစုကို လြမ္းေနရွာမွာေပါ့ေလ။
" ေဖေဖ့ခမ်ာ အပင္ေလးေတြ စိုက္ၿပီး ပ်င္းတိုင္း အပင္ေလးေတြ နဲ႕ စကားေျပာၿပီး ေနရွာတာ... "
အဖ်ားခတ္အသံေလးက တုန္ခါသြားၿပီး ဝမ္းနည္းမႈေတြကို သူစိမ္းေရွ႕မွာ မေဖာ္ျပခ်င္လို႔ ထိန္းခ်ဳပ္ထားဟန္။
" ေဖေဖ့ ကို လြမ္းတယ္ အိမ္ျပန္ခ်င္တယ္ "
တုန္ရီေနတဲ့ ႏႈတ္ခမ္းပါးေလးကိုျမင္ေတာ့ လႊားကို သနားလာသည္။ ဝန္း က မိဘေတြနဲ႕ ေဝးေနေပမယ့္ မိဘေတြကို သံေယာဇဥ္မရွိတာေၾကာင့္ ေအးေဆးေနနိုင္သည္။ တစ္ေယာက္ထဲ ေနရတာ ေနသားက်ေနသလို ဝန္းမွာက အစ္ကို ရွိ သည္။ ဒီေကာင္ေလးမွာက အားကိုးစရာ မရွိေတာ့ သိမ္ငယ္ေနမွာ။
" အာ အမ္း လႊား ေဖေဖ က ေပ်ာ္ေနမွာပါ အပင္ခ်စ္တဲ့သူေတြက အပင္ေတြကို ျမင္ရတာနဲ႕ တင္ေပ်ာ္ေနတာ လႊားေဖႀကီးနဲ႕ အတူတူရွိေနတာမို႔ အဆင္ေျပမွာပါ လႊား လည္း ေန႕တိုင္းဖုန္းဆက္တယ္မလား အလုပ္ေတြၿပီးသြားရင္ ေတြ႕ရမွာေလ မငိုပါနဲ႕ "
တစ္ေယာက္ထဲ ျဖစ္ေနတဲ့ကေလးကို အေဖာ္ျပဳေပးခ်င္သည္။ ေပ်ာ္ေစခ်င္သည္။ သနားလို႔ သနားတာေၾကာင့္ ။ ညီေလး တစ္ေယာက္လို ေစာင့္ေရွာက္ေပးခ်င္တာ။
" လႊားက ေဖေဖ့ကို အခုေတြ႕ခ်င္တာ "
" ေနာက္ေတာ့ ေတြ႕ရမွာေပါ့ "
" အခုေတြ႕ခ်င္တာပါဆို "
ေဘးနားက ထသြားၿပီး တျခားေနရာမွာ ႏႈတ္ခမ္းႀကီး ဆူကာ သြားထိုင္ေလရဲ႕။ ဘာတုန္းဟ သူေျပာသမွ် နားေထာင္ေပးရေသးတယ္ လူကို လာဆိုးေနတယ္။ ေစတနာေတြကို မျမင္ဘူး။
" အပင္ခ်စ္တဲ့သူေတြကေလ မ်က္ႏွာေလးက ေအးခ်မ္းလိုက္တာ ေအးခ်မ္းလို႔ ေျပာတာ ဟုတ္တယ္ေနာ္ "
ငါး မိနစ္ေလာက္ၾကာေတာ့ အနားျပန္ေရာက္လာၿပီး လူကို စကားေတြ လာေျပာေနျပန္သည္။ ဒီေကာင္ေလးကို တကယ္ နားမလည္ေတာ့ဘူး။
" အင္း "
ဒီကလည္း အေယာင္ေယာင္အနန သူေျပာသမွ် ေခါင္းၿငိမ့္မိျပန္သည္။
" ေဖေဖမ်က္ႏွာေလးဆိုေလ ျမင္လိုက္တာနဲ႕ ရင္ထဲ ေအးသြားတာ ဒီအစ္ကို႔မ်က္ႏွာေလးလည္း အဲ့လိုပဲ လႊား သေဘာက်တယ္ "
" ဘာကိုလဲ "
" ဒီအစ္ကို ကိုေလ "
" မက်ရပါဘူး "
ဝန္း ခ်က္ခ်င္းပင္ ေခါင္းရမ္းလိုက္သည္။ ဘယ္လို သေဘာက်ျခင္း မ်ိဳးလည္းဆိုတာ မေတြးေတာနိုင္ေတာ့။
အစ္ကို႔ကို သေဘာမက်ရဘူး။
" ဟင္ ဘာလို႔လဲ က်တယ္ "
သစ္ခက္လႊား ဆိုသည္မွာလည္း ဟုတ္ရင္ဟုတ္လိုက္ရမွ။ မဟုတ္ရင္ မဟုတ္ေၾကာင္း ေျပာလိုက္ရမွ ေက်နပ္တဲ့ လူ။
" မက်ရဘူး "
မ်က္ႏွာထားတည္တည္ႀကီးနဲ႕ ေျပာလာတဲ့ ကိုကို႔ေၾကာင့္ စစခ်င္း လႊား ေၾကာင္သြားေပမယ့္ ေနာက္မွ သေဘာေပါက္စြာ လႊား ရယ္လိုက္သည္။
" ဟီး ဘာလဲ ကိုကိုက သဝန္တိုတာလား "
သဝန္တိုတာ? သူသိေနတာလား ။ ငါ နဲ႕ အစ္ကို အေၾကာင္းကို ။
" ဘာ ဘာ လဲ "
စကားေတြေတာင္ ထစ္ကုန္ၿပီ။ ေသခ်ာေနပါၿပီ ကိုကိုက သဝန္တိုေနတာပဲ ဟားဟား။
" စိတ္ခ်ပါ လႊား က ကိုကို႔ကိုပဲ သေဘာအက်ဆဳံး "
အရမ္းလည္း မရင္းႏွီးပါဘဲနဲ႕ ကိုယ့္ပါးႏွစ္ဖက္ကို လာဆြဲကာ သြားေလးေတြ ေပၚတဲ့အထိ ရယ္ၿပီး ေျပာလာသည္။
သူထင္ခ်င္တာေတြ ထင္ေနတာကိုး။
" မဟုတ္ "
" ခ်ိန္း နဲ႕ လႊားေရ စေတာ့မယ္တဲ့ "
အင္း ရွင္းျပရင္က ပိုလြဲဦးမယ္ ။ လြဲေတာ့ လြဲေနေပမယ့္ လြဲပါေစေတာ့ေလ။
/
" Meaning of Love " ဆိုတဲ့ ဇာတ္လမ္းတြဲမွာ ပါဝင္သ႐ုပ္ၾကမယ့္ အဓိက ဇာတ္ေဆာင္ႏွစ္ေယာက္ရဲ႕အင္တာဗ်ဴးက အခုခ်ိန္မွာေတာ့ popular now ထဲ ဝင္ေနသည္။
" မဂၤလာပါ ေန႕သစ္လြင္ ေနရာမွာ သ႐ုပ္ေဆာင္ မယ့္ ခ်ိန္း ပါ "
" အားလုံးပဲ မဂၤလာပါခဗ်
ကြၽန္ေတာ့္နာမည္ သစ္ခက္လႊား ပါ
" ရက္ျမတ္ခ်ိန္ခါ " ေနရာကေန သ႐ုပ္ေဆာင္မွာပါ ခဗ် "
မတူညီတဲ့ ႏွစ္ေယာက္ တစ္ေယာက္က ခပ္တည္တည္ တစ္ေယာက္က သြက္သြက္ၿပဳံး ။တစ္ေယာက္ခ်င္း မိတ္ဆက္ေပးၿပီးသည္ႏွင့္ အေမး အေျဖက႑ကို စတင္ေတာ့သည္။ သူတို႔ေတြ သိပ္ေမးခ်င္ေနၾကၿပီေလ။
" ႏွစ္ေယာက္က အခုမွ စေတြ႕ဖူးၾကတာလား "
" ဟုတ္ ဒါေပမယ့္ လႊား နဲ႕ ကိုကိုက အရမ္း ရင္းႏွီးေနၾကၿပီ ဟုတ္တယ္ေနာ္ ကိုကို "
သူ႕ဟာသူ မေျဖဘူး လူကိုက အေဖာ္ညွိေနေသးတာ။
ခနကမွ ဖုန္းနံပါတ္လဲတဲ့ အဆင့္ကို အရမ္းရင္းႏွီးေနၾကၿပီတဲ့။ ဝန္း ဘက္ကေတာ့ သူ႕ကို အရမ္းမရင္းႏွီးေသးပါဘူး။
" ခ်ိန္း ကေရာ "
" အခုမွ သိတာ "
ဝန္း ရဲ႕ ခပ္ျပတ္ျပတ္ အေျဖေၾကာင့္ လႊား ကိုကို႔ကို ၾကည့္ကာ မ်က္ႏွာရႈံ႕မဲ့ျပလိုက္သည္။ ဒါေပမယ့္ ကိုကိုက မျမင္သလိုပင္။
" ဒါနဲ႕ ႏွစ္ေယာက္သား တကယ္ လိုက္ဖက္ၾကတယ္ ေနာ္ "
စူးစမ္းေမးျမန္းေတြကလည္း သူတို႔လိုရာကို မေရာက္ေရာက္ေအာင္ ဆြဲယူၾကသည္။
" ႏွစ္ေယာက္ရဲ႕ moment ေလးေတြကို အမ်ားႀကီး ျမင္ေတြ႕ခ်င္ေနၿပီ "
" ျမန္ျမန္ေရာက္လာေတာ့မွာဗ် ေမွ်ာ္ေပးၾကပါဦးဗ် "
အမယ္ အဟုတ္ကို ေျဖေနတာဗ်။ ဝန္းက နဂိုထဲက အင္တာဗ်ဴးေျဖရတာ မႀကိဳက္သူမို႔ ေရငုံႏႈတ္ပိတ္ေနေနေသာ္လည္း ေဘးက မင္းသားက ေမးသမွ်ကို ေျဖေနလိုက္တာမ်ား တဟီးဟီးနဲ႕။
" ႏွစ္ေယာက္လုံးက single ေတြလား "
ဒီေမးခြန္းကို အင္တာဗ်ဴးတိုင္းမွာ အေမးခံရတာမို႔ မီဒီယာေတြကို ေရွာင္ခဲ့တာၾကာၿပီ။ လူေတြက သိပ္စပ္စုသည္။အႏုပညာရွင္ကို အႏုပညာနဲ႕ ပတ္သက္တာမေမးဘဲ ကိုယ္ေရးကိုယ္တာေတြပါ ေမးတယ္။
အကုန္လုံးက ဒီေမးခြန္းကို စိတ္ဝင္စားၾကၿပီး အေျဖကိုသိခ်င္ၾကသည္။ ေမးခြန္းအဆုံးမွာ အကုန္လုံးရဲ႕ အျမင္အာ႐ုံ အၾကားအာ႐ုံေတြက အရင္ဆုံး ဝန္းဆီမွာ။
အားနာသည္။ အစ္ကို႔ကို အားနာသည္။ ဒီ Live ကို ၾကည့္ေနမယ့္ အစ္ကို႔ ကို အားနာသည္။ ငါက အဆင္ေျပပါတယ္ဆိုၿပီး ၿပဳံးေနမယ့္ အစ္ကို႔ကို အားနာတယ္။
ဝန္းေခါင္းငုံ႕ခ်လိဳက္ကာ ေခါင္းကို ျဖည္းညွင္းစြာ ၿငိမ့္ျပလိုက္သည္။
ထိုအခါမွ အကုန္လုံးက ဝမ္းသာအားရ ေပ်ာ္ၾကသည္။ ေခါင္းေမာ့ၿပီး မေျပာရဲတဲ့ သတၱိေၾကာင္တဲ့ ဝန္း ၊ ကိုယ့္ရည္းစားကို ခ်မျပနိုင္တဲ့ အသုံးမက်တဲ့ ဝန္း ကလြဲလို႔ေပါ့ ။ အစ္ကိုေရာ...။
" မရွိဘူးေလ လႊားက ကေလးေလးကို "
ေဘးနားက ထြက္လာတဲ့ အသံေလးေၾကာင့္ အကုန္လုံးက သေဘာက်စြာ ရယ္က်သည္။ ခ်စ္စရာေကာင္းေအာင္ ေျဖတတ္တဲ့ ကေလးကို ဝန္း အားက်သည္။ အပူအပင္ကင္းကင္း နဲ႕ စိတ္ရွင္းတဲ့ ေကာင္ေလးက အၿမဲတမ္း ၿပဳံးၿပဳံး ရယ္ရယ္ ။
" အမေလး ေသပါၿပီ ခ်စ္လိုက္တာဟယ္ "
" ခ်ိန္း နဲ႕ လႊားက အရမ္းလိုက္တာပဲ တစ္ေယာက္က တည္တည္ၾကည္ၾကည္ တစ္ေယာက္က cute type ေလး "
" ဟုတ္ပ တကယ္တြဲၾကပါေစ ဟီး "
Customer ေကာင္မေလး သုံးေယာက္ရဲ႕ အသံက မၾကားခ်င္ဘဲ ၾကားေနရျပန္သည္။ ဖြင့္ထားတဲ့ TV ကို ခ်က္ခ်င္း ပိတ္လိုက္ေတာ့ ထိုေကာင္မေလးေတြက ဟင္ခနဲ ျဖစ္သြားကာ ရန္းကို လွည့္ၾကည့္လာသည္။ အစကတည္းက TV မဖြင့္ထားခဲ့သင့္ဘူး။ ျဖစ္နိုင္ရင္ သူတို႔ကိုလည္း ျပန္ေစခ်င္ၿပီ ။ သူတို႔က ဝန္း နဲ႕ ဟိုေကာင္ေလးကို သေဘာက် ၾကတယ္။ ဝန္း နဲ႕ ဟိုေကာင္ေလးကို အကုန္လုံးက တြဲျမင္ေနၾကၿပီ။ လိုက္ဖက္တဲ့ အတြဲ ဆိုၿပီး အကုန္လုံးက သတ္မွတ္ေနၾကၿပီ။ အကုန္လုံး ဝန္း နဲ႕ ဟိုေကာင္ေလးကို အကုန္လုံးက ။
/
အစ္ကို႔ရဲ႕ ရွင္သန္ျခင္း ေလးဆီကို ေရာက္ေတာ့ Closed ဆိုတဲ့ ဆိုင္းဘုတ္ေလးက ခ်ိတ္ဆြဲထားေလၿပီ။ တံခါးေရွ႕မွာ အတန္ၾကာရပ္ၿပီး မွ ျပန္ရန္ ဆုံးျဖတ္လိုက္တဲ့အခ်ိန္ ေလျပင္းတစ္ခ်က္ရဲ႕ က်ီစယ္မႈေၾကာင့္ တံခါးေလးက အနည္းငယ္ဖြင့္ဟသြားသည္။
" က်စ္! တံခါးကို မပိတ္ထားဘူး "
အထဲဝင္လိုက္ေတာ့ လႈပ္ခတ္သြားတဲ့ ဆည္းလည္းအသံက ပိုင္ရွင္ကို လူဝင္လာေၾကာင္း အသိေပးေနသည္။သို႔ေပမယ့္ ပိုင္ရွင္က သိပုံမေပၚ အိမ္ငယ္ေလးက ေမွာင္မဲကာ တိတ္ဆိတ္လို႔ပင္။
အျပင္မွာ မိုးဖြားဖြားေလးက်ေနတာကို လမ္းမီးတိုင္ေတြရဲ႕ အလင္းေဖ်ာ့ေဖ်ာ့ေလးေတြက ေျပာျပေနသည္။ အခန္းေမွာင္ေမွာင္ေလးကို ေဝ့ၾကည့္လိုက္ေတာ့ အျပင္ေလာကႀကီးကို မွန္ေဘာင္ေတြကာရံထားတဲ့ ေထာင့္ေလးတစ္ေနရာကေန ေငးေမာေနတဲ့ အစ္ကို႔ကို ရွာေဖြေတြ႕ရွိသည္။ ဆြယ္တာအျဖဴေရာင္ေလးနဲ႕ မိုးဖြဲေလးေတြကို ေငးေမာေနတဲ့ အစ္ကိုဟာ လႊား ေျပာသလိုပင္ ေအးခ်မ္းလြန္းေနသည္။ ရင္ထဲမွာေရာ ေအးခ်မ္းေနရင္ သိပ္ေကာင္းမယ္။ ဘာေတြ ေတြးေတာေနသလဲမသိ ဝန္း ေရာက္လာတာကိုပင္ အစ္ကိုက သတိမမူနိုင္ ။ေက်ာေပးထားတဲ့ အစ္ကို႔ထံ ေျခသံလုံလုံနဲ႕ ဝန္းေလွ်ာက္သြားလိုက္ၿပီး
အေနာက္ကေန အစ္ကို႔ခါးကို ဖက္တြယ္ကာ နားထင္စပ္ေလးကို အနမ္းဖြဖြေပးမိသည္။
" ေနာက္က်ေနၿပီကို လာေနေသးတယ္ "
ဝန္းေရာက္လာမည္ကို သိတဲ့အလား အံ့ၾသတုန္လႈပ္ျခင္းမရွိဘဲ အျပင္ကိုေငးလ်က္ ၿပဳံးကာ ေျပာသည္။
" ႏႈတ္ခမ္းေပး "
" အင့္ "
ႏႈတ္ခမ္းေလးကို ေတာင္းဆိုေတာ့ ဝန္းဘက္ကို ေစာင္းငဲ့ကာ ႏႈတ္ခမ္းေလးကို ေထာ္ေပးတဲ့ ခ်စ္ရသူေၾကာင့္ အရည္ေပ်ာ္ရျပန္သည္။
အေကာင္းဆုံး နဲ႕ အခ်ိဳၿမိန္ဆုံး လက္ေဆာင္ေတြသာ ေပးခ်င္ခဲ့တဲ့ ဝန္းက အခုလည္း အစ္ကို႔ႏႈတ္ခမ္းပါးထက္ အနမ္းခ်ိဳခ်ိဳေလးေတြကို လွလွလည္း ပုံေဖာ္ေပးေတာ့ မ်က္လုံးမွိတ္ကာ ၾကည္ၾကည္ႏူးႏူး ခံယူေနသည္။
" ခ်စ္တယ္ "
" အင္း သိတယ္ ငါလည္း ခ်စ္တယ္ "
အစ္ကို႔ခါးထက္က လက္ေတြက ပိုတင္းၾကပ္လိုက္ၿပီး အစ္ကို႔ပခုံးထက္မွာ ဝန္း ေမးဖ်ားေလးကို နားခိုခြင့္ေတာင္းကာ အျပင္က မိုးဖြားေလးေတြကို ခ်စ္ရသူအစ္ကိုနဲ႕ အတူ ခံစားၾကည့္သည္။ မႏွစ္သက္ခဲ့တဲ့ မိုးက အစ္ကိုနဲ႕ အတူၾကည့္ကာမွ လွေနျပန္သည္။
" တံခါးမပိတ္ထားဘူး "
" အင္း မင္းကို ေမွ်ာ္ေနတာ "
" တံခါးပိတ္ၿပီး ေစာင့္မွေပါ့ ကြၽန္ေတာ္လာေတာ့ ဖုန္းဆက္မွာေပါ့ "
" မဆူနဲ႕ "
ဝန္းဘက္ကို မ်က္ႏွာခ်င္းဆိုင္လွည့္လာၿပီး သူ႕ကိုေျပာတာ မႀကိဳက္ဘူးဆိုတဲ့ ေလသံနဲ႕ မ်က္ေမွာင္ႀကီးၾကဳတ္ကာ ႏႈတ္ခမ္းက ဆူခ်င္ေနသည္။ စိတ္ပူလို႔ ေျပာေနတာကို သူ႕စိတ္ႀကီးပဲ။ သူပဲ ဝန္းကို ဆူခ်င္ေျပာခ်င္တာ ဝန္း ေျပာရင္က မႀကိဳက္။
မျဖဳတ္ရေသးတဲ့ လက္ေတြက အစ္ကိုနဲ႕ ဝန္းနဲ႕ ပိုနီးကပ္ေစရန္ ခႏၶာကိုယ္ခ်င္း ထိမတတ္ ဆြဲကပ္လိုက္သည္။
" ဘယ္မွာ ဆူေနလို႔လဲ ေျပာျပတာေလ အစ္ကိုရဲ႕ "
" မသိဘူး "
ၾကည့္ နည္းနည္းေလးမွေတာင္ နားမေထာင္ေပးဘူး။ ထပ္မေျပာေတာ့နဲ႕ သူမၾကားခ်င္ေတာ့ဘူးဆိုတဲ့ သေဘာနဲ႕
ဝန္းကို ျပန္ဖက္တြယ္ကာ ဝန္း ပခုံးေပၚမွာ မ်က္ႏွာလာဝွက္သည္။
" မသိလို႔ မရဘူး သူစိမ္းေတြ ဝင္လာရင္ ဘယ္လိုလုပ္မလဲ "
" ေမာင္းထုတ္လိုက္မွာ "
တကယ္ကို ေပါ့ျပက္ျပက္ေတြ ျပန္ေျပာေနတဲ့ အစ္ကို။ ဝန္း ရဲ႕ လည္တိုင္မွာ အစ္ကို႔ ဝင္ေလထြက္ေလ ေျပေျပေလးက ရိုက္ခတ္ေနသည္။
" စကားကို လြယ္လြယ္မေျပာရဘူး အစ္ကို "
" ငါက ေယာက်ာ္းပါကြ "
" ဘယ္သူကမသိလို႔လဲ ေခတ္ႀကီးက ေကာင္းေနတာမဟုတ္ဘူး ေယာက်ာ္းမိန္းမေတြ ေျပာလို႔မရဘူး "
" မဆူနဲ႕လို႔ ! "
" အ "
ပခုံးထက္က ဆစ္ခနဲ နာက်င္မႈေဝဒနာကို ဝန္း ခံစားလိုက္ရသည္။
" ေခြးေပါက္ေလးလား အစ္ကိုက ဟင္ "
" နာသြားလား "
ကိုက္ တုန္းကေတာ့ အားနဲ႕ ကိုက္ခ်လိဳက္ၿပီး ေသြးစို႔ခါမွ တဖူးဖူး မႈတ္ရင္း ေမးေနျပန္သည္။ မ်က္ႏွာကလည္း ပတ္ဝန္းက်င္နဲ႕ အၿပိဳင္ မိုးၿပိဳကာနီး လုလု။
ပခုံးက ေသြးစို႔ေနပါေစ အစ္ကို႔သြားရာေလးကို ျမတ္နိုးတာေၾကာင့္ နာတာ မနာတာက အေရးမဟုတ္။ေျပာေနတဲ့စကားရဲ႕ လိုရင္းကို ေရာက္ေအာင္သြားဖို႔က အဓိက ။
" မနာဘူး ေနာက္တစ္ခါ ဆိုရင္ ဆိုင္ပိတ္ခ်ိန္ေရာက္တာနဲ႕ တံခါးကို ေသခ်ာပိတ္ ကြၽန္ေတာ္လာရင္ ဖုန္းဆက္မယ္ "
အစ္ကို႔ေမးဖ်ားေလးကို ပင့္လိုက္ၿပီး အၾကည့္ခ်င္းဆုံေစကာ ေျပာေတာ့ ေခါင္းတၿငိမ့္ၿငိမ့္နဲ႕ လက္သန္းသြယ္သြယ္ေလးကို ေထာင္ျပလာသည္။
" အင္း ကတိ "
ဝန္း ကို ကိုက္ၿပီးကာမွ ေနာင္တရၿပီး စကားနားေထာင္တဲ့ ဂ်စ္တူး။ တစ္ခါတေလ ဂ်စ္တာမို႔ အျပစ္မျမင္ရက္။
မတ္တပ္ရပ္လ်က္ျဖင့္ မ်က္ႏွာခ်င္းဆိုင္ အေနအထားမွာ တစ္ေယာက္ကို တစ္ေယာက္ဖက္တြယ္ထားရင္း မ်က္ဝန္းခ်င္းဆုံကာ ၾကည့္ေနသည့္ အေျခအေန။ ေမွာင္မဲေနေသာ္လည္း
အစ္ကို႔မ်က္ဝန္းေရာင္ တလက္လက္လဲ့ကာေနသည္ကို ဝန္း ျမင္ေနရသည္။
" ကြၽန္ေတာ္က စိတ္ပူလို႔ေလ အျပစ္ေျပာေနတာမဟုတ္ဘူးဆိုတာ အစ္ကို သိတယ္မလား "
အစ္ကို႔ဆံပင္ေလးေတြထဲ လက္ထိုးထည့္ကာ ပြတ္သပ္ေပးရင္ ေျပာေနတုန္းမွာပင္ ေခါင္းကို ရမ္းျပသည္။
" မသိဘူး "
တမင္သက္သက္ ဝန္း ကို စိတ္ေပါက္ေအာင္ စ ေနတာ။
" မသိဘူးလားကြာ "
တကယ္လည္း စိတ္ကေပါက္လာၿပီမို႔ အစ္ကို႔လည္တိုင္ကို ခပ္ျပင္းျပင္း တစ္ခ်က္ စုပ္ယူလိုက္သည္။
" အား ဝန္းငယ္ မလုပ္နဲ႕လို႔ ဖယ္ကြာ "
အရာထင္မွာ ေၾကာက္တဲ့ အစ္ကိုက ဝန္း ရဲ႕ ေခါင္းကို အတင္းဖယ္ကာ ႐ုန္းေနသည္။
" သိၿပီလား "
" မသိဘူး "
အရာထင္ေအာင္ အၾကင္နာေပးၿပီးကာမွ လႊတ္ေပးၿပီး ေမးျပန္ေတာ့ ဂ်စ္တူးေလးက မေၾကာက္မ႐ြံ႕ လူကို စိန္ေခၚေနတုန္း ။ ဒီေလာက္ ဂ်စ္တစ္ေနတဲ့ ေကာင္ေလး ေတြ႕ၾကေသးတာေပါ့ကြာ။
" အ ဟားဟား သိၿပီ သိၿပီလို႔ "
အရာထင္ၿပီးသား ေနရာေပၚ ထပ္ၿပီး အၾကင္နာေပးေတာ့ ကလိထိုးတယ္မ်ား ေအာက္ေမ့ေနေရာလား မသိ တဟားဟားရယ္ေနသည္။
" ႁပြတ္စ္ "
အၾကင္နာေပးျခင္းကို အဆုံးသတ္လိုက္ၿပီး အစ္ကို႔လည္တိုင္က နီရဲရဲ အရာေလးကို ၾကည့္ကာ ၿပဳံးလိုက္သည္။ အစ္ကိုက ကြၽန္ေတာ့္အပိုင္။
" ေက်နပ္ၿပီလား "
သူေပးထားတဲ့ အမွတ္အသား နီနီကို ၾကည့္ကာ ၿပဳံးေနတဲ့ ေကာင္ေလးကို ေမးေတာ့ ရန္း ႏွာေခါင္းထိပ္ေလးကို ဖြဖြ လာကိုက္ျပန္သည္။ကိုယ့္အျပစ္နဲ႕ ကိုယ္မလို႔ ကိုယ္ေတာ္ခြၽဲ လုပ္သမွ်ကို ၿငိမ္ေပးေနရသည္။
" ႁပြတ္စ္ "
ႏွာေခါင္းကို ကိုက္လို႔ ဝကာမွ ႏႈတ္ခမ္းကို တစ္ခ်က္ နမ္းျပန္သည္။ ဝန္းက လူကို အၾကင္နာ ေပးရတာကို ႀကိဳက္သည္။ ေတြ႕လိုက္တိုင္း ရန္းရဲ႕ မ်က္ႏွာတစ္ျပင္လုံးကို နမ္းရမွ ေက်နပ္တာမ်ိဳး။
" ထမင္းေကြၽး "
" အခုထိ မစားရေသးဘူးလား ကိုေနဦးက မေကြၽးဘူးလား "
" ကြၽန္ေတာ့္ကို အစ္ကိုကလြဲၿပီး ဂ႐ုစိုက္မယ့္သူမရွိဘူး "
ေနာက္ဆိုရင္ ငါ့အျပင္ မင္းကို ဂ႐ုစိုက္မယ့္သူ ရွိလာရင္ ဘယ္လိုလုပ္ၾကမလဲ ဝန္းငယ္။
" ငါက ဥပကၡာျပဳလိုက္ရင္ေရာ "
" ခ်စ္မွာပဲ "
" အဟင္း တကယ္ေပါ့ "
" ဂ႐ုစိုက္တဲ့ အစ္ကို႔ကို ခ်စ္တယ္
ဥပကၡာျပဳတဲ့ အစ္ကို႔ကို လည္း ခ်စ္မွာပဲ အစ္ကို ျဖစ္ေနရင္ကို ကြၽန္ေတာ္ က ခ်စ္တယ္ "
" ငါကေတာ့ ငါ့ကို ဥပကၡာျပဳတဲ့ ဝန္းကိုဆို မခ်စ္ဘူးေနာ္ "
" ကြၽန္ေတာ့္မွာ အစ္ကို႔အတြက္ ဥပကၡာဆိုတဲ့ စိတၱဇနာမ္မရွိဘူး "
မင္းဆီမွာ ငါ့အတြက္ ခ်စ္တယ္ဆိုတဲ့ စိတၱဇနာမ္တစ္မ်ိဳးတည္း ရွိေနရင္ ဘယ္ေလာက္ေကာင္းမလဲ။ မဟုတ္ဘူး မင္းရဲ႕ ခ်စ္ျခင္းကို ငါတစ္ေယာက္ထဲပဲ
အပိုင္ယူထားလို႔ရရင္ေကာင္းမယ္။
" ဗိုက္ဆာေနၿပီမလား "
" ဟ ဘာလုပ္တာတုန္း ခ် "
႐ုတ္တရက္ ေလေပၚျမႇောက္တက္သြားတဲ့ ခႏၶာကိုယ္ေလးက ဝန္း ရဲ႕ ရင္ခြင္ႀကီးထဲမွာ အံဝင္ခြင္က် တြယ္ကပ္လို႔။
" မခ်ဘဴးကြာ "
" ဝန္းငယ္ ခ်လိဳ႕ ျပဳတ္က်မယ္ "
လူကို မခ်ေပးတဲ့အျပင္ ခ်ီကာ ေမွာင္ေမွာင္မဲမဲထဲ ပတ္ေျပးေနေသး။ မျမင္မစမ္းနဲ႕ ခိုက္မိရင္က ႏွစ္ေယာက္လုံး ရႈမလွျဖစ္ဦးမည္။ ကိုယ္က ကိစၥမရွိ မင္းသားက ကိစၥရွိသည္။
" ဝန္း အခုရပ္ မေျပးနဲ႕ ဝန္းငယ္ !"
ေအာ္လိုက္ကာမွ တုန့္ခနဲရပ္သြားသည္။ ေမာဟိုက္ေနတဲ့ အသက္ရႉအသံေၾကာင့္ ရန္း ဆင္းရန္ ႐ုန္းလိုက္ေသာ္လည္း အလြတ္မေပး အဆင္းမခံ။
" ေမာၿပီမလား ငါ့ကိုယ္ကေလးတယ္ ခ် ေပး "
ရန္းက ပိန္ေပမယ့္ အသားက က်စ္ၿပီး ဝန္း နဲ႕ အရပ္အေမာင္းက သိပ္မကြာတာမို႔ ေသခ်ာေပါက္ ေလးေနမွာ။ဒါကို ကိုယ္ေတာ္ခြၽဲက အတင္း ခ်ီထားခ်င္ေနတာ။
" မခ်ီရတာၾကာၿပီ ေတာ္ေသးတာေပါ့ အရင္ကထက္စာရင္ ျပည့္လာလို႔ "
" ခ်လိဳ႕ "
" အေပၚေရာက္မွ ခ်မယ္ "
" ျဖန္း "
အစ္ကို႔ရဲ႕ လက္သံေျပာင္ေျပာင္ဟာ ဝန္းေက်ာကို ေျဗာတီးလာတာမို႔ ေက်ာပင္ ေကာ့တက္သြားသည္။ ရိုက္ခံေနက်ဆိဳေပမယ့္ အစ္ကို႔ လက္သံကို ခုထိ က်င့္သားမရေသးေပ။ ရိုက္ခံရတိုင္း နာသည္။
" အ! နာတယ္ ဘာလို႔ ရိုက္တာလဲ "
" စကားကို ဘယ္လိုေျပာေနတာလဲ "
" ဘာေျပာလို႔လဲ သူ႕ဟာသူ ေလွ်ာက္ေတြးေနၿပီး "
"ရွိန္းျမင့္..."
" အေပၚေရာက္ရင္ ခ်ေပးမယ္လို႔ ေျပာၿပီးၿပီေလ "
ေလသံမာမာနဲ႕ ေျပာလာတာမို႔ ရန္း ဘာမွ မေျပာေတာ့ဘဲ ပခုံးေပၚ ေခါင္းေမွာက္ခ်ကာ ၿငိမ္ေနလိုက္သည္။ ရန္း က ဘာမွားလို႔ လာေအာ္ေနတာလဲ။
" အႀကီးကို "
နာမည္အျပည့္အစုံ ေခၚရင္ မႀကိဳက္မွန္းသိရဲ႕နဲ႕ စိတ္ရွိတိုင္း ေခၚဖို႔လုပ္ေနလို႔ ေလသံတင္းမိေတာ့ သူ႕ကို ေျပာရမလားဆိုၿပီး ထုံးစံမပ်က္ ဆူပုပ္ျပသည္။
ဆူပုပ္ေနတဲ့ မ်က္ႏွာေလးမွာ အၿပဳံးေတြ ျပန္ျဖန့္က်က္ဖို႔အတြက္ ဝန္း လုပ္ေဆာင္ရဦးမည္။
" ဘာဟင္းလဲ "
အစ္ကို႔ကို ခ်ီလ်က္သား ေလွကားေပၚတက္ရင္း ေမးေတာ့ ပခုံးထက္မွာ ေခါင္းမွီထားလ်က္ပင္ သူ႕ရဲ႕ မီးႏူး ကို ေျပာျပသည္။
" မနက္က တို႔ဟူးက်ိဳထားတာ တို႔ဟူးသုပ္နဲ႕ အာလူးဟင္းရည္ပဲ ရွိတယ္ ထမင္းက ခ်က္ရမယ္ "
" စားခ်င္ၿပီ အစ္ကိုေရာ "
" စားၿပီးၿပီ မင္းစားတာပဲ ထိုင္ၾကည့္ေတာ့မယ္ "
ထိုင္ၾကည့္ေတာ့မယ္ဆိုၿပီး ဝန္းစားရင္ ငါ့ကို တစ္လုတ္ေလာက္ ခြံ႕ဦးဆိုၿပီး ဝန္း နဲ႕အတူ လိုက္စားတတ္ေသးသည္။
" အမ်ားႀကီး ခ်စ္တယ္ အစ္ကို"
" အင္း ခ်စ္တယ္ အမ်ားႀကီး"
ဝန္းကိုခ်စ္မဝတဲ့မ်ိဳးေစ့ေလးက ရန္း ရင္ထဲမွာ အျမစ္တြယ္ေနတာကို မလုံေလာက္ေသးလို႔ ႏွောင္ႀကိဳးခိုင္ခိုင္ေလးနဲ႕ပါ ထပ္ခ်ည္ႏွောင္ေနတဲ့ ေကာင္ေလး။
/