A Forgotten Love[Completed]

By Lily_Han02

1.1M 63.5K 6K

❦{Own Creation}❦ Unicode "မေ့လျော့ခံရတဲ့ ချစ်ခြင်းမေတ္တာတွေ" အလေးအနက် မထားမိခြင်းနဲ့ ပေါ့ရော့မှုတွေရဲ့ အဆုံးသ... More

A Forgotten Love-1
A Forgotten Love-2
A Forgotten Love-3
A Forgotten Love-4
A Forgotten Love-5
A Forgotten Love-6
A Forgotten Love-7
A Forgotten Love-8
A Forgotten Love-9
A Forgotten Love-10
A Forgotten Love-11
A Forgotten Love-12
A Forgotten Love-13
A Forgotten Love- 14
A Forgotten Love- 15
A Forgotten Love- 16
A Forgotten Love- 17
A Forgotten Love- 18
A Forgotten Love- 19
A Forgotten Love-20
A Forgotten Love-21
A Forgotten Love-22
A Forgotten Love-23
A Forgotten Love-24
A Forgotten Love-25
A Forgotten Love-26
A Forgotten Love-27
A Forgotten Love-28
A Forgotten Love-29
A Forgotten Love-30
A Forgotten Love-31
A Forgotten Love-32
A Forgotten Love-33
A Forgotten Love-34
A Forgotten Love-35
A Forgotten Love-36
A Forgotten Love-37
A Forgotten Love-38
A Forgotten Love-39
A Forgotten Love-40
A Forgotten Love-41
A Forgotten Love-42
A Forgotten Love-44
A Forgotten Love-45
A Forgotten Love-46[Special Part]
A Forgotten Love-47
A Forgotten Love-48
ကောက်ကောက်ရဲ့Chibi art
A Forgotten Love-49
A Forgotten Love-50[Final Part]
Birthday Dates
ဝင်ဖတ်ပေးကြပါနော်
Book
Inner art
Book Details
Preorder deadline/payment deadline
Preorder နောက်ဆုံးရက်

A Forgotten Love-43

14.5K 822 47
By Lily_Han02

Unicode

//ဒီအကြင်အနာမှာ မင်းအတွက်
မေတ္တာစာလေးလည်း ပါးမယ်//

ရိပ်သစ်တို့အလာကို ပိုင်တို့စောင့်ဖြစ်ကြတော့
ပိုင်က ဟန်မဆောင်နိုင် မျက်နှာပျက်ချင်နေသည်။စိုးစိုးရွံ့ရွံ့ ပိုင့်မျက်ဝန်းထံ ဟယ်ရီ အငေးတမော
လိုက်ဖမ်းကြည့်မိတော့ ဘာအတွက်ဆိုတာကို
လည်း သဘောပေါက်နားလည်လာသည်။

"ပိုင် ဘာတွေစိုးရိမ်နေတာလဲ"

"ဟို ကိုယ်.."

"ပြောရခက်ရင်လဲ မပြောနဲ့တော့။ဒါပေမဲ့
တစ်ခုတော့ရှိတယ် ဘာကိုမှ မစိုးရိမ်ပါနဲ့။
ငါတို့ အတိတ်ကို မေ့ထားကြည့်ရအောင်။
အတိတ်နဲ့ပတ်သက်တာတွေ မှန်သမျှ
ပိုင့်အတွက် ငါအားလုံးမေ့ထားပေးမယ်။
သိတာတွေရော၊မသိတာတွေကိုရော။
ဒါက ပိုင် ဆိုးခဲ့တာတွေအတွက် ခွင့်လွှတ်
ပေးလိုက်တာမျိုးတော့ မဟုတ်ဘူးနော်"

ပိုင့်ခမျာ မပြုံးနိုင်ပေမင့် စိတ်သက်သာရာတော့
ရသွားသည့်ပုံပင်။ဟယ်ရီက Matcha green tea
ကိုသောက်တော့ ဟယ်ရီ့နားမှ နားကွင်းလေးက တစ်လှုပ်လှုပ်ရယ်။

လည်စလုတ်ကလည်း လှုပ်ရှားနေတော့ ပိုင့်မှာ
ငေးငေးမောမောလိုက်ကြည့်နေမိတာဟာ မေတ္တာတွေနဲ့။

မူဟန်မပျက်အရောင်လွင်လွင်လေးနဲ့ ဆံပင်ကို
လည်း တစ်ဝက်စည်းထားတာဖြစ်ပြီး၊လက်ကောက် ဝတ်ထံ ပိုင်,ဝယ်ထားပေးတဲ့ လက်ပတ်ကြိုး
စိမ်းနုရောင်လေးကလည်း ထင်သာနေသည်။

"ဟန်နီ နောက်တစ်ခါ မင်းဆံပင်တွေကို
ကိုယ်စည်းပေးလို့ရမလား"

"ပိုင်က စည်းပေးချင်လို့လား"

ခေါင်းတညိတ်ညိတ်နဲ့ပိုင်က ကြောင်ပေါက်လေး
လိုပင်။စည်းနှောင်ထားသည့် ကြိုးကိုဖြေချလိုက်
ရင်း ပိုင့်ဆီကိုလှမ်းပေးတော့ ပိုင်က ကြောင်တောင် တောင်လေး ငေးကြည့်နေဆဲသာ။

"အခုစည်းပေး.."

ပိုင်​၏နှုတ်ခမ်းများသည် ပြုံးရိပ်လေးလည်း
သန်းလာတော့ ဟယ်ရီ့မှာ ကျေကျေနပ်နပ်ဖြစ်ရ
တော့​၏။ဒါက နှစ်လိုဖွယ်ရှိတဲ့ ပိုင့်အပြုံးတွေ။ဘယ်လောက်တောင်များ မြတ်နိုးမိရပါသလဲ။

ဟယ်ရီ့​၏ဆံနွယ်နူးနူးညံ့ညံ့များအား ပိုင်ကထိ
တွေ့ရတော့ ပိုင့်လက်ဖျားတွေဟာ တုန်ယင်နေ​၏။ခေါင်းလျှော်ရည်အနံ့သင်းသင်းလေးက ဆံပင်
တွေလှုပ်ခါသွားတိုင်း၊သို့မဟုတ် သူကတိုးကပ်မိသွားတိုင်း အနံ့သည်သင်းနေဆဲထွက်ပေါ်နေတတ် သည်။

"ဟယ်ရီ့ဆံပင်တွေက ကိုင်လို့ကောင်းတယ်။
ဖွဖွလေးပဲ စည်းပေးမယ်နော်၊တင်းတင်းစည်းရင် ဟန်နီခေါင်းကိုက်မှာ စိုးလို့။ပြီးတော့ ဆံပင်တွေ
က ကပိုကရိုလေးကျနေရင် ပိုပြီးကြည့်ကောင်း
တယ်"

"ပိုင့်သဘော..ပိုင့်စိတ်ကြိုက်သာ စည်းပေး"

ကုပ်ပိုးသားကို ဖိခပ်နမ်းလာတဲ့ ပိုင့်နှုတ်ခမ်း
သားတွေ။ဆံပင်ကို ပြန်စည်းနှောင်ပေးနေရင်း
ပိုင်က အသံတိတ်နေသည်။ဆံသားအချို့က
ပြေလျော့လျော့လေးလည်းကျနေတော့ ပိုင့်မှာ
သဘောတကျလည်းရှိပြီး၊ကျေနပ်တကြီးလည်း
ဖြစ်နေသည့်ပုံပင်။

"ပိုင်.."

"အင်း ဟန်နီ.."

"ပိုင်ပျော်ပျော်နေပါ..ဒါဆို ငါ့အတွက်
လုံလောက်ပြီ။ငါသိသွားမှာကို ပိုင်စိုးရိမ်
နေတဲ့ကိစ္စတွေရှိရင်လည်း ဘယ်လိုအခြေ
အနေ၊ဘာကိစ္စပဲဖြစ်ဖြစ် ပိုင့်ကိုအပြစ်မတင်
ဘူး၊အပြစ်လို့လည်း မမြင်ရက်ပါဘူး"

"ပိုင့်အပေါ် တစ်ကြိမ်တစ်ခါလောက်
စိတ်နာပြီး စွန့်ခွာခဲ့ရတာနဲ့တင် လုံလောက်
​နေပြီပဲ။ဒါကြောင့် ပိုင်,ကြောက်မနေပါနဲ့။
ကံကြမ္မာကို ယုံယုံကြည်ကြည်နဲ့ ကိုယ့်ကိုပဲ
ချစ်ပေးပါ။အချစ်တွေ၊မေတ္တာတွေ၊
ပျော်ရွှင်မှုတွေစတဲ့ ကောင်းခြင်းတွေကိုပဲ
ပိုင်က အပိုင်စားရယူပါ။ဒါဆိုရင်ပဲ မင်းဆီ
ပြန်လာရကျိုးနပ်ပြီ"

"ဟယ်ရီမြတ်သာအပေါ်ကို ကိုယ်ဘာကြောင့်
ရက်စက်ပစ်ခဲ့ရတာလဲ။ကိုယ့်မှာ အတ္တတွေနဲ့
မင်းကိုလည်း မွန်းကြပ်စေခဲ့တယ်။စိတ်ချပါ
ဟန်နီ ကိုယ်..မင်းစကားကို နားထောင်ပါ့မယ်။
ဟန်နီ့ကို ချစ်တယ်နော် ဒါကိုအမြဲတမ်း
သတိရနေပေးပါ။ဟယ်ရီ့အနားမှာ ကိုယ်က
တစ်သက်လုံး ကပ်ပါးကောင်လို ကပ်တွယ်
နေမှာ"

အရယ်အပြုံးတွေမှာ မျက်ရည်စက်တွေ
လည်းပါလာတော့ ဒါကို ကိုယ်တို့မတားမိကြ။
အကြင်နာမှာ မေတ္တာစာလေးလည်း ပါးတော့
ဝေဒနာတွေဟာ မြူမှုန်တွေလို လွင့်စင်ပါတယ်။
တစ်ယောက်လက်တစ်ယောက် ခပ်မြဲမြဲဆုပ်ကိုင်
မိတော့ အကြင်နာလေးလည်း ဖလှယ်မိတာပဲ။

"အဟန့်.."

ချောင်းဟန့်သံကြားတော့မှ ကိုယ်ချင်းဖယ်ခွာမိ
တာဟာ ခပ်ပျာပျာရယ်။VIP အခန်းထဲကို ဝင်လာ
တဲ့ ရိပ်သစ်က ကိုဒေါန​၏လက်ကိုလည်း ချိတ်ကိုင် ထားသည်။ခပ်ပြုံးပြုံးမျက်နှာထားနဲ့ပေမင့်
စပ်ဖြဲဖြဲလေးလည်းဖြစ်နေသည်။

ဟယ်ရီ့​၏မျက်နှာတည်တည်ကိုတွေ့တော့ ရိပ်သစ် က ကြောက်ဟန်နှင့် ဒေါနကိုလည်း အားကိုးတကြီး ကြည့်ရှာတော့သည်။

"ထိုင်လေ ရိပ်သစ်..ကိုကိုတို့ရောက်နေတာ
တောင်ကြာပြီ"

"ရိပ်သစ်တို့လည်း စောစောထွက်လာတာ။
လမ်းမှာ ကားပျက်တော့ နောက်ကျသွားတယ်။
အစ်ကိုဟယ်ရီ မတွေ့တာကြာပြီနော်"

"အင်း..ရိပ်သစ်တောင် ထွားလာတယ်။
ဒါနဲ့ ဘေးက ရိပ်သစ်အမျိုးသားလား"

"ဟုတ်တယ်ဟုတ်တယ်..ဒါ ရိပ်သစ်အမျိုးသား၊
နာမည်က ဒေါနစည်သူ။ကိုကြီး ဒါက အစ်ကို
ဟယ်ရီလေ"

"တွေ့ရတာဝမ်းသာပါတယ်၊ရိပ်သစ် ဆိုးတာ
တွေရှိခဲ့ရင် ကျွန်တော်က ထပ်တောင်းပန်ပါတယ်"

"မလိုပါဘူး ကိုဒေါန..ကျွန်တော် ခွင့်လွှတ်ထား
ပြီးသားပါ"

စကားဝိုင်းက အဆင်ပြေ ချောချောမွေ့မွေ့လည်း
ရှိတော့ ပိုင့်ခမျာမှာ စိတ်သက်သာရာရနေသည့်ပုံ။
မျက်နှာထားတင်းတင်းနဲ့ ဟယ်ရီက ရယ်စရာရှိမှ ရယ်တော့ ရိပ်သစ်က ကြောက်နေသေးသည်။
ဒေါနကတော့ ရိပ်သစ်ကို အရိပ်တကြည့်ကြည့်နဲ့
ဖြစ်ပြီး၊ပိုင်က ဟယ်ရီ့ကို ငေးငေးမောမောကြည့်
နေခဲ့သည့်သူပင်။

**

"Jake..တံခါးလာဖွင့်ပေးတာလဲကြာလိုက်တာ။
ဘာလုပ်နေကြတာလဲ"

ရိပ်သစ်တို့နဲ့တွေ့ပြီး ဂေဟာကိုလည်းသွားဖြစ်
လိုက်သည်။အပြန်မှသာ Jakeတို့ဆီဝင်ဖြစ်တော့
ပိုင်ကလည်း သဘောတူရှာ​၏။Jakeက ရေဘူး
ကိုကိုင်ထားရင် တရှူးရှူးတရှဲရှဲနှင့် ပြန်ဖြေလာသည်
က ခေါင်းဆွဲအစပ်စားနေသည့်အကြောင်းကိုပင်။

"Spicyခေါက်ဆွဲစားနေတာ..ဟယ်ရီတို့ရော
စားမလား"

"မစားတော့ပါဘူး..ပိုင် ဗိုက်အောင့်မှာစိုးလို့။
ဒါနဲ့ ခမ်းရော"

"စပ်လို့တဲ့ အအေးသောက်နေတယ်၊ပြီးရင် ထွက်လာလိမ့်မယ်။ထိုင်ကြလေ..ဟိုကောင်လေး
ပိုင်..ထိုင်လေကွာ"

"ဟုတ်ကဲ့ ယောက်ဖ"

ပိုင့်စကားကြောင့် Jakeမှာ သောက်လက်စရေပင် နင်သွားသည်။ဟယ်ရီကလည်း ပိုင့်ကိုမအော်ဖို့ မျက်နှာရိပ်မျက်နှာကဲပြတော့ Jakeမှာအော်မရ။

ခမ်းက မီးဖိုခန်းထဲမှထွက်လာရင်း Jake​၏ဘေး၌ ဝင်ထိုင်လာသည်။

"မျက်လုံးတွေပြန်သိမ်းမယ် အဟန့်"

Jakeဆီမှ အသံထွက်တော့ ပိုင်ကလည်း ခပ်ပြုံးပြုံး။ခမ်းကတော့ ခေါက်ဆွဲအစပ်စားထားလို့
စပ်နေတာတောင် မူပိုင်တည်ငြိမ်ဟန်နှင့်ဖြစ်သည်။ဟယ်ရီ့ကိုလည်း ကြည့်နေရင်း ခမ်းက သဘော
တကျထရယ်လာ​၏။

ဟယ်ရီ့အား ချစ်နေသေးသော ခံစားချက်
လက်ကျန်သည် ကျန်ရှိနေသေးသည်ကမှန်ပေမင့် လို့..ဒါဟာ မရိုးသားသော ဖောက်လွဲဖောက်ပြန်
စိတ်ခံစားမျိုးလည်း မဟုတ်ချေ။

နှစ်တွေကြာခဲ့ပြီးသည့်နောက် အချစ်သစ်ကိုတွေ့
တော့လည်း သူငယ်ချင်း အရင်းခေါက်ခေါက်ဖြစ် ပြီး၊အချစ်ဦး​၏အစ်ကိုကိုမှ။ဒါဟာ ဘယ်လောက်
တောင် ဆန်းကြယ်လိုက်သလဲ။ဖူးစာ​၏ဆုံဖက်များက ဆန်းကြယ်နေတတ်သည်ပဲ။

"ခမ်း ကျွန်တော့်အစ်ကိုကို ခင်ဗျားလက်ထဲ
စိတ်ချလက်ချ အပ်လိုက်မယ်နော်။လမ်းခွဲတာ
တွေ၊ဘာဘာညာညာတွေမကြားချင်ဘူး"

"ဒါဆိုရင်တော့ ဒီစကားကို ဟယ်ရီ့အစ်ကိုကို
မှာထားလိုက်​။သူက ထစ်ခနဲရှိ စိတ်မရှည်တာနဲ့ပဲ လမ်းခွဲမလား..လမ်းခွဲကြမယ်ဆိုတဲ့ တောထဲကနေကို မထွက်ဘူး။ဟယ်ရီ့အစ်ကိုကတကယ့်
ငကောက်"

"ခမ်း ငနာကောင်..မင်းအခု လမ်းခွဲချင်
နေတာလားပြော"

"ကြားလား ဟယ်ရီ..အဲ့တာပဲကြည့်"

ခမ်းက Jakeကို မထိတထိစနေတော့ ပိုင်ကလည်းပြုံးချင်ချင်ဖြစ်လာသည်။အစပိုင်းက Jakeကို
ခပ်ရှိန်ရှိန်ဖြစ်ပေမင့် ဟယ်ရီက ဆွဲခေါ်ပေးတော့
ပိုင်နဲ့လည်း ရင်းနှီးမှုတို့ရှိလာသည်။

ခမ်းကိုလည်း ဟယ်ရီ့​၏အချစ်ဦးဆိုသည့်
ပညတ်ချက်တွေ မထားမိတော့ဘဲ ဖော်ဖော်ရွေရွေပြောဆိုနေမိတာမျိုးပင်။

ဟန်နီက ချိုမြတဲ့မေတ္တာတွေကို ရက်ရက်
ရောရော ပေးကမ်းတတ်တာ အစဉ်အမြဲပါ။

___________/////////___________

"ပိုင် ပင်ပန်းနေပြီလား၊အိပ်တော့လေ၊
တစ်နာရီထိုးနေပြီ"

"ခဏလေးပဲ ဟန်နီ..ဒါကို လက်စသတ်နေတာ။
ခရီးလည်းသွားဦးမှာဆိုတော့ အလုပ်တွေကို
အပြီးသတ်သွားချင်လို့"

"ဒီ,ဒီဇိုင်းက ဘာကြော်ငြာအတွက်လဲ"

"ဒါက ကလေးအသုံးအဆောင်ပစ္စည်းအတွက်
လေ။သားကို ဒီကုမ္ပဏီကသွင်းတဲ့ ပစ္စည်းတွေပဲ ဝယ်သုံးပေးတာများတယ်။အရည်အသွေးလည်း ကောင်းပြီး၊ဝယ်ရတာစိတ်ချမ်းသာတယ်"

ဟယ်ရီက ပိုင့်အတွက် ဂန္ဓာပန်းခြောက်အား
ရေနွေးဖြင့်ဖျော်လာပေးသည်။ပိုင်သည် အလုပ် များအား လက်စသတ်နေသည်။

ပိုက်ဆံများများရှာချင်တော့ ရသမျှ၊လာအပ်သမျှ အလုပ်တွေကိုပင် သူလက်ခံထားမိသည်ပဲ။
သားအတွက်၊​ဂေဟာအတွက်ပြီးတော့ ဟန်နီ
ကြိုက်တဲ့ Bonsaiပင်တွေနဲ့braceletတွေ ဝယ်ပေး
နိုင်ဖို့အတွက် ပိုက်ဆံအား သူရှာနိုင်သမျှ သူရှာနေဦးမည်ပင်။

"ပိုင် မင်းပေါင်ပေါ်မှာ ငါထိုင်ချင်တယ်"

ဟယ်ရီက ပြောရင်း ပိုင့်ပေါင်ပေါ်ခွထိုင်လာတော့
ပိုင့်မှာ ကြည်ရွှင်ရွှင်အပြုံးမျိုးလည်းဖြစ်တည်လာသည်။ဟယ်ရီက ပိုင့်လည်ပင်းကိုဖက်ထားရင်း
ပိုင့်ပခုံးပေါ်သို့ မေးကိုတင်ထားသည်

ပိုင့်မှာ လက်မအားပေမင့်လို့ ဟယ်ရီ့ကျောကို
လည်း မကြာခဏ ပွတ်သပ်ပေးနေသည်။သားကတော့ အိပ်ပျော်သွားတာ ညကိုးနာရီကတည်းကပင်။

"ဟယ်ရီ အိပ်ချင်ရင် ကိုယ့်ပေါ်မှာအိပ်လိုက်
နော်။ပြီးမှ အိပ်ရာပေါ်ကို ကိုယ်ချီသွားပေးမယ်"

"ပိုင့်ကို ချစ်တယ်။ငါမင်းကို အများကြီး
ချစ်တာပိုင်..မင်းသိလား"

"သိတာပေါ့..ဟန်နီကိုယ့်ကို အများကြီး
ချစ်မှန်း ကိုယ်သိပါတယ်"

"ဒါဆို ငါ့ကိုလက်ထပ်မှာလား"

"ဟန်နီခွင့်ပြုရင် ကိုယ်မင်းကို လက်ထပ်ချင်
တာပေါ့"

"ဒါဆို ဘိုးဘိုးဆီက ပြန်လာပြီးရင် Paris
ကိုသွားမယ်။ပြီးရင် အဲဒီမှာ မင်းကိုလက်ထပ်
မယ်။ငါ မင်းကိုလိုက်ပို့ချင်တဲ့ ကမ်းခြေလည်း
ရှိတယ်။အဲ့နေရာက သိပ်လှတာကွ။
ပိုင် မင်းသဘောကျမှာ သေချာတယ်"

ဟယ်ရီက လက်ထပ်မယ်လို့ ပြောလာတော့
ပိုင့်မှာ ဝမ်းပန်းတသာဖြစ်လို့ စကားလည်း
ပြန်မပြောနိုင်။ဟယ်ရီ့ကို သိမ်းကျုံးဖက်မိ
ရင်းပြုံးရယ်မိတာလည်း အားပါးတရရယ်။

စည်းထားခြင်းမရှိတဲ့ ဟန်နီ့ဆံပင်တွေကို
ဖိကပ်နမ်းရှိုက်မိတာလည်း အကြိမ်ကြိမ်
အခါခါပင်။ဟန်နီ့ခါးကိုဖက်၊ဟန်နီ့ခေါင်းကို
လည်း ညင်ညင်သာသာကိုင်ရင်း ပွေ့ဖက်ထားမိ
တာ ကိုယ့်မှာကြည်ကြည်နူးနူး။

"ဟန်နီ့ကို ကျေးဇူးတင်ပါတယ်။
ကျေးဇူးတင်ပါတယ် ဟန်နီ..ကိုယ်တို့
လက်ထပ်ကြမယ်နော်။ကိုယ်က မင်းကို
သေသေချာချာလက်စွပ်နဲ့လက်ထပ်ခွင့်
တောင်းသင့်တာ..ကိုယ့်.."

"ဒါ ပိုင့်အပြစ်ပါလို့ ပြောမလို့လား။
လက်ထပ်ရင်လည်း လက်စွပ်ဝတ်ကြရမှာ
ပဲ။ပိုင့်ဘက်က လက်စွပ်နဲ့ လက်ထပ်ခွင့်
တောင်းလာမှာကို မလိုချင်ဘူး၊ပိုင့်ဆီက
မေတ္တာတွေရနေပြီပဲ ဘာလိုသေးလို့လဲ။
ငါကပဲ မင်းကို လက်ထပ်ဖို့စပြောချင်တာ"

ပွင့်လင်းမှုတွေနဲ့ မင်းကိုလက်ထပ်ချင်ကြောင်း
ပြောမိတော့ ရယ်သံတွေမှာ နူးနူးညံ့ညံ့လေးနဲ့
မေတ္တာစာတွေလိုပဲ မင်းက ပေးကမ်းတတ်လာ
တယ် ပိုင်။ရယ်သံတွေကြောင့်ပဲလားတော့မသိ
သားက နိုးလာပြီး အိပ်ရာပေါ်မှာ ပုံ့ပုံ့ကလေး
ထထိုင်နေသည်။ဆံပင်ကောက်ကောက်လေး
တွေနဲ့ သားက သမ်းဝေနေရင်း မျက်လုံးလေးကို ပွတ်နေတော့ ဟယ်ရီ့မှာ ပိုင့်ပေါင်ပေါ်ထိုင်နေရင်း
မှထကာ သားကိုသွားချီလာရသည်။

"မျက်လုံးတွေ မပွတ်ရဘူးလေ သားရဲ့"

"ဟုတ်..တောက်တောက် ရုပ်တော့ဘူးနော်
ဒက်ဒက်"

"ပိုင် ငါတို့သားအဖနှစ်ယောက်လုံး
မင်းပေါင်ပေါ်မှာ ထိုင်လို့ရလား"

"ရတာပေါ့ကွာ..လာလာ ကိုယ်က ဖက်ထား
ပေးမယ်"

ပိုင့်ပေါင်ပေါ်မှာ သားကိုချီရင်း ပြန်ခွထိုင်ဖြစ်တော့ ပိုင်က နွေးနွေးထွေးထွေးဖက်ပေးလာသည်။
သားကတော့ ပိုင့်ကိုကျောပေးထားပြီး ဟယ်ရီ့ ရင်ခွင်ထဲမှာ ကပ်နေတာဖြစ်သည်။သားက
ပြန်အိပ်ငိုက်နေတော့ ဟယ်ရီ့ရင်ဘတ်ထံပါးလေးအပ်ကာ လက်သေးသေးလေးတွေနှင့်လည်း
ဖက်ထားရှာသည်။

"ပိုင် နောက်ဆို အလုပ်ကိုအများကြီးလက်မခံနဲ့တော့၊ပိုင် နိုင်သလောက်ပဲလက်ခံ..ကြားလား"

"ဟန်နီ့စကားကို နားထောင်ချင်ပါတယ်၊
ဒါပေမဲ့ ကိုယ်ပိုက်ဆံတွေ အများကြီးရှာမှ ဖြစ်မှာ"

"ငါက မင်းနဲ့သားကို လူတန်းစေ့ဖြစ်အောင်
ကျွေးထားနိုင်ပါတယ်ကွ။ပိုင့်ကို ငါရှာကျွေးမယ်"

"ဟန်နီချမ်းသာတာ ကိုယ်သိပါတယ်နော်၊
ဒါပေမဲ့ ကိုယ်က မင်းအတွက်လည်း ကြိုးကြိုး
စားစားနဲ့ပိုက်ဆံရှာပေးချင်တာ။ဟန်နီ့ကို
မပင်ပန်းစေချင်ဘူး။ဟန်နီ့ပိုက်ဆံကိုလည်း
မသုံးရက်တော့ဘူး။ပြီးတော့ ဟန်နီ့ဆီက
ကိုယ်ယူခဲ့တဲ့ မုန့်ဖိုးတွေက နည်းမှမနည်းဘဲ"

"ပိုင် မပင်ပန်းအောင် ငါစဉ်းစားပါအုံးမယ်"

စကားကောင်းနေတာနဲ့ပဲ သားကတော့ ဟယ်ရီ့
ရင်ခွင်ထဲမှာ ပြန်အိပ်ပျော်သွားပြီ။သားကို ငုံ့နမ်း
ရင်း၊ပိုင့်မေးဖျားကိုလည်း နမ်းပစ်တော့ ပိုင့်မျက်နှာသည် ပြုံးရွှင်နေတော့သည်။

ဟယ်ရီ​၏မေးချွန်ချွန်သို့ ပြန်နမ်းလာတော့
ပိုင်က နှုတ်ခမ်းထိပ်လုံးလုံးဖူးဖူးကိုလည်း
ထပ်နမ်းနေသေးသည်။

အကြင်နာမှာ မေတ္တာစာလိပ်တွေလည်းပါတော့ တကူးတက ဖွင့်ဖောက်ဖို့လည်း မလိုအပ်ပါ။

"မင်းကို ချစ်ပေးခွင့်ရလာတော့ ကိုယ်က
ကံအကောင်းဆုံးလူတစ်ယောက်လိုပဲ။
ဒီကောင်က မင်းအပေါ် ရက်ရက်စက်စက်
လျစ်လျူရှုမိခဲ့တာ။ဒီလိုပဲ ရက်ရက်စက်စက်
နဲ့ဟန်နီ့ မေတ္တာတွေကိုလည်း နင်းချေပြီး
ပစ်ပယ်မိနဲ့။ဒီကောင်က မင်းနဲ့တကယ်ရော
ထိုက်တန်ရဲ့လား"

​ဝရန်တာမှာ စီးကရက်ဖွာရင်း အိပ်ပျော်နေတဲ့
မင်းကိုကြည့်ပြီး ကိုယ်ပြောခဲ့မိတာပဲဖြစ်မယ်။

ပိုင့်မျက်ဝန်းတွေက မတည်မငြိမ် စိုးစိုးရွံ့ရွံ့နဲ့
ဟယ်ရီထွက်သွားမှာကိုလည်း ကြောက်တဲ့စိတ်
က ကိန်းအောင်းနေတုန်း။မင်းသာ ထားသွားရင်၊
မင်းသာ ထွက်သွားရင်ဆိုတဲ့ အဲဒီစိတ်တွေရဲ့
နောက်မှာ ကိုယ်က အိပ်ဆေးလေးလည်း
ဆောင်ထားဖြစ်တယ်။ဒါ မင်းမသိနိုင်တဲ့
ကိုယ့်ရဲ့တစ်ဖက်ခြမ်းက အမှောင်ပိန်းပိန်း
တွေ။ခပ်ယဲ့ယဲ့ ကိုယ့်စိတ်အနာတရတွေကို
မင်းကုစားပေးနေတာလည်း သိရဲ့။ဒီကောင်က ကျေကျေနပ်နပ်ခံယူမိတော့ ဟန်နီ..မင်းပျော်
နေတယ်လေ။မင်းပျော်နေခဲ့ရှာတယ်။

/////////////////////////////////////
13.6.2021(Tuesday)
-လီလီဟန်-

Zawgyi

//ဒီအၾကင္အနာမွာ မင္းအတြက္
ေမတၱာစာေလးလည္း ပါးမယ္//

ရိပ္သစ္တို႔အလာကို ပိုင္တို႔ေစာင့္ျဖစ္ၾကေတာ့
ပိုင္က ဟန္မေဆာင္နိုင္ မ်က္ႏွာပ်က္ခ်င္ေနသည္။စိုးစိုးရြံ႕ရြံ႕ ပိုင့္မ်က္ဝန္းထံ ဟယ္ရီ အေငးတေမာ
လိုက္ဖမ္းၾကည့္မိေတာ့ ဘာအတြက္ဆိုတာကို
လည္း သေဘာေပါက္နားလည္လာသည္။

"ပိုင္ ဘာေတြစိုးရိမ္ေနတာလဲ"

"ဟို ကိုယ္.."

"ေျပာရခက္ရင္လဲ မေျပာနဲ႔ေတာ့။ဒါေပမဲ့
တစ္ခုေတာ့ရွိတယ္ ဘာကိုမွ မစိုးရိမ္ပါနဲ႔။
ငါတို႔ အတိတ္ကို ေမ့ထားၾကည့္ရေအာင္။
အတိတ္နဲ႔ပတ္သက္တာေတြ မွန္သမၽွ
ပိုင့္အတြက္ ငါအားလုံးေမ့ထားေပးမယ္။
သိတာေတြေရာ၊မသိတာေတြကိုေရာ။
ဒါက ပိုင္ ဆိုးခဲ့တာေတြအတြက္ ခြင့္လႊတ္
ေပးလိုက္တာမ်ိဳးေတာ့ မဟုတ္ဘူးေနာ္"

ပိုင့္ခမ်ာ မျပဳံးနိုင္ေပမင့္ စိတ္သက္သာရာေတာ့
ရသြားသည့္ပုံပင္။ဟယ္ရီက Matcha green tea
ကိုေသာက္ေတာ့ ဟယ္ရီ့နားမွ နားကြင္းေလးက တစ္လွုပ္လွုပ္ရယ္။

လည္စလုတ္ကလည္း လွုပ္ရွားေနေတာ့ ပိုင့္မွာ
ေငးေငးေမာေမာလိုက္ၾကည့္ေနမိတာဟာ ေမတၱာေတြနဲ႔။

မူဟန္မပ်က္အေရာင္လြင္လြင္ေလးနဲ႔ ဆံပင္ကို
လည္း တစ္ဝက္စည္းထားတာျဖစ္ၿပီး၊လက္ေကာက္ ဝတ္ထံ ပိုင္,ဝယ္ထားေပးတဲ့ လက္ပတ္ႀကိဳး
စိမ္းႏုေရာင္ေလးကလည္း ထင္သာေနသည္။

"ဟန္နီ ေနာက္တစ္ခါ မင္းဆံပင္ေတြကို
ကိုယ္စည္းေပးလို႔ရမလား"

"ပိုင္က စည္းေပးခ်င္လို႔လား"

ေခါင္းတညိတ္ညိတ္နဲ႔ပိုင္က ေၾကာင္ေပါက္ေလးလိုပင္။စည္းေႏွာင္ထားသည့္ ႀကိဳးကိုေျဖခ်လိုက္ရင္း ပိုင့္ဆီကိုလွမ္းေပးေတာ့ ပိုင္က ေၾကာင္ေတာင္ ေတာင္ေလး ေငးၾကည့္ေနဆဲသာ။

"အခုစည္းေပး.."

ပိုင္​၏ႏွုတ္ခမ္းမ်ားသည္ ျပဳံးရိပ္ေလးလည္း
သန္းလာေတာ့ ဟယ္ရီ့မွာ ေက်ေက်နပ္နပ္ျဖစ္ရ
ေတာ့​၏။ဒါက ႏွစ္လိုဖြယ္ရွိတဲ့ ပိုင့္အျပဳံးေတြ။ဘယ္ေလာက္ေတာင္မ်ား ျမတ္နိုးမိရပါသလဲ။

ဟယ္ရီ့​၏ဆံႏြယ္ႏူးႏူးညံ့ညံ့မ်ားအား ပိုင္ကထိ
ေတြ႕ရေတာ့ ပိုင့္လက္ဖ်ားေတြဟာ တုန္ယင္ေန​၏။ေခါင္းေလၽွာ္ရည္အနံ႔သင္းသင္းေလးက ဆံပင္​ေတြလွုပ္ခါသြားတိုင္း၊သို႔မဟုတ္ သူကတိုးကပ္မိသြားတိုင္း အနံ႔သည္သင္းေနဆဲထြက္ေပၚေနတတ္ သည္။

"ဟယ္ရီ့ဆံပင္ေတြက ကိုင္လို႔ေကာင္းတယ္။
ဖြဖြေလးပဲ စည္းေပးမယ္ေနာ္၊တင္းတင္းစည္းရင္ ဟန္နီေခါင္းကိုက္မွာ စိုးလို႔။ၿပီးေတာ့ ဆံပင္ေတြက ကပိုကရိုေလးက်ေနရင္ ပိုၿပီးၾကည့္ေကာင္းတယ္"

"ပိုင့္သေဘာ..ပိုင့္စိတ္ႀကိဳက္သာ စည္းေပး"

ကုပ္ပိုးသားကို ဖိခပ္နမ္းလာတဲ့ ပိုင့္ႏွုတ္ခမ္း
သားေတြ။ဆံပင္ကို ျပန္စည္းေႏွာင္ေပးေန
ရင္းပိုင္က အသံတိတ္ေနသည္။ဆံသားအခ်ိဳ႕က
ေျပေလ်ာ့ေလ်ာ့ေလးလည္းက်ေနေတာ့
ပိုင့္မွာသေဘာတက်လည္းရွိၿပီး၊ေက်နပ္တႀကီးလည္း
ျဖစ္ေနသည့္ပုံပင္။

"ပိုင္.."

"အင္း ဟန္နီ.."

"ပိုင္ေပ်ာ္ေပ်ာ္ေနပါ..ဒါဆို ငါ့အတြက္
လုံေလာက္ၿပီ။ငါသိသြားမွာကို ပိုင္စိုးရိမ္
ေနတဲ့ကိစၥေတြရွိရင္လည္း ဘယ္လိုအေျခ
အေန၊ဘာကိစၥပဲျဖစ္ျဖစ္ ပိုင့္ကိုအျပစ္မတင္
ဘူး၊အျပစ္လို႔လည္း မျမင္ရက္ပါဘူး"

"ပိုင့္အေပၚ တစ္ႀကိမ္တစ္ခါေလာက္
စိတ္နာၿပီး စြန႔္ခြာခဲ့ရတာနဲ႔တင္ လုံေလာက္
​ေနၿပီပဲ။ဒါေၾကာင့္ ပိုင္,ေၾကာက္မေနပါနဲ႔။ကံၾကမၼာကို ယုံယုံၾကည္ၾကည္နဲ႔
ကိုယ့္ကိုပဲခ်စ္ေပးပါ။အခ်စ္ေတြ၊ေမတၱာ
​ေတြ၊​ေပ်ာ္ရႊင္မွုေတြစတဲ့ ေကာင္းျခင္းေတြကိုပဲပိုင္က အပိုင္စားရယူပါ။ဒါဆိုရင္ပဲ မင္းဆီ
ျပန္လာရက်ိဳးနပ္ၿပီ"

"ဟယ္ရီျမတ္သာအေပၚကို ကိုယ္ဘာေၾကာင့္
ရက္စက္ပစ္ခဲ့ရတာလဲ။ကိုယ့္မွာ အတၱေတြနဲ႔
မင္းကိုလည္း မြန္းၾကပ္ေစခဲ့တယ္။စိတ္ခ်ပါ
ဟန္နီ ကိုယ္..မင္းစကားကို နားေထာင္ပါ့မယ္။
ဟန္နီ့ကို ခ်စ္တယ္ေနာ္ ဒါကိုအျမဲတမ္း
သတိရေနေပးပါ။ဟယ္ရီ့အနားမွာ ကိုယ္က
တစ္သက္လုံး ကပ္ပါးေကာင္လို ကပ္တြယ္​ေနမွာ"

အရယ္အျပဳံးေတြမွာ မ်က္ရည္စက္ေတြ
လည္းပါလာေတာ့ ဒါကို ကိုယ္တို႔မတားမိၾက။
အၾကင္နာမွာ ေမတၱာစာေလးလည္း ပါးေတာ့
ေဝဒနာေတြဟာ ျမဴမွုန္ေတြလို လြင့္စင္ပါ
တယ္။တစ္ေယာက္လက္တစ္ေယာက္ ခပ္ျမဲျမဲ
ဆုပ္ကိုင္မိေတာ့ အၾကင္နာေလးလည္း ဖလွယ္မိတာပဲ။

"အဟန႔္.."

ေခ်ာင္းဟန႔္သံၾကားေတာ့မွ ကိုယ္ခ်င္းဖယ္ခြာမိ
တာဟာ ခပ္ပ်ာပ်ာရယ္။VIP အခန္းထဲကို ဝင္လာ
တဲ့ ရိပ္သစ္က ကိုေဒါန​၏လက္ကိုလည္း ခ်ိတ္ကိုင္
ထားသည္။ခပ္ျပဳံးျပဳံးမ်က္ႏွာထားနဲ႔ေပမင့္
စပ္ျဖဲျဖဲေလးလည္းျဖစ္ေနသည္။

ဟယ္ရီ့​၏မ်က္ႏွာတည္တည္ကိုေတြ႕ေတာ့ ရိပ္သစ္ က ေၾကာက္ဟန္ႏွင့္ ေဒါနကိုလည္း အားကိုးတႀကီး ၾကည့္ရွာေတာ့သည္။

"ထိုင္ေလ ရိပ္သစ္..ကိုကိုတို႔ေရာက္ေနတာ
ေတာင္ၾကာၿပီ"

"ရိပ္သစ္တို႔လည္း ေစာေစာထြက္လာတာ။
လမ္းမွာ ကားပ်က္ေတာ့ ေနာက္က်သြားတယ္။
အစ္ကိုဟယ္ရီ မေတြ႕တာၾကာၿပီေနာ္"

"အင္း..ရိပ္သစ္ေတာင္ ထြားလာတယ္။
ဒါနဲ႔ ေဘးက ရိပ္သစ္အမ်ိဳးသားလား"

"ဟုတ္တယ္ဟုတ္တယ္..ဒါ ရိပ္သစ္အမ်ိဳးသား၊
နာမည္က ေဒါနစည္သူ။ကိုႀကီး ဒါက အစ္ကို
ဟယ္ရီေလ"

"ေတြ႕ရတာဝမ္းသာပါတယ္၊ရိပ္သစ္ ဆိုးတာ
ေတြရွိခဲ့ရင္ ကၽြန္ေတာ္က ထပ္ေတာင္းပန္ပါတယ္"

"မလိုပါဘူး ကိုေဒါန..ကၽြန္ေတာ္ ခြင့္လႊတ္ထားၿပီးသားပါ"

စကားဝိုင္းက အဆင္ေၿပ ေခ်ာေခ်ာေမြ႕ေမြ႕လည္းရွိေတာ့ ပိုင့္ခမ်ာမွာ စိတ္သက္သာရာရေနသည့္ပုံ။မ်က္ႏွာထားတင္းတင္းနဲ႔ ဟယ္ရီက ရယ္စရာရွိမွ ရယ္ေတာ့ ရိပ္သစ္က ေၾကာက္ေနေသးသည္။​ေဒါနကေတာ့ ရိပ္သစ္ကို အရိပ္တၾကည့္ၾကည့္နဲ႔
ျဖစ္ၿပီး၊ပိုင္က ဟယ္ရီ့ကို ေငးေငးေမာေမာၾကည့္​ေနခဲ့သည့္သူပင္။

**

"Jake..တံခါးလာဖြင့္ေပးတာလဲၾကာလိုက္တာ။
ဘာလုပ္ေနၾကတာလဲ"

ရိပ္သစ္တို႔နဲ႔ေတြ႕ၿပီး ေဂဟာကိုလည္းသြားျဖစ္လိုက္သည္။အျပန္မွသာ Jakeတို႔ဆီဝင္ျဖစ္ေတာ့
ပိုင္ကလည္း သေဘာတူရွာ​၏။Jakeက ေရဘူး
ကိုကိုင္ထားရင္ တရွူးရွူးတရွဲရွဲႏွင့္ ျပန္ေျဖလာသည္က ေခါင္းဆြဲအစပ္စားေနသည့္အေၾကာင္းကိုပင္။

"Spicyေခါက္ဆြဲစားေနတာ..ဟယ္ရီတို႔ေရာ
စားမလား"

"မစားေတာ့ပါဘူး..ပိုင္ ဗိုက္ေအာင့္မွာစိုးလို႔။
ဒါနဲ႔ ခမ္းေရာ"

"စပ္လို႔တဲ့ အေအးေသာက္ေနတယ္၊ၿပီးရင္ ထြက္လာလိမ့္မယ္။ထိုင္ၾကေလ..ဟိုေကာင္ေလး
ပိုင္..ထိုင္ေလကြာ"

"ဟုတ္ကဲ့ ေယာက္ဖ"

ပိုင့္စကားေၾကာင့္ Jakeမွာ ေသာက္လက္စေရပင္ နင္သြားသည္။ဟယ္ရီကလည္း ပိုင့္ကိုမေအာ္ဖို႔ မ်က္ႏွာရိပ္မ်က္ႏွာကဲျပေတာ့ Jakeမွာေအာ္မရ။

ခမ္းက မီးဖိုခန္းထဲမွထြက္လာရင္း Jake​၏ေဘး၌ ဝင္ထိုင္လာသည္။

"မ်က္လုံးေတြျပန္သိမ္းမယ္ အဟန႔္"

Jakeဆီမွ အသံထြက္ေတာ့ ပိုင္ကလည္း ခပ္ျပဳံးျပဳံး။ခမ္းကေတာ့ ေခါက္ဆြဲအစပ္စားထားလို႔
စပ္ေနတာေတာင္ မူပိုင္တည္ၿငိမ္ဟန္ႏွင့္ျဖစ္သည္။ဟယ္ရီ့ကိုလည္း ၾကည့္ေနရင္း ခမ္းက သေဘာတက်ထရယ္လာ​၏။

ဟယ္ရီ့အား ခ်စ္ေနေသးေသာ ခံစားခ်က္
လက္က်န္သည္ က်န္ရွိေနေသးသည္ကမွန္ေပမင့္ လို႔..ဒါဟာ မရိုးသားေသာ ေဖာက္လြဲေဖာက္ျပန္စိတ္ခံစားမ်ိဳးလည္း မဟုတ္ေခ်။

ႏွစ္ေတြၾကာခဲ့ၿပီးသည့္ေနာက္ အခ်စ္သစ္ကိုေတြ႕​ေတာ့လည္း သူငယ္ခ်င္း အရင္း
​ေခါက္ေခါက္ျဖစ္ ၿပီး၊အခ်စ္ဦး​၏အစ္ကိုကိုမွ။ဒါဟာ ဘယ္ေလာက္​ေတာင္ ဆန္းၾကယ္လိုက္သလဲ။ဖူးစာ​၏ဆုံဖက္မ်ားက ဆန္းၾကယ္ေနတတ္
သည္ပဲ။

"ခမ္း ကၽြန္ေတာ့္အစ္ကိုကို ခင္ဗ်ားလက္ထဲ
စိတ္ခ်လက္ခ် အပ္လိုက္မယ္ေနာ္။လမ္းခြဲတာ
ေတြ၊ဘာဘာညာညာေတြမၾကားခ်င္ဘူး"

"ဒါဆိုရင္ေတာ့ ဒီစကားကို ဟယ္ရီ့အစ္ကိုကို
မွာထားလိုက္​။သူက ထစ္ခနဲရွိ စိတ္မရွည္တာနဲ႔ပဲ လမ္းခြဲမလား..လမ္းခြဲၾကမယ္ဆိုတဲ့ ေတာထဲကေနကို မထြက္ဘူး။ဟယ္ရီ့အစ္ကိုကတကယ့္ ငေကာက္"

"ခမ္း ငနာေကာင္..မင္းအခု လမ္းခြဲခ်င္
ေနတာလားေျပာ"

"ၾကားလား ဟယ္ရီ..အဲ့တာပဲၾကည့္"

ခမ္းက Jakeကို မထိတထိစေနေတာ့ ပိုင္ကလည္းျပဳံးခ်င္ခ်င္ျဖစ္လာသည္။အစပိုင္းက Jakeကို
ခပ္ရွိန္ရွိန္ျဖစ္ေပမင့္ ဟယ္ရီက ဆြဲေခၚေပးေတာ့
ပိုင္နဲ႔လည္း ရင္းႏွီးမွုတို႔ရွိလာသည္။

ခမ္းကိုလည္း ဟယ္ရီ့​၏အခ်စ္ဦးဆိုသည့္
ပညတ္ခ်က္ေတြ မထားမိေတာ့ဘဲ ေဖာ္ေဖာ္ေရြေရြေျပာဆိုေနမိတာမ်ိဳးပင္။

ဟန္နီက ခ်ိဳျမတဲ့ေမတၱာေတြကို ရက္ရက္
ေရာေရာ ေပးကမ္းတတ္တာ အစဥ္အျမဲပါ။

___________/////////___________

"ပိုင္ ပင္ပန္းေနၿပီလား၊အိပ္ေတာ့ေလ၊
တစ္နာရီထိုးေနၿပီ"

"ခဏေလးပဲ ဟန္နီ..ဒါကို လက္စသတ္ေနတာ။
ခရီးလည္းသြားဦးမွာဆိုေတာ့ အလုပ္ေတြကို
အၿပီးသတ္သြားခ်င္လို႔"

"ဒီ,ဒီဇိုင္းက ဘာေၾကာ္ျငာအတြက္လဲ"

"ဒါက ကေလးအသုံးအေဆာင္ပစၥည္းအတြက္
ေလ။သားကို ဒီကုမၸဏီကသြင္းတဲ့ ပစၥည္းေတြပဲ ဝယ္သုံးေပးတာမ်ားတယ္။အရည္အေသြးလည္း ေကာင္းၿပီး၊ဝယ္ရတာစိတ္ခ်မ္းသာတယ္"

ဟယ္ရီက ပိုင့္အတြက္ ဂႏၶာပန္းေျခာက္အား
ေရေႏြးျဖင့္ေဖ်ာ္လာေပးသည္။ပိုင္သည္ အလုပ္ မ်ားအား လက္စသတ္ေနသည္။

ပိုက္ဆံမ်ားမ်ားရွာခ်င္ေတာ့ ရသမၽွ၊လာအပ္သမၽွ အလုပ္ေတြကိုပင္ သူလက္ခံထားမိသည္ပဲ။
သားအတြက္၊​ေဂဟာအတြက္ၿပီးေတာ့ ဟန္နီ
ႀကိဳက္တဲ့ Bonsaiပင္ေတြနဲ႔braceletေတြ ဝယ္ေပးနိုင္ဖို႔အတြက္ ပိုက္ဆံအား သူရွာနိုင္သမၽွ သူရွာေနဦးမည္ပင္။

"ပိုင္ မင္းေပါင္ေပၚမွာ ငါထိုင္ခ်င္တယ္"

ဟယ္ရီက ေျပာရင္း ပိုင့္ေပါင္ေပၚခြထိုင္လာေတာ့ ပိုင့္မွာ ၾကည္ရႊင္ရႊင္အျပဳံးမ်ိဳးလည္းျဖစ္တည္လာသည္။ဟယ္ရီက ပိုင့္လည္ပင္းကိုဖက္ထားရင္း
ပိုင့္ပခုံးေပၚသို႔ ေမးကိုတင္ထားသည္

ပိုင့္မွာ လက္မအားေပမင့္လို႔ ဟယ္ရီ့ေက်ာကို
လည္း မၾကာခဏ ပြတ္သပ္ေပးေနသည္။သားကေတာ့ အိပ္ေပ်ာ္သြားတာ ညကိုးနာရီကတည္းကပင္။

"ဟယ္ရီ အိပ္ခ်င္ရင္ ကိုယ့္ေပၚမွာအိပ္လိုက္
ေနာ္။ၿပီးမွ အိပ္ရာေပၚကို ကိုယ္ခ်ီသြားေပးမယ္"

"ပိုင့္ကို ခ်စ္တယ္။ငါမင္းကို အမ်ားႀကီး
ခ်စ္တာပိုင္..မင္းသိလား"

"သိတာေပါ့..ဟန္နီကိုယ့္ကို အမ်ားႀကီး
ခ်စ္မွန္း ကိုယ္သိပါတယ္"

"ဒါဆို ငါ့ကိုလက္ထပ္မွာလား"

"ဟန္နီခြင့္ျပဳရင္ ကိုယ္မင္းကို လက္ထပ္ခ်င္
တာေပါ့"

"ဒါဆို ဘိုးဘိုးဆီက ျပန္လာၿပီးရင္ Paris
ကိုသြားမယ္။ၿပီးရင္ အဲဒီမွာ မင္းကိုလက္ထပ္
မယ္။ငါ မင္းကိုလိုက္ပို႔ခ်င္တဲ့ ကမ္းေျခလည္း
ရွိတယ္။အဲ့ေနရာက သိပ္လွတာကြ။
ပိုင္ မင္းသေဘာက်မွာ ေသခ်ာတယ္"

ဟယ္ရီက လက္ထပ္မယ္လို႔ ေျပာလာေတာ့
ပိုင့္မွာ ဝမ္းပန္းတသာျဖစ္လို႔ စကားလည္း
ျပန္မေျပာနိုင္။ဟယ္ရီ့ကို သိမ္းက်ဳံးဖက္မိ
ရင္းျပဳံးရယ္မိတာလည္း အားပါးတရရယ္။

စည္းထားျခင္းမရွိတဲ့ ဟန္နီ့ဆံပင္ေတြကို
ဖိကပ္နမ္းရွိုက္မိတာလည္း အႀကိမ္ႀကိမ္
အခါခါပင္။ဟန္နီ့ခါးကိုဖက္၊ဟန္နီ့ေခါင္းကို
လည္း ညင္ညင္သာသာကိုင္ရင္း ေပြ႕ဖက္ထားမိ
တာ ကိုယ့္မွာၾကည္ၾကည္ႏူးႏူး။

"ဟန္နီ့ကို ေက်းဇူးတင္ပါတယ္။
ေက်းဇူးတင္ပါတယ္ ဟန္နီ..ကိုယ္တို႔
လက္ထပ္ၾကမယ္ေနာ္။ကိုယ္က မင္းကို
ေသေသခ်ာခ်ာလက္စြပ္နဲ႔လက္ထပ္ခြင့္
ေတာင္းသင့္တာ..ကိုယ့္.."

"ဒါ ပိုင့္အျပစ္ပါလို႔ ေျပာမလို႔လား။
လက္ထပ္ရင္လည္း လက္စြပ္ဝတ္ၾကရမွာ
ပဲ။ပိုင့္ဘက္က လက္စြပ္နဲ႔ လက္ထပ္ခြင့္
ေတာင္းလာမွာကို မလိုခ်င္ဘူး၊ပိုင့္ဆီက
ေမတၱာေတြရေနၿပီပဲ ဘာလိုေသးလို႔လဲ။
ငါကပဲ မင္းကို လက္ထပ္ဖို႔စေျပာခ်င္တာ"

ပြင့္လင္းမွုေတြနဲ႔ မင္းကိုလက္ထပ္ခ်င္ေၾကာင္း
ေျပာမိေတာ့ ရယ္သံေတြမွာ ႏူးႏူးညံ့ညံ့ေလးနဲ႔​ေမတၱာစာေတြလိုပဲ မင္းက ေပးကမ္းတတ္လာတယ္ ပိုင္။ရယ္သံေတြေၾကာင့္ပဲလားေတာ့မသိ သားက နိုးလာၿပီး အိပ္ရာေပၚမွာ ပုံ႔ပုံ႔ ကေလးထထိုင္ေနသည္။ဆံပင္ေကာက္ေကာက္ေလး​ေတြနဲ႔ သားက သမ္းေဝေနရင္း မ်က္လုံးေလးကို ပြတ္ေနေတာ့ ဟယ္ရီ့မွာ ပိုင့္ေပါင္ေပၚထိုင္ေနရင္းမွထကာ သားကိုသြားခ်ီလာရသည္။

"မ်က္လုံးေတြ မပြတ္ရဘူးေလ သားရဲ့"

"ဟုတ္..ေတာက္ေတာက္ ႐ုပ္ေတာ့ဘူးေနာ္
ဒက္ဒက္"

"ပိုင္ ငါတို႔သားအဖႏွစ္ေယာက္လုံး
မင္းေပါင္ေပၚမွာ ထိုင္လို႔ရလား"

"ရတာေပါ့ကြာ..လာလာ ကိုယ္က ဖက္ထား
ေပးမယ္"

ပိုင့္ေပါင္ေပၚမွာ သားကိုခ်ီရင္း ျပန္ခြထိုင္ျဖစ္ေတာ့ ပိုင္က ေႏြးေႏြးေထြးေထြးဖက္ေပးလာသည္။သားကေတာ့ ပိုင့္ကိုေက်ာေပးထားၿပီး ဟယ္ရီ့ ရင္ခြင္ထဲမွာ ကပ္ေနတာျဖစ္သည္။သားက
ျပန္အိပ္ငိုက္ေနေတာ့ ဟယ္ရီ့ရင္ဘတ္ထံပါးေလးအပ္ကာ လက္ေသးေသးေလးေတြႏွင့္လည္း
ဖက္ထားရွာသည္။

"ပိုင္ ေနာက္ဆို အလုပ္ကိုအမ်ားႀကီးလက္မခံနဲ႔ေတာ့၊ပိုင္ နိုင္သေလာက္ပဲလက္ခံ..ၾကားလား"

"ဟန္နီ့စကားကို နားေထာင္ခ်င္ပါတယ္၊
ဒါေပမဲ့ ကိုယ္ပိုက္ဆံေတြ အမ်ားႀကီးရွာမွ ျဖစ္မွာ"

"ငါက မင္းနဲ႔သားကို လူတန္းေစ့ျဖစ္ေအာင္
ေကၽြးထားနိုင္ပါတယ္ကြ။ပိုင့္ကို ငါရွာေကၽြးမယ္"

"ဟန္နီခ်မ္းသာတာ ကိုယ္သိပါတယ္ေနာ္၊
ဒါေပမဲ့ ကိုယ္က မင္းအတြက္လည္း ႀကိဳးႀကိဳး
စားစားနဲ႔ပိုက္ဆံရွာေပးခ်င္တာ။ဟန္နီ့ကို
မပင္ပန္းေစခ်င္ဘူး။ဟန္နီ့ပိုက္ဆံကိုလည္း
မသုံးရက္ေတာ့ဘူး။ၿပီးေတာ့ ဟန္နီ့ဆီက
ကိုယ္ယူခဲ့တဲ့ မုန႔္ဖိုးေတြက နည္းမွမနည္းဘဲ"

"ပိုင္ မပင္ပန္းေအာင္ ငါစဥ္းစားပါအုံးမယ္"

စကားေကာင္းေနတာနဲ႔ပဲ သားကေတာ့ ဟယ္ရီ့
ရင္ခြင္ထဲမွာ ျပန္အိပ္ေပ်ာ္သြားၿပီ။သားကို ငုံ႔နမ္း
ရင္း၊ပိုင့္ေမးဖ်ားကိုလည္း နမ္းပစ္ေတာ့ ပိုင့္မ်က္ႏွာသည္ ျပဳံးရႊင္ေနေတာ့သည္။

ဟယ္ရီ​၏ေမးခၽြန္ခၽြန္သို႔ ျပန္နမ္းလာေတာ့
ပိုင္က ႏွုတ္ခမ္းထိပ္လုံးလုံးဖူးဖူးကိုလည္း
ထပ္နမ္းေနေသးသည္။

အၾကင္နာမွာ ေမတၱာစာလိပ္ေတြလည္းပါေတာ့ တကူးတက ဖြင့္ေဖာက္ဖို႔လည္း မလိုအပ္ပါ။

"မင္းကို ခ်စ္ေပးခြင့္ရလာေတာ့ ကိုယ္က
ကံအေကာင္းဆုံးလူတစ္ေယာက္လိုပဲ။
ဒီေကာင္က မင္းအေပၚ ရက္ရက္စက္စက္
လ်စ္လ်ဴရွုမိခဲ့တာ။ဒီလိုပဲ ရက္ရက္စက္စက္
နဲ႔ဟန္နီ့ ေမတၱာေတြကိုလည္း နင္းေခ်ၿပီး
ပစ္ပယ္မိနဲ႔။ဒီေကာင္က မင္းနဲ႔တကယ္ေရာ
ထိုက္တန္ရဲ့လား"

​ဝရန္တာမွာ စီးကရက္ဖြာရင္း အိပ္ေပ်ာ္ေနတဲ့
မင္းကိုၾကည့္ၿပီး ကိုယ္ေျပာခဲ့မိတာပဲျဖစ္မယ္။

ပိုင့္မ်က္ဝန္းေတြက မတည္မၿငိမ္ စိုးစိုးရြံ႕ရြံ႕နဲ႔ဟယ္ရီထြက္သြားမွာကိုလည္း ေၾကာက္တဲ့စိတ္က ကိန္းေအာင္းေနတုန္း။မင္းသာ ထားသြားရင္၊မင္းသာ ထြက္သြားရင္ဆိုတဲ့ အဲဒီစိတ္ေတြရဲ့​ေနာက္မွာ ကိုယ္က အိပ္ေဆးေလး
လည္း ​ေဆာင္ထားျဖစ္တယ္။ဒါ မင္းမသိနိုင္တဲ့
ကိုယ့္ရဲ့တစ္ဖက္ျခမ္းက အေမွာင္ပိန္းပိန္း
ေတြ။ခပ္ယဲ့ယဲ့ ကိုယ့္စိတ္အနာတရေတြကို
မင္းကုစားေပးေနတာလည္း သိရဲ့။ဒီေကာင္က ေက်ေက်နပ္နပ္ခံယူမိေတာ့ ဟန္နီ..မင္းေပ်ာ္
ေနတယ္ေလ။မင္းေပ်ာ္ေနခဲ့ရွာတယ္။

/////////////////////////////////////
13.6.2021(Tuesday)
-လီလီဟန္-

Continue Reading

You'll Also Like

409K 16.5K 46
ကြယ်ကလေးတွေလည်း လင်းလက်နေပါသေးသည်။ လမင်းကြီးလည်း ထိန်ထိန်လင်းနေပါသေးသည်။ ငှက်ကလေးတွေလည်း ပျံဝဲနေပါသေးသည်။ လေကလေးတွေလည်း တိုက်နေဆဲသာ။ ချစ်သေးရဲ့လားတဲ့...
372K 35.2K 102
ဇာတ်လိုက်က အရင်ဘဝတုန်းက အပယ်ခံလေးဖြစ်ပြီးတော့ ရုပ်သေးဘုရင် အဖြစ် ဖိအားပေးခံခဲ့ရတယ်။ ပြီးတော့ တော်ဝင်နန်းတော်ကနေ ဝိုင်းပြီးတော့ အနိုင်ကျင့်ခဲ့တဲ့ စစ်သ...
3.2M 151K 62
Start Date>>>> 1.4.2020 End>>>20.5.2020 ကိုယ့်ဘက်က အချစ်တွေပေးခဲ့လည်း ပြန်ရခဲ့တာက နာကျင်မှုတွေတဲ့လား မင်းအမုန်း​တွေကိုထပ်ပြီးမခံစားနိုင်တော့လို့ ငါထ...
542K 48.5K 144
ဘာသာပြန်သူ - စွဲညို့အသင်း ရိုရိုချိုချိုနဲ့ မခါးတာလေး ဖတ်ချင်ရင် လာနော်