Systemက ကြၽန္ေတာ့္ကို Novelထဲ...

By Neko_san_ZP

1M 152K 8.5K

Title: Systemက ကျွန်တော့်ကို Novelထဲ ထည့်သွားတယ်ဗျို႕ Zawgyi and Unicode Started date: 16.6.2020 End date:... More

Chapter -1
Chapter -2
Chapter - 3
အေၾကာင္းအရာ
Chapter - 4
Chapter - 5
Chapter - 6
Chapter - 7
Chapter - 8
Chapter. 8.1
Chapter - 9
Chapter - 10
Chapter -11
Chapter - 12
Chapter - 13
Chapter - 14
Chapter - 15
Chapter - 16
Chapter - 17
Chapter - 18
Chapter - 19
လက္နက္(12)မ်ိဴး-လက်နက်(12)မျိူး
Chapter - 20
Chapter - 21
Chapter - 22
Chapter- 23
Chapter -24
Chapter-25
Chapter -26
Chapter -27
Chapter - 28.1
Chapter - 28.2
Chapter - 29
Chapter - 30
Chapter -31
Chapter -32
Chapter -33
Chapter - 34.1
Chapter - 34.2
Chapter -35
Chapter -36
Chapter -37
Chapter -38
Chapter-39
Chapter -40
Chapter -41
Chapter -42
Chapter - 43
Chapter - 44
characters intro
Chapter - 45
Chapter -46
Chapter - 47
Chapter-48
Chapter - 49
Chpater - 50
Chapter -51
Chapter -52
Chapter-53
Chapter -54
Chapter-55
Chapter-57
Chapter - 58
Chapter - 59
chapter -60
Chapter-61
Chapter-62
Chapter -63
Chapter-64
Chapter-65
Chapter -66
Chapter -67
Chapter -68
Chapter -69
Chapter-70
*About Book*
Chapter-71
Chapter -72
*Hello*
Chapter-73
Chapter-74
Chapter-75
Chapter -76
Chapter -77
Chapter -78
Chapter -79
Chapter-80
about Vol-2

Chapter-56

8.6K 1.3K 42
By Neko_san_ZP

Zawgyi

စစ္လုဟန္ရဲ႕မ်က္လံုးမ်ားဟာ ေဒါသေၾကာင့္ ရဲေနကာ ေျမျပင္က လူသံုးေယာက္ကို စိုက္ၾကည့္ေနေတာ့သည္၊သူရဲ႕အနီးနားမွာ အနက္ေရာင္ျမဴမ်ား ဆိုင္းလာေပမယ့္ ခ်က္ခ်င္းျပန္ေပ်ာက္သြားကာ စစ္လံုဟန္ဟာ ေတာက္ပစြာျပံဳးလိုက္ရင္း ေျမျပင္ေပၚ ကြၽမ္းထိုးခုန္ခ်လိုက္ၿပီး ဝမ္ေဖးရန္နား ေလ်ွာက္သြားရင္း

"ကိုကိုကလည္း ကြၽန္ေတာ့္ကို ရင္ထိတ္သြားေအာင္ လုပ္လိုက္တာပဲ"လို႔​ေျပာကာ မင္ထ်န္းေလာ့ကို တစ္ခ်က္စိုက္ၾကည့္ၿပီးေနာက္မွာ သူဟာ ဟန္ေဆာင္ျပံဳးရင္း

"ဒီလူေတြက ကိုကို႔မိတ္ေဆြေတြလား တကယ္ၾကည့္ေကာင္းတဲ့လူေတြပဲ" လို႔ေျပာလိုက္သည္၊

မင္ထ်န္းေလာ့ကလည္း ထိုလူငယ္ကို စိုက္ၾကည့္ၿပီးေနာက္မွာ လူႀကီးလူေကာင္းဆန္သည့္လူႀကီးတစ္ေယာက္အျပံဳးျဖင့္ ျပံဳးရင္း

"ကိုယ္တို႔ရန္အာကို ကယ္တင္ေပးတဲ့အတြက္ ဒီကေရာင္ရင္းကို တကယ္ေက်းဇူးတင္ပါတယ္" လို႔ ေျပာလိုက္သည္၊အမ်ားအျမင္မွာေတာ့ ထိုႏွစ္ဦးဟာ တကယ္ကိုပင္ မေတြ႔တာၾကာသည့္မိတ္ေဆြမ်ားႏွယ္ ႏူတ္ဆက္ေနၾကေတာ့သည္၊

ဒါေပမယ့္ တကယ္ကေတာ့ သူတို႔ဟာ မ်က္လံုးခ်င္းတိုက္ပြဲျဖစ္ေနျခင္းျဖစ္သည္၊႐ွလုန္ရိြန္ကေတာ့ ထိုႏွစ္ေယာက္ကို လစ္လ်ဴ႐ႈထားရင္း ဝမ္ေဖးရန္ရဲ႕တကိုယ္လံုးကို စစ္ေဆးရင္း သူ႔မ်က္ဝန္းမ်ားဟာ အေရာင္တစ္ခ်က္လက္သြားၿပီး

"ရန္ မင္းအဆင့္တက္သြားျပန္တာလား" လို႔ေျပာလိုက္ေတာ့ ဝမ္ေဖးရန္ဟာ မ်က္ႏွာေလးေမာ္ကာ မာန္ခ်ီေနသည့္အျပံဳးျဖင့္

"အခု ဒီခ်ံဴးအဆင့္ အလႊာ​သံုးျဖစ္သြားၿပီ" ဝမ္ေဖးရန္စကားေၾကာင့္ ႐ွလုန္ရိြန္အနည္းငယ္မွင္သက္သြားေတာ့သည္၊လြန္ခဲ့တဲ့ ႏွစ္ရက္ကမွ ဝမ္ေဖးရန္က အလႊာႏွစ္မွာသာ ႐ွိေနေသးေၾကာင္း သူသိသည္၊႐ွလုန္ရိြန္ဟာ စစ္လုံဟန္ဘက္ကို တစ္ခ်က္ၾကည့္လိုက္ၿပီးေနာက္မွာ ဝမ္ေဖးရန္ဘက္ကို ျပန္လွည့္လာကာ

"ကိုယ္ စိတ္ပူေနတာ " လို႔ ႐ွလုန္ရိြန္ဟာေျပာလိုက္ေတာ့ ဝမ္ေဖးရန္ဟာ အျပစ္႐ွိသည့္မ်က္ႏွာေလးနဲ႔ ၾကည့္လာကာ

"ကြၽန္ေတာ္ ေတာင္းပန္ပါတယ္... ကြၽန္ေတာ္သာ အဲ့ေရကန္မွာ ႏွစ္ရက္တိတိမေနခဲ့ရင္ လုန္ရြိန္နဲ႔ေလာ့ေကာေကာကို အခုလို ဒုကၡေရာက္ေစမွာမဟုတ္ဘူး"လို႔ ေျပာရင္း ႐ွလုန္ရိြန္ကိုယ္ေပၚက ေသြးေတြကိုၾကည့္ရင္း သူမွာရင္နာေနေတာ့သည္၊ဒီ​ေသြး​ေတြက လူေသြးလား သားရဲေသြးလားသူမသိေပမယ့္ ဘယ္ေလာက္တိုက္ခိုက္လာရလည္းဆုိတာ သူၾကည့္ရံုနဲ႔ နားလည္သည္၊ဒါေၾကာင့္ စစ္လံုဟန္ဘက္ကို ၾကည့္ရင္း

"ဟန္ဟန္... ငါတို႔ ဒီအနီးနားက ၿမိဳ႕တစ္ၿမိဳ႕ကို အရင္သြားရေအာင္... " လို႔ ေျပာလိုက္ေတာ့ မ်က္လံုးခ်င္းစစ္တိုက္ေနသည့္ႏွစ္ေယာက္လံုးဟာ ဝမ္ေဖးရန္ဘက္ လွည့္လာၿပီး စစ္လံုဟန္ကေတာ့့ 'ဟန္ဟန္'ဆုိသည့္စကားလံုးေအာက္မွာ ဒီလူႏွစ္ေယာက္ကို အျမင္ကတ္သည့္စိတ္မ်ားဟာ မိုးရြာၿပီးေနာက္ တိမ္မ်ားကင္းစင္ကာ သက္တံ့ထြက္လာသလိုပင္ ေပ်ာက္သြားၿပီး သူ႔မ်က္ႏွာဟာ ေပ်ာ္ရႊင္မႈမ်ားျဖင့္ ျပည့္ႏွက္သြားၿပီး

"ရတာေပါ့ ဒုကၡေရာက္ေနတဲ့သူကို ကယ္ရတာ ေကာင္းမြန္တဲ့အလုပ္ပဲေလ"လို႔ ေျပာရင္း သူ႔သားရဲကို စိတ္ခ်င္းဆက္ႏြယ္ကာ ေျမျပင္ေပၚဆင္းလာခိုင္းလိုက္သည္၊ထိုေနာက္ ဝမ္ေဖးရန္နားကပ္ကာ ေပြ႔ခ်ီလိုက္ရင္း နဂါးေပၚ ခုန္တက္လိုက္ၿပီးေနာက္မွာ သူ႔ကို စူးစိုက္စြာၾကည့္ေနၿပီး အံတင္းတင္းႀကိတ္ထားသည့္ ႏွစ္ဦးကို ျပံဳးကာ ေမာ့ၾကည့္ရင္း

"ခင္ဗ်ားတို႔ ႏွစ္ေယာက္ကေကာ ကြၽန္ေတာ့္ေပြ႔ခ်ီတာကို ေစာင့္ေနတာလား "ေလွာင္သံမ်ားစြတ္ေနသည့္အသံျဖင့္ ေမးလာေတာ့ မင္ထ်န္းေလာ့ဟာ ႏွာတစ္ခ်က္သာ မႈတ္လိုက္ၿပီး ထိုနဂါးလိုသားရဲေကာင္ေပၚ တက္လိုက္သည္၊သူတက္လာၿပီးေနာက္မွာ ႐ွလုန္ရိြန္လည္း တက္လာခဲ့သည္၊

ထိုေနာက္ သူတို႔ဟာ အနီးဆံုးၿမိဳ႕ျဖစ္သည့္ ႐ုန္ေပါက္ၿမိဳ႕ကို ေရာက္လာက်ေတာ့သည္၊ဒါေၾကာင့္ ဝမ္ေဖးရန္ဟာ စစ္လံုဟန္ဘက္ကို လွည့္ကာ

"႐ုန္ေပါက္ၿမိဳ႕ကို သြားလို႔ရမွာမဟုတ္ဘူး... " လို႔ ေျပာလိုက္ေတာ့ စစ္လံုဟန္ဟာ သြားတက္မ်ားေပၚတဲ့အထိ ျပံဳးလိုက္ရင္း

"အျခားသူေတြအတြက္ ဟုတ္ရင္ ဟုတ္မွာေပါ့" လို႔ ေျပာလိုက္သည္၊ ႐ုန္ေပါက္ၿမိဳ႕နားေရာက္ခ်ိန္မွာ စစ္လံုဟန္ဟာ ပုဝါခေမာက္ကို ဝမ္ေဖးရန္ကို ျပန္ေဆာင္းေပးလိုက္ရင္း ၿမိဳ႕ဂိတ္နားကို ကပ္လာေတာ့သည္၊ထိုခ်ိန္မွာ ႀကီးမားသည့္ငွက္သားရဲေတြစီးထားသည့္ လူငါးေယာက္ဟာ သူတို႔ သားရဲႀကီးေ႐ွ႕ေပၚလာၿပီး

"ရပ္စမ္း ဒီၿမိဳ႕ကို ျဖတ္သန္းသြားလာခြင့္ပိတ္ပင္ထားတယ္" လို႔ အမိန္႔ေပးကာေျပာဆုိလာသည့္အသံေၾကာင့္ စစ္လံုဟန္ဟာ မဲ့ျပံဳးတစ္ခ်က္သာ ျပံဳးလိုက္ၿပီး သူဟာ ထိုလူေတြဆီ တံဆိပ္ျပားတစ္ခု ပစ္ေပးလိုက္သည္၊ထိုေနာက္မွာေတာ့ ခုနကေမာက္မာေနသည့္ လူေတြဟာ ခ်က္ခ်င္း႐ိုက်ိဳးသြားၿပီး

"က်ဳပ္တို႔ရဲ႕ မသိနားမလည္မႈ ခြင့္လႊတ္ေပးပါ" လို႔ ခုနကနဲ႔မတူ ေၾကာက္ရြံကာျပန္ေျပာလာသည့္သူေၾကာင့္ ဝမ္ေဖးရန္ပင္မက အေနာက္မွာ ဒဏ္ရာကုစားေနသည့္ မင္ထ်န္းေလာ့တို႔ပါ တစ္ခ်က္စိုက္ၾကည့္လာေတာ့သည္၊ဒါေပမယ့္ သူတို႔ဟာ စိတ္မဝင္စားဟန္ျဖင့္ သူတို႔ကုန္ခမ္းသြားသည့္ ခ်ီစြမ္းအင္ေတြကို ဆက္လက္ျဖည့္စြတ္ေနေတာ့သည္၊

ကိုစပ္စုေလးဝမ္ေဖးရန္ကေတာ့ ထိုလူေတြထြက္သြားၿပီးေနာက္မွာ သူဟာ စစ္လံုဟန္ကို ၾကည့္လာကာ

"အဲ့တာ ဘာတံဆိပ္ျပားမလို႔လဲဟင္" လို႔ ေမးလိုက္ေတာ့ စစ္လံုဟန္ဟာ ဝမ္ေဖးရန္ကို တံဆိပ္ျပားထုတ္ျပလိုက္ရင္း

"ဘာမွေထြေထြထူးထူးမဟုတ္ဘူး အလယ္ပိုင္းေဒသက ကာကြယ္ေစာင့္ေ႐ွာက္သူ တံဆိပ္ျပားေလ...ဒီလိုအမိႈက္က ဒီမွာအသံုးဝင္မယ္မထင္ခဲ့တာ အမွန္ပဲ"

'ဥမ... အဲ့တာ ဘယ္လိုမ်ိဳးတံဆိပ္ျပားလဲ '

[System: အမ္း... အရမ္းေတာ့ အမိႈက္မဆန္ပါဘူး၊ ကာကြယ္ေစာင့္ေ႐ွာက္သူတံဆိပ္ျပားက နင္တို႔ေခတ္နဲ႔ေျပာရရင္ အမတ္ႀကီးတစ္ေယာက္ရဲ႕အာဏာနဲ႔ညီမ်ွတယ္ေလ၊ ဒီရပ္ဝန္းေဒသမွာ အလယ္ပိုင္းေဒသက အင္အားအႀကီးဆံုးနဲ႔အက်ယ္ျပန္႔ဆံုးပဲ အဲ့လိုေဒသက ကာကြယ္ေစာင့္ေ႐ွာက္သူတံဆိပ္ရ႐ွိထားတဲ့သူဆုိတာ... ဒီလိုေဒသမ်ိဳးမွာ ဘုရင္တစ္ပါးလိုပဲ]လို႔ ဥမစကားေၾကာင့္ အမိႈက္လို႔ေျပာခံရသည့္ တံဆိပ္ေလးကို ၾကည့္ကာ စိတ္မေကာင္း ျဖစ္မိသြားတာ အမွန္ေပ၊

ထိုေနာက္မွာေတာ့ သူတို႔ဟာ တည္းခိုေဆာင္တစ္ေဆာင္မွာ အခန္းေလးခန္းငွါးကာ ဝင္နားက်ေတာ့သည္၊ဝမ္ေဖးရန္ဟာလည္း သူ႔သီးသန္႔ခန္းမွာေနရင္း ျပတင္းေပါက္ကေန ႐ုန္ေပါက္ၿမိဳ႕ရဲ႕အလွကို ႐ႈစားေနေတာ့သည္၊ ေ႐ွာင္ေဝ့ရန္ရဲ႕ဘဝက ဒီမွာ စတင္ခဲ့တာ အမွန္ေပ၊ က်ိဳးလင္းအာ...က်ိဳးကလန္၊ဒီတစ္ခါေတာ့ ေ႐ွာင္ေဝ့ရန္အတြက္ ငါျပန္ကလဲ့စားေခ်ျပမယ္၊

[System: နင္ေရးလို႔ ဇာတ္လိုက္ဘဝပ်က္တာေလ. . . ဘာလို႔ သူေတာ္ေကာင္းႀကီးလို ျပဳမႈေနရတာလဲ ရြံစရာေကာင္းလိုက္တာ] လို႔ ဥမစကားေၾကာင့္ ဝမ္ေဖးရန္ နင္သြား႐ွာေတာ့သည္၊သူလည္း အျခားသူေတြလို ကလဲ့စားေလးေတြ ဘာေလးေတြ ေခ်ခ်င္လို႔ ၾကံဳးဝါးခ်င္တယ္ေလ၊

------------
သူတို႔ ႐ုန္ေပါက္ၿမိဳ႕မွာ ေလးရက္ေလာက္ေနၿပီးေနာက္မွာေတာ့ ရတနာဟာ ေပၚထြက္လာမည့္အရိပ္အေယာင္ေတြ ျပသလာေတာ့သည္၊ ထ်န္းက်ီအဆင့္က်င့္ၾကံသူေတြဟာ ေျမေအာက္ကေန ထြက္ေပၚလာသည့္ အားျပင္းလွသည့္ ခ်ီစြမ္းအင္ေၾကာင့္ သူတို႔ဟာ ထိုနားမွာ ဝန္းရံေနၿပီး ေတာ္ရံုက်င့္ၾကံသူေတြမွာ အနားမကပ္ႏိုင္ေပ၊ဝမ္ေဖးရန္တို႔အဖြဲ႔ကေတာ့ အလွမ္းေဝးသည့္ေနရာကေန ၾကည့္ေနေတာ့သည္၊စစ္လံုဟန္ကေတာ့ အေၾကာင္းကိစၥ႐ွိတာေၾကာင့္ ဒီၿမိဳ႕ကေန ထြက္ခြာသြားၿပီျဖစ္သည္၊သူရဲ႕ ဓားကို ျပန္မေပးပဲနဲ႔ေပါ့၊

ထိုေနာက္မွာ အျခားေက်ာင္းေတာ္က ထ်န္းက်ီအဆင့္က်င့္ၾကံသူေတြဟာ သူတို႔တပည့္မ်ားဦးေဆာင္ကာ ေရာက္လာၾကေတာ့သည္၊ဝမ္ေဖးရန္လည္း သူရင္းႏွီးမ်က္ႏွာေတြကို တစ္ခ်က္သာ လွမ္းၾကည့္လိုက္ၿပီး ...

'သူတို႔က အေတြ႔အၾကံဳရခ်င္လို႔လား ျမန္ျမန္ေသခ်င္ေနၾကလို႔လား' ေက်ာင္းေတာ္အခ်င္းခ်င္းဟာ ထူးခြၽန္သည့္တပည့္သစ္ေတြေခၚေဆာင္လာကာ သူတို႔အာဏာကို မသိမသာျပသတတ္ၾကသည္မလား၊ဒီရတနာ​ေၾကာင့္ တပည့္ေတြေသဆံုးသြားမည္ကို သူတို႔ဟာ သိပ္ဂ႐ုမစိုက္ၾကေပ၊ ထိုခ်ိန္မွာ ရတနာေပၚလာၿပီဆုိသည့္အသံေၾကာင့္ လူအားလံုးဟာ လႈပ္လႈပ္ရြရြျဖစ္ကုန္ၾကေတာ့သည္၊

'ငါက ဒီထ်န္းက်ီအဆင့္က်င့္ၾကံသူေတြၾကားကေန ဘယ္လိုျဖတ္ခုတ္ရမွာလဲ...' လို႔ ေျပာရင္း ဟိန္းထြက္လာကာ အ႐ွိန္အဝါျပင္းထန္သည့္ လူအိုႀကီးတစ္ေယာက္အသံထြက္ေပၚလာေတာ့သည္၊

"ဒီလူအိုႀကီးက ေရႊေရာင္သစ္ျမက္ဂိုဏ္းကပဲ ဒီရတနာကို ငါတို႔ ဂိုဏ္းကို ေပးမယ္ဆုိရင္ ေနာင္တစ္ခ်ိန္မွာ ဒီလူအိုႀကီးဆီက အကူညီေတာင္းမယ္ဆုိရင္ ဝမ္းေျမႇာက္ဝမ္းသာလက္ခံမိမွာ အမွန္ပဲ" လို႔ ေျပာသည့္စကားအဆံုးမွာ အမ်ိဳးသမီးတစ္ေယာက္ရဲ႕ႏွာ႐ွံု႔သံထြက္လာကာ

"ဟြန္႔ ႐ွင္တို႔ဂိုဏ္းေသးေသးေလးက လူပါးဝလွခ်ည္လား... ကြၽန္မတို႔ ပန္းတစ္ေထာင္ခ်ိဳင့္ဝွမ္းကို ယွဥ္ၿပိဳင္ခ်င္ေနတာလား" ထိုအမ်ိဳးသမီးဟာ ပန္းတစ္ေထာင္ခ်ိဳင့္ဝွမ္းရဲ႕ ႐ႊယ္ေရွာင္းအဆင့္အႀကီးအကဲတစ္ေယာက္ျဖစ္ၿပီး အရမ္းကိုေမာက္မာကာ သူမကိုယ္သူမ အထင္ႀကီးလြန္းသူျဖစ္သည္၊သူမက က်ိဳးလင္းအာရဲ႕ဆရာလည္းျဖစ္သည္၊

"မင္းတို႔က ၿမိဳ႕ေတာ္ဝန္ကိုေတာင္ အေလးမထားၾကေတာ့ပါလား" အိုမင္းေနသည့္အသံၾကားသည္ခ်ိန္မွာ အကုန္လံုးဟာ မ်က္ေမွာင္ၾကဳတ္ကုန္ၾကၿပီး...

"ၿမိဳ႕ေတာ္ဝန္က ဒီၿမိဳ႕ေတာ္ကေန ထြက္သြားတာ ၾကာၿပီမလား၊သူက ဘာေၾကာင့္ ျပန္ေရာက္လာတာလဲ လြန္ခဲ့တဲ့ ႏွစ္ႏွစ္ရာတုန္းက ၿမိဳ႕ေတာ္ဝန္ရဲ႕သိုင္းအဆင့္က ႐ႊယ္ေရွာင္းအဆင့္ဆုိေတာ့ အခုဆိုရင္  ဒီမွာ႐ွိတဲ့သူတိုင္းထက္ သာလြန္ေနသည္မွာ အမွန္ပဲ" လို႔ လူအုပ္ဟာ တစ္ေယာက္တစ္ေပါက္ေျပာေနရင္း  အေဝးကေန စိတ္ဝင္တစားၾကည့္ေနၾကေတာ့သည္၊

ထိုခ်ိန္မွာ ပန္းတစ္ေထာင္ခ်ိဳင့္ဝွမ္းအဖြဲ႔ထဲကေန လွပသည့္အိုမီဂါေလးဟာ ထြက္လာကာ

"အဘိုးေလာင္ ...ကြၽန္ေတာ့္က အဘြား႐ုန္ရဲ႕​ျမစ္ က်ိဳးလင္းအာပါ"လို႔ ခ်ိဳသာစြာျပံဳးထားၿပီး ယုံၾကည္ခ်က္အျပည့္နဲ႔ ထြက္လာေတာ့သည္၊ ၿမိဳ႕ေတာ္ဝန္ေလာင္ဟာလည္း ထိုလူငယ္ကိုၾကည့္ရင္း

"မင္းက က်ိဳး႐ုန္႐ုန္ရဲ႕မ်ိဳးဆက္လား" လို႔ ေမးလိုက္ေတာ့ က်ိဳးလင္းအာဆုိသည့္လူငယ္ဟာ ျပံဳးကာေခါင္းညိတ္လိုက္ေတာ့သည္၊ထိုေနာက္ သူဟာ ၿမိဳ႕ေတာ္ဝန္ေလာင္ကိုၾကည့္ကာ

"အဘိုးေလာင္ကို ကြၽန္ေတာ္က ငယ္ငယ္ထဲက ေလးစားလာရတာ အဘိုးေလာင္ကို ကတိတစ္ခုကို တန္ဖိုးထားၿပီး သိကၡာတရားနဲ႔ကိုယ္က်င့္တရားကို အသက္သမ်ွတန္ဖိုးထားတဲ့လူမ်ိဳးဟာ လူအေယာက္တစ္ေသာင္းမွာ တစ္ေယာက္ပဲ႐ွိတယ္" လို႔ အစခ်ီေျပာရင္း သူရဲ႕ဆရာမဘက္ပါလွည့္ရင္း

"ဆရာ ဒါ ကြၽန္ေတာ္ေျပာေျပာေနတဲ့ အဘိုးေလာင္ေလ" လို႔ ေျပာလိုက္ေတာ့ က်ိဳးလင္းအာရဲ႕ဆရာဟာလည္း ခ်က္ခ်င္းေလးစားမႈမ်ားျဖင့္ျပည့္သိပ္ေနသည့္အမူအရာျဖင့္ ႐ို႐ိုေသေသႏူတ္ဆက္ကာ

"ၿမိဳ႕ေတာ္ဝန္ေလာင္အေၾကာင္းကို ၾကားထဲက သိပ္ေလးစားေနခဲ့တာ အခုလို လူခ်င္းေတြ႔မိေတာ့ လင္းအာရဲ႕အေျပာသက္သက္မဟုတ္ဘူးဆုိ ယုံၾကည္သြားေတာ့တယ္"လို႔ ေျမႇာက္ပင့္ေျပာဆုိေနေတာ့သည္၊ ၿမိဳ႕ေတာ္ဝန္ေလာင္ကေတာ့ စိတ္ေက်နပ္စြာတဟားဟားရယ္ေမာရင္း က်ိဳးလင္းအာကို တူေတာ္တစ္ေယာက္ကို ခ်စ္ခင္သည့္အၾကည့္မ်ားျဖင့္ ၾကည့္ရင္း...

"ဒီရတနာကို ပန္းတစ္ေထာင္ခ်ိဳင့္ဝွမ္းကလူေတြနဲ႔ လုခ်င္ရင္ ဒီၿမိဳ႕ေတာ္ဝန္နဲ႔ လာထိပ္တိုက္ရင္ဆိုင္လို႔ရတယ္" လို႔ ေျပာလိုက္ေတာ့ အနီးနားကလူေတြဟာ သံပရာသီးကိုက္လိုက္ရသလို မ်က္ႏွာေတြဟာ ႐ွံု႔မဲ့ကုန္ၾကေတာ့သည္၊

က်ိဳးလင္းအာလည္း ေမာက္မာဟန္ျဖစ္ေနေပမယ့္ သူဟာ အေကာင္းျမင္သည့္ပံုစံနဲ႔သာေနေနေတာ့သည္၊ဒီရတနာကိုသာ သူတို႔ခ်ိဳင့္ဝွမ္းကရခဲ့ရင္ ေခါင္းဆာင္ဟာ သူ႔ကို ဆုခ်ီးျမႇင့္မွာ ေသခ်ာၿပီး သူရဲ႕ဂုဏ္သတင္းဟာလည္း ပိုမိုတိုးတက္သြားမွာအမွန္ေပ၊ ၿမိဳ႕ေတာ္ေလာင္ဟာ သူတို႔အဘြားရဲ႕ခ်စ္သူျဖစ္ၿပီး ေနာက္ပိုင္းအေၾကာင္းတစ္စံုတရာေၾကာင့္ ကြဲကြာသြားေပမယ့္ အဘြားရဲ႕မိသားစုကို ေစာင့္ေ႐ွာက္ေပးမည္ဆုိသည့္ ကတိထားခဲ့ဖူးသည္၊ထိုဒ႑ာရီဆန္လွသည့္ ၿမိဳ႕ေတာ္ဝန္ဆုိသည့္သူဟာ ဒီေန႔ေရာက္ခ်လာၿပီး အသံုးဝင္ခဲ့မယ္မထင္ခဲ့ေပ၊သူဟာ သိပ္ကိုေပ်ာ္ရႊင္ေနေပမယ့္ ထိန္းသိမ္းကာေနေနရသည္၊

အေဝးကေန ဝမ္ေဖးရန္ကေတာ့ ေလွာင္ျပံဳးျပံဳးကာ က်ိဳးလင္းအာကို ၾကည္ေနသည္၊သူမွတ္မိသေလာက္ဆိုရင္ ေ႐ွာင္ေဝ့ရန္လက္ထဲကေန ရတနာကို က်ိဳးလင္းအာရၿပီးေနာက္မွာ က်ိဳးကလန္ဖ်က္ဆီးခံလိုက္ရသည္ကို သူေရးသားထားခဲ့သည္မလား၊ဖ်က္ဆီးသည့္သူဟာလည္း ၿမိဳ႕ေတာ္ဝန္ေလာင္ကိုယ္တိုင္ျဖစ္သည္၊ၿမိဳ႕ေတာ္ဝန္ေလာင္ဆုိသည့္လူမ်ိဳးဟာ အျမင္သာလွၿပီး ပုပ္ေနသည့္ေနရာကို တိပ္နဲ႔ဖံုးအုပ္ထားသည့္ ပန္းသီးပုပ္ႀကီးေပ၊သူက လူအမ်ားေ႐ွ႕မွာသာ ထိုသို႔ျပဳမႈေနေပမယ့္ ထိုပန္းတစ္ေထာင္ခ်ိဳင့္ဝွမ္းအဖြဲ႔ကို ေနာက္ကြယ္မွာ သတ္ပစ္ၿပီး ရတနာကို လုယူမွာအမွန္ေပ၊က်ိဳး႐ုန္႐ုန္ကို သတ္ခဲ့သလိုေပါ့၊

က်ိဳး႐ုန္႐ုန္က ထက္ျမက္ၿပီးေတာ္သည့္အမ်ိဳးသမီးတစ္ေယာက္ျဖစ္ေပမယ့္ သူမအမွားဟာ ၿမိဳ႕ေတာ္ဝန္ေလာင္ကို ခ်စ္မိသြားျခင္းျဖစ္သည္၊သူတို႔ႏွစ္ေယာက္ဟာ အမ်ားအားက်ေလာက္သည့္အတြဲမ်ားျဖစ္ၿပီး ေနရာအႏွံ႔ခရီးသြားကာ ဘဝကို ေပ်ာ္ရႊင္စြာျဖတ္သန္းၾကေတာ့သည္၊ဒါေပမယ့္ တစ္ေန႔ ေ႐ွးေဟာင္းရတနာေျမပံုကို ၿမိဳ႕ေတာ္ဝန္ေလာင္နဲ႔က်ိး႐ုန္႐ုန္ဟာ ႐ွာေဖြေတြ႔႐ွိၿပီးေနာက္မွာေတာ့ ၿမိဳ႕ေတာ္ဝန္ေလာင္ဟာ သူအရမ္းခ်စ္လွပါခ်ည္ရဲ႕ဆိုသည့္အမ်ိဳးသမီးကို ေတြေဝခ်င္းမ႐ွိ သတ္ျဖတ္လိုက္ေတာ့သည္၊

ေနာက္ပိုင္း႐ုန္ေပါက္ၿမိဳ႕ကိုျပန္ေရာက္လာသည့္ခ်ိန္မွာ သူဟာ က်ိဳး႐ုန္႐ုန္နဲ႔သူဟာ လူတခ်ိဳ႕ရဲ႕ခ်ံဴခိုတိုက္ခိုက္မႈကို ခံရၿပီး က်ိဳး႐ုန္႐ုန္သာ အသက္ဆံုး႐ွံူးခဲ့ကာ သူတစ္ေယာက္တည္းသာ လြတ္ေျမာက္ခဲ့ေၾကာင္း ေျပာလာၿပီး သူ႔ခ်စ္သူကို မကယ္တင္ႏိုင္တာေၾကာင့္ အရမ္းေနာင္တရေၾကာင္း ဒရမ္မာေတြခင္း ဘဝေတြပါပ်က္ျပေတာ့သည္၊ေနာက္ဆံုး က်ိဳးကလန္ဟာ အနာဂတ္မရွိျပသလိုေနမည္ဆုိရင္ က်ိဳး႐ုန္႐ုန္ဟာ ေကာင္းကင္ကေန စိတ္မေကာင္းျဖစ္ေနလိမ့္မည္ဟု ေျပာၾကားလာမွ ၿမိဳ႕ေတာ္ဝန္ေလာင္ဟာ က်ိဳး႐ုန္႐ုန္ဖခင္ကို အႀကိမ္ႀကိမ္ဦးခ်ၿပီးေနာက္မွာ သူအင္အားႀကီးလာတဲ့တစ္ေန႔ သူ႔ဘဝတစ္ေလ်ွာက္လံုးကို က်ိဳးကလန္ေပၚကိုသာ အမႈထမ္းမည့္အေၾကာင္း ေျပာလာေတာ့သည္၊ထိုေနာက္ သူ႔ခ်စ္သူကို မေမ့ႏိုင္တာေၾကာင့္ စိတ္လြတ္ကိုယ္လြတ္ခရီးထြက္မည့္ဆုိသည့္အေၾကာင္းျပခ်က္ေပးကာ ေ႐ွးေဟာင္းရတနာကိုလိုက္လံ႐ွာေဖြေတာ့သည္၊

ဝမ္ေဖးရန္ဟာ သူေရးသည့္ဇာတ္အိမ္အတိုင္းဆုိရင္ က်ိဳးလင္းအာတို႔အဖြဲ႔ေသဆံုးမည္ဟာ အမွန္ေပ၊သူက ေလာ့ေကာေကာတို႔ဘက္ကို လွည့္လိုက္ရင္း

"ရွင္းက်ီအဆင့္က်င့္ႀကံသူကို ကြၽန္ေတာ္တို႔သံုးေယာက္ပူးေပါင္းတိုက္ခိုက္မယ္ဆုိရင္ ႏိုင္ႏိုင္ေခ် ဘယ္ေလာက္႐ွိလဲ"လို႔ ေမးလိုက္ေတာ့ မင္ထ်န္းေလာ့ဟာ ခဏစဥ္းစားလိုက္ၿပီး လက္တစ္ေခ်ာင္းေထာင္ျပလိုက္တာေၾကာင့္ ဝမ္ေဖးရန္ဟာ ေပ်ာ္ရႊင္သြားၿပီး

"တစ္ရာခိုင္ႏႉန္းေတာင္လား" ဒါအရမ္းကိုလြယ္ကူမေနဘူးလို႔လား

"မဟုတ္ဘူး" မင္ထ်န္းေလာ့ရဲ႕အျငင္းစကားေၾကာင့္ ဝမ္ေဖးရန္ မ်က္ေမွာက္ၾကဳတ္သြားၿပီး

"တစ္ဆယ္ရာခိုင္ႏူန္းလား" လို႔ ဆက္ေမးလိုက္ေတာ့ မင္ထ်န္းေလာ့ဟာ ေခါင္းခါလိုက္ကာ...

"ရွင္းက်ီအဆင့္သိုင္းပညာ႐ွင္မေျပာနဲ႔ ႐ႊယ္ေရွာင္း အထြတ္အထိပ္အဆင့္က်င့္ႀကံသူကိုေတာင္ ကိုယ္တို႔ တိုက္ခိုက္မယ္ဆုိရင္ ႏိုင္ႏိုင္ေခ် တစ္ဆယ္ရာခိုင္ႏူန္းပဲ႐ွိတယ္" လို္ ေျပာလိုက္ေတာ့ ဝမ္ေဖးရန္ေခါင္းေလး ငိုက္စိုက္သြားေတာ့သည္၊ဘာလို႔ေသာက္ရတနာက ငါ ဒီခ်ံဴးအဆင့္မွာ ႐ွိေနတုန္းမွ ထြက္လာရတာလဲ!!!

-*-*-*-*-*-*-*-*-*-*

Chapter -57ေမ်ွာ္

-*-*-*-*-

Unicode

စစ်လုဟန်ရဲ့မျက်လုံးများဟာ ဒေါသကြောင့် ရဲနေကာ မြေပြင်က လူသုံးယောက်ကို စိုက်ကြည့်နေတော့သည်၊သူရဲ့အနီးနားမှာ အနက်ရောင်မြူများ ဆိုင်းလာပေမယ့် ချက်ချင်းပြန်ပျောက်သွားကာ စစ်လုံဟန်ဟာ တောက်ပစွာပြုံးလိုက်ရင်း မြေပြင်ပေါ် ကျွမ်းထိုးခုန်ချလိုက်ပြီး ဝမ်ဖေးရန်နား လျှောက်သွားရင်း

"ကိုကိုကလည်း ကျွန်တော့်ကို ရင်ထိတ်သွားအောင် လုပ်လိုက်တာပဲ"လို့​ပြောကာ မင်ထျန်းလော့ကို တစ်ချက်စိုက်ကြည့်ပြီးနောက်မှာ သူဟာ ဟန်ဆောင်ပြုံးရင်း

"ဒီလူတွေက ကိုကို့မိတ်ဆွေတွေလား တကယ်ကြည့်ကောင်းတဲ့လူတွေပဲ" လို့ပြောလိုက်သည်၊

မင်ထျန်းလော့ကလည်း ထိုလူငယ်ကို စိုက်ကြည့်ပြီးနောက်မှာ လူကြီးလူကောင်းဆန်သည့်လူကြီးတစ်ယောက်အပြုံးဖြင့် ပြုံးရင်း

"ကိုယ်တို့ရန်အာကို ကယ်တင်ပေးတဲ့အတွက် ဒီကရောင်ရင်းကို တကယ်ကျေးဇူးတင်ပါတယ်" လို့ ပြောလိုက်သည်၊အများအမြင်မှာတော့ ထိုနှစ်ဦးဟာ တကယ်ကိုပင် မတွေ့တာကြာသည့်မိတ်ဆွေများနှယ် နူတ်ဆက်နေကြတော့သည်၊

ဒါပေမယ့် တကယ်ကတော့ သူတို့ဟာ မျက်လုံးချင်းတိုက်ပွဲဖြစ်နေခြင်းဖြစ်သည်၊ရှလုန်ရွိန်ကတော့ ထိုနှစ်ယောက်ကို လစ်လျူရှုထားရင်း ဝမ်ဖေးရန်ရဲ့တကိုယ်လုံးကို စစ်ဆေးရင်း သူ့မျက်ဝန်းများဟာ အရောင်တစ်ချက်လက်သွားပြီး

"ရန် မင်းအဆင့်တက်သွားပြန်တာလား" လို့ပြောလိုက်တော့ ဝမ်ဖေးရန်ဟာ မျက်နှာလေးမော်ကာ မာန်ချီနေသည့်အပြုံးဖြင့်

"အခု ဒီချူံးအဆင့် အလွှာ​သုံးဖြစ်သွားပြီ" ဝမ်ဖေးရန်စကားကြောင့် ရှလုန်ရွိန်အနည်းငယ်မှင်သက်သွားတော့သည်၊လွန်ခဲ့တဲ့ နှစ်ရက်ကမှ ဝမ်ဖေးရန်က အလွှာနှစ်မှာသာ ရှိနေသေးကြောင်း သူသိသည်၊ရှလုန်ရွိန်ဟာ စစ်လုံဟန်ဘက်ကို တစ်ချက်ကြည့်လိုက်ပြီးနောက်မှာ ဝမ်ဖေးရန်ဘက်ကို ပြန်လှည့်လာကာ

"ကိုယ် စိတ်ပူနေတာ " လို့ ရှလုန်ရွိန်ဟာပြောလိုက်တော့ ဝမ်ဖေးရန်ဟာ အပြစ်ရှိသည့်မျက်နှာလေးနဲ့ ကြည့်လာကာ

"ကျွန်တော် တောင်းပန်ပါတယ်... ကျွန်တော်သာ အဲ့ရေကန်မှာ နှစ်ရက်တိတိမနေခဲ့ရင် လုန်ရွိန်နဲ့လော့ကောကောကို အခုလို ဒုက္ခရောက်စေမှာမဟုတ်ဘူး"လို့ ပြောရင်း ရှလုန်ရွိန်ကိုယ်ပေါ်က သွေးတွေကိုကြည့်ရင်း သူမှာရင်နာနေတော့သည်၊ဒီ​သွေး​တွေက လူသွေးလား သားရဲသွေးလားသူမသိပေမယ့် ဘယ်လောက်တိုက်ခိုက်လာရလည်းဆိုတာ သူကြည့်ရုံနဲ့ နားလည်သည်၊ဒါကြောင့် စစ်လုံဟန်ဘက်ကို ကြည့်ရင်း

"ဟန်ဟန်... ငါတို့ ဒီအနီးနားက မြို့တစ်မြို့ကို အရင်သွားရအောင်... " လို့ ပြောလိုက်တော့ မျက်လုံးချင်းစစ်တိုက်နေသည့်နှစ်ယောက်လုံးဟာ ဝမ်ဖေးရန်ဘက် လှည့်လာပြီး စစ်လုံဟန်ကတော့့ 'ဟန်ဟန်'ဆိုသည့်စကားလုံးအောက်မှာ ဒီလူနှစ်ယောက်ကို အမြင်ကတ်သည့်စိတ်များဟာ မိုးရွာပြီးနောက် တိမ်များကင်းစင်ကာ သက်တံ့ထွက်လာသလိုပင် ပျောက်သွားပြီး သူ့မျက်နှာဟာ ပျော်ရွှင်မှုများဖြင့် ပြည့်နှက်သွားပြီး

"ရတာပေါ့ ဒုက္ခရောက်နေတဲ့သူကို ကယ်ရတာ ကောင်းမွန်တဲ့အလုပ်ပဲလေ"လို့ ပြောရင်း သူ့သားရဲကို စိတ်ချင်းဆက်နွယ်ကာ မြေပြင်ပေါ်ဆင်းလာခိုင်းလိုက်သည်၊ထိုနောက် ဝမ်ဖေးရန်နားကပ်ကာ ပွေ့ချီလိုက်ရင်း နဂါးပေါ် ခုန်တက်လိုက်ပြီးနောက်မှာ သူ့ကို စူးစိုက်စွာကြည့်နေပြီး အံတင်းတင်းကြိတ်ထားသည့် နှစ်ဦးကို ပြုံးကာ မော့ကြည့်ရင်း

"ခင်ဗျားတို့ နှစ်ယောက်ကကော ကျွန်တော့်ပွေ့ချီတာကို စောင့်နေတာလား "လှောင်သံများစွတ်နေသည့်အသံဖြင့် မေးလာတော့ မင်ထျန်းလော့ဟာ နှာတစ်ချက်သာ မှုတ်လိုက်ပြီး ထိုနဂါးလိုသားရဲကောင်ပေါ် တက်လိုက်သည်၊သူတက်လာပြီးနောက်မှာ ရှလုန်ရွိန်လည်း တက်လာခဲ့သည်၊

ထိုနောက် သူတို့ဟာ အနီးဆုံးမြို့ဖြစ်သည့် ရုန်ပေါက်မြို့ကို ရောက်လာကျတော့သည်၊ဒါကြောင့် ဝမ်ဖေးရန်ဟာ စစ်လုံဟန်ဘက်ကို လှည့်ကာ

"ရုန်ပေါက်မြို့ကို သွားလို့ရမှာမဟုတ်ဘူး... " လို့ ပြောလိုက်တော့ စစ်လုံဟန်ဟာ သွားတက်များပေါ်တဲ့အထိ ပြုံးလိုက်ရင်း

"အခြားသူတွေအတွက် ဟုတ်ရင် ဟုတ်မှာပေါ့" လို့ ပြောလိုက်သည်၊ ရုန်ပေါက်မြို့နားရောက်ချိန်မှာ စစ်လုံဟန်ဟာ ပုဝါခမောက်ကို ဝမ်ဖေးရန်ကို ပြန်ဆောင်းပေးလိုက်ရင်း မြို့ဂိတ်နားကို ကပ်လာတော့သည်၊ထိုချိန်မှာ ကြီးမားသည့်ငှက်သားရဲတွေစီးထားသည့် လူငါးယောက်ဟာ သူတို့ သားရဲကြီးရှေ့ပေါ်လာပြီး

"ရပ်စမ်း ဒီမြို့ကို ဖြတ်သန်းသွားလာခွင့်ပိတ်ပင်ထားတယ်" လို့ အမိန့်ပေးကာပြောဆိုလာသည့်အသံကြောင့် စစ်လုံဟန်ဟာ မဲ့ပြုံးတစ်ချက်သာ ပြုံးလိုက်ပြီး သူဟာ ထိုလူတွေဆီ တံဆိပ်ပြားတစ်ခု ပစ်ပေးလိုက်သည်၊ထိုနောက်မှာတော့ ခုနကမောက်မာနေသည့် လူတွေဟာ ချက်ချင်းရိုကျိုးသွားပြီး

"ကျုပ်တို့ရဲ့ မသိနားမလည်မှု ခွင့်လွှတ်ပေးပါ" လို့ ခုနကနဲ့မတူ ကြောက်ရွံကာပြန်ပြောလာသည့်သူကြောင့် ဝမ်ဖေးရန်ပင်မက အနောက်မှာ ဒဏ်ရာကုစားနေသည့် မင်ထျန်းလော့တို့ပါ တစ်ချက်စိုက်ကြည့်လာတော့သည်၊ဒါပေမယ့် သူတို့ဟာ စိတ်မဝင်စားဟန်ဖြင့် သူတို့ကုန်ခမ်းသွားသည့် ချီစွမ်းအင်တွေကို ဆက်လက်ဖြည့်စွတ်နေတော့သည်၊

ကိုစပ်စုလေးဝမ်ဖေးရန်ကတော့ ထိုလူတွေထွက်သွားပြီးနောက်မှာ သူဟာ စစ်လုံဟန်ကို ကြည့်လာကာ

"အဲ့တာ ဘာတံဆိပ်ပြားမလို့လဲဟင်" လို့ မေးလိုက်တော့ စစ်လုံဟန်ဟာ ဝမ်ဖေးရန်ကို တံဆိပ်ပြားထုတ်ပြလိုက်ရင်း

"ဘာမှထွေထွေထူးထူးမဟုတ်ဘူး အလယ်ပိုင်းဒေသက ကာကွယ်စောင့်ရှောက်သူ တံဆိပ်ပြားလေ...ဒီလိုအမှိုက်က ဒီမှာအသုံးဝင်မယ်မထင်ခဲ့တာ အမှန်ပဲ"

'ဥမ... အဲ့တာ ဘယ်လိုမျိုးတံဆိပ်ပြားလဲ '

[System: အမ်း... အရမ်းတော့ အမှိုက်မဆန်ပါဘူး၊ ကာကွယ်စောင့်ရှောက်သူတံဆိပ်ပြားက နင်တို့ခေတ်နဲ့ပြောရရင် အမတ်ကြီးတစ်ယောက်ရဲ့အာဏာနဲ့ညီမျှတယ်လေ၊ ဒီရပ်ဝန်းဒေသမှာ အလယ်ပိုင်းဒေသက အင်အားအကြီးဆုံးနဲ့အကျယ်ပြန့်ဆုံးပဲ အဲ့လိုဒေသက ကာကွယ်စောင့်ရှောက်သူတံဆိပ်ရရှိထားတဲ့သူဆိုတာ... ဒီလိုဒေသမျိုးမှာ ဘုရင်တစ်ပါးလိုပဲ]လို့ ဥမစကားကြောင့် အမှိုက်လို့ပြောခံရသည့် တံဆိပ်လေးကို ကြည့်ကာ စိတ်မကောင်း ဖြစ်မိသွားတာ အမှန်ပေ၊

ထိုနောက်မှာတော့ သူတို့ဟာ တည်းခိုဆောင်တစ်ဆောင်မှာ အခန်းလေးခန်းငှါးကာ ဝင်နားကျတော့သည်၊ဝမ်ဖေးရန်ဟာလည်း သူ့သီးသန့်ခန်းမှာနေရင်း ပြတင်းပေါက်ကနေ ရုန်ပေါက်မြို့ရဲ့အလှကို ရှုစားနေတော့သည်၊ ရှောင်ဝေ့ရန်ရဲ့ဘဝက ဒီမှာ စတင်ခဲ့တာ အမှန်ပေ၊ ကျိုးလင်းအာ...ကျိုးကလန်၊ဒီတစ်ခါတော့ ရှောင်ဝေ့ရန်အတွက် ငါပြန်ကလဲ့စားချေပြမယ်၊

[System: နင်ရေးလို့ ဇာတ်လိုက်ဘဝပျက်တာလေ. . . ဘာလို့ သူတော်ကောင်းကြီးလို ပြုမှုနေရတာလဲ ရွံစရာကောင်းလိုက်တာ] လို့ ဥမစကားကြောင့် ဝမ်ဖေးရန် နင်သွားရှာတော့သည်၊သူလည်း အခြားသူတွေလို ကလဲ့စားလေးတွေ ဘာလေးတွေ ချေချင်လို့ ကြုံးဝါးချင်တယ်လေ၊

------------
သူတို့ ရုန်ပေါက်မြို့မှာ လေးရက်လောက်နေပြီးနောက်မှာတော့ ရတနာဟာ ပေါ်ထွက်လာမည့်အရိပ်အယောင်တွေ ပြသလာတော့သည်၊ ထျန်းကျီအဆင့်ကျင့်ကြံသူတွေဟာ မြေအောက်ကနေ ထွက်ပေါ်လာသည့် အားပြင်းလှသည့် ချီစွမ်းအင်ကြောင့် သူတို့ဟာ ထိုနားမှာ ဝန်းရံနေပြီး တော်ရုံကျင့်ကြံသူတွေမှာ အနားမကပ်နိုင်ပေ၊ဝမ်ဖေးရန်တို့အဖွဲ့ကတော့ အလှမ်းဝေးသည့်နေရာကနေ ကြည့်နေတော့သည်၊စစ်လုံဟန်ကတော့ အကြောင်းကိစ္စရှိတာကြောင့် ဒီမြို့ကနေ ထွက်ခွာသွားပြီဖြစ်သည်၊သူရဲ့ ဓားကို ပြန်မပေးပဲနဲ့ပေါ့၊

ထိုနောက်မှာ အခြားကျောင်းတော်က ထျန်းကျီအဆင့်ကျင့်ကြံသူတွေဟာ သူတို့တပည့်များဦးဆောင်ကာ ရောက်လာကြတော့သည်၊ဝမ်ဖေးရန်လည်း သူရင်းနှီးမျက်နှာတွေကို တစ်ချက်သာ လှမ်းကြည့်လိုက်ပြီး ...

'သူတို့က အတွေ့အကြုံရချင်လို့လား မြန်မြန်သေချင်နေကြလို့လား' ကျောင်းတော်အချင်းချင်းဟာ ထူးချွန်သည့်တပည့်သစ်တွေခေါ်ဆောင်လာကာ သူတို့အာဏာကို မသိမသာပြသတတ်ကြသည်မလား၊ဒီရတနာ​ကြောင့် တပည့်တွေသေဆုံးသွားမည်ကို သူတို့ဟာ သိပ်ဂရုမစိုက်ကြပေ၊ ထိုချိန်မှာ ရတနာပေါ်လာပြီဆိုသည့်အသံကြောင့် လူအားလုံးဟာ လှုပ်လှုပ်ရွရွဖြစ်ကုန်ကြတော့သည်၊

'ငါက ဒီထျန်းကျီအဆင့်ကျင့်ကြံသူတွေကြားကနေ ဘယ်လိုဖြတ်ခုတ်ရမှာလဲ...' လို့ ပြောရင်း ဟိန်းထွက်လာကာ အရှိန်အဝါပြင်းထန်သည့် လူအိုကြီးတစ်ယောက်အသံထွက်ပေါ်လာတော့သည်၊

"ဒီလူအိုကြီးက ရွှေရောင်သစ်မြက်ဂိုဏ်းကပဲ ဒီရတနာကို ငါတို့ ဂိုဏ်းကို ပေးမယ်ဆိုရင် နောင်တစ်ချိန်မှာ ဒီလူအိုကြီးဆီက အကူညီတောင်းမယ်ဆိုရင် ဝမ်းမြှောက်ဝမ်းသာလက်ခံမိမှာ အမှန်ပဲ" လို့ ပြောသည့်စကားအဆုံးမှာ အမျိုးသမီးတစ်ယောက်ရဲ့နှာရှုံ့သံထွက်လာကာ

"ဟွန့် ရှင်တို့ဂိုဏ်းသေးသေးလေးက လူပါးဝလှချည်လား... ကျွန်မတို့ ပန်းတစ်ထောင်ချိုင့်ဝှမ်းကို ယှဉ်ပြိုင်ချင်နေတာလား" ထိုအမျိုးသမီးဟာ ပန်းတစ်ထောင်ချိုင့်ဝှမ်းရဲ့ ရွှယ်ရှောင်းအဆင့်အကြီးအကဲတစ်ယောက်ဖြစ်ပြီး အရမ်းကိုမောက်မာကာ သူမကိုယ်သူမ အထင်ကြီးလွန်းသူဖြစ်သည်၊သူမက ကျိုးလင်းအာရဲ့ဆရာလည်းဖြစ်သည်၊

"မင်းတို့က မြို့တော်ဝန်ကိုတောင် အလေးမထားကြတော့ပါလား" အိုမင်းနေသည့်အသံကြားသည်ချိန်မှာ အကုန်လုံးဟာ မျက်မှောင်ကြုတ်ကုန်ကြပြီး...

"မြို့တော်ဝန်က ဒီမြို့တော်ကနေ ထွက်သွားတာ ကြာပြီမလား၊သူက ဘာကြောင့် ပြန်ရောက်လာတာလဲ လွန်ခဲ့တဲ့ နှစ်နှစ်ရာတုန်းက မြို့တော်ဝန်ရဲ့သိုင်းအဆင့်က ရွှယ်ရှောင်းအဆင့်ဆိုတော့ အခုဆိုရင်  ဒီမှာရှိတဲ့သူတိုင်းထက် သာလွန်နေသည်မှာ အမှန်ပဲ" လို့ လူအုပ်ဟာ တစ်ယောက်တစ်ပေါက်ပြောနေရင်း  အဝေးကနေ စိတ်ဝင်တစားကြည့်နေကြတော့သည်၊

ထိုချိန်မှာ ပန်းတစ်ထောင်ချိုင့်ဝှမ်းအဖွဲ့ထဲကနေ လှပသည့်အိုမီဂါလေးဟာ ထွက်လာကာ

"အဘိုးလောင် ...ကျွန်တော့်က အဘွားရုန်ရဲ့​မြစ် ကျိုးလင်းအာပါ"လို့ ချိုသာစွာပြုံးထားပြီး ယုံကြည်ချက်အပြည့်နဲ့ ထွက်လာတော့သည်၊ မြို့တော်ဝန်လောင်ဟာလည်း ထိုလူငယ်ကိုကြည့်ရင်း

"မင်းက ကျိုးရုန်ရုန်ရဲ့မျိုးဆက်လား" လို့ မေးလိုက်တော့ ကျိုးလင်းအာဆိုသည့်လူငယ်ဟာ ပြုံးကာခေါင်းညိတ်လိုက်တော့သည်၊ထိုနောက် သူဟာ မြို့တော်ဝန်လောင်ကိုကြည့်ကာ

"အဘိုးလောင်ကို ကျွန်တော်က ငယ်ငယ်ထဲက လေးစားလာရတာ အဘိုးလောင်ကို ကတိတစ်ခုကို တန်ဖိုးထားပြီး သိက္ခာတရားနဲ့ကိုယ်ကျင့်တရားကို အသက်သမျှတန်ဖိုးထားတဲ့လူမျိုးဟာ လူအယောက်တစ်သောင်းမှာ တစ်ယောက်ပဲရှိတယ်" လို့ အစချီပြောရင်း သူရဲ့ဆရာမဘက်ပါလှည့်ရင်း

"ဆရာ ဒါ ကျွန်တော်ပြောပြောနေတဲ့ အဘိုးလောင်လေ" လို့ ပြောလိုက်တော့ ကျိုးလင်းအာရဲ့ဆရာဟာလည်း ချက်ချင်းလေးစားမှုများဖြင့်ပြည့်သိပ်နေသည့်အမူအရာဖြင့် ရိုရိုသေသေနူတ်ဆက်ကာ

"မြို့တော်ဝန်လောင်အကြောင်းကို ကြားထဲက သိပ်လေးစားနေခဲ့တာ အခုလို လူချင်းတွေ့မိတော့ လင်းအာရဲ့အပြောသက်သက်မဟုတ်ဘူးဆို ယုံကြည်သွားတော့တယ်"လို့ မြှောက်ပင့်ပြောဆိုနေတော့သည်၊ မြို့တော်ဝန်လောင်ကတော့ စိတ်ကျေနပ်စွာတဟားဟားရယ်မောရင်း ကျိုးလင်းအာကို တူတော်တစ်ယောက်ကို ချစ်ခင်သည့်အကြည့်များဖြင့် ကြည့်ရင်း...

"ဒီရတနာကို ပန်းတစ်ထောင်ချိုင့်ဝှမ်းကလူတွေနဲ့ လုချင်ရင် ဒီမြို့တော်ဝန်နဲ့ လာထိပ်တိုက်ရင်ဆိုင်လို့ရတယ်" လို့ ပြောလိုက်တော့ အနီးနားကလူတွေဟာ သံပရာသီးကိုက်လိုက်ရသလို မျက်နှာတွေဟာ ရှုံ့မဲ့ကုန်ကြတော့သည်၊

ကျိုးလင်းအာလည်း မောက်မာဟန်ဖြစ်နေပေမယ့် သူဟာ အကောင်းမြင်သည့်ပုံစံနဲ့သာနေနေတော့သည်၊ဒီရတနာကိုသာ သူတို့ချိုင့်ဝှမ်းကရခဲ့ရင် ခေါင်းဆာင်ဟာ သူ့ကို ဆုချီးမြှင့်မှာ သေချာပြီး သူရဲ့ဂုဏ်သတင်းဟာလည်း ပိုမိုတိုးတက်သွားမှာအမှန်ပေ၊ မြို့တော်လောင်ဟာ သူတို့အဘွားရဲ့ချစ်သူဖြစ်ပြီး နောက်ပိုင်းအကြောင်းတစ်စုံတရာကြောင့် ကွဲကွာသွားပေမယ့် အဘွားရဲ့မိသားစုကို စောင့်ရှောက်ပေးမည်ဆိုသည့် ကတိထားခဲ့ဖူးသည်၊ထိုဒဏ္႑ာရီဆန်လှသည့် မြို့တော်ဝန်ဆိုသည့်သူဟာ ဒီနေ့ရောက်ချလာပြီး အသုံးဝင်ခဲ့မယ်မထင်ခဲ့ပေ၊သူဟာ သိပ်ကိုပျော်ရွှင်နေပေမယ့် ထိန်းသိမ်းကာနေနေရသည်၊

အဝေးကနေ ဝမ်ဖေးရန်ကတော့ လှောင်ပြုံးပြုံးကာ ကျိုးလင်းအာကို ကြည်နေသည်၊သူမှတ်မိသလောက်ဆိုရင် ရှောင်ဝေ့ရန်လက်ထဲကနေ ရတနာကို ကျိုးလင်းအာရပြီးနောက်မှာ ကျိုးကလန်ဖျက်ဆီးခံလိုက်ရသည်ကို သူရေးသားထားခဲ့သည်မလား၊ဖျက်ဆီးသည့်သူဟာလည်း မြို့တော်ဝန်လောင်ကိုယ်တိုင်ဖြစ်သည်၊မြို့တော်ဝန်လောင်ဆိုသည့်လူမျိုးဟာ အမြင်သာလှပြီး ပုပ်နေသည့်နေရာကို တိပ်နဲ့ဖုံးအုပ်ထားသည့် ပန်းသီးပုပ်ကြီးပေ၊သူက လူအများရှေ့မှာသာ ထိုသို့ပြုမှုနေပေမယ့် ထိုပန်းတစ်ထောင်ချိုင့်ဝှမ်းအဖွဲ့ကို နောက်ကွယ်မှာ သတ်ပစ်ပြီး ရတနာကို လုယူမှာအမှန်ပေ၊ကျိုးရုန်ရုန်ကို သတ်ခဲ့သလိုပေါ့၊

ကျိုးရုန်ရုန်က ထက်မြက်ပြီးတော်သည့်အမျိုးသမီးတစ်ယောက်ဖြစ်ပေမယ့် သူမအမှားဟာ မြို့တော်ဝန်လောင်ကို ချစ်မိသွားခြင်းဖြစ်သည်၊သူတို့နှစ်ယောက်ဟာ အများအားကျလောက်သည့်အတွဲများဖြစ်ပြီး နေရာအနှံ့ခရီးသွားကာ ဘဝကို ပျော်ရွှင်စွာဖြတ်သန်းကြတော့သည်၊ဒါပေမယ့် တစ်နေ့ ရှေးဟောင်းရတနာမြေပုံကို မြို့တော်ဝန်လောင်နဲ့ကျိးရုန်ရုန်ဟာ ရှာဖွေတွေ့ရှိပြီးနောက်မှာတော့ မြို့တော်ဝန်လောင်ဟာ သူအရမ်းချစ်လှပါချည်ရဲ့ဆိုသည့်အမျိုးသမီးကို တွေဝေချင်းမရှိ သတ်ဖြတ်လိုက်တော့သည်၊

နောက်ပိုင်းရုန်ပေါက်မြို့ကိုပြန်ရောက်လာသည့်ချိန်မှာ သူဟာ ကျိုးရုန်ရုန်နဲ့သူဟာ လူတချို့ရဲ့ချူံခိုတိုက်ခိုက်မှုကို ခံရပြီး ကျိုးရုန်ရုန်သာ အသက်ဆုံးရှူံးခဲ့ကာ သူတစ်ယောက်တည်းသာ လွတ်မြောက်ခဲ့ကြောင်း ပြောလာပြီး သူ့ချစ်သူကို မကယ်တင်နိုင်တာကြောင့် အရမ်းနောင်တရကြောင်း ဒရမ်မာတွေခင်း ဘဝတွေပါပျက်ပြတော့သည်၊နောက်ဆုံး ကျိုးကလန်ဟာ အနာဂတ်မရှိပြသလိုနေမည်ဆိုရင် ကျိုးရုန်ရုန်ဟာ ကောင်းကင်ကနေ စိတ်မကောင်းဖြစ်နေလိမ့်မည်ဟု ပြောကြားလာမှ မြို့တော်ဝန်လောင်ဟာ ကျိုးရုန်ရုန်ဖခင်ကို အကြိမ်ကြိမ်ဦးချပြီးနောက်မှာ သူအင်အားကြီးလာတဲ့တစ်နေ့ သူ့ဘဝတစ်လျှောက်လုံးကို ကျိုးကလန်ပေါ်ကိုသာ အမှုထမ်းမည့်အကြောင်း ပြောလာတော့သည်၊ထိုနောက် သူ့ချစ်သူကို မမေ့နိုင်တာကြောင့် စိတ်လွတ်ကိုယ်လွတ်ခရီးထွက်မည့်ဆိုသည့်အကြောင်းပြချက်ပေးကာ ရှေးဟောင်းရတနာကိုလိုက်လံရှာဖွေတော့သည်၊

ဝမ်ဖေးရန်ဟာ သူရေးသည့်ဇာတ်အိမ်အတိုင်းဆိုရင် ကျိုးလင်းအာတို့အဖွဲ့သေဆုံးမည်ဟာ အမှန်ပေ၊သူက လော့ကောကောတို့ဘက်ကို လှည့်လိုက်ရင်း

"ရှင်းကျီအဆင့်ကျင့်ကြံသူကို ကျွန်တော်တို့သုံးယောက်ပူးပေါင်းတိုက်ခိုက်မယ်ဆိုရင် နိုင်နိုင်ချေ ဘယ်လောက်ရှိလဲ"လို့ မေးလိုက်တော့ မင်ထျန်းလော့ဟာ ခဏစဉ်းစားလိုက်ပြီး လက်တစ်ချောင်းထောင်ပြလိုက်တာကြောင့် ဝမ်ဖေးရန်ဟာ ပျော်ရွှင်သွားပြီး

"တစ်ရာခိုင်နှူန်းတောင်လား" ဒါအရမ်းကိုလွယ်ကူမနေဘူးလို့လား

"မဟုတ်ဘူး" မင်ထျန်းလော့ရဲ့အငြင်းစကားကြောင့် ဝမ်ဖေးရန် မျက်မှောက်ကြုတ်သွားပြီး

"တစ်ဆယ်ရာခိုင်နူန်းလား" လို့ ဆက်မေးလိုက်တော့ မင်ထျန်းလော့ဟာ ခေါင်းခါလိုက်ကာ...

"ရှင်းကျီအဆင့်သိုင်းပညာရှင်မပြောနဲ့ ရွှယ်ရှောင်း အထွတ်အထိပ်အဆင့်ကျင့်ကြံသူကိုတောင် ကိုယ်တို့ တိုက်ခိုက်မယ်ဆိုရင် နိုင်နိုင်ချေ တစ်ဆယ်ရာခိုင်နူန်းပဲရှိတယ်" လို် ပြောလိုက်တော့ ဝမ်ဖေးရန်ခေါင်းလေး ငိုက်စိုက်သွားတော့သည်၊ဘာလို့သောက်ရတနာက ငါ ဒီချူံးအဆင့်မှာ ရှိနေတုန်းမှ ထွက်လာရတာလဲ!!!

-*-*-*-*-*-*-*-*-*-*

Chapter -57မျှော်

-*-*-*-*-

Continue Reading

You'll Also Like

748K 95.3K 198
တစ်ချိန်တုန်းက ကမ္ဘာကျော် ဆရာဝန်တစ်ဖြစ်လဲ လူသတ်သမား လင်းဂျင်ရွှမ်သည် လက်တစ်ဖက်ဖြင့်အသက်ကယ်ပြီး ကျန်လက်တစ်ဖက်နှင့်လုပ် ကြံသတ်ဖြတ်သူဆိုပြီး အစိုးရနှင့်...
1.6M 199K 74
Unicode ၁၉၄၀ခုနှစ်လောက်က ဇာတ်လမ်းတစ်ပုဒ်။ မိန်းမအဝတ်အစား၊ မျက်နှာချေမှုန့်၊ နှုတ်ခမ်းနီရဲရဲတို့ကို နှစ်ခြိုက်ခဲ့သော ယောကျ်ားပျိုတစ်ယောက်၏ အမည်ကား မြတ...
509K 58.2K 200
Book-3 I just translate this story. I don't own this story. All credits go to the original writer and English translator team. Profile picture goes c...
449K 47.9K 170
ဘာသာပြန်သူ- ညိမ်းမြတ် ဇာတ်လမ်းအကျဉ်း "ယွမ်ယွမ် မင်းက ကမ္ဘာကြီးကို မုန်းရင် ကိုယ် မင်းနဲ့အတူ နယ်မြေတွေကို သိမ်းပိုက်မယ်။" "ကျွန်မက ကမ္ဘာကြီးကို ချစ်တယ...