Love is Blind ( Completed )

By November_venus

207K 20.3K 573

Pity is akin to love ๐Ÿ’œ More

Chapter - 1
Chapter - 2
Chapter - 3
Chapter - 4
Chapter - 5
Chapter - 6
Chapter - 7
Chapter - 8
Chapter - 9
Chapter - 10
Chapter - 11
Chapter - 12
Chapter - 13
Chapter - 14
Chapter - 15
Chapter - 17
Chapter - 18
Chapter - 19
Chapter - 20
Chapter - 21
Chapter - 22
Chapter - 23
Chapter - 24
Chapter - 25
Chapter - 26
Chapter - 27
Chapter - 28
Chapter - 29
Chapter - 30
Chapter - 31
Chapter - 32
Chapter - 33
Chapter - 34
Chapter - 35
Chapter - 35 ( Unicode )
Chapter - 36
Chapter - 37
Chapter - 38
Chapter - 39
Chapter - 40 ( final )
Extra

Chapter - 16

4.9K 547 34
By November_venus

Zawgyi


ဝမ္ရိေပၚ စာရင္းေတြကို စစ္ေဆးေနစဥ္ သူ႔ခံုေ႐ွ႕မွာေရာက္လာတဲ့ အရိပ္တစ္ခုေၾကာင့္ ေခါင္းေမာ့ၾကည့္မိေတာ့ အမဝမ္ခ်င္းျဖစ္ေနသည္။ အမဝမ္ခ်င္းဟာ ရိေပၚနဲ႔ တိုက္႐ိုက္ေျပာစရာ စကားမ႐ွိတာေၾကာင့္ ဝမ္ရိေပၚၿငိမ္ေနမိစဥ္ အမဝမ္ခ်င္းက ရိေပၚကိုေျပာလာခဲ့တယ္။ ေျပာစရာစကား႐ွိတယ္တဲ့။ တိုက္႐ိုက္ေျပာစရာစကားမ႐ွိေပမယ့္ ေျပာစရာစကား႐ွိတယ္ဆိုလာတဲ့ အမဝမ္ခ်င္းေၾကာင့္ ဝမ္ရိေပၚေခါင္းၿငိမ့္ရတယ္။ ေျပာစရာ႐ွိတယ္ဆိုေတာ့လည္း နားေထာင္ေပးယံုေပါ့။

ဝမ္ခ်င္းသည္ ဝမ္ရိေပၚကို ေျပာစရာ စကား႐ွိတယ္ဆိုၿပီးေခၚထုတ္လာခဲ့သည္။ သူမ ဝမ္ရိေပၚကို ေခၚထုတ္လာခဲ့တဲ့ ဦးတည္ရာေနရာကေတာ့ ေခါင္မိုးထပ္႐ွိ ေလဟာျပင္ေနရာဆီသို႔....။

ေလေလးတစ္ျဖဴးျဖဴးတိုက္ခတ္ေနတဲ့ ေလဟာျပင္သည္ ေျမျပင္နဲ႔ကြာေဝးတဲ့ ေနရာမွာ႐ွိေသာေၾကာင့္ ေလထုရနံ႔သည္ ႐ွင္းသန္႔ေနခဲ့သည္။ ထိုေလထုရနံ႔ကို ႐ွဴ႐ိႈက္ရင္း မ်က္ႏွာခ်င္းဆိုင္ တိမ္တိုက္ေတြကို ဦးတည္ရာမဲ့စြာ ေငးၾကည့္ေနခဲ့တဲ့ ဝမ္ခ်င္း။ ဝမ္ရိေပၚကေတာ့ ဝမ္ခ်င္းေနာက္မွာ တိတ္ဆိတ္စြာရပ္ေနခဲ့သည္။

" ထြက္သြားေပးပါ ဝမ္ရိေပၚ "

တိတ္ဆိတ္မႈကို စတင္ၿဖိဳခြဲလာသည့္အသံသည္ ဝမ္ရိေပၚကို ေက်ာခိုင္းထားတဲ့ ဝမ္ခ်င္းနားမွျဖစ္သည္။

" အမ ဘာကိုေျပာခ်င္တာလည္း "

ဝမ္ရိေပၚနားမလည္သလို ျပန္ေမးမိေတာ့ ဝမ္ရိေပၚဘက္ လွည့္ၾကည့္လာတဲ့ အမဝမ္ခ်င္းမ်က္ႏွာသည္ ဆံုးျဖတ္ခ်က္တစ္ခုကို ေသခ်ာခ်ထားသလို တည္ၾကည့္ေနခဲ့သည္။

" ဝမ္ရိေပၚ "

" ...... "

ဝမ္ခ်င္းေခၚလိုက္တာကို ျပန္မထူးတဲ့ ဝမ္ရိေပၚဟာ ဝမ္ခ်င္းေျပာလာမယ့္ ေနာက္ဆက္တြဲစကားကိုေတာ့ သိခ်င္စိတ္ျပင္းျပေနခဲ့သည္။

" ေ႐ွာင္းက်န္႔နားက ထြက္သြားေပးပါ "

" ....... "

" ေက်းဇူးျပဳ၍ ငါေကာင္းေကာင္းေျပာေနတုန္း နင္ ေ႐ွာင္းက်န္႔ရဲ႕ အေဝးဆံုးကို ထြက္သြားေပးပါ ဝမ္ရိေပၚ... "

ဝမ္ရိေပၚမၾကားဘူးထင္၍ ျပန္ေျပာလာတဲ့ ဝမ္ခ်င္းစကားကို ဝမ္ရိေပၚနားေထာင္ၿပီး နားမလည္သလို ျဖစ္လာမိသည္။

" ဘာေၾကာင့္လည္း အမဝမ္ခ်င္း ဘာလို႔ ကြၽန္ေတာ့ကို ကိုကို႔နားက ထြက္သြားခိုင္းရတာလည္း... "

" ငါနင့္ကို ေ႐ွာင္းက်န္႔နားမွာ မေတြ႔ခ်င္လို႔ "

" ခိုင္မာတဲ့အေၾကာင္းျပခ်က္ကေရာ အမ"

" ေ႐ွာင္းက နင့္ကို သိပ္ခင္တြယ္ေနတယ္ ငါထင္မိလို႔ ။ အဲ့ဒါကို ငါမႀကိဳက္ဘူး ဒါေၾကာင့္ နင္ ေ႐ွာင္းက်န္႔နားက အျမန္ဆံုး ထြက္သြားေပးစမ္းပါ... "

ဝမ္ခ်င္းဟာ ေျပာရင္း ေဒါသပါလာတာေၾကာင့္ ေလသံေတြကပါ မာလာခဲ့သည္။ ဒါကို ဝမ္ရိေပၚကေခါင္းေလးခါၿပီး စိတ္႐ႈပ္စြာ ဝမ္ခ်င္းကိုၾကည့္ေနမိသည္။

" ၾကားလား ဝမ္ရိေပၚ နင္ ေ႐ွာင္းက်န္႔နားက အျမန္ဆံုး ထြက္သြားေပးစမ္းလို႔ "

" ကြၽန္ေတာ္ ကိုကို႔နားက ထြက္မသြားေပးဘူးဆိုရင္ေရာ..."

" နင္က အေျခာက္လား..."

" အမ ဘာေျပာလိုက္တယ္..."

" နင္က အေျခာက္မလို႔ ေ႐ွာင္းက်န္႔နားမွာ တြယ္ကပ္ေနတာမလား... ဟင္...ေျပာစမ္းပါ ဝမ္ရိေပၚ.. နင္ေျပာစမ္း "

ဝမ္ခ်င္းသည္ ေျပာရင္းေဒါသထြက္ကာ ဝမ္ရိေပၚနားတိုးကပ္လာၿပီး ဝမ္ရိေပၚရဲ႕ ပခံုးကို ေစာင့္တြန္းလိုက္သည္။

" အာ့..."!!!

ထင္မထားတဲ့အခ်ိန္မွာ အ႐ွိန္နဲ႔ တြန္းခံလိုက္ရတာေၾကာင့္ ဝမ္ရိေပၚေနာက္ျပန္လဲက်သြားသည္။ လဲက်တဲ့အခ်ိန္မွာ ဟန္ခ်က္ညီေအာင္ လက္ကို ေနာက္ျပန္ေထာက္လိုက္တာေၾကာင့္ ေလဟာျပင္႐ွိအစြန္း႐ွိ အုပ္နံရံနဲ႔လက္ကိုျခစ္မိသြားသည္။

ဝမ္ရိေပၚပူထူသြားတဲ့လက္ကေလးကို ငံု႔ၾကည့္မိေတာ့ ေသြးေတြစိမ့္ထြက္လာတဲ့လက္ကေလးဟာ ေထာင္လိုက္ျပဲ႐ွသြားသည္ထင္ပါရဲ႕...။

ဝမ္ရိေပၚေသြးစိမ့္ထြက္ေနတဲ့ လက္ကေလးကိုဖိၿပီး ထရပ္လိုက္သည္။ ဝမ္ရိေပၚထရပ္လာတာကို စိုက္ၾကည့္ေနတဲ့ ဝမ္ခ်င္းအၾကည့္ေတြက စူးစူးရဲရဲနဲ႔ ဒါဟာ အကင္းပဲ႐ွိေသးေၾကာင္း ေျပာျပေနသလို...။

" စကားေျပာရင္း လက္မပါပါနဲ႔ အမဝမ္ခ်င္း။ ေနာက္တစ္ခါဆို ကိုယ့္ထက္ႀကီးတာ ငယ္တာ အထီး အမ မခြဲျခားဘူးေနာ္။ ကြၽန္ေတာ္ ျပန္လုပ္မွာ..."

" အမေလး မိန္းမလို မိန္းမရ ျပန္ရန္ေတြ႔ေနပံုေထာက္ရင္ နင္ဟာ ငါထင္သလို အေျခာက္ေကာင္ပဲေနမွာပါ... ။ ဒါေၾကာင့္ ေ႐ွာင္းက်န္႔နား နင္ကပ္ေနတာေပါ့ ။ ဒီမွာ ဝမ္ရိေပၚနင္သိေအာင္ ငါေျပာျပလိုက္မယ္ ေ႐ွာင္းက်န္႔က ငါ့ခင္ပြန္းေလာင္း။ ငါယူမယ့္ အမ်ိဳးသား...။ ငါတို႔က တရားဝင္အတည္ မယူရေသးေပမယ့္ ငါတို႔ ႏိုင္ငံျခားမွာ အတူေနၿပီးသြားၿပီသိလား... "

ဝမ္ခ်င္းစကားေၾကာင့္ ဝမ္ရိေပၚ မ်က္ေမွာင္ေလး ကုတ္လာရသည္။

" ကိုကိုနဲ႔ ကြၽန္ေတာ့ကို အထင္လြဲေနတာလား... "

" ငါ့မ်က္စိနဲ႔ ျမင္ေနရတာေလ ။ နင္ေ႐ွာင္းက်န္႔နား ကပ္ေနလြန္းတာ "

" ကြၽန္ေတာ္က ေယာက်ာ္းဆိုတာ အမသိတယ္မလား..."

" ေ႐ွာင္းက်န္႔လည္း ေယာက်ာ္းတစ္ေယာက္ပဲေလ..။ ဒါေပမယ့္ ေယာက်ာ္းခ်င္း တြဲေန ယူေနၾကတာ မဆန္းေတာ့ဘူး...။ ဒါေၾကာင့္ ေ႐ွာင္းက်န္႔နား နင္ကပ္ေနလြန္းေတာ့ ေ႐ွာင္းက်န္႔နင့္ကို စိတ္ယိုင္သြားမွာဆိုးလို႔ ငါေျပာေနတာ..."

ဝမ္ခ်င္းရဲ႕ ဆိုလိုရင္းကို စကားေျပာေနရင္း သေဘာေပါက္လာတဲ့ ဝမ္ရိေပၚႏႈတ္ခမ္းေလးက ျပံဳးလာရသည္။

" ထိန္းထားပါ "

" ဘာ.."!!!

" ကိုကို႔ကို အမပိုင္တယ္ထင္ရင္ ကိုကို႔ကို ကြၽန္ေတာ့နား ေရာက္မလာေအာင္ ထိန္းထားပါ.."

" ဘာ...!! နင္...နင္ဘာေျပာတာလည္း ဝမ္ရိေပၚ...။ ျပန္ေျပာစမ္း အေျခာက္ေကာင္ နင္ဘာေျပာတာလည္း ဘာေျပာခ်င္တာလည္းဆိုတာ ငါနားလည္ေအာင္ ဒဲ့ေျပာစမ္းပါ ဝမ္ရိေပၚ.... "

ဝမ္ရိေပၚ ဝမ္ခ်င္းေဒါသထြက္ေနတာကို ၾကည့္ၿပီး မဲ့ျပံဳးႀကီး ျပံဳးျပလိုက္သည္။

" အမေျပာတဲ့ အေျခာက္ေကာင္ ကြၽန္ေတာ္က အမနားကေန ကိုကို႔ကို လုယူေတာ့မလို႔ပါ.."

" ဝမ္ရိေပၚ နင္...နင္...."

" အစက ကြၽန္ေတာ့ဟာ ကြၽန္ေတာ္ ေအးေအးေဆးေဆးေနေနတာပဲဟာ ။ အဲ့ဒါကို အမက လာဆြေပးလိုက္တာကိုး ။ အိပ္ေနတဲ့ က်ားကိုလာႏိုးတာက အမေနာ္ ။ ခုမွ ေသြးပ်က္မေနနဲ႔...."

" ဝမ္ရိေပၚ နင္ လူယုတ္မာ..."

" အင္း အဲ့ဒီ လူယုတ္မာက ကိုကို႔ကို အမနားကေန ရေအာင္ယူေတာ့မွာ..."

" နင္ယူခ်င္တိုင္း လုယူရေအာင္ ေ႐ွာင္းက်န္႔က အ႐ုပ္မဟုတ္ဘူး...။ လူဟဲ့ လူ။ ၿပီးေတာ့ ေ႐ွာင္းက်န္႔က ငါ့ခ်စ္သူ ။ ေ႐ွာင္းက်န္႔က ငါ့ကိုခ်စ္တယ္ ။ သံေယာဇဥ္ ႐ွိတယ္ အဲ့ဒါ နင္မွတ္ထားစမ္းပါ..."

" ေသခ်ာလွခ်ည္လား အမရယ္ ။ အဲ့ေလာက္ထိ ေသခ်ာေနရင္ ကိုယ့္ဟာကိုယ္ ေအးေအးေဆးေဆးေနပါလား ။ ဘာလို႔ ေသြးပ်က္ၿပီး ကြၽန္ေတာ့ကို ရန္လာစေနတာလည္း။ ေသခ်ာတယ္ဆိုရင္ ကိုကိုက အမကိုခ်စ္တာ ေသခ်ာခဲ့ရင္ အမ ကိုယ့္လူကိုယ္ ႏိုင္ေအာင္ထိန္းထားပါ။ ကြၽန္ေတာ္ကေတာ့ အမေျပာခဲ့တဲ့အတိုင္း အေျခာက္ေကာင္ လူယူတ္မာဆိုတဲ့ ဂုဏ္ပုဒ္နဲ႔အညီ ကိုကို႔ကို အမနားက ရေအာင္ယူေတာ့မွာ..."

" ဝမ္ရိေပၚ နင္...နင္..."

" အစက ေယာက်ာ္းခ်င္း ခ်စ္တာေတြ သံေယာဇဥ္႐ွိတက္တာေတြ ကြၽန္ေတာ္ နားမလည္ေသးေတာ့ ကြၽန္ေတာ္ ကိုကို႔ကို ခ်စ္ေနခဲ့တာ ကြၽန္ေတာ္ကိုယ္တိုင္ေတာင္ မသိခဲ့ရဘူး။ အခု အမေၾကာင့္ ကြၽန္ေတာ္ ကိုကို႔ကိုခ်စ္ေနတယ္ဆိုတာ သိသြားခဲ့ရတယ္။ ဒါေၾကာင့္ အမကိုလည္း ကြၽန္ေတာ္ ေက်းဇူးတင္ပါတယ္.."

" ဝမ္ရိေပၚ နင္..နင္...."

ေဖာင္း....!!!

ဝမ္ခ်င္း သူကို တစ္ခြန္းမက်န္ ျပန္ေျပာေနတဲ့ ဝမ္ရိေပၚကိုၾကည့္ၿပီး ေဒါသေတြ ခ်ဳပ္တီးမထားႏိုင္ေတာ့ေပ။ ေ႐ွာင္းက်န္႔ေ႐ွ႕မွာဆို ဟုတ္ကဲ့ ကိုကိုဆိုၿပီး ဟန္ေဆာင္ လိမၼာေနတဲ့အ႐ိုင္းအဆိုင္းေကာင္က အခုေတာ့ မ်က္ႏွာဖံုးကြာက်ခဲ့ရၿပီ။ ဒါေၾကာင့္ စိတ္မ႐ွည္စြာ ဝမ္ရိေပၚပါးတစ္ဖက္ကို ေဒါသတႀကီး ႐ိုက္ခ်ျပစ္လိုက္ေတာ့ လည္ထြက္သြားတဲ့ ဝမ္ရိေပၚမ်က္ႏွာေလးနဲ႔အတူ ခႏၶာကိုယ္ေလးက ၾကမ္းျပင္ေပၚ အ႐ွိန္နဲ႔ လဲက်သြားခဲ့သည္။

" ဝမ္ခ်င္း မင္းဘာလုပ္လိုက္တာလဲ..."!!

ဝမ္ရိေပၚေျမေပၚလဲက်သြားခ်ိန္မွာ အခ်ိန္ကိုက္ပြင့္လာတဲ့ တံခါးေလးမွ ထြက္လာတဲ့ ေဒါသသံႀကီးေၾကာင့္ ဝမ္ခ်င္းကိုယ္ေလးတုန္သြားခဲ့ရသည္။

" ေ႐ွာင္းက်န္႔ ငါ...ငါ..."

ဝမ္ခ်င္းေျပာစရာ စကား႐ွာမေတြ႔တဲ့အခ်ိန္မွာပင္ တံခါးဝကေန ေလ်ာကနဲထြက္လာတဲ့ ဝီးခ်ဲေလးသည္ ဝမ္ရိေပၚေ႐ွ႕ ေရာက္သြားခဲ့သည္။

ဝမ္ရိေပၚေ႐ွ႕ လ်ွင္ျမန္တဲ့အ႐ွိန္နဲ႔ ေရာက္လာတဲ့ ဝီးခ်ဲေပၚက ေရႇာင္းက်န့္သည္ ဝမ္ရိေပၚကို စိတ္ပူစြာ ၾကည့္ေနခဲ့သည္။

မ်က္လံုးဝိုင္းေလးမွာ မ်က္ရည္မ်ား တြဲလြဲခိုေနၿပီး ပါးေဖာင္းေလးတစ္ဖက္မွာ လက္ငါးေခ်ာင္းရာ ထင္ေနတဲ့ ေကာင္ငယ္ေလးကလည္း ေ႐ွာင္းက်န္႔ကို အားကိုးတႀကီးေမာ့ၾကည့္ေနခဲ့သည္။

" ရိေပၚ "

ငိုခ်င္းရဲ႕လက္တို႔ ေ႐ွာင္းက်န္႔ရဲ႕ စိုးရိမ္ႀကီးစြာ ေခၚသံအဆံုးမွာ လဲေနရာမွ လူးလဲထၿပီး ဝီးခ်ဲေပၚမွာထိုင္ေနတဲ့ ေ႐ွာင္းက်န္႔ရင္ခြင္ထဲ လံုးကနဲ႔ ဝင္ေရာက္လာတဲ့ ေကာင္ကေလးငယ္ငယ္သည္ ႐ိႈက္သံတိုးတိုးနဲ႔ ေ႐ွာင္းက်န္႔ကို တိုင္တည္ေျပာသည္။

" ကိုကို ဟင့္.... မမ ဝမ္ခ်င္းက ကြၽန္ေတာ့ကို ႐ိုက္တယ္..."

............

#Novembervenus

Idol ေတြကို ထိခိုက္လိုစိတ္ လံုးဝ လံုးဝ မ႐ွိပါ။ စိတ္တစ္ခုခုအခန္႔မသင့္ရင္ေတာင္ fic ထဲက မည္သည့္ ဇာတ္ေကာင္နာမည္ကိုမွ မဆဲပဲ ဒီ author ကိုနာမည္တပ္ၿပီး ဆဲႏိုင္ပါသည္။ ဖတ္ေပးၾကတာ ေက်းဇူးအမ်ားႀကီးတင္ပါသည္။






Unicode



ဝမ်ရိပေါ် စာရင်းတွေကို စစ်ဆေးနေစဉ် သူ့ခုံရှေ့မှာရောက်လာတဲ့ အရိပ်တစ်ခုကြောင့် ခေါင်းမော့ကြည့်မိတော့ အမဝမ်ချင်းဖြစ်နေသည်။ အမဝမ်ချင်းဟာ ရိပေါ်နဲ့ တိုက်ရိုက်ပြောစရာ စကားမရှိတာကြောင့် ဝမ်ရိပေါ်ငြိမ်နေမိစဉ် အမဝမ်ချင်းက ရိပေါ်ကိုပြောလာခဲ့တယ်။ ပြောစရာစကားရှိတယ်တဲ့။ တိုက်ရိုက်ပြောစရာစကားမရှိပေမယ့် ပြောစရာစကားရှိတယ်ဆိုလာတဲ့ အမဝမ်ချင်းကြောင့် ဝမ်ရိပေါ်ခေါင်းငြိမ့်ရတယ်။ ပြောစရာရှိတယ်ဆိုတော့လည်း နားထောင်ပေးယုံပေါ့။

ဝမ်ချင်းသည် ဝမ်ရိပေါ်ကို ပြောစရာ စကားရှိတယ်ဆိုပြီးခေါ်ထုတ်လာခဲ့သည်။ သူမ ဝမ်ရိပေါ်ကို ခေါ်ထုတ်လာခဲ့တဲ့ ဦးတည်ရာနေရာကတော့ ခေါင်မိုးထပ်ရှိ လေဟာပြင်နေရာဆီသို့....။

လေလေးတစ်ဖြူးဖြူးတိုက်ခတ်နေတဲ့ လေဟာပြင်သည် မြေပြင်နဲ့ကွာဝေးတဲ့ နေရာမှာရှိသောကြောင့် လေထုရနံ့သည် ရှင်းသန့်နေခဲ့သည်။ ထိုလေထုရနံ့ကို ရှူရှိုက်ရင်း မျက်နှာချင်းဆိုင် တိမ်တိုက်တွေကို ဦးတည်ရာမဲ့စွာ ငေးကြည့်နေခဲ့တဲ့ ဝမ်ချင်း။ ဝမ်ရိပေါ်ကတော့ ဝမ်ချင်းနောက်မှာ တိတ်ဆိတ်စွာရပ်နေခဲ့သည်။

" ထွက်သွားပေးပါ ဝမ်ရိပေါ် "

တိတ်ဆိတ်မှုကို စတင်ဖြိုခွဲလာသည့်အသံသည် ဝမ်ရိပေါ်ကို ကျောခိုင်းထားတဲ့ ဝမ်ချင်းနားမှဖြစ်သည်။

" အမ ဘာကိုပြောချင်တာလည်း "

ဝမ်ရိပေါ်နားမလည်သလို ပြန်မေးမိတော့ ဝမ်ရိပေါ်ဘက် လှည့်ကြည့်လာတဲ့ အမဝမ်ချင်းမျက်နှာသည် ဆုံးဖြတ်ချက်တစ်ခုကို သေချာချထားသလို တည်ကြည့်နေခဲ့သည်။

" ဝမ်ရိပေါ် "

" ...... "

ဝမ်ချင်းခေါ်လိုက်တာကို ပြန်မထူးတဲ့ ဝမ်ရိပေါ်ဟာ ဝမ်ချင်းပြောလာမယ့် နောက်ဆက်တွဲစကားကိုတော့ သိချင်စိတ်ပြင်းပြနေခဲ့သည်။

" ရှောင်းကျန့်နားက ထွက်သွားပေးပါ "

" ....... "

" ကျေးဇူးပြု၍ ငါကောင်းကောင်းပြောနေတုန်း နင် ရှောင်းကျန့်ရဲ့ အဝေးဆုံးကို ထွက်သွားပေးပါ ဝမ်ရိပေါ်... "

ဝမ်ရိပေါ်မကြားဘူးထင်၍ ပြန်ပြောလာတဲ့ ဝမ်ချင်းစကားကို ဝမ်ရိပေါ်နားထောင်ပြီး နားမလည်သလို ဖြစ်လာမိသည်။

" ဘာကြောင့်လည်း အမဝမ်ချင်း ဘာလို့ ကျွန်တော့ကို ကိုကို့နားက ထွက်သွားခိုင်းရတာလည်း... "

" ငါနင့်ကို ရှောင်းကျန့်နားမှာ မတွေ့ချင်လို့ "

" ခိုင်မာတဲ့အကြောင်းပြချက်ကရော အမ"

" ရှောင်းက နင့်ကို သိပ်ခင်တွယ်နေတယ် ငါထင်မိလို့ ။ အဲ့ဒါကို ငါမကြိုက်ဘူး ဒါကြောင့် နင် ရှောင်းကျန့်နားက အမြန်ဆုံး ထွက်သွားပေးစမ်းပါ... "

ဝမ်ချင်းဟာ ပြောရင်း ဒေါသပါလာတာကြောင့် လေသံတွေကပါ မာလာခဲ့သည်။ ဒါကို ဝမ်ရိပေါ်ကခေါင်းလေးခါပြီး စိတ်ရှုပ်စွာ ဝမ်ချင်းကိုကြည့်နေမိသည်။

" ကြားလား ဝမ်ရိပေါ် နင် ရှောင်းကျန့်နားက အမြန်ဆုံး ထွက်သွားပေးစမ်းလို့ "

" ကျွန်တော် ကိုကို့နားက ထွက်မသွားပေးဘူးဆိုရင်ရော..."

" နင်က အခြောက်လား..."

" အမ ဘာပြောလိုက်တယ်..."

" နင်က အခြောက်မလို့ ရှောင်းကျန့်နားမှာ တွယ်ကပ်နေတာမလား... ဟင်...ပြောစမ်းပါ ဝမ်ရိပေါ်.. နင်ပြောစမ်း "

ဝမ်ချင်းသည် ပြောရင်းဒေါသထွက်ကာ ဝမ်ရိပေါ်နားတိုးကပ်လာပြီး ဝမ်ရိပေါ်ရဲ့ ပခုံးကို စောင့်တွန်းလိုက်သည်။

" အာ့..."!!!

ထင်မထားတဲ့အချိန်မှာ အရှိန်နဲ့ တွန်းခံလိုက်ရတာကြောင့် ဝမ်ရိပေါ်နောက်ပြန်လဲကျသွားသည်။ လဲကျတဲ့အချိန်မှာ ဟန်ချက်ညီအောင် လက်ကို နောက်ပြန်ထောက်လိုက်တာကြောင့် လေဟာပြင်ရှိအစွန်းရှိ အုပ်နံရံနဲ့လက်ကိုခြစ်မိသွားသည်။

ဝမ်ရိပေါ်ပူထူသွားတဲ့လက်ကလေးကို ငုံ့ကြည့်မိတော့ သွေးတွေစိမ့်ထွက်လာတဲ့လက်ကလေးဟာ ထောင်လိုက်ပြဲရှသွားသည်ထင်ပါရဲ့...။

ဝမ်ရိပေါ်သွေးစိမ့်ထွက်နေတဲ့ လက်ကလေးကိုဖိပြီး ထရပ်လိုက်သည်။ ဝမ်ရိပေါ်ထရပ်လာတာကို စိုက်ကြည့်နေတဲ့ ဝမ်ချင်းအကြည့်တွေက စူးစူးရဲရဲနဲ့ ဒါဟာ အကင်းပဲရှိသေးကြောင်း ပြောပြနေသလို...။

" စကားပြောရင်း လက်မပါပါနဲ့ အမဝမ်ချင်း။ နောက်တစ်ခါဆို ကိုယ့်ထက်ကြီးတာ ငယ်တာ အထီး အမ မခွဲခြားဘူးနော်။ ကျွန်တော် ပြန်လုပ်မှာ..."

" အမလေး မိန်းမလို မိန်းမရ ပြန်ရန်တွေ့နေပုံထောက်ရင် နင်ဟာ ငါထင်သလို အခြောက်ကောင်ပဲနေမှာပါ... ။ ဒါကြောင့် ရှောင်းကျန့်နား နင်ကပ်နေတာပေါ့ ။ ဒီမှာ ဝမ်ရိပေါ်နင်သိအောင် ငါပြောပြလိုက်မယ် ရှောင်းကျန့်က ငါ့ခင်ပွန်းလောင်း။ ငါယူမယ့် အမျိုးသား...။ ငါတို့က တရားဝင်အတည် မယူရသေးပေမယ့် ငါတို့ နိုင်ငံခြားမှာ အတူနေပြီးသွားပြီသိလား... "

ဝမ်ချင်းစကားကြောင့် ဝမ်ရိပေါ် မျက်မှောင်လေး ကုတ်လာရသည်။

" ကိုကိုနဲ့ ကျွန်တော့ကို အထင်လွဲနေတာလား... "

" ငါ့မျက်စိနဲ့ မြင်နေရတာလေ ။ နင်ရှောင်းကျန့်နား ကပ်နေလွန်းတာ "

" ကျွန်တော်က ယောကျာ်းဆိုတာ အမသိတယ်မလား..."

" ရှောင်းကျန့်လည်း ယောကျာ်းတစ်ယောက်ပဲလေ..။ ဒါပေမယ့် ယောကျာ်းချင်း တွဲနေ ယူနေကြတာ မဆန်းတော့ဘူး...။ ဒါကြောင့် ရှောင်းကျန့်နား နင်ကပ်နေလွန်းတော့ ရှောင်းကျန့်နင့်ကို စိတ်ယိုင်သွားမှာဆိုးလို့ ငါပြောနေတာ..."

ဝမ်ချင်းရဲ့ ဆိုလိုရင်းကို စကားပြောနေရင်း သဘောပေါက်လာတဲ့ ဝမ်ရိပေါ်နှုတ်ခမ်းလေးက ပြုံးလာရသည်။

" ထိန်းထားပါ "

" ဘာ.."!!!

" ကိုကို့ကို အမပိုင်တယ်ထင်ရင် ကိုကို့ကို ကျွန်တော့နား ရောက်မလာအောင် ထိန်းထားပါ.."

" ဘာ...!! နင်...နင်ဘာပြောတာလည်း ဝမ်ရိပေါ်...။ ပြန်ပြောစမ်း အခြောက်ကောင် နင်ဘာပြောတာလည်း ဘာပြောချင်တာလည်းဆိုတာ ငါနားလည်အောင် ဒဲ့ပြောစမ်းပါ ဝမ်ရိပေါ်.... "

ဝမ်ရိပေါ် ဝမ်ချင်းဒေါသထွက်နေတာကို ကြည့်ပြီး မဲ့ပြုံးကြီး ပြုံးပြလိုက်သည်။

" အမပြောတဲ့ အခြောက်ကောင် ကျွန်တော်က အမနားကနေ ကိုကို့ကို လုယူတော့မလို့ပါ.."

" ဝမ်ရိပေါ် နင်...နင်...."

" အစက ကျွန်တော့ဟာ ကျွန်တော် အေးအေးဆေးဆေးနေနေတာပဲဟာ ။ အဲ့ဒါကို အမက လာဆွပေးလိုက်တာကိုး ။ အိပ်နေတဲ့ ကျားကိုလာနိုးတာက အမနော် ။ ခုမှ သွေးပျက်မနေနဲ့...."

" ဝမ်ရိပေါ် နင် လူယုတ်မာ..."

" အင်း အဲ့ဒီ လူယုတ်မာက ကိုကို့ကို အမနားကနေ ရအောင်ယူတော့မှာ..."

" နင်ယူချင်တိုင်း လုယူရအောင် ရှောင်းကျန့်က အရုပ်မဟုတ်ဘူး...။ လူဟဲ့ လူ။ ပြီးတော့ ရှောင်းကျန့်က ငါ့ချစ်သူ ။ ရှောင်းကျန့်က ငါ့ကိုချစ်တယ် ။ သံယောဇဉ် ရှိတယ် အဲ့ဒါ နင်မှတ်ထားစမ်းပါ..."

" သေချာလှချည်လား အမရယ် ။ အဲ့လောက်ထိ သေချာနေရင် ကိုယ့်ဟာကိုယ် အေးအေးဆေးဆေးနေပါလား ။ ဘာလို့ သွေးပျက်ပြီး ကျွန်တော့ကို ရန်လာစနေတာလည်း။ သေချာတယ်ဆိုရင် ကိုကိုက အမကိုချစ်တာ သေချာခဲ့ရင် အမ ကိုယ့်လူကိုယ် နိုင်အောင်ထိန်းထားပါ။ ကျွန်တော်ကတော့ အမပြောခဲ့တဲ့အတိုင်း အခြောက်ကောင် လူယူတ်မာဆိုတဲ့ ဂုဏ်ပုဒ်နဲ့အညီ ကိုကို့ကို အမနားက ရအောင်ယူတော့မှာ..."

" ဝမ်ရိပေါ် နင်...နင်..."

" အစက ယောကျာ်းချင်း ချစ်တာတွေ သံယောဇဉ်ရှိတက်တာတွေ ကျွန်တော် နားမလည်သေးတော့ ကျွန်တော် ကိုကို့ကို ချစ်နေခဲ့တာ ကျွန်တော်ကိုယ်တိုင်တောင် မသိခဲ့ရဘူး။ အခု အမကြောင့် ကျွန်တော် ကိုကို့ကိုချစ်နေတယ်ဆိုတာ သိသွားခဲ့ရတယ်။ ဒါကြောင့် အမကိုလည်း ကျွန်တော် ကျေးဇူးတင်ပါတယ်.."

" ဝမ်ရိပေါ် နင်..နင်...."

ဖောင်း....!!!

ဝမ်ချင်း သူကို တစ်ခွန်းမကျန် ပြန်ပြောနေတဲ့ ဝမ်ရိပေါ်ကိုကြည့်ပြီး ဒေါသတွေ ချုပ်တီးမထားနိုင်တော့ပေ။ ရှောင်းကျန့်ရှေ့မှာဆို ဟုတ်ကဲ့ ကိုကိုဆိုပြီး ဟန်ဆောင် လိမ္မာနေတဲ့အရိုင်းအဆိုင်းကောင်က အခုတော့ မျက်နှာဖုံးကွာကျခဲ့ရပြီ။ ဒါကြောင့် စိတ်မရှည်စွာ ဝမ်ရိပေါ်ပါးတစ်ဖက်ကို ဒေါသတကြီး ရိုက်ချပြစ်လိုက်တော့ လည်ထွက်သွားတဲ့ ဝမ်ရိပေါ်မျက်နှာလေးနဲ့အတူ ခန္ဓာကိုယ်လေးက ကြမ်းပြင်ပေါ် အရှိန်နဲ့ လဲကျသွားခဲ့သည်။

" ဝမ်ချင်း မင်းဘာလုပ်လိုက်တာလဲ..."!!

ဝမ်ရိပေါ်မြေပေါ်လဲကျသွားချိန်မှာ အချိန်ကိုက်ပွင့်လာတဲ့ တံခါးလေးမှ ထွက်လာတဲ့ ဒေါသသံကြီးကြောင့် ဝမ်ချင်းကိုယ်လေးတုန်သွားခဲ့ရသည်။

" ရှောင်းကျန့် ငါ...ငါ..."

ဝမ်ချင်းပြောစရာ စကားရှာမတွေ့တဲ့အချိန်မှာပင် တံခါးဝကနေ လျောကနဲထွက်လာတဲ့ ဝီးချဲလေးသည် ဝမ်ရိပေါ်ရှေ့ ရောက်သွားခဲ့သည်။

ဝမ်ရိပေါ်ရှေ့ လျှင်မြန်တဲ့အရှိန်နဲ့ ရောက်လာတဲ့ ဝီးချဲပေါ်က ရှောင်းကျန့်သည် ဝမ်ရိပေါ်ကို စိတ်ပူစွာ ကြည့်နေခဲ့သည်။

မျက်လုံးဝိုင်းလေးမှာ မျက်ရည်များ တွဲလွဲခိုနေပြီး ပါးဖောင်းလေးတစ်ဖက်မှာ လက်ငါးချောင်းရာ ထင်နေတဲ့ ကောင်ငယ်လေးကလည်း ရှောင်းကျန့်ကို အားကိုးတကြီးမော့ကြည့်နေခဲ့သည်။

" ရိပေါ် "

ငိုချင်းရဲ့လက်တို့ ရှောင်းကျန့်ရဲ့ စိုးရိမ်ကြီးစွာ ခေါ်သံအဆုံးမှာ လဲနေရာမှ လူးလဲထပြီး ဝီးချဲပေါ်မှာထိုင်နေတဲ့ ရှောင်းကျန့်ရင်ခွင်ထဲ လုံးကနဲ့ ဝင်ရောက်လာတဲ့ ကောင်ကလေးငယ်ငယ်သည် ရှိုက်သံတိုးတိုးနဲ့ ရှောင်းကျန့်ကို တိုင်တည်ပြောသည်။

" ကိုကို ဟင့်.... မမ ဝမ်ချင်းက ကျွန်တော့ကို ရိုက်တယ်..."

............

#Novembervenus

Idol တွေကို ထိခိုက်လိုစိတ် လုံးဝ လုံးဝ မရှိပါ။ စိတ်တစ်ခုခုအခန့်မသင့်ရင်တောင် fic ထဲက မည်သည့် ဇာတ်ကောင်နာမည်ကိုမှ မဆဲပဲ ဒီ author ကိုနာမည်တပ်ပြီး ဆဲနိုင်ပါသည်။ ဖတ်ပေးကြတာ ကျေးဇူးအများကြီးတင်ပါသည်။







Continue Reading

You'll Also Like

215K 15.2K 24
YiZhan ๐Ÿ’šโค M_preg แ€˜แ€€แ€บแ€…แ€ฏแ€ถแ€แ€ฑแ€ฌแ€บแ€•แ€ผแ€ฎแ€ธ แ€กแ€”แ€ฑแ€แ€Šแ€บแ€žแ€ฑแ€ฌ แ€…แ€ฎแ€”แ€ฎแ€šแ€ฌแ€€แ€ปแ€ฑแ€ฌแ€„แ€บแ€ธแ€žแ€ฌแ€ธแ€œแ€ฑแ€ธ...แ€แ€™แ€บแ€›แ€ญแ€•แ€ฑแ€ซแ€บแ€”แ€พแ€„แ€ทแ€บ แ€œแ€ฏแ€•แ€บแ€žแ€™แ€ปแ€พแ€œแ€ฝแ€ฒแ€แ€แ€บแ€žแ€ฑแ€ฌ แ€‚แ€ปแ€ฐแ€”แ€ฎแ€šแ€ฌแ€€แ€ปแ€ฑแ€ฌแ€„แ€บแ€ธแ€žแ€ฌแ€ธแ€œแ€ฑแ€ธ...แ€›แ€พแ€ฑแ€ฌแ€„แ€บแ€ธแ€€แ€ปแ€”แ€ทแ€บแ€แ€ญแ€ฏแ€ท แ€แ€ปแ€…แ€บแ€แ€ผแ€„แ€บแ€ธแ...
24.4K 2.1K 24
แ€€แ€ปแ€ฏแ€•แ€บแ€”แ€พแ€œแ€ฏแ€ถแ€ธแ€žแ€ฌแ€ธแ€แ€ฝแ€ฑแ€€แ€”แ€€แ€บแ€™แ€พแ€ฑแ€ฌแ€„แ€บแ€•แ€ผแ€ฎแ€ธแ€Šแ€ญแ€ฏแ€ทแ€กแ€ฌแ€ธแ€€แ€ฑแ€ฌแ€„แ€บแ€ธแ€แ€ฒแ€ทแ€กแ€”แ€ฎแ€›แ€ฑแ€ฌแ€„แ€บแ€”แ€พแ€„แ€บแ€ธแ€†แ€ฎแ€•แ€”แ€บแ€ธแ€แ€ฝแ€ฑแ€”แ€ฒแ€ทแ€แ€ฐแ€แ€šแ€บ แ€กแ€แ€ฏแ€”แ€พแ€„แ€บแ€ธแ€†แ€ฎแ€•แ€”แ€บแ€ธแ€แ€ฝแ€ฑแ€€แ€แ€„แ€บแ€—แ€ปแ€ฌแ€ธแ€œแ€€แ€บแ€‘แ€ฒแ€›แ€ฑแ€ฌแ€€แ€บแ€แ€ญแ€ฏแ€„แ€บแ€ธแ€„แ€ผแ€ญแ€ฏแ€ธแ€”แ€ฝแ€™แ€บแ€ธแ€€แ€ฏแ€”แ€บแ€แ€šแ€บแ€†แ€ญแ€ฏแ€แ€ฑแ€ฌแ€ท แ€€แ€ปแ€ฏแ€•แ€บ...
51.2K 2.2K 23
แ€™แ€„แ€นโ€‹แ€ธแ€€แ€ญแ€ฏ แ€€แ€ญแ€ฏแ€šแ€นโ€‹ โ€‹แ€ฑแ€•แ€บแ€ฌแ€นโ€‹แ€›แ‚Šแ€„แ€นโ€‹โ€‹แ€ฑแ€กแ€ฌแ€„แ€นโ€‹แ€‘แ€ฌแ€ธโ€‹แ€ฑแ€•แ€ธแ€™แ€ฝแ€ฌแ€™แ€ญแ€ฏแ‚” แ€™แ€„แ€นโ€‹แ€ธแ€™แ€บแ€€แ€นโ€‹แ€›แ€Šแ€นโ€‹แ€แ€…แ€นโ€‹โ€‹แ€ฑแ€•แ€ซแ€€แ€นโ€‹แ€™แ€€แ€บโ€‹แ€ฑแ€…แ€›แ€˜แ€ฐแ€ธ แ€€แ€ญแ€ฏแ€šแ€นโ€‹แ€›แ€ฒแ‚• แ€กแ€ญแ€”แ€นโ€‹แ€‚แ€บแ€šแ€นโ€‹โ€‹แ€ฑแ€œแ€ธ Wang yi bo ๐Ÿ’š๐Ÿ’š โ€‹แ€ฑแ€•แ€บแ€ฌแ€นโ€‹...
177K 26.6K 21
"แ€”แ€ฝแ€ฑแ€กแ€›แ€ฑแ€ฌแ€„แ€บแ€แ€ฝแ€ฑแ€Ÿแ€ฌ แ€แ€ญแ€ฏแ€„แ€บแ€œแ€ญแ€ฏแ€•แ€ฒ..."