Unicode
//အထပ်ထပ်အခါခါပြောဖြစ်တဲ့စကား..
အဲ့တာဟာ ချစ်တယ်ဆိုလား//
Jakeတို့အား ပိုင့်မေမေက ထမင်းစားဖိတ်ထား
တော့ မီးဖိုချောင်ထဲ ဝင်စီမံနေသူကတော့ ပိုင်ပင်။
ကာလအပိုင်းအခြားတစ်ခု၌ မင်းပိုင်စိုးသူသည်
ဟင်းလည်းချက်တတ်နေခဲ့ပြီ။ရံဖန်ရံခါ ဂေဟာရှိ
ကလေးများ၊သူနာပြုဆရာမများနှင့် စေတနာ့
ဝန်ထမ်းများကိုလည်း သူကိုယ်တိုင်ပင် ဟင်းချက် ကျွေးတတ်သည်။
"ဟန်နီ ဒီမှာဟင်းလာမြည်းပေးပါဦး"
ငါးခေါင်းဟင်းချိုအနံ့မှာမူ အစာအိမ်ကိုပင်
ဆွဲဆောင်နေနိုင်သည်။ချက်ပြုတ်ပြီးနောက်တော့ ရှမ်းနံနံကိုလှီးကာ အိုးထဲသို့ထည့်မွှေလိုက်ရင်း ဟယ်ရီ့ကိုလည်း မြည်းကြည့်ခိုင်းရသည်။
ဇွန်းထဲမှ ဟင်းရည်ကိုမှုတ်ကာလည်း ဟယ်ရီ့အား
သူကိုယ်တိုင်ခွံ့တိုက်မိရသည်။
"ကောင်းလားဟင်..ဘာများလိုသေးလဲ"
"ဆားလေး နည်းနည်းလောက်ထပ်ထည့်ရင်
ပိုကောင်းမယ်။ပိုင် ရေသွားချိုးတော့..ငါ ထည့်
လိုက်မယ်"
"ချစ်တယ်နော်"
ဟယ်ရီ့ခါးသို့ဖက်တွယ်လာသော ပိုင်သည်ခပ်ချွဲ
ချွဲဟန်ဖြင့် ပြောနေတတ်တော့၏။
သည်စကားတွေကိုပြောခွင့်ရရဖို့ သူဘယ်လောက် တောင်မှ စောင့်ဆိုင်းနေခဲ့ရပါသလဲ။ယခုတော့
ဟယ်ရီ့ကိုပင် သူအမြဲတမ်းပြောနေနိုင်ပြီဖြစ်သည့် အလျောက်တော့ ပြောခွင့်လည်းရနေပြီပင်။
ပိုင့်စကားကိုကြားတော့ ဟယ်ရီက အသာအယာ
ကလေးသာ ရယ်၏။ခဲခရမ်းဖောက်ရောင် ဆံသား
ရှည်တို့အား စုစည်းထားဖြစ်တော့ အရှေ့ဆံပင်
အနည်းစုတို့က ကပိုကရိုလေးလည်း ကျနေသည်။
"ကိုယ့်ဟန်နီက ချောလာလိုက်တာ"
"ပိုပြီ.."
"မပိုပါဘူး ဟန်နီရာ..ကိုယ်တကယ်ပြောတာ။
ကိုယ်မင်းကို အများကြီးချစ်မိသွားတာ။
တကယ်လည်း ချစ်မိရော မင်းက ကိုယ့်ကို.."
"ဒီမယ် ငါပြောမယ် ပိုင်။
အတိတ်တွေနဲ့ပတ်သက်လာရင် ပိုင့်ကို
ခွင့်မလွှတ်ဘူး။ဒါပေမဲ့ အတိတ်တွေကို
ပြန်မတူးဆွဘူး။မင်းလည်း ဒါတွေကို
ပြန်မတွေးနဲ့၊ပြန်မပြောနဲ့။နာကျင်ရတာမျိုး
တွေနဲ့ ကိုယ့်ကိုယ်ကို ထပ်ပြီးမညှဉ်းဆဲနဲ့ပိုင်။
ငါ့စကားကိုနားထောင်ပါ။
အတိတ်တွေတုန်းကလည်း ပိုင့်ကိုချစ်ခဲ့
တယ်။ပစ္စုပ္ပန်မှာလည်း ပိုင့်ကိုချစ်တယ်။
အနာဂတ်မှာလည်း မင်းပိုင်စိုးသူဆိုတဲ့
ပိုင့်ကိုပဲချစ်မယ်။ပိုင့်ကို အမြဲတမ်းချစ်နေ
မှာမို့..မင်းက အချစ်ခံရုံပဲ"
"မင်းကလည်း ကိုယ့်အချစ်ကို ခံယူရုံပါပဲ။
ဟန်နီက ကိုယ့်ရဲ့အဖိုးတန်လေးဖြစ်ပေးပြီး၊
အချစ်ခံရတဲ့ ခံစားချက်ကို အပြည့်အဝခံစား
ပါ။အတိတ်မှာ ချစ်မပြခဲ့ပေမဲ့ အခုလက်တွေ့
ကနေစပြီး ကိုယ်မင်းကို ချစ်ပြပါ့မယ်"
အပြန်အလှန် ပြုံးပြဖြစ်ကြရင်း ခေါင်းလည်း
တညိတ်ညိတ်ပင်။နဖူးချင်းလည်းဆိုင်နေမိ၍ တစ်ယောက်ခါး တစ်ယောက်ဖက်ထားမိကြတော့၏ ထိုအခိုက်အတန့်။
ကြင်နာမှုတွေစတင်လာတဲ့ သည်ခရီးမှာ
ရင်နာစရာတွေလည်း ရှိမလာနိုင်တော့ပါ။
အရာရာဟာ သာယာစရာတွေလည်း ဖြစ်လာခဲ့
သည်။ပိုင့်နဖူးသို့ တယုတယကြင်ကြင်နာနာ
နမ်းရှိုက်မိတော့ ပိုင့်မျက်ဝန်းများထံ မေတ္တာများ
က အသက်ဝင်ကိန်းအောင်းနေခဲ့သည်။
"မင်းကိုမြတ်နိုးလို့ နဖူးကိုနမ်းတာ"
"ကိုယ်လည်း နမ်းခဲ့ဖူးသားပဲ။
ဒါနဲ့ ဟန်နီမသိတာတစ်ခုကို ပြောပြဦးမယ်။
ဟန်နီလမ်းခွဲခဲ့တဲ့နေ့ကလေ ကိုယ်မင်းနဖူးကို
နမ်းခဲ့တယ်မဟုတ်လား"
"အင်း နှုတ်ခမ်းကိုရောပဲ"
"အဲ့တာ မင်းကိုမြတ်နိုးလို့ဆိုပြီး စိတ်ထဲကနေ
ပြောနေခဲ့တာ"
"မင်းအခု အတတ်ကောင်ဖြစ်လာတယ်"
"အတတ်လေးတော့ လုပ်ပါ။
ကိုယ့်ကောင်လေးကို ရင့်ရင့်သီးသီး
မပြောပါနဲ့။မင်းပိုင်စိုးသူက အသည်းနုလာတာဗျာ"
နှစ်ယောက်သား ကျီစယ်နေမိကြရင်း ငါးခေါင်း
ဟင်းချိုထဲသို့ ဆားလည်းထပ်မထည့်ဖြစ်လိုက်ပါ။ပေါ့တော့ပေါ့နေပေမင့် စားလျှင်တော့ အနေတော်လေးသာသာရှိနေတော့ စား၍ရသေးသည်။
ကြက်သားလုံးကြော်များကိုလည်း ဆလတ်ရွက် ပေါ်သို့ ပစ်တင်ထားရင်း သေသေချာချာလည်း
သူတို့ မပြင်ဆင်ရသေးချေတော့ မနေနိုင်တော့
သည့် ပိုင့်မေမေကပင် ဝင်လုပ်ပေးရတော့သည်။
"ရူချိုးတွေ ရူးချိုးတွေရာပြီ။
ဖေနယ်..ဒက်ဒက် ကယ်ကြပါရုံး"
ဆန္ဒလေးကငိုရင်း ပိုင့်အခန်းထဲသို့ပြေးဝင်လာ
တော့ ပိုင့်မှာ ခေါင်းနားပန်းကြီးကာ စိတ်ပူသွား
သည်။သားကိုပွေ့ချီတော့ သားကတရှုံ့ရှုံ့ငိုနေမြဲ
ဖြစ်ပြီး လန့်လည်းလန့်နေရှာသည်။
ရေချိုးပြီးကာစ ဟယ်ရီသည် ဆန္ဒ၏အသံကို
ကြားသည်နှင့် ဝတ်လက်စအင်္ကျီ၏ ကြယ်သီကို
တပ်နေလျက် ပိုင့်အခန်းထဲသို့ပင် ပြေးဝင်လာသည်။
"ပိုင် သားဘာဖြစ်တာလဲ"
"လူဆိုးတွေလာပြီဆိုပြီး ပြေးတက်လာတာ"
"ဟမ် လူဆိုး..နေဦး Jakeတို့ကိုပြောတာထင်တယ်"
Jakeတို့ကို မျက်နှာစိမ်းတော့ ဆန္ဒလေးကလန့်ပြီး ပြေးလာတာဖြစ်နိုင်သည်။ပိုင့်မှာ သားကိုသနား
မိပေမင့် အော်ရယ်မိတော့ သားနှုတ်ခမ်းဟာ
စူတူတူကလေးရယ်။ဟယ်ရီက သားကို ချီလိုက်
ရင်း မျက်ရည်သုတ်ပေးကာ တင်ပါလေးကိုပုတ်
ပုတ်ချော့တော့ သားက သဘောကျကာရယ်နေတော့သည်။စောစောက ငိုနေတာ ဘယ်သူပါလိမ့်။
"ဒက်ဒက်..ကောက်ကောက်လှရား"
"လှတာပေါ့ကွာ..daddyသားက အဝတ်စား
အသစ်နဲ့ပါလား။မေဘွားလဲထားပေးတာလား"
"ဟုတ်ရယ်..မေဘွားရယ်၊ဘိုးရယ်လဲပေးရာ"
"ကောက်ကောက် လူဆိုးတွေက ဘယ်နှယောက်လဲ သားသိလား"
ပိုင်ကကြောက်ဟန်ဆောင်ပြကာမေးတော့
သားကခဏတော့ စဉ်းစားဟန်ပေါ်နေသည်။
မထောင်တတ်၊ထောင်တတ် လက်ချောင်းထောင်
ပြလာသည်က လက်သုံးချောင်းတည်းရယ်။
ပြောလာတော့ လေးယောက်ဆိုလား။
"ရူချိုး ရေးရောက်တောင် ဖေနယ်။ဖေနယ်
ကြောက်နဲ့နော် တောက်တောက်ရှိရယ်။
ကောက်ကောက်နဲ့ဒက်ဒက် ကာကွယ်မယ်နော်"
"ဒါဆို ဖေငယ့်ကို နမ်းပါဦး။
ဖေငယ်ကကြောက်နေတော့ အာဘွားပေးရင် သက်သာသွားမှာ"
ပိုင်က ပြောတော့ ဆန္ဒလေးက ပါးကို ရွှတ်ခနဲ
လှမ်းနမ်းပေးတော့သည်။ပြီးနောက် ဟယ်ရီ့ကို
လည်းကြည့်လာကာ၊ပိုင်ကမူ သူ၏ပါးသို့
လက်ညှိုးဖြင့်တတောက်တောက်ထောက်ပြရင်း ဟယ်ရီ့ကိုလည်း ပြုံးပြုံးကြီးကြည့်နေသည်။
"ဟယ်ရီလည်း နမ်းပေးလေ။
ကိုယ် တအားကြောက်နေတာ။
လူဆိုးတွေက ကြောက်စရာကြီးနေမှာ"
"ခွေးကောင်.."
"ရပါတယ် မနမ်းချင်လဲ.."
ဟယ်ရီက ဆွဲနမ်းလာတော့ စကားတို့လည်း
အဆုံးမသတ်နိုင်။သားကို ပခုံးပေါ် ခေါင်းမှီခိုင်းထားရင်း ဟယ်ရီက ပိုင့်နှုတ်ခမ်းသို့နမ်းမိတော့
တာပင်။လိုချင်တာရသွားသူအဖို့တော့ သည်ကနေ့က ရက်ရာဇာဟု သတ်မှတ်ချက်ချတော့၏။
"သားတို့ထည့်စားကြနော် အန်တီတို့ကိုအားမနာနဲ့"
"ရှယ်ဆွဲမှာအန်တီ စိတ်သာချ"
"လွန်းလွန်းလေးက ဝအောင်သာစား။
ကိုယ့်ဟာလေးရော စားမလား"
"Rocky ကျောက်တုံးကောင် ခင်ဗျားလူကြီး
တွေရှေ့မှာ.."
"ဝက်ချိုချဉ်ကြော်ကိုပြောတာပါ"
Rockyနဲ့ဇွဲလွန်းတို့ပူးတွဲရှိနေလျှင် ရန်တကျက်
ကျက်ဖြစ်တတ်လွန်းသည်ကို မေ့ထားလို့မရပေ။
စိုးစံကတော့ ခင်ထူးမွန်နှင့်တိုးတိုး တိုးတိုးပြောနေ
ရင်း ရယ်နေကြသည်။
ခမ်းကတော့ ဟယ်ရီ့ကိုကြည့်ရင်း ပြုံးမိတာအခါခါ။ဟယ်ရီက အချစ်ကို ထပ်တွေ့တာမဟုတ် ဘဲ၊ပိုင်နဲ့အချစ်ဟောင်းကို ပြန်အသက်သွင်းနေတာ။ပိုင်နဲ့အဆင်ပြေနေပုံလည်းပေါ်တော့ ဟယ်ရီ့
အတွက် ဝမ်းသာမိသည့်အလျောက် Jakeကိုမူ
သူကြည့်မိသွားသည်။
Jakeကတော့ ပိုင့်မေမေနှင့်စကားတပြောပြော။
ဘိုးဘိုးနဲ့ပိုင့်ဖေဖေကတော့ ပိုင်တို့ကိုကြည့်ရင်း တပြုံးပြုံးရယ်သာ။သားသမီး စိတ်ဆင်းရဲနေတာ
ကိုမြင်ရတာထက်တော့..ယောက်ျားတစ်ယောက်
ကြောင့် သားဟာပျော်နေရတယ်၊သူ့မြေးဟာ
ပျော်နေရတယ်ဆိုလျှင်ပဲ ပိုင့်ဖေဖေ၊ပိုင့်ဘိုးဘိုး
တို့က စိတ်ချမ်းသာနိုင်သည့်ပုံပင်။ဆိုလိုရင်းမှာမူ
အမျိုးသားအချင်းချင်း၊လိင်တူချင်း မေတ္တာမျှကြ
မှုကိုပင် သူတို့မည်မျှ စိမ်းသက်မှုရှိနေနေ၊လက်မခံ
နိုင်မှုများရှိနေနေ သူ၏သားထံ၊သူ၏မြေးထံ၌
စစ်မှန်သော ပျော်ရွှင်ခြင်းကရှိနေပါမူ၊
ချစ်ခြင်းမေတ္တာသည်လည်း ရှိနေသည်ပဲ။သည်တော့ သူတို့ မကန့်ကွက်လိုပေ။မရှုံ့ချလိုပေ။
"ရူချိုးတွေက အားကြီးစားရယ်နော်"
"ဟယ် မြေးငယ်လေး..သူတို့က လူဆိုးတွေ
မဟုတ်ပါဘူး။အဲ့တာ မြေးငယ် daddyရဲ့
အစ်ကိုလေ"
ဆန္ဒ၏စကားကိုကြားတော့ Jakeမှာ သောက်လက် စ ငါးခေါင်းဟင်းချိုပင် သီးသွားသည်။ပိုင်က ရယ်ချင်နေသော်ငြား Jake ကိုခပ်လန့်လန့်ဖြစ်နေတော့ ရယ်လည်း မရယ်ရဲရှာ။ဟယ်ရီ့လက်ကို
ကိုင်ရင်း မရယ်မိအောင်အောင့်ထားရတော့
ဟယ်ရီ့ဆီမှလည်း ခပ်တိုးတိုးရယ်သံတို့ထွက်နေ
သည်။
"အဟန့် အဟွတ်"
"ရလား Jake..ရော့ရော့ ရေသောက်လိုက်"
ခမ်းက ကပျာကယာ စိုးရိမ်ပုံလည်းပေါ်ပြီး
Jakeကို ရေလည်းတိုက်နေသည်။Rockyကတော့ ပြုံးပြုံးကြီး ထိုင်ကြည့်နေရင်း သဘောတကျ
လည်းရှိနေသည့်ပုံ။ခမ်းနဲ့Jakeတို့နှစ်ယောက်
မူမှန်မနေတာတော့အမှန်။ဆန္ဒလေး၏ ပါးသို့
ဖွဖွနမ်းရင်း ဟယ်ရီက အကဲခတ်တော့ Jakeနဲ့
ခမ်းကမူ မျက်စပစ်ပြရင်း အလျှိုလျှို ထမင်းကို
သာ စားနေတော့သည်။
"ယောက်ဖ ဟင်းတွေက စားလို့ကောင်းရဲ့လား"
"အဟွတ်!"
ပိုင့်စကားသံက ထပ်ထွက်လာတော့ Jakeမှာ
ထပ်သီးရပြန်သည်။ခမ်းကလည်း ပျာပျာယာယာ
ရေတိုက်ရင်း ကျောကို ပွတ်ပေးရှာပြန်သည်။
တကယ်ကို ဒီနှစ်ယောက်မရိုးမှန်း ဟယ်ရီ ပိုပိုရိပ်
မိလာသည်။Jakeကို မျက်မှောင်ကုတ်ကြည့်မိတော့ ဟယ်ရီ့ကိုပင် အကြည့်လွှဲသွားသည်က ကပျာကယာရယ်။
"ယောက်ဖ ရရဲ့လား။ယောက်ဖ ပုစွန်တုပ်လည်း
ထည့်စားလေ..ခန့်ခန့်ကြီးဗျ"
ပိုင်က ခမ်းကိုကြည့်ရင်း Jakeကိုပြောတော့
ဆန္ဒလေးက ထရယ်လာသည်။သား၏ရယ်သံ
တစ်ခစ်ခစ်ကိုကြားတော့ ဟယ်ရီက ထရယ်ရင်း နောက်ဆုံး အားလုံးရယ်မိကြတော့၏။
ခမ်းနဲ့Jakeမှာမူ မအီမသာရယ်ရင်း ရှက်ရှက်နှင့်
ရေကိုလည်း သောက်ရတော့သည်။ခင်ထူးမွန်က
မူ သူ့မောင် ဇွဲလွန်းနှင့်Rockyကို တကြည့်ကြည့်
လုပ်နေတော့ စိုးစံလည်း လိုက်ကြည့်မိလိုက်သည်။
ထမင်းစား၊အချိုတည်းပြီးနောက်တော့ Jakeက ဟယ်ရီ့ကို စကားပြောဖို့ ခေါ်ထုတ်လာ၏။
"ဟယ်ရီ အစ်ကိုနဲ့လိုက်ခဲ့ ပြောစရာရှိတယ်"
"ခမ်း ခင်ဗျားလည်းလိုက်ခဲ့ပေး"
အလုပ်ထွက်လာတဲ့ ကိစ္စနဲ့ Jakeဆူတော့မယ်မှန်း
သိလို့ ခမ်းကိုလည်း အပါခေါ်ရသေးသည်။
ပိုင်ကတော့ သားကိုချီထားရင်း အသီးခွံ့ကျွေးနေ
သည်။ခင်ထူးမွန်နဲ့ပိုင့်မေမေကတော့မီးဖိုချောင်ထဲမှာဖြစ်ပြီး ကျန်လူ စိုးစံတို့ကတော့စကားတပြော ပြောကျန်နေခဲ့ကြ၏။
ခြံထဲကိုရောက်တော့ Jakeက မျက်နှာတည်တည်
ကြီးဖြင့် ဟယ်ရီ့ကိုပင် စိုက်ကြည့်လာသည်။
"ပြောပါဦး ဘာလို့အလုပ်ပါထွက်ခဲ့တာလဲ"
"ဒီပြန်ရောက်ရင် ဘာဖြစ်မယ်မှန်းမသိလို့။
ပြီးတော့ ဟယ်ရီနဲ့ပိုင်.."
"တိတ်စမ်း! လုပ်ချင်တာကို လုပ်ပြီးမှ
အစ်ကိုက ခမ်းဆီကနေ သိရတာဖြစ်သင့်လား"
"ဖြစ်သင့်တယ်လေ"
ဟယ်ရီ့အသံတော့မဟုတ်၊ခမ်းဆီမှ အသံထွက်
လာတာဖြစ်သည်။Jakeက ခမ်းကိုစိုက်ကြည့်လာတော့ ခမ်းက ကိုယ်ပိုင် တည်ငြိမ်မှုတို့ရှိနေဆဲ။Jakeပခုံးကို လှမ်းကိုင်ရင်းခမ်းကပြုံးပြတော့ Jakeက စိတ်လျော့သွားဟန်ပေါ်သည်။
"ဟယ်ရီ့ကိုမဆူပါနဲ့။ငါနဲ့ပေါင်းကြံထားတာ
ဆိုတော့ ငါ့ကိုပဲဆူလိုက်နော် Jake"
"မင်းက ဟယ်ရီ့ဘက်ကမှန်းသိတယ် လာမပြော
နဲ့။ဘယ်လိုကောင်နဲ့ အိပ်ခဲ့မိမှန်းကိုမသိဘူး"
"ဘာ! ဘာပြောတယ် Jake အစ်ကို..
ခမ်း ခင်ဗျား ကျွန်တော့်အစ်ကိုကို..."
ဟယ်ရီက ရှူးရှူးရှဲရှဲဖြစ်လာရင်း နှစ်ယောက်
လုံးကိုလည်း လက်ညှိုးတထိုးထိုး။Jakeလည်း
ပြောမိပြီးခါမှ ဘယ်ချောင်ထဲ ခေါင်းသွားထည့်
ထားရမှန်းပင် မသိတော့။
ခမ်းကတော့ကုပ်ပိုးကိုပွတ်သပ်ရင်း ဟယ်ရီ့ကို ရှက်ရှက်နဲ့ရယ်ပြနေသည်။အမြဲလိုလို Jakeနဲ့
ခမ်းက အနေနီးလွန်းတော့ သူငယ်ချင်းသံယောဇဉ် ကနေ အဆင့်တက်မိသွားကြပုံပင်။
ခမ်းဘက်ကရော၊Jakeဘက်ကပါ ချစ်မိလာသည် က ကြာတော့လည်းမကြာသေးပါ။Jakeက သူ့ညီ
နှင့်ပတ်သက်လာရင် သဝန်တိုတတ်သလို၊ဟယ်ရီကဆို သူ့အစ်ကိုနဲ့ပတ်သက်လာရင် ပိုပြီးသဝန်တိုတတ်သူပင်။
"ငါ့အစ်ကိုတော့ သွားပါပြီ။ကျွန်တော်က
အစ်ကို့ကို လူပျိုကြီးဖြစ်နေလို့ ဝမ်းသာ
နေတာကို..အဲ့တာ ခမ်း ခင်ဗျားကြောင့်..
ခင်ဗျားကြောင့် ကျုပ်အစ်ကို လူပျိုရည်လေး
တော့ပျက်ပါပြီ"
"ဟာ ဟယ်ရီ..မင်းပြောမှ အစ်ကိုချည်းပဲ
ခံနေရသလိုနဲ့။အမှန်တော့ တစ်လှည့်.."
"ဟာ Jakeမင်း..မင်း ပါးစပ်လေးကို
ပိတ်ထားစမ်းပါ"
ခမ်းက ကိုလူအေးဆိုတော့ ရှက်တတ်သည်။
ဟယ်ရီ့ကိုလည်း မျက်နှာမပြရဲတော့ အိမ်ထဲသို့ ခပ်သုတ်သုတ်ဝင်ရှာတော့၏။ဟယ်ရီ့မှာတော့ ရယ်ရမလို၊စိတ်ပဲဆက်ဆိုးရမလိုပင်။အစကတော့ Jakeက ဟယ်ရီ့ကိုဆူမလို့၊နောက်တော့ ဟယ်ရီ့
ဆီက နားပူအောင်အဆူခံလိုက်ရသူဟာ သူဖြစ်နေ
ခဲ့သည်ပဲ။အိမ်ထဲသို့ ညီအစ်ကိုနှစ်ယောက်ပြန်ဝင်
ဖြစ်ကြတော့ Jakeခမျာ နားတွေပင်ပူထူနေခဲ့ပြီ။
"ဟယ်ရီ ကိုယ့်လက်ကိုကြည့်ပါဦး"
"သွေးတွေထွက်နေတာပဲ ဘာနဲ့ထိမိတာလဲ။
ဆေးထည့်ပေးမယ်။သားရော"
"သားက ဘိုးဘိုးအခန်းထဲမှာ။
ကိုယ့်လက်က ဟန်နီစားဖို့ အသီးခွဲရင်းနဲ့
ထိသွားတာ"
ထိုငနဲက သဲပြနေတော့ Jakeမှာ မျက်နှာမဲ့မိသွား
သည်။ခမ်းကို ကြည့်မိရာတွင် သူ့လက်ကမူ
ခမ်း၏နောက်စေ့မှ ဖျတ်ရိုက်လိုက်မိသည်က
အားပြင်းလှသည်လည်း မဟုတ်။ခမ်းကတော့ဖြင့်
မိန့်မိန့်ပြုံးပြုံးကြီးသာ။
ဟယ်ရီနဲ့ခမ်းရဲ့ ဆက်ဆံရေးရှိခဲ့တာကိုလည်း
Jake စိတ်ထဲ ဘာမှမရှိပေမင့် ဘာလို့ ခမ်းကို
သဘောကျမိသွားမှန်း သူ့ကိုယ်သူလည်း
နားမလည်ခဲ့ပါ။ခမ်းက ခေါင်းကိုပွတ်ရင်းကြည့်
လာတော့ အသံတိတ် ဆဲပြမိလိုက်၏
"ဘာလို့ဆဲတာလဲ။ငါက မင်းထက် တစ်လကြီးတယ်"
"ကြီးချင်တာကြီး မင်းကိုဆဲချင်တာပဲသိတယ်"
"ရူချိုးတွေချဲရင် တောက်တောက်ရိုက်မှာနော်"
ဆန္ဒလေးကိုချီရင်း ဝင်လာတာက စိုးစံ။
ဘိုးဘိုးအခန်းထဲမှာမနေလို့ ခေါ်လာတာဖြစ်မည်။Jakeတို့ကိုမြင်တိုင်း လူဆိုးတွေဆိုတာက ပါးစပ် ဖျားကနေ မချ။
Jakeဆဲတာကိုသိတော့ ကောက်ကောက်က
ရိုက်မှာလို့ မပီတပီလေးပြောနေသေးသည်။
ဟယ်ရီ့မှာ ပိုင့်လက်ကို ဆေးထည့်ပေးပြီးမှ
သားကို လှမ်းချီကာ ပေါင်ပေါ်သို့တင်ရသည်။
"အဲ့တာ Daddyရဲ့ အစ်ကိုပါ သားရဲ့"
"ဟုတ်တယ် သားငယ်..အဲ့တာ ဖေငယ့်
ယောက်ဖလေ"
"မင်းပိုင်စိုးသူ မင်း..မင်း.."
"ဒေါသမထွက်ပါနဲ့ကွာ။ကလေး လန့်သွားမယ်"
ခမ်းက ဝင်တားတော့ Jakeလည်းအသံတိတ်သွား
သည်။Jakeက ပိုင့်ကို လက်ညှိုးတထိုးထိုးဆိုတော့ ဆန္ဒ၏ နှုတ်ခမ်းလေးက မဲ့ခင်နေသည်။
မျက်ရည်ဝဲသော သားသည် ဟယ်ရီ့ကိုဖက်ကာ
ငိုလာတော့ Jakeမှာ ခေါင်းတကုတ်ကုတ်ဖြစ်ရ
တော့၏။
ပိုင်ကတော့ ယောက်ဖလို့ပြောလိုက်ရတာကိုပင် အရသာတွေ့နေဟန်။ဟယ်ရီကသားကိုချီကာ
ချော့တော့ အငိုမှာမရပ်။သားက သည်လိုပင်
သူ့အဖေကို အော်ရင်လည်းမကြိုက်တတ်။
သားက ဝမ်းနည်းပြီး ငိုချတတ်သည်။
"ပိုင် သားကိုချော့ပါဦး"
"လာလာ သားငယ်..ဖေငယ့်ကို ဦးဦးJakeက
မအော်ပါဘူး"
"ဟင့် ချိတ်က ဖေနယ့်တို အော်ရယ်"
"မအော်တော့ပါဘူးကွာ..တိတ်ပါ ဆံကောက်လေးရဲ့"
"ငါ့တူလေးက သူ့အဖေကိုအော်ရင် လုံးဝကို
မကြိုက်တာ။သူငိုပြီးသွားရင် စောင့်ကြည့်..
မင်းကို ရန်တွေ့ဦးမှာ ဟေ့ကောင်ရေ"
ဆန္ဒလေးက ဟယ်ရီငယ်ငယ်တုန်းက ရုပ်လေးနဲ့
ဆင်တော့ Jakeမှာ အသည်းယားမိတာအမှန်။
ခမ်းကတော့ Jakeကို မူမပျက် ပြုံးပြုံးကြီးထိုင်
ကြည့်နေတော့ ဟယ်ရီ့မှာ အားရဝမ်းသာလည်း
ဖြစ်မိသွားသည်။ခမ်းနဲ့Jakeသာဆို ဟယ်ရီ
သဘောမတူနိုင်စရာအကြောင်းလည်းမရှိပါ။ဖိတ်ချင်းဖိတ်တော့ ကိုယ့်အိတ်ထဲပဲ ဖိတ်မှာပေါ့။ခမ်းတို့ ဒီလိုအခြေအနေအထိ ဖြစ်လာမယ်လို့ ထင်မထားမိတော့ ဟယ်ရီ့မှာ တအံ့တဩတော့
ဖြစ်နေရသေးသည်။
___________///////////__________
ညမိုးချုပ်တော့ သားက အိပ်ရာအလယ်မှာ
အိပ်ပျော်နေပြီ။ဟယ်ရီက ဝရန်တာမှာ ရပ်နေတော့ ပိုင်က ကုတင်ပေါ်၌ ထိုင်လျက်သား ငေးကြည့်နေ၏။
ဟယ်ရီ့ဆီသို့ ခြေလှမ်းတို့လှမ်းမိပြီးနောက်
အနောက်မှ သိုင်းဖက်ပစ်လိုက်သည်။ဟန်နီ့
ဆံနွယ်သားတို့မှာမူ ခေါင်းလျှော်ရည်အနံ့ခပ်သင်းသင်းကလေးလည်းစွဲနေသည်။
"အိပ်တော့လေ ပိုင်"
"ဟင့်အင်း ကိုယ်မင်းရဲ့လက်ကို ကိုင်ပြီးမှ
အိပ်ပျော်မယ်ထင်တယ်။ဟယ်ရီ ထွက်သွား
မှာကို ကြောက်တယ်"
"မကြောက်ပါနဲ့ ။မင်းကြောက်တဲ့ ဒီကိစ္စက
ဖြစ်လာမှာမဟုတ်လို့..ပိုင် မင်းကြောက်နေစရာ
မလိုဘူး"
"ကိုယ် မင်းကိုချစ်တယ်နော်။
ဟန်နီ့ကို အများကြီးချစ်တာပါ"
ပိုင့်ဘက်က အထပ်ထပ်အခါခါ ပြောလာတတ်
တာ ချစ်တယ်ဆိုတဲ့စကား။ပိုင့်ကို ပွေ့ဖက်ပစ်
တော့ ပါးကိုလည်း တရွှတ်ရွှတ်နမ်းလို့နမ်းမိနဲ့။
မင်းကိုချစ်တာမှာရယူခြင်းထက် ပေးဆပ်ခြင်းက
ပိုများနေမလား ပိုင်။တကယ်တော့ မင်းကို လိုလိုလားလားနဲ့အနိုင်ယူခိုင်းခဲ့တာ ငါပါ။
"ပိုင် ငါမင်းဂေဟာမှာ လှူလို့ရမလား"
"ဟယ်ရီက ဘာလှူချင်လို့လဲ"
"ဂေဟာက နှစ်ချုပ်နဲ့ငှားထားရတာဆိုတော့
အဲ့တာ ငါမြေဝယ်ပြီးတော့ ဂေဟာအသစ်လေး
ဆောက်ပေးချင်လို့။ခမ်းနဲ့Jakeအပြင် Rocky
တို့လည်း ပါကြမှာ ပိုင်လက်ခံပေးပါလား"
"ဒါ လက်မခံနိုင်စရာမှ မရှိတာ ဟယ်ရီရဲ့။
ကိုယ်လက်ခံပါတယ်။လိုလိုလားလားအလှူပြုကြတာပဲ ကိုယ်က ဝမ်းသာအားရလက်ခံမှာပေါ့။
ကိုယ့် ကလေးတွေသာသိရင် ပျော်နေကြမှာ"
ပိုင့်ဆီမှာ အပြုံးတို့ဖြစ်တည်နေတော့ ဟယ်ရီ
ငေးစိုက်ကြည့်မိရင်း မျက်ရည်ကျမိလာသည်။
ပိုင်,မမြင်နိုင်အောင် ဖက်တွယ်ပစ်ရင်းကုတင်ပေါ်
၌ အိပ်ပျော်နေဆဲ သားကိုလည်း သူလှမ်းကြည့်မိ
လိုက်သည်။
ဒါဟာ ဘဝမှာထပ်ရလာတဲ့ အခွင့်အရေးတွေ။
ရဲရဲဖမ်းဆုပ်ပစ်တော့ ပြန်တည်ထောင်ခွင့်ရတဲ့
ပိုင်နဲ့ဆက်ဆံရေးမှာ သားကတော့ ဘုရားပေးတဲ့အပိုလက်ဆောင်လေးလည်းဖြစ်သည်။
"ကိုယ့်ကို စိုးစံဝယ်ပေးထားတဲ့ ခြံရှိတယ်"
"အရှေ့ခြံမလား။အဲဒီမှာ ပိုင်က ဂေဟာ
ဆောက်ချင်တာလား"
"အင်း အစကတော့ ကိုယ့်အတွေးကတစ်မျိုး၊
အခုတော့ ဂေဟာပဲဆောက်ချင်တော့တယ်"
"အင်း ဟုတ်ပြီ..ပိုင့်ဆန္ဒကို ဖြည့်ဆည်းပေး
မယ်။မင်းကို ချစ်တယ်နော်။ဒါကို မြဲမြဲမှတ်ထား။
ဟန်နီက ပစ်သွားမှာကိုကြောက်မိတဲ့ အခါတိုင်း
ဟန်နီက ငါ့ကိုသဲသဲလှုပ်ချစ်တာလို့ တွေးနော်,ပိုင်။ဒါမှ မင်းရဲ့စိတ်လေး ကျန်းမာနေမှာ"
ဒီညမှာ Brandyတစ်ခွက်ကိုမဟုတ်ဘဲ အကြင်နာ
တစ်ခွက်ကို သောက်ပါတယ်။
စီးကရက်တစ်လိပ်အစား မေတ္တာစာတစ်လိပ်ကို
လည်း ကိုယ်တို့မြည်းစမ်းကြည့်တာပဲ။
ရင်နာစရာတွေအစား ကိုယ်တို့မှာ ကြင်နာစရာတွေ
ပဲရှိလာတော့မယ်။
ကိုယ် မင်းကိုချစ်လည်းချစ်တယ်။
မြတ်နိုးမိတော့လည်း မြတ်နိုးရခြင်းတွေမှာ
အတ္တတို့ ဖြစ်တည်ပါဝင်မလာခဲ့တော့ပါ။
//////////////////////////////////////
10.7.2021(Saturday)
-လီလီဟန်-
Zawgyi
//အထပ္ထပ္အခါခါေျပာျဖစ္တဲ့စကား..
အဲ့တာဟာ ခ်စ္တယ္ဆိုလား//
Jakeတို႔အား ပိုင့္ေမေမက ထမင္းစားဖိတ္ထား
ေတာ့ မီးဖိုေခ်ာင္ထဲ ဝင္စီမံေနသူကေတာ့ ပိုင္ပင္။
ကာလအပိုင္းအျခားတစ္ခု၌ မင္းပိုင္စိုးသူသည္
ဟင္းလည္းခ်က္တတ္ေနခဲ့ၿပီ။ရံဖန္ရံခါ ေဂဟာရွိ
ကေလးမ်ား၊သူနာျပဳဆရာမမ်ားႏွင့္ ေစတနာ့
ဝန္ထမ္းမ်ားကိုလည္း သူကိုယ္တိုင္ပင္ ဟင္းခ်က္ ေကၽြးတတ္သည္။
"ဟန္နီ ဒီမွာဟင္းလာျမည္းေပးပါဦး"
ငါးေခါင္းဟင္းခ်ိဳအနံ႔မွာမူ အစာအိမ္ကိုပင္
ဆြဲေဆာင္ေနနိုင္သည္။ခ်က္ျပဳတ္ၿပီးေနာက္ေတာ့ ရွမ္းနံနံကိုလွီးကာ အိုးထဲသို႔ထည့္ေမႊလိုက္ရင္း ဟယ္ရီ့ကိုလည္း ျမည္းၾကည့္ခိုင္းရသည္။ဇြန္းထဲမွ ဟင္းရည္ကိုမွုတ္ကာလည္း ဟယ္ရီ့အားသူကိုယ္တိုင္ခြံ႕တိုက္မိရသည္။
"ေကာင္းလားဟင္..ဘာမ်ားလိုေသးလဲ"
"ဆားေလး နည္းနည္းေလာက္ထပ္ထည့္ရင္
ပိုေကာင္းမယ္။ပိုင္ ေရသြားခ်ိဳးေတာ့..ငါ ထည့္လိုက္မယ္"
"ခ်စ္တယ္ေနာ္"
ဟယ္ရီ့ခါးသို႔ဖက္တြယ္လာေသာ ပိုင္သည္ခပ္ခၽြဲ
ခၽြဲဟန္ျဖင့္ ေျပာေနတတ္ေတာ့၏။
သည္စကားေတြကိုေျပာခြင့္ရရဖို႔ သူဘယ္ေလာက္ ေတာင္မွ ေစာင့္ဆိုင္းေနခဲ့ရ
ပါသလဲ။ယခုေတာ့ ဟယ္ရီ့ကိုပင္ သူအျမဲတမ္းေျပာေနနိုင္ၿပီျဖစ္သည့္ အေလ်ာက္ေတာ့ ေျပာခြင့္လည္းရေနၿပီပင္။
ပိုင့္စကားကိုၾကားေတာ့ ဟယ္ရီက အသာအယာ
ကေလးသာ ရယ္၏။ခဲခရမ္းေဖာက္ေရာင္ ဆံသားရွည္တို႔အား စုစည္းထားျဖစ္ေတာ့ အေရွ႕ဆံပင္အနည္းစုတို႔က ကပိုကရိုေလး
လည္း က်ေနသည္။
"ကိုယ့္ဟန္နီက ေခ်ာလာလိုက္တာ"
"ပိုၿပီ.."
"မပိုပါဘူး ဟန္နီရာ..ကိုယ္တကယ္ေျပာတာ။
ကိုယ္မင္းကို အမ်ားႀကီးခ်စ္မိသြားတာ။
တကယ္လည္း ခ်စ္မိေရာ မင္းက ကိုယ့္ကို.."
"ဒီမယ္ ငါေျပာမယ္ ပိုင္။
အတိတ္ေတြနဲ႔ပတ္သက္လာရင္ ပိုင့္ကို
ခြင့္မလႊတ္ဘူး။ဒါေပမဲ့ အတိတ္ေတြကို
ျပန္မတူးဆြဘူး။မင္းလည္း ဒါေတြကို
ျပန္မေတြးနဲ႔၊ျပန္မေျပာနဲ႔။နာက်င္ရတာမ်ိဳး
ေတြနဲ႔ ကိုယ့္ကိုယ္ကို ထပ္ၿပီးမညႇဥ္းဆဲနဲ႔ပိုင္။
ငါ့စကားကိုနားေထာင္ပါ။
အတိတ္ေတြတုန္းကလည္း ပိုင့္ကိုခ်စ္ခဲ့
တယ္။ပစၥဳပၸန္မွာလည္း ပိုင့္ကိုခ်စ္တယ္။
အနာဂတ္မွာလည္း မင္းပိုင္စိုးသူဆိုတဲ့
ပိုင့္ကိုပဲခ်စ္မယ္။ပိုင့္ကို အျမဲတမ္းခ်စ္ေန
မွာမို႔..မင္းက အခ်စ္ခံ႐ုံပဲ"
"မင္းကလည္း ကိုယ့္အခ်စ္ကို ခံယူ႐ုံပါပဲ။
ဟန္နီက ကိုယ့္ရဲ့အဖိုးတန္ေလးျဖစ္ေပးၿပီး၊
အခ်စ္ခံရတဲ့ ခံစားခ်က္ကို အျပည့္အဝခံစား
ပါ။အတိတ္မွာ ခ်စ္မျပခဲ့ေပမဲ့ အခုလက္ေတြ႕
ကေနစၿပီး ကိုယ္မင္းကို ခ်စ္ျပပါ့မယ္"
အျပန္အလွန္ ျပဳံးျပျဖစ္ၾကရင္း ေခါင္းလည္း
တညိတ္ညိတ္ပင္။နဖူးခ်င္းလည္းဆိုင္ေနမိ၍ တစ္ေယာက္ခါး တစ္ေယာက္ဖက္ထားမိၾကေတာ့၏ ထိုအခိုက္အတန႔္။
ၾကင္နာမွုေတြစတင္လာတဲ့ သည္ခရီးမွာ
ရင္နာစရာေတြလည္း ရွိမလာနိုင္ေတာ့ပါ။
အရာရာဟာ သာယာစရာေတြလည္း ျဖစ္လာခဲ့
သည္။ပိုင့္နဖူးသို႔ တယုတယၾကင္ၾကင္နာနာ
နမ္းရွိုက္မိေတာ့ ပိုင့္မ်က္ဝန္းမ်ားထံ ေမတၱာမ်ားက အသက္ဝင္ကိန္းေအာင္းေနခဲ့သည္။
"မင္းကိုျမတ္နိုးလို႔ နဖူးကိုနမ္းတာ"
"ကိုယ္လည္း နမ္းခဲ့ဖူးသားပဲ။
ဒါနဲ႔ ဟန္နီမသိတာတစ္ခုကို ေျပာျပဦးမယ္။
ဟန္နီလမ္းခြဲခဲ့တဲ့ေန႔ကေလ ကိုယ္မင္းနဖူးကို
နမ္းခဲ့တယ္မဟုတ္လား"
"အင္း ႏွုတ္ခမ္းကိုေရာပဲ"
"အဲ့တာ မင္းကိုျမတ္နိုးလို႔ဆိုၿပီး စိတ္ထဲကေန
ေျပာေနခဲ့တာ"
"မင္းအခု အတတ္ေကာင္ျဖစ္လာတယ္"
"အတတ္ေလးေတာ့ လုပ္ပါ။
ကိုယ့္ေကာင္ေလးကို ရင့္ရင့္သီးသီး
မေျပာပါနဲ႔။မင္းပိုင္စိုးသူက အသည္းႏုလာတာဗ်ာ"
ႏွစ္ေယာက္သား က်ီစယ္ေနမိၾကရင္း
ငါးေခါင္းဟင္းခ်ိဳထဲသို႔ ဆားလည္းထပ္မ
ထည့္ျဖစ္လိုက္ပါ။ေပါ့ေတာ့ေပါ့ေနေပမင့္ စားလၽွင္ေတာ့ အေနေတာ္ေလးသာသာရွိ
ေနေတာ့ စား၍ရေသးသည္။
ၾကက္သားလုံးေၾကာ္မ်ားကိုလည္း ဆလတ္ရြက္ ေပၚသို႔ ပစ္တင္ထားရင္း ေသေသခ်ာခ်ာလည္းသူတို႔ မျပင္ဆင္ရေသးေခ်ေတာ့ မေနနိုင္ေတာ့
သည့္ ပိုင့္ေမေမကပင္ ဝင္လုပ္ေပးရေတာ့သည္။
"႐ူခ်ိဳးေတြ ႐ူးခ်ိဳးေတြရာၿပီ။
ေဖနယ္..ဒက္ဒက္ ကယ္ၾကပါ႐ုံး"
ဆႏၵေလးကငိုရင္း ပိုင့္အခန္းထဲသို႔ေျပးဝင္လာေတာ့ ပိုင့္မွာ ေခါင္းနားပန္းႀကီးကာ စိတ္ပူသြားသည္။သားကိုေပြ႕ခ်ီေတာ့ သားကတရွုံ႔ရွုံ႔ငိုေနျမဲ
ျဖစ္ၿပီး လန႔္လည္းလန႔္ေနရွာသည္။
ေရခ်ိဳးၿပီးကာစ ဟယ္ရီသည္ ဆႏၵ၏အသံကို
ၾကားသည္ႏွင့္ ဝတ္လက္စအကၤ်ီ၏ ၾကယ္သီကို
တပ္ေနလ်က္ ပိုင့္အခန္းထဲသို႔ပင္ ေျပးဝင္လာသည္။
"ပိုင္ သားဘာျဖစ္တာလဲ"
"လူဆိုးေတြလာၿပီဆိုၿပီး ေျပးတက္လာတာ"
"ဟမ္ လူဆိုး..ေနဦး Jakeတို႔ကိုေျပာတာထင္တယ္"
Jakeတို႔ကို မ်က္ႏွာစိမ္းေတာ့ ဆႏၵေလးကလန႔္ၿပီး ေျပးလာတာျဖစ္နိုင္သည္။ပိုင့္မွာ သားကိုသနားမိေပမင့္ ေအာ္ရယ္မိေတာ့ သားႏွုတ္ခမ္းဟာ စူတူတူကေလးရယ္။ဟယ္ရီက သားကို
ခ်ီလိုက္ရင္း မ်က္ရည္သုတ္ေပးကာ တင္ပါေလးကိုပုတ္
ပုတ္ေခ်ာ့ေတာ့ သားက သေဘာက်ကာရယ္ေနေတာ့သည္။ေစာေစာက ငိုေနတာ ဘယ္သူပါလိမ့္။
"ဒက္ဒက္..ေကာက္ေကာက္လွရား"
"လွတာေပါ့ကြာ..daddyသားက အဝတ္စား
အသစ္နဲ႔ပါလား။ေမဘြားလဲထားေပးတာလား"
"ဟုတ္ရယ္..ေမဘြားရယ္၊ဘိုးရယ္လဲေပးရာ"
"ေကာက္ေကာက္ လူဆိုးေတြက ဘယ္ႏွေယာက္လဲ သားသိလား"
ပိုင္ကေၾကာက္ဟန္ေဆာင္ျပကာေမးေတာ့
သားကခဏေတာ့ စဥ္းစားဟန္ေပၚေနသည္။
မေထာင္တတ္၊ေထာင္တတ္ လက္ေခ်ာင္းေထာင္
ျပလာသည္က လက္သုံးေခ်ာင္းတည္းရယ္။
ေျပာလာေတာ့ ေလးေယာက္ဆိုလား။
"႐ူခ်ိဳး ေရးေရာက္ေတာင္ ေဖနယ္။ေဖနယ္
ေၾကာက္နဲ႔ေနာ္ ေတာက္ေတာက္ရွိရယ္။
ေကာက္ေကာက္နဲ႔ဒက္ဒက္ ကာကြယ္မယ္ေနာ္"
"ဒါဆို ေဖငယ့္ကို နမ္းပါဦး။
ေဖငယ္ကေၾကာက္ေနေတာ့ အာဘြားေပးရင္ သက္သာသြားမွာ"
ပိုင္က ေျပာေတာ့ ဆႏၵေလးက ပါးကို ရႊတ္ခနဲ
လွမ္းနမ္းေပးေတာ့သည္။ၿပီးေနာက္ ဟယ္ရီ့ကိုလည္းၾကည့္လာကာ၊ပိုင္ကမူ သူ၏ပါးသို႔
လက္ညႇိုးျဖင့္တေတာက္ေတာက္ေထာက္ျပရင္း ဟယ္ရီ့ကိုလည္း ျပဳံးျပဳံးႀကီးၾကည့္ေနသည္။
"ဟယ္ရီလည္း နမ္းေပးေလ။
ကိုယ္ တအားေၾကာက္ေနတာ။
လူဆိုးေတြက ေၾကာက္စရာႀကီးေနမွာ"
"ေခြးေကာင္.."
"ရပါတယ္ မနမ္းခ်င္လဲ.."
ဟယ္ရီက ဆြဲနမ္းလာေတာ့ စကားတို႔လည္း
အဆုံးမသတ္နိုင္။သားကို ပခုံးေပၚ ေခါင္းမွီခိုင္းထားရင္း ဟယ္ရီက ပိုင့္ႏွုတ္ခမ္းသို႔နမ္းမိေတာ့တာပင္။လိုခ်င္တာရသြားသူအဖို႔ေတာ့ သည္ကေန႔က ရက္ရာဇာဟု သတ္မွတ္ခ်က္ခ်ေတာ့၏။
"သားတို႔ထည့္စားၾကေနာ္ အန္တီတို႔ကိုအားမနာနဲ႔"
"ရွယ္ဆြဲမွာအန္တီ စိတ္သာခ်"
"လြန္းလြန္းေလးက ဝေအာင္သာစား။
ကိုယ့္ဟာေလးေရာ စားမလား"
"Rocky ေက်ာက္တုံးေကာင္ ခင္ဗ်ားလူႀကီး
ေတြေရွ႕မွာ.."
"ဝက္ခ်ိဳခ်ဥ္ေၾကာ္ကိုေျပာတာပါ"
Rockyနဲ႔ဇြဲလြန္းတို႔ပူးတြဲရွိေနလၽွင္ ရန္တက်က္က်က္ျဖစ္တတ္လြန္းသည္ကို ေမ့ထားလို႔မရေပ။
စိုးစံကေတာ့ ခင္ထူးမြန္ႏွင့္တိုးတိုး တိုးတိုးေျပာေနရင္း ရယ္ေနၾကသည္။
ခမ္းကေတာ့ ဟယ္ရီ့ကိုၾကည့္ရင္း ျပဳံးမိတာအခါခါ။ဟယ္ရီက အခ်စ္ကို ထပ္ေတြ႕တာမဟုတ္ ဘဲ၊ပိုင္နဲ႔အခ်စ္ေဟာင္းကို ျပန္အသက္သြင္းေနတာ။ပိုင္နဲ႔အဆင္ေျပေနပုံလည္းေပၚေတာ့ ဟယ္ရီ့အတြက္ ဝမ္းသာမိသည့္အေလ်ာက္ Jakeကိုမူသူၾကည့္မိသြားသည္။
Jakeကေတာ့ ပိုင့္ေမေမႏွင့္စကားတေျပာေျပာ။ဘိုးဘိုးနဲ႔ပိုင့္ေဖေဖကေတာ့ ပိုင္တို႔ကိုၾကည့္ရင္း တျပဳံးျပဳံးရယ္သာ။သားသမီး စိတ္ဆင္းရဲေနတာကိုျမင္ရတာထက္ေတာ့..ေယာက္်ားတစ္ေယာက္ေၾကာင့္ သားဟာေပ်ာ္ေနရတယ္၊သူ႔ေျမးဟာ ေပ်ာ္ေနရတယ္ဆိုလၽွင္ပဲ ပိုင့္ေဖေဖ၊ပိုင့္ဘိုးဘိုးတို႔က စိတ္ခ်မ္းသာနိုင္သည့္ပုံပင္။ဆိုလိုရင္းမွာမူ
အမ်ိဳးသားအခ်င္းခ်င္း၊လိင္တူခ်င္း ေမတၱာမၽွၾကမွုကိုပင္ သူတို႔မည္မၽွ စိမ္းသက္မွုရွိ
ေနေန၊လက္မခံနိုင္မွုမ်ားရွိေနေန သူ၏သားထံ၊သူ၏ေျမးထံ၌စစ္မွန္ေသာ ေပ်ာ္ရႊင္ျခင္းကရွိေနပါမူခ်စ္ျခင္းေမတၱာသည္လည္း ရွိေနသည္ပဲ။သည္ေတာ့ သူတို႔ မကန႔္ကြက္လိုေပ။မရွုံ႔ခ်လိုေပ။
"႐ူခ်ိဳးေတြက အားႀကီးစားရယ္ေနာ္"
"ဟယ္ ေျမးငယ္ေလး..သူတို႔က လူဆိုးေတြ
မဟုတ္ပါဘူး။အဲ့တာ ေျမးငယ္ daddyရဲ့
အစ္ကိုေလ"
ဆႏၵ၏စကားကိုၾကားေတာ့ Jakeမွာ ေသာက္လက္ စ ငါးေခါင္းဟင္းခ်ိဳပင္ သီးသြားသည္။ပိုင္က ရယ္ခ်င္ေနေသာ္ျငား Jake ကိုခပ္လန႔္လန႔္ျဖစ္ေနေတာ့ ရယ္လည္း မရယ္ရဲရွာ။ဟယ္ရီ့လက္ကို
ကိုင္ရင္း မရယ္မိေအာင္ေအာင့္ထားရေတာ့
ဟယ္ရီ့ဆီမွလည္း ခပ္တိုးတိုးရယ္သံတို႔ထြက္ေန
သည္။
"အဟန႔္ အဟြတ္"
"ရလား Jake..ေရာ့ေရာ့ ေရေသာက္လိုက္"
ခမ္းက ကပ်ာကယာ စိုးရိမ္ပုံလည္းေပၚၿပီး
Jakeကို ေရလည္းတိုက္ေနသည္။Rockyကေတာ့ ျပဳံးျပဳံးႀကီး ထိုင္ၾကည့္ေန
ရင္း သေဘာတက်လည္းရွိေနသည့္ပုံ။
ခမ္းနဲ႔Jakeတို႔ႏွစ္ေယာက္ မူမွန္မေနတာ
ေတာ့အမွန္။ဆႏၵေလး၏ ပါးသို႔ဖြဖြနမ္း
ရင္း ဟယ္ရီက အကဲခတ္ေတာ့ Jakeနဲ႔ခမ္း
ကမူ မ်က္စပစ္ျပရင္း အလၽွိုလၽွို ထမင္း
ကိုသာ စားေနေတာ့သည္။
"ေယာက္ဖ ဟင္းေတြက စားလို႔ေကာင္းရဲ့လား"
"အဟြတ္!"
ပိုင့္စကားသံက ထပ္ထြက္လာေတာ့ Jakeမွာ
ထပ္သီးရျပန္သည္။ခမ္းကလည္း ပ်ာပ်ာယာယာ
ေရတိုက္ရင္း ေက်ာကို ပြတ္ေပးရွာျပန္သည္။
တကယ္ကို ဒီႏွစ္ေယာက္မရိုးမွန္း ဟယ္ရီ ပိုပိုရိပ္
မိလာသည္။Jakeကို မ်က္ေမွာင္ကုတ္ၾကည့္မိေတာ့ ဟယ္ရီ့ကိုပင္ အၾကည့္လႊဲသြားသည္က ကပ်ာကယာရယ္။
"ေယာက္ဖ ရရဲ့လား။ေယာက္ဖ ပုစြန္တုပ္လည္း
ထည့္စားေလ..ခန႔္ခန႔္ႀကီးဗ်"
ပိုင္က ခမ္းကိုၾကည့္ရင္း Jakeကိုေျပာေတာ့
ဆႏၵေလးက ထရယ္လာသည္။သား၏ရယ္သံ
တစ္ခစ္ခစ္ကိုၾကားေတာ့ ဟယ္ရီက ထရယ္ရင္း
ေနာက္ဆုံး အားလုံးရယ္မိၾကေတာ့၏။
ခမ္းနဲ႔Jakeမွာမူ မအီမသာရယ္ရင္း ရွက္ရွက္ႏွင့္ေရကိုလည္း ေသာက္ရေတာ့သည္။
ခင္ထူးမြန္ကမူ သူ႔ေမာင္ ဇြဲလြန္းႏွင့္Rockyကို တၾကည့္ၾကည့္လုပ္ေနေတာ့ စိုးစံလည္း လိုက္ၾကည့္မိလိုက္သည္။ထမင္းစား၊အခ်ိဳတည္း
ၿပီးေနာက္ေတာ့ Jakeက ဟယ္ရီ့ကို စကားေျပာဖို႔ ေခၚထုတ္လာ၏။
"ဟယ္ရီ အစ္ကိုနဲ႔လိုက္ခဲ့ ေျပာစရာရွိတယ္"
"ခမ္း ခင္ဗ်ားလည္းလိုက္ခဲ့ေပး"
အလုပ္ထြက္လာတဲ့ ကိစၥနဲ႔ Jakeဆူေတာ့မယ္မွန္း
သိလို႔ ခမ္းကိုလည္း အပါေခၚရေသးသည္။
ပိုင္ကေတာ့ သားကိုခ်ီထားရင္း အသီးခြံ႕ေကၽြးေနသည္။ခင္ထူးမြန္နဲ႔ပိုင့္ေမေမကေတာ့မီးဖိုေခ်ာင္ထဲမွာျဖစ္ၿပီး က်န္လူ စိုးစံတို႔ကေတာ့စကားတေျပာ ေျပာက်န္ေနခဲ့ၾက၏။
ၿခံထဲကိုေရာက္ေတာ့ Jakeက မ်က္ႏွာတည္တည္
ႀကီးျဖင့္ ဟယ္ရီ့ကိုပင္ စိုက္ၾကည့္လာသည္။
"ေျပာပါဦး ဘာလို႔အလုပ္ပါထြက္ခဲ့တာလဲ"
"ဒီျပန္ေရာက္ရင္ ဘာျဖစ္မယ္မွန္းမသိလို႔။
ၿပီးေတာ့ ဟယ္ရီနဲ႔ပိုင္.."
"တိတ္စမ္း! လုပ္ခ်င္တာကို လုပ္ၿပီးမွ
အစ္ကိုက ခမ္းဆီကေန သိရတာျဖစ္သင့္လား"
"ျဖစ္သင့္တယ္ေလ"
ဟယ္ရီ့အသံေတာ့မဟုတ္၊ခမ္းဆီမွ အသံထြက္
လာတာျဖစ္သည္။Jakeက ခမ္းကိုစိုက္ၾကည့္လာေတာ့ ခမ္းက ကိုယ္ပိုင္ တည္ၿငိမ္မွုတို႔ရွိေနဆဲ။Jakeပခုံးကို လွမ္းကိုင္ရင္းခမ္းကျပဳံးျပေတာ့ Jakeက စိတ္ေလ်ာ့သြားဟန္ေပၚသည္။
"ဟယ္ရီ့ကိုမဆူပါနဲ႔။ငါနဲ႔ေပါင္းႀကံထားတာ
ဆိုေတာ့ ငါ့ကိုပဲဆူလိုက္ေနာ္ Jake"
"မင္းက ဟယ္ရီ့ဘက္ကမွန္းသိတယ္ လာမေျပာ
နဲ႔။ဘယ္လိုေကာင္နဲ႔ အိပ္ခဲ့မိမွန္းကိုမသိဘူး"
"ဘာ! ဘာေျပာတယ္ Jake အစ္ကို..
ခမ္း ခင္ဗ်ား ကၽြန္ေတာ့္အစ္ကိုကို..."
ဟယ္ရီက ရွူးရွူးရွဲရွဲျဖစ္လာရင္း ႏွစ္ေယာက္
လုံးကိုလည္း လက္ညႇိုးတထိုးထိုး။Jakeလည္း
ေျပာမိၿပီးခါမွ ဘယ္ေခ်ာင္ထဲ ေခါင္းသြားထည့္ထားရမွန္းပင္ မသိေတာ့။
ခမ္းကေတာ့ကုပ္ပိုးကိုပြတ္သပ္ရင္း ဟယ္ရီ့ကို ရွက္ရွက္နဲ႔ရယ္ျပေနသည္။အျမဲလိုလို Jakeနဲ႔
ခမ္းက အေနနီးလြန္းေတာ့ သူငယ္ခ်င္းသံေယာဇဥ္ ကေန အဆင့္တက္မိသြားၾကပုံပင္။
ခမ္းဘက္ကေရာ၊Jakeဘက္ကပါ ခ်စ္မိလာသည္ က ၾကာေတာ့လည္းမၾကာေသးပါ။Jakeက သူ႔ညီ
ႏွင့္ပတ္သက္လာရင္ သဝန္တိုတတ္သလို၊ဟယ္ရီကဆို သူ႔အစ္ကိုနဲ႔ပတ္သက္လာရင္ ပိုၿပီးသဝန္တိုတတ္သူပင္။
"ငါ့အစ္ကိုေတာ့ သြားပါၿပီ။ကၽြန္ေတာ္က
အစ္ကို႔ကို လူပ်ိဳႀကီးျဖစ္ေနလို႔ ဝမ္းသာ
ေနတာကို..အဲ့တာ ခမ္း ခင္ဗ်ားေၾကာင့္..
ခင္ဗ်ားေၾကာင့္ က်ဳပ္အစ္ကို လူပ်ိဳရည္ေလး
ေတာ့ပ်က္ပါၿပီ"
"ဟာ ဟယ္ရီ..မင္းေျပာမွ အစ္ကိုခ်ည္းပဲ
ခံေနရသလိုနဲ႔။အမွန္ေတာ့ တစ္လွည့္.."
"ဟာ Jakeမင္း..မင္း ပါးစပ္ေလးကို
ပိတ္ထားစမ္းပါ"
ခမ္းက ကိုလူေအးဆိုေတာ့ ရွက္တတ္သည္။
ဟယ္ရီ့ကိုလည္း မ်က္ႏွာမျပရဲေတာ့ အိမ္ထဲသို႔ ခပ္သုတ္သုတ္ဝင္ရွာေတာ့၏။ဟယ္ရီ့မွာေတာ့ ရယ္ရမလို၊စိတ္ပဲဆက္ဆိုးရမလိုပင္။အစကေတာ့ Jakeက ဟယ္ရီ့ကိုဆူမလို႔၊ေနာက္ေတာ့ ဟယ္ရီ့
ဆီက နားပူေအာင္အဆူခံလိုက္ရသူဟာ သူျဖစ္ေန
ခဲ့သည္ပဲ။အိမ္ထဲသို႔ ညီအစ္ကိုႏွစ္ေယာက္ျပန္ဝင္
ျဖစ္ၾကေတာ့ Jakeခမ်ာ နားေတြပင္ပူထူေနခဲ့ၿပီ။
"ဟယ္ရီ ကိုယ့္လက္ကိုၾကည့္ပါဦး"
"ေသြးေတြထြက္ေနတာပဲ ဘာနဲ႔ထိမိတာလဲ။
ေဆးထည့္ေပးမယ္။သားေရာ"
"သားက ဘိုးဘိုးအခန္းထဲမွာ။
ကိုယ့္လက္က ဟန္နီစားဖို႔ အသီးခြဲရင္းနဲ႔
ထိသြားတာ"
ထိုငနဲက သဲျပေနေတာ့ Jakeမွာ မ်က္ႏွာမဲ့မိသြား
သည္။ခမ္းကို ၾကည့္မိရာတြင္ သူ႔လက္ကမူ
ခမ္း၏ေနာက္ေစ့မွ ဖ်တ္ရိုက္လိုက္မိသည္က
အားျပင္းလွသည္လည္း မဟုတ္။ခမ္းကေတာ့ျဖင့္မိန႔္မိန႔္ျပဳံးျပဳံးႀကီးသာ။
ဟယ္ရီနဲ႔ခမ္းရဲ့ ဆက္ဆံေရးရွိခဲ့တာကိုလည္း
Jake စိတ္ထဲ ဘာမွမရွိေပမင့္ ဘာလို႔ ခမ္းကို
သေဘာက်မိသြားမွန္း သူ႔ကိုယ္သူလည္း
နားမလည္ခဲ့ပါ။ခမ္းက ေခါင္းကိုပြတ္ရင္းၾကည့္လာေတာ့ အသံတိတ္ ဆဲျပမိလိုက္၏
"ဘာလို႔ဆဲတာလဲ။ငါက မင္းထက္ တစ္လႀကီး
တယ္"
"ႀကီးခ်င္တာႀကီး မင္းကိုဆဲခ်င္တာပဲသိတယ္"
"႐ူခ်ိဳးေတြခ်ဲရင္ ေတာက္ေတာက္ရိုက္မွာေနာ္"
ဆႏၵေလးကိုခ်ီရင္း ဝင္လာတာက စိုးစံ။
ဘိုးဘိုးအခန္းထဲမွာမေနလို႔ ေခၚလာတာျဖစ္မည္။Jakeတို႔ကိုျမင္တိုင္း လူဆိုးေတြဆိုတာက ပါးစပ္ ဖ်ားကေန မခ်။
Jakeဆဲတာကိုသိေတာ့ ေကာက္ေကာက္က
ရိုက္မွာလို႔ မပီတပီေလးေျပာေနေသးသည္။
ဟယ္ရီ့မွာ ပိုင့္လက္ကို ေဆးထည့္ေပးၿပီးမွ
သားကို လွမ္းခ်ီကာ ေပါင္ေပၚသို႔တင္ရသည္။
"အဲ့တာ Daddyရဲ့ အစ္ကိုပါ သားရဲ့"
"ဟုတ္တယ္ သားငယ္..အဲ့တာ ေဖငယ့္
ေယာက္ဖေလ"
"မင္းပိုင္စိုးသူ မင္း..မင္း.."
"ေဒါသမထြက္ပါနဲ႔ကြာ။ကေလး လန႔္သြားမယ္"
ခမ္းက ဝင္တားေတာ့ Jakeလည္းအသံတိတ္သြား
သည္။Jakeက ပိုင့္ကို လက္ညႇိုးတထိုးထိုးဆိုေတာ့ ဆႏၵ၏ ႏွုတ္ခမ္းေလးက မဲ့ခင္ေနသည္။
မ်က္ရည္ဝဲေသာ သားသည္ ဟယ္ရီ့ကိုဖက္ကာ
ငိုလာေတာ့ Jakeမွာ ေခါင္းတကုတ္ကုတ္ျဖစ္ရ
ေတာ့၏။
ပိုင္ကေတာ့ ေယာက္ဖလို႔ေျပာလိုက္ရတာကိုပင္ အရသာေတြ႕ေနဟန္။ဟယ္ရီကသားကိုခ်ီကာ
ေခ်ာ့ေတာ့ အငိုမွာမရပ္။သားက သည္လိုပင္
သူ႔အေဖကို ေအာ္ရင္လည္းမႀကိဳက္တတ္။
သားက ဝမ္းနည္းၿပီး ငိုခ်တတ္သည္။
"ပိုင္ သားကိုေခ်ာ့ပါဦး"
"လာလာ သားငယ္..ေဖငယ့္ကို ဦးဦးJakeက
မေအာ္ပါဘူး"
"ဟင့္ ခ်ိတ္က ေဖနယ့္တို ေအာ္ရယ္"
"မေအာ္ေတာ့ပါဘူးကြာ..တိတ္ပါ ဆံေကာက္
ေလးရဲ့"
"ငါ့တူေလးက သူ႔အေဖကိုေအာ္ရင္ လုံးဝကို
မႀကိဳက္တာ။သူငိုၿပီးသြားရင္ ေစာင့္ၾကည့္..
မင္းကို ရန္ေတြ႕ဦးမွာ ေဟ့ေကာင္ေရ"
ဆႏၵေလးက ဟယ္ရီငယ္ငယ္တုန္းက ႐ုပ္ေလးနဲ႔
ဆင္ေတာ့ Jakeမွာ အသည္းယားမိတာအမွန္။
ခမ္းကေတာ့ Jakeကို မူမပ်က္ ျပဳံးျပဳံးႀကီး
ထိုင္ၾကည့္ေနေတာ့ ဟယ္ရီ့မွာ အားရဝမ္းသာ
လည္း
ျဖစ္မိသြားသည္။ခမ္းနဲ႔Jakeသာဆို ဟယ္ရီ
သေဘာမတူနိုင္စရာအေၾကာင္းလည္းမရွိပါ။ဖိတ္ခ်င္းဖိတ္ေတာ့ ကိုယ့္အိတ္ထဲပဲ ဖိတ္မွာေပါ့။ခမ္းတို႔ ဒီလိုအေျခအေနအထိ ျဖစ္လာမယ္လို႔ ထင္မထားမိေတာ့ ဟယ္ရီ့မွာ တအံ့တဩေတာ့
ျဖစ္ေနရေသးသည္။
___________///////////__________
ညမိုးခ်ဳပ္ေတာ့ သားက အိပ္ရာအလယ္မွာ
အိပ္ေပ်ာ္ေနၿပီ။ဟယ္ရီက ဝရန္တာမွာ ရပ္ေနေတာ့ ပိုင္က ကုတင္ေပၚ၌ ထိုင္လ်က္သား ေငးၾကည့္ေန၏။
ဟယ္ရီ့ဆီသို႔ ေျခလွမ္းတို႔လွမ္းမိၿပီးေနာက္အေနာက္မွ သိုင္းဖက္ပစ္လိုက္သည္။ဟန္နီ့
ဆံႏြယ္သားတို႔မွာမူ ေခါင္းေလၽွာ္ရည္အနံ႔ခပ္သင္းသင္းကေလးလည္းစြဲေနသည္။
"အိပ္ေတာ့ေလ ပိုင္"
"ဟင့္အင္း ကိုယ္မင္းရဲ့လက္ကို ကိုင္ၿပီးမွ
အိပ္ေပ်ာ္မယ္ထင္တယ္။ဟယ္ရီ ထြက္သြား
မွာကို ေၾကာက္တယ္"
"မေၾကာက္ပါနဲ႔ ။မင္းေၾကာက္တဲ့ ဒီကိစၥက
ျဖစ္လာမွာမဟုတ္လို႔..ပိုင္ မင္းေၾကာက္ေနစရာ
မလိုဘူး"
"ကိုယ္ မင္းကိုခ်စ္တယ္ေနာ္။
ဟန္နီ့ကို အမ်ားႀကီးခ်စ္တာပါ"
ပိုင့္ဘက္က အထပ္ထပ္အခါခါ ေျပာလာတတ္
တာ ခ်စ္တယ္ဆိုတဲ့စကား။ပိုင့္ကို ေပြ႕ဖက္ပစ္
ေတာ့ ပါးကိုလည္း တရႊတ္ရႊတ္နမ္းလို႔နမ္းမိနဲ႔။မင္းကိုခ်စ္တာမွာရယူျခင္းထက္ ေပးဆပ္ျခင္းက ပိုမ်ားေနမလား ပိုင္။တကယ္ေတာ့ မင္းကို လိုလိုလားလားနဲ႔အနိုင္ယူခိုင္းခဲ့တာ
ငါပါ။
"ပိုင္ ငါမင္းေဂဟာမွာ လွူလို႔ရမလား"
"ဟယ္ရီက ဘာလွူခ်င္လို႔လဲ"
"ေဂဟာက ႏွစ္ခ်ဳပ္နဲ႔ငွားထားရတာဆိုေတာ့
အဲ့တာ ငါေျမဝယ္ၿပီးေတာ့ ေဂဟာအသစ္
ေလးေဆာက္ေပးခ်င္လို႔။ခမ္းနဲ႔Jakeအျပင္ Rockyတို႔လည္း ပါၾကမွာ ပိုင္လက္ခံေပးပါလား"
"ဒါ လက္မခံနိုင္စရာမွ မရွိတာ ဟယ္ရီရဲ့။
ကိုယ္လက္ခံပါတယ္။လိုလိုလားလားအလွူျပဳၾကတာပဲ ကိုယ္က ဝမ္းသာအားရလက္ခံမွာေပါ့။
ကိုယ့္ ကေလးေတြသာသိရင္ ေပ်ာ္ေနၾကမွာ"
ပိုင့္ဆီမွာ အျပဳံးတို႔ျဖစ္တည္ေနေတာ့ ဟယ္ရီ
ေငးစိုက္ၾကည့္မိရင္း မ်က္ရည္က်မိလာသည္။
ပိုင္,မျမင္နိုင္ေအာင္ ဖက္တြယ္ပစ္ရင္းကုတင္ေပၚ
၌ အိပ္ေပ်ာ္ေနဆဲ သားကိုလည္း သူလွမ္းၾကည့္မိလိုက္သည္။
ဒါဟာ ဘဝမွာထပ္ရလာတဲ့ အခြင့္အေရးေတြ။
ရဲရဲဖမ္းဆုပ္ပစ္ေတာ့ ျပန္တည္ေထာင္ခြင့္ရတဲ့
ပိုင္နဲ႔ဆက္ဆံေရးမွာ သားကေတာ့ ဘုရားေပးတဲ့အပိုလက္ေဆာင္ေလးလည္းျဖစ္သည္။
"ကိုယ့္ကို စိုးစံဝယ္ေပးထားတဲ့ ၿခံရွိတယ္"
"အေရွ႕ၿခံမလား။အဲဒီမွာ ပိုင္က ေဂဟာ
ေဆာက္ခ်င္တာလား"
"အင္း အစကေတာ့ ကိုယ့္အေတြးကတစ္မ်ိဳး၊
အခုေတာ့ ေဂဟာပဲေဆာက္ခ်င္ေတာ့တယ္"
"အင္း ဟုတ္ၿပီ..ပိုင့္ဆႏၵကို ျဖည့္ဆည္း
ေပးမယ္။မင္းကို ခ်စ္တယ္ေနာ္။ဒါကို ျမဲျမဲမွတ္ထား။
ဟန္နီက ပစ္သြားမွာကိုေၾကာက္မိတဲ့ အခါတိုင္း
ဟန္နီက ငါ့ကိုသဲသဲလွုပ္ခ်စ္တာလို႔ ေတြးေနာ္,ပိုင္။ဒါမွ မင္းရဲ့စိတ္ေလး က်န္းမာေနမွာ"
ဒီညမွာ Brandyတစ္ခြက္ကိုမဟုတ္ဘဲ အၾကင္နာ
တစ္ခြက္ကို ေသာက္ပါတယ္။
စီးကရက္တစ္လိပ္အစား ေမတၱာစာတစ္လိပ္ကို
လည္း ကိုယ္တို႔ျမည္းစမ္းၾကည့္တာပဲ။
ရင္နာစရာေတြအစား ကိုယ္တို႔မွာ ၾကင္နာစရာေတြပဲရွိလာေတာ့မယ္။
ကိုယ္ မင္းကိုခ်စ္လည္းခ်စ္တယ္။
ျမတ္နိုးမိေတာ့လည္း ျမတ္နိုးရျခင္းေတြမွာ
အတၱတို႔ ျဖစ္တည္ပါဝင္မလာခဲ့ေတာ့ပါ။
//////////////////////////////////////
10.7.2021(Saturday)
-လီလီဟန္-