(Zawgyi)🍀🍀🍀🍀
Part-65
(ကိုယ္ ခ်စ္ေသာ clover..!!..)
ေရလိႈင္းဆံပင္ေကာက္ေလးမ်ားျဖင့္ ဝမ္ဟိုင္က
ရံုးခန္းကိုမ်က္လံုးဝိုင္းေလးမ်ားျဖင့္ စူးစမ္းေနရာမွ
လင္းေနကိုၾကည့္လာသည္။ မယံုၾကည္ႏိုင္မႈမ်ား
ျဖင့္ျပည့္ေနေသာ မ်က္မွန္ဝိုင္းေလးေအာက္မွ..
မ်က္လံုးေလးမ်ားေၾကာင့္ လင္းေနထပ္ျပံဳးျပလိုက္
သည္။
"အဆင္မေျပတာ တစ္ခုခု႐ွိရင္ ကိုယ့္ကိုေျပာ
ဟုတ္ၿပီလား.."
"တစ္ကယ္ဘဲ ကြၽန္ေတာ့္ကိုအလုပ္ခန္႔လိုက္တာ
လားဟင္"
လင္းေန ထပ္ျပံဳးကာေခါင္းၿငိမ့္ျပလိုက္၏။ လင္းေန
က တစ္ေန႔ကိုေကာ္ဖီတစ္ခြက္ေတာ့ ေသာက္ေလ့႐ွိ
သူျဖစ္၏။ မ်ားေသာအားျဖင့္ေတာ့ ကုမၸဏီနား႐ွိ..
ကေဖးဆိုင္ေလးတြင္ျဖစ္သည္။ ဒီေန႔လည္း ကေဖး
ဆိုင္ေလးသို႔ ေရာက္ျဖစ္ခ့ဲၿပီး တိုက္တိုက္ဆိုင္ဆိုင္
ပင္ ထိုကေဖးဆိုင္ေလးတြင္ အလုပ္လာေလ်ာက္
ေသာ ေကာင္ေလးဝမ္ဟိုင္ႏွင့္ ဆံုျခင္းျဖစ္သည္။
ေကာင္ေလးက ဆိုင္ထဲတြင္႐ွိေနေသာ လင္းေနကို
သတိထားမိပံုမရ။ ဆိုင္ပိုင္႐ွင္ေမးသမ်ွကိုသာ..
အျပံဳးေလးျဖင့္ တက္တက္ႂကြႂကြေျဖေပးေနျခင္း
ျဖစ္သည္။ ဆိုင္ပိုင္႐ွင္က ေကာ္ဖီအစမ္းေဖ်ာ္ခိုင္း
ေသာအခါ ထိုေကာင္ေလးကကြၽမ္းက်င္စြာေဖ်ာ္
ျပ၏။ ဆိုင္ပိုင္႐ွင္ႀကီးက အရသာျမည္းစမ္းေနစဥ္
ရလဒ္ကိုေစာင့္ေနပံုက စိတ္လႈပ္႐ွားေနေသာ
ကေလး တစ္ေယာက္လိုပင္ျဖစ္သည္။
ေကာင္ေလးဝမ္ဟိုင္သည္ လင္းေနတို႔မိသားစု
ရတနာေလးတိမ္ငယ္ထက္ႏွစ္အနည္းငယ္သာ
ႀကီးမည္။ သို႔ေသာ္ တစ္ေယာက္က ဂ႐ုစိုက္ခံ
ေလးျဖစ္ေနခ်ိန္တြင္ တစ္ေယာက္ေတာ့ အလုပ္
တစ္ခုျပီးတစ္ခု႐ွာေနရသည္။
တီ႐ွပ္အျဖဴေလးႏွင့္ေက်ာပိုးအိတ္ေလး လြယ္ထား
ေသာ ေကာင္ေလးဝမ္ဟိုင္က နဖူးမွေခြၽးေလးမ်ား
ကို သုတ္လိုက္ေသး၏။ လင္းေန၏ ဝမ္ဟိုင္အေပၚ
သနားစိတ္မ်ားယိုဖိတ္မႈသည္ ေကာင္းကင္ဘံု၏..
တစ္ဖက္ထိေရာက္သြားေလေတာ့၏။
ေနာက္ဆံုးတြင္ေတာ့ လင္းေနက ထိုေကာင္ေလး
ကို ဆြဲေခၚလာကာ ကုမၸဏီတြင္အလုပ္ခန္႔လိုက္၏။
ရာထူးကေတာ့ သူ႔အတြက္သီးသန္႔ေကာ္ဖီေဖ်ာ္ေပး
ရန္ျဖစ္သည္။ လင္းေနက ကုမၸဏီကို ခဏတစ္ျဖဳတ္
သာလာတတ္ေသာသူမို႔ အတြင္းေရးမွဴးခန္႔ထားျခင္း
မ႐ွိေပ။ ထို႔ေၾကာင့္ အလ်ဥ္းသင့္စြာပင္ ဝမ္ဟိုင္ကို
အတြင္းေရးမွဴးအတြက္လုပ္ထားေသာေနရာတြင္..
ထိုင္ခိုင္းလိုက္သည္။ ခံုေလးက လင္းေနရံုးခန္း
အတြင္းတြက္ပင္ျဖစ္ကာ လင္းေနကိုေကာင္းစြာ
ျမင္ႏိုင္ေသာ ေနရာတြင္႐ွိသည္။
လင္းေနက ေကာင္ေလးအတြက္အဆင္ေျပ
ေအာင္ အလုပ္ေခါင္းစဥ္တစ္ခုတပ္ေပး လိုက္ျခင္း
သာျဖစ္ၿပီး သူကဝမ္ဟိုင္ သက္ေတာင့္သက္သာျဖင့္
ေက်ာင္းစာတြင္ အာ႐ုံစိုက္နိုင္ရန္သာေမွ်ာ္လင့္သည္။ လင္းေနေတာ့ ေရွ႕ေလ်ာက္တြင္ေကာ္ဖီတစ္ေန႔
တစ္ခြက္ေသာက္ရန္ ႐ုံးမွန္မွန္တက္ ရေတာ့မည္
ထင္..။
"ဟိုေလ ကြၽန္ေတာ္က ေကာ္ဖီေဖ်ာ္ေပးယုံ
ေလာက္ဘဲကို လစာကအရမ္းမ်ားေနလို႔..။
အဲ့ဒါ.."
လင္းေန ေကာင္ေလးေျပာလာမည့္စကားကို
ၾကိဳသိေသာေၾကာင့္ေျပာလိုက္သည္။
"ကိုယ္ကသူေဌးေလ။ ဒါေၾကာင့္ လစာကိစၥကို
က်ိန္းေသေပါက္ ကိုယ္ ဆုံးျဖတ္တာအတည္ဘဲ"
"ဒါေပမယ့္.."
"ဝမ္ဟိုင္.."
"အာ..ဟုတ္ကဲ့ နားလည္ပါၿပီ သူေဌး.."
ဝမ္ဟိုင္၏ သူေဌးဟူေသာ အေခၚအေဝၚေၾကာင့္
လင္းေန မ်က္ေမွာင္ၾကဳတ္သြားရသည္။ သူက
ဒီေကာင္ေလးကို အဆင္ေျပေစခ်င္ယုံသာျဖစ္ၿပီး
အခုလိုေကာင္ေလးက သူ႕ကိုသတိထားကာ
ဆက္ဆံေနသည္ကို သေဘာမက်ပါ..။ လင္းေန
ေကာင္ေလးကိုေျပာလိုက္သည္။
"ကိုယ့္ကို သူေဌးလို႔ေခၚစရာမလိုပါဘူး..
ဒီအတိုင္း ကိုယ့္ကို႐ုပ္ေခ်ာတဲ့ အစ္ကိုတစ္ေယာက္
လိုသတ္မွတ္ေပးရင္ရၿပီ..။ ကိုယ့္တို႔အိမ္ကရတနာ
ေလးေခၚသလို ကိုႀကီးလင္းေနလို႔ေခၚလဲရတယ္
ေနာ္.."
လင္းေနက ေျပာလိုက္ရင္း မ်က္လံုးတစ္ဖက္ပါ
မွိတ္ျပလိုက္၏။ လင္းေန၏အျပဳအမူက ပံုမွန္သာ
ျဖစ္ေသာ္လည္း တစ္ေယာက္ေသာသူကိုေတာ့..
ဆူနာမီႏွင့္ၾကံဳလိုက္ရသလို ရင္ခုန္သြားေစသည္။
"ဟုတ္ကဲ့.."
ေခါင္းေလးပါ ျငိမ့္ျပရင္းျပန္ေျဖလာေသာ
ေကာင္ေလးဝမ္ဟိုင္က လိမ္မာေသာေၾကာင္ေပါက္
ေလးလိုပင္ျဖစ္၏။ လင္းေနေရလွိုင္းဆံပင္ေလးမ်ား
ကို ခပ္ဖြဖြပြတ္သပ္ကာ သေဘာတက်ရီလိုက္မိ
သည္။ ေကာင္ေလးဝမ္ဟိုင္က လင္းေနကိုသူ၏
မ်က္လုံးဝိုင္းႀကီးမ်ားျဖင့္ တစ္ခ်က္ေမာ့ၾကည့္လာၿပီး
ၿငိမ္ျငိမ္ေလးေနကာ လင္းေနလက္မ်ားကိုမေရွာင္
ေပ..။
ထိုအျပဳအမူေလးကပင္ ကိုႀကီးလင္းေန၏
အသည္းႏွလုံးမ်ားကိုအရည္ေပ်ာ္ေစသည္။ လင္းေန
အတြက္ေတာ့ ေကာင္ေလးဝမ္ဟိုင္က ခ်စ္စရာ
ေကာင္းေသာညီငယ္ေလးလိုပင္ျဖစ္သည္။
လင္းေနကသူ႕အတြက္လုပ္ထားေသာစားပြဲခုံတြင္
ဝင္ထိုင္လိုက္စဥ္။သနားစရာေကာင္းေသာ
ေကာင္ေလးဝမ္ဟိုင္က လင္းေန၏ေနာက္ဘက္ပိုင္း
ကို အေရာင္တလက္လက္ထေနေသာ မ်က္လံုးမ်ား
ျဖင့္ စုန္ဆန္ၾကည့္ေနသည္မွာ မေရမတြက္ႏိုင္ေအာင္
ပင္။
မရိုးရွင္းေသာအၿပဳံးတစ္ခုကိုၿပဳံးလိုက္ေသာ
ေကာင္ေလးက လင္းေနသူ႕ကိုၾကည့္လိုက္ခ်ိန္
တြင္ေတာ့ ယုန္ငယ္ေလးလိုျပန္ၿပဳံးျပသည္။ သူ..
ဝမ္ဟိုင္က တတ္နိုင္လြန္းေသာေကာင္ေလးျဖစ္
သည္။
"ဟို ေကာ္ဖီေသာက္မလားဟင္ ကြၽန္ေတာ္
ေဖ်ာ္ေပးမယ္.."
"အင္း..သၾကားေလ်ာ့ေပးေနာ္.."
"ဟုတ္.."
ဝမ္ဟိုင္ ထိုသူေကာ္ဖီႀကိဳက္တတ္မွန္းသိထဲက..
လူငွါးကာႀကိဳးစားသင္ယူထားေသာအတိုင္း..
ေကာ္ဖီကိုေဖ်ာ္လိုက္သည္။ ဝမ္ဟိုင္ အျဖဴေရာင္
ခြက္ေလးျဖင့္ထည့္ကာ လင္းေန႔ေ႐ွ႕ခ်ေပးလိုက္
ေတာ့..လင္းေနက ဝမ္ဟိုင္စြဲမက္ေသာ ႏႈတ္ခမ္း
မ်ားျဖင့္ ေကာ္ဖီခြက္ႏႈတ္ခမ္းေလးကိုထိကပ္ကာ.
အရသာခံၾကည့္သည္။
မ်က္လံုးေလးမွိတ္ထားကာ ျပံဳးလိုက္ေသာ သူကို
ၾကည့္ၿပီး ဝမ္ဟိုင္ႏႈတ္ခမ္းစြန္းတစ္ဖက္ ေကာ့တက္
သြားသည္။ လင္းေန၏ႏႈတ္ခမ္းႏွင့္ထိစပ္ေနေသာ
ခြက္ကေလးကိုၾကည့္လိုက္ရင္း ေတြးလိုက္၏။
သြယ္ဝိုက္အနမ္းဆိုတာ ဒါမ်ိဳးေပါ့..လင္းေန..။
"ေကာ္ဖီေလးက ေသာက္လို႔ေကာင္းတယ္.."
ကြၽန္ေတာ့္ အခ်စ္ေတြပါလို႔ေလ။
"ဝမ္ဟိုင္ မင္းကေတာ္လိုက္လိုက္တာ"
ဒါေပါ့ က်ိန္းေသေပါက္ ေတာ္တာေပါ့။
"ေက်ာင္းစာေရာ လိုက္ႏိုင္ရ႕ဲလား.."
"အင္း..ခ်စ္တယ္"
"ဟမ္.?.."
လင္းေနဆီက နားမလည္ေၾကာင္းအသံထြက္လာ
မွ ဝမ္ဟိုင္ မွားကာေျပာမိေၾကာင္း သိေတာ့သည္။
ဝမ္ဟိုင္ ေခ်ာင္းအသာဟမ့္ကာေျပာလိုက္၏။
"စာလိုက္ႏိုင္တယ္လို႔ ေျပာတာပါ.."
လင္းေနကေတာ့ ေကာ္ဖီေသာက္ေနရင္း ေခါင္း
တၿငိမ့္ၿငိမ့္။ အေၾကာင္းတစ္စံုတစ္ရာ႐ွိလာတိုင္း..
သူ႔ကိုပြင့္ပြင့္လင္းလင္းေျပာႏိုင္ေၾကာင္း ေျပာလာ
ေသး၏။
ေခါင္းငံု႔ကာ လ်ွာသပ္ေနေသာ သနားစရာ
ေကာင္ေလးက လင္းေနေျပာစကားကို ေၾကာင္
ေလးလို အသံေသးေသးေလးထုတ္ၿပီး တုန္႔ျပန္
လာေလသည္။
"ဟုတ္.."
...........
"Daddy ေဘာလံုးေလးေရ.."
ဒုဥကၠဌရံုးခန္းထဲသို႔က်ဴးေက်ာ္ဝင္ေရာက္မႈႏွင့္
အတူ ဦးထက္ေနာင္၏ အသံကတစ္ဆက္တည္း
ဆိုသလိုထြက္လာ၏။ သစ္မိုးအိမ္ မ်က္ေမွာင္ၾကဳတ္
လိုက္မိေသာ္လည္း ရြက္စိမ္းကေတာ့ ေပ်ာ္ေပ်ာ္ႀကီး
ပင္ သူ႔ Daddy ထက္ေနာင္၏ေတာင့္တင္းေသာ
ရင္ခြင္က်ယ္ႀကီးထဲ ခုန္ဝင္သြားေတာ့သည္။
"ကေလးစုတ္ေလး Daddy က ေဘာလံုးေလး
Daddy ဆီလာမယ္ထင္ေနတာ။ စိတ္မ႐ွည္
ေတာ့လို႔ Daddy ကိုယ္တိုယ္လာလိုက္တာ.."
"ကိုကိုက Daddy မအားဘူးဆိုလို႔ေရာ.."
ဦးထက္ေနာင္က သူ႔သားႀကီးအေၾကာင္းသိသူျဖစ္
ေသာေၾကာင့္ မ်က္ေစာင္းလွမ္းထိုးလိုက္၏။ သူ႔
ေဘာလံုး၏ပါးႏွစ္ဖက္လံုးကို အားရေအာင္နမ္း
ျပစ္လိုက္ကာ ကိုယ္လံုးေလးကိုပါ တင္းတင္းဖက္
ၿပီး ဖင္လံုးလံုးေလးကိုပါ အသည္းယားစြာ ႐ိုက္ျပစ္
လိုက္သည္။ ဦးထက္ေနာင္၏ အျပဳအမူက သူ႔၏..
ၿပိဳင္ဘက္ကင္းသားႀကီးျဖစ္ေသာ သဝန္တိုလူႀကီးမင္း
သစ္မိုးအိမ္၏ မ်က္ႏွာကို မႈန္ကုတ္သြားေစသည္။
"Daddy က အခုေတာ့ အလုပ္အားသြားၿပီ..
အခုအလုပ္မ်ားေနတာက သားႀကီးေလ။ ေဘာလံုး
ေလးက Daddy နဲ႔လိုက္ခ့ဲ Daddy ရံုးခန္းကို..
မေရာက္ဖူးဘူးမလား။ သားႀကီးကေတာ့ အလုပ္လုပ္
ပါေစ..။ ဟုတ္ၿပီလား Daddy ေဘာလံုးေလး.."
ဦးထက္ေနာင္က သူ႔သားႀကီးကို မ်က္ခံုးတစ္ဖက္
ပင့္ျပၿပီးသည္ႏွင့္ သူ႔ေဘာလံုးေလးကိုေခၚကာ..
မိန္႔မိန္႔ႀကီးျပံဳးၿပီး ထြက္သြားေတာ့သည္။ ဘာမွ
မသိေသာရြက္စိမ္းကေတာ့ သစ္မိုးအိမ္ကိုပင္..
တာတာ့ျပကာ အလုပ္ႀကိဳးစားေနာ္ကိုကိုဆိုကာ..
Fighting လုပ္ျပသြားေသးသည္။
သဝန္တိုလူႀကီးမင္း သစ္မိုးအိမ္သည္ မေက်မခ်မ္း
ျဖစ္ပင္ အစည္းအေဝးက်င္းပမည့္အခန္းသို႔ ထြက္
လာလိုက္သည္။ သဝန္တိုလူႀကီးမင္းသည္ ရတနာ
ေလးခိုးယူခံလိုက္ရေသာေၾကာင့္ မႈန္ကုတ္ကုတ္ျဖစ္
ေနကာ အစည္းအေဝးခန္းထဲမွ ဝန္ထမ္းမ်ားႏွင့္..
႐ွယ္ယာ႐ွင္မ်ားကို ေခြၽးေစးမ်ားျပန္ေနေစေတာ့
သည္။
သဝန္တိုလူႀကီးမင္း သစ္မိုးအိမ္ကေတာ့..
ဘာမွမသိေပ။ သူသိသည္က သူ၏ထိန္းမႏိုင္ေသာ
Daddy ထက္ေနာင္ဆီမွ ရတနာေလးကိုဘယ္လို
ျပန္လုရမလဲ ဆိုတာပင္။ သစ္မိုးအိမ္ အျမဲကိုင္ေလ့
႐ွိေသာ သူ႔ေမြးေန႔တုန္းက ကေလးငယ္ဝယ္ေပး
ထားသည့္ အနက္ေရာင္ေဖာင္တိန္ေလးကို ပိုမို
တင္းၾကပ္စြာ ဆုပ္ကိုင္လိုက္မိသည္။
Daddy..Daddy.. ေနႏွင့္ဦးေပါ့..။
.............
"ကိုႀကီးသူငယ္ခ်င္းက မလိုက္ဘူးလားဟင္။ တိမ္ငယ္
က ကိုႀကီးသူငယ္ခ်င္းလိုက္မယ္ထင္ေနတာ.."
"ငါလိုက္ခ်င္ပါတယ္.. ငါ Singapore
ကိုအလုပ္ကိစၥန႔ဲသြားစရာေပၚလာလို႔။ အခုကိစၥက
အေရးႀကီးေတာ့ ကုမၸဏီကဆံုးျဖတ္ႏိုင္တ့ဲသူတစ္
ေယာက္ေတာ့ သြားမွျဖစ္မွာ..။ လင္းေနမဟုတ္ရင္
ငါေပါ့..။ ဘာလို႔လဲ နားလည္ၿပီလား.."
ဒီေရလိႈင္း ေျပာလိုက္ေတာ့ တိမ္ငယ္ကေခါင္းၿငိမ့္
သည္။ ဒီေရလိႈင္းကို လိုက္ေစခ်င္ေသာ္လည္း..
ထပ္မံတိုက္တြန္းျခင္းေတာ့ မ႐ွိေတာ့။ သူက..
နားလည္ေပးႏိုင္ေသာ ကေလးတစ္ေယာက္ျဖစ္
ၿပီး ဒီေရလိႈင္းကို လမ္းခရီးတြင္ဂ႐ုစိုက္ရန္ႏွင့္..
သူျပန္လာလ်ွင္ ရြာေလးအေၾကာင္း ျပန္ေျပာျပ
မည္ဟုပင္ ဆိုလာေသး၏။
"ကိုႀကီးသူငယ္ခ်င္း ေနမေကာင္းမျဖစ္ရဘူးေနာ္"
"အင္း.."
ဒီေရလိႈင္း စိတ္ေစရာအတိုင္းပင္ သူ႔ကိုစိတ္ပူေပး
ေနေသာ တိမ္ငယ္ကိုတင္းတင္းၾကပ္ၾကပ္ေလး
ဖက္လိုက္၏။ သူေျပာလိုက္သည္။
"ဘာမွာခ်င္တာ႐ွိလဲ ငါအကုန္ဝယ္လာခ့ဲေပးမယ္
စားခ်င္တာေရာ..။ ထားလိုက္ေတာ့ ငါမင္းႀကိဳက္
တာေတြ အကုန္သိတာဘဲ ငါ့ဘာသာဘဲ ဝယ္ခ့ဲ
ေတာ့မယ္.."
"ဟုတ္ ကိုႀကီးသူငယ္ခ်င္း.."
"အခုေတာ့ ငါ့ကိုအိပ္ရာခဏငွါးလို႔ရမလား မနက္ျဖန္
ခရီးသြားရမွာဆိုေတာ့ အိပ္ေရးဝဝအိပ္ခ်င္လို႔.."
ဒီေရလိႈင္း ေျပာလိုက္ေတာ့ ခရမ္းခ်ဥ္သီးက..
ေခါင္းေလးကိုပ်ာပ်ာသလဲလဲၿငိမ့္ကာ သူအိပ္ရာ
ေပၚ႐ွိ ေစာင္ေလးကိုယူလိုက္ကာ ေခါင္းအံုးေလး
ကိုပါ ေနရာတက်တည့္ေပးသည္။ ဒီေရလိႈင္း က
ကုတင္ေပၚလွဲခ်ကာအိပ္ရန္လုပ္လိုက္သည္ႏွင့္..
သူ႔ေစာင္ေလးကို ဒီေရလိႈင္းကိုျခံဳေပးလာသည္။
႐ွည္လ်ားေသာ ဒီေရလိႈင္း၏အရပ္ေၾကာင့္..
တိမ္ငယ္၏ေစာင္တိုတိုေလးမ်ားေအာက္မွ..
ေျခေထာက္ႏွစ္ေခ်ာင္းသည္ တိုးထြက္ေနေတာ့
၏။ တိမ္ငယ္က ၾကံရာမရစြာျဖစ္ေနေသာအခါ..
ခါးမ်ားကိုတမင္ဆန္႔ကာထားေသာ ကိုႀကီးသူငယ္ခ်င္း
က တိုးဖြဖြရီသည္။
"ခရမ္းခ်ဥ္သီး ဒီနားလာခ့ဲ.."
ကုတင္ေျခရင္းနားတြင္အလုပ္မ်ားေနရာမွ..
ကုတင္ေခါင္းရင္းပိုင္းသို႔ ခရမ္းခ်ဥ္သီးေရာက္
လာသည္ႏွင့္ ဒီေရလိႈင္းေကာင္ေလးကိုလက္တစ္
ဖက္မွဆြဲခ်လိုက္သည္။ သူ႔ဆီကိုအေထြးသားေလး
ပံုက်လာေသာ ခရမ္းခ်ဥ္သီးကိုဖက္ထားလိုက္ကာ
ဖက္ထားလိုက္ရင္းေျပာလိုက္သည္။
"ေစာင္ကေသးေနေတာ့ အရမ္းေအးတယ္..။
ဒီလိုိဆို မေအးေတာ့ဘူး.."
တိမ္ငယ္၏ေက်ာျပင္ေလးက ဒီေရလိႈင္း၏..
ေတာင့္တင္းေသာရင္ဘတ္မ်ားႏွင့္ထိစပ္ေနျခင္း
ျဖစ္၏။ သူ႔ကိုႀကီးသူငယ္ခ်င္းေျပာသမ်ွကို အမွန္
ထင္ေနတတ္ေသာ တိမ္ငယ္ကေတာ့ ေခါင္းေလး
ကို ၿငိမ့္ကာ ကိုႀကီးသူငယ္ခ်င္းေကာင္းေကာင္းအိပ္
ႏိုင္ရန္ အ႐ုပ္ေလးလိုၿငိမ္ၿငိမ္ေလးေနေနေပးသည္။
ဒီေရလိႈင္း ျပံဳးလိုက္မိ၏။ သူေျပာလိုက္သည္။
"မ်က္လံုးမွိတ္ထား ကေလးေတြက မ်ားမ်ားအိပ္
သင့္တယ္.."
"ဟုတ္က့ဲ ကိုႀကီးသူငယ္ခ်င္း.."
တိမ္ငယ္က သူ႔ကိုေနာက္ပါးဆီမွသိုင္းဖက္ၿပီး
ပုခံုးက်ဥ္းေလးကိုေဘာင္ခတ္ထားေသာ ဒီေရလိႈင္း
၏ လက္တစ္ဖက္ကို သူ႔လက္ေသးေသးေလးျဖင့္
လွမ္းကိုင္ရင္း မ်က္လံုးေလးမွိတ္ကာ အိပ္ရန္လုပ္
ေနေတာ့၏..။
............
(A/N- မေန႔ကအတြက္ အပိုင္းပါ..ဟီး..။ ဒီေန႔
ည တစ္ပိုင္းထပ္႐ွိပါမယ္..)
JM(210627)
Next>>>>
(Unicode)🍀🍀🍀🍀
(သဝန်တိုလူကြီးမင်း သစ်မိုးအိမ် ၂)🔥
Part-65
(ကိုယ် ချစ်သော clover..!!..)
ရေလှိုင်းဆံပင်ကောက်လေးများဖြင့် ဝမ်ဟိုင်က
ရုံးခန်းကိုမျက်လုံးဝိုင်းလေးများဖြင့် စူးစမ်းနေရာမှ
လင်းနေကိုကြည့်လာသည်။ မယုံကြည်နိုင်မှုများ
ဖြင့်ပြည့်နေသော မျက်မှန်ဝိုင်းလေးအောက်မှ..
မျက်လုံးလေးများကြောင့် လင်းနေထပ်ပြုံးပြလိုက်
သည်။
"အဆင်မပြေတာ တစ်ခုခုရှိရင် ကိုယ့်ကိုပြော
ဟုတ်ပြီလား.."
"တစ်ကယ်ဘဲ ကျွန်တော့်ကိုအလုပ်ခန့်လိုက်တာ
လားဟင်"
လင်းနေ ထပ်ပြုံးကာခေါင်းငြိမ့်ပြလိုက်၏။ လင်းနေ
က တစ်နေ့ကိုကော်ဖီတစ်ခွက်တော့ သောက်လေ့ရှိ
သူဖြစ်၏။ များသောအားဖြင့်တော့ ကုမ္ပဏီနားရှိ..
ကဖေးဆိုင်လေးတွင်ဖြစ်သည်။ ဒီနေ့လည်း ကဖေး
ဆိုင်လေးသို့ ရောက်ဖြစ်ခဲ့ပြီး တိုက်တိုက်ဆိုင်ဆိုင်
ပင် ထိုကဖေးဆိုင်လေးတွင် အလုပ်လာလျောက်
သော ကောင်လေးဝမ်ဟိုင်နှင့် ဆုံခြင်းဖြစ်သည်။
ကောင်လေးက ဆိုင်ထဲတွင်ရှိနေသော လင်းနေကို
သတိထားမိပုံမရ။ ဆိုင်ပိုင်ရှင်မေးသမျှကိုသာ..
အပြုံးလေးဖြင့် တက်တက်ကြွကြွဖြေပေးနေခြင်း
ဖြစ်သည်။ ဆိုင်ပိုင်ရှင်က ကော်ဖီအစမ်းဖျော်ခိုင်း
သောအခါ ထိုကောင်လေးကကျွမ်းကျင်စွာဖျော်
ပြ၏။ ဆိုင်ပိုင်ရှင်ကြီးက အရသာမြည်းစမ်းနေစဉ်
ရလဒ်ကိုစောင့်နေပုံက စိတ်လှုပ်ရှားနေသော
ကလေး တစ်ယောက်လိုပင်ဖြစ်သည်။
ကောင်လေးဝမ်ဟိုင်သည် လင်းနေတို့မိသားစု
ရတနာလေးတိမ်ငယ်ထက်နှစ်အနည်းငယ်သာ
ကြီးမည်။ သို့သော် တစ်ယောက်က ဂရုစိုက်ခံ
လေးဖြစ်နေချိန်တွင် တစ်ယောက်တော့ အလုပ်
တစ်ခုပြီးတစ်ခုရှာနေရသည်။
တီရှပ်အဖြူလေးနှင့်ကျောပိုးအိတ်လေး လွယ်ထား
သော ကောင်လေးဝမ်ဟိုင်က နဖူးမှချွေးလေးများ
ကို သုတ်လိုက်သေး၏။ လင်းနေ၏ ဝမ်ဟိုင်အပေါ်
သနားစိတ်များယိုဖိတ်မှုသည် ကောင်းကင်ဘုံ၏..
တစ်ဖက်ထိရောက်သွားလေတော့၏။
နောက်ဆုံးတွင်တော့ လင်းနေက ထိုကောင်လေး
ကို ဆွဲခေါ်လာကာ ကုမ္ပဏီတွင်အလုပ်ခန့်လိုက်၏။
ရာထူးကတော့ သူ့အတွက်သီးသန့်ကော်ဖီဖျော်ပေး
ရန်ဖြစ်သည်။ လင်းနေက ကုမ္ပဏီကို ခဏတစ်ဖြုတ်
သာလာတတ်သောသူမို့ အတွင်းရေးမှူးခန့်ထားခြင်း
မရှိပေ။ ထို့ကြောင့် အလျဉ်းသင့်စွာပင် ဝမ်ဟိုင်ကို
အတွင်းရေးမှူးအတွက်လုပ်ထားသောနေရာတွင်..
ထိုင်ခိုင်းလိုက်သည်။ ခုံလေးက လင်းနေရုံးခန်း
အတွင်းတွက်ပင်ဖြစ်ကာ လင်းနေကိုကောင်းစွာ
မြင်နိုင်သော နေရာတွင်ရှိသည်။
လင်းနေက ကောင်လေးအတွက်အဆင်ပြေ
အောင် အလုပ်ခေါင်းစဉ်တစ်ခုတပ်ပေး လိုက်ခြင်း
သာဖြစ်ပြီး သူကဝမ်ဟိုင် သက်တောင့်သက်သာဖြင့်
ကျောင်းစာတွင် အာရုံစိုက်နိုင်ရန်သာမျှော်လင့်သည်။ လင်းနေတော့ ရှေ့လျောက်တွင်ကော်ဖီတစ်နေ့
တစ်ခွက်သောက်ရန် ရုံးမှန်မှန်တက် ရတော့မည်
ထင်..။
"ဟိုလေ ကျွန်တော်က ကော်ဖီဖျော်ပေးယုံ
လောက်ဘဲကို လစာကအရမ်းများနေလို့..။
အဲ့ဒါ.."
လင်းနေ ကောင်လေးပြောလာမည့်စကားကို
ကြိုသိသောကြောင့်ပြောလိုက်သည်။
"ကိုယ်ကသူဌေးလေ။ ဒါကြောင့် လစာကိစ္စကို
ကျိန်းသေပေါက် ကိုယ် ဆုံးဖြတ်တာအတည်ဘဲ"
"ဒါပေမယ့်.."
"ဝမ်ဟိုင်.."
"အာ..ဟုတ်ကဲ့ နားလည်ပါပြီ သူဌေး.."
ဝမ်ဟိုင်၏ သူဌေးဟူသော အခေါ်အဝေါ်ကြောင့်
လင်းနေ မျက်မှောင်ကြုတ်သွားရသည်။ သူက
ဒီကောင်လေးကို အဆင်ပြေစေချင်ယုံသာဖြစ်ပြီး
အခုလိုကောင်လေးက သူ့ကိုသတိထားကာ
ဆက်ဆံနေသည်ကို သဘောမကျပါ..။ လင်းနေ
ကောင်လေးကိုပြောလိုက်သည်။
"ကိုယ့်ကို သူဌေးလို့ခေါ်စရာမလိုပါဘူး..
ဒီအတိုင်း ကိုယ့်ကိုရုပ်ချောတဲ့ အစ်ကိုတစ်ယောက်
လိုသတ်မှတ်ပေးရင်ရပြီ..။ ကိုယ့်တို့အိမ်ကရတနာ
လေးခေါ်သလို ကိုကြီးလင်းနေလို့ခေါ်လဲရတယ်
နော်.."
လင်းနေက ပြောလိုက်ရင်း မျက်လုံးတစ်ဖက်ပါ
မှိတ်ပြလိုက်၏။ လင်းနေ၏အပြုအမူက ပုံမှန်သာ
ဖြစ်သော်လည်း တစ်ယောက်သောသူကိုတော့..
ဆူနာမီနှင့်ကြုံလိုက်ရသလို ရင်ခုန်သွားစေသည်။
"ဟုတ်ကဲ့.."
ခေါင်းလေးပါ ငြိမ့်ပြရင်းပြန်ဖြေလာသော
ကောင်လေးဝမ်ဟိုင်က လိမ်မာသောကြောင်ပေါက်
လေးလိုပင်ဖြစ်၏။ လင်းနေရေလှိုင်းဆံပင်လေးများ
ကို ခပ်ဖွဖွပွတ်သပ်ကာ သဘောတကျရီလိုက်မိ
သည်။ ကောင်လေးဝမ်ဟိုင်က လင်းနေကိုသူ၏
မျက်လုံးဝိုင်းကြီးများဖြင့် တစ်ချက်မော့ကြည့်လာပြီး
ငြိမ်ငြိမ်လေးနေကာ လင်းနေလက်များကိုမရှောင်
ပေ..။
ထိုအပြုအမူလေးကပင် ကိုကြီးလင်းနေ၏
အသည်းနှလုံးများကိုအရည်ပျော်စေသည်။ လင်းနေ
အတွက်တော့ ကောင်လေးဝမ်ဟိုင်က ချစ်စရာ
ကောင်းသောညီငယ်လေးလိုပင်ဖြစ်သည်။
လင်းနေကသူ့အတွက်လုပ်ထားသောစားပွဲခုံတွင်
ဝင်ထိုင်လိုက်စဉ်။သနားစရာကောင်းသော
ကောင်လေးဝမ်ဟိုင်က လင်းနေ၏နောက်ဘက်ပိုင်း
ကို အရောင်တလက်လက်ထနေသော မျက်လုံးများ
ဖြင့် စုန်ဆန်ကြည့်နေသည်မှာ မရေမတွက်နိုင်အောင်
ပင်။
မရိုးရှင်းသောအပြုံးတစ်ခုကိုပြုံးလိုက်သော
ကောင်လေးက လင်းနေသူ့ကိုကြည့်လိုက်ချိန်
တွင်တော့ ယုန်ငယ်လေးလိုပြန်ပြုံးပြသည်။ သူ..
ဝမ်ဟိုင်က တတ်နိုင်လွန်းသောကောင်လေးဖြစ်
သည်။
"ဟို ကော်ဖီသောက်မလားဟင် ကျွန်တော်
ဖျော်ပေးမယ်.."
"အင်း..သကြားလျော့ပေးနော်.."
"ဟုတ်.."
ဝမ်ဟိုင် ထိုသူကော်ဖီကြိုက်တတ်မှန်းသိထဲက..
လူငှါးကာကြိုးစားသင်ယူထားသောအတိုင်း..
ကော်ဖီကိုဖျော်လိုက်သည်။ ဝမ်ဟိုင် အဖြူရောင်
ခွက်လေးဖြင့်ထည့်ကာ လင်းနေ့ရှေ့ချပေးလိုက်
တော့..လင်းနေက ဝမ်ဟိုင်စွဲမက်သော နှုတ်ခမ်း
များဖြင့် ကော်ဖီခွက်နှုတ်ခမ်းလေးကိုထိကပ်ကာ.
အရသာခံကြည့်သည်။
မျက်လုံးလေးမှိတ်ထားကာ ပြုံးလိုက်သော သူကို
ကြည့်ပြီး ဝမ်ဟိုင်နှုတ်ခမ်းစွန်းတစ်ဖက် ကော့တက်
သွားသည်။ လင်းနေ၏နှုတ်ခမ်းနှင့်ထိစပ်နေသော
ခွက်ကလေးကိုကြည့်လိုက်ရင်း တွေးလိုက်၏။
သွယ်ဝိုက်အနမ်းဆိုတာ ဒါမျိုးပေါ့..လင်းနေ..။
"ကော်ဖီလေးက သောက်လို့ကောင်းတယ်.."
ကျွန်တော့် အချစ်တွေပါလို့လေ။
"ဝမ်ဟိုင် မင်းကတော်လိုက်လိုက်တာ"
ဒါပေါ့ ကျိန်းသေပေါက် တော်တာပေါ့။
"ကျောင်းစာရော လိုက်နိုင်ရဲ့လား.."
"အင်း..ချစ်တယ်"
"ဟမ်.?.."
လင်းနေဆီက နားမလည်ကြောင်းအသံထွက်လာ
မှ ဝမ်ဟိုင် မှားကာပြောမိကြောင်း သိတော့သည်။
ဝမ်ဟိုင် ချောင်းအသာဟမ့်ကာပြောလိုက်၏။
"စာလိုက်နိုင်တယ်လို့ ပြောတာပါ.."
လင်းနေကတော့ ကော်ဖီသောက်နေရင်း ခေါင်း
တငြိမ့်ငြိမ့်။ အကြောင်းတစ်စုံတစ်ရာရှိလာတိုင်း..
သူ့ကိုပွင့်ပွင့်လင်းလင်းပြောနိုင်ကြောင်း ပြောလာ
သေး၏။
ခေါင်းငုံ့ကာ လျှာသပ်နေသော သနားစရာ
ကောင်လေးက လင်းနေပြောစကားကို ကြောင်
လေးလို အသံသေးသေးလေးထုတ်ပြီး တုန့်ပြန်
လာလေသည်။
"ဟုတ်.."
...........
"Daddy ဘောလုံးလေးရေ.."
ဒုဥက္ကဌရုံးခန်းထဲသို့ကျူးကျော်ဝင်ရောက်မှုနှင့်
အတူ ဦးထက်နောင်၏ အသံကတစ်ဆက်တည်း
ဆိုသလိုထွက်လာ၏။ သစ်မိုးအိမ် မျက်မှောင်ကြုတ်
လိုက်မိသော်လည်း ရွက်စိမ်းကတော့ ပျော်ပျော်ကြီး
ပင် သူ့ Daddy ထက်နောင်၏တောင့်တင်းသော
ရင်ခွင်ကျယ်ကြီးထဲ ခုန်ဝင်သွားတော့သည်။
"ကလေးစုတ်လေး Daddy က ဘောလုံးလေး
Daddy ဆီလာမယ်ထင်နေတာ။ စိတ်မရှည်
တော့လို့ Daddy ကိုယ်တိုယ်လာလိုက်တာ.."
"ကိုကိုက Daddy မအားဘူးဆိုလို့ရော.."
ဦးထက်နောင်က သူ့သားကြီးအကြောင်းသိသူဖြစ်
သောကြောင့် မျက်စောင်းလှမ်းထိုးလိုက်၏။ သူ့
ဘောလုံး၏ပါးနှစ်ဖက်လုံးကို အားရအောင်နမ်း
ပြစ်လိုက်ကာ ကိုယ်လုံးလေးကိုပါ တင်းတင်းဖက်
ပြီး ဖင်လုံးလုံးလေးကိုပါ အသည်းယားစွာ ရိုက်ပြစ်
လိုက်သည်။ ဦးထက်နောင်၏ အပြုအမူက သူ့၏..
ပြိုင်ဘက်ကင်းသားကြီးဖြစ်သော သဝန်တိုလူကြီးမင်း
သစ်မိုးအိမ်၏ မျက်နှာကို မှုန်ကုတ်သွားစေသည်။
"Daddy က အခုတော့ အလုပ်အားသွားပြီ..
အခုအလုပ်များနေတာက သားကြီးလေ။ ဘောလုံး
လေးက Daddy နဲ့လိုက်ခဲ့ Daddy ရုံးခန်းကို..
မရောက်ဖူးဘူးမလား။ သားကြီးကတော့ အလုပ်လုပ်
ပါစေ..။ ဟုတ်ပြီလား Daddy ဘောလုံးလေး.."
ဦးထက်နောင်က သူ့သားကြီးကို မျက်ခုံးတစ်ဖက်
ပင့်ပြပြီးသည်နှင့် သူ့ဘောလုံးလေးကိုခေါ်ကာ..
မိန့်မိန့်ကြီးပြုံးပြီး ထွက်သွားတော့သည်။ ဘာမှ
မသိသောရွက်စိမ်းကတော့ သစ်မိုးအိမ်ကိုပင်..
တာတာ့ပြကာ အလုပ်ကြိုးစားနော်ကိုကိုဆိုကာ..
Fighting လုပ်ပြသွားသေးသည်။
သဝန်တိုလူကြီးမင်း သစ်မိုးအိမ်သည် မကျေမချမ်း
ဖြစ်ပင် အစည်းအဝေးကျင်းပမည့်အခန်းသို့ ထွက်
လာလိုက်သည်။ သဝန်တိုလူကြီးမင်းသည် ရတနာ
လေးခိုးယူခံလိုက်ရသောကြောင့် မှုန်ကုတ်ကုတ်ဖြစ်
နေကာ အစည်းအဝေးခန်းထဲမှ ဝန်ထမ်းများနှင့်..
ရှယ်ယာရှင်များကို ချွေးစေးများပြန်နေစေတော့
သည်။
သဝန်တိုလူကြီးမင်း သစ်မိုးအိမ်ကတော့..
ဘာမှမသိပေ။ သူသိသည်က သူ၏ထိန်းမနိုင်သော
Daddy ထက်နောင်ဆီမှ ရတနာလေးကိုဘယ်လို
ပြန်လုရမလဲ ဆိုတာပင်။ သစ်မိုးအိမ် အမြဲကိုင်လေ့
ရှိသော သူ့မွေးနေ့တုန်းက ကလေးငယ်ဝယ်ပေး
ထားသည့် အနက်ရောင်ဖောင်တိန်လေးကို ပိုမို
တင်းကြပ်စွာ ဆုပ်ကိုင်လိုက်မိသည်။
Daddy..Daddy.. နေနှင့်ဦးပေါ့..။
.............
"ကိုကြီးသူငယ်ချင်းက မလိုက်ဘူးလားဟင်။ တိမ်ငယ်
က ကိုကြီးသူငယ်ချင်းလိုက်မယ်ထင်နေတာ.."
"ငါလိုက်ချင်ပါတယ်.. ငါ Singapore
ကိုအလုပ်ကိစ္စနဲ့သွားစရာပေါ်လာလို့။ အခုကိစ္စက
အရေးကြီးတော့ ကုမ္ပဏီကဆုံးဖြတ်နိုင်တဲ့သူတစ်
ယောက်တော့ သွားမှဖြစ်မှာ..။ လင်းနေမဟုတ်ရင်
ငါပေါ့..။ ဘာလို့လဲ နားလည်ပြီလား.."
ဒီရေလှိုင်း ပြောလိုက်တော့ တိမ်ငယ်ကခေါင်းငြိမ့်
သည်။ ဒီရေလှိုင်းကို လိုက်စေချင်သော်လည်း..
ထပ်မံတိုက်တွန်းခြင်းတော့ မရှိတော့။ သူက..
နားလည်ပေးနိုင်သော ကလေးတစ်ယောက်ဖြစ်
ပြီး ဒီရေလှိုင်းကို လမ်းခရီးတွင်ဂရုစိုက်ရန်နှင့်..
သူပြန်လာလျှင် ရွာလေးအကြောင်း ပြန်ပြောပြ
မည်ဟုပင် ဆိုလာသေး၏။
"ကိုကြီးသူငယ်ချင်း နေမကောင်းမဖြစ်ရဘူးနော်"
"အင်း.."
ဒီရေလှိုင်း စိတ်စေရာအတိုင်းပင် သူ့ကိုစိတ်ပူပေး
နေသော တိမ်ငယ်ကိုတင်းတင်းကြပ်ကြပ်လေး
ဖက်လိုက်၏။ သူပြောလိုက်သည်။
"ဘာမှာချင်တာရှိလဲ ငါအကုန်ဝယ်လာခဲ့ပေးမယ်
စားချင်တာရော..။ ထားလိုက်တော့ ငါမင်းကြိုက်
တာတွေ အကုန်သိတာဘဲ ငါ့ဘာသာဘဲ ဝယ်ခဲ့
တော့မယ်.."
"ဟုတ် ကိုကြီးသူငယ်ချင်း.."
"အခုတော့ ငါ့ကိုအိပ်ရာခဏငှါးလို့ရမလား မနက်ဖြန်
ခရီးသွားရမှာဆိုတော့ အိပ်ရေးဝဝအိပ်ချင်လို့.."
ဒီရေလှိုင်း ပြောလိုက်တော့ ခရမ်းချဉ်သီးက..
ခေါင်းလေးကိုပျာပျာသလဲလဲငြိမ့်ကာ သူအိပ်ရာ
ပေါ်ရှိ စောင်လေးကိုယူလိုက်ကာ ခေါင်းအုံးလေး
ကိုပါ နေရာတကျတည့်ပေးသည်။ ဒီရေလှိုင်း က
ကုတင်ပေါ်လှဲချကာအိပ်ရန်လုပ်လိုက်သည်နှင့်..
သူ့စောင်လေးကို ဒီရေလှိုင်းကိုခြုံပေးလာသည်။
ရှည်လျားသော ဒီရေလှိုင်း၏အရပ်ကြောင့်..
တိမ်ငယ်၏စောင်တိုတိုလေးများအောက်မှ..
ခြေထောက်နှစ်ချောင်းသည် တိုးထွက်နေတော့
၏။ တိမ်ငယ်က ကြံရာမရစွာဖြစ်နေသောအခါ..
ခါးများကိုတမင်ဆန့်ကာထားသော ကိုကြီးသူငယ်ချင်း
က တိုးဖွဖွရီသည်။
"ခရမ်းချဉ်သီး ဒီနားလာခဲ့.."
ကုတင်ခြေရင်းနားတွင်အလုပ်များနေရာမှ..
ကုတင်ခေါင်းရင်းပိုင်းသို့ ခရမ်းချဉ်သီးရောက်
လာသည်နှင့် ဒီရေလှိုင်းကောင်လေးကိုလက်တစ်
ဖက်မှဆွဲချလိုက်သည်။ သူ့ဆီကိုအထွေးသားလေး
ပုံကျလာသော ခရမ်းချဉ်သီးကိုဖက်ထားလိုက်ကာ
ဖက်ထားလိုက်ရင်းပြောလိုက်သည်။
"စောင်ကသေးနေတော့ အရမ်းအေးတယ်..။
ဒီလိုဆို မအေးတော့ဘူး.."
တိမ်ငယ်၏ကျောပြင်လေးက ဒီရေလှိုင်း၏..
တောင့်တင်းသောရင်ဘတ်များနှင့်ထိစပ်နေခြင်း
ဖြစ်၏။ သူ့ကိုကြီးသူငယ်ချင်းပြောသမျှကို အမှန်
ထင်နေတတ်သော တိမ်ငယ်ကတော့ ခေါင်းလေး
ကို ငြိမ့်ကာ ကိုကြီးသူငယ်ချင်းကောင်းကောင်းအိပ်
နိုင်ရန် အရုပ်လေးလိုငြိမ်ငြိမ်လေးနေနေပေးသည်။
ဒီရေလှိုင်း ပြုံးလိုက်မိ၏။ သူပြောလိုက်သည်။
"မျက်လုံးမှိတ်ထား ကလေးတွေက များများအိပ်
သင့်တယ်.."
"ဟုတ်ကဲ့ ကိုကြီးသူငယ်ချင်း.."
တိမ်ငယ်က သူ့ကိုနောက်ပါးဆီမှသိုင်းဖက်ပြီး
ပုခုံးကျဉ်းလေးကိုဘောင်ခတ်ထားသော ဒီရေလှိုင်း
၏ လက်တစ်ဖက်ကို သူ့လက်သေးသေးလေးဖြင့်
လှမ်းကိုင်ရင်း မျက်လုံးလေးမှိတ်ကာ အိပ်ရန်လုပ်
နေတော့၏..။
............
(A/N- မနေ့ကအတွက် အပိုင်းပါ..ဟီး..။ ဒီနေ့
ည တစ်ပိုင်းထပ်ရှိပါမယ်..)
JM(210627)
Next>>>>