Cruel Flowers ( Season 2) : P...

By AliceYay-Zhang

41K 3.6K 498

ဖြစ်တည်မှုတိုင်းက မလှပ​ဘူး ဒါ​ပေမယ့် ကိုယ်ရဲ့ဖြစ်တည်မှုက​တော့ မင်းဆိုတဲ့ လူသား​လေးမို့ လှပသည်ထက်ပိုပါတယ် ~ ျဖ... More

Intro
Ep-1 (Uni/Zawgyi)
Ep-2 (Uni/Zawgyi)
Ep-3 (Uni/Zawgyi)
Ep-4 (Uni/Zawgyi)
Ep-5 (Uni/Zawgyi)
Ep-6 (Uni/Zawgyi)
Ep-7'1 (Uni/Zawgyi)
Ep-7'2 (Uni/Zawgyi)
Ep-8 (Uni/Zawgyi)
Ep-9'2 (Uni/Zawgyi)
Ep-10 (Uni/Zawgyi)
Ep-11 (Uni/Zawgyi)
Ep-12 (Uni/Zawgyi)
Ep-13 (Uni/Zawgyi)
For ( Season 3 )

Ep-9'1 (Uni/Zawgyi)

1.5K 204 14
By AliceYay-Zhang

Unicode
________










" တို့ Li ​ပြောသလို
Lily နဲ့ လက်ထက်ပါ့မယ် "




ဒါက Lisa ဝမ်းသာသင့်တယ်​လေ ။
ဘာ​ကြောင့် ရင်ဘက်ထဲမှာထုထည်တစ်ခု
လစ်ဟာသွားသလိုမျိုး ခံစား​နေရတာလဲ ?

အရာအားလုံး အဆင်​ပြေသွားပြီပဲ Lisa !

စိတ်ထဲမှာကိုယ့်ကိုယ်ကိုပြန်​ပြောရင်း
အပြင်ပန်းမှာအတတ်နိုင်ဆုံးပြုံးလိုက်တယ် ။




" ​ကျေးဇူးပဲ Jennie !
Lily က လူ​ကောင်းတစ်​ယောက်ပါ "




" တို့ သိပါတယ် "




ပြုံးပြလာတဲ့သူမဟာ
ဒီတစ်ခါ​တော့ Lisa ကို ဝမ်းနည်း​စေတယ် ၊

​ကျောခိုင်းရင်း ကိုယ့်အခန်းဆီကို
ထွက်လာတဲ့တစ်​လျှောက် ​ခြေလှမ်းတိုင်းမှာ
Lisa ရဲ့ မျက်ရည်​တွေက လမ်းခင်း​ပေးသည် ။

အခန်းထဲကို​ရောက်​ရောက်ချင်း
တံခါးမှာမှီပြီးထိုင်ချကာ ဒူးနှစ်ဖက်ကြား
မျက်နှာအပ်ပြီး​တော့ အသံတိတ်ငို​ကြွေးမိတယ် ။




" ကိုယ် Ni ကို ချစ်ပါတယ်
အရာအားလုံးက Ni အတွက်ပါ "




နှုတ်က​နေ​​ရေရွတ်ရင်း
မျက်ရည်​တွေကြားထဲကြည့်မိသည်က
အခန်းနံရံ​​မှာ​နေရာအပြည့်ယူထားတဲ့
လက်သည်းကုတ်ခြစ်ရာ​တွေ ၊

လစ်ဟာ​နေတဲ့အက်ျီ​ကြောင့်
ရင်ဘက်မှာအမှတ်အသားဖြစ်​နေတဲ့
အခန်းနံရံကလိုမျိုးပုံစံတူ
လက်သည်းရာ​တစ်ချို့ဟာ အထင်းသား ။




" မှန်တာ​ပေါ့ Ni !
ကိုယ်ချစ်တဲ့သူကိုဘယ်သတ်ရက်ပါ့မလဲ ?
ဘယ်လိုလုပ် ကိုယ် Ni ကို သတ်ရက်မှာလဲ ? "




​ပြောရင်း ကျလာတဲ့မျက်ရည်​တွေက
အရင်က မာ​ကျောပါတယ်ဆိုတဲ့ Lisa ကို
​လှောင်ရယ်ပြီး ပျက်ရယ်ပြု​နေကြတယ် ။

ဒီ​လောကကြီးမှာ Lisa က
​လေထဲကအမှုန်အမွှား​လေးပဲ

​လေတစ်ချက်​လေး​ဝှေ့လိုက်တာနဲ့
တိမ်​တွေ​ပေါ်ကို​ရောက်သွားပြီး​တော့
မိုးအဖြစ်ပြန်ရွာချတဲ့အခါ Lisa က
​မြေပြင်တစ်​နေရာမှာ ပြန်ကျလာမယ့်
ကံကြမ္မာရဲ့အကျဥ်းသားတစ်​ယောက်​ ~

Lisa ရဲ့ ဘဝကအမှုန်အမွှား​လေးတစ်ခုမို့
သူမအတွက်ဆိုရင် ဘာမဆိုရင်ဆိုင်ရဲပါတယ်

​သေခြင်းတရားဆိုရင်​တောင်မှ​ပေါ့ ။




" ကိုယ် မသတ်ရက်​ပေမယ့်
Ni က​တော့ အဲ့လိုလုပ်​ပေးပါ "




အခန်းထဲကငိုသံ​တွေကို
သူမကြားနိုင်မှာမဟုတ်တာ​ကြောင့်
Lisa ဒီတစ်ကြိမ်​တော့
လွတ်လွတ်လပ်လပ် ​အော်ငိုမိတယ် ။













~~~~~~~~~~~~~~~~~~~~~~~~








ညစာဆင်းမစားတဲ့ အမဖြစ်သူနဲ့
ဆရာဝန်ညွှန်ကြားထားတဲ့လူမမာစာကို
အခန်းထဲမှာပဲယူစား​တဲ့ Jennie Kim ​ကြောင့်
​Dining room ထဲမှာ Lily တစ်​ယောက်တည်း ~

ထမင်းစား​နေရင်း လသာ​နေတာကို
ပြူတင်း​​ပေါက်က​နေ ​ငေးကြည့်မိတယ်

ရုတ်တရက်ဆူညံသံတစ်ခုနဲ့အတူ
နဂိုကတည်းက နားပါးတဲ့သူမို့
ဖြတ်ခနဲ​ဘေးဘီကိုကြည့်လိုက်မိ​တော့
အ​ပေါ်ထပ်ကို အမြန်​ပြေးတက်သွားတဲ့
Baek ကို Lily လှမ်း​တွေ့လိုက်တယ် ။




" အ​ပေါ်ထပ်မှာဘာဖြစ်လို့လဲ ? "




နှုတ်က​နေ ​ရေရွတ်ရင်း
Dining room ထဲက​နေ Lily ထွက်လာခဲ့သည်

​ခြေတစ်လှမ်းချင်းစီကို ဂရုစိုက်ပြီး
အ​ပေါ်ထပ်ကိုတက်လာခဲ့​တော့
Jennie Kim ရဲ့ အခန်းက တိတ်ဆိတ်​နေတယ်




" Baek ! "




လှမ်း​ခေါ်လိုက်​ပေမယ့်
​ရေရွတ်ရုံဖြစ်ပြီး အသံမကျယ်ဘူး ။

ထပ်ကြားရတဲ့ဆူညံသံက
အမဖြစ်သူအခန်းထဲက​နေလာတာမို့
Lily အမြန်ပဲ ​အခန်း​ရှေ့ကို​ရောက်လာခဲ့တယ် ။




အခန်းတံခါးကိုဖွင့်​တော့
အထဲက​နေ Lock ချထားတာဖြစ်ပြီး
Lily အနည်းငယ်စိတ်ပူချင်လာတယ် ။




" ဘာများဖြစ်​နေတာလဲ ? "




💢 ( အခန်းတံခါးဖွင့်သံ )




" Baek ဘာဖြစ် ...




အခန်းတံခါးပွင့်လာပြီး
Baek ထွက်လာသည်နှင့်တစ်ပြိုင်နက်
လှမ်း​ပြီး​မေးဖို့ပြင်လိုက်​ပေမယ့်
အခန်းထဲက မြင်ကွင်းတစ်ခုဟာ
Lily ​ပြောမယ့်စကား​တွေကို
ရုတ်တရက် ရပ်တန့်သွား​စေတယ် ။

မနက်က အမဖြစ်သူဝတ်ထားတဲ့ဝတ်စုံဟာ
ကြမ်းပြင်​ပေါ်မှာ အစိတ်စိတ်အမွှာမွှာပြန့်ကျဲနေပြီး​တော့
ရင်းနှီးတဲ့မျက်ဝန်း​တွေနဲ့ ဝံပု​လွေတစ်​ကောင်




" အဲ့ဒါက ...




Lily မျက်ရည်​တွေအလိုလိုကျလာတယ်

​ကြောက်စိတ်​ကြောင့်မဟုတ်ဘဲ
ဝမ်းနည်းစိတ်ကကြီးစိုးလာတာ​ကြောင့်
ရှိုက်ပြီးငိုမိသည်အထိ ။




" ဘယ်လိုလုပ်​ရောက်လာတာလဲ ?
အခန်းထဲမှာ အန္တရာယ်များတယ် မမ​လေး ! "




တံ​​တောင်နားမှာ ကုတ်ခြစ်ဒါဏ်ရာနဲ့အတူ
​သွေး​​တွေထွက်​နေတဲ့ Baek ကို Lily ကြည့်ပြီး
မပိတ်​သေးဘဲ အနည်းငယ်ဟ​နေတဲ့
အခန်းတံခါး​က​နေ အထဲကိုပြန်ကြည့်မိ​တော့
ထိုသတ္တဝါရဲ့အရည်လဲ့နေတဲ့မျက်ဝန်း​တွေဟာ
Lily ကို တစ်ခုခု​ပြောပြ​နေသလိုမျိုးပဲ ။




" အမလားဟင် ?
အဲ့ဒါ Lily ရဲ့ အမလား ? "




" မမ​လေး ...




Baek တားချိန်မရလိုက်ဘူး

လက်ကဒါဏ်ရာ​ကြောင့်
ပြန်မတွန်းကန်နိုင်တဲ့အ​ခြေအ​နေမှာ
Lily က တံခါးကိုအတင်းဆွဲဖွင့်ပြီး
အခန်းထဲကို ​ပြေးဝင်သွားခဲ့တယ် ။

အလျှင်အမြန်ပဲ
အခန်းထဲကို​လိုက်ပြီးဝင်သွား​တော့
မမ​လေး က ဝံပု​လွေသဏ္ဍာန်နဲ့
သူ​ဌေးဖြစ်သူ Lisa ကို
မျက်ရည်​တွေနဲ့ ​ပွေ့ဖက်ပြီးငို​နေတယ်

ထူးဆန်းတာက သူ​ဌေးဟာ
အ​ရင်လိုမျိုး ​ဒေါသ​တွေမရှိ​​နေဘူး ။

မမ​လေး ရဲ့ လက်ထဲမှာငြိမ်​​နေတယ် ။




" Baek ​ဆေးသွားထည့်လိုက်ပါ
ကျွန်မအဆင်​ပြေတာမို့ သွားပါ "




" ဟုတ်ကဲ့ မမ​လေး "




အခန်းတံခါးပိတ်ပြီးထွက်သွားတဲ့
Baek ကို Lily တစ်ချက်လှမ်းကြည့်ရင်း
ဖက်ထားတဲ့ အမဖြစ်သူကိုပြန်ကြည့်​တော့
ဝံပု​လွေအ​မွှေးအမှင်​​တွေက​နေ
လူသားအ​ရေပြားအဖြစ်
တ​ဖြေး​ဖြေး​ပြောင်းလာပြီး​
Lily ဖက်ထားတဲ့ထုထည်ထက်​လျော့တဲ့
နဂို အမဖြစ်သူ Lisa အဖြစ်ပြန်​ရောက်လာခဲ့တယ်




" Lily ? "




" အမ ! "




ထပ်မံ​ပွေ့ဖက်လိုက်တဲ့ ခန္ဓာကိုယ်က
ဒီတစ်ခါ​တော့ ​သေးသွယ်တဲ့အမဖြစ်သူ ။













~~~~~~~~~~~~~~~~~~~~~~~~











​​စောင်ခြုံကြား​လေးထဲမှာ ​
ခေါင်း​​​လေးပဲပြူထွက်​နေတဲ့ အမဖြစ်သူနဲ့
Lily ဟာ ကုတင်​ခြေရင်းမှာ
ကုတင်ကိုမှီပြီး ​ဘေးချင်းကပ်ထိုင်​နေခဲ့တယ် ။




" Jennie Kim မသိ​စေနဲ့​​နော် "




တိတ်ဆိတ်​နေတဲ့အ​ခြေ​အနေကို
Lisa က စကားစ​ပြောပြီးဖြိုခွင်းလိုက်တယ်

ဘားမှပြန်မ​​ပြောဘဲ
Lily ​ခေါင်းညိမ့်ပြလိုက်​တော့




" လန့်သွားလား ? "




" နည်းနည်းပါ "




မျက်ရည်​တွေနဲ့ ဒူးနှစ်ဖက်ကြား
​ခေါင်းငိုက်စိုက်ချသွားတဲ့ Lily ​ကြောင့်
စောင်ထဲက​နေလက်တစ်ဖက်လျှိုထွက်ရင်း ​​
Lily ရဲ့ ​ဆံပင်​တွေကို Lisa ပွတ်သပ်​ပေးလိုက်သည် ။




" အမ အတွက် Lily
ဘားမှစိတ်မ​ကောင်းမဖြစ်ပါနဲ့ "




" ​တောင်းပန်ပါတယ်
Lily ဘားမှမလုပ်​ပေးနိုင်လို့ "




" Jennie ကို ​စောင့်​ရှောက်​ပေးပါ
အမ အတွက် တစ်ခုခုလုပ်​ပေးချင်တယ်ဆိုရင် "




Lily ​ခေါင်းငိုက်စိုက်ချထားရင်း
​ခေါင်းတဆတ်ဆတ်ညိမ့်ပြလိုက်တယ်




" ​ကျေးဇူးပါပဲ

Lily သိလား ?
အမ ​လေ Lily ရဲ့ အမဖြစ်ရလို့
ဒီကမ္ဘာ​ပေါ်မှာ ကံအ​ကောင်းဆုံးလူသားပဲ "




Lily ပိုပြီး ရှိုက်ရင်းငိုမိတယ်

အမ မသိ​အောင်
Jennie Kim နဲ့ တိုင်ပင်ထားတဲ့
ကိစ္စ​တွေကို အမ သိတဲ့အခါကျရင်
Lily က ဒီ​လောကကြီးထဲမှာ
ရှိ​နေ​သေးဖို့ မ​သေချာ​တော့တာမို့

' Lily ရဲ့ အမဖြစ်ရတာ ကံဆိုးတယ် ' လို့
ညည်းညူးလာတဲ့အခါ Lily မကြားနိုင်​တော့ဘူး

အဲ့အတွက် Lily သိပ်ကံ​​ကောင်းတယ်




" Lily လည်း အမ ရဲ့ ညီမဖြစ်ရလို့
ဒီကမ္ဘာ​ပေါ်မှာ ကံအ​ကောင်းဆုံးလူသားပဲ "














To be continued.....






ဒါ တစ်ဝက်​​နော်
တစ်မျိုးကြီးခံစား​နေရတာမို့
ဒီ '1 ​လေးကို အရင်​ရေးလိုက်တာ
​ကောင်း​ကောင်းအိပ်ကြပါ​​နော်

Choco dream 🌙🤎









◾◾◾◾◾◾◾◾◾◾







Zawgyi
_______













" တို႔ Li ​ေျပာသလို
Lily နဲ႔ လက္ထက္ပါ့မယ္ "




ဒါက Lisa ဝမ္းသာသင့္တယ္​ေလ ။
ဘာ​ေၾကာင့္ ရင္ဘက္ထဲမွာထုထည္တစ္ခု
လစ္ဟာသြားသလိုမ်ိဳး ခံစား​ေနရတာလဲ ?

အရာအားလုံး အဆင္​ေျပသြားၿပီပဲ Lisa !

စိတ္ထဲမွာကိုယ့္ကိုယ္ကိုျပန္​ေျပာရင္း
အျပင္ပန္းမွာအတတ္ႏိုင္ဆုံးၿပဳံးလိုက္တယ္ ။




" ​ေက်းဇူးပဲ Jennie !
Lily က လူ​ေကာင္းတစ္​ေယာက္ပါ "




" တို႔ သိပါတယ္ "




ၿပဳံးျပလာတဲ့သူမဟာ
ဒီတစ္ခါ​ေတာ့ Lisa ကို ဝမ္းနည္း​ေစတယ္ ၊

​ေက်ာခိုင္းရင္း ကိုယ့္အခန္းဆီကို
ထြက္လာတဲ့တစ္​ေလွ်ာက္ ​ေျခလွမ္းတိုင္းမွာ
Lisa ရဲ႕ မ်က္ရည္​ေတြက လမ္းခင္း​ေပးသည္ ။

အခန္းထဲကို​ေရာက္​ေရာက္ခ်င္း
တံခါးမွာမွီၿပီးထိုင္ခ်ကာ ဒူးႏွစ္ဖက္ၾကား
မ်က္ႏွာအပ္ၿပီး​ေတာ့ အသံတိတ္ငို​ေႂကြးမိတယ္ ။




" ကိုယ္ Ni ကို ခ်စ္ပါတယ္
အရာအားလုံးက Ni အတြက္ပါ "




ႏႈတ္က​ေန​​ေရ႐ြတ္ရင္း
မ်က္ရည္​ေတြၾကားထဲၾကည့္မိသည္က
အခန္းနံရံ​​မွာ​ေနရာအျပည့္ယူထားတဲ့
လက္သည္းကုတ္ျခစ္ရာ​ေတြ ၊

လစ္ဟာ​ေနတဲ့အက္်ီ​ေၾကာင့္
ရင္ဘက္မွာအမွတ္အသားျဖစ္​ေနတဲ့
အခန္းနံရံကလိုမ်ိဳးပုံစံတူ
လက္သည္းရာ​တစ္ခ်ိဳ႕ဟာ အထင္းသား ။




" မွန္တာ​ေပါ့ Ni !
ကိုယ္ခ်စ္တဲ့သူကိုဘယ္သတ္ရက္ပါ့မလဲ ?
ဘယ္လိုလုပ္ ကိုယ္ Ni ကို သတ္ရက္မွာလဲ ? "




​ေျပာရင္း က်လာတဲ့မ်က္ရည္​ေတြက
အရင္က မာ​ေက်ာပါတယ္ဆိုတဲ့ Lisa ကို
​ေလွာင္ရယ္ၿပီး ပ်က္ရယ္ျပဳ​ေနၾကတယ္ ။

ဒီ​ေလာကႀကီးမွာ Lisa က
​ေလထဲကအမႈန္အမႊား​ေလးပဲ

​ေလတစ္ခ်က္​ေလး​ေဝွ႔လိုက္တာနဲ႔
တိမ္​ေတြ​ေပၚကို​ေရာက္သြားၿပီး​ေတာ့
မိုးအျဖစ္ျပန္႐ြာခ်တဲ့အခါ Lisa က
​ေျမျပင္တစ္​ေနရာမွာ ျပန္က်လာမယ့္
ကံၾကမၼာရဲ႕အက်ဥ္းသားတစ္​ေယာက္​ ~

Lisa ရဲ႕ ဘဝကအမႈန္အမႊား​ေလးတစ္ခုမို႔
သူမအတြက္ဆိုရင္ ဘာမဆိုရင္ဆိုင္ရဲပါတယ္

​ေသျခင္းတရားဆိုရင္​ေတာင္မွ​ေပါ့ ။




" ကိုယ္ မသတ္ရက္​ေပမယ့္
Ni က​ေတာ့ အဲ့လိုလုပ္​ေပးပါ "




အခန္းထဲကငိုသံ​ေတြကို
သူမၾကားႏိုင္မွာမဟုတ္တာ​ေၾကာင့္
Lisa ဒီတစ္ႀကိမ္​ေတာ့
လြတ္လြတ္လပ္လပ္ ​ေအာ္ငိုမိတယ္ ။













~~~~~~~~~~~~~~~~~~~~~~~~








ညစာဆင္းမစားတဲ့ အမျဖစ္သူနဲ႔
ဆရာဝန္ၫႊန္ၾကားထားတဲ့လူမမာစာကို
အခန္းထဲမွာပဲယူစား​တဲ့ Jennie Kim ​ေၾကာင့္
​Dining room ထဲမွာ Lily တစ္​ေယာက္တည္း ~

ထမင္းစား​ေနရင္း လသာ​ေနတာကို
ျပဴတင္း​​ေပါက္က​ေန ​ေငးၾကည့္မိတယ္

႐ုတ္တရက္ဆူညံသံတစ္ခုနဲ႔အတူ
နဂိုကတည္းက နားပါးတဲ့သူမို႔
ျဖတ္ခနဲ​ေဘးဘီကိုၾကည့္လိုက္မိ​ေတာ့
အ​ေပၚထပ္ကို အျမန္​ေျပးတက္သြားတဲ့
Baek ကို Lily လွမ္း​ေတြ႕လိုက္တယ္ ။




" အ​ေပၚထပ္မွာဘာျဖစ္လို႔လဲ ? "




ႏႈတ္က​ေန ​ေရ႐ြတ္ရင္း
Dining room ထဲက​ေန Lily ထြက္လာခဲ့သည္

​ေျခတစ္လွမ္းခ်င္းစီကို ဂ႐ုစိုက္ၿပီး
အ​ေပၚထပ္ကိုတက္လာခဲ့​ေတာ့
Jennie Kim ရဲ႕ အခန္းက တိတ္ဆိတ္​ေနတယ္




" Baek ! "




လွမ္း​ေခၚလိုက္​ေပမယ့္
​ေရ႐ြတ္႐ုံျဖစ္ၿပီး အသံမက်ယ္ဘူး ။

ထပ္ၾကားရတဲ့ဆူညံသံက
အမျဖစ္သူအခန္းထဲက​ေနလာတာမို႔
Lily အျမန္ပဲ ​အခန္း​ေရွ႕ကို​ေရာက္လာခဲ့တယ္ ။




အခန္းတံခါးကိုဖြင့္​ေတာ့
အထဲက​ေန Lock ခ်ထားတာျဖစ္ၿပီး
Lily အနည္းငယ္စိတ္ပူခ်င္လာတယ္ ။




" ဘာမ်ားျဖစ္​ေနတာလဲ ? "




💢 ( အခန္းတံခါးဖြင့္သံ )




" Baek ဘာျဖစ္ ...




အခန္းတံခါးပြင့္လာၿပီး
Baek ထြက္လာသည္ႏွင့္တစ္ၿပိဳင္နက္
လွမ္း​ၿပီး​ေမးဖို႔ျပင္လိုက္​ေပမယ့္
အခန္းထဲက ျမင္ကြင္းတစ္ခုဟာ
Lily ​ေျပာမယ့္စကား​ေတြကို
႐ုတ္တရက္ ရပ္တန္႔သြား​ေစတယ္ ။

မနက္က အမျဖစ္သူဝတ္ထားတဲ့ဝတ္စုံဟာ
ၾကမ္းျပင္​ေပၚမွာ အစိတ္စိတ္အမႊာမႊာျပန္႔က်ဲေနၿပီး​ေတာ့
ရင္းႏွီးတဲ့မ်က္ဝန္း​ေတြနဲ႔ ဝံပု​ေလြတစ္​ေကာင္




" အဲ့ဒါက ...




Lily မ်က္ရည္​ေတြအလိုလိုက်လာတယ္

​ေၾကာက္စိတ္​ေၾကာင့္မဟုတ္ဘဲ
ဝမ္းနည္းစိတ္ကႀကီးစိုးလာတာ​ေၾကာင့္
ရႈိက္ၿပီးငိုမိသည္အထိ ။




" ဘယ္လိုလုပ္​ေရာက္လာတာလဲ ?
အခန္းထဲမွာ အႏၲရာယ္မ်ားတယ္ မမ​ေလး ! "




တံ​​ေတာင္နားမွာ ကုတ္ျခစ္ဒါဏ္ရာနဲ႔အတူ
​ေသြး​​ေတြထြက္​ေနတဲ့ Baek ကို Lily ၾကည့္ၿပီး
မပိတ္​ေသးဘဲ အနည္းငယ္ဟ​ေနတဲ့
အခန္းတံခါး​က​ေန အထဲကိုျပန္ၾကည့္မိ​ေတာ့
ထိုသတၱဝါရဲ႕အရည္လဲ့ေနတဲ့မ်က္ဝန္း​ေတြဟာ
Lily ကို တစ္ခုခု​ေျပာျပ​ေနသလိုမ်ိဳးပဲ ။




" အမလားဟင္ ?
အဲ့ဒါ Lily ရဲ႕ အမလား ? "




" မမ​ေလး ...




Baek တားခ်ိန္မရလိုက္ဘူး

လက္ကဒါဏ္ရာ​ေၾကာင့္
ျပန္မတြန္းကန္ႏိုင္တဲ့အ​ေျခအ​ေနမွာ
Lily က တံခါးကိုအတင္းဆြဲဖြင့္ၿပီး
အခန္းထဲကို ​ေျပးဝင္သြားခဲ့တယ္ ။

အလွ်င္အျမန္ပဲ
အခန္းထဲကို​လိုက္ၿပီးဝင္သြား​ေတာ့
မမ​ေလး က ဝံပု​ေလြသ႑ာန္နဲ႔
သူ​ေဌးျဖစ္သူ Lisa ကို
မ်က္ရည္​ေတြနဲ႔ ​ေပြ႕ဖက္ၿပီးငို​ေနတယ္

ထူးဆန္းတာက သူ​ေဌးဟာ
အ​ရင္လိုမ်ိဳး ​ေဒါသ​ေတြမရွိ​​ေနဘူး ။

မမ​ေလး ရဲ႕ လက္ထဲမွာၿငိမ္​​ေနတယ္ ။




" Baek ​ေဆးသြားထည့္လိုက္ပါ
ကြၽန္မအဆင္​ေျပတာမို႔ သြားပါ "




" ဟုတ္ကဲ့ မမ​ေလး "




အခန္းတံခါးပိတ္ၿပီးထြက္သြားတဲ့
Baek ကို Lily တစ္ခ်က္လွမ္းၾကည့္ရင္း
ဖက္ထားတဲ့ အမျဖစ္သူကိုျပန္ၾကည့္​ေတာ့
ဝံပု​ေလြအ​ေမႊးအမွင္​​ေတြက​ေန
လူသားအ​ေရျပားအျဖစ္
တ​ေျဖး​ေျဖး​ေျပာင္းလာၿပီး​
Lily ဖက္ထားတဲ့ထုထည္ထက္​ေလ်ာ့တဲ့
နဂို အမျဖစ္သူ Lisa အျဖစ္ျပန္​ေရာက္လာခဲ့တယ္




" Lily ? "




" အမ ! "




ထပ္မံ​ေပြ႕ဖက္လိုက္တဲ့ ခႏၶာကိုယ္က
ဒီတစ္ခါ​ေတာ့ ​ေသးသြယ္တဲ့အမျဖစ္သူ ။













~~~~~~~~~~~~~~~~~~~~~~~~











​​ေစာင္ၿခဳံၾကား​ေလးထဲမွာ ​
ေခါင္း​​​ေလးပဲျပဴထြက္​ေနတဲ့ အမျဖစ္သူနဲ႔
Lily ဟာ ကုတင္​ေျခရင္းမွာ
ကုတင္ကိုမွီၿပီး ​ေဘးခ်င္းကပ္ထိုင္​ေနခဲ့တယ္ ။




" Jennie Kim မသိ​ေစနဲ႔​​ေနာ္ "




တိတ္ဆိတ္​ေနတဲ့အ​ေျခ​အေနကို
Lisa က စကားစ​ေျပာၿပီးၿဖိဳခြင္းလိုက္တယ္

ဘားမွျပန္မ​​ေျပာဘဲ
Lily ​ေခါင္းညိမ့္ျပလိုက္​ေတာ့




" လန္႔သြားလား ? "




" နည္းနည္းပါ "




မ်က္ရည္​ေတြနဲ႔ ဒူးႏွစ္ဖက္ၾကား
​ေခါင္းငိုက္စိုက္ခ်သြားတဲ့ Lily ​ေၾကာင့္
ေစာင္ထဲက​ေနလက္တစ္ဖက္လွ်ိဳထြက္ရင္း ​​
Lily ရဲ႕ ​ဆံပင္​ေတြကို Lisa ပြတ္သပ္​ေပးလိုက္သည္ ။




" အမ အတြက္ Lily
ဘားမွစိတ္မ​ေကာင္းမျဖစ္ပါနဲ႔ "




" ​ေတာင္းပန္ပါတယ္
Lily ဘားမွမလုပ္​ေပးႏိုင္လို႔ "




" Jennie ကို ​ေစာင့္​ေရွာက္​ေပးပါ
အမ အတြက္ တစ္ခုခုလုပ္​ေပးခ်င္တယ္ဆိုရင္ "




Lily ​ေခါင္းငိုက္စိုက္ခ်ထားရင္း
​ေခါင္းတဆတ္ဆတ္ညိမ့္ျပလိုက္တယ္




" ​ေက်းဇူးပါပဲ

Lily သိလား ?
အမ ​ေလ Lily ရဲ႕ အမျဖစ္ရလို႔
ဒီကမာၻ​ေပၚမွာ ကံအ​ေကာင္းဆုံးလူသားပဲ "




Lily ပိုၿပီး ရႈိက္ရင္းငိုမိတယ္

အမ မသိ​ေအာင္
Jennie Kim နဲ႔ တိုင္ပင္ထားတဲ့
ကိစၥ​ေတြကို အမ သိတဲ့အခါက်ရင္
Lily က ဒီ​ေလာကႀကီးထဲမွာ
ရွိ​ေန​ေသးဖို႔ မ​ေသခ်ာ​ေတာ့တာမို႔

' Lily ရဲ႕ အမျဖစ္ရတာ ကံဆိုးတယ္ ' လို႔
ညည္းညဴးလာတဲ့အခါ Lily မၾကားႏိုင္​ေတာ့ဘူး

အဲ့အတြက္ Lily သိပ္ကံ​​ေကာင္းတယ္




" Lily လည္း အမ ရဲ႕ ညီမျဖစ္ရလို႔
ဒီကမာၻ​ေပၚမွာ ကံအ​ေကာင္းဆုံးလူသားပဲ "














To be continued.....






ဒါ တစ္ဝက္​​ေနာ္
တစ္မ်ိဳးႀကီးခံစား​ေနရတာမို႔
ဒီ '1 ​ေလးကို အရင္​ေရးလိုက္တာ
​ေကာင္း​ေကာင္းအိပ္ၾကပါ​​ေနာ္

Choco dream 🌙🤎

Continue Reading

You'll Also Like

4.2M 264K 101
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...
353K 17.5K 31
✖Sequel to Living My Life ✖ Book 3✖ What happens when Steve and Tony find out who Spider-Man is? Will they freak out? Will they cry? To find out, fir...
17.5K 1K 10
"အပျိုကြီး" "တို့ကို အပျိုကြီးလို့ မခေါ်နဲ့ ကလေးမ "
9.8K 846 4
ပုံပြင် တစ်ပုဒ်ရဲ့ အဆုံးသတ် .... ပုံျပင္ တစ္ပုဒ္ရဲ႕ အဆုံးသတ္ ....