(Zawgyi)🍀🍀🍀🍀
Part-64
(ကိုယ္..ခ်စ္ေသာ clover..!!..)
"clover တစ္ကယ္ကိုကို႔ေပၚက မဆင္းေတာ့ဘူး
လား..."
သစ္မိုးအိမ္..သူ႔ေပၚကိုအာလာဝက္ဝံေလးသစ္ပင္
တက္သလိုအတင္းတြယ္ကပ္ကာခြတက္ထားေသာ
ဖရဲသီးေလးကို ျပဳတ္က်မသြားေစရန္အသာထိန္း
ကိုင္ထားရင္ေမးလိုက္၏။ သူ႔အေမးကိုေခါင္းအတင္း
ခါျပလာေသာ ရြက္စိမ္းက သစ္မိုးအိမ္လည္ပင္းကို
ပင္ အတင္းသိုင္းဖက္ထားေသး၏။
ရြက္စိမ္း သစ္မိုးအိမ္ကိုယ္ေပၚတြင္ တြယ္ကပ္
ေနသည္မွာ မနက္ခင္းထဲကျဖစ္ၿပီး သစ္မိုးအိမ္
နက္(ခ္)တိုင္ပင္ မစည္းအားဘဲလက္တစ္ဖက္
တြင္ကိုင္ထားရသည္။ က်န္တစ္ဖက္က ခ်ာတိတ္
ေလးကို ထိန္းကိုင္ရင္းအလုပ္သြားရန္ျပင္ဆင္ေန
သည္မွာ ကားနားပင္ေရာက္ေနၿပီျဖစ္ေသာ္လည္း
ကိုယ္ေပၚမွအဆိုးေလးက လံုးဝမဆင္းေပးေပ..။
"clover.. က လိမၼာပါတယ္ ကိုကိုဖရဲသီး
ဝယ္ေကြၽးမယ္ေလ.."
"ကိုကို..အဟင့္.."
မငိုဘဲ ႐ိႈက္သံထြက္ကာခြၽဲတတ္ေသာအက်င့္
ေလးက ဘယ္ကတတ္လာသည္မသိ။ သစ္မိုးအိမ္
ကို အသည္းယားေအာင္လုပ္ေနေတာ့၏။ မနက္
အေစာထဲက သူ႔သူငယ္ခ်င္းတိမ္ငယ္တို႔ရြာသို႔
အလည္လိုက္ခ်င္ေနဟု ဆက္တိုက္ေျပာေနျခင္း
ျဖစ္သည္။ Y ၿမိဳ႕ေတာ္ႏွင့္မေဝးေသာ ေဒသျဖစ္
ေသာ္လည္း ညအိပ္ခရီးမို႔ ခ်ာတိတ္ေလးကို..
မခြဲႏိုင္ေသာသူက မလႊတ္ခ်င္..။ သူ႔မျမင္ကြယ္
ရာတြင္ ဒဏ္ရာရာသြားမွျဖင့္ ရင္က်ိဳးမည္သူမွာ
သူသာျဖစ္သည္။
ဒဏ္ရာရဖူးေသာ သားရဲတစ္ေကာင္ျဖစ္ေသာ..
သစ္မိုးအိမ္၏ စိုးရိမ္မႈမ်ားက ကေလးငယ္အတြက္
အေနၾကပ္ေစမည္ကို သိေသာ္လည္း သူစိတ္ပူမႈ
မ်ားကို သူကိုယ္တိုင္လည္း မထိန္းခ်ဳပ္ႏိုင္..။
အလိုလိုက္ထားလြန္းေသာေၾကာင့္ ဆိုးေနေသာ
ခ်ာတိတ္ေလးရြက္စိမ္းက တတြတ္တြတ္ေျပာကာ
ေတာင္းဆိုေနေတာ့သည္။ ဒီတစ္ခါေတာ့ သူ..
အေလ်ာ့မေပးခ်င္ပါ။ ခ်ာတိတ္ေလးကို သင္ခန္းစာ
ေပးမွကိုျဖစ္မည္။
"မဆိုးရဘူး ကိုကိုမႀကိဳက္ဘူး clover.."
သစ္မိုးအိမ္ ထိန္းကိုင္ထားေသာ မက္မြန္သီးေလး
ကို ခပ္ဆဆ႐ိုက္ျပစ္လိုက္သည္။ အသံကိုလည္း
အနည္းငယ္ မာကာေျပာလိုက္သည္။ သူ႔ကို႐ိုက္
လိုက္ေတာ့ အေကာင္ေပါက္ေလးက ႏႈတ္ခမ္းေလး
ေထာ္သြား၏။ ၿပီးေနာက္ သစ္မိုးအိမ္ပါးတစ္ဖက္ကို
နမ္းကာ သစ္မိုးအိမ္ပုခံုးေပၚ ေခါင္းေမွာက္ၿပီးၿငိမ္
သြားေတာ့သည္။ ဟြန္႔ကနဲေနေအာင္ ႏွာမႈတ္သံ
ေလးျပဳသြားဖို႔လဲမေမ့..။
သေဘာကေတာ့ ရြက္စိမ္းစိတ္ဆိုးေနပါတယ္
ဟြန္႔..ဟြန္႔ေပါ့..။ သစ္မိုးအိမ္ ရီခ်င္စိတ္ကို..
ေခ်ာင္းအဟာဟမ့္ကာ ထိန္းလိုက္ရင္း ပုခံုး
ေပၚတြင္ေခါင္းေမွာက္ထားေသာေကာင္ေလး
ဘက္သို႔ ေခါင္းအနည္းငယ္ေစာင္းကာ ေခ်ာ့
ျမဴသလိုနမ္းလိုက္၏..။
"ကိုကိုက ဒီေန႔အစည္းအေဝးတစ္ခု႐ွိလို႔ ကုမၸဏီ..
ကို မျဖစ္မေနသြားရမွာ..။ clover လိုက္ခ်င္လား"
ရြက္စိမ္းက ေခါင္းေလးကိုၿငိမ့္ျပလာေသာ္လည္း
ႏႈတ္ခမ္းေလးကိုေတာ့ ေထာ္ထားတုန္းပင္။ ရြက္စိမ္း
၏ တုန္႔ျပန္မႈေလးၿပီးသည္ႏွင့္ သူေျပာလိုက္သည္။
"ကိုကို႔ေပၚက မဆင္းခ်င္ဘူးလား.."
"ဆင္းဘူး..။ ကိုကိုကဆိုးတယ္..ရြက္စိမ္းေလး
က မဆင္းဘူးေရာ.."
ေခါင္းခါျပလာေသာ ရြက္စိမ္းက အတင္းပင္
တြယ္ကပ္ထားေသးသည္။ ရြက္စိမ္းက စိတ္
ေကာက္ေနေသာ ဖရဲသီးေလးလိုပင္ျဖစ္သည္။
သစ္မိုးအိမ္ ျပံဳးလိုက္မိ၏။
"ေကာင္းပါၿပီဗ်ာ.. ေခါင္းသတိထား.."
သစ္မိုးအိမ္ ကိုအာလာဝက္ဝံေလးကိုသယ္ရင္း
ပင္ ကားေမာင္သူေနရာတြင္ ေနရာယူလိုက္၏။
လက္တစ္ဖက္ျဖင့္ ေခါင္းလံုးလံုးေလးမထိခိုက္ရ
ေအာင္ကာၿပီးမွေနရာယူေသာ သစ္မိုးအိမ္က..
ဂ႐ုစိုက္တတ္လြန္းသူျဖစ္သည္။
ကားေမာင္းလိုက္ မီးပြိဳင့္ႏွင့္ကားပိတ္၍ရပ္ရခ်ိန္
တိုင္း ရင္ခြင္ထဲကခ်ာတိတ္ေလးကိုနမ္းေနေသာ
ဒုဥကၠဌႀကီးသည္ ကုမၸဏီသို႔ နာရီဝက္ၾကာသြား
ရေသာခရီးကို တစ္နာရီခြဲၾကာေအာင္ ေမာင္းခ့ဲရ
ေလ၏။ တကယ္ကိုဘဲ Y ၿမိဳ႕ေတာ္ရ႕ဲလမ္းေတြ
က ပိတ္ႏိုင္လြန္းသည္။
ကုမၸဏီ ေရာက္ေသာအခ်ိန္တြင္ ကေလးဆိုး
ေလးက အိပ္ေပ်ာ္ေနၿပီျဖစ္ေသာေၾကာင့္
သစ္မိုးအိမ္ မႏိုးေစရေအာင္ ေပြ႔ခ်ီထားရင္းပင္
ကုမၸဏီထဲဝင္လာခ့ဲသည္။ သစ္မိုးအိမ္ ပံုစံက
ကေလးတစ္ဖက္ လက္ဆြဲအိတ္ႏွင့္ နက္(ခ္)
တိုင္ တြဲကိုင္ရက္သားတစ္ဖက္ျဖင့္ ဒုဥကၠဌ
ရံုးခန္းသို႔ဦးတည္လိုက္သည္။
သစ္မိုးအိမ္က သဝန္တိုတတ္ေသာ လူႀကီးမင္း
ျဖစ္ေသာေၾကာင့္ ေျခလွမ္းက်ယ္မ်ားျဖင့္..
လွမ္းကာေလ်ွာက္သြားသည္မွာ ေလအလ်င္ကဲ့သို႔
ပင္ျဖစ္၏။ GS group မွ ဝန္ထမ္းမ်ားသည္..
တည္ၾကည္ေသာဒုဥကၠဌသည္တစ္စံု တစ္ေယာက္
ကို တယုတယခ်ီပိုးသြားသည္ဟု ေကာက္ခ်က္ခ်ႏိုင္
ယံုမွလႊဲ၍ ဘာမွမသိလိုက္ၾကေပ..။
သစ္မိုးအိမ္က ျဖစ္ႏိုင္လ်ွင္ေကာင္ေလးကို သူ႔ကိုယ္
တြင္တြဲခ်ည္ကာ ေနရာတိုင္းေခၚသြားခ်င္သူမို႔...
အလုပ္ခန္းထဲတြင္႐ွိသည္ အိပ္ယာေပၚတြင္ ရြက္စိမ္း
ကို သိပ္ထားမည့္ အေတြးကိုဖယ္ထုတ္လိုက္ကာ..
လက္ေမာင္းမ်ားၾကားတြင္သာ ေပြ႔ထားလိုက္သည္။
သစ္မိုးအိမ္ ကိုယ္ကိုခပ္ေလ်ာ့ေလ်ာ့ျဖစ္ေအာင္
ျပဳရင္း ဒုဥကၠဌထိုင္ခံုတြင္ ဝင္ထိုင္လိုက္ကာ..
စားပြဲေပၚတြင္တင္ထားေသာ ဖိုင္မ်ားကို စစ္ေဆး
ၿပီး လက္မွတ္ထိုးေပးေနလိုက္၏။ ခ်စ္ေသာေကာင္
ေလး မႏိုးလာေစရန္ ခပ္ျဖည္းျဖည္းခ်င္းလုပ္ေန
ေသာ သစ္မိုးအိမ္က ရြက္စိမ္းဆီမွအသံတိုးတိုးေလး
ထြက္လာတိုင္း အျပစ္ႀကီးက်ဴးလြန္မိသူလို မ်က္ခံုး
မ်ားကို တြန္႔ခ်ိဳးသြားတတ္ေသး၏။
သစ္မိုးအိမ္ လက္မွတ္ထိုးစရာစာရြက္စာတမ္း
မ်ားၿပီးသေလာက္႐ွိခ်ိန္တြင္ ရြက္စိမ္းက အိပ္ခ်င္
မူးတူးေလးျဖင့္ ေခါင္းေထာင္လာသည္..။
"ကိုကို ဘယ္ႏွစ္နာရီထိုးၿပီလဲ.."
သစ္မိုးအိမ္ လက္ကနာရီကိုတစ္ခ်က္ၾကည့္ကာ
ျပန္ေျဖလိုက္သည္။
"၁၀နာရီ clover.."
"မိုးမလင္းေသးဘူးေပါ့.. ရြက္စိမ္းေလး ျပန္အိပ္
လိုက္ဦးမယ္ေရာ.."
မနက္ ၁၀နာရီႏွင့္ ည၁၀နာရီမွားေနေသာ
ရြက္စိမ္းေၾကာင့္ သစ္မိုးအိမ္ ခပ္ဖြဖြရီမိသည္။
"အ႐ူးေလး မနက္၁၀ နာရီပါ.. ည၁၀ နာရီ
မဟုတ္ဘူး.."
"ဟင္..!.."
ခ်က္ခ်င္းပင္ ေခါင္းေထာင္လာကာ မ်က္လံုးျပဴး
ျပဴးေလးျဖင့္ ဟိုဟိုသည္သည္ၾကည့္လာ၏။ ၿပီးမွ
ျပန္မွတ္မိသြားပံုျဖင့္ ေၾကာင္ေပါက္ေလးလို အသံ
တိုးတိုးေလးျပဳသည္။ ဖိကပ္ကာအိပ္ထားေသာ..
ပါးေလးတစ္ဖက္က နီျမန္းေနသည္မွာ ထိပ္နား
တြင္ အနီေရာင္ပိုကဲေသာ ပန္းသီးေလးႏွင့္တူ
သည္။
သစ္မိုးအိမ္ အသည္းယားစြာျဖင့္ ပန္းသီးေလးလို
ပါးေလးကို ဆြဲငံုျပစ္လိုက္သည္။ အိက်ိက်ိျဖင့္
အထိအေတြ႔က ႏို႔ကိတ္ေလးလိုပင္..။
"Da..Daddy.. "
သူနာသြားသည္ႏွင့္ သူ႔daddy ကို တေတာ့
သည္။ သစ္မိုးအိမ္ အသည္းယားလြန္းေသာ
ေၾကာင့္ ႏွစ္ကိုက္သံုးကိုက္ ထပ္ကိုက္ျပစ္လိုက္
၏။ ေနာက္ဆံုးတြင္ေတာ့ ရြက္စိမ္းဆီက ကိုကို႔
ကို မေခၚေတာ့ဘူးဆိုကာ ေအာ္ငိုမွသာ သစ္မိုးအိမ္
အင္တင္တင္ျဖင့္ ရပ္တန္႔လိုက္ရ၏။
သို႔ေသာ္ ေခ်ာ့သည္ဟူေသာ ေခါင္းစဥ္ေအာက္
တြင္ေတာ့ အေတာ္ၾကာေနကာ အားရပါရ..
နမ္းျပစ္လိုက္ေသးသည္။ သစ္မိုးအိမ္က စီးပြားေရး
ေလာက၏ ဘုရင္တစ္ပါးျဖစ္ေသာေၾကာင့္ လူည့ံ
ေတာ့ မဟုတ္ေပ..။
.............
"ကိုကို ရြက္စိမ္းေလး Daddy ဆီသြားခ်င္လို႔..
Daddy က ဘယ္နားမွာလဲဟင္.."
သစ္မိုးအိမ္ ဖက္ထုပ္ေပါင္းတစ္ခုကို တူျဖင့္ညႇပ္
ကာ ရြက္စိမ္းကိုခြံ႔လိုက္ရင္း ေပါက္စီျဖဴေလးလို
ျဖစ္ေအာင္ အစာသြပ္လိုက္သည္။ သူျပန္ေျဖလိုက္
သည္။
"Daddy က မအားဘူး clover.. လိမၼာတယ္
ကိုကိုန႔ဲဘဲေနေနာ္။ Daddy ကို မေႏွာင့္ယွက္မိ
ေစန႔ဲ..။ အာ..ပါးစပ္ဟ"
"အာ.." ရြက္စိမ္း ေခါင္းေလးၿငိမ့္ရင္း ပါးစပ္ဟ
ေပးလိုက္သည္။ ကိုကိုေျပာတာမွန္တယ္။ ရြက္စိမ္း
ေလးက အလုပ္မ်ားေနတ့ဲ Daddy ကိုသြားေႏွာင့္
ယွက္လို႔မျဖစ္ဘူးေရာ..။
"ကိုကို..ေတာ္ၿပီ ရြက္စိမ္းေလး စားႏိုင္ေတာ့ဘူးရယ္"
သစ္မိုးအိမ္ လက္ထဲတြင္ ကိုင္ထားေသာဖက္ထုပ္
ကို ၾကည့္ကာမ်က္ေမွာင္ၾကဳတ္လိုက္မိသည္..။
ဆယ္ေက်ာ္သက္ေလးျဖစ္လာေသာ ရြက္စိမ္းက
တျဖည္းျဖည္း အစားနည္းလာသည္။ မျဖစ္ေသး
သူ ေဆးရံုတစ္ခုတြင္ ရက္ခ်ိန္းယူကာစစ္ေဆးရန္
လုပ္ရမည္။
"clover... ဒီတစ္ခုထပ္စားလိုက္ဦး လိမၼာတယ္"
"ဟုတ္က့ဲ.." လိမ္လိမ္မာမာျဖင့္ စားလိုက္ေသာ္
လည္း မၾကားတၾကားေတာ့ေျပာေသးသည္..။
ကိုကိုန႔ဲ Daddy က ရြက္စိမ္းေလးကို အႏိုင္က်င္
ၿပီး..အစာသြပ္မုန္႔မုန္႔လုပ္ေနၾကတာလား မသိေတာ့
ပါဘူးတ့ဲ..။
...............
"ဘယ္လိုလဲ ကိုယ့္ရံုးခန္းကိုသေဘာက်လား..။
ဟိုနားကခံုက မင္းအတြက္ျပင္ေပးထားတာ..။
အဆင္မေျပတာ႐ွိ ကိုယ့္ကိုေျပာေနာ္ ဝမ္ဟိုင္."
လင္းေနက သူ၏အျပံဳးခ်ိဳခ်ိဳျဖင့္ပင္ ခ်ာတိတ္
ေလးကိုၾကည့္ရင္း ေျပာလိုက္သည္။
.........
(တိုသြားမွန္းသိပါတယ္.. ဒီအပိုင္းကဆက္ေရးရဦး
မွာေပမယ့္ အိပ္ေရးပ်က္တာေတြမ်ားၿပီး..မ်က္လံုး
ႏွစ္လံုးက Rs ခ်ိတ္သြားလို႔ပါ..🤧..။ မနက္ျဖန္
တစ္ပိုင္း႐ွိပါမယ္..)
Melon Dream babe ya..!..
JM(210625)
Next>>>>
(သဝန်တို လူကြီးမင်း သစ်မိုးအိမ်)🖤
(unicode )🍀🍀🍀🍀
Part-64
(ကိုယ်..ချစ်သော clover..!!..)
"clover တစ်ကယ်ကိုကို့ပေါ်က မဆင်းတော့ဘူး
လား..."
သစ်မိုးအိမ်..သူ့ပေါ်ကိုအာလာဝက်ဝံလေးသစ်ပင်
တက်သလိုအတင်းတွယ်ကပ်ကာခွတက်ထားသော
ဖရဲသီးလေးကို ပြုတ်ကျမသွားစေရန်အသာထိန်း
ကိုင်ထားရင်မေးလိုက်၏။ သူ့အမေးကိုခေါင်းအတင်း
ခါပြလာသော ရွက်စိမ်းက သစ်မိုးအိမ်လည်ပင်းကို
ပင် အတင်းသိုင်းဖက်ထားသေး၏။
ရွက်စိမ်း သစ်မိုးအိမ်ကိုယ်ပေါ်တွင် တွယ်ကပ်
နေသည်မှာ မနက်ခင်းထဲကဖြစ်ပြီး သစ်မိုးအိမ်
နက်(ခ်)တိုင်ပင် မစည်းအားဘဲလက်တစ်ဖက်
တွင်ကိုင်ထားရသည်။ ကျန်တစ်ဖက်က ချာတိတ်
လေးကို ထိန်းကိုင်ရင်းအလုပ်သွားရန်ပြင်ဆင်နေ
သည်မှာ ကားနားပင်ရောက်နေပြီဖြစ်သော်လည်း
ကိုယ်ပေါ်မှအဆိုးလေးက လုံးဝမဆင်းပေးပေ..။
"clover.. က လိမ္မာပါတယ် ကိုကိုဖရဲသီး
ဝယ်ကျွေးမယ်လေ.."
"ကိုကို..အဟင့်.."
မငိုဘဲ ရှိုက်သံထွက်ကာချွဲတတ်သောအကျင့်
လေးက ဘယ်ကတတ်လာသည်မသိ။ သစ်မိုးအိမ်
ကို အသည်းယားအောင်လုပ်နေတော့၏။ မနက်
အစောထဲက သူ့သူငယ်ချင်းတိမ်ငယ်တို့ရွာသို့
အလည်လိုက်ချင်နေဟု ဆက်တိုက်ပြောနေခြင်း
ဖြစ်သည်။ Y မြို့တော်နှင့်မဝေးသော ဒေသဖြစ်
သော်လည်း ညအိပ်ခရီးမို့ ချာတိတ်လေးကို..
မခွဲနိုင်သောသူက မလွှတ်ချင်..။ သူ့မမြင်ကွယ်
ရာတွင် ဒဏ်ရာရာသွားမှဖြင့် ရင်ကျိုးမည်သူမှာ
သူသာဖြစ်သည်။
ဒဏ်ရာရဖူးသော သားရဲတစ်ကောင်ဖြစ်သော..
သစ်မိုးအိမ်၏ စိုးရိမ်မှုများက ကလေးငယ်အတွက်
အနေကြပ်စေမည်ကို သိသော်လည်း သူစိတ်ပူမှု
များကို သူကိုယ်တိုင်လည်း မထိန်းချုပ်နိုင်..။
အလိုလိုက်ထားလွန်းသောကြောင့် ဆိုးနေသော
ချာတိတ်လေးရွက်စိမ်းက တတွတ်တွတ်ပြောကာ
တောင်းဆိုနေတော့သည်။ ဒီတစ်ခါတော့ သူ..
အလျော့မပေးချင်ပါ။ ချာတိတ်လေးကို သင်ခန်းစာ
ပေးမှကိုဖြစ်မည်။
"မဆိုးရဘူး ကိုကိုမကြိုက်ဘူး clover.."
သစ်မိုးအိမ် ထိန်းကိုင်ထားသော မက်မွန်သီးလေး
ကို ခပ်ဆဆရိုက်ပြစ်လိုက်သည်။ အသံကိုလည်း
အနည်းငယ် မာကာပြောလိုက်သည်။ သူ့ကိုရိုက်
လိုက်တော့ အကောင်ပေါက်လေးက နှုတ်ခမ်းလေး
ထော်သွား၏။ ပြီးနောက် သစ်မိုးအိမ်ပါးတစ်ဖက်ကို
နမ်းကာ သစ်မိုးအိမ်ပုခုံးပေါ် ခေါင်းမှောက်ပြီးငြိမ်
သွားတော့သည်။ ဟွန့်ကနဲနေအောင် နှာမှုတ်သံ
လေးပြုသွားဖို့လဲမမေ့..။
သဘောကတော့ ရွက်စိမ်းစိတ်ဆိုးနေပါတယ်
ဟွန့်..ဟွန့်ပေါ့..။ သစ်မိုးအိမ် ရီချင်စိတ်ကို..
ချောင်းအဟာဟမ့်ကာ ထိန်းလိုက်ရင်း ပုခုံး
ပေါ်တွင်ခေါင်းမှောက်ထားသောကောင်လေး
ဘက်သို့ ခေါင်းအနည်းငယ်စောင်းကာ ချော့
မြူသလိုနမ်းလိုက်၏..။
"ကိုကိုက ဒီနေ့အစည်းအဝေးတစ်ခုရှိလို့ ကုမ္ပဏီ..
ကို မဖြစ်မနေသွားရမှာ..။ clover လိုက်ချင်လား"
ရွက်စိမ်းက ခေါင်းလေးကိုငြိမ့်ပြလာသော်လည်း
နှုတ်ခမ်းလေးကိုတော့ ထော်ထားတုန်းပင်။ ရွက်စိမ်း
၏ တုန့်ပြန်မှုလေးပြီးသည်နှင့် သူပြောလိုက်သည်။
"ကိုကို့ပေါ်က မဆင်းချင်ဘူးလား.."
"ဆင်းဘူး..။ ကိုကိုကဆိုးတယ်..ရွက်စိမ်းလေး
က မဆင်းဘူးရော.."
ခေါင်းခါပြလာသော ရွက်စိမ်းက အတင်းပင်
တွယ်ကပ်ထားသေးသည်။ ရွက်စိမ်းက စိတ်
ကောက်နေသော ဖရဲသီးလေးလိုပင်ဖြစ်သည်။
သစ်မိုးအိမ် ပြုံးလိုက်မိ၏။
"ကောင်းပါပြီဗျာ.. ခေါင်းသတိထား.."
သစ်မိုးအိမ် ကိုအာလာဝက်ဝံလေးကိုသယ်ရင်း
ပင် ကားမောင်သူနေရာတွင် နေရာယူလိုက်၏။
လက်တစ်ဖက်ဖြင့် ခေါင်းလုံးလုံးလေးမထိခိုက်ရ
အောင်ကာပြီးမှနေရာယူသော သစ်မိုးအိမ်က..
ဂရုစိုက်တတ်လွန်းသူဖြစ်သည်။
ကားမောင်းလိုက် မီးပွိုင့်နှင့်ကားပိတ်၍ရပ်ရချိန်
တိုင်း ရင်ခွင်ထဲကချာတိတ်လေးကိုနမ်းနေသော
ဒုဥက္ကဌကြီးသည် ကုမ္ပဏီသို့ နာရီဝက်ကြာသွား
ရသောခရီးကို တစ်နာရီခွဲကြာအောင် မောင်းခဲ့ရ
လေ၏။ တကယ်ကိုဘဲ Y မြို့တော်ရဲ့လမ်းတွေ
က ပိတ်နိုင်လွန်းသည်။
ကုမ္ပဏီ ရောက်သောအချိန်တွင် ကလေးဆိုး
လေးက အိပ်ပျော်နေပြီဖြစ်သောကြောင့်
သစ်မိုးအိမ် မနိုးစေရအောင် ပွေ့ချီထားရင်းပင်
ကုမ္ပဏီထဲဝင်လာခဲ့သည်။ သစ်မိုးအိမ် ပုံစံက
ကလေးတစ်ဖက် လက်ဆွဲအိတ်နှင့် နက်(ခ်)
တိုင် တွဲကိုင်ရက်သားတစ်ဖက်ဖြင့် ဒုဥက္ကဌ
ရုံးခန်းသို့ဦးတည်လိုက်သည်။
သစ်မိုးအိမ်က သဝန်တိုတတ်သော လူကြီးမင်း
ဖြစ်သောကြောင့် ခြေလှမ်းကျယ်များဖြင့်..
လှမ်းကာလျှောက်သွားသည်မှာ လေအလျင်ကဲ့သို့
ပင်ဖြစ်၏။ GS group မှ ဝန်ထမ်းများသည်..
တည်ကြည်သောဒုဥက္ကဌသည်တစ်စုံ တစ်ယောက်
ကို တယုတယချီပိုးသွားသည်ဟု ကောက်ချက်ချနိုင်
ယုံမှလွှဲ၍ ဘာမှမသိလိုက်ကြပေ..။
သစ်မိုးအိမ်က ဖြစ်နိုင်လျှင်ကောင်လေးကို သူ့ကိုယ်
တွင်တွဲချည်ကာ နေရာတိုင်းခေါ်သွားချင်သူမို့...
အလုပ်ခန်းထဲတွင်ရှိသည် အိပ်ယာပေါ်တွင် ရွက်စိမ်း
ကို သိပ်ထားမည့် အတွေးကိုဖယ်ထုတ်လိုက်ကာ..
လက်မောင်းများကြားတွင်သာ ပွေ့ထားလိုက်သည်။
သစ်မိုးအိမ် ကိုယ်ကိုခပ်လျော့လျော့ဖြစ်အောင်
ပြုရင်း ဒုဥက္ကဌထိုင်ခုံတွင် ဝင်ထိုင်လိုက်ကာ..
စားပွဲပေါ်တွင်တင်ထားသော ဖိုင်များကို စစ်ဆေး
ပြီး လက်မှတ်ထိုးပေးနေလိုက်၏။ ချစ်သောကောင်
လေး မနိုးလာစေရန် ခပ်ဖြည်းဖြည်းချင်းလုပ်နေ
သော သစ်မိုးအိမ်က ရွက်စိမ်းဆီမှအသံတိုးတိုးလေး
ထွက်လာတိုင်း အပြစ်ကြီးကျူးလွန်မိသူလို မျက်ခုံး
များကို တွန့်ချိုးသွားတတ်သေး၏။
သစ်မိုးအိမ် လက်မှတ်ထိုးစရာစာရွက်စာတမ်း
များပြီးသလောက်ရှိချိန်တွင် ရွက်စိမ်းက အိပ်ချင်
မူးတူးလေးဖြင့် ခေါင်းထောင်လာသည်..။
"ကိုကို ဘယ်နှစ်နာရီထိုးပြီလဲ.."
သစ်မိုးအိမ် လက်ကနာရီကိုတစ်ချက်ကြည့်ကာ
ပြန်ဖြေလိုက်သည်။
"၁၀နာရီ clover.."
"မိုးမလင်းသေးဘူးပေါ့.. ရွက်စိမ်းလေး ပြန်အိပ်
လိုက်ဦးမယ်ရော.."
မနက် ၁၀နာရီနှင့် ည၁၀နာရီမှားနေသော
ရွက်စိမ်းကြောင့် သစ်မိုးအိမ် ခပ်ဖွဖွရီမိသည်။
"အရူးလေး မနက်၁၀ နာရီပါ.. ည၁၀ နာရီ
မဟုတ်ဘူး.."
"ဟင်..!.."
ချက်ချင်းပင် ခေါင်းထောင်လာကာ မျက်လုံးပြူး
ပြူးလေးဖြင့် ဟိုဟိုသည်သည်ကြည့်လာ၏။ ပြီးမှ
ပြန်မှတ်မိသွားပုံဖြင့် ကြောင်ပေါက်လေးလို အသံ
တိုးတိုးလေးပြုသည်။ ဖိကပ်ကာအိပ်ထားသော..
ပါးလေးတစ်ဖက်က နီမြန်းနေသည်မှာ ထိပ်နား
တွင် အနီရောင်ပိုကဲသော ပန်းသီးလေးနှင့်တူ
သည်။
သစ်မိုးအိမ် အသည်းယားစွာဖြင့် ပန်းသီးလေးလို
ပါးလေးကို ဆွဲငုံပြစ်လိုက်သည်။ အိကျိကျိဖြင့်
အထိအတွေ့က နို့ကိတ်လေးလိုပင်..။
"Da..Daddy.. "
သူနာသွားသည်နှင့် သူ့daddy ကို တတော့
သည်။ သစ်မိုးအိမ် အသည်းယားလွန်းသော
ကြောင့် နှစ်ကိုက်သုံးကိုက် ထပ်ကိုက်ပြစ်လိုက်
၏။ နောက်ဆုံးတွင်တော့ ရွက်စိမ်းဆီက ကိုကို့
ကို မခေါ်တော့ဘူးဆိုကာ အော်ငိုမှသာ သစ်မိုးအိမ်
အင်တင်တင်ဖြင့် ရပ်တန့်လိုက်ရ၏။
သို့သော် ချော့သည်ဟူသော ခေါင်းစဉ်အောက်
တွင်တော့ အတော်ကြာနေကာ အားရပါရ..
နမ်းပြစ်လိုက်သေးသည်။ သစ်မိုးအိမ်က စီးပွားရေး
လောက၏ ဘုရင်တစ်ပါးဖြစ်သောကြောင့် လူညံ့
တော့ မဟုတ်ပေ..။
.............
"ကိုကို ရွက်စိမ်းလေး Daddy ဆီသွားချင်လို့..
Daddy က ဘယ်နားမှာလဲဟင်.."
သစ်မိုးအိမ် ဖက်ထုပ်ပေါင်းတစ်ခုကို တူဖြင့်ညှပ်
ကာ ရွက်စိမ်းကိုခွံ့လိုက်ရင်း ပေါက်စီဖြူလေးလို
ဖြစ်အောင် အစာသွပ်လိုက်သည်။ သူပြန်ဖြေလိုက်
သည်။
"Daddy က မအားဘူး clover.. လိမ္မာတယ်
ကိုကိုနဲ့ဘဲနေနော်။ Daddy ကို မနှောင့်ယှက်မိ
စေနဲ့..။ အာ..ပါးစပ်ဟ"
"အာ.." ရွက်စိမ်း ခေါင်းလေးငြိမ့်ရင်း ပါးစပ်ဟ
ပေးလိုက်သည်။ ကိုကိုပြောတာမှန်တယ်။ ရွက်စိမ်း
လေးက အလုပ်များနေတဲ့ Daddy ကိုသွားနှောင့်
ယှက်လို့မဖြစ်ဘူးရော..။
"ကိုကို..တော်ပြီ ရွက်စိမ်းလေး စားနိုင်တော့ဘူးရယ်"
သစ်မိုးအိမ် လက်ထဲတွင် ကိုင်ထားသောဖက်ထုပ်
ကို ကြည့်ကာမျက်မှောင်ကြုတ်လိုက်မိသည်..။
ဆယ်ကျော်သက်လေးဖြစ်လာသော ရွက်စိမ်းက
တဖြည်းဖြည်း အစားနည်းလာသည်။ မဖြစ်သေး
သူ ဆေးရုံတစ်ခုတွင် ရက်ချိန်းယူကာစစ်ဆေးရန်
လုပ်ရမည်။
"clover... ဒီတစ်ခုထပ်စားလိုက်ဦး လိမ္မာတယ်"
"ဟုတ်ကဲ့.." လိမ်လိမ်မာမာဖြင့် စားလိုက်သော်
လည်း မကြားတကြားတော့ပြောသေးသည်..။
ကိုကိုနဲ့ Daddy က ရွက်စိမ်းလေးကို အနိုင်ကျင်
ပြီး..အစာသွပ်မုန့်မုန့်လုပ်နေကြတာလား မသိတော့
ပါဘူးတဲ့..။
...............
"ဘယ်လိုလဲ ကိုယ့်ရုံးခန်းကိုသဘောကျလား..။
ဟိုနားကခုံက မင်းအတွက်ပြင်ပေးထားတာ..။
အဆင်မပြေတာရှိ ကိုယ့်ကိုပြောနော် ဝမ်ဟိုင်."
လင်းနေက သူ၏အပြုံးချိုချိုဖြင့်ပင် ချာတိတ်
လေးကိုကြည့်ရင်း ပြောလိုက်သည်။
.........
(တိုသွားမှန်းသိပါတယ်.. ဒီအပိုင်းကဆက်ရေးရဦး
မှာပေမယ့် အိပ်ရေးပျက်တာတွေများပြီး..မျက်လုံး
နှစ်လုံးက Rs ချိတ်သွားလို့ပါ..🤧..။ မနက်ဖြန်
တစ်ပိုင်းရှိပါမယ်..)
Melon Dream babe ya..!..
JM(210625)
Next>>>>