A Forgotten Love[Completed]

By Lily_Han02

1M 61.6K 5.9K

❦{Own Creation}❦ Unicode "မေ့လျော့ခံရတဲ့ ချစ်ခြင်းမေတ္တာတွေ" အလေးအနက် မထားမိခြင်းနဲ့ ပေါ့ရော့မှုတွေရဲ့ အဆုံးသ... More

A Forgotten Love-1
A Forgotten Love-2
A Forgotten Love-3
A Forgotten Love-4
A Forgotten Love-5
A Forgotten Love-6
A Forgotten Love-7
A Forgotten Love-8
A Forgotten Love-9
A Forgotten Love-10
A Forgotten Love-11
A Forgotten Love-12
A Forgotten Love-13
A Forgotten Love- 14
A Forgotten Love- 15
A Forgotten Love- 16
A Forgotten Love- 17
A Forgotten Love- 18
A Forgotten Love- 19
A Forgotten Love-20
A Forgotten Love-21
A Forgotten Love-22
A Forgotten Love-23
A Forgotten Love-24
A Forgotten Love-25
A Forgotten Love-26
A Forgotten Love-27
A Forgotten Love-28
A Forgotten Love-29
A Forgotten Love-30
A Forgotten Love-31
A Forgotten Love-32
A Forgotten Love-33
A Forgotten Love-34
A Forgotten Love-35
A Forgotten Love-36
A Forgotten Love-37
A Forgotten Love-38
A Forgotten Love-40
A Forgotten Love-41
A Forgotten Love-42
A Forgotten Love-43
A Forgotten Love-44
A Forgotten Love-45
A Forgotten Love-46[Special Part]
A Forgotten Love-47
A Forgotten Love-48
ကောက်ကောက်ရဲ့Chibi art
A Forgotten Love-49
A Forgotten Love-50[Final Part]
Birthday Dates
ဝင်ဖတ်ပေးကြပါနော်
Book
Inner art
Book Details
Preorder deadline/payment deadline
Preorder နောက်ဆုံးရက်

A Forgotten Love-39

16K 980 144
By Lily_Han02

Unicode

//ပစ်ပယ်ခံရခြင်းကနေ ဟန်နီလွတ်မြောက်ခဲ့
ပါတယ်။ကိုယ်ကတော့ အပြစ်ဒဏ်တွေထဲမှာ
ချောင်ပိတ်ခံထားရဆဲ..//

ခဲစိမ်းရောင်ဖဲသားရှပ်အား အနက်ရောင်Casual Pantsဖြင့် တွဲဖက်ဝတ်ဆင်ထားသော ဟယ်ရီ
သည် ပြေပြစ်သောရုပ်ရည်ရှိ၏။ခါတိုင်းများက
လိုသာ ဆံပင်ကိုလည်း တစ်ဝက်မျှသာစုစည်းထားသည်။လက်ထံ၌ accessories ring များနှင့်လည်း
ဖြစ်သည့်အလျောက် ခပ်မျှင်မျှင်သာရှိသော လက်စွပ်ကွင်းများပေါ် ခရမ်းစွဲကျောက်ပွင့်တို့မှာ
မူ ဆန်းသစ်သောဒီဇိုင်းမျိုးဖြင့် တန်ဆာဆင်ခြင်း
ကိုပင် ခံထားကြရသည်။

လက်ကောက်ဝတ်၌တွင်လည်း accessories
များက မပါမဖြစ်ပင်။Braceletများဝတ်ရခြင်းကိုတော့ ဟယ်ရီကအနှစ်သက်ဆုံးဖြစ်သည်။

"ပိုင် ငါဝင်လာမယ်နော်"

"ရတယ်ဟယ်ရီ ဝင်လာခဲ့လေ၊ကိုယ်လော့ချမထားဘူး"

ပိုင်​၏အခန်းတံခါးသို့ သုံးချက်ခေါက်ကာ ဟယ်ရီက အသံပေးလျက်ဝင်လာရသည်။အခန်းထဲသို့
ရောက်တော့ ပိုင်သည်လည်း အပြင်သွားရန်
ပြင်ဆင်နေပြီးပြီပင်။Rockyတို့ကို သွားတွေ့ဖို့ရာ
ပိုင်က သူကိုယ်တိုင်လိုက်ပို့ပေးချင်သည်ဟုသာ
တောင်းဆိုခဲ့၍ ဟယ်ရီလည်း မငြင်းရက်ခဲ့ပါ။

အုတ်ကျိုးရောင်ရှပ်နှင့်ဖြစ်သောပိုင်က ဝတ်နေကျအတိုင်း ဂျင်းအနက်ဖြင့်တွဲဝတ်လို့ထားသည်။

ပိုင်က ဟယ်ရီ့ကိုရယ်ပြလိုက်ရင်း ရေမွှေးကိုလည်းဆွတ်လိုက်သည်။ပိုင့်လက်ထဲမှ ရေမွှေးပုလင်းကို
ပင် ဟယ်ရီသည် နှစ်ခါပြန်ကြည့်စရာပင်မလိုချေ။CHANELတံဆိပ် COCO Noir,အနက်ရောင် ရေမွှေးပုလင်း။ပိုင့်အတွက် ဟယ်ရီလက်ဆောင်ပို့ပေးခဲ့သည့် ရေမွှေးသာဖြစ်နေသည်။

"သားရော စိုးစံဆီမှာလား"

"ကောက်ကောက်လေးက မေမေတို့ဆီမှာ။
ဒီည သူ့မေဘွားတို့နဲ့ အိပ်မလို့တဲ့"

"ငါ့ကို လိုက်ပို့ပြီးတာနဲ့ အိမ်ပြန်လိုက်။
မနက်ဖြန် Jakeတို့ ရောက်လိမ့်မယ်။အဲ့တာ
တိုက်ခန်းမှာပဲ သွားနေတော့မလို့"

သက်ပြင်းချသံ သဲ့သဲ့လေးတော့ ထွက်လာပါရဲ့
ပိုင်က လှည့်ကြည့်မလာ။နောက်တစ်ချက်
သက်ပြင်းရှိုက်ချလိုက်သံမှာ ထပ်ကာထွက်လာတော့ ဟယ်ရီ့မှာမနေနိုင်။ပိုင့်ကို ခေါင်းစောင်းကာ
ငေးမောကြည့်မိတော့ ပိုင်ကအသံတိတ်ငိုနေသည်။ဪ..ပိုင်ငိုနေရသည်ပဲ။သူ့ကြောင့် ငိုနေရသည်ပဲ။

"ပိုင် ဘာလို့ငိုနေတာလဲ"

"မင်း ထွက်သွားမှာကို ကြောက်လို့။
ကိုယ့်ကိုထပ်ထားသွားမှာကို ကိုယ်.."

စကားတို့ဟာ ဆက်မလာတော့။
အသံတိတ်မတ်တတ်ရပ်တော့ ဟယ်ရီကငေးမော
ကြည့်နေဆဲသာ။အံဆွဲကိုဖွင့်၍ ယွန်းသေတ္တာလေးတစ်ခုကိုပင် ပိုင်က ထုတ်ယူနေသည်။ပြီးနောက် တော့ ပိုင်သည် ဟယ်ရီ့ဆီီသို့လျှောက်လာနေသည်။

မျက်ဝန်းအိမ်အတွင်းမှ ခုန်ဆင်းသွားသော
အထိန်းအကွပ်မဲ့ မျက်ရည်များကိုပင် ပိုင်သည်
မတားမြစ်လိုက်နိုင်။လက်ခုံနှင့်ဖိသုတ်ပစ်တော့
မျက်ရည်ဟာ ဝမ်းနည်းရစိတ်နဲ့အတူ ထပ်ကျရပြန် သတဲ့။

ဟယ်ရီသည် ပိုင့်အား ထွေးဖက်ထားပေးခဲ့ချင် သော်ငြားလည်း မလုပ်မိခဲ့ပါ။သို့ရာတွင် အံကို
တင်းစွာကြိတ်ထားမိရာမှ ပိုင့်ကိုပင် မငိုရန်လည်းပြောရတော့သည်။

"ပိုင် မငိုနဲ့လေ။ဘာလို့ ငိုနေတာလဲ"

"ဒီမှာကြည့် ဟယ်ရီ..မင်းနဲ့လိုက်မယ် ထင်တဲ့
လက်ပတ်လေးတွေကို ကိုယ်ဝယ်စုထားတာ။
မင်းက ခရမ်းရောင်ကြိုက်တော့ ခရမ်းရောင်
လက်ပတ်ကြိုးလေးရော။နောက်..နောက်ပြီး
မင်းက အညိုရောင်နဲ့လည်း လိုက်တယ်။
မင်းက အနီလေးနဲ့လည်း လိုက်တယ်။
မင်းပြန်လာရင် ဝတ်ဖို့ ကိုယ်ဝယ်စုထားတာ
ကြည့်ပါဦး အများကြီးဖြစ်နေပြီ"

"ပိုင်.."

"ဟင့်အင်း ကိုယ့်ကို မငြင်းပါနဲ့။
ကိုယ် မင်းကို ဝတ်စေချင်လို့ ဝယ်စုထား
တာတွေပါ"

လက်ပတ်ကြိုးတို့ကိုပင် ဟယ်ရီ့လက်သို့တစ်ကြိုးပြီးတစ်ကြိုး ပတ်ပေးလာသော ပိုင်သည် မူမမှန်ချေ။

ထို့နောက်တော့ ငိုရှိုက်နေဆဲဖြစ်သော ပိုင်သည်
ကြမ်းပြင်ပေါ်သို့ထိုင်ချပစ်လိုက်ကာ နင့်နင့်နဲနဲ
သူငိုမိရတော့သည်။

ဟယ်ရီိ့ကိုလည်း ဖက်တွယ်ထားရှာသော ပိုင်၊
သူ့ဆီ၌ အကြောက်တရားများက ကိန်းဝပ်နေခဲ့
သည့်ပုံ။

မင်းက ထပ်ထားခဲ့ဦးမှာဆိုတဲ့ ဒီစိတ်တွေနဲ့
ကိုယ်က အကြိမ်ကြိမ်အခါခါသေရတယ် ဟန်နီ။

"ကိုယ့်ကို မထားခဲ့ပါနဲ့။တောင်းပန်ပါတယ်
ဒီလောက်နဲ့ပဲ တော်ပါတော့။မင်းသာ
ထပ်ထွက်သွားရင် ကိုယ်သေမှာ ဟန်နီိရဲ့
ကိုယ်သေလိမ့်မယ် တော်ပါတော့"

"ကိုယ့်ကိုမထားခဲ့ပါနဲ့ တော်ပါတော့
ဟန်နီရယ်၊ကိုယ်သတ်သေမိတော့မယ်"

"ပိုင်! မင်း..မင်းကွာ"

​ထွက်မသွားတော့ဖို့ ခြိမ်းခြောက်တဲ့စကားဟုပင်
ဟယ်ရီ,မတွေးနိုင်တော့စွာ "မင်းကွာ"လို့သာ မချင့် မရဲရေရွတ်မိ၍ ပိုင့်ကိုသာပင် ဖက်ထားမိတော့သည်
တင်းတင်းကျပ်ကျပ်ရယ်။

ရှိုက်သံ၊ငိုသံတွေလည်း ထွက်ပါတယ်။ဒါဟာ ကာယကံရှင်တွေဖြစ်တဲ့ ပိုင်နဲ့ဟယ်ရီ့ဆီက ငိုသံတွေပါ။ပိုင့်ခေါင်းကို ပွတ်သပ်ပေးဖြစ်တော့
ချော့တဲ့ကလေး ပိုငိုဆိုသလို ပိုင်သည် ပိုကာငိုချ
လာတော့​၏။ယခုမှ သူ့မှာ ဖွင့်ထုတ်ချပစ်လိုက်ရ
သော မျိုသိပ်ထားရခြင်းအထုပ်အပိုးလေး ကဲ့သို့
နှယ်။

"ပစ်ပယ်ခံရခြင်းကနေ မင်းလွတ်မြောက်ခဲ့
ပါတယ် ဟန်နီ။ဒါပေမဲ့ ကိုယ်ကတော့
အပြစ်ဒဏ်တွေထဲမှာ ပိတ်မိနေတယ်"

"ကိုယ် ရုန်းမထွက်နိုင်ဘူး ဖြစ်နေတယ်
ဟယ်ရီရယ်..ကိုယ့်ကိုကယ်ပါဦး"

စကားတိုင်းမှာ အဆိပ်လူးမြားတွေများပါ
ပါသလား။ရင်ကို အစိတ်စိတ်ကြေမွစေနိုင်
တဲ့ စကားလုံးတွေဟာ ပိုင့်ဆီကနေ ထွက်လာနေခဲ့တယ်။

အတိတ်ရဲ့ နာကျင်ရခြင်းတွေဟာ ပိုင့်ကြောင့်။
ပစ္စုပ္ပန်ရဲ့ သနားကြင်နာမိခြင်းတွေဟာလည်း
ပိုင့်ကြောင့်။

မင်းပိုင်စိုးသူဆိုတဲ့ သည်နွံတောထဲကနေ
ရုန်းထွက်လို့လည်း မလွတ်မြောက်ခဲ့။
"ကယ်ပါဦး"ဆိုတဲ့ စကားသံမှာ ဟယ်ရီကတော့
လဲပြိုကျသွားရသည့်ပုံ။စိတ်တင်းထားရမှုတွေကို
လည်း သူဟာ လက်မြောက်အရှုံးပေးလိုက်ရသည့်ပုံ။

ဒါဟာ ရင်နာစရာလည်းကောင်းသလို၊ပိုင့်ကိုလည်း
ဟယ်ရီ ကိုယ်ချင်းစာနိုင်တာမျိုးပါ။

ကူကယ်နိုင်သူ ကူရာမဲ့တော့ မျှော်လင့်ချက်က
မင်းပေါ့ ဟယ်ရီရယ်..မင်းပဲပေါ့။

"ဒီအိမ်မှာ ဆက်နေစေချင်တာ မဟုတ်လား။
နေပေးပါ့မယ်၊ငါနေပေးပါ့မယ် ပိုင်ရယ်
မငိုပါနဲ့တော့ကွာ"

"အင်း..ကိုယ့်ကို ထပ်ထားမသွားနဲ့တော့နော်
ဟယ်ရီ"

ပိုင်ကတောင်းဆိုမိတော့ ဟယ်ရီသည် အဖြေပြန်
မလာပါ။ပိုင့်ပါးပေါ်မှ မျက်ရည်တို့ကို သုတ်ပေး
လာတော့ ပိုင်သည် အရှိုက်လည်းမပြေသေးပေ။
ငိုမိထားသောကြောင့်နှင့် အနည်းငယ်တုန်ယင်
နေသေးသော ပိုင်​၏နှုတ်ခမ်းသားထံသို့ ဟယ်ရီ
သည် လက်မကိုသုံးသာ ဖွဖွပွတ်သပ်တော့​၏။

ပိုင်​၏ရင်ခုန်သံများသည် အစိုးမရတော့။ဟယ်ရီ့ လက်ကောက်ဝတ်မှ ခပ်ဖွဖွဆုပ်ကိုင်မိတော့
ဟယ်ရီသည် နှုတ်ခမ်းသားအား လက်မဖြင့် ပွတ်ဆွဲနေမြဲဖြစ်သည်။

"ဟန်..ဟန်နီ"

"ရှူး..ရင်ခုန်နေတာလား ပိုင်"

"အင်း ကိုယ်..ကိုယ်.."

မျက်ဝန်းတွေကို ငေးစိုက်ကြည့်ဖြစ်ကြတော့
သံလိုက်တွေလို ဆွဲငင်အားတွေနဲ့ တဖြည်းဖြည်း
နီးကပ်လာခဲ့ကြတဲ့ နှုတ်ခမ်းသားတွေဟာ အဆုံး
မှာတော့ ထိတွေ့တော့​၏။

တစိုက်မတ်မတ်လွမ်းဆွတ်ခြင်းတွေနဲ့
နမ်းရှိုက်ဖြစ်သော အကြင်နာသည် အသံများပင်
ခပ်သဲ့သဲ့ကလေးထွက်လာနေသည်။ဟယ်ရီ့ခါးသို
ဖိကိုင်လိုက်ရင်း နမ်းနေတော့၊ဟယ်ရီ့​၏ ဖက်တွယ်
ခြင်းဟာလည်း ပိုင့်လည်တိုင်ဆီတွင်သာ။

"ကိုယ့်ကို ပြန်လက်ခံပေးမလားဟင် ဟယ်ရီ။
ကိုယ်.."

"တော်တော့ ပိုင်။မင်းကိုတော့ ပြန်လက်ခံဖို့
မဖြစ်နိုင်သေးဘူး။ဒီတိုင်း ဒီလိုအခြေအနေ
နဲ့ပဲ အရင်ရှေ့ဆက်ကြည့်ရအောင်။မင်းကို
မျက်လုံးစုံမှိတ်ပြီး ယုံကြည်ပေးနိုင်ဖို့အထိ
တော့ မတတ်နိုင်ဘူး"

ဖူးစာများပါရင် ကြုံပါ၊ဆုံပါ။
ဒီစကားတစ်ခွန်းကို အမှတ်ရတော့
မင်းကိုလည်း ပစ်ပစ်ခါခါ မငြင်းပယ်ရက်။
ဒီတစ်ခါ ရှောင်မထွက်တော့ဘဲ မင်းဆီကို၊
မင်းရဲ့ရင်ခွင်ဆီကိုပဲ ငါ့နှလုံးသားကို တန်းတန်း
မတ်မတ်တိုးဝင်ခွင့်ပြုတော့ ပိုင်ရေ..

ဒါဟာ ခွင့်လွှတ်ပေးခြင်းလည်း မဟုတ်ခဲ့ပါ။
အတိတ်တွေနဲ့ပတ်သက်လာရင်မင်းအတွက်
ခွင့်လွှတ်ခြင်းတွေမရှိမှန်း မင်းသိမှာပေါ့ ပိုင်ရယ်.. ဟုတ်ရဲ့လား။

"ဟေ့ ကောက်ကောက် မသွားနဲ့"

တံခါးအကွယ်က စိုးစံမှာတော့ ဟယ်ရီတို့စနမ်းနေကတည်းက ပြေးထွက်သွားပြီလည်းဖြစ်သည်။
ပိုင်တို့အတွက် စိတ်မကောင်းဖြစ်တာတော့ မှန်ပေ
မင့် နမ်းနေတာကိုတော့ စိုးစံမကြည့်ရဲပါ။​ဆန္ဒလေးက အရုပ်လေးပိုက်ကာ ပိုင့်အခန်းထဲဝင်ဖို့လာနေသေးတော့ စိုးစံမှာပြေးဆွဲလိုက်ရသေးသည်။

"ချိုးချံ ရူချိုး..ချိုးချံ တောင်းဝူး။
ဖေနယ့်ဆီတွားမှာရေ ဘာရို့တားရာရဲ
ကြောကြော"

"မရဘူး ကောက်ကောက်သွားလို့ မရသေးဘူး။
မင်းရဲ့ ဖေငယ်က ဟယ်ရီနဲ့ ဆော့နေတယ်ကွ"

"ဟင် ဟီရယ်..ဒက်ဒက်နဲ့ ချော့နေတာရား။
တောက်တောက်ကို ခေါ်ဝူးကြည့်ချမ်း။
တောက်တောက် ချိတ်ချိုးရိုက်ရင်တောင်းမရားဟင်"

ဆန္ဒလေး​၏စကားကို နားလည်ဖို့ရာ စိုးစံမှာ
အာရုံစိုက်ကာပင် လိုက်နားထောင်ရသည်။
သူ့ဖေငယ်နဲ့ဟယ်ရီက သူ့ကိုပါ ခေါ်မဆော့လို့ စိတ်ဆိုးလိုက်ရင် ကောင်းမလားဟု စိုးစံဆီ၌
အကြံတောင်းနေသော လူလည်လေးပင်။

ဆံကောက်ကောက် ချစ်မွေးလေးကို အသည်းယားလို့ ပါးအိအိကို ဖက်နမ်းပစ်တော့-
"ဖယ်ချမ်း ချိုးချံ"ဆိုကာ ဖယ်ခိုင်းတတ်သည်က ဆန္ဒ​၏ အကျင့်ပင်။

**

"မေမေ သားတို့အပြန်နောက်ကျမယ်နော်"

"အိမ်သော့ယူသွား သားငယ်။ကားလည်း
ဂရုစိုက်မောင်းနော်"

"ဟယ်ရီ သားအစ်ကိုနဲ့ခမ်းလေးတို့ ရောက်ရင်
အိမ်ကို ထမင်းစားဖိတ်တယ်လို့ ပြောလိုက်ပါဦး"

"ဟုတ်ကဲ့ အန်တီ..သားပြောလိုက်ပါ့မယ်"

ပိုင့်အမေကတော့ စကားတပြောပြောနဲ့ ဆန္ဒ
လေးကိုလည်း ထမင်းခွံ့နေသည်။ပိုင့်အဖေကတော့ သတင်းစာဖတ်ဟန်နှင့် သူ့သားငယ်​၏မျက်နှာကို
ပင် မသိမသာ ကြည့်ကြည့်နေတော့သည်။

ရွှင်ပြုံးပြုံးဖြစ်နေသောမျက်နှာနှင့်ပိုင်သည်
အတော်လေးပင် တက်ကြွနေသည့်ဟန်။သူသည် အားအင်တွေပြည့်ဖြိုးသွားသည့်ဟန်နှင့်ဖြစ်နေ
သည်။

"ကောက်ကောက် ဖေငယ်..ဟယ်ရီနဲ့အပြင်
သွားဦးမယ်နော်။ဒီည မေဘွားနဲ့အိပ်မှာမလား"

"ဖေနယ့်ကို ခေါ်ဝူး။ချိုးချံရဲ တောင်းဝူး"

နှုတ်ခမ်းလေးတစူစူ လက်လေးပိုက်ကာပြောတော့ ပိုင့်မှာ အသံထွက်ရယ်မိတာအခါခါရယ်။သား​၏ နဖူးသို့နမ်းတော့ စိတ်မဆိုးနိုင်သော သားက
တစ်ခစ်ခစ်ရယ်နေတော့​၏။သဘောတကျနဲ့သား
ကရယ်တော့ ပိုင့်ကိုဆို မျက်နှာအညှိုးမခံတတ်
သည့်ကလေးဆိုတာကိုပင် ဟယ်ရီယုံကြည်နိုင်
သည်။

"ဖေငယ့်ကို စိတ်ဆိုးနေတာလား"

"ဟုတ်ပါဝူးနော်။ချိုးချံရေ ချိုးချံပေါ့
ဖေနယ့်ဆီ တွားမှာကို ချီပြီး ဦးတော်ခန်းထဲ
ကို ပြေးဝင်ရယ်ရေ"

"ဟာ ကောက်ကောက် မင်းငါ့ကို လွှဲမချနဲ့။
မင်းသွားရင် ပိုင်လေးက ဟယ်ရီနဲ့နမ်းနေတာ
ကို မြင်သွားမှာပေါ့ကွ"

"ဟေ့ကောင်စိုးစံ မင်းလုပ်မှသိကုန်ပြီ"

ပိုင်က အဖေ၊အမေရဲ့မျက်နှာကို ရှက်ရှက်နဲ့
ကြည့်တော့ လူကြီးတွေက မကြားချင်ယောင်
ဆောင်ရတော့သည်။ဘိုးဘိုးက အခန်းထဲမှာ
တရားစာအုပ်ဖတ်နေလို့သာပင် တော်သေး
တယ်ပြောရမည်။ဟယ်ရီ့ကို ကြည့်မိတော့ 
စိုးစံ ဘာတွေကပ်ပြောနေလည်း မသိ။
ဟယ်ရီ့မျက်နှာကတော့ မနေတတ်ဟန်ဖြစ်လာ​၏။ဟယ်ရီ့ကို လက်ဆွဲခေါ်လိုက်၍ အိမ်အပြင်သို့
ထွက်လာတော့ အိမ်ထဲမှ စိုးစံ​၏တဟားဟား
ရယ်သံနောက် ဆန္ဒလေး​၏ တစ်ခစ်ခစ်ရယ်သံ
သည်လည်းလိုက်လာနေသည်။

"ရှက်လိုက်တာကွာ ခွေးကောင်စိုးစံ"

"ဟယ်ရီ့ကို ဘာတွေကပ်ပြောသွားလို့လဲ"

"ဘာပြောရမှာလဲ မင်းကိုဖြည်းဖြည်းလေးပဲ
နမ်းတဲ့။ငါနမ်းတာ ငတ်ပြတ်နေသလိုမျိုး
ဖြစ်နေလို့လား ပိုင်။မင်းသိမှာပေါ့ မင်းပြော
ကြည့်စမ်းပါဦး"

"အဲ အဲ့တာက ဟို..ဟိုလို ငတ်ပြတ်တာမျိုး
မဟုတ်ပေမဲ့.."

"ဘာဖြစ်လဲ ဆက်ပြောလေကွာ"

"ကိုယ်ကတော့ ကြိုက်တယ်။
မင်းကို မနမ်းရတာကြာပြီလေ။
မင်းကို အများကြီး လွမ်းနေခဲ့ရတာ"

မို့မို့အစ်အစ် မျက်ခွံတွေနှင့်ပိုင်က မျက်လုံးတွေ
မှေးကျတဲ့အထိပြုံးတော့ သည်ကောင်လေး
သည်လောက်ပျော်သွားမယ်မှန်းလည်း ထင်မထား
ခဲ့မိပါ။ပါးတစ်ဖက်သို့ ရွှတ်ခနဲ လှမ်းနမ်းမိတော့ ပြုံးရယ်ရင်းကျလာတဲ့ ပိုင့်ရဲ့မျက်ရည်တွေဟာ ပျော်လို့ပါတဲ့။သူ သိပ်ပျော်လို့ပါတဲ့။

"ကိုယ် ပျော်သွားလို့ပါ"

စကားတစ်ခွန်းနဲ့ ရပ်တန့်လိုက်တော့ အဲသည်ထဲမှာ
ပိုင့်ကြောင့် ရန်ခုန်မိတာတွေလည်း မပါပါ။
ချစ်တယ်လို့ ပိုင်က ပြောမလာသေးလည်း ဟယ်ရီ ထပ်ထွက်သွားမှာကို ကြောက်နေတတ်ပြီလည်း
ဖြစ်သည်။

စိတ်ကျရောဂါလို့  ပိုင်နဲ့ ယှဉ်တွဲကြည့်ဖြစ်တော့
ပိုင့်ကိုလည်း ပစ်မထားရက်ခဲ့တော့တာ အမှန်။
အရာရာ၊အားလုံးဟာ သူ့အပြစ်ဆိုတဲ့ စိတ်ဒဏ်ရာ၊အနာတရမျိုးတွေလည်း ပိုင့်ဆီမှ ပျောက်ကင်းသွားစေချင်သောဆန္ဒထံ စေတနာ၊မေတ္တာ၊အကြင်နာများနှင့်ရယ်။

"တကယ်တော့ မင်းထင်မထားတာတွေ
အများကြီးရှိသေးတယ် ပိုင်။ဥပမာပေးရရင်
မင်းရဲ့စိတ်ကျရောဂါ"

"ဟယ်ရီ ဘယ်လိုလုပ်.."

"ဒါတွေကို ဘယ်လိုလုပ်သိလဲဆိုတာ
ပြန်မမေးနဲ့။ဒါပေမဲ့ ငါ မင်းနဲ့ပတ်သက်ရင်
ဒီတစ်နှစ်အတွင်းက အကြောင်းအရာတွေ
ကို အကုန်မဟုတ်ရင်တောင် သိထားတာတွေ
ရှိတယ်"

ငြိမ်ကျသွားတဲ့ ပိုင်က စကားလည်း ပြောမလာ၊ကြည့်လည်း ကြည့်မလာတော့။တုန်တုန်လှုပ်လှုပ်
မျက်နှာရိပ်ကို မင်းမမြင်တာပဲ ကောင်းမယ်ဟယ်ရီ။

ကိုယ်တို့ ကလေးလေးဆိုတဲ့ အတွေးတွေနဲ့တင် ဟယ်ရီ့မျက်နှာကိုလည်း မကြည့်ဝံ့ရှာပါ။
အရာရာ ကိုယ့်အပြစ်၊ကိုယ့်အချစ်၊ကိုယ့်အတ္တ
တွေကြောင့်ပဲပေါ့။

Barကိုရောက်တော့ Rockyနဲ့ဇွဲလွန်းကိုလည်း
တွေ့ပါရဲ့ စကားလည်းမပြောမိ။

"ပိုင် ဘာသောက်မလဲ"

"Brandy တစ်ခွက်..စီးကရက် တစ်လိပ်"

ပိုင့် အပြောကြောင့် ငေးကြည့်လာတဲ့
ဟယ်ရီ။ခပ်ဆွေးဆွေးပြန်ကြည့်ဖြစ်တော့
မင်းကရှောင်လွှဲသွားတယ်။ကိုယ်ရယ်မိတော့
မင်းလည်းမသိ။Brandy တစ်ခွက်၊ဝီစကီ
တစ်ခွက်၊ဒီလိုနဲ့တစ်ခွက်ပြီး တစ်ခွက်။
စီးကရက်ကို သောက်ဖို့ပြင်တော့ ဟန်နီ..
မင်းက စိုးရိမ်တကြီးတားတယ်။
ဟုတ်တယ် ကိုယ် စီးကရက်လည်းမသောက်နိုင်ဘူးလေ။

"အစ်ကိုဟယ်ရီ သူအရမ်းမူးနေပြီထင်တယ်"

"ထားလိုက်ပါ၊ပြီးမှ အစ်ကိုသယ်သွားလိုက်မယ်"

"လွန်းလွန်း ကိုယ်လည်း မူးနေတာပဲလေကွာ"

"ကတုံးကောင် ခင်ဗျား ချွဲချွဲပစ်ပစ်တွေ
မပြောစမ်းနဲ့၊အန်ချင်တယ်"

"ဒါဆို ကြမ်းကြမ်းတမ်းတမ်းလေး လုပ်ပေး.."

စကားလည်းမဆုံး ဖက်ခနဲ အရိုက်ခံရတော့
Rockyမှာ ကျေနပ်တကြီးလည်းပြုံးရသည်။ဇွဲလွန်းကို စနောက်ရခြင်းက Rockyဝါသနာဖြစ်လာခဲ့တာ ကြာခဲ့ပြီပေါ့။Rockyတို့ကိုကြည့်ရင်း ဟယ်ရီရယ်မိနေပြီးမှ ပိုင့်ကိုကြည့်မိရာတွင်တော့ ဟယ်ရီ
မရယ်နိုင်တော့ပါ။

စားပွဲပေါ် မေးတင်ရင်း ပိုင်ကငေးကြည့်နေတော့
မူးနေဟန်များလည်းရှိနေသည်။

"ဟန်နီ ထပ်ပျောက်မသွားနဲ့နော်"

"ဘာလို့လဲ"

"ကိုယ်ကြောက်လို့။မင်းထွက်သွားတော့
ကိုယ့်မှာ စကားလည်းမပြောနိုင်ဘူး။
မင်းက ကိုယ့်ကို နောင်တတွေပဲကျန်အောင်
လုပ်ပေးခဲ့တာ"

"မင်း ထားခဲ့တယ်။ကိုယ့်ကို ထားခဲ့တယ်။
ဟန်နီက..ဟန်နီက ကိုယ့်ကိုထားပစ်ခဲ့တာ
အကြာကြီးပဲ"

အရက်လည်းမူးတော့ အရှိန်လေးလည်းရသွား
သည့်ပုံပင်။ပိုင်ကပြောနေရင်း ငိုချလာတော့ ဟယ်ရီ့မှာ ကပျာကယာအနားသို့တိုးထိုင်ရင်း
ရင်ခွင်ထဲသို့ထည့်ကာ ဖက်ပေးရတော့သည်။ဟယ်ရီ့ကိုဖက်ထားရင်း ရင်ခွင်၌ ခေါင်းမှီထားသော ပိုင်သည် ချွဲတဲတဲလေးလည်း ပြုမူတတ်လာ
သည်။

"ကိုယ့်ကိုပဲ ချစ်နော်"

"ဒါဆို မင်းကရော ငါ့ကိုပဲချစ်မှာလား"

"ကိုယ် မင်းကို ဖွင့်ပြောမှာပါ။ဒါပေမဲ့
အခုက ကိုယ်အများကြီးအရက်မူးနေတာ
မပြောချင်ဘူး။ဘိုးဘိုးက သူ့ငှက်ပျောခင်း
ထဲကနေ ငှက်ပျောသီးအခိုင်လိုက်ယူလာတယ်"

"ကိုယ် မနက်ဖြန်ရောက်ရင် ကန်တော့ပွဲနဲ့
မင်းကိုတောင်းပန်ပြီး ရည်းစားစကားပြောမယ်နော်"

ဟယ်ရီ့ကိုဖက်ရင်း ဟယ်ရီ့ရင်ခွင်မှာပင်
ပိုင်သည် အိပ်ပျော်သွားပြီ။အရက်မူးမူးနဲ့ ပိုင်က လျှောက်ပြောနေတော့ ဟယ်ရီ့မှာ ရယ်ရလည်းခက်၊စိတ်ဆိုးရလည်းခက်ပင်။ဇွဲလွန်းကတော့ တဟားဟား အော်ရယ်နေသည်။Rockyကလည်း သံပရာသီးအခြမ်းကိုက်ရင်း ပိုင့်စကားကို
တွေးတွေးပြီး ရယ်နေတာလည်းဖြစ်သည်။
ဟုတ်သည်..မင်းပိုင်စိုးသူ​၏ယခုလိုပုံစံမျိုးကို
သူတို့ မမြင်ဖူးကြပါ။

"အစ်ကို ဟယ်ရီ..ဟာ ပိုင်စိုးရေချိန်ကိုက်သွား
ပြီထင်တယ်​"

"ဟုတ်ပါ့ကွာ မင်းသူငယ်ချင်း​ကတော့ မြင်တဲ့
အတိုင်းပဲ။ကောင်းသု တစ်ယောက်ထဲလား။
ဘုန်းထက်နဲ့ထက်အောင်တို့ရော"

"သူ့တို့တော့ မပါဘူး။ကျွန်တော်က တခြား
ဘော်ဒါတွေနဲ့လာတာ။ဒါနဲ့ အစ်ကိုဟယ်ရီ
ကျွန်တော် တစ်ခုလောက် ပြောလို့ရမလား"

ကောင်းသုဘက်မှ လေးနက်ဟန်နှင့်ကမ်းလှမ်း
တောင်းဆိုလာတော့ ဟယ်ရီခေါင်းညိတ်ရသည်။
ပိုင့်ကိုလည်းဖက်ထားပေးရင်း ကျောသို့ ပုတ်ပေး
နေမိတော့ ကောင်းသုက ပိုင့်ကိုပင် စိတ်မကောင်းဟန်ဖြင့်ငေးကြည့်နေမှန်း ဟယ်ရီသိသည်။
အရက်မူးပြီး အိပ်ပျော်နေတဲ့ ပိုင်က ဒီနှစ်အတွင်း
မှာ မျက်နှာလေးလည်း အတော်ချောင်ကျသွားရှာသည်ပဲ။

"ပိုင်စိုး Suicideလုပ်ဖူးတာ အစ်ကိုသိလား"

"ဘယ်လို ပိုင်က..ဟာ ပိုင်က မဖြစ်နိုင်တာ"

ပိုင့်ကို တင်းတင်းပွေ့ဖက်မိပြီး ကောင်းသုအပြော
ကိုလည်း ငြင်းပယ်ပစ်ချင်နေသော ဟယ်ရီ့​၏
ခံစားချက်အပူကိုလည်း သူနားလည်ပေးနိုင်သည်။

ပိုင်,ကြားမှာကိုပင် စိုးရိမ်မိတော့ နားကိုလည်း လက်ဖြင့်ဖိအုပ်ထားပေးမိတာ ပျာပျာယာယာ။
ဇွဲလွန်းနဲ့Rockyကတော့ သိပြီးသားဖြစ်ပြီး မသိခဲ့တာ ဟယ်ရီတစ်ယောက်တည်းသာပင်ရှိသည့် ထိုအဖြစ်။

"ကိုယ်သတ်သေမိတော့မယ်"
ပိုင့်စကားကို သတိတရဖြစ်မိတော့ ဒီကောင်လေး
ကို ဆုံးရှုံးရမှာလည်းကြောက်လာတဲ့ ခံစားချက်။
အပူတပြင်းမျိုချလိုက်ရသော ရေနွေးတစ်ခွက်
လိုပင်။

"ဒီကိစ္စကို လျှို့ဝှက်ထားကြပေမဲ့
ကျွန်တော်ကတော့ မင်းပိုင်စိုးသူအတွက်
ပြောပါရစေ။အစ်ကို့အပေါ် သူ မကောင်းခဲ့တာ
လည်း သိပါတယ်။ဒါပေမဲ့ သူတော်တော်လေး
လည်း နောင်တရခဲ့တာအစ်ကို သိမှာပါ။
ကျွန်တော့်ကို အတ္တကြီးတယ်လို့ပြောလည်း
ရပါတယ်။ပိုင်စိုးကိုတော့ ထပ်မထားခဲ့
ပါနဲ့လို့ ကျွန်တော်တောင်းဆိုပါရစေ"

"စိတ်ကျရောဂါကြောင့် သူ့ကိုယ်သူ
Suicide လုပ်ပစ်မှာမျိုးလည်း ထပ်မဖြစ်
စေချင်တော့ဘူး။သူ့စိတ်ကို ကျန်းမာလာ
အောင် အစ်ကိုဟယ်ရီပဲကုပေးနိုင်မှာမို့ပါ။
အစ်ကို့ကို သူရင်ဖွင့်ချင်တာတွေရှိတယ်။
အချိန်ပေးပြီး နားထောင်ပေးကြည့်ပါ"

မျက်ရည်တွေဟာ ထိန်းမနိုင်သိမ်းမရပါ။
တကယ်တော့ ပိုင့်အကြောင်းအပေါ်ယံကိုသာ
သူသိတဲ့အဖြစ်ပါ။ပိုင့်မှာစိတ်ဒဏ်ရာဖြစ်သွားလောက်တဲ့အထိ နောင်တရခဲ့တာမျိုးလား။
"ကိုယ်သတ်သေမိတော့မယ်"
ပိုင့်စကားကို ပြန်ကြားယောင်တော့ ရင်ခွင်ထဲက
မင်းကို သိမ်းကျုံးပြီးလည်းဖက်ပစ်လိုက်တာ
ပျောက်သွားမှာကိုစိုးလို့ရယ်။

"ကိုယ့်ကို မထားပါနဲ့ဟယ်ရီ..မထားခဲ့ပါနဲ့.."

​ကယောင်ကတမ်းလေး ပိုင်က ထယောင်တော့ ဟယ်ရီ့မှာ ရှိုက်ငိုမိတဲ့အဖြစ်တွေ။လွတ်ထွက်သွားမှာကိုလည်း ကြောက်လို့ထင်သည် ဟယ်ရီ့အင်္ကျီကိုလည်း တင်းတင်းဆုပ်ကိုင်ထားရှာ​၏။

"မသွားပါနဲ့..ကိုယ်တောင်းပန်တယ်နော်
ကိုယ့်ကို မထားခဲ့နဲ့"

"မထားခဲ့တော့ဘူး ပိုင်။မင်းကို ပစ်မထား
ခဲ့တော့ဘူးနော်"

​ယောင်နေဆဲ ပိုင်က ငိုလည်းငိုရှာသည်။
မျက်ရည်တွေကို သုတ်ပေးဖြစ်တော့ ဟယ်ရီ့လက် ကိုဆွဲကိုင်ရင်း ပိုင်က ပါးနှင့်ကပ်ထားရှာသည်။
ဇွဲလွန်းတို့ကို စိုက်ကြည့်မိတော့ နှစ်ယောက်သား ကြောက်ကြောက်လန့်လန့်ဖြင့် မေးစရာပင်မလိုအောင် တန်းပြောချလာတော့သည့် အဲသည့်
ဖုံးကွယ်ထားခြင်း ကိစ္စရပ်။

"သူ..သူက ဆေး..ဆေးရုံရဲ့ အပေါ်ဆုံးဝရန်တာ
ကနေ ခုန်ချဖို့လုပ်ခဲ့တာ"

"ဘာလို့လဲ ဘာလို့မပြောခဲ့တာလဲ။
ပိုင်သာ ပိုင်ကသာ တစ်ခုခု..တစ်ခုခု တောက်!"

ဟယ်ရီ ဆက်ပြီလည်း ပြောမထွက်တော့။
ကောင်းကင်တစ်ခုထဲအောက်မှာ ရှင်သန်
နေကြရတယ်ဆိုတဲ့ စိတ်နဲ့  ပိုင့်ကိုလွမ်းမိတိုင်း စိတ်ဖြေခဲ့ရတာအကြိမ်ကြိမ်။ငါက နှစ်နှစ်
ခြိုက်ခြိုက်အိပ်ပျော်နေချိန်တိုင်း၊
ကောင်းကောင်းမွန်မွန်သွားလာ၊စားသောက်
နေချိန်တိုင်း မင်းက..မင်းက ဆိုတဲ့ အတွေး
တွေကိုလည်း ရှေ့မဆက်ရဲပါ။
လက်ကမ်းပေးတဲ့သူက ပိုင်..မင်းမဟုတ်ဘဲ
ကိုယ်ဖြစ်နေပေးပါ့မယ်။

မင်းအတွက် ရေးတဲ့စာပါ။
ပိုင်..မင်းရဲ့စိတ်လေး ကျန်းမာပါစေ။

///////////////////////////////////////
8.7.2021(Thursday)
-လီလီဟန်-

Zawgyi

//ပစ္ပယ္ခံရျခင္းကေန ဟန္နီလြတ္ေျမာက္ခဲ့
ပါတယ္။ကိုယ္ကေတာ့ အျပစ္ဒဏ္ေတြထဲမွာ
ေခ်ာင္ပိတ္ခံထားရဆဲ..//

ခဲစိမ္းေရာင္ဖဲသားရွပ္အား အနက္ေရာင္Casual Pantsျဖင့္ တြဲဖက္ဝတ္ဆင္ထားေသာ ဟယ္ရီ
သည္ ေျပျပစ္ေသာ႐ုပ္ရည္ရွိ၏။ခါတိုင္းမ်ားက
လိုသာ ဆံပင္ကိုလည္း တစ္ဝက္မၽွသာစုစည္းထားသည္။လက္ထံ၌ accessories ring မ်ားႏွင့္
လည္း
ျဖစ္သည့္အေလ်ာက္ ခပ္မၽွင္မၽွင္သာရွိေသာ လက္စြပ္ကြင္းမ်ားေပၚ ခရမ္းစြဲေက်ာက္ပြင့္တို႔မွာ
မူ ဆန္းသစ္ေသာဒီဇိုင္းမ်ိဳးျဖင့္ တန္ဆာဆင္ျခင္းကိုပင္ ခံထားၾကရသည္။

လက္ေကာက္ဝတ္၌တြင္လည္း accessories
မ်ားက မပါမျဖစ္ပင္။Braceletမ်ားဝတ္ရျခင္းကိုေတာ့ ဟယ္ရီကအႏွစ္သက္ဆုံးျဖစ္သည္။

"ပိုင္ ငါဝင္လာမယ္ေနာ္"

"ရတယ္ဟယ္ရီ ဝင္လာခဲ့ေလ၊ကိုယ္ေလာ့ခ်မထားဘူး"

ပိုင္​၏အခန္းတံခါးသို႔ သုံးခ်က္ေခါက္ကာ ဟယ္ရီက အသံေပးလ်က္ဝင္လာရသည္။အခန္းထဲသို႔
ေရာက္ေတာ့ ပိုင္သည္လည္း အျပင္သြားရန္
ျပင္ဆင္ေနၿပီးၿပီပင္။Rockyတို႔ကို သြားေတြ႕ဖို႔ရာပိုင္က သူကိုယ္တိုင္လိုက္ပို႔ေပးခ်င္သည္ဟုသာ
ေတာင္းဆိုခဲ့၍ ဟယ္ရီလည္း မျငင္းရက္ခဲ့ပါ။

အုတ္က်ိဳးေရာင္ရွပ္ႏွင့္ျဖစ္ေသာပိုင္က ဝတ္ေနက်အတိုင္း ဂ်င္းအနက္ျဖင့္တြဲဝတ္လို႔ထား
သည္။

ပိုင္က ဟယ္ရီ့ကိုရယ္ျပလိုက္ရင္း ေရေမႊးကိုလည္းဆြတ္လိုက္သည္။ပိုင့္လက္ထဲမွ ေရေမႊးပုလင္းကိုပင္ ဟယ္ရီသည္ ႏွစ္ခါျပန္ၾကည့္စရာပင္မလိုေခ်။CHANELတံဆိပ္ COCO Noir,အနက္ေရာင္ ေရေမႊးပုလင္း။ပိုင့္အတြက္ ဟယ္ရီလက္ေဆာင္ပို႔ေပးခဲ့သည့္ ေရေမႊးသာျဖစ္ေနသည္။

"သားေရာ စိုးစံဆီမွာလား"

"ေကာက္ေကာက္ေလးက ေမေမတို႔ဆီမွာ။
ဒီည သူ႔ေမဘြားတို႔နဲ႔ အိပ္မလို႔တဲ့"

"ငါ့ကို လိုက္ပို႔ၿပီးတာနဲ႔ အိမ္ျပန္လိုက္။
မနက္ျဖန္ Jakeတို႔ ေရာက္လိမ့္မယ္။အဲ့တာ
တိုက္ခန္းမွာပဲ သြားေနေတာ့မလို႔"

သက္ျပင္းခ်သံ သဲ့သဲ့ေလးေတာ့ ထြက္လာပါရဲ့
ပိုင္က လွည့္ၾကည့္မလာ။ေနာက္တစ္ခ်က္
သက္ျပင္းရွိုက္ခ်လိုက္သံမွာ ထပ္ကာထြက္လာေတာ့ ဟယ္ရီ့မွာမေနနိုင္။ပိုင့္ကို ေခါင္းေစာင္းကာ
ေငးေမာၾကည့္မိေတာ့ ပိုင္ကအသံတိတ္ငိုေနသည္။ဪ..ပိုင္ငိုေနရသည္ပဲ။သူ႔ေၾကာင့္ ငိုေနရသည္ပဲ။

"ပိုင္ ဘာလို႔ငိုေနတာလဲ"

"မင္း ထြက္သြားမွာကို ေၾကာက္လို႔။
ကိုယ့္ကိုထပ္ထားသြားမွာကို ကိုယ္.."

စကားတို႔ဟာ ဆက္မလာေတာ့။
အသံတိတ္မတ္တတ္ရပ္ေတာ့ ဟယ္ရီကေငးေမာ
ၾကည့္ေနဆဲသာ။အံဆြဲကိုဖြင့္၍ ယြန္းေသတၱာေလးတစ္ခုကိုပင္ ပိုင္က ထုတ္ယူေနသည္။ၿပီးေနာက္ ေတာ့ ပိုင္သည္ ဟယ္ရီ့ဆီီသို႔ေလၽွာက္လာေနသည္။

မ်က္ဝန္းအိမ္အတြင္းမွ ခုန္ဆင္းသြားေသာ
အထိန္းအကြပ္မဲ့ မ်က္ရည္မ်ားကိုပင္ ပိုင္သည္
မတားျမစ္လိုက္နိုင္။လက္ခုံႏွင့္ဖိသုတ္ပစ္ေတာ့
မ်က္ရည္ဟာ ဝမ္းနည္းရစိတ္နဲ႔အတူ ထပ္က်ရျပန္ သတဲ့။

ဟယ္ရီသည္ ပိုင့္အား ေထြးဖက္ထားေပးခဲ့ခ်င္ ေသာ္ျငားလည္း မလုပ္မိခဲ့ပါ။သို႔ရာတြင္ အံကိုတင္းစြာႀကိတ္ထားမိရာမွ ပိုင့္ကိုပင္ မငို
ရန္လည္းေျပာရေတာ့သည္။

"ပိုင္ မငိုနဲ႔ေလ။ဘာလို႔ ငိုေနတာလဲ"

"ဒီမွာၾကည့္ ဟယ္ရီ..မင္းနဲ႔လိုက္မယ္ ထင္တဲ့
လက္ပတ္ေလးေတြကို ကိုယ္ဝယ္စုထားတာ။
မင္းက ခရမ္းေရာင္ႀကိဳက္ေတာ့ ခရမ္းေရာင္လက္ပတ္ႀကိဳးေလးေရာ။ေနာက္..ေနာက္ၿပီး
မင္းက အညိဳေရာင္နဲ႔လည္း လိုက္တယ္။
မင္းက အနီေလးနဲ႔လည္း လိုက္တယ္။
မင္းျပန္လာရင္ ဝတ္ဖို႔ ကိုယ္ဝယ္စုထားတာ
ၾကည့္ပါဦး အမ်ားႀကီးျဖစ္ေနၿပီ"

"ပိုင္.."

"ဟင့္အင္း ကိုယ့္ကို မျငင္းပါနဲ႔။
ကိုယ္ မင္းကို ဝတ္ေစခ်င္လို႔ ဝယ္စုထား
တာေတြပါ"

လက္ပတ္ႀကိဳးတို႔ကိုပင္ ဟယ္ရီ့လက္သို႔တစ္ႀကိဳးၿပီးတစ္ႀကိဳး ပတ္ေပးလာေသာ ပိုင္သည္ မူမမွန္ေခ်။

ထို႔ေနာက္ေတာ့ ငိုရွိုက္ေနဆဲျဖစ္ေသာ
ပိုင္သည္ၾကမ္းျပင္ေပၚသို႔ထိုင္ခ်ပစ္လိုက္ကာ
နင့္နင့္နဲနဲသူငိုမိရေတာ့သည္။

ဟယ္ရီိ့ကိုလည္း ဖက္တြယ္ထားရွာေသာ ပိုင္၊
သူ႔ဆီ၌ အေၾကာက္တရားမ်ားက ကိန္းဝပ္ေနခဲ့
သည့္ပုံ။

မင္းက ထပ္ထားခဲ့ဦးမွာဆိုတဲ့ ဒီစိတ္ေတြနဲ႔
ကိုယ္က အႀကိမ္ႀကိမ္အခါခါေသရတယ္ ဟန္နီ။

"ကိုယ့္ကို မထားခဲ့ပါနဲ႔။ေတာင္းပန္ပါတယ္
ဒီေလာက္နဲ႔ပဲ ေတာ္ပါေတာ့။မင္းသာ
ထပ္ထြက္သြားရင္ ကိုယ္ေသမွာ ဟန္နီိရဲ့
ကိုယ္ေသလိမ့္မယ္ ေတာ္ပါေတာ့"

"ကိုယ့္ကိုမထားခဲ့ပါနဲ႔ ေတာ္ပါေတာ့
ဟန္နီရယ္၊ကိုယ္သတ္ေသမိေတာ့မယ္"

"ပိုင္! မင္း..မင္းကြာ"

​ထြက္မသြားေတာ့ဖို႔ ၿခိမ္းေျခာက္တဲ့စကားဟုပင္ဟယ္ရီ,မေတြးနိုင္ေတာ့စြာ "မင္းကြာ"လို႔သာ မခ်င့္ မရဲေရရြတ္မိ၍ ပိုင့္ကိုသာပင္ ဖက္ထားမိ
​ေတာ့သည္တင္းတင္းက်ပ္က်ပ္ရယ္။

ရွိုက္သံ၊ငိုသံေတြလည္း ထြက္ပါတယ္။ဒါဟာ ကာယကံရွင္ေတြျဖစ္တဲ့ ပိုင္နဲ႔ဟယ္ရီ့ဆီက ငိုသံ
​ေတြပါ။ပိုင့္ေခါင္းကို ပြတ္သပ္ေပးျဖစ္ေတာ့ ​ေခ်ာ့တဲ့ကေလး ပိုငိုဆိုသလို ပိုင္သည္ ပိုကာငိုခ်
လာေတာ့​၏။ယခုမွ သူ႔မွာ ဖြင့္ထုတ္ခ်ပစ္လိုက္ရ
ေသာ မ်ိဳသိပ္ထားရျခင္းအထုပ္အပိုးေလး ကဲ့သို႔
ႏွယ္။

"ပစ္ပယ္ခံရျခင္းကေန မင္းလြတ္ေျမာက္ခဲ့
ပါတယ္ ဟန္နီ။ဒါေပမဲ့ ကိုယ္ကေတာ့အျပစ္ဒဏ္ေတြထဲမွာ ပိတ္မိေနတယ္"

"ကိုယ္ ႐ုန္းမထြက္နိုင္ဘူး ျဖစ္ေနတယ္
ဟယ္ရီရယ္..ကိုယ့္ကိုကယ္ပါဦး"

စကားတိုင္းမွာ အဆိပ္လူးျမားေတြမ်ားပါ
ပါသလား။ရင္ကို အစိတ္စိတ္ေၾကမြေစနိုင္
တဲ့ စကားလုံးေတြဟာ ပိုင့္ဆီကေန ထြက္လာေနခဲ့တယ္။

အတိတ္ရဲ့ နာက်င္ရျခင္းေတြဟာ ပိုင့္ေၾကာင့္။ပစၥဳပၸန္ရဲ့ သနားၾကင္နာမိျခင္းေတြဟာလည္းပိုင့္ေၾကာင့္။

မင္းပိုင္စိုးသူဆိုတဲ့ သည္ႏြံေတာထဲကေန
႐ုန္းထြက္လို႔လည္း မလြတ္ေျမာက္ခဲ့။
"ကယ္ပါဦး"ဆိုတဲ့ စကားသံမွာ ဟယ္ရီကေတာ့
လဲၿပိဳက်သြားရသည့္ပုံ။စိတ္တင္းထားရမွုေတြကိုလည္း သူဟာ လက္ေျမာက္အရွုံးေပးလိုက္ရသည့္ပုံ။

ဒါဟာ ရင္နာစရာလည္းေကာင္းသလို၊ပိုင့္ကို
လည္းဟယ္ရီ ကိုယ္ခ်င္းစာနိုင္တာမ်ိဳးပါ။

ကူကယ္နိုင္သူ ကူရာမဲ့ေတာ့ ေမၽွာ္လင့္ခ်က္က
မင္းေပါ့ ဟယ္ရီရယ္..မင္းပဲေပါ့။

"ဒီအိမ္မွာ ဆက္ေနေစခ်င္တာ မဟုတ္လား။
ေနေပးပါ့မယ္၊ငါေနေပးပါ့မယ္ ပိုင္ရယ္
မငိုပါနဲ႔ေတာ့ကြာ"

"အင္း..ကိုယ့္ကို ထပ္ထားမသြားနဲ႔ေတာ့ေနာ္
ဟယ္ရီ"

ပိုင္ကေတာင္းဆိုမိေတာ့ ဟယ္ရီသည္ အေျဖျပန္
မလာပါ။ပိုင့္ပါးေပၚမွ မ်က္ရည္တို႔ကို သုတ္ေပး
လာေတာ့ ပိုင္သည္ အရွိုက္လည္းမေျပေသးေပ။
ငိုမိထားေသာေၾကာင့္ႏွင့္ အနည္းငယ္တုန္ယင္
ေနေသးေသာ ပိုင္​၏ႏွုတ္ခမ္းသားထံသို႔ ဟယ္ရီသည္ လက္မကိုသုံးသာ ဖြဖြပြတ္သပ္ေတာ့​၏။

ပိုင္​၏ရင္ခုန္သံမ်ားသည္ အစိုးမရေတာ့။ဟယ္ရီ့ လက္ေကာက္ဝတ္မွ ခပ္ဖြဖြဆုပ္ကိုင္မိေတာ့
ဟယ္ရီသည္ ႏွုတ္ခမ္းသားအား လက္မျဖင့္ ပြတ္ဆြဲေနျမဲျဖစ္သည္။

"ဟန္..ဟန္နီ"

"ရွူး..ရင္ခုန္ေနတာလား ပိုင္"

"အင္း ကိုယ္..ကိုယ္.."

မ်က္ဝန္းေတြကို ေငးစိုက္ၾကည့္ျဖစ္ၾကေတာ့
သံလိုက္ေတြလို ဆြဲငင္အားေတြနဲ႔ တျဖည္းျဖည္းနီးကပ္လာခဲ့ၾကတဲ့ ႏွုတ္ခမ္းသားေတြဟာ အဆုံးမွာေတာ့ ထိေတြ႕ေတာ့​၏။

တစိုက္မတ္မတ္လြမ္းဆြတ္ျခင္းေတြနဲ႔
နမ္းရွိုက္ျဖစ္ေသာ အၾကင္နာသည္ အသံမ်ား
ပင္ခပ္သဲ့သဲ့ကေလးထြက္လာေနသည္။ဟယ္ရီ့ခါးသို
ဖိကိုင္လိုက္ရင္း နမ္းေနေတာ့၊ဟယ္ရီ့​၏ ဖက္တြယ္
ျခင္းဟာလည္း ပိုင့္လည္တိုင္ဆီတြင္သာ။

"ကိုယ့္ကို ျပန္လက္ခံေပးမလားဟင္ ဟယ္ရီ။
ကိုယ္.."

"ေတာ္ေတာ့ ပိုင္။မင္းကိုေတာ့ ျပန္လက္ခံဖို႔
မျဖစ္နိုင္ေသးဘူး။ဒီတိုင္း ဒီလိုအေျခအေန
နဲ႔ပဲ အရင္ေရွ႕ဆက္ၾကည့္ရေအာင္။မင္းကို
မ်က္လုံးစုံမွိတ္ၿပီး ယုံၾကည္ေပးနိုင္ဖို႔အထိ
ေတာ့ မတတ္နိုင္ဘူး"

ဖူးစာမ်ားပါရင္ ၾကဳံပါ၊ဆုံပါ။
ဒီစကားတစ္ခြန္းကို အမွတ္ရေတာ့
မင္းကိုလည္း ပစ္ပစ္ခါခါ မျငင္းပယ္ရက္။
ဒီတစ္ခါ ေရွာင္မထြက္ေတာ့ဘဲ မင္းဆီကို၊
မင္းရဲ့ရင္ခြင္ဆီကိုပဲ ငါ့ႏွလုံးသားကို တန္းတန္း
မတ္မတ္တိုးဝင္ခြင့္ျပဳေတာ့ ပိုင္ေရ..။

ဒါဟာ ခြင့္လႊတ္ေပးျခင္းလည္း မဟုတ္ခဲ့ပါ။အတိတ္ေတြနဲ႔ပတ္သက္လာရင္မင္းအတြက္
ခြင့္လႊတ္ျခင္းေတြမရွိမွန္း မင္းသိမွာ
​ေပါ့ ပိုင္ရယ္.. ဟုတ္ရဲ့လား။

"ေဟ့ ေကာက္ေကာက္ မသြားနဲ႔"

တံခါးအကြယ္က စိုးစံမွာေတာ့ ဟယ္ရီတို႔စနမ္းေနကတည္းက ေျပးထြက္သြားၿပီလည္းျဖစ္
သည္။ပိုင္တို႔အတြက္ စိတ္မေကာင္းျဖစ္တာေတာ့ မွန္ေပမင့္ နမ္းေနတာကိုေတာ့ စိုးစံမၾကည့္ရဲပါ။​ဆႏၵေလးက အ႐ုပ္ေလးပိုက္ကာ
ပိုင့္အခန္းထဲဝင္ဖို႔လာေနေသးေတာ့ စိုးစံမွာေျပးဆြဲလိုက္ရေသးသည္။

"ခ်ိဳးခ်ံ ႐ူခ်ိဳး..ခ်ိဳးခ်ံ ေတာင္းဝူး။
ေဖနယ့္ဆီတြားမွာေရ ဘာရို႔တားရာရဲ
ေၾကာေၾကာ"

"မရဘူး ေကာက္ေကာက္သြားလို႔ မရေသးဘူး။
မင္းရဲ့ ေဖငယ္က ဟယ္ရီနဲ႔ ေဆာ့ေနတယ္ကြ"

"ဟင္ ဟီရယ္..ဒက္ဒက္နဲ႔ ေခ်ာ့ေနတာရား။
ေတာက္ေတာက္ကို ေခၚဝူးၾကည့္ခ်မ္း။
ေတာက္ေတာက္ ခ်ိတ္ခ်ိဳးရိုက္ရင္ေတာင္းမရားဟင္"

ဆႏၵေလး​၏စကားကို နားလည္ဖို႔ရာ စိုးစံမွာ
အာ႐ုံစိုက္ကာပင္ လိုက္နားေထာင္ရသည္။
သူ႔ေဖငယ္နဲ႔ဟယ္ရီက သူ႔ကိုပါ ေခၚမေဆာ့လို႔ စိတ္ဆိုးလိုက္ရင္ ေကာင္းမလားဟု စိုးစံဆီ၌
အႀကံေတာင္းေနေသာ လူလည္ေလးပင္။

ဆံေကာက္ေကာက္ ခ်စ္ေမြးေလးကို အသည္းယားလို႔ ပါးအိအိကို ဖက္နမ္းပစ္
​ေတာ့-
"ဖယ္ခ်မ္း ခ်ိဳးခ်ံ"ဆိုကာ ဖယ္ခိုင္းတတ္သည္က ဆႏၵ​၏ အက်င့္ပင္။

**

"ေမေမ သားတို႔အျပန္ေနာက္က်မယ္ေနာ္"

"အိမ္ေသာ့ယူသြား သားငယ္။ကားလည္း
ဂ႐ုစိုက္ေမာင္းေနာ္"

"ဟယ္ရီ သားအစ္ကိုနဲ႔ခမ္းေလးတို႔ ေရာက္ရင္
အိမ္ကို ထမင္းစားဖိတ္တယ္လို႔ ေျပာလိုက္ပါဦး"

"ဟုတ္ကဲ့ အန္တီ..သားေျပာလိုက္ပါ့မယ္"

ပိုင့္အေမကေတာ့ စကားတေျပာေျပာနဲ႔ ဆႏၵ​ေလးကိုလည္း ထမင္းခြံ႕ေနသည္။ပိုင့္အေဖကေတာ့ သတင္းစာဖတ္ဟန္ႏွင့္ သူ႔သားငယ္​၏မ်က္ႏွာကိုပင္ မသိမသာ ၾကည့္ၾကည့္ေနေတာ့သည္။

ရႊင္ျပဳံးျပဳံးျဖစ္ေနေသာမ်က္ႏွာႏွင့္ပိုင္သည္
အေတာ္ေလးပင္ တက္ႂကြေနသည့္ဟန္။သူသည္ အားအင္ေတြျပည့္ၿဖိဳးသြားသည့္ဟန္ႏွင့္ျဖစ္ေနသည္။

"ေကာက္ေကာက္ ေဖငယ္..ဟယ္ရီနဲ႔အျပင္
သြားဦးမယ္ေနာ္။ဒီည ေမဘြားနဲ႔အိပ္မွာမလား"

"ေဖနယ့္ကို ေခၚဝူး။ခ်ိဳးခ်ံရဲ ေတာင္းဝူး"

ႏွုတ္ခမ္းေလးတစူစူ လက္ေလးပိုက္ကာေျပာေတာ့ ပိုင့္မွာ အသံထြက္ရယ္မိတာအခါခါရယ္။သား​၏ နဖူးသို႔နမ္းေတာ့ စိတ္မဆိုးနိုင္ေသာ သားကတစ္ခစ္ခစ္ရယ္ေနေတာ့​၏။သေဘာတက်နဲ႔သားကရယ္ေတာ့ ပိုင့္ကိုဆို မ်က္ႏွာအညႇိုးမခံတတ္သည့္ကေလးဆိုတာကိုပင္ ဟယ္ရီယုံၾကည္နိုင္သည္။

"ေဖငယ့္ကို စိတ္ဆိုးေနတာလား"

"ဟုတ္ပါဝူးေနာ္။ခ်ိဳးခ်ံေရ ခ်ိဳးခ်ံေပါ့
ေဖနယ့္ဆီ တြားမွာကို ခ်ီၿပီး ဦးေတာ္ခန္းထဲ
ကို ေျပးဝင္ရယ္ေရ"

"ဟာ ေကာက္ေကာက္ မင္းငါ့ကို လႊဲမခ်နဲ႔။
မင္းသြားရင္ ပိုင္ေလးက ဟယ္ရီနဲ႔နမ္းေနတာ
ကို ျမင္သြားမွာေပါ့ကြ"

"ေဟ့ေကာင္စိုးစံ မင္းလုပ္မွသိကုန္ၿပီ"

ပိုင္က အေဖ၊အေမရဲ့မ်က္ႏွာကို ရွက္ရွက္နဲ႔
ၾကည့္ေတာ့ လူႀကီးေတြက မၾကားခ်င္ေယာင္
ေဆာင္ရေတာ့သည္။ဘိုးဘိုးက အခန္းထဲမွာ
တရားစာအုပ္ဖတ္ေနလို႔သာပင္ ေတာ္ေသး
တယ္ေျပာရမည္။ဟယ္ရီ့ကို ၾကည့္မိေတာ့ 
စိုးစံ ဘာေတြကပ္ေျပာေနလည္း မသိ။
ဟယ္ရီ့မ်က္ႏွာကေတာ့ မေနတတ္ဟန္ျဖစ္လာ​၏။ဟယ္ရီ့ကို လက္ဆြဲေခၚလိုက္၍ အိမ္အျပင္သို႔
ထြက္လာေတာ့ အိမ္ထဲမွ စိုးစံ​၏တဟားဟား
ရယ္သံေနာက္ ဆႏၵေလး​၏ တစ္ခစ္ခစ္ရယ္သံသည္လည္း
လိုက္လာေနသည္။

"ရွက္လိုက္တာကြာ ေခြးေကာင္စိုးစံ"

"ဟယ္ရီ့ကို ဘာေတြကပ္ေျပာသြားလို႔လဲ"

"ဘာေျပာရမွာလဲ မင္းကိုျဖည္းျဖည္းေလးပဲနမ္းတဲ့။ငါနမ္းတာ ငတ္ျပတ္ေနသလိုမ်ိဳး
ျဖစ္ေနလို႔လား ပိုင္။မင္းသိမွာေပါ့ မင္းေျပာၾကည့္စမ္းပါဦး"

"အဲ အဲ့တာက ဟို..ဟိုလို ငတ္ျပတ္တာမ်ိဳး
မဟုတ္ေပမဲ့.."

"ဘာျဖစ္လဲ ဆက္ေျပာေလကြာ"

"ကိုယ္ကေတာ့ ႀကိဳက္တယ္။
မင္းကို မနမ္းရတာၾကာၿပီေလ။
မင္းကို အမ်ားႀကီး လြမ္းေနခဲ့ရတာ"

မို႔မို႔အစ္အစ္ မ်က္ခြံေတြႏွင့္ပိုင္က မ်က္လုံးေတြ
ေမွးက်တဲ့အထိျပဳံးေတာ့ သည္ေကာင္ေလး
သည္ေလာက္ေပ်ာ္သြားမယ္မွန္းလည္း ထင္မထားခဲ့မိပါ။ပါးတစ္ဖက္သို႔ ရႊတ္ခနဲ လွမ္းနမ္းမိေတာ့ ျပဳံးရယ္ရင္းက်လာတဲ့ ပိုင့္ရဲ့မ်က္ရည္ေတြဟာ ေပ်ာ္လို႔ပါတဲ့။သူ သိပ္ေပ်ာ္လို႔ပါတဲ့။

"ကိုယ္ ေပ်ာ္သြားလို႔ပါ"

စကားတစ္ခြန္းနဲ႔ ရပ္တန႔္လိုက္ေတာ့ အဲသည္ထဲမွာ
ပိုင့္ေၾကာင့္ ရန္ခုန္မိတာေတြလည္း မပါပါ။
ခ်စ္တယ္လို႔ ပိုင္က ေျပာမလာေသးလည္း ဟယ္ရီ ထပ္ထြက္သြားမွာကို ေၾကာက္ေနတတ္ၿပီလည္း
ျဖစ္သည္။

စိတ္က်ေရာဂါလို႔  ပိုင္နဲ႔ ယွဥ္တြဲၾကည့္ျဖစ္ေတာ့
ပိုင့္ကိုလည္း ပစ္မထားရက္ခဲ့ေတာ့တာ အမွန္။
အရာရာ၊အားလုံးဟာ သူ႔အျပစ္ဆိုတဲ့ စိတ္ဒဏ္ရာ၊အနာတရမ်ိဳးေတြလည္း ပိုင့္ဆီမွ ေပ်ာက္ကင္းသြားေစခ်င္ေသာဆႏၵထံ ေစတနာ၊ေမတၱာ၊အၾကင္နာမ်ားႏွင့္ရယ္။

"တကယ္ေတာ့ မင္းထင္မထားတာေတြ
အမ်ားႀကီးရွိေသးတယ္ ပိုင္။ဥပမာေပးရရင္
မင္းရဲ့စိတ္က်ေရာဂါ"

"ဟယ္ရီ ဘယ္လိုလုပ္.."

"ဒါေတြကို ဘယ္လိုလုပ္သိလဲဆိုတာ
ျပန္မေမးနဲ႔။ဒါေပမဲ့ ငါ မင္းနဲ႔ပတ္သက္ရင္
ဒီတစ္ႏွစ္အတြင္းက အေၾကာင္းအရာေတြ
ကို အကုန္မဟုတ္ရင္ေတာင္ သိထားတာေတြ
ရွိတယ္"

ၿငိမ္က်သြားတဲ့ ပိုင္က စကားလည္း ေျပာမလာ၊ၾကည့္လည္း ၾကည့္မလာေတာ့။တုန္တုန္လွုပ္လွုပ္မ်က္ႏွာရိပ္ကို မင္းမျမင္တာပဲ ေကာင္းမယ္ဟယ္ရီ။

ကိုယ္တို႔ ကေလးေလးဆိုတဲ့ အေတြးေတြနဲ႔တင္ ဟယ္ရီ့မ်က္ႏွာကိုလည္း မၾကည့္ဝံ့ရွာပါ။
အရာရာ ကိုယ့္အျပစ္၊ကိုယ့္အခ်စ္၊ကိုယ့္အတၱ
ေတြေၾကာင့္ပဲေပါ့။

Barကိုေရာက္ေတာ့ Rockyနဲ႔ဇြဲလြန္းကိုလည္း ေတြ႕ပါရဲ့ စကားလည္းမေျပာမိ။

"ပိုင္ ဘာေသာက္မလဲ"

"Brandy တစ္ခြက္..စီးကရက္ တစ္လိပ္"

ပိုင့္ အေျပာေၾကာင့္ ေငးၾကည့္လာတဲ့
ဟယ္ရီ။ခပ္ေဆြးေဆြးျပန္ၾကည့္ျဖစ္ေတာ့
မင္းကေရွာင္လႊဲသြားတယ္။ကိုယ္ရယ္မိေတာ့
မင္းလည္းမသိ။Brandy တစ္ခြက္၊ဝီစကီ
တစ္ခြက္၊ဒီလိုနဲ႔တစ္ခြက္ၿပီး တစ္ခြက္။
စီးကရက္ကို ေသာက္ဖို႔ျပင္ေတာ့ ဟန္နီ..
မင္းက စိုးရိမ္တႀကီးတားတယ္။
ဟုတ္တယ္ ကိုယ္ စီးကရက္လည္းမေသာက္နိုင္ဘူးေလ။

"အစ္ကိုဟယ္ရီ သူအရမ္းမူးေနၿပီထင္တယ္"

"ထားလိုက္ပါ၊ၿပီးမွ အစ္ကိုသယ္သြားလိုက္မယ္"

"လြန္းလြန္း ကိုယ္လည္း မူးေနတာပဲေလကြာ"

"ကတုံးေကာင္ ခင္ဗ်ား ခၽြဲခၽြဲပစ္ပစ္ေတြ
မေျပာစမ္းနဲ႔၊အန္ခ်င္တယ္"

"ဒါဆို ၾကမ္းၾကမ္းတမ္းတမ္းေလး လုပ္ေပး.."

စကားလည္းမဆုံး ဖက္ခနဲ အရိုက္ခံရေတာ့
Rockyမွာ ေက်နပ္တႀကီးလည္းျပဳံးရသည္။ဇြဲလြန္းကို စေနာက္ရျခင္းက Rockyဝါသနာျဖစ္လာခဲ့တာ ၾကာခဲ့ၿပီေပါ့။Rockyတို႔ကိုၾကည့္ရင္း ဟယ္ရီရယ္မိေနၿပီးမွ ပိုင့္ကိုၾကည့္မိရာတြင္ေတာ့ ဟယ္ရီမရယ္နိုင္ေတာ့ပါ။

စားပြဲေပၚ ေမးတင္ရင္း ပိုင္ကေငးၾကည့္ေနေတာ့ မူးေနဟန္မ်ားလည္းရွိေနသည္။

"ဟန္နီ ထပ္ေပ်ာက္မသြားနဲ႔ေနာ္"

"ဘာလို႔လဲ"

"ကိုယ္ေၾကာက္လို႔။မင္းထြက္သြားေတာ့
ကိုယ့္မွာ စကားလည္းမေျပာနိုင္ဘူး။
မင္းက ကိုယ့္ကို ေနာင္တေတြပဲက်န္ေအာင္
လုပ္ေပးခဲ့တာ"

"မင္း ထားခဲ့တယ္။ကိုယ့္ကို ထားခဲ့တယ္။
ဟန္နီက..ဟန္နီက ကိုယ့္ကိုထားပစ္ခဲ့တာ
အၾကာႀကီးပဲ"

အရက္လည္းမူးေတာ့ အရွိန္ေလးလည္းရသြား
သည့္ပုံပင္။ပိုင္ကေျပာေနရင္း ငိုခ်လာေတာ့ ဟယ္ရီ့မွာ ကပ်ာကယာအနားသို႔တိုးထိုင္ရင္း
ရင္ခြင္ထဲသို႔ထည့္ကာ ဖက္ေပးရေတာ့သည္။ဟယ္ရီ့ကိုဖက္ထားရင္း ရင္ခြင္၌ ေခါင္းမွီထားေသာ ပိုင္သည္ ခၽြဲတဲတဲေလးလည္း ျပဳမူတတ္လာ
သည္။

"ကိုယ့္ကိုပဲ ခ်စ္ေနာ္"

"ဒါဆို မင္းကေရာ ငါ့ကိုပဲခ်စ္မွာလား"

"ကိုယ္ မင္းကို ဖြင့္ေျပာမွာပါ။ဒါေပမဲ့
အခုက ကိုယ္အမ်ားႀကီးအရက္မူးေနတာ
မေျပာခ်င္ဘူး။ဘိုးဘိုးက သူ႔ငွက္ေပ်ာခင္း
ထဲကေန ငွက္ေပ်ာသီးအခိုင္လိုက္ယူလာတယ္"

"ကိုယ္ မနက္ျဖန္ေရာက္ရင္ ကန္ေတာ့ပြဲနဲ႔
မင္းကိုေတာင္းပန္ၿပီး ရည္းစားစကားေျပာမယ္ေနာ္"

ဟယ္ရီ့ကိုဖက္ရင္း ဟယ္ရီ့ရင္ခြင္မွာပင္
ပိုင္သည္ အိပ္ေပ်ာ္သြားၿပီ။အရက္မူးမူးနဲ႔ ပိုင္က ေလၽွာက္ေျပာေနေတာ့ ဟယ္ရီ့မွာ ရယ္ရလည္းခက္၊စိတ္ဆိုးရလည္းခက္ပင္။ဇြဲလြန္းကေတာ့ တဟားဟား ေအာ္ရယ္ေနသည္။Rockyကလည္း သံပရာသီးအျခမ္းကိုက္ရင္း
ပိုင့္စကားကို ​ေတြးေတြးၿပီး ရယ္ေနတာ
လည္းျဖစ္သည္။ဟုတ္သည္..မင္းပိုင္စိုးသူ​၏ယခုလိုပုံစံမ်ိဳးကို သူတို႔ မျမင္ဖူးၾကပါ။

"အစ္ကို ဟယ္ရီ..ဟာ ပိုင္စိုးေရခ်ိန္ကိုက္သြား
ၿပီထင္တယ္​"

"ဟုတ္ပါ့ကြာ မင္းသူငယ္ခ်င္း​ကေတာ့ ျမင္တဲ့
အတိုင္းပဲ။ေကာင္းသု တစ္ေယာက္ထဲလား။
ဘုန္းထက္နဲ႔ထက္ေအာင္တို႔ေရာ"

"သူ႔တို႔ေတာ့ မပါဘူး။ကၽြန္ေတာ္က တျခား​ေဘာ္ဒါေတြနဲ႔လာတာ။ဒါနဲ႔ အစ္ကို
ဟယ္ရီကၽြန္ေတာ္ တစ္ခုေလာက္ ေျပာလို႔ရမလား"

ေကာင္းသုဘက္မွ ေလးနက္ဟန္ႏွင့္ကမ္း
လွမ္း​ေတာင္းဆိုလာေတာ့ ဟယ္ရီေခါင္းညိတ္ရသည္။ပိုင့္ကိုလည္းဖက္ထားေပးရင္း ေက်ာသို႔ ပုတ္ေပး​ေနမိေတာ့ ေကာင္းသုက
ပိုင့္ကိုပင္ စိတ္မေကာင္းဟန္ျဖင့္ေငးၾကည့္ေနမွန္း ဟယ္ရီသိသည္။အရက္မူးၿပီး အိပ္ေပ်ာ္ေနတဲ့ ပိုင္က ဒီႏွစ္အတြင္းမွာ မ်က္ႏွာေလးလည္း အေတာ္ေခ်ာင္က်သြား
ရွာသည္ပဲ။

"ပိုင္စိုး Suicideလုပ္ဖူးတာ အစ္ကိုသိလား"

"ဘယ္လို ပိုင္က..ဟာ ပိုင္က မျဖစ္နိုင္တာ"

ပိုင့္ကို တင္းတင္းေပြ႕ဖက္မိၿပီး ေကာင္းသုအေျပာကိုလည္း ျငင္းပယ္ပစ္ခ်င္ေနေသာ ဟယ္ရီ့​၏ ခံစားခ်က္အပူကိုလည္း သူနားလည္ေပး
နိုင္သည္။

ပိုင္,ၾကားမွာကိုပင္ စိုးရိမ္မိေတာ့ နားကိုလည္း လက္ျဖင့္ဖိအုပ္ထားေပးမိတာ ပ်ာပ်ာယာယာ။
ဇြဲလြန္းနဲ႔Rockyကေတာ့ သိၿပီးသားျဖစ္ၿပီး မသိခဲ့တာ ဟယ္ရီတစ္ေယာက္တည္းသာပင္ရွိသည့္ ထိုအျဖစ္။

"ကိုယ္သတ္ေသမိေတာ့မယ္"
ပိုင့္စကားကို သတိတရျဖစ္မိေတာ့ ဒီေကာင္
​ေလးကို ဆုံးရွုံးရမွာလည္းေၾကာက္လာတဲ့ ခံစားခ်က္။အပူတျပင္းမ်ိဳခ်လိုက္ရေသာ ေရေႏြးတစ္ခြက္လိုပင္။

"ဒီကိစၥကို လၽွို႔ဝွက္ထားၾကေပမဲ့
ကၽြန္ေတာ္ကေတာ့ မင္းပိုင္စိုးသူအတြက္
ေျပာပါရေစ။အစ္ကို႔အေပၚ သူ မေကာင္းခဲ့
တာလည္း သိပါတယ္။ဒါေပမဲ့ သူေတာ္
​ေတာ္ေလးလည္း ေနာင္တရခဲ့တာအစ္ကို သိမွာပါ။ကၽြန္ေတာ့္ကို အတၱႀကီးတယ္လို႔ေျပာလည္း ရပါတယ္။ပိုင္စိုးကိုေတာ့ ထပ္မထားခဲ့
ပါနဲ႔လို႔ ကၽြန္ေတာ္ေတာင္းဆိုပါရေစ"

"စိတ္က်ေရာဂါေၾကာင့္ သူ႔ကိုယ္သူ
Suicide လုပ္ပစ္မွာမ်ိဳးလည္း ထပ္မျဖစ္
ေစခ်င္ေတာ့ဘူး။သူ႔စိတ္ကို က်န္းမာလာ
ေအာင္ အစ္ကိုဟယ္ရီပဲကုေပးနိုင္မွာမို႔ပါ။
အစ္ကို႔ကို သူရင္ဖြင့္ခ်င္တာေတြရွိတယ္။
အခ်ိန္ေပးၿပီး နားေထာင္ေပးၾကည့္ပါ"

မ်က္ရည္ေတြဟာ ထိန္းမနိုင္သိမ္းမရပါ။
တကယ္ေတာ့ ပိုင့္အေၾကာင္းအေပၚယံကိုသာ သူသိတဲ့အျဖစ္ပါ။ပိုင့္မွာစိတ္ဒဏ္ရာျဖစ္သြား
​ေလာက္တဲ့အထိ ေနာင္တရခဲ့တာမ်ိဳးလား။
"ကိုယ္သတ္ေသမိေတာ့မယ္"
ပိုင့္စကားကို ျပန္ၾကားေယာင္ေတာ့ ရင္ခြင္ထဲက
မင္းကို သိမ္းက်ဳံးၿပီးလည္းဖက္ပစ္လိုက္တာ
ေပ်ာက္သြားမွာကိုစိုးလို႔ရယ္။

"ကိုယ့္ကို မထားပါနဲ႔ဟယ္ရီ..မထားခဲ့ပါနဲ႔.."

​ကေယာင္ကတမ္းေလး ပိုင္က ထေယာင္ေတာ့ ဟယ္ရီ့မွာ ရွိုက္ငိုမိတဲ့အျဖစ္ေတြ။လြတ္ထြက္သြားမွာကိုလည္း ေၾကာက္လို႔ထင္သည္ ဟယ္ရီ့အကၤ်ီကိုလည္း တင္းတင္းဆုပ္ကိုင္ထားရွာ​၏။

"မသြားပါနဲ႔..ကိုယ္ေတာင္းပန္တယ္ေနာ္
ကိုယ့္ကို မထားခဲ့နဲ႔"

"မထားခဲ့ေတာ့ဘူး ပိုင္။မင္းကို ပစ္မထား
ခဲ့ေတာ့ဘူးေနာ္"

​ေယာင္ေနဆဲ ပိုင္က ငိုလည္းငိုရွာသည္။
မ်က္ရည္ေတြကို သုတ္ေပးျဖစ္ေတာ့ ဟယ္ရီ့လက္ ကိုဆြဲကိုင္ရင္း ပိုင္က ပါးႏွင့္ကပ္ထားရွာသည္။
ဇြဲလြန္းတို႔ကို စိုက္ၾကည့္မိေတာ့ ႏွစ္ေယာက္သား ေၾကာက္ေၾကာက္လန႔္လန႔္ျဖင့္ ေမးစရာပင္မလိုေအာင္ တန္းေျပာခ်လာေတာ့သည့္ အဲသည့္ဖုံးကြယ္ထားျခင္း ကိစၥရပ္။

"သူ..သူက ေဆး..ေဆး႐ုံရဲ့ အေပၚဆုံးဝရန္တာ
ကေန ခုန္ခ်ဖို႔လုပ္ခဲ့တာ"

"ဘာလို႔လဲ ဘာလို႔မေျပာခဲ့တာလဲ။
ပိုင္သာ ပိုင္ကသာ တစ္ခုခု..တစ္ခုခု ေတာက္!"

ဟယ္ရီ ဆက္ၿပီလည္း ေျပာမထြက္ေတာ့။
ေကာင္းကင္တစ္ခုထဲေအာက္မွာ ရွင္သန္
ေနၾကရတယ္ဆိုတဲ့ စိတ္နဲ႔  ပိုင့္ကိုလြမ္းမိတိုင္း စိတ္ေျဖခဲ့ရတာအႀကိမ္ႀကိမ္။ငါက ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ေပ်ာ္ေနခ်ိန္တိုင္း၊
ေကာင္းေကာင္းမြန္မြန္သြားလာ၊စားေသာက္
ေနခ်ိန္တိုင္း မင္းက..မင္းက ဆိုတဲ့ အေတြး
ေတြကိုလည္း ေရွ႕မဆက္ရဲပါ။
လက္ကမ္းေပးတဲ့သူက ပိုင္..မင္းမဟုတ္ဘဲ
ကိုယ္ျဖစ္ေနေပးပါ့မယ္။

မင္းအတြက္ ေရးတဲ့စာပါ။
ပိုင္..မင္းရဲ့စိတ္ေလး က်န္းမာပါေစ။

///////////////////////////////////////
8.7.2021(Thursday)
-လီလီဟန္-

Continue Reading

You'll Also Like

3.9K 333 14
Unicode BL Short Story လေးပါ ။ ဖတ်ကြည့်ပြီးဝေဖန်ပေးနိုင်ပါတယ်နော် ။ ❣️❣️❣️ မွေးရာပါကိုယ်အဂ်ါမပြည့်စုံတဲ့ကောင်လေး..ဒီမိုးစက် နာမည်ကြီးအဆိုတော်ဖြစ်ဖို့...
60.8K 9.2K 114
COMPLETED ✔️ Chinese Title - 如果月亮不抱你 English Title - If The Moon Won't Hold You Original Author - 六盲星 Status in COO - 71+3 Extras Start Date - 01.04...
2.1M 162K 88
စဝ်ခွန်သာမှိုင်း🖤 စိုင်းခွန်းသန့်နောင် Start Date[19.5.2023] End Date [16.11.2023] 1 to 80 (Completed)
306K 17.3K 22
စိုင်းမဟာမောင် "မောင့်လွန်းငယ်" လွန်းဝသာန်"ဘာမောင့်လွန်းငယ်လည်းဗျ" စိုင်းမဟာမောင်"ဟောဗျာ...မောင့်ရဲ့လွန်းငယ်မလို့ မောင့်လွန်းငယ်ခေါ်တာပေါ့ဗျ"