When You Find Lost Love Again

By Htet-Bo

138K 10.9K 2.9K

3.6.2021 - 11.5.2022 More

Character (1)
Character (2)
Part - 1
Part - 2
Part - 3
Part - 5
Part - 6
Character (3)
Part - 7
Part - 8
Part - 9
Part - 10
Part - 11
Part - 12
Part - 13
Part - 14
Part - 15
Part - 16
Part - 17
Part - 18
Part - 19
Part - 20
Part - 21
Part - 22
Part - 23
Part - 24
Part - 25
Part - 26
Part - 27
Part - 28
Part - 29
Part - 30
Part - 31
Part - 32
Part - 33
Part - 34
Part - 35
Part - 36
Part - 37
Part - 38
Part - 39
Part - 40
Part - 41
Part - 42
Final (UNI)
Final ( ZGI)
Character - 4

Part - 4

2.9K 292 14
By Htet-Bo

" ဒီအပင်လေး ယူမယ်နော် "

မျက်စိရှေ့ရောက်လာတဲ့ အဖြူရောင် Cyclamen ပန်းအိုးလေး ။ Customer ကို ကြည့်လိုက်တော့ ခပ်ယဲ့ယဲ့ပြုံးထားတဲ့ မျက်နှာထားမှာ မျက်ဝန်းတွေကတော့ ဆွေးမြေ့မြေ့။ Cyclamen ဆိုတဲ့ အပင်လေးက ပြီးဆုံးသွားတဲ့ဆက်ဆံရေး ကို ကိုယ်စားပြုတဲ့ winter plant လေးမဟုတ်လား။

Customer အများစုက အပင်လေးတွေရဲ့ အဓိပ္ပါယ်ကို ကြည့်ပြီး ဝယ်တတ်တာမို့ အကြားအမြင်ရနေတဲ့သူ မဟုတ်​ပေ
မယ့် သူတို့ရွေးချယ်တဲ့ အပင်ကိုကြည့်ပြီး သူတို့ အခြေအနေတွေကို ရန်းနားလည်တတ်နေပြီ။

" သေချာလှလှလေး ထုတ်ပိုးပေးပါနော် "

" ဟုတ်ကဲ့ဗျ "

" ဒီအပင်လေးက ကြာရှည်ခံလားဟင် "

" သေချာ care လုပ်ပေးရင် ခံပါတယ်ဗျ ကျွန်တော် ပြုစုပုံလေး ရေးပေးလိုက်မယ်နော် "

" ဟုတ် သေချာပြုစုပါ့မလားတော့မသိဘူး "

ပြုံးကာပြောနေပေမယ့် အဲ့အပြုံးက နာကျင်နေတဲ့ အပြုံး။ ချစ်လျက်နဲ့ဝေးသွားတာမျိုးလား။

" ပန်းစည်းရော လုပ်ပေးတာလားရှင့် "

ဘေးမှာတင်ထားတဲ့ ရန်း ကိုယ်တိုင်စည်းထားတဲ့ နေကြာပန်းစည်းလေးကို ကြည့်ကာမေးလာသည်။

" အာ မလုပ်ဘူးဗျ ဒါလေးက အပြင်ကနေ ပန်းဝယ်ပြီး စည်းထားတာဗျ "

" အော် နေကြာတွေ လှလိုက်တာ "

အင်း နေကြာတွေက လှတာပေါ့။နာမည်လေးကိုက နေကြာ တဲ့ ။

" သဘောကျရင် ဟိုဘက်လမ်းက ပန်းအတုတွေ ရောင်းတဲ့ဆိုင်မှာ ရနိုင်တယ်ဗျ "

" ဒါတွေက ပန်းအတုတွေလား အစစ်ကျလို့ "

ပန်းတွေကို ကိုင်ကြည့်ပြီး အံ့သြတကြီး ဆိုလာသည်။ တကယ်ကို အတုလို့မထင်ရအောင် ဖန်တီးထားမို့ ရန်း ပင် စစချင်း အစစ်ထင်လို့ နှမြောမိသေးသည်။ ပန်းတွေက ပန်းပွင့်ရာနေရာမှာပဲ ရှိသင့်တယ်မဟုတ်လား။

" ပန်းတွေရဲ့ သဘာဝကျတော့လည်း အစစ်ဆို ညှိုးလွယ် ကြွေလွယ်ပြီး အတုများကျတော့ တစ်သက်လုံး ပုံမပျက်ဘဲ ကြာရှည်ခံလိုက်တာ "

ထိုအမရဲ့စကားကြောင့် ရန်း ပြုံးလိုက်သည်။ အတုက အစစ်ထက်တောင် သာနေတယ်လို့ ထင်နေတယ်ထင်ပါရဲ့။

" ဒါပေမယ့် အစစ်ရဲ့အလှကိုတော့ ဘယ်မှီပါ့မလဲဗျ အနံ့အငွေ့အသက်မရှိတဲ့ ပုံစံတူ အတုအယောင်ပဲလေ ဘယ်လောက်ပဲ အစစ်နဲ့ တူအောင် ဖန်းတီးထား ဖန်တီးထား အစစ်မဟုတ်တဲ့ ကော်ပန်းက ကော်ပန်းပဲလေ "

ဘယ်လိုပဲပုံသွင်းသွင်း အတုက အစစ်ဖြစ်မလာဘူးဆိုတာ တစ်ချို့လူတွေက မသိကြဘူး။တစ်ချို့ကျတော့ မသိချင်ယောင်ဆောင်ကြတယ်။

" ဒီအတုအယောင်ကို ကောင်မလေးကို ပေးလို့ မကောင်းဘူးထင်တယ်နော် "

ဒီစကားပြောလာပြီဆိုတော့အတုအယောင်ဆိုတာ ဘာလဲဆိုတာ သဘောပေါက်သွားပြီထင်တယ်။

" ဒါကတော့ ကိုယ့်စိတ်နဲ့ကိုယ်ပေါ့ဗျ ချစ်သူစုံတွဲတွေ တော်တော်များများကတော့ ပန်းအတုတွေ သိပ်မပေးကြပါဘူး "

" ဒါက "

ဒါဆို ဒီပန်းစည်းက ဘာအတွက်လဲ ဆိုတဲ့ အကြည့်မျိုးနဲ့ လက်ညိုးထိုးပြလာသည်မို့

" အာ  ဟားဟား  ဒီအတိုင်း အလှပန်းထိုးဖို့ သက်သက်ပါပဲဗျာ  "

ရှက်ရယ် ရယ်လိုက်ရင်း ဂုတ်ပိုးကို ပွတ်ပါ ဖြေတော့ Customer အမကြီးကပါ ပြုံးပြီး ခေါင်းတဆတ်ဆတ်ငြိမ့်နေလေရဲ့...။

.

.

.

လက်တစ်ဖက်က နေကြာပန်းစည်းကို ကိုင်ကာ ကျန်တစ်ဖက်မှာတော့ အထုတ်ကြီးတစ်ထုပ်ကို ဆွဲလျက် တိုက်ခန်းငယ်ရှေ့သို့ ရပ်ကာ တံခါးဖွင့်မည်အလုပ်

" ရှေးဆက်ရန်း "

ကိုယ့်နာမည်ကို ခေါ်ကာ ဘေးမှာလာရပ်တဲ့ ဝန်း မန်နေဂျာ ကိုနေဦး။

" ကိုနေဦး မတွေ့တာကြာပြီ"

" ချိန်း ဆီလာတာလား "

" ဟုတ် "

ဝန်း တိုက်ခန်းရှေ့ရောက်နေတာကို ဝန်းဆီလာတာလားတဲ့ မေးတတ်တယ်။

" အခုတလော ခနခန လာတယ်နော် "

" ဘာလဲ မလာရဘူးလား "

ရန်းက စနောက်ဟန် ပြောလိုက်ပင်မယ့် ကိုနေဦးရဲ့ မျက်နှာက ရန်းကို အားနာနေပုံ။

" ဟို ကျွန်တော့်ကို တမျိုးမထင်နဲ့နော် ကျွန်တော်လည်း သူဋ္ဌေးက ပြောခိုင်းလို့ "

ကိုနေဦးက ရန်းထက် အသက်ကြီးပေမယ့် စကားပြောရင် သူ့ကိုယ်သူ ကျွန်တော်လို့သာ ပြောသည်။

အခုလည်း မငြိမ်မသက်မျက်လုံးတွေနဲ့ စကားပြောဖို့ ချီတုံချတုံ ဖြစ်နေတာမို့
ရန်း စကားထောက်လိုက်သည်။

" ဘာကိုလဲ ကိုနေဦး "

" ဟို ချိန်းက အခုဆို ပိုပြီး ပိုပြီး အောင်မြင်လာတယ်လေ ဆုတွေလည်း ပူပူနွေးနွေးရထားသော မီဒီယာ သမားတွေက တောက်လျှောက် ချိန်း အကြောင်းကို လိုက်စုံစမ်းနေကြတာ
ကွန်ဒို တစ်ဝိုက်မှာလဲ ပါပါရာဇီတွေက ရောက်ရင် ရောက်နေတတ်တော့ "

ကိုနေဦး ပြောချင်တာကို ရန်း သဘောပေါက်သည်။ ဝန်း နဲ့ ရန်း အကြောင်းကို လူတွေသိသွားမှာကို စိုးရိမ်နေတာ။

" အင်း နောက်ဆို သတိထားပြီးမှ လာမယ်လေ "

" ဟို ကျွန်တော့်ကို တမျိုးမထင်နဲ့နော် "

ပြုံးနေရင်းကနေ ရန်း မျက်နှာက အလိုအလျောက်တည်သွားသည်။ ကိုနေဦးက ဘာကို ပြောချင်နေတာလဲ ။

" ဘာပြောချင်လို့လဲ ကိုနေဦး "

" သူဋ္ဌေးက ချိန်း ရဲ့ image ထိခိုက်မှာ ကို အရမ်းစိုးရိမ်နေတော့လေ ဟို ချိန်းဆီ ခနခန လာတာမျိုးကို ဆင်ခြင်ပေးလို့ရမလားဟင် "

ရန်း အနည်းငယ်တော့ ကြောင်အသွားသည်။ သူနဲ့တွဲတာက ဝန်း ရဲ့ image ပျက်စေသည့် အထိ ဆိုးရွားတဲ့ ကိစ္စလား။ Fan တွေက သူတို့ချစ်တဲ့ အနုပညာရှင် တွေကို ချစ်သူမရစေချင်တာမှန်ပေမယ့် အနုပညာရှင်လည်း လူပဲ ချစ်တတ်တယ်လေ။ ချစ်ပိုင်ခွင့်မရှိဘူးလား။ Image ထိခိုက်တယ်ဆိုတာက ဘာကို ပြောချင်တာလဲ။

" အခုတော့ ရောက်လက်စနဲ့ ဝင်လို့ရမလား နည်းနည်း ပြင်ဆင်ပေးချင်လို့ "

ဟန်ဆောင်ပြုံးပြဖို့အတွက်ကိုတောင် စိတ်အဆင်မပြေတော့တာကြောင့် အသံမာမာပြောလိုက်မိသည်။ ရန်းကို  ဘယ်လိုထင်သွားမလဲမသိ။

" ဟုတ် အခုတော့ ရောက်နေပြီဆိုတော့ ဝင်သွားလိုက်ပါ နောက်ကျရင်တော့ ဂရုစိုက်ပေးနော် ကျွန်တော်ဒီနားက
စတိုးဆိုင်လေးကို ခနသွားလိုက်ဦးမယ် "

ကြည်လင်နေတဲ့စိတ်တွေအစား အနောက်တွေ ဝင်လာပေမယ့် သက်ပြင်းချလိုက်ရင်း စိတ်ငြိမ်အောင်လုပ်လိုက်သည်။ မျက်နှာမကောင်းဖြစ်နေရင် အရိပ်အကဲမြန်တဲ့ ဝန်းနဲ့ မလွယ်။

လျို့ဝှက်နံပါတ်ကို ရန်း မွေးနေ့ ထားထားတာမို့ နှိပ်လိုက်ပြီး အိမ်ထဲဝင်လိုက်သည်။

" အစ်ကို ! "

အိမ်ထဲခြေချလိုက်တာနဲ့ အသံကို
အမြင့်ဆုံးထားအော်ပြီး ခုန်ပေါက်လာကာ လူကို ပြေးဖက်လာတဲ့ ဝန်း။ အမြန်ပင် လက်နှစ်ဖက်ကို ဆန့်တန်းလိုက်ရသည် မဟုတ်ရင် ဝန်း ဖက်ပုံနဲ့ ပါလာတာတွေ ကျိုးကြေကုန်တော့မှာ။

" ဘယ်လိုတွေဖြစ်နေတာလဲ ဖယ်ဦး "

အတင်းဖက်ထားတာကြောင့် ရုန်းလိုက်ပေမယ့် အလွတ်မပေးဘဲ မျက်နှာတ​​ပြင်လုံးကို တပြွတ်ပြွတ် လာနမ်းနေပြန်သည်။

" ဝန်းရာ ခနနေပါဦး ပစ္စည်းတွေ အရင်လုပ်ရအောင် "

ပါလာတဲ့ ပစ္စည်းတွေကို ဆိုဖာပေါ်ချလိုက်ပြီး အိပ်ခန်းထဲ ဝင်လိုက်တော့ မြင်လိုက်ရတာက အဝတ်ပုံ။ ပစ္စည်းအတိုအစတွေက ဟိုတစ်စ ဒီတစ်စ။ ဒါတွေကို ကြိုသိလို့ အပြေးလာခဲ့တာတောင် နောက်ကျသွားပြီ။

" အစ်ကို့ကို စောင့်နေတာ "

ရှုပ်အောင်လုပ်ထားပြီး ရှင်းဖို့ကျတော့ ရန်းကို စောင့်နေသည်တဲ့လေ။

" ဘာလို့ လျှောက်ဖွထားတာလဲ "

" မဖွထားပါဘူး "

" မဖွထားလို့ပဲ "

" ယူချင်တာတွေ ထုတ်ရင်းများသွားတာ ဘာယူရမလဲ မသိတော့လို့ "

ဝန်းက အမြဲတမ်းအဲ့လိုပင်။ ခရီးဝေးသွားတာမျိုး ခုလို ပြည်ပထိ သွားရတာမျိုးဆိုရင် ဘာတွေယူရမလဲဆိုတာ သေချာ မဆုံးဖြတ်တတ်။ ယူချင်တာတွေ များပြီး ဟိုဟာယူရမလို ဒီဟာယူရမလိုနဲ့ မဝေခွဲတတ်တော့တာ။ ရှူတင်အတွက်လိုအပ်တဲ့ အဝတ်အစား အကုန်မှန်သမျှက ကုမ္ပဏီက စီစဥ်ပေးပေမယ့် ဝန်း ရဲ့ ကိုယ်ရေးကိုယ်တာအရ လိုအပ်ချက်တွေကတော့ ကိုယ်တိုင် ပဲ ပြင်ဆင်ရတယ်။ ဒီလိုအချိန်တိုင်း ရန်းက ပြောစရာမလိုအောင် လာပြီး ပြင်ဆင်ပေးနေတာမို့ ဝန်း က ရန်း အားကိုးနဲ့ ကိုယ့်ဘာသာ မလုပ်ချင်တော့။

" ခနနေဦး "

ဝန်း ရဲ့ ရှုပ်ပွနေတဲ့ အခန်းကို ကြည့်ပြီး မျက်စိနောက်သွားတာမို့ အရင်ဆုံး စိတ်ကြည်လင်အောင် ပန်းအိုးထိုးဖို့ရာ ဧည့်ခန်းထဲ ​ပြန်ထွက်ခဲ့သည်။

ဆိုဖာပေါ်တင်ထားခဲ့တဲ့ အထုတ်​ကြီး
ထဲကနေ အထုတ်တစ်ထုတ်ကို ထုတ်လိုက်ပြီး ပန်းစည်းကို ယူကာ ထမင်းစားစားပွဲပေါ်တွင် နေရာချလိုက်သည်။ ထို့နောက် ဧည့်ခန်းစားပွဲပေါ်မှာ ရှိတဲ့ အလှပန်းအိုးကို ယူပြီး ထမင်းစားခန်းထဲသို့ ပြန်လာလိုက်သည်။

ရန်း ဟိုသွားဒီသွားလုပ်နေသည်ကို ဘာအသံမှ မထွက်ဘဲနဲ့ အနောက်ကနေ တောက်တဲ့လို ကပ်ပြီးလိုက်နေတဲ့ ဝန်း ။

" ဘာလို့နေကြာပန်းလဲ "

ထမင်းစားပွဲ​ဘေးမှာ မတ်တပ်ရပ်လိုက်ပြီး အလှပန်းအိုးထဲက နှင်းဆီပန်းအတုတွေကို ဖယ်လိုက်ကာ နေကြာတွေကို အစားထိုးတော့ အနောက်ကနေ ရန်း ရဲ့ ခါးကို လက်နှစ်ဖက်ဖြင့် ဖက်တွယ်ပြီး မေးလာသည်။

" မင်းက ငါ့တစ်ယောက်ထဲကို မျှော်ကြည့်နေအောင်လို့ "

" ကျွန်တော်က အစ်ကို့ကိုပဲ မကြည့်လို့ ဘယ်ကိုကြည့်ရဦးမှာလဲ ခုတောင် ခေါင်းကလှည့်မရဘူး "

ရန်း ပုခုံးပေါ်မေးတင်ပြီး မျက်နှာကို ရန်း ဘက်လှည့်ထားကြောင်း ကို အပိုလုပ်ကာ ပြောနေသည်။

" အပိုတွေ "

" ဘယ်မှာပိုနေလို့လဲ နေကြာပန်းကတောင် နေမင်းကိုကြည့်လိုက် မြေကြီးကိုကြည့်လိုက် ဖြစ်ဦးမယ် ကျွန်တော်က အစ်ကိုရှိရာတစ်ဖက်တည်းကိုပဲ မျက်နှာမူတာပါနော် "

ချစ်မဝ​လေးက ပိုချစ်စရာကောင်းအောင် လုပ်နေပြန်ပြီ။

" ဟုတ်ပါပြီ ကျေးဇူးတင်ပါတယ် "

" ကျေးဇူးမလိုဘူး အချစ်တွေပဲ လိုတယ် "

" အင့် ယူ "

" ပြွတ် "

သူ့ကို ကြည့်ပြီး နှုတ်ခမ်းဆူပေးလိုက်တော့ အလျင်အမြန်နှုန်းနဲ့ ချက်ချင်း နမ်းလာသည်။ တစ်ယောက်နဲ့တစ်ယောက်ကြည့်ရင်း အကြောင်းပြချက်မရှိ ရယ်မိလိုက်ကြသေးသည်။

" သုံးလေးရက်ပဲမလား "

မောင်တော် ဖွထားတဲ့ အရှုပ်တွေကို သေချာပြန်ရှင်းပြီး လိုအပ်တဲ့ အဝတ်အစား လေးငါးဆယ်စုံ နဲ့  တစ်ကိုယ်ရေ သန့်ရှင်းရေး ပစ္စည်း တွေကို Luggage ထဲ ထဲ့ပေးနေရင်း ကိုယ်အရှေ့မှာ ထိုင်နေတဲ့ ကောင်လေးကို မေးလိုက်သည်။

" ငါးရက်လို့ ပြောတယ် "

" ဘာလို့များ Maldives ထိတောင် သွားရိုက်ရတာလဲ "

" Music Video ကောင်းကောင်းလေး ရချင်လို့နေမှာပေါ့ အကုန်အကျလည်း တတ်နိုင်လို့နေမှာပေါ့ "

" ရာသီဥတုအခြေအနေက ဘယ်လိုတဲ့လဲ "

" ပူတယ်ပြောတယ် "

" လိုလိုမယ်မယ် အနွေးထည်လေး တစ်ထည်လောက်ထဲ့လိုက်မယ် ရာသီဥတုက အစိုးရတာ မဟုတ်ဘူး "

အနွေးထည်ထဲ့ထားတဲ့ ဗီဒိုကို ဖွင့်လိုက်ပြီး အဆင်ပြေမယ့် တစ်ထည်ကို ယူလိုက်သည်။ မင်းသားတစ်ယောက်အတွက် အဝတ်အစားပြင်ဆင်ပေးရတာ လွယ်ကူတဲ့ အရာတော့မဟုတ်။ အများအမြင်မှာ အထက်တန်းကျကျဖြစ်အောင် အမြင်မရိုင်းအောင် ပုံမကျပန်းမကျ ဖြစ်မနေအောင် ဂရုစိုက်ရသေးသည်။ ဖက်ရှင်နဲ့ပတ်သက်ရင် စိတ်မဝင်စားပေမယ့် ဝန်း နဲ့ ပတ်သက်ရင်တော့ ဘာမဆို စိတ်ဝင်စားတာမို့ နေ့စဥ်နဲ့အမျှ Popular  ဖြစ်နေတဲ့ ဒီဇိုင်းတွေကို  အမြဲလေ့လာဖြစ်သည်။

" ဆိုဖာပေါ်မှာ တင်ထားတဲ့ အိတ်သွားယူခဲ့ "

" ဒါလား အစ်ကို "

တံခါးဝနေ အထုတ်မြှောက်ပြပြီး အရင်မေးနေသေးသည်။

" အင်း "

ဟုတ်တယ်ဆိုမှ အခန်းထဲဝင်လာပြီး အထုတ်ကို ရန်းကိုပေးကာ လူကတော့
ရန်းအ​နောက်မှာလာထိုင်​ပြီး အရိုးမပါတဲ့ သတ္တဝါလို ရန်း ကျောပြင်မှာ လာမှီတွယ်နေပြန်သည်။

" ဖယ်စမ်းပါ ဝန်းရာ မင်းကိုယ်ကြီးက လေးကလေးနဲ့ ဒီမှာ အလုပ်လုပ်နေတာကို "

" မဖယ်ဘူး "

ဆက်ပြောရင်လည်း လေကုန်ရုံပဲ ရှိမှာ။ လေးငါးရက်လောက်ခွဲရမှာမို့ ရန်းကို အတင်းကပ်နေတာ။

အထုတ်ထဲက ပစ္စည်းတွေကို တစ်ခုချင်း ထုတ်လိုက်ပြီး Luggage ထဲကို ထဲ့လိုက်သည်။

" ဒါက Shave Cream (မုတ်ဆိတ်မွေးရိတ်တဲ့ Cream )ကုန်နေပြီမလား
ပြီးတော့ အတွင်းခံလည်း ဝယ်လာတယ် မဝယ်ဖြစ်တာ နည်းနည်းကြာနေပြီမလို့ "

" အစ်ကိုကလည်း အဲ့ဒါတွေက
ကိုနေဦး ရှိနေတာပဲကို "

" ကိုနေဦးက အကြီးလေ ဒါတွေမဝယ်ခိုင်းရဘူး "

" အစ်ကိုလည်း အကြီးပဲကို "

" ဒါပေမယ့် ငါက သူများမှ မဟုတ်တာ "

" အစ်ကိုက ဘယ်သူလဲ "

" ငါလား ရှေးဆက်ရန်း လေ "

သူလိုချင်တဲ့ အဖြေမပေးဘဲ တမင်တကာ ညစ်ကာ ဖြေလိုက်တော့ လူကို အတင်းဖြစ်ညှစ်ဖက်ပြီး နားကို တတိတိလာကိုက်သည်။

" မလုပ်စမ်းနဲ့ "

ခေါင်းရမ်းပြီး ရုန်းတော့ လူကို ဘုကြည့်ကြည့် ကာ မကျေနပ်သလို လုပ်နေသည်။

"  ညစာအတွက် ငါးထမင်းနယ် နဲ့ ဟင်းထုပ်ဝယ်လာတယ် စားစို့ မိုးမှောင်နေပြီ အပြန်နောက်ကျမှာ စိုးတယ် "

" ဒီမှာ မအိပ်ဘူးလား "

မနက်ဖြန်ခရီးထွက်မှာကို အစ်ကိုက ညလေးတောင် အတူအိပ်မပေးဘူး။ အိပ်မယ်ထင်နေတာ။

" မအိပ်တော့ဘူး မနက်ဖြန် အပင်တွေရောက်မှာမို့... မနက်အစောကြီး သွားမှာမလား သွားခါနီး ဖုန်းဆက်ဦး "

"အင်း စားပြီးရင် လိုက်ပို့ပေးမယ် "

"  ငါ့ဘာသာပြန်ပါမယ် "

ဘာလဲကွာ။ အတူတူရှိတဲ့အချိန်လေး ပို​ကြာအောင်ပါဆို။အတင်းကို ငြင်းလွှတ်နေတာ။ ခရီးသွားမယ့် ကောင်လေးကို နည်းနည်းလေးတောင် မလွမ်းပြဘူး။

" လိုက်ပို့မှာ "

" ကားပါလာတယ် "

" အဲ့ဒီတော့ "

" အဲ့ဒီတော့ မနက်မှ ဒရိုင်ဘာငှားပြီး လာယူခိုင်းလိုက်မယ်လို့ "

ကိုယ်တော်ချွဲကလည်း စိတ်ကြီးပဲ။လိုက်မပို့နဲ့လေးပြောတာကို စိတ်ကဆိုးချင်နေပြီ။
.
.

တဖြည်းဖြည်းနဲ့ ကားလေးက ရန်းအိမ်ရှေ့ကို မရောက်ချင် ရောက်ချင်နဲ့ ရောက်လာခဲ့သည်။ ကွန်ဒို နဲ့ ရန်း အိမ် နဲ့က တော်တော်ဝေးတာကို ပိုဝေးအောင် ကားကို လျှောက်ပြီး ပတ်မောင်းနေတာကြောင့် နှစ်နာရီမောင်းရမှာကို လေးနာရီလောက် ကြာနေသည်။ အိမ်နားရောက်ခါနီးကို လိပ် လို တလိမ့်ချင်း မောင်းနေလို့ လမ်းဆင်းလျှောက်တော့မယ်​ပြောမှ သေချာမောင်းသည်။

" ဟိုရောက်ရင်လည်း ဖုန်းဆက်နော် မနက်စာ မစားပဲမနေနဲ့ အာဟာရရှိတာတွေစားနော် ညဘက်တွေ စောစောအိပ် "

ပြောနေတာကို အရေးမလုပ်။
ဆုပ်ကိုင်ထားတဲ့ ရန်းလက်ကို မလွှတ်ပေးသေးဘဲ တဖွဖွနမ်းနေသည်။

" ပြောနေတာကြားလား "

" ဟုတ် "

ရန်းကို အိမ်ထဲမဝင်စေချင်သေးတာကြောင့် ရန်းလက်ကို သူ့ပါးမှာ အပ်လိုက် နမ်းလိုက် နဲ့ မလွှတ်ပေးဘဲ နေနေသည်။

" စိတ်ပူအောင်မလုပ်နဲ့နော် ဝန်းငယ် အလုပ်ကို ကြိုးစားလုပ်ပြီး မြန်မြန်ပြန်လာနော် စောင့်နေမယ် "

" ဟုတ် စိတ်ချပါ လိမ္မာပါ့မယ် "

" ငါ့ကောင်လေးရဲ့ ခရီးစဥ်လေး ​ဖြောင့်ဖြူးသာယာပါစေ "

" အစ်ကို့မေတ္တာစစ်နဲ့ ဆုတောင်းပေးတာမို့ ချောမွေ့မှာ မပူနဲ့ အစ်ကိုလည်း ဂရုစိုက်နော် "

" ချစ်တယ်နော် ကလေးငယ် "

" ကျွန်တော်လည်း ချစ်တယ် ရန်း  "

ရန်းပြုံးပြလိုက်ပြီး ဝန်းနဖူးပြင်လေးကို အနမ်းတစ်ချက်ပေးလိုက်တော့ မျက်လုံးလေးမှိတ်ကာ သေချာခံယူသည်။

" ဖြေးဖြေးမောင်းသွား ဘယ်သဝေမှထိုးမနေနဲ့ အိမ်တန်းပြန် ... ရောက်ရင်ဖုန်းဆက် ပြီးတာနဲ့ အိပ် ... မနက်ကျ အစောထရမှာ မှာတာတွေကို မမေ့နဲ့ "

ကားပေါ်က ဆင်းလိုက်ပြီး ဘယ်မှမသွားတတ်တဲ့ ကလေးက အိမ်တန်းပြန်မှာသိနေပေမယ့် လူကြီးလုပ်ကာ မှာလိုက်သေးသည်။

" ဟုတ်ကဲ့ပါ အဘိုးကြီးပေါက်စလေးရဲ့ "

မှာလို့မဆုံးဖြစ်နေတဲ့ အစ်ကို့ကို ရန်း အသဲယားနေမိသည်။ တကယ်ကို အဘိုးအို ပေါက်စလေး မှာကို မှာနိုင်လွန်းတယ်။

" အကြီးကို "

သူ့ကို ပြောလို့ အကြီးကို ပြောစရာလားဆိုတဲ့ သဘောနဲ့ လူကိုမျက်စောင်းချိတ်ပြီး အိမ်ထဲဝင်သွားသည်။

ခနနေတော့ ပြန်ထွက်လာကာ ကားဆီပြေးလာသည်။ ဘာကျန်ခဲ့လို့လဲ ။

" ငါ့အိမ်ရှေ့မှာ တစ်ညလုံးမနေနဲ့ မသင်္ကာမှုနဲ့ ရဲတိုင်လိုက်မယ် အခု အိမ်ပြန် "

အစ်ကိုကလည်း ပါးလိုက်တာ။ ဘယ်လိုသိသွားတာလဲ။ အိမ်ရှေ့မှာမနေစေချင်ရင် အိမ်ထဲ ခေါ်သိပ်မယ်မရှိဘူး။နှင်ထုတ်ဖို့ပဲ။ အစ်ကို့အငွေ့အသက်လေးနဲ့ အိပ်ချင်လို့ကို။

" အစ်ကိုကလည်း "

" အခု ပြန်မယ်
မင်း ပြန်မှ ငါ အထဲဝင်မှာ "

" အကျင့်ပုပ် "

နှုတ်ခမ်းဆူနေတဲ့ ကောင်လေးတစ်ယောက်မောင်းသွားတဲ့ ကားလေးကို ကြည့်ပြီး ရန်း ပြုံးမိပြန်သည်။ ဝန်း က အဲ့လိုပင်။ ခရီးဝေးသွားတော့မယ်ဆို သိသိသာသာ စကားနည်းသွားပြီး လူကိုပဲ ကပ်ချင်နေတာမျိုး။ အခု ည အတူအိပ်ပေးရင် မနက်ကျ သွားဖို့ တွန့်ဆုတ် တွန့်ဆုတ် လုပ်နေမှာမို့ ညထဲက ခွဲအိပ်ပေးမှ တော်ကာကျသည်။ဒါကို ဝန်း လည်း သိသည်။ သူခရီးထွက်တိုင်း ဒီလိုကြီးပဲလေ။

Photo Crd
Source from Google
Customer ဝယ်တဲ့ပန်းပါ ပန်းနာမည်ကရေးလို့မရဘူး ပြုတ်ပြုတ်သွားလို့
တစ်ပင်ချင်းစီဆို ပိုလှတယ်ရယ် ထက် က ရောင်စုံရှိတဲ့ ပုံလေးယူခဲ့လို့
Meaning တွေ ရေးထားတဲ့ ပုံထဲ့ပေးမလို့ကို Copyright နဲ့ ညှိနေတယ်ထင်တယ် ထဲ့မရဘူး ပြုတ်ပြုတ်ကျနေလို့😔

.

.

.

(Zawgyi)

" ဒီအပင္ေလး ယူမယ္ေနာ္ "

မ်က္စိေရွ႕ေရာက္လာတဲ့ အျဖဴေရာင္ Cyclamen ပန္းအိုးေလး ။ Customer ကို ၾကည့္လိုက္ေတာ့ ခပ္ယဲ့ယဲ့ၿပဳံးထားတဲ့ မ်က္ႏွာထားမွာ မ်က္ဝန္းေတြကေတာ့ ေဆြးေျမ့ေျမ့။ Cyclamen ဆိုတဲ့ အပင္ေလးက ၿပီးဆုံးသြားတဲ့ဆက္ဆံေရး ကို ကိုယ္စားျပဳတဲ့ winter plant ေလးမဟုတ္လား။

Customer အမ်ားစုက အပင္ေလးေတြရဲ႕ အဓိပ္ပါယ်ကိဳ ၾကည့္ၿပီး ဝယ္တတ္တာမို႔ အၾကားအျမင္ရေနတဲ့သူ မဟုတ္ေပ
မယ့္ သူတို႔ေ႐ြးခ်ယ္တဲ့ အပင္ကိုၾကည့္ၿပီး သူတို႔ အေျခအေနေတြကို ရန္းနားလည္တတ္ေနၿပီ။

" ေသခ်ာလွလွေလး ထုတ္ပိုးေပးပါေနာ္ "

" ဟုတ္ကဲ့ဗ် "

" ဒီအပင္ေလးက ၾကာရွည္ခံလားဟင္ "

" ေသခ်ာ care လုပ္ေပးရင္ ခံပါတယ္ဗ် ကြၽန္ေတာ္ ျပဳစုပုံေလး ေရးေပးလိုက္မယ္ေနာ္ "

" ဟုတ္ ေသခ်ာျပဳစုပါ့မလားေတာ့မသိဘူး "

ၿပဳံးကာေျပာေနေပမယ့္ အဲ့အၿပဳံးက နာက်င္ေနတဲ့ အၿပဳံး။ ခ်စ္လ်က္နဲ႕ေဝးသြားတာမ်ိဳးလား။

" ပန္းစည္းေရာ လုပ္ေပးတာလားရွင့္ "

ေဘးမွာတင္ထားတဲ့ ရန္း ကိုယ္တိုင္စည္းထားတဲ့ ေနၾကာပန္းစည္းေလးကို ၾကည့္ကာေမးလာသည္။

" အာ မလုပ္ဘူးဗ် ဒါေလးက အျပင္ကေန ပန္းဝယ္ၿပီး စည္းထားတာဗ် "

" ေအာ္ ေနၾကာေတြ လွလိုက္တာ "

အင္း ေနၾကာေတြက လွတာေပါ့။နာမည္ေလးကိုက ေနၾကာ တဲ့ ။

" သေဘာက်ရင္ ဟိုဘက္လမ္းက ပန္းအတုေတြ ေရာင္းတဲ့ဆိုင္မွာ ရနိုင္တယ္ဗ် "

" ဒါေတြက ပန္းအတုေတြလား အစစ္က်လိဳ႕ "

ပန္းေတြကို ကိုင္ၾကည့္ၿပီး အံ့ၾသတႀကီး ဆိုလာသည္။ တကယ္ကို အတုလို႔မထင္ရေအာင္ ဖန္တီးထားမို႔ ရန္း ပင္ စစခ်င္း အစစ္ထင္လို႔ ႏွေျမာမိေသးသည္။ ပန္းေတြက ပန္းပြင့္ရာေနရာမွာပဲ ရွိသင့္တယ္မဟုတ္လား။

" ပန္းေတြရဲ႕ သဘာဝက်ေတာ့လည္း အစစ္ဆို ညွိုးလြယ္ ေႂကြလြယ္ၿပီး အတုမ်ားက်ေတာ့ တစ္သက္လုံး ပုံမပ်က္ဘဲ ၾကာရွည္ခံလိုက္တာ "

ထိုအမရဲ႕စကားေၾကာင့္ ရန္း ၿပဳံးလိုက္သည္။ အတုက အစစ္ထက္ေတာင္ သာေနတယ္လို႔ ထင္ေနတယ္ထင္ပါရဲ႕။

" ဒါေပမယ့္ အစစ္ရဲ႕အလွကိုေတာ့ ဘယ္မွီပါ့မလဲဗ် အနံ႕အေငြ႕အသက္မရွိတဲ့ ပုံစံတူ အတုအေယာင္ပဲေလ ဘယ္ေလာက္ပဲ အစစ္နဲ႕ တူေအာင္ ဖန္းတီးထား ဖန္တီးထား အစစ္မဟုတ္တဲ့ ေကာ္ပန္းက ေကာ္ပန္းပဲေလ "

ဘယ္လိုပဲပုံသြင္းသြင္း အတုက အစစ္ျဖစ္မလာဘူးဆိုတာ တစ္ခ်ိဳ႕လူေတြက မသိၾကဘူး။တစ္ခ်ိဳ႕က်ေတာ့ မသိခ်င္ေယာင္ေဆာင္ၾကတယ္။

" ဒီအတုအေယာင္ကို ေကာင္မေလးကို ေပးလို႔ မေကာင္းဘူးထင္တယ္ေနာ္ "

ဒီစကားေျပာလာၿပီဆိုေတာ့အတုအေယာင္ဆိုတာ ဘာလဲဆိုတာ သေဘာေပါက္သြားၿပီထင္တယ္။

" ဒါကေတာ့ ကိုယ့္စိတ္နဲ႕ကိုယ္ေပါ့ဗ် ခ်စ္သူစုံတြဲေတြ ေတာ္ေတာ္မ်ားမ်ားကေတာ့ ပန္းအတုေတြ သိပ္မေပးၾကပါဘူး "

" ဒါက "

ဒါဆို ဒီပန္းစည္းက ဘာအတြက္လဲ ဆိုတဲ့ အၾကည့္မ်ိဳးနဲ႕ လက္ညိုးထိုးျပလာသည္မို႔

" အာ  ဟားဟား  ဒီအတိုင္း အလွပန္းထိုးဖို႔ သက္သက္ပါပဲဗ်ာ  "

ရွက္ရယ္ ရယ္လိုက္ရင္း ဂုတ္ပိုးကို ပြတ္ပါ ေျဖေတာ့ Customer အမႀကီးကပါ ၿပဳံးၿပီး ေခါင္းတဆတ္ဆတ္ၿငိမ့္ေနေလရဲ႕...။

.

.

.

လက္တစ္ဖက္က ေနၾကာပန္းစည္းကို ကိုင္ကာ က်န္တစ္ဖက္မွာေတာ့ အထုတ္ႀကီးတစ္ထုပ္ကို ဆြဲလ်က္ တိုက္ခန္းငယ္ေရွ႕သို႔ ရပ္ကာ တံခါးဖြင့္မည္အလုပ္

" ေရွးဆက္ရန္း "

ကိုယ့္နာမည္ကို ေခၚကာ ေဘးမွာလာရပ္တဲ့ ဝန္း မန္ေနဂ်ာ ကိုေနဦး။

" ကိုေနဦး မေတြ႕တာၾကာၿပီ"

" ခ်ိန္း ဆီလာတာလား "

" ဟုတ္ "

ဝန္း တိုက္ခန္းေရွ႕ေရာက္ေနတာကို ဝန္းဆီလာတာလားတဲ့ ေမးတတ္တယ္။

" အခုတေလာ ခနခန လာတယ္ေနာ္ "

" ဘာလဲ မလာရဘူးလား "

ရန္းက စေနာက္ဟန္ ေျပာလိုက္ပင္မယ့္ ကိုေနဦးရဲ႕ မ်က္ႏွာက ရန္းကို အားနာေနပုံ။

" ဟို ကြၽန္ေတာ့္ကို တမ်ိဳးမထင္နဲ႕ေနာ္ ကြၽန္ေတာ္လည္း သူ႒ေးက ေျပာခိုင္းလို႔ "

ကိုေနဦးက ရန္းထက္ အသက္ႀကီးေပမယ့္ စကားေျပာရင္ သူ႕ကိုယ္သူ ကြၽန္ေတာ္လို႔သာ ေျပာသည္။

အခုလည္း မၿငိမ္မသက္မ်က္လုံးေတြနဲ႕ စကားေျပာဖို႔ ခ်ီတုံခ်တဳံ ျဖစ္ေနတာမို႔
ရန္း စကားေထာက္လိုက္သည္။

" ဘာကိုလဲ ကိုေနဦး "

" ဟို ခ်ိန္းက အခုဆို ပိုၿပီး ပိုၿပီး ေအာင္ျမင္လာတယ္ေလ ဆုေတြလည္း ပူပူႏြေးႏြေးရထားေသာ မီဒီယာ သမားေတြက ေတာက္ေလွ်ာက္ ခ်ိန္း အေၾကာင္းကို လိုက္စုံစမ္းေနၾကတာ
ကြန္ဒို တစ္ဝိုက္မွာလဲ ပါပါရာဇီေတြက ေရာက္ရင္ ေရာက္ေနတတ္ေတာ့ "

ကိုေနဦး ေျပာခ်င္တာကို ရန္း သေဘာေပါက္သည္။ ဝန္း နဲ႕ ရန္း အေၾကာင္းကို လူေတြသိသြားမွာကို စိုးရိမ္ေနတာ။

" အင္း ေနာက္ဆို သတိထားၿပီးမွ လာမယ္ေလ "

" ဟို ကြၽန္ေတာ့္ကို တမ်ိဳးမထင္နဲ႕ေနာ္ "

ၿပဳံးေနရင္းကေန ရန္း မ်က္ႏွာက အလိုအေလ်ာက္တည္သြားသည္။ ကိုေနဦးက ဘာကို ေျပာခ်င္ေနတာလဲ ။

" ဘာေျပာခ်င္လို႔လဲ ကိုေနဦး "

" သူ႒ေးက ခ်ိန္း ရဲ႕ image ထိခိုက္မွာ ကို အရမ္းစိုးရိမ္ေနေတာ့ေလ ဟို ခ်ိန္းဆီ ခနခန လာတာမ်ိဳးကို ဆင္ျခင္ေပးလို႔ရမလားဟင္ "

ရန္း အနည္းငယ္ေတာ့ ေၾကာင္အသြားသည္။ သူနဲ႕တြဲတာက ဝန္း ရဲ႕ image ပ်က္ေစသည့္ အထိ ဆိုး႐ြားတဲ့ ကိစၥလား။ Fan ေတြက သူတို႔ခ်စ္တဲ့ အႏုပညာရွင္ ေတြကို ခ်စ္သူမရေစခ်င္တာမွန္ေပမယ့္ အႏုပညာရွင္လည္း လူပဲ ခ်စ္တတ္တယ္ေလ။ ခ်စ္ပိုင္ခြင့္မရွိဘူးလား။ Image ပ်က္တယ္ဆိုတာက ဘာကို ေျပာခ်င္တာလဲ။

" အခုေတာ့ ေရာက္လက္စနဲ႕ ဝင္လို႔ရမလား နည္းနည္း ျပင္ဆင္ေပးခ်င္လို႔ "

ဟန္ေဆာင္ၿပဳံးျပဖို႔အတြက္ကိုေတာင္ စိတ္အဆင္မေျပေတာ့တာေၾကာင့္ အသံမာမာေျပာလိုက္မိသည္။ ရန္းကို  ဘယ္လိုထင္သြားမလဲမသိ။

" ဟုတ္ အခုေတာ့ ေရာက္ေနၿပီဆိုေတာ့ ဝင္သြားလိုက္ပါ ေနာက္က်ရင္ေတာ့ ဂ႐ုစိုက္ေပးေနာ္ ကြၽန္ေတာ္ဒီနားက
စတိုးဆိုင္ေလးကို ခနသြားလိုက္ဦးမယ္ "

ၾကည္လင္ေနတဲ့စိတ္ေတြအစား အေနာက္ေတြ ဝင္လာေပမယ့္ သက္ျပင္းခ်လိဳက္ရင္း စိတ္ၿငိမ္ေအာင္လုပ္လိုက္သည္။ မ်က္ႏွာမေကာင္းျဖစ္ေနရင္ အရိပ္အကဲျမန္တဲ့ ဝန္းနဲ႕ မလြယ္။

လ်ိဳ႕ဝွက္နံပါတ္ကို ရန္း ေမြးေန႕ ထားထားတာမို႔ ႏွိပ္လိုက္ၿပီး အိမ္ထဲဝင္လိုက္သည္။

" အစ္ကို ! "

အိမ္ထဲေျခခ်လိဳက္တာနဲ႕ အသံကို
အျမင့္ဆုံးထားေအာ္ၿပီး ခုန္ေပါက္လာကာ လူကို ေျပးဖက္လာတဲ့ ဝန္း။ အျမန္ပင္ လက္ႏွစ္ဖက္ကို ဆန့္တန္းလိုက္ရသည္ မဟုတ္ရင္ ဝန္း ဖက္ပုံနဲ႕ ပါလာတာေတြ က်ိဳးေၾကကုန္ေတာ့မွာ။

" ဘယ္လိုေတြျဖစ္ေနတာလဲ ဖယ္ဦး "

အတင္းဖက္ထားတာေၾကာင့္ ႐ုန္းလိုက္ေပမယ့္ အလြတ္မေပးဘဲ မ်က္ႏွာတျပင္လုံးကို တႁပြတ္ႁပြတ္ လာနမ္းေနျပန္သည္။

" ဝန္းရာ ခနေနပါဦး ပစၥည္းေတြ အရင္လုပ္ရေအာင္ "

ပါလာတဲ့ ပစၥည္းေတြကို ဆိုဖာေပၚခ်လိဳက္ၿပီး အိပ္ခန္းထဲ ဝင္လိုက္ေတာ့ ျမင္လိုက္ရတာက အဝတ္ပုံ။ ပစၥည္းအတိုအစေတြက ဟိုတစ္စ ဒီတစ္စ။ ဒါေတြကို ႀကိဳသိလို႔ အေျပးလာခဲ့တာေတာင္ ေနာက္က်သြားၿပီ။

" အစ္ကို႔ကို ေစာင့္ေနတာ "

ရႈပ္ေအာင္လုပ္ထားၿပီး ရွင္းဖို႔က်ေတာ့ ရန္းကို ေစာင့္ေနသည္တဲ့ေလ။

" ဘာလို႔ ေလွ်ာက္ဖြထားတာလဲ "

" မဖြထားပါဘူး "

" မဖြထားလို႔ပဲ "

" ယူခ်င္တာေတြ ထုတ္ရင္းမ်ားသြားတာ ဘာယူရမလဲ မသိေတာ့လို႔ "

ဝန္းက အၿမဲတမ္းအဲ့လိုပင္။ ခရီးေဝးသြားတာမ်ိဳး ခုလို ျပည္ပထိ သြားရတာမ်ိဳးဆိုရင္ ဘာေတြယူရမလဲဆိုတာ ေသခ်ာ မဆုံးျဖတ္တတ္။ ယူခ်င္တာေတြ မ်ားၿပီး ဟိုဟာယူရမလို ဒီဟာယူရမလိုနဲ႕ မေဝခြဲတတ္ေတာ့တာ။ ရႉတင္အတြက္လိုအပ္တဲ့ အဝတ္အစား အကုန္မွန္သမွ်က ကုမၸဏီက စီစဥ္ေပးေပမယ့္ ဝန္း ရဲ႕ ကိုယ္ေရးကိုယ္တာအရ လိုအပ္ခ်က္ေတြကေတာ့ ကိုယ္တိုင္ ပဲ ျပင္ဆင္ရတယ္။ ဒီလိုအခ်ိန္တိုင္း ရန္းက ေျပာစရာမလိုေအာင္ လာၿပီး ျပင္ဆင္ေပးေနတာမို႔ ဝန္း က ရန္း အားကိုးနဲ႕ ကိုယ့္ဘာသာ မလုပ္ခ်င္ေတာ့။

" ခနေနဦး "

ဝန္း ရဲ႕ ရႈပ္ပြေနတဲ့ အခန္းကို ၾကည့္ၿပီး မ်က္စိေနာက္သြားတာမို႔ အရင္ဆုံး စိတ္ၾကည္လင္ေအာင္ ပန္းအိုးထိုးဖို႔ရာ ဧည့္ခန္းထဲ ျပန္ထြက္ခဲ့သည္။

ဆိုဖာေပၚတင္ထားခဲ့တဲ့ အထုတ္ႀကီး
ထဲကေန အထုတ္တစ္ထုတ္ကို ထုတ္လိုက္ၿပီး ပန္းစည္းကို ယူကာ ထမင္းစားစားပြဲေပၚတြင္ ေနရာခ်လိဳက္သည္။ ထို႔ေနာက္ ဧည့္ခန္းစားပြဲေပၚမွာ ရွိတဲ့ အလွပန္းအိုးကို ယူၿပီး ထမင္းစားခန္းထဲသို႔ ျပန္လာလိုက္သည္။

ရန္း ဟိုသြားဒီသြားလုပ္ေနသည္ကို ဘာအသံမွ မထြက္ဘဲနဲ႕ အေနာက္ကေန ေတာက္တဲ့လို ကပ္ၿပီးလိုက္ေနတဲ့ ဝန္း ။

" ဘာလို႔ေနၾကာပန္းလဲ "

ထမင္းစားပြဲေဘးမွာ မတ္တပ္ရပ္လိုက္ၿပီး အလွပန္းအိုးထဲက ႏွင္းဆီပန္းအတုေတြကို ဖယ္လိုက္ကာ ေနၾကာေတြကို အစားထိုးေတာ့ အေနာက္ကေန ရန္း ရဲ႕ ခါးကို လက္ႏွစ္ဖက္ျဖင့္ ဖက္တြယ္ၿပီး ေမးလာသည္။

" မင္းက ငါ့တစ္ေယာက္ထဲကို ေမွ်ာ္ၾကည့္ေနေအာင္လို႔ "

" ကြၽန္ေတာ္က အစ္ကို႔ကိုပဲ မၾကည့္လို႔ ဘယ္ကိုၾကည့္ရဦးမွာလဲ ခုေတာင္ ေခါင္းကလွည့္မရဘူး "

ရန္း ပုခုံးေပၚေမးတင္ၿပီး မ်က္ႏွာကို ရန္း ဘက္လွည့္ထားေၾကာင္း ကို အပိုလုပ္ကာ ေျပာေနသည္။

" အပိုေတြ "

" ဘယ္မွာပိုေနလို႔လဲ ေနၾကာပန္းကေတာင္ ေနမင္းကိုၾကည့္လိုက္ ေျမႀကီးကိုၾကည့္လိုက္ ျဖစ္ဦးမယ္ ကြၽန္ေတာ္က အစ္ကိုရွိရာတစ္ဖက္တည္းကိုပဲ မ်က္ႏွာမူတာပါေနာ္ "

ခ်စ္မဝေလးက ပိုခ်စ္စရာေကာင္းေအာင္ လုပ္ေနျပန္ၿပီ။

" ဟုတ္ပါၿပီ ေက်းဇူးတင္ပါတယ္ "

" ေက်းဇူးမလိုဘူး အခ်စ္ေတြပဲ လိုတယ္ "

" အင့္ ယူ "

" ႁပြတ္ "

သူ႕ကို ၾကည့္ၿပီး ႏႈတ္ခမ္းဆူေပးလိုက္ေတာ့ အလ်င္အျမန္ႏႈန္းနဲ႕ ခ်က္ခ်င္း နမ္းလာသည္။ တစ္ေယာက္နဲ႕တစ္ေယာက္ၾကည့္ရင္း အေၾကာင္းျပခ်က္မရွိ ရယ္မိလိုက္ၾကေသးသည္။

" သုံးေလးရက္ပဲမလား "

ေမာင္ေတာ္ ဖြထားတဲ့ အရႈပ္ေတြကို ေသခ်ာျပန္ရွင္းၿပီး လိုအပ္တဲ့ အဝတ္အစား ေလးငါးဆယ္စုံ နဲ႕  တစ္ကိုယ္ေရ သန့္ရွင္းေရး ပစၥည္း ေတြကို Luggage ထဲ ထဲ့ေပးေနရင္း ကိုယ္အေရွ႕မွာ ထိုင္ေနတဲ့ ေကာင္ေလးကို ေမးလိုက္သည္။

" ငါးရက္လို႔ ေျပာတယ္ "

" ဘာလို႔မ်ား Maldives ထိေတာင္ သြားရိုက္ရတာလဲ "

" Music Video ေကာင္းေကာင္းေလး ရခ်င္လို႔ေနမွာေပါ့ အကုန္အက်လည္း တတ္နိုင္လို႔ေနမွာေပါ့ "

" ရာသီဥတုအေျခအေနက ဘယ္လိုတဲ့လဲ "

" ပူတယ္ေျပာတယ္ "

" လိုလိုမယ္မယ္ အႏြေးထည္ေလး တစ္ထည္ေလာက္ထဲ့လိုက္မယ္ ရာသီဥတုက အစိုးရတာ မဟုတ္ဘူး "

အႏြေးထည္ထဲ့ထားတဲ့ ဗီဒိုကို ဖြင့္လိုက္ၿပီး အဆင္ေျပမယ့္ တစ္ထည္ကို ယူလိုက္သည္။ မင္းသားတစ္ေယာက္အတြက္ အဝတ္အစားျပင္ဆင္ေပးရတာ လြယ္ကူတဲ့ အရာေတာ့မဟုတ္။ အမ်ားအျမင္မွာ အထက္တန္းက်က်ျဖစ္ေအာင္ အျမင္မရိုင္းေအာင္ ပုံမက်ပန္းမက် ျဖစ္မေနေအာင္ ဂ႐ုစိုက္ရေသးသည္။ ဖက္ရွင္နဲ႕ပတ္သက္ရင္ စိတ္မဝင္စားေပမယ့္ ဝန္း နဲ႕ ပတ္သက္ရင္ေတာ့ ဘာမဆို စိတ္ဝင္စားတာမို႔ ေန႕စဥ္နဲ႕အမွ် Popular  ျဖစ္ေနတဲ့ ဒီဇိုင္းေတြကို  အၿမဲေလ့လာျဖစ္သည္။

" ဆိုဖာေပၚမွာ တင္ထားတဲ့ အိတ္သြားယူခဲ့ "

" ဒါလား အစ္ကို "

တံခါးဝေန အထုတ္ျမႇောက္ျပၿပီး အရင္ေမးေနေသးသည္။

" အင္း "

ဟုတ္တယ္ဆိုမွ အခန္းထဲဝင္လာၿပီး အထုတ္ကို ရန္းကိုေပးကာ လူကေတာ့
ရန္းအေနာက္မွာလာထိုင္ၿပီး အရိုးမပါတဲ့ သတၱဝါလို ရန္း ေက်ာျပင္မွာ လာမွီတြယ္ေနျပန္သည္။

" ဖယ္စမ္းပါ ဝန္းရာ မင္းကိုယ္ႀကီးက ေလးကေလးနဲ႕ ဒီမွာ အလုပ္လုပ္ေနတာကို "

" မဖယ္ဘူး "

ဆက္ေျပာရင္လည္း ေလကုန္႐ုံပဲ ရွိမွာ။ ေလးငါးရက္ေလာက္ခြဲရမွာမို႔ ရန္းကို အတင္းကပ္ေနတာ။

အထုတ္ထဲက ပစၥည္းေတြကို တစ္ခုခ်င္း ထုတ္လိုက္ၿပီး Luggage ထဲကို ထဲ့လိုက္သည္။

" ဒါက Shave Cream (မုတ္ဆိတ္ေမြးရိတ္တဲ့ Cream )ကုန္ေနၿပီမလား
ၿပီးေတာ့ အတြင္းခံလည္း ဝယ္လာတယ္ မဝယ္ျဖစ္တာ နည္းနည္းၾကာေနၿပီမလို႔ "

" အစ္ကိုကလည္း အဲ့ဒါေတြက
ကိုေနဦး ရွိေနတာပဲကို "

" ကိုေနဦးက အႀကီးေလ ဒါေတြမဝယ္ခိုင္းရဘူး "

" အစ္ကိုလည္း အႀကီးပဲကို "

" ဒါေပမယ့္ ငါက သူမ်ားမွ မဟုတ္တာ "

" အစ္ကိုက ဘယ္သူလဲ "

" ငါလား ေရွးဆက္ရန္း ေလ "

သူလိုခ်င္တဲ့ အေျဖမေပးဘဲ တမင္တကာ ညစ္ကာ ေျဖလိုက္ေတာ့ လူကို အတင္းျဖစ္ညွစ္ဖက္ၿပီး နားကို တတိတိလာကိုက္သည္။

" မလုပ္စမ္းနဲ႕ "

ေခါင္းရမ္းၿပီး ႐ုန္းေတာ့ လူကို ဘုၾကည့္ၾကည့္ ကာ မေက်နပ္သလို လုပ္ေနသည္။

"  ညစာအတြက္ ငါးထမင္းနယ္ နဲ႕ ဟင္းထုပ္ဝယ္လာတယ္ စားစို႔ မိုးေမွာင္ေနၿပီ အျပန္ေနာက္က်မွာ စိုးတယ္ "

" ဒီမွာ မအိပ္ဘူးလား "

မနက္ျဖန္ခရီးထြက္မွာကို အစ္ကိုက ညေလးေတာင္ အတူအိပ္မေပးဘူး။ အိပ္မယ္ထင္ေနတာ။

" မအိပ္ေတာ့ဘူး မနက္ျဖန္ အပင္ေတြေရာက္မွာမို႔... မနက္အေစာႀကီး သြားမွာမလား သြားခါနီး ဖုန္းဆက္ဦး "

"အင္း စားၿပီးရင္ လိုက္ပို႔ေပးမယ္ "

"  ငါ့ဘာသာျပန္ပါမယ္ "

ဘာလဲကြာ။ အတူတူရွိတဲ့အခ်ိန္ေလး ပိုၾကာေအာင္ပါဆို။အတင္းကို ျငင္းလႊတ္ေနတာ။ ခရီးသြားမယ့္ ေကာင္ေလးကို နည္းနည္းေလးေတာင္ မလြမ္းျပဘူး။

" လိုက္ပို႔မွာ "

" ကားပါလာတယ္ "

" အဲ့ဒီေတာ့ "

" အဲ့ဒီေတာ့ မနက္မွ ဒရိုင္ဘာငွားၿပီး လာယူခိုင္းလိုက္မယ္လို႔ "

ကိုယ္ေတာ္ခြၽဲကလည္း စိတ္ႀကီးပဲ။လိုက္မပို႔နဲ႕ေလးေျပာတာကို စိတ္ကဆိုးခ်င္ေနၿပီ။
.
.

တျဖည္းျဖည္းနဲ႕ ကားေလးက ရန္းအိမ္ေရွ႕ကို မေရာက္ခ်င္ ေရာက္ခ်င္နဲ႕ ေရာက္လာခဲ့သည္။ ကြန္ဒို နဲ႕ ရန္း အိမ္ နဲ႕က ေတာ္ေတာ္ေဝးတာကို ပိုေဝးေအာင္ ကားကို ေလွ်ာက္ၿပီး ပတ္ေမာင္းေနတာေၾကာင့္ ႏွစ္နာရီေမာင္းရမွာကို ေလးနာရီေလာက္ ၾကာေနသည္။ အိမ္နားေရာက္ခါနီးကို လိပ္ လို တလိမ့္ခ်င္း ေမာင္းေနလို႔ လမ္းဆင္းေလွ်ာက္ေတာ့မယ္ေျပာမွ ေသခ်ာေမာင္းသည္။

" ဟိုေရာက္ရင္လည္း ဖုန္းဆက္ေနာ္ မနက္စာ မစားပဲမေနနဲ႕ အာဟာရရွိတာေတြစားေနာ္ ညဘက္ေတြ ေစာေစာအိပ္ "

ေျပာေနတာကို အေရးမလုပ္။
ဆုပ္ကိုင္ထားတဲ့ ရန္းလက္ကို မလႊတ္ေပးေသးဘဲ တဖြဖြနမ္းေနသည္။

" ေျပာေနတာၾကားလား "

" ဟုတ္ "

ရန္းကို အိမ္ထဲမဝင္ေစခ်င္ေသးတာေၾကာင့္ ရန္းလက္ကို သူ႕ပါးမွာ အပ္လိုက္ နမ္းလိုက္ နဲ႕ မလႊတ္ေပးဘဲ ေနေနသည္။

" စိတ္ပူေအာင္မလုပ္နဲ႕ေနာ္ ဝန္းငယ္ အလုပ္ကို ႀကိဳးစားလုပ္ၿပီး ျမန္ျမန္ျပန္လာေနာ္ ေစာင့္ေနမယ္ "

" ဟုတ္ စိတ္ခ်ပါ လိမၼာပါ့မယ္ "

" ငါ့ေကာင္ေလးရဲ႕ ခရီးစဥ္ေလး ေျဖာင့္ျဖဴးသာယာပါေစ "

" အစ္ကို႔ေမတၱာစစ္နဲ႕ ဆုေတာင္းေပးတာမို႔ ေခ်ာေမြ႕မွာ မပူနဲ႕ အစ္ကိုလည္း ဂ႐ုစိုက္ေနာ္ "

" ခ်စ္တယ္ေနာ္ ကေလးငယ္ "

" ကြၽန္ေတာ္လည္း ခ်စ္တယ္ ရန္း  "

ရန္းၿပဳံးျပလိုက္ၿပီး ဝန္းနဖူးျပင္ေလးကို အနမ္းတစ္ခ်က္ေပးလိုက္ေတာ့ မ်က္လုံးေလးမွိတ္ကာ ေသခ်ာခံယူသည္။

" ေျဖးေျဖးေမာင္းသြား ဘယ္သေဝမွထိုးမေနနဲ႕ အိမ္တန္းျပန္ ... ေရာက္ရင္ဖုန္းဆက္ ၿပီးတာနဲ႕ အိပ္ ... မနက္က် အေစာထရမွာ မွာတာေတြကို မေမ့နဲ႕ "

ကားေပၚက ဆင္းလိုက္ၿပီး ဘယ္မွမသြားတတ္တဲ့ ကေလးက အိမ္တန္းျပန္မွာသိေနေပမယ့္ လူႀကီးလုပ္ကာ မွာလိုက္ေသးသည္။

" ဟုတ္ကဲ့ပါ အဘိုးႀကီးေပါက္စေလးရဲ႕ "

မွာလို႔မဆုံးျဖစ္ေနတဲ့ အစ္ကို႔ကို ရန္း အသဲယားေနမိသည္။ တကယ္ကို အဘိုးအို ေပါက္စေလး မွာကို မွာနိုင္လြန္းတယ္။

" အႀကီးကို "

သူ႕ကို ေျပာလို႔ အႀကီးကို ေျပာစရာလားဆိုတဲ့ သေဘာနဲ႕ လူကိုမ်က္ေစာင္းခ်ိတ္ၿပီး အိမ္ထဲဝင္သြားသည္။

ခနေနေတာ့ ျပန္ထြက္လာကာ ကားဆီေျပးလာသည္။ ဘာက်န္ခဲ့လို႔လဲ ။

" ငါ့အိမ္ေရွ႕မွာ တစ္ညလုံးမေနနဲ႕ မသကၤာမႈနဲ႕ ရဲတိုင္လိုက္မယ္ အခု အိမ္ျပန္ "

အစ္ကိုကလည္း ပါးလိုက္တာ။ ဘယ္လိုသိသြားတာလဲ။ အိမ္ေရွ႕မွာမေနေစခ်င္ရင္ အိမ္ထဲ ေခၚသိပ္မယ္မရွိဘူး။ႏွင္ထုတ္ဖို႔ပဲ။ အစ္ကို႔အေငြ႕အသက္ေလးနဲ႕ အိပ္ခ်င္လို႔ကို။

" အစ္ကိုကလည္း "

" အခု ျပန္မယ္
မင္း ျပန္မွ ငါ အထဲဝင္မွာ "

" အက်င့္ပုပ္ "

ႏႈတ္ခမ္းဆူေနတဲ့ ေကာင္ေလးတစ္ေယာက္ေမာင္းသြားတဲ့ ကားေလးကို ၾကည့္ၿပီး ရန္း ၿပဳံးမိျပန္သည္။ ဝန္း က အဲ့လိုပင္။ ခရီးေဝးသြားေတာ့မယ္ဆို သိသိသာသာ စကားနည္းသြားၿပီး လူကိုပဲ ကပ္ခ်င္ေနတာမ်ိဳး။ အခု ည အတူအိပ္ေပးရင္ မနက္က် သြားဖို႔ တြန့္ဆုတ္ တြန့္ဆုတ္ လုပ္ေနမွာမို႔ ညထဲက ခြဲအိပ္ေပးမွ ေတာ္ကာက်သည္။ဒါကို ဝန္း လည္း သိသည္။ သူခရီးထြက္တိုင္း ဒီလိုႀကီးပဲေလ။

.

Photo Crd
Source from Google
Customer ဝယ္တဲ့ပန္းပါ ပန္းနာမည္ကေရးလို႔မရဘူး ျပဳတ္ျပဳတ္သြားလို႔
တစ္ပင္ခ်င္းစီဆို ပိုလွတယ္ရယ္ ထက္ က ေရာင္စုံရွိတဲ့ ပုံေလးယူခဲ့လို႔
Meaning ေတြ ေရးထားတဲ့ ပုံထဲ့ေပးမလို႔ကို Copyright နဲ႕ ညွိေနတယ္ထင္တယ္ ထဲ့မရဘူး ျပဳတ္ျပဳတ္က်ေနလို႔😔

Continue Reading

You'll Also Like

313K 15.3K 84
🍁ကောင်းခြင်းတည်မြဲ.. 🍁 နိုင်ငံခြားပြန်ကောင်လေး။ ရုပ်ရည်၊ ပညာ၊ စည်းစိမ်ဥစ္စာပြည့်စုံကြွယ်ဝသူမို့ အတော်လေးကြီးကျယ်သည့်လူ။ သူ့ကိုသူလည်း အထင်ကြီးလွန်းပ...
35.9K 2.4K 33
Title-ငွေလမင်းရယ် မပြုံးနိုင်ရှာ Author-လီလီဟန် လမသာသော နှလုံးသားဝင်္ကပါနှင့်ဖြစ်နေပါ လျှင်လည်း ကျွန်တော့်နှလုံးသားအား နွယ်တစ်ပင်လို သူနွယ်တတ်ပါစေလေ...
338K 35.3K 173
English Name: After Retiring from Marriage, I became the Favorite of a Powerful Minister Associated Names: 退婚后我成了权臣心尖宠 Chinese Author: Lan Bai Ge Ji ...
206K 10.1K 57
နွင္းဆီနီနီေတြကသိပ္လွတယ္......သိပ္လွတဲ႕ႏွင္းဆီေတြကို လူေတြကလွပတဲ႕အဓိပၸါယ္တစ္ခုပါသတ္မွတ္ေပးထားၾကတယ္ေလ...... အကယ္၍မ်ား......ႏွင္းဆီနီရဲ႕အဓိပၸါယ္က...'...