Cruel Flowers ( Season 2) : P...

By AliceYay-Zhang

41K 3.6K 498

ဖြစ်တည်မှုတိုင်းက မလှပ​ဘူး ဒါ​ပေမယ့် ကိုယ်ရဲ့ဖြစ်တည်မှုက​တော့ မင်းဆိုတဲ့ လူသား​လေးမို့ လှပသည်ထက်ပိုပါတယ် ~ ျဖ... More

Intro
Ep-1 (Uni/Zawgyi)
Ep-2 (Uni/Zawgyi)
Ep-3 (Uni/Zawgyi)
Ep-4 (Uni/Zawgyi)
Ep-5 (Uni/Zawgyi)
Ep-7'1 (Uni/Zawgyi)
Ep-7'2 (Uni/Zawgyi)
Ep-8 (Uni/Zawgyi)
Ep-9'1 (Uni/Zawgyi)
Ep-9'2 (Uni/Zawgyi)
Ep-10 (Uni/Zawgyi)
Ep-11 (Uni/Zawgyi)
Ep-12 (Uni/Zawgyi)
Ep-13 (Uni/Zawgyi)
For ( Season 3 )

Ep-6 (Uni/Zawgyi)

1.8K 233 23
By AliceYay-Zhang

Unicode
________













FORJ စံအိမ်ရဲ့အ​ပေါ်ဆုံးအထပ်
မိသားစုအပန်း​ဖြေ ဥယျာဥ်ပန်းခြံငယ်​​လေးထဲမှာ
ဝိုင်နဲ့မြည်းစရာအသီးတစ်ချို့ကိုပြင်ဆင်ထားတယ်

ညဥ့်နက်သန်း​ခေါင်​ကျော်​နေပြီဖြစ်တဲ့အတွက်
ပတ်ဝန်းကျင်က အ​တော်​လေး​မှောင်မိုက်​နေပြီး
အလှဆင်ထားတဲ့ ခပ်မှိန်မှိန်မီးအလင်း​ရောင်နဲ့ ​
ကောင်းကင်က လရဲ့အလင်း​ရောင်​ကြောင့်သာ
အနည်းငယ်မြင်ရသိရ​လောက်တဲ့ ပတ်ဝန်းကျင်မြင်ကွင်း
အ​နေအထား​​တစ်ခုမှာ Jennie ရှိ​နေခဲ့သည်

ဖန်ခွက်ထဲက​သောက်လက်စ ဝိုင်ကို​​မော့ရင်း
မျက်နှာ​ပေါ်ကို​တိုက်ခတ်လာ​တဲ့ ​​လေစိမ်း​တွေ ~





" ဘာ​ကြောင့် Liceက ​သေဖို့ထိုက်တန်ရတာလဲ ? "





​ကောင်းကင်ကို​ မော့ကြည့်ပြီး​မေးမိ​ပေမယ့်
Jennieအတွက်​ ဘယ်သူမှဖြေ​ပေမယ့်သူမရှိဘူး





" သူက တကယ့်ကိုဖြူစင်ပါတယ်
အ​မေဖြစ်သူအတွက် လက်စား​ချေချင်တဲ့
စိတ်တစ်ခုတည်းကြောင့်သာ ဆိုးသွမ်းခဲ့တာပါ

ကျွန်မ Lisaကိုလုံးဝမသတ်နိုင်ဘူး
ရှင်အဲ့ဒါကိုသိရက်သားနဲ့ ဘာလို့ခုလိုလုပ်ရတာလဲ ?
ဒါဆို Lilyကို သတ်ပစ်ရမှာလား ? "





လက်ကျန်ဝိုင်ကို​မော့​သောက်ရင်း
စားပွဲ​ပေါ်မှာပြန်တင်ဖို့လုပ်​တော့
လက်​ချော်ပြီး ​အောက်ကိုကျကွဲသွားတယ်

စုတ်တစ်ချက်သပ်မိတယ်

ထိုင်​နေရာက​နေ​ထပြီး ဖန်ကွဲစ​တွေကိုကောက်ဖို့ပြင်တုန်း
လှမ်းလိုက်တဲ့လက်ကို ဖမ်းဆွဲလာတဲ့လက်တစ်စုံ​ကြောင့်
Jennie​ကြောင်အအနဲ့​မော့ကြည့်မိ​တော့ ဒါကNiရဲ့ Li ~





" Li ! "





" Liမဟုတ်ဘူး ~ Lilyပါ
ဘာလို့​လေစိမ်း​တွေတိုက်​နေရတဲ့အထိ
ဒီမှာဝိုင်လာ​သောက်​နေရတာလဲ unnie ? "





Lisa အိပ်မ​ပျော်တာ​ကြောင့်
​လေညှင်းခံဖို့အ​ပေါ်ထပ်တက်လာ​တော့
ဝိုင်ကိုဘယ်​လောက်ထိ​သောက်ထားမှန်းမသိ
အ​တော်​လေးမူးနေတဲ့ Jennieကို​တွေ့တယ်

ရုတ်တရက်ကျကွဲသွားတဲ့ဖန်ကွဲစ​တွေကို
ကောက်ဖို့ပြင်​နေတဲ့သူမဆီကိုအမြန်​ပြေးသွားပြီး
လက်ကိုလှမ်းဆွဲကာ တားလိုက်​တော့
မူး​နေသည့်တိုင်​အောင် နာမည်တစ်ခုကိုတ​နေတုန်းပဲ

ခုလည်းသူမကို​ ဆူသလို​မေးလိုက်​တော့
လက်ကိုရုန်းကာ နှာ​ခေါင်းရှုံပြီးမတ်တပ်ထရပ်တယ်





" Lilyဆိုလည်းLily​ပေါ့
ဒါနဲ့အ​ပေါ်ထပ်ကိုဘာလာလုပ်တာလဲ ? "





" အိပ်မ​ပျော်လို့ "





" တို့လည်းအိပ်မ​ပျော်ဘူး
Lisaကိုအရမ်းလွမ်းတာပဲ ~ သိလား ? "





​​"ဟင့်အင်း ~ မသိဘူး
မနက်ဖြန်ရုံးချုပ်မှာ ရာထူးဆက်ခံခြင်းနဲ့
ပတ်သတ်ပြီး အစည်းအ​ဝေးရှိတယ်မှတ်လား ?
​စော​စောအိပ်​တော့ unnie ! "





" အခန်းထဲလိုက်ပို့​ပေးပါ "





" unnie အဲ့ဒါဘာလုပ်တာလဲ ? "





ရုတ်တရက် မြက်ခင်းပြင်​ပေါ်မှာ
​ခြေပစ်လက်ပစ် ထိုင်ချလိုက်တဲ့သူမ​ကြောင့်
Lisaအ​တော်​လေးအံ့သြသွားခဲ့တယ်

ဒါဟာLilyလို့သိထားတဲ့ Lisaရဲ့အ​ရှေ့မှာ​လေ ~

ဘာပဲ​ပြော​ပြော စိတ်ထဲမှာ​​​တော့အလိုမကျချင်ဘူး
ဒီအ​​ဒေါ်ကြီးကို စိတ်ရှိလက်ရှိကိုင်​ပေါက်ပစ်လိုက်ချင်တယ်





ကိုယ့်မျက်နှာအ​ခြေ​​အ​နေကိုယ်သိ​တော့
ဆူပုတ်​နေတာကို အတတ်နိုင်ဆုံး​လျှော့ချရင်း ~





" unnie ဘာဖြစ်​နေတာလဲ ?
အမြန်ထပြီးသွားအိပ်​တော့ဆို​နေ "





" မူး​နေတယ်​လေမမြင်ဘူးလား ?
ဘယ်လိုလုပ်လမ်း​လျှောက်နိုင်မှာလဲလို့ "





" အဲ့ဒါဆိုဘယ်လိုလုပ်​ပေးရမှာလဲ ? "





" ​ပွေ့ချီပြီးအခန်းထဲ​ခေါ်သွား​ပေး "





လက်နှစ်ဖက်ကို​ရှေ့ဆန့်ရင်းပြောလာတဲ့
Jennieကို Lisaစူးစိုက်ပြီးကြည့်လိုက်တယ်

ခဏ​ကြာတဲ့အထိငြိမ်နေပြီးမှ
ရုတ်တရက်​ပွေ့ချီလိုက်တဲ့ Lisa​ကြောင့်
လန့်သွားတဲ့သူမကို ခိုးပြီးပြုံးမိရင်း ~





" ဘာ​တွေစား​သောက်ထားလို့
ဒီ​လောက်ထိ​လေးရတာလဲ unnie ? "





" မ​လေးဘူးဆိုတာသိပါတယ် "





Jennieက မျက်​စောင်းထိုးပြီး​
သူမရဲ့လက်​တွေကို Lisaရဲ့လည်ပင်းမှာ
ဖက်ထားပြီးချိတ်တွယ်လိုက်တယ်

​​ဒုတိယအထပ်ကိုဆင်းလာ​​တော့ ​
လှေကား​ရဲ့အလယ်​နားလောက်မှာ
စိတ်အထင်လား တကယ်လားဆိုတာမသဲကွဲပေမယ့်
Lisaရဲ့နားထဲကိုသူမက လေတစ်ချက်မှုတ်သွင်းလာတယ်

တစ်ကိုယ်လုံးကျင်တက်သွားသလိုမျိုး
​ခြေ​ထောက်​တွေ​ပျော့​ခွေလာပြီး လက်ထဲကသူမကို
ဟန်ချက်ပျက်​စေ​တော့ ပြုတ်မကျ​အောင်
Lisa ကိုယ်ကိုအမြန်ထိန်းလိုက်ရတယ်

သူမက​ကြောက်လန့်သွားတဲ့ပုံပဲ ~

ရင်ခွင်ထဲကိုမျက်နှာအပ်ပြီးတိုး​ဝှေ့လာတယ်





" Li ! "





" ဘားမှမဖြစ်ဘူး unnie !
Lily တစ်​ယောက်လုံးရှိပါတယ် "





နှစ်​ယောက်လုံးတိတ်ဆိတ်သွားခဲ့ကြတယ်

အားကိုးတကြီးဖက်တွယ်မိလိုက်တဲ့သူဟာ
ခံစားချက်ကိုငြင်းဆန်ပြီး အပြုအမူ​​နဲ့ညှင်သာပြတယ်

Jennieအ​ပေါ်သူမက အနာ​ပေးလိုက်​ဆေး​ပေးလိုက်နဲ့ ~





တစ်ဖက်မှာလည်း ကိုယ်ချစ်ရတဲ့သူကို
တခြားတစ်​ယောက်အဖြစ်နဲ့ကြင်နာ​နေရတာဟာ
Lisaအတွက်အ​တော်​လေးကိုနာကျင်ခက်ခဲ​လှတယ်

အချို့​​သော ကိုယ်ရင်ဆိုင်လိုက်တဲ့နာကျင်မှု​တွေက
တစ်စုံတစ်​ယောက် ​ပျော်ရွှင်​စေဖို့အတွက်ရည်ရွယ်ရင်း​ပေါ့ ~











~~~~~~~~~~~~~~~~~~~~~~~~~~~~~~




အခန်းထဲကို​​ပွေ့ချီလာ​ပေးပြီး ကုတင်​ပေါ်မှာ
အသာ​​လေး​နေရာချ​ပေးလိုက်​တော့ Jennieကအိပ်​ပျော်​နေပြီ

Lisa သူမရဲ့​ဘေးမှာဒူး​ထောက်လိုက်ရင်း
အိပ်​ပျော်​နေတဲ့Jennieကို​ ငေးကြည့်​နေမိသည်





" ဘယ်လိုလုပ်ရမလဲဟင် ~

ဒီလိုမျိုးသာဆိုရင် Lily ကို  Ni ချစ်လာ​အောင်
ကိုယ်ကြိုးစားဖို့အတွက်ခက်ခဲ​လိမ့်မယ်ထင်တယ်

​ကျေးဇူးပြုပြီးကိုယ့်ကို​မေ့လိုက်ပါ​နော် "





သူမရဲ့နှဖူးကိုခပ်ဖွဖွ​လေးနမ်းပြီး
ကိုယ့်အခန်းကိုယ်Lisaပြန်လာခဲ့တယ်

Lisaထွက်သွားတဲ့​နောက်
ပါးပြင်​ပေါ်စီးကျလာတဲ့မျက်ရည်​တွေနဲ့အတူ
မျက်လုံး​တွေကို Jennieပြန်ပြီးဖွင့်လိုက်သည်





မျက်ရည်​တွေနဲ့စတင်ပြီး
အ​တွေး​တွေနယ်ချဲ့ရင်း ညကိုကုန်ဆုံး​စေခဲ့တဲ့လူတစ်​ယောက်နဲ့
မျက်ရည်​တွေနဲ့အဆုံးသတ်ပြီး
အ​တွေးနယ်ချဲ့ရင်း ညကိုကုန်ဆုံး​စေခဲ့တဲ့လူတစ်​ယောက် ~

နှစ်​ယောက်လုံးရဲ့ခံစားချက်​တွေက​တော့
တူညီတဲ့စက်ဝန်းထဲမှာပဲ​ လည်ပတ်​နေခဲ့တယ်











~~~~~~~~~~~~~~~~~~~~~~~~~~~~~




မနက်8နာရီမှာ ရုံးချုပ်အစည်းအ​ဝေးရှိတာ​ကြောင့်
သူမနဲ့Lisaတို့ companyကို7နာရီခွဲမှာ​ရောက်လာခဲ့တယ်

47ထပ်ရှိတဲ့အ​ဆောက်အဦးဖြစ်ပြီး​တော့
Lisaရဲ့ရုံးခန်းက46ထပ်​မြောက်မှာဖြစ်သည် 

အစည်းအ​ဝေးကျင်းပမယ့်အခန်းရှိရာ
27ထပ်ကိုဓါတ်​လှေကားနဲ့တက်လာ​တော့
ဘားမှမ​ပြောဘဲတိတ်ဆိတ်​နေတဲ့Jennieကို
Lisaအနည်းငယ်သတိထားမိသည်





" unnie မ​နေ့က​သောက်ထားတာ
အခုထိ​ခေါင်းကိုက်​နေ​သေးလို့လားဟင် ? "





​ဓါတ်​လှေကားအတူစီးလာကြတဲ့
တစ်ချို့​သောဝန်ထမ်း​တွေက Lisaရဲ့စကား​ကြောင့်
မသိမသာအကဲခတ်​လာကြတယ်

ဒါ​ပေမယ့် Lisaရဲ့အာရုံ​တွေက
မိမိကိုညှိုးငယ်​နေတဲ့မျက်ဝန်း​တွေနဲ့ကြည့်လာသူ
Jennie Kimဆီမှာသာရှိ​နေခဲ့တယ်





" ​ခေါင်းမကိုက်​တော့ပါဘူး
မ​နေ့ကအများကြီးမှမ​သောက်ခဲ့တာ "





" သိပ်မ​သောက်ခဲ့ဘူး ?
unnie အဲ့ဒါဆိုရင် ...





Lisa ဆက်​ပြောမယ့်စကားက
တံခါးပွင့်သွားတဲ့ဓါတ်​​လှေကား​နဲ့အတူ
​ရှေ့တည့်တည့်မှာမြင်​နေရတဲ့
အစည်းအ​ဝေးအခန်းထဲကရှယ်ယာရှင်​တွေ
လှမ်းကြည့်​နေမှု​ကြောင့် မ​ပြော​ဖြစ်​တော့ဘူး ~

ဒါ​ပေမယ့် မ​နေ့ကသိပ်မ​သောက်ထားဘဲ
မူးပြီးအိပ်​ပျော်သွားခဲ့တဲ့သူမဟာ Lisaအတွက်
အ​တော်​လေးကိုစဥ်းစားစရာဖြစ်လာတယ်





" Miss Lilyက
CEO​ဟောင်းနဲ့အရမ်းတူတာပဲ​နော် "





အစည်းအ​ဝေးခန်းထဲဝင်လာ​တော့
Lisaထိုင်လိုက်တဲ့​ဘေးကအမျိုးသမီးရဲ့စကား​ကြောင့်
လှမ်းပြုံးပြရင်း​ခေါင်းညိမ့်လိုက်တယ်

ဘားမှပြန်မ​ပြော​မိပေမယ့် ထပ်ပြီးသူမကပဲ ~





" ညီမအရင်းပဲမှတ်လား ?
ဘာလို့ CEOရာထူးကိုသူများ​ပေးရတာလဲ ?

အကယ်၍အကူအညီလိုရင်ပြော​နော်
ကျွန်မက နိုင်ငံခြားcompanyရဲ့
ရှယ်ယာရှင်ဖြစ်တဲ့ Hwang Nicole ပါ "





Lisa ​ခေါင်းပဲထပ်ညိမ့်ပြလိုက်တယ်

ဒီအိုကြီးအိုမကဘာဖြစ်ချင်​နေတာလဲ ?

စကား​ပြော​နေရင်း ​ပေါင်ကိုလာကိုင်လိုက်
လက်​မောင်းကိုလာရိုက်လိုက်နဲ့ သူ့ကြည့်ရတာ
မျက်စိထဲမှာ လုံးဝကိုကန့်လန့်ကြီးပဲ

မျက်​​​စောင်းထိုးက CEOထိုင်ခုံမှာထိုင်​နေတဲ့
Jennie Kimကိုတစ်ချက်လှမ်းကြည့်မိ​တော့
လူသတ်​တော့မယ့်အကြည့်​တွေနဲ့ Lisaကိုကြည့်​နေတယ်

ငါ​လေး ဘာများလုပ်မိလို့လဲမသိဘူး ~





" အရင်CEO​ဟောင်းဖြစ်တဲ့
Lalisa Manobanက ကျွန်မကို
ဒီ FORJ လုပ်ငန်းစုတစ်ခုလုံး လွှဲ​ပေးခဲ့ပါတယ်
ရှယ်ယာရဲ့ 41%ကို ကျွန်မကပိုင်ပြီး​တော့
39%ကို LaLily Manobanဆီလွှဲခဲ့တယ်
ကျန်တဲ့ရှယ်ယာရှင်​တွေကို ကျွန်မအကူအညီ​တောင်းပါတယ်
ကျွန်မနဲ့ Li ...

Lilyကို လက်တွဲ​ခေါ်​ပေးဖို့နဲ့ အတူကြိုးစားကြဖို့ပါ "





Jennieရဲ့အကြည့်တွေက
မျက်​စောင်းထိုးမှာထိုင်​နေတဲ့ Lisaဆီမှာပဲ
အစည်းအ​ဝေးတစ်ချိန်လုံးရှိ​နေခဲ့တယ်

​ဘေးမှာထိုင်​နေတဲ့ Hwang Nicoleကိုလည်း
တစ်ချက်တစ်ချက် လှမ်းလှမ်းကြည့်​​သေးတယ်











~~~~~~~~~~~~~~~~~~~~~~~~~~












အစည်းအ​ဝေးပွဲပြီး​တော့
ရှယ်ယာရှင်​တွေနဲ့ ဝန်ထမ်းတစ်ချို့
အခန်းထဲက​နေထွက်သွားကြတယ်

Jennieကိုကြည့်လိုက်​တော့
ထိုင်ခုံမှာထိုင်ပြီး​ ဘားမှမရှိတဲ့စားပွဲခုံ​ပေါ်ကို
မျက်လုံးအ​သေသားနဲ့ကြည့်​နေတာမို့
Lisa လှမ်းစကားဖို့ပြင်​နေတုန်း ဘယ်ကဘယ်လို
အထဲပြန်ဝင်လာမှန်းမသိတဲ့ ဘွား​တော် ~





" ​နေ့လည်စာစားချိန်ကျရင်
ကျွန်မနဲ့အတူလိုက်စားမလားဟင် ? "





" အဆင်မ​ပြေ​လောက်ဘူးထင်တယ် "





​ရှယ်ယာရှင်အသစ်ဖြစ်​နေတာ​ကြောင့်နဲ့
အရင်Lisaရဲ့အပြုအမူမျိုးမ​ပေါ်​စေချင်တာ​ကြောင့်
​အေး​အေး​ဆေး​ဆေးပဲငြင်းလိုက်​ပေမယ့်
ရုတ်တရက်​ ဒေါသကအလုံးအရင်းကိုဝင်လာတယ်

Lisaရဲ့ညာဖက်တင်ပါးကိုလှမ်းကိုင်ပြီး
အနားကိုတိုးကပ်လာတဲ့ Hwang Nicole ~





" Nicole ဝယ်​ကျွေးပါ့မယ် "





Lisa ထိုအမျိုးသမီးရဲ့လက်ကိုဖယ်ပစ်လိုက်တယ်
အ​နောက်ကိုတစ်လှမ်း​​လောက်ဆုတ်ပြီး လက်ညှိုးထိုးရင်း





" ဒီမှာ ...





" ဒါရိုက်တာချုပ် Lily ! "





ခုဏကထိ အ​နောက်မှာငြိမ်ပြီး
ထိုင်​နေတဲ့ Jennie Kimဆီက​နေထွက်လာအသံ ~

ထိုအမျိုးသမီး​အပါအဝင် Lisaရဲ့
အကြည့်​တွေက သူမဆီကို​ရောက်သွားတယ်





" အလုပ်ကိစ္စ​ဆွေး​နွေးဖို့​စောင့်​နေတာ
ဘာမဟုတ်တဲ့ အရှုပ်​တွေနဲ့လုံး​ထွေး​နေတာကို
ကြည့်ဖို့​အတွက် တို့စောင့်​နေတာမဟုတ်ဘူး​နော် "





" unnie ! ...





" Miss Nicole Shi !
ကျွန်မတို့မိသားစု​လုပ်ငန်းအတွက်
ဆွေး​နွေးစရာ​လေး​တွေရှိလို့ အပြင်ထွက်​ပေးပါလား ?
​နောက်ပြီး သူက​နေ့လည်စားကိုကျွန်မနဲ့စားမှာ
အဲ့​တော့ ကျွန်မကပဲ​တောင်းပန်ပါတယ် "






မ​ကျေနပ်သလိုပုံစံနဲ့Jennieကိုကြည့်ပြီး
အစည်းအ​ဝေးခန်းထဲက​နေထွက်သွားတဲ့အမျိုးသမီးကို
Lisaကြည့်နေပြီးမှ ထိုင်ခုံမှာဝင်ထိုင်လိုက်တယ်





" အဲ့ဒါကစိတ်ဆိုးသွားတာလား ? "





​ဘေးနားကအနီးဆုံးထိုင်ခုံမှာ
ဝင်ထိုင်လိုက်တဲ့သူမက မျက်နှာမ​ကောင်းဘူး

စကားလည်းတစ်ခွန်းမှမ​ပြောလာတာ​ကြောင့်
စိတ်ဆိုး​နေတာများလားဆိုပြီး Jennie​မေးလိုက်​တော့
​မော့ကြည့်လာတဲ့သူမက မျက်နှာငယ်​လေးနဲ့ ~





" အဲ့လိုမဟုတ်ဘူးဆိုတာသိတယ်မှတ်လား ? "





" တို့ Li ...
Lilyကိုအပြစ်မ​ပြောပါဘူး
​အ​စောကအမျိုးသမီးကို အ​နေအထိုင်
ဆင်ခြင်တတ်​​အောင်​ ပြောလိုက်တာပါ "





" ဒါ​ပေမယ့်ရှယ်ယာရှင်ပဲ​လေ ...





" ဘာလို့ အဲ့လိုရှယ်ယာရှင်မျိုးကို
Companyမှာရင်းနှီးမြှုပ်နှံခွင့်ပြုရတာလဲ ?
အရင်ကတည်းက ဒီမိန်းမကအဲ့လိုပဲလား? "





Jennie ​​ဒေါသထွက်လာတာ​ကြောင့်
ရုတ်တရက် အသံကျယ်ကျယ်နဲ့​​မေးလိုက်တယ်

ဒီလိုမိန်းမမျိုးနဲ့ Lisaဘယ်လို​တောင်
နှစ်ရှည်အကြာကြီးအလုပ်တွဲလုပ်ခဲ့တာပါလိမ့် ~

ဒါ​ပေမယ့် အခုစကား​ပြော​နေတာက
Lilyအဖြစ်နဲ့Lisaဆိုတာကို သတိဝင်လာ​တော့
သိ​နေတာ ရိပ်မိသွားမလားဆိုတဲ့စိတ်နဲ့
စိုးရိမ်ပြီးအကဲခတ်လှမ်းကြည့်မိတယ်





" အဲ့အမျိုးသမီးကို
Lily အရင်ကမှမသိတာ "





ဒီရှယ်ယာရှင်ကို Lisaအခုမှမြင်ဖူးတာ ~

ရုံးချုပ်ရဲ့အဓိကရှယ်ယာရှင်​တွေကို
တစ်​ယောက်ချင်းစီ​သေချာမှတ်မိ​ပေမယ့်

ဧကန္တပြန်ဝယ်ပြန်​ရောင်းလုပ်လိုက်တဲ့
တစ်ဆင့်ရှယ်ယာရှင်ပဲဖြစ်လိမ့်မယ်လို့​တွေးမိတယ်





" မင်းကို​ပြော​နေတာမဟုတ်ပါဘူး "





ထိုင်​နေရာက​နေအမြန်​ကောက်ထပြီး
​နားမလည်နိုင်တဲ့ စကားတစ်ခွန်းနဲ့အတူ
အ​စည်းအ​ဝေးအခန်းထဲက​နေ ထွက်သွားဖို့ပြင်​နေတဲ့
Jennie Kim​ကြောင့် Lisaလည်းအမြန်ထလိုက်တယ်





" ဒီအခန်းထဲမှာနှစ်​ယောက်ပဲရှိတာကို
ခုဏက​​ပြောတာLilyကို​ပြောတာမဟုတ်ရင်
unnieက ဘယ်သူ့ကို​ပြော​နေတာလဲ ? "





ဓါတ်​လှေကားထဲအမြန်လိုက်ဝင်ပြီး
Lisa​မေးလိုက်​တော့ သူမကဘားမှပြန်မ​ဖြေဘဲ
46ထပ်​​မြောက်ကိုတက်ဖို့ခလုတ်နှိပ်လိုက်တယ်





" unnie ...





" ကိုယ့်ဘာသာကိုယ်​ပြောတာ
ဘာဖြစ်လို့​မေးခွန်း​တွေအရမ်း​မေး​နေရတာလဲ ? "





" ဘားမှလည်းသိပ်မ​မေးမိပါဘူး "





" ​တော်ပြီ ~ သွား​တော့
အလုပ်​တွေရှိတယ်မှတ်လား
ဘာလို့46ထပ်ကိုအတူလိုက်လာတာလဲ ? "





Lisaဘားမှပြန်မ​ပြော​​သေးဘဲ
ပွင့်သွားတဲ့ ဓါတ်​လှေကားတံခါး​ကြောင့်
ရုံးခန်းထဲကို Jennieနဲ့အတူလိုက်ဝင်လာခဲ့သည်

အထဲ​ရောက်​တော့
အလုပ်ထိုင်ခုံနားမှာမတ်တပ်ရပ်ပြီး
စားပွဲ​ပေါ်ကတစ်စုံတစ်ခုကို စိုက်ကြည့်​နေတဲ့
သူမရဲ့အနားကို Lisaသွားလိုက်တယ်





စားပွဲ​ပေါ် Lap-top​ဘေးနားမှာ
Jennieနဲ့Lisaတို့အတူတွဲရိုက်ထားတဲ့ ဓါတ်ပုံ​ ~





" unnie ...





" အလုပ်သွားလုပ်​တော့ Lily ! "





" သေသွားပြီ​မဟုတ်လား ?
​unnieအခုလိုမျိုးခံစား​နေရတာကို
သူမြင်ချင်မှာမဟုတ်ဘူး​လေ "





Jennie ကျလုစဲစဲ
မျက်ရည်​တွေကို အမြန်ထိန်းလိုက်တယ်

သူမဖက်ကိုလှည့်ကြည့်ရင်း ~





" Lisaက တို့ကိုဘယ်လိုမျိုး
မြင်ချင်တယ်လို့ မင်းထင်လဲLily ? "





" သူ့ကို​မေ့ပြီး တစ်စုံတစ်​​ယောက်နဲ့ ~

unnieကိုဂရုစိုက်​ပေးနိုင်တဲ့သူနဲ့​ပျော်​နေတာ
သူမြင်ချင်လိမ့်မယ်လို့ Lilyထင်တယ် "





ထစ်အသွားတဲ့စကား​တစ်လုံးချင်းစီတိုင်းဟာ
Jennieရဲ့နှလုံးသားကိုတစ်လွှာချင်းတိုက်စား​နေသလိုပဲ

ဒါက Liလိုချင်တဲ့အရာ​ပေါ့​လေ ~

Lily ဒါမှမဟုတ် တစ်စုံတစ်​​ယောက်နဲ့
​ပျော်ရွှင်​နေတာကိုမြင်ချင်တာ သူမရဲ့ဆန္ဒ​ပေါ့​လေ ~





" Lisaက တို့ကိုအဲ့လိုမြင်ချင်တာလား ? "





ခဏတာတိတ်ဆိတ်သွားတဲ့အ​ခြေအ​နေကို
ရုံးခန်းထဲဝင်လာတဲ့Baekကဖြိုခွင်းလိုက်တယ်





" ကျွန်​တော်​​ဝင်လာလို့ရမလား ?
​တောင်းထားတဲ့file​တွေလာ​ပေးတာပါ "





" ဝင်လာခဲ့ပါ
Lilyလည်းအလုပ်သွားလုပ်​တော့​လေ "





​ခေါင်းညိမ့်ပြလိုက်ပြီး file​ပေးပြီးတဲ့
Baekနဲ့အတူ ရုံးခန်းထဲက​နေထွက်လာခဲ့တယ်














~~~~~~~~~~~~~~~~~~~~~~~~~~~













" Hwang Nicoleဆိုတဲ့မိန်းမက
ဘယ်လိုဖြစ်လို့ ရှယ်ယာရှင်ဖြစ်လာရတာလဲ ? "





Baekနဲ့အတူလမ်း​​လျှောက်လာရင်း
ဒါရိုက်တာချုပ်ရုံးခန်း​​ရှေ့ကို​ရောက်လာ​တော့
Lisaအလိုမကျတာတစ်ခုကို​မေးလိုက်တယ်





" သူက KimJiWonရဲ့ရှယ်ယာ​တွေကို
ဝယ်လိုက်တဲ့လုပ်ငန်းရှင်အသစ်ပါ သူ​ဌေး !
ဘာဖြစ်လို့​သူ့အ​ကြောင်းကိုမေးတာလဲမသိဘူး ~ "





" သူနဲ့ပတ်သတ်ပြီး မိသားစုဝင်​တွေ
တခြားအရှုပ်အရှင်းတွေရှိ​သေးလား ? "





" မိသားစုဝင်​တွေရှိတယ်လို့မကြားဖူးပါဘူး
FORJ ​စျေးလမ်းစီးပွား​ရေးနဲ့ပတ်သတ်​နေလို့
ကျွန်​တော်​ ​သေချာစုံစမ်းထားခဲ့တာပါ "





Baekကိုစူးစိုက်ပြီးကြည့်လိုက်တယ်

ဘယ်လို​ကြောင့် FORJ​​​စျေးလမ်း​မှာ
​စောက်​ရေးမပါတဲ့မိန်းမကို​နေရာ​​ပေးလိုက်ရတာလဲ ?





" ထိုင်းဘုရင်က သူ့ကို​ထောက်ခံတာပါ
သူ​ဌေးသိတဲ့အတိုင်း သူ​ထောက်ခံရင် ...





" ရှင်းပစ်လိုက် "





" ဗျာ ? "





" သူ့ဘာသာသူ​သေသွားတဲ့ပုံစံမျိုး ~
ဥပ​ဒေနဲ့လာမပတ်သတ်​အောင် ဂရုစိုက်ပြီးသတ်လိုက် "





​ပြောပြီးတာနဲ့ရုံးခန်းထဲဝင်​တော့မယ့်
Lisaရဲ့စကားကိုတကယ်ပဲနားမလည်တာ​ကြောင့်
သူ​ဌေးဖြစ်သူ​ဒေါသအ​ပေါ် Baekအရဲစွန့်ပြီး ~





" ဘာဖြစ်လို့ရှင်းပစ်ချင်တာလဲသူ​ဌေး ? "





" ငါ သူ့ကိုသ​​ဘောမကျဘူး
​နောက်ပြီးတစ်ချိန်ချိန်ကျရင် အဲ့မိန်းမက
Lilyကိုပါထိခိုက်လာ​စေနိုင်တယ်လို့ထင်တယ်

အဓိကအချက်က​တော့ အဲ့မိန်းမက
Holy Jကို​ ဒေါသထွက်​အောင်လုပ်ခဲ့တယ် "





ရုံးခန်းတံခါးပိတ်သွားတာနဲ့
Baekလည်းကိုယ့်​နေရာကိုယ်ပြန်လာခဲ့တယ်

အ​တွေးထဲမှာ
ကိုယ်ချစ်တဲ့သူကိုကာကွယ်ဖို့အတွက်
ရူးရူးမိုက်မိုက်လုပ်တတ်တဲ့သူ​ဌေးဖြစ်သူကို
စိုးရိမ်ပူပန်​နေမိရင်း​ပေါ့ ~






















To be continued....







CFs ရဲ့ Season2 က 13ပိုင်းတည်းမို့
ဒီ fic ကို အရင် update​လုပ်ပေးပါ့မယ်

​နောက်ပြီး The warmest ကို ​ရေးပြီး

WHO ARE YOU ? ကို
CFs ( Season3 ) နဲ့အတူ ပြန်လာခဲ့ပါ့မယ်

သိပ်ပြီးအာရုံစိုက်လုပ်လို့မရ​သေးတာ​ကြောင့်
ကြားထဲ ပျက်ကွက်မှု​တွေရှိခဲ့ရင်လည်း ကြိုပြီး​တော့
YayYay က ​တောင်းပန်ထားချင်ပါတယ်

​မွေးရာပါနှလုံးနဲ့အာရုံ​ကြောအားနည်းတာကို​​တော့
YayYayကိုယ်တိုင်လည်း ခဏခဏအပြစ်တင်​မိ​နေတာ

🦋💛💙 ÆŁÌĆƏ ÝÆÝ ŹHÆÑĢ ...








◾◾◾◾◾◾◾◾◾◾◾






Zawgyi
________



































စုတ်တစ်ချက်သပ်မိတယ်






" Li ! "





" Liမဟုတ်ဘူး ~ Lilyပါ












" Lilyဆိုလည်းLily​ပေါ့





" အိပ်မ​ပျော်လို့ "










"ဟင့်အင်း ~ မသိဘူး
စော​စောအိပ်​တော့ unnie ! "



























" unnie ဘာဖြစ်​နေတာလဲ ?































" မ​လေးဘူးဆိုတာသိပါတယ် "














" Li ! "





" ဘားမှမဖြစ်ဘူး unnie !
























~~~~~~~~~~~~~~~~~~~~~~~~~~~~~~










" ဘယ်လိုလုပ်ရမလဲဟင် ~

























~~~~~~~~~~~~~~~~~~~~~~~~~~~~~
















မသိမသာအကဲခတ်​လာကြတယ်











" သိပ်မ​သောက်ခဲ့ဘူး ?
unnie အဲ့ဒါဆိုရင် ...











" Miss Lilyက











" ညီမအရင်းပဲမှတ်လား ?















ကျွန်မနဲ့ Li ...






Jennieရဲ့အကြည့်တွေက












~~~~~~~~~~~~~~~~~~~~~~~~~~












































" ဒီမှာ ...





" ဒါရိုက်တာချုပ် Lily ! "
















" unnie ! ...





" Miss Nicole Shi !



























" တို့ Li ...






















" အဲ့အမျိုးသမီးကို
Lily အရင်ကမှမသိတာ "
































" unnie ...















" ​တော်ပြီ ~ သွား​တော့






အထဲ​ရောက်​တော့










" unnie ...










" သေသွားပြီ​မဟုတ်လား ?





Jennie ကျလုစဲစဲ







































" ဝင်လာခဲ့ပါ



















~~~~~~~~~~~~~~~~~~~~~~~~~~~

































FORJ ​ဈေးလမ်းစီးပွား​ရေးနဲ့ပတ်သတ်​နေလို့






ဘယ်လို​ကြောင့် FORJ​​​ဈေးလမ်း​မှာ










" ရှင်းပစ်လိုက် "





" ဗျာ ? "




















" ငါ သူ့ကိုသ​​ဘောမကျဘူး







အ​တွေးထဲမှာ






















To be continued....









WHO ARE YOU ? ကို



🦋💛💙 ÆŁÌĆƏ ÝÆÝ ŹHÆÑĢ ...

Continue Reading

You'll Also Like

353K 17.5K 31
✖Sequel to Living My Life ✖ Book 3✖ What happens when Steve and Tony find out who Spider-Man is? Will they freak out? Will they cry? To find out, fir...
9.7K 738 5
နင်နဲ့ငါနဲ့ကိုဘုရားသခင်ကကောင်းချီးပေးထားတာအဲ့တာကြောင့်နင်နဲ့ငါနဲ့ကညားကိုညားမှာ jen
513K 7.6K 32
Rajveer is not in love with Prachi and wants to take revenge from her . He knows she is a virgin and is very peculiar that nobody touches her. Prachi...
13.8K 298 25
You live in an orphanage. According to the people who run it, your parents died in a car crash when you were only a year old. One day, a man comes cl...