Love is Blind ( Completed )

Autorstwa November_venus

208K 20.3K 573

Pity is akin to love 💜 Więcej

Chapter - 1
Chapter - 2
Chapter - 4
Chapter - 5
Chapter - 6
Chapter - 7
Chapter - 8
Chapter - 9
Chapter - 10
Chapter - 11
Chapter - 12
Chapter - 13
Chapter - 14
Chapter - 15
Chapter - 16
Chapter - 17
Chapter - 18
Chapter - 19
Chapter - 20
Chapter - 21
Chapter - 22
Chapter - 23
Chapter - 24
Chapter - 25
Chapter - 26
Chapter - 27
Chapter - 28
Chapter - 29
Chapter - 30
Chapter - 31
Chapter - 32
Chapter - 33
Chapter - 34
Chapter - 35
Chapter - 35 ( Unicode )
Chapter - 36
Chapter - 37
Chapter - 38
Chapter - 39
Chapter - 40 ( final )
Extra

Chapter - 3

5K 546 8
Autorstwa November_venus

Zawgyi





" သားရှောင်း "


" ဖယ်စမ်း "

ခွမ်း... !!


" သားရှောင်း "

" မာမား "


" ခင်ဗျား ဘာလုပ်တာလည်း "


" သား ရိပေါ် "


" သား "




" ....... "


" ကိုကို ငါမေးနေတယ်လေ "

" ........ "


" ကိုကိုရာ ခင်ဗျား...."

" ထွက်သွား "!!

















#Novembervenus 

Unicode

ဘယ်နားကိုကြည့်ကြည့် မဲမှောင်နေတဲ့ လေဟာပြင်တွေပဲမြင်နေရတယ်။ သွားချင်တိုင်းလည်းမသွားရ စားချင်တိုင်းလည်းမစားရ။ ဒါကြီးက ပါပါးကိုသူပြန်ပြောမိလို့ ဘုရားရှင်ကဒါဏ်ခက်ခြင်းပဲလား။ သူ့ဝ၌ဒုက္ခကကြီးမားလွန်းတယ် မမြင်ရတော့တဲ့ မျက်လုံးတွေရယ် ပြီးတော့ ဘယ်မှမသွားနိုင်တော့တဲ့ ခြေထောက်နှစ်ချောင်း။

" သားရှောင်း ထမင်းစားကြရအောင်နော် "

ဝီးချဲလေးနဲ့ ပြတင်းပေါက်နားထိုင်နေတဲ့ ရှောင်းကျန့်ကိုအသံပေးပြီးဝင်လာတဲ့ လီလီ။ လီလီဟာ ရှောင်းကျန့်ရဲ့ မိဒွေး။ ပြောရမယ်ဆို ပါပါးရဲ့ ဒုတိယဇနီး။ ဒုတိယဇနီးဆိုပေမယ့် လီလီကို ပါပါးက ရှောင်းကျန့်မာမားဆုံးသွားမှ တစ်ပင်လဲ၍ တစ်ပင်ထူလိုက်တာဖြစ်သောကြောင့် ရှောင်းကျန့် စကားတွေ ထွေထွေထူးထူးပြောမနေခဲ့ပါဘူး။ ပါပါးဒုတိယအိမ်ထောင်စတည်တော့ သူကျောင်းတောင်မပီးသေးပါ။ ပြီးတော့ ပါပါးကောက်ယူခဲ့တဲ့ ဇနီးမယားဟာ အိမ်မှာအလုပ်လုပ်တဲ့သူဖြစ်နေတာကြောင့် လူမသိ သူမသိဒီအတိုင်းလေးပဲ ဖြစ်နေမယ်ထင်ပြီးတော့ရောပေါ့။ ဒါပေမယ့်အထင်လွဲစွာ ပါပါးက လီလီကို အိမ်ပြင်ခေါ်ထုတ်တယ်။ လီလီကို ပါပါးရဲ့ဒုတိယဇနီးမယားအဖြစ် ပွဲထုတ်ခဲ့တယ်။ ဒါလည်းသူဘာမှမပြောပေမယ့် လီလီရဲ့သားကိုပါ အိမ်ခေါ်လာဖို့အထိကြိုးစားလာတာတော့ ရှောင်းကျန့်လုံးဝသဘောမကျတော့ပါ။ အခုတော့ အဲ့ဒီကောင်အတွက် ပါပါးနဲ့သူ စကားတွေများကြရတဲ့အပြင် ကန်းသွားတဲ့ သူ့မျက်စိတွေ ကျိုးသွားတဲ့ သူခြေထောက်နှစ်ချောင်း။

လီလီ ထမင်းပန်းကန်လေးကိုင်ပြီး ရှောင်းကျန့်နားအသာတိုးကပ်သွားခဲ့သည်။

" သားရှောင်း "

ဝီးချဲပေါ်ထိုင်ပြီး ပေါင်ပေါ်တင်ထားတဲ့ ရှောင်းကျန့်လက်ဖမိုးအေးအေးပေါ် ရောက်ရှိလာတဲ့ နွေးထွေးတဲ့ လက်ဖဝါးလေးတစ်ဖက်။

" ဖယ်စမ်း "

ခွမ်း... !!

ထိုလက်ကိုရှောင်းကျန့် အားနဲ့လက်ပြန်ရိုက်ချလိုက်တာကြောင့် လီလီကိုင်ထားတဲ့ ထမင်းပန်းကန်သည် မြေပေါ်ကျကွဲသွားသည်။

" သားရှောင်း "

" မာမား "

သားရှောင်းလို့ခေါ်လိုက်သံသည် လီလီရဲ့အသံဖြစ်သလို မာမားဆိုပြီးဆိုးရိမ်တကြီး ခေါ်လာတဲ့အသံသည် အခန်းထဲပြေးဝင်လာသည့် ဝမ်ရိပေါ်အသံဖြစ်သည်။

" ခင်ဗျား ဘာလုပ်တာလည်း "

ရိပေါ်ကျကွဲထားတဲ့ ပန်းကန်ကိုကျော်ခွပြီး ရှောင်းကျန့်နားကောက်သွားတဲ့ ဝမ်ရိပေါ်ဟာ ဝီးချဲပေါ်မှာထိုင်နေတဲ့ ရှောင်းကျန့် အိကျီစကို ဆုတ်ကိုင်ပြီးမေးတယ်။

" သား ရိပေါ် "

" မာမားထွက်သွား ဒီကောင်နဲ့ ကျွန်တော် စကားပြောဦးမယ် "

" သား "

" မာမားကျေးဇူးပြုပြီးထွက်သွားပေးပါ "

လီလီသက်ပြင်းလေးအသာချပြီးအခန်းထဲမှ ထွက်ခဲ့လိုက်သည်။ လီလီထွက်သွားတာနှင့် ရှောင်းကျန့်ရဲ့ အခန်းတံခါးကိုသွားပိတ်ပြီး ဂျက်ချလိုက်တဲ့ ဝမ်ရိပေါ်။

" ခင်ဗျား ဘာဖြစ်ချင်နေတာလည်း ကိုကို "

" ....... "

ဝမ်ရိပေါ်ဒေါသနဲ့မေးလိုက်ပေမယ့် စကားပြန်ပြောမလာတဲ့ရှောင်းကျန့်က သေနေတဲ့ မျက်ဝန်းတွေနဲ့ ရှေ့တည့်တည့်ကိုသာ စိုက်ကြည့်နေသည်။ မျက်လုံးထဲမှာရှိနေတဲ့ မျက်ဆံညိုညိုကြီးဟာ မရွေ့လျားပဲ ရှေ့တည့်တည့်ကိုသာ ကြည့်နေတာကြောင့် မျက်လုံးတည့်တည့်မှာရပ်နေမိတဲ့ဝမ်ရိပေါ်ဟာ နေရာအနည်းငယ် ရွေ့ရပ်လိုက်မိသည်။

" ကိုကို ငါမေးနေတယ်လေ "

" ........ "

စကားပြန်မပြောတဲ့ရှောင်းကျန့်ဟာ နှုတ်ခမ်းပါးလေးကို တင်းတင်းစေ့ထားပြီး လုံးဝ ဝမ်ရိပေါ်ကို ဥပေက္ခာပြုထားသည်။

" ကိုကိုရာ ခင်ဗျား...."

" ထွက်သွား "!!

ဝမ်ရိပေါ်လေသံ အနည်းငယ်လျော့ချလိုက်ချိန်မှ လှုပ်ရှားလာတဲ့ နှုတ်ခမ်းပါးလေးက ဝမ်ရိပေါ်ကို ထွက်သွားတဲ့ ။ ဝမ်ရိပေါ် လက်သီးကိုတင်းနေအောင်ဆုတ်ပြီး အံ့ကျိတ်လိုက်သည်။

" ကျွန်တော့ကို ထွက်သွားစေချင်ရင် ခင်ဗျားကိုယ်တိုင် မောင်းထုတ်နိုင်ရမှာပေါ့ကိုကို။ ခုတော့ ခင်ဗျားကကျွန်တော့ကို မောင်းထုတ်နိုင်ဖို့နေနေသာသာ မျက်လုံးတောင်မမြင်ရဘူးမလား။ ကျွန်တော်ဘယ်မှာရှိနေတယ်တောင်မသိပဲ ထွက်သွားလို့အော်နေလို ထွက်သွားရအောင် ကျွန်တော် မအဘူးကိုကို။ ကျွန်တော်က အပိုင်သိမ်းဦးမှာ ဒီအိမ်ကြီးကို ပြီးတော့ ကျွန်တော့မာမားရဲ့ဒုတိယအမျိုးသားပိုင်တဲ့ ရှောင်းကုမ္ပဏီကြီးကိုရော "

" ငါအသက်ရှင်နေသ၍ ငါ့ပါပါးပိုင်တာတွေ မင်းထိလို့ရမယ်ထင်နေတာလား ။ စိတ်ကူးယဉ်မနေနဲ့ ထွက်သွား သိုက်တူးသမား အုပ်ကြားမြက်ပေါက် ကလေကချေကောင် "

" ဟား....ဟား....အဲ့ဒီကလေကချေ အုပ်ကြားမြက်ပေါက်ကောင်ကို ထွက်သွားလို့ နှင်ထုတ်နိုင်ရလောက်အောင် ခင်ဗျားက ဘာတွေများ စွမ်းဆောင်နေနိုင်လို့လည်း ။ ကျွန်တော်လုပ်သမျှခင်ဗျား မြင်နိုင်လို့လား။ ခင်ဗျားရဲ့ ကန်းနေတဲ့ မျက်စိတွေက ကျွန်တော်ဘာလုပ်နေတယ်ဆိုတာ တွေ့ရလို့လား။ ဟား...ဟား...စိတ်ကူယဉ်နေတာ ကျွန်တော်မဟုတ်ဘူး စိတ်ကူးယဉ်နေတာက ခင်ဗျားဗျ။ ခင်ဗျားရဲ့ ကန်းနေတဲ့မျက်စိတွေနဲ့ ကျိုးနေတဲ့ ခြေထောက်တွေပဲရှိတော့တဲ့ ခင်ဗျားက ကျွန်တော့ကို ဘာများလုပ်နိုင်မှာလည်း ကိုကိုရာ..."

" မင်း...မင်း... ကလေကချေကောင် "!!!

" ဟား...ဟား.. စိတ်လျော့ အခုတော့ စိတ်လျော့ပြီး ဒေါသတွေလျော့ချလိုက်ဦးကိုကို ။ ခဏနေ ဒေါသတွေအထွက်လွန်ပြီး အသက်ပါပါသွားခဲ့ရင် ကျွန့်တော့မာမားရဲ့ဒုတိယအမျိုးသား ပိုင်ဆိုင်တဲ့ ပစ္စည်းဥစ္စာတွေ ကျွန်တော်အပိုင်ရလိုက်တာ ခင်ဗျားမသိပဲနေသွားလိမ့်မယ်ကိုကို "

" မင်း...မင်း..ခွေးကောင် ထွက်သွား ငါ့အခန်းထဲကနေ "

" ထွက်သွားမှာပါကိုကို ဒီအခန်းထဲမှာလည်း ဘယ်သူမှကြာကြာမနေနိုင်ပါဘူး။ ကုမ္ပဏီကိစ္စတွေကြောင့် ဂရုမစိုက်နိုင်တဲ့ ရှောင်းပါပါးနဲ့ ကန်းနေတဲ့အပြင် ကျိုးနေတဲ့ ခင်ဗျားကို အိမ်အကူတွေကပါ ဂရုမစိုက်တော့လို့ ညစ်ပတ်နံဟောင်နေတဲ့ ဒီအခန်းထဲမှာ ကျွန်တော်ကြာကြာမနေပါဘူး ဟား...ဟား...ဟား...."

ပြောပြောဆိုဆိုအခန်းထဲကထွက်သွားတဲ့ ဝမ်ရိပေါ်ဘက် မျက်လုံးသေကြီးတွေနဲ့ စိုက်ကြည့်နေခဲ့တဲ့ရှောင်းကျန့်။ မမြင်ရပေမယ့် အသံကြားရာ နားစွန့်နေခဲ့တာပါ။
ရှောင်းကျန့်ဟာ  အခန်းတံခါးကို ဝုန်းကနဲပိတ်သွားသံကြားလိုက်တာနဲ့ မျက်လုံးအိမ်တွေက မျက်ရည်တွေတွေစီးကျလာခဲ့သည်။ ထို့နောက် ပေါင်ပေါ်တင်ထားတဲ့ လက်ဖဝါးနှစ်ဖက်ကို မျက်နှာမှာအုပ်ပြီး ရှိုက်ကြီးတငင်ငိုကျွေးလာခဲ့တဲ့ရှောင်းကျန့်ဟာ သူငိုနေတာကိုကြည့်ပြီး အခန်းထောင့်တစ်နေရာကနေ သူနဲ့အတူ မျက်ရည်လိုက်ကျနေတဲ့ လူတစ်ယောက်ရှိနေတာကိုတော့ သိလိမ့်မယ်မထင်ပါ။

မျက်လုံးဝိုင်းဝိုင်းလေးက အားနဲ့ ကျနေတဲ့မျက်ရည်တွေအပြင် အသံမထွက်မိအောင် အားနဲ့ပါးစပ်ထဲကိုက်ဖိထားတဲ့ လက်တစ်ဖက်ကြောင့်  နှာခေါင်းလုံးလုံးလေးတောင်နီရဲနေလို့ ။

ကိုကို ကျွန်တော်တောင်းပန်ပါတယ်။ ကိုကို့အားနည်းချက်ဟာ ကျွန်တော့အတွက်ကြောင့်ဖြစ်သွားရလို့ ကျွန်တော်ထပ်တူဝမ်းနည်းရပေမယ့် အဲ့ဒီအားနည်းချက်ကိုမှ ကျွန်တော်မထောက်ပြရင် မျက်လုံးတွေကိုကုဖို့ ကိုကိုဆက်ငြင်းနေမှာကြောက်လို့ပါ။

ကိုကို့ရဲ့ပြန်မကောင်းနိုင်တော့တဲ့ ခြေထောက်နှစ်ချောင်းအတွက် ကျွန့်တော့ဘဝကြီးကို ကိုကိုခြေထောက်နှစ်ချောင်းအစား အစားထိုးပေးဆပ်နိုင်ပေမယ့် ကိုကို့ဘဝတစ်လျောက်လုံးကိုတော့ အမှောင်ထဲမှာပဲ ရှင်သန်မနေစေခြင်ဘူးကိုကို။ စိတ်ချပါကိုကို ကိုကိုမုန်းနေတဲ့ ဒီအုပ်ကြားမြက်ပေါက် ကလေကချေကောင်က ကိုကို့ဘဝအတွက် ကျွန်တော့ကြောင့် ဆုံးရှုံးသွားတဲ့ ခြေထောက်တစ်စုံအဖြစ် ကျွန်တော့ဘဝ မသေဆုံးခင်အချိန်ထိ တည်ရှိနေပေးမှာပါကိုကို။

ဝမ်ရိပေါ်အခန်းထောင့်မှာငြိမ်ပြီး မျက်ရည်ကျနေမိတာ ဘယ်လောက်ကြာသွားသည်မသိ ဝမ်ရိပေါ် လူနဲ့စိတ်နဲ့ ပြန်ကပ်ချိန်မှာ ရှောင်းကျန့်က ဝီးချဲနောက်မှီလေးကိုမှီပြီး အိပ်ပျော်နေခဲ့ပြီ။

ဝမ်ရိပေါ် အခန်းထောင့်လေးမှအသံမကြားအောင် အသာအယာနဲ့ ရှောင်းကျန့်နားတိုးကပ်သွားပြီး ဝီးချဲပေါ်မှာ ခေါင်းလေးမှီချပြီး အိပ်ပျော်နေတဲ့ ရှောင်းကျန့်ကို မနိုးအောင် အသာအယာပွေ့ချီလိုက်သည်။ ထို့နောက် အိပ်ပျော်နေတဲ့ ရှောင်းကျန့်ကို အိပ်ယာပေါ်အသာချပြီး ခန္ဓာကိုယ် အနေအထားကို သက်တောင့်သက်သာပြင်ပေးပြီး စောင်ပါးလေးတစ်ထည်ကို ရင်ဘက်ပေါ်မှ အသာအယာလွမ်းခြုံပေးလိုက်သည်။ ထို့နောက် ရှောင်းကျန့် မျက်နှာချောချောကို ခဏသာမျှ ငေးစိုက်ကြည့်ပြီး ခုဏက ရှောင်းကျန့်ရိုက်ချထားလို့ ကျကွဲထားတဲ့ ထမင်းပန်းကန်ကို အသံမထွက်အောင် ကောက်သိမ်းယူလိုက်ပြီး အခန်းအပြင် အသာအယာထွက်သွားလိုက်သည်...။

ဝမ်ရိပေါ် အခန်းပြင်ထွက်သွားတာ သေချာချိန်လောက်မှ ကုတင်ပေါ်က ပြန်ပွင့်ဟလာတဲ့ မျက်ဝန်းသေကြီးတွေဟာ မျက်လုံးရှေ့မှာတည်ရှိနေတဲ့ မျက်နှာကျက်ကြီးကို မျက်တောင်မခက်စိုက်ကြည့်နေခဲ့သည်။

စိတ်ကူးယဉ်နေတာ ကလေအချေကောင်က။ သူ့ခြေထောက်တွေကပြန်မကောင်းနိုင်တော့ပေမယ့် မျက်လုံးတွေက ပြန်ကောင်းနိုင်သေးတယ် ဆိုတာ ဒီခွေးကောင်က မေ့နေတာတော့ မဟုတ်နိုင်ပါဘူး။ စိတ်ချပါ ငါအသက်ရှင်နေသ၍ ငါပါပါးဟာတွေ ပဲစိတစ်ဝက်မျှ မင်းတို့သားအမိနား လုံးဝမရောက်စေရဘူး။

#Novembervenus 

Czytaj Dalej

To Też Polubisz

257K 19.2K 39
[BJYX Myanmar fanfiction]
24.5K 2.1K 24
ကျုပ်နှလုံးသားတွေကနက်မှောင်ပြီးညို့အားကောင်းတဲ့အနီရောင်နှင်းဆီပန်းတွေနဲ့တူတယ် အခုနှင်းဆီပန်းတွေကခင်ဗျားလက်ထဲရောက်တိုင်းငြိုးနွမ်းကုန်တယ်ဆိုတော့ ကျုပ်...
215K 15.2K 24
YiZhan 💚❤ M_preg ဘက်စုံတော်ပြီး အနေတည်သော စီနီယာကျောင်းသားလေး...ဝမ်ရိပေါ်နှင့် လုပ်သမျှလွဲတတ်သော ဂျူနီယာကျောင်းသားလေး...ရှောင်းကျန့်တို့ ချစ်ခြင်း၏...
292K 50.2K 62
ඩේ අම්මු.... නා උන්නෙයි කාදිලික්කිරේන් ❤ (පරිනත අන්තර්ගතයකි...)