Chapter - 60
|| Zawgyi ||
" ဟောက်ရန် "
" ခင်ဗျားဘာလို့ မသေသေးတာလဲ "
ငါငိုပြန်ပြီ။
" ဟက်...ဟုတ်ပါပြီ ညစ်ပတ်လေးကိုချစ်နေမှတော့ ဒီညစ်ပတ်လေးကိုပဲ့ဖက်ရမှာပေါ့... ကဲ့ အခုတိတ်ပြီမလား အိမ်ပြန်ရအောင် ကိုယ်ဗိုက်ဆာနေတာ လက်နာနေတော့ ခွံ့ကျွေးမဲ့သူမရှိဘူး တော်ကြာ လေယျာဉ်မတော်တဆကြောင့် သေတဲ့လူမဖြစ်ပဲ ဗိုက်ဆာလို့သေတဲ့လူဖြစ်နေအုံးမယ် "
" အွန်း ကောင်းပြီ ဒီဒုက္ခိတယောက်ျားကို ခွံကျွေးရမှာပေါ့ "
..............
ဂွီ~~~~
အိုး...ငါဘဲ့စားနေတာပဲ့။
" ယောက်ျား ဆာနေပြီမလား ခွံ့ကျွေးမယ်နော် "
" အင်း...ကိုယ်စားဖူးသမျှထဲမှာ အကောင်းဆုံးပဲ့ "
လင်းယဲ့ "........"
မဟုတ်ပါဘူး။ ပုံမှန်ပါဘဲ့။
" ဘာ...ဘာကိုလဲ "
ဟောက်ရန်: " ယောက်ျား ခွံကျွေးမယ်လို့လေ "
လင်းယဲ့: " ? "
💜💜💜💜💜💜💜💜💜
13.Jun.21
Saung's
=============================================
ဒုကိ္ခတယောကျ်ားကို ခွံကျွေးမယ်နော်...ဟဟ ဒါငါပြောတာလေ!
Chapter - 60
|| Unicode ||
" ဟောက်ရန် "
" ကိုယ်မင်းအိမ်မှာထင်နေတာ "
လင်းယဲ့ ဟောက်ရန်အရှေ့ကိုစိတ်တိုစွာ သွားရပ်လိုက်ပြီး စိတ်ထဲကနဲ့မတူတဲ့ စကားကိုထုတ်ပြောလိုက်သည်။
" ခင်ဗျားဘာလို့ မေသေသးတာလဲ "
ဟူး...စိတ်ထဲပေါ့သွားတာပဲ့။ လင်းယဲ့ပြောပြီးတော့ ဟောက်ရန်ကိုစေ့စေ့ကြည့်လိုက်တယ်။ ဒါမဲ့ကြာကြာမကြည့်နိုင်ဘူး။ မြင်ကွင်းတွေက ဝေဝါးလာတယ်။
ငါငိုပြန်ပြီ။
ဟောက်ရန် လင်းယဲ့ကိုပွေ့ဖက်လိုက်တယ်။ သေချာတော့ မပွေ့ဖက်နိုင်ဘူး။ အလယ်မှာသိုင်းလွယ်ထားရတဲ့ လက်တစ်ဖက်ကလည်းရှိနေသေးလို့လေ။
ထိခိုက်မှုမရှိတဲ့ ဘယ်ဘက်လက်ကိုမြှောက်လိုက်ပြီး လင်းယဲ့ခေါင်းကိုပုတ်ပေးလိုက်တယ်။ ကောင်လေးကသူ့အပေါ် တုန်ရီနေတဲ့ ခန္ဓာကိုယ်တစ်ခုလုံးကို မှီချထားတာမို့ လက်ကပိုနာလာပေမဲ့ မတွန်းဖယ်မိဘူး။
" ok မငိုနဲ့တော့ ကိုယ်အခုအကောင်းကြီးရှိသေးတယ်လေ "
" အင့်ဟင်း....အီး....ဘာလို့ဖုန်းမဆက်တာလဲ။ တစ်ယောက်ယောက်ကိုပြောခိုင်းပါ့လား တစ်ချိန်လုံးစိတ်ပူအောင် အမြဲလုပ်ရတာလဲ။ ကျိုးသွားတာနည်းသေးတယ် "
ခဏကြာဖက်ထားပြီးတော့မှ လွှတ်လိုက်ကြတယ်။ လင်းယဲ့အငိုသန်ပုံများ နှပ်ချီးတွေတစ်ရိုှက်ရှိုက််နဲ့ တအင့်အင့်တောင်ဖြစ်နေပြီ။
" ညစ်ပတ်နေရော မင်းလေးကလူရောဟုတ်သေးရဲ့လား "
ထိုစကားကြောင့် လင်းယဲ့စိတ်ထဲတင်းတင်းလေးဖြစ်သွားတယ်။ သူကဝမ်းနည်းနေတဲ့ပုံကနေ
" ဟွန်း...အဲ့ဒါကျွန်တော်က မေးရမှာဗျ။ ညစ်ပတ်တယ်ဆိုလည်း ဘာလို့လာဖက်နေသေးလဲ "
" ဟက်...ဟုတ်ပါပြီ ညစ်ပတ်လေးကိုချစ်နေမှတော့ ဒီညစ်ပတ်လေးကိုပဲ့ဖက်ရမှာပေါ့... ကဲ့ အခုတိတ်ပြီမလား အိမ်ပြန်ရအောင် ကိုယ်ဗိုက်ဆာနေတာ လက်နာနေတော့ ခံွ့ကျွေးမဲ့သူမရှိဘူး တော်ကြာ လေယျာဉ်မတော်တဆကြောင့် သေတဲ့လူမဖြစ်ပဲ ဗိုက်ဆာလို့သေတဲ့လူဖြစ်နေအုံးမယ် "
ဟောက်ရန်စကားကြောင့် လင်းယဲ့ပြုံးချင်သွားသည်။
ဒီလိုစနောက်တတ်မှန်း မသိခဲ့ဘူး။
" အွန်း ကောင်းပြီ ဒီဒုက္ခိတယောကျ်ားကို ခွံကျွေးရမှာပေါ့ "
" ဟား....ကိုယ့်ကိုဘာလို့ဒီလောက် ပြောရက်တာလဲ "
လင်းယဲ့ကတော့ သူ့ဗိုက်လေးကိုပိုက်ပြီး အရင်အရှေ့ကကော့တော့ ကော့တော့နဲ့ထွက်သွားပြီဖြစ်တယ်။ ဟောက်ရန် အနောက်ကနေပြုံးပြုံးကြီးနဲ့ လိုက်လာခဲ့သည်။
..............
" သခင်လေး...အကိုလေး ရောက်လာပြီလား "
အိမ်တော်ထိန်းကစိတ်အိုက်နေပုံနဲ့ ထွက်လာခဲ့သည်။ လင်းယဲ့ကအိမ်တော်ထိန်းကို
" အိမ်တော်ထိန်းကြီး ဘာလို့ဖုန်းလေးတစ်ချက်တောင် မဆက္တာလဲ။ ကျွန်တော့မှာ စိတ်ပူလိုက်ရတာ..."
အိမ်တော်ထိန်းက ပြာပြာသလဲရှင်းပြမလို့လုပ်ပေမဲ့ အနောက်ကဟောက်ရန်မှာ လင်းယဲ့ခါးကိုဖက်လိုက်တယ်။ သူကအထဲကိုတွန်းသွင်းလိုက်ပြီး
" ကိုယ့်ကိုစိတ်ပူတယ်လို့ ကြားရတာဝမ်းသာပါတယ်။ ကိုယ်ကအိမ်တော်ထိန်းကို မပြောဖို့ပြောထားတာပါ။ ကိုယ်လာရှာမှာပေါ့..."
အိမ်ထဲမှာစားစရာတွေ အသင့်ပြင်ထားတယ်။ ဟောက်ရန်ကြိုပြောထားပုံပဲ့။
" မြန်မြန် ဗိုက်ဆာနေပြီ "
ဂြီ~~~~
တကယ်တော့အသံထွက်လာတာက လင်းယဲ့ဗိုက်ထဲကဖြစ်တယ်။ လင်းယဲ့ဗိုက်ကိုပွတ်ရင်း....
"အဟင် ကျွန်တော်လည်းဆာလာသလိုပဲ့ "
လင်းယဲ့ယောင်ပေပေနဲ့သူအရင် ဟင်းတစ်ချို့စားလိုက်တယ်။တကယ်တော့သူကနေ့လည်စာစားပြီးပြီ ဘာလို့ထပ်ပြီးငတ်လာရပြန်တာလဲ။ ဝက်အသားလုံးကို ကြွပ်ကြွပ်ကြော်ထားတဲ့ ခွက်ထဲကိုနှိုက်လိုက်ပြန်တယ်။ တစ်ကိုက်ကိုက်လိုက်တော့ အရမ်းအရသာရှိတာပဲ့။
ထို့နောက်ကျန်တဲ့အသားလုံးတစ်ပိုင်းကို စားမလို့ပြင်ပေမဲ့ သူ့မျက်စောင်းထိုးခုံက ဟောက်ရန်ကိုသတိထားမိသွားတယ်။
အိုး...ငါဘဲ့စားနေတာပဲ့။
သူကလက်ထဲက အသားလုံးတစ်ဝက်ကို ဟောက်ရန်ပါးစပ်အရှေ့တိုးလိုက်တယ်။ ထို့နောက်စပ်ဖြီးဖြီးအပြုံးလေးနဲ့
" ယောကျ်ား ဆာနေပြီမလား ခွံ့ကျွေးမယ်နော် "
ဟောက်ရန် စားလိုက်သည်။ သူကအရသာကိုခံရင်းနဲ့ အရမ်းစားကောင်းတဲ့ ဟင်းကိုစားလိုက်ရသလိုအမူအယာ ဖြစ်သွားသည်။
" အင်း...ကိုယ္စားဖူးသမ်ွထဲမွာ အကောင်းဆုံးပဲ့ "
လင်းယဲ့ "........"
တကယ်တော့ ဟောက်ရန်စားမယ်လို့မထင်ထားဘူး။ ဒါငါစားပြီးသားလေ။ ဒါမဲ့တကယ်ကြီးစားကောင်းနေတာလား။
ဟောက်ရန်အနားကနေ ခွံကျွေးထားတဲ့လက်ကို ပြန်ရုတ်လိုက်တယ်။ ထိုအသားလုံးထိုးထားတဲ့ ခက်ရင်းကိုကြည့်ကာ ပါးစပ်ထဲထည့်ပြီး ထပ်အရသာခံလိုက်တယ်။
မဟုတ်ပါဘူး။ ပုံမှန်ပါဘဲ့။
ရုတ်တရက် အရူလုပ်ခံလိုက်ရသောလင်းယဲ့ "......"
" ဟက်..အရသာရှိတယ်မလား...ထပ်ခေါ်ပါအုံး "
" ဘာ...ဘာကိုလဲ "
ဟောက်ရန်: " ယောကျ်ား ခွံကျွေးမယ်လို့လေ "
လင်းယဲ့: " ? "
💜💜💜💜💜💜💜
ဒီနေ့ ဆောင်းရဲ့မွေးနေ့မို့ ချိုပေးထားတယ်နော်။ ဆုတောင်းပေးတဲ့cm တွေကြောင့် ဒီနှစ်တော့အရမ်းပျော်စရာကောင်းတဲ့ မွေးနေ့လေး ဖြစ်ခဲ့ပါတယ်။ အားလုံးကိုအရမ်းချစ်ပါတယ်နော်။
13.Jun.21
Saung's
=============================================