When You Find Lost Love Again
By Htet-Bo
138K 10.9K 2.9K
3.6.2021 - 11.5.2022 More
Character (1)
Character (2)
Part - 1
Part - 3
Part - 4
Part - 5
Part - 6
Character (3)
Part - 7
Part - 8
Part - 9
Part - 10
Part - 11
Part - 12
Part - 13
Part - 14
Part - 15
Part - 16
Part - 17
Part - 18
Part - 19
Part - 20
Part - 21
Part - 22
Part - 23
Part - 24
Part - 25
Part - 26
Part - 27
Part - 28
Part - 29
Part - 30
Part - 31
Part - 32
Part - 33
Part - 34
Part - 35
Part - 36
Part - 37
Part - 38
Part - 39
Part - 40
Part - 41
Part - 42
Final (UNI)
Final ( ZGI)
Character - 4
Part - 2
4K 385 11
By Htet-Bo
ရေကလွဲပြီး ဘာမှမရှိတဲ့ ရေခဲသေတ္တာကိုမြင်ပြီး ရန်း ခေါင်းခါလိုက်သည်။ အရင်တစ်ခါ လာတုန်းက စားစရာတွေ အပြည့်ဖြည့်ပေးခဲ့တာ ကုန်ရင်လည်း ဝယ်မထဲ့ကြဘူး။ ဒီကွန်ဒို နဲ့ ရန်းအိမ်နဲ့က ပြဒါးတစ်လမ်း သံတစ်လမ်းမို့ တစ်ခါတစ်ခါ လာဖို့ရန်မလွယ်။နှစ်ပတ်တစ်ခါ သုံးပတ်တစ်ခါလောက်သာ ရောက်သည်။ ကျန်တဲ့ရက်တွေကတော့ အဆင်ပြေရာ တစ်နေရာမှာ တွေ့ကြတာက ခပ်များများရယ်။
Home Shopping ကနေ ချက်ပြုတ်စရာအသီးအနှံ အစုံအလင် ဝယ်ယူကာ order မှာလိုက်သည်။ order လာမပို့ခင်လေး ဝရန်တာကို ထွက်လိုက်ကာ ရန်း လာထားထားတဲ့ အပင်လေးတွေကို  ရေဖျန်းပေါင်းသင် လုပ်နေလိုက်သည်။ တနေ့တနေ့ အပင်တွေနဲ့ မထိတွေ့ရရင်ကို မနေနိုင်။ ဒီနေ့ ဆိုင်ပိတ်တာမို့ ငါ့အပင်လေးတွေ အဆင်ပြေပါ့မလား။ ဆိုင်ကအပင်တွေကိုလည်း စိတ်ပူတယ်။
" တင်းတောင် တင်းတောင် "
Order ရောက်ပြီ ထင်တယ်။ မြန်လိုက်တာ။ Internet ရှိတာ အရမ်းအဆင်ပြေတာပဲ။
ပစ္စည်းတွေကို သူ့နေရာနဲ့သူ သေချာနေရာချလိုက်ပြီး ချက်ပြုတ်ရန်အတွက် apron ကို ဝတ်ဆင်လိုက်သည်။ မနက်စာကိုတော့ ပဲပြုတ်နဲ့ ထမင်းကြော်ပေးပြီး ဗလာချောင်ကြော်လေး လုပ်လိုက်မယ်။ နေ့လယ်နဲ့ညနေအတွက်တော့ ဝက်သားနဲ့မုန့်ညှင်းချဥ်ကြော်မယ်
ပိန်းဥဟင်းရည်လေးလုပ်မယ်။ စားခါနီးကျရင် ပဲပုတ်လေး ကင်ပြီး သုတ်လိုက်မယ်။ ရ​န်း ဒီနေ့အတွက် မီနူး ဆွဲလိုက်ပြီး စတင်ချက်ပြုတ်တော့သည်။
အားလုံးချက်ပြုတ်ပြီးတော့ 10 နာရီတောင် ထိုးပြီ။ အတော်လည်း ဗိုက်ကဆာနေပြီမို့ Apron ကိုချွတ်လိုက်ပြီး အိပ်ခန်းဆီ သွားလိုက်သည်။
အိပ်ရာပေါ်မှာ အိပ်မောကျနေတဲ့ ကောင်လေးက မနေ့က အရမ်းပင်ပန်းလာတယ်ထင် ခုထိ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတုန်း ။ အနားသွားလိုက်ပြီး ပုခုံးလေးကို အသာပုတ်ကာ
" ဝန်း "
လေသံဖျော့ဖျော့လေး ဆိုပေမယ့် အအိပ်ဆတ်တဲ့ ကောင်လေးက ချက်ချင်း မျက်လုံးလေး ဖွင့်လာသည်။
" မထချင်သေးဘူးလား "
" အစ်ကို "
အိပ်ရာနိုးစမို့ သိပ်မကြည်လင်တဲ့ အသံနဲ့ လူကို ခေါ်ကာ ကုန်းရုန်းထ ထိုင်ပြီး လူကို ဖက်ကာ ပြန်မှိန်းနေပြန်သည်။
"ထတော့မလား 10 နာရီထိုးပြီ "
" အိပ်ရေးမဝဘူး "
ရင်ခွင်ထဲ ပိုတိုး ပိုဖက်ပြီး ငိုမဲ့မဲ့ပြောနေတဲ့ ကိုယ်တော်ချွဲက အိပ်ရေးမဝရင် စိတ်ပါမကြည်တတ် ။ အစားကျွေးပြီးမှ ပြန်အိပ်ခိုင်းရမယ် မနေ့ကလည်း ဘာမှ ဟုတ်တိပတ်တိ စားမှာ မဟုတ်လို့ ဗိုက်ဟောင်းလောင်းဖြစ်နေမှာ။
" နေ့ခင်းမှ ပြန်အိပ်မယ်လေ ဒီနေ့ ရှူတင် မရှိဘူးမလား "
" ဒီနေ့တစ်ရက်တော့ နားပါရစေဆိုပြီး မနည်း ပြောခဲ့ရတယ် ကုမ္ပဏီက အနားမပေးချင်ဘူး အကျင့်ပုပ်တယ် "
တွေ့လား အိပ်ရေးမဝရင် စိတ်မကြည်ပါဘူးဆို။ခုကြည့် သူ့ရဲ့ မကြည်တဲ့စိတ်ရဲ့ ပစ်မှတ်က ကုမ္ပဏီ။ ဝန်းက စိတ်မကြည်ရင် သူများတွေလို ဝုန်းဒိုင်းကြဲတာမဟုတ်ဘဲ စိတ်ကောက်တာမျိုး။
" ဟုတ်ပ အဲ့ကုမ္ပဏီကလည်း ဒီလောက် ပိုက်ဆံရှာပေးနေတဲ့ ကလေးကို နားချိန်ပေးသင့်တာပေါ့ "
စိတ်ကျေနပ်အောင် အလိုက်သင့်လေး ပြန်ပြောပေးရသေးတယ်။ ဝန်း က ကိုယ့်ဘဝကို တစ်ယောက်တည်း ရပ်တည်နေတဲ့သူမို့ ရင့်ကျက်နေတဲ့ ကလေးဆိုပေမယ့် တစ်ခါတစ်လေ ရန်းကို ချွဲတတ်သည်။ သူ့မှာ ချွဲစရာ ဆိုလို့ ရန်းပဲ ရှိတယ်လေ။
" စာချုပ်ပြည့်ရင် ဆက်မချုပ်တော့ဘူး "
" အင်း မချုပ်နဲ့ ဝန်း ကို လိုချင်တဲ့ ကုမ္ပဏီတွေမှ အများကြီး "
ဘာမှ ပြန်မပြောလာတော့ဘဲ တိတ်ဆိတ်သွားတဲ့ကောင်လေး။ဘာလဲ ငါ့စကားက မှားနေလို့လား။
" အစ်ကို "
ရင်ခွင်ထဲက ထွက်ကာ လူကို လေး​လေးနက်နက်ကြည့်ပြီး ခေါ်လာသည်မို့ မေးဆတ်ပြလိုက်တော့ မျက်လုံးမှိတ်ကာ နှုတ်ခမ်းကြီးကို ဘဲနှုတ်သီးလေးလို အားရပါးရ ဆူပြသည်။
ဝန်း အကို လာနမ်းမှာကို စောင့်နေပေမယ့် အချိန်တော်တော်ကြာ နှုတ်ခမ်းကို ဘာမှ လာမထိတွေ့တာမို့ မျက်လုံးဖွင့်လိုက်တော့ အကို က မရှိတော့ ။
" အစ်ကို့! "
" မျက်နှာသစ် !"
စိတ်ဆိုးစွာ အော်တော့ အကိုက မီးဖိုချောင်ထဲကနေ အားကုန် ပြန်အော်သည်။ မကျေနပ်ဘူး ။
အစ်ကို ရှိတဲ့ နေရာကို သွားကာ အစ်ကို့ကို မကြည်တဲ့ အကြည့်နဲ့ ကြည့်ပစ်လိုက်သည်။
" ငါ ဗိုက်ဆာနေပြီ ဝန်း "
လူကို လာပြီးဂျိုကြည့် ကြည့်နေတဲ့ ကောင်လေးကို ခပ်တည်တည်ပြောမိတော့ ခြေထောက်တစ်ဖက်ကို ဆောင့်ပြသည်။ကလေးကုလားကောင်။
" မျက်နှာ ​သစ်တော့ ထမင်းစားရအောင် "
" ည က အာဘွားမပေးဘူး "
" ပြွတ် "
အာဘွားမပေးမချင်း ဒီလိုကြီး ကလေးအကွက်တွေ လုပ်နေတော့မှာမို့ အနား သွားလိုက်ကာ နှုတ်ခမ်းပါးပါးလေး ကို တချက်နမ်းပေးလိုက်သည်။
" ဟာ...ထိရုံလေး "
ထိရုံလေး နမ်းလို့ မကျေမနပ် ရေရွတ်နေပြန်ပြီ။ သူ့အလိုကို မကျနိုင်ဘူး ။
" ရော် ထိရုံမနမ်းလို့ ငါက ငုံ ပေးရဦးမှာလား  ရှိန်းမြင့်မိုရ်ဝန်း တော်ရုံပဲ ကောင်းတယ် "
" အော် ရှိန်းမြင့်မိုရ်ဝန်း တဲ့လား ဟက် သိလိုက်ပြီ သိလိုက်ပါပြီ အကိုက အရင်လို မဟုတ်တော့ဘူးပဲ "
နာမည်အရင်းလေး ခေါ်မိတာကို အရင်လို မဟုတ်တော့ဘူးတဲ့။ မျက်ရည်တွေပါ ဝဲ ပြနေပြီ။ အိပ်ရာနိုးလိုက်တဲ့ ငါကိုက မှားတာ။
ဗိုက်ဆာနေတာမို့ ဒေါသပါထွက်ချင်လာပြီ။ ဒီတိုင်း ဆက်သွားရင် မီးဖိုခန်းကနေ စစ်မြေ​​ပြင်အသွင် ပြောင်းတော့မှာ။
" တော်ပြီ မျက်နှာသစ်တော့ "
" တကယ် သိလိုက်ပါပြီ "
" ဝန်း ရာ... လိမ္မာတယ် သွား ငါဗိုက်ဆာနေပြီ  "
ဗိုက်ဆာနေပြီဆိုမှ ခေါင်းငြိမ့်ပြပြီး အခန်းထဲ ဝင်သွားတော့သည်။ ရှိန်းမြင့်မိုရ်ဝန်း က ရှိန်းမြင့်မိုရ်ဝန်း လို့ ခေါ်ရင် မကြိုက်ဘူးတဲ့။
ဝန်းကို စောင့်ရင်း Internet ဖွင့်ကာ Facebook ထဲ ဝင်လိုက်တော့ Newsfeed တခွင် ပြဲပြဲစင်အောင် ဝန်း သတင်းတွေက နေရာယူထားသည်။ အပေါ်ဆွဲလည်း ဝန်း အောက်ဆွဲလည်း ဝန်း ။ ဆုပေးပွဲက ပုံရိပ်တွေ ဂုဏ်ပြု ညစာစားပွဲက ပုံတွေကို ရှိသမျှမီဒီယာတိုင်းသာမက We Love group တို့ မြောက်မြားစွာသော Fan page တွေကနေ တောက်လျှောက်တင်ထားသည်။ဒါ့အပြင် " ငါ့ရဲ့အသက်ကလေး "
" အရည်းအချင်းတွေ နဲ့ ပြည့်နှက်နေတဲ့ ချစ်မဝလေး "
" ရိုးရိုးကင်မရာနဲ့တောင် လူကို သတ်တဲ့ မရှိမဖြစ်လေး " စသည် စသည်ဖြင့် မရိုးနိုင်သော သဲသဲလှုပ် ခေါင်းစဥ်တွေ နဲ့ share ကြ post တင်ကြ တဲ့ သူတွေကလည်း ဒု နဲ့ ဒေးမို့ ဝန်း ရဲ့ anti fan တွေ အတွက် မျက်စိ နှောက်စရာ ဖြစ်နေလိမ့်မှာ အမှန်ပင်။
နောက်ပေမယ့်လည်း ဘာမှ ပြောရဲကြမည်မဟုတ် ။ Change ရဲ့ Fan တွေက ချိန်းကိုထိ ငါတို့နဲ့ ငြိမယ်ဆိုတဲ့ အမေကြမ်းတွေကြီးပဲ။ နည်းနည်းဆို ကဲကဲ။ ဟိုတလောက မင်းသမီးတစ်ယောက်က အင်တာဗျူးတစ်ခုမှာ ချိန်းက ကြည့်ရတာ သာမန်ပါပဲလို့ ဖြေလိုက်လို့တဲ့ အဲ့မင်းသမီးရဲ့ နောက်ကြောင်းတွေပါ စုံစမ်းပြီး သမလိုက်ကြတာ မင်းသမီးဘဝကို စွန့်လွှတ်လိုက်ရတဲ့ အထိ ။ သူတို့အမြင်မှာ ချိန်းက သာမန်မဟုတ်ဘဲ ဂျိုထွက်နေတယ်များ မြင်လေသလား။
အမောင် ချိန်းကရော ဘာထူးလဲ။
" ဝန်း မင်း Fan တွေက လွန်ပါတယ်ကွာ " လို့ တစ်ခါပြောမိပါတယ်
" အကို က ကျွန်တော့ Fan မဟုတ်ဘူးလား ကျွန်တော့်ကလေးတွေကို အပြစ်တင်ချင်တာလား အကုန်လုံးက ကျွန်တော်ကြောင့် ဖြစ်တာ ကလေးတွေကို ဘာမှ ပြောစရာမလိုဘူး ကျွန်တော့်ကိုပဲ ပြော ထိန်းစရာရှိရင် ကျွန်တော်ထိန်းမယ် " ဆိုပြီး ရုပ်တည်ကြီး နဲ့ ပြောလာလို့ အခုဆို ဘာမှကို ဝင်မပြောရဲတော့ဘူး။ ကြား သုံး ကြား မဝင်ကောင်းဘူးတဲ့ ။ မဟုတ်ဘူး လေးကြား မဝင်ကောင်းတာ အနုပညာရှင် နဲ့ Fan ကြားလည်း မဝင်ကောင်းဘူး သိလား။
" ပြီးပြီလား "
မေးနေတဲ့ လူကို ဂရုမစိုက် သူ့ဘာသူ
ကိုယ့်ရှေ့က ခုံမှာဝင်ထိုင်ပြီး ထမင်းကြော်ကို ငုံ့စားနေသည်။ ကိုယ်က ဗိုက်ဆာခံပြီး စောင့်နေတာကို။
" Facebook ပေါ်မှာ မင်းသတင်းတွေကြီးပဲ "
ထမင်းကြော်ကို ပါးစပ်ထဲ သွင်းလိုက်ပြီး စကားမရှိစကားရှာပြီး ကိုယ့်ကို အဖက်လုပ်အောင် ပြောပေမယ့် ဝန်းက မကြားသလို နေနေသည်။ ရန်း ပြောနေတာကို လျစ်လျူရှူနေတော့ ရန်းလည်း နှုတ်ခမ်းဆူချင်လာပြီ။
" သိလားလို့ ဝန်း "
ဝန်း မျက်နှာရှေ့ လက်ရမ်းပြီး ငြူစူစူပြောလိုက်တော့ ခေါင်းငြိမ့်ပြသည်။ ရန်း အသံက ဆူဆောင့်ဆောင့်လေး ဖြစ်နေလို့ ဝတ်ကျေတမ်းကျေ ငြိမ့်ပြခြင်းပင် ။ ရှေးဆက်ရန်းကို ဒီလို လာလုပ်လို့ရမလား။
" ခေါင်းမော့ပြီးဖြေ "
မေးဖျားလေးကို ဆွဲပင့်လိုက်တော့ ဝါးလက်စ ထမင်းကို ဆက်ဝါးရင်း ရန်း မရှိတဲ့ တခြားနေရာကို ကြည့်နေပြန်သည်။ ဘယ်နေရာကိုပဲ ကြည့်နေသည်ဖြစ်စေ အနည်းငယ် အနီရောင်သန်းနေတဲ့ ဝန်း မျက်ဝန်းတွေကို သေချာမြင်နေရသည်။
ဒီကလေး ငိုထားတာပဲ။
" ချစ်တယ်လေကွာ စိတ်မကောင်းမဖြစ်တော့နဲ့ နောက်ဆို ကလေးလေးတို့ ပူတူတူးလေးတို့ အသဲအသက်လေးတို့ "
" အစ်ကို!  "
လူကသာ ကလေးစိတ် ကလေးလို ဆက်ဆံရင်က မကြိုက် မဟုတ်ဘူး သူကြိုက်ချင်တဲ့ အချိန်ကြိုက်တယ် မကြိုက်ချင်တဲ့ အချိန် မကြိုက်ဘူး။ အဆိုးအဆာလေး။
" အကြီးကို မအော်ရဘူး  "
ကိုယ့်ကို စူးစိုက်ကြည့်နေရာမှ
ချက်ချင်း ခေါင်းပြန်ငုံ့သွားသည် ။
မခုတ်တတ်တဲ့ ကြောင်လေးအတိုင်း။
ဝန်း ဒီလို​ကောက်​နေတာ​ကြီးက ရန်းအတွက်  လုံးဝကို အဆင်မပြေ ။ပြန်ပြေလည်ဖို့ လုပ်ရတော့မယ်။ ထမင်းလည်း ဖြောင့်ဖြောင့်မစားရ။
" နာမည်အရင်း ခေါ်လိုက်လို့လား ဟုတ်လား "
မေးနေတာကို မဖြေပဲ ထမင်းကြော်ပန်းကန်ကိုသာ ရန်သူသဖွယ် စိုက်ကြည့်နေသည်။
" သေချာမနမ်းပေးလို့လား "
ခေါင်းကို ဆတ်ခနဲ ငြိမ့်ပြသည်။ သူ့ကို သေချာမနမ်းလို့ ဆိုတာထက် သူ့အပေါ်အချစ်လျော့နေမှာကို ကြောက်နေတာ။ ဒါစိတ်မကြည်လို့ ဒီလိုဖြစ်နေတာ... စိတ်များကြည်ရင် ကိုယ်က မနမ်းရဘူး သူက အရင် မရမက ဝါးမြိုတော့မလို လိုက်နမ်းတဲ့သူမျိုး။ အခုတော့ ချော့လိုက်ပါဦး အမောင်ရန်းရေ။
" ဝန်းလေးကလည်းကွာ မနမ်းချင်လို့ မဟုတ်ဘူးလေ အချိန်တွေကြာပြီး အစာတွေ လွန်ကုန်ရင် မကောင်းဘူးလေ ဗိုက်အောင့်ဗိုက်နာ ဖြစ်ရင် ရှားရှားပါးပါး နားရက်လေးက ဘယ်ပျော်ဖို့ကောင်းတော့မလဲ မဟုတ်ဘူးလား
ချစ်မဝ နမ်းမဝလေးကလည်း စိတ်မကောင်းမဖြစ်တော့နဲ့နော် "
ချော့မော့ကာပြောပေမယ့်လည်း စိတ်က ပြေချင်ပုံ မရ ခေါင်းကို သာ ငြိမ့်ပြပြီး ထမင်းကြော်သာ ဆက်စားနေသည်။
" စားကောင်းလား "
အရင်ဘဝက ပုတ်သင်ညိုများ ဖြစ်ခဲ့လေသလား။ ခေါင်းငြိမ့်တာကလွဲပြီး တခြား ဘာနဲ့မှ မတုံ့ပြန်တော့။
" ရေခဲသေတ္တာထဲမှာ ဘာမှလည်း မရှိဘူး ကိုနေဦးက ချက်မကျွေးဘူးလား "
ဝန်းရဲ့ မန်နေဂျာ ကိုနေဦးက ဝန်းအတွက် အစားအသောက်က အစ လာပို့ပေးရသည်။ ဒီနေ့တော့ ရန်းရောက်နေမှန်း သိလို့ လာပို့မှာမဟုတ်။ ခု​ကြည့်ရတာ ထမင်းဟင်း ကို မချက်ကျွေးဘဲ အပြင်စာတွေပဲ ဝယ်ကျွေးနေတယ်ထင်။
" ကိုနေဦးကလည်း ကလေးကို အပြင်စာတွေ မကျွေးပါနဲ့လို့ ပြောထားတာကို အချိန်မှန်ရော ကျွေးလား "
" အင်း ကိုနေဦးလည်း ချက်ကျွေးဖို့ အချိန်မရလို့ပါ "
အမလေး ခုမှအသံထွက်လာတော့တယ်။ ဝန်းက သူ့ကို ကြိုက်သလောက်ပြော သူ့လူတွေကို အပြစ်ပြောတာကို  နည်းနည်းမှ မလိုလား။ ကိုယ်ပြောတာက သူ့အတွက်တွေချည်းပဲကို။
အနုပညာပညာရှင် တစ်ယောက်နဲ့ ချစ်ကြိုက်ရတာ တခြားအတွဲတွေနဲ့တော့ နည်းနည်းကွာတယ်ဗျ။ အင်း.......။ ချစ်မိတဲ့သူက ကိုယ် ကိုယ်တိုင်ပဲမို့ ဒီချစ်ခြင်းကို ဘာပြောပိုင်ခွင့် ရှိမှာလဲ။
" များများစား ပြီးရင် ပြန်အိပ်စို့ အိပ်ရေးမဝသေးဘူးမလား "
မြန်မြန်ပြန်အိပ်ခိုင်းမှ ဖြစ်မယ် ။ မဟုတ်ရင် ဝန်း စိတ်မကြည်ပုံနဲ့ တစ်နေကုန် ပွဲတွေ နွှဲနေရလိမ့်မယ်။
/
တစ်ပိုင်းမပြည့်ဘူး ရေးပြီးသလောက်လေး 😔
Top တွေ Bottom တွေ မရှိပါဘူးနော်
ကောင်လေးနှစ်ယောက် ချစ်ကြမယ်
သန်မာမယ် ရင့်ကျက်မယ် ချွဲမယ် ကလေးဆန်မယ် ဒီအပြုအမူတွေက ကောင်လေးနှစ်ယောက်လုံးမှာ ရှိတာမို့ကောင်လေးနှစ်ယောက်ရဲ့ စိတ်ခံစားချက် ပေါ်မူတည်ပြီး ဖြစ်ပေါ်လာပါလိမ့်မယ် 😘
/
/
(Zawgyi)
" တင်းတောင် တင်းတောင် "
" ဝန်း "
" မထချင်သေးဘူးလား "
" အစ်ကို "
" အိပ်ရေးမဝဘူး "
" အစ်ကို "
" အစ်ကို့! "
" မျက်နှာသစ် !"
" ငါ ဗိုက်ဆာနေပြီ ဝန်း "
" ည က အာဘွားမပေးဘူး "
" ပြွတ် "
" ဟာ...ထိရုံလေး "
" တကယ် သိလိုက်ပါပြီ "
" ပြီးပြီလား "
" သိလားလို့ ဝန်း "
" ခေါင်းမော့ပြီးဖြေ "
ဒီကလေး ငိုထားတာပဲ။
" အစ်ကို!  "
" အကြီးကို မအော်ရဘူး  "
" စားကောင်းလား "
/
/
Continue Reading
You'll Also Like
340K 21.1K 104
တောင်ပေါ်ဒေသဆေးရုံတစ်ခုမှာတာဝန်ကျကြတဲ့ခွဲစိတ်ဆရာဝန်လေး၂ယောက်ရဲ့Love story ရိုးရိုးလေးပါပဲ... ဖြေးဖြေးငြိမ့်ငြိမ့်drama ဇာတ်လမ်းလေးတွေကြိုက်သူတွေအတွက်...
3.6M 362K 38
ခူးဆွတ်ဖို့မလောပါနဲ့ တစ်ချိန်မှာအလိုက်သင့်ကြွေကျပေးပါ့မယ် အဲအချိန်ကျရင်သာ တယုတယနဲ့ကောက်ယူပါ မောင်ရယ်
35.6K 2.3K 33
Title-ငွေလမင်းရယ် မပြုံးနိုင်ရှာ Author-လီလီဟန် လမသာသော နှလုံးသားဝင်္ကပါနှင့်ဖြစ်နေပါ လျှင်လည်း ကျွန်တော့်နှလုံးသားအား နွယ်တစ်ပင်လို သူနွယ်တတ်ပါစေလေ...
26.1K 1K 72
{စောအက္ခရာ...မင်းကလူသားတစ်ယောက်မဟုတ်ဘူး။ မင်းက..တိတ်ဆိတ်နေတဲ့ငါ့ဘဝထဲရုတ်တရပ်တိုးဝင်လာတဲ့သံစဥ်လှလှလေးတစ်ခုပဲ..} Start Date:5.7.2022