Chapter - 59
|| Zawgyi ||
အိမ္ေတာ္ထိန္းကအဆက္အသြယ္ တစ္ခ်ိဳ႕ကိုလွမ္းဖုန္းဆက္ေမးသည္။ မၾကာပါဘူး လင္းယဲ့အေ႐ွ႕ေျပးလာၿပီး
" အကိုေလး ေလယ်ာဥ္မေတာ္တဆျဖစ္တဲ့ လူေတြကို(***)ေဆးရံုမွာကုသေနတယ္တဲ့ သခင္ေလးကစိုးရိမ္စရာ "
အိမ္ေတာ္ထိန္းႀကီး ဆံုးေအာင္မေျပာရေသးဘူး။ လင္းယဲ့အိမ္အျပင္ကိုေျပးထြက္သြားၿပီး ဒါ႐ိုင္ဘာကိုေဆးရံုေမာင္းဖို႔ ေအာ္ေျပာကာ ကားတံခါးေတာင္ဖြင့္ ေနၿပီျဖစ္တယ္။
" ျမန္ျမန္ ျမန္ျမန္....ေမာင္း...."
အိမ္အျပင္ရာက္သြားတဲ့ ကားကိုၾကည့္ရင္း အိမ္ေတာ္ထိန္းႀကီးေနာက္တစ္ခါ သက္ျပင္းခ်လိုက္ၿပီး
" စိုးရိမ္စရာမရိွပါဘူးဆို "
ေဆးရံုမွာ လူေတြတိုးေဝွ့ေနၾကတယ္။ လႊဲဖို႔လမ္းေတာင္မလြတ္ဘူး။ သတင္းမွာ ေသသူမရိွဘူးဆိုေပမဲ့ အေရးေပၚဌာနမွာေတာ့ ေသြးသံတစ္ရြဲရြဲနဲ႔ တစ္ခ်ိဳ႕ဆိုေခါင္းမွာေသြးေတြရႊဲနစ္ေနၿပီး လက္ေတြေျခေတြက်ိဳးေနၾကတယ္။ မ်ားခ်က္ကေတာ့ ေဆးရံုၾကမ္းျပင္မွာေတာင္ အနီေရာင္အကြက္ေတြသာ
" Dr. ေဟာက္ရန္ ဘယ္မွာလဲ။ ကြၽင္းေဟာက္ရန္ဆိုတဲ့ နာမည္နဲ႔ပါ... "
ေကာင္တာကဆရာဝန္မေလးရဲ႕ စရင္းစာရြက္မွာ ႐ွာေနတာအခ်ိန္ေပါင္းမ်ားစြာ ၾကာေနသလိုေတာင္ခံစားရသည္။
ျမန္ျမန္႐ွာစမ္းပါ။...
" ကြၽင္းေဟာက္ရန္ ဆိုတဲ့နာမည္မရိွပါဘူး "
"ဗ်ာ....အခုေန႔လည္ကေလယ်ာဥ္မေတာ္တဆျဖစ္တာထဲမွာ မပါဘူးလား။ "
ဆရာဝန္မေလးကေနာက္တစ္ေခါက္ ျပန္ၾကည့္ေပးတယ္။ ဒါမဲ့ေဆးရံုတတ္ေနတဲ့ လူနာေတြထဲမွာ ကြၽင္းမ်ိဳး႐ိုးနဲ႔တစ္ေယာက္မွမရိွဘူး။
" ေသခ်ာပါတယ္႐ွင္။ မရိွပါဘူး "
လင္းယဲ့ ေတြေတြေလးနဲ႔ ေျပးလႊားေနတဲ့လူေတြကိုၾကည့္လိုက္တယ္။
ေဟာက္ရန္ ဘယ္မွာလည္း။ခင္ဗ်ား ေတာ္ေတာ္ႀကီးစိတ္ပူေအာင္သိပ္လုပ္တတ္တာပဲ့လား။
သူနဲ႔အတူပါလာတဲ့ သက္ေတာ္ေစာင့္ႏွစ္ေယာက္ကို လိုက္႐ွာခိုင္းလိုက္တယ္။ လင္းယဲ့ ေဆးရံုအတြင္းမွာမြန္းက်ပ္လာတာေၾကာင့္ အျပင္ကိုထြက္လာလိုက္တယ္။ သူကဖုန္းကိုၾကည့္ရင္း ေဟာက္ရန္ဖုန္းဆက္လာမဲ့အခ်ိန္ကို ေစာင့္ေနတယ္။ ဘာလို႔ဆိုသူဆက္တာဖုန္းကိုင္မဲ့သူ မရိွတဲ့အျပင္စက္ကလဲပိတ္ထားတယ္တဲ့ေလ။
ခုံတန္းေလးမွာထိုင္ေနရင္း ေခါင္းငိုက္စိုက္ထားမိတယ္။ လက္ကိုဒူးႏွစ္ဖက္ေပၚတင္ထားၿပီး ေျဖာင့္သြယ္ေနတဲ့ကိုယ့္လက္ကို ေငးၾကည့္ေနမိတယ္။ လက္ဖမိုးေပၚသို႔ မ်က္ရည္တစ္စက္စီးဆင္းလာတယ္။
ေဟာက္ရန္က သူ႔အေပၚအျမဲစိုးမိုးေနတယ္။ ေဟာက္ရန္နဲ႔ပတ္သက္ရင္ အရမ္းခံစားလြယ္လြန္းတယ္။ ေဟာက္ရန္ နာမည္ေဆးရံုမွာမရိွတာ နည္းနည္းစိတ္သက္သာသလိုပဲ့။
ေန႔လည္ပိုင္းေနက တစ္ျဖည္းျဖည္းေစာင္းလာတယ္။ အခ်ိန္ကၾကာလာေတာ့ လင္းယဲ့ထူပူေနတယ္။ သက္ေတာ္ေစာင့္ႏွစ္ေယာက္ကလည္း ျပန္မလာၾကေသးဘူး။ သူတို႔တျခားေဆးရံုေတြနဲ႔ ေဟာက္ရန္ရိွႏိုင္မဲ့ေနရာေတြကို စံုစမ္းေနတုန္း။ ကေနဒါအပါအဝင္ေပါ့...
" ေ႐ွာင္ယဲ့! !! "
ခပ္လွမ္းလွမ္းက ေခၚသံေၾကာင့္လင္းယဲ့ေခါင္းေထာင္ၾကည့္လိုက္တယ္။ သူကခ်ဴးစစ္႐ွန္းျဖစ္တယ္။ လင္းယဲ့ ေဖးအာဆီကိုမၾကာခဏသြားရင္း ခ်ဴးစစ္႐ွန္းနဲ႔လည္း ရင္းႏွီးခဲ့ရသည္။
လင္းယဲ့ အသက္မဲ့စြာတစ္ခ်က္ျပံဳးျပလိုက္တယ္။ သူအခုစကားေျပာခ်င္စိတ္ရိွမေနဘူး။ စစ္႐ွန္းကအနားကို ေလ်ွာက္လာၿပီးေနာက္
" ေဆးရံုကိုဘာလို႔ေရာက္ေနတာလဲ "
လင္းယဲ့ျပန္ေမးလိုက္သည္။
" အကိုစစ္႐ွန္းကေရာ ဘာလို႔လဲဗ် "
စစ္႐ွန္း ခပ္ဟဟရယ္လိုက္မိတယ္။ အေျခအေန သိပ္ကိုကသိကေအာက္ ႏိုင္လြန္းတယ္။
" အကို ေ႐ွာင္ေဖး(ေဖးအာ)အဖြားအတြက္ေဆးလာဝယ္တာ မင္းရဲ႕ "
စစ္႐ွန္း ဆံုးေအာင္ေတာင္မေျပာရေသးဘူး။ လင္းယဲ့ဆီကထပ္ၿပီးေမးသံကို ၾကားလိုက္ရတယ္။
" ေဆးရံုမွာ ေဟာက္ရန္ကိုမ်ား ေတြ႔ရေသးလားဟင္ "
စစ္႐ွန္း မ်က္ေစာင္းထိုးလိုက္ၿပီး စေနာက္မႈအျပည့္နဲ႔ စကားဆက္တယ္။
" အကိုေျပာတာကိုမွ ဆံုးေအာင္နားမေထာင္တာ။ မင္းေယာက်္ားနဲ႔ေတြ႔တယ္ေလ အိုး...သူဘယ္အခ်ိန္ကျပန္လာတာလဲ... လက္မွာဒဏ္ရာရထားတယ္ထင္တယ္။ "
စစ္႐ွန္းက ျပန္ေတြးရင္းေျပာလိုက္တယ္။ ေစာနားကအထိမႈိင္ေတြေနတဲ့ လင္းယဲ့မွာထရပ္ၿပီး မ်က္လံုးေတာင္ေတာင္ေတြနဲ႔ ၾကည့္ေနတာကို႐ုတ္တရက္ျမင္လိုက္ရတယ္။ သူဆြံအေနတုန္း
" ဘယ္နားေတြ႔လိုက္တာလဲ။ မဟုတ္ဘူး ဘယ္အခ်ိန္ကလည္း အကိုစစ္႐ွန္းျမန္ျမန္ေျပာပါ "
" မၾကာေသးဘူး။ သူ႔ၾကည့္ရတာ ေနမေကာင္းသလိုပဲ့။ ေဆးရံုကျပန္သြားတာျဖစ္မယ္...မင္းတို႔ရန္ျဖစ္ထားလား "
" ေက်းဇူးပါ အကိုစစ္႐ွန္း ကြၽန္ေတာ္ေဟာက္ရန္ကိုသြား႐ွာအံုးမယ္ "
လင္းယဲ့ သက္ေတာ္ေစာင့္ေတြကိုေတာင္ အေၾကာင္းၾကားဖို႔ေမ့ေနၿပီး ေဆးရံုအျပင္ကိုထြက္ေျပးလိုက္တယ္။ သူကေဟာက္ရန္ဝယ္ေပးထားတဲ့ အက်ီ ၤႀကီးနဲ႔ပိုးတံုးလံုးေလးလိုျဖစ္ေန႐ွာတယ္။
က်န္ခဲ့တဲ့စစ္႐ွန္းကေတာ့ ေငးေနၿပီးမွ။
** ကြၽင္းေဟာက္ရန္ ေလယ်ာဥ္မေတာ္တဆမွာမ်ား.... ဘာလို႔ဒဏ္ရာပဲ့ရတာလဲ **
ေဟာက္ရန္ဘာမွမျဖစ္ဘူး။ လဒႀကီးငါ့ကိုအရင္ဆက္သြယ္ေပါ့။ ေတြ႔တာနဲ႔အေသသတ္ျပစ္မယ္။ အဲ့ဒီလူႀကီးေနာက္ထပ္ စိတ္ပူေအာင္မလုပ္ႏိုင္ဖို႔ နာနာ႐ိုက္ျပစ္မယ္။ အခ်ိန္ဒီေလာက္ၾကာေနတာေတာင္ ငါ့ကိုေတြ႔ဖို႔မလာဘူးလား။
လင္းယဲ့ကားတားေနတုန္း သူ႔အေ႐ွ႕ကားတစ္စီးလာရပ္တယ္။ ႐ုတ္တရက္ႀကီးမို႔ လင္းယဲ့လန္႔သြားၿပီး ကားေမာင္းသူကို ေအာ္ဟစ္လိုက္တယ္။
" ကားကိုဘယ္လိုေမာင္းေနတာလဲ လြတ္ရာကြၽတ္ရာမွာ သြားရပ္ပါလား... "
" လင္းယဲ့ "
လူတစ္ေယာက္။ လက္တစ္ဖက္မွာ ပတ္တီးနဲ႔ထိုလက္ကို ေက်ာက္ပတ္တီးႀကီးနဲ႔စီးထားတယ္။ ရင္းႏွီးေနတဲ့မ်က္ႏွာမွာ ျခစ္ရာေသးေသးေလးတစ္ခုနဲ႔အတူ အေ႐ွ႕ကိုေလ်ွာက္လာခဲ့တယ္။
" ေဟာက္ရန္ "
💜💜💜💜💜💜💜💜💜💜
ဟုတ္ကဲ့။ ႐ွင္ေလးတို႔ရဲ႕ ေဟာက္ရန္ က်ိဳးသြားရံုပါ။ အဟြတ္...လက္ပါေနာ္။ မနက္ျဖန္ေဆာင္းရဲ႕ (၁?)ႏွစ္ျပည့္ေမြးေန႔ပါ။😁 ဆုမေတာင္းေပးခ်င္ၾကဘူးလား။
12.Jun.21
Saung's
===========================================
ငါ့ကိုစိတ်ပူအောင် လုပ်တဲ့လဒ ကျိုးကန်းကုန်ပါပြီ...ငါရှာကျွေးရတော့မှာလား?
Chapter - 59
|| Unicode ||
အိမ်တော်ထိန်းကအဆက်အသွယ် တစ်ချို့ကိုလှမ်းဖုန်းဆက်မေးသည်။ မကြာပါဘူး လင်းယဲ့အရှေ့ပြေးလာပြီး
" အကိုလေး လေယျာဉ်မတော်တဆဖြစ်တဲ့ လူတွေကို(***)ဆေးရုံမှာကုသနေတယ်တဲ့ သခင်လေးကစိုးရိမ်စရာ "
အိမ်တော်ထိန်းကြီး ဆုံးအောင်မပြောရသေးဘူး။ လင်းယဲ့အိမ်အပြင်ကိုပြေးထွက်သွားပြီး ဒါရိုင်ဘာကိုဆေးရုံမောင်းဖို့ အော်ပြောကာ ကားတံခါးတောင်ဖွင့် နေပြီဖြစ်တယ်။
" မြန်မြန် မြန်မြန်....မောင်း...."
အိမ်အပြင်ရာက်သွားတဲ့ ကားကိုကြည့်ရင်း အိမ်တော်ထိန်းကြီးနောက်တစ်ခါ သက်ပြင်းချလိုက်ပြီး
" စိုးရိမ်စရာမရှိပါဘူးဆို "
ဆေးရုံမှာ လူတွေတိုးဝှေ့နေကြတယ်။ လွှဲဖို့လမ်းတောင်မလွတ်ဘူး။ သတင်းမှာ သေသူမရှိဘူးဆိုပေမဲ့ အရေးပေါ်ဌာနမှာတော့ သွေးသံတစ်ရွဲရွဲနဲ့ တစ်ချို့ဆိုခေါင်းမှာသွေးတွေရွှဲနစ်နေပြီး လက်တွေခြေတွေကျိုးနေကြတယ်။ မ်ားခ်က္ကေတာ့ ဆေးရုံကြမ်းပြင်မှာတောင် အနီရောင်အကွက်တွေသာ
" Dr. ဟောက်ရန် ဘယ်မှာလဲ။ ကျွင်းဟောက်ရန်ဆိုတဲ့ နာမည်နဲ့ပါ... "
ကောင်တာကဆရာဝန်မလေးရဲ့ စရင်းစာရွက်မှာ ရှာနေတာအချိန်ပေါင်းများစွာ ကြာနေသလိုတောင်ခံစားရသည်။
မြန်မြန်ရှာစမ်းပါ။...
" ကျွင်းဟောက်ရန် ဆိုတဲ့နာမည်မရှိပါဘူး "
"ဗ်ာ....အခုနေ့လည်ကလေယျာဉ်မတော်တဆဖြစ်တာထဲမှာ မပါဘူးလား။ "
ဆရာဝန်မလေးကနောက်တစ်ခေါက် ပြန်ကြည့်ပေးတယ်။ ဒါမဲ့ဆေးရုံတတ်နေတဲ့ လူနာတွေထဲမှာ ကျွင်းမျိုးရိုးနဲ့တစ်ယောက်မှမရှိဘူး။
" သေချာပါတယ်ရှင်။ မရှိပါဘူး "
လင်းယဲ့ တွေတွေလေးနဲ့ ပြေးလွှားနေတဲ့လူတွေကိုကြည့်လိုက်တယ်။
ဟောက်ရန် ဘယ်မှာလည်း။ခင်ဗျား တော်တော်ကြီးစိတ်ပူအောင်သိပ်လုပ်တတ်တာပဲ့လား။
သူနဲ့အတူပါလာတဲ့ သက်တော်စောင့်နှစ်ယောက်ကို လိုက်ရှာခိုင်းလိုက်တယ်။ လင်းယဲ့ ဆေးရုံအတွင်းမှာမွန်းကျပ်လာတာကြောင့် အပြင်ကိုထွက်လာလိုက်တယ်။ သူကဖုန်းကိုကြည့်ရင်း ဟောက်ရန်ဖုန်းဆက်လာမဲ့အချိန်ကို စောင့်နေတယ်။ ဘာလို့ဆိုသူဆက်တာဖုန်းကိုင်မဲ့သူ မရှိတဲ့အပြင်စက်ကလဲပိတ်ထားတယ်တဲ့လေ။
ခုံတန်းလေးမှာထိုင်နေရင်း ခေါင်းငိုက်စိုက်ထားမိတယ်။ လက်ကိုဒူးနှစ်ဖက်ပေါ်တင်ထားပြီး ဖြောင့်သွယ်နေတဲ့ကိုယ့်လက်ကို ငေးကြည့်နေမိတယ်။ လက်ဖမိုးပေါ်သို့ မျက်ရည်တစ်စက်စီးဆင်းလာတယ်။
ဟောက်ရန်က သူ့အပေါ်အမြဲစိုးမိုးနေတယ်။ ဟောက်ရန်နဲ့ပတ်သက်ရင် အရမ်းခံစားလွယ်လွန်းတယ်။ ဟောက်ရန် နာမည်ဆေးရုံမှာမရှိတာ နည်းနည်းစိတ်သက်သာသလိုပဲ့။
နေ့လည်ပိုင်းနေက တစ်ဖြည်းဖြည်းစောင်းလာတယ်။ အချိန်ကကြာလာတော့ လင်းယဲ့ထူပူနေတယ်။ သက်တော်စောင့်နှစ်ယောက်ကလည်း ပြန်မလာကြသေးဘူး။ သူတို့တခြားဆေးရုံတွေနဲ့ ဟောက်ရန်ရှိနိုင်မဲ့နေရာတွေကို စုံစမ်းနေတုန်း။ ကနေဒါအပါအဝင်ပေါ့...
" ရှောင်ယဲ့! !! "
ခပ်လှမ်းလှမ်းက ခေါ်သံကြောင့်လင်းယဲ့ခေါင်းထောင်ကြည့်လိုက်တယ်။ သူကချူးစစ်ရှန်းဖြစ်တယ်။ လင်းယဲ့ ဖေးအာဆီကိုမကြာခဏသွားရင်း ချူးစစ်ရှန်းနဲ့လည်း ရင်းနှီးခဲ့ရသည်။
လင်းယဲ့ အသက်မဲ့စွာတစ်ချက်ပြုံးပြလိုက်တယ်။ သူအခုစကားပြောချင်စိတ်ရှိမနေဘူး။ စစ်ရှန်းကအနားကို လျှောက်လာပြီးနောက်
" ဆေးရုံကိုဘာလို့ရောက်နေတာလဲ "
လင်းယဲ့ပြန်မေးလိုက်သည်။
" အကိုစစ်ရှန်းကရော ဘာလို့လဲဗျ "
စစ်ရှန်း ခပ်ဟဟရယ်လိုက်မိတယ်။ အခြေအနေ သိပ်ကိုကသိကအောက် နိုင်လွန်းတယ်။
" အကို ရှောင်ဖေး(ဖေးအာ)အဖွားအတွက်ဆေးလာဝယ်တာ မင်းရဲ့ "
စစ်ရှန်း ဆုံးအောင်တောင်မပြောရသေးဘူး။ လင်းယဲ့ဆီကထပ်ပြီးမေးသံကို ကြားလိုက်ရတယ်။
" ဆေးရုံမှာ ဟောက်ရန်ကိုများ တွေ့ရသေးလားဟင် "
စစ်ရှန်း မျက်စောင်းထိုးလိုက်ပြီး စနောက်မှုအပြည့်နဲ့ စကားဆက်တယ်။
" အကိုပြောတာကိုမှ ဆုံးအောင်နားမထောင်တာ။ မင်းယောကျ်ားနဲ့တွေ့တယ်လေ အိုး...သူဘယ်အချိန်ကပြန်လာတာလဲ... လက်မှာဒဏ်ရာရထားတယ်ထင်တယ်။ "
စစ်ရှန်းက ပြန်တွေးရင်းပြောလိုက်တယ်။ စောနားကအထိမှိုင်တွေနေတဲ့ လင်းယဲ့မှာထရပ်ပြီး မျက်လုံးတောင်တောင်တွေနဲ့ ကြည့်နေတာကိုရုတ်တရက်မြင်လိုက်ရတယ်။ သူဆွံအနေတုန်း
" ဘယ်နားတွေ့လိုက်တာလဲ။ မဟုတ္ဘူး ဘယ်အချိန်ကလည်း အကိုစစ်ရှန်းမြန်မြန်ပြောပါ "
" မကြာသေးဘူး။ သူ့ကြည့်ရတာ နေမကောင်းသလိုပဲ့။ ဆေးရုံကပြန်သွားတာဖြစ်မယ်...မင်းတို့ရန်ဖြစ်ထားလား "
" ကျေးဇူးပါ အကိုစစ်ရှန်း ကျွန်တော်ဟောက်ရန်ကိုသွားရှာအုံးမယ် "
လင်းယဲ့ သက်တော်စောင့်တွေကိုတောင် အကြောင်းကြားဖို့မေ့နေပြီး ဆေးရုံအပြင်ကိုထွက်ပြေးလိုက်တယ်။ သူကဟောက်ရန်ဝယ်ပေးထားတဲ့ အကျီ ၤကြီးနဲ့ပိုးတုံးလုံးလေးလိုဖြစ်နေရှာတယ်။
ကျန်ခဲ့တဲ့စစ်ရှန်းကတော့ ငေးနေပြီးမှ။
** ကျွင်းဟောက်ရန် လေယျာဉ်မတော်တဆမှာများ.... ဘာလို့ဒဏ်ရာပဲ့ရတာလဲ **
ဟောက်ရန်ဘာမှမဖြစ်ဘူး။ လဒကြီးငါ့ကိုအရင်ဆက်သွယ်ပေါ့။ တွေ့တာနဲ့အသေသတ်ပြစ်မယ်။ အဲ့ဒီလူကြီးနောက်ထပ် စိတ်ပူအောင်မလုပ်နိုင်ဖို့ နာနာရိုက်ပြစ်မယ်။ အချိန်ဒီလောက်ကြာနေတာတောင် ငါ့ကိုတွေ့ဖို့မလာဘူးလား။
လင်းယဲ့ကားတားနေတုန်း သူ့အရှေ့ကားတစ်စီးလာရပ်တယ်။ ရုတ်တရက်ကြီးမို့ လင်းယဲ့လန့်သွားပြီး ကားမောင်းသူကို အော်ဟစ်လိုက်တယ်။
" ကားကိုဘယ်လိုမောင်းနေတာလဲ လွတ်ရာကျွတ်ရာမှာ သွားရပ်ပါလား... "
" လင်းယဲ့ "
လူတစ်ယောက်။ လက်တစ်ဖက်မှာ ပတ်တီးနဲ့ထိုလက်ကို ကျောက်ပတ်တီးကြီးနဲ့စီးထားတယ်။ ရင်းနှီးနေတဲ့မျက်နှာမှာ ခြစ်ရာသေးသေးလေးတစ်ခုနဲ့အတူ အရှေ့ကိုလျှောက်လာခဲ့တယ်။
" ဟောက်ရန် "
💜💜💜💜💜💜💜💜💜
ဟုတ်ကဲ့။ ရှင်လေးတို့ရဲ့ ဟောက်ရန် ကျိုးသွားရုံပါ။ အဟွတ်...လက်ပါနော်။ မနက်ဖြန်ဆောင်းရဲ့ (၁?)နှစ်ပြည့်မွေးနေ့ပါ။😁 ဆုမတောင်းပေးချင်ကြဘူးလား။
12.Jun.21
Saung's
===========================================