Blue Side ( Completed )

By MayBaccaWin

902K 93.1K 12.5K

ကျွန်တော်က ရုန်းတော့ အရှင်ကပြုံးတယ်... မသိလိုက်ခင်မှာပဲ ကျွန်တော် အရှင့်အပြုံးမှာ ကျဆုံးတယ်... ကြၽန္ေတာ္က ႐ု... More

"1''
''2''
''3''
"4"
"5"
''6"
''7''
''8"
"9"
''10"
''11"
''12"
''13"
''14"
''15"
''16"
''18"
"19"
''20"
''21"
''22"
''23"
''24"
''25"
''26"
''27"
''28"
''29''[Unicode]
''29"[Zawgyi]
''30"
FINAL
Special Extra💙
!Book Order!

''17"

26K 2.7K 702
By MayBaccaWin

ဒိုဒန်းနယ်မြေထဲသို့
စဝင်လာပြီဆိုသည်နှင့် သူ့ရင်ထဲမှ နှလုံးခုန်သံတွေကလည်း တဖြည်းဖြည်းနှင့် ပိုမြန်လာရသည်။

သူ့အပြာရောင်လေး
ဘေးကင်းနေပါ့မလား....

ရင်းနှီးကျွမ်းဝင်နေသော အိမ်ကြီး၏
တံခါးကို ခပ်ကြမ်းကြမ်းတွန်းဖွင့်ကာ ဂျောင်ကု ဝင်သွားခဲ့သည်။

တံခါးဖွင့်ဖွင့်ချင်း မြင်လိုက်ရသည်က ဒိုဒန်းနယ်မြေရဲ့ ခေါင်းဆောင်မင်။

စားပွဲဝိုင်းပေါ်တွင် သေရည်ကို ဖြည်းဖြည်းချင်းငှဲ့သောက်နေကာ
ဂျောင်ကုအား အေးစက်စက်မျက်လုံးများဖြင့် စိုက်ကြည့်နေလေသည်။

ခေါင်းဆောင်မင်က ဂျောင်ကုအား
မြင်သော်လည်း နည်းနည်းမျှ
အံ့သြဟန်မပြ။

''ဂျောင်ကု ဘယ်လိုဖြစ်တာလည်း ညတွင်းချင်းတောင် လာရတာလား။ ဟို မာရီဆိုတဲ့ တစ်ယောက်တုန်းကတော့ မင်း တစ်ပတ်နေမှ လာခေါ်တာမှတ်လား။ ဒီတစ်ယောက်ကျမှ ဘယ်လိုဖြစ်ပြီး ညတွင်းချင်းလည်း''

ခေါင်းဆောင်မင်၏ မေးခွန်းများကို တစ်ခွန်းမှပြန်မဖြေဘဲ အခန်းတစ်ဝိုက်သို့ ဝေ့ဝိုက်ကြည့်ကာ စကားတစ်ခွန်းတည်းကိုသာ ဂျောင်ကုမေးမိသည်။

''အပြာရောင်လေး ဘယ်မှာလည်း''

ဂျောင်ကုအမေးကို ခေါင်းဆောင်မင်က မျက်ခုံးတချက်သာပင့်ပြပြီး သူ့အနောက်ဘက်မှ ခန်းစီးစလေးအား လက်ဖြင့် ဖယ်ရှားပြသည်။

ထိုခန်းစီးစလေး၏ နောက်ကွယ်တွင် ပတ်ဂျီမင်ဆိုသည့် တစ်ယောက်နှင့် စကားတ​ပြောပြော ၊ ရီမောနေသော သူ့အပြာရောင်လေး ။ လက်ထဲတွင်လည်း မုန့်တစ်ခုကို ကိုင်ထားပုံရသည်။

ထယ်ယောင်းအပြုံးလေးမြင်မှ
တစ်လမ်းလုံး တစ်ဆို့နေသော အစိုင်အခဲကြီး
ပြေပျောက်သွားသည့်နှယ် ။

ခန်းစီးစကို အသာအယာချပြီး
ငှဲ့ပြီးသား သေရည်ခွက်ကို သူ့အရှေ့သို့ တိုးပေးသည့် ခေါင်းဆောင်မင်။

ဂျောင်ကုမငြင်းဖြစ်။
တစ်ကျိုက်တည်းမော့ချပစ်လိုက်သည်။

''အကိုယွန်းဂီ ဘာလိုချင်ပြန်ပြီလည်း''

အရှင်ဂျွန်ဘဝတွင် သူတလေးတစား အကိုဟု ခေါ်ဝေါ်သော သူမှာ ခေါင်းဆောင်မင် တစ်ယောက်ထဲသာ ရှိသည်။ ခေါင်းဆောင်မင်သည်
ဂျောင်ကုအား အတိုက်အခိုက်ပညာ၊ စစ်ဗျူဟာလှည့်ကွက် စသည်တို့ကို စနစ်တကျသင်ပေးခဲ့သည့် ဆရာဆိုလည်း မမှားပေ။

''ဘာလိုချင်နေတယ်လို့
မင်းထင်လည်း ဂျောင်ကု''

''အကိုကိုယ်တိုင်တောင်မှ မသိတာ။ ကျွန်တော့်ကိုဘာလို့လာမေးနေလည်း''

ဂျောင်ကု၏ ဘုဆက်ဆက်
အပြောကြောင့် ခေါင်းဆောင်မင်
မျက်မှောင်ကြုံ့သွားသည်။

''ဒီကောင်တော့! မင်း ဒိုဒန်းကို မလာတာ ဘယ်နှနှစ်တောင်ရှိပြီလည်း ။
အဲ့ဒါကြောင့် ဒီနည်းထုတ်သုံးရတာကွ''

''အခု ရောက်လာပြီပဲလေ ။
မနက်ကျ ကျွန်တော့်အပြာရောင်လေးကို ခေါ်ပြီး ပြန်မယ်''

''ဒီကောင်တော့! ''

ထိုတစ်ခွန်းသာပြောပြီး
ခေါင်းဆောင်မင် ငြိမ်သွားသည်။
ဂျောင်ကုကို ပြောလို့မရမှန်း
သူ သိသည်လေ။

သေရည်ကို တစ်ယောက်တစ်လှည့်
ငှဲ့ပေးရင်း ခပ်တိုးတိုး
စကားစလာသည်က ခေါင်းဆောင်မင်။

''ဒါနဲ့ မင်းဟာလေးနဲ့ ရှိနေတဲ့
ဟိုခပ်သေးသေးကောင်လေးက
ဘယ်သူလည်း ''

တခြားလူတစ်ယောက်ရဲ့ အကြောင်းကိုစိတ်ဝင်စားဖို့ နေနေသာသာ၊
နာမည်တောင်မှတ်ရမှာပျင်းတဲ့ ခေါင်းဆောင်မင်က အခုလိုမျိုး
လူတစ်ယောက်ကို စိတ်ဝင်တစား
မေးလာသည့်အတွက် ဂျောင်ကု မျက်ခုံးပင့်မိသွားသည်။

''ဘာလည်း အကို အဲ့တစ်ယောက်ကို သဘောကျနေလို့လား''

ဂျောင်ကု စကားကြောင့်
ခေါင်းဆောင်မင်က ခပ်ရေးရေးပြုံးသည်။ ပြီးတော့ ဆက်ပြောသည်က '' ငါက မင်းလိုမျိုး အပူမရှာသေးဘူး'' တဲ့လေ။

''အဲ့ဒါဆို ဘာလို့မေးတာလည်း''

''အဲ့တစ်ယောက်ပေါ့ ။ ငါ့လူတွေက မင်းဟာလေးကို ဖမ်းတာကို သူက အတင်းကိုကုတ်တွယ်ပြီး
မြင်းနားအထိ လိုက်လာတာတဲ့။ ခြောက်မရ၊ ချော့မရနဲ့မို့
ဒိုဒန်းအထိ ခေါ်လာရတာပဲ''

ခေါင်းဆောင်မင်ရဲ့ စကားကြောင့်
ဂျောင်ကု စိတ်ထဲ အနည်းငယ်တော့ ကျေနပ်မိသွားသည်။ အဘယ်သို့ဆို
အဲ့ဒီတစ်ယောက်က သူ့အပြာရောင်လေးကို ဒုက္ခပေးမယ့်လူတစ်ယောက်
မဖြစ်နိုင်တော့ဟု တွေးမိသွားသည့်အတွက်ကြောင့် ဖြစ်သည်။

''အခု အကိုနဲ့လည်း
စကားပြောပြီးပြီဆိုတော့
ကျွန်တော့်အပြာရောင်လေးကို
ခေါ်သွားလို့ရပြီလား''

''သုံးတဲ့ နာမ်စားကိုက
အပြာရောင်လေးဘာလေးနဲ့ တော်တော်အဖြစ်သည်းနေတာ ။
ငါတော်တော်အမြင်ကပ်လာပြီကွ! ''

အကိုယွန်းဂီ၏ ကျိန်ဆဲသံကို
နည်းနည်းလေးမှ မဖြုံဘဲ
ခန်းစီးစကို မ„ပြီးတော့သာ
အထဲသို့ ဝင်သွားမိသည်။

သူ့ကိုတွေ့တော့ အပြာရောင်လေးက အားကိုးတကြီးလာဖက်သည်။

''အရှင်ရောက်လာမယ်လို့
မထင်ထားဘူး''တဲ့လေ။

သူ့အားဖက်တွယ်ထားသည့်
အနှီကောင်လေး၏ ဆံပင်များကို
ငုံ့ကာ နမ်းရှိုက်မိသည်။

နည်းနည်းတော့ လန့်သွားခဲ့မှာပဲ...

ပတ်ဂျီမင်ဆိုသည့်တစ်ယောက်ကတော့ သူတို့နှစ်ယောက်ပုံစံကိုကြည့်ပြီး သဘောတကျပြုံးလို့။

''ကျေးဇူးတင်ပါတယ် ပတ်ဂျီမင် ။
မင်းသာမလိုက်လာခဲ့ရင်
အပြာရောင်လေး
တော်တော်ကြောက်နေမှာ''

ဂျီမင်မှာလည်း အရှင်ဂျွန်လိုမျိုးလူဆီမှ ကျေးဇူးတင်စကား အပြောခံရ၍ ယောင်တိယောင်တောင်နှင့်
''ရပါတယ်'' ဟု ပါးစပ်မှ တဖွဖွပြောကာ ခါးညွှတ်ပြီး အရိုအသေပြုလို့။

''ကဲသဲမနေနဲ့ ဂျောင်ကု ။
မင်းတို့အတွက်
အိပ်ဆောင်ပြင်ထားတယ်။ သွားတော့''

အခန်းအပေါက်ကနေ
လှမ်းအော်နေသည့် အကိုယွန်းဂီအား ဂျောင်ကု မချိုမချဥ်ပြုံးပြလိုက်ပြီး အိပ်ဆောင်ဆီသို့ လိုက်ပို့မည့်
လူနောက်သို့ လိုက်သွားလေသည်။

''ဒီကောင်တော့! ''

ယွန်းဂီ ထိုသို့ကျိန်ဆဲကာ
ခန်းစီးစချထားသည့် အခန်းဘက်သို့ အကြည့်ရောက်သွားမိတော့ ထိုအခန်းထဲမှ ခပ်သေးသေးကောင်လေးနှင့် မျက်လုံးချင်းဆုံမိသည်။

ထိုအခါ ယောင်နနလေး ပြုံးပြလာသည့် ကောင်လေးကြောင့် ယွန်းဂီစိတ်တို့ ကပြောင်းကပြန်ဖြစ်ကုန်သည်။

ခဏတာ အငိုက်မိသွားသည်ဆိုလည်း မမှားပေ။

ကျစ်.....
ဘာကိစ္စလာပြုံးပြနေရတာလည်း။

စိတ်ရှုပ်ထွေးစွာ အကြည့်လွှဲလိုက်ပြီး အပြင်ဘက်မှ အစောင့်တစ်ယောက်ကို ယွန်းဂီ လှမ်းအော်ပြောလိုက်သည်။

''ဒီထဲက တစ်ယောက်အတွက် အိပ်ရာခင်းပေးလိုက်စမ်း!!
အခုချက်ချင်း!!''

=======

စားပွဲဝိုင်းကြီးတွင် တိတ်ဆိတ်စွာ မနက်စာစားနေကြသည့် လူတစ်စု။

ထိုစဥ် တစတစကျယ်လောင်လာသော တီးလုံးသံနှင့် ၊ ဗုံသံအချို့။

ထိုသာယာဖွယ်အသံများက ဘာအတွက် ထွက်ပေါ်နေတာလည်းဆိုတာကို ထယ်ယောင်း မနေနိုင်စွာ
ထမေးမိသည်။

''တီးလုံးသံတွေ၊ ဗုံသံတွေက ဘာအတွက် ထွက်နေရတာလည်းဟင်''

''အဲ့ဒါ ပန်းပေါက်ပွဲကို ကြိုဆိုတဲ့ သဘောမျိုးတီးကြတာပါ''

ဒုံဟွန်းကပဲ ထယ်ယောင်းသိချင်သည့် အဖြေကို ဝင်ဖြေပေးလေသည်။

''ဂျောင်ကု မင်းရောက်လက်စနဲ့
ပန်းပေါက်ပွဲနွှဲသွား ''

စားပွဲထိပ်တွင် ထိုင်နေသည့် ခေါင်းဆောင်မင်က အရှင်ဂျွန်အား လှမ်းပြောသည်။

အရှင်ဂျွန်ကတော့ မထုံတတ်ထေးပုံစံမျိုးနှင့် အသားကို တူဖြင့်ညှပ်ကာ ပါးစပ်ထဲသို့ ထည့်သွင်းပြီးမှ
စကားဆိုလေသည်။

''အကိုရာ ကျွန်တော်ဘယ်တုန်းက ပန်းပေါက်ပွဲနွှဲဖူးလို့လည်း ။ အခေါက်တိုင်းဒါပဲ တိုက်တွန်းနေတော့တာပဲ။ ဆယ်ဂျူမှာ ကိစ္စတွေရှိသေးတယ် ။ ပြန်မှဖြစ်မှာ''

ဂျောင်ကုစကားအဆုံး
တင်းကျပ်သွားသည့် အင်္ကျီစကြောင့်
ငဲ့ကြည့်လိုက်သည့်အခါ သူ့အင်္ကျီစကို ဆုပ်ကိုင်ထားသည်က
အပြာရောင်လေး ။ တစ်ခုခုပြောချင်နေသည့် မျက်နှာထားလေးဖြင့်
ချစ်စဖွယ်လေး မော့ကြည့်လို့။

'ပြော'ဆိုသည့်သဘောဖြင့် မေးငေါ့ပြမှ ခပ်တိုးတိုးလေး စကားဆိုလာသည်။

''ဟို..ဟိုလေ အရှင် ။
ဒီမှာ နေလို့မရဘူးလားဟင် ။
ပန်းပေါက်ပွဲဆိုတာလေးက
ဘယ်လိုလည်းဆိုတာကို သိချင်လို့ ။
ဒီတစ်ရက်လေးပဲ
နေလို့မရဘူးလားဟင်''

ထယ်ယောင်းစကားကြောင့်
အရှင်ဂျွန်တချက်သာ တွေဝေသွားပြီး ချက်ချင်းခေါင်းငြိမ့်ပြသည်။

ဆယ်ဂျူမှာ ဦးလေးဝမ်တစ်ယောက်လုံးရှိနေတာပဲ ။
အဆင်ပြေမှာပါ။

''အကိုယွန်းဂီ ကျွန်တော်
မနက်ဖြန်မနက်မှ ပြန်မယ်''

ခေါင်းဆောင်မင်ကတော့ အီလည်လည်ပုံစံဖြင့်သာ
ဂျောင်ကုပြောစကားကို
ခေါင်းငြိမ့်လိုက်လေသည်။

''တတ်လည်းတတ်နိုင်တဲ့ အကောင်! ''

ဂျောင်ကုကတော့ ယွန်းဂီပြောစကားကို မချေပပဲ မချိုမချဥ်ပြုံးကာ အသားကိုသာ တမြုံ့မြုံ့ဝါးလို့။

ယွန်းဂီ စိတ်အချဥ်ပေါက်ကာ ခပ်လှမ်းလှမ်းမှ သေရည်ခွက်ကို လှမ်းယူသော်လည်း ကံဆိုးစွာနှင့်မမှီပြန်။

ခပ်တိုးတိုးကျိန်ဆဲမည်အပြု ပုတုတုလက်ချောင်းလေးများက သေရည်ခွက်ကို လှမ်းယူပြီး သူ့ရှေ့သို့ ချပေးသည်။

ထိုလက်ပုစိလေးများ၏ ပိုင်ရှင်ကို ယွန်းဂီလှမ်းကြည့်တော့ မျက်လုံးများပိတ်သည်အထိ ပြုံးပြနေခဲ့သည်။

ယွန်းဂီ ဒုတိယအကြိမ်
အငိုက်မိသွားပြန်ပါပြီ။

=====

''ပန်းပေါက်ပွဲဆိုတာ
ဘယ်လိုမျိုးလည်း ဒုံဟွန်း''

''ပန်းပေါက်ပွဲဆိုတာ ဘယ်လိုမျိုးလည်းဆိုရင် ပန်းပေါက်ပွဲနေ့ ရောက်ပြီဆိုရင် ကိုယ်သဘောကျတဲ့လူကို ပန်းပွားလုံးနီနီလေးနဲ့ ပန်းပေါက်ရတယ်။ ပန်းပေါက်တယ်ဆိုတာ အချင်းချင်းအပြန်အလှန် ပန်းပွားလုံးလေးကို ပစ်ဖမ်းကြတာပေါ့။ အဲ့လိုပန်းပေါက်နေတဲ့အချိန်မှာ တစ်ယောက်က ပန်းပွားလုံးလေးကို မဖမ်းမိဘဲ ချော်ထွက်သွားခဲ့မယ်ဆိုရင် အဲ့ဒီအမှားလုပ်မိတဲ့တစ်ယောက်ကို အခြားတစ်ယောက်က ကြိုက်တာတောင်းခွင့်ရှိတယ်။ ဘာပဲဖြစ်ဖြစ်ပေါ့။ တချို့လူတွေကျတော့လည်း ကိုယ်သဘောကျတဲ့လူ ကြိုက်တာတောင်းခွင့်ရှိအောင်
တမင် ပန်းကို မဖမ်းမိအောင်
လုပ်ကြတာမျိုးလည်းရှိတယ်။ အချင်းချင်းအပြန်အလှန်ပန်းပေါက်နေရင်းနဲ့ ချစ်စကားလေးတွေလည်း
ဆိုကြသေးတယ်။ဒီဒိုဒန်းက လူတော်တော်များများက ကိုယ်သဘောကျတဲ့လူကို ပန်းပေါက်ပွဲမှာပဲ ချစ်ရေးဆိုတာ များတယ်လေ''

သေချာ ရှင်းပြသည့် ဒုံဟွန်းစကားကြောင့် ထယ်ယောင်းရော ၊ ဂျီမင်ပါ သဘောကျမှုဖြင့် မျက်လုံးလေးများပင် အရောင်လက်သွားကြသည်။

''အဲ့..အဲ့တာဆို ပန်းပေါက်မယ့် ပန်းပွားလုံးလေးကရော
ဘယ်ကရမှာလည်းဟင်''

''အဲ့ဒါက ခေါင်းဆောင်မင်ဆီမှာ အရမ်းပေါတယ် ။ သွားယူပေးရမလား။ တစ်ယောက်တစ်ခုစီ ယူမယ်ဆိုရင်လေ''

ထိုအခါ ဂျီမင်က လက်ကာပြပြီး..

''ရတယ် ထယ်ယောင်းအတွက်ပဲ ယူလာခဲ့ ။ ကျွန်တော့်အတွက် မလိုဘူး။ ကျွန်တော့်ကို မိန်းကလေးတွေကပဲ ပန်းလာပေါက်လိမ့်မယ်''

အထင်ကြီးစွာ ပြောဆိုနေသည့်
ဂျီမင်ကို ထယ်ယောင်း
နှာခေါင်းရှုံ့လိုက်မိသည်။

''ထယ်ယောင်းကတော့ အကို့ကို
ပန်းပေါက်ဖို့အတွက်ယူမယ်မှတ်လား''

ဒုံဟွန်းစကားကြောင့် ထယ်ယောင်းပါးလေးတွေ ရဲခနဲဖြစ်သွားပြီး ခပ်မြန်မြန်ပင် ခေါင်းငုံ့ပြလိုက်လေသည်။

အရှင့်ကို ပန်းပေါက်ဖို့အတွက်
ထယ်ယောင်းတကယ်
ရှက်နေမိသည်မှာအမှန်။

တအောင့်ကြာတော့ ပန်းပွားလုံးနီနီလေးကို ကိုင်ပြီး ဒုံဟွန်း
သူတို့အနားသို့ ရောက်လာသည်။

ဒုံဟွန်းနှင့်ဂျီမင်က အရှင့်ကို
ပန်းသွားပေါက်မယ့် ထယ်ယောင်းကို အတင်းလိုက်စနေကြသဖြင့်
ထယ်ယောင်းမှာ ခေါင်းကို
အတင်းငုံ့ထားမိရာ မျက်နှာနှင့် မြေကြီးပင် ထိလုမတတ်။

ထိုစဥ် မိန်းကလေးတစ်သိုက်ရောက်လာပြီး ဒုံဟွန်းရင်ခွင်ထဲသို့ ပန်းပွားလုံးနီနီလေး
ပစ်သွင်းလေသည်။

''ဟာ ဒုံဟွန်းတော့
စျေးဦးပေါက်သွားပြီကွ''ဟု သူတို့နှစ်ယောက်နောက်တော့ ဒုံဟွန်းက
ရှက်ရှက်ဖြင့် သွားတတ်လေးတွေ
ပေါ်အောင်ရီလေသည်။

မိန်းကလေးတွေ သဘောကျမည်ဆိုလည်း သဘောကျစရာပင်။ ဒုံဟွန်းက အရှင်နှင့် မျက်နှာပေါက်နည်းနည်းဆင်သည်။ သို့ပေမယ့် ကိုယ်လုံးကိုယ်ပေါက်ကတော့ အရှင့်လောက် သိပ်မကျစ်လျစ်။ ဒုံဟွန်းတွင် ဆွဲဆောင်မှုအရှိဆုံးက ထင်းကနဲ ပေါ်လာသည့် သွားတတ်ကလေးပင်။ ဒုံဟွန်းက ပျော်ပျော်နေ ၊ ရီမောနေတတ်သည့် လူဆိုတော့ အမြဲတမ်း
ဒုံဟွန်းကို သွားတတ်ကလေးနှင့်အတူ တွဲမြင်ရလေ့ရှိသည်။

အခုလည်း ဒုံဟွန်းက ပန်းပွားလုံးလေးကို ဆုပ်ကိုင်ပြီး ပန်းပေါက်သည့် အသားခပ်ညိုညိုမိန်းကလေးဆီသို့ လျှောက်သွားသည်။ ထို့နောက် ပန်းပွားလုံးလေးကို မိန်းကလေးဆီသို့ လှမ်းပစ်ပေးလိုက်သည်။ မိန်းကလေးကလည်း ရီမောကာ ဒုံဟွန်းဆီသို့ တဖန် ပန်းပွားလုံးလေးကို ပစ်ပေးသည်။

သို့ရာတွင် သည်တစ်ခေါက်တွင်တော့ ဒုံဟွန်းက ပန်းပွားလုံးလေးကို မိန်းကလေးဆီသို့ ပစ်မပေးဘဲ အနားသို့လျှောက်သွားကာ မိန်းကလေးလက်ထဲသို့ ပန်းပွားလုံးလေးကို ညင်ညင်သာသာလေး ထည့်ပေးလိုက်လေသည်။ မိန်းကလေး၏ မျက်နှာမှာလည်း ဒုံဟွန်းအပြုအမူကြောင့် ချက်ချင်းပင် မျက်နှာညှိုးသွားသည်။ ထို့အတူ သူမနှင့် ပါလာသော အဖော်များကလည်း မျက်နှာညှိုးနေသော မိန်းကလေးအား ဖေးမပြီး ထွက်သွားလေသည်။

မိန်းကလေးထွက်သွားမှ ဒုံဟွန်း
သူတို့အနားသို့ ရောက်လာသည်။
ထိုအခါ ထယ်ယောင်းနှင့်ဂျီမင်မှာ ခုန သူတို့နားမလည်လိုက်သည့် အချင်းအရာကို ချက်ချင်းမေးမြန်းလေသည်။

''ဘယ်လိုဖြစ်တာလည်း ဒုံဟွန်း ။ မိန်းကလေးက ဘာလို့
မျက်နှာညှိုးသွားတာလည်း။
မင်းက ဘာလို့
ပန်းဆက်မပေါက်တော့တာလည်း''

''အဲ့ဒါ ပန်းမပေါက်ချင်လို့
ငြင်းလိုက်တာ ထယ်ယောင်းရဲ့ ''

''မင်းပဲ ပြောတော့ ငြင်းခွင့်မရှိဘူးဆို''

''ပန်းမပေါက်ချင်ဘူးလို့တော့
ငြင်းခွင့်မရှိဘူး ။ ဒါပေမယ့်
ပန်းပေါက်နေရင်း သူ့ဆီကို ပန်းကိုလှမ်းပစ်မပေးဘဲ လက်ထဲကို အသေအချာလေး သွားထည့်ပေးမယ်ဆိုရင် အဲ့ဒါငြင်းဆန်တဲ့သဘောကို သက်ရောက်တယ် ထယ်ယောင်းရဲ့''

''ဘာလို့ငြင်းလိုက်ရတာလည်း
ဒုံဟွန်းရယ် ။ မင်းမှာ ချစ်သူလည်း
မရှိဘဲနဲ့ကို ။ မိန်းကလေးက
ညိုညိုချောချောလေး''

ဂျီမင်က ထိုသို့ ယူကြုံးမရစွာ
ဝင်ပြောတော့ ဒုံဟွန်းက
မချိပြုံးလေးသာပြုံးသည်။

''ငါ့မှာ ချစ်သူသာမရှိတာ ။
ချစ်ရသူတော့ ရှိတယ်ကွ''

ဒုံဟွန်းစကားကြောင့်
ထယ်ယောင်းနှင့်ဂျီမင်ပါ
တွေတွေဝေဝေလေး
ဖြစ်သွားလေသည်။

=====

ဒုံဟွန်းက သူဒီမှာထိုင်ဆက်ထိုင်နေလျှင် မိန်းကလေးများ၏ ပန်းပေါက်ခံရမည်စိုးသည်ဟု လေကြီးဖင်ကျယ်ပြောပြီး သူတည်းသည့်အခန်းသို့ ပြန်သွားသည်။

ထယ်ယောင်းကလည်း သူ့အရှင်ကို ပန်းပေါက်ဖို့အတွက် လိုက်ရှာမည်ဟုဆိုပြီး ထွက်သွားသည်။

ဂျီမင်တစ်ယောက်ထဲသာ ဇွဲရှိရှိနှင့် မိန်းကလေးများပန်းပေါက်မည်ကို
မိန့်မိန့်ကြီး ရပ်စောင့်နေလေသည်။

ဒိုဒန်း၏ အလှမယ်လေး
ဟွာဂျင်းဆီသွားဖို့ ပန်းပွားလုံးလေးကို ယွန်းဂီ ​ ပြတင်းတံခါးဘောင်ပေါ်တွင်
တင်ထားလိုက်သည်။

ပြီးနောက် ဝတ်ရုံအရှည်ကို ထပ်ဝတ်နေရာ ပြတင်းတံခါးဘောင်မှ ပန်းပွားလုံးလေးကို တံတောင်ဖြင့် မတော်တဆတိုက်မိသွားလေသည်။

ထိုအခါ ပန်းပွားလုံးလေးက
လေအသင့်လှိမ့်လာပြီး
မတ်တပ်ရပ်နေသည့်
ဂျီမင်၏ ခေါင်းပေါ်သို့
တစိုက်မက်မက်ကျသွားလေသည်။

ဂျီမင် မိမိခေါင်းပေါ်မှ အရာကို
လက်ဖြင့် အလျင်အမြန်ဖမ်းလိုက်မိသည်။

ဟင်...ပန်းပွားလုံးလေး...

ဂျီမင်မှာ ဘယ်ကောင်မလေး
ပစ်ပေးသလဲဆိုပြီး ဘေးဘီဝဲယာသို့ ပြုံးတုံ့တုံ့မျက်နှာကြီးဖြင့်
ဝေ့ဝိုက်ရှာနေလေသည်။

သို့ပေမယ့် သူထင်သလို မိန်းကလေးတော့မဟုတ် ၊ အေးစက်စက်မှင်သေသေမျက်နှာဖြင့် ခေါင်းဆောင်မင်သာ သူမျက်စိရှေ့ရောက်လာလေသည်။

ယွန်းဂီ ဤကောင်လေးလက်ထဲမှ ပန်းပွားလုံးလေးကို သေသေချာချာစိုက်ကြည့်နေမိသည်။ မှားစရာမရှိ ဒါသူ့ရဲ့ ပန်းပွားလုံး ။ ဒီကောင်လေးဆီ ဘယ်လိုဖြစ်ပြီး ရောက်နေရတာလည်း။

ကောင်လေး ခေါင်းအထက်မှ ပြတင်းပေါက်ကိုလှမ်းကြည့်မိသည်နှင့် အဖြစ်အပျက်အမျိုးစုံကို
ယွန်းဂီ သဘောပေါက်သွားမိသည်။

ထို့နောက် ညစ်ကျယ်ကျယ်တွေးမိသည်။ အလှမယ်လေး ဟွာဂျင်းဆီ
မသွားတော့ဘဲ အပြောင်းအလဲလေး ဖြစ်သွားအောင် ဒီကောင်လေးနဲ့
ပန်းပေါက်မယ်ဆိုရင်ရော?

''ဟေ့ကောင်လေး ပန်းပွားလုံးလေးကို
ကိုယ့်ဆီကို လှမ်းပစ်လိုက်စမ်း!!''

ဤအမိန့်ဆန်ဆန်အာဏာသံကို
မလွန်ဆန်နိုင်စွာ
ဂျီမင် လှမ်းပစ်ပေးမိသည်။

ထိုအခါ ယွန်းဂီကလည်း အူလည်လည်ကောင်လေးဆီသို့
ပန်းပွားလုံးကို ထပ်ပစ်ပေးသည်။

''မင်း ကိုယ့်ကို
သဘောကျလား ကောင်လေး''

''ဗျ....ဗျာ! ''

ခေါင်းဆောင်မင်၏
မထင်မှတ်ထားသည့် အမေးကြောင့်
ဂျီမင် ကြောင်အသွားကာ အနားသို့ ရောက်လာသော ပန်းပွားလုံးလေးကို မဖမ်းမိဘဲ ဖြစ်သွားလေသည်။

ခြေထောက်လုံးလုံးလေး၏ ဘေးနားတွင် ကျနေသော ပန်းပွားလုံးလေးကို ကြည့်ပြီး ယွန်းဂီ မချိပြုံး ပြုံးလိုက်မိသည်။

ကောင်လေး စိတ်အာရုံ
ထွေပြားအောင် တမင်လုပ်လိုက်တာ။

သူ နိုင်သွားပြီဆိုတော့
သူ ဒီကောင်လေးကို
ကောင်းကောင်းကစားလို့ ရပြီလေ။

မြေပြင်ပေါ်မှ ပန်းပွားလုံးလေးကို
ငုံ့ကောက်နေသည့် လူသားကို
ကြည့်ပြီး ဂျီမင်အကြီးအကျယ်တုန်လှုပ်သွားမိသည်။

ဘာတွေများ
တောင်းဆိုမလည်းမသိဘူး..

လက်လေးနှစ်ဖက်ကို အကြိမ်ကြိမ်ပွတ်သပ်ကာ စိတ်လှုပ်ရှားနေပုံရသော ကောင်လေး၏ နှုတ်ခမ်းဖူးလေးကို စိုက်ကြည့်ပြီး ယွန်းဂီ စကားတစ်ခွန်းချင်းစီ အေးစက်စက်.ပြောလိုက်သည်။

''မင်း ကိုယ့်အခန်းထဲကိုလိုက်ခဲ့ရမယ်''

ဤအဓိပ္ပါယ်ကို ဂျီမင်သိသည်။

သို့နှင့် ဂျီမင်
ငြင်းလိုက်လို့ရပါသော်လည်း
ရူးသွပ်စွာနှင့် မငြင်းနိုင်။
အလိုက်မသိသည့်
နှုတ်ခမ်းများကလည်း
အာစေးမိသလိုသာ ဖြစ်နေခဲ့သည်။

Blue Side

ပန်းပွားလုံးနီနီလေးကို ကိုင်ပြီး
ဟိုယောင်ယောင်ဒီယောင်ယောင်နှင့် သူ့အရှင်ကို လိုက်ရှာနေသော
ထယ်ယောင်းလေး။

'' ပန်းပေါက်ပွဲမှာ တစ်ခါမှမမြင်ဖူးတဲ့ အရမ်းဆွဲဆောင်မှုရှိတဲ့ ယောကျ်ားတစ်ယောက်ကို ငါတွေ့လိုက်တယ် ။
ဒီနှစ်တော့ ငါသူ့ကို ပန်းသွားပေါက်မယ်။ နင်တို့ရော လိုက်ခဲ့မလား''

ခပ်သဲ့သဲ့ကြားလိုက်ရသည့် ထိုစကားပြောသံကို ထယ်ယောင်း သေသေချာချာနားစွင့်နေမိသည်။

အဲ့ဒီတစ်ယောက်က
အရှင်များ ဖြစ်နေခဲ့ရင် ...
သူ့ရဲ့ အရှင်ဂျွန်များ ဖြစ်နေခဲ့ရင်....

မဖြစ်ဘူး ။
အရှင့်ကို ပန်းပေါက်ခွင့်မပေးနိုင်ဘူး ။ အရှင့်ကို ငါ တစ်ယောက်ထဲပဲ
ပန်းပေါက်ရမယ် ။

မသိစိတ်ကနေ တိုးဝင်လာတဲ့
အရှင့်အပေါ်ထားတဲ့ လောဘစိတ်ကြောင့် ထိုမိန်းကလေးတစ်သိုက်နောက်သို့ ထယ်ယောင်း
ပြေးလိုက်မိသွားခဲ့သည်။

ထင်သည့်အတိုင်း ထိုမိန်းကလေးများ ရည်ညွှန်းသည်က အရှင်ဂျွန်ပင်။

ဒန်းပုခတ်တစ်ခုထဲတွင်
အပေါ်ပိုင်းအကျီဗလာဖြင့်
ပတ်လတ်အနေအထား လှဲနေသဖြင့် ညို့ယူအားပြင်းစွာ ထွက်ပေါ်နေသော အရှင့်ရဲ့ ကြွက်သားအဖုအထစ်တွေ။

မိန်းကလေးတွေမပြောနှင့် အကြိမ်ကြိမ်မြင်တွေ့ဖူးနေသည့်
ထယ်ယောင်းတောင် မျက်နှာပူစွာ တခဏ မှင်သက်သွားသည်မှာအမှန်။

အခုနေများ အရှင့်အနားသို့
တိုးကပ်သွားနေတဲ့
မိန်းကလေးအုပ်ကြီးကို ဝင်တိုက်ပြီး ''အရှင်က ငါ့အပိုင် .. ငါပဲ ပန်းပေါက်မှာ''ဆိုပြီး အော်ပြောလိုက်ချင်ပါသော်လည်း တကယ်တမ်းတော့ ထယ်ယောင်း သတ္တိမရှိ။ ပန်းပွားလုံးလေးကို တင်းကျပ်နေအောင် ဆုပ်ကိုင်ပြီး ခပ်လှမ်းလှမ်းကနေ ရပ်ကြည့်နေဖို့သာ တတ်နိုင်သည်။

အရှင်က ဘယ်သူ့ကိုမှ
အနားမှာ ကြာကြာမထားဖူးတဲ့ ။ ပစ်ပစ်ခါခါ စွန့်ပစ်တတ်တယ်တဲ့ ။ ထိုသို့ပြောခဲ့သည့် နူးရဲ့စကားများက ထယ်ယောင်းနားထဲမှာ
ပဲ့တင်ထပ်နေသည်။

အရှင့် သူ့ကိုစွန့်ပစ်သွားမှာကို
ထယ်ယောင်းအရမ်းကြောက်သည် ။ မိန်းမလှလေးတွေကို မလာဖို့ တားလိုက်လို့ အရှင် စိတ်ကွက်သွားမှာကို ထယ်ယောင်း အရမ်းကြောက်သည်။

ထို့ကြောင့် ထယ်ယောင်းမှာ
အဝေးကနေ ငေးကြည့်နေဖို့သာ တတ်နိုင်ခဲ့သည်။

.

ရင်ဘတ်ပေါ်သို့ ဝေ့ကနဲ
ကျလာသည့် အရာတစ်ခုကြောင့်
အရှင်ဂျွန် မျက်စိဖွင့်ကြည့်မိတော့
မနီးမဝေးတွင် သူ့ကို အုပ်မိုးကာ
ကြည့်နေသော မိန်းမပျိုတစ်သိုက်။

ပန်းပေါက်သည့် ဓလေ့ကို သူသိသည်။
ပြီးတော့ ဘယ်လိုငြင်းရမလည်းဆိုတာကိုလည်း သူ ကောင်းကောင်းသိသည်။

ခပ်တည်တည်ပင် ပန်းပွားလုံးလေးကို ပြန်ပစ်ပေးတော့ မိန်းကလေးက တော်တော်ပျော်သွားသည်။

တဖန် မိန်းကလေးဘက်မှ ပြန်ပစ်ပေးသည့် ပန်းပွားလုံးလေးကို ဆက်မပစ်တော့ဘဲ အနားသို့ လျှောက်သွားပြီး မိန်းကလေး၏ လက်ဖဝါးထဲသို့ ထည့်ပေးလိုက်သည် ။ သူ ငြင်းဆိုသည့်သဘောကို သိသွားသည့် မိန်းကလေး၏ မျက်နှာမှာလည်း ချက်ချင်းညှိုးသွားသည်။

''မြန်မြန်ထွက်သွားရင်ကောင်းမယ်''

ခပ်ဆက်ဆက် သူ့အပြောကို မိန်းကလေးတွေ လန့်သွားသည်ထင် ချက်ချင်းပင် အလျိုလျို
ထွက်သွားကြသည်။

ဒါနဲ့ဆို ငြင်းရတာ
ငါးယောက်လောက်ရှိပြီ။

စောင့်နေတဲ့
တစ်ယောက်သူက မလာဘဲ
ဘယ်ကဟာတွေ လာနေတာလည်း။

စိတ်ပျက်လက်ပျက်တွေးပြီး
ဒန်းပုခတ်ပေါ်သို့ တဖန်ထပ်လှဲမည်အပြု ရင်ခွင်ထဲသို့ ထပ်မံရောက်ရှိလာသော ပန်းပွားလုံးနီနီလေး။

သူ့ကို ပန်းလာပေါက်သည့် ဒိုဒန်းက မိန်းမပျိုတွေထင်၍ စိတ်ပျက်စွာနှင့် ဂျောင်ကု မော့ကြည့်တော့ မျက်ဝန်းအိမ်လေးထဲမှ မျက်ရည်စလေးများနှင့် ချစ်စဖွယ်လေး ပြုံးပြနေခဲ့သော သူ့အပြာရောင်လေး ဖြစ်နေခဲ့သည်။

''အရှင့်ကို ပန်းပေါက်လို့
ရတယ်မဟုတ်လားဟင်''

ထိုအမေးလေးအား ဂျောင်ကု
ခေါင်းကိုပင် တရစပ်ငြိမ့်ပြပြီး
အဖြေပေးမိသည်ထင်။

''ကျွန်တော့်ဆီ
လှမ​်းပစ်လိုက်တော့လေ အရှင် ''

သူပေးသည့် ပန်းပွားလုံးလေးကို သွက်လက်စွာ ဖမ်းယူလိုက်သည့် မျက်ဝန်းပြာလေး။

ချစ်စဖွယ်အပြုံးလေးကို ငေးပြီး မျက်ဝန်းပြာလေး လှမ်းပစ်သည့် ပန်းပွားလုံးလေးကို ဂျောင်ကု အသေအချာပင် ဖမ်းလိုက်သည်။

''ကျွန်တော် အရှင့်ကို ချစ်တယ်''

ပန်းပေါက်နေရင်းမှ ထွက်လာသည့် မျက်ဝန်းပြာလေးဆီမှ စကား။

ဂျောင်ကုမှာ ပန်းပွားလုံးကို မနည်းသတိထားဖမ်းယူလိုက်ရသည်အထိ အယောင်ယောင်အမှားမှား ဖြစ်သွားရသည်။

သူ့ဘာသာ ပြောပြီး
အရှက်သည်းနေသည့် ကောင်လေးက ပန်းပွာလုံးလေးကိုတောင်
မိအောင် မဖမ်းနိုင်တော့ဘူးတဲ့လေ။

ကောင်လေး ခြေထောက်နားတွင် ကျနေသော ပန်းပွားလုံးလေးကို
ဂျောင်ကု ငုံ့ကောက်လိုက်ပြီး
တဆက်ဆက်တုန်နေသည့် နှုတ်ခမ်းပါးလေးကို
ငေး​ကြည့်နေမိသည်။

''ကိုယ့်ကို ချစ်တယ်တဲ့လား''

ထိုသို့ မေးတော့ ချက်ချင်းရဲဗတောင်း ခတ်လာသည့် ပါးမို့မို့လေးများ။

ဤပါးမို့မို့လေးတွေကို ဂျောင်ကု မွတ်သိပ်စွာ မွှေးနမ်းမိသည်။

ပြီးနောက် ချိုမြိန်လွန်းသည့် နှုတ်ခမ်းပါးလေးတွေ ။

အရည်ကြည်မျှင်လေး
သွယ်တန်းလောက်သည်အထိ
စွဲမက်စွာ နမ်းရှိုက်ပြီးသည့်အခါ
နီရဲရဲနားရွက်ဖျားလေးကို ဂျောင်ကု အသာလေးကိုက်ဆွဲလိုက်ပြီး...

''ကိုယ်လည်း မင်းကို
သိပ်ချစ်တယ် အပြာရောင်လေး''

''အာ..''

ထိုအာမေဋိတ်အသံလေးသာ ထွက်ပြီး မျက်နှာလေးကို အောက်ငုံ့ကာ ကျောက်ရုပ်ကလေးလို ငြိမ်သက်သွားလေသည်။

ဤအရှက်သည်းချာလေးကို
ဂျောင်ကု စွေ့ကနဲ ပွေ့ချီလိုက်မိသည်။

ပြီးနောက် ပန်းရောင်သန်းနေသည့် မျက်နှာနုနုလေးကို ဂျောင်ကု
ငုံ့ကြည့်ပြီး  စကားတစ်ခွန်းကို
အားမလိုအားမရ ရေရွတ်မိသည်။

''အကိုပေးထားတဲ့ အိပ်ဆောင်က အသံရော လုံပါ့မလားကွာ '' ဟူ၍။

Bacca
8.6.2021

ပန်းပေါက်ပွဲဆိုတာလေးက တကယ်တော့ မြန်မာနိုင်ငံမှာ ရှိတာပါနော်။ ဆရာလယ်တွင်းသားစောချစ်ရဲ့ ပန်းပေါက်ပွဲဆိုတဲ့ ဝတ္တုလေးကို ဖတ်မိပြီး ပန်းပေါက်ပွဲလေးကို ကိုယ် ထည့်ရေးချင်မိသွားတာ ။ ဆရာကြီးရေးထားတာတော့ အဲ့ဒီပန်းပေါက်တဲ့အလေ့အထလေးက ကိုးကန့်လူမျိုးတွေဆီမှာ ရှိတာပါတဲ့ ။  ချင်းရွှေဟော် ၊ လောက်ကိုင် စတဲ့ဘက်တွေမှာ ရှိတာပါတဲ့ ။ အခုတော့ ရှိသေးလား ၊ မရှိတော့ဘူးလားဆိုတာတော့ ကိုယ်လည်းမသိပါဘူး။ ဆရာကြီး ရေးထားတာလည်း အတော်လေးကြာနေပြီဆိုတော့လေ ။

ကိုယ်တော့ အဲ့ဒီပန်းပေါက်ပွဲလေးကို
နွှဲဖူးချင်တယ်တကယ်။

Zawgyi#

ဒိုဒန္းနယ္ေျမထဲသို႔
စဝင္လာၿပီဆိုသည္ႏွင့္ သူ႔ရင္ထဲမွ ႏွလုံးခုန္သံေတြကလည္း တျဖည္းျဖည္းႏွင့္ ပိုျမန္လာရသည္။

သူ႔အျပာေရာင္ေလး
ေဘးကင္းေနပါ့မလား....

ရင္းႏွီးကြၽမ္းဝင္ေနေသာ အိမ္ႀကီး၏
တံခါးကို ခပ္ၾကမ္းၾကမ္းတြန္းဖြင့္ကာ ေဂ်ာင္ကု ဝင္သြားခဲ့သည္။

တံခါးဖြင့္ဖြင့္ခ်င္း ျမင္လိုက္ရသည္က ဒိုဒန္းနယ္ေျမရဲ႕ ေခါင္းေဆာင္မင္။

စားပြဲဝိုင္းေပၚတြင္ ေသရည္ကို ျဖည္းျဖည္းခ်င္းငွဲ႔ေသာက္ေနကာ
ေဂ်ာင္ကုအား ေအးစက္စက္မ်က္လုံးမ်ားျဖင့္ စိုက္ၾကည့္ေနေလသည္။

ေခါင္းေဆာင္မင္က ေဂ်ာင္ကုအား
ျမင္ေသာ္လည္း နည္းနည္းမွ်
အံ့ၾသဟန္မျပ။

''ေဂ်ာင္ကု ဘယ္လိုျဖစ္တာလည္း ညတြင္းခ်င္းေတာင္ လာရတာလား။ ဟို မာရီဆိုတဲ့ တစ္ေယာက္တုန္းကေတာ့ မင္း တစ္ပတ္ေနမွ လာေခၚတာမွတ္လား။ ဒီတစ္ေယာက္က်မွ ဘယ္လိုျဖစ္ၿပီး ညတြင္းခ်င္းလည္း''

ေခါင္းေဆာင္မင္၏ ေမးခြန္းမ်ားကို တစ္ခြန္းမွျပန္မေျဖဘဲ အခန္းတစ္ဝိုက္သို႔ ေဝ့ဝိုက္ၾကည့္ကာ စကားတစ္ခြန္းတည္းကိုသာ ေဂ်ာင္ကုေမးမိသည္။

''အျပာေရာင္ေလး ဘယ္မွာလည္း''

ေဂ်ာင္ကုအေမးကို ေခါင္းေဆာင္မင္က မ်က္ခုံးတခ်က္သာပင့္ျပၿပီး သူ႔အေနာက္ဘက္မွ ခန္းစီးစေလးအား လက္ျဖင့္ ဖယ္ရွားျပသည္။

ထိုခန္းစီးစေလး၏ ေနာက္ကြယ္တြင္ ပတ္ဂ်ီမင္ဆိုသည့္ တစ္ေယာက္ႏွင့္ စကားတ​ေျပာေျပာ ၊ ရီေမာေနေသာ သူ႔အျပာေရာင္ေလး ။ လက္ထဲတြင္လည္း မုန္႔တစ္ခုကို ကိုင္ထားပုံရသည္။

ထယ္ေယာင္းအၿပဳံးေလးျမင္မွ
တစ္လမ္းလုံး တစ္ဆို႔ေနေသာ အစိုင္အခဲႀကီး
ေျပေပ်ာက္သြားသည့္ႏွယ္ ။

ခန္းစီးစကို အသာအယာခ်ၿပီး
ငွဲ႔ၿပီးသား ေသရည္ခြက္ကို သူ႔အေရွ႕သို႔ တိုးေပးသည့္ ေခါင္းေဆာင္မင္။

ေဂ်ာင္ကုမျငင္းျဖစ္။
တစ္က်ိဳက္တည္းေမာ့ခ်ပစ္လိုက္သည္။

''အကိုယြန္းဂီ ဘာလိုခ်င္ျပန္ၿပီလည္း''

အရွင္ဂြၽန္ဘဝတြင္ သူတေလးတစား အကိုဟု ေခၚေဝၚေသာ သူမွာ ေခါင္းေဆာင္မင္ တစ္ေယာက္ထဲသာ ရွိသည္။ ေခါင္းေဆာင္မင္သည္
ေဂ်ာင္ကုအား အတိုက္အခိုက္ပညာ၊ စစ္ဗ်ဴဟာလွည့္ကြက္ စသည္တို႔ကို စနစ္တက်သင္ေပးခဲ့သည့္ ဆရာဆိုလည္း မမွားေပ။

''ဘာလိုခ်င္ေနတယ္လို႔
မင္းထင္လည္း ေဂ်ာင္ကု''

''အကိုကိုယ္တိုင္ေတာင္မွ မသိတာ။ ကြၽန္ေတာ့္ကိုဘာလို႔လာေမးေနလည္း''

ေဂ်ာင္ကု၏ ဘုဆက္ဆက္
အေျပာေၾကာင့္ ေခါင္းေဆာင္မင္
မ်က္ေမွာင္ႀကဳံ႕သြားသည္။

''ဒီေကာင္ေတာ့! မင္း ဒိုဒန္းကို မလာတာ ဘယ္ႏွႏွစ္ေတာင္ရွိၿပီလည္း ။
အဲ့ဒါေၾကာင့္ ဒီနည္းထုတ္သုံးရတာကြ''

''အခု ေရာက္လာၿပီပဲေလ ။
မနက္က် ကြၽန္ေတာ့္အျပာေရာင္ေလးကို ေခၚၿပီး ျပန္မယ္''

''ဒီေကာင္ေတာ့! ''

ထိုတစ္ခြန္းသာေျပာၿပီး
ေခါင္းေဆာင္မင္ ၿငိမ္သြားသည္။
ေဂ်ာင္ကုကို ေျပာလို႔မရမွန္း
သူ သိသည္ေလ။

ေသရည္ကို တစ္ေယာက္တစ္လွည့္
ငွဲ႔ေပးရင္း ခပ္တိုးတိုး
စကားစလာသည္က ေခါင္းေဆာင္မင္။

''ဒါနဲ႔ မင္းဟာေလးနဲ႔ ရွိေနတဲ့
ဟိုခပ္ေသးေသးေကာင္ေလးက
ဘယ္သူလည္း ''

တျခားလူတစ္ေယာက္ရဲ႕ အေၾကာင္းကိုစိတ္ဝင္စားဖို႔ ေနေနသာသာ၊
နာမည္ေတာင္မွတ္ရမွာပ်င္းတဲ့ ေခါင္းေဆာင္မင္က အခုလိုမ်ိဳး
လူတစ္ေယာက္ကို စိတ္ဝင္တစား
ေမးလာသည့္အတြက္ ေဂ်ာင္ကု မ်က္ခုံးပင့္မိသြားသည္။

''ဘာလည္း အကို အဲ့တစ္ေယာက္ကို သေဘာက်ေနလို႔လား''

ေဂ်ာင္ကု စကားေၾကာင့္
ေခါင္းေဆာင္မင္က ခပ္ေရးေရးၿပဳံးသည္။ ၿပီးေတာ့ ဆက္ေျပာသည္က '' ငါက မင္းလိုမ်ိဳး အပူမရွာေသးဘူး'' တဲ့ေလ။

''အဲ့ဒါဆို ဘာလို႔ေမးတာလည္း''

''အဲ့တစ္ေယာက္ေပါ့ ။ ငါ့လူေတြက မင္းဟာေလးကို ဖမ္းတာကို သူက အတင္းကိုကုတ္တြယ္ၿပီး
ျမင္းနားအထိ လိုက္လာတာတဲ့။ ေျခာက္မရ၊ ေခ်ာ့မရနဲ႔မို႔
ဒိုဒန္းအထိ ေခၚလာရတာပဲ''

ေခါင္းေဆာင္မင္ရဲ႕ စကားေၾကာင့္
ေဂ်ာင္ကု စိတ္ထဲ အနည္းငယ္ေတာ့ ေက်နပ္မိသြားသည္။ အဘယ္သို႔ဆို
အဲ့ဒီတစ္ေယာက္က သူ႔အျပာေရာင္ေလးကို ဒုကၡေပးမယ့္လူတစ္ေယာက္
မျဖစ္ႏိုင္ေတာ့ဟု ေတြးမိသြားသည့္အတြက္ေၾကာင့္ ျဖစ္သည္။

''အခု အကိုနဲ႔လည္း
စကားေျပာၿပီးၿပီဆိုေတာ့
ကြၽန္ေတာ့္အျပာေရာင္ေလးကို
ေခၚသြားလို႔ရၿပီလား''

''သုံးတဲ့ နာမ္စားကိုက
အျပာေရာင္ေလးဘာေလးနဲ႔ ေတာ္ေတာ္အျဖစ္သည္းေနတာ ။
ငါေတာ္ေတာ္အျမင္ကပ္လာၿပီကြ! ''

အကိုယြန္းဂီ၏ က်ိန္ဆဲသံကို
နည္းနည္းေလးမွ မၿဖဳံဘဲ
ခန္းစီးစကို မ„ၿပီးေတာ့သာ
အထဲသို႔ ဝင္သြားမိသည္။

သူ႔ကိုေတြ႕ေတာ့ အျပာေရာင္ေလးက အားကိုးတႀကီးလာဖက္သည္။

''အရွင္ေရာက္လာမယ္လို႔
မထင္ထားဘူး''တဲ့ေလ။

သူ႔အားဖက္တြယ္ထားသည့္
အႏွီေကာင္ေလး၏ ဆံပင္မ်ားကို
ငုံ႔ကာ နမ္းရႈိက္မိသည္။

နည္းနည္းေတာ့ လန္႔သြားခဲ့မွာပဲ...

ပတ္ဂ်ီမင္ဆိုသည့္တစ္ေယာက္ကေတာ့ သူတို႔ႏွစ္ေယာက္ပုံစံကိုၾကည့္ၿပီး သေဘာတက်ၿပဳံးလို႔။

''ေက်းဇူးတင္ပါတယ္ ပတ္ဂ်ီမင္ ။
မင္းသာမလိုက္လာခဲ့ရင္
အျပာေရာင္ေလး
ေတာ္ေတာ္ေၾကာက္ေနမွာ''

ဂ်ီမင္မွာလည္း အရွင္ဂြၽန္လိုမ်ိဳးလူဆီမွ ေက်းဇူးတင္စကား အေျပာခံရ၍ ေယာင္တိေယာင္ေတာင္ႏွင့္
''ရပါတယ္'' ဟု ပါးစပ္မွ တဖြဖြေျပာကာ ခါးၫႊတ္ၿပီး အ႐ိုအေသျပဳလို႔။

''ကဲသဲမေနနဲ႔ ေဂ်ာင္ကု ။
မင္းတို႔အတြက္
အိပ္ေဆာင္ျပင္ထားတယ္။ သြားေတာ့''

အခန္းအေပါက္ကေန
လွမ္းေအာ္ေနသည့္ အကိုယြန္းဂီအား ေဂ်ာင္ကု မခ်ိဳမခ်ဥ္ၿပဳံးျပလိုက္ၿပီး အိပ္ေဆာင္ဆီသို႔ လိုက္ပို႔မည့္
လူေနာက္သို႔ လိုက္သြားေလသည္။

''ဒီေကာင္ေတာ့! ''

ယြန္းဂီ ထိုသို႔က်ိန္ဆဲကာ
ခန္းစီးစခ်ထားသည့္ အခန္းဘက္သို႔ အၾကည့္ေရာက္သြားမိေတာ့ ထိုအခန္းထဲမွ ခပ္ေသးေသးေကာင္ေလးႏွင့္ မ်က္လုံးခ်င္းဆုံမိသည္။

ထိုအခါ ေယာင္နနေလး ၿပဳံးျပလာသည့္ ေကာင္ေလးေၾကာင့္ ယြန္းဂီစိတ္တို႔ ကေျပာင္းကျပန္ျဖစ္ကုန္သည္။

ခဏတာ အငိုက္မိသြားသည္ဆိုလည္း မမွားေပ။

က်စ္.....
ဘာကိစၥလာၿပဳံးျပေနရတာလည္း။

စိတ္ရႈပ္ေထြးစြာ အၾကည့္လႊဲလိုက္ၿပီး အျပင္ဘက္မွ အေစာင့္တစ္ေယာက္ကို ယြန္းဂီ လွမ္းေအာ္ေျပာလိုက္သည္။

''ဒီထဲက တစ္ေယာက္အတြက္ အိပ္ရာခင္းေပးလိုက္စမ္း!!
အခုခ်က္ခ်င္း!!''

=======

စားပြဲဝိုင္းႀကီးတြင္ တိတ္ဆိတ္စြာ မနက္စာစားေနၾကသည့္ လူတစ္စု။

ထိုစဥ္ တစတစက်ယ္ေလာင္လာေသာ တီးလုံးသံႏွင့္ ၊ ဗုံသံအခ်ိဳ႕။

ထိုသာယာဖြယ္အသံမ်ားက ဘာအတြက္ ထြက္ေပၚေနတာလည္းဆိုတာကို ထယ္ေယာင္း မေနႏိုင္စြာ
ထေမးမိသည္။

''တီးလုံးသံေတြ၊ ဗုံသံေတြက ဘာအတြက္ ထြက္ေနရတာလည္းဟင္''

''အဲ့ဒါ ပန္းေပါက္ပြဲကို ႀကိဳဆိုတဲ့ သေဘာမ်ိဳးတီးၾကတာပါ''

ဒုံဟြန္းကပဲ ထယ္ေယာင္းသိခ်င္သည့္ အေျဖကို ဝင္ေျဖေပးေလသည္။

''ေဂ်ာင္ကု မင္းေရာက္လက္စနဲ႔
ပန္းေပါက္ပြဲႏႊဲသြား ''

စားပြဲထိပ္တြင္ ထိုင္ေနသည့္ ေခါင္းေဆာင္မင္က အရွင္ဂြၽန္အား လွမ္းေျပာသည္။

အရွင္ဂြၽန္ကေတာ့ မထုံတတ္ေထးပုံစံမ်ိဳးႏွင့္ အသားကို တူျဖင့္ညႇပ္ကာ ပါးစပ္ထဲသို႔ ထည့္သြင္းၿပီးမွ
စကားဆိုေလသည္။

''အကိုရာ ကြၽန္ေတာ္ဘယ္တုန္းက ပန္းေပါက္ပြဲႏႊဲဖူးလို႔လည္း ။ အေခါက္တိုင္းဒါပဲ တိုက္တြန္းေနေတာ့တာပဲ။ ဆယ္ဂ်ဴမွာ ကိစၥေတြရွိေသးတယ္ ။ ျပန္မွျဖစ္မွာ''

ေဂ်ာင္ကုစကားအဆုံး
တင္းက်ပ္သြားသည့္ အက်ႌစေၾကာင့္
ငဲ့ၾကည့္လိုက္သည့္အခါ သူ႔အက်ႌစကို ဆုပ္ကိုင္ထားသည္က
အျပာေရာင္ေလး ။ တစ္ခုခုေျပာခ်င္ေနသည့္ မ်က္ႏွာထားေလးျဖင့္
ခ်စ္စဖြယ္ေလး ေမာ့ၾကည့္လို႔။

'ေျပာ'ဆိုသည့္သေဘာျဖင့္ ေမးေငါ့ျပမွ ခပ္တိုးတိုးေလး စကားဆိုလာသည္။

''ဟို..ဟိုေလ အရွင္ ။
ဒီမွာ ေနလို႔မရဘူးလားဟင္ ။
ပန္းေပါက္ပြဲဆိုတာေလးက
ဘယ္လိုလည္းဆိုတာကို သိခ်င္လို႔ ။
ဒီတစ္ရက္ေလးပဲ
ေနလို႔မရဘူးလားဟင္''

ထယ္ေယာင္းစကားေၾကာင့္
အရွင္ဂြၽန္တခ်က္သာ ေတြေဝသြားၿပီး ခ်က္ခ်င္းေခါင္းၿငိမ့္ျပသည္။

ဆယ္ဂ်ဴမွာ ဦးေလးဝမ္တစ္ေယာက္လုံးရွိေနတာပဲ ။
အဆင္ေျပမွာပါ။

''အကိုယြန္းဂီ ကြၽန္ေတာ္
မနက္ျဖန္မနက္မွ ျပန္မယ္''

ေခါင္းေဆာင္မင္ကေတာ့ အီလည္လည္ပုံစံျဖင့္သာ
ေဂ်ာင္ကုေျပာစကားကို
ေခါင္းၿငိမ့္လိုက္ေလသည္။

''တတ္လည္းတတ္ႏိုင္တဲ့ အေကာင္! ''

ေဂ်ာင္ကုကေတာ့ ယြန္းဂီေျပာစကားကို မေခ်ပပဲ မခ်ိဳမခ်ဥ္ၿပဳံးကာ အသားကိုသာ တၿမဳံ႕ၿမဳံ႕ဝါးလို႔။

ယြန္းဂီ စိတ္အခ်ဥ္ေပါက္ကာ ခပ္လွမ္းလွမ္းမွ ေသရည္ခြက္ကို လွမ္းယူေသာ္လည္း ကံဆိုးစြာႏွင့္မမွီျပန္။

ခပ္တိုးတိုးက်ိန္ဆဲမည္အျပဳ ပုတုတုလက္ေခ်ာင္းေလးမ်ားက ေသရည္ခြက္ကို လွမ္းယူၿပီး သူ႔ေရွ႕သို႔ ခ်ေပးသည္။

ထိုလက္ပုစိေလးမ်ား၏ ပိုင္ရွင္ကို ယြန္းဂီလွမ္းၾကည့္ေတာ့ မ်က္လုံးမ်ားပိတ္သည္အထိ ၿပဳံးျပေနခဲ့သည္။

ယြန္းဂီ ဒုတိယအႀကိမ္
အငိုက္မိသြားျပန္ပါၿပီ။

=====

''ပန္းေပါက္ပြဲဆိုတာ
ဘယ္လိုမ်ိဳးလည္း ဒုံဟြန္း''

''ပန္းေပါက္ပြဲဆိုတာ ဘယ္လိုမ်ိဳးလည္းဆိုရင္ ပန္းေပါက္ပြဲေန႔ ေရာက္ၿပီဆိုရင္ ကိုယ္သေဘာက်တဲ့လူကို ပန္းပြားလုံးနီနီေလးနဲ႔ ပန္းေပါက္ရတယ္။ ပန္းေပါက္တယ္ဆိုတာ အခ်င္းခ်င္းအျပန္အလွန္ ပန္းပြားလုံးေလးကို ပစ္ဖမ္းၾကတာေပါ့။ အဲ့လိုပန္းေပါက္ေနတဲ့အခ်ိန္မွာ တစ္ေယာက္က ပန္းပြားလုံးေလးကို မဖမ္းမိဘဲ ေခ်ာ္ထြက္သြားခဲ့မယ္ဆိုရင္ အဲ့ဒီအမွားလုပ္မိတဲ့တစ္ေယာက္ကို အျခားတစ္ေယာက္က ႀကိဳက္တာေတာင္းခြင့္ရွိတယ္။ ဘာပဲျဖစ္ျဖစ္ေပါ့။ တခ်ိဳ႕လူေတြက်ေတာ့လည္း ကိုယ္သေဘာက်တဲ့လူ ႀကိဳက္တာေတာင္းခြင့္ရွိေအာင္
တမင္ ပန္းကို မဖမ္းမိေအာင္
လုပ္ၾကတာမ်ိဳးလည္းရွိတယ္။ အခ်င္းခ်င္းအျပန္အလွန္ပန္းေပါက္ေနရင္းနဲ႔ ခ်စ္စကားေလးေတြလည္း
ဆိုၾကေသးတယ္။ဒီဒိုဒန္းက လူေတာ္ေတာ္မ်ားမ်ားက ကိုယ္သေဘာက်တဲ့လူကို ပန္းေပါက္ပြဲမွာပဲ ခ်စ္ေရးဆိုတာ မ်ားတယ္ေလ''

ေသခ်ာ ရွင္းျပသည့္ ဒုံဟြန္းစကားေၾကာင့္ ထယ္ေယာင္းေရာ ၊ ဂ်ီမင္ပါ သေဘာက်မႈျဖင့္ မ်က္လုံးေလးမ်ားပင္ အေရာင္လက္သြားၾကသည္။

''အဲ့..အဲ့တာဆို ပန္းေပါက္မယ့္ ပန္းပြားလုံးေလးကေရာ
ဘယ္ကရမွာလည္းဟင္''

''အဲ့ဒါက ေခါင္းေဆာင္မင္ဆီမွာ အရမ္းေပါတယ္ ။ သြားယူေပးရမလား။ တစ္ေယာက္တစ္ခုစီ ယူမယ္ဆိုရင္ေလ''

ထိုအခါ ဂ်ီမင္က လက္ကာျပၿပီး..

''ရတယ္ ထယ္ေယာင္းအတြက္ပဲ ယူလာခဲ့ ။ ကြၽန္ေတာ့္အတြက္ မလိုဘူး။ ကြၽန္ေတာ့္ကို မိန္းကေလးေတြကပဲ ပန္းလာေပါက္လိမ့္မယ္''

အထင္ႀကီးစြာ ေျပာဆိုေနသည့္
ဂ်ီမင္ကို ထယ္ေယာင္း
ႏွာေခါင္းရႈံ႕လိုက္မိသည္။

''ထယ္ေယာင္းကေတာ့ အကို႔ကို
ပန္းေပါက္ဖို႔အတြက္ယူမယ္မွတ္လား''

ဒုံဟြန္းစကားေၾကာင့္ ထယ္ေယာင္းပါးေလးေတြ ရဲခနဲျဖစ္သြားၿပီး ခပ္ျမန္ျမန္ပင္ ေခါင္းငုံ႔ျပလိုက္ေလသည္။

အရွင့္ကို ပန္းေပါက္ဖို႔အတြက္
ထယ္ေယာင္းတကယ္
ရွက္ေနမိသည္မွာအမွန္။

တေအာင့္ၾကာေတာ့ ပန္းပြားလုံးနီနီေလးကို ကိုင္ၿပီး ဒုံဟြန္း
သူတို႔အနားသို႔ ေရာက္လာသည္။

ဒုံဟြန္းႏွင့္ဂ်ီမင္က အရွင့္ကို
ပန္းသြားေပါက္မယ့္ ထယ္ေယာင္းကို အတင္းလိုက္စေနၾကသျဖင့္
ထယ္ေယာင္းမွာ ေခါင္းကို
အတင္းငုံ႔ထားမိရာ မ်က္ႏွာႏွင့္ ေျမႀကီးပင္ ထိလုမတတ္။

ထိုစဥ္ မိန္းကေလးတစ္သိုက္ေရာက္လာၿပီး ဒုံဟြန္းရင္ခြင္ထဲသို႔ ပန္းပြားလုံးနီနီေလး
ပစ္သြင္းေလသည္။

''ဟာ ဒုံဟြန္းေတာ့
ေစ်းဦးေပါက္သြားၿပီကြ''ဟု သူတို႔ႏွစ္ေယာက္ေနာက္ေတာ့ ဒုံဟြန္းက
ရွက္ရွက္ျဖင့္ သြားတတ္ေလးေတြ
ေပၚေအာင္ရီေလသည္။

မိန္းကေလးေတြ သေဘာက်မည္ဆိုလည္း သေဘာက်စရာပင္။ ဒုံဟြန္းက အရွင္ႏွင့္ မ်က္ႏွာေပါက္နည္းနည္းဆင္သည္။ သို႔ေပမယ့္ ကိုယ္လုံးကိုယ္ေပါက္ကေတာ့ အရွင့္ေလာက္ သိပ္မက်စ္လ်စ္။ ဒုံဟြန္းတြင္ ဆြဲေဆာင္မႈအရွိဆုံးက ထင္းကနဲ ေပၚလာသည့္ သြားတတ္ကေလးပင္။ ဒုံဟြန္းက ေပ်ာ္ေပ်ာ္ေန ၊ ရီေမာေနတတ္သည့္ လူဆိုေတာ့ အၿမဲတမ္း
ဒုံဟြန္းကို သြားတတ္ကေလးႏွင့္အတူ တြဲျမင္ရေလ့ရွိသည္။

အခုလည္း ဒုံဟြန္းက ပန္းပြားလုံးေလးကို ဆုပ္ကိုင္ၿပီး ပန္းေပါက္သည့္ အသားခပ္ညိဳညိဳမိန္းကေလးဆီသို႔ ေလွ်ာက္သြားသည္။ ထို႔ေနာက္ ပန္းပြားလုံးေလးကို မိန္းကေလးဆီသို႔ လွမ္းပစ္ေပးလိုက္သည္။ မိန္းကေလးကလည္း ရီေမာကာ ဒုံဟြန္းဆီသို႔ တဖန္ ပန္းပြားလုံးေလးကို ပစ္ေပးသည္။

သို႔ရာတြင္ သည္တစ္ေခါက္တြင္ေတာ့ ဒုံဟြန္းက ပန္းပြားလုံးေလးကို မိန္းကေလးဆီသို႔ ပစ္မေပးဘဲ အနားသို႔ေလွ်ာက္သြားကာ မိန္းကေလးလက္ထဲသို႔ ပန္းပြားလုံးေလးကို ညင္ညင္သာသာေလး ထည့္ေပးလိုက္ေလသည္။ မိန္းကေလး၏ မ်က္ႏွာမွာလည္း ဒုံဟြန္းအျပဳအမူေၾကာင့္ ခ်က္ခ်င္းပင္ မ်က္ႏွာညႇိဳးသြားသည္။ ထို႔အတူ သူမႏွင့္ ပါလာေသာ အေဖာ္မ်ားကလည္း မ်က္ႏွာညႇိဳးေနေသာ မိန္းကေလးအား ေဖးမၿပီး ထြက္သြားေလသည္။

မိန္းကေလးထြက္သြားမွ ဒုံဟြန္း
သူတို႔အနားသို႔ ေရာက္လာသည္။
ထိုအခါ ထယ္ေယာင္းႏွင့္ဂ်ီမင္မွာ ခုန သူတို႔နားမလည္လိုက္သည့္ အခ်င္းအရာကို ခ်က္ခ်င္းေမးျမန္းေလသည္။

''ဘယ္လိုျဖစ္တာလည္း ဒုံဟြန္း ။ မိန္းကေလးက ဘာလို႔
မ်က္ႏွာညႇိဳးသြားတာလည္း။
မင္းက ဘာလို႔
ပန္းဆက္မေပါက္ေတာ့တာလည္း''

''အဲ့ဒါ ပန္းမေပါက္ခ်င္လို႔
ျငင္းလိုက္တာ ထယ္ေယာင္းရဲ႕ ''

''မင္းပဲ ေျပာေတာ့ ျငင္းခြင့္မရွိဘူးဆို''

''ပန္းမေပါက္ခ်င္ဘူးလို႔ေတာ့
ျငင္းခြင့္မရွိဘူး ။ ဒါေပမယ့္
ပန္းေပါက္ေနရင္း သူ႔ဆီကို ပန္းကိုလွမ္းပစ္မေပးဘဲ လက္ထဲကို အေသအခ်ာေလး သြားထည့္ေပးမယ္ဆိုရင္ အဲ့ဒါျငင္းဆန္တဲ့သေဘာကို သက္ေရာက္တယ္ ထယ္ေယာင္းရဲ႕''

''ဘာလို႔ျငင္းလိုက္ရတာလည္း
ဒုံဟြန္းရယ္ ။ မင္းမွာ ခ်စ္သူလည္း
မရွိဘဲနဲ႔ကို ။ မိန္းကေလးက
ညိဳညိဳေခ်ာေခ်ာေလး''

ဂ်ီမင္က ထိုသို႔ ယူႀကဳံးမရစြာ
ဝင္ေျပာေတာ့ ဒုံဟြန္းက
မခ်ိၿပဳံးေလးသာၿပဳံးသည္။

''ငါ့မွာ ခ်စ္သူသာမရွိတာ ။
ခ်စ္ရသူေတာ့ ရွိတယ္ကြ''

ဒုံဟြန္းစကားေၾကာင့္
ထယ္ေယာင္းႏွင့္ဂ်ီမင္ပါ
ေတြေတြေဝေဝေလး
ျဖစ္သြားေလသည္။

=====

ဒုံဟြန္းက သူဒီမွာထိုင္ဆက္ထိုင္ေနလွ်င္ မိန္းကေလးမ်ား၏ ပန္းေပါက္ခံရမည္စိုးသည္ဟု ေလႀကီးဖင္က်ယ္ေျပာၿပီး သူတည္းသည့္အခန္းသို႔ ျပန္သြားသည္။

ထယ္ေယာင္းကလည္း သူ႔အရွင္ကို ပန္းေပါက္ဖို႔အတြက္ လိုက္ရွာမည္ဟုဆိုၿပီး ထြက္သြားသည္။

ဂ်ီမင္တစ္ေယာက္ထဲသာ ဇြဲရွိရွိႏွင့္ မိန္းကေလးမ်ားပန္းေပါက္မည္ကို
မိန္႔မိန္႔ႀကီး ရပ္ေစာင့္ေနေလသည္။

ဒိုဒန္း၏ အလွမယ္ေလး
ဟြာဂ်င္းဆီသြားဖို႔ ပန္းပြားလုံးေလးကို ယြန္းဂီ ​ ျပတင္းတံခါးေဘာင္ေပၚတြင္
တင္ထားလိုက္သည္။

ၿပီးေနာက္ ဝတ္႐ုံအရွည္ကို ထပ္ဝတ္ေနရာ ျပတင္းတံခါးေဘာင္မွ ပန္းပြားလုံးေလးကို တံေတာင္ျဖင့္ မေတာ္တဆတိုက္မိသြားေလသည္။

ထိုအခါ ပန္းပြားလုံးေလးက
ေလအသင့္လွိမ့္လာၿပီး
မတ္တပ္ရပ္ေနသည့္
ဂ်ီမင္၏ ေခါင္းေပၚသို႔
တစိုက္မက္မက္က်သြားေလသည္။

ဂ်ီမင္ မိမိေခါင္းေပၚမွ အရာကို
လက္ျဖင့္ အလ်င္အျမန္ဖမ္းလိုက္မိသည္။

ဟင္...ပန္းပြားလုံးေလး...

ဂ်ီမင္မွာ ဘယ္ေကာင္မေလး
ပစ္ေပးသလဲဆိုၿပီး ေဘးဘီဝဲယာသို႔ ၿပဳံးတုံ႔တုံ႔မ်က္ႏွာႀကီးျဖင့္
ေဝ့ဝိုက္ရွာေနေလသည္။

သို႔ေပမယ့္ သူထင္သလို မိန္းကေလးေတာ့မဟုတ္ ၊ ေအးစက္စက္မွင္ေသေသမ်က္ႏွာျဖင့္ ေခါင္းေဆာင္မင္သာ သူမ်က္စိေရွ႕ေရာက္လာေလသည္။

ယြန္းဂီ ဤေကာင္ေလးလက္ထဲမွ ပန္းပြားလုံးေလးကို ေသေသခ်ာခ်ာစိုက္ၾကည့္ေနမိသည္။ မွားစရာမရွိ ဒါသူ႔ရဲ႕ ပန္းပြားလုံး ။ ဒီေကာင္ေလးဆီ ဘယ္လိုျဖစ္ၿပီး ေရာက္ေနရတာလည္း။

ေကာင္ေလး ေခါင္းအထက္မွ ျပတင္းေပါက္ကိုလွမ္းၾကည့္မိသည္ႏွင့္ အျဖစ္အပ်က္အမ်ိဳးစုံကို
ယြန္းဂီ သေဘာေပါက္သြားမိသည္။

ထို႔ေနာက္ ညစ္က်ယ္က်ယ္ေတြးမိသည္။ အလွမယ္ေလး ဟြာဂ်င္းဆီ
မသြားေတာ့ဘဲ အေျပာင္းအလဲေလး ျဖစ္သြားေအာင္ ဒီေကာင္ေလးနဲ႔
ပန္းေပါက္မယ္ဆိုရင္ေရာ?

''ေဟ့ေကာင္ေလး ပန္းပြားလုံးေလးကို
ကိုယ့္ဆီကို လွမ္းပစ္လိုက္စမ္း!!''

ဤအမိန္႔ဆန္ဆန္အာဏာသံကို
မလြန္ဆန္ႏိုင္စြာ
ဂ်ီမင္ လွမ္းပစ္ေပးမိသည္။

ထိုအခါ ယြန္းဂီကလည္း အူလည္လည္ေကာင္ေလးဆီသို႔
ပန္းပြားလုံးကို ထပ္ပစ္ေပးသည္။

''မင္း ကိုယ့္ကို
သေဘာက်လား ေကာင္ေလး''

''ဗ်....ဗ်ာ! ''

ေခါင္းေဆာင္မင္၏
မထင္မွတ္ထားသည့္ အေမးေၾကာင့္
ဂ်ီမင္ ေၾကာင္အသြားကာ အနားသို႔ ေရာက္လာေသာ ပန္းပြားလုံးေလးကို မဖမ္းမိဘဲ ျဖစ္သြားေလသည္။

ေျခေထာက္လုံးလုံးေလး၏ ေဘးနားတြင္ က်ေနေသာ ပန္းပြားလုံးေလးကို ၾကည့္ၿပီး ယြန္းဂီ မခ်ိၿပဳံး ၿပဳံးလိုက္မိသည္။

ေကာင္ေလး စိတ္အာ႐ုံ
ေထြျပားေအာင္ တမင္လုပ္လိုက္တာ။

သူ ႏိုင္သြားၿပီဆိုေတာ့
သူ ဒီေကာင္ေလးကို
ေကာင္းေကာင္းကစားလို႔ ရၿပီေလ။

ေျမျပင္ေပၚမွ ပန္းပြားလုံးေလးကို
ငုံ႔ေကာက္ေနသည့္ လူသားကို
ၾကည့္ၿပီး ဂ်ီမင္အႀကီးအက်ယ္တုန္လႈပ္သြားမိသည္။

ဘာေတြမ်ား
ေတာင္းဆိုမလည္းမသိဘူး..

လက္ေလးႏွစ္ဖက္ကို အႀကိမ္ႀကိမ္ပြတ္သပ္ကာ စိတ္လႈပ္ရွားေနပုံရေသာ ေကာင္ေလး၏ ႏႈတ္ခမ္းဖူးေလးကို စိုက္ၾကည့္ၿပီး ယြန္းဂီ စကားတစ္ခြန္းခ်င္းစီ ေအးစက္စက္.ေျပာလိုက္သည္။

''မင္း ကိုယ့္အခန္းထဲကိုလိုက္ခဲ့ရမယ္''

ဤအဓိပၸါယ္ကို ဂ်ီမင္သိသည္။

သို႔ႏွင့္ ဂ်ီမင္
ျငင္းလိုက္လို႔ရပါေသာ္လည္း
႐ူးသြပ္စြာႏွင့္ မျငင္းႏိုင္။
အလိုက္မသိသည့္
ႏႈတ္ခမ္းမ်ားကလည္း
အာေစးမိသလိုသာ ျဖစ္ေနခဲ့သည္။

Blue Side

ပန္းပြားလုံးနီနီေလးကို ကိုင္ၿပီး
ဟိုေယာင္ေယာင္ဒီေယာင္ေယာင္ႏွင့္ သူ႔အရွင္ကို လိုက္ရွာေနေသာ
ထယ္ေယာင္းေလး။

'' ပန္းေပါက္ပြဲမွာ တစ္ခါမွမျမင္ဖူးတဲ့ အရမ္းဆြဲေဆာင္မႈရွိတဲ့ ေယာက်္ားတစ္ေယာက္ကို ငါေတြ႕လိုက္တယ္ ။
ဒီႏွစ္ေတာ့ ငါသူ႔ကို ပန္းသြားေပါက္မယ္။ နင္တို႔ေရာ လိုက္ခဲ့မလား''

ခပ္သဲ့သဲ့ၾကားလိုက္ရသည့္ ထိုစကားေျပာသံကို ထယ္ေယာင္း ေသေသခ်ာခ်ာနားစြင့္ေနမိသည္။

အဲ့ဒီတစ္ေယာက္က
အရွင္မ်ား ျဖစ္ေနခဲ့ရင္ ...
သူ႔ရဲ႕ အရွင္ဂြၽန္မ်ား ျဖစ္ေနခဲ့ရင္....

မျဖစ္ဘူး ။
အရွင့္ကို ပန္းေပါက္ခြင့္မေပးႏိုင္ဘူး ။ အရွင့္ကို ငါ တစ္ေယာက္ထဲပဲ
ပန္းေပါက္ရမယ္ ။

မသိစိတ္ကေန တိုးဝင္လာတဲ့
အရွင့္အေပၚထားတဲ့ ေလာဘစိတ္ေၾကာင့္ ထိုမိန္းကေလးတစ္သိုက္ေနာက္သို႔ ထယ္ေယာင္း
ေျပးလိုက္မိသြားခဲ့သည္။

ထင္သည့္အတိုင္း ထိုမိန္းကေလးမ်ား ရည္ၫႊန္းသည္က အရွင္ဂြၽန္ပင္။

ဒန္းပုခတ္တစ္ခုထဲတြင္
အေပၚပိုင္းအက်ီဗလာျဖင့္
ပတ္လတ္အေနအထား လွဲေနသျဖင့္ ညိဳ႕ယူအားျပင္းစြာ ထြက္ေပၚေနေသာ အရွင့္ရဲ႕ ႂကြက္သားအဖုအထစ္ေတြ။

မိန္းကေလးေတြမေျပာႏွင့္ အႀကိမ္ႀကိမ္ျမင္ေတြ႕ဖူးေနသည့္
ထယ္ေယာင္းေတာင္ မ်က္ႏွာပူစြာ တခဏ မွင္သက္သြားသည္မွာအမွန္။

အခုေနမ်ား အရွင့္အနားသို႔
တိုးကပ္သြားေနတဲ့
မိန္းကေလးအုပ္ႀကီးကို ဝင္တိုက္ၿပီး ''အရွင္က ငါ့အပိုင္ .. ငါပဲ ပန္းေပါက္မွာ''ဆိုၿပီး ေအာ္ေျပာလိုက္ခ်င္ပါေသာ္လည္း တကယ္တမ္းေတာ့ ထယ္ေယာင္း သတၱိမရွိ။ ပန္းပြားလုံးေလးကို တင္းက်ပ္ေနေအာင္ ဆုပ္ကိုင္ၿပီး ခပ္လွမ္းလွမ္းကေန ရပ္ၾကည့္ေနဖို႔သာ တတ္ႏိုင္သည္။

အရွင္က ဘယ္သူ႔ကိုမွ
အနားမွာ ၾကာၾကာမထားဖူးတဲ့ ။ ပစ္ပစ္ခါခါ စြန္႔ပစ္တတ္တယ္တဲ့ ။ ထိုသို႔ေျပာခဲ့သည့္ ႏူးရဲ႕စကားမ်ားက ထယ္ေယာင္းနားထဲမွာ
ပဲ့တင္ထပ္ေနသည္။

အရွင့္ သူ႔ကိုစြန္႔ပစ္သြားမွာကို
ထယ္ေယာင္းအရမ္းေၾကာက္သည္ ။ မိန္းမလွေလးေတြကို မလာဖို႔ တားလိုက္လို႔ အရွင္ စိတ္ကြက္သြားမွာကို ထယ္ေယာင္း အရမ္းေၾကာက္သည္။

ထို႔ေၾကာင့္ ထယ္ေယာင္းမွာ
အေဝးကေန ေငးၾကည့္ေနဖို႔သာ တတ္ႏိုင္ခဲ့သည္။

.

ရင္ဘတ္ေပၚသို႔ ေဝ့ကနဲ
က်လာသည့္ အရာတစ္ခုေၾကာင့္
အရွင္ဂြၽန္ မ်က္စိဖြင့္ၾကည့္မိေတာ့
မနီးမေဝးတြင္ သူ႔ကို အုပ္မိုးကာ
ၾကည့္ေနေသာ မိန္းမပ်ိဳတစ္သိုက္။

ပန္းေပါက္သည့္ ဓေလ့ကို သူသိသည္။
ၿပီးေတာ့ ဘယ္လိုျငင္းရမလည္းဆိုတာကိုလည္း သူ ေကာင္းေကာင္းသိသည္။

ခပ္တည္တည္ပင္ ပန္းပြားလုံးေလးကို ျပန္ပစ္ေပးေတာ့ မိန္းကေလးက ေတာ္ေတာ္ေပ်ာ္သြားသည္။

တဖန္ မိန္းကေလးဘက္မွ ျပန္ပစ္ေပးသည့္ ပန္းပြားလုံးေလးကို ဆက္မပစ္ေတာ့ဘဲ အနားသို႔ ေလွ်ာက္သြားၿပီး မိန္းကေလး၏ လက္ဖဝါးထဲသို႔ ထည့္ေပးလိုက္သည္ ။ သူ ျငင္းဆိုသည့္သေဘာကို သိသြားသည့္ မိန္းကေလး၏ မ်က္ႏွာမွာလည္း ခ်က္ခ်င္းညႇိဳးသြားသည္။

''ျမန္ျမန္ထြက္သြားရင္ေကာင္းမယ္''

ခပ္ဆက္ဆက္ သူ႔အေျပာကို မိန္းကေလးေတြ လန္႔သြားသည္ထင္ ခ်က္ခ်င္းပင္ အလ်ိဳလ်ိဳ
ထြက္သြားၾကသည္။

ဒါနဲ႔ဆို ျငင္းရတာ
ငါးေယာက္ေလာက္ရွိၿပီ။

ေစာင့္ေနတဲ့
တစ္ေယာက္သူက မလာဘဲ
ဘယ္ကဟာေတြ လာေနတာလည္း။

စိတ္ပ်က္လက္ပ်က္ေတြးၿပီး
ဒန္းပုခတ္ေပၚသို႔ တဖန္ထပ္လွဲမည္အျပဳ ရင္ခြင္ထဲသို႔ ထပ္မံေရာက္ရွိလာေသာ ပန္းပြားလုံးနီနီေလး။

သူ႔ကို ပန္းလာေပါက္သည့္ ဒိုဒန္းက မိန္းမပ်ိဳေတြထင္၍ စိတ္ပ်က္စြာႏွင့္ ေဂ်ာင္ကု ေမာ့ၾကည့္ေတာ့ မ်က္ဝန္းအိမ္ေလးထဲမွ မ်က္ရည္စေလးမ်ားႏွင့္ ခ်စ္စဖြယ္ေလး ၿပဳံးျပေနခဲ့ေသာ သူ႔အျပာေရာင္ေလး ျဖစ္ေနခဲ့သည္။

''အရွင့္ကို ပန္းေပါက္လို႔
ရတယ္မဟုတ္လားဟင္''

ထိုအေမးေလးအား ေဂ်ာင္ကု
ေခါင္းကိုပင္ တရစပ္ၿငိမ့္ျပၿပီး
အေျဖေပးမိသည္ထင္။

''ကြၽန္ေတာ့္ဆီ
လွမ​္းပစ္လိုက္ေတာ့ေလ အရွင္ ''

သူေပးသည့္ ပန္းပြားလုံးေလးကို သြက္လက္စြာ ဖမ္းယူလိုက္သည့္ မ်က္ဝန္းျပာေလး။

ခ်စ္စဖြယ္အၿပဳံးေလးကို ေငးၿပီး မ်က္ဝန္းျပာေလး လွမ္းပစ္သည့္ ပန္းပြားလုံးေလးကို ေဂ်ာင္ကု အေသအခ်ာပင္ ဖမ္းလိုက္သည္။

''ကြၽန္ေတာ္ အရွင့္ကို ခ်စ္တယ္''

ပန္းေပါက္ေနရင္းမွ ထြက္လာသည့္ မ်က္ဝန္းျပာေလးဆီမွ စကား။

ေဂ်ာင္ကုမွာ ပန္းပြားလုံးကို မနည္းသတိထားဖမ္းယူလိုက္ရသည္အထိ အေယာင္ေယာင္အမွားမွား ျဖစ္သြားရသည္။

သူ႔ဘာသာ ေျပာၿပီး
အရွက္သည္းေနသည့္ ေကာင္ေလးက ပန္းပြာလုံးေလးကိုေတာင္
မိေအာင္ မဖမ္းႏိုင္ေတာ့ဘူးတဲ့ေလ။

ေကာင္ေလး ေျခေထာက္နားတြင္ က်ေနေသာ ပန္းပြားလုံးေလးကို
ေဂ်ာင္ကု ငုံ႔ေကာက္လိုက္ၿပီး
တဆက္ဆက္တုန္ေနသည့္ ႏႈတ္ခမ္းပါးေလးကို
ေငး​ၾကည့္ေနမိသည္။

''ကိုယ့္ကို ခ်စ္တယ္တဲ့လား''

ထိုသို႔ ေမးေတာ့ ခ်က္ခ်င္းရဲဗေတာင္း ခတ္လာသည့္ ပါးမို႔မို႔ေလးမ်ား။

ဤပါးမို႔မို႔ေလးေတြကို ေဂ်ာင္ကု မြတ္သိပ္စြာ ေမႊးနမ္းမိသည္။

ၿပီးေနာက္ ခ်ိဳၿမိန္လြန္းသည့္ ႏႈတ္ခမ္းပါးေလးေတြ ။

အရည္ၾကည္မွ်င္ေလး
သြယ္တန္းေလာက္သည္အထိ
စြဲမက္စြာ နမ္းရႈိက္ၿပီးသည့္အခါ
နီရဲရဲနား႐ြက္ဖ်ားေလးကို ေဂ်ာင္ကု အသာေလးကိုက္ဆြဲလိုက္ၿပီး...

''ကိုယ္လည္း မင္းကို
သိပ္ခ်စ္တယ္ အျပာေရာင္ေလး''

''အာ..''

ထိုအာေမဋိတ္အသံေလးသာ ထြက္ၿပီး မ်က္ႏွာေလးကို ေအာက္ငုံ႔ကာ ေက်ာက္႐ုပ္ကေလးလို ၿငိမ္သက္သြားေလသည္။

ဤအရွက္သည္းခ်ာေလးကို
ေဂ်ာင္ကု ေစြ႕ကနဲ ေပြ႕ခ်ီလိုက္မိသည္။

ၿပီးေနာက္ ပန္းေရာင္သန္းေနသည့္ မ်က္ႏွာႏုႏုေလးကို ေဂ်ာင္ကု
ငုံ႔ၾကည့္ၿပီး  စကားတစ္ခြန္းကို
အားမလိုအားမရ ေရ႐ြတ္မိသည္။

''အကိုေပးထားတဲ့ အိပ္ေဆာင္က အသံေရာ လုံပါ့မလားကြာ '' ဟူ၍။

Bacca
8.6.2021

ပန္းေပါက္ပြဲဆိုတာေလးက တကယ္ေတာ့ ျမန္မာႏိုင္ငံမွာ ရွိတာပါေနာ္။ ဆရာလယ္တြင္းသားေစာခ်စ္ရဲ႕ ပန္းေပါက္ပြဲဆိုတဲ့ ဝတၱဳေလးကို ဖတ္မိၿပီး ပန္းေပါက္ပြဲေလးကို ကိုယ္ ထည့္ေရးခ်င္မိသြားတာ ။ ဆရာႀကီးေရးထားတာေတာ့ အဲ့ဒီပန္းေပါက္တဲ့အေလ့အထေလးက ကိုးကန္႔လူမ်ိဳးေတြဆီမွာ ရွိတာပါတဲ့ ။  ခ်င္းေ႐ႊေဟာ္ ၊ ေလာက္ကိုင္ စတဲ့ဘက္ေတြမွာ ရွိတာပါတဲ့ ။ အခုေတာ့ ရွိေသးလား ၊ မရွိေတာ့ဘူးလားဆိုတာေတာ့ ကိုယ္လည္းမသိပါဘူး။ ဆရာႀကီး ေရးထားတာလည္း အေတာ္ေလးၾကာေနၿပီဆိုေတာ့ေလ ။

ကိုယ္ေတာ့ အဲ့ဒီပန္းေပါက္ပြဲေလးကို
ႏႊဲဖူးခ်င္တယ္တကယ္။

   
   

Continue Reading

You'll Also Like

947K 108K 58
ကျွန်တော်က မောင့်ရဲ့ တစ်ပင်တည်းသော Cactus...။ KTH & JJK
52.8K 4.4K 22
ငါ -ိုး!!! အိပ်ယာက နိုးနိုးချင်း ယောက်ျားရသွားပြီ!!!
63.6K 4.9K 29
"ဘယ်က ဇယားလေးလဲ? Kim" "အကြွေးနဲ့ သိမ်းလာတာလေ မွေးစားဖို့" "ဘယ္က ဇယားေလးလဲ? Kim" "အေႂကြးနဲ႕ သိမ္းလာတာေလ ေမြးစားဖို႔"
178K 16.7K 91
🍓🍎🍒🍑 ဘယ်ရည်းစားကိုအချစ်ဆုံးလဲ🍓🍎🍒🍑 📣📣📣ရှောင်းကျန့်...ရဲရဲ ကြီးဖြေလိုက်စမ်းပါ...ဘယ်ရည်းစားကို အချစ်ဆုံး လဲဆိုတာ...✨✨✨ 🍓🍎🍒🍑 ဘယ္ရည္းစားကို...